ပြစ်ဒဏ်ချမှတ်သည်အတိုင်း
စာတန်မာရ်နတ်နှင့်အပေါင်းအဖော်နတ်ဆိုးများ၊ မတရားသော သူများအားလုံးသည် နှစ်ပေါင်းတစ်ထောင်အချိန်တွင်
ယေရှုခရစ်နှင့် သန့် ရှင်းဖြောင့်မတ်သူများ၏ ပြစ်ဒဏ်ချမှတ်သည်အတိုင်း ထာဝရမီးတွင် လောင်ကျွမ်းရမည်ဖြစ်ပြီး
နေ့ညမပြတ်နာကျင်ခြင်း ဝေဒနာပြင်းထန်စွာ ခံရမည်ဖြစ်သည်။ ဤသို့ခံရခြင်းသည် ခရစ်ယာန်အများယုံကြည်သည်
အတိုင်း လုံးဝမသေနိုင်ဘဲ ထာဝစဉ်ထာဝရငရဲမီးတွင် လောင်ကျွမ်းပြီး
ဝေဒနာခံရခြင်းမျိုးကား မဟုတ်ပေ။
သူတို့လိုချင်သည့်အတိုင်း လိုချင်သောအချိန်တွင် မသေနိုင်ကြ။ ထာဝရမီးထဲတွင်
ဘယ်လောက်ကြာကြာ လောင်ကျွမ်းပြီးမှ၊ ငရဲမီးတွင် ပြင်းထန်သော နာကျင်ခြင်းဝေဒနာကို ဘယ်လောက်ကြာကြာ
ခံပြီးမှ သေဆုံးရမည်ကို အခုမပြောနိုင်သေးသော်လည်း နှစ်ပေါင်းတစ်ထောင် အချိန်တုန်းကယေရှုခရစ်နှင့်သန့်ရှင်းဖြောင့်မတ်သူများ၏ပြစ်ဒဏ်ချမှတ်
သည်အတိုင်းခံပြီးမှ သေဆုံးကြရမည်ဖြစ်သည်။ သူတို့အကျင့်ဆိုးအတိုင်း ခံပြီးမှ သေဆုံးကြရမည်ဖြစ်သည်။
No comments:
Post a Comment