Monday, March 2, 2026

 

အခန်း(၈)

အိပ်ပျော်(သေ)သော သန့်ရှင်းဖြောင့်မတ်သူများ ဤသို့အမွေခံ

          ရေနှင့်မီးသည် “သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သော သူ” တည်းဟူသော ရွေးနှုတ်ခြင်းခံလူအားလုံးကို မသေစေနိုင်ပေ။ သားရဲ တိရစ္ဆာန်ကလည်း လုံးဝမသေစေနိုင်ပေ။ ယော ၅း၂၄ (ဟေရှာ ၄၃း၁,, ဒံ ၃း၁ဝ-၂၇၊ ယောန ၁း၁၅,၁၇ ၊ မ ၁၄း၂၈-၃၁ ၊ ဒံ ၆း၁၆-၂၃၊ မာ ၁း၁၃)

          စာတန်မာရ်နတ်သည်ဘုရားသခင်၏ အကန့်အသတ်ခွင့်ပြုချက် ကို အသုံးပြုပြီး ရွေးနှုတ်ခြင်းခံလူအားလုံးပေါ် ခလုပ်လုပ်ကာ သန့်ရှင်း ဖြောင့်မတ်သူများတည်းဟူသော ယုံကြည်သူများနှင့် မတရားသောသူ များတည်းဟူသော မယုံကြည်သူများကို သစ်ပင်ဖြင့်လည်းကောင်း၊ ရော ဂါဖြင့်လည်းကောင်း၊ ရေဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ သားရဲ တိရစ္ဆာန်ဖြင့်လည်းကောင်း၊ သေစေသည်။ အရာတစ်ခုခုကို အသုံးပြုပြီး သေစေသည်။ ထိုအခါ ယခုမျက်မှောက်၌ သန့်ရှင်းဖြောင့်မတ်သူများ တည်းဟူသော ယုံကြည်သူများလည်း သေ၍ ပုပ်သည်။ ပျက်စီးသည်။ မြေမှုန့်ဖြစ်သည်ဟု စာတန်မာရ်နတ်ဆို၏။ စာတန်မာရ်နတ်ကြောင့်ဖြစ် သော ဤအရာများသည် သန့်ရှင်းဖြောင့်မတ်သူများအတွက် သေခြင်း မဟုတ်ဘဲ အိပ်ပျော်ခြင်းဖြစ်သဖြင့် သန့်ရှင်းဖြောင့်မတ်သူများ မသေပေ၊ မပုပ်ပေ၊ မပျက်စီးပေ၊ မြေမှုန့်မဖြစ်ပေ။ “အိပ်ပျော်သော သူတို့၏ အမှု အရာကိုမသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ” အိပ်ပျော်သော သန့်ရှင်း ဖြောင့်မတ်သူများမှာ “သင်္ချိုင်းမှာနေသောသူ၊-မြေမှုန်၌အိပ်ပျော်သောသူ၊ မြေမှုန့်၌ နေသောသူ၊-ပျက်စီးခြင်းသို့ မရောက်သောသူများဖြစ်ကြသည်။ ဤအကြောင်းအရာများကို သန့်ရှင်းဖြောင့်မတ်သူများ ကောင်းစွာ သိရှိ ပြီးဖြစ်သည်။၁ သက် ၄း၁၃၊ ယော ၅း၂၈၊ ဒံ ၁၂း၂၊ ဟေရှာ၂၆း၁၉ ယော ၃း၁၅

No comments:

Post a Comment