အသစ်ဖြစ်လာ
ထာဝရမီးဖြင့် ဆေးကြောသန့်စင်တော်မူသော မိုးကောင်းကင် သည် ကောင်းကင်သစ်ဖြစ်လာပြီး
ဤကမ္ဘာသည် မြေကြီးသစ်ဖြစ်လာ သည်။ ဤသို့ဖြင့် ကမ္ဘာဦးကတည်းက ယေရှုခရစ်တည် ထောင်ခဲ့သော
ကျေးဇူးတော်နိုင်ငံ၊ ဘုန်းတော်နိုင်ငံ ထင်ထင်ရှားရှား ပေါ်ထွန်းလာခဲ့ သည်။ ထိုအခါ ဤကမ္ဘာမြေကြီးသည်
အကြီးအကျယ် ပြောင်းလဲလေ တော့၏။ မြင့်မားလွန်းသော တောင်များနှင့် နက်ရှိုင်းမတ်စောက်လွန်း
သော ချိုင့်ဝှမ်းများမရှိတော့ပေ။ စမ်းများ၊ ချောင်းများ၊ မြစ်များ၊ ပင်လယ် သမုဒ္ဒရာများ၊
ခမ်းခြောက်ကုန်၍ မရှိတော့ချေ။ အပြစ်အရာတည်း ဟူ သော မကောင်းသည့်အရာဟူသမျှ လုံးဝမရှိတော့ပေ။
စာတန်မာရ်နတ် နှင့်ဆိုင်သည့်အရာ ရှိကိုမရှိတော့ချေ။ “ဤအရာအလုံးစုံတို့သည် ကုန်စင် မည်။”
၂ ပေ ၃း၁၁
ထာဝရမီးဖြင့် ဆေးကြောသန့်စင်ပြီးဖြစ်သော ကောင်းကင်သစ် နှင့် မြေကြီးသစ်သည်
ရှေးကောင်းကင်နှင့်ရှေးမြေကြီးကဲ့သို့ လုံးဝမဟုတ် တော့ပေ။ “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ် သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည်
ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။ -အကြောင်းမူကား၊ အရင်အမှုကို မေ့လျော့ ရ၏။
ငါ့မျက်မှောက်၌ ကွယ်ပျောက်လျက်ရှိကြ၏။ -ကြည့်ရှုလော့၊ မိုး ကောင်းကင်သစ်နှင့် မြေကြီသစ်ကို
ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင် နှင့် မြေကြီးကို မအောက်မေ့ရ၊ နှလုံးမမှတ်မိရ။” ဗျာ
၂၀း၁၊ ဟေရှာ ၆၅း၁၆,၁၇
No comments:
Post a Comment