Monday, March 2, 2026



                    ဘေးဒဏ်ခုနှစ်ပါးအစ၊ ပြီးဆုံးခါနီး၊ ပြီးဆုံးပြီးအဖြစ်အပျက်

        ဤကမ္ဘာကြီးပေါ်တွင် ဘေးဒဏ်ခုနှစ်ပါးစ၍ ကျရောက်သည်နှင့် “လူသားများ ကိုယ်စားကြားဖြန်ဖြေရေးအမှုတော်ကို ခရစ်တော်အဆုံး သတ်လိုက်သည်နှင့်တစ်ပြိုင်နက် မဟာဒုက္ခဆင်းရဲခြင်းကပ်ကာလသည် အစပြုပါလိမ့်မည်။ ခရစ်တော်သည် အသန့်ရှင်းဆုံးဌာနတော်မှ ထွက်ခွါ သောအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်ကို နိုင်ငံအကြီးအကဲများနှင့် တကွလူထုကြီးထံမှ ပြန်လည်ရုပ်သိမ်းနေလိမ့်မည်ဖြစ်သည်။ ၄င်းတို့အား နတ်ဆိုးများ၏ ထိန်းချုပ်မှုအောက်တွင် ပစ်ထားလိုက်ပါသည်။

        ဆန့်ကျင်ဘက်အဖွဲ့နှစ်ဖွဲ့သည် နောက်ဆုံးသော တိုက်ပွဲကြီး အတွက် ပေါ်ထွက်လာကြပါသည်။ ကိုယ်တော်၏ အမှတ်အသားကို ယူဆောင်လျက်ပညတ်တော်ကို စောင့်သော လူတစ်စုသည် ဖန်ဆင်းရှင် ၏ဘက်တွင် ရပ်ထနေကြပါသည်။ အခြားတဘက်တွင်မူ အယူမှားပုန် ကန်ခြားနားသူများသည် အမှောင်ဘုရင်နှင့်အတူရပ်ထနေကြသည်။

        လောကီအာဏာတန်ခိုးအပေါင်းတို့သည် ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ကို ခါးသီးစွာ ဆန့်ကျင်ပုန်ကန်နေပါသည်။ သူတို့သည် ဘုရားသခင်ကို ကိုးကွယ်နေသူများအား မုန်းတီးကြရာ မကြာမီမှာပင် အကောင်းနှင့်အဆိုးတို့သည် တိုက်ပွဲဝင်ကြပေတော့မည်။ ဤကမ္ဘာကြီး သည် စစ်မြေပြင်ဖြစ်လိမ့်မည်။ ထာဝရဘုရားသခင်ကို ဆန့်ကျင်တိုက် လှန်ရန် စာတန်ဦးဆောင်လမ်းပြနေသည့် ဤကမ္ဘာကြီးတွင် ပုန်ကန် ခြားနားမှုကို အပြီးအပိုင် ချေမှုန်းပစ်တော့ပေမည်။ လူတို့သည် တစ်ဖွဲ့ဖွဲ့ တွင် ပါဝင်တိုက်လှန်ကြလိမ့်မည်။ အာမဂေဒုန်တိုက်ပွဲကြီးသည် ဖြစ်ပွားတော့ပေမည်။” နောက်ဆုံး ၂၇ဝ၊၂၇၂၊၂၆၆၊၂၆၇

        ဘေးဒဏ်ခုနှစ်ပါးပြီးဆုံးသောအခါ ယေရှုခရစ်ဒုတိယအကြိမ်ကြွ လာတော်မူခါနီးအချိန်လေးတွင် ဖြစ်ပျက်မည့်အရာများ အလျင်အမြန် ဖြစ်ပျက်ပြီးဖြစ်သဖြင့် ယေရှုခရစ်သည် ဗိမာန်တော်၏ အသန့်ရှင်းဆုံး သောအခန်းမှ ဒုတိယအကြိမ်အမှုပြီးပြီဟု မိန့်တော်မူခဲ့ပေမည်။ “သတ္တမ ကောင်းကင်တမန်သည် မိမိဖလားကို အာကာသကောင်းကင်ပေါ်သို့ သွန်းလောင်လျှင် ပြီးပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော် ၌ရှိသော ပလ္လင်ထဲက ထွက်၏” ထိုခဏခြင်းတွင် ယေရှုခရစ်သည် အောက်ပါအတိုင်း မိန့်တော်မူလျက် ဒုတိယအကြိမ်ကြွလာတော်မူခဲ့ပေ မည်။ “ငါသည်အလျင် အမြန်လာမည်။ ငါသည်အကျိုး အပြစ်ကို ဆောင် ခဲ့သည်ဖြစ်၍ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။” ဗျာ ၁၆း၁၇၊ ၂၂း၁၂။

        ထို့ကြောင့် ဘေးဒဏ်ခုနှစ်ပါးပြီးဆုံးခါနီးအဖြစ်အပျက်နှင့် ပြီးဆုံး ပြီးအဖြစ်အပျက်အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဖတ်ရှုရသည်။

