အခန်း(၁၇)
ယေရုရှလင်မြို့သစ်
ဘုရားသခင်ဖန်ဆင်းတော်မူသော
“ယေရုရှလင်မြို့” သည် မြေ ကြီးသစ်တည်းဟူသော ကမ္ဘာသစ်၏မြို့တော်ဖြစ်ပြီး ထိုမြို့ထဲတွင်
ရွေး နှုတ်ကယ်တင်ခြင်းခံ သန့်ရှင်းဖြောင့်မတ်သူများ၏ နေအိမ်ရှိလေသည်။ ဟေရှာ ၆၅း၁၈
(ယော ၁၄း၁-၃)
ဘုရားသခင်သည်သူ၏
ဘုန်းတန်ခိုးအာနုဘော်ကို ထင်ရှားစေ သည့် ယေရုရှလင်မြို့အား လွန်စွာအဖိုးတန်သောအရာများ၊
ဖန်ကဲ့သို့ ကြည်လင်သောကျောက်မျက်ရတနာများ၊ကျောက်အမျိုးအစားအမျိုးမျိုး ဖြင့်ဖန်ဆင်းတော်မူသည်။
ထို့ကြောင့် မြို့၏ တင့်တယ်လှပခန့်ညားခြင်း သည် မြင်ယောင်နိုင်သည်ထက်ပိုလေသည်။ (၁ကော
၂း၉) ထို့ကြောင့် လည်း ယေရုရှလင်မြို့သစ်သည် အရောင်အမျိုးမျိုးစုံလင်သော ရောင် ခြည်ဖြင့်
ထွန်းတောက်ပလျက်၊ အလွန်ကြည့်ကောင်းရှုမဝကြည်နူးစရာ ဖြစ်သည်။
ယေရုရှလင်မြို့၏
ကြီးမြတ်သောမြို့ရိုးသည် အလျားအနံတစ်ခု နှင့် တစ်ခုအကွာအဝေးတူညီလျက် တစ်ဆယ့်နှစ်ခု(မိုင်-၁၅ဝဝ
လောက်) ရှိသည်။ အမြင့်(မိုင်-၁၅ဝဝ လောက်)နှင့်လည်းတူညီကြသည်။ထို့ကြောင့် မြို့သည် စတုရန်းလေးထောင့်ဖြစ်သည်။အထပ်တစ်ဆယ့်နှစ်ထပ်ရှိသော
မြို့လည်း ဖြစ်ပေသည်။ ယေရုရှလင်မြို့တော်၏ ပြင်ညီထပ်သည် ကမ္ဘာ ဦးက ဧဒင်ဥယျာဉ်ဖြစ်သောကြောင့်
(ဗျာ ၂၂း၁-၂၊ က ၂း၉) မြို့ကို ဧဒင် ဥယျာဉ်ပေါ်တွင် တည်ဆောက်ခြင်းဖြစ်သည်။ ထို့ကြောင့်
ယေရုရှလင်မြို့ ကို တနည်းအားဖြင့် ယေရုရှလင်အိမ်တော်ကြီး၊ ဧဒင်ဥယျာဉ်ဟုခေါ်ရ မည်ဖြစ်သည်။
အရှေ့ဘက်၌ တံခါးသုံးပေါက်၊ အနောက်ဘက်၌ တံခါး သုံးပေါက်၊တောင်ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌
တံခါးသုံး ပေါက်စသည်ဖြင့် မြို့ထဲသို့ဝင်ရန် တံခါးပေါက်တစ်ဆယ့်နှစ်ခု ရှိသည်။ “တံခါးပေါက်တစ်ပေါက်တွင် ကောင်းကင်တမန်တစ်ပါးဆီ
ရပ်လျှက် စောင့်နေကြပါသည်။ မြို့ထဲ၌ရှိသောလမ်းများသည် ဖန်ကဲ့သို့ ကြည်လင် သောရွှေစင်များဖြစ်သည်။
အကောင်းနှင့် -၂၆၆
ဘုရားသခင်သည်
ယေရုရှလင်မြို့ကို မည်သည့်အရာဖြင့် မည်ကဲ့ သို့ ဖန်ဆင်းသည်၊ မြို့ထဲ၌ မည်ကဲ့သို့ တည်ရှိသည်၊မြို့သည်အဘယ်သို့
ထယ်ဝါခန့်ညားသည်၊ အသေးစိတ်သိလိုလျှင် (ဗျာ၂၁း၁၀-၁၆) ကျမ်းချက် တွင်ဖတ်ရှုနိုင်ပါသည်။
မြို့ထဲတွင် ကောင်းကင်နိုင်ငံတော်၏ ဗိမာန်တော် မရှိတော့ပေ။ (ဗျာ ၁၁း၁၉၊ ဟေဗြဲ ၉း၁၁,၁၂,၂၄) ထိုဗိမာန်တော်သည်ရွေး နှုတ်ကယ်တင်ခြင်း စီမံကိန်းအကောင်အထည်ဖော်လုပ်ငန်းပြီးစီးပြီးဆုံး
