“WANTED”
ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်
A GOOD
PASTOR
JONAS
ARRAIS
ဘာသာပြန်သူ၏ကျေးဇူးတင်လွှာနှင့်အမှာစာ
၁။ ဤစာအုပ်ကိုဘာသာပြန်ရာတွင် ကူညီဘာသာပြန်ပေးသော
ကောင်းကင် တမန်နှင့် စိတ်ဓာတ်ကိုခိုင်မာစေပြီး စိတ်ပါဝင်စားစေသော စိတ်ဓာတ် တို့ကို
လှုံ့ဆော်ပေးသော သန့်ရှင်းသောဝိညာဉ်တော်တို့အတွက် အနန္တတန်ခိုးတော် ရှင်၊
ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရား၏ ဂုဏ်တော်၊ ကျေးဇူးတော်က ချီးမွမ်းခြင်း၊
ကျေးဇူးတင်ခြင်းတို့ဖြင့် ဦးထိပ်ပန်ဆင်ပါသည်။
၂။ ဤဘာသာပြန်ခြင်းအမှုကို စတင် “ပိုး”
သွင်းပေးပြီး အဘိဓာန်စာအုပ် တစ်အုပ်စီဖြင့် ကူညီပေးခဲ့ကြသော
ပိတောက်ကုန်းအသင်းတော်မှ မန်းကျော် သန်းနှင့်ငပုတောမြို့နယ်၊
ပင်လယ်ကမ်းခြေဒေသနယ်စီး ဆရာမန်းမားစီဂျိမ်းစ် တို့ကို ကျေးဇူးတင်လှပါသည်။
၃။ ဤစာအုပ်တွင်ပါရှိသောဓလေ့သုံးစကားလုံးတို့အတွက်
အထူးအထောက် အကူပြုသည့် အဘိဓာန်စာအုပ်ကြီးကို အသုံးပြုခွင့်ပေးသော (ဆရာမန်း
အောရိုက်) ဗူ မငါ့အ (ပိတောက်ကုန်းမြော်လင့်ခြင်း အသင်းတော် အလယ် တန်းကျောင်း)
ကိုလည်း အထူးကျေးဇူးတင်ပါသည်။
၄။ ထို့အပြင် အင်္ဂလိပ်စကားပြောနှင့်ပတ်သက်ပြီး
ကျွန်ုပ်အားအကြံပေးပြီး မှန်ကန်သောအဓိပ္ပါယ်ဖော်ပေးသော ကျွန်ုပ်၏ချစ်ဇနီးသည်
ဒေါက်တာလော်ရီ ထွား အားလည်း ကျေးဇူးတင်လှပါသည်။
ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်
မန်းအိုဘား
ဘာသာပြန်ဆိုသူ
“ကောင်းသောအသင်းအုပ်ဆရာဖြစ်ရမည်”
ထက်မြက်သော
အသင်းတော်ခေါင်းဆောင်တိုင်းတို့သည် ထူးခြားသော ပင်ကိုယ်လက္ခဏာများ၊ ထိုးထွင်း၍
နားလည်နိုင်မှုများ၊ မှန်ကန်မှုရှိသော စိတ်နေသဘောထားများရှိရန် လိုအပ်လှပါသည်။
ယောန(စ်)အာရာယမ်(စ်)
Janas
Arrais
စာရေးသူ
စာရေးသူ၏
ဆက်ကပ်အပ်နှံခြင်း
ကျွန်ုပ်၏မိသားစုအတွက်ရည်ညွှန်းရာတွင်
အဦးဆုံးအနေဖြင့်၊ ကျွန်ုပ် နှင့် အတူတကွနှစ်ပေါင်းသုံးဆယ်နီးပါးမျှ
အမှုတော်ဆောင်လုပ်ငန်းတွင် လုပ်ဖော် ကိုင်ဖက်အဖြစ် အတူတကွပါဝင်လုပ်ဆောင်ပေးသော
ကျွန်ုပ်၏ ချစ်ရပါသော ဇနီးသည် ရေကယ်(လ်)၊ ထို့အပြင် ကောင်းသောအသင်းအုပ်များအပြင်
ကောင်းကင်နိုင်ငံမှ ပေးသနားတော်မူသော ဆုကျေးဇူးများဖြစ်ကြသည့် သူတို့
၏ဇနီးသည်များဖြစ်ကြသော ဖောလာနှင့်နာထာလီယာတို့အား အထူးကျေးဇူး တင်ပါသည်။
စာရေးသူ၏ကျေးဇူးတင်လွှာ
မြော်လင့်ခြင်းအသင်းတော်၏
ကမ္ဘာ့သာသနာဌာနချုပ် အုပ်ချုပ်ရေး အဖွဲ့ တို့၏ ထောက်ပံ့ဖေးမမှုအတွက်လည်းကောင်း၊
ဤစာအုပ်ဖြစ်မြောက်ရေးဖြစ် ထွန်းတိုးတက်မှုအတွက် ငွေကြေးထောက်ပံ့မှုကို
ပံ့ပိုးပေးခဲ့သော ဂျူးဒစ်(သ်) အေးသောမတ်(စ်)အား လည်းကောင်း၊ ဤစာအုပ်ထွက်လာရေးအတွက်
ပြင် ဆင်ဆောင်ရွက်ရာတွင် ထူးထူးခြားခြားကူညီဆောင်ရွက်ပြီး အထောက်အမ ပေးခဲ့သော
ရီကာ(ရ်)ဒိုဘက်ချပ်(စ်)အားလည်းကောင်း အထက်ဖော်ပြပါ ပုဂ္ဂိုလ်အားလုံးတို့အား
အထူးကျေးဇူးတင်ပါသည်။
ကျမ်းဦးစကား
“ကျမ်းဦးစကား”
ဤနောက်ဆုံးသောကာလ၏
နေ့ရက်များတွင် ကျွန်ုပ်တို့အတွက် အပူ တပြင်း လိုအပ်သောအရာမှာ၊
အသင်းအုပ်ပိုင်းဆိုင်ရာ ဦးဆောင်မှုပင် ဖြစ်ပါ သည်။ ဧဝံဂေလ တရားဆိုင်ရာ
အမှုတော်တာဝန် အမှန်တကယ် ပြီးမြောက် ပြည့်စုံစေရန်အတွက် ကျွန်ုပ်တို့၏
ခေါင်းဆောင်များတို့သည် သူတို့၏ အလွန် အရေးပါသော အခန်းကဏ္ဍအကြောင်းကို
ခရေစေ့တွင်းကျ သိရှိနိုင်သော သိနားလည်မှု ဥာဏ်မျိုးကို
မဖြစ်မနေပိုင်ဆိုင်ကြရပါမည်။ လူတို့အားခေါ်တော် မူခြင်းကို သူတို့အနေဖြင့်
တက်တက်ကြွကြွဖြင့်တုံ့ပြန် ဖြေကြားရပါမည်။ ဤ ကမ္ဘာပေါ်ရှိလူသားများထံသို့ သူတို့၏
အမှုတော်ဆောင်နိုင်ရေးအတွက် သူတို့ ၏လုပ်ရပ်ကို တရားဝင်အပ်နှင်းရသည်။ သူတို့၏
အခန်းကဏ္ဍကို နားလည် ပေးနိုင်သော အသင်းအုပ်ဆရာများတို့ကို
ကျွန်ုပ်တို့လိုအပ်ကြပါသည်။
ထက်မြက်သောအနေအထားဖြင့်
အသင်းတော်ကို ကွပ်ကဲရာတွင် မရှိ မဖြစ် လိုအပ်သော အချက်အလက် အစိတ်အပိုင်းများကို
ကျမ်းစာအုပ်က ရှင်းလင်းစွာဖော်ပြထားပါသည်။ ဘုရားသခင်၏လူစုတော်တို့အား အထောက်
အကူပြုရန်နှင့် စိတ်ဓာတ်ရေးရာ၌ အဆင်သင့်ဖြစ်စေရန် အတွက်လိုအပ်ကာ မရှိမဖြစ်သည့်
စိတ်နေသဘောထားကောင်းများ၊ လေ့ကျင့်ရေးသင်တန်းနှင့် ကျွမ်းကျင်မှုများတို့သည်
ခေါင်းဆောင်များတို့အား တက်ကြွမှုရှိအောင် လုပ်
ဆောင်ပေးခြင်းနှင့်သင်တန်းပေးခြင်းတို့ဖြင့်ပေးအပ်ခဲ့ကာ၊ ၎င်းတို့ကိလက်တွေ့
ကျကျအသုံးချစေပါသည်။
အခြေခံကျသည့်အမှန်တရားဖြစ်ကာ၊
လေးနက်မှုရှိသည့် ပုဂ္ဂိုလ်ရေး ဆိုင် ရာဘုရားသခင်နှင့်ချိတ်ဆက်မှုရှိသည့်
ဆုတောင်းခြင်း၏ တန်ခိုးသည် အသင်း အုပ်ဆရာ၏ အမှုတော်ဆောင်ခြင်းနှင့်
ကိုယ်ရေးကိုယ်တာ အသက်တာဆီသို့ ဗဟိုပြုသည်ဆိုသည့် သိနားလည်ခြင်းသည်
မီးမောင်ထိုးပြခြင်း ခံရပြီးဖြစ်ပါ သည်။ အသင်းအုပ်ဆရာ၏ မိသားစုအသက်တာ သမာဓိရှိမှု၊
လူတို့၌ရှိသင့် ရှိထိုက်သည့်ကျွမ်းကျင်မှုများနှင့် ဦးဆောင်နိုင်မှုတို့သည်လည်း
အများ၏ အာရုံ စိုက်မှုကိုခံလာရတတ်ပါသည်။ အသင်းအုပ်ဆရာဆိုင်ရာလုပ်ငန်း၏ မရှိမဖြစ်
လိုအပ်သည့် အချက်တစ်ခုဖြစ်သည့် ကြည့်ရှုစီရင်ခြင်းနှင့် ပတ်သက်သည့် သေရေးရှင်ရေး
အမှုတော်လုပ်ငန်းသည် အထူးပြုအလေးပေးခံနေရပါသည်။
ကျမ်းဦးစကား
ထာ၀ရဘုရား၏
လူစုတော်အတွက် အစေခံခွင့်ကို ဘုရားသခင်က ပေး သနားတော်မူခြင်းသည် ထူးမြတ်သည့်
အခွင့်ထူးပင်ဖြစ်ပါသည်။ ထိရောက်မှု ရှိပြီး ဝိညာဉ်ရေးဆိုင်ရာ
လုပ်ပိုင်ခွင့်အပ်နှင်းခံရသည့် အမှုတော်၏ ဆုလာဘ် တို့သည်အံ့ဩဖွယ်ရာကောင်းလှပါသည်။
ထိရောက်မှုမရှိသည့်အပြင်၊ ဆုံးဖြတ် ချက်လွဲမှားသော အမှုတော်လုပ်ငန်းဆိုင်ရာ
ကြိုးပမ်းမှုများတို့မှ ထွက်ပေါ်လာ သည့် မီးလောင်ပြာကျသည့်ဆိုးကျိုးကို
ရှောင်ရှားနိုင်ရန်အတွက် ဤစာအုပ် သည်
အသင်းအုပ်များနှင့်အသင်းတော်ခေါင်းဆောင်များတို့အား ကူညီပေးပါ လိမ့်မည်။
ထာ၀ရဘုရား၏ အမှုတော်ဆောင်ရွက်မှုတွင် ကျွန်ုပ်တို့က အတူ တကွပူးပေါင်းပြီး
ကျွန်ုပ်တို့အားပေးထားတော်မူသော အခြေခံစည်းမျဉ်းများ အတိုင်း လုပ်ဆောင်ကြပါက
ထွက်ပေါ်လာမည့် အကျိုးရလဒ်များတို့သည် အစဉ်ထာ၀ရထွန်းလင်းတောက်ပပါလိမ့်မည်။
ဂျယ်ရီအိုင်(န်)ဖိတ်(ဂ်ျ)
ကမ္ဘာ့သာသနာဌာနချုပ်၊
ဓမ္မရေးရာဌာန
အတွင်းရေးမှူး
“နိဒါန်း”
ငါသည်နှစ်သက်သောသူတို့ကို
သင်းအုပ် (ခေတ်သုံးတွင် သိုးထိန်းဟုရေး ထား NKJV တွင် Pastor ဟုရေးထား) အရာ၌ခန့်ထား၏။
သူတို့သည် ဉာဏ်ပညာနှင့်ပြည့်စုံလျက်သင်တို့ကိုအုပ်ကြလိမ့်မည်။ (ယေရမိ ၃း၁၅)။
ကျွန်ုပ်တို့သည်
ကောင်းသောအသင်းအုပ်ဆရာများ လိုအပ်ကြပါသည်။ ယနေ့တွင်များစွာသော
ကျွန်ုပ်တို့အသင်းတော်ဝင်အသင်းသားတို့သည် ထာ၀ရ ဘုရားထံတော်သို့
အသည်းအသန်အော်ဟစ်ပြီး၊ ကျွန်ုပ်တို့ထံသို့ ကောင်းသော
အသင်းအုပ်ဆရာတစ်ယောက်ကိုစေလွှတ်ပေးသနားတော်မူပါဟူ၍ တောင်းဆို နေကြပါသည်။
အသင်းတော်ကိုအုပ်ချုပ်သော အဖွဲ့အစည်းဝင်များအနေဖြင့် အသင်းတော်ခေါင်းဆောင်တို့ကို
ရှာဖွေရရှိသော အသင်းအုပ်ဆရာသည် ဘုရားသခင်က သူ၏အသင်းတော်အတွက်
အလိုတော်ရှိသောသူဟူ၍သာ သဘောထားနေကြပါသည်။
သင်သည်ထက်မြက်သော၊
ကောင်းသော အသင်းအုပ်ဆရာတစ်ယောက် ဖြစ်နေပါသလား။သင်၏အိမ်ထောင်ဖက်သည်
သင့်အားကောင်းသော အသင်း အုပ်ဆရာတစ်ယောက်ကဲ့သို့မြင်နေပါသလား။ သင်၏အသင်းတော်သူ
အသင်း တော်သားတို့ကလည်း သင့်အားကောင်းသော အသင်းအုပ်ဆရာတစ်ယောက် အဖြစ်
ထင်မြင်ယူဆပါသလား။
အောင်မြင်သောသင်းအုပ်ဆရာ
တစ်ယောက်ဆိုသည်မှာ မည်သည့်အရာ ကိုဆိုလိုပါသနည်း။နှစ်နှစ်တာကာလအတွင်း
အသင်းသားအဖွဲ့ဝင် အယောက် ငါးဆယ်မှ အယောက်ငါးရာရှိလာသည်အထိ တိုးပွားလာအောင်
လုပ်ဆောင် နိုင်သော အသင်းအုပ်ဆရာကို ကောင်းသောအသင်းအုပ်ဆရာအဖြစ် သတ်
မှတ်၍ရပါမည်လား။ အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် စိတ်အားထက်သန် ပြီး၊
ကမ္ဘာတစ်ဝန်းလုံး၏သာသနာပြု လုပ်ငန်းလှုပ်ရှားမှုများအတွက် ထောက်ပံ့ မှုပေးနိုင်ရန်
ထောင်ပေါင်းများစွာသော ဒေါ်လာငွေများကို ရှာဖွေပေးနိုင်ရုံမျှ ဖြင့်
ကောင်းသောအသင်းအုပ်ဆရာအဖြစ်သို့ရောက်ရှိလေပြီလား။
ကျွန်ုပ်၏
မိတ်ဆွေအသင်းအုပ်ဆရာတစ်ယောက်က တစ်ချိန်က ပြောခဲ့ဖူး သည်မှာ သင့်အနေနဲ့ကောင်းသော
အသင်းအုပ်ဆရာတစ်ယောက်ဖြစ်ချင်လျှင် အသင်းသူအသင်းသားတွေကို
သင်ကြားပေးရမည့်အရာသုံးမျိုးက “ဘယ်လို ဆုတောင်းရမယ်၊ ကျမ်းစာတော်မြတ်ကို
ဘယ်လိုလေ့လာရမယ်ဆိုတာတွေနဲ့ နောက်ဆုံးအချက်က သူတို့ရဲ့ယုံကြည်ခြင်းကို
ဘယ်လိုဝေငှပေးရမယ်ဆိုတဲ့ အချက်တွေပဲ” ဟူ၍ပြောပြခဲ့ပါသည်။
တောင်အမေရိကဒီဝီဇံမှ
အသင်းတော်ခေါင်းဆောင်ဟောင်းတစ်ယောက် ပြောနေကျစကားတစ်ခုမှာ
သာမန်ထက်လွန်ကဲသောအနေအထားအတွင်းမှ၊ ပုံမှန်အခြေအနေကိုခွဲထုတ်လိုက်သောအရာမှာ
အသေးအဖွဲအဖြစ် သတ်မှတ်ခံ ရသော အကြောင်းခြင်းရာများပင်ဖြစ်သည်ဟု ဆိုခဲ့ဖူးပါသည်။
ဤအကြောင်း နှင့်ပတ်သက်ပြီး ဥပမာရှင်းပြခဲ့ရာတွင် “မာစီးဒီးကားက ဘာဖြစ်လို့ဈေးအရမ်း
ကြီးပြီး၊ လေဒါကား (ရုရှားလုပ်ကား) က ဘာဖြစ်လို့ဈေးသက်သာရတာလဲ။
အဲဒီကားအမျိုးအစားနှစ်ခုလုံးဟာ တံခါးပေါက်တွေရှိကြတယ်။ မောင်းနှင်တဲ့
စက်တစ်လုံးစီ၊ ပြီးတော့ ထိုင်ခုံတွေနဲ့ကားဘီးတွေအကုန်ရှိကြတယ်။ အေး၊ ဒါပေမယ့် အသေးအဖွဲကလေးတွေလို
သဘောထားခံရတဲ့အသေးစိတ်ပစ္စည်း တွေကြောင့် မတူကွဲပြားမှုကိုဖြစ်ပေါ်စေတာပါ” ဟူ၍
ပြောဆိုခဲ့ပါသည်။
ကျွန်ုပ်သည်
ကောင်းသော အသင်းအုပ်ဆရာတစ်ယောက်ကို ရရှိရေး အတွက် တွေးတောမျှော်မှန်းကြည့်သောအခါ
ကျွန်ုပ်၏အတွေးထဲသို့ များစွာ သောပုံရိပ်များ ပေါ်ပေါက်လာပါသည်။ ၎င်းတို့အထဲမှ
မျှတသည့် ကောင်းချီး မင်္ဂလာပေးခြင်းခံရရာတွင် ထူးခြားသောစရိုက်လက္ခဏာများ၊
ကျွမ်းကျင်မှုများ နှင့်ကောင်းမွန်သောစိတ်နေသဘောထားတို့ဖြင့် ပေါင်းစည်းမှုရှိသော
လူတစ်စုံ တစ်ဦးကို တွေ့မိလိုက်ပါသည်။ ထို့အပြင် သူမည်သည့်အရာကို သိရှိရန်လိုအပ်
သေးသည်၊ သူမည်သည့်အရာကိုလုပ်ရဦးမည်၊ ထို့အပြင်သူသည် မည်ကဲ့သို့
သောသူမျိုးဖြစ်လာရမည်ဆိုသည့်အချက်တို့ကို သိရှိသောသူတစ်ဦးတလေကို လည်း
ကျွန်ုပ်တွေ့မြင်ရပါသည်။ အသင်းအုပ်ဆရာ ဆိုင်ရာအကြောင်းအရာ
နှင့်ပတ်သက်ပြီးဝေငှစရာထင်မြင်ချက်များနှင့်သင်ကြားရယူရမည့်အရာ အများ
အပြားရှိသေးသည်ဆိုသည့် အားကောင်းမောင်းသန်ခိုင်မာသော ထင်မြင်ယူဆ ချက်ဖြင့်
ဤစာအုပ်ကို ကျွန်ုပ်ရေးသားခြင်းဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် မည် သည့်နည်းနှင့်မျှ
ကုံလုံပြည့်စုံသော သင်းအုပ်ဆရာတစ်ယောက် မဖြစ်လာသေး ပါ။ ကျွန်ုပ်၏ အသက်တာတွင်
ပိုမိုလုပ်ကိုင်ဆောင်ရွက်ပြီး ပိုမိုကောင်းမွန်သည့် အသင်းအုပ်ဆရာတစ်ယောက်
ဖြစ်လာရေးသည် ကျွန်ုပ်၏ ဆန္ဒဖြစ်ပါသည်။ ကျွန်ုပ်၏ အမှုတော်ဆောင် သက်တမ်းအနှစ်သုံးဆယ်နီးပါး
ကာလအတွင်း ကျွန်ုပ်သည် ကမ္ဘာတဝန်းလုံးရှိ နေရာအများအပြားသို့ခရီးနှင်ခဲ့ကာ အသင်း
အုပ်ဆရာရေးရာနှင့်ပတ်သက်သည့် မရေမတွက်နိုင်သော အကြံပေးဥာဏ်ပေး ခြင်းများနှင့်
အစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့ပါသည်။ အခြားသော
အသင်းအုပ်ဆရာများ၊သူတို့၏အိမ်ထောင်ဖက်များတို့နှင့်အသင်းတော်အသင်း
သူအသင်းသားတို့နှင့် စကားပြောဆိုရသောအခွင့်အရေးအများ အပြားရရှိခဲ့ပါ သည်။
ဤတွင်ကျွန်ုပ်တို့အနေဖြင့် အသင်းအုပ်ဆရာအများစုတို့သည် သူတို့ အားပေးထားသော
လုပ်ပိုင်ခွင့် သို့မဟုတ် သင်တန်းပေးထားပြီးသော လုပ်
ဆောင်ရမည့်အလုပ်ထက်ကျော်လွန်ကာ တာဝန်ခံထားခြင်းနှင့် သူတို့နှင့်မဆိုင်
သောအခြားအလုပ်တို့ကိုပါ လုပ်ဆောင်နေကြသည်ကို ကျွန်ုပ်သိရှိခဲ့ရပါသည်။
အခြားတစ်ဖက်တွင်လည်းရုန်းကန်နေရသည့်သင်းအုပ်ဆရာတို့ကိုလည်းကျွန်ုပ်
တွေ့ရှိခဲ့ရပါသည်။ သူတို့၏ အသင်းသူအသင်းသားတို့က သူတို့၏ ဟောပြော
ခြင်းညံ့ဖျင်းမှု၊ အမှန်တကယ်မရှိသောကြည့်ရှုစီရင်ခြင်းများနှင့် ဦးဆောင်နိုင်မှု
ညံ့ဖျင်းခြင်းအကြောင်းတို့ကို ညည်းညူပြောကြားကြပါသည်။ ဤအချက်သည်
သူတို့၏အသင်းသားထုတို့နှင့်ဆက်ဆံရေးတွင် ထူးချွန်ထက်မြက်သောစံပြများ အဖြစ်မှ
မကြာခဏဝေးကွာသွားစေမည်ဖြစ်ပါသည်။
အမှုတော်ဆောင်ရေးလုပ်ငန်းဆိုင်ရာ
လုပ်ရည်ကိုင်ရည် မြင့်မားရေး အတွက် ပဓာနကျသောကျွမ်းကျင်မှုများနှင့်
တာဝန်ယူမှုများတို့ကို ဖော်ဆောင် နိုင်ရေးအတွက် အမှုတော်ကို ဆောင်ရွက်ခြင်းနှင့်
အထွတ်အမြတ်ဖြစ်သော လုပ်ငန်းကိုင်ငန်းတိုးတက်မှုရှိစေရန် ကျွန်ုပ်သည် ဤစာအုပ်ဖြင့်
ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်တို့အား ကူညီရာရောက်သည်ဟု မျှော်လင့်ပါသည်။ သို့ဖြစ်
စေကာမူ ဤစာအုပ်သည် အသင်းအုပ်ဆရာများတို့အား ကန့်သတ်ချုပ်ချယ် ခြင်းမဟုတ်ပါ။
သူတို့၏ အသင်းသူအသင်းသားတို့အား အလုပ်အကျွေးပြုကြ ရန်အတွက်
မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံပြီးကြသော အသင်းတော် အကြီး အကဲများနှင့်
အခြားသောအသင်းတော်ခေါင်းဆောင်များအတွက်လည်းဖြစ်ပါ သည်။ သူတို့၏အသင်းတော်တွင်
စစ်မှန်သောအသင်းအုပ်ဆရာ တစ်ယောက် ဖြစ်လာရေးသည်
မည်ကဲ့သို့သောအဓိပ္ပါယ်မျိုးသက်ရောက်သည့် ခြုံငုံသုံးသပ် ထားချက်တစ်ခုကို
ဝေငှပေးခြင်းဖြင့် ဤသာမန်အသင်းတော်အကြီးအကဲများ နှင့် အခြားသောအကြီးအမှူးတို့အား
အထောက်အကူပေးရန်မှာ ကျွန်ုပ်၏ ဆန္ဒဖြစ်ပါသည်။
ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်ဖြစ်ခြင်း၏
ဆုလာဘ်များတို့ သည် များပြားလှပါသည်။ ဘုရားသခင်သည် သူ၏ လူမျိုးတော်တို့ထံတွင်
အမှုတော်ထမ်းရွက်ရန်အတွက် သူ၏ ခေါ်တော်မူခြင်းကိုခံရသောသူအား ပေး အပ်တော်မူသော
အလုပ်ထက် ပိုမိုမြင့်မြတ်သော သို့မဟုတ် ဝမ်းမြောက်ရွှင် လန်းစရာဖြစ်သော
အခြားမည်သည့်အလုပ်မျှမရှိကြောင်းကို အမှန်တကယ် ကျွန်ုပ်ယုံကြည်မှုရှိပါသည်။
ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်အဖြစ် သို့ ရောက်ရှိခြင်းသည်
မည်သည့်အဓိပ္ပါယ်မျိုးဖော်ဆောင်သည်ကို သိရှိရေး အတွက်စာပေဖတ်ရှုခြင်း၊
စူးစမ်းရှာဖွေဖော်ထုတ်ခြင်းနှင့်လက်တွေ့အကောင် အထည်ဖော်ရာတွင် သင့်အနေဖြင့်
လေးနက်စွာဖြင့်အသိဉာဏ်တိုးတက်ရန် နှင့်ကောင်းချီးပေးခြင်းခံရရေးသည် ကျွန်ုပ်၏
ဆုတောင်းချက်ပင်ဖြစ်ပါသည်။
ယောန(စ်)အာရာယခ်(စ်)
၁။ အသင်းအုပ်ဆရာတစ်ယောက်၏အနှစ်သာရ
နိဂုံး
အခန်းကြီး - ၁
အခန်း (၁)
“အသင်းအုပ်ဆရာတစ်ယောက်၏အနှစ်သာရ”
အမှုတော်ဆောင်ခြင်းလုပ်ငန်းအစစ်အမှန်မည်သည်မှာ
၎င်းအမှုတော် ဆောင်ခြင်းလုပ်ငန်းအတွင်းမှထွက်ရှိလာပါသည်။ ၎င်းသည် ရာထူးဂုဏ်သိမ်
အဆင့်ဆင့် အနေအထားမှ ပေါ်ထွက်လာသည့်ရလဒ် သို့မဟုတ် မဟာဘွဲ့ရ တစ်ဦး၏
ဆောင်ရွက်မှုအပြီးသတ်ချက် သို့မဟုတ် ပါရဂူဘွဲ့ထူးရရှိခြင်းတို့၏ ရလဒ်မျိုးမဟုတ်ပါ။
အမှုတော်ဆောင်လုပ်ငန်းသည် အသင်းအုပ်ဆရာတစ် ယောက်၏ အနှစ်သာရကို
ရောင်ပြန်ဟပ်စေပါသည်။ အရာအားလုံးတို့၏ အထက်၌
အမှုတော်ဆောင်လုပ်ငန်းအစစ်အမှန်ဆိုသည်မှာ သင့်အားဖြင့် ဘုရားသခင်၏
ရှင်သန်တော်မူခြင်းလက္ခဏာပင်ဖြစ်ပါသည်။ သင်သည် မည်သည့်အရာကိုလုပ်ဆောင်သည်ဆိုခြင်းထက်
သင်သည်မည်သူဖြစ်သနည်း ဆိုခြင်းက အဓိကကျပါသည်။ ဤအချက်သည် ဘုရားသခင်ပေးသနားတော်
မူသော အနှစ်သာရပင်ဖြစ်သည်။
အသင်းအုပ်ဆရာတစ်ယောက်အနေဖြင့်
သင်၏ ပထမဦးဆုံးသောအလုပ် တာဝန်မှာ သင်၏ကိုယ်ပိုင်နှလုံးသားနှင့်
သင်၏ကိုယ်ပိုင်ဝိညာဉ်ရေးတက်ကြွမှု တို့ကို မြေတောင်မြှောက်ပေးရန် ဖြစ်ပါသည်။
၎င်းလုပ်ရပ်သည် သင်၏ အသက်တာနှင့် သင်၏ အမှုတော်ဆောင်ရွက်ခြင်း နှစ်ရပ်လုံးအတွက်
အခြေခံ အုတ်မြစ်ဖြစ်ရပါမည်။ သူ၏ အလိုရှိတော်မူသော အမှုတော်ပြီးမြောက်ရေး အတွက်
မိုက်မဲသူများ၊ စိတ်နှလုံးဝမ်းနည်း ကြေကွဲသူများနှင့် မရှိဆင်းရဲသား များတို့အား
အသုံးပြုတော်မူသော ဘုရားသခင်ထံတော်၌ သင်၏ သွင်ပြင်
လက္ခဏာနှင့်ကိုယ်ရည်ကိုယ်သွေးတို့ကို အထက်ပါ မြေတောင်မြှောက်ပေးမှု အားဖြင့်
ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။
အသင်းအုပ်ဆရာတစ်ယောက်၏အသက်တာသည်
အမျိုးစုံလင်လှသော တာဝန်ဝတ္တရားများတို့၏ မကြာခဏစိုးမိုးခြယ်လှယ်မှုကို
ခံနေရပါသည်။ အုပ် ချုပ်မှုပိုင်းဆိုင်ရာ
တာဝန်ယူမှုများတို့၏အရေးမပါသည့်အသေးအဖွဲအကြောင်း အရာများဆီသို့
အာရုံရောက်သွားခြင်းသည် အမှုတော်ထမ်းရွက်ခြင်းအတွက် သင်ရရှိသော
ဆုကျေးဇူးတော်များကိုအသုံးချရာတွင် ၎င်းစိတ်အားထက်သန်မှု
ရှိသည်အတိုင်း
ဆက်လက်လုပ်ဆောင်ရန်အတွက်လည်းကောင်း၊ လိုအပ်သော အချိန်အနည်းငယ်သာ ကျန်ရှိသည်အထိ
သင်၏အချိန်ကိုရယူသွားမည် ဖြစ်ပါ သည်။ အကျိုးရလဒ်အဖြစ်
ပြည့်စုံလုံလောက်မှုမရှိသောခံစားချက်မျိုး အလွယ် တကူပေါ်ပေါက်လာခြင်း သို့မဟုတ်
သင်၏လုပ်ငန်းဆောင်တာ တာဝန်ခန့် ထားခြင်းနှင့်အဆက်ပြတ်သွားပေမည်။
အခြားသောအရေးကြီးလှသည့်
ဦးဆောင်မှုဆိုင်ရာ အရည်အချင်းများ၊ အများအပြားရှိနေသေးသည်ဆိုခြင်းမှာ
သံသယဖြစ်စရာမလိုပါ။ သို့သော် လည်း စစ်မှန်သောဦးဆောင်မှု အားလုံးတို့သည်
အောင်မြင်ရန်မျှော်လင့်ချက် ကင်းသောအနေအထားမှ စတင်သည်က များသည်အလျောက်၊ ၎င်းအနေ
အထားသည် ကျွန်ုပ်တို့ကဲ့သို့သော အကူအညီမဲ့သောအပြစ်သားများအားလုံး တို့အနေဖြင့်
ကယ်တင်ရှင်တစ်ဦးကို ကြီးကြီးမားမားလိုအပ်နေသည်ဆိုသည့် လက်သင့်ခံရမည့်အချက်ကိုပါ
ကျွန်ုပ်တို့ သတိရကြရပါမည်။ အောင်မြင်ရန် မျှော်လင့်ချက်ကင်းသော အခြေအနေသည်
ကျွန်ုပ်တို့အား အညံ့ခံခြင်းဆီသို့ ရောက်ရှိသွားစေပါသည်။ သူ၏
နှုတ်တော်ထွက်မှနေပြီး ကျွန်ုပ်တို့သည် ဘုရား သခင်အား ကြိုးပမ်းရှာဖွေနေကြပါသည်။
ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ သည် သူ၏ထံတော်သို့အော်ဟစ်တောင်းခံနေကြပါသည်။
သူ၏ကြီးမားလှပြီး အဖိုးထိုက်လှစွာသော ကတိတော်များတို့အပေါ်တွင်
ကျွန်ုပ်တို့ယုံကြည်မှုရှိကြ ပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည်
လွတ်လပ်မှုရှိလာကြကာ ချစ်ခြင်းမေတ္တာ နှင့် အစေခံခြင်းအသက်တာမျိုးတွင်
နေထိုင်ရကြလျက်၊ ကျွန်ုပ်တို့၏ကောင်း ကင်ဘုံရှင် အဖခမည်းတော်အား
ချီးမွမ်းထောမနာပြုရကြပေမည်။
သင်၏ဘုရားသခင်နှင့်ထိတွေ့
ဆက်ဆံမှုရှိခြင်းသည် သင်၏အမှုတော် ထမ်းရွက်ခြင်းအသက်တာကို
မောင်းနှင်ပေးသည့်အခြေခံအုတ်မြစ်ဗဟိုချက်မ နှင့် စွမ်းအင်တို့ပင်ဖြစ်ပါသည်။ သင်၏
များပြားလှသောအလုပ်တို့ဖြင့် ရေးဆွဲ ထားသော လုပ်ငန်းအစီအစဉ်ဘားအတွင်းမှ
အချိန်တစ်နာရီခန့်မျှဖြင့် ဆက် ကပ်သည့်အနေဖြင့် ဘုရားသခင်နှင့်အတူ
လည်ပတ်ခြင်းကိုပြုလုပ်ပေးပါက သင်၏ အသက်တာသွင်ပြင် လက္ခဏာတစ်ခုလုံးတို့တွင်
ထိုလုပ်ရပ်၏ အကျိုး ကျေးဇူးတို့သည် ထင်ရှားလာပေလိမ့်မည်။ ဤတိတ်ဆိတ်သည့် မိတ်သဟာယ
ဖွဲ့မှုသည် သင့်အတွက် ခိုလှုံရာတစ်ခုအဖြစ်ရှိလာရာတွင် သင်သည် တရား ဒေသနာတော်တို့နှင့်အသင်းတော်၏
အဖွဲ့ခွဲများအပြင် သင်၏ဝိညာဉ်ရေးရာ တို့ကို ပြန်လည်ဆန်းသစ်ရန်အတွက်
မေ့ပျောက်သွားသည့် ရှားပါးသော အချိန် ကလေးအတွင်း၌ပင် သင်၏
ခိုလှုံရာအဖြစ်ရှိနေပါသည်။ ဤခိုလှုံရာသည် သင်၏အလုပ်တာဝန်ကိုရပ်တန့်ထားကာ
သင်၏အလုပ်တာဝန်နှင့် သင်၏ ဖန်ဆင်းရှင်ကို ပြန်လည်ချိတ်ဆက်ရန် လုံခြုံသော
နေရာဖြစ်သည်အလျောက်၊ သင့်အနေဖြင့် “ထာ၀ရဘုရားသခင်၊ အကျွန်ုပ်ရှိပါ၏။
ယနေ့တွင်ကိုယ်တော် ရှင်သည် အကျွန်ုပ်အားမည်သည့်အရာကို
မိန့်မြွက်တော်မူရန်ရှိပါသနည်း” ဆိုပြီးဆုတောင်းရပါမည်။
ဤနေ့စဉ်ပြန်လည်ကတိကဝတ်ပြုခြင်းသည် သင်၏ ဝိညာဉ်ရေး သုခချမ်းသာအတွက်ပါမကဘဲ၊
သင်၏အမှုတော်ဆောင်ခြင်း လုပ် ငန်းဆိုသည်မှာ ဘုရားသခင်နှင့်အတူ
ရင်းနှီးပွင့်လင်းသည့်အတွေ့အကြုံတစ်ခု မှနေပြီး ပေါက်ဖွားလာ ခြင်းပင်ဖြစ်ပါသည်။
သင်၏အသင်းအုပ်ဆိုင်ရာတာဝန်များမှ
အရေးကြီးသော အပိုင်းကဏ္ဍဆို သည်မှာ သင်၏အသင်းသူအသင်းသားများတို့အား
သူတို့လျှောက်လှမ်းနေကြ သည့် ဝိညာဉ်ရေးလမ်းကြောင်းအတိုင်း ထိန်းကျောင်းပြီး
တိုးတက်ကြီးပွားမှုရှိ လာအောင် လုပ်ဆောင်ပေးရေးပင်ဖြစ်ပါသည်။ သို့သော်လည်း
အခြားသောသူ များတို့အား ပြုစုပျိုးထောင်ပေးသည့်လုပ်ငန်းတို့ကို
အပြည့်အဝလုပ်ဆောင်ပေး မည့်အစား သင်၏ ကိုယ်ပိုင်ကာယပိုင်းရော
ဝိညာဉ်ရေးပိုင်းဆိုင်ရာ လိုအပ် ချက်များတို့အတွက် ပြုစုစောင့်ရှောက်မှု
လုပ်ဆောင်ရေးကိုသာ ရုန်းကန်နေရ သည်ကို သင့်ကိုယ်ကိုသင်တွေ့ ရှိနိုင်ပေသည်။ “မြင့်မြတ်သန့်ရှင်းရန်ဆိုသည်
မှာခက်ခဲလှပါသည်” ဆိုသည့်စာအုပ်တွင် “ပေါ(လ်) နှင့် လစ်ဘီရှိသန်” တို့က
ဘုရားသခင်နှင့်ညံ့ဖျင်းသောဆက်ဆံ ရေးသည် အသင်းအုပ်ဆရာများတို့အား
မီးလောင်ပြာကျသွားစေသည့် မြင့်မားသော အနေအထားဆီသို့ ဦးတည်သွား
စေပါသည်ဆိုသည့်အကြံပေးချက်ကို ပေးထားပါသည်။ ဤအကြံပေးချက်၏ ဆိုလိုရင်းမှာ
ဘုရားထံတော်သို့ ချဉ်းကပ်ရန်အတွက် အဓိကထား အာရုံပြု သည့်သဘောထားမျိုး မိမိတို့၏
အသက်တာတွင်မရှိကြသောသူတို့သည် အမှု တော်ဆောင်ခြင်းဆိုင်ရာ ပြဿနာများတို့ကို
အားကောင်းလာစေပါသည်။
ဝိညာဉ်ရေးဆိုင်ရာ
ယုံကြည်စိတ်ချရမှုသည် အသင်းအုပ်ဆရာအားလုံးတို့ အတွက် လိုအပ်သောထူးခြားသည့်
အရည်အချင်းတစ်ခုဖြစ်ပါသည်။ အားလုံး သော အသင်းအဖွဲ့ဆိုင်ရာ မျှော်မှန်းချက်တို့ကို
ဂရုမထားဘဲ သင်သည် ဘုရား သခင်နှင့်နီးကပ်မှုရှိလာရန်အတွက် ကြိုးပမ်းရပါမည်။
မှန်ပါသည်။ ၎င်းလုပ်ရပ် သည် ဘုရားသခင်နှင့်လူများတို့၏ မျှော်မှန်းချက်တို့ကို
ဆုံတွေ့ခွင့်ရနိုင်သည့် ရွေးချယ်ရန်တွန်းအားပေးခံရပါက ဘုရားသခင်ကိုသာ
အမြဲတမ်းရွေးချယ်ပါ။ အပြစ်တရားကို ရွံရှာမုန်းတီးပြီး သင်၏အသက်တာ၏
ကဏ္ဍအားလုံးတို့တွင် ဖြောင့်မတ်ခြင်းတရားကိုချစ်မြတ်နိုးပါ။
“အမှုတော်ဆောင်ရာတွင်သူတော်ကောင်းဟန်ဆောင်မှုကိုရှောင်ရှားပါ”
အသင်းအုပ်ဆရာများအနေဖြင့်
ကျွန်ုပ်တို့သည် သာမန်လူတို့အနေဖြင့် ရရှိထားခြင်းမရှိသော
နှုတ်ကပတ်တော်နှင့်ပတ်သက်သည့် တတ်ကျွမ်းခြင်းနှင့် သိနားလည် ခြင်းတို့ကို
ပိုင်ဆိုင်ထားကြပါသည်။ ကျွန်ုပ်တို့သည် နှစ်ပေါင်း များစွာ အချိန်ကုန်ခံကြပြီး
စာသင်ကျောင်းများနှင့် ကျမ်းစာသင်ကျောင်းများ တို့တွင် တက်ရောက်ကာ ဘုရားသခင်၏
နှုတ်ကပတ်တော်ကို သင်ကြား လေ့ကျက်ခဲ့ကြပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏
အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အလုပ်အကိုင်တစ်ခွင်လုံးတွင်
သူတော်ကောင်းဟန်ဆောင်သည့်လုပ် ရပ်များ ပျံ့နှံ့တည်ရှိနေပါသည်။ အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရပါသနည်း။
ကျွန်ုပ်တို့ကဲ့သို့သော လူများအနေဖြင့် ၎င်းကိစ္စကို ကောင်းကောင်းသိထားသင့်
ကြပါသည်။
“ဒီဗင်(န်)အပ်(ဂ်)
က သူတော်ကောင်းဟန်ဆောင်မှုနှင့် ပတ်သက်သော သူ၏ဆောင်းပါးတွင်
“သူတော်ကောင်းဟန်ဆောင်ခြင်းစကားလုံးသည် ဂရိ ဘာသာမှနေပြီး
ပြဇာတ်ဆိုင်ရာအသုံးအနှုန်းပုံစံဖြင့် ဆင်းသက်လာခဲ့ခြင်းဖြစ် ပါသည်။
သရုပ်ဆောင်တစ်ဦးသည် ပြဇာတ်တစ်ခုတည်း၌ မကြာခဏကဏ္ဍ ပေါင်းစုံတို့၌
အသုံးတော်ခံရရာတွင် မျက်နှာဖုံးပေါင်းစုံကို အသုံးပြုခြင်းဖြင့်
မိမိကိုယ်ကိုရုပ်ဖျက်ခဲ့ရပါသည်။ ထိုသရုပ်ဆောင်တို့ကြောင့် လူတော် (သီလ ကြောင့်)
ဟူ၍ခေါ်ဆိုခဲ့ကြပြီး၊ ထိုကဲ့သို့ခေါ်ဆိုခံရခြင်းမှာ သူ၌မျက်နှာနှစ်မျိုး သို့မဟုတ်
များစွာသော မျက်နှာအမျိုးအစားရှိခြင်းကြောင့်ဖြစ်ပါသည်။ မျက်နှာ
အသွင်ပြင်နှစ်မျိုးရှိသောလူ တစ်ယောက်၏အကြံအစည်သည် တည်ကြည်မှု မရှိဘဲ
အပြောင်းအလဲရှိပါက၊ ထိုသို့ သောသူကိုအပြောတစ်မျိုး၊ အလုပ်တစ်မျိုး
စိတ်ထားရှိသောသူဟု ဖော်ပြပြောဆိုကြပါသည်။
ကြောင်သူတော်တစ်ယောက်သည်
အလိမ်အလည် မုသားဖြင့် ရှင်သန်တတ် သည်အလျောက်၊ သူသည် အတွင်းစိတ်သဘောထားထက်
အပြင်ပန်း အပြု အမူကို လူမြင်ကောင်းအောင် ကြိုးစားလုပ်ဆောင်တတ်ပါသည်။ ကြောင်သူ
တော်တစ်ယောက်၏ လှည့်စားမှုသည် လူသိသူသိဖြစ်လာသောအခါ၊ များစွာ သောသူတို့သည်
နစ်နာမှု၊ စိတ်ဓာတ်ကျမှုနှင့်အားငယ်မှုများတို့ကို ခံစားရကြပါ သည်။
ကြောင်သူတော်တစ်ယောက်သည် သူ၏ ကိုယ်ပိုင်ယုံကြည် စိတ်ချခံရမှု နှင့်
အခြားသောသူတို့၏ ဂုဏ်သိက္ခာဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါသည်။
“မကောင်းသောအသိစိတ်ဖြင့်စီမံခန့်ခွဲခြင်းသည်
နာမည်ဆိုးအနေအထား ဖြင့်လုပ်ဆောင်ခြင်းထက် ပိုမို၍လွယ်ကူမှုရှိပါသည်။”
(ဖရက်ဒရစ်(ခ်ျ)နိ(စ်ချေ)
တောင်ပေါ်ဒေသနာ
(မဿဲ ၅-၇) တွင် သခင်ယေရှုက ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ပေးကမ်းစွန့်ကြဲမှု (မဿဲ
၆း၁-၄)၊ ကျွန်ုပ်တို့၏ ဆုတောင်းမှု (မဿဲ ၆း၅-၁၅)နှင့်
ကျွန်ုပ်တို့၏အစာရှောင်မှုများ လုပ်ဆောင်ကြရာတွင် သူတော်
ကောင်းဟန်ဆောင်ကြသူများမဖြစ်မိကြရန် မိန့်တော်မူခဲ့ပါသည်။ ဤအချက် သည်
ကျွန်ုပ်တို့၏အသက်တာများနှင့် ယခုကာလ အမှုတော်ထမ်းဆောင်ကြ
ခြင်းနှင့်ပတ်သက်မှုရှိပါသည်။ သခင်ယေရှု၏ သူတော်ကောင်းယောင်ဆောင်မှု ကို အပြစ်ဖော်
ဆုံးမတော်မူသည့်အချက်တိုင်းနီးပါးတို့တွင် အဓိက ဦးတည် မိန့်တော်မူခဲ့ပါသည်။
သူတို့သည် ရိုးသားဖြောင့်မတ်ပြီး ဘာသာတရားကို
အလွန်ကိုင်းရှိုင်းကြသည့်တပည့်တော်များအဖြစ် ပြသခဲ့ကြပါသည်။ ဤကဲ့သို့
သူတော်ကောင်းများအဖြစ် ပြသနေခဲ့ကြရင်းတွင်ပင်၊ သူတို့သည် အကျင့်ပျက်
ခြစားမှုလုပ်ရပ်တို့ဖြင့်သာ ပြည့်၀ခဲ့ကြပါသည်။
(မဿဲ ၂၃း၃)
တွင် သခင်ယေရှုက “သူတို့၏ အကျင့်အတိုင်းမကျင့်ကြ နှင့်။ အကြောင်းမူကား၊ သူတို့သည်
စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့် ကြ” ဟူ၍
ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့နှင့်ပတ်သက်ပြီး မိန့်တော်မူခဲ့ပါသည်။
ဤမိန့်တော်မူချက်သည် “အသင်းအုပ်ဆရာတွေကကော သူတို့ဟောပြောတဲ့ အတိုင်းသူတို့ကျင့်
ကောကျင့်ကြရဲ့လား” ဆိုသည့်မေးခွန်းကို ထွက်ပေါ်လာစေ ပါသည်။ အသင်းအုပ်
ဆရာများတို့သည် မကြာခဏပင် သူတော်ကောင်း ယောင်ဆောင်သူများအဖြစ်
တမင်တကာကွက်ပြီးအပြောခံနေကြရပါသည်။ သူတို့သည်
အသင်းအဖွဲ့ဆိုင်ရာမျှော်မှန်းချက်တို့၏ ကြီးမားသော ဝန်ထုပ် ဝန်ပိုးကိုထမ်းရွက်ရင်း
ရှင်သန်နေရသကဲ့သို့ဖြစ်ကြပါသည်။ ထို့အပြင် ကျမ်းစာ တော်မြတ်ကလည်း သူတို့ကို
“သာ၍ကျပ်တည်းသော စီရင်ခြင်းကိုခံရမည်” (ယာကုပ် ၃း၁) ဟူ၍ သတိပေးထားပါသည်။ ဤ
အဆင့်သတ်မှတ်ချက်သည် ဖြစ်နိုင်ဖွယ်မရှိလောက်အောင်မြင့်မားလှသည်ဟု
ထင်မှတ်ဖွယ်ရာရှိပါသည်။
အမှန်တကယ်မှာ
မည်သည့်သင်းအုပ်ဆရာတစ်ယောက်မျှ သူဟောပြော သည့်အတိုင်း ကိုက်ညီမှုရှိအောင်
မကျင့်ကြံနိုင်ကြပါက ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့တတ်မြောက်သိရှိထားကြသည့်
ဘာသာရပ်အကြောင်းအရာများကို သာ ဟောကြားနိုင်ကြပါက အသိပေးဟောပြောစရာအနည်းငယ်မျှသာ
ရှိပေ လိမ့်မည်။ အကောင်းဆုံးသော သတင်းစကားမှာ ဘုရားသခင်၏နှုတ်တော် ထွက်မှ
သမ္မာတရားတော်အကြောင်းကို ဟောပြောရန်အတွက် ကျွန်ုပ်တို့သည် ခေါ်တော်မူခြင်းကို
ခံနေရကြခြင်းအကြောင်း ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်
တရားဒေသနာတော်တစ်ခုကိုဝေငှသည်ဆိုရာတွင် တရားနာပရိသတ်တို့ကိုသာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို
ကြေညာဟောပြောခြင်းသာမကဘဲ၊ မိမိ တို့ ကိုယ်ကိုပါမိမိတို့
ဟောပြောပို့ချရာလည်းရောက်ပါသည်။
နောက်ဆုံးတွင်မူ
သူတော်ကောင်းဟန်ဆောင်မှုဆိုသည်မှာ အခြားသူများ တို့ကိုအရူးလုပ်သည်ထက်
မိမိကိုယ်ကိုသာ ပို၍အရူးလုပ်ရာကျပါသည်။
“တည်ကြည်မှုရှိသောဂုဏ်သိက္ခာကိုဆက်လက်ကိုင်စွဲထားခြင်း”
အမှုတော်ဆောင်တစ်ယောက်၏
အသက်တာကို ရည်ညွှန်းသည့် ဆိုရိုး စကားတစ်ခုတွင် သူ၏အမှုတော်ဆောင်ခြင်းအသက်တာသည်
ယခုအခါတွင် ရော၊ အမြဲတစေအတွက်တွင်ပါ အမှန်တရားပင်ဖြစ်ပါသည်ဟူ၍ ဖော်ပြထား ပါသည်။
နေ့စဉ် နေ့တိုင်းတွင်ပင် ကျွန်ုပ်တို့သည် မည်သည့်အရာကိုလုပ်ရမည်၊ မည်ကဲ့သို့နေထိုင်ကြရမည်ဆိုသည့်
အကြောင်းအရာများတို့ကိုသာ ရွေးချယ်မှု ကို လုပ်ဆောင်ကြပါသည်။ ကျွန်ုပ်တို့၏
အသက်တာတို့သည် ကျွန်ုပ်တို့၏ အပြုအမူတို့ကို အုပ်ချုပ်သည့် မလွဲမုချ
အစဉ်လေးစားလိုက်နာအပ်သော ကျင့်ဝတ်စည်းကမ်းအပေါ် ရောင်ပြန်ဟပ်မှုရှိရပါမည်။
ကျွန်ုပ်တို့၏အပြုအမူ ကျင့်ကြံမှုကသာ ကျွန်ုပ်တို့၏ အဓိပ္ပါယ်ကိုဖွင့်ဆိုပြပါသည်။
(တမန်တော် ၂၄း၁၆) တွင် ရှင်ပေါလုက “. . .ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်
ခွင့်နှင့်အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ် ပါ၏” ဟူ၍
ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာ၏အရေးကြီးမှုကို ကျွန်ုပ်တို့အား ဆွဲဆောင် အသိပေးထားပါသည်။
ဂုဏ်သိက္ခာ၏ တက်ကြွမှုဆိုသည် အပြစ်တင်ခွင့်နှင့် အစဉ် ကင်းလွတ်သည့်
ကြည်လင်သောမသိစိတ်ဖြင့် ဘုရားသခင်၏ မျက် မှောက်တော်၌ နေထိုင်ရန်
ဆုံးဖြတ်ချက်ချခြင်းပင်ဖြစ်ပါသည်။
ဂုဏ်သိက္ခာသည်
စစ်မှန်သောအမှုတော်ဆောင်ခြင်း၏အရေးပါလှသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
ဂုဏ်သိက္ခာရှိသော အသက်တာဖြင့်နေထိုင် ခြင်း၏ အရေးပါမှုမှာ
လွန်လွန်ကဲကဲအလေးပေးမှုကို ထိန်းချုပ်ခြင်းပင်ဖြစ်ပါ သည်။ “ဂုဏ်သိက္ခာရှိလျှင်
မည်သည့် စည်းမျဉ်းစည်းကမ်းမျိုးမျှမလိုအပ်ပါ။” အဲ(လ်)ဘ(ရစ်)ခေးမ(ရစ်)။
အသင်းအုပ်ဆရာများအဖြစ်အစေခံကြပြီး
သမ္မာတရားတော်ကို ကြေညာ ပေးကြသော လူတို့အားသိစေလိုသည်မှာ
ကျွန်ုပ်တို့ကြေညာနေကြသည့် မှန်ကန်ဖြောင့်မတ်စွာဖြင့်
အသက်ရှင်နေထိုင်ကြရန်ဆိုသည့်တာဝန်ရှိခြင်းသည် ကျွန်ုပ်တို့ထံတွင် အမြဲတစေ
ရှိနေပါသည်ဆိုခြင်းပင် ဖြစ်ပါသည်။ ရက်သတ္တ ပတ်အတွင်းနှင့်ဥပုသ်တော်နေ့နံနက်ပိုင်းတွင်
သင်သည်လည်း အလားတူသော
လူတစ်ယောက်သာဖြစ်နေပါသလား။ကျွန်ုပ်တို့အနေဖြင့်ဟန်ဆောင်ပန်ဆောင်
လုပ်မြဲလုပ်နေကြသောအချိန်အတွင်း ကျွန်ုပ်တို့သည် ရှင်ယာကုပ်ပြောသော သူ၏ဩဝါဒစာ
(၁း၈) တွင်ဖော်ပြထားသည့် “စိတ်နှစ်ခွ ရှိသောသူ၊ ပြုလေ သမျှတို့၌
မတည်ကြည်သောသူဖြစ်၏. . .” ဆိုသည့်ဩဝါဒအတိုင်း၊ စိတ်
နှစ်ခွရှိသောသူများအဖြစ်ဖြင့်သာ ရှိနေကြမည်ဖြစ်ပါသည်။ သို့သော်လည်း
လိမ်ညာခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ ဘုရားသခင်ကပေးသနားတော်မူသော အတွင်း
စိတ်၏ကိုယ်ကျင့်သိက္ခာကို ဆန့်ကျင်တုံ့ပြန်သည့်အပြင်၊ ကျွန်ုပ်တို့၏ ကျန်းမာရေးကိုလည်း
စိတ်ခံစားလှုပ်ရှားမှုအပိုင်းတွင်ရော၊ ဝိညာဉ်ရေးရာ အပိုင်းတို့တွင်ပါ
ပျက်ယွင်းစေပါသည်။ အပြုအမူများနှင့် ယုံကြည်မှုများ စပ်ကြား
ဟန်ချက်ညီညီဖြင့်ရှိနေသည့် ကိုယ်ကျင့်သိက္ခာရှိပြီး ဖြောင့်မတ်သော
သဘောကိုဆောင်သည့်အသက်တာတစ်ခုသည် ကျွန်ုပ်တို့တွင် ဖော်ဆောင်ပြီး သား
ပုံရိပ်မျိုးရှိသောသူကို ဂုဏ်ပြုလျက်ရှိပါသည်။
အဲရစ်(စ်)လစ်ဒဲ(လ်)
ဆိုသော တရုတ်ပြည်သို့ သာသနာပြုလုပ်ငန်းကို ထမ်းဆောင်ရန်သွားခဲ့သောပုဂ္ဂိုလ်သည်
ဂုဏ်သိက္ခာနှင့်ပတ်သက်သော အဓိ ပ္ပါယ်ကို ထိုးထွင်းသိမြင်နိုင်စွမ်းသော
ဥာဏ်ကိုပေးပြီး ကျွန်ုပ်တို့၏ကိုယ်ရေး ကိုယ်တာဆိုင်ရာ ဂုဏ်သိက္ခာကိုတန်ဖိုးဖြတ်ရန်
ရိုးစင်းသောစမ်းသပ်မှုလေးခု ကို အကြံပေးထားပါသည်။ ၎င်းအချက်လေးခုမှာ-
(၁)
ကျွန်ုပ်သည်ရိုးသားဖြောင့်မတ်ခြင်းရှိပါသလား။
(၂)
ကျွန်ုပ်သည်ပွင့်လင်းမှန်ကန်မှုရှိပါသလား။
(၃)
ကျွန်ုပ်သည်စင်ကြယ်မွန်မြတ်မှုရှိပါသလား။
(၄)
ကျွန်ုပ်သည်တစ်ကိုယ်ကောင်းဆန်သောစိတ်ထားမျိုးရှိနေပါသလား။
ကျွန်ုပ်တို့သည်
မိမိတို့ကိုယ်ကိုမိမိတို့ ဘုရားသခင်ထံတော်၌ အညံ့ခံခိုဝင် ပြီး၊ ထိုအချိန်မှနေပြီး
ကျွန်ုပ်တို့အားပြောင်းလဲပေးတော်မူရန် သူ့အားအခွင့်ပေး ပါက၊ ကျွန်ုပ်တို့သည်
သူ၏အကျင့်စရိုက်တော်ကို လက်ခံရရှိပြီဖြစ်ပါသည်။ ဤပြောင်းလဲသွားမှုသည်
အတွင်းစိတ်နှင့်အပြင်ပန်းရုပ်ရည်သွင်ပြင်နှစ်မျိုးလုံး တို့တွင်
ပေါ်လွင်ထင်ရှားခြင်းရှိပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်က
ရည်ရွယ်ထားတော်မူသည့်အတိုင်း စတင်လုပ်ဆောင်ရာတွင်၊ ဖြောင့်မတ်သော
ရည်ရွယ်ရင်းတို့ကို ဖြောင့်မတ်သောလုပ်ရပ်တို့နှင့် လက်ထပ်ပေးကြရပါမည်။ ထိုနောက်
အလှည့်ကျဖြင့်ဂုဏ်သိက္ခာသမာဓိရှိသော အသက်တာမှပေါ်ပေါက် လာသည့် စိတ်ချမ်းသာမှု၊
ငြိမ်သက်ခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ပတ်သက် သောအသိတရားကို
ရှာဖွေဖော်ထုတ်ရကြပါမည်။
သူတော်ကောင်းယောင်ဆောင်မှုသည်
အဆုံးစွန်သော စိတ်ပျက်ဖွယ်ရာ အပြုအမူဖြစ်ပါသည်။ ၎င်း၏အဖြေမှာ
ဝန်ချတောင်းပန်ခြင်းနှင့်နောင်တရခြင်း ပင်ဖြစ်သည်အလျောက်၊
အလွန်ရိုးစင်းလွယ်ကူသလောက် အထူးခက်ခဲလှပါ သည်။ ၎င်းသူတော်ကောင်းယောင်ဆောင်မှုကို
ရှောင်ရှားနိုင်ကြရန် ကျွန်ုပ်တို့ သည် ကြီးမားရှည်လျားလှသောအတိုင်းအတာကို
လျှောက်လှမ်းနေရကြသည် ကို မိမိတို့ကိုယ်ကို မိမိတို့ မကြာခဏမြင်တွေ့နေရကြပါသည်။
ဘုရားသခင်၏ ထိထိရောက်ရောက်အကျိုးရှိလှသည့် ကိရိယာတန်ဆာပလာအဖြစ်ရှိနေသော
သင်၏စွမ်းဆောင်နိုင်စွမ်းကို သူတော်ကောင်းယောင်ဆောင်သည့်အပြုအမူက မဟန့်တားပါစေနှင့်။
“ဂုဏ်သိက္ခာကိုထိန်းသိမ်းကြပါ”
ဂုဏ်သိက္ခာမပါရှိသော
ကျွန်ုပ်တို့၏အားထုတ်ကြိုးပမ်းမှုအားလုံးတို့သည် အချည်းနှီးသက်သက်သာ
ဖြစ်ပေလိမ့်မည်။ ရိုးသားဖြောင့်မတ်မှုမရှိခြင်းနှင့် ရေ ရာမှုမရှိသော
ကိုယ်ကျင့်တရားများတို့လောက် အသင်းအုပ်ဆရာတစ်ယောက် ၏ အများက
ယုံကြည်စိတ်ချရမှုစွမ်းရည်ကို တိုက်စားခြေမွပစ်နိုင်သော အခြား မည်သည့်အရာမျှ
မရှိနိုင်ပါ။ ကျွန်ုပ်တို့၏အသင်းတော်များနှင့် ကျွန်ုပ်တို့၏ လူ့
အသိုက်အဝန်းထဲသို့ ထိုသို့သောအရာတို့ကို စိမ့်ဝင်ခွင့်မပြုနိုင်ပါ။ သို့သော် လည်း
၎င်းအရာတို့၏ အန္တရာယ်မှ ကျွန်ုပ်တို့ကို မည်ကဲ့သို့ ကာကွယ်ကြမည် နည်း။
အောက်ပါအကြံပေးချက်အချို့တို့ကို ကြည့်ကြပါစို့။
အကယ်၍သာသင်သည်
သံသယစိတ်ဝင်ရောက်လာပါက ဆက်လက် လုပ်ဆောင်ခြင်းမပြုပါနှင့်။ သံသယစိတ်သည် သင့်အား
“လေခတ်၍ လှုပ်ရှား တတ်သောလှိုင်းတံပိုး” (ယာကုပ် ၁း၆) ကဲ့သို့
ခံစားရအောင်လုပ်ဆောင်ပါ လိမ့်မည်။ ဤသေချာရေရာမှုမရှိသောတွေးတောခံစားမှုတို့သည်
ဝိညာဉ်ရေး နှင့် ပတ်သက်သည့် သင်ကဦးဆောင်ပေးသောသူတို့အား ရိုက်ခတ်ထိပါးစေပါ သည်။
သင်၏အသင်းတော်အတွင်း ကြီးမားသောအပြောင်းအလဲများကို မလုပ် ဆောင်မီ သင်ကိုယ်တိုင်က
အချိန်ကိုများများစားစားရယူထားပြီး အလျင်အမြန်
ဆောင်ရွက်လုပ်ကိုင်ခြင်းမပြုပါနှင့်။ ဆုတောင်းပါ။ ခရစ်တော်၏ စိတ်သဘော တော်ကို
ကြိုးပမ်း ရှာဖွေတောင်းခံကြသောသူများထံမှ ဘာသာတရားဆိုင်ရာ အကြံဉာဏ်ကိုတောင်းခံပါ။
လက်ခံနိုင်စရာမရှိသော
သွင်ပြင်လက္ခဏာအားလုံးတို့ကို ရှောင်ရှားပါ။ သင်၏ရည်ရွယ်ရင်းအချက်အလက်မှာ
မေးခွန်းမေးစရာအနေအထားရှိသော နေရာတို့တွင် သင့်ကိုယ်ကို
မရေမရာအနေအထားများအတွင်းသို့ ကျရောက် သွားစေမည့် အခြေအနေကိုခွင့်မပြုပါနှင့်။
ဥပမာအားဖြင့် အမှုတော်ဆောင် ကောင်းတစ်ယောက်သည်
ဆန့်ကျင်ဘက်လိင်တစ်စုံတစ်ယောက်နှင့်အတူ တစ်ယောက်တည်းရှိသော အနေအထားသို့
မိမိကိုယ်ကိုကျရောက်သွားစေပါ က သူသည် မီးနှင့်ဆော့ကစား သကဲ့သို့ရှိနေပေပြီ။ အကယ်၍
အသင်းတော် ၏ငွေကြေးနှင့်ထိတွေ့မှုရှိလာပြီဆိုလျှင်သတိရှိရှိဖြင့်
သင့်လျော်သောငွေစာရင်း ထိန်းသိမ်းမှုအလေ့အကျင့်တို့ကို ရယူထားပါ။
ဘုရားသခင်၏အလိုတော်နှင့် အညီ သင်လုပ်ဆောင်ခဲ့သကဲ့သို့ သင်၏စိတ်နှလုံးထဲတွင်
မေးခွန်းထုတ်စရာ မလိုသည့် မိမိကိုယ်ကို မိမိယုံကြည်ခြင်းဖြင့် သင်၏
ဆုံးဖြတ်ချက်များတို့ကို ထောက်မနိုင်အောင်လုပ်ဆောင်ပါ။ (၁သက်သာ ၅း၂၂၊၂၃)။
သင့်ကိုယ်ကိုစုံစမ်းနှောင့်ယှက်ခြင်း၏
အပေါ်စီးတွင်ရှိသည်ဟု မည်သည့် အခါမျှသဘောမထားပါနှင့်။
လူတို့ကစုံစမ်းနှောင့်ယှက်ခြင်းသည် ကျွန်ုပ်နှင့် မည်ကဲ့သို့သော
ပတ်သက်မှုမျိုးမျှမရှိနိုင်ပါဟူ၍ ပြောဆိုတတ်ကြပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့၏ မွေးရာပါအားနည်းချက်ကို သတိမူ အသိရှိရပါမည်။ ကျွန်ုပ်သည်
လူသားတစ်ယောက်ဖြစ်သည့်အလျောက် ကျွန်ုပ် ၏ စိတ်နှလုံးသည် မရိုးသားမှုဖြင့်သာ
ပြည့်နေပါသည်ဆိုသည့် အပြောမျိုးကို ပြောဆိုနိုင်စွမ်းရှိသည့် နှိမ့်ချသော
သဘောထားမျိုးသည်သာလျှင် ကျွန်ုပ်တို့၏ ပထမဦးဆုံးသောခံစစ်ဖြစ်သင့်ပါသည်။
ကျွန်ုပ်တို့သည် ကိုယ့်ကိုကိုယ် အထင် ကြီးမှုကို မွန်မြတ်သောအကြောက်တရားဖြင့်
ကြောက်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့ သည် မည်သည့်အခါမျှ စုံစမ်းနှောင့်ယှက်ခြင်း၏
အခြားတစ်ဖက်တွင် ရှိမနေ နိုင်ကြောင်းကိုသိထားကြရပါမည်။
မိမိကိုယ်ကိုမိမိသတိပြုမိခြင်းကို
ထိန်းသိမ်းပါ။ နေ့စဉ်နေ့တိုင်း သင်သည် မိမိကိုယ်ကို ဘုရားသခင်ထံတော်သို့ပြန်လည်၍
အညံ့ခံတိုးဝင်ခြင်းကို ပုံမှန် ပြုလုပ်ပါ။ (သုတ္တံ ၄း၂၃) တွင် “နှလုံးသည် အသက်၏
အခြေအမြစ်ဖြစ်သော ကြောင့် သင်၏နှလုံးကိုအထူးသဖြင့်စောင့်ရှောက်လော့” ဟူ၍
ဖော်ပြထားပါ သည်။ ထိုကဲ့သို့သော ထာ၀ရဘုရားနှင့်အတူ လျှောက်လှမ်းခြင်းကို
ထိန်းသိမ်း ထားခြင်းသည် အမှန်တကယ် မရှိမဖြစ်သော အရာဖြစ်ပါသည်။ တစ်စုံတစ်ခု သော
စုံစမ်းနှောင့်ယှက်ခြင်း ကာလအတွင်း၊ ကျွန်ုပ်အနေဖြင့် ဘုရားသခင်၏
သဗ္ဗညုတဉာဏ်တော်နှင့်လည်းကောင်း၊ လက်ညှိုးထိုးမလွဲ နေရာအနှံ့တို့တွင် လည်းကောင်း
စဉ်ဆက်မပြတ်မိမိကိုယ်ကိုမိမိ ပြန်လည်သတိပေးရန် လိုအပ်လှ ပါသည်။ ကျွန်ုပ်၏
အသက်တာတွင် ဘုရားသခင်သည် အရာရာတိုင်းကို တွေ့မြင်သိရှိတော်မူပါသည်။
“အကျင့်စရိုက်ဉာဏ်စွမ်းထက် ပိုမိုမြင့်မားပါ သည်” ရတ်(လ်ပ်)၀(လ်)ဒိုအီမာရ်မန်။
မာရ်နတ်ကမူ ထိုအကြောင်းနှင့် ပတ် သက်ပြီး မည်သူမျှအမြဲတမ်းမသိရှိနိုင်ကြောင်း
ပြောနေပါသည်။ ဤအချက် သည်လည်း တစ်စုံတစ်ရာသော စုံစမ်းနှောင့်ယှက်ခြင်းဆိုင်ရာ
အမှန်တရားပင် ဖြစ်ပါသည်။ အကယ်၍ ဘုရားသခင်အနေဖြင့် အကျွန်ုပ်နှင့်အစဉ်အမြဲရှိပြီး၊
အရာရာတိုင်းကိုသူ သိရှိတော်မူကြောင်းကို ကျွန်ုပ်ကလက်ခံယုံကြည်ပါက၊
ထိုခံယူချက်နှင့်လျော်ညီစွာ ကျွန်ုပ်ပြုမူကျင့်ကြံနိုင်ပါသည်။ (၁ကော ၉း၂၇)
တွင်လည်း၊“သူတစ်ပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း
ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏” ဟူ၍ ရှင်ပေါလုက ဩဝါဒပေးထားပါသည်။ ဤကျမ်းချက်သည်
သင့်အနေဖြင့် ဘုရားသခင်နှင့်ထိတွေ့ဆက်ဆံရာတွင်
ဂုဏ်သိက္ခာနှင့်စိတ်ဓာတ်ပျိုးထောင်မှု၏ အရေးပါမှုတို့ကို ထင်ရှားစေပါသည်။
ဝိညာဉ်ရေးရာနှင့်ပတ်သက်လာလျှင်သင်၏ကိုယ်ခန္ဓာကဲ့သို့ပင် စဉ်ဆက်မပြတ် ပြုစုပြီး
ထိန်းသိမ်းထားရန်လိုအပ်လှပါသည်။
သင်၏စိတ်အတွေးကိုလုံခြုံမှုရှိအောင်အကာအကွယ်ပေး။
ဤအချက်နှင့် ပတ်သက်ပြီး ကျမ်းစာတော်မြတ်က အဓိပ္ပါယ်တစ်မျိုးတည်းသာဖော်ဆောင်ပေး
ထားပါသည်။ အပြစ်နှင့်ပတ်သက်သည့်တိုက်ပွဲမည်သည် စိတ်အတွေးထဲမှအမြဲ တစေ စတင်ပါသည်။
သင်၏စိတ်အတွေးထဲတွင် တိုက်ပွဲကို အရှုံးနှင့်ရင်ဆိုင် လာရပါက၊ သင်သည် စစ်ပွဲကို
အရှုံးခံရပြီး ဖြစ်ပါသည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး ရှင်ယာကုပ်က သူ၏ဩဝါဒစာ
(၁း၁၄-၁၅) တွင် “မိမိတပ်မက် သော စိတ်ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊
အပြစ်သွေး ဆောင်ခြင်းသို့ရောက်တတ်၏။ တပ်မက်သောစိတ်သည်ပဋိသန္ဓေယူ၍ ဒုစရိုက် ကို ဖွားတတ်၏။
ဒုစရိုက်သည်လည်းပြည့်စုံလျှင် သေခြင်းကိုဖွားတတ်၏” ဟူ၍ ဩဝါဒပေးထားပါသည်။
နေ့စဉ်နေ့တိုင်း
ထာ၀ရဘုရားနှင့်အတူတကွ ရှိနိုင်မည့်အချိန်ကို ရယူပါ။
သင်၏အမှုတော်ဆောင်ခြင်းလုပ်ရပ်သည် သင့်အနေဖြင့် ဘုရားသခင်နှင့်အတူ ပုဂ္ဂိုလ်ရေးအရ
သွားလာမှု၏ အသွင်သဏ္ဌာန်ကို ရယူရာရောက်ပါသည်။ အသင်းအုပ်ဆရာတစ်ယောက်သည်
ကျမ်းစာတော်မြတ်ကို နေ့စဉ်ဖတ်ရှုပြီး နှုတ်တော်ထွက်အပေါ်ကို အထူးအာရုံပြုကာ
လိုလားနှစ်သက်လျက် ဘုရား သခင်၏ နှုတ်တော်ထွက်အလင်းတော်၌ ဆုံးဖြတ်ချက်ကိုချမှတ်ပါက
မှားယွင်း သောအကြံပေးချက်ကိုနာခံခြင်းရှိမည်မဟုတ်၊ (သို့မဟုတ်) နောက်ပိုင်းတွင်
သူနောင်တရစရာဖြစ်မည့် မိမိဘာသာမိမိ ဆုံးဖြတ်ချက်ကိုချမိမည်မဟုတ်ပေ။ (ဆာလံ ၁း၁-၂)
နေ့စဉ်ကျမ်းစာတော်မြတ်ကို လေ့လာခြင်းသည် ဘုရားသခင်
နှင့်အကျွမ်းတဝင်ရှိသည့်အဆင့်တစ်ခုကို ထိန်းထားနိုင်ရန်အတွက် အရေးပါလှ ပါသည်။
“မိမိအပေါ်မိမိရိုးသားမှုရှိပါ”
အသင်းအဖွဲ့မည်သည်မှာ
အသင်းအုပ်ဆရာတို့အား မြင့်မားသောအဆင့် အတန်းဆီသို့ ရောက်အောင် လုပ်ဆောင်ပေးပါသည်။
ကြီးကျယ်သော ခေါင်း ဆောင်များအဖြစ်သို့ ကျွန်ုပ်တို့ရောက်ရှိလိုပါက၊
ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အတုယူထိုက်သော အနေအထားတွင်ရှိရပါမည်။ သို့သော်လည်း
ကျွန်ုပ်တို့ သည် လူသားများမျှသာ ဖြစ်ကြပါသည်။ ထိုကြီးကျယ်သော ခေါင်းဆောင်များ
ဖြစ်လာရေး မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိအောင် ကျွန်ုပ်တို့
မည်ကဲ့သို့နေထိုင် ကြမည်နည်း။ အရေးကြီးသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား မည်သည့်
အရာကို တောင်းဆိုတော်မူသည်ဆိုခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကုံလုံ
ပြည့်စုံသော အနေအထားသို့ ရောက်ရှိနိုင်မည့် အနေအထားတွင် ရှိနေကြပါ သလား။
ကျွန်ုပ်တို့၏ အမှုတော်ဆောင်လုပ်ငန်းဆောင်ရွက်မှုတွင် လစ်ဟင်းမှု များရှိကြပါသလား၊
ကျော်လွန်သွားခဲ့ပြီးသော နှစ်ပေါင်းအတော် များများကို
နောက်ကြောင်းပြန်လှည့်ကြည့်ပါက၊ ကျွန်ုပ်၏အသက်တာတွင် အပြစ်များ၊
အမှားအယွင်းများနှင့်ကျရှုံးမှုများ အနည်းအကျဉ်းသာ ရှိကြောင်းတွေ့ရှိရပါ သည်။
သို့သော်လည်း ကျွန်ုပ်၏အတိတ်ကအသက်တာတွင် ကရုဏာတော်ရှင်
ကယ်တင်ရှင်၏
ချစ်ခြင်းမေတ္တာနှင့် အကြင်နာတရားတို့နှင့်ပတ်သက်သော လက်တော်ကိုလည်း
ကျွန်ုပ်တွေ့မြင်ရပါသည်။ ၎င်းအရာအားလုံးတို့ကို တွေ့ မြင်ရသော်လည်း
ကျွန်ုပ်အပေါ်တွင် ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းရှိ နေဆဲဖြစ်ပြီး၊
ကျွန်ုပ်အနေနှင့် ကြီးမားသောပျော်ရွှင်ဝမ်းမြောက်မှုကို ခံစားနေရ ကြောင်းကိုပါ
ကျွန်ုပ်ကြေညာနိုင်ပါသေးသည်။ ကျွန်ုပ်နှင့်ထိုက်တန်သည်ထက် ထိုကယ်တင်ရှင်သည်
ကျွန်ုပ်အား ပိုမိုများပြားသော ကရုဏာတော်နှင့် ကျေးဇူး တော်တို့ကို
ပြသပေးတော်မူပါသည်။ နှစ်ပေါင်းသုံးဆယ်နီးပါး ကြာညောင်းခဲ့ သော
ကျွန်ုပ်၏အမှုတော်ဆောင် သက်တမ်းကို ကျွန်ုပ်ပြန်ပြောင်းကြည့်သော အခါ ကျွန်ုပ်၏
အမှုတော်ဆောင်ရွက်မှုအပေါ် ကျွန်ုပ်၏သစ္စာစောင့်သိမှုနှင့်
စိတ်အားထက်သန်သောဆန္ဒကို တွေ့ရှိရပါသည်။ သို့ရာတွင် အချိန်အတော်
များများအတွင်းတွင် ဘဝင်မြင့်မှုနှင့် အတ္တမာနတို့သည် အခန်းကဏ္ဍတစ်ခု အဖြစ်
ပါဝင်ပတ်သက်ခဲ့ပါသည်။ ကျွန်ုပ်အနေဖြင့် ကျွန်ုပ်၏ အသက်တာတွင်
ဘုရားသခင်၏အလိုတော်ကို တွေ့ရှိရန်ရှာဖွေနေချိန်တွင် ကျွန်ုပ်၏လုပ်ဆောင် မှု
နည်းစနစ်များနှင့် အိပ်မက်များတို့သည် တစ်ခါတစ်ရံတွင် ကျွန်ုပ်၏အတွေး အမြင်
သို့မဟုတ် အစီအစဉ်များတို့နှင့်ရောနှောပေါင်းစပ်မှုရှိခဲ့ပါသည်။ တစ်ခါ တစ်ရံတွင်
အောင်မြင်မှုရရှိခဲ့သည့်တိုင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ခွန်အား
တော်နှင့်မဟာဗျူဟာတော်တို့ကို အားကိုးပြီးလုပ်ကိုင်ဆောင်ရွက်ရမည့်အစား
မိမိ၏ခွန်အားနှင့် နည်းဗျူဟာတို့ဖြင့်သာ လုပ်ကိုင်ခဲ့ပါသည်။
ဤကဲ့သို့သော
အလားတူအခြေအနေမျိုးများတို့ဖြင့် နပန်းသတ်နေသော အခြားသူများရှိနေသည်ကို
ကျွန်ုပ်သိရှိနေရပါသည်။ ကျွန်ုပ်၏ ကိုယ်တွေ့ အတွေ့အကြုံ၏များမှ
အကြောင်းခြင်းရာတို့ကို ဆွဲထုတ်ခြင်းဖြင့် အခြားသော သူတို့အား သူတို့၏
အားနည်းချက်များတို့ကို သူတို့ သတိမူမိကြရန် ကျွန်ုပ် ကူညီနိုင်သည့်အပြင်၊
လမ်းညွှန်တော်မူချက်ကိုရရှိရန်အတွက် သူတို့သည် သခင်ယေရှုထံတော်ဆီသို့လှည့်သွားရန်
ကျွန်ုပ်အနေဖြင့် သူတို့အားစိတ်ဝင်စား မှုရှိအောင်
ဆွဲဆောင်နိုင်လိမ့်မည်ဟုယူဆမိပါသည်။
ဧဝံဂေလိတရားတော်ကိုဟောပြောရကြသော
အမှုတော်ဆောင်များဖြစ် ကြရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ်အမြဲတစေ
ရိုးသားမှုရှိကြပါရဲ့ လား။ ဘုရားသခင်သည် ကျွန်ုပ်တို့ပါဝင်ဆင်နွှဲကြရန်အတွက်
အံ့ဩထိတ်လန့် ဖွယ်ရာလုပ်ငန်းကို ကျွန်ုပ်တို့အားပေးအပ်ထားတော်မူပြီးဖြစ်ပါသည်။ သို့သော်
လည်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုယ်ပိုင်ခွန်အား၊ အသိဉာဏ်နှင့်အတွေ့
အကြုံများတို့ကိုသာ အသုံးပြုကြပါက ကျရှုံးမြဲကျရှုံးကြမည်သာဖြစ်ပေမည်။
“သင်၏အသက်တာသည်
အချို့သောသူများ ဖတ်ရှုကြသည့် သမ္မာ ကျမ်းစာမျှသာဖြစ်ရပါမည်” စာရေးသူအမည်အသိ။
ကျွန်ုပ်တို့၏အမြင်တွင် အောင်မြင်သည့် အနေအထားတွင်ရှိနေပါသော်လည်း လူသား၏အမြင်တွင်
ဤသို့မြင်ကြသည့်တိုင် ဘုရားသခင်၏အမြင်နှင့်နှုတ်တော်ထွက်အားဖြင့်တွင်မူ
ကျွန်ုပ်တို့သည် လုံးလုံးလျားလျားအရှုံးသမားဖြစ်ကြသည့်အပြင်၊ ကျွန်ုပ်တို့ ကိုယ်၌က
ရှုံးလို့ရှုံးမှန်းမသိကြပါ။
အသင်းအုပ်ဆရာများတို့သည်
အကြိမ်တော်တော်များများတို့တွင် အောင် မြင်မှုကို
လုပ်ငန်းအထမြောက်ခြင်းနှင့်တန်းတူသဘောထားတတ်ကြပါသည်။ ကျွန်ုပ်တို့အနေဖြင့်
မည်သည့်အရာကို အမှန်တကယ်ပြီးမြောက်အောင် ဆောင်
ရွက်သည်၊အဘယ်ကြောင့်ဆောင်ရွက်ကြရသည်ဆိုခြင်းကို ဘုရားသခင်တစ်ပါး တည်းသာ
သိရှိတော်မူပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အားထုတ် ကြိုးပမ်းမှု
အများအပြားတို့ကို ပယ်ချတော်မူခဲ့သည့်အကြောင်းကို ဖော်ထုတ် ရန်သာဖြစ်သော
ကျွန်ုပ်တို့၏အမှုတော်ဆောင်ခြင်းသည် အဆုံးသတ်သွားခြင်း သို့ ရောက်ရှိသွားပါက၊
ဝမ်းနည်းဖွယ်ရာသာ ဖြစ်ပေလိမ့်မည်။ ဤဝမ်းနည်း ဖွယ်ရာအဆုံးသတ်မှုသည်
အချို့သောသူတို့အား တုန်လှုပ်သွားစေမည် ဖြစ် သော်လည်း၊ ကျွန်ုပ်တို့မည့်သည့်အရာကို
မည်ကဲ့သို့ လုပ်ဆောင်သည်ဆိုခြင်း ထက် တစ်စုံတစ်ရာကို ကျွန်ုပ်တို့
အဘယ်ကြောင့်လုပ်ဆောင်ကြသည်ဆိုခြင်း အတွက် ဘုရားသခင်က ပိုမို၍
စိုးရိမ်မှုရှိတော်မူပါသည်။ “ကျွန်ုပ်တို့ မည်သည့် အရာကိုလုပ်ခဲ့သည်ဆိုခြင်းကို
ဖြေရှင်းရန်အတွက်၊ ကျွန်ုပ်တို့သည် ဘုရား သခင်၏ မျက်မှောက်တော်၌အစစ်ဆေးခံရန်
မတ်တတ်ရပ်ကြသောအချိန်တွင် ကျွန်ုပ်တို့
လုပ်ဆောင်ခဲ့သည့်ဘုရားသခင်ပါဝင်ခြင်းမရှိသည့် အမှုတော်ဆောင် ခြင်းအားလုံးတို့သည်
လေမှုတ်ကြေးတူရိယာနှင့်တချွင်ချွင်ဖြင့်အသံထွက်သည့် လင်းကွင်းတို့၏
မြည်သံမျိုးထွက်ရှိရန်သာ ရှိနေပါတော့သည်။ ဤအခြေအနေ သည် ယခုလောလောဆယ်အသက်တာတွင်
ကောင်းမွန်သော ကိန်းဂဏန်း မျိုးဖြင့် မြင်တွေ့နေရပါသော်လည်း
အစဉ်ထာ၀ရကာလအနေအထားဖြင့်ဆို လျှင် မည်ကဲ့သို့ အမှန်တကယ်ရှုမြင်ခဲ့ရမည်နည်း။”
ကျွန်ုပ်တို့အား
မည်သည့်အရာက မောင်းနှင်နေပါသနည်း။ အသိအမှတ် ပြုခြင်းလား၊ အသပြာလား၊
တာဝန်ရှိမှုလား၊ သိက္ခာလား၊ သို့တည်းမဟုတ် အတ္တမာနသည်သာလျှင်
မောင်းနှင်နေခြင်းလား၊ အမှုတော်ဆောင်ရွက်ခြင်း အတွက်၊ ကျိုးကြောင်းခိုင်လုံသော
ဤအရာအနည်းငယ်က အရင်းခံအကြောင်း များဖြစ်ကြပါသလား။
အထူးသတိထားရမည်မှာ
မူရင်းလုပ်ချင်စိတ်သဘောထားသည် လုပ်ရပ် ထက်ပိုမိုအရေးကြီးကြောင်းကို
သိရှိထားရန်ဖြစ်ပါသည်။ ဘုရားသခင်အား ရိုသေကိုင်းရှိုင်းခြင်း၏နေရာတွင်
အမှုတော်ဆောင်ခြင်းကို နေရာဝင်မယူပါစေ နှင့်။ ကျွန်ုပ်တို့၏ စိတ်ပါဝင်စားမှုသည်
မကြာခဏကြိုးစားပမ်းစား အလုပ်လုပ် ဆောင်ရန်၊ ပိုမိုကြီးမားသော
ဘုရားကျောင်းကိုတည်ဆောက်ရန်၊ ပိုမိုများပြား သောလူတို့ကို
နှစ်ခြင်းမင်္ဂလာပေးရန်နှင့် အသင်းတော်ကိုမိစ္ဆာဒိဌိအယူနှင့် မှားယွင်းသောအယူဝါဒမှ
ကာကွယ်ရန်စသည့် စိတ်ဆန္ဒတို့၏ ဖုံးအုပ်ခြင်းကို ခံရနိုင်ပါသည်။
လုပ်ငန်းစဉ်အတွင်း၌လည်း သခင်ယေရှု၏ အဓိကစိတ်ဝင်စား မှုဖြစ်သည့်သူအား
ချစ်ခြင်းမေတ္တာရှိရန်ဆိုသည့် ဗဟိုအချက်အချာအကြောင်း ရင်းကို
အလွယ်တကူမျက်ခြည်ပြတ်သွားနိုင်ပါသည်။
“ပြဿနာ၏အဖြေကိုရှာဖွေပေးသည့်ဘုရားသခင်၏နည်းလမ်း”
ကျွန်ုပ်မည်သည့်အရာကိုလုပ်ဆောင်ခဲ့မှုနှင့်
ကျွန်ုပ်၏ဦးစားပေးမှုတို့သည် မည်သည့်နေရာတွင်ရှိနေခဲ့ကြသည်ဆိုခြင်းကို
ထာ၀ရဘုရားကကျွန်ုပ်တို့အား စတင်ပြသတော်မူသောအခါ၊ အကျွန်ုပ်အပေါ်သူ၏
မျှော်လင့်ထားတော်မူချက် များတို့ကို ကျွန်ုပ်အနေဖြင့် ပိုမိုကြည်လင်ပြတ်သားစွာတွေ့မြင်နိုင်ခဲ့ပါသည်။
ယခုတွင်
ကျွန်ုပ်သည် တစ်မူထူးခြားသောဆုတောင်းချက်ဖြင့် ဆုတောင်း ခြင်းဖြစ်ပါသည်။
ကျွန်ုပ်ပြုသမျှသော အရာအားလုံးတို့အတွက် သူ၏ချစ်ခြင်း မေတ္တာတော်နှင့်
ကာကွယ်စောင့်ရှောက်တော်မူခြင်းတို့ကို ကျွန်ုပ်တောင်း လျှောက်ပါသည်။
ကျွန်ုပ်၏ဆုတောင်းခြင်းသည် တစ်စုံတစ်ရာသော အနေ အထားမျိုးဖြစ်သည့်၊
“ကောင်းကင်ဘုံရှင်အဖခမည်းတော်ဘုရား၊ သခင်ယေရှု ၏နာမတော်မြတ်အားဖြင့်
အရှင်ဘုရားထံတော်သို့ အကျွန်ုပ်လာရောက်ပါ၏။ ကျွန်ုပ်၏
စိတ်နှလုံးနှင့်စိတ်အတွေးတို့၌ မည်သည့်အရာရှိနှင့်နေသည်ကို
အရှင်ဘုရားသိတော်မူပါသည်။ အရှင်ဘုရား၏ ထံတော်မှနေပြီး၊ အခြားသော
မည်သည့်အရာများကမျှ အကျွန်ုပ်အားအမှန်တကယ် ဖုံးအုပ်ကာကွယ်ပေးနိုင် စွမ်းမရှိပါ။
အကျွန်ုပ်၏ အသက်တာ၌ မည်ကဲ့သို့ လက်ကိုင်ထားရမည်ကို
အကျွန်ုပ်မသိရှိနိုင်သောအရာအများအပြားရှိနေပါသေးသည်။ အကျွန်ုပ်သည်
အရှင်ဘုရား၏ဝိညာဉ်တော်ခွန်အားတော်၊ မေတ္တာတော်ပေါ်လွင်ထင်ရှားတော် မူခြင်း၊
ရဲစွမ်းသတ္တိတော်၊ သနားခြင်းကရုဏာတော်၊ ကာကွယ်စောင့်ရှောက် တော်မူခြင်းနှင့်
အရှင်ဘုရား၏ အလိုတော်မြတ်အတိုင်း အကျွန်ုပ်ကြိုးပမ်း လုပ်ဆောင်လိုသည့်
ပြန်လည်ဆန်းသစ်ထားတော်မူသည့် စိတ်ဓာတ်မျိုးကို အကျွန်ုပ်လိုအပ်လှပါ၏။
အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို လန်းဆန်းမှုရှိစေတော် မူပြီး
အကျွန်ုပ်ကျရှုံးရာနေရာမှနေ၍ မူရင်း မေတ္တာတော်ရှင်ထံသို့ ပြန်သွားစေ
တော်မူပါ။အရှင်ဘုရားနှင့်ဆက်ဆံရေးကို နိမ့်ပါးလျော့ကျသွားစေခြင်းအတွက်
အကျွန်ုပ်နောင်တရပါ၏။ အရှင်ဘုရား၏ အဖိုးထိုက်လှသော သန့်ရှင်းသော
ဝိညာဉ်တော်အားဖြင့် အကျွန်ုပ်အား နောက်ထပ်တစ်ဖန် တည်ဆောက်ဖြည့် ဆည်းပေးတော်မူပါ၊
အာမင်” ဟူသည့်အနေအထားမျိုးဖြစ်ပါသည်။
ကျွန်ုပ်၏အခက်အခဲများနှင့်
ရုန်းကန်မှုများအတွက် ဖြေရှင်းပေးနိုင်သော အဖြေတစ်ခုအတွက် ဘုရားသခင်အား
ကျေးဇူးတင်လှသည့်အပြင် ကျွန်ုပ် နောင်တရနိုင်ခွင့်အတွက်ကိုပါ
ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ ကျွန်ုပ်အနေ ဖြင့် အသစ်သော အသက်တာကို
တစ်ဖန်ပြန်လည်စတင်နိုင်ကြောင်းကို သခင် ယေရှုက မိန့်တော်မူပါသည်။
ဘုရားသခင်၏အမှုတော်ကို လုပ်ဆောင်ပေးရန် အတွက် ကျွန်ုပ်၏တစ်ခုတည်းသော
အရင်းခံအကြောင်းရင်းမှာ ဘုရားသခင် အပေါ်၌ထားရှိသော ကျွန်ုပ်၏ချစ်ခြင်း
မေတ္တာနှင့်သူ့အားကြည်နူးတော်မူစေ ရေး ကျွန်ုပ်၏ဆန္ဒတို့သာဖြစ်ပါသည်။
“ဘုရားသခင်ထံတော်၌
အပြည့်အဝအညံ့ခံခစားခြင်းနှင့် သင်၏အသက် တာ ကိုဦးဆောင်ပဲ့ပြင်တော်မူခွင့်ကို
