Monday, March 2, 2026

 

အခန်း (၁၄)

ထာဝရမီးသည်အစလည်းရှိ၊ အဆုံးလည်းရှိ

          ဘုရားသခင်သည်ထာဝရတည်တော်မူသော ထာဝရဘုရား ဖြစ် တော်မူသောကြောင့် ကောင်းကင်မှ ကျလာသောဘုရားသခင်၏ မီးသည် ထာဝရမီးဖြစ်သည်။ ထို့ကြောင့် ထာဝရဘုရားသခင်ကို အခြေခံပြီး ဖြစ် ပေါ်လာသမျှ ထာဝရအရာဖြစ်ပေသည်။ ဤအကြောင်းကြောင့် ထာဝရ ဘုရားသခင်ကို ယုံကြည်ပြီး အသက်ရှင်ခြင်းသည် ထာဝရအသက်ရှင် ခြင်း၊ ထာဝရဘုရားသခင်ကို မယုံကြည်သဖြင့် သေရခြင်းသည် ထာဝရ သေခြင်း၊ ထာဝရပျက်စီးခြင်းဖြစ်သည်။ (ဆာ ၄၉:၇-၉၊ ၉၂း၇) ထာဝရ ဘုရားသခင်ရှင်စေခြင်းကို ထာဝရရှင်ခြင်းဟုခေါ်ပြီး ထာဝရဘုရားသခင် သေစေခြင်းကို ထာဝရသေခြင်းဟုခေါ်သည်။ ထို့ကြောင့် ထာဝရဘုရား သခင်ရှိစေတော်မူသောမီးကို ထာဝရမီးဟု ခေါ်လေသည်။

No comments:

Post a Comment