        “ဘုရားသခင်၏သားသမီးများအား ထွက်ပေါက်မရှိအောင် ဝိုင်း ထားနိုင်ပြီအထင်ဖြင့် စာတန်နှင့်အပေါင်းပါများသည် ဝမ်းသာအားရ ဖြစ် နေကြပါသည်။ ၄င်းတို့အောင်ပွဲခံကာပျော်မြူးနေစဉ်တွင်အကျယ်လောင် ဆုံးသော မိုးခြိမ်းသံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပါသည်။ သန့် ရှင်းရာစံအိမ်မှ ထာဝရဘုရားသခင်က အသံတော်ပေး၍ မိန့်မြွက်စဉ်တွင် ကောင်းကင်မှဖြာကျနေသည့် ထွန်းတောက်သော ဘုန်းရောင်ခြည်သည် မှောင်မိုက်ကျနေသော ကမ္ဘာကြီးပေါ်သို့ ထွန်းလင်းလာပါသည်။ ထိုအခါ အိုရိုက်ယွန် (Orion ခသိလကြယ် (ယောဘ ၉း၉) မောင်ရှင်ဆိုင်းတန်း) တွင် အပေါက်တစ်ပေါက် (လေဟာပြင်) ပေါ်လာသည်ကို ကျွန်ုပ်တို့ ကြည့်ရှုနိုင်ပါသည်။ ထိုအပေါက်ထဲမှ ဘုရားသခင်၏ အသံတော်ထွက် လာပါသည်။

        ကမ္ဘာကြီးသည် တုန်လှုပ်ပြီး အဆောက်အအုံများသည် ကွဲအက် ပြိုကျကုန်ပါသည်။ အကျဉ်းထောင်နံရံများမှာလည်း ကွဲအက်လဲကျကုန် ရာ ယုံကြည်ခြင်းကြောင့် အကျဉ်းချခံထားရသည့် ယုံကြည်သူများသည် လွတ်မြောက်ကုန်ကြပါသည်။ စီးဆင်းနေသောမြစ်ချောင်းများ မစီးဆင်း တော့ဘဲ ရပ်တန့်ကုန်သည်။ ပင်လယ်ရေပြင်ကြီးသည်လည်း ရေနွေးဆူ သကဲ့သို့ ဆူပွက်လာပြီး တစ်ကမ္ဘာလုံးသည် ကြောက်စရာကောင်းအောင် ရှုပ်ထွေးနေပါသည်။ ထိုစဉ်တွင်“ဒို့ကယ်နှုတ်ခြင်းခံရပြီ၊ ဒါဟာဘုရား သခင်ရဲ့အသံတော်ပဲ” ဟု တစ်ဦးနှင့်တစ်ဦးတီးတိုးပြောကာ ဖြောင့်မတ် သူများသည် အနှောင်အဖွဲ့မှ လွတ်မြောက်လာကြပါသည်။ နောက်ဆုံး - ၂၈၈,၂၉၁,၂၈၉

        အထက်ဖော်ပြပါ အခန်း(၂)နှင့်အခန်း(၃)အကြောင်းအရာများကို အကျဉ်းချုပ်ပြန်၍ဖော်ပြရလျှင် တနင်္ဂနွေနေ့ဥပဒေအမိန့်ထုတ်ပြန်ချိန်မှ စ၍ ဒုက္ခဆင်းရဲခြင်းကပ်ကာလ အစပြုလာမည်ဖြစ်သည်။ တံဆိပ်ခတ် ခြင်းပြီးသည်နှင့် ကျေးဇူးတော်ကာလကုန်ဆုံးမည်ဖြစ်ပြီး ကရုဏာတံခါး လည်းပိတ်မည်ဖြစ်သည်။ ထိုအခါ ဒုက္ခဆင်းရဲခြင်း ကပ်ကာလလည်း အဆုံးသတ်မည် ဖြစ်သည်။ ထိုအချိန်မှစ၍ မဟာဒုက္ခဆင်းရဲခြင်း ကပ် ကာလတည်းဟူသော ဘေးဒဏ်ခုနှစ်ပါး သွန်းလောင်းမည်ဖြစ်ပြီး ဘေး ဒဏ်ခုနှစ်ပါးပြီးဆုံးသည်နှင့် ယေရှုခရစ် ဒုတိယအကြိမ်ကြွလာတော်မူ မည် ဖြစ်ပေသည်။

        *(တနင်္ဂနွေနေ့ဥပဒေ(Sunday Law)ထုတ်ပြန်ချိန်မှ စပြီးဖြစ်ပေါ် လာသောဒုက္ခဆင်းရဲခြင်းကပ်ကာလတွင် လည်းကောင်း၊ ဒုက္ခ ဆင်းရဲခြင်း ကပ်ကာလကုန်ဆုံးပြီး မဟာဒုက္ခဆင်းရဲခြင်း ကပ် ကာလတည်းဟူသော ဘေးဒဏ်ခုနှစ်ပါးကျရောက်စဉ်တွင်လည်း ကောင်း၊ ဘုရားသခင်၏ သားသမီးများမည်ကဲ့သို့ ညှဉ်းဆဲခံရ ကြောင်းနှင့် ဘုရားသခင်မည်ကဲ့သို့ ကာကွယ်တော်မူကြောင်း၊ ဘုရားသခင်၏ လူများနှင့် စာတန် မာရ်နတ်၏ လူများမည်ကဲ့သို့ ပြုမူလှုပ်ရှားကြကြောင်း-- စသည့် အကြောင်းအရာ ပြည့်ပြည့်စုံစုံ ကို အီးဂျီဝိုက်စာပေများတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။)

No comments:

Post a Comment