သူ့အားခွင့်မပေးပါက၊ သင့်အနေဖြင့် ကောင်းသော
အသင်းအုပ်ဆရာတစ်ယောက်ဖြစ်နိုင်ပါမည်လား။”
ရောင်ပြန်ဟပ်ခြင်းများ၊
ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် ဆွေးနွေးညှိနှိုင်း
အဖြေရှာခြင်းတို့အတွက်မေးခွန်းများ
၁။ သင့်အားဖြင့်ထွက်ပေါ်လာသည့် စစ်မှန်သည့်
အမှုတော်ဆောင်ခြင်း၏ သွင်ပြင်ကို သင်က မည်ကဲ့သို့သော
ဖြစ်စေလိုသည့်ဆန္ဒရှိနေပါသနည်း။
၂။ အသင်းအုပ်နှင့်ပတ်သက်သည့် အမှုတော်ဆောင်ခြင်း
လုပ်ငန်းတွင် သူ
တော်ကောင်းယောင်ဆောင်ခြင်းသည် အဘယ်ကြောင့်ကြီးမားသော ပြဿနာ အဖြစ်ရှိရပါသနည်း။
၃။ သူတော်ကောင်းယောင်ဆောင်မှုသည် သင်၏
ဝိညာဉ်ရေးအသက်တာနှင့် အမှုတော်ဆောင်ရွက်ခြင်းကို
မည်ကဲ့သို့ပျက်ယွင်းသွားစေနိုင်ပါသနည်း။
၄။ အသင်းအုပ်ဆရာဆိုင်ရာ ထိရောက်သော
အမှုတော်ဆောင်ခြင်းလုပ်ငန်း တစ်ရပ်အတွက် ဂုဏ်သိက္ခာသည်
အဘယ်ကြောင့်အရေးကြီးပါသနည်း။
၅။ ဘုရားသခင်သဘောတူထောက်ခံတော်မူသော
အမှုတော်ဆောင်ရွက်ခြင်း အလုပ်တစ်ခုကို တိုးတက်မှုရှိစေသည့်လျှို့ဝှက်ချက်သည် သင်၏
ထင်မြင်ချက် သဘောထားအရ မည်သည့်အရာဖြစ်မည်နည်း။
အခန်းကြီး - ၂
အခန်း (၂)
“ထိရောက်သောစွမ်းဆောင်ရည်ရှိသည်တရားဟောဆရာတစ်ဦး”
ဒေသခံအမှုတော်ဆောင်၏
တရားဟောပြောမှုကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးသော
ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးရှိပါသည်။ သို့သော်လည်း ထိုအမှု တော်ဆောင်သည်
တရားဟောအလွန်ကောင်းကြောင်းကို ထိုကုန်စုံဆိုင်ပိုင်ရှင် က အမြဲတစေ
ထောက်ခံပြောဆိုခဲ့ပါသည်။ ဤကဲ့သို့ အဘယ်ကြောင့် ထောက်ခံပြောဆိုခဲ့ရသနည်းဆိုခြင်းကို
သူ့အား မေးမြန်းကြည့်ခဲ့သောအခါ သူက “ဒီဆရာက
အဟောအပြောကောင်းမှန်းကျွန်တော်သိတာပေါ့ဗျာ၊ ဘာ ဖြစ်သလဲဆိုတော့
သူ့ရဲ့အသင်းသူအသင်းသားတွေ ကျွန်တော့်ဆီက ဝယ်သွား တဲ့ ကုန်ပစ္စည်းအကြွေးတွေကို
လာပြီးစတင်ဆပ်နေကြပြီလေဗျာ” ဟူ၍ ပြန် လည်ဖြေကြားခဲ့ပါသည်။
ကျွမ်းကျင်သော
အဟောအပြော အရည်အချင်းမရှိဘဲ ကောင်းသော အသင်းအုပ်ဆရာတစ်ယောက်အဖြစ် ပုံဖော်ရန်မှာ
လုံး၀နီးနီးမဖြစ်နိုင်ပါ။ အများအားဖြင့် ကောင်းသော အသင်းအုပ်ဆရာတို့သည်
အများတို့နှင့်သိရှိ ရင်းနှီးမှုရှိပြီးဖြစ်ရမည့်အပြင် သူတို့၏ ပြောင်မြောက်သော
အဟောအပြော တို့ကို အများအားဖြင့် မျှော်လင့်ခြင်းခံရကြပါသည်။ ဟောပြောခြင်းဘာသာရပ်
နှင့်ပတ်သက်ပြီး စာအုပ်အရေအတွက်ပေါင်းရာနှင့်ချီပြီး ရေးသားဖော်ပြထား
ကြပြီးဖြစ်ပါသည်။ ဤကဲ့သို့သော များပြားလှသော ရွေးချယ်စရာများရှိသည့် ကြားမှ
ဤဘာသာရပ်နှင့်ပတ်သက်ပြီး စူးစမ်းရှာဖွေကြရန် တရားဟောဆရာ တစ်ယောက်စီတိုင်းသည်
အကောင်းဆုံးသောလုပ်ဆောင်မှုကို လုပ်ဆောင်ရ ကြပါမည်။ သို့သော်လည်း
ကျွန်ုပ်တို့၏ရည်ရွယ်ချက်များအတွက် နည်းစနစ် များ သို့မဟုတ်
မဟာဗျူဟာများတို့၏အကြောင်းကို ဆွေးနွေးပြောဆိုကြရန် ဆန့်ကျင်ခဲ့ကြသည့်တိုင်
မွန်မြတ်သောတရားဟောဆရာတစ်ဦး၏ အဓိပ္ပါယ်ကို သိရှိနိုင်ရေးအတွက် အာရုံစိုက်ကြရပါသည်။
“ကောင်းသောတရားဟောဆရာတစ်ယောက်၏အဓိပ္ပါယ်ဖွင့်ဆိုချက်”
အသင်းတော်ကြီးပွားတိုးတက်ရေးဆိုင်ရာ
ကျွမ်းကျင်သူတစ်ယောက်ဖြစ် သော “ရစ်ချက်(ရဒ်)ဂျေခရက်(ဂ်ျ)စရ်” က မှတ်ချက်ပြုရာတွင်
“အသင်းတော်
ကြီးပွားတိုးတက်ရေးအတွက်
လိုအပ်တဲ့အဓိကအချက်ဟာ၊ အဲဒီအသင်းတော် ရဲ့
အသင်းအုပ်ဆရာရဲ့ဟောပြောမှုအရည်အသွေးကောင်းပဲဖြစ်ပါတယ်” ဟူ၍ အဓိကပြောဆိုခဲ့ပါသည်။
ထိုကြောင့် ကောင်းသော တရားဟောဆရာတစ် ယောက်ကို မည်ကဲ့သို့
အဓိပ္ပါယ်ဖွင့်ဆိုကြမည်နည်း။ သူ၏ ဟန်ပန်အမူအရာ တင်းတိမ်ရောင့်ရဲသူ၏
ကတိပေးထားခဲ့သည့်အတိုင်း ပေးအပ်နိုင်မှု၊ လူသား
အကျိုးစီးပွားနှင့်ပတ်သက်သည့်သဘောထားမှုသာဓကပြမှုတို့ကို သိရှိနားလည် နိုင်သည့်
အသိအမြင်ကြွယ်၀မှုနှင့် ရယ်ရွှင်ဖွယ်ရာ ဖြစ်လေအောင် ဟောပြော နိုင်သော
ဟာသဉာဏ်ရှိမှုတို့အပေါ် မူတည်ပြီး ကောက်ချက်ချမည်လား။ အထက်ဖော်ပြပါအချက်များထက်
အောက်မလျော့သော အရည်အချင်း ရှိမည် လား။ အထက်ဖော်ပြပါအချက်များတို့နှင့်
ကိုက်ညီစရာမလိုသော အရည် အချင်းမျိုးရှိရမည်လား။ သို့တည်းမဟုတ် တိုတောင်းသော
အချိန်အတိုင်း အတာအတွင်း ကြီးကျယ်လှသော တရားဟောချက်ကို ဟောပြောနိုင်သော
စွမ်းဆောင်နိုင်စွမ်းရှိရမည်လား။ သို့တည်းမဟုတ် ဘုရားသခင်၏ နှုတ်တော် ထွက်ကို
ဆာငတ်ခင်မွတ်အောင် လူတို့အားဆွဲဆောင်နိုင်သော အရည်အချင်း ရှိရပါမည်လား။
ကောင်းသောတရားဟောဆရာတစ်ယောက်ဖြစ်စေလိုသည့်
ဘုရားသခင် ၏ မျှော်မှန်းတော်မူချက်တို့ကို ကျွန်ုပ်တို့အာရုံစိုက်ကြပါစို့။
တိမောသေထံသို့ ရှင်ပေါလု ရေးသားပေးပို့သည့် ဩဝါဒစာတွင် “ဤစကားများကို သင်သည်
ညီအစ်ကိုတို့အားကြားပြောလျှင်ယုံကြည်ချက်စကား၊ကိုယ်တိုင်ရှာဖွေလေ့ကျက် သော
သမ္မာဩဝါဒစကားနှင့် မွေးမြူခြင်းကို ခံသော ယေရှုခရစ်၏ဓမ္မဆရာ ကောင်းဖြစ်လိမ့်မည်”
(၁တိ ၄း၆) ဟူ၍ဖော်ပြထားပါသည်။ ကောင်းသော တရားဟောဆရာတစ်ယောက်ဆိုသည်မှာ
ဘုရားသခင်၏နှုတ်တော်ထွက်သည် အဘယ်အရာကို ပြောဆိုနေသည်ဆိုခြင်းကို
လူတို့အားအသိပေးရမည့်လူပင် ဖြစ်ပါသည်။ လူတို့အားသိမ်းသွင်းစည်းရုံးရန်နှင့်
အယုံသွင်းဖျောင်းဖျပြောဆို ရန်မှာ တရားဟောဆရာတစ်ယောက်၏ အလုပ်မဟုတ်ပါ။ အမှန်မှာ
ဘုရား သခင်၏ သတင်းစကားတော်ကို သူ၏လူစုတော်တို့ထံသို့ ရိုးစင်းစွာဖြင့် လက်
ဆင့်ကမ်းပေးရန်ပင် ဖြစ်ပါသည်။
အချို့သောတရားဟောဆရာများတို့သည်
အာရုံစူးစိုက်မှုနှင့် အလေးထား လေးစားမှုတို့ကို အခြားသောသူများတို့ထက်
ပိုမိုကွပ်ကဲကြသော အချိန်တွင် ဘုရားသခင်၏ စစ်မှန်သောနှုတ်တော်ထွက်တို့ကို
ဟောပြောသော တစ်စုံတစ် ယောက်သောသူအနေဖြင့် မြင့်မားသော ရိုသေကြည်ညိုမှုကို
ကိုင်စွဲထားသင့်ပါ သည်။ သူ၏ အမှုတော်ကိုလုပ်ဆောင်နေကြသော သူအားလုံးတို့ကို ဘုရား
သခင်က တန်ဖိုးထားတော်မူပါသည်။ ဤအကြောင်းကြောင့် ကောင်းသော
တရားဟောဆရာတစ်ယောက်အနေဖြင့် တရားဟောချက်အတွက် ရရှိသော အချိန်ကို
လူတို့အားဖြေဖျော်ရန်ချည်အတွက်သာ မဟုတ်မူဘဲ သတင်းစကား တော်ကိုပါ ဟောကြားရန်ဖြစ်ပါသည်။
အားလုံးနီးပါးသော
လူတို့သည် သူတို့ ကြားနာကြရသောတရားဟောချက် ကို ကောင်းသောတရားဟောချက်အဖြစ်
အသိအမှတ်ပြုကြပါသည်။ သို့သော် လည်း ကောင်းမွန်သော တရားဟောချက်ကို
အတိအကျဖန်တီးသည့်အရာ သည် မည်သည့် အရာဖြစ်သည်ဆိုခြင်းကို ရှင်းလင်းစွာ
ထုတ်ဖော်ပြောဆိုနိုင် ရန် အခက်အခဲတွေ့နိုင်ပါသည်။ ကျွန်ုပ်တို့အတွင်းရှိ
ကောင်းမွန်သော တရား ဟောချက်တို့ကို ဟောကြားနိုင်ရန် ကြိုးစားကြသောသူတို့သည်
ကျွန်ုပ်တို့၏ ဟောပြောချက်ကို နားထောင်ကြသော သူတို့ထံမှထွက်ရှိလာသည့် အပြု
သဘောဆောင်သည့် တုံ့ပြန်မှုတို့ကို မည်သည့်အရာက နှိုက်ထုတ်သည်ကို နားလည်နိုင်ရန်အတွက်၊
ထိုကောင်းမွန်သော တရားဟောချက်သည် အထူး အသုံးဝင်လှပါသည်။
မှန်ပါသည်။
တရားဟောခြင်းကို နားထောင်ကြသော လူတိုင်းလူတိုင်း သည် တရားဟောဆရာတစ်ယောက်၌ရှိကြသော
ခြားနားမှုများတို့ကို ရှာဖွေကြ ပါသည်။ တရားနာသူတစ်ယောက်၏
ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ရေးတွေးခေါ်မှု သည် တရားဟောချက်အပေါ်
သူတို့၏သိမြင်နားလည်ခြင်းကို ဆုံးဖြတ်ပေးပါ သည်။ နှုတ်ကပတ်တရားတော်အပေါ်
သဘောပေါက်တန်ဖိုးထားတတ်သည့် အသိဥာဏ်မျိုးရှိကြသော သူတို့အနေဖြင့်
သန့်ရှင်းသောဝိညာဉ်တော်၏ လုပ် ငန်းဆောင်တာကို လက်တွေ့ကျသော ချဉ်းကပ်မှုဖြင့်
ပိုမိုလုပ်ဆောင်သော သူ တစ်ယောက်ထက်၊ တစ်စုံတစ်ရာသောမတူကွဲပြားမှုကို
မျှော်မှန်းရကြမည်ဖြစ် ပါသည်။ သွင်ပြင်သဏ္ဌာန်ကို သင်ကြားရယူခြင်းသည်လည်း
တရားဟောချက် တစ်ခု၏ထိရောက်မှုကို အဆုံးအဖြတ်ပေးပါသည်။ အချို့သော တရားနာသူတို့ သည်
ရောင်ပြန်ဟပ်မှုမှတစ်ဆင့် အကောင်းဆုံးသောအရာကို လေ့လာသင့်ယူ နေကြချိန်တွင်
အခြားသောလူတို့သည် ပိုမိုတက်ကြွမှုရှိသည့် ကိုယ်တိုင်ပါဝင် ဆောင်ရွက်မှုရှိသော
ပုံစံမျိုးဖြင့် ချဉ်းကပ်ရသည်ကို ပိုမိုနှစ်သက်လိုလားကြပါ သည်။
ရိုးရာယဉ်ကျေးမှုဆိုသည်မှာလည်း ထူးခြားသော အခန်းကဏ္ဍမှပင် ပါဝင်ပတ်သက်မှုရှိပါသည်။
ကျွန်ုပ်တို့၏ မျိုးရိုးဇာစ်မြစ်မျိုးဆက်၊ ဘာသာရေး ဂိုဏ်းခွဲ
စီးပွားရေးအခြေအနေနှင့် လိင်ကွဲပြားခြားနားမှုအားလုံးတို့သည် တရား
ဟောချက်တစ်ခုနှင့် ထိုတရားဟောချက်ကို ဟောပြောသည့်တရားဟောဆရာ အပေါ် ကျွန်ုပ်တို့၏
တုံ့ပြန်မှုသဘောထားဆုံးဖြတ်ချက်တွင် ပါဝင်ပတ်သက်မှု ရှိကြသည့်အရာများဖြစ်ကြပါသည်။
တရားဟောပြောခြင်းသည် တရားဟော ပြောခြင်းသာဖြစ်သည်ဆိုသည့် အနေအထားသည်
ယခုထက်တိုင်ရှိနေဆဲဖြစ် ပါသည်။ သေချာသော တစ်ဖက်သတ်ဆန်သည့် အမှန်တရားများလည်း ရှိနေ
ကြဆဲဖြစ်ပါသည်။ အောက်ဖော်ပြပါအကြောင်း အချက်တို့သည် သူ့နေရာနှင့်
သူနေရာတကျရှိနေကြပါက ကျွန်ုပ်တို့၏ တရားဟောချက်တို့သည် ကောင်းမွန် စွာဖြင့်
ဂုဏ်ယူအသိအမှတ်ပြုခံရကြမည့်အတွက် ကျွန်ုပ်တို့အား ကျေနပ်နှစ်
သိမ့်မှုပေးနိုင်မည့်အပြင်၊ ကျွန်ုပ်တို့မျှော်မှန်းထားသည့် တုံ့ပြန်မှုအမျိုးအစား
များဆီသို့ ဦးတည်သွားစေမည်ဖြစ်ပါသည်။ ဤတရားဟောချက်တို့သည်
ကောင်းမွန်သည့်ရလဒ်အကျိုးထွက်ရှိလာမည့်အပြင် ကြီးမားသော ဟောပြောမှု
အနေအထားမျိုးလည်း ဖြစ်ပေါ်လာစေနိုင်ပါသည်။
“ကောင်းမွန်သောတရားဟောချက်သည်
ကျမ်းစာတော်မြတ်မှ ဖြစ်ဖျားခံ လာပါသည်။” တရားဟောချက်တစ်ခုမည်သည်မှာ ဘုရားသခင်၏
နှုတ်တော် ထွက်ဆီမှ အခြေခံရယူသင့်ပါသည်။ တရားဟောဆရာတစ်ယောက်သည် ကောင်းသော
ဆရာအတော်များများလိုပြောဆိုနိုင်သော်လည်း၊ အကယ်၍သာ တရားနာသူတို့က ထိုတရားဟောချက်သည်
သူတို့အား သမ္မာကျမ်းစာတော် မြတ်ကို လေးလေးနက်နက် နားလည်စေနိုင်သောအနေအထားသို့
ဦးတည်စေ နိုင်ခြင်းမရှိသည့်ခံစားချက်မျိုးခံစားရစေပါက ထိုတရားဟောချက်သည် အဆင့်
မရှိသောအနေအထားတွင်သာ ရှိပေလိမ့်မည်။ ဤအချက်သည် သမ္မာကျမ်းစာ တော်မြတ်ကို
အပေါ်ယံဟန်ပြအနေအထားထက်ပိုသော သို့မဟုတ် စတင်တာ ထွက်သည့်အနေအထားမျိုးဖြင့်သာ
အသုံးပြုရမည့်သဘောမျိုး သက်ရောက် ပါသည်။ နှုတ်ကပတ်တော်ဆိုသည်မှာ ကောင်းမွန်သော
တရားဟောချက်တိုင်း ၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ နှုတ်တော်ထွက်
အားဖြင့် မိန့်တော်မူနေဆဲဖြစ်သည်ဆိုခြင်းကို ကောင်းသောတရားဟောဆရာ များတို့သည်
နားလည်ထားကြပါသည်။ ကောင်းမွန်သောဟောပြောခြင်းအဖြစ် သို့ပြောင်းလဲသွားပါက
သမ္မာကျမ်းစာတော်မြတ်ဆိုသည်မှာလည်း တန်ခိုးတော် ကိန်းအောင်းတော်မူရာ
နေရာဖြစ်လာပေမည်။
“ကောင်းမွန်သော တရားဟောချက်သည်
လူများတို့ကို ဘုရားသခင်အား သနားခံကြရန်ကူညီပါသည်။”
ကျွန်ုပ်သိရသလောက်ပြောရမည်ဆိုလျှင် ဤ အချက်သည် တရားဟောပြောခြင်းဆိုသည့်စကားလုံးကို
အဓိပ္ပါယ်ဖွင့်ဆိုရာ တွင် အသုံးဝင်သော အချက်ဖြစ်ပါသည်။ တရားဟောဆရာများတို့သည်
လူများတို့အား ဘုရားသခင်၏ မိန့်တော်မူသံနှင့် ချိတ်ဆက်ပေးပါသည်။ တရား
နာသူတစ်ယောက်အနေဖြင့် သူတို့သည် ဘုရားသခင်၏ မျက်မှောက်တော်ရှေ့
တွင်ရှိနေကြောင်းနှင့် သူ၏ထံတော်မှအဓိပ္ပါယ် ပြည့်၀သော အကြောင်းအရာ တို့ကို
ကြားနေရသည်ဟု မခံစားရကြပါက၊ ထိုဟောပြောချက်သည် အကျိုးဖြစ် ထွန်းမှုမရှိပါ။ ဤနည်းအတိုင်းပင်
ကောင်းမွန်သောတရားဟောချက်တို့သည် မည်သည့်တစ်စုံတစ်ရာသော
ဖွဲ့စည်းတည်ဆောက်ပုံနှင့်သဘောခြင်း ကိုက်ညီ စရာမလိုပါ။ တရားဟောချက်သည်
ကြားခံဆက်သွယ်ရေးအဖြစ်ရှိနေပါက ပြောင်းလွယ်ပြင်လွယ်သော အဓိပ္ပါယ်မျိုး
သက်ရောက်သွားပေမည်။ ၎င်း အချက်သည် တစ်စုံတစ်ရာသော ရိုးရာထုံးတမ်းယဉ်ကျေးမှုနှင့်
အခြေအနေတို့ အကြောင်းကို စိတ်ဝင်စားမှုများနှင့်
စိုးရိမ်ကြောင့်ကြမှုများတို့အပေါ် တုံ့ပြန် အဖြေပေးမှုပင်ဖြစ်ပါသည်။ အကယ်၍
ဘုရားသခင်က မည်သည့်အရာကို မိန့်တော်မူသည်ဆိုခြင်းကို လူအများတို့ကြားကြရအောင်
ကူညီပါက ၎င်းတရား ဟောချက်သည် ကောင်းမွန်သော တရားဟောချက်တစ်ခုဖြစ်ပြီး သွင်ပြင်
သဏ္ဌာန်ကိုဂရုမထား၊ အသားမပေးကြောင်းကို ပြသရာရောက်ပါသည်။ ဤ အချက်သည်
သမ္မာကျမ်းစာတော်တွင် ပါရှိသော မှီခိုနေရခြင်း အနေအထားကို ထင်ရှားစေပါသည်။
ကောင်းမွန်သော
တရားဟောချက်သည် အလွယ်တကူ နားလည်နိုင်ပါ သည်။ အချို့သော တရားဟောဆရာများတို့သည်
ရှုပ်ထွေးမှုကိုနက်နဲသော အရာနှင့်ရောထွေးစေကြပါသည်။ ကျွန်ုပ်၏အတွေ့အကြုံတွင်
ရိုးစင်းသော အမှန်တရားတို့သည် လေးနက်မှုအရှိဆုံးသော အရာများဖြစ်ကြပါသည်။
တရားနာကြသောသူတို့သည် ကောင်းမြတ်သော ဟောပြောခြင်းတို့ကို နား လည်ကြပါသည်။
ကောင်းမွန်သော တရားဟောဆရာများတို့သည် သူတို့ဟော ပြောပို့ချသော လူတို့၏ဘာသာစကား၊
ထုံးတမ်းစဉ်လာယဉ်ကျေးမှုနှင့် ထိုသူ တို့၏ စိတ်ဝင်စားမှုတို့ကိုနားလည်နိုင်ကြရန်
လုပ်ဆောင်ရကြပါမည်။ သူတို့ ဟောပြောသော သတင်းစကားနှင့်ပတ်သက်ပြီး
ရှုပ်ထွေးမှုမရှိစေရန်အတွက် ထိုကောင်းမြတ်သော တရားဟောဆရာများတို့သည် သူတို့၏
တင်ပြမှုတို့ကို အလွယ်တကူနားလည်အောင်ရှင်းပြခြင်းနှင့် ပေါင်းစည်းခြင်းများ
လုပ်ဆောင် နိုင်ကြရန်အတွက် ခက်ခဲစွာ လုပ်ဆောင်ကြရပါသည်။ ကိစ္စရပ်အများအပြား
တို့တွင် ကောင်းမွန်သောတရားဟောချက်များတို့သည် ဂုဏ်ယူအသိအမှတ်ပြု
ခြင်းနှင့်ဇောက်ချကြိုးပမ်းမှုတို့ကို ခွန်အားပေးရန်အတွက် ရိုးစင်းသော အကြံ အစည်
တစ်ခုဖြစ်သည့် အကြံပေးမှုတစ်ခုကိုကမ်းလှမ်းပေးပါသည်။
ကောင်းမွန်သောတရားဟောချက်သည်
သခင်ယေရှုခရစ်တော်အား ဂုဏ် အသရေမြင့်စေပါသည်။ ခရစ်ယာန်တရားဟောဆရာများ ဖြစ်ကြသည့်
အလျောက်၊ ကျွန်ုပ်တို့ဟောကြားသော တရားဟောချက်တိုင်းတို့သည် သခင် ယေရှုခရစ်တော်အား
ဂုဏ်အသရေမြင့်မားစေသင့်ပါသည်။ ကျမ်းချက်တိုင်းတို့ သည် ခရစ်ယာန်အယူဝါဒသဘောတရားနှင့်
တိုက်ရိုက်ရည်ညွှန်းမှုမရှိရာတွင် တရားဟောချက်တိုင်းသည် ဤအတိုင်းသာဖြစ်သင့်သည်ဟု
ကျွန်ုပ်ယုံကြည်ပါ သည်။
ကျွန်ုပ်ကြားဖူးခဲ့သမျှသော
ကောင်းမွန်သော တရားဟောချက်တိုင်းတို့ သည် အထက်ပါ အခြေခံအချက်လေးချက်တို့ကို
အသုံးပြုထားပါသည်။ ကောင်းမွန်သော တရားဟောချက်တစ်ခုသည် လူနှင့်ဘုရားသခင်တည်ရှိတော်
မူခြင်းကို လူနှင့်တရားဟောဆရာတည်ရှိခြင်းဖြင့် ပေါင်းစပ်ပေးပါသည်။ ဘုန်း တော်ရှင်နှင့်
လူသားတို့အနေဖြင့် အမှုတော်ဆောင်ခြင်းတွင် ပူးပေါင်းလုပ် ဆောင်ပါက ၎င်းသည်
ကောင်းမွန်သည့် တရားဟောပြောခြင်းပင်ဖြစ်ပါသည်။
ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည်
မည်သည့်အခြားဘာသာရေး သို့မဟုတ် အတွေးအခေါ်သဘောတရားရေးအကြောင်းဟောပြောသူ
မည်သူမဆိုအသုံးချ နိုင်ပါသည်။ ကောင်းသောတရားဟောဆရာတစ်ယောက်အား အဓိပ္ပါယ်ဖွင့်ဆို
ရာတွင် လူတစ်စုံတစ်ဦး၏ ကိုယ်ပိုင်ယုံကြည်ခြင်းခွန်အားပါဝင်ခြင်းမရှိပါ။
ပထမအချက်အနေဖြင့်
ကောင်းသောတရားဟောဆရာတစ်ယောက်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော
စိတ်ကူးစိတ်သန်းမျိုးရှိရပါမည်။ သူ့အနေ ဖြင့် တရားနာသူသည်
ကွက်ကွက်ကွင်းကွင်းမြင်အောင် ရှင်းလင်းပြတ်သား သောစိတ်ကူးစိတ်သန်းမျိုးကို
နှုတ်ဖြင့် ရှင်းလင်းဖော်ပြဆက်သွယ်ပေးနိုင်စွမ်းရှိ
ရပါမည်။ဥပမာအားဖြင့်သူသည်စိတ်ကူးယဉ်ဆန်သော နေရာတစ်ခုအကြောင်း ကိုပြောဆိုရာ၌
သင့်အနေဖြင့် ၎င်းနေရာသည် အမှန်တကယ်ရှိသည်ဟု စတင် ယုံကြည်လောက်အောင်၊
သူသည်အနည်းငယ်လောက်သော အချိန်အတွင်း ကျွမ်းကျင်စွာဖြင့် အသေးစိတ်
ရှင်းပြနိုင်ရပါမည်။ ဒုတိယအချက်အနေဖြင့် ကောင်းသောတရားဟောဆရာတစ်ယောက်သည်
အချက်အလက်ခိုင်လုံစွာဖြင့် ပြောဆိုရှင်းပြနိုင်စွမ်း ရှိရပါမည်။
ရှင်းရှင်းလင်းလင်း ပြောပြနိုင်ရုံမျှဖြင့် လုံ လောက်မှုမရှိပါ။ သူသည်
အာရုံစူးစိုက်မှုအတွက်ခံယူမှုရှိသော ပြုမူမှု တစ်စုံ တစ်ရာကို လုပ်ဆောင်ရပါမည်။
သူ့အနေဖြင့် တရားနာသူတို့အား ပျော်ရွှင်မှု ရှိစေရန် အာရုံပြောင်းပေးရပါမည်။
သူ၏ပြောစကားများတို့သည် ဆွဲဆောင် မှုရှိရပါမည်။ သူသည်
ဩဇာတိက္ကမနှင့်ပြည့်စုံသူလည်းဖြစ်ရပါမည်။ သူသည်
မသိကျိုးကျွန်ပြုသည့်သဘောထားမျိုးမရှိရပါ။
နောက်ဆုံးအချက်မှာ
ကောင်းသောတရားဟောဆရာတစ်ယောက်သည် တရားနာသူတို့ကို
ပုဂ္ဂိုလ်ချင်းတန်းတူအဆင့်မျိုးဖြင့် ပေါင်းသင်းဆက်ဆံရပါ မည်။
တရားဟောဆရာတစ်ယောက်သည် အဆုံးစွန်သော ဦးတည်ချက်ပန်း တိုင်၏ နှစ်သက်ဖွယ်ကောင်းသော
ရုပ်ပုံလွှာကို ရေးဆွဲကြရုံမျှဖြင့် လုံလောက်မှု မရှိသေးပါ။ တရားနာပရိသတ်အတွင်းမှ
အခြားသော သူများရရှိကြသော ဝိညာဉ်တော်နှင့်ပတ်သက်သော အရာများတို့ကို
ကျွန်ုပ်မခံစားရသည့်အပြင် “ကျွန်ုပ်သည် အပြစ်အနာအဆာများတို့ဖြင့် ပြည့်၀နေပါသည်ဟူ၍
ပြောဆို သောသူအား၊ ကောင်းသောတရားဟော ဆရာတစ်ယောက်သည် တစ်စုံတစ် ယောက်သောသူ၏ တိကျသော
အားနည်းချက်များတို့ကို ထုတ်ဖော်ပြောပြခြင်း နှင့် ထိုသူအား
ပုဂ္ဂိုလ်ရေးဆန်ဆန်ဖြင့် လက်ကမ်းကြိုဆိုနိုင်သော အရည် အချင်းရှိရပါမည်။
ပြင်ပသို့ထွက်ပြီးဟောပြောခြင်း
သို့မဟုတ် အကောင်းဆုံးသောဟောပြော ခြင်းဖြစ်ရန် အချိန်ရယူပါ။
အသက်တာတွင်ဖြစ်ပျက်တတ်သည့် အရာများနှင့် အလားတူပင် တရားဟောပြောခြင်းသည်
သင်ကြားပို့ချခြင်းဆိုင်ရာ အတတ် ပညာပိုင်း ကျွမ်းကျင်မှုတစ်ခုဖြစ်သည့်အပြင်
လက်တွေ့ကျကျလုပ်ဆောင်ပါက သင်သည် ဟောပြောခြင်း အရာတွင်
ကျွမ်းကျင်သူတစ်ယောက်အဖြစ်သို့ အမှန်တကယ်ရောက်ရှိသွားနိုင်ပါသည်။
ကံမကောင်းအကြောင်းမလှစွာဖြင့်
ကျွမ်းကျင်သောတရားဟောဆရာများ တို့သည် ချို့ငဲ့သောအထောက်အပံ့မျိုးကိုသာရရှိကြရာတွင်
တရားဟောစင်မြင့် ပေါ်၌ ဟောပြောပို့ချကြသောသူများတို့ပါမက၊ အမှုတော်ဆောင်ခြင်း၏ အဓိ
ပ္ပါယ်ကို မှန်ကန်စွာနားလည်ပြီး၊ စွမ်းအားနှင့်ပြည့်၀သည့်ဟောပြောချက်တို့ကို
ပို့ချနိုင်သောသူတို့ကပါ၊ ထိုအခြေအနေမျိုးကိုခံစားကြရပါသည်။ အသင်းတော်
အတော်များများက သူတို့၏ အသင်းအုပ်ဆရာတို့၏ တရားဟောပြောခြင်းနှင့် ပတ်သက်ပြီး
ကျေနပ်မှုမရှိကြခြင်းတို့ကို ထုတ်ဖော်ပြောဆိုကြပါသည်။ စီမံ ခန့်ခွဲခြင်း၊
သင်ကြားပို့ချခြင်း၊ ဟောပြောခြင်း၊ အသင်းတော်ကို အုပ်ချုပ်ခြင်း
နှင့်အသင်းတော်ဆိုင်ရာလုပ်ငန်းဆောင်တာ စသည့် နယ်ပယ်များတို့နှင့်ပတ် သက်သည့်
အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် ပါဝင်ပတ်သက်နေရကြသည့် အသင်းအုပ်ဆရာများတို့ကို
ကွင်းဆင်းလေ့လာချက်များအရ၊ မေးခွန်းမေးစရာ နှစ်ခုကိုတွေ့ရှိရပါသည်။ ပထမအချက်အဖြစ်
အမှုတော်ဆောင်ခြင်း ဆိုင်ရာ နယ်ပယ်သည် အလွန်အရေးကြီးလှသည့်အကြောင်းကို
သင်မည်ကဲ့သို့သဘော ရမည်နည်း။ ထိုမေးခွန်းကိုတုံ့ပြန်ဖြေကြားမှုမှာ ထူးထူးကဲကဲပင်
တရားဟော ပြောခြင်းဟူ၍ဖြစ်ပါသည်။
ဒုတိယမေးခွန်းအဖြစ်
သင်၏အချိန်အတော်များများကို မည်သည့်အရာ က လွှမ်းမိုးထားပါသနည်းဟူ၍
မေးမြန်းထားပါသည်။ သူတို့၏အဖြေမှာ တိကျပြတ်သားလှပြီး စီမံခန့်ခွဲမှုဟူ၍ဖြစ်ပါသည်။
တန်းစီဇယားတွင် တရား ဟောပြောခြင်းသည် နောက်ပိတ်ဆုံးနေရာတွင်သာ ရှိပါသည်။
မည်မျှဝမ်းနည်း စရာကောင်းပါသနည်း။ ကျွန်ုပ်တို့က အလွန်အရေးကြီးလှပါသည်ဆိုသည့်
အလုပ်ကို အနည်းအကျဉ်းမျှသာ လုပ်ဆောင်နေကြသည်ပင်။
“တရားဟောဆရာများတို့သည်တရားဟောကြားရကြပါမည်”
တရားဟောပြောခြင်းဆိုသည်မှာ
အသင်းအုပ်ဆရာတစ်ယောက်၏ အဓိ ကကျသည့်တာဝန်ယူရမှုပင်ဖြစ်ပါသည်။
ကောင်းသောအသင်းအုပ်ဆရာတစ် ယောက်သည် ဘုရားသခင်၏ နှုတ်တော်ထွက်တို့ကိုသာ
ဟောပြောသည်ဆို သည့်တိုင် ဆုတောင်းခြင်းအတွက် များစွာသောအချိန်ကိုအသုံးပြုကြရပါမည်။
သူထားရှိရမည့်ပထမဦးစားပေး အရာမှာ သူ၏ တရားနာပရိသတ်အသင်းသူ အသင်းသားတို့ကို
ဘုရားသခင်၏ နှုတ်တော်ထွက်အားဖြင့် ပြုစုပျိုးထောင်ပေး ရေးပင်ဖြစ်ပါသည်။
တစ်ကြိမ်တွင်
အသင်းတော်မှ အသင်းသူတစ်ယောက်သည် သူမ၏ အသင်းအုပ်ဆရာနှင့်ပတ်သက်ပြီး
ရောထွေးသောခံစားချက်ဖြင့် ကျွန်ုပ်ထံသို့ ရောက်ရှိ ပြီးရင်ဖွင့်ခဲ့ပါသည်။
သို့သော်ငြားလည်း အသင်းအုပ်ဆရာ၏ ကြည့်ရှု စီရင်ခြင်းနှင့် ပတ်သက်သည့်
ဆက်ကပ်အပ်နှံမှုကို သူမက ဂုဏ်ယူအသိအမှတ် ပြုခဲ့ပါသည်။ သို့ရာတွင် သူ၏ဟောပြောမှုသည်
များစွာသောလိုချင်တပ်မက် စိတ်ကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကြည့်ရှုစီရင်ခြင်းဆိုသည်မှာ
အမှုတော်ဆောင် ခြင်းတွင် မရှိမဖြစ်သော လက္ခဏာသွင်ပြင်ပင်ဖြစ်ပါသည်။ သို့သော်လည်း
၎င်းကြည့်ရှုစီရင်ခြင်း တစ်ခုတည်းဖြင့်သာဆိုလျှင် လုံလောက်မှုမရှိပါ။
တစ်နှစ်နီးပါးခန့်ကြာသောအခါတွင်
ကျွန်ုပ်ထံသို့သူမရောက်ရှိလာခဲ့ပြန်ပါ သည်။ သူမအနေဖြင့်
အဆင်ပြေသည့်ပုံမရှိကြောင်းကို ကျွန်ုပ်ပြောနိုင်ပါသည် “ကျွန်မရဲ့အသင်းအုပ်ဆရာအတွက်
ကျွန်မစိုးရိမ်မိတယ်” ဟူ၍ သူမကစတင် ပြောခဲ့ပြီးနောက် သူမကဆက်လက်ပြီး
“သူကအဟောအပြောမှာ အားနည်းမှု ရှိတဲ့အပြင် တရားဟောစင်မြင့်ပေါ်ကို
သူ့နေရာမှာအစားထိုးဖို့ ဧည့်သည်ဟော ပြောသူတွေကို
အမြဲတမ်းလိုလိုဖိတ်ခေါ်ကမ်းလှမ်းခဲ့တယ်။ သူ့ကိုတော့ကျွန်မ စိတ်ကုန်ပြီ” ဟူ၍
ပြောဆိုခဲ့ပါသည်။
အသင်းအုပ်ဆရာတို့မည်သည်မှာ
တရားဟောဆရာများဖြစ်ရကြပါမည်။
သူတို့အနေဖြင့်
တရားဟောစင်မြင့်မှနေပြီးထွက်ပြေးခြင်း သို့မဟုတ် ရှောင်ရှား
ခြင်းများလုပ်ဆောင်ရန်မသင့်ပါ။ ကောင်းသောတရားဟောဆရာများတို့သည် တရားနာ
ပရိသတ်များအတွင်း၌ရှိကြပြီး၊ သူတို့၏အဟောအပြောကို လိုလား နေကြပါက
ဧည်သည်ဟောပြောသူတို့သည် ချွင်းချက်အဖြစ်ဖြင့်သာ ရှိနေသင့် ကြပါသည်။
အသင်းအုပ်ဆရာတစ်ယောက်သည် အကြောင်းမဲ့သက်သက်ထိုင် နေပြီး၊
သူ၏အသင်းတော်အဖွဲ့ဝင်တို့က သူလုပ်ရမည့်အလုပ်ကို လုပ်နေကြ သည်ကိုကြည့်နေခြင်းသည်
မှန်ကန်သည်ဟုယူဆ၍မရနိုင်ပေ။
အချို့သောတရားဟောဆရာများတို့သည်
အဓိကပြဿနာမှာ ဘေးချော် ထွက်သွားကြပြီး သူတို့ဦးတည်ရည်ရွယ်သည့်သတင်းစကားမှ
လမ်းကြောင်း ပြောင်းသွားကြပါတော့သည်။ ထိုနောက်တွင် သူတို့သည် လူကြိုက်များသည့်
ထင်မြင်ချက်ကို သိုးသိုးညံ့ညံ့သတင်းကြားရုံမျှဖြင့် လိုက်လံပြောကြားကြပါ တော့သည်။
သူတို့သည် တရားဟောပြောခြင်းကို ပြဇာတ်နှင့်ဖျော်ဖြေတင် ဆက်မှုတို့ဖြင့်
အစားထိုးကြပါသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်တော် ထွက်တို့ကို ဟောပြောကြရမည့်အစား
ပွဲတော်များ၊ အတတ်ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများနှင့်
ဗန်းပြထားသည့်ထွင်လုံးတို့ကို ကြံကြံဖန်ဖန် တောက် တီးတောက်တက်စိတ်ကူးများတို့ကို
လုပ်ဆောင်လာကြပါသည်။
ယခုခေတ်အသင်းအုပ်ဆရာတို့ကိုရှေးခေတ်ပုရောဖက်များတို့နှင့်နှိုင်းယှဉ်
ကြည့်ပါ။
နမူနာအဖြစ်ယောနကိုကြည့်ပါ။ ဘုရားသခင်သည် ယောနကိုသာ
အမှုတော်ဆောင်နိုင်တော်မူခြင်းသာမဟုတ်ဘဲ၊ အားလုံးသောအမှုတော်ဆောင် တို့၏
အမှုတော်ဆောင်ခြင်းအတွက်ကိုသာ အထူးပြုမိန့်တော်မူရာတွင် သူ၏
နှုတ်တော်ထွက်သုံးခွန်းကိုသာ အသုံးပြုမိန့်တော်မူပြီး ၎င်းကို (ယောန ၁း၂) တွင်၊
“သင်ထ၍. . .၊သွားပြီးလျှင်. . .ကြွေးကြော်လော့” ဟူ၍ဖော်ပြ ထားပါသည်။ တရားဟောဆရာ
တို့မည်သည် တရားဟောစင်မြင့်ထက်မှ ထွက် ပြေးရန်မဟုတ်ပါ။ သူ၏အမှုတော်ဆောင်
လုပ်ငန်းသည် ထ၍သွားပြီးလျှင် ကြွေးကြော်လော့ ဆိုသည့်ကြိယာသုံးခု၏စေ့ဆော်မှုတို့ကို
ခံယူရပါမည်။
“ခွင့်လွှတ်ရန်မည်သည့်အကြောင်းမျှမရှိပါ”
အသင်းသူအသင်းသားတို့အနေဖြင့်
အသင်းအုပ်ဆရာတစ်ယောက်သည် တရားဟောစင်မြင့်ကိုရှောင်ရှားခြင်း၊ သို့မဟုတ်
အပတ်စဉ်ဟောပြောရမည့် တရား ဟောချက်ကို ရှောင်ရှားသည်ကိုမတွေ့မြင်လိုကြပါ။
၎င်းကိစ္စနှင့် ပတ်သက်ပြီး၊ သူတို့သည် အသင်းအုပ်ဆရာကို မည်သည့်အခါမျှပြောကြားကြ
မည်မဟုတ်သော်လည်း သူတို့စိတ်ဓာတ်ကျဆင်းမှုရှိကြမည်မှာ ကျိန်းသေမည် ဖြစ်ပါသည်။
အသင်းအုပ်ဆရာ များတို့သည် အသင်းတော်၏ အချိန်ပြည့် လုပ်သားများဖြစ်ကြပါသည်။
တရားဟောချက်ကိုပြင်ဆင်ရန် အချိန်ရယူခြင်း သည် အသင်းတော်လုပ်ငန်းအမျိုးအစား၏
အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါ သည်။ တရားဟောစင်မြင့်ကို ရှောင်ရှားသော သို့မဟုတ်
ညံ့ဖျင်း သောသတင်း စကားကိုဝေငှပေးသော အသင်းအုပ်ဆရာတစ်ယောက်သည် ခွင့်လွှတ်နိုင်
စရာအကြောင်းမရှိပါ။
ကောင်းမွန်သောတရားဟောပြောခြင်းသည်မယုံကြည်နိုင်လောက်အောင်
အရေးကြီးလှပြီး အသင်းတော်နှင့်လည်းလိုက်လျောညီထွေမှုရှိရပါမည်။ သင်၏ အသင်းတော်သည်
မည်မျှကြီးမားသည်၊ တစ်လအတွင်းတွင် သင့်အနေဖြင့် အကြိမ်မည်မျှ တရားဟောကြားရမည်
သို့မဟုတ် အသင်းသူအသင်းသား အရေအတွက်မည်မျှ တို့အပေါ်
အသင်းအုပ်အလုပ်ဆောင်ရွက်ရသည်ဆိုခြင်း တို့သည် အကြောင်းရင်းခံ မဟုတ်ပါ။
တရားဟောကြားခြင်း၊ အလုပ်၏နေရာ ကို အများသောမည်သည့်အရာကမျှ
ဝင်ရောက်နေရာယူခြင်းမရှိပါစေနှင့်။ တေးဂီတဖြေဖျော်ပွဲ၊ ရုပ်ရှင် သို့မဟုတ်
ပြဇာတ်တင်ဆက်မှုတို့ကို ဧဝံဂေလိ သတင်းစကားဟောပြောခြင်း၏နေရာတွင်
အစားထိုးခြင်းမပြုပါနှင့်။
တရားဟောဆရာတို့သည်
တရားဟောပြောခြင်းကိုသာ လုပ်ဆောင်ရကြ
မည့်အကြောင်းရင်းမှာ၊တရားဟောပြောခြင်းသည်ကယ်တင်ခြင်းဆီသို့ဦးတည်စေသည့် ဘုရားသခင်၏
တန်ခိုးတော်ဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ တရားဟော ပြောခြင်းသည်
စိတ်လှုပ်ရှားပျော်ရွှင်မှုဖြင့်လွှမ်းခြုံထားသည့် ဒေသနာတရားပင် ဖြစ်ပါသည်။
တရားဟောပြောခြင်းဆိုသည်မှာ ချစ်ခြင်းမေတ္တာ၏ အပြုံးပန်းပင် ဖြစ်ပါသည်။
တရားဟောပြောခြင်းသည် အပြစ်တရား၏အကြီးမားဆုံးသော ရန်ဘက်ဖြစ်ပါသည်။ တရားဟောခြင်းသည်
ကွဲအက်ကျိုးကျသော အိပ်မက် များမှ နိုးထတက်ကြွစေပါသည်။ တရားဟောပြောခြင်းသည်
အပြစ်သားတို့၏ အကောင်းဆုံးသော အဆွေခင်ပွန်းဖြစ်ပါသည်။ တရားဟောပြောခြင်းသည်
သန့်ရှင်းသူတို့၏ ညစာစားပွဲပင်ဖြစ်ပါသည်။ တရားဟောပြောခြင်းသည် ရောင်
ခြည်တော်ဖြန့်ကြက်ခြင်းခံရသော ပါရမီရှင်ဖြစ်ပါသည်။ တရားဟောပြောခြင်း သည်
ဘုရားကျောင်းရှိ ထိုင်ခုံတွင်ရှိသော ရေခဲကိုအရည် ပျော်သွားစေသည့် တရားဟောစင်မြင့်ပေါ်ရှိမီးဖြစ်ပါသည်။
“နှုတ်ကပတ်တော်ကိုဟောပြောပါ”
တရားဟောပြောခြင်းဆိုသည်မှာ
သမ္မာတရားတော်နှင့်အဆက်အသွယ်ပြု သည့် ဘုရားသခင်၏ အစီအစဉ်တော်တွင် အမြဲတစေပါဝင်သော
အစိတ် အပိုင်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝတ်ပြုကိုးကွယ်ခြင်းတွင် သူ၏ နှုတ်
တော်ထွက်ကို ဗဟိုပြုရကြပါမည်။ ချီးမွမ်းခြင်း၊ ဝန်ချတောင်းပန်ခြင်း၊ ကျေးဇူး
တင်ခြင်းများ၊ ကြွေးကြော်သီချင်းများ စသည့်အရာအားလုံးတို့သည် ဝတ်ပြုခြင်း
လုပ်ဆောင်မှုများတွင် လျော်ကန်သင့်မြတ်ပါသော်လည်း၊ အစီအစဉ်များ
သို့မဟုတ်တေးဂီတတစ်ခုတည်းအပေါ် အခြေခံသော အသင်းတော်တစ်ခု သည်
ရွေ့လျားနေသောသဲများပေါ်တွင်တည်ဆောက်ထားသော အသင်းတော် တစ်ခုပင်ဖြစ်ပါသည်။
တရားဟောပြောခြင်း၏ အခြေခံကျသော အစိတ်အပိုင်း ဖြစ်ပါသည်။
ယနေ့တွင်
သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်များတို့သည် ၎င်းတို့၏ မိဘမဲ့ကလေးဂေဟာများ၊
ဆေးရုံများနှင့်တက္ကသိုလ်များတို့အားဖြင့် နာမည် ကျော်ကြားနေကြပါသည်။
အတိတ်ကာလအချိန်က ကျွန်ုပ်တို့၏ ထူးခြားသော
စရိုက်လက္ခဏာဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ကျွန်ုပ်တို့၏ဟောပြောခြင်း နှင့်
ထင်ရှားသောသတင်းစကားများတို့ပင်ဖြစ်ပါသည်။ ၎င်းအချက်ကို လက်ခံ နိုင်ရန်မှာ
ဝမ်းနည်းဖွယ်ရာဖြစ်သော်လည်း အတော်များများသော ကျွန်ုပ်တို့၏ တရားဟောဆရာတို့သည်
ဒုတိယအဆင့်သာရှိသော စိတ်ပညာရှင်များတို့ ထက်မပိုသောအဆင့်မျိုးသာ ရှိကြပြီး
သူတို့သည် တရားဟောစင်မြင့်ကို ကွပ် ပျစ်တစ်ခုအဖြစ်မျိုးဖြင့်သာ အသုံးပြုကြပါသည်။
ယနေ့တွင်မူ ယခင်ကနှင့် မတူဘဲ ကျွန်ုပ်တို့အနေဖြင့် မူလအခြေခံအနေအထား
သို့ပြန်လှည့်သွားကြရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်ကို
ကျွန်ုပ်တို့ ရိုးသားတည် ကြည်ပြီး၊ ကျမ်းစာတော်မြတ်ကို အခြေခံသည့်တရားဟောပြောခြင်းဆီသို့
ပြန် လည်ကျိုးနွံကြရပါမည်။
သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏
တရားဟောဆရာများ ဖြစ်ကြ သည်အလျောက် ကျွန်ုပ်တို့သည်
ကျန်ကြွင်းသောအသင်းတော်ဝင်များဖြစ်ကြ သည့်အထောက်အထားကို ကျွန်ုပ်တို့
အသိအမှတ်ပြုရကြပါမည်။ ကျွန်ုပ်တို့ ဟောပြောရသောသတင်းစကားသည်
ပရိုတက်စတင့်ခရစ်ယာန်အုပ်စုတစ်စု လုံးနှင့်ဆိုင်သော သို့မဟုတ်
ဧဝံဂေလိသတင်းချည်းနှင့်သာ သက်ဆိုင်သော သတင်းစကားမျိုးမဟုတ်ပါ။ ဘုရားသခင်သည်
ကမ္ဘာမြေကြီး၏ သမိုင်းစဉ်တွင် ပါရှိသော ဤအထူးတလည်အချိန်ကာလအတွက် ပုရောဖက်ဆိုင်ရာ
သတင်း စကားကို ကျွန်ုပ်တို့အား ပေးထားတော်မူပါသည်။ သူ၏ အသင်းတော်ထံသို့
ကျွန်ုပ်တို့သည် ယခုပင်သူ၏သတင်းစကားတော်ကို ကြွေးကြော်ကြပါစို့။
“တရားဒေသနာကိုဟောပြောခြင်းသည်
အသားကို ဝေငှပေးခြင်းဖြစ်ပြီး စတော်ဘယ်ရီသီးများကို ဝေငှပေးခြင်းမဟုတ်ပါ”
ကဂ်ပက်ဆီမာရ်။
ကျွန်ုပ်တို့သည်
မျှော်လင့်ချက်နှင့်အသက်ရှင်နေကြသောသူများဖြစ်ကြပါ သည်။ (ဗျာ ၁၄း၆၊၇) ကို
မှန်ကန်စွာသိနားလည်ခြင်းသည် ဝိညာဉ်တော်နှင့် ပြည့်၀ပြီး အားမန်အပြည့်ရှိသော
အသင်းတော်ကို ကမ္ဘာကြီးအပေါ် ဧဝံဂေလိ တရားတော် အကြောင်းဝေငှပေးသည့်
သာသနာပြုလုပ်ငန်းကို လုပ်ကိုင်လို သည့်ခံယူချက်ရှိရှိဖြင့် ပုံမှန်လည်ပတ်နိုင်သော
အခြေအနေဆီသို့ ဦးတည်စေ ပါသည်။ သခင်ယေရှု၏ ပြန်လည်ကြွလာတော်မူခြင်းသည် ပီတိဖြာစရာ
ကောင်းသော သတင်းစကားဖြစ်ပါသည်။ တရားဟောဆရာများဖြစ်ကြသည့် အလျောက် ကျွန်ုပ်တို့သည်
၎င်းကြွလာခြင်းအတွက် ပြင်ဆင်နေကြသော သူတို့ ကို ကူညီကြရပါမည်။ သခင်ယေရှု၏
ပြန်လည်ကြွလာတော်မူခြင်းအကြောင်း ကို ကျွန်ုပ်တို့ကဟောပြောကြသည့်အလျောက်၊
သူကြွလာတော်မူမည့်အချိန် ရောက်ရှိလာသည်အထိ ထိုပြင်ဆင်နေကြသောသူတို့သည် အောင်မြင်မုSရှိရှိ ဖြင့်
အသက်ရှင်သန်ကြရေးအတွက် အကူအညီပေးကြသည့် ပုံစံမျိုးဖြင့် ကျွန်ုပ်တို့သည်
သတင်းစကားများကိုဝေငှပေးကြပါစို့။
“ဆုတောင်းခြင်းစွမ်းအားတန်ခိုး”
သင့်အားဆုတောင်းခြင်းအားဖြင့်
မစကြရန်၊ သင်၏ အသင်းတော်ကို တောင်းပန်ဖို့ ပန်ကြားပါ။ နှုတ်ကပတ်တော်ကို
အထူးအာရုံစိုက်ပြီး စေ့စပ် သေချာစွာနှင့်စိတ်အားထက်သန်စွာဖြင့် လေ့လာသင်ယူသော
အနေအထား၌ သင့်ကိုယ်ကို မြှုပ်နှံထားနိုင်ရန်အတွက် သင်၏အသင်းတော်ကို သူတို့၏ ဆု
တောင်းခြင်းများဖြင့် သင့်အားကူညီကြရန် ပန်ကြားတောင်းခံပါ။ ဘုရားသခင် ၏
ဦးဆောင်မှုနှင့် သူ၏နှုတ်တော်ထွက်ကိုနားလည်နိုင်စေသည့် နည်းလမ်းပွင့် လာအောင်
သင်၏အသင်းတော်အား သင့်ကို ဆုတောင်းပေးခြင်းဖြင့် ကူညီကြ ရန်ပန်ကြားပါ။
ထို့ပြင်သင်သည် အသင်းတော် ကိုသိုးထိန်းတစ်ယောက်ကဲ့သို့ ထိန်းကျောင်းရာတွင်
မှန်ကန်သောလားရာသို့ တူရူပြုနိုင်ရန် သူတို့၏ ဆု တောင်းခြင်းအားဖြင့်
သင့်အားကူညီရန် ပန်ကြားပါ။ (တမန်တော် ၆း၄။ ဧဖက် ၆း၁၉၊၂၀) သည့်နောက်တွင်
အတုံ့အလှည့်အားဖြင့် ဘုရားသခင်၏ နှုတ်တော် ထွက်တို့ကို ဟောပြောရန်နှင့်
သင်ကြားပို့ချပေးကြရန် ခေါ်တော်မူခြင်းခံရ ကြသော အသင်းသူအသင်းသားတို့အတွက်
သင်ကပြန်လည်ဆုတောင်းပေးရ ပါမည်။ သင်၏ အသင်းတော်အစီအစဉ်သည် နှုတ်ကပတ်တော်ဖြင့်သာ
ကျမ်း စာတော်မြတ်တွင် ဖော်ပြထားသော ဘုရားသခင်၏ အစီအစဉ်တော်အားဖြင့် တိုး၍တိုး၍
အလားသဏ္ဌာန်တူရန်အတွက် သင်၏အသင်းတော်သည် ဘုရား သခင်၏ နှုတ်တော်ထွက်ကို
နားစိုက်ထောင်ခြင်းတွင် မိမိတို့ကိုယ်ကို မိမိတို့ မြှုပ်နှံကြရေးအတွက်
ဆုတောင်းပေးပါ။
သမ္မာတရားတော်သည်
လူကြိုက်များသည်ဖြစ်စေ၊ လူကြိုက်မများသည် ဖြစ်စေ၊ တရားဟောဆရာတို့သည်
သမ္မာတရားတော်တစ်ခုလုံးကို ဟောပြော ကြရန်အတွက် အသင်းတော်ကလိုအပ်ပါသည်။
ဟေရှာယခေတ်ကာလအချိန် က လူများတို့သည် “ဗျာဒိတ်တော်ကိုမခံပါနှင့်ဟု
ဗျာဒိတ်ခံသောသူတို့အား လည်းကောင်း၊ မှန်သောစကားကို ငါတို့အား မဟောပါနှင့်။
ချော့မော့သော စကားကိုပြောကြပါ။ လှည့်စားသောစကားကိုဟောကြပါ” (ဟေရှာယ ၃ဝး၁၀) ဟူ၍
အော်ဟစ်ခဲ့ကြပါသည်။ ဤသဘောထားသည် ယခုခေတ်အသင်းတော် က အသုံးချသည့်သဘောထားဖြစ်ပါသည်။
သူတို့အား သက်သောင့်သက်သာ မရှိစေသည့် အရာမျိုးကို ပယ်ပစ်ကြရန်ရည်ရွယ်ရင်းရှိကြပါသည်။
သူတို့သည် သူ၏ အသက်တာပုံစံများတို့ကို အခိုင်အမာရှိစေပြီး၊ သူတို့အတွက်သာယာ သော
ခံစားမှုမျိုးကို ဖော်ဆောင်ပေးနိုင်သည့်အရာများတို့ကို ကြားသိလိုကြပါ သည်။
များစွာသောအသင်းအုပ်ဆရာတို့သည် သူတို့၏အသင်းသူ၊ အသင်း
သားတို့၏စိတ်ကြိုက်ကြိုးပမ်းမှု၏ထောင်ချောက်ထဲသို့ ထိုသူတို့၏အလိုဆန္ဒကို
ဖြည့်ဆည်းပေးခြင်းဖြင့် ကျဆင်းသွားကြပါသည်။
သင်တရားဟောကြားသောအခါ
သင်သည် မည်သူ့ကိုနှစ်သိမ့်ကျေနပ်မှ ရရှိစေရန် ကြိုးစားပါသနည်း။ သင့်အနေဖြင့်
လူတိုင်းလူတိုင်းကိုအချိန်တိုင်း တွင် နှစ်သိမ့်ကျေနပ်မှုကို
ပေးနိုင်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်ကိုယ်တော် တိုင်ကျေနပ်အားရတော်မူရန်ကိုသာ
သင်ကြိုးပမ်းရပါမည်။ ဇိမ်ကျကျနေထိုင် တတ်သည့်အမူအကျင့်ကို နှောင့်ယှက်သည့်
သတင်းစကားများနှင့် အနှောင့် အယှက်ပေးခံရသောသူတို့ကို
နှစ်သိမ့်မှုရရှိစေမည့်သတင်းစကားများတို့ကိုသာ သင့်အနေဖြင့်ဟောကြားရပါမည်။
သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်သည်
တစ်ကမ္ဘာလုံးကျယ်လောင်စွာ
ဖြင့်ကြွေးကြော်ပေးရန်အတွက်တန်ဖိုးရှိလှသောသတင်းစကားတော်ကိုပေးအပ်
ထားခြင်းခံရကြပြီးဖြစ်ပါသည်။ အနည်းငယ်သော ယခုအချိန်ကာလအတွက်၊ ဧဝံဂေလိတရားကို
ဟောကြားကြရန်အတွက် ကျွန်ုပ်တို့အား တာဝန်ပေးထား ခြင်း မဟုတ်မူဘဲ၊
အစဉ်ထာ၀ရတည်တံ့မည့် ဧဝံဂေလိတရားတော်ကို ဟော ကြားကြရန်အတွက်ဖြစ်ပါသည်။ ဤအချက်သည်
သမ္မာကျမ်းစာတော်မြတ်ကို လုံး၀ဥဿုံနားလည်သဘောပေါက်သည့် အဓိပ္ပါယ်သက်ရောက်ပါသည်။
ကျမ်း စာတော်မြတ်၏ ပထမဦးဆုံးသော စာမျက်နှာမှစပြီး သခင်ခရစ်တော်ပါဝင်
ပတ်သက်မှုရှိပါသည်။ ဓမ္မဟောင်းကျမ်းက သူ၏ ပထမဦးဆုံးသော ပေါ်ထွန်း တော်မူခြင်းကို
မျှော်မှန်းထားပြီး ကြိုတင်ပြင်ဆင်မှုလုပ်ထားခဲ့သည့် အကြောင်း ကို ဖော်ပြထားပါသည်။
ဓမ္မသစ်ကျမ်းမှာမူ ကမ္ဘာမြေကြီးပေါ်သို့ သူ၏ရောက်ရှိ လာတော်မူခြင်း၊ အသက်တာတော်၊
သေလွန်တော်မူခြင်းနှင့် အရေးကြီးဆုံးမှာ ကျွန်ုပ်တို့၏ကိုယ်စား
သူ၏အသနားခံတောင်းပန်မှုတို့ကို မော်ကွန်း ထိုးထားပါ သည်။ များစွာသော
တရားဟောဆရာတို့သည် လက်ရှိခေတ်ကာလ အခြေ အနေနှင့်ဆီလျော်မှုရှိသော
အကြောင်းအရာတို့ကိုသာ ဟောကြားရန်အလို့ငှာ
အထက်ဖော်ပြပါအဖိုးထိုက်လှသောသမ္မာတရားတော်များကို ဘေးဖယ်ထားကြ
ပါသည်။
သို့သော်လည်း
သခင်ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံ တွင် မည်သည့်အရာကို
လုပ်ဆောင်ပေးတော်မူသည်ဆိုခြင်းထက် ပိုမိုအရေး ကြီးသော အရာများရှိပါသေးသလား။ (ဒံယေလ
၇း၂၇) တွင်ဖော်ပြထားသော “အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသောအမျိုးသားတို့အတွက်”
နိုင်ငံနှင့်တကွ အာဏာစက်ဘုန်းတန်ခိုး ရှိသမျှကိုရရှိစေမည့်
တရားစီရင်တော်မူခြင်းသည် စတင်နေပြီဖြစ်ပါသည်။ ဧဝံဂေလိတရားတော်၏ ကောင်းမြတ်သော
သတင်း ဖြစ်သည့် ထာ၀ရကာလတည်တံ့မည့်ဧဝံဂေလိတရားတော် အားလုံးသော လူမျိုးတကာတို့အား
တပည့်တော်များအဖြစ်သို့ ရောက်ရှိသွားကြစေရန် လုပ် ဆောင်ရကြမည့်အမိန့်တော်နှင့်အတူ
ရပ်တန့်ခြင်းမရှိဘဲဟောပြောကြရပါမည်။ ၎င်းသည် ကျမ်းစာတော်မြတ်တွင်ပါရှိသော
ဗျာဒိတ်တော်များအပေါ်တွင် အခြေပြုပါသည်။ ကမ္ဘာဦးကျမ်းမှဗျာဒိတ်ကျမ်းအထိ၊
ဘုရားသခင်၏နှုတ်တော် ထွက်ကို ကျွန်ုပ်တို့အတွက် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော
ရွေးနုတ် တော်မူခြင်းမတိုင်မီ၊ သခင်ခရစ်တော်၏ အမှုတော်ဆောင်ရွက်တော်မူခြင်း
နောက်ဆုံးအဆင့်အထိ ကြွေးကြော်ရကြပါမည်။ ဤကဲ့သို့သော လုပ်ငန်းကို လုပ်ဆောင်ရခြင်းမှ
ရှောင်ပြေးခြင်းသည် ပေါ့ဆမှုရှိရုံတွင်မကဘဲ အပြစ်တစ်ခု ကို
လုပ်ဆောင်ကျူးလွန်ရာရောက်ပါသည်။ ဤကဲ့သို့သောသတင်းစကားတစ်ခု ကိုကြွေးကြော်ခြင်းသည်
ကြိုတင်ပြင်ဆင်မှုကိုတောင်းခံခြင်းပင် ဖြစ်ပါသည်။ မည်သည့်ဝက်(ဘ်)စိုက်ကမျှ
သမ္မာတရားတော်ကို လေ့လာသင်ကြားပြီး လူသူ ကင်းဝေးရာတွင်
ထာ၀ရဘုရား၏မျက်မှောက်တော်၌စိတ်ပါလက်ပါ ဆုတောင်း ခြင်းလောက်
တရားဟောဆရာတစ်ဦးကိုပြင်ဆင် ပေးခြင်းမပြုနိုင်ပါ။
“သခင်ခရစ်တော်ကိုမြှောက်ထားပါ”
“ခရစ်တော်သည်
သင့်အတွက် မည်သည့်ပုဂ္ဂိုလ်မျိုးဖြစ်သည်ဆိုခြင်းကို မသိမချင်း သင်သည်
တရားဟောပြောခြင်းကိုမပြုပါနှင့်” (အယ်လင်ဂျီဝိုက်)။
တရားဟောချက်တစ်ခုတွင်
ခရစ်တော်၏အကြောင်းကို ဖော်ပြထားခြင်း မရှိပါက၊ ၎င်းတရားဟောချက်သည် ခရစ်တော်ကို
လူတို့ကချစ်ခြင်းမေတ္တာ ရှိနိုင်ရန်စေ့ဆော်နိုင်ခြင်းမရှိနိုင်ပါ။
အရေးတကြီးလက်တွေ့ကျသည့်အကြောင်း ခြင်းရာများအပေါ်၊ လူတို့အားသင်က
နှိုးဆော်စည်းရုံးသည့်တိုင် သခင်ယေရှု ၏ ကောင်းမြတ်တော်မူခြင်းအကြောင်းကို
သင်မပြောဆိုမိသေးသည့်အချိန် အထိ တရားဟောချက်တစ်ခုကိုမဟောပြောမိပါစေနှင့်။
သင့်အနေဖြင့် စာရိတ္တ ဆိုင်ရာအတွေးအခေါ်ကိုသင်ကြား ရယူရမည်သာဖြစ်ပါသည်။
တရားနာသောလူထုပရိသတ်တို့နှင့်အတူ
ခရစ်တော်က အစဉ်အမြဲရှိနေ တော်မူစေရေးဆိုသည့် အရေးကြီးသောအချက်နှင့်ပတ်သက်ပြီး
အီးဂျီဝှိုက်က “လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံတော်မူခြင်း၊ ခရစ်တော်ရှင်ပြန်ထ
မြောက်တော်မူခြင်း၊ ကောင်းကင်ဘုံသို့ ခရစ်တော်ပြန်လည်တက်ကြွသွားတော် မူခြင်း၊
ခရစ်တော်နောက်တစ်ဖန် ပြန်ကြွလာတော်မူခြင်းတို့သည် အမှုတော်ကို ဆောင်ရွက်သောသူကို
ဤသမ္မာတရားတော်တို့အား ချစ်ခြင်းမေတ္တာနှင့် လေး နက်သော စိတ်အားထက်သန်မှုတို့ဖြင့်
လူများတို့ထံသို့ ဝမ်းမြောက်ဝမ်းသာ ခြင်းနှင့်အတူ ပျော့ပျောင်းသော
နှလုံးသားတို့ဖြင့် ပေးကမ်းလိုစိတ်ရှိလာစေ မည်ဖြစ်သည်။ ဤသို့ဖြင့် အမှုတော်ကို
ဆောင်ရွက်သောသူသည် မျက်ခြည် ပြတ်ခံရပြီးနောက်၊ သခင်ယေရှုသည်
ထင်ရှားလာတော်မူမည်ဖြစ်ပါသည်။ သခင်ယေရှုကိုမြှောက်ထားရန်အတွက် လူများတို့အား
သင့်အနေဖြင့် သင် ကြားပို့ချရာတွင် တရားဟောချက်အားဖြင့် တေးသီချင်းအားဖြင့်လည်းကောင်း၊
ဆုတောင်းခြင်းများတို့ဖြင့်လည်းကောင်း မြှောက်ထားရပါမည်။”
အရေးကြီးဆုံးမှာ
တရားဟောချက်တစ်ခုသည် ခရစ်တော်အပေါ်လူတို့က ချစ်ခြင်းမေတ္တာရှိကြစေရန်
စေ့ဆော်ပေးရပါမည်။ ဤအတိုင်းသာ သင်လုပ် ဆောင်ခြင်းမရှိပါက သင်၏ တရားဟောပြောမှုသည်
အချည်းနှီးသာဖြစ်ပေ လိမ့်မည်။ ခရစ်တော်အား ချစ်ခြင်းမေတ္တာရှိကြရန်
သင်၏တရားနာပရိသတ် တို့ကို ရိုးသားသောရည်ရွယ်ချက်ဖြင့် စေ့ဆော်ပေးမည့်အချိန်တွင်
စမ်းသပ်မှု အပေါ်တွင် သင်၏ကောင်းမွန်သော စေတနာကိုထားရှိပါ။ သင်၏ အသင်း
တော်ဝင်အသင်းသားတို့အား ကြုံလျှင်ကြုံသလို သင်၏တရားဟောချက်တွင်
မည်သည့်အကျိုးဖြစ်ထွန်းမှုကိုရရှိသည်ဆိုခြင်းကို မေးမြန်းကြည့်ပါ။ အကယ်၍ သာ သူတို့ပေးသောအဖြေတွင်
ခရစ်တော်ကိုကြီးမားသော ဂုဏ်ပြုအသိအမှတ် ပြုခြင်းနှင့် ချစ်ခင်တွယ်တာမှုမျိုးကို
ရောင်ပြန်ဟပ်မှုနှင့်ထင်ဟပ်မှ မရှိပါက သင်သည် သင်၏အသင်းသားများတို့၏ရှေ့၌
ကျရှုံးသူအဖြစ်သို့ရောက်ရှိ သွားပေမည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ရှင်ပေါလုက
(ဖိလိပ္ပိ ၁း၁၈) တွင် “လျှို့ဝှက်၍ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ဟောပြောသည်ဖြစ်စေ၊
အဘယ် သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ ခရစ်တော်၏ တရားကို ဟောပြော ခြင်းရှိ၏။
ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်” ဟူ၍
ဩဝါဒ စကားပေးထားပါသည်။
“သင်၏ဟောပြောချက်အတိုင်းရှင်သန်ပါ”
ကျွန်ုပ်သည်
မည်သည့်နေ့ရက်တွင်မဆို တရားဒေသနာတစ်ရပ်ကို နား ထောင်ကြားသိရခြင်းထက်
၎င်းတရားဒေသနာကို တွေ့မြင်ရခြင်းကို ပိုမိုလို လားပါသည်ဆိုသည့် ပြောဆိုမှုတွင်
မှန်ကန်မှုအတော်များများ ပါရှိပါသည်။ အသင်းအုပ်ဆရာတစ်ယောက်သည် သူ၏လူအစုအဖွဲ hအတွက် နမူနာတစ်
ယောက်ဖြစ်ရပါမည်။ မှန်ပါသည်။ ကုံလုံပြည့်စုံမှုဆိုသည်မှာ ဖြစ်နိုင်ချေမရှိ
သောအရာဖြစ်ပါသည်။ ၎င်းအစား ကျွန်ုပ်တို့အနေဖြင့် စဉ်ဆက်မပြတ်ကြိုးစား
ရယူခြင်းနှင့်အညံ့ခံနိုင်ခြင်းအားဖြင့် စံပြအနေအထားတွင်ရှိရကြပါမည်။ တစ်စုံ
တစ်ယောက်သည် ရိုးသားတည်ကြည်စွာဖြင့် တရားဟောပြောသောအခါ လူ အများတို့က
သူ၏ဟောပြောမှုပုံစံကိုသာမက သူ၏နေထိုင်မှုပုံစံကိုပါ အကဲ
ခတ်ကြည့်ရှုကြမည်ဖြစ်ပါသည်။
“တရားဟောပြောရသည့်အကြောင်းရင်းမှာ
သင့်အနေဖြင့် တစ်စုံတစ်ရာ ကိုပြောဆိုခြင်းကြောင့်မဟုတ်ဘဲ၊
ပြောဆိုစရာအကြောင်းတစ်စုံတစ်ရာရှိခြင်း ကြောင့် ဖြစ်ပါသည်။” (ရစ်ချတ်ဝှိုက်လီ)
တရားဟောပြောခြင်းကို
ကျွန်ုပ်နှစ်သက်မြတ်နိုးပါသည်ဆိုသည့်တိုင်၊ အ
နည်းငယ်သောအခြားလှုပ်ရှားမှုများတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်မှ
သတင်းစကားတစ်ခုကို ဘုရားသခင်၏ လူစုတော်တို့ရှေ့တွင် မတ်တတ်ရပ်ပြီး ဝေငှပေးခြင်းထက်
ကျွန်ုပ်ကို ပိုမို၍ရွှင်လန်းမှုရှိစေပါသည်။ ကျွန်ုပ်အနေဖြင့်
အပြောင်းအလဲကိုတွေ့ရှိလာရပြီး ၎င်းအပြောင်းအလဲသည် လူအများတို့၏
အသက်တာတို့တွင်ဖြစ်ပေါ်လာခြင်းအတွက် ကျွန်ုပ်သည် စိတ်လှုပ်ရှားမှုဖြစ်ရ ပါသည်။
ကျွန်ုပ်သည် သစ္စာရှိစွာနှင့် စိတ်လှုပ်ရှားစွာဖြင့် ဘုရားသခင်၏
နှုတ်တော်ထွက်တို့ကို ဟောပြောသောအခါ၊ လူအပေါင်းတို့သည် ခရစ်တော် နှင့်အလားတူသော
တပည့်တော်များအဖြစ်သို့ ပြောင်းလဲသွားကြပါသည်။ ကျွန်ုပ်သည်လည်း
ပြောင်းလဲသွားပါတော့သည်။
“ကြိုတင်ပြင်ဆင်ခြင်း”
အီဒင်ဝေ(လ်)စန်(န်)တိုဇေရ်က၊
“ကျွန်ုပ်သည် ပုရောဖက်တစ်ယောက်ဖြစ် ပြီး ချီးမြှောက်သူတစ်ယောက်၊ ထို့အပြင်
ဘာသာရေးဆိုင်ရာ စီမံခန့်ခွဲသူ တစ်ယောက် မဟုတ်ပါသော်လည်း
ပုရောဖက်တစ်ယောက်ဖြစ်ပါသည်” ဟူ၍ ရေးသားခဲ့ဖူးပါသည်။ အကျိုးသက်ရောက်မှုရှိသော
တရားဟောပြောခြင်းသည် ကြိုတင်ပြင်ဆင်ခြင်းမှစတင်ပါသည်။ ထို့အပြင် တရားဟောချက်ကို
ကြိုတင် ပြင်ဆင်ခြင်းသည် ဘုရားသခင်၏မျက်မှောက်တော်ရှိ တိတ်ဆိတ်မှုရှိသော နေရာမှ
အမြဲတစေစတင်ရပါမည်။
ဆာငတ်ခင်မွတ်သောသူများထံသို့
ဘုရားသခင်၏ နှုတ်တော်ထွက်ကို ကြွေးကြော်ကြရန်ရှိပါက၊ဘုရားသခင်၏မျက်မှောက်တော်၌
ရှိနိုင်မည့်အချိန်ကို ရယူရကြပါမည်။ ဤကဲ့သို့အားဖြင့်သာလျှင် ကျွန်ုပ်တို့သည်
ဘုရားသခင်ကို ကိုယ်စားပြုနိုင်ရန် ကြိုတင်ပြင်ဆင်နိုင်ခြင်းရှိကြမည်ဖြစ်သည်။ ဘုရားသခင်၏
သတင်းစကားတော်ကို ဝေငှဖြန့်ချိနိုင်ခြင်းသည် ကျွန်ုပ်တို့အတွက် ကြီးမား
သောအခွင့်ထူးတစ်ရပ်ပင် ဖြစ်ပါသည်။ သင်တရားဟောပြောသည်နှင့် ဘုရား သခင်၏
လူစုတော်ရှေ့တွင် သင်သည် ဘုရားသခင်၏ အသံအဖြစ်သို့ ရောက် ရှိသွားပေမည်။
ဝေလမ်ကား(လ်)ထရပ်(ယ်)စံ(န်)
က “အသက်မပါတဲ့တရားဟောချက် ဆိုတာ အသုံးမကျတဲ့တရားဟောချက်သာဖြစ်ပြီး
ဘုရားသခင်ရဲ့နှုတ်တော် ထွက် ပါဝင်ခြင်းမရှိတဲ့တရားဟောချက်ဟာလည်း
အစွမ်းထက်မြက်မှုမရှိပါ” ဟူ၍ ပြောဆိုခဲ့ဖူးပါသည်။ ကိုယ်တိုင်ကိုယ်ကျ
မိမိတစ်ဦးတည်းဝတ်ပြုခြင်း၊ ကျမ်းစာတော်မြတ်ကို လေ့လာရန်တို့အတွက်
အချိန်ကိုသီးသန့်ရယူထားခြင်း သည် အလွန်အရေးကြီးလှပါသည်။ အကျိုးသက်ရောက်မှုရှိသော
ကျွန်ုပ်တို့၏ ဟောပြောခြင်းနှင့် ဘုရားသခင်နှင့်အတူတကွ ပုဂ္ဂိုလ်ရေးဆန်ဆန် လမ်း
လျှောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာသောဓလေ့ စရိုက်တို့၏ စပ်ကြားတွင် တိုက် ရိုက်ဆက်စပ်မှုတစ်ခုရှိသည်ဆိုခြင်းကို
ကျွန်ုပ်တို့သိထားကြရပါမည်။ သင်၏ အသက်ဝိညာဉ်ကိုယ်၌က ဆာငတ်ခင်မွတ်မှုရှိပါက
အခြားသော သူတို့ကို လည်း အလုပ်အကျွေးပြုရန်အတွက် ကြိုးပမ်းနိုင်မည်မဟုတ်ပါ။
“တရားဟောဆရာတစ်ယောက်သည်မိမိကိုယ်ကိုမိမိပြုပြင်ရန်လုပ်ဆောင်
လိုက်သည်နှင့်မာရ်နတ်သည် ထိုတရားဟောဆရာအား မိမိကိုယ်ကိုမိမိမပြုပြင် နိုင်ရန်၊
တရားဟောချက်ကို ထိုတရားဟောဆရာက ပြင်ဆင်ရန်အတွက် အခြေအနေဖန်တီးပေးပါသည်”
ဗဲ့(န်)(စ်)ဟာ(ဗ်)နရ်(ရ်)။
ကျွန်ုပ်တို့၏
ဟောပြောချက်များတို့သည် ပြည့်စုံလုံလောက်မှုမရှိပါက၊ ကျွန်ုပ်တို့သည်လည်း
စုံလင်သောသူများမဖြစ်နိုင်ကြပါ။ တန်ခိုးတော်နှင့်ပြည့်၀ ပြီး ထိရောက်သော
အကျိုးသက်ရောက်မှုရှိသောတရားဟောချက်မျိုးရရှိရန်မှာ ဆုတောင်းခြင်းနှင့်
လေ့လာသင်ယူခြင်းတို့အတွက် အချိန်ကို လုံလောက်စွာ
အသုံးပြုရကြပါမည်။သင်တို့၏ကိုယ်ခန္ဓာအတွင်းသို h သူ၏သတင်းစကားတော် စီးဝင်သွားစေရေးအတွက်
ဘုရားသခင်ထံတော်မှတောင်းခံရယူကြပါ။
အခြားသောဂိုဏ်းခွဲအသင်းတော်အချို့တို့မှအသင်းအုပ်ဆရာများတို့သည်
ရက်သတ္တပတ်လုံးအတွင်း အခြားသောအလုပ်များတို့ကို လုပ်ကိုင်ဆောင်ရွက် ကြပြီး
နောက်သီတင်းပတ်အဆုံးတွင်မှ သူတို့၏ အသင်းတော်တို့အပေါ်၊ အသင်းအုပ်
လုပ်ငန်းဆောင်တာတို့ကို ဆောင်ရွက်နေကြပါသည်။ သို့ရာတွင် များစွာသော
အသင်းအုပ်ဆရာများတို့သည် မိမိတို့၏ တာဝန်ယူရမှုများနှင့်
ထူးခြားသည့်အလုပ်များတို့ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးအတွက်
ထိုနှစ်ခုလုံးသောအလုပ်တို့ကို မဖြစ်ဖြစ်သည့်နည်းဖြင့် ကြံဖန်လှည့်ပတ်ပြီး
ကတ်သီးကတ်သတ်လုပ်ဆောင်နိုင်ကြရန် စီမံခန့်ခွဲနိုင်ကြပါသည်။ ထို့အပြင် လည်း
အချိန်ပြည့်တာဝန်ရှိကြသည့် အသင်းအုပ်ဆရာများတို့သည် ထိထိ ရောက်ရောက်
လုပ်ဆောင်နိုင်စွမ်းရှိရကြမည့်အပြင် လုပ်ငန်းဆောင်တာများ တို့ကို
ပိုမိုပြီးမြောက်အောင် ဆောင်ရွက်နိုင်ရကြပါမည်။ ကောင်းမွန်သော တရားဟောချက်တို့ကို
ဟောကြားနိုင်ကြရေးအတွက် အသင်းအုပ်ဆရာများတို့ သည် ကြိုတင်ပြင်ဆင်မှုအတွက်
အချိန်ကိုလိုအပ်သလို ရင်းနှီးမြှုပ်နှံထားကြ ရပါမည်။
“ရှင်းလင်းပြတ်သားစွာဖြင့်ဟောပြောကြပါ”
ကျမ်းစာတော်မြတ်က
(နေဟမိ ၈း၈) တွင် “ထိုသို့ဘုရားသခင်၏ ပညတ္တိ ကျမ်းစာကို သေချာစွာဖတ်ရွတ်၍
အနက်ကိုပြန်သဖြင့်၊ လူများနားလည်စေ ခြင်းငှာ ပြုကြ၏” ဟူ၍ဖော်ပြထားပါသည်။
များစွာသောအသင်းအုပ်ဆရာ များတို့သည် အဓိပ္ပါယ်ပြည့်၀သောတရားဟောချက်တို့ကို
ဟောကြားနိုင်ကြရန် အတွက် ညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းလုပ်ဆောင်မှုမျိုးကို
လုပ်ဆောင်တတ် ကြပါသည်။ ကျွန်ုပ်သည် တရားဟောချက်တိုင်းကို နောက်ဆုံးဟောကြားရ
သည့်တရားဟောချက်အဖြစ်သဘောထားပြီး ဟောကြားပါက၊ ထိုတရားဟော ချက်များတို့သည်
အဓိပ္ပါယ်ပြည့်၀သော တရားဟောချက်များအဖြစ်သို့ ရောက် ရှိသွားကြပါသည်။ အမှတ်ရဖွယ်သောအခမ်းအနားများစွာတို့ကို
ကျွန်ုပ်သတိ ထားမိရာ၊ ယခင်ကျော်လွန်သွားခဲ့ပြီးသောဥပုသ်နေ့၌ ကျွန်ုပ်ဟောပြောခဲ့သော
နောက်ဆုံးတရားဟောချက်ကို ကြားသိခဲ့ရသော သေဆုံးသူ၏အသုဘအခမ်း အနားတွင်
ထိုတရားဟောချက်ကို အကျွန်ုပ်ပြန်လည်ဟောပြောခဲ့ရခြင်းပင် ဖြစ်ပါသည်။ ဤထော်လော်ကန့်လန့်နိုင်လှသည့်လက်တွေ့ဖြစ်ရပ်သည်
ကျွန်ုပ် ဟောကြားနေသော တရားဟောချက်တိုင်းတို့ကို အဓိပ္ပါယ်ရှိရှိအနေအထားသို့
ရောက်သွားစေရန် ကျွန်ုပ်အားအလေးထားလာစေသည့် တွန်းအားပေးမှုပင် ဖြစ်ပါသည်။
အခက်အခဲကာလများအကြားတွင် နေထိုင်ရကြပြီး သို့မဟုတ် ခိုင်မာစွာရပ်တည်ပေးမှုတို့ကိုလိုအပ်ကြသော
သင်၏ အသင်းသူအသင်းသား များတို hအတွက်ကို ထည့်စဉ်းစားပေးပါ။ သင်တရားဟောပြောသောအချိန်တွင်
သင်သည် အဓိပ္ပါယ်နှင့် ပြည့်၀သောနည်းလမ်းမျိုးဖြင့် သူတို့အား သူတို့၏
အသက်တာများတွင် သင်ကြားပို့ချပေးသည့် ဘုရားသခင်၏ ပစ္စည်းကိရိယာ တော်အဖြစ်
ရှိနေကြရပါမည်။
ဘုရားသခင်၏
သတင်းစကားတော်ကို သူ၏လူစုတော်တို့ထံသို့ ကျွန်ုပ် ဝေငှပေးသောအချိန်သည်
တည်ကြည်ခံ့ညားသော အချိန်ကာလဖြစ်ပါသည်။ သန့်ရှင်းရာမြေပြင်ပေါ်တွင် ကျွန်ုပ်တို့
လျှောက်လှမ်းနေကြသည်ဆိုခြင်းကို သိထားရကြပါမည်။ ဤအမှန်တရားသည် တရားဟောချက်တိုင်း၏
နိဂုံးအပိုင်း ကို မေတ္တာရပ်ခံခြင်းပြောစကားမျိုးဖြင့် အဆုံးသတ်စေရန် အကျွန်ုပ်အား
စေ့ဆော်ပေးပါသည်။ ကျွမ်းကျင်သော တရားဟောဆရာအတော်များများတို့ သည်
အတော်ကောင်းမွန်သောတရားဟောချက်တို့ကို ဟောကြားခဲ့ကြသည်ကို
ကျွန်ုပ်ကြားသိတွေ့မြင်ဖူးပါသည်။ သို့သော်လည်း လူတို့သည် အနူးအညွတ် မေတ္တာရပ်ခံခြင်းဆိုသည့်
အရေးကြီးသည့်အချက်ကို မကြာမကြာမေ့နေတတ် ကြသည်ကို တွေ့မြင်နေရပါသည်။
မေတ္တာရပ်ခံခြင်းမပါရှိသော တရားဟော ချက်တစ်ခုသည် မိန့်ခွန်းတစ်ရပ်ထက်
မည်သို့မျှပိုမိုထူးခြားမှုမရှိပါ။ ၎င်းသည် အသစ်ထွက်ရှိလာသော
စာအုပ်တစ်အုပ်ကိုကြော်ငြာပေးသော စာအုပ်ရောင်း သမားနှင့်တူပြီး၊ ထိုစာအုပ်ရောင်းသူက
ထိုစာအုပ်ကိုဖတ်ရှုရန် မည်မျှအရေး ကြီးကြောင်းကိုသာ ရှင်းလင်းပြောပြပေးပြီး၊
ထိုစာအုပ်ကိုဝယ်ယူရန်အတွက်ကို မူ
စာအုပ်ဝယ်ယူသူတို့အားမကမ်းလှမ်းမိခဲ့သကဲ့သို့မျိုးပင်ဖြစ်ပါသည်။ ကျမ်းစာ
တော်မြတ်ကိုလေ့လာခြင်းမှ
အခြေခံသည့်တရားဟောချက်မှာ၊ ၎င်း၏နိဂုံးပိုင်း တွင်
ခရစ်တော်၏ခေါ်ယူတော်မူခြင်းအကြောင်းဖြင့် အဆုံးသတ်ရန်မသင့်ပါ။ မေတ္တာရပ်ခံခြင်းသည်
အဘယ်ကြောင့်လိုအပ်ပါသနည်း။ အကြောင်းမှာ ၎င်း သည်
သမ္မာကျမ်းစာတော်မြတ်ဆိုင်ရာအချက်ဖြစ်ပါသည်။ ၎င်းသည် ကျိုး
ကြောင်းဆီလျော်မှုရှိသော အချက်လည်းဖြစ်ပါသည်။ ထို့ပြင်၎င်းအချက်သည် လူအများတို့ကို
သမ္မာတရားတော်ဆီသို့ တိုးလျှိုးဝင်ရောက်ကြရန် တိုက်တွန်း သောအရာဖြစ်ပါသည်။
အယ်လင်ဝှိုက်က
“အကြိမ်အတော်များများတို့တွင် စိတ်အတွေးများတို့ သည်
အခြားသောလုပ်ဆောင်မှုအမျိုးအစားများတို့ထက် ပုဂ္ဂိုလ်ရေးမေတ္တာ
ရပ်ခံခြင်းလုပ်ရပ်များတို့ကို ဆယ်ပြန်မကသောအင်အားများဖြင့် အထင်ကြီး
လေးစားမှုမျိုးရှိစေပါသည်” ဟူ၍ အခိုင်အမာပြောဆိုခဲ့ဖူးပါသည်။ တရား ဟောချက်၏
နောက်ဆုံးပိုင်းတွင် ဤထူးကဲသော ပုဂ္ဂိုလ်ရေးမေတ္တာရပ်ခံခြင်း မျိုးကို တရားဟောဆရာက
လျစ်လျူရှုလာပါက တရားဒေသနာတန်ခိုးသည် ပျောက်ဆုံးသွားပေလိမ့်မည်။ များစွာသောသူတို့၏
အသက်တာသည် ဤ
မေတ္တာရပ်ခံခြင်းအပေါ်တွင်တည်မှီနေပါသည်။“အသင်းသူအသင်းသားတရားနာပရိသတ်အစုအဝေးစီတိုင်းတို့ရှိ
တုံ့ဆိုင်းနေသော အသက်ဝိညာဉ်တို့သည် ဘုရားသခင်အတွက် လုံးလုံးလျားလျား
လုပ်ဆောင်ကြရေးဆီသို့ ဖျောင်းဖျ စည်းရုံးခြင်းခံရလုနီးပါးအနေအထားတွင်
ရှိနေကြပါသည်။ ခိုင်မာသော ဆုံး ဖြတ်ချက်ကို အချိန်အတိုင်းအတာတစ်ခုအတွက်သာမဟုတ်ဘဲ
ထာ၀ရတည်မြဲ သည့်ကာလအတွက်အထိပါ ဆုံးဖြတ်ထားရကြမည်ဖြစ်သော်လည်း၊ အမှုတော်
ဆောင်အနေဖြင့် သူ၏စိတ်နှလုံးထဲတွင် မကြာမကြာကြိမ်ဖန်များစွာဖြင့် သမ္မာ
တရားတော်ဆိုင်ရာ သတင်းစကား၏ ဝိညာဉ်နှင့်တန်ခိုးများ ကိန်းအောင်းခြင်း
မရှိခြင်းကြောင့် ချိန်ခွင်လျှာတွင်ရှိနေသောတည်ငြိမ်မှုမရှိကြသည့် အသက် ဝိညာဉ်များတို့အတွက်
တိုက်ရိုက်အသနားခံပေးခြင်းမျိုးကို မတွေ့ရှိရတော့ပါ” ဟူ၍ အယ်လင်ဝှိုက်က
ဆက်လက်ပြောဆိုထားခဲ့ပါသည်။
“သင့်အနေဖြင့်
တရားဒေသနာဟောပြောသည့်အကြိမ်တိုင်းတို့တွင် လူ များတို့အား သခင်ခရစ်တော်ထံတော်သို့
လာရောက်ကြရန် သင်မျှော်လင့်ပါ သလား။” (ဃ့မေူနျ H. Sစကမါနသည).
