မီးလက်နက်အသုံးပြု
ထိုသို့မြို့ကိုဝိုင်းကြစဉ် ဘုရားသခင်အထံတော် ကောင်းကင်မှ
မီး လက်နက်တည်းဟူသော ထာဝရမီးကျလာ၍ သူတို့အားလုံး လောင်ကျွမ်း ကြသည်။ မယုံကြည်သူများသည်
သူတို့ကိုယ်တိုင်က စာတန်မာရ်နတ် ခံရမည့် တရားစီရင်ခြင်းကိုလည်းကောင်း၊ စာတန်မာရ်နတ်ခံရမည့်
ထာဝရမီးတွင် လောင်ကျွမ်းပြီးသေခြင်း (ဒုတိယသေခြင်း) ကိုလည်း ကောင်း၊ ရွေးချယ်ကြသဖြင့်
စာတန်မာရ်နတ်နှင့်အတူ တရားစီရင်ရခြင်း၊ စာတန် မာရ်နတ်နှင့်အတူ ထာဝရမီးတွင်လောင်ကျွမ်းရခြင်းဖြစ်သည်။
ထိုအခါထာဝရမီးဖြင့် ကမ္ဘာတစ်ခုလုံးလောင်ကျွမ်းပြီး ကမ္ဘာသည် မီးအိုင်(Gehenna - မ ၅း၂၂, ၂၉, ၃၀၊ ၁၀း၂၈,
ယာ ၃း၆) ဖြစ်လေတော့ မ သည်။ ဤကား ထာဝရမီးတည်းဟူသော
ငရဲမီးဖြင့် စာတန်မာရ်နတ်နှင့် အပေါင်းအဖော်နတ်ဆိုးများ၊ မယုံကြည်သူများတည်းဟူသော မတရား
သောသူများ၊ အားလုံးလောင်ကျွမ်းစေသည်သာမက၊ အပြစ်နှင့်အပြစ် အရာ အားလုံးကိုလည်း လောင်ကျွမ်းစေခြင်း၊
မီးဖြင့် ကမ္ဘာမြေကြီးကို ဆေးကြောသန့်စင်ခြင်းပင်ဖြစ်သည်။
“ထိုအခါဘုရားသခင်အထံတော် ကောင်းကင်မှမီးကျ၍၊ (ကောင်း ကင်မှ ကန့်နှင့်ရောသော
မီးမိုးရွာ၍ လု ၁၇း၂၉) သူတို့ကို မျိုလေ၏။ - သူတို့ကို လှည့်ဖြားသော မာရ်နတ်ကိုလည်း၊
သားရဲနှင့်မိစ္ဆာ ပရောဖက်ရှိ ရာ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်လျှင် သူတို့သည်
နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။-အဖျင်းကို ကား၊ မငြိမ်းနိုင်သော
မီးနှင့် ရှို့တော်မူလတံ့။-ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ၊
လူအသက်ကို သတ် သောသူ၊ မတရားသော မေထုန်မှီဝဲသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ
အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဖို့ကို
ရကြလိမ့်မည်။
-နောက်ဆုံးရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့
ရောက်ရလတံ့။ -ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ် လေ၏။ ထိုသေခြင်းကား၊
ဒုတိယသေခြင်းဖြစ်သတည်း။ -အသက်စာ စောင်၌ စာရင်းမဝင်သောသူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့
ချပစ်လေ ၏။” ဗျာ ၂၀း၉,၁၀၊ မ၃း၁၂၊ဗျာ၂၁း၈၊ ၁ကော ၁၅း၂၆၊ ဗျာ ၂၀း၁၄,၁၅
No comments:
Post a Comment