နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့
ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ “နောဧလက်
ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။” နောဧလက်ထက်၌
ဘုရားသခင်၏ စကားကို နားမထောင်၍ သင်္ဘောမတည်ဆောက်သူများတည်း ဟူသော မတရားသောသူ၊ မယုံကြည်သူများအားလုံးကို
ရေသည် သိမ်းယူပြီး ရေ အားဖြင့်သေဆုံးကြသည်။ “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့
ကို သုတ်သင်ပယ်ရှင်း (took) သည်။” ထို့ကြောင့်ရေသည် မယုံကြည်သူ များကို
သိမ်းယူ(Taken) ပြီး နောဧမိသားစုယုံကြည်သူ ရှစ်ယောက်ကို မူကား၊ နေရစ် (Left) စေခဲ့သည်။ ကျန်ကြွင်း (remained)
စေခဲ့သည်။ မ ၂၄း၃၇,၃၉
“မြေမျက်နှာပေါ်၌ရှိသော လူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ် သောအရာဖြစ်စေ၊ မိုးကောင်းကင်ငှက်ဖြစ်စေ၊
အသက်ရှင်သောအရာရှိ သမျှတို့ကို၊ မြေကြီးပေါ်က ပယ်ရှင်းတော်မူ၍ ပျက်စီးကွယ်ပျောက်ခြင်း
သို့ ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာကျန်ကြွင်း(remained) ကြလေသည်။” ဤအတိုင်း ယေရှုခရစ် ဒုတိယအကြိမ်ကြွလာတော်မူသောအခါဖြစ်ပျက်မည်ဖြစ်သည်။
က ၇း၂၃
No comments:
Post a Comment