နာမည်အလွန်ကျော်ကြားသော
တရားဟောဆရာကြီး (Dတငါ့အ L. ဩသိပ) သည် တစ်ချိန်က ချီကာဂိုမြို့
ကြီးမီးလောင်ကျွမ်းမှုရက်သတ္တပတ် တနင်္ဂနွေနေ့တရား ဟောပြော၍အပြီးတွင် သူသည်
အနူးအညွတ်မေတ္တာရပ်ခံ
ခြင်းကိုမပြုလုပ်မိခဲ့ပါ။ထိုကြောင့်ထိုမီးလောင်မှုဖြစ်စဉ်တွင် သူ၏ဘုရားကျောင်း
အတွင်းရှိနေခဲ့ကြသော လူအများစုအပါအဝင် ရာပေါင်းများစွာသော သူတို့ သည်
ဝမ်းနည်းဖွယ်ရာသေဆုံးခဲ့ကြပါသည်။ နောက်ပိုင်းတွင်သူက ဤဖြစ်ရပ်
အကြောင်းနှင့်ပတ်သက်ပြီး “ကျွန်ုပ်၏ အမှုတော်ဆောင် သက်တမ်းနှစ်များ အားလုံးအတွင်း
ကျွန်ုပ်၏အကြီးမားဆုံးသော အမှားလုပ်ဆောင်မှု” ဟူ၍ မှတ်
ချက်ပြုဝန်ခံပြောဆိုခဲ့ပါသည်။
“သင်ဟောပြောသောသတင်းစကားကို
ပတ်ဝန်းကျင်ဖြစ်စဉ်နှင့်ဆက်နွှယ်ဖြစ်တည်မှုရှိပါစေ”
ကျွန်ုပ်တို့ဟောကြားပေးသောသတင်းစကားသည်
လူတို့၏ဂါရ၀ပြုလက်ခံ ကြသောအနေအထားတွင်ရှိရေးမှာ ၎င်းသတင်းစကားကို
ပတ်ဝန်းကျင်ဖြစ်စဉ် နှင့်ဆက်နွှယ်ဖြစ်တည်မှုရှိရကြပါမည်။ကျွန်ုပ်တို့သည်
ယဉ်ကျေးမှုဆိုင်ရာအခြေ အနေနှင့်သင့်လျော်သော၊ အကျိုးထိရောက်မှုရှိသော၊ ထို့အပြင်
အသုံးဝင် သော နည်းလမ်းတို့ဖြင့် ထိုပတ်ဝန်းကျင်ဖြစ်စဉ်တို့နှင့် အဆက်အသွယ်ပြုလုပ်
ကြရပါမည်။ ကျွန်ုပ်တို့၏ အသင်းသားအသင်းသူပရိသတ်ထုတို့သည် ကျွန်ုပ် တို့၏
သတင်းစကားများတို့နှင့်နှီးနွှယ်မှုရှိပြီး ထိုသတင်းစကားတို့ကို နားလည်
နိုင်ကြစေရန်ကျွန်ုပ်တို့က သေချာစေရကြပါမည်။ ကမ္ဘာမြေကြီးသည် ပြောင်း
လဲလျက်ရှိနေပါသည်။ ကျွန်ုပ်တို့၏ တရားဟောပြောမှုတွင် ထိုကမ္ဘာကြီး၏
အပြောင်းအလဲဖြစ်စဉ်ကို အသိအမှတ်ပြုရန် ငြင်းဆန်နေကြပါက ဧဝံဂေလိ တရားတော်သည်လည်း
နောက်ကြောင်းတွင်ကျန်ရစ်ခဲ့နေမည်သာဖြစ်ပါသည်။
ကျွန်ုပ်အနေဖြင့်
ကျမ်းစာတော်မြတ်ကိုအဆက်အစပ်ရှိရှိဖြင့် ဖော်ဆောင် လိုပါသည်ဟူ၍
မကြာမကြာပြောဆိုတတ်ကြပါသည်။ ၎င်းကဲ့သို့မျိုးလုပ်ဆောင် ရန်မလိုအပ်ပါ။
ယဉ်ကျေးမှုထုံးတမ်းဓလေ့တိုင်းတို့တွင် ထိုဆက်စပ်မှုများတို့ကို
ဖော်ပြထားပြီးကြောင်းကို ဘုရားသခင်က ကျွန်ုပ်တို့အား သတင်းစကားတော်
ပေးထားတော်မူခဲ့ပြီးသားဖြစ်ပါသည်။ “ရုပ်ရှင်သရုပ်ဆောင်တို့၏အကြောင်းကို
တွေးတောကြံဆပြောဆိုကြရာတွင် အမှန်တကယ်ဖြစ်ဘိသည်အလား ပြောဆို နိုင်ကြပါသည်။
တရားဟောဆရာများတို့မှာမူ အမှန်တကယ် ဖြစ်တည်မှုများ တို့ကို တွေးတောကြံဆ
ပြောဆိုကြသည့်အလား ပြောဆိုနေကြပါသည်”
(Thသာas
နြအအနမအသည) ကျွန်ုပ်တို့၏အလုပ်မှာ တရားဒေသနာကို ကြားနာသူ တို့က
ထိုဆက်စပ်မှုကို သိရှိမြင်တွေ့ကြစေရန်၊ နည်းလမ်းပေါင်းစုံဖြင့် ကူညီ
ပေးကြရန်ပင်ဖြစ်ပါသည်။ သူတို့အား နှုတ်ကပတ်တော်ကျမ်းစာတော်မြတ်ဆီ သို့
ခေါ်ဆောင်သွားကြခြင်းအားဖြင့် ကူညီပေးနိုင်ကြပါသည်။ သခင်ယေရှု
လုပ်ဆောင်တော်မူခဲ့သကဲ့သို့ လူအပေါင်းတို့သည် ဧဝံဂေလိသတင်းစကား တော်ကို
အကောင်းဆုံးဖြင့်နားလည်နိုင်ကြပြီး၊ ပြန်လည်တုံ့ပြန်ပေးဆပ်နိုင်ကြ
သည့်နည်းလမ်းမျိုးဖြင့် ကျွန်ုပ်တို့က ဟောပြောနိုင်ရကြပါသည်။
ကျမ်းစာတော်မြတ်ကိုအခြေပြုသည့်
အခြေခံစည်းမျဉ်းများကို ချန်ထားရစ် ခဲ့ချိန်တွင် ကျွန်ုပ်တို့သည်
ယဉ်ကျေးမှုဆိုင်ရာဆက်စပ်မှုနှင့်ပတ်သက်သည့် တရားဟောချက်များတို့ကိုသာ ဟောပြောကြရန်
ရည်ရွယ်ရင်းရှိကြပါသည်။ ထို မှားယွင်းသော ရည်ရွယ်ရင်းတို့ကို
ကျော်လွှားအောင်မြင်နိုင်ကြရန်အတွက် အောက်ပါမေးခွန်းများတို့ အပေါ်
ဦးတည်အာရုံပြုကြပါ။
အထက်ဖော်ပြပါကျမ်းစာတော်မြတ်ကို အခြေပြုသည့်
အခြေခံစည်းမျဉ်း များတို့သည် အဘယ်ကြောင့်အရေးကြီးပါသနည်း။
၎င်းအခြေခံစည်းမျဉ်းတို့သည်
ကျွန်ုပ်နှင့်မည်ကဲ့သို့ဆက်စပ်မှုရှိပါသနည်း၊
၎င်းအခြေခံစည်းမျဉ်းတို့နှင့်ပတ်သက်ပြီး
ကျမ်းစာတော်မြတ်က မည်ကဲ့သို့ ပြောပြထားပါသနည်း။
ကျွန်ုပ်၏အသက်တာတွင် ဤအသိဥာဏ်ဗဟုသုတကို ကျွန်ုပ်က
မည်ကဲ့ သို့ အသုံးချနိုင်ပါသနည်း။
၎င်းမေးခွန်းများအစား
ကျမ်းစာတော်မြတ်က
၎င်းအချက်တို့သည် အရေးတကြီးရှိလှသည်ဖြစ် သည့်အလျောက်
ကျွန်ုပ်အမှန်တကယ်လုပ်ဆောင်သင့်ပါသည်ဟူ၍ ဖော်ပြ ထားပါသည်။
“အင်တိုက်အားတိုက်ဖြင့်
တက်ကြွမှုရှိလှသော တရားဟောပြောခြင်း”
သင်သည်
စိတ်အားထက်သန်မှုရှိလှသော သို့မဟုတ် ငြီးငွေ hဖွယ်ကောင်း သော တရားဟောဆရာတစ်ယောက်ဖြစ်နေပါသလား။
ကျွန်ုပ်၏သာသနာ့ တက္ကသိုလ်ပါမောက္ခက “များစွာသောလူတွေဟာ ငြီးငွေ့ဖွယ်ကောင်းတဲ့
တရား ဟောဆရာတွေရဲ့ဟောပြောချက်တွေကို အောင့်အည်းသည်းခံနားထောင်ကြ
တဲ့သည်းခံခြင်းကြောင့် ကောင်းကင်နိုင်ငံတော်ကို ရောက်ရှိကြမှာဖြစ်ပါတယ်” ဟူ၍
မကြာမကြာပြောဆို နေခဲ့ဖူးပါသည်။ ကျွန်ုပ်အနေဖြင့် တရားနာပရိသတ် အတွင်းရှိ
မည်သူတစ်ဦးတစ်ယောက်ကမျှ သင်၏ဟောပြောမှုကို အောက်ပါ သဘောမျိုးဖြင့်
ဖော်ပြပြောဆိုခြင်း မရှိကြစေရန် ကျွန်ုပ်မျှော်လင့်ပါသည်။ ၎င်းမှာ “ငါ့ရဲ့တရားဟောဆရာဟာလေ
သူ့ရဲ့မျက်လုံးတွေက ဘယ်လောက်ပဲ လင်းလက်တောက်ပပါစေ၊ အဲဒီသူ့ရဲ့မျက်လုံးတွေကို
ငါဘယ်တော့မှမတွေ့ ရဖူးဘူး။ သူဆုတောင်းရင် သူ့မျက်လုံးတွေကိုပိတ်ထားတယ်။ သူတရားဟော
ပြောတဲ့အခါဆိုရင်လည်း သူ့ရဲ့စိတ်အတွေးကိုပိတ်ထားပြန်ရော” (ရေမန်(ဒ်) ဘာရ်ဘရ်)
ဟူ၍ဖြစ်ပါသည်။
ဤအကြောင်းနှင့်ပတ်သက်ပြီး
နောက်ထပ်ပုံဖော်ထားသည့်ဖြစ်ရပ်တစ်ခု မှာ၊ လူတစ်ယောက်သည် သူအိပ်ပျော်သောအခါ
ဟောက်တတ်သော အကျင့် အတွက် သူ၏ဆရာဝန်ထံသို့သွားရောက်ခဲ့ပါသည်။ ဆရာဝန်က
“ခင်ဗျားဒီလို အိပ်ပျော်ရင်း ဟောက်တတ်တဲ့အကျင့်က ခင်ဗျားရဲ့ဇနီးသည်ကို အနှောင့်
အယှက်မဖြစ်စေဖူးလား” ဟူ၍ သူ့အားမေးပါသည်။
ထိုသူကဆရာဝန်အား
“ကျွန်တော့်ဇနီးသည်ဟုတ်လား၊ ဘာဖြစ်လို့လဲ၊ ကျွန်တော်ဒီလိုဟောက်တာ
ကျွန်တော့်ဇနီးသည်ကိုအနှောင့်အယှက်ဘာဖြစ်လို့ ပေးရမှာလဲ၊ တရားဒေသနာဟောပြောချိန်မှာ
တရားနာပရိသတ်ထုအားလုံးကို ဒုက္ခပေးတာပါ” ဟူ၍ ပြန်လည်ပြောဆိုခဲ့ပါသည်။
အသင်းတော်တစ်ခုသည်
တရားဟောချက်တစ်ခုကို နားထောင်ကြရန် စုရုံးရောက်ရှိလာကြရာတွင် တရားဒေသနာကို
ကြားနာကြသောသူများတို့တွင် မတူညီသော အသက်အရွယ်ကွဲပြားခြားနားသော
ပညာရေးအဆင့်အတန်းရှိ သူများ၊ မတူခြားနားသောလုပ်ငန်းလုပ်ဆောင်သူများနှင့်မတူညီသော
နောက်ခံ အကြောင်းခြင်းရာများရှိကြသူများတို့ပါဝင်ကြပါသည်။ ထိုသို့သော လူပေါင်းစုံ
တို့ အတွင်းသို့ သတင်းစကားတော်ကို ရောက်ရှိစေသည့်နည်းစနစ်တစ်ခုကို ဖော်ထုတ်ရန်မှာ
တရားဟောဆရာ၏ အလုပ်ပင်ဖြစ်ပါသည်။ အကြောင်းခြင်း ရာ ဘာသာရပ်တစ်ခုစီတိုင်းတို့ကို
လူတိုင်း လူတိုင်းက စိတ်ဝင်တစားမရှိ သည့်တိုင်၊တစ်စုံတစ်ရာသောအကြောင်းခြင်းရာဘာသာရပ်တစ်ခုခုကို
မှန်ကန် သောနည်းလမ်းမျိုးဖြင့် ဝေငှပါက၊ သူတို့နားလည်နိုင်အောင် လုပ်ဆောင်ရာ
ရောက်ပါသည်။ ဤအတိုင်းသာဆိုလျှင် ဤစိန်ခေါ်မှုကို ကျွန်ုပ်တို့ မည်ကဲ့သို့
ရင်ဆိုင်ကြမည်နည်း။
တရားဟောချက်တို့ကို
လူတို့ကငြီးငွေ့မှုဖြစ်စေသည့် အဓိကအကြောင်း ရင်းခံတစ်ခုမှာ၊
၎င်းတရားဟောချက်ကိုပြင်ဆင်ချိန်တွင် စိတ်ပါလက်ပါမရှိခြင်း ပင်ဖြစ်ပါသည်။
အသင်းအုပ်ဆရာများတို့သည် အဆောတလျင်နှင့်နီးစပ်ရာ သတင်းစကားများတို့ကိုသာ
ဝေငှဟောပြောကြခြင်းကို နှစ်သက်ကြပါသည်။ ဤတရားဟောချက်မျိုးများတို့သည်
ကျွန်ုပ်တို့အား တက်ကြွမှုပေးသယောင် ရှိပါသည်။ သို့သော်လည်း
အကြောင်းအပေါင်းမသင့်စွာဖြင့် ဤကဲ့သို့သော
တရားဟောချက်မျိုးတစ်ခုကိုဝေငှပေးရသောအခါသမယမျိုးဆိုသည်မှာ အစဉ် အမြဲအလိုအလျောက်
မိမိဘာသာဖြစ်တည်မှုမရှိတတ်ပါ။ တစ်ခါတစ်ရံတွင် ဥပုသ်နေ့သို့ရောက်ရှိလာသည့်တိုင်
ဖြစ်စဉ်အမှန်ကို တွေးတောအဖြေရှာရင်း ကျွန်ုပ်တို့တွေဝေနေမိကြပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပေါ်ကျရောက် နေသည့် တာဝန်ကိုဖြည့်ဆည်းပေးရန်
လစာငွေအထုတ်ကောင်းရန်အတွက် လူကြားကောင်းသည့် အဖြည့်သဘောတရားဟောချက်တစ်ခုကို
ဟောကြား ရန်ဆိုသည်မှာ လွယ်ကူလွန်းလှပါသည်။ သို့ရာတွင်အထူးသတိထားပါ။ မှား ယွင်းသော
ရိုးသားမှုကြောင့် သင်၏တရားနာပရိသတ်တို့ကို လူနုံလူအများ
အဖြစ်သို့မရောက်ရှိကြပါစေနှင့်။
တရားဟောဆရာတစ်ယောက်အနေဖြင့်
သူ၏သတင်းစကားနှင့် ပတ် သက်ပြီး ရင်ပူရင်ဆာဖြစ်နေရပါမည်။ သူ၏စကားလုံးများထဲသို့
သွတ်သွင်း ခြင်းခံရသော စိတ်ဇောကပ်မှုတို့သည် သူ၏တရားနာပရိသတ်တို့၏ နှလုံးသား
အတွင်းသို့ စိမ့်ဝင်ပျံ့နှံ့သွားစေပါလိမ့်မည်။ ထိုနောက်တွင် ထိုပရိသတ်တို့သည် ထိုထက်မက
ရှင်သန်တက်ကြွမှုတို့နှင့်ဆက်စပ်သွားကြပေမည်။
အင်တိုက်အားတိုက်ရှိလှသော
တရားဟောဆရာတစ်ယောက်အဖြစ်သို့ သင်ရောက်ရှိသွားရေးအတွက် ကျွန်ုပ်သည်
သင့်အားစိန်ခေါ်တွန်းအားပေးလို ပြီး၊ သင်၏အမှုတော်ဆောင်ခြင်းတစ်လျှောက်၌
သင်၏ဝန်းကျင်တွင် ရှိနေကြ သောသူတို့သည် သင့်ကြောင့်ကောင်းချီးမင်္ဂလာကို
ခံစားရစေလိုပါသည်။ ဤ တုန်လှုပ်စရာကောင်းသောအခြေအနေမျိုးကို
ကြုံတွေ့လာရတော့မည်ဆိုပါက “အောင်မြင်ခြင်းဆိုသည်မှာ
အကောင်းဆုံးဆိုသည့်အဓိပ္ပါယ်မျိုးသက်ရောက်ပါ သည်။ ထူးချွန်မှုဆိုသည်မှာလည်း
သင့်အတွက်အကောင်းဆုံးသော အရာသာ ဖြစ်ပါသည်။ အများသောသူများအတွက်ဆိုလျှင်
အောင်မြင်ခြင်းသည် တစ်ဦး ချင်းတစ်ယောက်ချင်းအတွက်ထက် ပိုမို၍ ကောင်းမွန်ပြန်ပါသည်။
ထူးချွန်မှုကို တစ်ခါပြန်ဆန်းစစ်ကြည့်ပါက သင့်အတွက် မနေ့ကထူးချွန်မှုထက်၊ မနက်ဖြန်
တွင်ရှိလာမည့်ထူးချွန်မှုက ပိုမိုကောင်းမွန်ပြန်ပါသည်။ အောင်မြင်မှုသည်
အခြားသောလူတို့၏ အောင်မြင်ဖြစ်ထွန်းမှုများအတွက် လိုသည်ထက် ပိုလွန်း
သွားပြန်ပါသည်။ ထူးချွန်မှု၏အဓိပ္ပါယ်တစ်မျိုးမှာမူ၊ သင်၏လက်တွေ့ဘ၀ကို
သင်၏သက်ဝင်လှုပ်ရှားနိုင်မှုနှင့်ထိန်းညှိပေးမှုပင်ဖြစ်ပါသည်” ဆိုသည့်အချက်
တို့ကို သတိရစေလိုပါသည်။
“ထိထိရောက်ရောက်ပြောနိုင်သောတရားဟောဆရာတစ်ယောက်အဖြစ်သို့
မရောက်ရှိဘဲ၊ သင်သည်ကောင်းသောအသင်းအုပ်ဆရာတစ်ယောက် ဖြစ်နိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှု၊
စဉ်းစားဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်းတို hအတွက်မေးခွန်းများ။
၁။ ထက်မြက်သောတရားဟောဆရာတစ်ယောက်ကိုသင်၏ပုဂ္ဂလိကသဘော
ထားအရသင်မည်ကဲ့သို့အဓိပ္ပါယ်ဖွင့်ဆိုမည်နည်း။
၂။ အသင်းအုပ်ဆရာတစ်ယောက်အတွက် ဟောပြောခြင်းသည်
အဘယ့် ကြောင့် အဓိကကျသည့်တာဝန်ယူရမှုဖြစ်ရပါသနည်း။
၃။ တရားဟောဆရာများတို့သည်
အဘယ်ကြောင့်တရားဟောစင်မြင့်ပလ္လင်မှ ထွက်ပြေးကြပါသနည်း။
၄။ ငြီးငွေ့ဖွယ်ကောင်းသော
တရားဟောချက်များတို့ကို ဟောပြောခြင်းမှ ရှောင်ရှားနိုင်ရန်
သင်မည်ကဲ့သို့လုပ်ဆောင်မည်နည်း။
၅။ ဘုရားသခင်၏ နှုတ်တော်ထွက်ကို ဟောပြောပြီး
သခင်ခရစ်တော်ကို မြှောက်ထားရန်ဆိုသည့်အဓိပ္ပါယ်ကို သင့်အနေဖြင့်မည်ကဲ့သို့
မှန်မှန်ကန် ကန်အဓိပ္ပါယ် ဖော်ထုတ်မည်နည်း။
အခန်းကြီး - ၃
အခန်း (၃)
“ဝိညာဉ်ရေးဆိုင်ရာဦးစီးခေါင်းဆောင်တစ်ဦး”
အကျိုးထိရောက်သော
အသင်းအုပ်ဆရာဆိုင်ရာ အမှုတော်ဆောင်ခြင်း လုပ်ငန်းတွင် ဦးစီးခေါင်းဆောင်မှုသည်
မရှိမဖြစ်လိုအပ်ပါသည်။ ကောင်းမြတ် ခြင်း သို့မဟုတ် ဆိုးညစ်ခြင်းဆီသို့လည်းကောင်း၊
အောင်မြင်ခြင်း သို့မဟုတ် ကျဆုံးခြင်းဆီသို့ ဦးတည်စေနိုင်သော စွမ်းအားမျိုး
ထိုဦးစီးခေါင်းဆောင်မှု ကဏ္ဍက ပိုင်ဆိုင်ထားပါသည်။
ထိုအနေအထားမျိုးတို့ကို
အကောင်အထည်ဖော်ကြရန် ပျက်ကွက်ကြ သော၊ အသင်းအုပ်အများအပြားတို့သည်
ကြီးမားသောတွေးခေါ်မြော်မြင်မှုများ ရှိကြပါသည်။
ကောင်းမွန်သောအတွေးအမြင်များရှိရုံတစ်ခုတည်းဖြင့် သင့်အား ထိရောက်သော
ခေါင်းဆောင်တစ်ဦးအဖြစ် မဖော်ဆောင်ပေးနိုင်ပါ။ စစ်မှန် သောခေါင်းဆောင်မှုမည်သည်
ရည်ရွယ်ရင်းစိတ်ပါဝင်စားမှုများ၊ အတွေး အမြင် အကြံအစည်များနှင့်
ပြုမူနေထိုင်မှုများတို့၏ ပေါင်းဆုံမှုရှိရပါမည်။
ကောင်းမွန်သောခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး
အတော်အတန်များများ စားစားသောပုံစံနမူနာများတို့ကို ကျမ်းစာတော်မြတ်က
ကျွန်ုပ်တို့အားအသိပေး ဖော်ပြထားပါသည်။ မောရှေ၊ ရှမွေလနှင့်ဒါဝိဒ်တို့ကဲ့သို့သော
ဘုရားတရား ကြည်ညိုမှုရှိကြသည့် ခေါင်းဆောင်များတို့၏ ဩဇာသက်ရောက်မှုတို့သည်
ကျယ်ကျယ်ပြန့်ပြန့်ရှိလှကြောင်းကို ကျွန်ုပ်တို့ တွေ့ရှိနေကြရပါသည်။ လူတို့
အနေဖြင့်ကလည်း မည်သည့်နည်းဖြင့်မဆို အမှားကင်းသူများမဟုတ်ကြပါ။ သို့သော်လည်း
သူတို့သည် သူတို့၏လူများအတွက်နှင့် သူတို့၏ဘုရားသခင် အတွက်
ကြီးကျယ်သောအရာများတို့ကို ပြီးမြောက်အောင် လက်စသတ်နိုင်ခဲ့ ကြပါသည်။
ကျမ်းစာတော်မြတ်ကလည်း ရှောလု၊ အာဟပ်နှင့်မနာရှေတို့ကဲ့သို့ သော ဆိုးသွမ်းသော
ခေါင်းဆောင်တို့အကြောင်းကို အသိပေး ဖော်ပြထားပါ သေးသည်။
ထိုဆိုးသွမ်းသောခေါင်းဆောင်တို့သည် လူတို့အားမကောင်းမှုများ
ဆီသို့ရောက်ရှိသွားစေသည့် ဩဇာသက်ရောက်မှုမျိုးတို့အတွက် သူတို့၏ အာဏာတို့ကို
မည်ကဲ့သို့အသုံးချခဲ့ကြသည်ကို ပြသကြပါသည်။
(မဿဲ ၁၅း၁၄)
တွင်ဖော်ပြထားသည့် ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး
တစ်ချိန်ကသခင်ယေရှုမိန့်တော်မူခဲ့ရာတွင် “ထိုသူတို့ကိုရှိပါလေစေ။ သူတို့ သည်
လူကန်းတို့အားလမ်းပြသောလူကန်းတို့ဖြစ်ကြ၏။ လူကန်းချင်းတစ်ဦးကို
တစ်ဦးလမ်းပြလျှင်နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်” ဟူ၍ဖြစ်ပါသည်။
“တစ်စုံတစ်ရာကို မည်ကဲ့သို့လုပ်ဆောင်ရမည်ဆိုခြင်းကို လူတို့အား ပြောမပြပါ နှင့်။
သူတို့အားမည်သည့် အရာကိုလုပ်ရမည်ဆိုခြင်းနှင့် သူတို့လုပ်ဆောင်မှု တို့၏
ထွက်ပေါ်လာသောရလဒ်အားဖြင့် သင့်ကိုအံ့အားသင့်သွားပါစေ” (Gနသမါန
S. ဏအေအသည) သင့်လျော်သောဦးဆောင်မှ ချို့တဲ့ခြင်းသည်
လူများတို့ အား ဒုက္ခရောက်သွားစေနိုင်သည့်အနေအထားဆီသို့ ဦးတည်သွားစေနိုင်ပါ သည်။
အပြန်အလှန်အားဖြင့် ဘုရားသခင်၏ အခြေခံစည်းမျဉ်းတော်နှင့်
သဘောတူညီချက်ကိုက်ညီသောဦးဆောင်မှုသည် လူတို့အားဒုက္ခသုခတွင်းထဲမှ
ကယ်နုတ်နိုင်သောစွမ်းအားမျိုးရှိကြပါသည်။
သခင်ယေရှုသည်
သူ၏ခေတ်ကာလအချိန်ကရှိနေသောအသင်းတော်ကို ချင့်တွက်ရာတွင် (မဿဲ ၉း၃၆) ၌
“အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်း သည်ဖြစ်၍
ထိန်းသူမရှိဘဲပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏” ဟူ၍ဖော်ပြထား ပါသည်။ ဣသရေလလူမျိုးတို့၏
စိုးရိမ်ဖွယ်ရာဦးဆောင်ခံရမှု အခန်းကဏ္ဍကို သတိမူမိတော်မူခဲ့သည်အလျောက်သူတို့အတွက်မျက်ရည်ကျတော်မူခဲ့ပါသည်။
သူတို့သည် ကြံရာမရဖြစ်လောက်အောင် လိုအပ်မှုရှိနေကြပြီး ခေါင်းဆောင်မှု
ကင်းမဲ့နေခဲ့ကြပါသည်။
သခင်ယေရှုခေတ်ကာလကကဲ့သို့ပင်
ယနေ့ကမ္ဘာကြီး၏ အသင်းတော် သည် ခေါင်းဆောင်ပိုင်းဆိုင်ရာအရေးအခင်းတစ်ရပ်နှင့်
ရင်ဆိုင်နေရပါသည်။ လူများတို့သည် သေရေးရှင်ရေးအနေအထားတွင် ကျရောက်လျက်ရှိနေကြပြီး
ရိုးရိုးခေါင်းဆောင်များကိုဆိုလိုခြင်းမဟုတ်သည့် ဝိညာဉ်ရေးဆိုင်ရာ ဦးဆောင် ဦးရွက်ပြုနိုင်သောခေါင်းဆောင်များတို့ကို
လိုအပ်နေကြပါသည်။ ခရစ်တော် အတွက် ကမ္ဘာမြေကြီးအနှံ့အပြားသို့ ရောက်သွားကြမည့်
ဝိညာဉ်ရေးဆိုင်ရာ မျိုးဆက်သစ်ခေါင်းဆောင်များတို့ကို ဘုရားသခင်က
ဖော်ထုတ်မြှင့်တင်တော် မူနေသည်ဆိုခြင်းကို ကျွန်ုပ်ယုံကြည်မှုရှိပါသည်။
“ခေါင်းဆောင်မှုအတန်းအစားများ”
ခေါင်းဆောင်မှုဆိုသည်ကို
အတန်းအစားနှစ်မျိုးဖြင့် ခွဲခြားနိုင်ပါသည်။
မွေးရာပါအရည်အချင်းရှိသောဦးစီးခေါင်းဆောင်မှု
– အချို့သောသူတို့ သည် မွေးဖွားလာစဉ်ကတည်းက ခေါင်းဆောင်မှုအရည်အသွေးရှိကြသော
သူများဖြစ်ကြပါသည်။ အခန်းတစ်ခုထဲတွင် လူဆယ်ယောက်ကို ထည့်ထားပြီး
ပင်ကိုခေါင်းဆောင်မှုအရည်အချင်းရှိနိုင်သူကိုရွေးရမည်ဆိုပါက သင့်အနေဖြင့် မိနစ်ပိုင်းအတွင်း
အလွယ်တကူရွေးထုတ်နိုင်ခြေရှိပါမည်။ ဤသူတို့သည် ပင် ကိုယ်အားဖြင့်
ခေါင်းဆောင်မှုအခန်းကဏ္ဍအနေအထားကို တာဝန်ယူနိုင်ကြ သူများဖြစ်ကြပါသည်။
ဝိညာဉ်တော်ဦးဆောင်မှုအားဖြင့်သာ
ခေါင်းဆောင်နိုင်သူများ - ဝိညာဉ် တော်၏ဦးဆောင်မှုအားဖြင့်သာ လုပ်ဆောင်ကြသော
ခေါင်းဆောင်များတို့ သည် ဘုရားသခင်၏ ဝိညာဉ်တော်ဦးဆောင်ပဲ့ပြင်မှုကိုသာ
လိုလားကြပါသည်။ သူတို့သည် အခြားသောသူတို့အား ခေါင်းဆောင်ကြသည်သာမက သူတို့ကို
ဘုရားသခင်က ဦးဆောင်ပဲ့ပြင်ရန်အတွက်ကိုပါ ခွင့်ပြုကြပါသည်။ သူတို့သည် သူတို့ထံတွင်
ဘုရားသခင်က အသစ်သော စိတ်နှလုံးအသက်တာ စိတ်ဓာတ် လှုံ့ဆောင်မှု၊
စိတ်ဆန္ဒမြော်မြင်တွေးတောမှုနှင့်တန်ဖိုးရှိမှုများတို့ကို သွတ်သွင်း
ပေးတော်မူခြင်းကို ခွင့်ပြုပေးကြပါသည်။
“ဝိညာဉ်တော်ဖြင့်ပြည့်၀သော
ခေါင်းဆောင်တစ်ဦး”
အသင်းအုပ်ဆရာတစ်ယောက်သည်
ဝိညာဉ်ရေးနှင့် ပြည့်၀သောခေါင်း ဆောင်ဖြစ်ရပါမည်။
ကျွမ်းကျင်လိမ္မာမှုနှင့်အတွေ့အကြုံ နှစ်မျိုးလုံးတို့သည် အရေးကြီးသော
ကြန်အင်လက္ခဏာများဖြစ်ကြသည်အလျောက်၊ ၎င်းတို့ကို နိမ့်ကျသွားအောင်
ချိုးနှိမ်ခြင်းမပြုသင့်ပါ။ သို့သော်လည်း ဝိညာဉ်တော်နှင့် ပြည့်၀ခြင်းနှင့်
ဝိညာဉ်တော်၏ဦးဆောင်မှုတို့သည် အသင်းအုပ်ဆရာဆိုင်ရာ ခေါင်းဆောင်မှုတွင်
အရေးအကြီးဆုံးနှင့် မရှိမဖြစ်ရှိသင့်ရှိထိုက်ဆုံးသော အရည်အချင်းများတို့ပင်
ဖြစ်ကြပါသည်။ အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် ရှိသော စစ်မှန်သောစွမ်းအားသည်
ဘုရားသခင်နှင့်တစ်ပြန်တစ်လှည့် ဆုံစည်း ခြင်းအားဖြင့်
ရရှိလာသည့်ဝိညာဉ်တော်ရေးရာခံယူချက်မှ စီးဆင်းလာသော အရာဖြစ်ပါသည်။
အသင်းတော်ဦးဆောင်မှုဆိုသည်မှာ
ဝိညာဉ်ရေးရာအတွက် ခေါ်ယူ တာဝန်ပေးမှုတစ်ရပ်ပင်ဖြစ်ပါသည် -
ဝိညာဉ်ရေးရာကိစ္စရပ်များနှင့်ပတ်သက် လာပြီဆိုလျှင်
အားလုံးသောအသင်းတော်ခေါင်းဆောင်များတို့သည် ထိုအရေး အရာတို့ကို မဖြစ်မနေ
ဆောင်ရွက်ကြရမည့်အရာအဖြစ် အဓိကထားရကြပါ မည်။ ခေါင်းဆောင်မှုဆိုသည်ကို
ကြီးမားသောအခွင့်ထူးအဖြစ် ရှုမြင်ရကြမည် ဖြစ်ပြီး
ထိတ်လန့်စရာကောင်းသောတာဝန်ယူရမှုတစ်ခုအဖြစ် မမှတ်ယူရပါ။ သင်၏ ဘုရားသခင်နှင့်
ပုဂ္ဂိုလ်ရေးဆက်ဆံမှုကို အလျင်ဦးဆုံးလုပ်ဆောင်ရ မည်ဖြစ်ပါသည်။
ဝိညာဉ်ရေးဆိုင်ရာသဘောခံယူချက်ကို ကိုယ်ရေးကိုယ်တာ တိုးတက်ဖွံ့ဖြိုးမှုပုံစံမျိုး
ဖြစ်လာအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ သင့်အနေဖြင့် အများပြည်သူအပေါ်
အဓိပ္ပါယ်ပြည့်၀သည့် ဩဇာသက်ရောက်လွှမ်းမိုးမှုမျိုး
တစ်စုံတစ်ရာရရှိနိုင်ပြီးမှသာလျှင် ထိုဖွံ့ဖြိုးတိုးတက်မှုမျိုးကို ဖော်ဆောင်ရပါ
မည်။ (ယေရမိ ၃း၁၅) တွင် ကျွန်ုပ်တို့အား ကျမ်းတော်မြတ်က၊ ဘုရားသခင် အနေဖြင့်
သူနှစ်သက်တော်မူသောသူကို သင်းအုပ်အရာတွင်ခန့်ထားတော် မူပြီး ထိုသူတို့သည်
ဥာဏ်ပညာနှင့်ပြည့်စုံကြကာ အခြားသော သူတို့ကို ဦးဆောင်ကြမည့်အကြောင်းကို
ကျွန်ုပ်တို့အားသင်ကြားပေးပါသည်။
ဤဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်များတို့သည်
သူတို့၏ ထိုးထွင်းသော ဥာဏ်တို့ကို
ကိုယ်ကျင့်တရားနှင့်ဝိညာဉ်ရေးရာအံဝင်ခွင်ကျမှုတို့ဖြင့် ချိတ်ဆက် ထားရကြပါမည်။
ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာပညာရေးဆိုင်ရာ အလေး ထားမှုကို ကျွန်ုပ်တို့၏
ပထမဦးစားပေးအဖြစ်သတ်မှတ်ထားကြမည့်အစား၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ
အမှုတော်ဆောင်လုပ်ငန်း၏ ငြီးငွေ့ ပျင်းတွဲ ဖွယ်အနေအထားကို မှောက်သိမ်းသွားစေရန်
အလျင်ဦးစွာဆောင်ရွက်ရပါ မည်။ သမ္မာတရားတော်ကို ထုတ်လုပ်ပေးသောစက်များအဖြစ်သို့
ရောက်ရှိလာ ရေးအတွက် လုပ်ဆောင်ကြရာတွင် ထိုထုတ်လုပ်သောစက်တို့ကို ယုံကြည်စိတ်
ချရသော အခြေအနေမျိုးရရှိရန်မှာ လုပ်ဆောင်မှုများမပါရှိသည့်တိုင်အောင်
လွယ်ကူလှပါသည်။ ဘရိုင့်(န်)ဖေ(လ်)စန်(န်) ဆိုသူက “သင့်အနေဖြင့် သင်၏
ခေါင်းဆောင်မှုအရည်အသွေးတို့ကို မြှင့်တင်နိုင်ခြင်းအားဖြင့် များစွာသော
ခေါင်းဆောင်များ၊ အမှုမဲ့အမှတ်မဲ့ဖြစ်နေကြသော အရာတစ်ခုဖြစ်သည်။ ကြီးကျယ်သော
ဦးဆောင်မှုဆိုသည်မှာ ဝိညာဉ်ရေးဆိုင်ရာ ရှုထောင့်တစ်ခုကို
ဖြည့်သွင်းပေးနိုင်သည်ဆိုသည့်အချက်ကို သဘောပေါက်နားလည်နိုင်သော
လုပ်ငန်းအသက်တာမျိုးကို ရရှိနိုင်ပေမည်” ဟူ၍ပြောကြားထားပါသည်။
ဝိညာဉ်ရေးဆိုင်ရာဦးဆောင်မှုဆိုသည်မှာ
ဘုရားသခင်၏ လူစုလူဝေး တော်တို့ကို သူအလိုရှိတော်မူသောအရပ်တွင် သိုးထိန်းများအဖြစ်
ဦးဆောင်ရ ကြပါမည်။ ဤအချက်သည် လက်ဦးမှုရယူရန် သူ၏နည်းစနစ်တော်တို့ကို
အသုံးချရန်နှင့် သူ၏ တန်ခိုးတော်အပေါ်အမှီပြုရကြမည့် အဓိပ္ပါယ်ကို ဖော် ဆောင်ပါသည်။
ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်မှု၏ရည်မှန်းချက်ပန်းတိုင်မှာ လူတို့သည်
ဘုရားသခင်ကိုသိရှိလာကြရေးအပြင် သူတို့လုပ်လေကိုင်လေသမျှ တိုင်းတို့တွင်
ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြရန်အတွက်ဖြစ်ပါသည်။
ရှိသင့်ရှိထိုက်သည့်
ခေါင်းဆောင်အရည်အချင်းမျိုးရှိနိုင်ကြရန်အတွက် ကျွန်ုပ်တို့သည် အစီအစဉ်တို့ကို
ချမှတ်ပြဌာန်းကြသည်ထက် လူတို့ကိုတိုးတက် မှုရှိလာကြအောင် လုပ်ဆောင်ရကြပါမည်။
ဝိညာဉ်ရေးဆိုင်ရာဦးဆောင်မှုဆို သည်မှာ ညွှန်ကြားချက်ပေးရန်ချည်းသာမဟုတ်မူဘဲ ပြောင်းလဲခြင်းကို လုပ် ဆောင်ရကြပါမည်။
သင်မည်သည့်အရာကို အလိုရှိသည်အတိုင်း လူတို့ကိုလုပ် ဆောင်စေနိုင်သော်လည်း
သူတို့၏နှလုံးသားများတို့သည် ပြောင်းလဲလာခြင်း မရှိကြပါက သင်သည်သူတို့အား
ဝိညာဉ်ရေးရာနှင့်ပတ်သက်လာလျှင် ဦး ဆောင်မှုမရှိသေးကြောင်း ပေါ်လွင်ပါသည်။
ဘုရားသခင်အလိုရှိတော်မူသော နေရာသို့ သူတို့ရောက်ရှိသွားအောင် သင့်အနေဖြင့်
သူတို့ကိုမခေါ်ဆောင်နိုင် ထားသော သဘောသက်ရောက်ပါသည်။
ဝိညာဉ်ရေးဆိုင်ရာ
ဦးစီးခေါင်းဆောင်ဆိုသည်မှာ ဆုတောင်းခြင်း၌ မွေ့လျော်သောသူဖြစ်ပါသည် -
ဆုတောင်းခြင်းအတွက် အချိန်ကို အတော် အတန် အသုံးချခြင်းသည် အသင်းအုပ်ဆရာတစ်ယောက်၏
နေ့စဉ်အသက် တာတွင် မုချအပြည့်အဝလိုအပ်သည့် ယုံကြည်စိတ်ချရသော လုပ်ရပ်ဖြစ်ပါ သည်။
ဤအချက်သည် ခရစ်ယာန်တစ်ဦးချင်းတို့၏ အသက်တာတွင် ရှိနေရ မည့်
အစိတ်အပိုင်းဖြစ်နေရမည်ဆိုသည့်တိုင် အသင်းအုပ်ဆရာအတွက်မှာမူ သူ၏အသက်တာတွင်
အထူးထူးသော မှန်ကန်မှုပင်ဖြစ်ပါသည်။ ဆုတောင်း ခြင်းဆိုသည်မှာ
ရိုးစင်းသောရိုးရာဓလေ့ထက် လေးနက်မှုအရာတွင်ပိုပါသည်။
သင်လက်ရှိရောက်ရှိနေသောအနေအထားထက်သာလွန်ပြီးတစ်စုံတစ်ယောက် ကိုမျှ
သင်ဦးဆောင်နိုင်မည်မဟုတ်ပါ။ (Gနညန Mကေခ့) အသင်းအုပ်ဆရာ တစ်ယောက်သည်
အစားအသောက်သုံးဆောင်ချိန်များတို့တွင်လည်းကောင်း၊ အိပ်ရာဝင်ချိန်၊
အသင်းသူအသင်းသားတို့ထံသို့ အလည်အပတ်သွားရောက် ချိန်နှင့် ဥပုသ်တော်နေ့တွင်
တရားဒေသနာတော်ကို မဟောကြားမီအချိန်တို့ တွင် အချိန်များစွာယူပြီး
ဆုတောင်းခြင်းကိုပြုလုပ်ပါက ထိုလုပ်ရပ်သည် သူ၏ ကျရှုံးမှုအတွက်
ကံဆိုးမိုးမှောင်ကျအောင် လုပ်ဆောင်သကဲ့သို့ရှိပါသည်။ သူ သည် သူ၏အသက်တာ၌
ပုံမှန်လုပ်ဆောင်ရမည့်ဆုတောင်းခြင်းလုပ်ရပ်မရှိပါ လျှင် သူသည်
ဝိညာဉ်တော်နှင့်အမြဲတစေ ပြည့်၀မှုရှိမည်မဟုတ်ပါ။ ဘုရား သခင်အပေါ်
ကျွန်ုပ်တို့၏တစ်စုတစ်စည်းတည်းသော မှီခိုအားထားမှုကို အမြဲ တစေအမှတ်ရမည့်အပြင်၊
အခြားသော လူတို့ကိုလည်း ထုတ်ဖော်ပြောဆိုကြ ရပါမည်။
ဘုရားသခင်ပါရှိတော်မူခြင်းမရှိဘဲ မည်သည့်အရာကိုမျှ ကျွန်ုပ်တို့
မလုပ်ဆောင်နိုင်ကြပါ။
အသင်းအုပ်ဆရာတိုင်းတို့သည်
သူ၏ အသင်းသားတို့၏ နာမည်စာရင်း ဇယားကို ရေးဆွဲထားရကြပါမည်။
နေ့စဉ်နေ့တိုင်းမဟုတ်သည့်တိုင်၊ ရက်သတ္တ ပတ်တွင် အကြိမ်အတော်များများ
သူပြုစုထားသော နာမည်စာရင်းအတိုင်း သူတို့တစ်ဦးချင်းအတွက် တွေးတောစဉ်းစားပေးကာ
သူတို့အားဦးဆောင်တော် မူပြီး ကာကွယ်ရန်နှင့်ကောင်းချီးပေးတော်မူရန်အတွက်
ဘုရားသခင်ထံတော် တွင် ဆုတောင်းပေးရကြပါမည်။ ကိုယ်ကာယအားဖြင့်လည်းကောင်း၊ စိတ်
ခံစားမှုအားဖြင့်လည်းကောင်း၊ ထို့အပြင် ဝိညာဉ်ရေးအားဖြင့်လည်းကောင်း၊
ဖျားနာသောသူအများရှိကြပါသည်။ ကျွန်ုပ်မသိသေးသည့်တိုင် သိသာသော ဒုက္ခပြဿနာနှင့်ကြုံတွေ့နေရကြသည့်
တစ်စုံတစ်ယောက်သော သူတို့အတွက် ဆုတောင်းပေးရန် ဘုရားသခင်သည် ကျွန်ုပ်၏ နှလုံးသား၌
ဝန်ထုပ်ဝန်ပိုးကို အခါအားလျော်စွာတင်ထားပေးတော်မူပါသည်။ ရှင်ပေါလုက ကောရိန်သုမြို့
ရှိအသင်းတော်အား (၁ကော ၄း၁၅) တွင် “သင်တို့တွင် ခရစ်တော်၏ အကြောင်းကိုသင်ပေးသော ဆရာတစ်သောင်းရှိငြားသော်လည်း၊
အဘအများ မရှိ. . .” ဟူ၍ ဩဝါဒပေးခဲ့ပါသည်။ ဤကဲ့သို့သောအလားတူဖြစ်စဉ် မျိုးသည်
ယခုကာလတွင်လည်း ဖြစ်ပျက်လျက်ရှိနေပါသည်။ သခင်ယေရှုခရစ် တော် အကြောင်းကို
ပို့ချသင်ကြားသော တရားဟောဆရာအများအပြားရှိပါ သော်လည်း
အသင်းအုပ်ဆရာတစ်ယောက်ကျင့်သုံးရမည့် သူတို့၏ လူစုတော် တို့ကိုချစ်ခြင်းမေတ္တာ
ထားရှိသောတရားဟောဆရာမျိုး အနည်းငယ်မျှသာရှိကြ ပါသည်။ ကောင်းမြတ်သော
တရားဟောဆရာနှင့် ကောင်းသောသင်းအုပ် ဆရာနှစ်ဦးတို့စပ်ကြား အဓိက
ကွာခြားချက်တစ်ခုရှိပါသည်။ ကောင်းသော အသင်းအုပ်ဆရာသည် ကောင်းမွန်သောတရား
ဒေသနာကိုဟောကြားသည် ထက် ပိုမိုသောဆောင်ရွက်ချက်တို့ကို လုပ်ဆောင်ရာတွင်
သူ၏အသင်းတော် ဝင်တစ်ဦးချင်းအပေါ်၊ သူ၏ရင်ဝယ်သားကဲ့သို့
ချစ်ခြင်းမေတ္တာထားရှိပါသည်။
အသင်းအုပ်ဆရာဆုတောင်းချက်မည်သည်
အသင်းတော်၏အရေးကိစ္စ လောက်နှင့်ပင် အဆုံးမသတ်သင့်ပါ။ ဆုတောင်းခြင်းသည်
ကျွန်ုပ်တို့၏ အသက်တာ ကဏ္ဍတစ်လျှောက်လုံးအတွက်ပါ ဖြန့်ကြက်မှုရှိရပါမည်။ အရာ
မြှောက်ခြင်းခံရသော အသင်းအုပ်ဆရာတစ်ယောက်သည် ကောင်းကင်ဘုံရှိ ရွှေပြည်တော်ကြီးတွင်
အောင်မြင်သော အသက်တာဖြင့်နေထိုင်လိုပါက ဤ ကမ္ဘာမြေပေါ်တွင်သူနေထိုင်စဉ်အတွင်း
ဆုတောင်းခြင်းအတွက် များစွာသော အချိန်ကိုအသုံးပြုရပါမည်။
ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တစ်ဦးသည်
ဘာသာတရားကိုင်းရှိုင်းမှု ကို သေရေးရှင်ရေးကိစ္စရပ်အဖြစ်ခံယူထားသောသူဖြစ်ရပါမည် -
အသင်းအုပ် ဆရာနှင့်ပတ်သက်သည့်အမှုတော်ဆောင်ရွက်ခြင်းတွင် တရားဟောပြောခြင်း သည်
အရေးကြီးသောကဏ္ဍတစ်ခုအဖြစ်ရှိနေသော်လည်း အင်လင်ဝှိုက်က ကျွန်ုပ်တို့အား
အောက်ပါအတိုင်းအသိပေးနှိုးဆော်ခဲ့ပါသည်။ “အမှုတော် ဆောင်ကိုပြောကြားလိုသည်မှာ
ဟောကြားရုံသက်သက်ထက်၊ အမှုတော်တွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်းဖြင့်
ပိုင်းခြား၍ သိရှိနိုင်အောင် ပိုမိုလုပ်ဆောင် ပါ။
ဤအတွက်အမြတ်ဖြစ်ပြီးအရေးတကြီးရှိလှသောအလုပ်ကို ဖြည့်ဆည်းပေး နိုင်ရန်အတွက်
အစဉ်ထာ၀ရတည်မြဲကာ စိတ်ဝင်စားမှုမျိုးဖြင့် အမှုတော်
ဆောင်သည့်ဘာသာရေးကိုင်းရှိုင်းမှုကို သေရေးရှင်ရေးတမျှ လက်ကိုင်ထားသူ
ဖြစ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက သူ၏ကြိုးပမ်းမှုများသည် ဘုရားသခင်လက်ခံ
တော်မမူသောအရာများသာဖြစ်ပေလိမ့်မည်။
သူသည်
မိမိကိုယ်ကိုချီးမြှောက်သော စိတ်နေသဘောထားမျိုးရှိသောသူ မဟုတ်သည့် သို့မဟုတ်
သူ၏ကိုယ်ပိုင်အစွမ်းအစကို ချီးမြှောက်သည့်သူမဟုတ် ရမူဘဲ သူသည်ပြိုင်ဘက်ကင်းသော
ကရုဏာတရားရှိသူဖြစ်ပြီး၊ သခင်ယေရှု ခရစ်တော်ကို ချစ်ခြင်းမေတ္တာရှိသောအရာတွင်
မိမိကိုယ်ကိုချီးမြှောက်ရမည့် အရေးပါသော အကြောင်းအချက်တို့ကို
သတိမူမိခြင်းရှိသူဖြစ်ရပါမည်။ ထိုနောက်တွင် သူသည် ဘုရားသခင်နှင့်
အနီးကပ်လျှောက်လှမ်းသူဖြစ်ရပါ မည်။ သူ၏ ဘာသာတရားကိုင်းရှိုင်းမှုရှိပြီး
စစ်မှန်သည့် မြင့်မြတ်သန့်ရှင်းမှုရှိ သော အသက်တာမျိုးကို သူသွားလေရာရာ၌
သယ်ဆောင်သွားသည့်အပြင် သူ၏အားလုံးသောအလုပ်တို့တွင်
ပေါင်းစပ်ရက်လုပ်ထည့်သွင်းခြင်းအားဖြင့် သူ့အားအောင်မြင်ပြီးစွမ်းဆောင်နိုင်သော
လုပ်သားတစ်ဦးအဖြစ်သို့ ရောက်ရှိ သွားစေမည်ဖြစ်ပါသည်။
သူ၏အသင်းတော်၏ဝိညာဉ်ရေးအသက်တာသည်
သူ၏ကိုယ်ပိုင်ဝိညာဉ် ရေးအသက်တာနှင့်
တိုက်ရိုက်ချည်နှောင်ထားခြင်းရှိနေသည်ဆိုခြင်းကို သင်း အုပ်ဆရာတစ်ဦးသည်
သတိမူမိရပါမည်။ သင်၏အသင်းတော်သည်လည်း နိုးကြားမှ လိုအပ်ပါက သင့်အနေဖြင့်
ကိုယ်တိုင်နိုးကြားမှုရှိရပါမည်။ သင်၏ ကိုယ်၌က အပြောင်းအလဲဖြစ်ပေါ်မလာပါက
အသင်းတော်အပြောင်းအလဲကို သင်လုပ်ဆောင်ရာတွင် ထိရောက်မှုရှိမည်မဟုတ်ပါ။
ဦးစီးခေါင်းဆောင်မှုတွင် အရာရာတိုင်းတို့သည် အတက်အကျများရှိနေတတ်သည်ဆိုသည့်
ဆိုရိုးစကား ကို သင်သတိရမည်ဆိုသည်ကို သံသယရှိစရာမလိုပါ။ ဤအချက်သည် အသင်းတော်၏
ဝိညာဉ်တော်ရေးရာကိစ္စတွင် အထူးတလည် မှန်ကန်မှုရှိပါ သည်။
ကောင်းသောသင်းအုပ်ဆရာတစ်ယောက်သည်
သူ၏အမှုတော်ဆောင် ရွက်ခြင်းကို လူတို့နှင့်သခင်ခရစ်တော်၏အမှုတော်တို့တွင်
ဗဟိုပြုရမည်ဖြစ်ပြီး၊ ခရစ်တော်၏အကျင့်စရိုက်တော်ကိုလည်း အသင်းအုပ်ဆရာက
ရောင်ပြန်ဟပ် နိုင်ရမည်ဖြစ်သည်။ ဘုရားသခင်က သူ့အားပေးအပ်ထားတော်မူသော လူစု
တော်တို့၏ရှေ့တွင် အသင်းအုပ်ဆရာတစ်ယောက်သည် စံပြနမူနာအဖြစ်ရှိ နေရပါမည်။
အသင်းအုပ်၏စွမ်းအားသည် သူ၏ဟင်းကို ထူးခြားသည့် အရည် အသွေး သို့မဟုတ်
အရည်အချင်းများမှဖြစ်တည်လာခြင်းမဟုတ်မူဘဲ၊ သူ့ကို ခေါ်တော်မူသော
ဘုရားသခင်ထံတော်မှသာ ရောက်ရှိလာခြင်းဖြစ်ပါသည်။ သူ၏အသက်တာကို သူ၏လျှာ၏သွေးဆောင်ပဲ့ပြင်မှုအတိုင်း
ခံယူကျင့်သုံးသင့် ပါသည်။ “တစ်ဖက်သားကိုနှိမ့်ချပြောဆိုခြင်းဖြင့် သင်သည် ဦးဆောင်
ဦးရွက် မလုပ်ရပါ။ ဤလုပ်ရပ်သည် တစ်ဖက်သားအပေါ် ကိုယ်ထိလက်ရောက်ကျူး လွန်
စော်ကားရာရောက်ပါသည်” (ဒွိ(ကိတ်)ဒီအိုင်စိုင်(န်)ဟောတိန်း)။
ဝိညာဉ်ရေးခေါင်းဆောင်တစ်ယောက်အနေဖြင့်
ချစ်ခြင်းမေတ္တာဖြင့်သာ လျှင် ဦးဆောင်မှုပေးရပါမည် - အကြင်နာတရားကင်းမဲ့သူ
သို့မဟုတ် အကြမ်း ဖက်မှုမည်သည် အသင်းတော်ခေါင်းဆောင်မှုတွင် ၎င်းတို့အတွက်နေရာမရှိ
ပါ။ ဝိညာဉ်ရေးခေါင်းဆောင်တို့အနေဖြင့် သူတို့၏တာဝန်များကို ထမ်းရွက်ကြ ရာတွင်
နိုင်လိုမင်းထက်အပြုအမူများ မကျင့်သုံးရမည့်အပြင် အာဏာရှင် ဆန်ဆန်ဖြင့်
အသင်းတော်ကိုမအုပ်ချုပ်ရပါ။ သူတို့သည် တင်စီးသော အနေ အထားရှိပြီး
သက်ဦးဆံပိုင်ပုံစံမျိုးရှိသောအနေအထားမျိုးဖြင့် မအုပ်ချုပ်ရပါ။ သို့ရာတွင်
သူတို့သည် ဦးဆောင် ဦးရွက်နေရကြပါမည်။
“ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်မှု၏ရည်ရွယ်ချက်”
ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်မှု၏အဓိကရည်ရွယ်ချက်
နှစ်မျိုးနှစ်စားရှိ
ပါသည်။
ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြပါ
- ကြီးမားသောအဆောက်အဦ တို့ကိုတည်ဆောက်ကြပြီး သို့မဟုတ် အသင်းတော်အတွက်
ရန်ပုံငွေကို ပိုမို ရှာဖွေပေးနိုင်ကြသောခေါင်းဆောင်များတို့ကို လူတို့သည်
အလေးပေးကြသည် အလျောက် အသင်းသူအသင်းသားတို့အား တက်တက်ကြွကြွရှိကြစေရန် စိတ်ဓာတ်လှုံ့ဆော်ပေးနိုင်ကြသောခေါင်းဆောင်တို့သည်
ကျော်ကြားမှုရှိပြီး လူ ကြိုက်များကြပါသည်။ သို့သော်လည်း
ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တစ်ဦး မှာမူ သူ၏တစ်ခုတည်းသောစိတ်ဓာတ်
လှုံ့ဆောင်ပေးမှုမှာ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းခြင်းပင်ဖြစ်ပါသည်။
ဝိညာဉ်ရေးရာခေါင်းဆောင်တစ်ဦးအနေဖြင့်
သင်သည် ကြီးမားသော အရာများတို့ကို အသင်းတော်အစီအစဉ်များကို မြှင့်တင်ပေးခြင်း၊
သာသနာပြု လုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများတွင် လူတို့အားပါဝင်လာစေရန် ဆော်ဩစည်း
ရုံးခြင်း၊ ကျမ်းစာသင်ပေးခြင်းသင်တန်းများကို ဖွင့်လှစ်ပေးခြင်း၊ ဧဝံဂေလိ
သတင်းစကားတော်ဆိုင်ရာစစ်သည်တော်တို့အား ဦးဆောင်ဦးရွက်ပြုခြင်းတို့ နှင့်
ထောင်ချီအရေအတွက်ရှိသော လူတို့အား နှစ်ခြင်းမင်္ဂလာပေးခြင်းတို့အား ဖြင့်
လုပ်ဆောင်နိုင်ပါသည်။ သို့သော် အမှုတော်ဆောင်ခြင်း၏ မှန်ကန်မှုရှိ
သောရည်ရွယ်ချက်မှာ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းရန်နှင့် သူ၏ ဘုန်း အသရေတော်ကို
ချီးမြှင့်ရန်သာဖြစ်သည်ဆိုခြင်းကို သတိတရရှိပါ။ သင်၏ လုပ်ငန်းဆောင်တာအတွက်
ဤအမှန်တရားသည် စေ့ဆော်မှုအဖြစ်ရှိပါစေ။ ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်များတို့ကို
ဘုရားသခင်က တန်ဖိုးဖြတ်ရာတွင် ထိုခေါင်းဆောင်၏ လုပ်ဆောင်ချက်ပြီးမြောက်မှုအပေါ်
ဗဟိုပြုအကဲဖြတ်တော် မူခြင်းမဟုတ်ပါ။ သင်၏ ရည်ရွယ်ချက်တို့ကိုကြည့်ပြီး
ဆင်ခြင်တော်မူပါသည်။ အထူးကွဲပြားသော အရာအတော်များများတို့သည် ခေါင်းဆောင်တစ်ဦးအား
တက်ကြွမှုရှိအောင်ဆွဲဆောင်နိုင်ပါသည်။ သို့သော်လည်း ဝိညာဉ်ရေးဆိုင်ရာ
ခေါင်းဆောင်တစ်ဦး၏ အဓိကဖြစ်ရမည့်ရည်ရွယ်ချက်မှာ ဘုရားသခင်၏ ဂုဏ် တော်ကို
အစဉ်အမြဲချီးမွမ်းရန်ဖြစ်ပါသည်။
အခြားသောသူတို့ကိုအစေခံပါ
- သခင်ယေရှုသည် အစေခံတော်မူရန် အတွက် ဤလောကသို့ကြွလာတော်မူခဲ့သည်ဆိုခြင်းကို
ကျွန်ုပ်တို့သတိမူမိသင့် ကြရပါမည်။ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမြှောက်ရမည့်အစား
မိမိတို့ကိုယ် ကိုမိမိတို့ချီးမြှောက်ပြီး အခြားသူတို့အား အလုပ်အကျွေးပြုရမည့်အစား
မိမိတို့ ကိုယ်ကို အလုပ်အကျွေးပြုကြသည့် လုပ်ရပ်များအတွင်းသို့ ချော်လဲကျသွားရန်
အလွန် လွယ်ကူလှပါသည်။ ဝိညာဉ်ရေးဦးစီးခေါင်းဆောင်များ ဖြစ်ကြသည် အလျောက်
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အရင်းခံစိတ်ပါဝင်စားမှုတို့ကို အမြဲ
တစေသုံးသပ်ဆန်းစစ်ကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့ဆုတောင်းသင့်ကြသည်မှာ
အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်းပြီး
အခြားသောသူတို့အား အစေခံလိုလှပါသည် ဟူ၍ဖြစ်ပါသည်။ မိမိကိုယ်ကို လည်း
ဒီအလုပ်ကိုငါဘာဖြစ်လို့ လုပ်နေရသလဲဟူ၍ ပြန်လည်မေးမြန်းပါ။ ကျွန်ုပ်တို့၏
ပြုမူကျင့်ကြံမှုများတို့သည် မှန်ကန်သောရည်ရွယ် ရင်းမျိုးဖြစ်စေ ရန်အတွက်
သေချာအောင် ကျွန်ုပ်တို့က လုပ်ဆောင်ရကြပါမည်။
“ဝိညာဉ်ရေးဆိုင်ရာဦးစီးခေါင်းဆောင်မှုလုပ်ငန်းကို
လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခြင်း”
ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်မှုသည်
ပဋိပက္ခဖြစ်စဉ် ကာလအတွင်း တွင် သိသာစွာပေါ်လွင်ထင်ရှားလှပါသည်။
အသင်းတော်ဝင်များတို့သည် အယူဝါဒများဝတ်ပြုခြင်းပုံစံ၊ သို့မဟုတ်
ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာတို့နှင့် ပတ်သက် ပြီး မလိုအပ်ဘဲအငြင်းအခုံဖြစ်လာပါက
အသင်းအုပ်ဆရာများနှင့် အသင်းလူ ကြီးများတို့သည် အနုတ်သဘောဆောင်သည့်သဘောထားတို့ကို
လူသိသူသိ ထုတ်ဖော်ပြောကြားကြမည့်အစား ငြိမ်သက်ခြင်းချမ်းသာနှင့် မိတ်သဟာယဖွဲ့
ခြင်းတို့ကိုမြှင့်တင်ပေးခြင်းဖြင့် ဝိညာဉ်ရေးရာဦးစီးခေါင်းဆောင်မှုလုပ်ရပ်ကို
ပြသရကြပါမည်။
ဝိညာဉ်ရေးရာဦးစီးခေါင်းဆောင်မှုဆိုသည်မှာ
ယုံကြည်အားကိုးရသည့် အနေအထားတွင် ရှိရန်လိုအပ်ပါသည်။ လူများတို့အနေဖြင့် သူတို့၏
အခက် အခဲပြဿနာတို့ကိုဖွင့်ချပြောဆိုရန်နှင့် ပုဂ္ဂလိကပြန်ကြားရေးဌာနမှ ၎င်းပြဿ
နာတို့ကို လူသိသူသိဖြစ်သွားအောင်လုပ်ဆောင်သည်ကိုလည်း မစိုးရိမ်ကြရန် လိုအပ်ပါသည်။
ယုံကြည်ကိုးစားမှု သို့မဟုတ် သစ္စာစောင့်သိမှုနှင့် ဂုဏ်သိက္ခာ
ရှိမှုမျိုးကင်းမဲ့ပါက၊ ကောင်းမွန်သောအမှုတော်ဆောင်လုပ်ငန်းကို တည်ထောင်
ရန်မဖြစ်နိုင်ပါ။
ဝိညာဉ်ရေးဆိုင်ရာဦးစီးခေါင်းဆောင်မှုသည်
ဂုဏ်သိက္ခာရှိမှုကို ပြသပေး ပါသည်။ အသင်းတော်ခေါင်းဆောင်များတို့သည်
လမ်းညွှန်မှုကိုခံယူရရှိကြရန် နည်းလမ်းရှာရကြပါမည်။ သူတို့၏အသက်တာတို့သည်
အပြစ်တင်ခံရသည့် အနေအထား၏အပေါ်တွင်သာ ရှိနေရန်လိုအပ်ပြီး၊ သို့မှသာလျှင် သူတို့၏ အကြံပေးမှုနှင့်
နည်းပေးလမ်းပြမှုတို့သည် အလေးထားခြင်းခံရပေလိမ့်မည်။ ၎င်းသည်
အသင်းတော်ခေါင်းဆောင်တို့အနေဖြင့် ကုံလုံပြည့်စုံမှုရှိကြသည် ဟူ၍
ပြောဆိုနိုင်ရေးအတွက် မဟုတ်ပါ။ ထို့ပြင်မက သူတို့ကိုသူတော်ကောင်း
ယောင်ဆောင်မှုမရှိသည့်၊ သူတို့ဟောပြောသော အကြောင်းအချက်တို့ကို လေ့ ကျင့်ကြရန်
ကြိုးစားကြသူများအဖြစ်ပြောဆိုရန်လည်းမဟုတ်ပါ။
ဝိညာဉ်ရေးဆိုင်ရာဦးစီးခေါင်းဆောင်မှုသည်
ဝေဖန်မှုနှင့်ကင်းသော ကရု ဏာတရားကို အခြားသူတို့အားထုတ်ဖော်ပြောဆိုရန်ဖြစ်ပါသည်။
လူတို့သည် အမှားများကိုပြုလုပ်မိကြပါက၊ သူတို့သည် အကြံဉာဏ်ပေးမှုနှင့်အကူအညီ
ပေးမှုတို့ကိုလိုအပ်ကြပြီး၊ ရှုတ်ချပြောဆိုခြင်းကိုခံရကြရန်မဟုတ်ပါ။ ဤအချိန်
များတွင် ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်မှုကို ကမ်းလှမ်းလာပါက၊ သူသည်
သူ၏ပြဿနာတို့ကို အဖြေရှာရေးအတွက် သူ၏ပြဿနာအကြောင်းနှင့် သူ လို
အပ်သောအကူအညီအကြောင်းတို့ကို ဝိညာဉ်ရေးခေါင်းဆောင်ကို ထုတ်ဖော် ပြောပြရပါမည်။
ဝိညာဉ်ရေးဆိုင်ရာ
ခေါင်းဆောင်မှုသည် အကျင့်စရိုက်ပိုင်းနှင့် ပြည့်စုံ
ကောင်းမွန်သောလူမျိုးကိုလိုအပ်ပါသည်။ မည်သည့်ဦးဆောင်မှုမျိုးတွင်မဆို
အကျင့်စရိုက်သည် အလွန်အရေးကြီးလှသည်ဖြစ်သော်လည်း ဝိညာဉ်ရေးဆိုင် ရာ
ခေါင်းဆောင်များအတွက်ဆိုလျှင် အထူးတလည်အရေးကြီးလှသော အရာ ဖြစ်ပါသည်။ အကယ်၍သာသင်သည်
သင်၏ဂုဏ်သတင်းကိုသာ ဆုံးရှုံးလိုက်ရ ပါက ဦးဆောင်မှုအရာကိုလည်း
လက်လွတ်ခံလိုက်ရပေမည်။ ကျွန်ုပ်တို့၏ ပြုမူ ကျင့်ကြံမှုသည်
ကျွန်ုပ်တို့၏သတင်းစကားပင်ဖြစ်ပါသည်။ ဝိညာဉ်တော်ရေးရာ ၏
အရည်အသွေးအကြောင်းနှင့်ပတ်သက်ပြီး ဩဝါဒစာများရေးသားပေးရာ တွင် ရှင်ပေါလုသည်
အကျင့်စရိုက်ပိုင်းဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းရေး သားထားပါသည်။ သင်သည်
ဝိညာဉ်ရေးဆိုင်ရာ ဦးစီးခေါင်းဆောင်တစ်ဦး အဖြစ်ဖြင့်ရှိနေလိုပါက သင်သည်
ကောင်းမွန်သော အကျင့်စရိုက်မျိုးရှိသူဖြစ်ရ ပါမည်။
“အတတ်နိုင်ဆုံး၊
အကောင်းဆုံးအနေအထားတွင်သင်ရှိနေပါ”
အကောင်းဆုံးသောဦးစီးခေါင်းဆောင်များတို့သည်
အရာအားလုံးတို့နှင့်
ပတ်သက်သည့်
သူတို့၏ ဟောပြောမှုအတိုင်း ကျင့်သုံးလုပ်ဆောင်ကြကာ အရေးပါမှုတို့ကိုမူ
ဂရုမထားဘဲနေကြပါသည်။ ကောင်းမွန်သောဦးဆောင်မှုပုံစံ မျိုးကို ကျင့်သုံးလုပ်ဆောင်ရန်
အခွင့်အလမ်းမြောက်မြားစွာရှိနေကြပါသည်။ ဤကျွမ်းကျင်မှုမျိုးတို့ကို
ပိုမိုတိုးတက်အောင် လုပ်ဆောင်ရေးမှာ မည်သည့် အခါမျှနောက်ကျခြင်းမရှိပါ။
အကောင်းမြင်သဘောထားကိုလက်ကိုင်ထားပါ
– ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်များတို့သည် အကောင်းမြင်သဘောထားကို လက်ကိုင်ထားကြရ
မည်ဖြစ်ပြီး အကြောင်းရင်းမှာ ဘုရားသခင်သည် အရာရာတို့ကိုထိန်းချုပ်ထား
တော်မူသည်ဆိုခြင်းကို သူတို့သိထားကြခြင်းကြောင့်ဖြစ်ပါသည်။ ခေါင်းဆောင် တို့မည်သည်မှာ
ပတ်ဝန်းကျင်တွင် အခြေအနေများတို့ကြောင့် စိတ်ဓာတ်ကျ ဆင်းသည့်အနေအထားသို့
မိမိတို့ကိုယ်ကိုအရောက်မခံရပါ။ အသင်းတော်ထဲ တွင် မပြည့်မစုံဖြစ်မှုမျိုးကို
သူတို့တွေ့မြင်လာကြရသောအခါတွင် သူတို့၏ အသင်းသူအသင်းသားများတို့ကို
ပိုမိုကောင်းမွန်သော အနေအထားမျိုးသို့ ရောက်ရှိလာကြရန် တည်ဆောက်နိုင်သည့်
အခွင့်အလမ်းတစ်စုံတစ်ရာကို သူတို့တွေ့ရှိကြပါသည်။
လိမ္မာပါးနပ်မှုရှိပါ
- (ကောလောသဲ ၄း၅-၆) တွင် ရှင်ပေါလုက “ပြင်ပလူ တို့၏မျက်နှာကိုထောက်လျက်၊
ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကို ရွေး နုတ်ကြလော့။ လူအသီးသီးတို့အား
အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည် အကြောင်း သင်တို့စကားသည် ဆားအားဖြင့်
ငန်သောအရသာနှင့်ပြည့်စုံလျက် အစဉ် မပြတ်တင့်တယ်လျောက်ပတ်ပါစေ” ဟူ၍
ဩဝါဒပေးထားပါသည်။ “လိမ္မာပါးနပ်မှုသည် စိတ်အားလုံး၏အသိဉာဏ်ဖြစ်ပါသည်” (လူမသိသူမသိ
ပုဂ္ဂိုလ်)။ ထို့အပြင် သုတ္တံဆရာကလည်း (သုတ္တံ ၂၅း၁၁) တွင်ကျွန်ုပ်တို့အား
“လျောက်ပတ်သောစကားသည် ငွေအပြောက်မှာစီခြယ်သော ရွှေရှောက်ချိုသီး နှင့်တူ၏” ဟူ၍
ဆုံးမထားပါသည်။ ဦးစီးခေါင်းဆောင်တို့သည် လူတို့၏ စိတ် နှလုံးတို့ကို
ပြောင်းလဲပေးကြမည်ဖြစ်ပြီး၊ အမှုတော်လုပ်ငန်းကိုင်ငန်းတစ်ခုကို
ပြီးဆုံးသွားစေရန်မဟုတ်ကြောင်းကို သတိရကြရပါမည်။ လိမ္မာပါးနပ်မှုရှိလှ
သောခေါင်းဆောင်သည် သင်၏ခြေထောက်သည် ဤဖိနပ်အတွက် အလွန်ကြီး လှသည်ဆိုသောစကားနှင့်
ဖိနပ်သည် သင်၏ခြေထောက်အတွက် ဆိုလျှင်
အလွန်ငယ်လွန်းလှပါသည်ဆိုသည့်စကားနှစ်မျိုးတို့၏ခြားနားမှုကိုသိရှိပါသည်။
သူ၏လူတို့၏စိတ်ကျေနပ်နှစ်သိမ့်မှုကို အောင်နိုင်စိုးမိုးနိုင်သော ကျေးဇူးတော်
မျိုးကို လိမ္မာပါးနပ်သော ခေါင်းဆောင်တစ်ယောက်အနေဖြင့် ပိုင်ဆိုင်ရရှိထား ပါသည်။
သင်တန်းပေးသူတစ်ယောက်အဖြစ်ရှိနေပါ
- ကျွမ်းကျင်မှုအရည်အချင်း ရှိသော ခေါင်းဆောင်တို့သည် သင်တန်းပို့ချသူများ
ဖြစ်ရကြပါမည်။ ဘုရား သခင်၏ အသင်းတော်အပါအဝင် မည်သည့်အဖွဲ့အစည်းအတွက်မျိုးမဆို
သင်တန်းပေးခြင်းသည် ပြီးပြည့်စုံမှုရှိပြီး၊ သီးခြားခွဲထုတ်၍မရနိုင်သောအရာ ဖြစ်ပါသည်။
များစွာသော အသင်းအုပ်ဆရာများတို့သည် တရားဟောချက်ကို ပြင်ဆင်ရန်အတွက် အချိန်ကို
များစွာအသုံးပြုထားကြပြီး၊ သူတို့၏အသင်းသား အသင်းသူတို့ကို
သင်တန်းပို့ချပေးရန်အတွက်ကိုမူ အချိန်ကိုအနည်းငယ်မျှသာ အမှန်တကယ်ရယူကြပါသည်။
အယ်လင်ဝှိုက်က အသင်းအုပ်ဆရာတို့အနေ ဖြင့် တရားဟောပြောပေးခြင်းထက်
ပညာပေးခြင်းအလုပ်အတွက် အချိန်ကိုပိုမို ရယူရန်အကြံပြုထားပါသည်။ ထို့အပြင်သူမက
“ကျွန်မတို့၏ လူတို့ကို အကြီး မားဆုံးသောအနေအထားမျိုးဖြင့်ကူညီကြရန်မှာ
သူတို့အနေဖြင့် ဘုရားသခင် အတွက်အလုပ်လုပ်ပေးရန်နှင့် အမှုတော်ဆောင်တို့အပေါ်
မမှီခိုကြဘဲ၊ ဘုရား သခင်အပေါ်၌သာ မှီခိုတတ်ကြရေးကို သင်ကြားပို့ချရေးပင်ဖြစ်ပါသည်”
ဟူ၍ အခိုင်အမာနှိုးဆော်ထားခဲ့ပါသည်။ အသင်းတော်အတွင်းတွင် သင်တန်းပို့ချ
ပေးခြင်းမရှိပါက ဖြစ်ပေါ်လာမည့်အကျိုးရလဒ်မှာ –
အသင်းတော်တွင်းလုပ်သားများလျော့ပါးလာခြင်း
အကျိုးဖြစ်ထွန်းမှုကင်းမဲ့ခြင်း
ပုဂ္ဂိုလ်ရေးအရ တိုးတက်မှုတုံ့ဆိုင်းမှုရှိခြင်း၊
လူအင်အား အရေအတွက် နည်းပါးလှသောအဖွဲ့အစည်းများအဖြစ်သို့ရောက်ရှိခြင်း
စေတနာ့ဝန်ထမ်းလုပ်ဆောင်သူအရေအတွက်ကျဆင်းသွားခြင်းများတို့
ဖြစ်ကြပါသည်။
အသင်းတော်ခေါင်းဆောင်များဖြစ်ကြသည့်အလျောက်၊
ကျွန်ုပ်တို့သည် ရွေးကောက်တင်မြှောက်ခြင်းဆိုသည်မှာ အရည်အချင်းပြည့်မီခြင်းဟူ၍ အဓိ
ပ္ပါယ်မျိုး မသက်ရောက်ကြောင်းကို မမေ့ပျောက်နိုင်ကြရန်ဖြစ်ပါသည်။ ကျွန်ုပ် တို့သည်
တာဝန်ခွဲဝေပေးခြင်းခံလာရပါက သင်တန်းပို့ချခြင်းဆိုင်ရာ တာဝန်ယူ မှုကို
ကျွန်ုပ်တို့လက်ခံရကြပါမည်။ ဒေသတွင်းအသင်းတော်တွင်း၌ ကျွန်ုပ်တို့ သည်
သင်တန်းပို့ချခြင်း အစီအစဉ်အများအပြားတို့ကို လုပ်ဆောင်ကြရန်လို အပ်ပါသည်။
အသင်းတော်ဦးဆောင်ဦးရွက်မှု
သင်ကြားလေ့လာခြင်းတွင် ရှာဖွေတွေ့ရှိ ချက်အရ
ကောင်းမွန်သောသင်တန်းပို့ချမှုကိုခံယူပြီး အသင်းတော်၏အမှုတော် တွင်
မိမိကိုယ်ကိုမိမိဆက်ကပ်ထားသော စေတနာ့ဝန်ထမ်းအသင်းသား (၁၀) ဦးတို့သည်
အချိန်ပြည့်သင်းအုပ်ဆရာတစ်ယောက်၏ လုပ်ဆောင်မှုနှင့် တန်း တူအနေအထားတွင်ရှိကြပါသည်။
တစ်နည်းအားဖြင့် သင်တန်းပို့ချထားခြင်းခံ ရပြီးသောလူအယောက် တစ်ရာတို့၏
လုပ်ဆောင်မှုသည် အသင်းအုပ်ဆရာ ဆယ်ယောက်တို့၏အတူတကွ
ပူးပေါင်းလုပ်ဆောင်မှုတို့နှင့်တူညီမှုရှိပါသည်။
အကြောင်းမလှစွာဖြင့်
ကျွန်ုပ်တို့သည် အသစ်သောခေါင်းဆောင်တို့ကို လုံလုံလောက်လောက်မစုဆောင်းနိုင်ကြပါ။
ဤအတွက် အကျိုးရလဒ်တစ်ခု အဖြစ် “အကယ်၍သာ ထိုအကြီးအကဲကွယ်လွန်သွားပါက၊
ကျွန်ုပ်တို့သည် သူ၏နေရာတွင် အစားထိုးစရာလူတစ်ယောက်မျှမရှိပါ” သို့မဟုတ် အကယ်၍ သာ
ထိုအကြီး အကဲမိသားစုသည် အခြားသောမြို့ကြီးတစ်မြို့သို့ ပြောင်းရွှေ့ သွားကြပါက၊
ကျွန်ုပ်တို့၏အသင်းတော်သည် သူ၏ဝတ်ပြုကိုးကွယ်ခြင်း ဘုရား ကျောင်းတံခါးတို့ကို
ပိတ်ထားကြရပါလိမ့်မည်ဟူသော စကားမျိုးကို ကျွန်ုပ်တို့ ကြားရကြပါလိမ့်မည်။
ဤကဲ့သို့သောသင်တန်းပို့ချမှုမျိုးကင်းမဲ့ခြင်းသည် ကျွန်ုပ် တို့ကုစားရကြမည့်
ဝမ်းနည်း ဖွယ်ရာလက်တွေ့ အခြေအနေမျိုးပင်ဖြစ်ပါသည်။
အိပ်မက်မက်သူတစ်ယောက်အဖြစ်ရှိနေပါ
- ပိုမိုကောင်းမွန်သော အနာ ဂတ်ကို အိပ်မက်မက်ခြင်းသည်
မနားမနေလှုပ်ရှားဆောင်ရွက်မှုကို အဖြေပေး ခြင်းပင်ဖြစ်ပါသည်။
ခေါင်းဆောင်များဖြစ်ကြသည်အလျောက်၊ ကျွန်ုပ်တို့သည် ပစ္စုပ္ပန်
ကာလတွင်ကျေနပ်နှစ်သိမ့်မှုရှိရကြမည်မဟုတ်ပါ။ ကျွန်ုပ်တို့ကိုယ်ကို သို့မဟုတ်
ကျွန်ုပ်တို့၏ အသင်းတော်များတို့ကိုတိုးတက်မှုမရှိ၊ ရပ်တန့်နေသည့် အနေအထားသို့
ရောက်ရှိစေရန်အတွက် ခွင့်မပြုသင့်ကြပါ။ ကျွန်ုပ်တို့သည် တိုးတက်မှုအတွက်
အစဉ်အမြဲနည်းလမ်းတို့ကို ရှာဖွေရကြမည်ဖြစ်ပြီး၊ အန္တ ရာယ်အလွန်ကြီးမားသော
ပတ်ဝန်းကျင်အခြေအနေတို့ကို ရင်ဆိုင်ကြုံတွေ့ ရမည်ဆိုသည့်အချက်ကို ဂရုထားစရာမလိုပါ။
(၄ရာ ၆း၁၅-၁၇) တွင် ဧလိရှဲ နှင့်သူ၏ကျွန်အကြောင်းကို ကျွန်ုပ်တို့အား
အသိပေးဖော်ပြထားပါသည်။ သူတို့ သည် အာရှုရိလူမျိုးတပ်မတော်ကြီးက
ဝိုင်းရံပိတ်ဆို့ထားခဲ့ကြသော ဒေါသန် မြို့ကြီးအတွင်းပိတ်မိနေကြပါသည်။
“ကျွန်ုပ်တို့သည်
ကြီးမားသောအရာတို့ကိုအပြီးသတ်နိုင်ကြရန် လုပ်ရပ်ဖြင့် ချည်းသာမဟုတ်ဘဲ
အိပ်မက်စိတ်ကူးယဉ်ခြင်းလည်း ပါရှိရမည်ဆိုရာတွင် အစီ အစဉ် ရေးဆွဲခြင်းဖြင့်ပင်မကဘဲ
ယုံကြည်ချက်ပါ ပါရှိရပါမည်” (အနာတိုလီ ဖရဲ့(န်စ်)။
မျှော်လင့်ချက်ကင်းမဲ့သွားလောက်ပြီဟု ထင်မှတ်စရာဖြစ်ပါသည်။ သူ၏ ကျွန်သည်
တုန်လှုပ်ချောက်ချားခြင်းဖြင့်အော်သံပြုသောအခါ ဧလိရှဲက “အိုထာ၀ရဘုရား၊
သူသည်မြင်နိုင်မည်အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူ ပါ” ဟူ၍ ဆုတောင်းခဲ့ပါသည်။
ဧလိရှဲ၏ကျွန်လူငယ်၏ မျက်စိအား ဘုရား သခင်ဖွင့်ပေးတော်မူသောအခါ၊
သူတို့နှစ်ဦးဘက်အခြမ်းတွင် မီးမြင်းများနှင့် မီးသံချပ်ကာရထားများရပ်နေသည်ကို
ထိုလူငယ်ကလေးက တွေ့မြင်ခဲ့ရပါ သည်။
အနာဂတ်၏
ပြဿနာအခက်အခဲများတို့အပေါ် လွှမ်းခြုံထားသော ဘုရား သခင်၏တန်ခိုးတော်ကို
ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တို့က မြင်တွေ့ရနိုင်ပါ သည်။
