- Home
- ကျွန်ုပ်တို့အကြောင်း
- တရားဟောချက်များ
- ဥပုသ်စာဖြေ
- စာပေ
- လေ့လာသင်ကြားခြင်း
- ကျမ်းစာ
- မြန်မာယုဒသန်ဘာသာပြန်
- ကျမ်းစာဖတ်ရှုနားထောင်ရန်
- ZSV-Lai Siangtho
- Andrews Bible Commentary ကျမ်းစာအနက်ဖွင့်ကျမ်း
- Andrews Study Bible ကျမ်းစာသင်ကြားမှု
- SDA ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA နိုင်ငံတကာဆိုင်ရာ ကျမ်းစာ အနက်ဖွင့်ကျမ်း
- BBC ကျမ်းစာ အနက်ဖွင့်ကျမ်း
- SDA International Biblical-Thelogical Dictionary
- Blue Letter Bible
- ဟေဗြဲ နှင့် ဂရိ
- သီချင်း
- အခြားလခ့်များ
Monday, March 2, 2026
ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းနှင့် သားရဲ၏ တံဆိပ်ခတ်ခြင်း
ဒုက္ခဆင်းရဲခြင်းကပ်ကာလတွင်ဘုရားသခင်ကိုစိတ်နှလုံးအကြွင်း မဲ့ ဆက်ကပ်ကြသော ဘုရားသခင်၏ သားသမီးများသည် တနင်္ဂနွေနေ့ ဥပဒေ (Sunday Law)ကို လုံးဝလက်မခံဘဲ ဘုရားသခင်၏ ဥပုသ်နေ့ကို သာ ဆက်လက်စောင့်ကြသဖြင့် ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို ခံကြ ရမည် ဖြစ်သည်။ ဘုရားသခင်၏ ဥပုသ်နေ့စောင့်ကြသော်လည်း ဘုရား သခင်ကို စိတ်နှလုံးအကြွင်းမဲ့ မဆက်ကပ်ကြသော ဘုရားသခင်၏ သား သမီးများမှာမူ ကား၊စိုးရိမ်ပူပန်ခြင်းကြောင့် တနင်္ဂနွေနေ့ဥပဒေ(Sunday Law) ကို လက်ခံကြမည်ဖြစ်ပြီး တနင်္ဂနွေနေ့ ဥပုသ်ကို စောင့်ကြမည်ဖြစ် သဖြင့် သူတို့သည် ဘုရားသခင်၏ ဥပုသ်နေ့ကို ချိုးဖောက်ကြသော လောကသားများနှင့်အတူ သားရဲ၏ တံဆိပ်ခတ်ခြင်းကို ခံကြရမည်ဖြစ် သည်။
ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဘုရားသခင်၏ ဥပုသ်နေ့ကို မစောင့်နိုင် သော ဘုရားသခင်၏ သားသမီးတချို့သည် ဒုက္ခဆင်းရဲခြင်းကပ်ကာလ တွင် တနင်္ဂနွေနေ့ ဥပဒေ(Sunday Law)ကို လက်မခံနိုင်ဘဲ ဘုရားသခင် ၏ ဥပုသ်နေ့ကို စောင့်သောသူများနှင့် ပူးပေါင်းလာကြမည်ဖြစ်သဖြင့် ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို ခံကြရမည်ဖြစ်သည်။ ထိုအချိန်တွင် အဝတ်အစား မက်မောခြင်းနှင့် အသားစားခြင်းလည်း မရှိတော့သဖြင့် ယခုအချိန်ကတည်းက အဝတ်အစား မက်မောခြင်း၊ အသားစားခြင်း မစွဲလန်းသင့်ပေ။ ဤအကြောင်းအရာများကို အောက်ပါအတိုင်း ဖတ်ရှုရ လေသည်။
“တချို့သောသူများသည် အဝတ်နှင့်အစား ချို့တဲ့မှာ စိုးရိမ်ကြ သဖြင့် ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ကာ လောကသားများ နှင့် ပေါင်းစည်းကြလိမ့်မည်။ တချို့မှာ ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ရန် ငြင်းဆိုကြသောကြောင့် ထောင်နန်းစံကြလိမ့်မည်။ ထက် မြက်မှုများကြောင့် ကျွန်ုပ်တို့ ချီးမွမ်းခဲ့ရသော ခေါင်းဆောင်များစွာတို့ သည် ထိုအချိန်တွင် အမှောင်သို့ ထွက်သွားကြလိမ့်မည်။ ဘုရားသခင် အသင်းတော်မှ အဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ စာတန်၏ လူနှင့်ပေါင်းသွားကြ သကဲ့သို့ စာတန်၏ အဖွဲ့ရှိအဆင့်အသီးသီးမှ လူတစ်စုသည် ဘုရားသခင် ၏ ပညတ်တော်စောင့်သူများနှင့် ပေါင်းစည်းလာကြလိမ့်မည်။
နောက်ဆုံးသော အချိန်ပိုင်းတွင် သမ္မာတရားနှင့် ဝိညာဉ်တော်၏ လှုပ်ရှားမှုများကို တွေ့မြင်အသိအမှတ်ပြုလာကြသူများသည် နေ့စဉ် ထောင်နှင့်ချီ၍ ပြောင်းလဲလာကြလိမ့်မည်။ တစ်နေ့ချင်းတွင် ထောင်နှင့် ချီသော လူတို့သည် ပြောင်းလဲလာကြလိမ့်မည်။ ထိုပုဂ္ဂိုလ်များမှ အများစု သည် အသင်းတော်မှ ထုတ်ဝေသည့် ဓမ္မစာပေများကြောင့် အမှန်တရား ကို တွေ့ရှိလာခြင်းဖြစ်သည်။” နောက်ဆုံး-၁၅၇, ၁၈၉, ၁၉၃, ၂၂၅, ၂၂၇
Subscribe to:
Post Comments (Atom)
No comments:
Post a Comment