Monday, March 2, 2026

 

အကျိုးအပြစ်၊ဆုပေးဒဏ်ပေး

          ထိုအချိန်သည် အကျိုးအပြစ်တည်းဟူသော ဆုပေးဒဏ်ပေးချိန် လည်းဖြစ်သည်။ “အကြောင်းမူကား ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့် သော အကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီး သီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။-သား တော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သော သူမူကား၊ အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင် ၏ အမျက်တော်တည်နေသည်။

          - သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။

မယုံကြည်သော သူမူကား၊----အပြစ်စီရင်ခြင်းကိုခံရ၏။-ယုံကြည်သော သူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုး အပြစ်ကိုခံရမည် နည်း။- ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။ -ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ။” ၂ကော ၅း၁၀၊ ယော ၃း၃၆, ၁၈၊ ၁ကော ၆း၁၅၊ ရော ၂း၆,၁၁။

          ထိုအခါ ယုံကြည်သူများတည်းဟူသော သန့်ရှင်းဖြောင့်မတ်သူ များ ဤသို့အကျိုးဆုကို ရရှိကြသည်။ “မိမိအပြစ်ကို ဖော်ပြဝန်ချ၍ စွန့် ပစ်သောသူမူကား၊ ကရုဏာတော်ကိုခံရလိမ့်မည်။ -ကရုဏာသည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။ -ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့် တရားဆုံးဖြတ်တော်မူသော နေ့၌ရဲရင့်သော အခွင့် ရှိကြလိမ့်မည်။ -ပညာရှိသောသူတို့ (မ၇း၂၄,၂၅၊၂၅း၉) သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူ အများတို့ကို ဖြောင့်မတ်ခြင်း တရားလမ်းထဲသို့ သွင်းသောသူတို့သည် လည်း ကြယ်များကဲ့သို့လည်းကောင်း၊ အစဉ်အမြဲ ထွန်းလင်းကြလိမ့် မည်။ -အကြင်သူသည် တပည့်တော်၏ မျက်နှာကိုထောက်၍ ဤသူငယ် တစ်စုံတစ်ယောက်အား ရေတစ်ခွက်ကို မျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ၏။

          -ထိုအခါ လက်ယာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံကောင်းကြီး မင်္ဂလာကိုခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဘို့ပြင်ဆင်သော နိုင်ငံကိုလာ၍ အမွေခံကြလော့။- သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့။ထာဝရအသက်ရရှိသည့် ယုံ ကြည်သူများတည်းဟူသော သန့်ရှင်းဖြောင့်မတ်သူများ “လူအမျိုးမျိုးတို့ သည် မိမိဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။” သု ၂၈း ၁၃၊ယာ၂း၁၃၊ ၁ယော ၄း၁၇၊ ဒံ ၁၂:၃၊ မ ၁၀း၄၂, ၂၅း၃၄၊ ဗျာ ၂၁း၂၆

          ထိုအခါ မယုံကြည်သူများတည်းဟူသော မတရားသောသူများ ဤသို့ အပြစ်ဒဏ်ကို ခံရကြသည်။ “မိမိအပြစ်ကို ဝှက်ထားသော သူသည် ချမ်းသာမရ။ -ထိုနေ့၌ကား၊ သခင်သခင် အကျွန်ုပ်တို့သည် ကိုယ်တော် အခွင့်နှင့်ဆုံးမဩဝါဒပေးပါပြီမဟုတ်လော။ကိုယ်တော်အခွင့်နှင့် နတ်ဆိုး တို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟုအများသောသူတို့သည် လျှောက်ကြ လိမ့်မည်။ -ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မ အမှုကိုပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟုထိုသူတို့အား အတိအလင်းငါ ပြောမည်။ -ထိုအခါလက်ဝဲတော်ဘက်၌ ရှိသောသူတို့အား မင်းကြီးက ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့် သူ၏တမန်တို့ အဘို့ပြင်ဆင် သော ထာဝရမီးထဲသို့ ငါ့ထံမှခွာသွားကြလော့။-ငိုကြွေးခြင်း၊ အံသွားခဲ ကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ်ချလိုက်ကြဟု စီရင် တော်မူ၏။” သု ၂၈း၁၃၊ မ ၇း၂၂,၂၃၊၂၅း၄၁,၃ဝ

No comments:

Post a Comment