မျက်မြင်အားဖြင့်ထူးကဲလှသောယှဉ်ပြိုင်ဘက်များအကြားတွင် အောင်ပွဲ ခံနေသောဘုရားသခင်၏
ဘုန်းတန်ခိုးတော်အချုပ်အခြာအာဏာတော်ကို သူ တို့တွေ့မြင်ကြရပါသည်။
(ယောလ ၂း၂၀) ကကျွန်ုပ်တို့အား
အသက်ကြီးသောသူတို့သည် နိမိတ် အိပ်မက်တို့ကိုမြင်မက်ကြရလိမ့်မည်ဟူ၍
ကျွန်ုပ်တို့အားပြောပြထားပါသည်။ အိုမင်းလာသောသူတို့သည်
သူတို့အနေဖြင့်ကုလားထိုင်နောက်မှီရင်းအေးအေး လူလူထိုင်ကာ ဖန်တီးနိုင်စွမ်းကို
လူငယ်လူရွယ်တို့ထံသို့လွှဲပြောင်းပေးနိုင်ကြ လိမ့်မည်ဟူ၍ ထင်မှတ်နေကြသည်ကို
မြင်တွေ့နေရသည်မှာ မည်မျှဝမ်းနည်း ဖွယ်ရာဖြစ်နေပါသနည်း။
အသက်အရွယ်အိုမင်းလာခြင်းသည် လူတစ်ယောက် ကိုတိုး၍ဖန်တီးနိုင်စွမ်းရှိအောင်
လုပ်ဆောင်ပေးရမည်ထက် အီလည်လည်ဖြစ် သွားအောင် လုပ်ဆောင်ခြင်းသည်
ဝမ်းနည်းဖွယ်ရာဖြစ်နေပါသည်။ အသစ် အသစ်သောအသင်းတော်တိုင်း၊
အသစ်အသစ်သောအမှုတော်ဆောင်လုပ်ငန်း၊ အသစ်အသစ်သောအဖွဲ့အစည်းတိုင်းနှင့် အသစ်အသစ်သော
ကြိုးပမ်းအား ထုတ်မှုတိုင်းတို့သည်
စိတ်ကူးစိတ်သန်းနှင့်အခွင့်အလမ်းကိုလက်မလွတ်စတမ်း
အသုံးချနိုင်ခြင်းတို့၏ရလဒ်များပင်ဖြစ်ကြပါသည်။
ချစ်ခြင်းမေတ္တာရှိသောသူတစ်ယောက်အဖြစ်ရှိနေပါ
– ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်များတို့သည် သူတို့၏လူတို့အပေါ်
ချစ်ခြင်းမေတ္တာထားရှိကြပါ သည်။ သူတို့၏အပြောအဆိုများနှင့်
စိတ်နေသဘောထားများတို့အားဖြင့် သူတို့၏ ပတ်လည်တွင်ရှိနေကြသော သူတို့အတွက်
အလုပ်အကျွေးပြုရာတွင် ဝမ်းမြောက်ရွှင်လန်း ခြင်းကိုဖော်ထုတ်ပြသကြပါသည်။
မှတ်ချက် -
လူတို့၏အပြောအဆိုများနှင့်စိတ်နေသဘောထားများတို့အား ဖြင့်
သူတို့၏ပတ်လည်တွင်ရှိနေကြသောသူတို့အတွက် အလုပ်အကျွေးပြုကြရာ တွင်
ဝမ်းမြောက်ရွှင်လန်းခြင်းကို ဖော်ထုတ်ပြသကြပါသည်။ (ဤဝါကျကို မူရင်းစာအုပ်တွင်
နှစ်ခါပြန်ရေးသားထားသဖြင့် မူရင်းစာအုပ်အတိုင်းနှစ်ခါပြန် ပြန်လည်ရေးသားထားပါသည်)
ချစ်ခြင်းမေတ္တာရှိကြရန် ကျွန်ုပ်တို့မည်ကဲ့သို့ သင်ကြားရယူကြမည်နည်း။
မိမိ၏အိမ်ထောင်မိသားစုမှနေပြီးစတင်ပါ။ (ဧဖက် ၅း၂၅) တွင်ရှင်ပေါလုက
“အချင်းယောက်ျားတို့. . . ကိုယ်ခင်ပွန်းကို ချစ်ကြ လော့”ဟူ၍ ဩဝါဒပေးထားခဲ့ပါသည်။
ဤကဲ့သို့သောရိုးစင်းသော ညွှန်ကြား ချက်တစ်ခုရှိသည့်တိုင်၊ ဤအချက်ကို
မကြာခဏကြိမ်ဖန်များစွာ မျက်စိလျှမ်း သွားတတ်ကြပါသည်။ သင်၏
အမှုတော်ဆောင်လုပ်ငန်းအတွက် သင်၏ ကိုယ်ရေးကိုယ်တာ အသက်တာတွင်
စွန့်လွှတ်ဆက်ကပ်ခြင်း ချိန်ခွင်ညီမျှမှု အတွက် အန္တရာယ်ရှိနေပါသည်။ သင်၏
အသင်းသူအသင်းသားများတို့ များပြားလာရေးအတွက် သင်၏ ထိမ်းမြားလက်ထပ်ခြင်းကို
လက်လွတ်ရခြင်း သည် မည်မျှကောင်းကျိုးမျိုး ဖြစ်ထွန်းလာမည်နည်း။ ကျွန်ုပ်တို့သည်
ချစ်ခြင်း မေတ္တာကို ထုတ်ဖော်ပြောကြားရခြင်းကို တန်ဖိုးထားသောခေါင်းဆောင်များ
တို့ကို လိုအပ်ကြပါသည်။
သင်၏ဇနီးသည်အတွက်
ကြည်နူးဖွယ်ရာအမှတ်တရကတ်ပြားကို ရေးသား
ပေးပါ။သူ့အတွက်ပန်းများကိုဝယ်ပေးပါ။
တစ်ရက်စာခွင့်ယူပြီး သူတစ်ယောက် တည်းနှင့်ထိုခွင့်တစ်ရက်ကိုကုန်လွန်ပေးပါ။
သူမကိုဒေါက်ဖြုတ်ခြင်းမပြုပါနှင့်။ ၎င်းအစား သူမကိုချီးမွမ်းခန်းဖွင့်ပြောပါ။
သင်သူမကို စကားပြောသောအခါ သူမ၏မျက်လုံးများကို တည့်တည့်ကြည့်ပြီးပြောဆိုပါ။
လုပ်ဆောင်စရာ စာရွက် စာတမ်းများတို့ကို ဘေးဖယ်ထားပါ။ ကူညီသိမ်းဆည်းပေးပါ။ သူမအတွက်
ပါတီပွဲတစ်ခုကျင်းပပေးပါ။ သူမကို ချစ်ခင်ကြင်နာပါ။ သင့်အနေဖြင့် သူမကို
ချစ်ခင်ကြင်နာခြင်းမရှိပါက ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်ရရှိနေသော
အောင်မြင်မှုအားလုံးတို့သည် သင်၏အိမ်ထောင် မိသားစုအတွင်း သင်၏ကျရှုံး
မှုနှင့်နှိုင်းယှဉ်ကြည့်လိုက်ပါက မည်သို့မျှအဓိပ္ပါယ်မရှိနိုင်တော့ပါ။ သင်၏ဇနီး
သည်ကိုချစ်ခင်ကြင်နာခြင်းသည် သင်၏အသင်းတော်ကို သင့်အနေဖြင့်ပိုမိုချစ် ခင်လာရန်
သင့်အားကူညီပါလိမ့်မည်။
“ကောင်းသောခေါင်းဆောင်တစ်ဦး”
ကောင်းသောခေါင်းဆောင်တစ်ဦးသည်
သူ၏ အသင်းသူအသင်းသား တို့၏ မျှော်လင့်ချက်များ၊ အိပ်မက်များနှင့်ပြင်းပြသော
ရည်မှန်းချက်တို့ကို နားလည်ပါသည်။
ကောင်းသောခေါင်းဆောင်ကောင်းတစ်ဦးသည်
ထင်သာမြင်သာရှိသော ဖြူစင်ရိုးသားမှုနှင့်တာဝန်ခံမှုတို့ကို ယုံကြည်မှုရှိပါသည်။
ကောင်းသောခေါင်းဆောင်တစ်ဦးသည်
ပိုမိုကြီးမားသည့် ကောင်းမြတ် ခြင်းကို သူ၏အသင်းသူအသင်းသားများတို့က ရရှိကြရန်
ဦးတည်လုပ်ဆောင် ပေးပါသည်။
ကောင်းသောခေါင်းဆောင်တစ်ဦးသည်
လူများတို့ကို ရွေးချယ်ပိုင် ခွင့် အာဏာကို ခွဲဝေပေးတတ်ပါသည်။
ကောင်းသောခေါင်းဆောင်တစ်ဦးသည်
လိမ္မာပါးနပ်မှုရှိခြင်း၊ ခြိုးခြံချွေ တာမှုရှိခြင်း၊ တာဝန်ယူမှုရှိခြင်းနှင့်
စိတ်ပါဝင်စားမှုရှိခြင်းတို့နှင့် ပြည့်စုံသူဖြစ် ပါသည်။
ကောင်းသောခေါင်းဆောင်တစ်ဦးသည်
အခြားသောသူတို့က မနက်ဖြန် နေ့မှာလုပ်ဆောင်ကြရန် စဉ်းစားကြသည့်အရာကို သူသည်
ယနေ့အတွင်း တွင်လုပ်ဆောင်သူဖြစ်ပါသည်။
ကောင်းသောခေါင်းဆောင်တစ်ဦးသည်
မည်ကဲ့သို့သော အကျိုးသက် ရောက်မှုရှိသော အမိန့်မျိုးထုတ်ပြန်မည်ဆိုသည့်တိုင်
လုပ်ရင်းကိုင်ရင်း ကျူး လွန် မိသောစေတနာ အမှားမျိုးကိုမကြောက်ပါ။
ကောင်းသောခေါင်းဆောင်တစ်ဦးသည်
နောက်ထပ်မျိုးဆက်များမွေးဖွား လာခြင်းမရှိသေးသည့်တိုင်
ထိုအနာဂတ်မျိုးဆက်များအတွက်ကြိုတင်လမ်းခင်း ပေးထားပါသည်။
ကောင်းသောခေါင်းဆောင်ကောင်းတစ်ဦးသည်
တရားမျှတမှု လမ်း ကြောင်းတွင် သူ၏ မဟာမိတ်များနှင့်မိတ်ဆွေများအတွက် စိတ်အနှောင့်
အယှက်ဖြစ်ပေါ်စေသည့်တိုင်၊ သတ္တိအရာတွင် ရေခဲတောင်ပြိုကျသည့်အလား
ရပ်တည်တောင့်ခံပေးပါသည်။
ကောင်းသောခေါင်းဆောင်ကောင်းတစ်ဦးသည်
သူ၏ အကျင့်စရိုက်ပိုင်း
ဆိုင်ရာအနေအထားနှင့်
သူ၏ရည်ရွယ်ချက်ဆိုင်ရာ ဂုဏ်သိက္ခာတို့အပေါ် အခြေခံပြီး အကဲဖြတ်ခြင်းခံရပါသည်။
ကောင်းသောခေါင်းဆောင်ကောင်းတစ်ဦးသည်
အားလုံးသောသူတို့ထက်
သာလွန်သည့်
ကျွမ်းကျင်လိမ္မာမှုရှိသော နောက်လိုက်တစ်ဦးအဖြစ် ရှိနေပါ သည်။
“သင်သည်ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တစ်ဦးမဖြစ်သေးဘဲ
ကောင်းသောသင်းအုပ်ဆရာတစ်ဦးဖြစ်နိုင်ပါမည်လား။”
ရောင်ပြန်ဟပ်မှု၊
စဉ်းစားဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် ဆွေးနွေး
တိုင်ပင်ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ။
၁။ ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တစ်ဦးကို
သင်မည်ကဲ့သို့အဓိပ္ပါယ်ဖွင့်ဆို မည်နည်း။
၂။ ဘုရားသခင်၏ ဘုန်းအာနုဘော်တော်အတွက်
အရာရာတိုင်းတို့ကို ပြီး မြောက်စေရမည်ဆိုပါက၊ ကျွန်ုပ်၏ ဦးဆောင်မှုတွင်
မည်သည့်အပြောင်း အလဲများ ရှိနိုင်ပါမည်နည်း။
၃။ ခေါင်းဆောင်တစ်ဦးတွင်ရှိသော
အရည်အချင်းများအနက် မည်သည့် အဓိကကျသောအရည်အချင်းတို့ကို သင်တန်ဖိုးထားရပါမည်နည်း။
၄။ အသင်းတော်၏ ဦးစီးခေါင်းဆောင်မှုတွင်
ဂုဏ်သိက္ခာသည် အဘယ် ကြောင့် အလွန်အရေးတကြီးဖြစ်ရပါသနည်း။
၅။ သင်၏ ဦးဆောင်မှုကဏ္ဍကို
မည်သည့်လက္ခဏာသွင်ပြင်များတွင် တိုး တက်မှုရှိလာအောင်လုပ်ဆောင်မည်၊ ထို hအပြင် ထိုအနေအထားဆီသို
သင်မည်ကဲ့သို့ အရောက်တက်လှမ်းနိုင်မည်နည်း။
အခန်းကြီး - ၄
အခန်း (၄)
“ဆုတောင်းခြင်း၌မွေ့လျော်သောသူတစ်ဦး”
လူတစ်ယောက်သည်
သစ္စာရှိစွာနှင့် စိတ်ထက်သန်ပြင်းပြစွာတို့ဖြင့် ဆုတောင်းရန်
လိုအပ်လာပြီးဆိုလျှင်၊ ထိုသူသည် အခြားသောသူမဟုတ်မူဘဲ၊ အသင်းအုပ်ဆရာသာဖြစ်ရပါမည်။
အမှုတော်ဆောင်ခြင်းလုပ်ငန်းသို့ ထာ၀ရ ဘုရား၏
ခေါ်တော်မူခြင်းကိုခံရပြီးလက်ခံခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် မပြီး
ဆုံးနိုင်သောလုပ်ငန်းများ၏ လောကကမ္ဘာကြီးတွင် ရှင်သန်ကြရန် သဘောတူ
လက်ခံရာရောက်သွားပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုယ်စိတ်နှစ်ပါးတို့
၏အခြားတစ်ဘက်တွင် ရှင်သန်နေထိုင်ကြရန် ခေါ်တော်မူခြင်းခံရကြပေပြီ။ ကျွန်ုပ်တို့၏
ကိုယ်ပိုင်ခွန်အားအားဖြင့် ကျွန်ုပ်တို့သည် ဤအသက်တာတွင် နေထိုင်ကြရန်နှင့်
လုပ်ငန်းဆောင်တာများတို့ကိုပြီးမြောက် အောင်ဆောင်ရွက် ကြရန်မှာ
မည်သို့မျှမဖြစ်နိုင်ကြပါ။ ကျွန်ုပ်တို့ပြင်းပြင်းထန်ထန်ဖြင့် ဆုတောင်း
ခြင်းအသက်တာတို့ကို တိုးတက်မှုရှိအောင်လုပ်ဆောင်ကြရပါမည်။ သို့မဟုတ်
ကျွန်ုပ်တို့သည် အသက်ချမ်းသာရာရရှိရန်မဖြစ်နိုင်ပါ။ ၎င်းအတွက် ရိုးစင်း
သိသာမှုရှိလှပါသည်။ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏လုံး၀ဥဿုံမှီခိုအားထား
မှုတို့ကိုအမှတ်ရပြီး ထုတ်ဖော်ပြောဆို အသိပေးမှုရှိရကြပါမည်။ ဘုရားသခင် မပါရှိပါက
ကျွန်ုပ်တို့မည်သည့်အရာကိုမျှမလုပ်ဆောင်နိုင်ပါ။
မိမိကိုယ်ပိုင်ခွန်အားကိုအမှီပြုပြီး၊
သူ့နည်းသူ့ဟန်ကိုယ်ပိုင်ဉာဏ်အစွမ်း အစဖြင့်သာ တရားဟောပြောသော
သင်းအုပ်ဆရာတစ်ယောက်အနေဖြင့် မကြာမီအတောအတွင်း
မိမိကိုယ်ကိုမိမိအားနည်းဆုတ်ယုတ်ပြီး စိတ်ဓာတ်ကျ ဆင်းသွားသောသူတစ်ယောက်အဖြစ်
တွေ့မြင်လာရကား အမှုတော်ဆောင် ခြင်းအလုပ်ကို စွန့်ခွာသွားရန်
အဆင်သင့်အနေအထားဆီသို့ ရောက်ရှိသွားပေ တော့သည်။ အသက်တာတစ်ခုလုံးနှင့်ပတ်သက်သော
ဆုံးဖြတ်ချက်မျိုးတို့ကို ချမှတ်နိုင်ရန်ဆိုသည်မှာ
မည်သူမျှထိုဉာဏ်ပညာမျိုးမရှိနိုင်ကြပါ။ ရင်ဆိုင်ကြုံ တွေ့ရလေသမျှသော
အတိဒုက္ခပြဿနာတို့ကို ကျော်လွှားသွား နိုင်ရန်အတွက်
မည်သူမျှသီးခံနိုင်စွမ်းမရှိကြပါ။ အားလုံးသောလုပ်ငန်းရပ်များအတွက် အချိန်၊
အစည်းအဝေးအားလုံးတို့အတွက် စွမ်းအင်၊ သတင်းစကားအားလုံးတို့အတွက်
စိတ်ကူးစိတ်သန်းနှင့် သူ့ကိုလိုအပ်နေကြသော သူတို့အားလုံးတို့အတွက် လုံ
လောက်သောစာနာရိုင်းပင်းမှုမျိုးများတို့ကို မည်သူကမျှပိုင်ဆိုင်ထားနိုင်ကြခြင်း
မရှိပါ။ အသင်းအုပ်ဆရာတစ်ယောက်ဖြစ်နေသည်အားလျော်စွာ အမှန်တရား တို့ကို
ပြောင်းလဲနိုင်ခြင်းမရှိနိုင်ကြပါ။ ဆုတောင်းခြင်းကိုလုပ်ဆောင်မည်လား၊
အမှုတော်ဆောင်လုပ်ငန်းမှနုတ်ထွက်သွားမည်လား။ ထိုအချက်တစ်ခုခုကို ရွေး ရန်သာရှိသည်။
အသင်းအုပ်ဆရာတို့မည်သည်မှာ
ဘုရားသခင်၏ အိမ်တော်သားများတို h အား ခေါင်းဆောင်သူများဖြစ်ကြပါသည်။ ဘုရားသခင်၏ အိမ်တော်ကို
ဆုတောင်းရာအိမ်တော်ဟု ခေါ်ဝေါ်ကြမည့်အကြောင်းကို သခင်ယေရှုက မိန့် တော်မူခဲ့သည်။
(မဿဲ ၂၁း၁၃) အကြောင်းကို အသင်းအုပ်ဆရာတို့အနေဖြင့် သတိရရှိရကြပါမည်။
သခင်ခရစ်တော်သည် ဘုရားသခင်၏ အိမ်တော်ကို ဒေသနာတော်ဟောကြားရာအိမ် ဘုရားသခင်၏
အိမ်တော်ကို သို့မဟုတ် ဂုဏ်တော်ကို ချီးမွမ်းရာအိမ်ဟု ခေါ်ဆိုတော်မမူဘဲ
ဆုတောင်းရာအိမ်တော် ဟုသာ ခေါ်ဆိုတော်မူခဲ့ပါသည်။
စိတ်ထက်သန်ပြင်းပြမှုပါရှိသည့်ဆုတောင်း ခြင်းကို အခြေပြုခြင်းမရှိသော
တရားဒေသနာဟောပြောခြင်းနှင့် ဂုဏ်တော်ကို ချီးမွမ်းခြင်းတို့ကို
မည်သည့်အခါမျှအမှန်အားဖြင့် စတင်လုပ်ဆောင်ရန် မသင့် လျော်ပါ။ ဟောပြောခြင်း၊
ဂုဏ်တော်ချီးမွမ်းခြင်းနှင့်ဝတ်ပြုခြင်းတို့သည် ဆု တောင်းခြင်းအားဖြင့်သာ
အလျင်ဦးဆောင်စတင်ရပါမည်။
“ကျေနပ်တင်းတိမ်မှုမရှိခြင်း၏
အရင်းအမြစ်”
များစွာသော
အသင်းအုပ်ဆရာတို့၏စိတ်နှလုံးများ၊ စိတ်အတွေးများနှင့် သင်ကြားရယူမှုများတို့တွင်
ဆုတောင်းခြင်းဖြင့် ကင်းမဲ့နေကြသည်ကို ဝမ်းနည်း စွာဖြင့် တွေ hရှိနေကြပါသည်။
ဆုတောင်းခြင်းသည် သူတို hအမှုတော်ဆောင် သောနေရာတစ်ခုခုအတွက်
အရေးမကြီးသည့်အပြင် ထိုက်တန်မှုမရှိဟု တရား ဟောဆရာတို့သည် ထင်မြင်ယူဆပုံပေါက်သည်။
သို့မဟုတ် သူတို့၏တာဝန်ယူ မှုပေါင်းများစွာတို့တွင် ဆုတောင်းခြင်းအတွက် နေရာမရှိဟု
ရိုးရှင်းစွာ ထင်မှတ်ထားကြပုံရကြပါသည်။ အသင်းအုပ်ဆရာများဖြစ်ကြသည်နှင့်အညီ
ကျွန်ုပ်တို့သည် ဆုတောင်းခြင်းကိုဦးစားပေးအဆင့်တွင် ထားရှိရကြပါမည်။ ဤအချက်သည်
ကျေနပ်တင်းတိမ်မှုမရှိခြင်းကို ခုခံတွန်းလှန်ထားသည့် ပထမ ဆုံးသော
ကျွန်ုပ်တို့၏ခံစစ်ကြီးဖြစ်သကဲ့သို့ အသင်းအုပ်ဆရာ တစ်ယောက်၏
ဦးစားပေးလုပ်ငန်းလည်းဖြစ်ပါသည်။
“ငါ၏အိမ်တော်ကို
ဆုတောင်းရာအိမ်တော်ဟု ခေါ်ဝေါ်ကြရမည်” ဆို သည့် စာအုပ်တွင် (Sအနလန Lသသဈအမa) က
ဓမ္မတက္ကသိုလ်တွင်ဘွဲ့ ယူပြီးသည့် နောက် သူ၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံကို
ဝေမျှပေးထားပါသည်။ သူသည် ဘုရားသခင်၏နှုတ်တော်ထွက်ကိုဟောပြောပေးခြင်း၊
သင်ကြားပို့ချခြင်းအမှုကို နှစ်ခြိုက်ခဲ့သူဖြစ်ပါသည်။ သို့သော်လည်း
အမှုတော်ဆောင်ခြင်းလုပ်ငန်းကို သူစတင်ဆောင်ရွက်သောအခါ လူတို့သည်
သူ့အပေါ်မျှော်မှန်းချက် ပိုမိုထားရှိ နေကြသည်ကို စူးစမ်းတွေ့ရှိခဲ့ရပါသည်။
သူတို့သည် အစီအစဉ်များ၊ စီမံချက် များနှင့်အကျိုးရလဒ်များတို့ကို
မျှော်မှန်းထားကြပါသည်။ ဤမျှော်မှန်းချက် တို့ကို
အသင်းသူအသင်းသားများတို့ထံမှချည်း ပေါ်ပေါက်လာခြင်းမဟုတ် သည်ကို
သူသိရှိခံစားရသည့်အပြင် သူ၏အသင်းတော်စုထဲရှိ ခေါင်းဆောင်မှု အစုအဖွဲ့အတွင်းတွင်ပါ
တွေ့ရှိခဲ့ရပါသည်။ အသင်းတော်ဖွံ့ဖြိုးရေး ဧဝံဂေလိ သတင်းစကားဆိုင်ရာကိစ္စနှင့်
တပည့်တော်အဖြစ်သို့ ရောက်ရှိစေရေးဆိုင်ရာ ကိစ္စရပ်တို့ကို
မြှင့်တင်ပေးနိုင်သောနည်းလမ်းများတို့ကို သူစတင်ရှာဖွေခဲ့ပါ သည်။ သူ၏
အမှုတော်ဆောင်လုပ်ငန်းသည် ပြင်းထန်စွာဖြင့် ကြိုးစားလုပ် ဆောင်မှုဆီသို့
အာရုံပြုမှုရှိလာခဲ့ပြီးနောက် အကျိုးရလဒ်တို့ကိုခံစားလာခဲ့ရပါ သည်။ သူ၏အသင်းတော်စုဆိုင်ရာခေါင်းဆောင်များတို့သည်
အကျိုးရလဒ်များ တို့ကို အလေးထားအသားပေးလာခဲ့ကြပြီး အခြားအသင်းတော် အသင်းအုပ်
ဆရာတို့သည်လည်း ထိုနည်းအတိုင်း လုပ်ဆောင်လာခဲ့ကြသည်ကို သူတွေ့မြင် လာခဲ့ရပါသည်။
ထိုအချက်ကိုအမှုတော်ဆောင်ခြင်းဆိုင်ရာ နေထိုင်မှုပုံစံမျိုး အဖြစ် သူဆက်ခံလာခဲ့ပါသည်။
သို့ရာတွင် သူ၏ စိတ်ထဲတွင်မူ ရတက်မအေး ဖြစ်ပေါ်မှုမျိုး တိုးပွားလာခဲ့ပါသည်။ သူသည်
အစီအစဉ်များဆိုင်ရာ အဆုံး သတ်နိုင်သည့်နံပါတ်စဉ်များတို့အပေါ်
မောပန်းနွမ်းနယ်မှုများ ခံစားလာခဲ့ရပါ သည်။ သူခံစားခဲ့ရသော
ကျေနပ်တင်းတိမ်မှုမရှိခြင်းသည် သူ့အနေဖြင့် ဘုရား သခင်နှင့်ဝေးကွာလာမှုအတိုင်းအတာတိုးပွားလာခြင်းမှ
အရင်းခံလာခဲ့ခြင်းဖြစ် ကြောင်းကို သူဖော်ထုတ်သိရှိခဲ့ရပါသည်။
သူ့အားတက်တက်ကြွကြွဖြင့် ရှာဖွေ တော်မူသော တစ်ပါးတည်းရှိတော်မူသောဘုရားသခင်အပေါ်
ချစ်ခြင်းမေတ္တာ ဖြင့်ပြည့်၀သော ဆက်ဆံရေး၏ အစိတ်အပိုင်းအဖြစ်ရှိနေသည့် ဆုတောင်းခြင်း
အကြောင်းကိုသိရှိရန်အတွက် သူလေ့လာတွေ့ ရှိခဲ့ရသောဆုတောင်းခြင်း၏ နက်နဲမှုအတိုင်း
သူ၏ ဆုတောင်းခြင်းအသက်တာသည် လေးနက်မှုရှိကြောင်း ကို သူစတင်သတိထားမိလာခဲ့ပါသည်။
“လု(မ်)တော” ၏အတွေ့အကြုံသည် အခြားသောအသင်းအုပ်ဆရာတို့၏ အတွေ့အကြုံတို့ကို
ကြေးမုံပြင်တွင် ထင် ဟပ်နေသည့်အလား ရှင်းလင်းလှပါသည်။
“ဆုတောင်းခြင်းသည်
လူသားကို ဖန်တီးပေးပါသည်။ ဆုတောင်းခြင်း သည် တရားဟောပြောသောဆရာကို
ဖြစ်ပေါ်စေပါသည်။ ဆုတောင်းခြင်း သည် အသင်းအုပ်ဆရာကိုဖြစ်ပွားစေပါသည်”
အီးအိုင်(စ်)ဘောင်း(န်စ်)။
အယ်လင်ဝှိုက်က
အောက်ပါအတိုင်း အသိပေးထားပါသည်။ “ဘုရား သခင်၏ မိတ်သဟာယဖွဲ့ခြင်းအပေါ်
ဦးစားပေးခြင်းသည် အသင်းတော် အတွက်လုပ်ဆောင်စရာမရှိသော အချိန်တွင်
အသင်းအုပ်ဆရာအနေဖြင့် လုပ်ဆောင်သင့်သောအရာဖြစ်ပါသည်။ လုပ်ငန်းခွင်ထဲတွင်
ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့၍ ရရှိလာသောလက်တွေ့ကျသည့် အကျိုးရလဒ်များလောက်
မည်သည့်အခြားသောအရာကမျှ လိုအပ်မှုမရှိနိုင်ပါ။ ကျွန်ုပ်တို့သည် ဘုရား သခင်၌
ရရှိနေသောငြိမ်သက်ခြင်းနှင့်ငြိမ်သက်ခြင်းချမ်းသာတို့ကို ကျွန်ုပ်တို့ အား
နေ့စဉ်အသက်တာအားဖြင့် ပြသရကြပါမည်။ စိတ်အားလုံးထဲတွင် ရှိတော်မူသော သူ၏ငြိမ်သက်ခြင်းသည်
ကျွန်ုပ်တို့၏မျက်နှာနေမျက်နှာထား တို့တွင် ထွန်းလင်းတောက်ပနေပါလိမ့်မည်။ ၎င်းသည်
ကျွန်ုပ်တို့၏ ပြောကြား နေကြသော အသံတွင်ကျလောက်အောင် အပြောကောင်းစေသည့်စွမ်းအားကို
ပေးဆပ်ပါလိမ့်မည်။ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းသည် အကျင့်စရိုက်
နှင့်ပြုမူကျင့်ကြံမှုတစ်ရပ်လုံးတို့အား ကိုယ်ကျင့်တရားမြှင့်တင်ပေးမှုကို ဖြန့်ဝေ
ပေးပါသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်ရှိနေကြသည့် အဦးဆုံးသော
တပည့်တော်များကဲ့သို့ လူတို့သည် ကျွန်ုပ်တို့ထံမှသိပ္ပံအတတ်ကို ရယူကြပေ မည်။
ဤသိပ္ပံအတတ်သည် အမှုတော်ဆောင်၏ လုပ်သားများထံသို့ စွမ်းအား တစ်ခုကိုဖြန့်ဝေပေးမည့်အပြင်
၎င်းသည် အမှုတော်ဆောင်၏ ဟောပြောခြင်း ဆိုင်ရာ ဩဇာသက်ရောက်မှုမှ ဆင်းသက်လာသည့်
စွမ်းအားထက် ပိုမိုကြီးမား လှပါသည်။ ဤစွမ်းအားအားဖြင့် သူ့အနေဖြင့် မိမိကိုယ်ကို
ဆုံးရှုံးသွားစေသည့် အနေအထားသို့ ရောက်ရှိသွားအောင်ခွင့်မပြုသင့်ပါ။
ဆုတောင်းခြင်းနှင့် သူ၏ နှုတ်တော်ထွက်ကို လေ့လာခြင်းမှတစ်ဆင့်
ဘုရားသခင်နှင့်မိတ်သာဟာယ ဖွဲ့ခြင်းကို လျစ်လျူရှုခြင်းမပြုသင့်ရာတွင်
ဤနည်းအားဖြင့်အမှုတော်ဆောင် သည် သူ့အတွက်ခွန်အား၏ အရင်းအမြစ်ကို
ရရှိခြင်းကြောင့်ဖြစ်ပါသည်။ အသင်းတော်အတွက်လုပ်ဆောင်စရာမရှိခြင်းသည် ဤအချက်အတွက်
ဦးစား ပေး၍လုပ်ဆောင်နိုင်ပါသည်။
ဆုတောင်းခြင်း၌မွေ့လျော်သော
အသင်းအုပ်ဆရာတစ်ယောက်မည်သည် မှာ ကောင်းကင်ဘုံတွင် ဖခမည်းတော်၏မျက်မှောက်၌
အချိန်ကိုအသုံးချသူ ဖြစ်ပြီး ထိုဖခမည်းတော်ကိုရှာဖွေကာ၊ အသင်းတော်အတွက်
ထိုခမည်းတော်က အလိုဆန္ဒတော်ကို နာခံသူဖြစ်ပါသည်။ ဆုတောင်းခြင်း၌ မွေ့လျော်သော
အသင်းအုပ်ဆရာတစ်ယောက်သည် ညွှန်ကြားချက်ကို နောက်ဆုံးပေါ် အဆင့်
မြင့်သုတေသနဆွေးနွေးပွဲမှရှာဖွေရယူခြင်းမဟုတ်ဘဲ၊ ဆုတောင်းခြင်းအားဖြင့် သာ
ရှာဖွေရယူပါသည်။
အသင်းအုပ်ဆရာများဖြစ်ကြသည့်အလျောက်
ဆုတောင်းခြင်းက ကျွန်ုပ် တို့ကို ကျားကန်ပေးထားပါသည်။ အမှုတော်ဆောင်လုပ်ငန်းသည်
၎င်း၏ ခေါင်းဆောင်များတို့၏ ဝိညာဉ်ရေးဆိုင်ရာအခြေအနေပေါ်တွင် မှီနေပါသည်။
ခရစ်တော်ထံသို့ သူတို့၏ ဆက်ကပ်အပ်နှံမှု၊ ထို့အပြင် ထိုဆက်ကပ်အပ်နှံမှုမှ မည်သည့်အရာစီးဆင်းလာနေသည်ဆိုခြင်းက
သူတို့၏ အမှုတော်ဆောင်လုပ် ငန်း၏အစွမ်းထက်မှုကို အဆုံးအဖြတ်ပေးပါသည်။
အမှုတော်ဆောင်လုပ်ငန်း အနေဖြင့် ကောင်းချီးမင်္ဂလာခံစားရရန်နှင့်
ထိရောက်သောရလဒ်မျိုးရရှိရန်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထာ၀ရဘုရားနှင့်
သင့်တင့်ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရမည့်အပြင် တစ်ယောက်ကို တစ်
ယောက် တာဝန်ယူပေးရကြပါမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ငန်း ဆောင်တာဆီသို့
လွတ်လပ်စွာ လှည့်လည်သွားလာခြင်းမပြုရဘဲ၊ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏
သခင်ဘုရားကိုမှီခိုအားထားပြီး တစ်ယောက်ကိုတစ်ယောက် မှီခိုကြရပါမည်။
ခရစ်ယာန်အယူဝါဒမည်သည် တစ်ကိုယ်တော်ဆင်နွှဲရမည့် အားကစား၊ သို့မဟုတ်
လူကြိုက်များသောအားကစားမျိုးမဟုတ်မူဘဲ၊ ကျွန်ုပ်တို့ အနေဖြင့်
ကိုယ်ခန္ဓာတစ်ခုတည်းနှင့်တစ်ခုတည်းသော အင်အားဖြင့် တစ်ခု တည်းသောနိုင်ငံတော်ကို
အသင်းအဖွဲ့ကြိုးပမ်းမှုဖြင့်ပုံဖော်ကြခြင်းဖြစ်ပါသည်။
“အသိတရားမဲ့သောသိုးထိန်းတစ်ယောက်”
အကယ်၍
ဆုတောင်းခြင်းအတွက် ကျွန်ုပ်တို့သည် အလုပ်သိပ်များလွန်း နေကြပါက
ဘုရားသခင်၏အမှုတော်ကို ထိရောက်မှုရှိအောင် ကျွန်ုပ်တို့ မည်ကဲ့သို့
လုပ်ဆောင်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် ထာ၀ရဘုရား၏ လူစု တော်ဝင်များမဟုတ် ကြပါက၊
ထာ၀ရဘုရား၏အမှုတော်ကို မလုပ်ဆောင်နိုင် ကြောင်းကို သတိတရရှိကြပါ။
ကျွန်ုပ်တို့၏ကိုယ်ပိုင်ဝိညာဉ်ရေးအခြေအနေအားဖြင့်
စတင်လုပ်ဆောင်ရ ကြမည်ဖြစ်ပြီး
၎င်းကိုသခင်ခရစ်တော်နှင့်ကျွန်ုပ်တို့ဆက်ဆံရေးနှင့်အတူ ပေါင်း
စပ်လုပ်ဆောင်ကြရပါမည်။ အခြားလူများတို့အား ထိရောက်သော အမှုတော်
ဆောင်ခြင်းမလုပ်ဆောင်ကြမီ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးမှုကို မြေတောင်
မြှောက်ပေးရကြပါမည်။ ကျွန်ုပ်တို့၏ ဖွံ့ဖြိုးမှုအတွက်ဆိုလျှင် ကျွန်ုပ်တို့၏
ဒူးခေါင်းတွင် ကျွန်ုပ်တို့ရပ်တည်ရကြပါမည်။ ဤအလုပ်မျိုးကို သင်လုပ်ဆောင်
နိုင်သည်ဟု သင်မယူဆပါက အခြားသောအလုပ်တစ်ခုကို သင်ရှာဖွေကောင်း ရှာဖွေရပါလိမ့်မည်။
ကျွန်ုပ်၏ပေးလိုသောအကြံမှာ ဘုရားသခင်နှင့် မှန်ကန် စွာဆက်ဆံရန်ပင်ဖြစ်ပါသည်။
မိမိတို့၏အမှုတော်ဆောင်ခြင်းဆိုင်ရာလုပ်ငန်းတွင်
အောင်မြင်မှု မရှိကြ သော အသင်းအုပ်ဆရာတို့အတွင်းရေးကို သိရှိနိုင်ကြရန်အတွက်
ပုရောဖက် ယေရမိက ကျွန်ုပ်တို့အား ထိုးထွင်းသိမြင်နိုင်စွမ်းသော ဥာဏ်ကိုပေးအပ်ရာ
တွင်(ယေရမိ ၁ဝး၂၁) ၌ “အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန် သဘောရှိ၍
ထာ၀ရဘုရားကိုမရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစု အပေါင်းတို့သည်
အရပ်ရပ်သို့ကွဲပြားရကြ၏” ဟူ၍ဖော်ပြထားပါသည်။ ကျွန်ုပ် တို့သည် ဤသို့
ယေရမိ၏နှုတ်ထွက်စကားတို့ကို ဖတ်ရှုကြရခြင်းအားဖြင့် ဆုတောင်းခြင်း၌မွေ့လျော်သော
အသင်းအုပ်ဆရာ တစ်ယောက်အဖြစ်သို့ ရောက်ရှိသွားခြင်းသည်
ဘုရားသခင်နှင့်ဆက်ဆံရေးတိုးတက်မှုရှိစေရန် မရှိ မဖြစ်
လိုအပ်ချက်တစ်ခုဖြစ်ကြောင်းကို ကျွန်ုပ်တို့ပိုမိုနားလည်နိုင်ရန်အတွက်
ကျွန်ုပ်တို့စတင်လုပ်ဆောင်နိုင်ပါသည်။ ၎င်းယေရမိ၏ နှုတ်ထွက်စကားသည် ထာ၀ရဘုရား၏
အသံတော်နှင့် သူ၏ညွှန်ကြားတော်မူချက်တို့ကို ကျွန်ုပ်တို့ အား
မည်ကဲ့သို့နားထောင်ရမည်ဆိုခြင်းကို သင်ကြားရယူရမည့်အဓိပ္ပါယ်မျိုး သက်ရောက်ပါသည်။
ချား(လ်စ်)စပ(ရ်)ဂျီယွန်က
“သင်တို့သည် အမှုတော်ဆောင်များဖြစ်သည် ဆိုပါက ပိုမို၍ သနားကြင်နာမှုရှိရပါမည်။
အနာဂတ်အတွက်သာဆိုလျှင် အသင်းအုပ်ဆရာဘ၀သည် ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ထို
အသင်းအုပ်ဆရာဘ၀ကို ထိန်းသိမ်းကျားကန်ထားရန် တာဝန်အပ်နှင်းခြင်းခံရ မည်ဖြစ်ပြီး
သင့်အနေဖြင့် လျှို့လျှို့ဝှက်ဝှက်ဖြင့်ဆက်ကပ်အပ်နှံမှုကို ဆောင် ရွက်ရာတွင်၊
သင်သည် အကျင့်သိက္ခာလျော့ရဲမှုရှိလာပါက၊ သင်သည် အကြင် နာတရားထားရှိရတော့မည့်အပြင်
သင်၏ လူတို့သည်လည်း ဤအတိုင်းကျင့် သုံးရကြတော့မည်ဖြစ်ကာ ထိုနောက်တွင် သင်သည်
အပြစ်တင်ခံရမည်ဖြစ်ပြီး အဆုံးတွင်သင်သည် အရှက်ရစရာနှင့်ကြုံတွေ့ရပြီး
ခြေမကိုင်မိလက်မကိုင်မိ သော အခြေအနေမျိုးနှင့်ရောက်ရှိလာသောနေ့ရက်နှင့်
ကြုံတွေ့လာရပေမည်” ဟူ၍ သတိပေးဖူးပါသည်။
“ဆုတောင်းခြင်းကိုလက်ကိုင်ထားသောအသင်းအုပ်ဆရာတစ်ယောက်
အဖြစ်သို့ရောက်ရှိလာခြင်း”
အမှုတော်ဆောင်လုပ်ငန်း၏ဗဟိုချက်အဖြစ်
ဆုတောင်းခြင်းမရှိပါက ထို အမှုတော်ဆောင်လုပ်ငန်းကို အကျိုးဖြစ်ထွန်းမှုရှိသော
အမှုတော်ဆောင် လုပ်ငန်းဟူ၍ ခေါ်ဆိုရန်မဖြစ်နိုင်ပါ။ ဆုတောင်းခြင်းမရှိပါက
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သဘောကျကျေနပ်တော်မူခြင်းကို ရရှိနိုင်မည်မဟုတ်ပါ။
ကျွန်ုပ်တို့သည် အမှုတော်ဆောင်ခြင်းစက်ကွင်း၏အပြင်ဖက်၌ ဘုရားသခင်ကို
ချန်ထားရစ်ခဲ့ကြပါက သူ၏ ကောင်းချီးမင်္ဂလာကို ကျွန်ုပ်တို့မည်ကဲ့သို့လက်ခံ
ရရှိနိုင်ကြမည်နည်း။ ကျွန်ုပ်တို့၏ အသက်တာများတွင် ဘုရားသခင်ကို ပါဝင်
တော်မူစေခြင်းမရှိကြပါက သူ့အားကျွန်ုပ်တို့က မည်ကဲ့သို့ အစေခံနိုင်ကြမည် နည်း။
ကျွန်ုပ်တို့၏
အခြားလူတို့အပေါ်ပေါင်းသင်းဆက်ဆံမှုသည် ဘုရားသခင် နှင့် ကျွန်ုပ်တို့၏
ဆက်ဆံရေး၏ရောင်ပြန်ဟပ်မှုပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ခေါင်းဆောင်များ၊
အသစ်သောခရစ်ယာန်များ သို့မဟုတ် သာမန်အသင်းသား
များဖြစ်ခြင်းမဖြစ်ခြင်းအပေါ်မူတည်ခြင်းမရှိဘဲ အထက်ပါဆက်ဆံရေးပုံစံမျိုး ကို
အသုံးချရကြပါမည်။ ဘုရားသခင်အပေါ် ကျွန်ုပ်တို့သည် အားနည်းမှုရှိ သော ဆက်ဆံရေးဖြင့်
ဆက်ဆံကြပါက၊ ကျွန်ုပ်တို့သည် လူသားများဖြစ်သော
လူလူချင်းဆိုင်ရာဆက်ဆံရေးများတို့သည်လည်း အပေးအယူအလျှော့အတင်း ပုံစံမျိုးဖြင့်သာ
လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ထာ၀ရဘုရား အပေါ် ကျွန်ုပ်တို့၏
ဆက်ဆံရေးသည် ဆုတောင်းခြင်းအပေါ် အခြေပြုတည် ဆောက်ကြပါက ကျွန်ုပ်တို့အချင်းချင်း
တစ်ယောက်ကိုတစ်ယောက် ဆက်ဆံ ရေးသည်လည်း ရှင်သန်နေမည်ဖြစ်ပါသည်။ ဤအချက်သည်
ခရစ်ယာန်အား လုံးတို့အတွက် အလွန်အလေးထားစရာခေါင်းဆောင်များအတွက် မရှိမဖြစ်နှင့်
အသင်းအုပ်ဆရာအတွက်အရေးပါလှသောအချက်ဖြစ်ပါသည်။
ချား(နလ်စ်)ဘရစ်(ဒ်ဂျမ်)
က “ကျွန်ုပ်၏ညီအစ်ကိုတို့ ဆုတောင်းခြင်းအမှု ကိုမပြု၊
ဆုတောင်းခြင်းကိုမြတ်နိုးခြင်းမရှိသော အသင်းအုပ်ဆရာတစ်ယောက် မည်သည်
မရပ်မနားဆုတောင်းသောအသင်းတော်နှင့် မည်သို့မျှသက်ဆိုင်ခြင်း မရှိသည့်အပြင် သူသည်
ထာ၀ရဘုရား၏မြေကြီးတော်ကို နေရာဖြုန်းတီးစေ သည့် ခြောက်ကပ်ပြီး
အသီးအစေ့မရနိုင်သောအပင်၊ သူသည် သူ၏ လူတို့ အတွက်ရန်သူဖြစ်ပြီး ဖခင်မမည်သောသူ၊သူသည်
သူစိမ်းတစ်ရံဆံတစ်ယောက် ဖြစ်ပြီး အသင်းအုပ်ဆရာ၏ နေရာကို လုယူသူဖြစ်သည့်အပြင်
အသင်းသူ အသင်းသားထုတို့အတွက် ကယ်တင်ခြင်းရရှိရေးကို ဂရုမစိုက်သူဖြစ်ပါသည်။
“ဆုတောင်းခြင်းမည်သည်မှာ ကျွန်ုပ်တို့၏အဦးဆုံးသော အရင်းအမြစ်ဖြစ်ပြီး၊
ကျွန်ုပ်တို့၏နောက်ဆုံးသောအပန်းဖြေစရာစခန်းမဟုတ်ပါ” (ဟန်နရီဘလက် ကာဘီ)။ သို့ဖြစ်၍
ကျွန်ုပ်၏ညီအစ်ကိုတို့၊ သစ္စာရှိစွာဖြင့်ဆုတောင်းပါက သင်၏ အသုံးဝင်မှုများတို့သည်
ပိုမိုအသုံးဝင်လာကြကာ သင်၏ လူစုတို့သည် ပိုမိုမြင့်မြတ်သန့်ရှင်းမှုရှိပြီး၊
သင်၏ကြိုးပမ်းမှုတို့သည် ပိုမို၍ ချိုမြိန်သောရလဒ် မျိုးကို
ဖန်တီးပေးလာခြင်းအားဖြင့် သင်၏အသင်းတော်၏ ဆိုးညစ်မှုများတို့ သည်
လျော့နည်းဆုတ်ယုတ်လာပေလိမ့်မည်” ဟူ၍ သတိပေးထားပါသည်။
ဆုတောင်းခြင်းနှင့်မွေ့လျော်သောသင်းအုပ်ဆရာထံသို့
ဆုတောင်းသော အသင်းအုပ်ဆရာတစ်ယောက်၏အနေအထားမှပြောင်းလဲသွားရန် သင်မည်သို့
လုပ်ဆောင်ပါမည်နည်း။ အောက်ပါအကြံပေးချက်အချို့တို့သည် ကျွန်ုပ်တို့ ကိုယ်တိုင်
လျှောက်လှမ်းခဲ့သောလမ်းခရီးမှ ကောက်သင်းကောက်ထားခဲ့သော အကြံပေးချက်များ ဖြစ်ပါသည်။
သင်၏စိတ်နှလုံးကိုရှာဖွေရန်နှင့်သင်၏ဆုတောင်းခြင်းဖြင့်ရှိသောအသက်
တာတွင် စစ်မှန်သောအနေအထားကို ထင်ရှားတော်မူစေရန်အတွက် ဘုရား သခင်ကိုတောင်းခံပါ။
အဓိပ္ပါယ်နှင့်ပိုမိုပြည့်၀သောဆုတောင်းခြင်းအသက်တာ ဆီသို့
သင့်အားပို့ဆောင်ပေးတော်မူရန်အတွက် ထာ၀ရဘုရားအားတောင်းခံ ပါ။
မိမိအပေါ်မိမိသစ္စာရှိပါ။ သင်၏ အသင်းအုပ်ဆရာနှင့်ပတ်သက်သော
စက်ပစ္စည်းထည့်ထားသောပုံးအတွင်းရှိများစွာသောကိရိယာတန်ဆာပလာများ အထဲမှ
တစ်စုံတစ်ခုကို အလွယ်လုပ်ကြုံသလိုသုံးစွဲရန်အတွက် သင့်အနေဖြင့်
ဆုတောင်းခြင်းကိုချောင်ထိုးထားပါသလား။ သို့မဟုတ် သင်၏ ဆုံးဖြတ်ချက် များကို
ချမှတ်မှုတွင် ဆုတောင်းခြင်းသည် သင်၏လမ်းညွှန်ပဲ့ပြင်မှု အင်အား အဖြစ်ရှိနေပါသလား။
ထာ၀ရဘုရားနှင့် သင်၏ဆက်ဆံရေးကို လေးနက်မှု ရှိပါစေ။ သင်၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ
ဆက်ကပ်အပ်နှံသောအချိန်ကို တရားဟောချက်အတွက် ပြင်ဆင်ခြင်းအပေါ်ယံကြောလုပ်ရပ်ဖြင့်
အစားထိုးမှု ပြုလုပ်နေပြီးဖြစ်နေပါသည်။ သို့တည်းမဟုတ် သင်၏အသက် ဝိညာဉ်ကို
အလုပ်အကျွေးပြုပြီး အရာရာတိုင်း၏ အထက်၌ သခင်ကိုသင်ကြိုးပမ်းရှာဖွေ နေပါသလား။
ထာ၀ရဘုရား၏အသံတော်ကို
ပိုင်းခြားနားလည်နိုင်ရန်နှင့် ကြားနိုင်ရန် အတွက် သင်၏အရည်အသွေးကို
မြှင့်တင်ပေးပါ။ သမိုင်းစဉ်တစ်လျှောက်လုံး တွင် ဘုရားသခင်သည် သူ၏
လူစုတော်တို့နှင့်စကားပြောဆိုတော်မူခဲ့သည်ကို ကျွန်ုပ်တို့သိရှိရကြပါမည်။
သင်နှင့်အတူကိန်းဝပ်တော်မူသော သူ၏နှုတ်တော် ထွက်နှင့်ဝိညာဉ်တော်အားဖြင့်
သူ၏အသံတော်ကိုနားထောင်ပါ။ သူ၏အသံ တော်ကို အသိအမှတ်ပြုနိုင်ရန်သင်ကြားရယူပါ။
သင်၏အသင်းတော်အတွင်းတွင်
အမှုတော်ကိုစောင့်ရှောက်နိုင်မည့်သူတို့ ကိုရှာဖွေပြီး
သင့်အတွက်ဆုတောင်းပေးကြရန်အတွက် သူတို့ကိုပန်ကြားပါ။ သင့်အနေဖြင့်
ဆုတောင်းခြင်း၌မွေ့လျော်သော အသင်းအုပ်ဆရာတစ်ယောက် အဖြစ်သို့ရောက်ရှိရန်
သူတို့၏နှစ်သက်လိုလားစွာ သင့်အတွက်ဆုတောင်းပေး ခြင်းအတွက်
သင်တအံ့တဩရှိနေပါလိမ့်မည်။
ဆုတောင်းခြင်းတန်ခိုးနှင့်အခွင့်ထူးတို့ကို
လက်တွေ့ ခံစားတွေ့ထိရနိုင်ရန်
အတွက်
ဘုရားသခင်သည် သူ၏လူတို့ကိုခေါ်ယူတော်မူပါသည်။
“ဆုတောင်းခြင်းအတွက်စာရင်းဇယား”
အသင်းအုပ်ဆရာတိုင်းတို့သည်
အသင်းတော်လမ်းညွှန်စာအုပ်တစ်အုပ် လိုအပ်ပါသည်။ ရက်သတ္တတစ်ပတ်တွင်
အကြိမ်အတော်များများ (နေ့စဉ်မလုပ် ဆောင်နိုင်ပါက) စာရင်းဇယားနှင့် ရေးသားထားသော
လူနာမည်စာရင်း အတိုင်း သွားရောက်ပြီး၊ အသင်းသူအသင်းသားတစ်ယောက်စီတိုင်းအတွက်
ဘုရားသခင်၏ ဦးဆောင်လမ်းညွှန်တော်မူခြင်း၊ ကွယ်ကာတော်မူခြင်းနှင့်
ကောင်းချီးမင်္ဂလာတို့ကိုခံစားရရှိနိုင်ကြရန် ဆုတောင်းပေးရကြပါမည်။ ကျွန်ုပ် တို့၏
စောင့်ရှောက်မှုအောက်တွင် ဘုရားသခင် ထားရှိတော်မူသော လူတိုင်း အတွက်
ကျွန်ုပ်တို့သည် အထူးဆုတောင်းပေးရကြပါမည်။ အမှုတော်ဆောင် တစ်ယောက်ဖြစ်သည်နှင့်အညီ
သူဆုတောင်းပေးခဲ့ခြင်းမရှိသေးသော လူစုလူ ဝေးတို့အတွက် သူ့အနေဖြင့်
တရားဟောပြောပေးနိုင်သည့်အခွင့်အရေးမရှိပါ။
“ဆုတောင်းခြင်းအသက်တာ၏အရေးပါမှု”
ဘာသာရေးကိုင်းရှိုင်းသော
အသက်တာ၏အခြေခံချက်သည် ဆုတောင်း
ခြင်းပင်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏အသက်တာများနှင့် အမှုတော်ဆောင်ခြင်း လုပ်ငန်းတို့တွင်
၎င်းဆုတောင်းခြင်းသည် ပေါ်လွင်ထင်ရှားမှုရှိရပါမည်။ ဆု တောင်းခြင်း၏ အရေးပါမှုကို
လျစ်လျူရှုခြင်းသည် နောက်ဆုံးတွင် ကျွန်ုပ်တို့၏ အမှုတော်ဆောင် လုပ်ငန်းကို
အားနည်သွားစေပြီး ကျွန်ုပ်တို hလျှောက်လှမ်းနေ ကြသောခရီးလမ်းတွင် ခလုတ်တိုက်မိစေပါသည်။
ဆုတောင်းခြင်းမည်သည်
၎င်း၏အခြေခံအကျဆုံးသောပုံစံမျိုးဖြင့်ဆိုလျှင် ဘုရားသခင်ထံတော်သို့
ကျွန်ုပ်တို့အတွက်ဆက်သွယ်ရေးစနစ်ပင်ဖြစ်ပါသည်။ ဆုတောင်းခြင်းသည်
ဘုရားသခင်အပေါ်အမှီအခိုပြုရန် ကျွန်ုပ်တို့အားဦးတည် စေပါသည်။ ဘုရားသခင်ထံတော်၌
မိမိကိုယ်ကိုအပြည့်အဝဆက်ကပ်အပ်နှံ ထားသောသူတစ်ယောက်အနေဖြင့် ကျွန်ုပ်သည်
မည်သည့်အရာမျှမဟုတ် သည့်တိုင် ဘုရားသခင်သည် အဆုံးစွန်သော အထွတ်အထိပ်ဖြစ်တော်မူပါ
သည်ဟူ၍ ကြွေးကြော်တတ်ပါသည်။ ဆုတောင်းခြင်းသည် ယုံကြည်ခြင်းကို ဖြစ်ပေါ်လာစေပါသည်။
ယုံကြည်ခြင်းကို ဆုတောင်းခြင်းမပါရှိဘဲ တောင်းခံ ခြင်းသည် စားစရာမပါရှိသောညစာ၊
သတို့သမီးမပါရှိသောလက်ထပ် မင်္ဂလာ ပွဲ၊ မိုးရွာသွန်းခြင်းမရှိသော
မုန်တိုင်းကျရောက်ခြင်းတို့နှင့် အလားသဏ္ဌာန်တူ ပါသည်။ အားမာန်အပြည့်ပါရှိသော
ဆုတောင်းခြင်းအသက်တာတစ်ခုသည် ကျွန်ုပ်တို့အားဝန်ချတောင်းပန်ခြင်း၊
ယုံကြည်မှုခိုင်မြဲစေခြင်းနှင့် တရားမျှတမှု
ရှိသောဆုံးဖြတ်ချက်များကိုချမှတ်နိုင်ခြင်း စသည့်အနေအထားဆီသို့ ဦးတည်
စေပါသည်။ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အားသခင်ယေရှုထံတော်၌ ခိုင်မြဲစွာ
ရပ်တည်နိုင်ရန်နှင့်အောင်မြင်မှုရှိသော အသက်တာဆီသို့ ဦးတည်စေပါသည်။ မိမိ၏
ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ကြိုးပမ်းလုပ်ဆောင်ကြခြင်းသည် ကျွန်ုပ်တို့ အား
ကျေနပ်တင်းတိမ်မှုမရှိနိုင်သော အသက်တာဆီသို့သာ ဦးတည်စေပါ သည်။ အောင်မြင်သော
အသက်တာဆီသို့ ဦးတည်စေသည့်ရည်ရွယ်ရင်းကို လက်ကိုင်ထားကြရပါမည်။
သင့်အားဦးဆောင်လမ်းပြတော်မူရန်နှင့် ကူညီမစ တော်မူစေရန်အတွက်
ဘုရားသခင်ထင်ရှားတည်ရှိတော်မူရန်ခွင့်ပြုခြင်းသည် သူ၏ ရည်ရွယ်တော်မူချက်ကို
ဖြည့်ဆည်းပေးရာရောက်ပါသည်။
ဆုတောင်းခြင်းမရှိပါက၊
ဘုရားသခင်၏ အစေကိုခံသောသူသည် ရွက် ဖျင်မပါသောရွက်သင်္ဘောနှင့်အလားသဏ္ဌာန်တူပြီး
ဘုရားသခင်၏ ညွှန်ကြား တော်မူချက်ကို မသိကျိုးကျွန်ပြုလာတတ်ပါသည်။
ဤတွင်အောင်မြင်ခြင်းနှင့် ကျေနပ်နှစ်သိမ့်မှု၏နေရာကို အားမလိုအားမရဖြစ်ခြင်းနှင့်
စိတ်ဓာတ်ကျဆင်း ခြင်းတို့က အစားထိုးဝင်ရောက်လာပါသည်။ အားကြီးသောဆုတောင်းပတ္ထနာ
ပြုခြင်းနှင့်ပြည့်၀သော အစေခံတစ်ယောက်သည် သူ့အားဘုရားသခင်၏ ဦးတည်စေလိုတော်မူသော
ညွှန်းရပ်နှင့် အသုံးဝင်သော အရာအားလုံးတို့ကို သိရှိပါသည်။
“ပုဂ္ဂိုလ်ရေးဆိုင်ရာဆုတောင်းခြင်းအသက်တာကိုပျိုးထောင်ခြင်း”
အသင်းအုပ်ဆရာ၏
ဆုတောင်းခြင်းအသက်တာနှင့် ပတ်သက်သော အကြီးဆုံးရန်သူမှာ ထိုအသင်းအုပ်ဆရာ၏
စည်းမဲ့ကမ်းမဲ့ပြုမူနေထိုင်ခြင်းပင် ဖြစ်ပါသည်။
လူတိုင်းလူတိုင်းထံသို့ကူးစက်သွားနိုင်သော အလားတူအလုပ်ရှုပ် ထွေးသော
အခြေအနေတွင်းသို့ ပါဝင်ပတ်သက်သွားမိရန်လွယ်ကူလှပါသည်။ နေ့စဉ်နေ့တိုင်းဆိုသည်မှာ
သင်၏အချိန်ကိုအသုံးပြုခြင်းအတွက် တိုက်ပွဲတစ်ခု ပင်ဖြစ်ပါသည်။
စိတ်အားထက်သန်မှုကင်းမဲ့သော ဆုတောင်းခြင်းအားဖြင့် အသင်းအုပ်ဆရာသည် ဝိညာဉ်ရေးအရ
ထိရောက်စွာ မစွမ်းဆောင်နိုင်တော့ သည့်အပြင် အားနည်းမှုရှိသော အနေအထားသို့
ရောက်ရှိသွားပါသည်။ သူနှင့် ထက်သန်သည့်ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံတော်၌
ဆုတောင်းခြင်း၏ စပ်ကြား၌၊ တစ်စုံတစ်ယောက် သို့မဟုတ် မည်သည့်အရာကိုမျှ ဝင်ရောက်လာ
ရန်ခွင့်ပြုခြင်းကိုငြင်းပယ်ပြီး စည်းကမ်းသတ်မှတ်ထားရှိရပါမည်။
“နေမင်းကြီးထွန်းလင်းတောက်ပချိန်တွင်
သင်မဆုတောင်းပါက မိုးရွာ သွန်းသောအချိန်တွင် ဆုမတောင်းပါနှင့်” (Sအေခ့နူ ဏငေါန).
ကျွန်ုပ်သည်
ဆုတောင်းခြင်းကို ဦးစားပေးအဆင့်အဖြစ် သတ်မှတ်ထား သောအခါတွင်
ကျွန်ုပ်၏အမှုတော်ဆောင်ခြင်းလုပ်ငန်းသည် ရှင်သန်ကြီးထွား မှုရှိလာပါသည်။
ကျွန်ုပ်သည် ဆုတောင်းခြင်းကို မေ့ပျောက်သောအခါ သို့မ ဟုတ်
၎င်းကိုကျောခိုင်းထားလိုက်မိပါက ကျွန်ုပ်သည် စိတ်ဖိစီးမှုကို ခံစားလာ ရပြီး
အရည်အချင်းညံ့ဖျင်းလာကာ၊ အကျိုးထိရောက်မှုရှိသော လုပ်ဆောင်နိုင် စွမ်းမရှိတော့ပါ။
ဆုတောင်းခြင်းမည်သည် အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် ခွန်အား၏
မူလအရင်းအမြစ်ဖြစ်ပါသည်။ ၎င်းသည် ဘုရားသခင်၏ တန်ခိုး တော်ကို
ကျွန်ုပ်တို့အတွင်းသို့၊ ထို့အပြင် ကျွန်ုပ်တို့မှတစ်ဆင့် အခြားသော
သူတို့ထံသို့ပွင့်အံဝင်ရောက်သွားပါသည်။
အောက်ပါတို့သည်
အသင်းအုပ်ဆရာများအတွက် ဆုတောင်းပုံ ဆု တောင်းနည်းနမူနာအစီအစဉ်တစ်ခုဖြစ်ပါသည်။
၁။
ကြွယ်၀သောဆုတောင်းခြင်းအသက်တာကိုပျိုးထောင်ပါ - ဆုတောင်း
ခြင်းကိုဦးစားပေးအဆင့်တွင်ထားရှိပါ။ သင်ချမှတ်ထားပြီးသောအစီအစဉ်ကို ပြန်လည်
ပြင်ဆင်ရေးဆွဲခြင်းဖြင့် အချိန်ကိုရနိုင်သလောက်အသုံးချပါ။ အခြား သောသူတို့က
သူတို့အတွက် သင်၏တာဝန်ခံမှုကိုရယူကြပါစေ။ ဆုတောင်း ခြင်းကို လိုအပ်သလို
လုပ်ဆောင်ရာတွင် ထိုဆုတောင်းခြင်းသည် ရွှင်လန်း ဝမ်းမြောက်ခြင်း၊ ကျေးဇူးသိခြင်း
နှင့်ရိုးသားစစ်မှန်သော ဆုတောင်းခြင်းမျိုး ဖြစ်ရပါမည်။
ခရစ်ယာန်ဘာသာ၏ယုံကြည်ခြင်းဖြစ်သည့် အစာရှောင်ခြင်းနှင့်
ဘုရားဝတ်၌မွေ့လျော်ခြင်းကိုအာရုံပြုရသည့် အခြားသောစည်းကမ်းမျိုးတို့ကို
ကိုင်စွဲပြီးအသုံးချပါ။ ခြောက်ကပ်သော တိုတောင်းသည့် ကာလများအတွင်း၊
ကြိုးပမ်းအားထုတ်မှုနှင့်စိတ်အားထက်သန်မှုတို့သည် ရှိနေရကြမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ သခင်ဘုရားဖြစ်တော်မူသော သခင်ယေရှုခရစ်တော်နှင့် ဆက်
သွယ်ရေးလုပ်ငန်းသည် ကျွန်ုပ်တို့ကိုယ်ကို သူ၏ထံတော်၌ လုံး၀ဥဿုံအပ်နှံ
ပေးခြင်းအပေါ်တွင် အခြေပြုထားပါသည်။ အကြောင်းမှာ သူသည် ကျွန်ုပ် တို့အတွက်
ထိုကဲ့သို့ လုပ်ဆောင်တော်မူခဲ့ပြီးဖြစ်သောကြောင့်ပေတည်း။ ဤ
အချက်သည်ကျွန်ုပ်တို့အဘယ်ကြောင့် သူ့အားအခြေခံရသည်ဆိုသည့် မေးခွန်း
၏အဖြေပင်ဖြစ်ပါသည်။ သူသည် ကျွန်ုပ်တို့၏ ထာ၀ရဘုရားဖြစ်တော်မူသည် ဟူ၍
ကျွန်ုပ်တို့ပြောဆိုနေကြသည်အလျောက်၊ ၎င်းပြောဆိုချက်နှင့်လျော်ညီစွာ
ကျွန်ုပ်တို့နေထိုင်ခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်
တုံ့ပြန်ဆောင်ရွက်ခြင်းများ ကို ပြုလုပ်ရကြပါသည်။
၂။
ဆုတောင်းဖော်တစ်ယောက်ရှိပါစေ - အသင်းအုပ်ဆရာ၏ ဆုတောင်း သော အဖော်အဖက်သည်
အသင်းအုပ်ဆရာက လုံခြုံစွာယုံကြည်စိတ်ချရ သောသူဖြစ်ရပါမည်။ သူတို့အသင်းအုပ်ဆရာ၏
ဆုတောင်းဖော်များအဖြစ်သို့ ရောက်ရှိလာကြရန်၊ အချို့သော အသင်းတော်အဖွဲ့ဝင်တို့ကို
ဘုရားသခင်က ခေါ်တော်မူပါသည်။
သူတို့သည်
အသင်းအဖွဲ့တစ်ခု၏ပုံစံမျိုးဖြင့် ပုံမှန်တွေ့ဆုံကြရပါမည်။ သူတို့အနေဖြင့်
အတူတကွတွေ့ဆုံရေးအစီအစဉ်အတွက် အခက်အခဲတွေ့ကြုံ ရပါက၊ သူတို့သည် တစ်ဦးကိုတစ်ဦးအတွက်
တယ်လီဖုန်းဖြင့် ဆုတောင်းပေး နိုင်ကြပါသည်။ ယခုကဲ့သို့သော ခက်ခဲသည့် ကာလမျိုးတွင်
သူကအသင်းအုပ် ဆရာပုံစံဖြင့် ကွပ်ကဲရသော အသင်းသူအသင်းသားတို့၏ ဆုတောင်းချက်များ
တို့ဖြင့် ဝန်းရံထားခြင်းခံရရေးအတွက် အသင်းအုပ်ဆရာသည် ကောင်းမွန်စွာ
လုပ်ဆောင်ရပါမည်။
အကျိုးထိရောက်မှုရှိသောပုဂ္ဂိုလ်ရေးဆိုင်ရာ
ဆုတောင်းခြင်း အသက်တာ တွင် ပါဝင်ပတ်သက်သည့်အချက်များမှာ -
ပုံမှန်အချိန်နှင့်နေရာ
နည်းပါးသော်လည်း အကျိုးရှိသော ဆုတောင်းခြင်းကို
ပြုလုပ်ရမည့် အချိန် ပမာဏ (၅-၁၅ မိနစ်အတွင်း) သင်၏နေ့စဉ်ဆုတောင်းခြင်း အပေါ် သင်၏
သစ္စာရှိရှိယုံကြည်မှုကြောင့် သင်သည် ဆုတောင်း သည့်အချိန်ကို
ပိုမိုရယူလာကြောင်းကို သင်တွေ့ရှိလာရပေလိမ့်မည်။
သင်၏ ကျမ်းစာမှတ်စုစာအုပ်နှင့်ကလောင်တံတစ်ချောင်း။
ဘုရား သခင်၏ နှုတ်တော်ထွက်ကို တောင်းခံသည့် သင်၏ဆုတောင်းချက်ကို အခြေပြုရန်အတွက်
ကျမ်းစာကသင့်ကိုကူညီပါသည်။ မှတ်စုစာအုပ် သည် သင့်အား
ဘုရားသခင်ထံတော်မှဆင်းသက်လာသည့် တောင်းခံ မှုနှင့်ထင်မြင်ခံစားမှုများတို့ကို တောင်းခံနိုင်ရန်အတွက်
ဆုတောင်း ခြင်းလမ်းကြောင်းကိုရယူထားရန် သင့်ကိုကူညီပါလိမ့်မည်။
သင်၏ဆုတောင်းချိန်ကိုမစတင်မီ သင့်အနေဖြင့်
ဘုရားသခင်ကိုဝတ် ပြုသည့် အချိန်ကိုအဦးဆုံးရယူရမည်။
သင်၏တောင်းခံမှုတို့ကိုမလုပ်ဆောင်မီ
ဘုရားသခင်၏မိန့်တော်မူချက် ကို နာခံရန် အချိန်ရယူပါ။
စနစ်တကျရှိသောဆုတောင်းခြင်းတောင်းခံချက်များ၊
သင်၏အထူးလို အပ်ချက်များတို့ဖြင့်စတင်ပြီး အခြားသောသူတို့၏လိုအပ်ချက်များကို
ဖြေရှင်းပေးရန် ဆက်လက်လုပ်ဆောင်ပါ။ ထိုအခြားသောသူတို့ဆိုရာ တွင် မိသားစုဝင်များ၊
ဆုတောင်းဖော်များ၊ အသင်းတော်ဝင်များ၊ သာသနာပြုလုပ်ငန်း ဆောင်ရွက်သူများ၊
အသင်းတော်ခေါင်းဆောင် များနှင့် ကမ္ဘာကြီး၏ဆင်းရဲနွမ်းပါးမှုများတို့
ပါဝင်ကြပါသည်။
ယခုတွင် သင်သည်
ဆုတောင်းခြင်းဆိုင်ရာလမ်းညွှန်ချက်တို့ကိုဖတ်ရှုပြီးစီး သည့်အလျောက်၊
ထိုလမ်းညွှန်ချက်အတိုင်း သင်သည် အဘယ်ကြောင့်မိနစ် အနည်းငယ်စာမျှ
လက်တွေ့ကျင့်သုံးခြင်းမပြုပါသနည်း။
ဆုတောင်းချိန်တွင်
သင်သည် ခေတ္တရပ်တန့်ခြင်းမျိုးမပြုလုပ်ရပါ။ (၁သက်
၅း၁၇)
တွင်ဖော်ပြထားသည့်အတိုင်း ကျမ်းစာတော်မြတ်က ကျွန်ုပ်တို့အား “မခြားမလပ်
ဆုတောင်းပတ္ထနာပြုကြလော့” ဟူ၍ပြောနေပါသည်။ အောက်စီ ဂျင်၊ အစားအစာ သို့မဟုတ်
ရေတို့ကိုအသုံးပြုခြင်းတွင် သင်သည် ခေတ္တခဏ ရပ်တန့်ထား၍မဖြစ်နိုင်ပါ။
ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကြီးပြင်း လာပြီး
ကြီးပွားတိုးတက်မှုရှိလာပါသည်။ ကျွန်ုပ်တို့၏ဆုတောင်းခြင်းအသက် တာနှင့်အတူ၊
ကျွန်ုပ်တို့သည် ထောက်ထားစာနာမှုမရှိသည့်အပြင် နမော်နမဲ့ ဖြစ်နေကြပါက၊
ကျွန်ုပ်တို့၏ ပတ်လည်တွင်ရှိနေကြသော သူတို့နှင့် အပြန် အလှန်အကျိုးပြုခြင်းကို
ဖော်ဆောင်ရာတွင်လည်း၊ ကျွန်ုပ်တို့သည် ထောက် ထားစာနာမှုကင်းမဲ့ပြီး
နမော်နမဲ့နိုင်မည်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဝိညာဉ်
ရေးဆိုင်ရာဦးစားပေးမှုများတို့သည် ကျွန်ုပ်တို့၏ အသက်တာများတွင်ပင် ဦး
စားပေးအနေအထားတွင်ရှိရပါမည်။ ကျွန်ုပ်တို့၏ထာ၀ရဘုရားသည် ကျွန်ုပ်တို့ အား
လျစ်လျူရှုထားတော်မူခြင်းမရှိသကဲ့သို့ သင်သည် သင်၏ဆုတောင်းခြင်း ကိုပင်
လျစ်လျူရှုထားခြင်းမရှိရပါ။ ထာ၀ရဘုရား၏မျက်မှောက်တော်၌ ကျွန်ုပ် တို့သည်
မိမိကိုယ်ကိုယုံကြည်မှုနှင့်သူပေးထားတော်မူသောလုပ်ပိုင်ခွင့်တို့ဖြင့်
လျှောက်လှမ်းကြပါစို့။ ၎င်းနောက် ကျွန်ုပ်တို့သည် သူ၏အမှုတော်နှင့်အလို ဆန္ဒတော်အတွက်
လုပ်ဆောင်ကြသောသူများ ဖြစ်လာနိုင်ကြပါမည်။
“စိတ်အားထက်သန်မှုရှိသော
ဆုတောင်ခြင်းအသက်တာမျိုးမရှိဘဲလျက် ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်အဖြစ်သို့
ရောက်ရှိလာနိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှုစဉ်းစားဆင်ခြင်သုံးသပ်ခြင်း
သို့မဟုတ် ဆွေးနွေးတိုင်ပင်
ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ
-
၁။ ဆုတောင်းခြင်းအလေ့အထရှိသော
အသင်းအုပ်ဆရာတစ်ယောက်နှင့် ဆုတောင်းခြင်း၌မွေ့လျော်သော သင်းအုပ်ဆရာတစ်ယောက်တို့၏
ကွာခြား ချက်သည် အဘယ်အရာနည်း။
၂။ ဆုတောင်းခြင်းအသက်တာကင်းမဲ့ခြင်းသည်
အမှုတော်ဆိုင်ရာလုပ်ငန်း အတွက် အားမလိုအားမရအနေအထားကို ဖြစ်ပေါ်လာစေနိုင်ပါသလား။
၃။ ယေရမိခေတ်ကာလ၌ရှိနေကြသော သိုးထိန်းတို့သည်
အဘယ်ကြောင့် အသိတရားကင်းမဲ့ခဲ့ကြရသည့်အကြောင်းတို့ကိုရှင်းပြပါ။ (ယေရမိ ၁ဝး၂၁)။
၄။ ဆုတောင်းခြင်းတွင် အချိန်ကိုများများ
ပိုယူခြင်းအားဖြင့် သင်၏အသက် တာနှင့်အမှုတော်ဆောင်ခြင်းလုပ်ငန်းအတွက်
မည်သည့်တိုးတက်မှုကို သင် လုပ်ဆောင်နိုင်ပါသနည်း။
၅။ ဆုတောင်းခြင်းစာရင်းဇယားတစ်ခုနှင့်
ဆုတောင်းဖော်တစ်ယောက်တို့ကို ရယူထားခြင်းဖြင့်
မည်သည့်အကျိုးကျေးဇူးမျိုးများဖြစ်ထွန်းပါသနည်း။
အခန်းကြီး - ၅
အခန်း (၅)
“လူမှုဆက်ဆံရေးကိုအလေးပေးသောအသင်းအုပ်ဆရာတစ်ယောက်”
အခြားသောအသင်းအုပ်ဆရာတို့သည်
အလွန်အဆင့်မြင့်သော ဘာသာ ရေးဆိုင်ရာလေ့လာမှုရှိပြီး၊ သာလွန်သောလက်တွေ့
သင်ခန်းစာများရှိနေကြ သည့်တိုင် ဆုံးရှုံးမှုနှင့်ကြုံတွေ့နေရချိန်တွင်
အချို့သောအသင်းအုပ်ဆရာတို့ သည် သူတို့၏အမှုတော်ဆောင်လုပ်ငန်းတွင်
တိုးတက်ကြီးပွားခြင်း ရှိကြပါ သည်။ သိသာထင်ရှားသော နည်းလမ်းများတို့ဖြင့်
အရေးမပါလှသောဖြစ်ရပ်တို့ သည် လူတို့ကိုအဘယ်ကြောင့် မကြာမကြာထိခိုက်နစ်နာစေပါသနည်း။
အခြား သောသူတို့သည် အလွန်နည်းပါးလှစွာ ဆက်ကပ်သောသူတိုင်းအပေါ် ဆက် လက်ပြီး
သစ္စာစောင့်သိနေချိန်တွင် လူတို့သည် အားမန်အပြည့်ရှိပြီး တက်ကြွမှု
ရှိသောအသင်းတော်တို့ကိုအဘယ်ကြောင့်စွန့်ခွာသွားကြပါသနည်း။ မည်သည့် အရာက
ခြားနားမှုကိုဖော်ဆောင်ပါသနည်း။ လူမှုဆက်ဆံရေးများပင် ဖြစ်ပါ သည်။
တောင့်တင်းခိုင်မာသောပုဂ္ဂိုလ်ရေးကျွမ်းကျင်မှုများရှိပြီး ကောင်းမွန် သော
ဆက်ဆံရေးများကို ထူထောင်ရန် လုပ်ဆောင်ကြသောအသင်းအုပ်ဆရာ
များတို့သည်
သူတို့သွားရောက်ခဲ့ကြသမျှသော နေရာအကုန်လုံးနီးပါးတို့တွင်
လှုပ်ရှားရှင်သန်မှုရှိကြပါသည်။ သူတို့၏လုပ်ဖော်ကိုင်ဖက်များကဲ့သို့ တူညီ
သောလက်တွေ့ လုပ်ဆောင်မှုများတို့နှင့်ထိတွေ့နေကြရသည့်တိုင် အထက်ပါ
တောင့်တင်းခိုင်မာသော ပုဂ္ဂိုလ်ရေးကျွမ်းကျင်မှုမျိုးမရှိကြသော အသင်းအုပ်
ဆရာများတို့မှာ ရုန်းကန်ရနိုင်ပါသည်။ ကောင်းသော အသင်းအုပ်ဆရာတစ် ယောက်သည်
ကောင်းမွန်သော လူမှုဆက်ဆံရေးကျွမ်းကျင်မှုများကို လိုအပ်လှ ပါသည်။
“ကောင်းမွန်သောလူမှုဆက်ဆံရေးတို့ကိုတည်ဆောက်ခြင်း၏
အရေးပါမှု”
အရည်အချင်းရှိသောလူမှုဆက်ဆံရေးများတို့သည်
အောင်မြင်မှုနှင့်ပြည့်၀ သည့် အသင်းအုပ်ဆိုင်ရာအမှုတော်ဆောင်ခြင်းလုပ်ငန်းအတွက်
အဓိက သော့ ချက်များအနက်မှ သော့ချက်တစ်ခုဖြစ်ပါသည်။ ဦးဆောင်မှုဆိုသည်မှာ ကျွမ်း
ကျင်မှုများကို အသုံးပြုပြီး လက်တွေ့လုပ်ဆောင်မှုကို အကောင်အထည်ဖော်
ပေးနေသည့်အရာတစ်ခု မဟုတ်ပါ။ ထို့ပြင်မက ၎င်းအချက်သည် အချိန်တိုင်း
တို့အတွက်အမှန်တရားပင် ဖြစ်ပါသည်။ ဦးစီးခေါင်းဆောင်မှုဆိုသည်မှာ ကောင်းမြတ်ပြီး
ခိုင်မာသည့်လူမှုဆက်ဆံရေးတို့ကို မြေတောင်မြှောက်ပေးပါ သည်။
တောင်အမေရိကတိုက်ဒေသဌာနကြီးဆိုင်ရာ
အမှုတော်ဆောင်ခြင်း အသင်းအဖွဲ့တွင် အမှုတော်ဆောင်ရွက်ရန်
ကမ်းလှမ်းခြင်းခံခဲ့ရသောအချိန်ကို ကျွန်ုပ်ကြောက်ရွံ့မိခဲ့ပါသည်။ ကျွန်ုပ်သည်
အနားယူပြီးသွားပြီဖြစ်သော အသင်းအုပ်ဆရာ တစ်ယောက်လည်းဖြစ်၊
ကျွန်ုပ်၏မိတ်ဆွေလည်းဖြစ်သူထံမှ အချို့သောအကြံဉာဏ်ကိုတောင်းခံခဲ့ပါသည်။
သူ၏ထောင့်မှန်စတုဂံတစ်ခုကို စာရွက်တစ်ခုပေါ်တွင်ရေးဆွဲပြီး “ဒါဟာ
မင်းရဲ့အမှုတော်ဆောင်လုပ်ငန်းတစ် ခုဖြစ်တယ်” ဟူ၍ ပြောဆိုလိုက်ပါသည်။ ထို့နောက်တွင်
သူသည် ထောင့်မှန် စတုဂံ၏ တစ်ဖက်ထောင့်စွန်းမှ အခြားထောင့်စွန်းသို့ မျဉ်းတစ်ကြောင်းကို
ရေးဆွဲပြီးနောက် “မင်းရဲ့အမှုတော်ဆောင်လုပ်ငန်းရဲ့ ၅၀% ဟာ အသက်
မွေးဝမ်းကျောင်းအလုပ်ကို ကျွမ်းကျင်ပိုင်နိုင်မှုအဖြစ်နဲ့၊ တခြား ၅၀% ဟာ
လူမှုဆက်ဆံရေးတွေဖြစ်တယ်ဆိုတာကို မင်းနားလည်ထားဖို့အရေးကြီးတယ်။ မင်းအနေနဲ့
အသက်မွေးဝမ်းကျောင်းအပိုင်းကို လျှော့ချခြင်းအားဖြင့် အောင် မြင်မှုရနိုင်တယ်။
ဒါပေမယ့်မင်းမှာလူမှုဆက်ဆံရေးကို အလေးမပေးရင်တော့ မင်းရဲ့အမှုတော်ဆောင်လုပ်ငန်းမှာ
မင်းအနေနဲ့ ဒုက္ခပြဿနာတွေနဲ့ကျိန်းသေ ပေါက်ကြုံရလိမ့်မယ်” ဟူ၍
ဆက်လက်ပြောပြခဲ့ပါသည်။ ထိုအချက်သည် မှန်ကန်မှုရှိမည်ဆိုသည်ကို
ကျွန်ုပ်သိရှိလာနေရပါသည်။ ကျွန်ုပ်တို့၏အသင်း တော်အုပ်ချုပ်ရေးအဖွဲ့ဝင်များတို့သည်
သာမန်လူများ၏ ကျွမ်းကျင်မှုပုံစံမျိုး မပါရှိသည့် ပိုမိုအရည်အချင်းပြည့်မီသည့်
အသက်မွေးဝမ်းကျောင်းသမားများ တို့နှင့်အတူ အလုပ်လုပ်ရသည်ထက် သာမန်လူတို့၏
ကျွမ်းကျင်မှုမျိုးရှိသော လူတို့နှင့်သာ အတူတကွလုပ်ကိုင်ဆောင်ရွက်ကြရန်
ပိုမိုလိုလားကြပါသည်။ “ကျွန်ုပ်အတွက်အလွယ်ကူဆုံးသောလူမှုဆက်ဆံရေးသည် လူပေါင်း
(၁၀၀၀၀) နှင့်ဆက်ဆံရေးပင်ဖြစ်ပါသည်။ အခက်ခဲဆုံးသော လူမှုဆက်ဆံရေးမှာ လူတစ် ဦးနှင့်
သာဆက်ဆံရေးပင်ဖြစ်ပါသည်” (Jသညေ Bနေဖ).
