စာတန်မာရ်နတ်ထောင်မှခဏလွှတ်၊ခဏအခွင့်ပြန်ရ
ဘုရားသခင်၏ နောက်ဆုံးတရားစီရင်ခြင်းအမှုပြီးဆုံးသောအခါ၊ ဇာတိပကတိအတိုင်းထမြောက်လာကြသည့်
သမုဒ္ဒရာသဲလုံးနှင့် အမျှ၊ များပြားသော မတရားသောသူများကို စာတန်မာရ်နတ်သည် တခဏပြန်
၍ လှည့်ဖြားနိုင်ပြီဖြစ်သဖြင့် ထောင်မှလွတ်လာသည်။ “ထိုအနှစ်တစ် ထောင်ကုန်ပြီးမှ စာတန်သည်
ထောင်ထဲကလွတ်သော အခွင့်ကိုရ၏။” ထို့ကြောင့် ထောင်ထဲကစာတန်မာရ်နတ်လွတ်သည်ဆိုခြင်းမှာ
လူကိုပြန် ၍လှည့်ဖြားနိုင်ခြင်းကို ဆိုလိုသည်။ ထောင်ထဲမှလွတ်လာသော စာတန် မာရ်နတ်သည်
ကြာကြာအသက်ရှင်မည်မဟုတ်တော့ဘဲ ခဏသာရှင်ရ မည်ဖြစ်သည်။ “အနှစ်တစ်ထောင်ကုန်ပြီးမှ တဖန်ခဏလွှတ်ရဦးမည်”
ဗျာ ၂၀း၇,၃
No comments:
Post a Comment