Monday, March 2, 2026

 

ကျေးဇူးပလ္လင်တော်သို့

          ယေရှုခရစ်သည် အပြစ်ဖြေလွှတ်ခြင်း၊ ယဇ်ပုရောဟိတ်အလုပ်ကို လုပ်ဆောင်ခြင်းအားဖြင့် ဧဝံဂေလိတရား ဟောပြောချိန်ကာလတည်းဟူ သောကျေးဇူးတော်ကာလဆက်လက်တည်ရှိစေတော်မူသည်။ထို့ကြောင့် ယခု ကျေးဇူးတော်ကာလတွင် စာတန်မာရ်နတ်အားဖြင့် နေ့စဉ် နေ့တိုင်း ကျူး လွန်ပြုလုပ်မိသော အပြစ်များကို နောင်တရပြီး အပြစ်ဖြေလွှတ်ရန်၊ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူသော အပြစ်လွှတ်ပိုင်သောသူ ယေရှုခရစ် ထံ နေ့စဉ်နေ့တိုင်း အပြစ်ဝန်ချ တောင်းပန်ရမည်ဖြစ်သည်။ ဘုရားသခင် အလိုတော် အတိုင်းမဟုတ်သော အတွေးအခေါ်များ၊ အပြောအဆိုများ၊ အပြုအမူများ၊ အစားအသောက်များ၊ ဆက်လက်မကျင့်မကြံ၊ မစား မသောက်ရန် ငါတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူသော အပြစ်လွှတ် ပိုင်သောသူ ယေရှုခရစ်ကို နေ့စဉ်နေ့တိုင်း မှီခိုကိုးစားရမည်ဖြစ်သည်။

          “ယခုမူကား ကောင်းကင်ဘုံသို့ ကြွဝင်တော်မူသော ယဇ်ပုရော

ဟိတ် မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူသောကြောင့် ငါတို့သည် ဝန်ခံခဲ့ ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ။ -ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ ခံရသည်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသော သူ ဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။-ထို့ကြောင့်ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော် သော ကျေးဇူးတော်မစခြင်းကိုလည်း ကောင်းခံရမည် အကြောင်းရဲရင့် သောစိတ်နှင့်ကျေးဇူး ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။

          -ထို့ကြောင့်ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာအကြောင်း ကို စီရင်၍ ဘုရားသခင်နှင့်ဆိုင်သော အရာတို့၌ ကရုဏာနှင့်လည်း ကောင်း၊ သစ္စာနှင့်လည်းကောင်း၊ ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီး ဖြစ်အံ့သောငှါ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသော အကြောင်းရှိ၏။ ထိုသို့စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲ၌ ကျင် လည်သောကြောင့် စုံစမ်းနှောင့်ယှက်သော အမှုနှင့်တွေ့ကြုံသူတို့ကို မစ ခြင်းငှါတတ်နိုင်တော်မူ၏။ ဟေဗြဲ ၄း၁၄-၁၆၊၂း၁၇,၁၈

          ထို့ကြောင့် ကျေးဇူးတော်ကာလ ကုန်ဆုံးခါနီး အချိန်တည်းဟူ သော ကရုဏာတံခါးပိတ်ခါနီး ယခုအချိန်တွင် သန့်ရှင်းဖြောင့်မတ်သူမှ မတရားသောသူပြန်မဖြစ်ဘဲ သန့်ရှင်းဖြောင့်မတ်သောသူ အစဉ်ဖြစ်ကြပါ စို့။

No comments:

Post a Comment