ထိုကဲ့သို့သောသာမန်လူတို့၏ကျွမ်းကျင်မှုမျိုးရှိကြသည့်လူတို့နှင့်
အစုအဖွဲ့ ပုံစံမျိုးဖြင့်လုပ်ဆောင်နိုင်ကြရန်မှာ အထူးလွယ်ကူလှပါသည်။ သူတို့သည် လူး
သာလွန်သာအနေအထားမျိုးနှင့် ပွင့်လင်းသောစိတ်နေသဘောထားမျိုး ရှိကြ ပါသည်။
တိုးတက်မှုအတွက် လူမှုဆက်ဆံရေးကို တည်ဆောက်မြှင့်တင်ပေးမှု သည် ကျွန်ုပ်တို့
သင်ယူလေ့လာနိုင်သော ကျွမ်းကျင်မှုတစ်ခုပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ရောက်ရှိနေသည့်
နေရာတိုင်းတွင် ကောင်းမွန်သောလူမှုဆက်ဆံရေး များကို လုပ်ဆောင်နိုင်ကြရန်အတွက်
ဆုတောင်းခြင်းအားဖြင့်စတင်ရကြပါ မည်။
သင်ကြားပို့ချခြင်း
သို့မဟုတ် စီမံအုပ်ချုပ်ခြင်းကိုသာ အားပေးကြသော သူများဖြစ်ကြသည့်တိုင်
အသင်းအုပ်ဆရာတိုင်းတို့သည် လူမှုဆက်ဆံရေး လုပ်ရပ်များတို့ကိုအလေးထားသင့်ကြပါသည်။
ဆုကျေးဇူးတော်ကိုခံစားရသော တရားဟောဆရာတစ်ယောက်သည် တရားဟောပြောချက်ကိုဟောပြောနေစဉ်
အတွင်း သူ၏လူတို့နှင့်ထိတွေ့ ဆက်ဆံမှုပြုခြင်းဖြင့် သူတို့နှင့်နီးကပ်လာနိုင်
အောင်ဆောင်ရွက်နိုင်ပါသည်။ သို့သော် တရားဟောပြောခြင်းတွင် အားမသန် သောအသင်းအုပ်ဆရာ
တစ်ယောက်အနေဖြင့် ခိုင်မာသောလူမှုဆက်ဆံရေး နှင့်မိတ်သဟာယအသိစိတ်တို့ကို
တည်ဆောက်နိုင်ဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့ အနေဖြင့်အရာရာတိုင်းတို့တွင် မည်သူမျှ
မကောင်းနိုင်ကြပါသော်လည်း ကျွန်ုပ် တို့၏လူမှုဆက်ဆံရေးများတို့သည်
ထိုအရာအားလုံးတို့ကို တစ်စုတစ်စည်း တည်းဖြစ်သွားအောင် တွယ်ဆက်ပေးသည့်ဘိလပ်မြေ
ဖြစ်ကြပါသည်။
“အသင်းသားများအပေါ်နားလည်ပေးခြင်း”
လူတို့ထံသို့အမှုတော်ဆောင်ရန်ဆိုသည်မှာ
ကျွန်ုပ်တို့အနေဖြင့် သူတို့ကို သိရှိထားရကြပါမည်။ ကောင်းမွန်သော
လူမှုဆက်ဆံရေးများတို့သည် လူတို့ကို စိတ်ပါ အောင်ဆွဲဆောင်ပေးပြီး၊
သူတို့၏စိတ်နှလုံးတို့ကိုဖွင့်ဟပေးကာ ကျွန်ုပ် တို့ကိုအချင်းချင်း
နီးကပ်မှုရှိလာစေပါသည်။ ကျွန်ုပ်တို့၏ အမှုတော်ဆောင် လုပ်ငန်းအတွင်း
အသင်းတော်ရှိအသင်းသူအသင်းသားများတို့နှင့် ကောင်းမွန် သောလူမှုဆက်ဆံရေးများကို
တည်ဆောက်နိုင်သည့် နည်းလမ်းအချို့တို့အား ကျွန်ုပ်အနေဖြင့်စူးစမ်းတွေ့ရှိခဲ့ပါသည်။
အတွေ့ဆုံခံခြင်းနှင့်လမ်းလှမ်းမီနိုင်သောအနေအထားတွင်ရှိပါ
- အသင်း အုပ်ဆရာများတို့သည် ရက်သတ္တပတ်အတွင်း မမြင်နိုင်သောအနေအထားတွင်
ရှိနေကြပြီး၊ ဥပုသ်တော်နေ့တွင်လည်း သူတို့ကိုဆုံတွေ့နိုင်ရန်ဆိုသည်မှာ မဖြစ်
နိုင်ပါဆိုသည့် ဖော်ထုတ်ပြောဆိုချက်ကိုသင်ကြားခဲ့ရဖူးပါသလား။ တံခါး၀တွင် သင်၏
အသင်းသူအသင်းသားတို့အား ကြိုဆိုနှုတ်ခွန်းဆက်ခြင်းသည် သင့် အနေဖြင့်
လက်လှမ်းမီနိုင်သော အနေအထားရှိနေရန် ကြီးမားသောနည်းလမ်း တစ်ခုပင်ဖြစ်ပါသည်။
ဝတ်ပြုခြင်းမစတင်မီနှင့်စတင်ပြီးချိန်တို့တွင် တံခါး၀တွင်
အမှုတော်ဆောင်ခြင်းတစ်ရပ်ကို တိုးတက်မှုရှိစေပါ။ ထိုနေရာတွင်ပင်ရှိနေကာ
အတွေ့ဆုံခံခြင်းကိုကျင့်သုံးပါ။ ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့်ပတ်သက်သည့်
ရွှင်ပျသောစကားလုံးတို့လောက် ကောင်းမွန်သော အရာမရှိပါ။ ထို့ပြင် သူတို့ ကို
အပြုံးကလေးဖြင့်ကြည့်ပါ။ သူတို့ကိုအမည်နှင့်တကွခေါ်ပါ။ သူတို့အပေါ်
မိတ်ဆွေပီသစွာနှင့်ကူညီလိုသည့်ပုံစံမျိုးဖြင့်ဆက်ဆံပါ။ အသင်းအုပ်ဆရာ တစ်
ယောက်ဖြစ်သည့်အားလျော်စွာ သင်သည် ရိုးသားစစ်မှန်သော စိတ်ဝင်စားမှု
နှင့်လေးစားမှုရှိခြင်းတို့ဖြင့် လူတို့ထံသို့ပြသပါ။
ပုံမှန်ရုံးတက်ရုံးဆင်းအချိန်များကိုကိုင်စွဲလုပ်ကိုင်ခြင်းအားဖြင့်၊
သင့်အနေ ဖြင့် သင်၏အသင်းဝင်လူစုတို့နှင့် ချိတ်ဆက်မှုလုပ်ရာတွင်လည်း အကူအညီ
ဖြစ်စေပါသည်။ ရက်သတ္တပတ်အတွင်း သတ်သတ်မှတ်မှတ်ရှိသော အချိန် တစ်ခုကို သေချာအောင်
သတ်မှတ်ပြီးနောက် အသင်းဝင်များတို့၏ လိုအပ် ချက်များတို့ကို ဂရုတစိုက်ကူညီပါ။
အသင်းတော်၏တရားဝင်ထုတ်ပြန်ကြေညာ ချက်အားဖြင့် သင်သည် အတွေ့ဆုံခံမည့်အကြောင်းကို
အသိပေးဆက်သွယ် ဆောင်ရွက်ပြီးနောက် သင်နှင့် ပြောဆိုဆွေးနွေးလိုသူတို့အနေဖြင့်
ချိန်းဆိုချက် တစ်ခုကို အသင်းတော်၏ အသင်းလူကြီးမှတစ်ဆင့် ပြုလုပ်နိုင်ပါသည်။
ဖန်တီးနိုင်စွမ်းရှိပါသည်။ ထို့နောက်တွင် သင်၏ အသင်းသားအစုဝင်တို့နှင့်
လက်လှမ်းမီနိုင်သော အနေအထားမျိုးကို ရရှိနိုင်ရန်အတွက် အကောင်းဆုံး
သောနည်းလမ်းကိုရှာကြံပါ။
ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့၏အသင်းသူအသင်းသားတို့နှင့် ပိုမို၍အတွေ့ဆုံ ခံရေးနှင့်
လက်လှမ်းမီနိုင်သော အနေအထားတွင်ရှိနေနိုင်ရန် ကြိုးစားရာတွင် မကြာခဏ
အခက်အခဲများတို့နှင့်ကြုံတွေ့ရတတ်ကြပါသည်။ အကယ်၍သာ တစ်စုံတစ်ယောက်သည်
စီစဉ်ထားသည့်အတိုင်းထက် အချိန်ကိုပိုမိုယူပါက မည်သို့သောအခြေအနေ
ဖြစ်လာနိုင်မည်နည်း။ ကျွန်ုပ်၏ကိုယ်ပိုင်အမှုတော် ဆောင်ခြင်းအတွင်း၊ ဤကဲ့သို့သော
ပြဿနာမျိုးနှင့် မကြာမကြာလုံးထွေးနေရ ပါသည်။ ကျွန်ုပ်သည် တွေ့ဆုံညှိနှိုင်း
ဆွေးနွေးခံရခြင်းကို လိုလားပါသည်။ သို့သော်လည်း တစ်ချိန်တည်း၌ ငါဟာ
အသင်းတော်မှာဘယ်နေရာမှာ အလို အပ်ခံရဆုံးဖြစ်ပါသလဲ ဆိုသည့်မေးခွန်းမျိုးကို
ကျွန်ုပ်အနေဖြင့် တစ်ခါတစ်ရံ မိမိကိုယ်ကိုပြန်လည်မေးမြန်းရပါလိမ့်မည်။
“သင်တို့သည်
တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့်အသင့်အတင့်နေ
ကြလော့” (ရောမ
၁၂း၁၈)။
သူတို့၏
အသင်းအုပ်ဆရာတစ်ယောက်အဖြစ် အသင်းသူအသင်းသား အစုအဝေးတို့သည် ဥပုသ်တော်နေ့နှင့်
ရက်သတ္တပတ်တစ်ပတ်လုံးတွင် ဘုရား သခင်၏ နှုတ်တော်ထွက်စကားတော်ဖြင့်
ဝိညာဉ်ရေးရာကိုပြုစုပျိုးထောင်ပေး ရန်အတွက် ကျွန်ုပ်ကိုလိုအပ်ကြပါသည်။ ဤအချက်သည်
ကျွန်ုပ်အားလုံ လောက်သောဆုတောင်းခြင်းနှင့် သင်ကြားရယူမှုအချိန်တို့အတွက်
အချိန်ပေး ရန်တောင်းခံခြင်းပင်ဖြစ်ပါသည်။ အကြောင်းမသင့်စွာနှင့်ပင် အချို့သော လူ
တို့ကို သူတို့လိုချင်သည့်ပုံစံမျိုးဖြစ်သည့် တစ်ဦးချင်းတစ်ယောက်ချင်းနှင့်တွေ့
ဆုံဆွေးနွေးချိန်ပေးခြင်းကို ကျွန်ုပ်အမြဲတစေ မလုပ်ဆောင်ပေးနိုင်ခြင်းပင်ဖြစ်
ပါသည်။ အခြားသောနေရာဒေသများတို့သို့ သွားရောက်အမှုတော်ဆောင် ရာတွင်
လုံလောက်သောအချိန်ကို ရယူနိုင်ရန်အတွက် ကျွန်ုပ်၏ လည်ပတ်
ကြည့်ရှုခြင်းနှင့်အကြံဉာဏ်ပေးခြင်းကို ကန့်သတ်ရန်အတွက် အချို့သော
ဆုံးဖြတ်ချက်တို့ကို ခက်ခက်ခဲခဲဖြင့်ဆုံးဖြတ်ခဲ့ရပါသည်။
သူတို့၏အသင်းအုပ်ဆရာတို့အနေဖြင့်
အချိန်အကန့်အသတ်များတို့ဖြင့် အလုပ်လုပ်နေရကြသည်ကို အသင်းသားအသင်းသူတို့အနေဖြင့်
သတိမူမိကြ ရန် မကြာခဏပျက်ကွက်ခဲ့ကြပါသည်။ အသင်းအုပ်ဆရာတစ်ယောက်အနေ ဖြင့် အသင်းသူ
အသင်းသားတို့အား ထိုအချက်ကို သတိမူမိကြစေရန်အတွက် သူတို့ကိုကူညီသည့်အနေဖြင့်
ကန့်သတ်ချက်များကိုချမှတ်ထားပေးရန် လိုအပ် ပါသည်။ သင်၏အချိန် သို့မဟုတ်
လုပ်ငန်းအစီအစဉ်ကို အသင်းသား တစ်ယောက်အား လက်ဝါးကြီးအုပ် အပိုင်စီးစေရန်
ခွင့်မပြုပါနှင့်။ သင်သည် သင်၏အသင်းတော်ရှိ အသင်းသားအားလုံးတို့၏ အသင်းအုပ်ဆရာတစ်
ယောက်ဖြစ်ပြီး အနည်းငယ်သam
အသင်းသားတို့၏ အသင်းအုပ်ဆရာ တစ် ယောက်မဟုတ်ပါ။ အသင်းအုပ်ဆရာတို့သည်
မိမိတို့ရရှိသော အချိန်များမှ ၈၀% ကို သူ၏လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားတို့ဖြင့်
ကုန်လွန်စေရမည်ဖြစ် ပြီး ၂၀% ကိုမူ သူတို့၏အသင်းသားအသင်းသူတို့နှင့်
ကုန်လွန်စေရပါမည်။ ဤအချက်သည် ပြဿနာဖြစ်လာစရာအကြောင်းမရှိပါ။
ပြဿနာနှင့်ထိတွေ့ရာတွင်
ကျွန်ုပ်သည် လူတစ်ယောက်ကိုအကြံဉာဏ် ပေးခြင်း
သုံးကြိမ်ဆက်တိုက်ထက်ပိုမိုသောအချိန်ကိုအသုံးမပြုရန် ကျွန်ုပ်ဆုံး ဖြတ်ထားပါသည်။
ဖျားနာခြင်းကိစ္စ သို့မဟုတ် တစ်ဦးတစ်ယောက်၏ ကွယ် လွန်သွားခြင်းအတွက်၊
ပူဆွေးသောကရောက်ကြသော အရေးကိစ္စအတွက် ကနဦးလည်ပတ်မှုပြီးသည်နောက် ကျွန်ုပ်သည်
ကျွန်ုပ်၏အထက်အကြီးအကဲ တို့ကို ကျွန်ုပ်တို့၏ချစ်ခြင်း
မေတ္တာနှင့်သောကပူဆွေးမှုတို့ကို ဖော်ပြပေးရန် အတွက်
နောက်ဆက်တွဲလည်ပတ်ခြင်းတွင်ပါဝင်ကြရန် အကြံပေးပါသည်။
လူမှုဆက်ဆံရေးများတို့ကိုတည်ဆောက်ပါ
- လူမှုဆက်ဆံရေးကို တည် ဆောက်ရန်အတွက် ပမာဏကြီးမားသော စွမ်းအားမျိုးရှိရကြပါမည်။
ခေါင်း ဆောင်တစ်ဦးဖြစ်သည့်အားလျော်စွာ သင့်အနေဖြင့် မိမိကိုယ်ကိုမိမိဦးဆောင်
ခြင်းအပါအဝင် ကြီးမားသော ပမာဏရှိသည့်စွမ်းအားမျိုးလိုအပ်သည့် အခြား သော
တာဝန်ယူမှုများရှိနေပါသည်။ သို့သော်လည်း သင်ဦးဆောင်သော လူတို့
နှင့်လူမှုဆက်ဆံရေးတို့တွင် သင်က ရင်းနှီးမြှုပ်နှံသောအခါတွင်မူ သင်သည်
အားပေးတိုက်တွန်းမှု၊ လှုံ့ဆော်အားပေးမှုနှင့် အထောက်အပံ့တို့ကို ကောင်း
သောကာလနှင့်ဆိုးသောအချိန်တို့တွင် ပေးကမ်းနိုင်သော ကွန်ရက်တစ်ခုကို
တည်ဆောက်ပေးရာရောက်ပါသည်။ လူမှုဆက်ဆံရေးတို့ဆိုသည်မှာ အပြန် အလှန်သဘောကို
ဆောင်ကြပါသည်။ အခြားသောသူတို့အပေါ် အပြုသဘော ထားသည့် သဘောထားကိုထိန်းသိမ်းထားပါက
သူတို့သည်လည်း ထိုနည်း အတိုင်းပင်ကျင့်သုံးကြပေမည်။
ချစ်ခြင်းမေတ္တာကိုပြသပါ
- လွန်ခဲ့သောနှစ်အတော်များများတွင် ကျွန်ုပ် သည် အသင်းအုပ်ဆရာအများအပြားတို့ကို
လက်တင်မင်္ဂလာပေးခဲ့ပါသည်။ ဤလုပ်ငန်းစဉ်အတွင်း ထိုသင်းအုပ်ဆရာတို့အပေါ်
အချို့သောအသင်းသူ အသင်းသားတို့က သူတို့ကို အကဲခတ်နေကြသည်ကို တွေ့မြင်နေရပါသည်။
အချို့သောအခြေအနေတို့တွင် သူတို့၏အသင်းအုပ်ဆရာတို့နှင့် တူညီမှုမရှိ ကြသည့်အပြင်၊
သူတို့၏ အသင်းအုပ်ဆရာတို့အပေါ်ရိုင်းပျမှုများကိုပင် ပြသခဲ့ ကြပါသည်။ အားလုံးသော
အသင်းသူအသင်းသားတို့က သင့်အပေါ်ချစ်ခြင်း မေတ္တာထားရှိကြသည့်တိုင် သို့မဟုတ်
သင်ကဲ့သို့သောအသင်းအုပ်ဆရာ တစ် ယောက်အဖြစ် လိုလားနှစ်သက်သည်ဖြစ်စေ
သူတို့အားလုံးတို့အပေါ်တွင်မူ ချစ်ခြင်းမေတ္တာထားရှိရန် သင်၌တာဝန်ယူရမှုရှိနေဆဲ
ဖြစ်ပါသည်။
သခင်ယေရှုက
(ယောဟန် ၁၃း၃၄-၃၅) တွင် “သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။
ငါသည် သင်တို့ကိုချစ်သည်နည်းတူ သင်တို့အချင်းချင်းချစ်ကြလော့ဟု
ပညတ်သစ်တို့ကိုငါထား၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည်
ထိုမေတ္တာကိုထောက်၍ သင်တို့ သည် ငါ၏တပည့်ဖြစ်သည်ကိုသိကြလိမ့်မည်” ဟူ၍
မိန့်တော်မူခဲ့ပါသည်။ အချို့သော အသင်းအုပ်ဆရာတို့သည် သူတို့၏ အသင်းသူအသင်းသားတို့
အကြောင်းကို အကြင်နာကင်းမဲ့သောနည်းလမ်းများတို့ဖြင့် ဖော်ပြပြောဆိုကြ ပါသည်။
ထို့အပြင် သူတို့၏ အသင်းအုပ်ဆရာတို့က သူတို့အပေါ် အကြင်နာ တရားကင်းမဲ့စွာဖြင့်
ပြုမူဆက်ဆံကြသည့်အကြောင်းကို သာမန်လူတို့၏ဖော်ပြ ပြောဆိုမှုကိုလည်း
ကျွန်ုပ်ကြားသိရပါသေးသည်။ ဤအချက်သည် သင့်အနေ ဖြင့်
ဖုံးကွယ်ထား၍မရနိုင်သောအရာဖြစ်ပါသည်။ သင့်အနေဖြင့် သူတို့အား ချစ်ခင်ကြောင်းကို
လိမ်လည်ပြောဆိုမိပေလိမ့်မည်။ သို့သော် မကြာမီသို့မဟုတ် နောက်ပိုင်းတွင် သူတို့သည်
အမှန်တရားကိုသိရှိ လာကြပေလိမ့်မည်။ သင်လို ချင်သောအရာများအားလုံးတို့ကို
သင့်အနေဖြင့်သူတို့အား ဟောပြောနိုင်သော် လည်း သူတို့သည်
သင့်အပေါ်ချစ်ခြင်းမေတ္တာမထားရှိနိုင်ပါက သူတို့ကိုသင်က
အသင်းအုပ်ပုံစံဖြင့်အုပ်ချုပ်ခြင်းကို သင့်အနေဖြင့် သူတို့၏ခွင့်ပြုမှုကို
ခံယူရရှိ နိုင်မည်မဟုတ်ပါ။ “ကောင်းမြတ်သောအရာကို အခြားသောသူတို့ထံတွင် သင်
ရှာဖွေပါက၊ သင့်ထံ၌သာအကောင်းဆုံးသောအရာရှိနေကြောင်းကို သင်စူးစမ်း
သိရှိရပါတော့သည်” (Mမေအငည Walsh).
အချို့သောအသင်းတော်တို့တွင်
သူတို့၏ လူတို့အပေါ် သဘောရိုးဖြင့် ချစ်ခြင်းမေတ္တာမထားရှိတတ်သော
အသင်းအုပ်ဆရာများရှိနေကြသည်ကို ဝမ်း နည်းဖွယ်တွေ့ရှိနေရပါသည်။
ပြောဆိုသည့်စကားလုံးတို့သည် အရေးကြီးလှပါ သည်။ သို့သော်လည်း ထိုစကားလုံးတို့သည်
သင့်လျော်သောအပြုအမူများတို့ နှင့်ပေါင်းစည်းမိသောအချိန်တွင်သာလျှင် သူတို့သည်
အမှန်တရားအသံထွက် ပေါ်လာပါသည်။ အသင်းအုပ်ဆရာတစ်ယောက်အနေဖြင့် သူပြောဆိုသော
ခင်တွယ်ချစ်ခင်မှုသည် သူ၏ အပြုအမူများတို့တွင် အခိုင်အမာပေါ်လွင်နေ သည်ကို
အသင်းသူအသင်းသားများက တွေ့ရှိနေရကြပါက သူတို့သည် ထို အသင်းအုပ်ဆရာကို
ပိုမို၍ဂုဏ်ယူအသိအမှတ်ပြုကြပါသည်။
လေးစားမှုရှိသောစိတ်နေသဘောထားမျိုးထားရှိပါ
- ခေါင်းဆောင်မှုနှင့် လေးစားသမှုရှိခြင်းတို့သည် ထိုက်တန်သော
ပိုင်ဆိုင်မှုပင်ဖြစ်ပါသည်။ ဤ ပင်ကိုယ် အရည်အချင်းတို့သည်
မည်သည့်အခါမျှအစဉ်အမြဲမှန်ကန်မှု မရှိရ ခြင်းမှာ နာမည် သို့မဟုတ်
အနေအထားကြောင့်ဖြစ်ပါသည်။ သူတို့သည် အမှန်တရားများတို့ကို ရရှိနေကြပါသည်။
တစ်ယောက်က ကောင်းမွန်သော ခေါင်းဆောင်မှုကိုမျှဝေခြင်းအားဖြင့်
ဦးဆောင်ခြင်းအခွင့်အရေးကို ရယူနိုင်ပါ သည်။ တစ်ယောက်မှာမူ လူတို့ကို
ချစ်ခြင်းမေတ္တာရှိပြီး၊ အစေခံမှုရှိသော ခေါင်းဆောင်တစ်ဦးသည် သူ့နောက်သို့ လူတို့၏
စိတ်လိုလက်ရလိုက်ပါခြင်း ကိုခံရပါသည်။
လူတို့ကိုချစ်ခြင်းမေတ္တာထားရှိရန်နှင့်လေးစားမှုရှိရန် ပျက်ကွက် မှုတစ်ခုသည်
မည်သည့်အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင်မဆို သေရေးရှင် ရေးတမျှဖြစ်သောအမှားကို
ကျူးလွန်ရာရောက်သည်။
အသင်းအုပ်ဆရာတစ်ယောက်သည်
အသင်းတော်တွင်ရှိနေကြသော သူ တို့ကို အမှန်တကယ်ချစ်ခြင်းမေတ္တာထားရှိပါက
ထိုအသင်းအုပ်ဆရာ၏ အား ငယ်သောအမှားတို့ကို ထိုလူတို့က
စိတ်လိုလက်ရခွင့်လွှတ်ကြပေလိမ့်မည်။ အပြန်အလှန်အားဖြင့်
ခင်တွယ်ချစ်ခင်မှုပျက်ကွက်ခြင်းကြောင့် လူတို့သည် အသင်းအုပ်ဆရာ၏အားငယ်သောအမှားများတို့ကို
ချဲ့ကားပြောဆိုကြသည်ကို ကျွန်ုပ်တွေ့ရှိရပါသည်။ လူတို့သည် အရေးပါလှသော
စကားဖြစ်သည့် ကျွန်ုပ် တို့၏ အမှုတော်ဆောင်သည် ကျွန်ုပ်တို့အား
ချစ်ခြင်းမေတ္တာမရှိပါဆိုသည့် စကားမျိုးထွက်ပေါ်လာသည်အထိ
အသင်းအုပ်ဆရာ၏အမှားများပြုလုပ်သည့် စာရင်းဇယားသည်
အရေးမကြီးလှသကဲ့သို့ထင်မှတ်ရပါသည်။ ထိုနောက်တွင်
အမှုတော်ဆောင်လုပ်ငန်းဖြစ်တည်မှုမရှိနိုင်တော့ပါ။
မျှတမှုတစ်ခုအဖြစ်ပြစ်တင်ဝေဖန်သော
အကျည်းတန်သည့်စိတ်ဓာတ်မျိုး
သည် ကျွန်ုပ်တို့၏
ယဉ်ကျေးမှုအတွင်း ပျံ့နှံ့ဝင်ရောက်သွားတတ်ပါသည်။
ဤကဲ့သို့သောအလားတူလောကီရေးရာသဘောထားမျိုးသည်တစ်ခါတစ်ရံတွင် အသင်းတော်တွင်းသို့
စီးကျယိုစိမ့်ကျလာနိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤအခြေအနေမျိုးသို့
ရောက်ရှိသွားအောင်ခွင့်မရနိုင်ကြပါ။ “ကျွန်ုပ်တို့၏ချစ် ခြင်း မေတ္တာအားဖြင့်
ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကြကြောင်းကို သူတို့ သိရှိကြပါလိမ့်မည်”
ဆိုသည့်အချက်ကိုသတိရပါ။
“ဦးစီးခေါင်းဆောင်တို့အချင်းချင်းအပေါ်
နားလည်ပေးပါ”
အသင်းအုပ်ဆရာတစ်ယောက်အနေဖြင့်
မတူကွဲပြားသော လူမှုဆက်ဆံ ရေးတို့ကို ထိန်းသိမ်းထားတတ်ကြပါသည်။
သူ၏အသင်းလူကြီးများ၊ အသင်း ထောက်များနှင့်အခြားသော
ခေါင်းဆောင်တို့နှင့်ဆက်ဆံရေးတို့သည် အရေး တကြီးရှိလှပါသည်။ ဤနယ်ပယ်အဝန်းတွင်
စိတ်ပင်ပန်းမှုများရှိလာကြပါက ကြီးမားသောအသင်းတော်၏ စွမ်းအင်တို့သည်
ဆုံးရှုံးမှုရှိပါတော့သည်။ သူတို့ သည် အိပ်မပျော်သောညများတို့ကို
ကြုံတွေ့ခံစားလာရနိုင်ခြေရှိကြပြီး အသင်း အုပ်ဆရာ၏ ဇနီးသည်သည်လည်း
ထိုအခြေအနေမျိုးကို ပိုမိုခံစားရနိုင်ခြေရှိ ပါသည်။ အသင်းတော်အတွင်း သင်၏
ပျော်ရွှင်မှုနှင့်အကျိုးထိရောက်မှုရှိစေ ရေးအတွက်၊ ထို့အပြင်
အိမ်ထောင်မိသားစုတွင်း၌ ဟန်ချက်ညီမျှမှုရှိစေရေး အတွက် ခိုင်မာသော
လူမှုဆက်ဆံရေးများကို တိုးတက်မှုရှိစေရေးအတွက် အချိန်ကိုရယူပါ။
သင်၏အသင်းတော်လူကြီးများတို့နှင့်ပုံမှန်တွေ့ဆုံခြင်းသည်
လူမှုဆက်ဆံ ရေးတည်ဆောက်မှုကို အရေးပါအရာရောက်လှသည့် ကူညီမှုကို ပေးနိုင်ပါ သည်။
အသင်းတော်လူကြီးများအနက် တစ်ဦးတစ်ယောက်သော အသင်း လူကြီးတစ်ဦးကို
သူ၏ဇနီးသည်နှင့်မိသားစုများတို့နှင့်အတူ ဘုရားကျောင်း၊ သို့မဟုတ် သူ၏အိမ်တွင်
တွေ့ဆုံနိုင်ပါသည်။ ပုံမှန်စိတ်ဝင်စားစရာအကြောင်း အရာတို့အကြောင်းကို
စိတ်လွတ်ကိုယ်လွတ်ဖြင့် ဆွေးနွေးပါ။ သို့သော် ၎င်း တွေ့ဆုံမှုသည်
အလုပ်သဘောအရမဟုတ်ဘဲ ခင်မင်ရင်းနှီးမှုအတွက်သာ ဖြစ်သည်ဆိုခြင်းကိုသတိရပါ။
အကြီးအကဲ၏
ပုံမှန်ဆိတ်ငြိမ်ရာရိပ်သာတို့ကို စတင်ဖော်ဆောင်ပေးပါ။ ဤလုပ်ရပ်သည်
သင့်အားအသင်းတော်၏အစီအစဉ်ကို စီစဉ်ရန်နှင့်အကဲဖြတ် ရန်အတွက် အချိန်ကို
ဆက်ကပ်အသုံးပြုရန် သင့်အားခွင့်ပြုပေးပါသည်။ သင်၏အသင်းတော်အကြီးအကဲတို့ကို
ဂုဏ်ယူအသိအမှတ်ပြုပေးခြင်းကို ပြသ သည့်အကျင့်ဓလေ့ကို ပျိုးထောင်ပေးသည့်အပြင်၊
အသင်းတော်၏ လှုပ်ရှားမှု များတွင် ပါဝင်ဆောင်ရွက်သော သူတို့ကိုပါ
ဂုဏ်ယူအသိအမှတ်ပြုပါ။ ကျွန်ုပ် သည် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင်
အားလုံးသောအသင်း တော်အကြီးအကဲ (အသင်းလူကြီး) များတို့ကို ပါဝင်စေကြရန် ကြိုးစားပါသည်။
ဤလုပ်ရပ်သည် ကျွန်ုပ်တို့အနေဖြင့် ရှေ့သို့အတူတကွတက်လှမ်း ဆောင်ရွက်
ကြသည်ဆိုသည့်ခံစားချက်မျိုးကို သူတို့အား ခံစားမှုရှိလာကြစေပါသည်။
ကျွန်ုပ်သည်သူတို့ကို “ဟုတ်ပါ့သမားများ” အဖြစ်အလိုမရှိပါ။ အသင်းအဖွဲ့
ပုံစံမျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် အလွန်အကျိုးဖြစ်ထွန်းမှုရှိပါသည်။
အသင်းအုပ်ဆရာနှင့်
အသင်းတော်ဖွဲ့စည်းပုံတစ်ရပ်လုံးတို့၏ ညွှန်ကြား
ချက်ကိုဆီးတားမှုပြုလုပ်တတ်သည့်ခေါင်းဆောင်မှုအဖွဲ့ဝင်တစ်ယောက်တလေ မျိုး
အသင်းတော်များတို့တွင် ရံဖန်ရံခါရှိနေတတ်ပါသည်။ ဤဖြစ်ရပ်မျိုး ဖြစ် ပေါ်လာပါက
ထိုကဲ့သို့သောသူကို မေတ္တာထားပါ။ သူ့အပေါ်အတွင်းလှိုက်စား သည့်အပြုအမူမျိုးလုပ်
မိရန်မကြိုးစားပါနှင့်။ ဤကဲ့သို့သောအဖွဲ့ဝင်တစ်ဦးခြင်း အပေါ်
လူသိထင်ရှားသောပုံစံမျိုးဖြင့် သူ့အားဂုဏ်ယူအသိအမှတ်ပြုကြောင်း ကိုပြသပါ။
တစ်ခါတစ်ရံတွင် ပြဿနာ၏ အရင်းအမြစ်သည် မည်သည့်အရာမျှ မဟုတ်ဘဲ ဆက်သွယ်မှုမရှိခြင်း
သို့မဟုတ် ပုဂ္ဂိုလ်ရေးပြဿနာတစ်ခုထက်မပိုပါ က
မည်သည့်အခါမျှဘက်လိုက်ခြင်းမပြုပါနှင့်။ ၎င်းအစားစည်းလုံးမှုအတွက် ခွန်အားပေးပါ။
အသင်းတော်အမှုထမ်းနှင့်အပြန်အလှန်အကျိုးပြုပါ
- အသင်းတော် အမှု ထမ်းများဖြစ်ကြသည့် အခြားသောအသင်းအုပ်ဆရာများ၊ အတွင်းရေးမှူးများ
သို့မဟုတ် အလုပ်သင်ဝန်ထမ်းများတို့နှင့် ကောင်းမွန်သောလူမှုဆက်ဆံရေးကို
မြေတောင်မြှောက်ပေးရန်မှာ အရေးကြီးသော အချက်ဖြစ်ပါသည်။ “သင်၏ အကြီးအကဲ
သူ၏လုပ်ငန်းဆိုင်ရာအစုအဖွဲ့ကြီးနှင့် သင်၏လုပ်ဖော်ကိုင်ဖက်တို့ အပေါ်
သစ္စာစောင့်သိပါ။ တစ်စုံတစ်ယောက်သည် သင့်အားအမြဲတမ်းနားစွင့် နေပါသည်”
(ဘရိုင်ယံ(န်) ထရေစီ)။ ဤလူမှုဆက်ဆံရေးများတွင် ကောင်းမွန် သော
ဆက်သွယ်ရေးလုပ်ငန်းသည် အဓိကသော့ချက်ပင်ဖြစ်ပါသည်။ အခြား သော
ရက်သတ္တပတ်တိုင်းတို့တွင် ဝန်ထမ်းအစည်းအဝေးများတို့မှတစ်ဆင့်
အသင်းတော်ဝန်ထမ်းတို့နှင့် ထိတွေ့မှုရှိခြင်းအားဖြင့် ကောင်းမွန်သော လူမှု
ဆက်ဆံရေးကို ထိန်းသိမ်းထားရန် ကျွန်ုပ်ကြိုးစားခဲ့ပါသည်။ အတူတကွ ဆုတောင်းကြကာ
အမှုတော်နှင့်ပတ်သက်သည့် သတင်းအချက်အလက်တို့ကို
မျှဝေကြပါသည်။
အသင်းတော်အကြီးအကဲများဖြစ်ကြသည့်အလျောက်
ဤလက်တွေ့ကျ သည့်လုပ်ဆောင်မှုသည် တစ်ယောက်နှင့်တစ်ယောက်နားလည်မှု လွဲမှားမှုကို
ရှောင်လွှဲနိုင်ကြရန်အတွက် ကျွန်ုပ်တို့ကို မကြာမကြာ ကူညီပေးပါသည်။
အသင်းဝင်တစ်ယောက်သည် ကျွန်ုပ်၏ မိတ်ဖက်အသင်းအုပ်ဆရာနှစ်ယောက် နှင့် ကျွန်ုပ်တို့ထံသို့
သီးခြားစီလာရောက်တွေ့ဆုံခဲ့သည်ကို ကျွန်ုပ်သတိရပါ သေးသည်။ သူမသည် ကျွန်ုပ်တို့
အားလုံးတို့ကို တူညီသောမေးခွန်းကို မေးမြန်း ခဲ့ပါသည်။
ကျွန်ုပ်တို့သုံးယောက်တို့ကလည်း သူမအား တူညီသောအဖြေကို ပြန်ပေးခဲ့ကြပါသည်။
ဤကဲ့သို့ ကျွန်ုပ်တို့က သူမအားတစ်မျိုးတည်းသော အဖြေကို
ပြန်လည်ဖြေကြားနိုင်ခဲ့ကြခြင်းမှာ ကျွန်ုပ်တို့သည် ဤသီးသန့်ပြဿ နာကို
ကြိုကြိုတင်တင်တိုင်ပင်ပြောဆိုခဲ့ကြပြီးသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်
တို့အနေဖြင့် တစ်ခုတည်းသောစာမျက်နှာပေါ်တွင် ရှိမနေကြပါက ကျွန်ုပ်တို့ သည်
ရှုပ်ထွေးမှုကိုဖန်တီးရာရောက်ပေလိမ့်မည်။
“ကောင်းမြတ်သောအဆွေခင်ပွန်းတို့ကိုဖော်ဆောင်ပြီးထိန်းသိမ်းထားပါ”
အသင်းအုပ်ဆရာများတို့သည်
ကောင်းမွန်သောအကြောင်းပြချက်မျိုးဖြင့်၊
သဘာ၀တရားတစ်ခုအရ
မိတ်ဆွေများတို့ကို လိုအပ်စရာအကြောင်းရှိပါသည်။ မိတ်ဆွေတို့မည်သည်မှာ အသက်တာကို
ပို၍လိုလားနှစ်သက်စေမှုကို ဖြစ်ပေါ် စေပါသည်။ အထီးကျန်ဆန်လှသည့်ခံစားမှုတို့ကို
သူတို့သည် သက်သာရာရ စေကြပါသည်။ ထို့ပြင် မိတ်ဆွေတို့သည်
စိတ်ဖိစီးမှုကိုလျော့နည်းသွားစေသည့် အပြင်၊ သင်၏
ကျန်းမာရေးတိုးတက်မှုရှိလာအောင်ပင် ကူညီပေးကြပါသည်။ ကောင်းမြတ်သော မိတ်ဆွေတို့သည်
အထူးသဖြင့် ကျွန်ုပ်တို့သည် ကိုယ်ရေး ကိုယ်တာအခက်အခဲကို
ကြုံတွေ့နေရကြသည့်အချိန်များတို့တွင် အလွန် အကူ အညီဖြစ်စေကြပါသည်။ ကောင်းမြတ်သော
မိတ်ဆွေများနှင့်ထောက်ပံ့မှုကို ပေးသူများတို့သည် ခြားနားမှုရှိသော
အရာအားလုံးတို့ကို ဖော်ဆောင်နိုင်ကြ ပါသည်။
အားလုံးသောကျွန်ုပ်တို့သည်
နွေးထွေးမှုရှိပြီး ပျော်ရွှင်မှုကိုပေးနိုင်စွမ်း ရှိကြသော
မိတ်ဆွေများနှင့်လူများတို့ကို ချစ်ခင်မြတ်နိုးမှုရှိကြသော သူတို့၏
ဝန်းရံမှုမျိုးတို့ကို လိုအပ်ကြပါသည်။ သို့သော်လည်း များစွာသောသင်းအုပ်
ဆရာများတို့နှင့် သူတို့၏ မိသားစုတို့သည် နီးကပ်သည့်လူမှုဆက်ဆံရေးတို့ကို
တည်ဆောက်ရန်နှင့်ထိန်းသိမ်းထားကြရန် အခက်အခဲတွေ့နေကြရပါသည်။
ဤကဲ့သို့သောအခြေအနေမျိုးသည် တစ်စိတ်တစ်ပိုင်းအဖြစ်ဖြင့်သာရှိပြီး၊ ထိုသို့
ဖြစ်ရခြင်းမှာလည်း ကျွန်ုပ်တို့သည် အလုပ်အလွန်များလှသောကြောင့်ဖြစ်ပါ သည်။
မိတ်ဆွေဖွဲ့ခြင်းနှင့်လူမှုဆက်ဆံရေးတို့ကို မြှင့်တင်ပေးခြင်းအတွက်၊
ကာလရှည်လျားသည့်အချိန်ဖြင့် ရင်းနှီးမြှုပ်နှံမှုမျိုး လိုအပ်ပါသည်။ ခရစ်ယာန်
ဘုန်းတော်ကြီးများဖြစ်ကြသည့်အလျောက် ကျွန်ုပ်တို့သည် ဖြစ်လေ့ဖြစ်ထ ရှိ သည့်အတိုင်း
အချိန်ကို လုံလုံလောက်လောက်မရရှိကြပါ။
အသင်းအုပ်ဆရာများတို့သည်
အထီးကျန်အဆန်ဆုံးသော လူတို့တွင် ပါဝင်ကြသောလူအချို့ဖြစ်ကြပါသည်။ သူတို့သည်
သူတို့ကိုယ်ကိုမူမမှန်သော လူမှုဆက်ဆံရေးလုပ်ရပ်မျိုးရှိနေကြသည်ဟု
တွေ့မြင်ရနိုင်ကြသော နေရာတွင် သူတို့၏ ဇနီးသည်တို့သည် သူတို့၏ တစ်ယောက်တည်းသော
မိတ်ဆွေနှင့် တစ်ယောက်တည်းသောအကြံပေးသူများအဖြစ်ရှိနေကြပါသည“လူတိုင်းတို့က
သဘောတူလက်ခံကြသော ပြောဆိုခြင်းထက် မည်သည့်ပျင်းခြောက်ခြောက်
ဖြစ်စေသည့်ပြောဆိုခြင်းမျှမရှိပါ (ငြခ့နူ Dန ဩညအငေါညန) တစ်ယောက်၏ ဇနီးသည်သည်
သူ၏အကောင်းဆုံးသော မိတ်ဆွေဖြစ်ရမည်ဆိုခြင်းကို ကျွန်ုပ် အယုံအကြည်ရှိပါသည်။ သို့သော်
သူ၏တစ်ဦးတည်းသောမိတ်ဆွေတော့မဖြစ် သင့်ပါ။
(သုတ္တံကျမ်း
၂၇း၆) တွင် “အဆွေခင်ပွန်းသည်ဒဏ်ပေးသောအခါ စောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ
လှည့်စားတတ်၏” ဟူ၍ ရေးသားဖော်ပြထားပါသည်။ အချို့သော မိတ်ဆွေတို့သည်
စိတ်ပါဝင်စားမှု အလွန်ရှိကြပြီး အချို့တို့မှာ ပိုမို၍ပင်လေးနက်မှုမရှိသော
စိတ်နေစိတ်ထားမျိုး ရှိကြသည်ကို တွေ့ရတတ်ပြန်ပါသည်။ သို့သော်လည်း
သူတို့အားလုံးတို့သည် အသုံးဝင်ကြပါသည်။ သင်သည် အနီးကပ်မိတ်ဆွေဖွဲ့မှုမျိုးမရှိသော
အသင်း အုပ်ဆရာတစ်ယောက်ဖြစပါက ထိုသို့သော မိတ်ဆွေမျိုးကိုရှာဖွေရန် ကျွန်ုပ်
တိုက်တွန်းအပ်ပါသည်။ သူတိုသည် သင့်အားအမှုတော်ဆောင်လုပ်ငန်းတွင် အဓွန့်ရှည်သော
ခရီးအနေအထားတွင် ထားရှိပေးနိုင်ပါသည်။ ဤသို့ဖြင့် သင်၏ဇနီးသည်သည်လည်း
သင့်အားကျေးဇူးတင်ပါလိမ့်မည်။
“လူမှုဆက်ဆံရေးများတို့တွင်ဆောင်ရန်နှင့်ရှောင်ရန်”
အခြားသောသူတို့နှင့်
ဆက်ဆံရာတွင် အောက်ပါအချက်အချို့တို့သည် လက်တွေ့ကျင့်သုံးရန်နှင့်
အရေးတကြီးဖြင့်သဘောထားရကြမည့် ဆောင်ရန် နှင့် ရှောင်ရန်အချက်များဖြစ်ကြပါသည်။
အပြုံးမပျက်ရှိကြခြင်းသည်
မည်မျှလောက်မျှတန်ဖိုးမရှိလှသော်လည်း ဂုဏ်ယူ
အသိအမှတ်ပြုခြင်းခံရသောအပြုအမူဖြစ်ပါသည်။
လူများအပေါ်မသိကျိုးကျွန်မပြုရန်မှာ သင်သည်
စကားပြောဆိုလို ခြင်းမရှိသည့်တိုင်၊ တစ်စုံတစ်ယောက်က သင့်အားနှုတ်ဆက်လိုပါက
မိတ်ဆွေပီသစွာဖြင့်ပြန်လည်တုံ့ပြန်ပါ။ ၎င်းသည် သင်မည်သို့ ခံစားရ သည်ဆိုခြင်းက
အကြောင်းရင်းမဟုတ်မူဘဲ သင့်ကိုယ်ကိုမည်ကဲ့သို့ သောပုံစံမျိုးဖြင့်
ပုံဖော်ခြင်းသာဖြစ်ပါသည်။
လူတို့က
မိမိတို့ကိုယ်ကိုအရေးကြီးဆုံးလူများဖြစ်သည်ဟု ခံစားကြရ အောင် လုပ်ဆောင်ပါ။
သူတို့တစ်ဦးချင်းတို့အား သူတို့အနေဖြင့် အထူးပုဂ္ဂိုလ်များအဖြစ် သူတို့ကိုယ်ကို
ခံစားကြရအောင် လုပ်ဆောင် ပေးပါ။
လေလုံးထွားပြီး ကြွားဝါခြင်းမရှိပါနှင့်။
သွေးနားထင်ရောက်သောသူ တစ်ယောက်ကို မည်သူကမျှမလိုလားကြပါ။ ရိုးသားတည်ကြည်ပြီး
နှိမ့်ချမှုရှိသောသူတစ်ယောက်ဖြစ်ပါစေ။လူတို့သည်သင်၏ အောင်မြင် မှုများနှင့်
လုပ်ဆောင်နိုင်စွမ်းတို့ကို သင်၏ကိုယ်တိုင်ထံမှထက် အခြား သောအရင်း အမြစ်များတို့မှသိရှိရခြင်းသည်
ပိုမိုကောင်းမွန်ပါသည်။
ရယ်ရွှင်ဖွယ်စိတ်ကိုအစဉ်လက်ကိုင်ထားပါ။
သင်ရယ်မောခြင်းရှိပါက အခြား လူတို့သည်လည်း သင်နှင့်အတူရယ်မောကြပါလိမ့်မည်
သင်၏အခက်အခဲပြဿနာတို့နှင့် ဒုက္ခဆင်းရဲများတို့ကို
အစဉ်အမြဲ ဆွေးနွေးခြင်းမပြုပါနှင့်။ ဤကဲ့သို့ဆိုလျှင် မကြာမီအတွင်း သင့်ကိုယ် ကို
သင်တစ်ယောက်ထီးတည်းအဖြစ်ဖြင့်သာ တွေ့မြင်လာရပါလိမ့် မည်။
ကျွန်ုပ်တို့အားလုံးတို့သည် အခက်အခဲပြဿနာများ ရှိနေကြသူ များဖြစ်နေကြသည့်အလျောက်၊
ကျွန်ုပ်တို့သည် အကူအညီလိုအပ်ကြ ကာ၊ အကူအညီကို မည်သည့်အချိန်တွင်
တောင်းခံရမည်ဆိုသည့် အချက်ကို မြော်မြင်တတ်ပါစေ။
လူများတို့အား အားပေးတိုက်တွန်းပါ။
အခြားသောသူတို့အား သူတို့ နှင့် ပတ်သက်သည့် သင်ကြိုက်နှစ်သက်သော အကြောင်းအချက်
သို့မ ဟုတ် သူတို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်သော တစ်စုံတစ်ရာ
အကြောင်းကပြောပြပေးပါ။ အားပေးတိုက်တွန်းမှုဆိုသည်မှာ အသင်း တော်၏လည်ပတ်နေသော
စက်ယန္တရား၏လောင်စာဖြစ်ပါသည်။
သင်အပါအဝင် လူတို့ကိုဝေဖန်ခြင်း သို့မဟုတ်
အညွှန့်တုံးအောင် မလုပ်ပါနှင့်။ နှိမ့်ချမှုရှိခြင်းနှင့်
မိမိကိုယ်ကိုမိမိဂုဏ်သိက္ခာကျဆင်းစေ ခြင်းသဘောထားတို့၏ကြားတွင်
ကွဲပြားမှုတစ်ခုရှိပါသည်။
အရာအတော်များများတို့အပေါ်၌
စိတ်ဝင်စားမှုတစ်ရပ်ကိုကိုင်စွဲထား ပါ။ စိတ်ဝင်စားဖွယ်ကောင်းသောလူတစ်ယောက်အဖြစ်
မိမိကိုယ်ကို သတ်မှတ်ပါက လူများတို့သည် သင့်အပေါ်စိတ်ဝင်စားမှုရှိပါလိမ့်မည်
အကောင်းဆုံးသော၊ အကြီးဆုံးသော၊ ထို့အပြင်
အများဆုံးသောအရာ တို့ကို သင့်ကိုယ်ပိုင်အတွက်ဖမ်းဆုပ်လှမ်းကုတ်ခြင်းမပြုပါနှင့်။
အခြား သောသူတို့အား အကောင်းဆုံးသောအရာကိုပေးပါ။
ခက်ခဲနိုင်ဖွယ်ရာရှိသော်လည်း၊ သင်က
တရင်းတနှီးမရှိသေးသော သူ တို့ကို တွေ့ဆုံပေးပါ။ သင်ကသိရှိခြင်းမရှိသေးသောသူကို
ရင်းနှီးသွား အောင် မိတ်ဆွေဖွဲ့ခြင်းအားဖြင့် သင့်အနေဖြင့် မိတ်ဆွေသစ်များကို
ဖော်ဆောင်နိုင်ပါသည်။
အခြားသောသူများတို့က အမှားပြုလုပ်မိပါက၊
သင့်အနေဖြင့်အမှားကို ရယ်စရာအဖြစ်မပြုလုပ်ပါနှင့်။ သူတို့ထံသို့
အားပေးတိုက်တွန်းရန် အတွက် အလျင်ဦးဆုံးသူတို့ထံသို့သွားရောက်တွေ့ဆုံပေးပါ။
အခြားသောသူတို့သည်
အခက်အခဲပြဿနာတို့နှင့်ကြုံတွေ့လာရကြပါ က အကူအညီပေးကာ သင်၌ရှိနေသောအရာတို့ကို
မျှဝေပေးပါ။ ကျွန်ုပ်တို့သည် အခြားသူတို့အပေါ် အာရုံစူးစိုက်ခြင်းရှိကြသောသူ
များအဖြစ် ရှိနေကြပါမည်။
ဆိုးညစ်သောစိတ်နေစိတ်ထား သို့မဟုတ်
အငြင်းအခုံတစ်စုံတစ်ရာကို ဖြစ်ပေါ်စေရန် သို့မဟုတ်
ခိုက်ရန်ဖြစ်ပွားမှုတစ်ရပ်ကိုဖန်တီးရန် သင်သည်
မိမိကိုယ်ကိုဒေါသပေါက်ကွဲသောသူတစ်ယောက်အဖြစ်သို့ မရောက်ရှိပါစေနှင့်။
အပြောအဆိုအနေအထိုင် ထိန်းထိန်းသိမ်းသိမ်း ရှိခြင်းသည် ဒေါသဖြစ်လွယ်သောစိတ်ထားထက်
ပိုမိုသာလွန်ကောင်း မွန်လှပါသည်။
ကောင်းမြတ်သော၊ စင်ကြယ်သန့်ရှင်းသော၊
သပ်ရပ်သေသပ်မှုရှိသော၊ ထို့အပြင် ကြော့ကြော့မော့မော့ရှိသောအရာတို့ကိုသာ
ရှေးရှုကြပါ။ အမေရိကန် သမ္မတဟောင်းဘန်ဂျမင်ဖရန်ကလင်က “သန့်သန့်ရှင်း
ရှင်းနေတတ်ခြင်းသည် ဘုရားတရားကြည်ညိုမှုရှိသော အနေအထား သို့ ရောက်ရှိရန်အတွက်
နောက်ထပ်အဆင့်တစ်ဆင့်ဖြစ်ပါသည်” ဟူ၍ ပြောဆိုခဲ့ပါသည်။
အတွင်းရေးကိစ္စတို့ကို ထိန်းသိမ်းထားပါ။
တစ်စုံတစ်ယောက်သောသူ က အကြောင်းခြင်းရာတစ်ခုကို သင့်အားပြောပြလာပါက သင့်ထံ၌
ထိန်းသိမ်းထားခြင်းဖြင့်ယုံကြည်စိတ်ချရသောသူအဖြစ်ရှိနေပါ။ အကယ်၍သာ သင်သည်
အတင်းအဖျင်းပြောသူတစ်ယောက်ဖြစ်ပါ က သင်သည် မရှိမဖြစ် လိုအပ်သည့် ယုံကြည်ကိုးစားခံရမှု
အရည် အချင်းကို မည်သည့်အခါမျှ တိုးတက်လာအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။
ထူးကဲလှစွာသော အေးတိအေးစက်ပုံစံမျိုးဖြင့်
မနေထိုင်ပါနှင့်။ အေး စက်စက်နိုင်ကြသောသူတို့သည် မည်သည့်အခါမျှ လူကြိုက်များသော
သူများမဖြစ်ရကြခြင်းမှာ သူတို့သည် အထူးလှိုက်လှဲပျူငှာမှုကင်းမဲ့ကြ သောကြောင့်
ဖြစ်ပါသည်။
ပြောသံဆိုသံတို့ကိုနားထောင်ပြီး
ခွန်အားပေးတိုက်တွန်းတတ်သောသူ တစ်ယောက်ဖြစ်ပါစေ။ ပြောသံဆိုသံတို့ကို
နားထောင်ပေးခြင်းသည် လူအားလုံးတို့ကလိုအပ်ကြသော အခြားသောသူတို့က ရေးကြီးခွင်
ကျယ်အဖြစ် သဘောထားကြသောအရာကို သင့်အနေဖြင့် ဂရုတစိုက် ပြုပါဆိုသည့်
စကားမျိုးရှိပါသည်။
အခြားသောသူတို့၏အမည်များတို့ကို သတိတရရှိပါ။
ဤအချက်သည် အခြားသောသူတို့က မိမိတို့အနေဖြင့် အရေးကြီးသောသူများဖြစ်သည်
ဆိုသည့်အချက်ကို သူတို့အား ပြသရာရောက်ပါသည်။ တစ်စုံတစ် ယောက်သောသူအတွက်
အချိုသာဆုံးသော အသံသည် သူ၏ သို့ မဟုတ် သူမ၏ နာမည်အရင်းပင်ဖြစ်ပါသည်။
လူများတို့အားကျေးဇူးတင်စကားပြောပေးပါ။
ယုံကြည်အားကိုးခံရ သော အနေအထားတွင်ရှိနေပါ။ ဘုရားတရားကြည်ညိုသော အကျင့်
စရိုက်ဖြင့် မိမိဒေါသစိတ်ကိုထိန်းသိမ်းထားခြင်းအားဖြင့် ဝိညာဉ်တော် ၏ အသီးသည်
သင့်အားဖြင့်ထင်ရှားပြီး၊ စီးဆင်းခြင်းရှိပါလိမ့်မည်။ ဝိညာဉ်တော်၏အသီးများတို့၏အကြောင်းတို့ကို
(ဂလာတိ ၅း၂၂-၂၅) သုံးသပ်ဆင်ခြင်ပြီး ၎င်းတို့ကို သင်၏အသက်တာ၌ အသုံးချပါ။ ဘုရားသခင်
ရည်ရွယ်တော်မူသော လမ်းကြောင်းအတိုင်း ကြိုးပမ်း လျှောက်လှမ်းပါ။
သင်၏
လူမှုဆက်ဆံရေးတို့ကို တိုးတက်မှုရှိစေရန်အတွက် ကူညီသော
သော့ချက်ကျသည့်ကဏ္ဍမှာသင်၏ဝိညာဉ်ရေးဆိုင်ရာအသက်တာကို တိုးတက် မှုရှိလာစေရန်၊
သင်အသုံးချသောအချိန်သာဖြစ်နိုင်ပေလိမ့်မည်။ ဤဝိညာဉ် ရေးဆိုင်ရာ အသက်တာသည်
ကျွန်ုပ်တို့ကပုံဖော်ပေးရန်ခေါ်ယူခြင်းခံရသည့်၊ ခရစ်တော်နှင့်
ပုံသဏ္ဌာန်တူသည့်အသက်တာပုံစံကို တည်ဆောက်ပေးသော အရာသာဖြစ်ပါသည်။
“ကောင်းမွန်သောလူမှုဆက်ဆံရေးမျိုးများမရှိဘဲ
သင့်အနေဖြင့်ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်ဖြစ်နိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှု၊
စဉ်းစားဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် ဆွေးနွေး
တိုင်ပင်ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ -
၁။ အချို့သောအသင်းအုပ်ဆရာများတို့သည်
ကောင်းမွန်သော လူမှုဆက်ဆံ ရေးတို့ကို တည်ဆောက်ရန်အတွက် အဘယ်ကြောင့်အလွန်ခက်ခဲပါ
သနည်း။
၂။ သင်၏သဘောထားခံယူချက်ထဲတွင်
ကောင်းမွန်သောလူမှုဆက်ဆံရေးကို တည်ဆောက်ပေးမည့် လျှို့ဝှက်ချက်များသည်
အဘယ်အရာများဖြစ်ကြ ပါသနည်း။
၃။ သင်၏လူမှုဆက်ဆံရေးတွင် အရေးအကြီးဆုံးသော
ဆောင်ရန်ရှောင်ရန် အချက်များတို့ကို စာရင်းဇယားရေးဆွဲပါ။ သင်၏အဖြေများတို့ကို
မှန်ကန် မျှတမှုရှိကြောင်းသက်သေပြပါ။
၄။ အသင်းသူ အသင်းသားတို့နှင့်
အတွေ့ဆုံခံခြင်းကို ပိုမိုလုပ်ဆောင်ရန် အတွက် မည်သည့်အရာကို
သင်လုပ်ဆောင်နိုင်မည်နည်း။ ၅၀^၅၀ ဆိုသည့်အခြေခံစည်းမျဉ်းကို သင်သဘောတူလက်ခံပါသလား။ သင်၏
ကိုယ်ပိုင်အမြင် သဘောထားကိုမျှဝေပေးပါ။
အခန်းကြီး - ၆
အခန်း (၆)
“တောင့်တင်းခိုင်မာသောမိသားစုတစ်ခု”
အသင်းအုပ်ဆရာ၏မိသားစုတစ်ခုသည်
တန်ဖိုးဖြတ်မရနိုင်သော အရာ ဖြစ်ပါသည်။ အိမ်ထောင်မိသားစုတွင် ကျရှုံးခြင်းသည်
အမှုတော်ဆောင်ခြင်း လုပ်ငန်းတွင်ပါ ကျရှုံးမှုဖြစ်စေပါသည်။
သင်၏ဇနီးသည်နှင့်သားသမီးတို့နှင့် ပျော်ရွှင်စွာမနေနိုင်ပါက သင်သည်
အခြားသောသူတို့၏ မိသားစုတို့ကို မည်ကဲ့သို့အကြံဉာဏ်ပေးပြီး
ဦးဆောင်မှုပေးနိုင်မည်နည်း။ ကောင်းမွန်သော အိမ်ထောင်မိသားစုအသက်တာတစ်ခုကို
ထိန်းသိမ်းထားနိုင်ရန်အတွက် သင် သည် အချိန်နှင့်စွမ်းအားတို့ကို
လုံးလုံးလျားလျားအပ်နှံထားရန် လိုအပ်လှပါ သည်။
အမှုတော်ဆောင်တစ်ယောက်၏
အိမ်ထောင်မိသားစု အသက်တာသည် သူ၏ တရားဟောရာစင်မြင့်ထက်
ဩဇာသက်ရောက်မှုပိုမိုကြီးမားပါသည်။ “အမှုတော်ဆောင်တစ်ယောက်က ဟောပြောနိုင်သော
တစ်စုံတစ်ရာသော တရားဟောချက်ထက် စွမ်းအားအထူးထက်မြက်သည့်အရာမှာ လူသားတို့၏
နှလုံးသားများနှင့်အသက်တာများအပေါ် စစ်မှန်သည့်သူ၏အိမ်ထောင်မိသားစု ၏
ကောင်းမွန်သောအမူအကျင့်ဆိုင်ရာ ဩဇာသက်ရောက်မှုပင်ဖြစ်ပါသည်။” ဤအချက်သည်
ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ အိမ်ထောင်မိသားစုအပေါ် လျစ်လျူ ရှုထားအောင်
စာတန်မာရ်နတ်က သွေးဆောင်ရသည့် အကြောင်းရင်းပင်ဖြစ် ပါသည်။ သင်းအုပ်ဆရာအား
သူ၏မိသားစုအပေါ်အချိန် မပေးနိုင်စေရန် အတွက် စာတန်သည် ထိုတရားဟောဆရာကို
အလုပ်အထူးများပြားစေသည့် အနေအထားတွင် ရှိနေစေပါသည်။
အသင်းအုပ်ဆရာအများအပြားတို့သည်
သူတို့၏ အလုပ်နှင့်မိသားစုတို့ စပ်ကြား ရွေးချယ်ရမည့်အရာနှင့်ပတ်သက်ပြီး
နားလည်မှုလွဲနေကြသည့်ပုံပေါ် နေကြပါသည်။ စင်စစ်အမှန်တရားမှာ၊
မည်သည့်အသင်းအုပ်ဆရာမဆို ဖခင်ကောင်း တစ်ယောက်၊
ခင်ပွန်းကောင်းတစ်ယောက်နှင့်နိုင်ငံသားကောင်း တစ်ယောက်ဖြစ်သည့်တိုင်
ခရစ်ယာန်ကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါ။ အောင်မြင်သောမိသားစု အသက်တာသည်
မတော်တဆပုံစံမျိုးဖြင့် ဖြစ်မလာ ပါ။ ဤကဲ့သို့မျိုးဖြစ်လာနိုင်ရန်မှာ
ရည်ရွယ်ချက်ရှိရှိဖြင့် စီမံထားသော အစီ အစဉ်နှင့်
မိသားစုတွင်းဆက်ဆံရေးတိုးတက်မှုရှိစေသည့် လုပ်ဆောင်ချက်မျိုး များ
ပါဝင်မှုရှိရပါမည်။
“အစုအဖွဲ့ပုံစံဖြင့်အမှုတော်ဆောင်သောအသင်းအဖွဲ့တစ်ခု”
သူမ၏ခင်ပွန်းသည်
အမှုတော်ဆောင်လုပ်ငန်းတွင် အသင်းအုပ်ဆရာ၏ ဇနီးသည် မရှိမဖြစ်လိုအပ်လှပါသည်။
သို့သော် သူမသည် အသင်းအုပ်ဆရာ၏ ဇနီးသည်သာဖြစ်ပြီး၊
အသင်းတော်၏ဇနီးသည်မဟုတ်သည့်အချက်ကိုသတိရ ပါ။ သင်၏ပုဂ္ဂလိကအသက်တာကို
မွန်းကျပ်မှုဖြစ်စေသည့် သင်၏အလုပ်နှင့် ပတ်သက်သည့် စိတ်ဖိစီးမှုများတို့ကို
ခွင့်မပြုရန်နှင့် စည်းခြားသတ်မှတ်မှုကို ထူထောင်ရန်တို့သည် အရေးကြီးသော
အချက်များဖြစ်ကြပါသည်။ ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်မှာ အသင်းအုပ်ဆရာတစ်ယောက်၏
အိမ်ထောင်ဘက်သည် သူမခင်ပွန်းသည်၏ အမှုတော်ဆောင်ခြင်းဆိုင်ရာ သဘောတရားခံယူချက်ကို
ဝေငှပေးရပါမည်။ ၎င်းသည် အတင်းအဓမ္မပြဌာန်းမှုမျိုးပင်ဖြစ်စေပါ။ ပင်ကိုယ်
သဘာ၀အားဖြင့်သာ တိုးတက်မှုမျိုးဖြစ်စေရပါမည်။ သူတို့ ဇနီးမောင်နှံ နှစ်ဦး
လုံးတို့သည် အစေခံကြရန်အတွက် ဘုရားသခင်ခေါ်တော်မူခြင်းကို အသိ
အမှတ်ပြုနေရကြမည့်အပြင် မိမိတို့ကိုယ်ကို မိမိတို့အမှုတော်ဆောင်ခြင်း လုပ်
ငန်းတွင် ဆက်ကပ်အပ်နှံရကြပါမည်။ အယ်လင်ဝှိုက်က “ထာ၀ရဘုရားသည် သူ၏ အမှုတော်တွင်
အမှုတော်ဆောင်များနှင့် သူတို့၏အိမ်ထောင်ဘက်တို့ကို နီးနီးကပ်ကပ်ဖြင့်
စည်းလုံးမှုရှိကြရန် အလိုတော်ရှိတော်မူပါသည်။ ခင်ပွန်း သည်နှင့်ဇနီးသည်တို့သည်
ခင်ပွန်းသည်၏ ပါရမီဖြည့်ဘက်ဖြစ်ရပါမည်ဟူ၍ ပြောဆိုခဲ့ဖူးပါသည်။
အသင်းအုပ်ဆရာတစ်ယောက်၏ မိသားစုဝင်တို့သည် ထိုအသင်းအုပ်ဆရာ၏
အမှုတော်ဆောင်လုပ်ငန်းတွင် တမင်သက်သက်ဝင် ရောက်လုပ်ကိုင်ဆောင်ရွက်ကြခြင်းမရှိကြပါ။
ဤကဲ့သို့ ဖြစ်ရခြင်းမှာလည်း သူတို့သည် ထိုသင်းအုပ်ဆရာ၏ ဇနီးသည် သို့မဟုတ်
သားသမီးများအဖြစ် ဖြင့်သာ ဖြစ်ပေါ်လာကြခြင်းကြောင့်ဖြစ်ပါသည်။ ဘုရားသခင်သည်
သူတို့အား သူ၏အစေကိုခံကြရန်အတွက် ခေါ်တော်မူသည့်အပြင် ဤနည်းအားဖြင့် သူတို့ သည်
အစုအဖွဲ့ပုံစံဖြင့် အမှုတော်ဆောင်ခြင်းဆိုင်ရာသဘော တရားခံယူချက် ကို
တိုးတက်မှုရှိစေရန်အတွက် အတူတကွလုပ်ဆောင်ကြရမည်ဆိုခြင်းကို သူ တို့နားလည်
ထားသင့်ကြပါသည်။
“မိသားစုကိုဦးစားပေးပါ”
မိသားစု၏တန်ဖိုးဖြစ်သည့်
သင်၏သားသမီးနှင့် ပြေပြေပြစ်ပြစ် ဆက်ဆံ ရေးသည် အလွန်အရေးပါလှပါသည်။
မိသားစုအရေးကိစ္စများနှင့်ပတ်သက်ပြီး၊ ဇွတ်အတင်း
ရုန်းကန်ခဲ့သည့်အသင်းအုပ်ဆရာတစ်ဦးရှိပါသည်။ ဘုရားသခင် ၏ လုပ်ငန်းဆောင်တာတို့ကို
ဂရုတစိုက်ရှိပါက ဘုရားသခင်သည်လည်း သင်၏ လုပ်ငန်းကိုင်ငန်းတို့ကို
ဂရုတစိုက်သဘောထားတော်မူမည်ဆိုသည့် အချက်ကို
ယုံကြည်မှုအပြည့်ဖြင့်ရှင်သန်သူဖြစ်ပါသည်။ သူသည် သူ၏မိသားစု နှင့်အတူအချိန်ကို
ကုန်လွန်စေခဲ့သည့်အပြင်၊ သူ၏အသက်တာကိုလည်း အမှု တော်ဆောင်ခြင်းလုပ်ငန်းအတွက်
ဆက်ကပ်အပ်နှံခဲ့သူဖြစ်ပါသည်။ ဘုရား သခင်၏ အမှုတော်ကိုထမ်းဆောင်ခြင်းအတွက်ကြောင့်
ဘုရားသခင်သည် သူ၏ မိသားစုကို စောင့်မကြည့်ရှုတော်မူမည်ဆိုခြင်းကို သူကခံယူထားခဲ့ပါ
သည်။
ဤသဘောထားအယူအဆနှင့်ပတ်သက်ပြီး ကျွန်ုပ်အနေဖြင့်
ပျက်ပြယ် သွားစေရန်လိုလားပါသည်။ ဘုရားသခင်အတွက် ကျွန်ုပ်တို့၌ တာဝန်ယူရမှု
ရှိကြသကဲ့သို့၊ အားလုံးသောကျွန်ုပ်တို့သည် မိမိတို့၏ မိသားစုတို့အတွက်
တာဝန်ယူကြရပါမည်။ “လူသိသူသိအသက်တာတွင် အောင်မြင်ခြင်းမရှိပါက၊ အိမ်ထောင်မိသားစု
အတွင်း ကျဆုံးမှုဖြင့်ပေးဆပ်ရနိုင်ပါသည်” (နြညjamငည Dငျမနေူင)... ကျွန်ုပ်တို့၏ မိသားစုများအပေါ် ဂရုတစိုက်မရှိကြပါက၊ ကျွန်ုပ်
တို့၏ အမှုတော်ဆောင်လုပ်ငန်းသည်လည်း အဓိပ္ပါယ်ကင်းမဲ့သွားပေမည်။
အထက်ဖော်ပြပါအသင်းအုပ်ဆရာသည် မကြာမီ အတောအတွင်း ထိုအမှန် တရားကိုသဘောပေါက်လာခဲ့ပြီးနောက်
“ကျွန်ုပ်သည် အကယ်၍ကမ္ဘာပေါ် တွင် အကြီးကျယ်ဆုံးသော
တရားဟောဆရာကြီးတစ်ယောက်ဖြစ်ပြီး၊ ကျွန်ုပ်၏ မိသားစုကို လက်လွှတ်လိုက်ရမည်ဆိုပါက
ကျွန်ုပ်၏အမှုတော်ဆောင်ခြင်း လုပ်ငန်းသည်လည်း ကျဆုံးသွားပြီးဖြစ်ပေမည်”
ဟူ၍ရေးသားခဲ့ပါသည်။ လူ တစ်ယောက်သည် မိမိအဖို့မိမိပံ့ပိုးထောက်ပံ့မှုမရှိခဲ့ပါသော်၊
သူသည် အယူ တိမ်းသူတစ်ယောက်ထက်ပိုမိုဆိုးရွားသူဖြစ်ပြီး ယုံကြည်ခြင်းကိုလည်း
ငြင်းပယ် ပြီးသားဖြစ်သွားပါသည်။
အသင်းအုပ်ဆရာ၏အဦးဆုံးသော
တာဝန်ယူရမှုအပိုင်းနှင့်ပတ်သက်ပြီး (၁တိ ၃း၅) က “မိမိအိမ်ကိုမအုပ်စိုးတတ်လျှင်၊
ဘုရားသခင်၏အသင်းတော်ကို အဘယ်သို့ ပြုစုလိမ့်မည်နည်း” ဟူ၍ ကျွန်ုပ်တို့အား
သတိပေးထားပါသည်။ ကျွန်ုပ်တို့၏မိသားစု အသက်တာနှင့် ကျွန်ုပ်တို့ထမ်းဆောင်ရကြသည့်
အမှု တော်ဆောင်ခြင်းလုပ်ငန်းတို့ နှစ်ခုကို ဟန်ချက်ညီအောင် ကြိုးပမ်းဆောင်ရွက်
သင့်ကြပါသည်။ အယ်လင်ဝှိုက်က “အပြင်ဖက်ရှိပိုမိုကြီးမားသည့်အဝန်းအဝိုင်း ကို
ဦးစားပေးရခြင်းကြောင့်၊ အတွင်းဖက်ရှိ သေးငယ်သောအဝန်းအဝိုင်းကို
လျစ်လျူရှုထားသည့်အမှုတော်ဆောင်ကို မည်သို့သောနည်းမျိုးဖြင့်မျှ ခွင့်လွှတ်
နိုင်စရာအကြောင်းမရှိပါ။ သူ၏မိသားစုဆိုင်ရာဝိညာဉ် ရေးရာအကြောင်းကိစ္စ သည်
ဦးစားပေးအဆင့်တွင်ရှိရပါမည်။ သူသည် လူ့လောကသို့ခေါ်ဆောင် လာခဲ့သော
သူ၏သားသမီးတို့အား ခရစ်တော်ထံတော်သို့ ပို့ဆောင်ပေးရန် တာဝန်ယူမှုနှင့်ပတ်သက်ပြီး
သူမည်သည့်အရာကို လုပ်ဆောင်ခဲ့သည်ဆိုခြင်း ကို နောက်ဆုံးသောတရားစီရင်ရာနေ့ရက်တွင်
ဘုရားသခင်က သူ့အားစစ် ဆေးမေးမြန်းတော်မူမည်ဖြစ်ပါသည်။ သူ၏သားသမီးအရင်းအချာတို့အား
ဂရု စိုက်ရမည့် ဘုရားသခင်အပေါ်တင်ရှိသည့်အကြွေးကို သူ့အနေဖြင့် အခြား
သောသူတို့အတွက် ကြီးမားသော ကောင်းမွန်သည့်လုပ်ဆောင်ချက်မျိုးလုပ်
ဆောင်ပေးခြင်းဖြင့် မချေဖျက်နိုင်ပါ” ဟူ၍ပြောဆိုခဲ့ပါသည်။
ဂျက်(စ်)ဟိုင်း(လ်စ်)
က သူ၏ “ဧဝံဂေလိသတင်းစကားဆိုင်ရာ အသင်း တော်တစ်ခုကို ကျွန်ုပ်တို့တည်ထောင်ကြပါစို့”
ဆိုသည့်စာအုပ်တွင် သူသည် မည်သည့်မိသားစုကမျှ အသင်းအုပ်ဆရာ၏ မိသားစုမျိုးလောက်
ပိုမို၍ အနီးကပ်ဆက်စပ်မှုမျိုး အဘယ်ကြောင့် မရှိကြသည့်အကြောင်းရင်း အတော် များများတို့ကို
တင်ပြပေးထားပါသည်။
၁။
အသင်းအုပ်ဆရာကိုယ်၌ကြောင့်သာဖြစ်ပါသည် - အကြောင်းရင်း အတော်များများတို့၌
အသင်းတော်တွင်းတွင် အထီးကျန်အဖြစ်ဆိုးသောသူမှာ အသင်းအုပ်ဆရာပင်ဖြစ်ပါသည်။
အားလုံးတို့အပေါ် သူ၏တာဝန်ယူရမှုများ အရ၊ သူသည် မကြာခဏ၌ပင် နည်းပါးလှသော
မိတ်ဆွေအရင်းအချာများ သာ ရှိတတ်ပါသည်။ ဘက်လိုက်မှုကိုပြသရမည်ကို
ကြောက်ရွံ့ခြင်းကြောင့် အသင်းအုပ်ဆရာသည် ယေဘုယျအချိန်များတွင်
တစ်စုံတစ်ရာသောအနီးကပ် ပုဂ္ဂိုလ်ရေးအနှောင်အဖွဲ့များမှ
ကင်းကင်းကွာကွာရှိနေတတ်ကြပါသည်။ ဤ အချက်သည် သူ၏မိသားစုထံသို့ သူ့ကို
ဦးတည်သွားစေသင့်ပါသည်။ ဤကဲ့သို့ သောအခြေအနေမျိုးကြောင့် အသင်းအုပ်ဆရာသည်
သူ၏မိသားစု၏ လူမှု ဆက်ဆံရေးပုံစံကို တစ်စုတစ်စည်းတည်းဖြစ်လာအောင် လုပ်ဆောင်သင့်ပါ
သည်။
၂။
သူ၏ဇနီးသည်ကြောင့်သာဖြစ်ပါသည် - ယေဘုယျအချိန်များတို့တွင် အသင်းတော်၌
အထီးအကျန်ဆုံးသောအမျိုးသမီးမှာ အသင်းအုပ်ဆရာ၏ ဇနီးသည်သာဖြစ်ပါသည်။
ဝေဖန်မှုနှင့်အတွေ့အကြုံတို့အရ သူမကိုအနီးကပ် ပုဂ္ဂိုလ်ရေး
ရင်းနှီးမှုရှိသည့်မိတ်ဆွေများတို့ကိုရရှိခြင်းမှ အလှမ်းဝေးသွားစေ ပါသည်။
ဤအကြောင်းခြင်းရာကြောင့် သူမသည်ပျော်ရွှင်ခြင်းရှိပြီး အနီးကပ်
ဆက်စပ်ပေါင်းစည်းမှုရှိသည့် အိမ်ထောင်မိသားစုဆိုင်ရာ ကောင်းချီးပေး ခြင်းမျိုးကို
လိုအပ်ပါသည်။
၃။
သူ၏သားသမီးများကြောင့်သာဖြစ်ပါသည် – ကျွန်ုပ်တို့က ကြိုက်သည် ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ ကျွန်ုပ်တို့၏သားသမီးတို့သည် ဖန်လုံအိမ်တစ်ခု
ထဲတွင်နေထိုင်ကြပါသည်။
ကျွန်ုပ်တို့ကယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကျွန်ုပ်တို့၏သားသမီးများတို့သည်
အခြားသောကလေးသူငယ်များတို့နှင့်မတူ ကွဲပြားသော
ဆင်ခြင်တွေးတောထင်မြင်ခံရမှုကိုခံရကြပါသည်။ အသင်းအုပ် ဆရာ၏ကလေးငယ်သည်
မကြာခဏဝေဖန်ခံရတတ်ပါသည်။ ဤအကြောင်း ရင်းကြောင့် သူတို့သည် သူတို့၏မိသားစုအပေါ်
အားကိုးအားထားပြုရကြပါ မည်။ သူတို့သည် အိမ်ထောင်မိသားစုတွင်
ပျော်ရွှင်ဖွယ်ရာဝမ်းမြောက် ကြည် နူးမှု၊ နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာတို့ကို
ရှာဖွေရကြပါမည်။
၄။ အသင်းအုပ်ဆရာကပြသသောစံနမူနာကြောင့်သာဖြစ်ပါသည်
- ဝိညာဉ်ရေးဆိုင်ရာ ဦးစီးခေါင်းဆောင်များဖြစ်ကြသည်အလျောက် ကျွန်ုပ်တို့ သည်
အသင်းတော်အသင်းဝင်သူများတို့အတွက် စံပြနမူနာအဖြစ်ရှိနေကြပါ သည်။
အသင်းတော်သားများတို့အနေဖြင့် အိမ်ထောင်၏ မိသားစုတွင် နီးနီး ကပ်ကပ်ဖြင့် နှောင်ဖွဲ့မှုရှိကြရန်နှင့်၊
ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်မိသားစု အသက်တာအဖြစ်သို့ရောက်ရှိရေးအတွက် ကျွန်ုပ်တို့က
ဦးဆောင်ပေးကြရပါ မည်။ ဤကဲ့သို့လုပ်ဆောင်နိုင်ရေးအတွက် အကောင်းဆုံးသောနည်းလမ်းမှာ
နမူနာပြသခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အိမ်ထောင်မိသားစုများအတွင်း နှင့်
ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေးအသက်တာများတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဟော
ပြောကြသည့်အတိုင်း နေထိုင်ပြုမူရကြပါမည်။
“ပြန်လည်ချင့်တွယ်မှုလုပ်ဆောင်ရန်အတွက်အချိန်ကိုရယူခြင်း”
အသင်းအုပ်ဆရာတစ်ယောက်၏ဇနီးသည်နှင့်ပတ်သက်သည့်
အကြောင်း
အရာတစ်ခုကို
ကျွန်ုပ်ကြားသိခဲ့ရပါသည်။ သူမ၏ခင်ပွန်းသည်သည် နှလုံး ရောဂါဖြင့် ကွယ်လွန်ချိန်တွင်
သူမသည် အသက်ငါးဆယ်အရွယ်၌ မုဆိုးမဘ၀ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
သူမ၏မိတ်ဆွေများထဲမှ တစ်ယောက်သော မိတ်ဆွေတစ်ယောက်က၊ သူမထံသို့
ပန်းစည်းတစ်စည်းဖြင့်ရောက်ရှိလာခဲ့ပြီး သူမကိုနှစ်သိမ့်ရန် ကြိုးပမ်းခဲ့ပါသည်။
ထိုမုဆိုးမ၏ မိတ်ဆွေအမျိုးသမီးက ထိုမုဆိုးမ၏ကွယ်လွန်သွားသောခင်ပွန်းသည်သည်
မည်မျှတော်သော အသင်း အုပ်ဆရာတစ်ဦးဖြစ်ကြောင်းကို ချီးမွမ်းခန်းဖွင့်ခဲ့ပါသည်။
သို့သော်လည်း ပူပူ နွေးနွေးမုဆိုးမက၊ ထိုမိတ်ဆွေအမျိုးသမီး၏ စကားကိုဖြတ်ပြီး “သူငယ်ချင်း
ရယ်၊ မင်းရဲ့စေတနာကို ငါသဘောပေါက်အသိအမှတ်ပြုပါတယ်။ မင်းရဲ့ ခင်မင်ရင်းနှီးမှုကို
အသိအမှတ်ပြုဂုဏ်ယူပါတယ်။ ဒါပေမယ့် ငါဘယ်လိုခံစား နေရသလဲဆိုတာ
မင်းအမှန်တကယ်မသိပါဘူး။ ငါ့ရဲ့အိမ်ထောင်ရေးနဲ့ ပတ် သက်ပြီး
ငါမင်းကိုဘယ်သောအခါမှအဖြစ်မှန်ကို အသိပေးခဲ့ခြင်းမရှိခဲ့ဖူးဘူး။ အမှန်မှာက
ပြီးခဲ့တဲ့သီတင်းပတ်ဟာ၊ (၂၈) နှစ်အတွင်း အမြဲတမ်းဆိုသလို သိမ်သိမ်ငယ်ငယ်နဲ့နေခဲ့ရ၊
ဒါမှမဟုတ် အပြစ်တင်အဝေဖန်ခံရတဲ့ ဘ၀က လွတ်ကင်းသွားတဲ့ ပထမဦးဆုံးသော
သီတင်းပတ်ပါပဲသူငယ်ချင်း။ ငါ့ရဲ့ ဝတ်စားဆင်ယင်မှုကနေချက်ရေးပြုတ်ရေးအထိ
ကျယ်ပြောများပြားတဲ့ အမှား တွေအတွက် တစ်နေ့တစ်နေ့ကို ဆယ်ကြိမ်လောက်ပြစ်တင်
ဝေဖန်ခံခဲ့ရတယ်။ အခုနောက်ဆုံးသော သီတင်းပတ်ဟာ အင်မတန်ကြာညောင်းခဲ့တဲ့ အချိန်
အတွင်း ငါ့ရဲ့နှလုံးသားမှာအေးချမ်းမှုနဲ့ နိုးထလာခဲ့ရပြီး၊ ငါ့ရဲ့ဘ၀အသက်တာ မှာ
ပျော်ပျော်ရွှင်ရွှင်နဲ့အိပ်ရာထဲဝင်ခဲ့ရတဲ့ ပထမဦးဆုံးသောသီတင်းပတ်ဘဲ။ ငါ့ရဲ့
လင်တော်မောင်ဟာ ကျွမ်းကျင်မှုရှိတဲ့လူ၊ ကြင်နာတတ်တဲ့ထောက်ပံ့ ပေးကမ်းတတ်သူ၊
ဒါ့အပြင်အကျင့်သီလစင်ကြယ်တဲ့ခေါင်းဆောင်တစ်ယောက် ပါ။
သူဟာဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာသိရှိတဲ့သူပါ။
ဒါပေမယ့် သူဟာအကြင်နာတရားနဲ့ချစ်ခြင်းမေတ္တာမရှိတဲ့
လင်ယောက်ျားတစ်ယောက်ဖြစ်တဲ့အလျောက်၊ ငါ့အနေနဲ့ သူငယ်ချင်းထင်သ လို
သူ့အတွက်ပူဆွေးသောကဖြစ်ပြီး လွမ်းတသက်သက်မဖြစ်မိဘူး သူငယ် ချင်း” ဟူ၍
ပြန်လည်ရင်ဖွင့်ပြောပြခဲ့ပါသည်။
အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် အလွယ်ကူဆုံးသော အရာများမှ
တစ်ခုခုကိုလုပ်ဆောင်ရန်မှာ သင်၏အသက်တာတွင် ချိန်ခွင်လျှာညီမျှမှုကို
လက်လွတ်ခံရန်ပင်ဖြစ်ပါသည်။ သင်သည် ထာ၀ရဘုရားအား အစေခံသော အခါ သင်၏မိသားစု၊
သင့်ကိုယ်ကို၊ ထို့အပြင် ဘုရားသခင်ကိုပါ လျစ်လျူရှု ထားရန် လွယ်ကူလှသည့်အပြင်
သင်၏အမှုတော်ဆောင်လုပ်ငန်းသည် သင်၏ အသက်တာကိုစိုးမိုးသွားအောင် ခွင့်ပြုနေလိုသော
သဘောထားရှိလာပါလိမ့် မည်။ သင့်အနေဖြင့် အမှုတော်ဆောင်လုပ်ငန်းတွင် သင်၏အသက်တာကို
ကာ ကွယ်ရန်အတွက် နယ်ခြားမျဉ်းတို့ကိုဖန်တီးရပါမည်။ ထို့အပြင် အမှုတော်ထမ်း
ဆောင်မှုကြောင့် ကိုယ်အားစိတ်အားချုံးချုံးကျခြင်းသည် သင်ဖန်တီးထားသော
နယ်ခြားမျဉ်းတို့ကိုအကျိုးဖြစ်ထွန်းမှုမရှိစေတော့ရန်ခြေရာကောက်နိုင်ပါသည်။
ကျေနပ်ဖွယ်သောအနေအထားဖြင့်
နေထိုင်နိုင်အောင်ကြိုးစားပြီး သင်၏ သားသမီးဇနီးမယားတို့နှင့် ကောင်းမွန်သော
ဆက်ဆံရေးကိုတည်ဆောက်ပါ။ သူတို့သည် သင်၏အသင်းတော်နှင့်အဦးဆုံးသော
အမှုတော်ဆောင်ခြင်း လုပ်ငန်းဖြစ်ကြပါသည်။ စနစ်တကျနှင့်စည်းကမ်းတကျရှိသော
မိသားစုတစ်စု သည် ဟောပြောနိုင်ကြသော တရားဟောချက်အားလုံးတို့ထက် ခရစ်ယာန်
ဘာသာ၏ကိုယ်စားပိုမို၍ပြောကြားပေးနိုင်ပါသည်။
“သင်၏မိသားစုကိုလျစ်လျူမရှုပါနှင့်”
သင်၏
လှုပ်ရှားဆောင်ရွက်မှုတို့တွင် သင့်အားကူညီနိုင်မည့်သူတို့အား
တာဝန်ပေးအပ်ခြင်းဖြင့် ထိုလှုပ်ရှားမှုတို့ကို ထိန်းညှိပါ။ ဤလုပ်ရပ်သည် သင်၏
တာဝန်ယူရမူတို့ကို ဟန်ချက်ညီအောင်ကူညီနိုင်မည့်အပြင် သင်သည်
ခင်ပွန်းသည်တစ်ယောက်အဖြစ်နှင့် ဖခင်တစ်ယောက်အဖြစ်ဖြင့်ရှိနေနိုင်ရန် သင့်အတွက်
အချိန်ဖန်တီးပေးနိုင်မည်ဖြစ်သည်။ သင်၏သားသမီးငယ်တို့ အပေါ် အထူးတလည်ဖြစ်သော
အာရုံစိုက်မှုမျိုးဖြင့်အာရုံစိုက်ပြီး သင့်အနေဖြင့် သူတို့ကို
ချစ်သည့်အကြောင်းကို သူတို့အားပြသပါ။ မိသားစုအပျော်ခရီးတို
ထွက်ခြင်းတို့ကိုစီစဉ်ပြီး၊ သင်၏သားသမီးတို့၏တစ်ဦးချင်း လိုအပ်မှုများတို့ကို
ဂရုပြုပါ။ သူတို့သည် သင့်အားအသည်းအသန် လိုအပ်နေကြပါသည်။ သင့် အနေဖြင့်သူတို့အတွက်
သူတို့နှင့်အတူရှိရမည်ဖြစ်ပြီး၊ သူတို့အရွယ် ရောက်လာ ပြီး ရင့်ကျက်လာချိန်တွင်
အကူအညီပေးခြင်း၊ သူတို့၏ စီးကျလာသော မျက်ရည်များနှင့် ရွှင်လန်းဝမ်းမြောက်မှုတို့တွင်
မျှဝေခံစားပေးခြင်းတို့နှင့် သူတို့ မှီခိုနိုင်သော လက်ရုံးတစ်ခုအဖြစ်
ရှိနေရပါမည်။ ထိုအချက်အလက်မျိုးမပါရှိပါ က သင်၏ ဆုတောင်းခြင်းများနှင့်
သင်၏မိသားစုအတွက် သင်၏မျှော်လင့် ချက်တို့သည် အဆင့်မီသည့်အနေအထားတွင် မရှိနိုင်ပါ။
“ကျွန်မအနေနဲ့ အသင်းတော်ရဲ့အတွင်းရေးမှူးနဲ့ တွေ့ဆုံမှုတစ်ခုအတွက် ဖေဖေ့ဆီက အကူ
အညီဖြစ်ဖြစ်၊ အကြံဉာဏ်ဖြစ်ဖြစ် အချိန်တိုင်းမှာရရှိဖို့လိုအပ်ပါတယ်ရှင်”
ဆိုသည့်စကားကို ပြောဆိုခဲ့သည့် အသင်းအုပ်ဆရာ၏ သမီးတစ်ယောက် အကြောင်းကို
ဖတ်ရှုခဲ့ရခြင်းကို ကျွန်ုပ်မကြာခဏပြန်လည်သတိရမိခဲ့ပါသည်။ သူမ၏ပြောစကားသည်
မည်မျှဝမ်းနည်းဖွယ်ရာကောင်းပါသနည်း။
“လူတစ်ယောက်သည်
မည်သည့်အရာများကိုသူလိုအပ်သနည်းဆိုခြင်းကို ရှာဖွေရန်အတွက် ကမ္ဘာတစ်ဝန်းလုံးကို
ခရီးနှင်ခဲ့ပြီးနောက် ၎င်းကိုတွေ့ရှိရရန် သူ၏ အိမ်သို့ပြန်လာပါတော့သည်”
ဂျော့(ဂ်ျ)မိုး(ရ်)။ သင်၏မိသားစုကို သင် ဆုံးရှုံးခံလိုက်ပါက
သင်၏အမှုတော်ဆောင်ခြင်းအလုပ်ကို သင်ဆုံးရှုံးခံရမည် ဆိုသည်ကိုသတိရပါ။
သင်၏ပူလောင်ပြင်းပြသော အိမ်ထောင်ရေးကို မီးဖြင့် ထိန်းထားပါ။ သင်၏ဇနီးသည်သည်
မိခင်တစ်ယောက်အဖြစ်သာမကဘဲ၊ အသင်းအုပ်ဆရာ၏ဇနီးသည်အဖြစ်နှင့်ပါ ကြီးမားသောခက်ခဲမှု
အနေအထား တစ်ခုနှင့် ကြုံတွေ့နေရပါသည်။ သူမအနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအာရုံစိုက်မှု၊
ချစ်ခြင်းမေတ္တာပါရှိသော ခင်တွယ်မှုနှင့် သူမ၏ စိတ်ဝင်စားမှုများအတွက်
အချိန်ရရှိနိုင်ရေးတို့ကို လိုအပ်ပါသည်။ အတူတကွခေတ္တအနားယူပါ။ ကြာ
ရှည်ခံသည့်အမှတ်တရအကြောင်းအရာများအဖြစ် များစွာသောမိသားစု ဆိုင်
ရာအမှတ်တရနေ့ရက်များကို ဖန်တီးပေးပါ။
ကျွန်ုပ်တို့၏လုပ်ငန်းခွင်တွင်
အောင်မြင်မှုရရှိကြရန်အတွက် ကျွန်ုပ်တို့ သည်
ကြိမ်ဖန်များစွာအထူးဆန္ဒစောနေကြသည်အလျောက် ကျွန်ုပ်တို့သည်
ထိုလုပ်ငန်းစဉ်၏အရေးအကြီးဆုံးသောကဏ္ဍဖြစ်ကြသောကျွန်ုပ်တို့၏ကိုယ်ပိုင်
အိမ်ထောင်မိသားစုများနှင့် မိသားစုဆိုင်ရာကိစ္စရပ်များတို့တွင်
ကျရှုံးမှုများနှင့် ကြုံတွေ့ရကြပါသည်။ ဤအချက်သည် ကျွန်ုပ်တို့၏ပထမဦးဆုံးသော တာဝန်
ယူရမှုပင်ဖြစ်ပါသည်။ အချိန်နည်းပါးမှုကြောင့် ကျွန်ုပ်တို့သည် ၎င်းတာဝန်ယူရ
မှုအပိုင်းကို သတိလက်လွတ် ခေါင်းထဲစိတ်ထဲမှဖယ်ထုတ်ထားခြင်းကို မလုပ်
ဆောင်သင့်ကြပါ။ ကျွန်ုပ်တို့၏မိသားစုများတို့အပေါ် အာရုံစိုက်ဂရုပြုနိုင်ခြင်း
မရှိရလောက်အောင် အလုပ်ရှုပ်လှပါက၊ ကျွန်ုပ်တို့သည် ချစ်ခင်မြတ်နိုးရန်နှင့်
ချစ်ခြင်းမေတ္တာရှိပါမည်ဆိုသည့်ကတိကိုပေးရန်အတွက် မီးရှို့ရာ ယဇ်ပလ္လင် ရှေ့တွင်
မည်သည့်အခါမျှမတ်တတ်ရပ်နေရန်မသင့်ပါ။
“မိသားစု၏အမှုထားစရာပူပန်သောကကိစ္စရပ်များ”
“ဦးဆောင်မှုမဂ္ဂဇင်း”
၏ စီမံခန့်ခွဲမှုဖြင့် အသင်းအုပ်ဆရာတို့၏ ရှင်သန် နေထိုင်မှုပုံစံတို့ကို
စုံစမ်းစစ်ဆေးရာတွင် သူတို့၏လုပ်ငန်းခွင်တွင်ရော၊ အိမ် ထောင် မိသားစုတွင်ပါ
စုံစမ်းစစ်ဆေးခဲ့ကြပါသည်။ ၉၄% သောအသင်းအုပ် ဆရာတို့သည်
စံပြမိသားစုတစ်ခုရရှိကြရန်အတွက် စိတ်ဖိစီးမှုတို့ကို ခံစားကြရ ပါသည်။ ၂၄% တို့သည်
လင်ခန်းမယားခန်းနှင့်ပတ်သက်သည့် ကျွမ်းကျင်သူ တို့၏ဆွေးနွေးလမ်းညွှန်မှုတို့ကို
လက်ခံခဲ့ကြ သို့မဟုတ် ရယူနေကြပါသည်။ ၆၉%သော အသင်းအုပ်ဆရာလုပ်ငန်းနှင့်ဆိုင်သော
အိမ်ထောင်ဘက်များတို့ သည် မိမိတို့အိမ်ကုန်ကျစရိတ် အလျဉ်မီအောင်၊
အိမ်ထောင်မိသားစု၏ ပြင်ပ သို့သွားပြီး အလုပ်လုပ်ကိုင်ရကြပါသည်။
အခြားသောခရစ်ယာန်ဘာသာရေး အကြီးအကဲ၏ အိမ်ထောင်ရေးတွင် ကြုံတွေ့ရသော ထိပ်ဆုံးအခက်အခဲ
ပြဿနာများမှာ အချိန်မလုံမလောက်ဖြစ်မှု သုံးစွဲရသည့်ငွေကြေး ပမာဏဝင် ငွေအနေအထား၊
ဆက်သွယ်ရေးဆိုင်ရာအခက်အခဲများ၊ အသင်းသားဖြစ် လာမည့်လူအရေအတွက်
ဆိုင်ရာမျှော်မှန်းချက်များတို့ဖြစ်ကြပါသည်။ အသင်း အုပ်ဆရာမိသားစုများတို့သည်လည်း
အိမ်ထောင်ရေးအသိုက်အဝန်းတို့ ကြုံ တွေ့နေရကြသည့် အထက်ကဘာသာရေးအကြီးအကဲတို့
ကြုံတွေ့ရသည့် အခြေအနေမျိုးတို့နှင့် အလားတူ ထိပ်ဆုံးအနေအထားတွင်ရှိနေသော စိတ် ဖိအားအကြောင်းခြင်းရာများတို့ကို
မျှယူခံစားကြရာတွင် ယေဘုယျအားဖြင့် ငွေရေးကြေးရေးအချိန်၊ ထို့အပြင်
ရင်းရင်းနှီးနှီးဆက်ဆံရေးတို့ပင်ဖြစ်ပါသည်။ ထို့အပြင် သူတို့သည် အခြားသောသူတို့၏
စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်း ခံရသည့် ထပ်ဆောင်းစိန်ခေါ်မှုမျိုးကိုပါ
ကြုံတွေ့ရကြပါသည်။ ဤအချက် သည် များစွာသောအသင်းအုပ်ဆရာမိသားစုများတို့အနေဖြင့်
အဘယ်ကြောင့် ကျဆုံးခြင်းအန္တရာယ်နှင့်ရင်ဆိုင်ရကြခြင်းအကြောင်းရင်းပင်ဖြစ်ပါသည်။
အသင်းအုပ်ဆရာတို့၏
မိသားစုများအတွင်း မိသားစုပြဿနာတို့၏ အရေအတွက်ကိုတိုးလာစေသည့် အခြေအနေတစ်ရပ်
ရှိပါသေးသည်။ ဇနီး မောင်နှံ တရားဝင်ကွာရှင်းမှု ပမာဏသည်မြင့်မားလာပြီး
များစွာသောကလေး သူငယ်များတို့သည် အသင်းတော်မှထွက်ခွာသွားကြပါသည်။ ဤအချက်သည်
သင်းအုပ်ဆရာတို့နှင့် သူတို့၏အိမ်ထောင်ဘက်များတို့၏ မလိုလားအပ်သည့်
အမှားဖြစ်ပါသည်။ ထို့အပြင် ဤအကြောင်းကြောင့် များစွာသောဆင်းရဲဒုက္ခ
တို့ကိုဖန်တီးစေသည်အလျောက် ဤကဲ့သို့သောမိသားစုများတို့သည် ကျွန်ုပ်တို့
၏ဆုတောင်းခြင်းနှင့်အာရုံစိုက်မှုတို့ကို လိုအပ်ကြပါသည်။
သူတို့ပါးစပ်မှ
ထုတ်ဖော်ပြောဆိုသည်ဖြစ်စေ၊ မပြောဆိုသည်ဖြစ်စေ အသင်းသူ အသင်းသားတို့သည်
အသင်းအုပ်ဆရာတို့နှင့် သူတို့၏မိသားစုများ ထံမှ
မျိုးစုံလှသောမျှော်မှန်းချက်များရှိကြပါသည်။ သူတို့သည် တစ်နိုင်ငံနှင့်
တစ်နိုင်ငံ သို့မဟုတ် ယဉ်ကျေးမှုတစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားမှုရှိကြပေ
မည်။ အချို့တို့သည် မျှတသောစိတ်နေစိတ်ထားရှိကြသော်လည်း အချို့တို့တွင် မူ
ထိုစိတ်ဓာတ်မျိုးမရှိကြပါ။ သင်၏မိသားစုအရေးကြောင့် သင့်အနေဖြင့်
မျှော်မှန်းချက်များတို့ကိုခွဲခြားနိုင်ပြီး အလွယ်တကူနားလည်အောင် ရှင်းပြနိုင်ရ
ပါမည်။ သို့မဟုတ်ပါက ထိုမျှော်မှန်းချက်တို့သည် သင့်အတွက်၊ သင်၏ မိသားစုအတွက်နှင့်
သင်၏ အသင်းသူအသင်းသားတို့အပေါ် ကြီးမားသော ဖိအားကိုဖြစ်ပေါ်စေပါလိမ့်မည်။
“ခိုင်မာတောင့်တင်းသောမိသားစုများ”
မိသားစုဝင်များတို့သည်
မိမိတို့၏ မိသားစုတောင့်တင်းခိုင်မာမှုရှိအောင် လုပ်ဆောင်ရကြပါမည်။ တစ်စုံတစ်ရာသော
လူမှုဆက်ဆံရေးနှင့်အလားတူစွာ ပင် လူတို့သည်အောင်မြင်ရန်အတွက်
မိမိတို့ကိုယ်တိုင်အားထုတ်ကြိုးပမ်းမှုရှိရ ကြပါမည်။
မိသားစုကိုအားကောင်းခိုင်ခံ့မှုရှိလာစေရန်အတွက် မိသားစုဝင် တိုင်းတို့သည်
ပါဝင်ဆောင်ရွက်ရသည့်အခန်းကဏ္ဍရှိပါသည်။
ဆယ်နှစ်ကျော်ကာလအတွင်း
ကမ္ဘာတစ်ဝန်းရှိမိသားစုပေါင်း (၃၀၀၀) ကျော်ကိုလေ့လာကြည့်ရာတွင်
ထူးထူးခြားခြားတောင့်တင်းခိုင်မာပြီး ပျော်ရွှင်မှု ရှိသော
မိသားစုခြောက်စုတို့ကိုသာ ဖော်ထုတ်ရွေးချယ်နိုင်ခဲ့ပါသည်။
၁။
သူတို့သည်တစ်ဦးကိုတစ်ဦးကတိကဝတ်ပြုထားပါသည် - မိသားစု အစုငယ်တစ်ခုအတွင်း၊
ပေါင်းစည်းညီညွတ်မှုကို တောင့်တကြသော သူတို့ အနေဖြင့် သူတို့၏မိသားစုအရေးကို
သူတို့၏ကိုယ်ရေးကိုယ်တာလိုအပ်ချက် များနှင့်အလိုဆန္ဒတို့ထက် ဦးစားပေးရကြပါမည်။
မိသားစုအတူတကွ နေထိုင် ရန်ဆုံးဖြတ်ရေးသည် သူတို့၏အကြီးမားဆုံးသောဆန္ဒဖြစ်ရပါမည်။
တောင့် တင်းခိုင်မာသောမိသားစုများတွင် ပါဝင်ကြသော မိသားစုဝင်တို့သည် တစ်ဦး
တစ်ယောက်၏အရေးအရာကိစ္စရပ်နှင့်ပျော်ရွှင်မှုတို့ကို တစ်ဦးတစ်ယောက်က
မြှင့်တင်ပေးကြရန်အတွက် ဘ၀ကိုမြှုပ်နှံထားကြပြီးဖြစ်ပါသည်။ (ကမ္ဘာ ၂း၂၃-၂၄) သူတို့သည်
မိသားစုစည်းလုံးညီညွတ်မှုကို တန်ဖိုးထားပါသည်။
၂။
သူတို့သည်ဂုဏ်ယူအသိအမှတ်ပြုမှုဆိုင်ရာ ခိုင်မာသောအသိတရား မျိုးရှိကြပါသည်။
တောင့်တင်းခိုင်မာပြီး ပျော်ရွှင်ဖွယ်ရာကောင်းသောမိသားစု သည်
ကြီးသောအမှုနှင့်သေးငယ်သောအမှုတို့တွင် ဂုဏ်ယူအသိအမှတ်ပြုခြင်း ကို
ထုတ်ဖော်ပြောကြားကြပါသည်။ ပျော်ရွှင်ဖွယ်ရာအိမ်ထောင်မိသားစုတွင် “ကျေးဇူးတင်တယ်”
ဟူသော စကားလုံးတို့သည် တေးဂီတအသံနှင့်အလား သဏ္ဌာန်တူကြပါသည်။
၃။
သူတို့သည်ကောင်းမွန်ပိုင်နိုင်စွာ အဆက်အသွယ်ပြုကြပါသည် - သင့်တင့်ကောင်းမွန်သော
လူမှုဆက်ဆံရေးတို့မည်သည်မှာ ဆက်သွယ်ရေး အပေါ်တွင်
အခြေခံတည်ဆောက်ထားခြင်းဖြစ်ပါသည်။ ဆက်သွယ်ရေးမပါရှိ ဘဲ
လူမှုဆက်ဆံရေးဆိုသည်မှာလည်းမရှိနိုင်ပါ။ ရက်သတ္တပတ်အတွင်း မိနစ် ပေါင်း (၁၀၀၈၀)
ရှိပါသည်။ ဤမိနစ်များအထဲမှ ရက်သတ္တပတ်တစ်ပတ်တွင် မိနစ် (၃၀) ခန့်မျှပင်မရှိ
သောအချိန်အတိုင်းအတာလောက်သာလျှင် ပျှမ်းမျှ အားဖြင့် ဇနီးမောင်နှံစုံတွဲတို့သည်
စကားစမြည်ပြောဖြစ်ကြပါသည်။ ကျွန်ုပ်တို့ ၏လူမှုဆက်ဆံရေးနှင့်ပတ်သက်ပြီး
ထိုဖြစ်ရပ်က မည်သည့်အရာကို ပြောဆို နေပါသနည်း။
တောင့်တင်းခိုင်မာသောမိသားစုများတို့သည် ကောင်းမွန်သော
ဆက်သွယ်ရေးကျွမ်းကျင်မှုမျိုးများရှိနေကြပြီး၊ တစ်ယောက်ကိုတစ်ယောက်
စကားစမြည်ပြောဆိုကြခြင်းဖြင့်အချိန်ကိုအသုံးချကြပါသည်။ (ဧဖက် ၆း၁-၄)။
၄။
သူတို့သည်အချိန်ကို အတူတကွအသုံးချကုန်လွန်စေခဲ့ကြပါသည်- အသင်းအုပ်ဆရာ၏မိသားစုတွင်း
ခင်မင်ရင်းနှီးမှုသည် ဦးစားပေးအဆင့်တွင် ရှိသင့်ပါသည်။
မိသားစုစည်းလုံးညီညွတ်မှုစိတ်နေစိတ်ထားကို တိုးတက်လာ စေရန်အတွက်
အတူတကွလုပ်ဆောင်ကြခြင်းဖြင့် ပြီးမြောက်နိုင်သောအရာ အများအပြားရှိနေကြပါသည်။
အစားအစာကိုအတူတကွစားသုံးကြပါ။
အသင်းအုပ်ဆရာတစ်ယောက်၏ မိသားစုအနေဖြင့် ထမင်းစားပွဲပတ်ပတ်လည်တွင်
ခင်မင်ရင်းနှီးမှုအချိန်ကာလ ကို လိုလားနှစ်သက်သင့်ကြပါသည်။ တစ်နေ့တာအတွင်း
မိသားစု၏အတူ တကွမဟုတ်သော မိသားစုဝင်တစ်ယောက်ချင်းစီက မတူညီသောအချိန်တွင်
သီးခြားစီစားသောက်ကြခြင်းသည် မည်မျှဝမ်းနည်းဖွယ်ရာကောင်းပါသနည်း။
အချို့သောညချမ်းကာလတွင်
အတူတကွကုန်လွန်ပါစေ။ ညချမ်းကာလ တစ်ခုကို မိသားစုနှင့်ကုန်လွန်ရန်အတွက်
အစီအစဉ်ဆွဲခြင်းသည် တစ်ဦးနှင့် တစ်ဦး ဆုံတွေ့စကားစမြည်ပြောဆိုခြင်းကဲ့သို့ပင်၊
မိသားစုဝင်အချင်းချင်း တစ်ဦးနှင့်တစ်ဦး နှောင်ဖွဲ့ထားနိုင်ကြပါသည်။
သင်၏မိသားစုနှင့်အတူ သင်၏ အချိန်ကိုတန်ဖိုးရှိပါစေ။ ဤအချက်မပါရှိဘဲ အတူတကွ
တိုးတက်ဖြစ်ထွန်းမှုရှိ ကြရန်မဖြစ်နိုင်ပါ။
ဘုရားကျောင်းသို့အတူတကွသွားကြပါ။
ကျွန်ုပ်သည် ဘုရားကျောင်းသို့ ကျွန်ုပ်၏
မိသားစုနှင့်အတူတကွသွားကြသောအလေ့အကျင့်မျိုးကို နှစ်အတော် ကြာကြာ အတွင်း
လုပ်ဆောင်ခဲ့ပါသည်။ တစ်နည်းအားဖြင့်ပြောရမည်ဆိုလျှင် မိသားစုဝင်များတို့သည်
ဘုရားကျောင်းသို့မတူညီသောအချိန်တွင် သွားရောက် ခြင်းမပြုရန်ကို
ဆိုလိုခြင်းဖြစ်ပါသည်။ အားလုံးသောကျွန်ုပ်တို့သည် ဘုရား
ကျောင်းသို့သွားရောက်ရန်အတွက်အတူတကွပြင်ဆင်ကြရမည်ဖြစ်ပြီး၊ ကလေး ငယ်များတို့ကို
အဝတ်အစားဝတ်ဆင်ရာတွင် အကူအညီပေးရန်နှင့် ဘုရား ကျောင်းသို့သွားရောက်ခြင်းကို
သူတို့နှစ်သက်ကြရန်အတွက် ဘုရားကျောင်းသို့ ခပ်စောစောသွားပေးပါ။ ဤကဲ့သို့သော
အချိန်မျိုးသည် အဖိုးထိုက်တန်လှ သောအချိန်ကာလများပင်ဖြစ်ပါသည်။
ရက်သတ္တပတ်အတွင်းအားလပ်ရက်တစ်ရက်ရယူပါ။
နေရာအတော် များ များရှိအသင်းအုပ်ဆရာများတို့သည် ဤကဲ့သို့သောလုပ်ဆောင်ချက်မျိုးကို
လုပ် နေကြပါသည်။ အသင်းတော်တွင်းချိန်းဆိုတွေ့ဆုံမှုများကဲ့သို့ပင် မိသားစု
အတွက်အချိန်ပေးခြင်းသည်လည်း အရေးပါလှကြောင်းကို ထိုအသင်းအုပ် ဆရာတို့က
အသိအမှတ်ပြုကြပါသည်။ အသင်းသူအသင်းသားတို့သည် အသင်းအုပ်ဆရာ၏မိသားစုအတွက်
အချိန်ရယူမှုကို တန်ဖိုးမထားကြပါက စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေါ်လာနိုင်ပါသည်။
“လူတစ်ယောက်မည်မျှဆင်းရဲသည် ကို ကျွန်ုပ်ဂရုမစိုက်ပါ။ အကယ်၍သာသူသည်
မိသားစုရှိနေပါက သူချမ်းသာ နေပါသည်” (Dညေ Wငူခသထ ညေိ Thad
က်ြာသမိ).
