Monday, March 2, 2026

 

အခန်း(၆)

တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကားနေရစ်

          ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ ဤကမ္ဘာပေါ်

တွင်လူ နှစ်မျိုးနှစ်စား ရှိမည်ဖြစ်ပြီးလည်းကောင်းမှာ သန့်ရှင်းဖြောင့်မတ် သူများဖြစ်သည့်ယုံကြည်သူများနှင့် မတရားသောသူများဖြစ်သည့် မယုံ ကြည်သူများဖြစ်သည်။ (မ ၂၅း၃၁-၃၃)

          သိမ်းယူ” သူများမှာ ယုံကြည်သူများဖြစ်မည်လော၊ မယုံကြည် သူများဖြစ်မည်လော (သို့မဟုတ်) “နေရစ်”သူများမှာ ယုံကြည်သူများဖြစ် မည်လော၊ မယုံကြည်သူများဖြစ်မည်လော။ အဘယ်သူကသိမ်းယူမည် နည်း၊ နေရစ်စေမည်နည်း။

          ငါဆိုသည်ကား၊ ထိုနေ့ညတွင် အိပ်ရာတစ်ခု၌ရှိသော လူနှစ် ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ (Taken)၍ တစ်ယေက်မူကား နေရစ်(Left)ရလတံ့။- ကြိတ်ဆုံကြိတ်သော သူနှစ်ယေက်တို့တွင် တစ် ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကားနေရစ်ရလတံ့။ -လယ်၌ ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။” ဤအတိုင်း “လူသားသည် ကြွလာတော်မူသောအခါ၌ ဖြစ်လိမ့်မည်။” လု ၁၇း၃၄-၃၆၊ မ ၂၄း၃၉

No comments:

Post a Comment