Monday, March 2, 2026

 



                                        တနင်္ဂနွေနေ့ ဥပဒေ (Sunday Law)

ဗျာဒိတ်ကျမ်း (၁၃း၁၁-၁၈)တွင် ကြိုတင်ဟောထားသည့်အတိုင်း တနင်္ဂနွေနေ့ဥပဒေ (Sunday Law) ထုတ်ပြန်သောအခါ ထိုအမိန့်ဥပဒေ သည် တစ်ကမ္ဘာလုံးဆိုင်ရာ ဥပဒေအမိန့်ဖြစ်ကြောင်း ဤသို့ ဖတ်ရှုရ သည်။ “တနင်္ဂနွေဥပုသ်ကို မစောင့်သူများအား ထောင်ဒဏ်နှင့် သေဒဏ် များပေးမည့် အမိန့်တစ်ခုကို ထုတ်ပြန်ကြလိမ့်မည်။ ပထမနေ့ကို ဥပုသ် နေ့အဖြစ်မစောင့်ဘဲသတ္တမနေ့ဥပုသ်ကို စောင့်နေသူများအား အရောင်း အဝယ်များ ပိတ်ပင်ကာထောင်ဒဏ်သေဒဏ်များဖြင့် ခြိမ်းခြောက်မည့် အမိန့်တစ်ခုထွက်ပေါ်လာလိမ့်မည်။

တနင်္ဂနွေဥပုသ်စောင့်ရန်ငြင်းဆန်သူများအား ပြစ်ဒဏ်များချမှတ် ကာအဆုံးတွင် သေဒဏ်အထိ အပြစ်ပေးစီရင်ကြလိမ့်မည်။ အထူးသဖြင့် လူတို့သည် သတ္တမနေ့ဥပုသ်စောင့်သူများအပေါ် အမျက်ဒေါသဖြစ်ကာ အဆုံးတွင် ထိုဥပုသ်စောင့်သူများအား သေဒဏ်ကျခံထိုက်သူများအဖြစ် ကမ္ဘာလုံးဆိုင်ရာ အမိန့်ထုတ်ပြန်ချက်က ကျေညာလိမ့်မည်။” ထိုသို့ တနင်္ဂနွေနေ့ဥပဒေ (Sunday Law) ထွက်လာသောအခါ ဤကမ္ဘာကြီး သည် ဒုက္ခဆင်းရဲခြင်းကပ်ကာလ ဖြစ်လာမည်ဖြစ်ပြီး ရှုပ်ထွေးမှုနှင့် ပြည်ဝကာ အငတ်ဘေး၊ ရောဂါဘေး၊ ဒါးဘေး. . . . စသည်ဖြင့် ဘေးမျိုးစုံ ကျရောက်လာမည်ဖြစ်သည်။ နောက်ဆုံး -၂၇၅

No comments:

Post a Comment