Tuesday, March 3, 2026

 

ကမ္ဘာသစ်တွင်လူ၏အစာ

ကမ္ဘာသစ်တည်းဟူသော မြေကြီးသစ်တွင် လူ၏ အစားအစာမှာ သစ်သီးဝလံတည်းဟူသောအသီးအနှံများဖြစ်လေသည်။ “ကြည့်ရှုလော့၊ မြေတပြင်လုံး၌ စပါးသီးကိုဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကို လည်း ကောင်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုး တို့ကိုလည်းကောင်း သင်တို့စားစရာဘို့ငါပေး၏။” ဘုရားသခင်ပေးတော် မူသော စားစရာများကို အဆက်မပြတ် အချိန်မှန်မှန် စားသောက်ရခြင်း ကြောင့် ကမ္ဘာသစ်တွင် ဆာလောင်ငတ်ပြတ်ခြင်းမခံစားရပေ။ ထို့ကြောင့် မြေကြီးသစ်တွင် လူသည် စားအပ်သော အသားလည်း စားမည်မဟုတ် တော့ချေ။ “ငါ၏သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲ ခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရ ဘုရားမိန့်တော်မူ၏။” က ၁း၂၉၊ ဟေရှာ ၆၅း၂၅

No comments:

Post a Comment