တိရစ္ဆာန်ဘဝလည်းပျော်ရွှင်သာယာ
အသစ်ပြန်လည်ဖန်ဆင်းသည့်တိရစ္ဆာန်များ၏
ဘဝလည်းလွန်စွာ
ပျော်ရွှင်သာယာလျက်ရှိပေသည်။ “တောခွေးသည်
သိုးသငယ်နှင့်အတူ နေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွား သငယ်၊
ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူ သွားလာကြ၍ လူသူငယ် (၁ပေ၂း၁-၃)သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ -နွားမနှင့်ဝံမသည် အတူကျက်စား၍
သူတို့သားငယ်များသည်အတူ အိပ် ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကို စားလိမ့်မည်။-နို့စို့
သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း မြွေဟောက်တွင်းဝ၌မိမိလက်ကို
သွင်းလိမ့်မည်။
- ငါ၏သန့်ရှင်းသောတောင်တပြင်လုံး၌
အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေ
ရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည်လည်း ထာဝရဘုရားကို သိကျွမ်း ခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။
-တောခွေးနှင့် သိုးသငယ်တို့သည် အတူ ကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကို
စားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင် တပြင်လုံး၌
အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြဟုထာဝရ ဘုရားမိန့်တော်မူ၏။” ဟေရှာ
၁၁း၆-၉,၆၅း၂၅
ဤကမ္ဘာတွင်အပြစ်ဝင်လာပြီး မြွေအား “မြေမှုန့်ကိုသာ တသက် လုံးစားရမည်” အပြစ်ပါသော မြေမှုန့်ကို စားရမည်ဟုဆိုခြင်းမှာ -ထာဝရ သေရမည်ဟု ဆိုလိုခြင်းဖြစ်၍ အပြစ်ဟူသမျှ ပယ်ရှင်းပြီးသည့် မြေကြီး သစ်တွင် အသစ်ဖန်ဆင်းသော မြွေကိုလည်း “မြေမှုန့်ကိုသာ စားရလိမ့် မည်” အပြစ်မပါ သန့်ရှင်းသောမြေမှုန့်ကို စားရလိမ့်မည်ဆိုခြင်းမှာ-ထာဝရရှင်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ တကယ့်မြေမှုန့်ကို တကယ် စားရမည်ဟု မဆိုလိုပေ။ က ၃း၁၄၊ ဟေရှာ ၆၅း၂၅
No comments:
Post a Comment