သောအခါ ကွယ်ပျောက်ပြီးဖြစ်သည်။ ထိုမြို့သည် နေ၏အလင်း၊ လ၏ အလင်းအလိုမရှိပေ။ ဘုရားသခင်နှင့်
သိုးသငယ်သည်ထိုမြို့၏ ဗိမာန် တော်နှင့် အလင်း(ဗျာ ၂၂း၃၊ ၂၁း၂၂) ဖြစ်တော်မူ၏။ မြို့ထဲတွင်ရှိသော
ရွေးနှုတ်ကယ်တင်ခြင်းခံ သန့်ရှင်းဖြောင့်မတ်သူများအပေါင်းတို့သည် ထို အလင်းနှင့်သွားလာကြ၏။
ထိုမြို့၌ညမရှိ၊ မြို့တံခါးပိတ်ခြင်း လုံးဝမရှိ၊ အစဉ်ဖွင့်လျက်ရှိသည်။
မြို့ထဲ၌နေသော
ရွေးနှုတ်ကယ်တင်ခြင်းခံ သန့်ရှင်းဖြောင့်မတ် သူအပေါင်းတို့သည် ရှေးမြေကြီး၌ နေစဉ် ယေရှုခရစ်အားဖြင့်
ကောင်း သောအကျင့်၊ ကောင်းမှုကုသိုလ်ပြုသည်အတိုင်း ချီးမြှောက်ခြင်းခံရသည့် ဘုန်းအသရေကိုယ်စီနှင့်ဖြစ်ကြသည်။
“မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်။ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော
ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန်တော်ဖြစ်တော်မူ၏။
ထိုမြို့သည်နေ၏အရောင်၊လ၏အရောင်ကိုအလိုမရှိ။အကြောင်း
မူကား၊ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ် သည်လည်း ထိုမြို့၏ဆီမီးဖြစ်၏။
-လူအမျိုးမျိုးတို့သည် ထိုမြို့၏အလင်း ကို အမှီပြု၍ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း
မိမိ တို့ဘုန်းသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ -မြို့တံခါးတို့ကို နေ့အချိန်၌
အလျှင်းမပိတ်တတ်။ ညမူကားမရှိ။ -လူအမျိုးမျိုးတို့သည် မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့
ဆောင်ခဲ့ကြလိမ့်မည်။” ဗျာ၂၁း၂၂-၂၆
ကျမ်းစာတွင်
ပြုအပ်သောအရာများနှင့် မပြုအပ်သောအရာများ ဖော်ပြထားလျှက်ရှိရာ၊ ပြုအပ်သော အရာများကို
မပြုခဲ့သူများသည် ကျမ်းစာကို နှုတ်ပယ်သူများဖြစ်ကြသဖြင့် ယေရုရှလင်မြို့ထဲသို့ ဝင်ရမည်
မဟုတ်ပေ။ “အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေထားသော
အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကို
ဘုရားသခင် နှုတ်ပယ်တော်မူမည်။” ထို့ကြောင့် ကျမ်းစာကို နှုတ်ပယ် သူများမဖြစ်ရန် ယခုအချိန်တွင်
ပြုအပ်သောအရာများကို မငြင်းမပယ်ပြု လုပ်ရန်ဖြစ်သည်။ ဗျာ ၂၂း၁၉
No comments:
Post a Comment