အခန်း(၂)
ယေရှုခရစ်
ဒုတိယအကြိမ် ကြွလာတော်မူခါနီး အဖြစ်အပျက်
ယေရှုခရစ်သည် လက်ဝါးကပ်တိုင်ပေါ်တွင် ပထမအကြိမ် “အမှု ပြီးပြီ” ဟု မိန့်တော်မူလျက်အသက်ကို
စွန့်တော်မူ၏။ ယေရှုခရစ်အသက် တော်စွန့်သည်နှင့် ဗိမာန်တော်၏ ကန့်လန့်ကာသည် အထက်စွန်းမှ
အောက်စွန်းတိုင်အောင် မမြင်ရသော လက်ဖြင့်ဆုတ်ဖြဲခြင်းခံရသည်။ (မာ ၁၅း၃၇,၃၈) ဤအဖြစ်အပျက်သည် တိရစ္ဆာန်အားဖြင့် ယဇ်ပူဇော်
ခြင်း အမှုပြီးပြီဖြစ်ကြောင်း ဖော်ပြသည်။ (ဒံ ၉း၂၆,၂၇) ထို့ကြောင့် ကပ် တိုင်တွင် ယေရှုခရစ်အသေခံသောအခါ
တိရစ္ဆာန်၏ အသွေးအားဖြင့် အပြစ်ဖြေလွှတ်သည့် ကျေးဇူးတော်ကုန်ဆုံးပြီး ဖြစ်လေသည်။ ယော
၁၉း၃၀
ကျေးဇူးတော်ကာလမူကား၊
ကုန်ဆုံးခြင်းမရှိသေးချေ။ ကျေးဇူး တော်ကာလဆိုသည်မှာ ဧဝံဂေလိတရားဟောပြောချိန်ကာလကို
ဆိုလို သည်။ ကမ္ဘာဦးအာဒံကိုရွေးနှုတ်ချိန်မှ ဧဝံဂေလိတရားဟောပြီး ဖြစ် သဖြင့် ကျေးဇူးတော်ကာလသည်
ကမ္ဘာဦးအာဒံပြစ်မှားသည်နှင့်စသည်။ ကရုဏာတံခါး ပိတ်ချိန်အထိ ဧဝံဂေလိတရားဟော ပြောရမည်ဖြစ်သဖြင့်
ကျေးဇူးတော်ကာလသည် ကရုဏာတံခါးပိတ်ချိန်တွင် ကုန်ဆုံးမည်ဖြစ် သည်။“လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော် နှင့်
ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟော ရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့။” မ ၂၄း၁၄
No comments:
Post a Comment