ရည်ရှည်အားလပ်ရက်ကိုအတူတကွကုန်လွန်ပါ။
သင်၏မိသားစုအတွက် ကောင်းမွန်သောရက်ရှည်အားလပ်ရက်ကိုစီစဉ်ပါ။ စောစီးစွာစီစဉ်ပါ။
ရက်ရှည် အားလပ်ရက်ရောက်ရှိသည်အထိ သင်၏ ကလေးငယ်တို့ကို ထိုအားလပ်ရက် ရောက်ရှိရန်လို
နေသေးသောရက်အရေအတွက်တို့ကို သတိပေးပါ။ ပျော်ရွှင် စရာမိသားစုအနေအထားကို
ထိန်းထားနိုင်ရန် အကောင်းဆုံးသောနည်းလမ်း များအနက် နည်းလမ်းတစ်သွယ်မှာ
အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့်ဖြစ်ရပ် များတို့ကို
အတူတကွလှမ်းမျှော်ကြည့်ကြရန်ဖြစ်ပါသည်။
မိသားစုအလိုက်ဝတ်ပြုခြင်းအချိန်ကို
ကျင်းပပါ။ အသင်းတော်ထဲတွင် မိသားစုဝတ်ပြုခြင်းအတွက် အခက်ခဲဆုံးသော
အခြေအနေမျိုးနှင့်ကြုံတွေ့ရ သည့် မိသားစုတစ်စုမှာ၊ အသင်းအုပ်ဆရာ၏
မိသားစုဖြစ်ကောင်းဖြစ်နိုင်ပေ သည်။ မိသားစုဝတ်ပြုခြင်းအတွက်စီစဉ်ထားမှုသည်
ကြားဖြတ်ကိစ္စရပ်များ ဝင်ရောက်မှုအလွန်များပြားလှပြီး မိသားစုဝင်များတို့ကို
တကွဲတပြားဖြစ်စေ သည့် များပြားလှသည့်မတူကွဲပြားသော
လှုပ်ရှားမှုများပေါ်ပေါက်လေ့ရှိပါ သည်။ နံနက်ပိုင်းတွင် မိသားစုအတူတကွဝတ်ပြုခြင်း
အနေအထားမဖြစ်နိုင် ပါက ညဦးပိုင်းတွင်အတူတကွဝတ်ပြုခြင်းပြုလုပ်နိုင်အောင် အချိန်ရယူပါ။
အထူးသဖြင့်
အသင်းတော်ကျောင်းဝင်းအတွင်းရှိ အိမ်ရာများတွင်နေထိုင် ကြသော
ဂိုဏ်းကွဲခရစ်ယာန်ဘုန်းတော်ကြီးမိသားစုတို့သည် သူတို့အတွက်အမှု
တော်ဆောင်လုပ်ငန်းနှင့် မိသားစုအသက်တာစပ်ကြား၊ နယ်ခြားမျဉ်းတို့ကို
သတ်မှတ်ထားရန်မှာ မကြာခဏတွင်ပင် မလွယ်သောအလုပ်ဖြစ်နေပါသည်။ သို့သော်
အဆင့်အတန်းရှိသောမိသားစု၏အချိန်သည် ပြတ်သားလှစွာဖြင့် တည်ထောင်ထားပြီး
အကာအကွယ်ပေးနိုင်သော နယ်ခြားကျွန်းတစ်ခုဖြစ်ပါ သည်။
၅။ သူတို့သည်
ဒူပေဒဏ်ပေခံနိုင်မှုရှိကြပါသည်။ ပြဿနာအခက်အခဲ များတို့သည် ခိုင်မာတောင့်တင်းသော
မိသားစုတို့ကို တစ်စုတစ်စည်းတည်းဖြစ် အောင် လုပ်ဆောင်နေချိန်တွင်
အားနည်းမှုရှိကြသော မိသားစုတို့ကို တစ်ကွဲ တစ်ပြားစီဖြစ်အောင်တွန်းပို့ပေးပါသည်။
ခိုင်မာတောင့်တင်းသော မိသားစုတို့ သည် ခက်ခဲကြမ်းတမ်းသော ကာလတွင်
အတူတကွပါဝင်ပတ်သက်ကြပြီး တစ်ဦးကိုတစ်ဦးကူညီကြပါသည်။ ဤအချက်သည် ဝမ်းနည်းဖွယ်ရာအဖြစ်
ဆိုးရိုက်ခတ်မှုရှိသောအခါ၊ အပြစ်ပုံချတတ်သောမိသားစုတို့နှင့် အထူးကွဲပြား
ခြားနားမှုရှိလှပါသည်။ တောင့်တင်းခိုင်မာသော မိသားစုများတို့သည် ဖိအား သို့မဟုတ်
အရေးအခင်းများတို့ကို အခွင့်အလမ်း များဖြစ်ထွန်းလာတော့မည့် အမြင်မျိုးဖြင့်
ရှုမြင်ကြပါသည်။ (ဧဖက် ၆း၄။ ၁သက် ၂း၁၁)။
၆။ သူတို့သည်
ဝိညာဉ်ရေးဆိုင်ရာချမ်းသာသုခကို ပေါ်ထွက်စေပါသည်။
ကျန်းမာခြင်းသုခနှင့်ပြည့်စုံသောမိသားစုတို့သည် သူတို့၏ နေ့စဉ်အသက်တာ တို့တွင်
ဘုရားသခင်ကိုပါဝင်စေပါသည်။ သူတို့၏ ပြုမူကျင့်ကြံခြင်းများတို့ အတွက် သူတို့သည်
တစ်ယောက်ကိုတစ်ယောက်တာဝန်ခံမှုရှိကြပါသည်။ ခိုင်မာတောင့်တင်းသောမိသားစုများတို့သည်
သူတို့၏အသက်တာများ၌ ဘုရား သခင်၏ပိုမိုကြီးမားသော ကောင်းမြတ်တော်မူခြင်းနှင့်
ဘုန်းတန်ခိုးတော်နှင့် ပတ်သက်သည့်ခံစားတတ်သည့် စိတ်သဘောထားမျိုး ရှိနေကြပါသည်။ ဤ
ယုံကြည်ချက်သည် သူတို့အားခွန်အားနှင့်ရည်ရွယ်ချက်တို့ကိုပေးကမ်းပါသည်။ (တမန်တော်
၂း၃၈-၃၉။ တရား ၁၁း၁၈-၂၁)။
တောင့်တင်းခိုင်မာသော
မိသားစုတစ်စုသည် အခက်အခဲပြဿနာများ တို့ကို ခံနိုင်ရည်ရှိသည်ဟူသော အရာမဟုတ်သည်ကို
သတိတရရှိပါ။ သူတို့ သည် အခြားသော မိသားစုများရင်ဆိုင်နေကြရသည့် အလားတူအခက်အခဲ
များဖြစ်ကြသည့် နာမကျန်းဖြစ်မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ မော်တော်ယာဉ်မတော်
တဆဖြစ်မှု၊ ကပ်ဘေးဆိုက်မှု၊ သေဆုံးမှုနှင့် လူတို့သိထားကြသော အခြားသော
အခက်အခဲတိုင်းတို့ကိုလည်း ကြုံတွေ့ခံစားရကြပါသည်။ သို့သော်လည်း
တောင့်တင်းခိုင်မာသော မိသားစုတို့သည် သူတို့တွင် စိန်ခေါ်မှုများရှိနေကြ သည့်တိုင်
မမှိတ်မသုန်ဆက်လက်လုပ်ဆောင်ကြပါသည်။
“အသင်းအုပ်ဆရာ၏ဇနီးသည်”
အသင်းအုပ်ဆရာများတို့သည်
သူတို့၏အမှုတော်ဆောင်လုပ်ငန်း အခြေ အနေကောင်းစေရန် သူတို့၏အိမ်ထောင်ဘက်တို့သည်
အရေးပါအရာ ရောက် လှသည့် ထောက်ပံ့ကူညီမှုပေးကြကြောင်းကို အမြဲမပြတ်သတင်းပို့နေကြပါ
သည်။ အသင်းသူ အသင်းသားများမဟုတ်ကြသည့်အပြင် လောကမှ လူပုဂ္ဂိုလ် များတို့နှင့် သို့မဟုတ်
အခြားသောသင်းအုပ်ဆရာများတို့နှင့် အနီးကပ် ခင်မင် ရင်းနှီးမှုကို
တိုးမြှင့်နိုင်ရန်အတွက် အသင်းအုပ်ဆရာများတို့တွင် ကန့်သတ်
ချုပ်ချယ်မှုရှိသောအခွင့်အလမ်းမျိုးသာ ရရှိကြပါသည်။ အကျိုးရလဒ် အဖြစ်၊
သူတို့၏အိမ်ထောင်ဘက်တို့၏ အခန်းကဏ္ဍသည် မိတ်ဆွေအဖြစ်ဖြင့် အပြင်
အထောက်အကူပြုသူအဆင့်ထက် ပိုမို၍အရေးပါလာပါသည်။ အောက်ပါ အချက်တို့သည်
လူမှုဆက်ဆံရေးတွင် တိုးတက်စေရန်နှင့် လက်ရှိအနေအထား
ကိုထိန်းထားနိုင်ရန်အတွက်အကြံပေးချက်အချို့တို့ကိုဖော်ပြရမည်ဆိုပါက-
အသင်းအုပ်ဆရာ၏
ဇနီးသည်သည် “နံပါတ်တစ်ဦးစားပေးအဆင့်တွင်
ရှိရမည်ဖြစ်ပြီး
အသင်းတော်ကိုဦးစားပေးအဆင့်တစ်” တွင်ထားရှိရန်မဟုတ် ပါ။
အမှုတော်ဆောင်တစ်ယောက်အနေဖြင့် ဘုရားသခင်က သင့်အား ခေါ်
တော်မူပါကအသင်းတော်သည်သင်၏ဦးစားပေးအရာ၌ထားရှိရမည့် အဓိပ္ပါယ် မျိုးမသက်ရောက်ပါ။
သင့်အနေဖြင့် သင်၏ဇနီးသည်နှင့် သင်၏ သားသမီး တို့ကို ထိပ်ဆုံးဦးစားပေးနေရာတွင်ထားရှိရပါမည်။
ဤအချက်သည် သင့်အနေ ဖြင့် သူတို့၏လိုအပ်ချက်များတို့ကို သင်၏အစီအစဉ်များနှင့်
သင်၏စိတ်ထဲတွင် အထင်ကရအဖြစ်ထားရှိရမည့် အဓိပ္ပါယ်ပင်ဖြစ်ပါသည်။
ဧဝံဂေလိတရားဟောပြောခြင်းများတွင်
သူမပါဝင်ဆောင်ရွက်ခြင်းရှိ ရပါမည် - ဧဝံဂေလိသတင်းစကားဖြန့်ဝေခြင်းသည်
သူမ၏ကိုယ်ရေးကိုယ်တာ အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် တစ်စိတ်တစ်ပိုင်းအဖြစ်
ပါရှိရပါမည်။ အမှုတော်ဆောင်ခြင်းလုပ်ငန်းဆိုင်ရာကဏ္ဍတွင်၊ အချို့သောအသင်းအုပ်ဆရာ
တို့၏ ဇနီးသည်များတို့သည် ပါဝင်လုပ်ဆောင်မှု အလွန်နည်းပါးလှသည်ကို
ကျွန်ုပ်သတိပြုမိပါသည်။ သူတို့သည် သာသနာပြုလည်ပတ်ခြင်းများ သို့မဟုတ်
ကျမ်းစာသင်ပေးခြင်းလုပ်ငန်းများတို့တွင် မိမိတို့ကိုယ်ကို
မြှုပ်နှံထားမှုမရှိကြပါ။ သူမတို့သည် အိမ်ထဲတွင် သားသမီးတို့နှင့်အလုပ်များနေကြပြီး
အမှုတော် ဆောင်ခြင်းလုပ်ငန်း၌ လှုပ်ရှားဆောင်ရွက်သည့် အခန်းကဏ္ဍတွင် ပါဝင်မှုမရှိ
ကြပါ။ ထိုအနေအထား၏အကျိုးရလဒ်အဖြစ် သူတို့သည် ဝိညာဉ်ရေးနှင့်
ပတ်သက်သည့်ဖွံ့ဖြိုးမှုအခွင့်အရေးရရှိစေရန်အတွက် မိမိတို့ကိုယ်ကို မိမိတို့
ငြင်းပယ်ကြသကဲ့သို့ဖြစ်သွားပါသည်။
သူမသည်
သူမ၏ခင်ပွန်းသည်နှင့်အတူ အထူးလည်ပတ်ခြင်းများတို့ကို လုပ်ဆောင်သင့်ပါသည် -
အသင်းသူအသင်းသားများတို့သည် မိမိတို့၏ အိမ်ထောင်မိသားစုများထံသို့
အသင်းအုပ်ဆရာနှင့်သူ၏ ဇနီးသည်တို့အလည် အပတ် သွားရောက်ကြသည်ကို
ဂုဏ်ယူအသိအမှတ်ပြုကြပါသည်။ ကျွန်ုပ်၏ ဇနီးသည် ရေကယ်(လ်) သည် ကျွန်ုပ်အသင်းသူ^သားတို့ထံသို့
လိုက်လံလည် ပတ်ရာတွင် မကြာခဏပါဝင်လည်ပတ်ခဲ့ပါသည်။ ဤလုပ်ရပ်သည် အမှုတော်
ဆောင်ခြင်းဆိုင်ရာ အတွေ့အကြုံနှင့်ပတ်သက်သည့် ကျေနပ်နှစ်သိမ့်မှုကို
ကျွန်ုပ်တို့နှစ်ဦးအတူတကွရရှိ ကြပါသည်။
သူမသည်
အသင်းတော်ဆိုင်ရာ အရာရှိတစ်ယောက်မဟုတ်ပါ – တစ်ခါ တစ်ရံတွင်
အသင်းသူအသင်းသားများတို့သည် စံပြဖြစ်သည့်အသင်းအုပ် ဆရာ၏ဇနီးသည်ကို
ပုံသေကားချပ်ပုံစံဖြင့် မျှော်လင့်ထားတတ်ကြပါသည်။ သူတို့က အသင်းအုပ်ဆရာ၏ဇနီးသည်သည်
စန္ဒရားတီးပေးမည်၊ အထူးသီချင်း ဆိုပေးမည် သို့မဟုတ်
အနည်းဆုံးဓမ္မတေးသံစုံအဖွဲ့တွင် ပါဝင်သီဆိုပေးလိမ့် မည်ဟု ထင်မြင်ထားကြပါသည်။
အမှန်မှာ အသင်းအုပ်ဆရာတို့၏ ဇနီးသည် အများစုတို့သည် တစ်စုံတစ်ရာသော
တူရိယာကိုတီးခတ်တတ်ခြင်း သို့မဟုတ် သံစုံအဖွဲ့တွင်
ကောင်းမွန်စွာသီဆိုနိုင်ခြင်းမရှိကြပါ။ အသင်းတော်အနေဖြင့် ထိုကဲ့သို့သောတေးဂီတတွင်
အားသန်မှုမရှိသောဇနီးသည်၏ခင်ပွန်းသည်သည် အသင်းအုပ်ဆရာတစ်ယောက်ဖြစ်သည်ဆိုခြင်းနှင့်
အသင်းအုပ်ဆရာ၏ ဇနီး သည်၏အကောင်းဆုံးသော ဩဇာသက်ရောက်မှုမရှိရပါ။ လုပ်ဆောင်နိုင်သော
စွမ်းရည်များအပေါ်တွင်အခြေခံသည့် တစ်မူထူးခြားသော အလုပ်အတွက် ခေါ်တော်မူခြင်းကို
လူတိုင်းကရရှိနေကြပြီး၊ အသင်းအုပ်ဆရာ၏ ဇနီးသည် သည်လည်း ၎င်းခေါ်တော်မူခြင်းတွင်
ခြွင်းချက်မရှိပါဝင်ကြပါသည်။
သူမသည်အသင်းတော်၏အိမ်ရှင်မမဟုတ်ပါ
- လူတိုင်းကဝတ်ပြုခြင်း အခမ်းအနားတွင် မွေ့လျော်မှုရှိရေးကို
သေချာအောင်လုပ်ဆောင်သော အလုပ်တွင် သူမသည် တာဝန်ယူစရာမလိုပါ။ အကယ်၍
မှားယွင်းမှုအခြင်း အရာများဖြစ်ပေါ်လာပါက သို့မဟုတ်
သူမ၏ခင်ပွန်းသည်နှင့်ပတ်သက်ပြီး တစ်စုံတစ်ယောက်က မပျော်မရွှင်ဖြစ်ပါက သို့မဟုတ်
ဝတ်ပြုခြင်းအခမ်းအနား နှင့်ပတ်သက်သည့်ကဏ္ဍ အချို့နှင့်ပတ်သက်၍
မပျော်မရွှင်ဖြစ်လာပါက၊ ဌို အခက်အခဲ ပြဿနာဖြစ်ပေါ်လာမှုအတွက် သူမအနေဖြင့်
တာဝန်ယူရမည့် အရာ မဟုတ်ပါ။
သူမသည်အသင်းတော်အတွက်လူမှုရေးစည်းရုံးရေးမှူးမဟုတ်ပါ
- အစီ အစဉ်ရေးဆွဲရန် သို့မဟုတ် ကြုံရာထမင်းဟင်းပုံမှန်ကျွေးမွေးပွဲတိုင်းကိုတက်
ရောက်ရန် သို့မဟုတ် (သတို့သမီးလောင်းမိခင်လောင်းတို့ကို) လက်ဆောင်
ဝိုင်းဝန်းပေးသည့် ပွဲတို့ကိုတက်ရောက်ရန်မှာ သူမ၏အလုပ်မဟုတ်ပါ။ ဤ
ကဲ့သို့သောပွဲမျိုးတို့ကို အသင်းသူအသင်းသားများတို့က အစုအဖွဲ့ပုံစံဖြင့်
တာဝန်ယူလက်ခံဆောင်ရွက်ရကြပါမည်။ အသင်းအုပ်ဆရာ၏ဇနီးသည်သည် အသင်းတော်တွင် ရှိနေကြသော
အသင်းသားတိုင်းတို့ကိုလည်း ညစာစားပွဲ ကျင်းပပေးစရာမလိုပါ။
ဧည့်ဝတ်ကျေပွန်ခြင်းအတွက် အသင်းတော်တစ်ခုလုံး ကို လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး
အသင်းအုပ်ဆရာ၏မိသားစုကိုသာ ပေးထားခြင်းမဟုတ်ပါ။ “သင်ဆင်းသက်လာသော မိသားစုသည်
သင်ရရှိ လာမည့်မိသားစုလောက်အရေးမကြီးပါ” ရင်း(န်ရ်)လာ့(ရဒ်)နပ်(ရ်)။
သူမသည်
အမျိုးသမီးရေးရာနှင့်ပတ်သက်သည့် အမှုတော်လုပ်ငန်းများ
တို့၏ညွှန်ကြားရေးမှူးအဖြစ်သို့ အလိုအလျောက်ဖြစ်မလာပါ။ အကယ်၍ သူမ သည်
သင်ကြားပို့ချရန်အတွက်လိုလိုလားလားမရှိပါက သူမအားကျမ်းစာသင်
ပေးခြင်းသင်တန်းများတွင် သင်ကြားပို့ချပေးရန်နှင့် ဥပုသ်စာဖြေသင်တန်းများ
တွင်ဦးဆောင် ဆွေးနွေးပေးရန်အတွက် သို့မဟုတ် အမျိုးသမီးရေးရာနှင့်ပတ် သက်သည့်
အမှုတော်ဆောင်လုပ်ငန်းများတို့၏ ညွှန်ကြားရေးမှူးအဖြစ် တင် မြှောက်ခြင်းဖြင့်
သူမအား ဖိအားကိုမခံစားစေသင့်ပါ။ ဒေသတွင်းအသင်း တော်တွင်ရှိနေကြသော မည်သူ့ကိုမျှ
အဆင့်အတန်းအနေအထားပေါ် မူတည် ပြီး တာဝန်ပေးရွေးချယ်တင်မြှောက်ရန်မသင့်သော်လည်း
အရည်အချင်းပြည့်မီ ခြင်းနှင့်အထုံပါရမီရှိမှုအပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါသည်။
အမှန်အားဖြင့် သူမသည် အကယ်၍အသင်းတော်ရှိ တိုးတက်မှုရှိသော တစ်စုံတစ်ရာသော
အမှုတော်အတွက် တာဝန်ပေးအပ်ခြင်းခံရပါက၊ သူမအနေဖြင့် သူမ၏ဝိညာဉ်
ရေးဆုကျေးဇူးများအရ၊ သူမသည် အမှုတော်ကိုဆောင်ရွက်နိုင်ပါသည်။
“အကယ်၍သာသင်သည်အသင်းအုပ်ဆရာတစ်ယောက်မဟုတ်ပါက”
အကယ်၍သာသင်သည်အချိန်ပြည့်အမှုတော်ဆောင်တစ်ယောက်မဟုတ်
ပါက၊ ဤနေရာတွင် ကျွန်ုပ်သည် တစ်စုံတစ်ရာသောအကြောင်းအရာကို ပြော ဆိုလိုပါသည်။
အမှုတော်ဆောင်လုပ်ငန်းလောက် မည်သည့်အလုပ်အကိုင်ကမျှ ပိုမိုပြီး မခက်ခဲပါ။
အလုပ်ပြီးချိန်နေ့တစ်နေ့၏ကုန်ဆုံးချိန်၌ လူတစ်ယောက် အနေဖြင့် အိမ်သို့
ပြန်သွားပြီး သက်သောင့်သက်သာဖြင့်အနားယူနိုင်ပါတော့ သည်။ အသင်းအုပ်ဆရာ
တစ်ယောက်မှာမူ ထိုသို့အနားယူခြင်းမပြုနိုင်ပါ။ အသင်းအုပ်ဆရာတစ်ယောက်နှင့်
သူ၏မိသားစုတို့သည် အချိန်တိုင်းတွင်ပင် စေ့စေ့စပ်စပ်
စောင့်ကြည့်ခြင်းခံနေရကြပါသည်။ သူတို့သည် အစဉ်တစိုက် အကဲခတ်ဂရုပြုမှုခံနေရကြပါသည်။
အသင်းတော်မိသားစုအတွက်
အသင်းအုပ်ဆရာနှင့် သူ၏မိသားစုတို့၏ လုပ်ကိုင်ဆောင်ရွက်ပေးမှုအားလုံးတို့အတွက်
ဂုဏ်ယူအသိအမှတ်ပြုပေးနိုင် သည့် နည်းလမ်းတို့ကိုရှာဖွေပါ။
သူတို့၏သားသမီးငယ်တို့ကို သင်၏သားသမီး ငယ်တို့နှင့်အတူ အပျော်ခရီးတိုထွက်ပေးပါ။
သင်၏အသင်းအုပ်ဆရာနှင့် သူ၏မိသားစုတို့ကို
သင်၏ချစ်ခြင်းမေတ္တာနှင့်ဂုဏ်ယူအသိအမှတ်ပြုမှုတို့ဖြင့် လွှမ်းခြုံပေးပါ။
အသင်းတော်တစ်ခုကို ဂရုစိုက်နေချိန်တွင် မိသားစုတစ်ခုကို
ကျွေးမွေးစောင့်ရှောက်ရန်မှာ ခက်ခဲမှုရှိလှပါသည်။ လူတို့အပေါ်ချစ်ခင်ရင်းနှီး
မှုအပြည့်ရှိသည်ဆိုခြင်းကို အသင်းအုပ်ဆရာ၏မိသားစုတို့က သိရှိနိုင်ကြရန်
သေချာအောင်လုပ်ဆောင်ပါ။
“ခိုင်မာတောင့်တင်းသောအသင်းအုပ်ဆရာ၏မိသားစုပုံစံမျိုးမရှိပါဘဲ
သင့်အနေဖြင့်ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်ဖြစ်နိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှုစဉ်းစားသုံးသပ်ခြင်း
သို့မဟုတ် ဆွေးနွေးတိုင်ပင်ညှိနှိုင်း ခြင်းတို့အတွက်မေးခွန်းများ -
၁။ အသင်းအဖွဲ့အလိုက်
အမှုတော်ဆောင်ခြင်းဆိုင်ရာအမြင်သဘောထား အကြောင်းကို သင်မည်ကဲ့သို့လေ့ကျင့်ပါသနည်း။
၂။ အသင်းအုပ်ဆရာအများအပြားတို့၏ သားသမီးတို့သည်
အဘယ်ကြောင့် ချောင်ထိုးခံရပြီး လမ်းဘေးရောက်သွားရသည်ကို သင်၏အမြင်သဘော
ထားမည်သို့ရှိပါသနည်း။
၃။ သင်၏ မိသားစုနှင့်အတူ၊ သင်၏အချိန်ကို
သင်မည်ကဲ့သို့ အသုံးချပါ သနည်း။
၄။ ခိုင်မာတောင့်တင်းသောမိသားစုတစ်စုကို
တည်ဆောက်ခြင်း၌ အရေး အကြီးဆုံးသောထူးခြားသည့်ပင်ကိုယ်လက္ခဏာသုံးမျိုးမှာ အဘယ်အရာ
များနည်း။
၅။ အသင်းတော်တွင်
သင်၏ဇနီးသည်လုပ်ဆောင်နိုင်သော အရေးအကြီးဆုံး သောလှုပ်ရှားမှုများမှာ
အဘယ်အရာများဖြစ်ကြပါသနည်း။
အခန်းကြီး - ၇
အခန်း (၇)
“ထူးခြားသောဧည့်သည်တစ်ယောက်”
သင်းအုပ်ဆရာ၏
အသင်းသူ^သားများတို့ထံ
လိုက်လံလည်ပတ်ကြည့်ရှု
ခြင်းသည်
ကျွန်ုပ်၏အမှုတော်ဆောင်ခြင်းလုပ်ငန်းအတွက် အလွန်အရေးပါလှ ပါသည်။
၎င်းလုပ်ဆောင်မှုသည် ကျွန်ုပ်၏အသင်းသူ^သားများတို့ကို သိရှိရန် နှင့် လူတို့နှင့်
မိတ်ဆွေဖွဲ့နိုင်သောအခွင့်အလမ်းတစ်ရပ်ကို ဖော်ဆောင်ပေးပါ သည်။
အသင်းအုပ်ဆရာတိုင်းသည် သူတို့၏ခွန်အားများ၊ အားနည်းချက်များ၊
ဆုကျေးဇူးများနှင့်လုပ်ပိုင်ခွင့် များရှိကြပါသည်။ အချို့တို့သည် တရားဟော
ပြောရာတွင် အားသန်မှုရှိကြပြီး၊ အချို့တို့မှာ အုပ်ချုပ်ရေးအပိုင်း သို့မဟုတ်
ပို့ချခြင်းတွင် အားသန်မှုရှိကြပါသည်။ ကျွန်ုပ်အတွက်မှာမူ အသင်းသူအသင်း
သားတို့ထံသို့ လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည် ကျွန်ုပ်၏အမှုတော်ဆောင်
လုပ်ငန်းအတွက် ခွန်အားဖြစ်ပါသည်။ အချို့သော နေ့များတွင် လိုက်လံကြည့်
ရှုခြင်းအလုပ်သည် ပျော်ရွှင်ဖွယ်ရာစွန့်စားမှုတစ်ခုဖြစ်ပြီး၊ အခြားသောနေ့ရက်
များတို့တွင် ခက်ခဲမှုရှိနိုင်ပါသည်။ သို့သော်လည်း ကျွန်ုပ်၏ အမှုတော်ဆောင် ခြင်းလုပ်ငန်းသည်
၎င်းအချက်များမပါရှိပါက ရပ်တည်၍မရနိုင်ပါ။
အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းနှင့်
၎င်းလုပ်ရပ်မှထွက် ရှိလာသည့်ရလဒ်ဖြစ်သည့် ခင်မင်ရင်းနှီးမှုများတို့သည်
အကျိုးဖြစ်ထွန်းမှုရှိ သော အမှုတော်ဆောင်ခြင်းလုပ်ငန်းအတွက်
မရှိမဖြစ်သောအရာများဖြစ်ကြပါ သည်။ အယ်လင်ဝှိုက်က “လူတို့၏အိမ်ထောင်မိသားစုတို့သို့
လိုက်လံလည်ပတ် ကြည့်ရှုသည့် အလုပ်ကို သူ့အနေဖြင့်လျစ်လျူရှုထားပါက သူသည်သစ္စာမရှိ
သောသိုးထိန်း တစ်ယောက်သာဖြစ်ပြီး ဘုရားသခင်၏ဆုံးမပြစ်တင်တော်မူ ခြင်းသည်
သူ၏အပေါ်သို့ ကျရောက်ပေမည်။ သူ၏အလုပ်သည်လည်း တစ် ဝက်တစ်ပျက်ဖြင့်ပြီးမြောက်
ရမည့်အလုပ်မဟုတ်ပါ” ဟူ၍ ရေးသားခဲ့ဖူးပါ သည်။ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်ကို
လျစ်လျူရှုသောတရားဟော ဆရာတစ်ယောက်သည် အဓိပ္ပါယ်ပြည့်၀သော နည်းလမ်းဖြင့် သူ၏လူတို့
အပေါ်တွင် ဩဇာမညောင်းနိုင်ပါ။
အသင်းအုပ်ဆရာနှင့်သက်ဆိုင်သော
အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် ဤအချက်သည်
စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေနိုင်သော်လည်း၊ မိမိတို့၏သိုးစု တို့ကို သိရှိရန်မှာ
သိုးထိန်းတို့အတွက် အရေးကြီးလှပါသည်။ ကျွန်ုပ်တို့၏အရှင် သခင်နှင့်
အဆုံးစွန်သောစံပြနမူနာဖြစ်တော်မူသောသခင်ယေရှုက (ယောဟန် ၁ဝး၁၄) တွင်
“ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည်ငါ့ကို သိတော်မူ၏။ ငါသည်လည်း
ခမည်းတော်ကိုသိသကဲ့သို့ ငါ၏သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏” ဟူ၍
မိန့်တော်မူခဲ့ပါသည်။ တရားဟော ဆရာကလုပ်ဆောင်ရသည့် လိုက်လံကြည့်ရှုခြင်းသည် အသင်းအုပ်ဆရာနှင့်
အသင်းဝင်သူများတို့အနေဖြင့် တစ်ဦးကိုတစ်ဦး တန်းတူရည်တူသဘောထား ကြရန်အတွက်
အထောက်အကူပြုပါသည်။
ကျမ်းစာတော်မြတ်က
ဤအရေးကြီးလှသော အမှုတော်ဆောင်ခြင်းလုပ် ငန်းအပေါ် လျစ်လျူရှုခြင်းနှင့်ပတ်သက်ပြီး
ကျွန်ုပ်တို့ကိုသတိပေးထားပါသည်။ (ယေဇကျေလ ၃၄း၂၊၄-၆) တွင် “. .
.ကိုယ်ကိုသာကျွေးမွေးသော ဣသရေ လအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။
သိုးထိန်းသည် သိုးတို့ကိုမကျွေး မွေးရသလော။ အားနည်းသောသိုးကိုမမစကြ၊
နာသောသိုးကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့်မစည်းကြ။
သူတစ်ပါးနှင်သောသိုးကိုလိုက်၍ မဆောင်ခဲ့ကြ၊ ပျောက်သော သိုးကိုမရှာကြ၊
အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။ ထိန်းသောသူမရှိသောကြောင့်
သိုးတို့သည်ကွဲပြားကြ၏။ ကွဲပြား လျက်နေသောအခါ ခပ်သိမ်းသောတော သားရဲစားစရာဖြစ်ကြ၏။
ငါ့သိုးတို့ သည် တောင်များ၊ မြင့်သောကုန်းများအပေါ်မှာ လဲ၍ မြေတစ်ပြင်လုံးတွင်
အရပ်ရပ်သို့ကွဲပြားပြန့်လွင့်လျက်နေ၍ အဘယ်သူမျှ မလိုက်မရှာကြ” ဟူ၍
ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့အားသတိပေးထားပါသည်။
ဤသစ္စာမဲ့ကြသောဣသရေလလူတို့၏
သိုးထိန်းတို့သည် မရှိဆင်းရဲသား တို့အားပေးကမ်းစွန့်ကြဲရန်ပျက်ကွက်ခဲ့ကြပြီး၊
ပျောက်ဆုံးသောသိုးတို့ကို ရှာဖွေ သော အလုပ်ကို မရွေးချယ်ခဲ့ကြပါ။ သူတို့သည်
သူတို့၏ကိုယ်ပိုင်လိုအပ်ချက် တို့ကို အာရုံစိုက်ကြပါသည်။ ပြန်လည်တုံ့ပြန်သည့်အနေဖြင့်
ဘုရားသခင်က သူသည် သိုးတို့ကို
ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်သည့်တာဝန်ခံမှု အတွက်
သိုးထိန်းတို့ကိုပေးအပ်တော်မူမည့်အကြောင်းကို ကြေညာတော်မူခဲ့ပါ သည်။ ယနေ့တွင်
ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်များအဖြစ်ရှိနေသော ကျွန်ုပ် တို့သည်လည်း ထိုသို့သော
အလားတူသတင်းစကားမျိုးနှင့် သက်ဆိုင်နေကြပါ သည်။
ကမ္ဘာတစ်ဝန်းရှိ
အသင်းအုပ်ဆရာများနှင့်အတူ ကျွန်ုပ်၏အလည်အပတ် ခရီးစဉ်များမှ
ကျွန်ုပ်တွေ့သိခဲ့ရသည်မှာ များစွာသောအသင်းအုပ်ဆရာများတို့ သည် သူတို့အတွက်
အလေးထားရမည့်အရာများတို့ကိုသာ ဟောပြောရန် ထည့်သွင်းစဉ်းစားကြပြီး
လိုက်လံကြည့်ရှုခြင်းအလုပ်ကိုမူ အနည်းငယ်မျှသာ အာရုံစိုက်ကြပါသည်။
“လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်သည်
အဘယ်ကြောင့်ဦးစားပေးအဆင့်တစ်ခုအဖြစ်ရှိမနေပါသနည်း”
အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်သည်
ရေရှည် သတ်မှတ်ထားသည့် သတ်မှတ်ချက်မဟုတ်ခြင်းပင် ဖြစ်ပါသည်။ ရှေးအခါက ဆိုရိုး
စကားအရ၊ အိမ်ထောင်မိသားစုသို့လိုက်လံလည်ပတ်သည့် အသင်းအုပ် ဆရာသည်
ဘုရားကျောင်းသို့တက်ရောက်ရန် နှေးတတ်ကြသည့်လူတို့အတွက် တစ်ချိန်တစ်ခါ ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့မည်ဖြစ်သော်လည်း
ယခုတွင်မူ ထိုကဲ့သို့ မဟုတ်တော့ပါ။
အသင်းအုပ်ဆရာ၏
လိုက်လံကြည့်ရှုခြင်းအလုပ် လျော့ပါးကျဆင်းလာမှ သည်
ပြဿနာတစ်ခုချင်းအဖြစ်မှတ်ယူ၍မရနိုင်ပါ။ အချို့သောအသင်းအုပ် ဆရာများတို့သည်
မိမိတို့တွင် ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေး မရှိနိုင်ကြပါ။ လုံခြုံရေးနှင့်
ငွေကြေးအရ၊ အသုံးဆိုင်ရာအရေးအရာကိစ္စရပ်တို့သည်လည်း အခက်အခဲပြဿနာများကို
ဖြစ်ပေါ်စေကြပါသည်။ အချို့သောနိုင်ငံများတို့ တွင် အသင်းတော်အသင်း
အဖွဲ့အရွယ်အစားသက်သက်ကိုသာ အလေးထား ပါက လိုက်လံကြည့်ရှုခြင်းအမှုသည်
မျှော်လင့်ချက်ကင်းမဲ့သွားသကဲ့သို့ ထင် မှတ်ရပါသည်။ မည်သည့်ကိစ္စရပ်တွင်မဆို
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အသင်း သူအသင်းသားတို့ထံသို့ အလည်အပတ်သွားရောက်ကြရန်
ကျွန်ုပ်တို့၏မိမိ ကိုယ်ကို ဆက်ကပ်အပ်နှံမှုနှင့်အပေးအယူလုပ်ရန်အတွက် အထက်ပါအခက်
အခဲတို့ကို ကျွန်ုပ်တို့ခွင့်မပြုနိုင်ပါ။
အသင်းအုပ်ဆိုင်ရာအမှုတော်ဆောင်ခြင်းအလုပ်သည်
ပြောင်းလဲလျက်ရှိ နေသည်ကို သံသယဖြစ်စရာမလိုပါ။ ကျွန်ုပ်တို့၏ အမှုတော်လုပ်ငန်းတွင်
စိတ်ပါလက်ပါ ရှိမှု၌ အားလုံးသောနည်းပညာဆိုင်ရာ အသာစီးရမှုတို့အားဖြင့်
ကျွန်ုပ်တို့သည် အသင်းအုပ်ဆိုင်ရာအမှုတော်ဆောင်ခြင်းအလုပ်တွင်ပင် ကျွန်ုပ်
တို့၏အချိန်အများစုတို့ကို အသုံးချနေကြရခြင်းကို အဆုံးသတ်နိုင်ကြမည်ဖြစ် ပါသည်။
ကြီးမားသော အကူအညီတစ်ခုအဖြစ်ရှိနေနိုင်သည့်တိုင် အသင်းသူ အသင်းသားတို့နှင့်
ကိုယ်ရေးကိုယ်တာ ဆက်သွယ်ထိတွေ့မှုကိုဆုံးရှုံးသွားစေ သည့် ထိုနည်းပညာအားဖြင့်
သွေးဆောင်ခံရမှုကိုရှောင်ရှားရကြပါမည်။ ပြည့်စုံ သော တရားဟောချက်ကို ပြင်ဆင်ခြင်း၊
အကြံပေးခြင်းနှင့်အထွေထွေကိစ္စရပ် များနှင့်ပတ်သက်သည့်
ဦးဆောင်မှုများပြုလုပ်ပြီးနောက် လိုက်လံကြည့်ရှုခြင်း အတွက်
အချိန်အနည်းငယ်သာကျန်ရှိတော့ကြောင်းကို အချို့တို့ကလက်ခံ ထားကြပါသည်။
၎င်းကိုအဖြေရှာရန်အတွက် အချို့သောအသင်းတော်တို့ သည်
ဤလိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် လိုက်လံလည်ပတ်ကြည့်ရှုပေး မည့်
အသင်းအုပ်ဆရာတို့ကို ငှားရမ်းထားကြပါသည်။ အခြားသောအသင်း တော်တို့မှာမူ
လိုက်လံကြည့်ရှုခြင်းကော်မတီ သို့မဟုတ် အသင်းစုတို့ကိုဖွဲ့စည်း တည်ထောင်ပြီးနောက်
ထိုဝန်ထုပ်ဝန်ပိုးကိုမျှဝေဆောင်ရွက်ကြပါသည်။ ဤသို့ ဖြင့် လိုက်လံကြည့်ရှုခြင်းသည်
စုပေါင်းဆောင်ရွက်သည့် တရားဟောအစည်း အဝေးတစ်ခုအဖြစ်သို့ ရောက်ရှိလာပါသည်။
သမာရိုးကျလိုက်လံလည်ပတ် ကြည့်ရှုခြင်းအစီအစဉ်ဖြစ်သည့်တိုင် အသင်းတော်
အကြီးအကဲများ၊ သင်း ထောက်များတို့နှင့် သာမန်အသင်းသားများတို့အနေဖြင့်
စိတ်လှုပ်ရှားဖွယ်ရာ အမှုတော်တွင် ပူးပေါင်းမျှဝေလုပ်ဆောင်သင့်ကြပါသည်။
အသင်းတော်တွင်း၌
အသင်းအုပ်ဆရာတစ်ယောက်တည်းကသာလျှင် အလည်အပတ်ထွက်ခြင်းအားဖြင့် ဘုရားသခင်၏
ချစ်ခြင်းမေတ္တာတော်နှင့် ဆက်သွယ်နိုင်သူမဟုတ်ပါ။ အကယ်၍အသင်းတော်သည် လိုက်လံလည်ပတ်
ကြည့်ရှုခြင်းအလုပ်တွင် အတူတကွ ပါဝင်လုပ်ဆောင်ရေးအတွက် စည်းရုံး ဆောင်ရန်လိုအပ်ပါက
ထိုအသင်းအုပ်ဆရာသည် ဤအမှုတော်ဆောင်ခြင်း အလုပ်ကို တက်ကြွစွာအားပေး
မြှင့်တင်ရပါမည်။ အခြားသောအသင်းသူ အသင်းသားတို့က လိုက်လံလည်ပတ်
ကြည့်ရှုခြင်းလုပ်ငန်းတွင် ပါဝင်လုပ် ဆောင်ရေးအတွက် တိုက်တွန်းအားပေးရပါမည်။
လိုက်လံလည်ပတ်ကြည့်ရှု ခြင်းအလုပ်သည် ညှာတာစာနာမှုရှိသော အသင်းတော် ၏ဝိသေသလက္ခဏာ
တစ်ရပ်ပင်ဖြစ်ပါသည်။
ပင်ကိုယ်အားဖြင့်
အခြားသောသူများအတွက်ထက်၊ အချို့သောသူများ အတွက် လိုက်လံကြည့်ရှုခြင်းသည်
ပိုမို၍လွယ်ကူပေလိမ့်မည်။ ပင်ကိုယ်စရိုက် အရ ဖော်ဖော်ရွေရွေရှိကြသော
အသင်းအုပ်ဆရာတို့သည် သူတို့၏အမှုတော် ဆောင်လုပ်ငန်း တွင်
ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်သည့်လိုက်လံကြည့်ရှုခြင်းကို
ပိုမို၍လုပ်ဆောင်သင့်ကြပါသည်။ အသင်းသူ^သားတို့ထံ အလည်အပတ်သွား ရောက်ခြင်းသည်
ထူးခြားသော ပင်ကိုယ်အရည်အသွေးဖြစ်သည့် စိတ်လွတ် ကိုယ်လွတ်ပျော်ပျော်နေတတ်သော
သူများတို့အား ဆွဲဆောင်မှုရှိစေပါသည်။ သူတို့၏နှလုံးသားတို့သည်
စိတ်ထိခိုက်မှုရှိကြသောသူ၊ အထီးကျန်ဖြစ်နေကြသူ သို့မဟုတ် ဆင်းရဲနွမ်းပါးကြသော
သူတို့အတွက် သောကကိုငြိမ်းစေလိုကြပါ သည်။ သို့သော်လည်း ဤစိတ်သဘောထားမျိုးသည်
ပင်ကိုယ်စရိုက်အရ ဖော်ဖော်ရွေရွေမရှိသောသူတို့အပေါ်ခွင့်မလွှတ်ပါ။
သူတစ်ပါးတို့အတွက်
စိုးရိမ်စိတ်နှင့်ချစ်ခြင်းမေတ္တာတို့ကို အမှန်အကန် ထုတ်ဖော်ပြောကြားကြရန်အတွက်
လူများရှိကြသောနေရာများတို့တွင် သွား ရောက်ကြပါမည်။
ကျွန်ုပ်တို့၏များပြားလှသောအလုပ်တို့ဖြင့် ရေးဆွဲထားသော အစီအစဉ်ဆွဲထားမှုများနှင့်
ဆင်ခြေဆင်လက်များတို့ကို ဘေးဖယ်ထားပြီး၊ အခြားသောသူတို့အတွက်ကို
ဦးစားပေးအဆင့်တွင်ထားရပါမည်။ သူတို့လိုအပ် ကြသောအချိန်တွင် အသင်းသူ^သားတို့ထံသို့
ကျွန်ုပ်တို့အလည်အပတ်သွား ကြရပါမည်။
တစ်ချိန်ကျွန်ုပ်သည်
ဉာဏ်ပညာနှင့်ပတ်သက်သည့် အဖိုးတန်ရတနာ စကား တစ်ခွန်းကိုကြားဖူးရာတွင်
ဆင်ခြေဆင်လက်များတို့မည်သည်မှာ မည် သည့်အရာမျှ မဟုတ်သောအရာအတွက်
မော်ကွန်းတိုင်များကိုစိုက်ထူ တည် ဆောက်သည့် လူဖျင်းလူညံ့တို့ကအသုံးပြုခဲ့ကြသည့်
ကိရိယာတန်ဆာပလာ များဖြစ်ကြပါသည်ဟူ၍ဖြစ်ပါသည်။ မိမိကိုယ်၌အတွက်သာ အဓိကထားသော
သူတို့သည် မည်သည့်အရာကိုမျှ အကျိုးဖြစ်ထွန်းစေမှုမရှိပါ။ အောက်ပါ အချက်တို့သည်
အသင်းအုပ်ဆရာတို့၏လိုက်လံ ကြည့်ရှုခြင်းလုပ်ရပ်များကျ
ဆင်းရခြင်း၏အကြောင်းရင်းအချို့ဖြစ်ကြပါသည်။
အချိန်မလောက်မှုကိုတွေးဆမိခြင်း
- အသင်းအုပ်ဆရာများတို့သည် အလုပ်အလွန်များကြပါသော်လည်း ကျမ်းစာတော်မြတ်က
ကျွန်ုပ်တို့အား အရာရာတိုင်းအတွက်အချိန်ရှိကြသည့်အကြောင်းကို (ဒေသနာကျမ်း ၃း၁-၈)
တွင်သင်ကြားပေးထားပါသည်။ အရာရာတိုင်းအတွက်အချိန်ရှိပါက လိုက်လံ လည်ပတ်ကြည့်ရှုခြင်းအတွက်
အမှန်တကယ်အချိန်ရှိပါသည်။
သင်အလုပ်လုပ်ရမည့်အချိန်ရောက်ရှိလာပါက
အစီအစဉ်ရေးဆွဲရန် ပျက် ကွက်ခြင်းသည် သင်၏ကျရှုံးခြင်းအတွက်
စီစဉ်ခြင်းပင်ဖြစ်ပါသည်။ သင်၏ အမှုတော်ဆောင်ခြင်းအစီအစဉ်တွင် အသင်းအုပ်ဆရာနှင့်
ပတ်သက်သည့် လိုက်လံကြည့်ရှုခြင်း အလုပ်ကို
မရှိမဖြစ်သော အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းပါ။ အသင်းအုပ်ဆိုင်ရာ
လိုက်လံလည်ပတ်ကြည့်ရှုခြင်းကို ဦးစားပေး သတ်မှတ်ထားပါက အချိန်သည်
ပြဿနာတစ်ရပ်မဟုတ်တော့ပါ။
“အချိန်လုံလောက်မှုမရှိခြင်း”
ကိုဆင်ခြေပေးခြင်းသည် အားနည်းမှု တစ်ရပ်ပင်ဖြစ်ပါသည်။ “ချစ်ခြင်းမေတ္တာသည်
လမ်းတစ်ခုကိုတွေ့ရှိပါလိမ့် မည်။ ဥပေက္ခာပြုခြင်းမူကား ဆင်ခြေပေးခြင်းတစ်ခုကို
ရှာကြံပါလိမ့်မည်” (အမည်မသိပုဂ္ဂိုလ်)။ အသင်းအုပ်ဆရာများတို့သည် လိုက်လံကြည့်ရှုခြင်းကို
အဖြစ်နိုင်ဆုံးလုပ်ဆောင်နိုင်ရန်အတွက် သူတို့၏အချိန်ကို ပိုမိုကောင်းမွန်စွာ
စီမံခန့်ခွဲသင့်ကြပါသည်။ လိုက်လံကြည့်ရှုခြင်းအတွက်အချိန်မရှိဟု သင်ခံစားရ ပါက
သင်ဦးစားပေးထားသည့်အရာများကို သင့်အနေဖြင့် ပြန်လည်ဆင်ခြင် သုံးသပ်ရပါမည်။
အပတ်စဉ်လိုက်လံကြည့်ရှုခြင်းများအတွက် အစီအစဉ်ရေးဆွဲ ရပါမည်။
အသင်းတော်ကိုအုပ်ချုပ်သည့်တာဝန်များထက် ပုံမှန်လိုက်လံကြည့်ရှု
ခြင်းအမှုတော်ဆောင်လုပ်ငန်းကို ဦးစားပေးလုပ်ဆောင်ရေးကို ရည်ရွယ်ချက် ရှိရှိဖြင့်
စီစဉ်ထားရပါမည်။ ကောင်းမွန်စွာစီစဉ်ထားမှုနှင့် စည်းရုံးထားမှုတို့ဖြင့်
အပတ်စဉ်လိုက်လံကြည့်ရှုခြင်းသည် အသင်းတော်တစ်ခုကိုအသက်ဝင်စေပြီး
စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ကိုဖြစ်ပေါ်စေကာ အသင်းတော်ကိုလည်း မိမိကိုယ် ကိုသာ
အလုပ်အကျွေးပြုခြင်းနှင့် တိုးတက်မှုတန့်နေသောအနေအထားတို့မှ ကင်းလွတ်အောင်
တားဆီးထားနိုင်ပါသည်။ သင်၏အသိုက်အဝန်းတွင် လုပ် ဆောင်နေသော လိုက်လံလည်ပတ်ကြည့်ရှုခြင်းအတွက်ဗျူဟာကို
တိုးတက်မှု လုပ်ဆောင်ရေးတွင် သင့်အနေဖြင့် ပြုလွယ်ပြင်လွယ်ဖြစ်ရပါမည်။ ၎င်းကဲ့သို့
လုပ်ဆောင်ရန်မှာ အစဉ်အမြဲ လွယ်ကူလှသည်မဟုတ်သော်လည်း အစဉ်ထာ၀
ရအကျိုးကိုခံစားရပါသည်။
အသက်တာ၏
ရှုပ်ထွေးခြင်း - သီတင်းပတ်ပေါင်းများစွာဖြင့် ဝတ်ပြုခြင်း ပျက်ကွက်မှုရှိသော
အသင်းသားတစ်ယောက်က သူ၏ ပျက်ကွက်မှုနှင့်ပတ် သက်ပြီးရှင်းပြရာတွင်
“ကျွန်တော့်ရဲ့ဘ၀မှာ ကျွန်တော်ဘယ်လောက်အလုပ် ရှုပ်တယ်ဆိုတာ ဆရာသိခဲ့တယ်ဆိုရင်
ကျွန်တော့်ရဲ့ဝတ်ပြုခြင်းကို မတက် ရောက်လာခဲ့တာကို
ဆရာ့အနေနဲ့နားလည်ပေးနိုင်မှာဖြစ်ပါတယ်။ မနက်ပိုင်း ကိုကျွန်တော်အလုပ်လုပ်တယ်။
ညနေပိုင်းမှာ ကျွန်တော်ကျောင်းသွားတက် တယ်။ ညဦးပိုင်းမှာ
ကျွန်တော်အိမ်စာလုပ်ရပါတယ်” ဟူ၍ ပြောပြခဲ့ပါသည်။
များသောအားဖြင့်လူတို့သည်
ချိန်းဆိုချက်တစ်ခုမှ နောက်တစ်ခုသို့၊ လုပ် ငန်း ခွင်မှအိမ်ထောင်မိသားစုထံသို့
နေ့စဉ်နှင့်အမျှ မိသားစုနှင့်ပတ်သက်သော ကတိကဝတ်တို့ကို ဖြည့်ဆည်းနေရကြပါသည်။
တစ်စုံတစ်ယောက်သော သူ သည် ယိုင်နေသော အချိန်နှင့်သက်သောင့်သက်သာနေရသော အချိန်ကို မည်သည့်အချိန်တွင်ရရှိကြမည်နည်း။
သို့တည်းမဟုတ် မိသားစုအတူတကွ ညစာစားနိုင်ကြရန် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ရန်အတွက်
မည်သည့်အချိန် တွင်လုပ်ဆောင်ကြမည်နည်း။ တစ်ခါတစ်ရံတွင် အသင်းဝင်တို့သည် အသင်း
အုပ်ဆရာတို့က သူတို့ထံသို့အလည်အပတ် သွားရောက်ရာတွင် ဧည့်ခံစကား မပြောနိုင်သည်ကိုလည်းတွေ့ရပါသည်။
အသင်းသူ^သားတို့၏
ခက်ခဲရှုပ်ထွေး သော အသက်တာ၏ရလဒ်တစ်ခုအဖြစ် အလည်အပတ်ထွက်ခြင်းအမှုသည်
မကြာခဏပင်လျှင်လိုအပ်ချက်အပေါ်တည်မှီနေပါသည်။ အသင်းသူတစ်ဦး ချင်း သို့မဟုတ်
မိသားစုတို့၏လိုအပ်ချက်တစ်ခုကိုဖြေရှင်းပေးရန် သို့မဟုတ် မကျန်းမမာဖြစ်မှု၊
သို့မဟုတ် ဝမ်းနည်းပူဆွေးမှုအတွက် ကူညီဖြေသိမ့်မှုပေးရန် ဆိုသည့်အချက်တို့သည်သာ
ထိုအသင်းဝင်သူတို့ကို သွားရောက်တွေ့ဆုံရခြင်း ၏ အကြောင်းရင်းခံတစ်ရပ်ပင်ဖြစ်သည်ဟူ၍
အသင်းအုပ်ဆရာတော်တော် များများတို့က ယုံကြည်ကြပါသည်။
အများအားဖြင့်လည်ပတ်ခြင်းမရှိမှုကြောင့် အခက်အခဲပြဿနာ မရှိဟူ၍
အဓိပ္ပါယ်သက်ရောက်တတ်ပါသည်။
ဘရာဇီးနိုင်ငံ၏မြို့ကြီးတစ်မြို့ရှိ
အသင်းဝင်မိသားစုတစ်စုထံသို့ ကျွန်ုပ် အလည်အပတ်သွားရောက်ခဲ့သည်ကို
အမှတ်ရမိပါသေးသည်။ အသင်းဝင် ခင်ပွန်းသည်ဖြစ်သူက ကျွန်ုပ်အားလက်ခံတွေ့ဆုံရသည်ကို
ဝမ်းသာအားရဖြစ် ရင်း၊ သူက “ကျွန်တော်တို့ဆီကို ဆယ်နှစ်တာအတွင်းမှာ ဘယ်သင်းအုပ်ဆရာ တစ်ယောက်တလေ၊
ဒါမှမဟုတ် အသင်းလူကြီးတစ်ယောက်တလေကမှ တစ် ကြိမ်တစ်ခါမှမလည်ဖူးဘူး။
အဲဒီအတွက်ကြောင့် လူကြီးတွေကိုအမှန် တကယ် မသိကြသလိုဘဲ သူတို့ကလည်း
ကျွန်တော်တို့ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးလိုအပ်ချက်တွေကိုမသိခဲ့ဘူး” ဟူ၍
အသိပေးဝေဖန်ခဲ့ပါသည်။ အချို့သောသူတို့သည် အသင်းအုပ်ဆရာ၏ပုံမှန်
လိုက်လံလည်ပတ်ကြည့်ရှု ခြင်းဆိုင်ရာလိုအပ်မှုကို သေးသိမ်သွားအောင်
လုပ်ဆောင်ကြပေမည်။ သို့ သော်လည်း သင်းအုပ်ဆရာ၏ လိုက်လံလည်ပတ်ကြည့်ရှုခြင်း
အလုပ်သည် အသင်းအုပ်ဆရာဆိုင်ရာ အမှုတော်ဆောင်ခြင်း၏အစားမထိုးနိုင်သော အရာ နှင့်
အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
“နားလည်မှုလွဲခြင်းများတို့ကိုထုတ်ဖော်ပြသခြင်း”
အနုတ်သဘောဆောင်သည့်
အတွေ့အကြုံကြောင့် တစ်ခါတစ်ရံတွင် လိုက်လံ လည်ပတ်ကြည့်ရှုခြင်းအလုပ်သည်
လျစ်လျူရှုထားခြင်းခံရတတ်သော် လည်း နားလည်မှုလွဲခြင်းအားဖြင့်လည်း
ဖြစ်လေ့ဖြစ်ထရှိပါသည်။ အထူးသဖြင့် အပြစ်ကျူးလွန်မိသောအခြေအနေမျိုးတွင်
တိကျသည့်နားလည်မှုလွဲခြင်းနှစ်မျိုး ရှိပါသည်။
၁။ လိုက်လံကြည့်ရှုခြင်းသည် ထိရောက်မှု
သိပ်မရှိနိုင်သည့်အချိန်ကို အသုံးပြုခြင်းတစ်ခုသာဖြစ်ပါသည်။ သူတို့၏
ဦးစီးခေါင်းဆောင်မှုအများအပြား တွင် အချိန်ကိုတစ်ဦးတစ်ယောက်ချင်းဖြင့်
အသုံးချခြင်းသည် အစုအဖွဲ့တစ်ခု လုံးဖြင့် အသုံးချခြင်းလောက်
အကျိုးထိရောက်မှုမရှိသည်ကို အသင်းအုပ်ဆရာ တို့အနေဖြင့် သတိပြုမိရကြပါမည်။
ဤအချက်သည် တရားသေမှန်ကန်မှု သဘောမဆောင်ပါ။ အမှုတော်ဆောင်ခြင်းအလုပ်
အလွန်ထိရောက်လှသော နည်းလမ်းမျိုးမှာ တစ်ဦးတစ်ယောက်ချင်းဖြင့် လုပ်ဆောင်ရသည့်
ကိုယ်ရေး ကိုယ်တာအချိန်ထားရှိခြင်းပင်ဖြစ်ပါသည်။
ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်သည်
အလည်အပတ်သွား ရောက်ခြင်းဖြင့် အချိန်ကိုသစ္စာရှိစွာဖြင့် အသုံးချရပါမည်။
ရှင်ယာကုပ်က သူ၏ဩဝါဒစာ (၁း၂၇) တွင် “ခမည်းတော်ဘုရားသခင်ရှေ့၌ စင်ကြယ်
သန့်ရှင်းသောသီလမူကား၊ မိဘမရှိသောသူငယ်တို့နှင့်မုဆိုးမတို့သည် ဆင်းရဲခံ ရသောအခါ
သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေး နှင့်ကင်းစင်အံ့သောငှာ
စောင့်ရှောက်ခြင်းပေတည်း” ဟူ၍ ဩဝါဒထားခဲ့ပါ သည်။ “ဆိုးရွားသော သတင်းစကားမည်သည်မှာ
အလွန်ကုန်လွယ်သam အချိန်အကြောင်းဖြစ်ပါသည်။ ကောင်းသောသတင်းဆိုသည်မှာ သင်သည်
လေသူရဲဖြစ်သည့်အကြောင်းပင်ဖြစ်ပါသည်”(ငြခ့နေူဗူအျ့ကူနမ) လည်ပတ်
ခြင်းအမှုကိုမပြုသော အသင်းတောင်ခေါင်းဆောင်တစ်ဦးမည်သည်မှာ စင် ကြယ်သောသီလကို
မြှင့်တင်ပေးမည်မဟုတ်ပါ။ အလည်အပတ်သွားရောက် ခြင်းကို လုပ်ဆောင်ရမည့်နေရာများအဖြစ်
မိသားစုများ၊ ဘိုးဘွားရိပ်သာများ နှင့်ဆေးရုံများတို့တွင် အဓိကပြစ်မှတ်ထားရကြပါမည်။
ပုံမှန်လည်ပတ်ခြင်းလို အပ်သောသူတို့တွင် ဘောင်ခတ်လှောင်ပိတ်ခြင်းခံရမှုရှိသော
အိမ်ထောင် မိသားစုတို့လည်းပါဝင်ပါသည်။
ဆင်းရဲနွမ်းပါးမှုတို့သည်အလွန်များပြားလှပြီး လုပ်ဆောင်သောသူတို့သည်
အလွန်နည်းပါးလှပါသည်။
ထို့အပြင်
အလည်အပတ်သွားခြင်းသည် အသင်းအုပ်ဆရာအတွက် အကန့်အသတ်မရှိပါသော်လည်း ထိုအသင်းအုပ်သည်
အလည်အပတ်သွား ခြင်းအတွက် အချိန်ကိုအမှန်တကယ်ဖန်တီးရပါမည်။
သူတို့ထံသို့ရောက်ရှိခြင်း အတွက် အချိန်ကို ရယူခြင်းသည် အသင်းအုပ်ဆရာအတွက်
သူ၏အသင်းသူ အသင်းသားတို့အပေါ် ချစ်ခြင်းမေတ္တာရှိကြောင်းကို
ထုတ်ဖော်ပြောဆိုပြီးသား ဖြစ်ပေမည်။
၂။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်အတွက် အစီအစဉ်သတ်မှတ် ထားရေးမှာ
အလွန်ခက်ခဲလှပါသည်။ သင့်အနေဖြင့် တစ်စုံတစ်ရာကို လုပ်ကိုင် လိုစိတ်မရှိသောအခါတွင်
သင့်အနေဖြင့် ၎င်းအလုပ်ကိုရှောင်လွှဲနိုင်ရန်အတွက် နည်းလမ်း တစ်သွယ်သွယ်ကို တွေ hရှိနိုင်ပါလိမ့်မည်။
များစွာသောအသင်းအုပ် ဆရာတို့သည် အလည်အပတ်သွားရောက်ရရေးအတွက် ဆင်ခြေဆင်လက်
တို့ကိုတွေ့ ရှိတတ်ကြပါသည်။ ဤဆင်ခြေဆင်လက်များတွင် သူသွားရောက် လည်ပတ်မည့်အိမ်၌
မည်သူမျှ ရှိမည်မဟုတ်ဟုမျှော်တွေးချက်၊ ရာသီဥတု သိပ်ပူလွန်းခြင်း သို့မဟုတ်
အေးလွန်းခြင်း စသည်တို့ပါဝင်ပါသည်။
လူတိုင်းလူတိုင်းသည်
အလုပ်ရှုပ်နေကြပါသည်။ အလည်အပတ်သွားခြင်း အတွက် အစီအစဉ်ရေးဆွဲရန်မှာခက်ခဲလှသော်လည်း
၎င်းအတွက်မဖြစ်နိုင် သည့် အနေအထားမျိုးမရှိနိုင်ပါ။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်သည် အမှုတော် ဆောင်ခြင်းလုပ်ငန်းနှင့်
အသင်းတော်ကိုစောင့်ရှောက်သည့်အခန်း ကဏ္ဍကို မြှင့်တင်ပေးပါသည်။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းဆိုင်ရာ အကျိုး ဖြစ်ထွန်းမှုများတို့သည်
စိန်ခေါ်မှုများတို့အပေါ်တွင် ကောင်းမွန်စွာအလေးသာ မှုဖြစ်စေပါသည်။
ကျွန်ုပ်၏
အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် လိုက်လံကြည့်ရှုခြင်းများ အတွက် အချိန်ကို
အစီအစဉ်တကျရေးဆွဲထားပါသည်။ နံနက်အချိန်တွင် ကျွန်ုပ်အတွက်
ကိုယ်ရေးကိုယ်တာကျမ်းစာလေ့လာခြင်းကိုပြုလုပ်ပြီး ထိုနောက် တွင်
ချိန်းဆိုမှုတစ်ခုခုကိုလုပ်လျှင်လုပ် သို့မဟုတ် ကြုံလျှင်ကြုံသလို ဝင်ရောက်
လည်ပတ်ခြင်းမျိုးကို လုပ်ဆောင်တတ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အသင်း
သူအသင်းသားမိသားစုများတို့ စီစဉ်ထားမှုများဖြစ်ကြသည့် အလုပ်ချိန် အပြောင်းအလဲများ၊
ညစာစားချိန်များနှင့် အိပ်ရာဝင်ချိန်များတို့နှင့် ပတ်သက် ပြီး
လေ့လာမှုအပိုင်းတွင် ရင့်ကျက်မှုအတော်ရှိလာပါသည်။ ကျွန်ုပ်သည်
သူတို့၏စီစဉ်ထားသည့်စီစဉ်မှုများအတိုင်း လွယ်လွယ်ကူကူဖြင့်ပင် ကျွန်ုပ်၏
လည်ပတ်ခြင်းအလုပ်ကိုလုပ်ဆောင်နိုင်ရန် ကြိုးစားပါသည်။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည်
ကျွန်ုပ်တို့၏ အသင်းဝင်များတို့၏ လိုအပ်ချက်များတို့ကိုလည်းကောင်း၊
သူတို့၏အဖိုးတန်မှုနှင့် ကျွန်ုပ်တို့၏ ဂရု တစိုက်ရှိမှုတို့ကို
ကျွန်ုပ်တို့အနေဖြင့်အလေးထားဂရုပြုမှုရှိသည်ဆိုခြင်းကို ပြသ သကဲ့သို့ပင်ဖြစ်ပါသည်။
ထိရောက်သော အကျိုးဖြစ်ထွန်းမှုရလာသည့် လုပ် ဆောင်ပြီးမြောက်မှုသည်
ယုံကြည်သူတို့အား အထောက်အမပေးသည့် အသုံး ဝင်လှသည့်ကိရိယာ
တန်ဆာပလာတစ်မျိုးပင်ဖြစ်ပါသည်။ ပုံမှန်ဆင့်ခေါ်မှုများ သို့မဟုတ်
ကြေညာချက်များတို့သည် လူတို့အား များစွာသော အစည်းအဝေး သို့
တက်ရောက်ရန်တိုက်တွန်းမှုမျှသာ၊ သို့မဟုတ် ယုံကြည်မှုနည်းသော အမှု
တော်ဆောင်များတို့သည် ဝိညာဉ်ရေးနှင့်ပတ်သက်သည့် အရှိကိုအရှိအတိုင်း
အနေအထားကိုစာရင်းပြုစုသည့်သဘောမျှသာဆောင်ပါသည်။ လည်ပတ်ခြင်း သည်
ပြုစုစောင့်ရှောက်ခြင်းပင်ဖြစ်ပါသည်။
မှန်ပါသည်။
အသင်းအုပ်ဆရာ အားလုံးတို့သည် လိုက်လံကြည့်ရှုခြင်း အလုပ်ကို
ထိပ်ဆုံးဦးစားပေးအလုပ်အဖြစ် သတ်မှတ်ကြပါ။ သို့ရာတွင် အသင်း ဝင်များတို့အတွက်
ပုဂ္ဂိုလ်ရေးအရ ပြုစုစောင့်ရှောက်မှုလုပ်ငန်းသည် အသင်း အုပ်ဆရာတိုင်းတို့၏
အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် သေရေးရှင်ရေး အစိတ်အပိုင်းတစ်ရပ်အဖြစ်
ကျန်ရှိနေရဆဲအကြောင်းရင်း အနည်းဆုံးသုံးချက် ရှိပါသည်။
၁။
ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့သတ်မှတ်မှုအပေါ်တွင် ဗဟိုပြုပါသည် – အချို့သော
အတိုင်းအတာအားဖြင့် ကျွန်ုပ်တို့၏အနေအထားကို ကျွန်ုပ်တို့
ဖော်ပြပြောဆိုကြရန်အတွက်အသုံးပြုနေကြသောစကားလုံးများတို့သည် ကျွန်ုပ်
တို့၏အလုပ်သဘောသဘာ၀ကို အဆုံးအဖြတ်ပေးရာရောက်ပါသည်။ ကျွန်ုပ် တို့
မိမိကိုယ်ကိုအမှုတော်ဆောင်များဟု သတ်မှတ်ကြပါက ကျွန်ုပ်တို့၏ လူတို့
ကိုအမှုတော်ဆောင်ပုံစံမျိုးဖြင့် အစေခံကြပါသည်။ တရားဟောဆရာအဖြစ် ဖြင့်
ကျွန်ုပ်တို့ ကိုယ်ကိုကျွန်ုပ်တို့သတ်မှတ်ကြပါက ကျွန်ုပ်တို့သည် ဘုရားသခင်
၏နှုတ်တော်ထွကကို ကြွေးကြော်ကြရပါမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်
ကိုအသင်းအုပ်ဆရာများ အဖြစ်သတ်မှတ်ကြပါက ၎င်းသတ်မှတ်ချက်သည် ကျွန်ုပ်တို့အနေဖြင့်
အသင်းတော်ဝင်လူစုလူဝေးတို့ကို အုပ်ထိန်းကြမည့်သိုး ထိန်းများအဖြစ်သို့ပါ
ရောက်ရှိသွားသည့် အဓိပ္ပါယ်သက်ရောက်ပါသည်။
သခင်ယေရှု၏အမှုတော်ဆောင်ရွက်ခဲ့မှုကို
သတိထားကြည့်ပါက ကောင်း မြတ်တော်မူသောသိုးထိန်းတော်သည် လူတို့ထံသို့ဒေသစာရီ
ကြွချီတော်မူရာ တွင် ထိုလူတို့ရှိရာအရပ်ဆီသို့အထိ
လည်ပတ်ခြင်းကိုပြုလုပ်တော်မူခဲ့ပါသည်။ သူသည် မာရိ၊
မာသနှင့်ပေတရုတို့မောင်နှစ်မအိမ်တွင် တည်းခိုတော်မူခဲ့ပါ သည်။ သူသည်
ပေတရု၏အိမ်သို့သွားရောက်လည်ပတ်တော်မူခဲ့ပြီး လက်ခြေ သေသောသူတစ်ယောက်
သခင်ယေရှု၏အကုအသခံယူရန် အိမ်ခေါင်မိုးကို အပေါက်ဖောက်ပြီးမှ ထိုအပေါက်မှတစ်ဆင့်
ထိုခြေလက်သေသောသူကို အိမ် ထဲသို့ရောက်အောင်ချပေးရသည့်အိမ်ထောင် မိသားစုတို့၏
အိမ်တွင် တရား ဟောကြားတော်မူခဲ့ပါသေးသည်။ အိမ်ထောင်မိသားစုတို့ထံသို့ လိုက်လံကြည့်
ရှုခြင်းလုပ်ရပ်မှတစ်ဆင့် မိသားစုများတို့နှင့်ချိတ်ဆက်မှုရှိရန်အတွက် အသင်း
အုပ်ဆရာတို့တွင် ထူးကဲသောအခွင့်အလမ်းတစ်ခုကို ရရှိနိုင်ကြပါသည်။
၂။
လူတို့သည်အသင်းအုပ်ဆရာတို့နှင့်ဆက်သွယ်မှုရှိရန်လိုအပ်ပါသည်။ သူတို့၏
အသင်းဝင်သူများတို့၏ ဝိညာဉ်ရေးအခြေအနေတို့နှင့်ပတ်သက်ပြီး
များစွာသောအသင်းအုပ်ဆရာတို့သည် စိုးရိမ်တကြီးရှိကြသည်ဟု ကျွန်ုပ်ယူဆ ပါသည်။
သို့သော်လည်း ထိုသင်းအုပ်ဆရာအတော်များများတို့သည် အသင်း ဝင်သူ အစုအဖွဲ့အတွက်ကိုသာ
ထည့်သွင်းစဉ်းစားကြပြီး တစ်ဦးတစ်ယောက် ချင်းအတွက်ကိုမူ
ထည့်သွင်းစဉ်းစားခြင်းမရှိကြပါ။ ကျွန်ုပ်တို့၏ယဉ်ကျေးမှုနှင့်
လုပ်ငန်းဆိုင်ရာလောက်ကို ပိုင်းခြားစိတ်ဖြာကြသည့်သူတို့သည် ဦးစီးခေါင်း
ဆောင်များတို့၏ တစ်ဦးချင်းဆက်စပ်မှုတန်ဖိုးကို အလေးထားကြပါသည်။
ဂျောင်(န်)နိန့်(စ်)တမ် က သူ၏ စာအုပ် “ကြီးမားသောအလားအလာများ” တွင်
အဆင့်မြင့်နည်းပညာဆိုင်ရာအသင်း အဖွဲ့တွင် လူတို့သည် မြင့်မားသည့် အာရုံထိတွေ့
ခံစားမှုကို အငမ်းမရဖြစ်နေကြပါသည်ဟူ၍ ဖော်ပြထားပါသည်။
အကျိုးထိရောက်မှုရှိသော
စီမံခန့်ခွဲမှုသည် ပုဂ္ဂိုလ်ရေးထိတွေ့မှုအားဖြင့်
အကောင်းဆုံးသောပုဂ္ဂိုလ်ရေးအာရုံထိတွေ့ခံစားရမှုကို ဖြစ်ပေါ်စေပါသည်။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းဖြင့်
အမှုတော်ဆောင်ရွက်ခြင်းသည် သခင် ယေရှုပုံစံပြသထားတော်မူခဲ့သည့်
ပုဂ္ဂိုလ်ရေးဆိုင်ရာစိတ်ဝင်စားမှုကို ပြသထင် ရှားစေပါသည်။
ကျွန်ုပ်တို့၏သွက်လက်သောခြေလှမ်း၊ မြင့်မားသောနည်းပညာ ခံစားမှုကင်းမဲ့သော
အသင်းအဖွဲ့များရှိနေကြသည့်တိုင် သူတို့သည် လူသား ဆန်သည့် ထိတွေ့ခံစားမှုကို
လိုအပ်နေကြဆဲဖြစ်ပါသည်။ လိုက်လံကြည့်ရှုခြင်း သည် လူတို့တွင်
ရိုးသားဖြူစင်သည့်စိတ်ဝင်စားမှုကိုထုတ်ဖော်ပြသပြီး၊ သူတို့၏ ထိုက်တန်မှုကို
အတည်ပြုပေးပါသည်။ ထိရောက်သောအကျိုးကို ဖော်ဆောင် နိုင်သော
အသင်းအုပ်ဆရာများဖြစ်ကြရန်အတွက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏
အသင်းဝင်သူများတို့နှင့် ပိုမိုနီးကပ်မှုရှိလာကြရပါမည်။ “ကျွန်ုပ်တို့ပြောပြသော်
လည်း ကျွန်ုပ်မေ့မေ့ပျောက်ပျောက်ရှိသွားပေမည်။ ကျွန်ုပ်ကိုပြသပါက ကျွန်ုပ်
အမှတ်ရမိလိမ့်မည်ဖြစ်ပြီး၊ ကျွန်ုပ်နှင့် ပတ်သက်မှုရှိလာပါက ကျွန်ုပ်နားလည် လာပါလိမ့်မည်”
(တရုတ်စကားပုံ)။
၃။ ဤလုပ်ရပ်သည်
ချစ်ခြင်းမေတ္တာ၏အမှုတော်ဆောင်ခြင်းဖြစ်ပါသည်။ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအားဖြင့်
အမှုတော်ဆောင်လုပ်ငန်းသည် လူများ ထံသို့ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို
တိုးချဲ့ရောက်ရှိစေသည့်လုပ်ထုံး လုပ်နည်းတစ်ခုအဖြစ်သတ်မှတ်ပါ။
“အသင်းအုပ်ဆရာ၏လိုက်လံကြည့်ရှုခြင်း လုပ်ဆောင်ချက်သည်
ထင်ရှားသောပြယုဂ်နှင့်ပတ်သက်ရာတွင် ဘုရားသခင် ၏ နှုတ်တော်ထွက်သည်
ကိုယ်ခန္ဓာအသားအဖြစ်သို့ရောက်ရှိသွားပြီး ကျွန်ုပ်တို့ အတွင်းတွင်
ဝင်ရောက်လည်ပတ်သည်” ဆိုသည့်အချက်ကို အမှုတော်ဆောင် တစ်ယောက်က
ငြင်းဆိုနိုင်လျှင်ငြင်းဆိုစေလိုပါသည်။ သင်သည် ပြည့်စုံကုံလုံမှု မရှိသော်လည်း
ဘုရားသခင်၏ ချစ်ခြင်းကျေးဇူးတော်တစ်ရပ်ကို သူတို့အား ထုတ်ဖော်ပြောဆိုရန်အတွက်
သင်သည် ခရစ်တော်၏ကိုယ်ပွားအဖြစ် ဖြစ်လာ နိုင်ပါသည်။
သင်၏သိုးတို့ကိုသင်သိပါသလား။
သင်၏အသင်းဝင်သူတို့ထံသို့အလည် အပတ်သွားရောက်သောအခါ “(၁၅) နှစ်အတွင်း
အသင်းအုပ်ဆရာရဲ့ ဒီလည် ပတ်ခြင်းဟာ ပထမဆုံးသောအကြိမ်ပါပဲ” ဆိုသည့်စကားမျိုးကို
သင်ဘယ်နှစ် ကြိမ်ကြားခဲ့ရပြီလဲ၊ အသင်းသူ^သားတို့သည် မိမိတို့အပေါ်တွင် အသင်းအုပ် ဆရာက
ချစ်ခြင်းမေတ္တာမရှိသကဲ့သို့သော ခံစားမှုကို မကြာမကြာခံစားရကြပါ သည်။ သင်သည်
အသင်းအုပ်ဆရာဆိုင်ရာ လိုက်လံလည်ပတ်ကြည့်ရှုခြင်း အပေါ် ယုံကြည်ခိုင်မြဲမရှိပါက
သင်သည် ကောင်းမွန်သော အမှုတော်ဆောင် တစ်ယောက်ဖြစ်ရန် ပြည့်စုံမှုမရှိသေးပါ။
ဤလုပ်ဆောင်မှုသည် ချစ်ခြင်း မေတ္တာ၏အမှုတော်ဆောင်ခြင်းတစ်ရပ်ဖြစ်ပါသည်။ “သင်သည်
သူတို့အပေါ် ဟန်ဆောင်မှုကင်းသောချစ်ခြင်းမေတ္တာရှိကြောင်းကို လူတို့က
တွေ့မြင်ရကြပါ က သူတို့ကိုသင်ပြောပြသောမည်သည့်အရာကိုမဆို သူတို့ကကြားရ ကြမည်
ဖြစ်ပြီး သူတို့အပေါ်သင်တင်ထားသောမည်သည့်အရာကိုမဆို သူတို့ထမ်းရွက် ကြပေလိမ့်မည်။
လူသား၏နှလုံးသားနှင့် နီးနီးကပ်ကပ်သင်ရောက်ရှိနေပါက ထိုနှလုံးသား၏ခုန်နေမှုကို
သင်သိရှိပြီးနားလည်ပါလိမ့်မည်။
သင်သည်
