Monday, March 2, 2026

                                                     အာကာသ၌တွေ့ဆုံ

          ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ မြေကြီးကို နင်းသည်အထိ မကြွလာဘဲ ကမ္ဘာသူကမ္ဘာသားများအားလုံးက တွေ့မြင် နိုင်သည့် အာကာသကောင်းကင်၌ ရပ်နေမည်ဖြစ်သည်။ “အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ။” အာကာသ ကောင်းကင်၌ ရပ်နေသော ယေရှုခရစ်သည် အတူပါလာသည့်ကောင်း ကင် တမန်များကို စေလွှတ်ပြီးအမွေခံကြသည့် အသက်ရှင်သောသန့်ရှင်း ဖြောင့်မတ်သူများ၊ အိပ်ပျော် (သေ)ခြင်းမှ ထမြောက်လာသော သန့်ရှင်း ဖြောင့်မတ်သူများ၊ အားလုံးကို စုသိမ်းပြီး အတူတကွ စုရုံးစေမည်ဖြစ် သည်။ ၁ သက် ၄း၁၇

          “ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိ ရွေး ချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက်ထက်ဝန်း ကျင်တို့မှခေါ်၍ စုရုံးစေတော်မူလတံ့။-စပါးရိတ်သောသူကား၊ ကောင်း ကင်တမန်ဖြစ်၏။ကောင်းကင်တမန်များသည်အာဒံအချိန်မှစပြီး ယေရှု ခရစ်ဒုတိယအကြိမ်ကြွလာတော်မူသည်အချိန်အထိ၊ သန့်ရှင်းဖြောင့်မတ် သူများဟူသမျှ စုသိမ်းပြီး အတူတကွ စုရုံးစေကာ ယေရှုခရစ်နှင့်အတူ အာကာသ၌တွေ့ဆုံခြင်းငှါ၊ အာကာသကောင်းကင်သို့ ချီဆောင်သွားမည် ဖြစ်သည်။ အသက်ရှင်သော သန့်ရှင်းဖြောင့်မတ်သူများ၊ အိပ်ပျော်(သေ) ခြင်းမှ ထမြောက်လာသော သန့်ရှင်းဖြောင့်မတ်သူများ၊ ဤသို့ အတူတကွ ကောင်းကင်နိုင်ငံတော်သွားခြင်းကို အားလုံး၏ စုံလင်ခြင်းဟု ခေါ်လေ သည်။ တနည်းအားဖြင့် သာ၍ မြတ်သောကျေးဇူးဟူ၍လည်း ခေါ်သည်။ မာ ၁၃:၂၇၊ မ ၁၃း၃၉

          “အဘယ်ကြောင့်နည်းဟူမူကား၊ ထိုသူတို့ (ထမြောက်လာသော သန့်ရှင်းဖြောင့်မတ်သူများ) သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့ မရောက်ရ မည်အကြောင်း၊ ဘုရားသခင်သည် ငါတို့အဘို့အလို့ငှါ သာ၍ မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။ -ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေ ခြင်းငှါ ထိုသူတို့ (ထမြောက်လာသော သန့်ရှင်းဖြောင့်မတ်သူများ) နှင့် တကွ၊ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်

အတူ အစဉ်မပြတ်နေရကြလိမ့်မည်။” ဟေဗြဲ ၁၁း၄၀၊ ၁ သက် ၄း၁၇

          အထက်ပါအကြောင်းအရာများကို ဤသို့ဖတ်ရှုရသည်။ “အသက် ရှင်လျက်ရှိသော ဖြောင့်မတ်သူများသည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းတွင် ပြောင်းလဲကုန်ကြသည်။ ဘုရားသခင်၏ အသံတော်အားဖြင့် ၎င်းတို့သည် ဘုန်းတော်နှင့်ပြည့်စုံကုန်ကြရာ မသေနိုင်သည့် အဖြစ်သို့ ရောက်သွားကြပြီး ရှင်ပြန်ထမြောက်လာသော သန့်ရှင်းသူများနှင့်အတူ ခရစ်တော်ကိုဖူးမြော်ရန် အာကာသကောင်းကင်သို့ ချီဆောင်ခြင်းခံကြရ သည်။

          ကလေးငယ်များကို ကောင်းကင်တမန်များ ချီယူလာပြီး သက် ဆိုင်ရာမိခင်များထံ၌ ပေးအပ်ကြသည်။ မိခင်မရှိသော ကလေးငယ်များ ကို ကောင်းကင်တမန်များက စောင့်ရှောက်ခဲ့ပါသည်။ သေခြင်းအားဖြင့် ခွဲခွာခဲ့ကြရသောမိတ်ဆွေများသည် ပြန်လည်ဆုံဆည်းကြပြီး မည်သည့် အခါမျှ မခွဲခွာရတော့ဘဲ ဝမ်းမြောက်ခြင်းသီချင်းကို သီဆိုကျူးအေးကာ ကောင်းကင်ရွှေမြို့တော်သို့ တက်ကြွသွားကြပါသည်။” နောက်ဆုံး - ၃၀၀၊ ၃၁၅ 

No comments:

Post a Comment