Monday, March 2, 2026

အခန်း (၃)

ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူခြင်း


                                    အပြီးအပိုင်ခြားနားစေ (တံဆိပ်ခတ်ခြင်း)

            ယေရှုခရစ်၏ အသွေးတော်အားဖြင့် အပြစ်လွှတ်သည့် ကျေးဇူး တော်ကာလကုန်ဆုံးပြီး ကရုဏာတံခါးလည်းပိတ်ပြီးဖြစ်ရာ ဘုရား သခင် ၏တံဆိပ်ခတ်ခြင်းခံ ယုံကြည်သူများတည်းဟူသော သန့်ရှင်းဖြောင့်မတ် သူများနှင့် သားရဲ၏ တံဆိပ်ခတ်ခြင်းခံမယုံကြည်သူများ တည်းဟူသော မတရားသောသူများကို ဘုရားသခင်သည် အပြီးအပိုင် ခြားနားစေပြီးဖြစ် သည်။ “မတရားသောသူသည် မတရားသဖြင့်ပြုစေဦး၊ ညစ်ညူးသောသူ သည် ညစ်ညူးစေဦး၊ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး၊ သန့် ရှင်းသော သူသည်သန့်ရှင်းစေဦး။” ထိုအချိန်တွင်သားရဲ၏ တံဆိပ်ခတ် ခြင်းခံ မယုံကြည်သူများတည်းဟူသော မတရားသောသူများအတွက် နောင်တရပြီးပြောင်းလဲရန်အခွင့် မရှိတော့ချေ။ ဗျာ ၂၂း၁၁၊

            အထက်ပါအကြောင်းအရာကို ဤသို့ဖတ်ရှုရသည်။ “ခရစ်တော် သည် မိမိ၏ လူတို့အတွက် အပြစ်ဖြေခြင်းအမှုကို ဆောင်ရွက်တော်မူပြီး အပြစ်များကို ဆေးကြောပေးတော်မူခဲ့ပြီးဖြစ်သည်။ ထိုကပ်ကာလသို့ ရောက်သောအချိန်တွင် လူသားတိုင်း၏ ကံကြမ္မာကို ဆုံးဖြတ်တော်မူပြီး ဖြစ်ရာ ထိုအချိန်ရောက်မှ နောင်တရသူများအတွက် ကရုဏာတော် မရှိ တော့ချေ။ ဘုရားသခင်၏ တံဆိပ်သည် ကိုယ်တော်ရှင်၏လူများ နဖူးတွင် ခတ်ထား ပြီးဖြစ်ချေပြီ။” နောက်ဆုံး - ၂၇၁၊၂၇၆

                ထိုအခါဘုရားသခင်၏ တံဆိပ်ခတ်ခြင်းခံ သန့်ရှင်းဖြောင့်မတ်သူ

များ လုံးဝ မခံရဘဲ သားရဲ၏ တံဆိပ်ခတ်ခြင်းခံ မတရားသောသူများသာ ခံရမည့် နောက်ဆုံးဘေးဒဏ်ခုနှစ်ပါးတည်းဟူသော ဘုရားသခင်၏ အမျက်တော်ဖလားခုနှစ်လုံးအကြောင်းကိုလည်း ယခုအခါ မှန်ကန်သော အသင်းတော်၏ အသင်းသူအသင်းသား သန့်ရှင်းဖြောင့်မတ်သူများသည် ဗာဗုလုန်မြို့ကြီးတည်းဟူသော ဤကမ္ဘာကို သတိပေးဟောကြားလျက်ရှိ သည်။

အီဂျစ်ပြည်တွင် ဘေးဒဏ်ဆယ်ပါးကျရောက်စဉ် ပထမဘေး ဒဏ်သုံးပါးကို အီဂျစ်လူမျိုးဖြစ်ဖြစ်၊ ဣသရေလလူမျိုးဖြစ်ဖြစ်ခံရပြီး ပို၍ ပြင်းထန်သော ဒုတိယဘေးဒဏ်ခုနှစ်ပါးကိုမူကား၊ ဣသရေလလူမျိုးများ လုံးဝမခံရဘဲ အီဂျစ်လူမျိုးများသာခံရသကဲ့သို့ (ထွက် ၇း၁၉၊၈း၂,၁၇,၂၂, ၂၃,၉း၄,၆,၂၆၊ ၁၀း၁၃၊၁၁း၅)၊ ကျေးဇူးတော်ကာလကုန်ဆုံးခါနီး ကရုဏာ တော်တံခါးမပိတ်မီ ကမ္ဘာကြီးပေါ်သို့ကျရောက်လာမည့် ဒုက္ခဆင်းရဲခြင်း ကပ်ကာလကို လူအားလုံးခံရမည်ဖြစ်ပြီး ကျေးဇူးတော်ကာလကုန်ဆုံး၍ ကရုဏာတံခါးပိတ်ပြီးသောအခါ ကမ္ဘာကြီးပေါ်သို့ ကျရောက်လာမည့် ပိုမိုပြင်းထန်သောမဟာဒုက္ခဆင်းရဲခြင်း ကပ်ကာလဘေးဒဏ်ခုနှစ်ပါးကို မူကား၊ သားရဲ၏တံဆိပ်ခတ်ခြင်းခံမတရားသောသူများသာ ခံရမည်ဖြစ် သည်။ (ဗျာ ၁၆း၁-၁၇)

ထိုဘေးဒဏ်ခုနှစ်ပါးကို မခံရသောဘုရားသခင်၏ တံဆိပ်ခတ် ခြင်းခံ သန့်ရှင်းဖြောင့်မတ်သူများဖြစ်ရန် ယနေ့ ဘုရားသခင်ခေါ်ဘိတ် လျက်ရှိသည်။ “ငါ၏လူမျိုးတို့ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်း ကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့ သောငှါ သူ၏အထဲက ထွက်ကြလော့။” ဗျာ ၁၈း၄

ကျမ်းစာတွင်ပြုအပ်သောအရာများနှင့် မပြုအပ်သောအရာများ၊ စားသောက်အပ်သောအရာများနှင့် မစားသောက်အပ်သော အရာများ ဖော်ပြထားရာ မပြုအပ်သောအရာများကိုပြုလုပ်လျှင်၊ မစားသောက်အပ် သော အရာများကို စားသောက်လျှင် ကျမ်းစာကို အသစ်သွင်းခြင်းဖြစ် သဖြင့် ဘေးဒဏ်ကို ခံရမည်ဖြစ်သည်။“အကြင်သူသည် ဤအရာ၌ ထပ်၍ အသစ်သွင်း၏။ ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။” ထို့ကြောင့် ဘေးဒဏ်ခုနှစ်ပါးကိုမခံရသော ဘုရားသခင်၏တံဆိပ်ခတ်ခြင်းခံသန့်ရှင်း ဖြောင့်မတ်သူများဖြစ်ရန် ယခုအချိန်တွင် ကျမ်းစာကို အသစ်သွင်းခြင်း ဖြစ်စေသည့် မည်သည့်အရာကိုမျှ မပြုမလုပ်ရန်ဖြစ်သည်။ ဘေးဒဏ် (၇) ပါးအကြောင်းကို (ဗျာ၁၆:၁-၂၁) ကျမ်းချက်တွင် ဖတ်ရှုနိုင်ပါသည်။ ဗျာ ၂၂း၁၈

No comments:

Post a Comment