တရားဒေသနာကို ဟောပြောသောအခါတွင် လူတို့ကိုမြေ တောင်မြှောက်ပေးပြီး၊ ဝိညာဉ်တော်၏
အာဏာပိုင်ဆိုင်မှုကို ထုတ်ဖော်ပြသရာ ရောက်သော်လည်း လူတို့ထံသို့
သင်သွားရောက်လည်ပတ်ပါက သူတို့၏နှလုံး သားတို့ကို လူသားဆန်သည့်ထိတွေ့ ခံစားမှုကို
ထိတွေ့ စေရာရောက်ပါသည်။ အယ်လင်ဝှိုက်က
“တရားဟောစင်မြင့်ထက်မှအမှုတော်ဆောင်တစ်ယောက်က
ဧဝံဂေလိသတင်းစကားကိုပေးကမ်းနေခြင်းသည် သူ၏အလုပ်ကို စတင်ရုံသာ ဖြစ်နေပါသေးသည်။
သူ့အနေဖြင့် သူ့အတွက် ကိုယ်ရေးကိုယ်တာ အလုပ် တစ်စုံတစ်ရာကို လုပ်ဆောင်ရန်ရှိပါသည်။
လူများတို့ထံသို့ သူတို့၏အိမ်ထောင် မိသားစုများတို့ဆီအထိ
အလည်အပတ်သွားရောက်သင့်ပြီး သူတို့နှင့်အတူ
စိတ်အားထက်သန်မှုရှိရှိနှင့်နှိမ့်ချခြင်းများတို့ဖြင့် ပြောဆိုဆွေးနွေးပေးရပါမည်။
ဘဏ္ဍာစိုးများဖြစ်ကြသော အသင်းအုပ်ဆရာများတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ဖြင့်
မိသားစုများတို့ထံသို့ဝင်ရောက်ပြီး အထက်အရပ်သို့ရောက်ရှိ သွားနိုင်သည့်
ပိုမိုမြင့်မားသောနည်းလမ်းကို ညွှန်ပြပေးခြင်းမရှိကြပါက မိသား စုများတို့သည်
ထိုအရပ်သို့မည်သည့်အခါမျှ လက်လှမ်းမီကြမည်မဟုတ်ပါ” ဟူ၍ ပြောဆို ထားပါသည်။
ဘုရားသခင်သည်
သူ၏သိုးတို့ကိုတစ်ကောင်ချင်းဖြစ်စေ၊ သိုးစုတစ်စုလုံး ဖြစ်စေ
ချစ်ခြင်းမေတ္တာရှိတော်မူပါသည်။ လိုက်လံလည်ပတ်ကြည့်ရှုခြင်း အမှု အားဖြင့်
ကျွန်ုပ်တို့သည် ဘုရားသခင်၏ စောင့်ရှောက်ပြုစုတော်မူခြင်းကို သူ၏ လူစုတော်ထံသို့
သတင်းဆောင်ပေးရာရောက်ပါသည်။ ရေရှည်အတိုင်းအတာ ကတိကဝတ်ပြုသောပုံစံဖြင့်
လိုက်လံလည်ပတ်ကြည့်ရှုခြင်း အမှုတော်ဆောင် လုပ်ငန်းကိုပြုလုပ်ခြင်းသည်
အသင်းအုပ်ဆရာနှင့် လူတို့စပ်ကြား လေးနက် သည့်ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်ပါသည်။
“လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည်
ပိုမိုကောင်းမွန်သည့်
အမှုတော်ဆောင်ခြင်းလုပ်ငန်းကိုတည်ဆောက်ပေးပါသည်”
တစ်ချိန်က
သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏သမိုင်းတွင်သတ်မှတ် ချက်အရ
အသင်းအုပ်ဆရာများနှင့်အသင်းလူကြီးတို့သည် အသင်းဝင်သူတို့၏
အိမ်ထောင်မိသားစုတို့ထံသို့ ပုံမှန်အခြေခံသတ်မှတ်ချက်အရ သွားရောက်
လည်ပတ်ကြပါသည်။သူတို့၏အသင်းဝင်သူများနှင့်သူတို့၏ဝိညာဉ်ရေး လိုအပ် ချက်များတို့ကို
ထိုသင်းအုပ်ဆရာများနှင့်အသင်းလူကြီးတို့က မည်ကဲ့သို့သိရှိနိုင် ကြမည်နည်း။
အသင်းအုပ်ဆရာနှင့်ပတ်သက်သော ဆက်ဆံရေးတွင် ရိုးသား
ဖြောင့်မတ်မှုနှင့်တာဝန်ခံမှုတို့ကို မြှင့်တင်ပေးသည့်အကျွမ်းဝင်ခြင်းနှင့်
စစ်မှန် သည့်ခင်မင်ရင်းနှီးမှုတို့ကိုကော မည်ကဲ့သို့ တည်ထောင်ကြမည်နည်း။ ဤ
အချက်သည် အကြံပေးခြင်းမျှသာမဟုတ်ပါ။ လိုက်လံကြည့်ရှုခြင်း၏ လုပ်ငန်း စဉ်တွင်
စဉ်ဆက်မပြတ်ထိတွေ့မှုရှိရန်မှာ အမှုတော်ဆောင်၏ တာဝန်ဖြစ်ပါ သည်။
အယ်လင်ဝှိုက်ပြောဆိုသည်မှာ “လူများတို့အား ဟောပြောခြင်းဖြင့်
လုံလောက်မှုမရှိသည့်အလျောက် ကျွန်ုပ်တို့သည် သူတို့နှင့်အတူတကွ၊ သူတို့
အတွက်ဆုတောင်းပေးရမည်ဖြစ်ကာ သူတို့နှင့်အေးတိအေးစက်နိုင်လှသည့်
ကင်းကင်းကွာကွာနေထိုင်တတ်သည့်အပြုအမူမျိုးကို ကျွန်ုပ်တို့မကိုင်စွဲထားမိ ရန်
လိုအပ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့ကယ်ဆယ်လိုသည့် အသက်ဝိညာဉ် တို့ထံသို့
ကရုဏာသက်သော သဘောထားဖြင့်ချဉ်းကပ်ကြပြီး သူတို့ထံသို့ သွားရောက်ကာ
စကားလက်ဆုံကျရပါမည်။ သင့်လျော်သောအပြုအမူမျိုးဖြင့် တရားဟောစင်မြင့်၏ပြင်ပဖက်ရှိ
အမှုတော်ဆောင်အလုပ်တစ်ခုခုနှင့် ချိတ် ဆက်လုပ်ဆောင်ခြင်းသည် စားပွဲပေါ်ရှိ
စာရွက်စာတမ်းများတို့နှင့်သာ မိမိ ကိုယ်ကိုပိတ်လှောင်ထားသောသူထက်၊
ဆယ်ပြန်မကသောအမှုတော်ကို ပိုမိုပြီး
မြောက်စေပါသည်”
ဟူ၍ ပြောဆိုထားပါသည်။
အသင်းအုပ်ဆရာ၏
လိုက်လံလည်ပတ်ကြည့်ရှုခြင်းအလုပ်သည် အမှု တော်ဆောင်ခြင်းလုပ်ငန်းကို
မည်ကဲ့သို့တိကျသေချာစွာဖြင့် မြှင့်တင်ပေးပါ သနည်း။
တရားဒေသနာဟောပြောခြင်း
အရည်အသွေးကို မြှင့်တင်ပေးပါသည်။ များစွာသောအသင်းအုပ်ဆရာတို့သည်
တရားဒေသနာဟောပြောရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဘုရားသခင်၏နှုတ်တော်ထွက်ကို
ရှည်ကြာလှ သောအချိန်ကိုရယူပြီး လေ့လာကြပါသည်။ သို့သော်လည်း ဟောပြောခြင်းကို
ပိုမိုသင့်လျော်ကောင်းမွန်စေရန်အတွက် အသင်းသူအသင်းသားတို့အကြောင်း ကို သိရှိရန်
အချိန်ကိုအရင်းအနှီးသဘောဖြင့် စုဆောင်းခြင်းသည် အလွန် အရေးပါလှပါသည်။
အသင်းအုပ်ဆရာ၏ လိုက်လံလည်ပတ်ကြည့်ရှုခြင်း အလုပ်သည် လူတို့တွေ့ကြုံနေကြရသော
ပြဿနာများနှင့်ပတ်သက်သည့်
မေးခွန်းများတို့၏အဖြေကို ထိုးထွင်းသိမြင် စွမ်းသောဉာဏ်ကို ပေးကမ်းပါ သည်။
အသင်းအုပ်ဆရာ၏လိုက်လံကြည့်ရှုခြင်းအမှုတွင်
ကျွန်ုပ်တို့သည် ကျွန်ုပ် တို့၏ အသင်းသူအသင်းသားတို့ ရင်ဆိုင်နေရကြသည့်
အခက်အခဲများ သို့မဟုတ် စိန်ခေါ်မှုများအကြောင်းတို့ကို
မကြာမကြာထည့်သွင်းပြောဆိုရကြ ပါမည်။ “သိုးထိန်း၏နှလုံးသားမျိုးမရှိသော
လူတစ်ယောက်သည် ကောင်းမွန် သောတရားဒေသနာဟောကြားသူမဖြစ်နိုင်ပါ”
ချား(စ်)ဂျက်ဖရက်(ရ်)စန်။ ဤ အရာတို့မှာ
ထိမ်းမြားလက်ထပ်ခြင်းအရေးအရာအလုပ်လက်မဲ့ဖြစ်မှု သို့မဟုတ် သူတို့သားသမီးတို့၏
ပညာရေးကိစ္စများဖြစ်နိုင်ပါသည်။ များစွာသော အိမ် ထောင်မိသားစုတို့တွင်
ဖျားနာသောအသင်းဝင်သူများနှင့် သေလုမြောပါးဖြစ် သောအသင်းဝင်သူများရှိကြပါသည်။
လိုက်လံကြည့်ရှုခြင်းသည် အသင်းသား အသင်းသူတို့၏ဝိညာဉ်ရေးဆိုင်ရာ
ပူပန်သောကဖြစ်စရာတို့ကို ပိုမိုသိရှိနိုင်ရန် အတွက် အချိန်ရယူနိုင်စေပါသည်။
အနည်းငယ်သောအလည် အပတ်သွား ရောက်ခြင်းသည် အသင်းဝင်သူတို့အား
မည်ကဲ့သို့အကူအညီပေးရန်နှင့် ကျွန်ုပ်တို့၏ ဟောပြောခြင်းအတတ်ကို
ပိုမိုကြွယ်၀စေရန်အတွက် သစ်လွင် သည့် တွေးတောထင်မြင်ချက်များတို့ကို
ရရှိစေသောအခွင့်အလမ်းတစ်ခုဖြစ်ပါ သည်။
သင်သည်
မိမိကိုယ်ကို သိုးထိန်းတစ်ဦးအဖြစ်ခံယူကာ လူတို့ကိုထိန်း ကျောင်းခြင်းသည်
သင်၏တရားဟောချက်များတို့ကို တီထွင်မှုရှိစေပြီး ထက် မြက်မှုရှိကာ
စိတ်ဝင်စားဖွယ်ကောင်းစေပါသည်။ သိုးထိန်းအလုပ်ကိုလုပ် ဆောင်ခြင်းသည်
လူတို့၏သဘောသဘာ၀ဖြစ်သည့် လိုချင်မှုများနှင့်လိုအပ် မှုများ၊ မကောင်းမှုအကျင့်ဆိုး
များနှင့်ကောင်းသောတရားစာအုပ်စာတမ်းများ တို့မှရရှိသည့်အသိတရားနှင့်
နေ့စဉ်နေ့တိုင်းတွင်ရရှိသည့် အတွေ့အကြုံများ
တို့၏ဆန့်ကျင်ဘက်သဘောတို့ကိုနားလည်နိုင်ရန် သင့်အားကူညီပေးပါသည်။ သင်၏လူတို့သည်
မည်သည့်နေရာ၌ဝိညာဉ် ပကတိအနေအထားရှိနေသည်ကို သင်မသိရှိရဘဲ၊ သင်၏တရားဟောချက်ဒေသနာကို
သင်မည်ကဲ့သို့တိုးတက်မှု ရှိစေနိုင်မည်နည်း။
သင်၏တရားဟောချက်သည်ပိုမို၍စွမ်းအားမြင့်မားလာမည့်အနေအထား
သို့ရောက်ရှိရန်မှာ သင်သည် သင်၏လူတို့နှင့် သူတို့၏ဝိညာဉ်ရေး လိုအပ်ချက် တို့ကို
သိရှိလာခြင်းကြောင့်ဖြစ်ပါသည်။ “သို့သော်လည်း သိုးထိန်းသည် သူ၏
သိုးစုများထံသို့လည်ပတ်ခြင်းမပြုလုပ်ပါက သူသည် သူတို့၏အခြေအနေ၊ သူတို့မျက်မှောက်၌
မည်သည့်သမ္မာတရားများတို့ကိုချပြရမည်၊ ထို့အပြင် သူတို့ ၏အကြောင်းကိစ္စများတွင်
မည်သည့်သင့်လျော်သည့်ပုံစံဖြင့် ဖြေရှင်းပေးရမည် ဆိုခြင်းကို
သိရှိနိုင်မည်မဟုတ်ပါ။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည်
လူမှုဆက်ဆံရေးရာများကို အား ကောင်းလာစေပါသည် - အသင်းသူ^သားတို့ထံ
အသင်းအုပ်ဆရာတိုင်းက သွားရောက်လည်ပတ်ပါက မည်သည့်အရာတို့ကို အသင်းအုပ်ဆရာတို့သာရရှိ
နိုင်ပါသနည်း။ အသင်းအုပ်ဆရာများတို့သည် သူတို့၏တာဝန်ယူရမှုများတို့ကို
အမှန်တကယ်ဖြည့်ဆည်းပေးကြပါသလား။ သို့တည်းမဟုတ် အသင်းအုပ်ဆရာ များတို့သည်
သူတို့၏အလည်အပတ်သွားရောက်ခြင်းအားဖြင့် သူတို့သည် အသက်မွေးဝမ်းကျောင်းပုံစံနှင့်
ပုဂ္ဂိုလ်ရေးအရအကျိုးအမြတ်ကို လက်ခံရယူ ကြပါသလား။
အသင်းအုပ်ဆရာများတို့၏လည်ပတ်ခြင်းများတို့သည် သူတို့နှင့် အသင်းဝင်သူတို့၏ ကြားဆက်ဆံရေးတို့ကို
တွယ်ဆက်ပေးပါသည်။ “ရွှင်လန်း ဝမ်းမြောက်ခြင်းကိုမျှဝေပေးခြင်းသည်
ရွှင်လန်းဝမ်းမြောက်ခြင်းကို နှစ်ဆဖြစ် သွားစေပါသည်။
ဝမ်းနည်းပူဆွေးခြင်းကိုမျှဝေခံစားပါက ဝမ်းနည်းပူဆွေးမှုကို တစ်ဝက်မျှသာ
ခံစားရပါသည်” (ဆွီဒင်လူမျိုးတို့၏စကားပုံ)။ ခရစ်ယာန် သာသနာအမှုတော်ဆောင်ခြင်းလုပ်ငန်းတွင်
လူမှုဆက်ဆံရေးများတို့သည် အလေးထားခြင်းခံလာရကတည်းက ဤလည်ပတ်ခြင်း
လုပ်ဆောင်မှုများတို့ သည် ခရစ်ယာန်နယ်ပယ်တွင်ရှိနေကြသောသူတို့က သူတို့၏ အသင်းအုပ်
ဆရာများတို့ကို သိရှိလာကြရန် ကူညီပေးပါသည်။ အသင်းဝင်သူများတို့၏
ကျေနပ်နှစ်သိမ့်မှုနှင့်ချစ်ခင်တွယ်တာမှုတို့ကို အသင်းအုပ်ဆရာတို့၏ လိုက်လံ
လည်ပတ်ကြည့်ရှုခြင်းများအားဖြင့်လည်း ရယူနိုင်ပါသည်။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည်
ယုံကြည်ကိုးစားမှု၏ လူမှုဆက်ဆံ ရေးအတွက် မျိုးစေ့ဖြစ်ပါသည်။
တရားဟောချက်သာဓကများတွင် အသင်း အုပ်ဆရာ၏ ကြည့်ရှုမှုနှင့်ပတ်သက်ပြီး
အသင်းသူအသင်းသားတို့၏ စိတ်ကျေ နပ်မှုရှိစေသည့်
အသိပေးပြသမှုမျိုးမပါရှိသည့်အချိန်တွင် အဓိကလိုအပ်ချက် သည်
ထင်ရှားပေါ်ပေါက်လာသည်နှင့် ထိုဆိုလိုရင်းအချက်ကို အများသောသူ
တို့နှင့်မျှဝေနိုင်ပါသည်။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည်
ပြဿနာများတို့ကိုတားဆီးထားပေး ပါသည် – စဉ်ဆက်မပြတ်
လိုက်လံလည်ပတ်ကြည့်ရှုခြင်းအားဖြင့် လုပ်ငန်း အကောင်အထည်ဖော်နေချိန်တွင်
ကျွန်ုပ်သည် ပြဿနာတစ်ခုကို မကြာခဏ သတိပြုပါသည်။ ၎င်းပဋိပက္ခ၊ ဒေါသအမျက် သို့မဟုတ်
စိတ်ပျက်လက်ပျက် ဖြစ်မှုတို့သည် မျက်နှာပြင်အလွှာ၏အောက်တွင်သာ ရှိသင့်ပါသည်။
ပုဂ္ဂိုလ်ရေး ဆိုင်ရာ အမှုတော်ဆောင်ခြင်းတိုးချဲ့ကာလတစ်ခုအားဖြင့် ကျွန်ုပ်သည်မကြာ
ခဏပင် ဒုက္ခပြဿနာနှင့် ပတ်သက်ပြီး လူတစ်ယောက်ကိုအားတင်းတောင့်ခံ နိုင်ရန်
ကူညီနိုင်ပါသည်။
တစ်ကြိမ်တွင်သမီးဖြစ်သူက
အိမ်ထောင်ရေးကွာရှင်းရန် ဆုံးဖြတ်ချက်ချ သည့် မိခင်တစ်ဦးထံသို့
ကျွန်ုပ်အလည်အပတ်သွားရောက်ခဲ့ပါသည်။ နောက် ပိုင်းတွင် ကျွန်ုပ်သည်
သမီးဖြစ်သူထံသို့အလည်အပတ်သွားရောက်သောအခါ သူမက “ဘယ်သူမှဘာမှမတတ်နိုင်တော့ပါဘူး၊
ဆရာရယ်။ တကယ့်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီအခက်အခဲပြဿနာအတွက်နဲ့ ကျွန်မအထီးကျန်
သလိုခံစားနေရပါတယ်” ဟုပြောဆိုခဲ့ပါသည်။
ကျွန်ုပ်ကလည်း
“ဒါပေမယ့် သမီးမှာသမီးရဲ့ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်း
ရွက်ပေးဖို့မိတ်ဆွေတွေရှိပါတယ်။ နားထောင်နိုင်တဲ့မိတ်ဆွေတွေ၊ နားလည် ပေးနိုင်တဲ့
မိတ်ဆွေတွေနဲ့၊ အဲဒီစိတ်ပျက်ဖို့ကောင်းတဲ့အရာအတွက် သမီးနဲ့ အတူဆုတောင်းပေး
မယ့်မိတ်ဆွေတွေပေါ့” ဟူ၍ ပြန်လည်ဖျောင်းဖျပြောဆို ခဲ့ပါသည်။ ထိုအလည်အပတ်
ခရီးစဉ်သည် မိခင်ရောမိသားစုတို့အတွက်ပါ အချက်အချာကျလှပါသည်။
သူမသမီး၏အိမ်ထောင်ပြုခြင်းအတွက် မိခင်ဖြစ် သူသည် စိတ်ဓာတ်ကျနေခဲ့ပါသည်။ သူတို့ကို
ကူညီခွင့်ရသည့်အတွက် ကျွန်ုပ် ပျော်ရွှင်မိခဲ့ပါသည်။ သမီးဖြစ်သူသည် မိတ်ဆွေ
သူငယ်ချင်းတို့နှင့် ပြောဆို ဆွေးနွေးမှုအတွက် အကြံဉာဏ်ကိုပေးကမ်းနိုင်သည့်အပြင်၊
အသင်းအုပ် ဆရာ၏အလည်အပတ်သည် မိသားစုအတွင်းဖြစ်ပေါ်နေသောပြဿနာ တစ်ခု ကို
ရှောင်လွှဲနိုင်ရန်ကူညီနိုင်ခဲ့ပါသည်။ အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်
ကြည့်ရှုခြင်းသည် အသင်းတော်၏အသင်းသူအသင်းသားတို့အတွင်း ကိုးကွယ်
ယုံကြည်မှုကိုစွန့်လွှတ်ခြင်း၊ သဘောထားကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဌိ အယူ
ကိုသက်ဝင်ယုံကြည်ခြင်းတို့ကို ကာကွယ်တားဆီးရန်အတွက်လည်း ကူညီပါ သေးသည်။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းကြောင့်
အမှုတော်ဆောင်ခြင်းလုပ်ငန်း သည် ခိုင်မာစွာရပ်တည်နိုင်ပါသည်။
အကျိုးထိရောက်မှုရှိသည့် အသင်းအုပ် ဆရာဆိုင်ရာလည်ပတ်ကြည့်ရှုခြင်းသည်
အသင်းအုပ်ဆရာအား သူ၏ထူးချွန်မှ ခံစားချက်ကိုဖြစ်စေပါသည်။ အမှုတော်ဆောင်ခြင်းတွင်
မဖော်ပြတတ်သော အရာ အများအပြားပါဝင်ပါသည်။ မကြာခဏပင် အောင်မြင်မှု သို့မဟုတ်
ကျရှုံးမှုကို ဥပုသ်နေ့ဝတ်ပြုပွဲစမှသွေဖည်သွားသည့် မကျေမချမ်းဖြစ်နေသည့်
အသင်းဝင်သူ တစ်ဦး၏အချိန်ကိုက်မဟုတ်သည့် မထိတထိမပွင့်တပွင့်ပြောဆို လာသည့်
ထင်မြင်သုံးသပ်ချက်ဖြင့်တိုင်းထွာရပါမည်။ အများသောအသင်းအုပ် ဆရာတို့သည်
ကျေနပ်မှုနှင့်ခံယူချက် စသည့်ပုံမှန်ဆေးအညွှန်းကို အသုံးပြု တတ်ကြပါသည်။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုသည် ဤဆေးညွှန်းမျိုးကို ပေးဝေနိုင်ကြပါသည်။
ဤနေရာတွင် ကျွန်ုပ်တို့သည် အသင်းအုပ်ဆရာများ ဖြစ်ကြသည့်အလျောက် ကျွန်ုပ်တို့၏
အမှုတော်ဆောင်ခြင်း၏အဓိပ္ပါယ်ကို မြင် တွေ့သိရှိရပါသည်။
ကျွန်ုပ်တို့သည်လူများထံသို့ သူတို့၏အိမ်ထောင်မိသားစုဆီ အထိ
သွားရောက်လည်ပတ်ကြပြီး၊ သူတို့နှင့် အတူတကွဆုတောင်းကြလျက်၊ အတူတကွပြုံးပျော်ကြ၊
မျက်ရည်စီးကျကြကာ သူတို့၏အသက်တာများတွင် ဘုရားသခင်က
မည်သည့်အရာကိုလုပ်ဆောင်တော်မူသည်ကို စောင့်ကြည့်ကြ ရမည့်အပြင် သူတို့အနေဖြင့်
ဘုရားသခင်၏ချစ်ခြင်း မေတ္တာတော်၌ တိုးတက် ဖြစ်ထွန်းလာကြရန်အတွက် ကူညီပေးရကြပါမည်။
ဤကြီးမားလှပြီး
အရေးကြီးလှသောအလုပ်အတွက် ကမ္ဘာအနှံ့အပြားရှိ အသင်းအုပ်ဆရာများတို့သည်
ရက်သတ္တပတ်တိုင်းတွင် အချိန်နာရီပေါင်းများ စွာဖြင့်
မိမိတို့ကိုယ်ကိုဆက်ကပ်ကြပါသည်။ ကျွန်ုပ်တို့သည် နူးညံ့သိမ်မွေ့စွာ ဖြင့်သင်ကြား
ပေးကြပါသည်။ ကျွန်ုပ်တို့သည် အာမခံချက်ကိုလည်းပေးကြ ပါသေးသည်။
မိသားစုများတို့ကိုလည်း အတူတကွစောင့်ရှောက်ကာကွယ် ပေးကြပါသည်။ ကျွန်ုပ်တို့သည်
ဝမ်းနည်းကြေကွဲမှုတို့ကိုနှစ်သိမ့်စေပါသည်။ ကျွန်ုပ်တို့သည်
ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ရွှင်လန်းခြင်းဖြစ်စေပါသည်။
များစွာသောစကားလုံးများနှင့် အထူးသဖြင့် ကျွန်ုပ်တို့၏ သူတို့နှင့်အတူရှိနေ
ကြခြင်းတို့အားဖြင့် ဘုရားသခင်သည်လူတစ်ဦးချင်းအရကိုသော်လည်းကောင်း၊
တစ်ယောက်ပြီးတစ်ယောက်ကိုသော်လည်းကောင်း နေဝင်နေထွက်ဖြင့်ကြည့်ရှု
စောင့်ရှောက်တော်မူခြင်းအကြောင်းကို တိုး၍တိုး၍ခံစားမှုကင်းမဲ့သည့် ကြီး
မားသောသတင်းအချက်အလက်ဆိုင်ရာ လောကတစ်ခုမှတစ်ဆင့် ကျွန်ုပ် တို့သည်
ဆက်သွယ်အသိပေးနိုင်ကြပါသည်။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည်
ဘုရားကျောင်းသို့ဝတ်ပြုခြင်းအတွက် တက်ရောက်လာသူအရေအတွက် တိုးပွားလာစေပါသည်။
လွန်ခဲ့သော နှစ် ပေါင်းသုံးဆယ်ထက်မကသော ကျွန်ုပ်၏အတွေ့အကြုံအရ
နိုင်ငံများစွာတို့တွင် ဘုရားကျောင်းသို့တက်ရောက်သူအရေအတွက်သည် ကျဆင်းသွားသည့် အနေ
အထားတွင်ရှိနေပါသည်။ မည်သည့်အကြောင်းရင်းခံရှိပါစေ အကောင်းဘက် သို့ဦးတည်ရန်အတွက်
အသင်းအုပ်ဆရာဆိုင်ရာအမှုတော်ဆောင်ခြင်းသည် အပြောင်းအလဲတစ်ခုကိုမူ
ဖော်ဆောင်နိုင်ပါသေးသည်။
အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းမှ
ရရှိလာသောအကျိုး ရလဒ်တို့ကို အံ့ဩဖွယ်ရာအဖြစ် မြင်တွေ့ကြရပါမည်။ ဘုရားကျောင်းသို့
တက် ရောက်လာခြင်းမရှိကြသည့် လူတို့သည်လည်း ဘုရားကျောင်းဆီသို့ပြန်လှည့် လာရန်နှင့်
မိမိတို့ကိုယ်ကို ပြန်လည်ကတိပြုကြရန်အတွက် စိန်ခေါ်မှုကို ခံစား လာရကြပါသည်။
ကျွန်ုပ်မကြာခဏလေ့လာစုံစမ်းသိရှိရသလောက် အသင်းဝင် မိသားစုတို့သည် သူတို့ထံသို့
အသင်းအုပ်ဆရာက အလည်အပတ်ရောက်ရှိ သွားခြင်းဖြင့်
နောက်ဘုရားကျောင်းဝတ်ပြုပွဲတွင်ပြန်ပေါ်လာကြပြီး၊ သူတို့
ဘုရားကျောင်းဝတ်ပြုပွဲနှင့်မည်မျှကြာကြာ ကင်းကွာခဲ့ကြသည်ကို ဂရုမထားကြ တော့ပါ။
အသင်းအုပ်ဆရာတို့က တက်ကြွစွာ လည်ပတ်ခြင်းပြုလုပ်ကြပါက၊
အသင်းတော်၏အလှူငွေများတို့သည်လည်း တိုးပွားလာပါသည်။ ဤဖြစ်ရပ် သည် အသင်းအုပ်ဆရာ၏
လည်ပတ်ခြင်းကိုရရှိကြသော အသင်းသားများ တို့သည် ဒေသတွင်းအသင်းတော်အတွက်
ဘဏ္ဍာရေးအရပိုမို၍ အထောက် အကူပြုစေကြောင်းကိုသိရှိရသည့်
ကျွန်ုပ်၏အတွေ့အကြုံဖြစ်ပါသည်။
“ဖိတ်ခေါ်
ကမ်းလှမ်းချက်တစ်ခု”
သင်သည်
အောက်ပါကိုးကားချက်ကိုဖတ်ရှုပြီးနောက် လိုက်လံလည်ပတ် ကြည့်ရှုခြင်း၏အရေးပါမှုကို
အလေးအနက်စဉ်းစားပါ။
သိုးထိန်းအလုပ်ကိုမလုပ်ဘဲ၊
လူတတ်ကြီးလုပ်ပြီး ပို့ချသင်ကြားမှုကိုပေး သောအမှုတော်ဆောင်များတို့သည်
ထုတ်ပယ်ခြင်းခံရသင့်ပါသည်။ ပြောစကား ဖြင့် ဘာသာတရားအယူဝါဒကို ဟောပြောခြင်းဖြင့်သာ
လုပ်ကိုင်တတ်သော အမှုတော်ဆောင်များတို့ကို လက်ခံခြင်းသည် တည်ကြည်လေးနက်သည့်
တာဝန်တို့ကို လျစ်လျူရှုသကဲ့သို့ဖြစ်သွားပါသည်။ သူတို့သည် အသက်ဝိညာဉ်
တို့ကိုစောင့်မျှော်ခြင်းမရှိကြသည့်အတွက် အကြောင်းပြချက်တစ်ခုကို ပေးကြ
ပေလိမ့်မည်။ သူတို့သည် လူတတ်ကြီးလုပ်ပြီး သင်ကြားပို့ချခြင်းကို ပေးကြ သည့်တိုင်
သိုးကြီး၊ သိုးကလေးတို့လိုအပ်သည့် သူတို့အတွက် ပြီးစီးအောင်
လုပ်ဆောင်ရမည့်အလုပ်ကို ပြီးစီးအောင်မလုပ်ဆောင်ပေးနိုင်ကြပါ။ ထို့အပြင်
စိတ်မပါ့တပါဖြင့်လုပ်ဆောင်ရသည့်အလုပ်မျိုးသည် အမေရိကန် ပြည်ထောင်စု
တစ်ဝန်းလုံးတွင် ပြီးမြောက်နေပြီးဖြစ်ကာ၊ အလုပ်ခန့်ထားခြင်းခံရကြသော သူ တို့က
တာဝန်ယူရမှုနှင့်သတိထားလုပ်ကိုင်ရမှုများလျော့ပါးသည့် အခြားသော
အလုပ်အကိုင်မျိုးကိုရှာဖွေကြရန် လက်ရှိအလုပ်မှထွက်ခွာသွားကြမည့်သူတို့ကို
ငွေကြေးပေးဆောင်ခဲ့ကြပါသည်။ ဘုရားသခင်၏ လူစုတော်တို့သည် သူတို့၏ အသင်းအုပ်ဆရာက
သူတို့ထံသို့ အလည်အပတ်သွားစေလိုသည့် မျှော်မှန်း ချက်မျိုးကိုထားပိုင်ခွင့်
ရှိကြပြီး သူတို့၏ကိုယ်ပိုင်အိမ်ထောင်မိသားစုတို့တွင် အသင်းအုပ်ဆရာက
ညွှန်ကြားခြင်း၊ အကြံပေးခြင်းနှင့်အကြံပြုလမ်းညွှန်ခြင်း တို့ကို
လုပ်ပေးစေလိုကြပါသည်။ ထို့အပြင် အကယ်၍လူတစ်ယောက်က ဤအလုပ်၏အစိတ်အပိုင်းတစ်ခုကို
လုပ်ဆောင်ရန်ပျက်ကွက်ပါက၊ သူသည် ဘုရားသခင်၏ အမိန့်ပေးတော်မူသည့်အတိုင်း
လုပ်ဆောင်တတ်သည့် အမှု တော်ဆောင်တစ်ယောက်မဖြစ်နိုင်ပါ။ ဤကဲ့သို့သောလုပ်ဆောင်သည့်
လူမျိုးရှိ နေကြသည့်အသင်းတော်များတို့သည် စည်းလုံးညီညွတ်မှုမရှိသည့်အပြင် အား
နည်းမှုရှိပြီး ချူချာသောအနေအထားသို့ရောက်ရှိသွားကာ သေဆုံးသွားရန်သာ
ရှိပါတော့သည်။ထိုသို့သောလုပ်ဆောင်သောသူ၏တရားဟောချက်များတို့သည် ဘုရားသခင်၏
ဝိညာဉ်တော်၏ မြေတောင်မြှောက်ပေးခြင်းမခံရကြသည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏
လူစုတော်တို့ကို လျစ်လျူရှုထားသော မည်သူ့ထံကိုမဆို၊
ဘုရားသခင်၏ကောင်းချီးမင်္ဂလာတော်သည် ကိန်းဝပ်လိမ့် မည်မဟုတ်ပါ။
သင်သည်
အသင်းသူအသင်းသားတို့နှင့်ဆက်ဆံရာတွင် တရားဇရပ်၏ တံခါး၀တွင်
လူတို့အားနှုတ်ခွန်းဆက်သောလုပ်ရပ်မျိုးကိုဗဟိုပြုပါက သင်သည် သင်၏
အမှုတော်ဆောင်လုပ်ငန်း၏ အကောင်းဆုံးသောအပိုင်းကဏ္ဍကို ဘေး
သို့ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်သွားပေမည်။ တရားဇရပ်တွင် ဆက်နွှယ်ထိတွေ့ မှုတစ်ခုတည်းဖြင့်
အမှုတော်ဆောင်ခြင်းသည် ပြည့်စုံမှုမရှိသည့်အပြင် သင်၏ လူမှုဆက်ဆံရေးကိုလည်း
အားကောင်းလာစေရန်မပြုလုပ်နိုင်ပါ။ တရားဟော စင်မြင့်ပေါ်တွင် သင်သည် သင်၏
ဟောပြောချက်ကိုနားထောင်ကြမည့် တရား နာသူတို့အား သင်၏ကိုယ်ရည်ကိုယ်သွေး
သင်၏ဝိညာဉ်ရေးဆိုင်ရာ ထက်သန် မှုတို့ကို ပြသနိုင်မည်ဖြစ်သော်လည်း သင့်အနေဖြင့်
သူတို့ထံသို့ အလည်အပတ် ပြုခြင်းကိုလုပ်ဆောင်ပေးပါက သူတို့၏နှလုံးသားတို့ကို
တို့ထိပေးလိုက်သကဲ့သို့ ဖြစ်သွားပေမည်။
“အသင်းတော်၏အသင်းဝင်သူတို့ထံသို့အလည်အပတ်သွားရောက်ခြင်းမရှိပါက
ကောင်းသောအသင်းအုပ်ဆရာကောင်းတစ်ယောက်ဖြစ်နိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှုစဉ်းစားဆင်ခြင်သုံးသပ်ခြင်း၊
သို့မဟုတ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ -
၁။ သင်သည်အသင်းတော်အသင်းဝင်သူတို့ထံသို့
သွားရောက်လည်ပတ်ခြင်း ပြုလုပ်ရာတွင် အမှန်တကယ်စိန်ခေါ်မှုများတို့သည်
အဘယ်အရာများဖြစ် ကြပါသနည်း။
၂။ ဇီဇာကြောင်သောမိသားစုများတို့ထံသို့
သွားရောက်လည်ပတ်ရန် မဖြစ် နိုင်ပါက သင်၏နောက်ထပ်အစီအစဉ်သည် အဘယ်အရာဖြစ်မည်နည်း။
၃။ သာမန်အသင်းသားတို့နှင့် ဖွဲ့စည်းထားသည့်
လိုက်လံလည်ပတ်ကြည့်ရှု ခြင်း အစီအမံမျိုး၊ သင်၏အသင်းတော်၌တစ်ခုတလေများရှိနေပါသလား။
အကယ်၍မရှိပါက မည်ကဲ့သို့သောအစီအမံမျိုးတစ်စုံတစ်ခုသည် သင်၏ အသင်းတော်၏အသက်တာကို
မည်ကဲ့သို့တိုးတက်မှုရှိအောင်လုပ်ဆောင်
နိုင်မည်နည်း။
၄။ အသင်းအုပ်ဆရာအပြင် အသင်းသူ၊
အသင်းသားတို့ထံသို့ သင်၏အသင်း
တော်အတွင်းတွင်အလည်အပတ်သွားရောက်လုပ်ဆောင်ပေးမည့်သူသည် မည်သူဖြစ်မည်နည်း။
၅။ အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်း၏ အကျိုးရလဒ်အဖြစ် သင်၏အမှုတော်ဆောင်လုပ်ငန်း၏ မည်သည့်နယ်ပယ်များတွင် ကြွယ်၀ချမ်းသာမှုရှိလာပါသနည်း။
အခန်းကြီး - ၈
အခန်း (၈)
“ကြည့်ရှုစီရင်ခြင်းဆိုင်ရာအခြေခံအချက်ခြောက်ချက်”
အသင်းအုပ်ဆရာတိုင်းတို့၏
အသင်းသူအသင်းသားတို့ထံသို့ အလည် အပတ်သွားခြင်းအမှုသည် ကျွန်ုပ်တို့၏အချိန်၊
အမှုတော်၌ရှိနေခြင်း၊ အာရုံစူး စိုက်ခြင်းနှင့်
ပြုစုစောင့်ရှောက်ခြင်းတို့အားဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ တော်နှင့်
အဆက်အသွယ်ပြုနိုင်သည့် ဘုန်းတော်ရှင်ကပေးသော အခွင့် အလမ်းတစ်ခုဖြစ်ပါသည်။
လည်ပတ်ခြင်းပြုလုပ်ပြီးနောက် သူတို့၏အိမ်ထောင် မိသားစုတို့ထံမှ
ထွက်ခွာလာကြပြီဆိုလျှင် ကျွန်ုပ်တို့သည် သူတို့၏စိတ်အတွေး
များနှင့်နှလုံးသားများအတွင်း၌ ကျွန်ုပ်တို့၏ဉာဏ် ပညာနှင့်အတွေးအခေါ် များတို့ကို
ထားရစ်ခဲ့ခြင်းထက် ဘုရားသခင်၏အကျင့်စရိုက် တော်နှင့်ကတိ တော်တို့ကို
ဦးစားပေးထားရစ်ခဲ့ကြရန်မှာ မရှိမဖြစ်လိုအပ်လှပါသည်။
များစွာသော
အသင်းအုပ်ဆရာတို့သည် အရေးပေါ်ကိစ္စရပ်များအတွက် ဆေးရုံသို့
အလည်အပတ်သွားရောက်ခဲလှပြီး အိမ်ထောင်မိသားစုတို့ထံသို့သာ သွားရောက်ကြပါသည်။
သူတို့၏လိုက်လံကြည့်ရှုခြင်းသည် ပုံမှန်ပုံစံမျိုး၊ သို့မ ဟုတ်
စနစ်တကျပုံစံမျိုးရှိခဲလှပါသည်။ ဤအချိန်အခါကဲ့သို့သော နေ့ရက်များ တို့တွင်
လူအများအပြားတို့သည် မည်သည့်အခါမျှ အသင်းအုပ်ဆရာ၏ အလည်အပတ်သွားရောက်ခြင်းကို
မခံရကြပါ။ ဤလုပ်ရပ်သည် ခွင့်လွှတ်နိုင် စရာအကြောင်းမရှိပါ။ သခင်ယေရှုသည်
နွမ်းပါးသည်ဟု သူတွေ့ရှိတော်မူခဲ့ သည့်အိမ်ထောင်မိသားစုများထံသို့
သွားရောက်တော်မူခဲ့ပါသည်။ (မာကု ၁း၂၉-၃၁)။ မာရိ၊ မာသ၊ လာဇရုတို့၏အိမ်တွင် သူသည်
အကျွမ်းတဝင်ရှိသော ဧည့်သည်တစ်ဦးဖြစ်တော်မူခဲ့ပါသည်။ သူသည် အနာကြီးရောဂါသည်ရှိ
မုန်ထံ သို့လည်း ပုံမှန်လည်ပတ်တော်မူခဲ့ပါသည်။ သခင်ခရစ်တော်သည် သူ၏တပည့်
တော်တို့အား အမှုတော်ဆောင်ခြင်းတာဝန်ကို ပေးအပ်တော်မူသောအခါ သူ တို့သည်
အိမ်များသို့သွားရောက်ကြရန်အတွက် တိုက်တွန်းတော်မူခြင်းကို ခံခဲ့ရကြပါသည်။ (လုကာ
၁ဝး၅) အသင်းအုပ်ဆရာဆိုင်ရာ ပြုစုစောင့်ရှောက် ခြင်းအကြောင်းနှင့်ပတ်သက်ပြီး
ရှင်ပေါလု၏ဩဝါဒကို လက်ကိုင်ပြုထားကြ
သောတိမောသေနှင့်တိတုတို့သည်အသင်းတော်အသင်းသားတို့၏ အိမ်ထောင် မိသားစုအသက်တာနှင့်ပတ်သက်သည့်
ချစ်ခင်ရင်းနှီးမှုကို အလေးပေးသည့် သိပ္ပံအတတ်တစ်ရပ်ကို
ကြိုတင်ပို့ချခြင်းခံခဲ့ရကြပါသည်။ (၁တိ ၃း၄။ ၅း၄-၈။ တိတု ၂း၄-၅)။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းသည်
များစွာသောသူတို့၏ မသိကျိုးကျွန်ပြု ခြင်းခံနေရပြီး ထိုကဲ့သို့ဖြစ်ရခြင်းမှာ
ထိုသူတို့သည် လိုက်လံကြည့်ရှုခြင်းအမှုကို ခက်ခဲကြမ်းတမ်းပြီး
အချိန်စားသောအလုပ်အဖြစ် ရှုမြင်နေကြပါသည်။ အချို့ သောသူတို့ကလည်း
၎င်းကိုပျောက်ပြယ်သွားစေလိုကြပါသည်။ သို့သော်လည်း ထိုကဲ့သို့
ပျက်ပြယ်သွားမည့်အဖြစ်မျိုးသို့မရောက်ရှိနိုင်သည့်အပြင် ယခုကဲ့သို့
အေးတိအေးစက်နိုင်လှသောခေတ်ကြီးတွင် လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှု သည်
လိုအပ်မှုအဖြစ် ရှိနေသည်ဆိုခြင်းကို ထိုသူတို့က အသိအမှတ်ပြုကြရန် လိုအပ်ပါသည်။
ခေတ်မီအခက်အခဲများရှိနေကြသည့်တိုင် အသင်းသူအသင်း သားတို့၏ စိတ်ထဲတွင် သူတို့၏
အသင်းတော်ခေါင်းဆောင်တို့၏ အလည် အပတ်ခံရရေးနှင့် တာဝန်ခံမှုတို့ကို
တောင့်တနေသည့်ခံစားချက်များ ရှိနေဆဲ ဖြစ်ပါသည်။ အသင်းအုပ်ဆရာ၏
အမှုတော်ဆောင်လုပ်ငန်းတွင် လိုက်လံ လည်ပတ်ကြည့်ရှုခြင်းအမှုသည် အပါအဝင်ဖြစ်ရပါမည်။
၎င်းသည် အမှုတော် ဆောင်ခြင်းဆိုင်ရာ ကျွန်ုပ်တို့၏ သဘောတရားခံယူချက် (ဒဿနိကဗေဒ)
အစိတ်အပိုင်းတစ်ရပ်အဖြစ်ရှိနေပါမည်။
“ဘုရားသခင်ပေးအပ်တော်မူသည့်တာဝန်ယူမှု”
ဘုရားသခင်သည်
သူ၏လူစုတော်တို့ကို ထိန်းကျောင်းရန်အတွက် သိုး
ထိန်းအလုပ်နှင့်သက်ဆိုင်သောတာဝန်ယူမှုကို အသင်းအုပ်ဆရာတို့အား ပေး
အပ်ထားတော်မူပါသည်။ (တမန်တော် ၂ဝး၂၈) တွင်ရှင်ပေါလုက “ထိုကြောင့် သင်တို့သည်
ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေး နှင့်ဝယ်တော်မူသော
အသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့ကို
အအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစ်စု လုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့” ဟူ၍
ဧဖက်အသင်းတော်အကြီးအကဲ တို့ကို မိလက်မြို့သို့ ခေါ်ယူပြီး ဩဝါဒ ပေးခဲ့သည်။
ဤအချက်ကိုရှင်ပေတရုက သူ၏ဩဝါစာပထမစောင် (၁ပေ ၅း၁-၃) တွင်လည်း သင်းအုပ်အရာ၌ လည်း
ကောင်း၊ ခရစ်တော်၏ ဆင်းရဲဒုက္ခဝေဒနာကို သိမြင်သော သက်သေအရာ၌ လည်းကောင်း
ခန့်ထားသောသူ၊ ထင်ရှားစေတော်မူလတ္တံ့သော ဘုန်းအသရေ တော်ကိုဆက်ဆံသောသူဖြစ်သော
ငါပေတရုသည် သင်တို့တွင်ရှိသော သင်း အုပ်ချင်းတို့ကို တောင်းပန်ပါ၏။
သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုး တော်စုကိုထိန်းခြင်းအမှုမှာ
အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ
အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှု အုပ်ထိန်းကြလော့။ အသီးအသီးအုပ်သောအသင်းတော်တို့ကို
အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူဖြစ်ကြ လော့။
ဤအမှုတော်သည်
သေးငယ်သောလုပ်ငန်းမဟုတ်ပါ။ (ဟေဗြဲ ၁၃း၁၇) တွင် “သင်တို့ကိုအုပ်သောသူတို့၏
စကားကိုနားထောင်၍ နျိမ့်ချလျက်နေကြ လော့။ သူတို့သည်
ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ သင်တို့စိတ် ဝိညာဉ်၏အကျိုး အလိုငှာ
စောင့်နေကြ၏. . .” ဟူ၍လည်း ဖော်ပြထားပါ သည်။ အသင်းအုပ်ဆရာ၏
လိုက်လံလည်ပတ်ကြည့်ရှုခြင်းလုပ်ဆောင်ချက် သည် ဤကြီးကြပ်ရေးတာဝန်တွင်
သော့ချက်ကျသည့် ကိရိယာတန်ဆာပလာ တစ်ခုဖြစ်ပါသည်။
“လိုက်လံလည်ပတ်ကြည့်ရှုခြင်းကိုကြိုတင်ပြင်ဆင်ခြင်း”
အဓိပ္ပါယ်ပြည့်၀သောလည်ပတ်ခြင်းများတို့သည်
ကြိုတင်ပြင်ဆင်ခြင်းရှိ ရန် လိုအပ်ပါသည်။ အဦးဆုံးအနေဖြင့် သင်၏ကိုယ်ပိုင်အသက်တာ၏
ဝိညာဉ် ရေးရာ စစ်တမ်းတစ်ခုကို ရယူရန်အတွက် အသင်းအုပ်ဆရာ၏လည်ပတ်ခြင်း
များတို့ကိုအသုံးပြုရပါမည်။ ဘုရားသခင်နှင့်အခြားသောသူတို့အပေါ် သင်၏ ဆက်ဆံရေးကိုဆန်းစစ်ပါ။
သင်၏ဝိညာဉ်ရေး တောင့်တင်းခိုင်မာမှုအတွက် သန္နိဌာန်ချမှတ်ပါ။ မိမိကိုယ်ကိုမိမိ
ပြန်လည်သုံးသပ်ခြင်းသည် သင့်အား ဝိညာဉ်ရေးအရအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး
စုံစမ်းနှောင့်ယှက်ခြင်းမှ ခုခံပေး ရန် သင့်အားကူညီပေးသည့်အပြင်၊ စိတ်ဓာတ်ပိုင်း
ဆိုင်ရာအခက်အခဲပြဿနာ များတို့ကို ဖြေရှင်းပေးနိုင်သည့်ရလဒ်ကိုပါ
ပေါ်ထွက်လာစေပါသည်။
ဒုတိယအချက်အနေဖြင့်
သင့်ကိုယ်တိုင်အတွက်နှင့် သင်သွားရောက် လည်ပတ်သည့်မိသားစုအတွက်ဆုတောင်းပေးရန်
မိနစ်အနည်းငယ်မျှအချိန်ယူ ပါ။ ဆုတောင်းခြင်းအသက်တာတစ်ရပ်ဖြင့်နေထိုင်ခြင်းကို
သင်၏ပန်းတိုင် အဖြစ်နေ့တိုင်းလုပ်ဆောင်ပါ။ သင်အိပ်ရာမှထလာသည်နှင့် ဆုတောင်းခြင်း
ဖြင့်သင်၏တစ်နေ့တာ ဘ၀ကိုစတင်ပါ။ တစ်နေ့တာလုံးအတွင်း အချိန်အနည်း ငယ်မျှယူပြီး၊
ဘုရားသခင်ကို သူ၏ကူညီမစတော်မူခြင်းအတွက်ကျေးဇူးတင်ပါ။
ချစ်ခြင်းမေတ္တာဆုကျေးဇူးတော်အတွက် ဆုတောင်းပါ။ ခရစ်တော်နှင့်အလား
သဏ္ဍာန်ကိုက်ညီမှုရှိစေသည့် နေထိုင်မှုပုံစံကိုဖော်ဆောင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်၀မှုရှိစေရန်ဆုတောင်းပါ။
ကောင်းမွန်သော နားထောင် တတ်သူတစ်ယောက်ဖြစ်အောင်ဆုတောင်းပါ။
ဥာဏ်ပညာနှင့်ထိုးထွင်းသိမြင် စွမ်းသော ဥာဏ်အတွက်ဆုတောင်းပါ။
သတ္တိရှိရန်အတွက်ဆုတောင်းပါ။ ကျေးဇူးတော်အတွက် ဆုတောင်းပါ။
သူ၏ဥာဏ်ပညာတော်နှင့်ဝိညာဉ်ရေး အတွက် ကာကွယ်တော်မူခြင်းကိုတောင်းခံခြင်းမရှိပါဘဲ
သူ၏အိမ်မှမထွက်ခွာ သင့်ပါ။
ဆုတောင်းခြင်းသည်
သင်၏အစွမ်းအထက်ဆုံးသော ကိရိယာတန်ဆာ ပလာဖြစ်ပါသည်။ ဘုရားသခင်သည်
ဥာဏ်ပညာမြော်မြင်တတ်မှု၊ သည်းခံခြင်း နှင့်မိမိကိုယ်ကို
ထိန်းသိမ်းမှုများတို့ဖြင့် သင့်အားလုပ်ပိုင်ခွင့်အာဏာကို ပေးလို တော်မူပါသည်။
သူ၏ကာကွယ်စောင့်ရှောက်တော်မူခြင်းနှင့် ခွင့်လွှတ်တော်မူ ခြင်းအတွက်
ဘုရားသခင်ကိုတောင်းလျှောက်ပါ။ သူသည် သင်၏ရုန်းကန်ရမှု များနှင့်
သင်၏အကန့်အသတ်ဖြင့်ရှိသော စွမ်းဆောင်နိုင်မှုအတိုင်းအတာကို သိရှိတော်မူပါသည်။
သင့်အတွက်သူသည် ထိုနေရာတွင်အမြဲတစေရှိတော်မူပါ သည်။ သင်စကားပြောခြင်းအားဖြင့်
သူနှင့်ပိုမိုနီးကပ်လာစေရန်အတွက် ပိုမို အားကောင်းလာစေပါသည်။
“အသင်းအုပ်ဆရာဆိုင်ရာ
လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုကို ဦးစားပေးခြင်း”
တာဝန်ယူရမှုများသောကြောင့်
အစွမ်းကုန်လုံးပါးပါးသွားကြသော်လည်း၊ အသင်းအုပ်ဆရာတို့သည် အဆင့်အတန်းရှိသော
လည်ပတ်ခြင်းတို့ကို သေချာ အောင် လုပ်ဆောင်ရကြပါမည်။ ဖြစ်နိုင်ခြေရှိသော
အားမလိုအားမရဖြစ်မှုများ ရှိသည့်တိုင်၊ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုများတို့သည်
အမှုတော်ဆောင် ခြင်းလုပ်ငန်းတွင် လုပ်ရကျိုးနပ်သည့်အတွေ့အကြုံတစ်ခုအဖြစ်
ရှိနေနိုင်ပါ သည်။ အသင်းအုပ်ဆရာ၏ လိုက်လံလည်ပတ်ကြည့်ရှုခြင်း လုပ်ငန်းအတွက်
စီစဉ်ရာတွင် ၎င်းကိုဦးစားပေးပြီး ရေးဆွဲစီစဉ်ရန် အရေးကြီးလှပါသည်။
အသင်းအုပ်ဆရာတို့၏လည်ပတ်ခြင်းများကို လိုအပ်ကြသည့် လူအတန်းအစား
အနည်းဆုံးခုနစ်အုပ်စုရှိကြပါသည်။
၁။
နာမကျန်းဖြစ်သောသူများ နာမကျန်းဖြစ်သောသူများထံသို့ အလည် အပတ်သွားရောက်ခြင်းသည်
အသင်းအုပ်ဆရာ၏ အရေးကြီးသောတာဝန်ယူ မှုနှင့် အခွင့်ထူးတစ်ရပ်ပင်ဖြစ်ပါသည်။
ကာယပိုင်းဆိုင်ရာစိန်ခေါ်ခံရမှုကာလ များအတွင်း၊ ကျွန်ုပ်တို့က
သူတို့ထံသို့သွားရောက်လည်ပတ်ကြပါက၊ သူတို့ သည် နှစ်ဆသောကောင်းချီးမင်္ဂလာကို
ခံစားကြရမည်ဖြစ်ပါသည်။
၂။
သက်ကြီးရွယ်အိုများ - ဘုရားကျောင်းတွင်းဝတ်ပြုကိုးကွယ်ခြင်းကို
အချိန်ကြာကြာတက်ရောက်နိုင်ခြင်းမရှိကြသည့် အသက်ကြီးသူအသင်းဝင်တို့ ထံသို့
အသင်းအုပ်ဆရာလည်ပတ်ခြင်းတို့ကို လုပ်ဆောင်ရန်အတွက် အချိန် ရယူသင့်ကြပြီး သူတို့၏
အိမ်သို့မဟုတ် အိုမင်းမစွမ်းတို့ကို ထားရှိသော အဆောက်အဦသို့
သွားရောက်လည်ပတ်ကြရပါမည်။ ဤသူတို့သည် ကမ္ဘာကြီး ၏မေ့လျော့ခြင်းကိုခံနေရကြသည်ဟု
ခံစားရနိုင်ကြပါသည်။ သူတို့သည် ဘုရား ကျောင်းသို့
တက်ရောက်နိုင်တော့ခြင်းမရှိသည့်တိုင် သူတို့၏ အသင်းတော် အသိုက်အဝန်းနှင့်
ချိတ်ဆက်မှုတစ်ခုရရှိစေရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးခြင်းဖြင့်
သူတို့၏အသက်တာ၌ ထင်ရှားသည့် ခြားနားမှုကို ဖော်ဆောင်ပေးနိုင်ပါသည်။
၃။
အသစ်သောပြောင်းလဲလာသူများ - အသင်းသူအသင်းသား အသစ် တို့သည် ဦးတည်ချက်နှင့်
ပုဂ္ဂိုလ်ရေးပြုစုစောင့်ရှောက်မှုတို့ကို ကြီးမားစွာ လိုအပ်ကြပါသည်။ သူတို့သည်
နောက်လိုက်ကောင်းများဖြစ်နိုင်ကြရန်အတွက် ကူညီသည့်အနေဖြင့် သူတို့ထံသို့
မကြာမကြာသွားရောက်လည်ပတ်ပေးကြရန် လိုအပ်ပါသည်။ သူတို့နှင့်အတူတကွရှိနေကြရန်
အချိန်ကိုအသုံးချခြင်းသည် မည်သည့်အခါမျှအချိန် ကိုဖြုန်းတီးရာမရောက်ပါ။
၄။
အသင်းတော်၏ဧည့်သည်တော်များ - သင်၏ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်သို့
လာရောက်လည်ပတ်ဝတ်ပြုကြသည့် အသင်းဝင်သူမဟုတ်သူ များကို
ပြန်လည်တုံ့ပြန်လည်ပတ်ပေးရေးသည် တတ်စွမ်းသမျှအဖြစ်နိုင်ဆုံး
အမြန်ဆုံးဆောင်ရွက်ရပါမည်။ သူတို့၏ အိမ်ထောင်မိသားစုများထံသို့ သွား ရောက်ပေးပါ။
အကယ်၍ဖြစ်နိုင်ပါက နောက်ထပ်အသင်းဝင် အပြင်သူတို့ကို ရယူပါ။ သူတို့ကိုသူတို့၏
လာရောက်လည်ပတ်ဝတ်ပြုခြင်းအတွက် ကျေးဇူး တင်စကား အနည်းအကျဉ်းပြောပြီး၊ နောက်တစ်ဖန်
လာရောက်လည်ပတ် ဝတ်ပြုရန်ဖိတ်ခေါ်ပါ။
၅။
လိုက်လံရှာဖွေခြင်းကိုမိသားစုအလိုက်လိုအပ်သူများ - ကျွန်ုပ်တို့၏
အသင်းသူအသင်းသားတို့အပေါ် နားလည်ပေးနိုင်စေရန်အတွက် သူတို့၏
အိမ်ထောင်မိသားစုများထံသို့. သွားရောက်လည်ပတ်ခြင်းအလုပ်ထက် အခြား မည်သည့်အရာကမျှ
ကူညီပေးနိုင်စွမ်းမရှိပါ။ ၎င်းလည်ပတ်ခြင်းသည် သူတို့၏
လိုအပ်မှုများနှင့်သူတို့ကြုံတွေ့နေရကြသည့်အခက်အခဲဖိစီးမှုတို့ကို
ကျွန်ုပ်တို့ အား ကိုယ်တွေ့တွေ့ရှိနိုင်စေပါသည်။ မည်မျှလောက်မဆို ပေးအပ်ရသည်
ဖြစ်စေ၊ ကျွန်ုပ်တို့သည် လိုလိုလားလားဖြင့်သွားရောက်လည်ပတ်ကြရပါမည်။
သူတို့ထံသို့မကြာခဏသင့်လျော်သလိုသွားရောက်လည်ပတ်ပေးပြီး၊ ဘက်လိုက် မှုဖြင့်
မျက်နှာသာပေးမှုပုံမျိုး မပြသမိကြရန် သတိထားရကြမည်။
၆။ ပျောက်ဆုံးနေသောအသင်းသူအသင်းသားများ -
ဤလူစုအမျိုး အစားတွင် အကြောင်းထူးကိစ္စမရှိပါဘဲ
ဘုရားကျောင်းသို့ပုံမှန်တက်ရောက်ရန် ပျက်ကွက်ကြသူများတို့လည်းအပါအဝင်ဖြစ်ကြပါသည်။
သူတို့ထံသို့ကျွန်ုပ်တို့ သွားရောက်လည်ပတ်ခြင်းသည် ကျွန်ုပ်တို့ကသူတို့အား
စောင့်ရှောက်ကြည့်ရှု နေကြဆဲဖြစ်ကြောင်းကို ပြသပေးရာရောက်သည့်အပြင်၊
ဘုရားကျောင်းသို့ ပြန်လည်တက်ရောက်လာကြရန် ခွန်အားပေးတိုက်တွန်းနိုင်ကြပါသည်။
၇။ ဒေသခအသင်းတော်ခေါင်းဆောင်များ –
ကျွန်ုပ်တို့သည် အသင်း အုပ် ဆရာများဖြစ်ကြသည့်အလျောက်
ကျွန်ုပ်တို့၏အမှုတော်ဆောင်လုပ်ငန်း ကိုဖြည့်ဆည်းပေးနိုင်ရန်
ဒေသခံအသင်းတော်ခေါင်းဆောင်တို့၏ ကူညီမှုပေါ် တွင် မှီခိုနေရကြပါသည်။
သူတို့နှင့်အတူတကွပူးပေါင်းပြီး အလည်အပတ် ထွက်ကြခြင်းသည်
တွေ့နေကျပုံမှန်နှောင်ဖွဲ့မှုတစ်ခုကို တည်ဆောက်ရန် ကူညီ ပါသည်။
ထိုကဲ့သို့သူတို့နှင့်အတူတကွ အလည်အပတ်ထွက်သောအချိန်သည် ကျွန်ုပ်တို့နှင့်သူတို့၏
ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းဖြစ်စေသည့်အပြင်၊ သူတို့၏အသင်းတော်အတွက်
မည်သည့်လုပ်ကိုင် ဆောင်ရွက်ပေးမှုတို့ကိုမဆို
ကျွန်ုပ်တို့ကဂုဏ်ယူအသိအမှတ်ပြုကြောင်းကို ပြသနိုင်ကြသည့်အကောင်းဆုံး
သောအချိန်ဖြစ်ပါသည်။
လူအများကသူတို့သည်
အသင်းအုပ်ဆရာ၏ အလည်အပတ်ပြုခြင်းကို
မည်သည့်အချိန်အခါမျှမရရှိခဲ့ကြောင်းပြောဆိုကြသည့်အသံကို ကျွန်ုပ်ကြားသိ ရပါသည်။
အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုသည် အချိန်
ကိုဖြုန်းတီးပြီးပင်ပန်းသော အလုပ်ဖြစ်သော်လည်း ၎င်း၏ဆုလာဘ်တို့သည် ပေါ်လွင်ထင်ရှားနေကြပါသည်။
၎င်းကိုခင်မင်ရင်းနှီးမှု၊အသင်းဝင်တို့၏ တစ်ဦး
အပေါ်တစ်ဦးခင်မင်မှုတို့တွင်တွေ့မြင်ရတတ်ပြီး အများအားဖြင့် ခရစ်တော်၏
ဧဝံဂေလိသတင်းစကား တိုးတက်မှုအတွင်းတွင် တွေ့ရှိနိုင်ပါသည်။
“အလည်အပတ်ထွက်ခြင်းအတွက်လက်တွေ့
အသုံးဝင်သည့် အချို့သောနည်းလမ်းများ”
၁။
လိုက်လံလည်ပတ်ကြည့်ရှုခြင်းဆိုင်ရာအစီအစဉ်တစ်ခုကိုရေးဆွဲပါ။ သင်၏အသင်းတော်ရှိ
မိသားစုအားလုံးတို့ထံသို့ လည်ပတ်ရန်အတွက်စီစဉ်ပါ။
သင့်အနေဖြင့်အသင်းအုပ်ဆိုင်ရာလိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုကို တန်ဖိုး
ထားကြောင်းကို သင်၏အသင်းသူအသင်းသားတို့သိရှိကြပါစေ။ သူတို့ထံသို့
သွားရောက်လည်ပတ်ရမည့်နေ့ရက်နှင့်အချိန်ကို သူတို့ဘာသာ ရွေးချယ်ကြပါ စေ။
သွားရောက်လည်ပတ်မှုအတွက် အစားအစာကိုပြင်ဆင်ပေးထားရန် သို့မ ဟုတ်
သူတို့၏အိမ်များကို ရှင်းလင်းရန်အတွက် အချိန်အကုန်ခံရန် မလိုအပ် ကြောင်းကို
သူတို့အားပြောပြထားပါ။ သူတို့ကိုရှိရင်းစွဲပုံမှန်အနေအထားဖြင့် သာ
မြင်တွေ့လိုသည့်အကြောင်းကို သူတို့အား အလေးထားပြောကြားထားပါ။
၂။
ပတ်ဝန်းကျင်ဒေသတွင်း၌ လည်ပတ်ခြင်းပြုရန် - ဤလုပ်ရပ်သည်
သင့်အားအချိန်နှင့်ငွေကြေးအကုန်အကျကို သက်သာစေပါလိမ့်မည်။ နေ့ရက် အလိုက်၊
ရက်သတ္တပတ်အလိုက် ၎င်းလုပ်ဆောင်မှုသည် သင့်အားအကျိုးရှိစေ ရန်ကူညီပါလိမ့်မည်။
၃။
တစ်ဦးတစ်ယောက်တည်းလည်ပတ်ခြင်းကိုရှောင်ကြဉ်ပါ - တစ်စုံ တစ်ယောက်သော
ဆန့်ကျင်ဘက်လိင်ထံသို့ မည်သည့်အခါမျှ တစ်ဦးတည်း အလည်အပတ်မသွားပါနှင့်။
ဖြစ်နိုင်ပါက မည်သည့်အချိန်တွင်မဆို သင်၏ ဇနီးသည် သို့မဟုတ်
ဒေသခံအသင်းလူကြီးတစ်ယောက်ယောက်ကို သင်နှင့် အတူလိုက်ပါရန် ပြောကြားပါ။
ဤကြိုတင်ကာကွယ်မှုကို မသိကျိုးကျွန်ပြုကြ ခြင်းဖြင့် အများသော အသင်းအုပ်ဆရာတို့သည်
သူတို့၏အမှုတော်ဆောင် လုပ်ငန်းကို တုံ့ဆိုင်းမှုဖြစ်ပေါ်စေပြီးနောက်
ဆုံးရှုံးတတ်ကြပါသည်။
၄။
အရန်အစီအစဉ်တစ်ခုကိုထားရှိပါ - လိုက်လံကြည့်ရှုခြင်းအစီအစဉ် သည်
ဖြစ်နိုင်ခြေမရှိပါက၊ တယ်လီဖုန်းခေါ်ဆိုခြင်းသည် အလွန်ထိရောက်မှု ရှိပါသည်။
ဤတယ်လီဖုန်းခေါ်ဆိုမှုတို့သည် အဓိပ္ပါယ်အလွန်ရှိပြီး၊ အသင်း
အုပ်ဆရာဆိုင်ရာပူပန်သောက သို့မဟုတ် တစ်ဦးတစ်ယောက်အား နှစ်လိုဖွယ် နေ့ရက်အတွက်
နှုတ်ခွန်းဆက်သသည့်ထုတ်ဖော်ပြောဆိုမှုမျိုးကို လုပ်ဆောင် နိုင်ပါသည်။
တိုတိုတုတ်တုတ် စကားစမြည်ပြောဆိုခြင်းသည် ဆုတောင်းစကား အဖြစ်ဆီသို့
ဦးတည်စေနိုင်ပါသည်။
၅။ တိုတောင်းသောအချိန်ဖြင့်
သာလည်ပတ်ခြင်းကိုလုပ်ဆောင်ပါ - သင်၏ အလည်အပတ်သည် အချိန်အလွန်ကြာလွန်းလှသည်ဟု
လူတို့၏ အထင်ခံရခြင်းထက် အချိန်သိပ်မကြာပါဟူ၍ခံစားကြရခြင်းသည် အစဉ်အမြဲ
ပိုမိုကောင်းမွန်သောအနေအထားမျိုးဖြစ်ပါသည်။ တစ်အိမ်လျှင် မိနစ်သုံးဆယ် ခန့်မျှသာ
လည်ပတ်ပေးနိုင်ရန်ကြိုးစားပါ။
၆။
တစ်စုံတစ်ရာကိုမျှဝေပေးကမ်းပါ - သင်သွားရောက်လည်ပတ်သည့် အိမ်တွင်
မည်သည့်အခါတွင်မဆိုဖြစ်နိုင်ပါက တစ်စုံတစ်ခုကိုပေးထားခဲ့ပါ။ နှစ်သိမ့်မှုကတ်ပြား၊
ပန်းပွင့်၊ လေပူပေါင်း၊ ပန်းချီကား၊ စာအုပ်၊ ယခင်ရက် သတ္တပတ်၏
အစီအစဉ်ကြေညာချက်စာရွက် သို့မဟုတ် တစ်စုံတစ်ခုသော လက်ဆောင်ပစ္စည်းအတွက်
တိုကင်လက်မှတ် စသည့်တစ်ခုခုကို ပေးထားစေ လိုပါသည်။ ဝိညာဉ်ရေးကိုထွန်းလင်းစေပြီး
သင်၏လည်ပတ်ခြင်းကို အမှတ်ရ စရာအဖြစ်ကျန်ရှိစေမည်ဖြစ်ပါသည်။ ၎င်းလက်ဆောင်သည်
တန်ဖိုးကြီးလှ သော အရာမဖြစ်သင့်ပါ။ မိမိသွားရောက်လည်ပတ်သော သူတို့ထံတွင် တစ်စုံ
တစ်ခုကို ပေးထားခဲ့ခြင်းသည် လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှု၏ လိုအပ်
ချက်တစ်ခုမဟုတ်သော်လည်း ရိုးရှင်းသည့်ကောင်းမွန်သော အမှုတစ်ခုပင် ဖြစ်ပါသည်။ အကယ်၍
သင်သည်ပေးထားစရာတစ်စုံတစ်ခုမျှ မရှိပါကလည်း သွားရောက်လည်ပတ်ဖြစ်အောင်လည်ပတ်ပါ။
သူတို့ထံတွင် သင်၏ ရောက်ရှိ သွားမှုသည် သင်၏လက်ဆောင်ပစ္စည်းများထက်
ပိုမို၍အရေးပါလှပါသည်။
၇။
ခပ်တန်းတန်းဆက်ဆံရေးမှ ရင်းနှီးဖော်ရွေမှုရှိစေသော ဆက်ဆံ ရေးသို့ရောက်ရှိသွားအောင်
စတင်ဖော်ဆောင်ပေးပါ - အဦးဆုံးအနေဖြင့် သင် ၏ အသင်းဝင်သူ၏အသက်တာများတွင်
ဖြစ်ပျက်နေသည့်အရာများကို သင် စိတ်ဝင်တစားရှိသည့်အကြောင်းကို
သင်ထုတ်ဖော်ပြောကြားပါ။ အသင်းအုပ် ဆရာတစ်ယောက်အနေဖြင့် သင်၏အသင်းဝင်သူအစုအဖွဲ့၏
ဝိညာဉ်ရေးဆိုင် ရာကိစ္စရပ်များတို့သည် သင်၏အဦးဆုံးသောအရေးကိစ္စအဖြစ်ထားရှိရပါမည်။
သို့သော်လည်း သူတို့ အသက်တာများတို့၏ အခြားသောနယ်ပယ်အရေးကိစ္စ အပေါ်တွင်ပါ
သင့်အနေဖြင့် စိတ်ဝင်စားမှုရှိကြောင်းကိုလည်း ပြသသင့် ပါသည်။ ကျွန်ုပ်အနေဖြင့်မှာမူ
သူတို့၏ အားလပ်ရက်များ၊ အလုပ်အကိုင် အကြောင်းများ၊ သားသမီးတို့၏
ကျောင်းနေရေးကိစ္စနှင့် သူတို့၏ မိတ်ဆွေ အကြောင်းများကို
ပြောနေကြသည်ကိုနားထောင်ရခြင်းအတွက် နှစ်သက်ကြည်
နူးမိပါသည်။ဤကဲ့သို့သောအကြောင်းအရာကိုပြောဆိုမှုများတို့သည် သူတစိမ်း ဆန်မှုကို
ခင်မင်ရင်းနှီးမှုအနေအထားဆီသို့ရောက်ရှိသွားစေပြီး၊ ဝိညာဉ်ရေးရာ ကိစ္စများဆီသို့
ကူးပြောင်းပြောဆိုရန်အတွက် လွယ်ကူသွားစေပါသည်။ ကျွန်ုပ် သည် ရှေးဦးစကားပုံဖြစ်သည့်
သူတို့အပေါ်သင်မည်မျှဂရုတစိုက်ရှိသည်ကို သူတို့သိရှိလာကြသည်အထိ သူတို့သည်
သင်မည်မျှသိရှိသည်ကို ဂရုမထားကြ ပါ ဆိုသည့်အချက်ကို ကျွန်ုပ်လက်ခံသဘောတူပါသည်။
၎င်းအချက်ကိုကျွန်ုပ်သည်
ကျွန်ုပ်၏ကိုယ်ပိုင်ဘ၀အချို့နှင့် မိသားစုကို မျှဝေပေးရန်အတွက် အသုံးဝင်ကြောင်းကို
တစ်ခါတစ်ရံတွင်ကျွန်ုပ်သိရှိရပါ သည်။ ကျွန်ုပ်သည် ပျော်ရွှင်မှုများကို
စိုးရိမ်သောကများနှင့်ဝမ်းနည်းပူဆွေးမှု
များတို့နှင့်ပြည့်၀သည့်သာမန်အသက်တာမျိုးသာရှိကြောင်းကိုပြသပေးခြင်းဖြင့်
သူတို့ကိုအသိပေးနိုင်ရန် ကြိုးစားပါသည်။ ဤနေရာတွင် သင်သည် သိသိ သာသာသတိထားရပါမည်။
သင့်အကြောင်းကို သင်ပြောပြရန်အတွက် အချိန် အများအပြားအကုန်ခံရခြင်းကို
သင်လိုလားမည်မဟုတ်ပါ။ သို့သော်လည်း အသင်းအုပ်ဆရာကိုယ်၌က ဤကဲ့သို့ လုပ်ဆောင်ရန်ပြင်ဆင်ပါက
အချို့သော သူတို့က ထိုကဲ့သို့လုပ်ဆောင်အောင်လမ်းဖွင့်နိုင်သည့်နည်းလမ်းကို အလွယ်တ
ကူတွေ့ ရှိနိုင်ကြပေမည်။
“အသင်းအုပ်ဆရာဆိုင်ရာလိုက်လံလည်ပတ်ကြည့်ရှုခြင်း၏
အခြေခံကျသောအချက် (၆) ချက်”
အသင်းသူအသင်းသားတို့ထံသို့
အလည်အပတ်သွားသောအခါ၊ ကိစ္စရပ် အတော်များများကို အောင်မြင်ပြီးမြောက်မှုရှိစေသော
ကြီးမားသည့်အခွင့် အလမ်းကို ဖြစ်ပေါ်စေပါသည်။ ကျွန်ုပ်သည် အသင်းအုပ်ဆရာဆိုင်ရာ
လိုက်လံကြည့်ရှုခြင်းအမှု၏ အသေးစိတ်အချက်အားလုံးတို့ကို ပေးအပ်ရန် မရည်ရွယ်သော်လည်း၊
မရှိမဖြစ် လိုအပ်သည့်အချက်များတို့ကို မျှဝေပေးလိုပါ သည်။
ထိရောက်သည့်အကျိုးဖြစ်ထွန်းမည့်လည်ပတ်ခြင်းတွင် ပါရှိသင့်သည့်
အခြေခံအချက်အနည်းဆုံး (၆) ချက်ရှိပါသည်။
၁။
“ကျမ်းစာတော်မြတ်ကိုဖတ်ရှုခြင်း”
အသင်းအုပ်ဆရာ၏
လည်ပတ်ခြင်းတစ်ခုတွင် ကျမ်းစာတော်မြတ်ကို ဖတ်ပေးခြင်းအလုပ်မပါရှိပါက
၎င်းလည်ပတ်ခြင်းသည် ပြည့်စုံမှုမရှိပါ။ သင် သွားလေရာရာ လည်ပတ်ခြင်းတို့တွင်
သင်၏သမ္မာကျမ်းစာအုပ်ကို ယူဆောင် သွားပြီး ဤကျမ်းစာအုပ်သည် သင်၏အသက်တာနှင့်
သင်၏အမှုတော်ဆောင် လုပ်ငန်းအတွက် အချက်အချာကျလှကြောင်းကို အသိပေးပြောကြားရပါမည်။
သင်အလည်အပတ်သွားမည့်သူ၏
အထူးတလည်လိုအပ်ချက်များတို့နှင့် ကိုက်ညီမှုရှိသည့်
ကျမ်းစာတော်မြတ်မှကျမ်းချက်အချို့ကို ရွေးချယ်ထားပါ။ တစ်ခါတစ်ရံတွင်
သင်သွားရောက်လည်ပတ်သည့်သူများတို့နှင့် စကားမပြောရ သေးသည်အထိ သူတို့၏
ပတ်ဝန်းကျင်အခြေအနေတို့ကို သင့်အနေဖြင့် အပြည့်အဝသိရှိနိုင်မည်မဟုတ်ပါ။
ထိုသူ၏လိုအပ်ချက်များအတွက် အသုံးချ နိုင်ရန်အတွက် ကျမ်းစာတော်မြတ်
ကောက်နုတ်ချက်စာသားတို့ဖြင့် အသေး စိတ်ရှင်းပြပေးပါ။ ဘုရားသခင်၏ကတိတော်တို့သည်
ယုံကြည်စိတ်ချအားထား ရသည့်အပြင် ဘုရားသခင်၏ နှုတ်တော်ထွက်တွင်
ခွန်အားကိုသူတို့တွေ့ရှိနိုင် ရန်အတွက် သင်၏လည်ပတ်ခြင်းသည်
သူတို့ကိုကူညီနိုင်ပါသည်။ အသင်းအုပ် ဆိုင်ရာလိုက်လံလည်ပတ်ကြည့်ရှုခြင်းတွင် သင်သည်
ကျမ်းစာတော်မြတ်ကို အသုံးပြုပါက သင်သည် ဘုရားသခင်၏နှုတ်တော်ထွက်ကို တန်ဖိုးထားပြီး
သူ၏ဘုန်းတန်ခိုးတော်ကို ယုံကြည်မှုရှိသောသူအဖြစ်၊ အသိအမှတ်ပြုပြောဆို သတ်မှတ်ခံရမည်ဖြစ်ပါသည်။
“လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုတွင်
ကျမ်းစာတော်မြတ်ကမည်ကဲ့သို့ကူညီနိုင်ပါသနည်း”
