Monday, March 2, 2026


                                         ဒုက္ခဆင်းရဲကပ်ကာလ ဒဏ်ခံနိုင်သူများ

ဘုရားသခင်၏ သားသမီးများအား သန့်စင်စေသည့် ထိုဒုက္ခ ဆင်းရဲခြင်း ကပ်ကာလဒဏ်သည် ကမ္ဘာအနှံ့ ပြည့်ဝလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် ဘုရားသခင်၏ သားသမီးများသည် နောက်မိုးတည်းဟူ သော သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကိုခံရပြီး ဧဝံဂေလိသတင်း စကားကို အဆုံးသတ်ကြွေးကြော်ကြမည်ဖြစ်သည်။ ထိုသူတို့သည်ဘုရား သခင်၏ ပညတ်တော်အတိုင်း အသက်ရှင်နေထိုင်ကြသော ဘုရားသခင် ၏ သားသမီးများဖြစ်ကြပြီး ဒုက္ခဆင်းရဲခြင်းကပ်ကာလဒဏ်ကို ပြင်းထန် စွာခံရမည်ဖြစ်သည်။သူတို့အတွက်စစ်ဆေးစမ်းသပ်မှုကာလဖြစ်ပေမည်။ သူတို့ကို ညှဉ်းဆဲနှိပ်စက်ရာတွင် ပရိုတက်စတင့် အသင်းတော်များသည် ရောမအသင်း တော်နှင့် ပူးပေါင်းလိမ့်မည်ဖြစ်သည်။ (နောက်ဆုံး-၁၅၃)

No comments:

Post a Comment