စပါးရိတ်ချိန်၌ဖြစ်ပျက်သကဲ့သို့
ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ စပါးရိတ်ချိန် ၌ ဖြစ်ပျက်သကဲ့သို့လည်း ဖြစ်လိမ့်မည်။
“စပါးရိတ်သည့်ကာလရောက် လျှင် တောပင်တို့ကို ရှေးဦးစွာ ရွေးနှုတ်၍ မီးရှို့ခြင်းငှါ
စည်းနှောင်ကြ လော့။ စပါးကိုကား၊ ကျီ၌စု သိမ်းသွင်းထားကြလော့” ဤကျမ်းချက် အတိုင်း ယေရှုခရစ်
ဒုတိယအကြိမ် ကြွလာတော်မူသောအခါ ကြွလာ တော်မူခြင်း၏ ရောင်ခြည်မီးလျှံသည် ရှေးဦးစွာ တောပင်တည်းဟူသော
မတရားသောသူ မယုံကြည်သူများ အားလုံးကိုသိမ်းယူပြီး သေဆုံးစေမည် ဖြစ်သည်။ စပါးတည်းဟူသော
သန့်ရှင်းဖြောင့်မတ်သောသူ ယုံကြည်သူ များကိုမူကား၊ မသိမ်းမယူ မသေစေနိုင်သဖြင့် နေရစ်စေမည်
ဖြစ်သည်။
ကျန်ကြွင်းစေမည်ဖြစ်သည်။ မ ၁၃း၃ဝ
စံကောဖြင့် ကောက်နယ်တလင်းကို ရှင်းလင်းသောအခါ စံကော မှ လေသည် ရှေးဦးစွာ အဖျင်းကိုသိမ်းယူ၍စပါးမူကား၊
နေရစ်စေခဲ့သည်။ ကျန်ကြွင်းစေခဲ့သည်။ သိမ်းယူသောအဖျင်းကို မီးရှို့ပြီး မသိမ်းမယူနေရစ်
(ကျန်ကြွင်း)စေသော စပါးကို စုသိမ်းကာကျီ၌ သွင်းထားလေသည်။ “လက်တော်တွင် စံကောပါလျက်
မိမိကောက်နယ်တလင်းကို ရှင်းလင်း စေသဖြင့် မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍အဖျင်းကိုကား
မငြိမ်း နိုင်သောမီးနှင့် မြို့တော်မူလတံ့။” မ ၃း၁၂
အထက်ပါကျမ်းချက်များအတိုင်း ယေရှုခရစ်ဒုတိယအကြိမ်ကြွ လာတော်မူသောအခါ ကြွလာတော်မူခြင်း၏
ရောင်ခြည်မီးလျှံသည် ရှေး ဦးစွာ အဖျင်းတည်းဟူသော မတရားသောသူ မယုံကြည်သူများ အားလုံး
ကိုသိမ်းယူပြီး သေဆုံးစေမည်ဖြစ်သည်။ ဂျုံစပါးတည်းဟူသော သန့်ရှင်း ဖြောင့်မတ်သောသူ ယုံကြည်သူများကိုမူကား၊
မသိမ်းမယူမသေစေနိုင် သဖြင့်နေရစ်စေမည်ဖြစ်သည်။ ကျန်ကြွင်းစေမည်ဖြစ်သည်။ ထိုသို့နေရစ်
ကျန်ကြွင်းသည့် သန့်ရှင်းဖြောင့်မတ်သောသူ ယုံကြည်သူများအားလုံးကို ယေရှုခရစ်သည် စုသိမ်းပြီး
ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်သွား ပေမည်။ “ဘုရားသခင်၏ မျက်နှာတော်မှာ ကွန့်မြူးနေသော
ရောင်ခြည် တော်များသည် ဖြောင့်မတ်သူများအတွက် အသက်ရှင်ခြင်းဖြစ်သော် လည်းလူယုတ်မာများအတွက်လောင်ကျွမ်းသောမီးဖြစ်ပါသည်။”
နောက် ဆုံး - ၂၉၉
ထို့ကြောင့် “သိမ်းယူ -taken”သူများမှာ မယုံကြည်သူများဖြစ်ပြီး “နေရစ်
-Left ” သူများမှာ ယုံကြည်သူများဖြစ်လေသည်။ ထို့ကြောင့် လည်း ယေရှုခရစ်ဒုတိအကြိမ်ကြွလာတော်မူသောအခါ
ကောင်းကင်နိုင်ငံ တော်ရောက်မည့် အသက်ရှင်သော သန့်ရှင်းဖြောင့်မတ်သူ ယုံကြည်သူ များကို
ကျန်ကြွင်း (Left, နေရစ်)သူများဟုခေါ်ခြင်းဖြစ်သည်။ “ထိုအခါ
အသက်ရှင်၍ ကျန်ကြွင်း (Left) သောငါတို့။” ကြွလာတော်မူခြင်း၏ ရောင်ခြည်မီးလျှံသည်
မတရားသောသူ မယုံကြည်သူများကို သိမ်းယူပြီး သေဆုံးစေသည်။ သန့်ရှင်းဖြောင့်မတ်သောသူ ယုံကြည်သူများကိုမူကား
နေရစ်စေခဲ့သည်။
သေဆုံးရန် သိမ်းယူခြင်းခံရသောမတရားသောသူ မယုံကြည်သူ များသည်သေမည့်သူများဖြစ်ကြသဖြင့်
သူတို့၏အလောင်းကို ရွှေလင်းတ တို့သည် စားသောက်ခြင်းငှါ စုဝေးကြလတံ့။ “သခင်၊ အဘယ်အရပ်၌
ထိုသို့ဖြစ်ပါသနည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့ဟု
မိန့်တော်မူ၏။” လု ၁၇:၃၇ (ဗျာ ၁၉း၁၇,၁၈,၂၁)
အထက်ဖော်ပြပါအတိုင်း ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော် မူသောအခါ ကြွလာတော်မူခြင်း၏
ရောင်ခြည်မီးလျှံသည် မယုံကြည်သူ များကိုသိမ်းယူ၍သေဆုံးစေမည်ဖြစ်ပြီး ယုံကြည်သူများကိုမူကား၊
မသိမ်း မယူမသေစေနိုင်သဖြင့် နေရစ်စေမည်ဖြစ်သည်။ ယေရှုခရစ်သည် ထိုသို့ နေရစ်သူများကို
စုသိမ်းပြီးကောင်းကင် နိုင်ငံတော်ခေါ်ဆောင်သွားပေ မည်။ ထို့ကြောင့် “သိမ်းယူ” သူများမှာ
မယုံကြည်သူများဖြစ်ပြီး “နေရစ်” သူများမှာ ယုံကြည်သူများဖြစ်လေသည်။
No comments:
Post a Comment