Monday, March 2, 2026

 

ကမ္ဘာဤသို့အခြေအနေမျိုးနှင့်တူ

          နှစ်ပေါင်းတစ်ထောင်အတွင်း ဤကမ္ဘာသည် မှောင်မိုက်အတိ ဖုံး လွှမ်း၍ လွတ်လပ်လဟာဖြစ်လျက်၊ စာတန်မာရ်နတ်နှင့် အပေါင်းအပါ နတ်ဆိုးများမှအပ၊ အသက်ရှင်သူတစ်ယောက်မျှ မရှိချေ။ “ငါသည် မြေ ကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာဖြစ်၏။ မိုးကောင်းကင်ကိုလည်း ငါ ကြည့်ရှု၍ အလင်းမရှိ။ -တောင်တို့ကိုလည်း ငါကြည့်ရှု၍ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။ -ငါကြည့်ရှု၍လူမရှိ။ မိုး ကောင်းကင်ငှက်အပေါင်းတို့သည် ပြေးကြပြီ -ငါကြည့်ရှု၍ ဝပြောသော ပြည်သည် တောဖြစ်လေပြီ။ မြို့များတို့သည် ပြိုပျက်လျက်ရှိကြ၏။ ထာဝရဘုရားရှေ့၊ ပြင်းစွာသော အမျက်တော်ရှေ့၌ ထိုသို့သောအခြင်း အရာတို့သည်ဖြစ်ရကြ၏။” ယေရမိ ၄း၂၃-၂၆

          ဤတွင်ကမ္ဘာသည် ဤကဲ့သို့ အခြေအနေမျိုးနှင့်တူ၏။ “မြေကြီး သည် အဆင်းသဏ္ဍာန်မရှိ။ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း” သည်။ ကမ္ဘာဤသို့ အခြေအနေမျိုး ဖြစ်ခြင်းကို “အနက်ဆုံးသောတွင်း”ဟု ခေါ်လေသည်။ထို့ကြောင့် စာတန်မာရ်နတ်ကို အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထားခြင်းဆိုသည်မှာ အသက်ရှင် သူတစ်ယောက်မရှိသည့် မှောင်မိုက်အတိ ဖုံးလွှမ်းလျက်လွတ်လပ်လ ဟာဖြစ်သော ဤကမ္ဘာပေါ်တွင် ရှိခြင်းပင်ဖြစ်သည်။ သံကြိုးကြီးသည် မှောင်မိုက်ကိုဆိုလို၏ “ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရား သခင်သည်---မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။” က ၁း၂ ၊ ဗျာ ၂၀း၃၊ ၁ပေ ၂း၄ (ဗျာ ၂၀း၀)

No comments:

Post a Comment