အသင်းသူအသင်းသားတို့၏
များစွာသော အသက်တာနယ်ပယ်များတွင်
သူတို့ကိုကျွန်ုပ်တို့က
ညွှန်ကြားမှုပေးရာတွင် ကျမ်းစာတော်မြတ်သည် ကျွန်ုပ်တို့ အားကူညီနေပါသည်။
အသင်းအုပ်ဆရာ၏ လည်ပတ်ခြင်းကာလအတွင်း
ကျမ်းစာတော်မြတ်ကို ဖတ်ရှုရသည့်အကြောင်းခြင်းရာများတို့ကို အောက်တွင်
ဖော်ပြထားပါသည်။
ကျမ်းစာတော်မြတ်သည်
ဘုရားသခင်၏ အလိုတော်ကိုသင်ကြားပို့ချပေး ပါသည်။ ဘုရားသခင်သည်
ကျွန်ုပ်တို့ကဝိညာဉ်ရေးရာအသက်တာဖြင့် နေ ထိုင်သွားကြရန်အတွက် ကျွန်ုပ်တို့ကို
ဖန်ဆင်းတော်မူပါသည်။ သို့သော်လည်း ထိုကဲ့သို့သော အသက်တာမျိုးကို
နေထိုင်သွားတတ်ကြရန်အတွက် ကျွန်ုပ်တို့ ထံမှဘုရားသခင်ကမည်သည့်အရာကိုတောင်းဆိုတော်မူသည်ဆိုခြင်းကို
ကျွန်ုပ် တို့က သင်ကြားရယူရပါမည်နည်း။ ကျွန်ုပ်တို့သည် အသင်းအုပ်ဆရာများ
ဖြစ်ကြသည်အားလျော်စွာ ကျွန်ုပ်တို့၏ အသင်းသူအသင်းသားတို့အနေဖြင့်
သူတို့၏အသက်တာများအတွက် ဘုရားသခင်၏ဆန္ဒတော်ကိုထွေးပိုက်ထားကြ ရန် ကျွန်ုပ်တို့လိုလားကြပါသည်။
သူတို့အားကျွန်ုပ်တို့က အကြံဉာဏ်ပေး သည်ထက်၊ သူတို့အနေဖြင့် ဘုရားသခင်၏
နှုတ်တော်ထွက်ကိုကြိုးစား ရှာဖွေ ကြရန် ကြီးကြပ်လမ်းညွှန်ပေးပြီး၊ သူတို့၏နေ့စဉ်
အသက်တာများအတွက် ကြီးကျယ်လှသော ကျမ်းစာတော်မြတ်ဆိုင်ရာ အခြေခံ
စည်းမျဉ်းများတို့ဆီသို့ ညွှန်ကြားပို့ဆောင်ပေးသင့်ကြပါသည်။
ဤကျမ်းစာတော်မြတ်ဆိုင်ရာအခြေခံစည်းမျဉ်းများတို့ကို
ဝေငှပေးရာတွင် သင်၏အသင်းသူအသင်းသားတို့သည် သခင်ယေရှုအားဖြင့် သူတို့သည် သန့်
ရှင်းပြီးဖြောင့်မတ်ခြင်းရှိနိုင်ကြရန်နည်းလမ်းကို သင်ကဖြန့်ဝေပေးသောအခါ
သူတို့အတွက် ဘုရားသခင်က လူအများလက်ခံနိုင်သည့် မြင့်မားသောအပြု အမူနှင့်
ကိုယ်ကျင့်တရားကို ချမှတ်ပေးထားတော်မူသည်ကို တွေ့မြင်လာကြ သည်နှင့် လူတို့သည်
တအံ့တဩဖြစ်နေကြပေမည်။ သူတို့၏ အားနည်းမှု အတွက် ဘုရားသခင်က မည်ကဲ့သို့သူတို့ကို
ခွန်အားပေးတော်မူခြင်းနှင့် သူတို့ ၏ ပရမ်းပတာ၀ရုန်းသုန်းကားအခြေအနေတွင်
မည်ကဲ့သို့ငြိမ်သက်ခြင်းကို ပေးတော်မူသည်ကို သင်ကြားရယူကြရန် သင့်အနေဖြင့်
သူတို့ကိုခွန်အားမြှင့် တင်ပေးရပါမည်။
ကျမ်းစာတော်မြတ်သည်ဘုရားသခင်၏ညွှန်ကြားတော်မူချက်ကို
ပေးကမ်း ပါသည်။ လည်ပတ်မှုတစ်ခုအတွင်း ကျမ်းစာတော်မြတ်ကိုဖတ်ပေးခြင်းသည်
ဘုရားသခင်၏အစီအစဉ်ကို သူ၏လူစုတော်တို့ထံသို့ မျှဝေပေးခြင်းပင်ဖြစ်ပါ သည်။
ကျွန်ုပ်တို့သည် ကျမ်းစာတော်မြတ်ကို အတူတကွလေ့ကျက်ကြခြင်းဖြင့် သမ္မာကျမ်းစာ၏
ထာ၀ရတည်မြဲမှုကို အသစ်တစ်ဖန် ပြန်လည်အမှတ်ရစေပါ သည်။ သမ္မာကျမ်းစာသည်
၎င်းကိုရေးသားထားသည့်အချိန်ကကဲ့သို့ပင် ယခု ခေတ်ကာလနှင့်လည်း
လိုက်လျောညီထွေဆီလျော်မှုရှိပါသည်။ ကျွန်ုပ်၏ အသက်တာတွင် ကျွန်ုပ်သည် မကြာမကြာ
စုံစမ်းစစ်ဆေးမှုများနှင့်ကြုံတွေ့ ရသောအခါတွင်
ကျွန်ုပ်အတွက်အထူးပြုရေးထားခြင်းဖြစ်သော သမ္မာကျမ်းစာ ၏အစိတ်အပိုင်းများတို့ကို
အမှတ်မထင်တွေ့မိပါသည်။
ကျွန်ုပ်တို့၏အသက်တာတွင်
သမ္မာကျမ်းစာသည် ကျွန်ုပ်တို့တွေးထင်ထား
သည့်နည်းလမ်းကိုပြောင်းပေးခြင်းအားဖြင့်ကျွန်ုပ်တို့ကိုဦးတည်ရာလမ်းကြောင်းကိုပေးပါသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်တော်ထွက်ကို ဖတ်ရှုခြင်း အားဖြင့်
ကျွန်ုပ်တို့၏ဦးစားပေးမှုများတို့သည် ပြောင်းလဲသွားပါသည်။ ဘုရား သခင်က
ကျွန်ုပ်တို့ရယူရန် သူအလိုရှိတော်မူသော ဦးတည်ရာလမ်းကြောင်း အသစ်တို့ကိုလည်း
ကျွန်ုပ်တို့ဖော်ထုတ်ရယူနိုင်ပါသည်။
ကျမ်းစာတော်မြတ်သည်ကျွန်ုပ်တို့ဒုက္ခရောက်သောအချိန်များတွင်
ကျွန်ုပ် တို့ကိုနှစ်သိမ့်မှုပေးပါသည်။ ကျမ်းစာတော်မြတ်သည် ကြီးမားသော
နှစ်သိမ့်မှု တစ်ခုဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့အတော်များများတို့သည် အသက်တာတွင်
မှောင်မိုက်သော အချိန်ကာလများတို့ကို ဖြတ်သန်းလာခဲ့ရကြပြီးနောက် နှစ် သိမ့်မှုကို
(ဆာလံ ၂၃း၄) တွင် “အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ... ကျွန်ုပ်ကိုချမ်းသာစေပါ၏”
ဟူ၍ တွေ့ရှိကြရပါသည်။ ဤစာလုံးများ တို့ကို ကျွန်ုပ်တို့ဖတ်ရှုကြသည်အလျောက်
ကျွန်ုပ်တို့၏မျှော်လင့်ချက် ကုန်ဆုံးမှု ကာလအတွင်း ကျွန်ုပ်တို့နှင့်အတူတကွ ဘုရားသခင်ထားရှိတော်မူသည့်
ခံစား ရမှုကို ခံစားရပါသည်။
ကျော်ဖြတ်လာခဲ့ရသည့်နှစ်များစွာအတွင်း
ကျွန်ုပ်နာမကျန်းဖြစ်ပြီး၊ ပရမ်း ပတာ၀ရုန်းသုန်းကားဖြစ်ချိန်နှင့်
ရှုပ်ရှုပ်ထွေးထွေးဖြစ်နေသော ကာလများ အတွင်း ကျွန်ုပ်သည် နှစ်သိမ့်မှုကို
ကျမ်းစာတော်မြတ်ထဲတွင် အမြဲတစေတွေ့ ရှိခဲ့ရပါသည်။ ဘုရားသခင်၏ နှုတ်တော်ထွက်တို့သည်
ကျွန်ုပ်အားဖြေသိမ့်မှု ပေးပါသည်။ သူသည် ကျွန်ုပ်အား
ဝမ်းမြောက်ရွှင်လန်းခြင်းကတိတော်နှင့် ပတ် သက်သည့်
အသက်တာကိုပေးတော်မူခဲ့ပြီးဖြစ်ပါသည်။ သူ၏နှုတ်တော်ထွက် ကိုဖတ်ရှုခြင်းသည်
သူ၏ဦးဆောင်ပဲ့ပြင်တော်မူမှုကို လိုအပ်ကြသော ကျွန်ုပ်တို့ အား
အမှန်တကယ်ရရှိစေမည့်အတည်ပြုချက်ကိုသိရှိစေပါသည်။ သင်၏လည်
ပတ်မှုတစ်ခုစီတိုင်းတို့တွင်သင်နှင့်အတူသင်၏ကျမ်းစာတော်မြတ်ကို ယူဆောင်
သွားပြီးဖတ်ပြပေးရန် မည်သည့်အခါမျှမမေ့ပါနှင့်။ ဤသို့သောအားဖြင့် သင်၏
အသင်းဝင်သူများနှင့်သင်အပါအဝင် နှစ်ဦးနှစ်ဖက်တို့သည် ကောင်းချီးမင်္ဂလာ
တစ်ရပ်ကိုခံစားရကြမည်ဖြစ်ပါသည်။
(၂)
“နားထောင်ပေးခြင်း”
ရိုးသားဖြူစင်စွာဖြင့်
အာရုံစိုက်မှုနှင့်နားထောင်ပေးခြင်းသည်
အမှုတော် ဆောင်ခြင်း၏ အရေးကြီးသော ကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။ ပါးနပ်မှုရှိသော
အသင်းအုပ်ဆရာတစ်ယောက်သည် သူတို့ကမည်သည့်အရာကိုပြောဆိုကြမည် ကို
တွေးဆမိမည်ဖြစ်သော်လည်း ပညာရှိပြီးကရုဏာထားတတ်သော အသင်း အုပ်ဆရာတစ်ယောက်သည်
ထိုသူတို့အနေဖြင့် ထိုသို့သောစကားမျိုးကိုပြော ဆိုနိုင်မည့်အခွင့်အလမ်းမျိုးကို
ပေးတတ်ပါသည်။
အများအားဖြင့်
လူတို့သည် ပိုမိုနားထောင်တတ်သောသူထက် အပြော ကောင်းသောသူက အရေအတွက်အားဖြင့်
ပိုမိုများပြားပါသည်။ ၎င်းအချက် သည် အသင်းအုပ်ဆရာများတို့တွင်လည်း
ခြားနားမှုမရှိပါ။ ကျွန်ုပ်တို့အား ညံ့ဖျင်းသော နားထောင်တတ်သူများဖြစ်အောင်
မည်သည့်အရာကလုပ်ဆောင် ပါသနည်း။ အဦးဆုံးအနေဖြင့် ကျွန်ုပ်တို့သည်
မည်ကဲ့သို့နားထောင်ပေးရကြ မည်ကို မည်သည့်အခါကမျှသင်ကြားပို့ချခြင်းမခံခဲ့ရကြပါ။
စာသင်ကျောင်း တွင် ကျွန်ုပ်တို့သည် မည်ကဲ့သို့ ပြောဆိုကြရမည်၊
မည်ကဲ့သို့စာဖတ်ကြရမည် နှင့် မည်ကဲ့သို့စာရေးရကြမည်ကို
ပို့ချပေးခြင်းခံကြရသော်လည်း တစ်ဖက်လူ က ပြောလာသောစကားကို စိတ်ပါလက်ပါဖြင့်
အာရုံပြုနားထောင်ပေးရသည့် သင်ရိုးညွှန်းတမ်းမျိုးမရှိပါ။ ဒေးလ်ကာနယ်ဂျီက သူ၏
စာအုပ် “မိတ်ဆွေများ ကိုသိမ်းသွင်းနည်းနှင့်
လူတို့အပေါ်ဩဇာလွှမ်းမိုးနိုင်မည့်နည်းလမ်းများ” အထဲ တွင်
“ကောင်းမွန်စွာနားထောင်ပေးတတ်သူတစ်ယောက်ဖြစ်ပါစေ။ အခြား သောသူတို့အား မိမိတို့ hအကြောင်းတို့ကိုပြောကြားအသိပေးရန်
အားပေးတိုက် တွန်းပါ” ဟူ၍ရေးသားထားပါသည်။ နားထောင်ပေးခြင်းအားဖြင့် သင်သည်
လူတို့နှင့်ပတ်သက်ပြီး၊ စိတ်ဝင်စားဖွယ်ရာအကြောင်းအများအပြားတို့ကို ဖော်
ထုတ်သိရှိနိုင်ပါလိမ့်မည်။ တစ်ချိန်တည်းတွင် သင်သည် စကားပြောခြင်းနှင့်
နားထောင်ခြင်းကိုတစ်ပြိုင်တည်းမလုပ်ဆောင်နိုင်ပါ။ ရှေးဟောင်းဂရိတွေးခေါ်
ပညာရှင်ဖြစ်သူ ဒိုင်အိုဂျဲနက်(စ်) က၊ အဆိုအမိန့်အဖြစ် “ကျွန်ုပ်တို့သည်
ပိုမိုကြားရရန်နှင့်အနည်းငယ်သော စကားပြောရန်အတွက် နားကနှစ်ဖက်ရှိပြီး၊
လျှာမှာမူတစ်ချောင်းသာရှိပါသည်” ဟူ၍ ပြောဆိုခဲ့ပါသည်။
“နားထောင်ပေးသောသူများအဖြစ်ရှိရမည့်အသင်းအုပ်ဆရာများ”
လူအများအပြားတို့သည်
မျှော်လင့်ချက်ကင်းလောက်အောင် လိုအပ်မှုရှိ နေကြပါသည်။ သို့သော်
ကျွန်ုပ်တို့အနေဖြင့် သူတို့၏လိုအပ်ချက်အတွက် ပြော ဆိုချက်များတို့ကို
နားထောင်ပေးခြင်းမရှိဘဲ သူတို့အားမည်ကဲ့သို့ ကူညီရကြ မည်ကို မည်ကဲ့သို့
သိရှိနိုင်ကြမည်နည်း။ လူမှုဆက်ဆံရေးအနေအထားဆီသို့ မည်သည့်စစ်မှန်သော
နားထောင်ပေးမှုက ရောက်ရှိစေပါသနည်း။
တလေးတစားရှိပါစေ -
နားထောင်ပေးခြင်းသည် အခြားသောသူတို့ အပေါ် လေးစားမှုကိုပြသပါသည်။ အကယ်၍သာ
ကျွန်ုပ်သည်သင့်အား လေး စားပါက သင်က ကျွန်ုပ်အားပြောကြားသောအရာကို
ကျွန်ုပ်ကသေသေချာချာ နားထောင်ပေးမည်သာ ဖြစ်ပါသည်။ သင်ပြောပြပေးသည့်အကြောင်းအရာကို
ကျွန်ုပ်စိတ်ဝင်တစားရှိခြင်းကို ကျွန်ုပ်၏နားထောင်ပေးခြင်းက ပြသနေပါသည်။ ဤအချက်သည်
ကျွန်ုပ်အနေဖြင့် သင့်အားပုဂ္ဂိုလ်တစ်ဦးအနေဖြင့် စိတ်ဝင် တစားရှိသည်ဆိုခြင်းကို
ပြောပြခြင်းဖြစ်ပါသည်။
ရိုးသားပွင့်လင်းမှုရှိပါ
- နားထောင်ပေးခြင်းသည် တစ်ဦးတစ်ယောက်၏ သဘောထားအမြင်အာဘော်အပေါ်
ရိုးသားပွင့်လင်းမှုရှိခြင်း၏ အမှတ်လက္ခ ဏာပင်ဖြစ်ပါသည်။
လူများတို့ကပြောဆိုမည့်အရာကို သင့်အနေဖြင့်လိုလိုလား လားရှိပါက သူတို့သည်လည်း
သင်ပြောပြမည့်အရာအပေါ် လိုလိုလားလား ရှိကြပေမည်။ အခြားသောသူတို့၏
သဘောထားအမြင်အာဘော်အပေါ် သင် ကလိုလိုလားလားရှိသည်ကို ပြသပေးခြင်းသည် သူတို့၏
ကိုယ်ပိုင်ခံစားချက်ကို ထုတ်ဖော်ပြောဆိုရန်အတွက်
လုံခြုံစိတ်ချရမှုကိုခံစားကြရစေပြီး၊ ပိုမို၍ရိုးသား ပွင့်လင်းစွာရင်ဖွင့်ကြပေမည်။
လူတို့နှင့်အတူရှိနေပါ
- နားထောင်ပေးခြင်းသည် လူတို့နှင့်အတူတကွ ရှိနေသည့်အဓိပ္ပါယ်ဆောင်ပါသည်။
သင်၏စိတ်အတွေးသည် ဟိုရောက်သည် ရောက်ဖြင့်စတင်ပျံ့လွင့်ပါက ၎င်းအခြေအနေသည်
သင်နားထောင်ပေးခြင်း မဟုတ်ပါ။ နားထောင်ပေးနိုင်ရန်အတွက် စိတ်ရှည်သည်းခံမှုရှိရန်
လိုအပ်ပါ သည်။ နားထောင်ပေးခြင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုင်နားထောင်
ပေးရန်ချည်းသက်သက်မဟုတ်ပါ။ နိုးကြားတက်ကြွသည့် နားထောင်ပေးသူ
တစ်ယောက်အဖြစ်ရှိနေပြီး၊ အလွယ်တကူ နားလည်နိုင်ရေးအတွက် ရံဖန်ရံခါ
မေးမြန်းခြင်းခံရသည့်အနေအထား သို့မဟုတ် တစ်စုံတစ်ရာအကြောင်းအရာ အတွက် ထပ်မံပြောပြပေးရန်
တောင်းဆိုခံရသည့်အခြေအနေမျိုးနှင့် ကြုံတွေ့ နေရသည့်အနေအထားမျိုးတွင်
ရှိနေရသည်ကိုပြသပေးပါ။ လိမ္မာပါးနပ်မှုရှိ သော
နားထောင်ပေးသူတစ်ယောက်အဖြစ်ရှိနေခြင်းသည် အကျင့်စရိုက်ကို ပျိုးထောင်ပေးရန်အတွက်
လေ့ကျင့်မှုတစ်ခုဖြစ်ပါသည်။ “သင်၏စိတ်နှလုံး အနီးသို့ သင်၏ နားရွက်ကိုချထားပြီး
လေးလေးနက်နက် နားထောင်ပါ” (အယ်နီစက်က်စ်တန်) ကြိုးပမ်းအားထုတ်မှုအတွက်
ရရှိသည့်ဆုလာဘ်သည် ထိုက်တန်မှုရှိလှပါသည်။ တစ်စုံတစ်ရာသော ဆက်ဆံရေး၏ အောင်မြင်မှု
ပမာဏကို နှစ်ဦးနှစ်ဖက်တို့၏နားထောင်ပေးနိုင်စွမ်းအတိုင်းအတာအားဖြင့်
တိုင်းတာနိုင်ပါသည်။
အသင်းအုပ်ဆရာများအနေဖြင့်
စကားပြောကောင်းခြင်းသည် ကောင်း မွန်
ပြေပြစ်သည့်ဆက်သွယ်ရေးနှင့်တူညီသည့်သဘောဆောင်သည်ဟု ထင် မှတ်ကြသည့်အလျောက်
သူတို့သည် စကားပြောခြင်းဆိုင်ရာ အရည်အချင်းကို သာ အာရုံစူးစိုက်ကြပါသည်။
နားထောင်ပေးရန်အတွက်ရှိရမည့်အရည်အချင်း သည် အောင်မြင်သည့်ဆက်သွယ်ရေးအတွက်
အရေးကြီးသည့်အစိတ်အပိုင်း နှင့် တူညီမှုရှိသည့်အရာတစ်ခု ဖြစ်ပါသည်။
(၃)
“ဓမ္မတေးတစ်ပုဒ်ကိုသီဆိုပေးခြင်း”
လိုက်လံလည်ပတ်ကြည့်ရှုခြင်းများ
လုပ်ဆောင်စဉ်ကာလအတွင်း၊ တေး သီချင်းတစ်ပုဒ်ကိုသီဆိုသင့်ပါသည်။ ဤလုပ်ရပ်သည်
ထူးဆန်းသကဲ့သို့ရှိသော် လည်း တွေးတောကြံဆမှုအသစ်အဆန်းတစ်ခုမဟုတ်ပါ။ ကျွန်ုပ်သည်
ကလေး ငယ်ဘ၀က ဒေသခံအသင်းတော်၏ အသင်းလူကြီးတစ်ယောက်ဖြစ်ခဲ့သူ၊ ကျွန်ုပ်၏ဖခင်နှင့်အတူ
အသင်းတော်အသင်းဝင်တို့ထံသို့ တစ်ခါတစ်ရံလိုက်ပါ လည်ပတ်လေ့ရှိခဲ့ပါသည်။
အသင်းဝင်သူတို့၏အိမ်များတွင် ကျွန်ုပ်ဖခင်သည် ဓမ္မတေးတို့ကိုသီဆိုလေ့ရှိပါသည်။
ဤလုပ်ရပ်မျိုးကို ကျွန်ုပ်ဖခင်က မည်သည့် နေရာကသင်ကြားရယူခဲ့သည်ကို
ကျွန်ုပ်အတွေးမပေါက်ပါသော်လည်း၊ လူ အများတို့က မည်မျှလောက်
ထိုဓမ္မတေးသီဆိုပေးမှုကို ကြိုက်နှစ်သက်ခဲ့ကြ သည်ကို
ကျွန်ုပ်တွေ့မြင်နိုင်ခဲ့ပါသည်။ သူ၏လုပ်ရပ်နမူနာအတိုင်း ကျွန်ုပ်
လိုက်ပါလုပ်ဆောင်ခဲ့ပါသည်။
ဓမ္မတေးသီချင်းတို့သည်
တန်ဖိုးရှိလှပြီးအစွမ်းထက်လှသည်ကို ကျွန်ုပ် ယုံကြည်ပါသည်။ ဘုရားသခင်သည်
သူ၏လူစုတော်တို့အား သူပေးအပ်တော် မူသောသတင်းစကားတော်ကို သူတို့၏စိတ်ထဲတွင်
စွဲမြဲထင်မြင်ကျန်ရစ်စေရေး အတွက် ၎င်းသတင်းစကားတော်ကို သီချင်းအဖြစ်
ပုံဖော်ရေးသားထားရန် မောရှေအား ညွှန်ကြားမိန့်တော်မူခဲ့ပါသည်။ (တရား ၃၁း၁၉)။
ဆာလံကျမ်း သည်လည်း ချီးမွမ်းခြင်းနှင့် အားပေးတိုက်တွန်းခြင်းအတွက်အသုံးပြုရန်
စပ်ဆို ထားခဲ့သည့်သီချင်းများကိုစုပေါင်းသည့် ကျမ်းတစ်ကျမ်းဖြစ်ပါသည်။
“ဓမ္မတေးသီဆိုခြင်း၏
အကျိုးကျေးဇူးများ”
ကောင်းမွန်သောတေးဂီတသည်
ကျန်းမာရေးအတွက် အပြုသဘော ဆောင်သည့် အကျိုးကျေးဇူးများဖြစ်သည်ကို
များစွာသောကျွန်ုပ်တို့သည် သတိ ပြုမိနေကြပါသည်။
ဝမ်းမြောက်ရွှင်လန်းခြင်းအသိစိတ်တစ်ခုကို မြှင့်တင်ပေး သည့်အပြင်
ကောင်းမွန်သောတေးသီချင်းသည် ကျွန်ုပ်တို့ခံစားရကြသည့် စိတ် ဖိစီးမှုအဆင့်များတို့ကိုလည်း
လျော့ပါးသွားစေပါသည်။ အခက်အခဲပြဿနာ များတို့နှင့်ဆက်နွှယ်မှုရှိသည့်
စိတ်ဖိစီးမှုအများအပြားတို့ကို ဖြေရှင်းရာတွင် ပုံမှန်ဓမ္မတေးသီဆိုခြင်းသည်
အထောက်အကူပြုပေးပါသည်။
သခင်ယေရှုသည်
တရားဇရပ်အတွင်းစုဝေးတွေ့ဆုံပွဲများတွင် ဓမ္မတေး သီဆိုမှုအလေ့အကျင့်ကို
ဓမ္မသစ်ကျမ်းစာတော်မြတ်တွင် အသိပေးဖော်ပြထား ရာတွင် သူ၏ ဖခမည်းတော်ထံသို့
ဓမ္မတေးကိုသီဆိုရန် သူ၏တပည့်တော်
တို့ကိုဦးဆောင်တော်မူသည့်အကြောင်းကိုဖော်ပြထားပါသည်။ (မဿဲ ၂၆း၃၀) ရှင်ပေါလုသည်ယုံကြည်သူတို့အား
တရားဇရပ်စုဝေးဝတ်ပြုပွဲများတွင် ဓမ္မတေး များကိုသီဆိုကြရန် နောက်ပိုင်းတွင်
နှိုးဆော်တိုက်တွန်းခဲ့ပါသည်။ (၁ကော ၁၄း၂၆) က ရှင်ပေါလုတိုက်တွန်းခဲ့သည့်အတိုင်း
သူတို့လုပ်ဆောင်ခဲ့ကြသဖြင့် သူတို့ဝိညာဉ်တော်နှင့်ပြည့်၀ခဲ့ကြပါသည်။ (ဧဖက်
၅း၁၈-၁၉) များစွာသော ဓမ္မ တေးတို့တွင် ကျမ်းစာတော်မြတ်၏
အစိတ်အပိုင်းများပါဝင်နေပါသည်။ ဝိညာဉ် ရေးဆိုင်ရာတေးသီချင်းများတို့ကို
သီဆိုခြင်းသည် သခင်ခရစ်တော်၏ နှုတ် တော်ထွက်ကို ကျွန်ုပ်တို့အတွင်း၌
ကိန်းအောင်းဝင်ရောက်စေသည့် အကောင်း ဆုံးသောနည်းလမ်းတစ်ခုဖြစ်ပါသည်။ (ကောလောသဲ ၃း၁၆)
တရားဇရပ် စုပေါင်းဝတ်ပြုပွဲတွင် ဓမ္မတေးကိုသီဆိုခြင်း သို့မဟုတ်
အိမ်တွင်သီဆိုခြင်းသည် မရှိမဖြစ်လိုအပ်သည့် အပြန်အလှန်သင်ကြားပို့ချခြင်း၊
ခွန်အားပေးတိုက်တွန်း ခြင်းနှင့် ရှင်ပေါလုညွှန်ကြားထားခဲ့သည့် (၁ကော ၁၄း၂၆)
တွင်ပါရှိသည့် အတိုင်း ယုံကြည်သူတို့အား ပျိုးထောင်ပေးရန်အတွက် မရှိမဖြစ်လိုအပ်သော
အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
ဤကဲ့သို့သောဓမ္မတေးသီဆိုခြင်းသည်
အသင်းဝင်သူတို့အား ဧဝံဂေလိ
တရားတော်ကိုသင်ကြားပို့ချပေးခြင်းနှင့်စေ့ဆော်ပေးခြင်းလုပ်ဆောင်မှုအတွက်
အထိရောက်ဆုံးသောနည်းလမ်းများအနက်မှ နည်းလမ်းတစ်ခုလည်း ဖြစ်ပါ သည်။
ဓမ္မတေးတစ်ပုဒ်သည် ဆုတောင်းချက်တစ်ခုဖြစ်ပါသည်။ ထို့အပြင် ဤကဲ့သို့သောအားဖြင့်
ကျမ်းစာတော်မြတ်ကို ဖတ်ရှုခြင်းနှင့်ဆုတောင်းခြင်း၏
အံ့ဩဖွယ်သောရှေ့ပြေးနိမိတ်အဖြစ် ဓမ္မတေးသီဆိုခြင်းသည် ဖြစ်တည်လာခဲ့ ပါသည်။
အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုတိုင်းတွင်
ဓမ္မတေး သီဆိုခြင်းကို အမှန်တကယ်လုပ်ဆောင်နိုင်သည့်အိမ်တွင် အချိန်တိုဝတ်ပြုကိုး
ကွယ်ခြင်းကို လုပ်ဆောင်သင့်ပါသည်။ ကျွန်ုပ်တို့သည် ဓမ္မတေးကိုသီဆိုကြ သည်အလျောက်
ကျွန်ုပ်တို့သည် အတူတကွရွှင်လန်းခြင်းကို ဖော်ဆောင်ကြပြီး ဘုရားသခင်၏ ဂုဏ်တော်ကို
အတူတကွချီးမွမ်းရာရောက်ပါသည်။ မိသားစုဝင် များတို့သည်လည်း အတူတကွ
ပါဝင်လာကြရေးအတွက် သူတို့ကိုတိုက်တွန်း အားပေးရပါမည်။
တမန်တော်ရှင်ပေါလု၏
(ကောလောသဲ ၃း၁၆) တွင်ပါရှိသော သင်ကြား ပို့ချမှုများအတိုင်း
ကျွန်ုပ်တို့လိုက်လျှောက်ကြပြီး ကျေးဇူးတရားများအကြောင်း ကို
သင်ကြားပို့ချခြင်းနှင့်ပေးကမ်းခြင်းအမှုများအတွက် ဓမ္မတေးသီချင်းတို့၏
အရေးပါမှုကို မည်သည့်အခါမျှအထင်သေးလျှော့တွက်ခြင်းမပြုဘဲရှိနေကြပါစို့။
ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင်သီဆိုကြသော ကျွန်ုပ်တို့၏ဓမ္မတေးများကို ဘုရား
သခင်နားထောင်
ကြားသိတော်မူကြောင်းကို သတိတရရှိကြပါ။
(၄)
“ဆုတောင်းခြင်း”
လည်ပတ်ခြင်းအစီအစဉ်တစ်ခုတွင်
ဆုတောင်းခြင်းအမှုကို ထည့်သွင်း ထားရပါမည်။ ဆုတောင်းခြင်းသည် အထူးထူးသော
အတိုင်းအတာပမာဏကို ထပ်ဆောင်းပေးပါသည်။ ၎င်းဆုတောင်းခြင်းသည် ဘုရားသခင်အပေါ်
ကျွန်ုပ် တို့၏မှီခိုအားထားရမှုကို ပြသရာရောက်သည့်အပြင် ကျွန်ုပ်တို့၏ ဝန်းကျင်
လေထုကိုပြောင်းလဲပေးစေသည့် သူ၏တည်ရှိတော်မူခြင်းကို ခွင့်ပြုရာလည်း ရောက်ပါသည်။
သူတစ်ပါးတို့အတွက်
ကျွန်ုပ်တို့ဆုတောင်းပေးသောအခါ နှစ်ဦးနှစ်ဖက် အတွက်အပြန်အလှန်ဖြစ်သော
ကောင်းချီးမင်္ဂလာတစ်ရပ်ကို ဖြစ်ပေါ်စေပါ သည်။
ကျွန်ုပ်တို့ဆုတောင်းပေးသောသူတို့အတွက် ကျွန်ုပ်တို့လုပ်ပေးလိုသည့်
အကောင်းဆုံးသောအရာအတွက် ကျွန်ုပ်တို့၏ဆုတောင်းသံတို့ကို ဘုရားသခင်
ကနားညောင်းတော်မူပြီး၊ နားလည်ပေးတော်မူပါသည်။ တစ်စုံတစ်ရာသော နာမကျန်းဖြစ်သူ
သို့မဟုတ် သူတို့၏အသက်တာတွင် ပြုစုစောင့်ရှောက်မှုကို လိုအပ်နေကြသော
အထီးကျန်သူတို့အတွက် ဆုတောင်းပေးခြင်းသည် အရှိကို
အရှိအတိုင်းလုပ်ဆောင်နိုင်ခြင်းလည်းဖြစ်ပါသည်။ “ကြွယ်၀ချမ်းသာသောသူ သည်
ဆုတောင်းပေးတတ်သောမိတ်ဆွေတစ်စုံ တစ်ယောက်ရှိသောသူဖြစ်ပါ သည်” (Jညေငခန Hကါ့နျ). ကျွန်ုပ်တို့၏ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ ဝန်းကျင်တွင်
ကောင်းချီးမင်္ဂလာအသိုက်အဝန်းကို ပုံဖော်ပေးသည့်အပြင်
ကျွန်ုပ်တို့ဆုတောင်းပေးသောသူတို့၏ဝန်းကျင်တွင်လည်း ကောင်းချီးမင်္ဂလာ
အသိုက်အဝန်းကိုဖြစ်စေပါသည်။
နေ့စဉ်နေ့တိုင်းနီးပါး
ကျွန်ုပ်သည် တစ်စုံတစ်ယောက်အတွက် ဆုတောင်း
ပေးရန်
တောင်းဆိုခြင်းခံရသောအနေအထားမျိုးတွင် မိမိကိုယ်ကို တွေ့မြင်မိပါ သည်။
အခြားသောသူအတွက် ဆုတောင်းပေးခြင်းဆိုသည်မှာ အစဉ်အမြဲ လုပ်ဆောင်ရန်အတွက်
အလွယ်ကူဆုံးသော အရာမျိုးမဟုတ်ပါ။ သင်၏ အမှုတော်ဆောင်ခြင်းဆုတောင်းမှုအတွက်
အထောက်အမပေးနိုင်သော အခြေ ခံခြေလှမ်းအချို့တို့ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။
လူကိုသိရှိအောင်လုပ်ပါ
- သင်ဆုတောင်းပေးစေသောသူကို သင်က သိရှိရန်အတွက် အချိန်တစ်ခုကိုရယူပါ။ ဤလုပ်ရပ်သည်
အလွန်အရေးကြီး သော အချက်နှစ်ရပ်ကို ပြီးမြောက်စေပါသည်။ ပထမအချက်အဖြစ်၊ ထိုသူ
အတွက်သင်မည်ကဲ့သို့ ဆုတောင်းပေးရမည်ကို ကူညီပေးပါသည်။ ဒုတိယ အချက်အဖြစ် သင်ဆုတောင်းပေးသောသူတို့သည်
သင်နှင့်အတူတကွ သက်
သောင့်သက်သာအနေအထားမျိုးဖြင့်စိတ်ကျဉ်းကြပ်မှုမရှိဘဲခံစားရနိုင်ပါသည်။
မိမိကိုယ်ကိုမိမိအထင်မကြီးပါနှင့်
- သူတို့အနေဖြင့် အလွန်အကူအညီ ရစေသည့်မည်သည့်အရာမျိုးကို ဘုရားသခင်ထံတော်မှ
တောင်းခံစေလိုကြ သည်ဆိုသည့်အချက်ကို လူတို့အားကျွန်ုပ်ရိုးသားစွာဖြင့်
တွေ့ဆုံမေးမြန်းခဲ့ပါ သည်။ ကျွန်ုပ်ဆုတောင်းရာတွင် သူတို့နှင့်ပတ်သက်ပြီး
မည်သည့်အကြောင်း အရာကို ဘုရားသခင်ထံတော်သို့သယ်ပို့ပေးရမည် သို့မဟုတ် သူတို့၏အနေ
အထားတို့အကြောင်းကို အသိပေးဆုတောင်းပေးရမည်ဆိုသည့်အကြောင်း တို့ ကိုပါ
မေးမြန်းကြည့်ပါသည်။
အမှန်အားဖြင့်သူတို့သည်
မိမိတို့ကိုယ်တိုင်မိမိတို့ဆုတောင်းနိုင်ကြပါသော် လည်း
ထိုကဲ့သို့လုပ်ဆောင်ရန်အတွက် သူတို့သည် သက်သောင့်သက်သာဖြင့်
လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ ပိုမိုတင့်တယ်မှုရှိပြီးအဓိပ္ပါယ်ပြည့်၀သည့် အခြေ
အနေမျိုးကိုဖန်တီးနိုင်ရန်အတွက် သူတို့အနေဖြင့် ဘုရားသခင်ထံတော်သို့
မည်သည့်အရာကိုပြောကြားလိုကြသည်ဆိုခြင်းကို သူတို့အားမေးမြန်းကြည့်ပါ။
မိမိကဆုတောင်းပေးမည့်သူအားတို့ထိပေးပါ
- မတော်မလျော်သော လုပ်ရပ်အဖြစ်ထင်မြင်ခြင်းမခံရပါက သင်ဆုတောင်းပေးရမည့်သူတို့၏
အပေါ် သို့ သင်၏လက်ကို သင်ဆုတောင်းပေးစဉ်တင်ထားပါ။ ဤလုပ်ရပ်သည်
ထူးထူးကဲကဲဆက်နွှယ်မှု သို့မဟုတ် စွမ်းအားဆိုင်ရာအတုံ့အလှည့်ဖြစ်စေသည့်
အခြေအနေမျိုး တစ်စုံတစ်ရာကို ဖန်တီးပေးသည်ဟု ကျွန်ုပ်မယုံကြည်ပါ။ သို့သော်ငြားလည်း
ဤလုပ်ရပ်သည် ဆုတောင်းခြင်းအတွက် ပုဂ္ဂိုလ်ရေးနှင့်
ရင်းနှီးမှုအနေအထားပိုမို၍ခိုင်မာလာစေရန်နောက်ခံပြုပေးသည့်အနေအထား
ကိုဖန်တီးပေးသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ စောင်မမှုရှိသောလက်တစ်ဖက် သည် ပခုံးတစ်ခုပေါ်တွင်ရှိနေခြင်းဖြင့်သင်ဆုတောင်းပေးသည့်လူအား
နှစ်သိမ့် မှုကို အလွန်ကြာသွားအောင် လုပ်ဆောင်ပေးနိုင်ပါသည်။ သို့သော်လည်း
သင်၏တစ်စုံတစ်ရာသောထိတို့မှုသည် မတော်မလျော်သော လုပ်ရပ်အဖြစ်
အထင်ခံရနိုင်သည့်အခြေအနေဖြစ်သည့် အထူးသဖြင့် ဆန့်ကျင်ဖက်လိင်ကို ထိတို့သည့်လုပ်ရပ်မျိုးကိုမူ
အထူးသတိထားရှောင်ကြဉ်သင့်ပါသည်။
သင်သည်စိတ်ပါလက်ပါအူလှိုက်သည်းလှိုက်ဆူတောင်းပါ
- သင်သည် သဲကြီးမဲကြီးအူလှိုက်သည်းလှိုက်ဖြင့်ဆုတောင်းပါ။ သင်သည်ဆုတောင်းရာတွင်
သင်ကြီးကြပ်စောင့်ရှောက်ရသောသူနှင့်ပြောဆိုရခြင်းမဟုတ်ဘဲ ဘုရားသခင် နှင့်စကား
ပြောနေရသည်ဆိုခြင်းကို သတိတရရှိပါ။
အယ်လင်ဝှိုက်က
“ဆုတောင်းခြင်းသည် မိသားစုတိုင်းတို့ထံသို့လည်ပတ် ခြင်းပြုရာတွင် ပါဝင်ရမည့်
အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ သူတို့အားအိမ် တွင် အတူတကွရှိနေကြရေးအတွက်
ဖိတ်ခေါ်ကမ်းလှမ်းခြင်းမရှိဘဲ သူတို့ထံသို့ ဝင်ရောက်ခြင်းမပြုရန်နှင့် သင်သည်
သူတို့ထံမှထွက်ခွာမသွားမီ ဦးညွှတ်ပြီး သူတို့နှင့်အတူဆုတောင်းပါ” ဟူ၍
အသိပေးသတိပေးခဲ့ပါသည်။ ဆုတောင်း ခြင်းကို တစ်စုံတစ်ရာသော
ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး လုပ် ဆောင်၍ရနိုင်ပါသည်။ သို့သော်လည်း
အခြားသောသူတို့၏ရှေ့မှောက်တွင်မူ စွမ်းအားပြည့်၀လှသည့်ရင်းနှီးမှုများတို့ကို
ဖန်တီးပေးနိုင်ပါသည်။ မျှဝေပေးမှု ရှိသည့်အတွေ့အကြုံသည် သူတို့အား
ဝိညာဉ်ရေးဆိုင်ရာထက်သန်မှုအပေါ် အာရုံပြုကြသည့်အနေအထားဆီသို့
အတူတကွဆွဲဆောင်ပေးပါသည်။ စစ်မှန် သော ဝိညာဉ်ရေးဦးဆောင်သူမည်သည် သူ၏ လူတို့အတွက်
အမြဲတစေ ဆုတောင်းပေးပါသည်။
(၅)
“ဝိညာဉ်ရေးကိစ္စဆောင်ရွက်ရန်စာရင်းဇယား”
ကျန်းမာရေးအခက်အခဲပြဿနာများတို့ကို
ချင့်တွက်ရန်နှင့်ဖော်ထုတ်သိရှိ နိုင်စေရန်အတွက် ဆရာဝန်များတို့သည်
များစွာသောမေးခွန်းတို့ကို မေးမြန်းရ ကြပါသည်။ အသင်းအုပ်ဆရာများတို့သည်လည်း
ဝိညာဉ်ရေးဆိုင်ရာဆရာဝန် များဖြစ်ကြပြီး အကယ်၍သူတို့သည်
ဝိညာဉ်ရေးဆိုင်ရာလိုအပ်ချက်များတို့ကို ဖော်ထုတ် သိရှိနိုင်ကြရန်အတွက်
အထောက်အကူဖြစ်စေသည့်မေးခွန်းများကို မေးမြန်းကြမည်ဆိုပါက၊
သူတို့၏လုပ်ငန်းဆောင်တာသည် အထူးလွယ်ကူမှုရှိ သည့်အပြင်
ပိုမိုထိရောက်သည့်အကျိုးဖြစ်ထွန်းမှုမျိုး ရရှိနိုင်ကြပေမည်။ အယ်လင်ဝှိုက်က
အသင်းအုပ်ဆရာတို့အနေဖြင့် “သူတို့၏အသက်ဝိညာဉ်များ တို့၏
ကျန်းမာရေးကိစ္စများတို့ကို စုံစမ်းမေးမြန်းကြပါ။ ကျွမ်းကျင်လှသော
ဆရာဝန်တစ်ယောက်သည် မည်သည့်အရာကို လုပ်ဆောင်ပါသနည်း။ အထူး သဖြင့်
ရောဂါဖြစ်စဉ်တို့ကို စုံစမ်းမေးမြန်းပြီးသည် နောက်ကုသရေးတို့ကို လုပ်ဆောင်ရန်အတွက်
နည်းလမ်းရှာဖွေမည်ဖြစ်သည်။ ဤနည်းအတိုင်းပင် အသက်ဝိညာဉ်ရေးရာဆရာဝန်သည်လည်း
သူ၏အသင်းဝင်အစုအဖွဲ့မှ ဒုက္ခ ဖိစီးခံရသည့်အသင်းဝင်တို့အား
ဝိညာဉ်ရေးဆိုင်ရာအဖျားအနာဖြစ်စဉ်ကို မေးမြန်းစုံစမ်းပြီးသည့်နောက်
သင့်လျော်သောကုသမှုများကိုစီမံခန့်ခွဲရန် စတင် လုပ်ဆောင်သည့်အနေဖြင့်
ကြီးမြတ်တော်မူသော သမားတော်ကြီးထံတော်သို့ သူ၏ အကူအညီအတွက်
သွားရောက်တောင်းခံပါသည်။ သူတို့၏လိုအပ်မှုများ တို့ကို ကူညီပေးပါ။
ဤကဲ့သို့သောအမှုတော်ဆောင်များတို့သည် သခင်ခရစ် တော်၏ အမှုတော်ဆောင်များအဖြစ်ဆီသို့
ဦးတည်စေသည့် လေးစားသမှုနှင့် ဂုဏ်ပြုမှုအားလုံးတို့ကို
လက်ခံရရှိကြပေလိမ့်မည်ဖြစ်သည်။ တစ်ပါးသော သူတို့အတွက်
လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြင့် သူတို့၏ကိုယ်ပိုင်အသက် ဝိညာဉ်များတို့သည်
ရှင်သန်မှုရှိနေကြလိမ့်မည်ဖြစ်သည်။ “ကြင်နာသောအပြု အမူသည်
နားမကြားသောသူတို့ကြားနိုင်ပြီး မျက်မမြင်တို့ကတွေ့မြင်နိုင်သည့်
ဘာသာစကားဖြစ်ပါသည်” (Mမေု Tတပေ). သူတို့ ကြီးကြပ်စီမံပေးရကြမည့် လူတို့အား
ခွန်အားကိုဖြန့်ဝေပေးရန်အတွက် သူတို့သည် ထိုခွန်အားကို ဘုရား သခင်ထံတော်မှ
တောင်းခံဆွဲယူရမည်ဖြစ်ပါသည်” ဟူ၍ ရှင်းပြခဲ့ပါသည်။
အသင်းအုပ်ဆရာတစ်ယောက်၏လည်ပတ်ခြင်းရည်ရွယ်ချက်မှာ
ဝိညာဉ်
ရေးရာကိစ္စရပ်များတို့ကို
ပြောဆိုဆွေးနွေးကြရန်ဖြစ်ပါသည်။ သူတို့၏ အသက် တာကိုစစ်ဆေးမေးမြန်းရန်၊ သို့မဟုတ်
စုံစမ်းရန်အတွက် သူတို့ထံတွင်ရှိနေချိန် ၌ သူတို့၏စိတ်ထဲတွင်
မနှစ်မြို့စရာဖြစ်လာနိုင်သည့်အနေအထားကို ရှောင်ရှား နိုင်ရန်အတွက်
သူတို့၏စွမ်းရည်ကိုစမ်းသပ်ရန်နှင့် သူတို့ကိုဝိညာဉ်ရေးဆိုင်ရာ
ဖွံ့ဖြိုးမှုရှိစေရန်အတွက်၊ အားပေးတိုက်တွန်းရန်အတွက် သင်၏စိတ်အတွေးထဲ တွင်
အရေးကြီးလှသည့်မေးခွန်း အချို့တို့ကို တွေးတောကြည့်ပါ။ အောက်ပါ တို့သည်
ထည့်သွင်းစဉ်းစားရကြမည့် အချို့သောမေးခွန်းနမူနာများဖြစ်ကြပါ သည်။
သင်၏မိသားစုအခြေအနေသည်မည်သို့ရှိနေပါသနည်း။
သင်၏မိသားစုဝင်အချို့တို့သည်နှစ်ခြင်းမင်္ဂလာကိုခံယူလိုကြပါသလား။
မိသားစုဝတ်ပြုပွဲအတွက်
အချိန်ကိုမည်ကဲ့သို့သင်ရယူမည်နည်း။
သင်သည် ပုဂ္ဂိုလ်ရေးအရ
ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့မှုအနေအထား ရင်းပြီး မည်သို့ရှိပါသနည်း။
အခြားသောသူတို့အား
သင်၏ယုံကြည်ခြင်းကိုဝေငှပေးနိုင်ပါမည်လား။
သင်တို့ထံတွင် ကျမ်းစာအုပ်၊ ဥပုသ်စာဖြေသင်ခန်းစာ၊
မျှော်လင့်ခြင်း အသင်းဝင်သူတို့အတွက် မိမိတို့ကိုယ်ကို ပြန်လည်ဆန်းစစ်နိုင်သည့်
နည်း ပေးလမ်းပြမဂ္ဂဇင်းစာအုပ်နှင့် အနာဂတ္တိဆိုင်ရာ ဝိညာဉ်ရေးစာအုပ်များ
ရှိပါသလား။ သင်သည် ဆယ်ဖို့တစ်ဖို့နှင့်အထွေထွေအလှူငွေတို့ကို သစ္စာ
ရှိရှိဖြင့်ထည့်ဝင်ပေးပါသလား။
ဘုရားကျောင်းသို့တက်ရောက်ဝတ်ပြုခြင်းသည်သင်၏မိသားစုဝင်အတွင်း
၌ ဦးစားပေးအဆင့်တွင်ရှိနေပါသလား။
သင်သည် အသင်းအုပ်ဆရာတစ်ယောက်အနေဖြင့် အသင်းတော်အစီ
အစဉ်ကိုတိုးတက်မှုရှိစေရန်၊ သို့မဟုတ် ကျွန်ုပ်၏အမှုတော်ဆောင်ခြင်း လုပ်ငန်း
တိုးတက်ရေးအတွက် အကြံဥာဏ်အချို့ပေးရန်ရှိပါသလား။
ဆုတောင်းပေးရမည့်တောင်းဆိုမှုအချို့သင်၌ရှိပါသလား။
သင်၏ ကျမ်းစာလေ့လာသင်ကြားခြင်းတွင်
မည်သည့်အဓိကကျသည့် အချက်များပါဝင်ပါသနည်း။
ကျမ်းစာတော်မြတ်ထဲတွင် သင့်အားရှင်းပြပေးရန်
လိုအပ်သည့်ကျမ်းချက် အချို့ သို့မဟုတ် ထူးခြားသည့်ဘာသာရေးဆိုင်ရာအယူဝါဒအကြောင်း
အရာတစ်စုံတစ်ရာရှိပါသလား။
ဟောကြားတော့မည့်ဟောပြောမှုအတွက်
သင်အဓိကကြားသိနားထောင် လိုသော တရားဟောချက်ခေါင်းစဉ်များရှိနေပါသလား။
ထာ၀ရဘုရားက သင့်အားပေးသနားတော်မူသော
ဆုကျေးဇူးများသည် မည်သည့်ဆုကျေးဇူးများဖြစ်သည်ဟု သင်ထင်မြင်ယူဆပါသနည်း။
သင်၏ဆုကျေးဇူးများကို အသင်းတော်က
အသုံးအဝင်ဆုံးသောအရာများ အဖြစ်လုပ်ဆောင်ပေးသည်ဟု သင်ခံစားရပါသလား။
အနာဂတ်အတွက်
သင်၏ကြောက်ရွံ့စိုးရိမ်စရာအကောင်းဆုံးသောအရာ ကား အဘယ်အရာနည်း။
ကျွန်ုပ်အတွက်မေးခွန်းအချို့
မေးမြန်းရန်ရှိပါသလား။
ကျွန်ုပ်တို့၏အသင်းတော်အကြောင်းနှင့်ပတ်သက်ပြီး
သင်အထူးတလည် နှစ်သက်သည့်အရာသည် အဘယ်အရာနည်း။
လက်ရှိအခြေအနေတွင်သင့်အနေဖြင့်
ဝိညာဉ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ရှိလာသည့်နယ်ပယ်များအဖြစ်၊ သင်၏အသက်တာ၏
မည်သည့်နယ်ပယ် ကို ညွှန်ပြ၍ရနိုင်မည်နည်း။
အသင်းအုပ်ဆရာသည်
သူသွားရောက်လည်ပတ်ပေးသည့် သူတို့၏ဝိညာဉ် ရေးအနေအထားအဆင့်ကို ဆန်းစစ်ကြည့်ရပါမည်။
ထိုဆန်းစစ်မှုတို့ရှည်ကြာ လေ မြင့်စွာလုပ်ဆောင်ရန်မလိုအပ်ပါက သင်၏လည်ပတ်ခြင်းသည်
လူမှုရေး အရအလည် အပတ်သွားခြင်းမဟုတ်သည်ကို လူတိုင်းနားလည်သဘောပေါက် ကြရမည်ဖြစ်သည်။
အချို့သောကိစ္စရပ်များတွင်
မေးခွန်းတစ်ခုသည် အပြုသဘောဆောင် သည့် စကားစမြည်ပြောဆိုမှုအတွက် စတင်ပေးနိုင်ပါသည်။
အဆုံးစွန်သော ရည်ရွယ်ရင်းမှာ အသင်းတော်တိုးတက်ရေးနှင့် အသင်းတော်ကိုအလုပ်အကျွေး
ပြုရေးအတွက် သူတို့အား သင်ကမည်ကဲ့သို့ကူညီပေးနိုင်မည်ဆိုသည့်အချက် ပင်ဖြစ်ပါသည်။
စကားစမြည်ပြောဆိုနေကြသောအချိန်အတောအတွင်း
ဆုတောင်းပေးရ မည့် အကြောင်းအရာများကို စိတ်မှတ်စုတွင် ကြိုမှတ်သားထားရပါမည်။
ဆုတောင်းခြင်း၏ နိဂုံးပိုင်းရောက်သောအခါ၊ ထိုမှတ်သားထားသော များစွာ
သောအချက်အလက်များတို့ကိုစုဖွဲ့ပြီး ၎င်းအချက်အလက်တို့အတွက် တစ်ခု ချင်းဆုတောင်းပေးပါ။
လည်ပတ်ခြင်းတိုင်းတို့တွင် သူတို့၏ ဝိညာဉ်ရေးဆိုင်ရာ အဆင့်အတန်းအနေအထားအတွက်
လေးနက်မှုရှိသည့် ကြောင့်ကြမှုမျိုးကို ပြသရန်မှာ
သေရေးရှင်ရေးတမျှအရေးကြီးလှပါသည်။
(၆)
“အသင်းတော်၏စီစဉ်ဆောင်ရွက်မှုကိုမြင့်တင်ပေးပါ”
အသင်းတော်၏စီစဉ်ဆောင်ရွက်မှုတစ်ခုကို
အကောင်းဆုံးသောမြင့်တင် ပေးရမည့်အချိန်သည် အသင်းအုပ်ဆရာ၏ အလည်အပတ်ထွက်ခြင်းအချိန်
သာဖြစ်ပြီး၊ ဥပုသ်နေ့နံနက်ပိုင်းအချိန်တွင်မဟုတ်ပါ။ များစွာသော အသင်းအုပ်
ဆရာတို့သည် အမှုတော်ဆောင်ခြင်းအလုပ်ကို ဥပုသ်နေ့နံနက်ပိုင်းအချိန်တွင် လုပ်ဆောင်ကြရာ၌
အသင်းတော်အဖွဲ့ဝင်တို့အား ထာ၀ရဘုရားအတွက် အလုပ်လုပ်ကြရန်
လိုက်လံအားပေးဆော်ဩကြပါသည်။ သူတို့က “ညီအစ်ကို မောင်နှမတို့ရေ၊
ယေရှုခရစ်တော်ကြွလာတော့မှာဖြစ်တဲ့အတွက် အတူတကွ လုပ်ဆောင်ကြပါစို့” ဟူ၍
ပြောဆိုတတ်ကြပါသည်။ အသင်းတော်အဖွဲ့ဝင်တို့ က ထိုစည်းရုံးသည့်အပြောမျိုးကို
ကြားရကြသောအခါ သူတို့၏စိတ်ထဲ၌ အသင်းအုပ်ကြီးခင်ဗျား၊ တွန်းအားသိပ်မပေးပါနဲ့။
ဒီနေ့ဟာ ဥပုသ်နေ့ဖြစ်နေပါ တယ်။ ထာ၀ရဘုရားရဲ့နေ့လည်းဖြစ်ပါတယ်။ အလုပ်လုပ်ရမယ့်
နေ့မဟုတ်ပါ ဘူး။ အနားယူရမယ့်နေ့ဖြစ်ပါတယ်ဟူ၍ တိုးတိုးတိတ်တိတ်တွေးတော ရွတ်ဆို
ကြပေမည်။ ဤဥပုသ်နေ့တွင် ဝိညာဉ်အရေးကိစ္စဖြစ်သည့်တိုင် အလုပ်
အကြောင်းနှင့်ပတ်သက်ပြီး သူတို့ကြားချင်လိုစိတ်ပင်မရှိကြပါ။ သူတို့သည်
အချိန်တိုင်း အချိန်တိုင်းတို့တွင် အလုပ်နှင့်ပတ်သက်သည့်စကားကိုသာ ကြား
နေရကြရာတွင် သူတို့၏ အပတ်စဉ်လှုပ်ရှားတက်ကြွမှုအကြောင်းကို ပြန်လည် အမှတ်ရစေသကဲ့သို့ဖြစ်ပါသည်။
ကျွန်ုပ်၏အတွေ့
အကြုံအရ၊ လည်ပတ်ခြင်းများတို့သည် အသင်းဝင်သူတို့ အားမိတ်ဆက်ရန်အတွက်
အဓိကကျသည့်စံပြအချိန်ဖြစ်သည့်အပြင် အသင်း
သူအသင်းသားတို့အားအသင်းတော်၏အစီအစဉ်များတို့တွင် ပါဝင်လုပ်ဆောင် ကြရန်အတွက်
စိတ်ဓာတ်မြင့်တင်ပေးရန်နှင့် စိတ်ပါလက်ပါပါဝင်လုပ်ဆောင် စေရေးအတွက်
ဆွဲဆောင်ပေးရာရောက်သည့် အချိန်လည်းဖြစ်ပါသည်။ အသင်းတော်၏အစီအစဉ်ကို
မျှဝေလုပ်ဆောင်သည့်အပြင် အစုအဖွဲ့လိုက်လုပ်
ဆောင်၍ရသည့်လှုပ်ရှားမှုပုံစံမျိုးဖြင့် တင်ပြပေးရမည်ဖြစ်ပါသည်။ သူတို့၏
ပံ့ပိုးမှုတို့နှင့်ပါဝင်ဆောင်ရွက်မှုတို့သည် အသင်းတော်အစီအစဉ်၏ အောင်မြင် နိုင်ရေးအတွက်
အရေးပါလှကြောင်းကို အလေးထားပါ။ မိမိဒေသရင်းမှ ကျော် လွန်ပြီး
လှုပ်ရှားမှုကဏ္ဍစုတစ်ရပ်ကို လုပ်ဆောင်ခြင်းသည် သူတို့၏ ယုံကြည်
ခြင်းကိုထုတ်ဖော်ပြောဆိုရန်အတွက် အခွင့်အလမ်းတစ်ရပ်ကိုဖော်ဆောင်ရာ
ရောက်သည်ဆိုသည့်အကြောင်းကို သူတို့အားအသိဝင်ပါစေ။ ဤအတွေ့ အကြုံသည်
ကျွန်ုပ်တို့အားဖြင့်ဆောင်ရွက်လုပ်ကိုင်တော်မူရန် ဘုရားသခင်
အားအခွင့်ပေးရာရောက်စေသည့် ဝိညာဉ်ရေးဖွံ့ဖြိုးမှုကိုမြင့်တင်ပေးပါသည်။
ကျွန်ုပ်တို့သည်
ရည်မှန်းချက်ပန်းတိုင်တို့အတွက် အသင်းသူအသင်းသား တို့နှင့်မျှဝေလုပ်ဆောင်ခြင်းသည်
အသင်းတော်ဝန်ထမ်းများအပေါ် ပိုမိုတောင့် တင်းခိုင်မာသည့် ကတိကဝတ်မျိုးကို
ပေးဆပ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် အသင်းဝင်သူတို့၏ ကျွမ်းကျင်မှုများနှင့်
ပေးဆပ်မှုများတို့၏ အကြောင်းနှင့် သူတို့၏ဇောက်ချကြိုးပမ်းမှုတို့ကို
မည်ကဲ့သို့ထိန်းကျောင်းဦးစီးရမည်ကို ပိုမို၍ သိရကြပါမည်။ ကျွန်ုပ်တို့၏
လည်ပတ်ခြင်းတစ်ခုချင်းနှင့်အတူ ကျွန်ုပ်တို့၏ အမှုတော်ဆောင်လုပ်ငန်းသည်
တိုးတက်ကြီးပွားလာပါသည်။ ခရစ်တော် အတွက် ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှုကိုဝေမျှပေးခြင်းသည်
များစွာသော သူတို့အား ထိတွေ့မှုရှိစေမည်ဖြစ်ပါသည်။ အသင်းအုပ် ဆရာများဖြစ်ကြသည့်
အလျောက် ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်တည်းသော ပုံစံမျိုးဖြင့် မလုပ် ကိုင်ကြပါ။
ကျွန်ုပ်တို့နှင့်အတူအလုပ်လုပ်ကိုင်ကြရန်အတွက် ဘုရားသခင် သည် အသင်းတော်မိသားစုများကို
ကျွန်ုပ်တို့အားပေးသနားတော်မူပါသည်။ ကျွန်ုပ်တို့သည်
ကြိုးစားပမ်းစားလုပ်ဆောင်ကြပါသော်လည်း၊ ကျွန်ုပ်တို့သည်
အမြဲတစေလိမ္မာပါးနပ်စွာဖြင့်လုပ်ဆောင်ကြခြင်းမရှိကြဘဲ၊ မိမိကိုယ်၌ဖြင့်သာ
အားလုံးသောအမှုတော်ဆိုင်ရာအလုပ်တို့ကိုလုပ်ဆောင်ရန်ကြိုးစားကြပါသည်။ ဤအချက်သည် အများသောအသင်းအုပ်ဆရာများတို့အနေဖြင့်
အမှုတော် ဆောင်လုပ်ငန်းတွင် စိတ်ဖိစီးမှုခံစားရကြပြီး အဖျားအနာရှိကြကာ စိတ်ဓာတ်
ကျဆင်းမှုများတို့ကို ခံစားကြရခြင်း၏အကြောင်းရင်းခံဖြစ်ပါသည်။ အယ်လင် ဝှိုက်က
“ဘုရားသခင်သည် အပြစ်ကင်းစင်ကြသည့် ကောင်းကင်တမန်များတို့ အားဖြင့် သူ၏
သမ္မာတရားတော်ကိုကြေညာနိုင်တော်မူပါသော်လည်း ၎င်းလုပ် ရပ်သည်
သူ၏အစီအစဉ်တော်မဟုတ်ပါ” ဆိုသည့် ပြောကြားချက်ကို ပြောဆို ခဲ့ခြင်းသည်
တစ်စုံတစ်ယောက်တည်းကသာလုပ်ဆောင်သော အလုပ်တာဝန် ကိုခွဲဝေလုပ်ကိုင်ရမည်ဆိုသည့်
တွေးတောထင်မြင်ချက်ကို အတည်ပြုပေးရာ ရောက်ပါသည်။ ဘုရားသခင်၏အသင်းတော်တွင်
ခေါင်းဆောင်များအဖြစ် ရှိနေကြသောသူတို့အနေဖြင့် ကယ်တင်ရှင်၏ အမှုတော်တာဝန်သည်
ထိုကယ် တင်ရှင်၏နာမတော်ကို ယုံကြည်ကြသူအားလုံးတို့ထံသို့ ပေးအပ်ထားတော်မူ
သည်ဆိုခြင်းကို အမှတ်ရကြရပါမည်။
အသင်းတော်၏
အသင်းအုပ်ဆရာအဖြစ် ကျွန်ုပ်ထမ်းဆောင်ခဲ့သော နောက်ဆုံးဆယ်နှစ်သက်တမ်းတွင်
ဧဝံဂေလိသတင်းစကားဆိုင်ရာ ကြီးမား သော လူထုတရားဟောပြောပွဲကြီးကို
ကျွန်ုပ်ဦးဆောင်ကျင်းပခြင်းမရှိခဲ့ပါ။ ကျွန်ုပ်သည် များစွာသော
အချိန်နာရီတို့ကိုအသုံးချပြီး လူတို့၏အိမ်များဆီသို့ အလည်အပတ်သွားရောက်ပြီး
သူတို့နှင့်အတူ အသင်းတော်၏အစီအစဉ်ကို မျှဝေဖလှယ်ကြပါသည်။
အသင်းတော်၏တာဝန်များတို့အထဲတွင် သူတို့ပါဝင် လုပ်ဆောင်ကြရန်အတွက် ကျွန်ုပ်သည်
သူတို့၏စွမ်းရည်သတ္တိကိုစမ်းသပ်ခြင်း၊ စိတ်ဓာတ်ရေးရာအဆင်သင့်ဖြစ်စေခြင်းနှင့်
သိမ်းသွင်းစည်းရုံးဆွဲဆောင်ခြင်း များတို့ကို လုပ်ဆောင်ခဲ့ပါသည်။
အံ့ဩစရာကောင်းလောက်သော အကျိုး
ရလဒ်များဖြစ်ထွန်းခဲ့ပါသည်။ကျွန်ုပ်၏အသင်းသူအသင်းသားတို့သည် နှစ်ခြင်း
မင်္ဂလာခံယူကြမည့်သူများတို့အတွက် ပြင်ဆင်မှုဆောင်ရွက်ခဲ့ကြရာတွင် သူတို့ နှင့်အတူ
ကျွန်ုပ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
နာကျင်ပူလောင်မှုကိုခံစားနေရကြသည့်
အသင်းဝင်သူတို့အား ဘုရား သခင်အတွက်ရယူပေးပြီး၊ သာသနာပြုလုပ်ငန်းတွင်
ပါဝင်လုပ်ဆောင်ပေးခြင်း သည် ကျေနပ်အားရမှုမရှိခြင်းနှင့်
တိုးတက်ဖြစ်ထွန်းမှုမရှိခြင်းတို့ကို တုံ့ပြန်ရန် အတွက် အကောင်းဆုံးသော
ဖြေဖျောက်မှုပင်ဖြစ်ပါသည်။ “အသင်းတော်၏ ဝိညာဉ်ရေးအသက်တာ ဆက်လက်ရှင်သန်နိုင်ရေးမှာ
အသင်းဝင်သူတို့အနေ ဖြင့် ခရစ်တော်ထံတော်သို့ အသက်ဝိညာဉ်များတို့ကို
ပို့ဆောင်ပေးနိုင်ရန် အတွက် ပုဂ္ဂိုလ်ရေးကြိုးပမ်းမှုများတို့ကို ဆောင်ရွက်
ပေးခြင်းဖြင့်သာလျှင် ဖြစ်နိုင်ခြေရှိပါမည်။
အကယ်၍သာ သင်သည်
ထက်မြက်ကျွမ်းကျင်သော ဧဝံဂေလိသတင်း စကားဟောပြောသူတစ်ယောက်ဖြစ်ပြီး
တစ်နှစ်စီတိုင်းတွင် လူပေါင်းနှစ်ရာတို့ ကိုနှစ်ခြင်း မင်္ဂလာပေးနိုင်ပါက
ဂုဏ်ယူဝမ်းမြောက်ပါသည်။ သို့သော်လည်း အကယ်၍သာ အသင်းသူအသင်းသားတို့သည်
သင်နှင့်အတူတကွပါဝင် လုပ် ကိုင်ဆောင်ရွက်ခြင်းမရှိကြပါက၊ အသင်းတော်သည် ၎င်း၏
အမှုတော်ဆိုင်ရာ တာဝန်ကို ဖြည့်ဆည်းပေးနိုင်ရာမရောက်ပါ။ ဘုရားသခင်သည် အသင်းတော်
အတွက် အစီအစဉ်ကို ရေးဆွဲစီစဉ်တော်မူရာတွင် အသင်းသူအသင်းသား
ယောက်တိုင်းယောက်တိုင်းတို့က ပါဝင်လုပ်ကိုင်ဆောင်ရွက်ပေးသည့် နှုတ်က
ပတ်တော်ကိုဟောပြောရန်အတွက်ဖြစ်ပါသည်။ အယ်လင်ဝှိုက်က “အသင်းသူ အသင်းသားတို့သည်
တစ်ဦးချင်းအနေဖြင့် ဤအလုပ်တွင် ပါဝင်ဆောင်ရွက် ခြင်းမရှိကြပါက သူတို့သည်
ဘုရားသခင်နှင့်ရှင်သန်သောချိတ်ဆက် မှုမျိုးမရှိ သည်ကို ပြသသကဲ့သို့ပင်ဖြစ်ပါသည်။
သူတို့၏နာမည်များတို့သည်လည်း ပျင်းရိလှသောအစေခံများအဖြစ်နှင့်သာ
စာရင်းဝင်မှတ်တမ်းတင်ခြင်းခံရကြပေ လိမ့်မည်။
“ကြည်လင်ပြတ်သားသည့်နားလည်စာနာတတ်မှုစွမ်းရည်”
အသင်းအုပ်ဆရာများတို့က
လုပ်ကိုင်ဆောင်ရွက်ရကြမည့်လုပ်ငန်းများ အကြောင်းနှင့်ပတ်သက်သည့်
ဖော်ပြရေးသားချက်မျိုး အလွန်တွေ့ရခဲလှပါ သည်။
နှစ်ပေါင်းအတော်များများလွန်မြောက်သွားသည်တိုင် မတူကွဲပြားသော အဆင့်များတွင်
အသင်းအုပ်ဆရာများအတွက် လုပ်ငန်းဆိုင်ရာသတ်မှတ် ရေးသားထားချက်မျိုးကို
ရေးဆွဲတည်ဆောက်ရန်အတွက် တားဆီးဟန့်တားမှု များရှိခဲ့ပါသည်။ အကယ်၍သာ
လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုသည်
အသင်းအုပ်ဆရာ၏လုပ်ငန်းပိုင်းဆိုင်ရာသတ်မှတ်ချက်တွင် ပါဝင်သည့်အစိတ်
အပိုင်းအဖြစ်ရှိနေသည်ဟု ထိုအသင်းအုပ်ဆရာကသိရှိခဲ့ပါသော် သူ့အနေဖြင့် ၎င်းလုပ်ရပ်ကို
သူ၏အမှုတော်ဆောင်ရွက်ခြင်းတွင် ပုံမှန်အစိတ်အပိုင်းတစ်ခု အဖြစ်
ထည့်သွင်းထားမည်မှာမလွဲပေ။
သူ၏
ပုရောဖက်ယေရမိအားဖြင့်ပေးထားသော ထာ၀ရဘုရား၏ လေး နက်ခံ့ညားသည့်နှုတ်တော်ထွက်သည်
ယခုကာလနေ့ရက်အချိန်နှင့်ဆီလျော်မှုရှိ လှပါသည်။ ၎င်းနှုတ်တော်ထွက်မှာ
“ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကိုဖျက်ဆီး၍
အရပ်ရပ်သို့ ကွဲပြားစေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ ထိုကြောင့်
ဣသရေလအမျိုး၏ ဘုရား သခင်ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို ကျွေးမွေးရသော
သိုး ထိန်းတို့အမှုမှာ သင်တို့သည် ငါ၏သိုးစုကိုမကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့
ကွဲပြားစေ၍ နှင်ထုတ်သောကြောင့် သင်တို့ပြုသောဒုစရိုက်အပြစ်ကို သင်တို့ အပေါ်မှာ
ငါသက်ရောက်စေမည်ဟု ထာ၀ရဘုရားမိန့်တော်မူ၏” ဟူ၍ (ယေရမိ ၂၃း၁၊၂) ဖော်ပြထားပါသည်။
အသင်းအုပ်ဆရာတို့သည်
သူတို့အနေဖြင့် ဘုရားသခင်၏ လူစုတော်တို့ ၏ သိုးထိန်းများအဖြစ်
အခွင့်ထူးကိုအပ်နှင်းခြင်းခံခဲ့ရကြပြီဖြစ်သည်ကို အမြဲ
တစေသတိတရရှိကြရန်လိုအပ်လှပါသည်။ထိုလူစုတော်တို့သည်“ခမည်းတော်” တည်းဟူသော
ဘုရားသခင်၏ လူစုတည်းဟူသော ဘုရားသခင်၏အဖိုးထိုက် တန်လှသော အသွေးတော်အားဖြင့်
ဝယ်တော်မူခြင်းခံခဲ့ကြရပါသည်။ သူတို့ သည် ဘုရားသခင်က ခန့်အပ်တော်မူသည့်
အသင်းအုပ်ဆရာတို့၏ ကြီးကြပ်မှု အောက်တွင် ရှိရကြသော်လည်း
“သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဖြည့်ဆည်း ထားခြင်းခံရကြပါသည်။ သူတို့သည် ဘုရားသခင်၏
ရှုမြင်တော်မူခြင်းတွင် အဖိုးထိုက်လှပြီး အထူးတန်ဖိုးရှိလှကြပါသည်။
ထာ၀ရတည်ရှိတော်မူသည့် သုံးပါးတစ်ဆူသောခမည်းတော်၊ သားတော်၊ သန့်ရှင်းသော
ဝိညာဉ်တော်တို့ သည် ထိုလူစုတော်တို့၏ သုခချမ်းသာခြင်းအတွက် ဤမျှလောက် အလေးထား
တော်မူကြသည်ဆိုလျှင် အသင်းအုပ်တို့အနေဖြင့်လည်း အလေးမထား သင့်ကြ ပေဖူးလား။ အကယ်၍ ကောင်းမြတ်တော်မူသော
သိုးထိန်းတော်ကြီးသည် သိုးတို့အတွက်အသေခံတော်မူခဲ့ပါသည်။ ထိုသိုးတို့အတွက်
ကျွန်ုပ်တို့သည် ရှင် သန်ကြရန်လက်သင့်မခံသင့်ကြပေဖူးလား။ ဘုရားသခင်၏သားတော်သည် ထို
သိုးတို့အတွက် မိမိ၏အသွေးတော်ကို သွန်းလောင်းတော်မူခဲ့ပြီးဖြစ်၍ အခြား
သောသူတို့အနေဖြင့် ဤအမှုတော်အတွင်းတွင် မိမိတို့၏ဘ၀တို့ကိုအသုံးချကြ ရန်အတွက်
သဘောမတူသင့်ကြပေဖူးလား။
“အခြေခံအချက်
(၆) ချက်မပါရှိဘဲ၊ အကျိုးဖြစ်ထွန်းစေသည့်
အသင်းအုပ်ဆရာ၏လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုကို
ဦးစီးဦးရွက်ပြုနိုင်ရန်များဖြစ်နိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှုစဉ်းစားဆင်ခြင်သုံးသပ်ခြင်း
သို့မဟုတ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ။
၁။ အသင်းအုပ်ဆရာဆိုင်ရာလိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုအတွက်၊သင်
၏ ဦးစားပေးမှုအရာများတို့သည် မည်သည့်အရာများနည်း။
၂။ အသင်းအုပ်ဆရာဆိုင်ရာ
လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုသည် တို တောင်းသော
ဝတ်ပြုခြင်းအစီအစဉ်တစ်ခုနှင့်ဆင်တူမှုရှိသင့်ပါသလား။
၃။ အသင်းအုပ်ဆရာဆိုင်ရာ
လိုက်လံလည်ပတ်ကြည့်ရှုခြင်း အမှုအစီအစဉ် တွင် ပါရှိသော အခြေခံအချက် (၆)
ချက်တို့သည် အဘယ်ကြောင့် အရေး တကြီး ရှိရပါသနည်း။ တစ်ခုချင်းအတွက်
အကျိုးဖြစ်ထွန်းမှုနှစ်ခုစီကို ဖော်ပြပါ။
၄။ ဆန့်ကျင်ဘက်လိင်ဖြစ်သော သူတစ်ယောက်ထံသို့
အလည်အပတ်သွား ရောက်သောအခါ သင်၏စီစဉ်ထားချက်များတို့သည် အဘယ်အရာနည်း။
၅။ ဤရေးသားထားချက်အခန်းတွင်မပါရှိသေးသည့်
အသင်းအုပ်ဆရာဆိုင် ရာ လိုက်လံလည်ပတ်ကြည့်ရှုခြင်းအမှုနှင့် ပတ်သက်သည့် လက်တွေ့
အသုံးချသည့် အခြားသောနည်းလမ်းအချက်အလက်တို့ကိုဖော်ပြပေးပါ။
အခန်းကြီး - ၉
အခန်း (၉)
“အမှုတော်ဆိုင်ရာအထူးတာဝန်အတွက်စိတ်ထက်သန်ခြင်းတစ်ခု”
အသင်းတော်နှင့်ပတ်သက်သော
အထူးတာဝန်ဆိုသည်မှာ အဘယ်အရာ
နည်း။
ဤကမ္ဘာလောကကြီးတွင် ကျွန်ုပ်တို့အဘယ်ကြောင့်ရှိနေရပါသနည်း။ အသင်းတော်သည်
ဘုရားပကတိအသွင်ဖြင့် စတင်ခဲ့သည့်အလျောက် ၎င်း အသင်းတော်စတင်သည်နှင့်တစ်ပြိုင်တည်း
ဘုရားရှင်အတွက် ထမ်းရွက်ရမည့် အထူးတာဝန်သည်လည်း
ထိုအသင်းတော်နှင့်အတူပေါ်ပေါက်လာခဲ့ပါသည်။ သတ္တမနေ့မြော်လင့်ခြင်းအသင်းသားများတို့သည်
ယခုအချိန်ကာလအတွက် အတုမရှိသောရည်ရွယ်ချက်ပါရှိသည့် အထူးသတင်းစကားတစ်ရပ် ရှိနေကြပါ
သည်။ ကျွန်ုပ်တို့အသင်းတော်တွင် ပြောင်မြောက်သော အထူးတာဝန်ပိုင်းဆိုင်
ရာထုတ်ပြန်ချက်တစ်ရပ်နှင့် အသင်းတော်၏ အထူးတာဝန်ပိုင်းဆိုင်ရာ ဝန် ဆောင်မှုအပေါ်
ပေးအပ်ထားသည့် စံပြကတိကဝတ်ရှိပါသည်။ ကောင်းသော အသင်းအုပ်ဆရာတစ်ယောက်သည်
အမှုတော်ဆိုင်ရာအထူး တာဝန်အပေါ် စိတ်ထက်သန်မှုကို ရောင်ပြန်ဟပ်ပေးပါသည်။
ဤစိတ်ထက်သန်မှုကို သူ၏ အသင်းသူအသင်းသားတို့အားမျှဝေပေးပြီး အသင်းတော်ဘုတ်အစည်းအဝေး
တွင် ဦးစားပေးမှုတစ်ခုအဖြစ် ဖော်ဆောင်ပေးပါသည်။ အသင်းသူအသင်းသား တို့အား
မည်ကဲ့သို့ဆော်ဩစည်းရုံးရမည်ကိုလည်း သူသိရှိပါသည်။
“သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏တာဝန်ပိုင်းဆိုင်ရာထုတ်ပြန်ချက်”
ကျွန်ုပ်တို့၏အထူးတာဝန်
- သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏ အထူးတာဝန်မှာ အားလုံးသောသူတို့၏
တပည့်တော်များအဖြစ်ရှိကြရန်အပြင် (ဗျာ ၁၄း၆-၁၂) တွင်ဖော်ပြထားသော
ကောင်းကင်တမန်သုံးပါးတို့၏ ထာ၀ရ
ဧဝံဂေလိတရားသတင်းစကားများတို့နှင့်အဆက်အသွယ်ပြုပေးကာ သူတို့အား သခင်ယေရှုကို
သူတို့၏ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်လက်ခံကြစေရန်နှင့်သခင် ယေရှု၏ကျန်ကြွင်းသော
အသင်းတော်နှင့်ပေါင်းစည်းရေးအတွက် သူတို့ကို ဦးဆောင်ခေါ်ယူပြီး၊ သခင်ယေရှု
အားထာ၀ရဘုရားအဖြစ် သူတို့ကအစေခံ ရေးအတွက်တပည့်ဖြစ်စေလျက်၊ မကြာတော့သည့်သူ၏
ကြွလာတော်မူခြင်း
အတွက်
အဆင်သင့်ဖြစ်ကြရန်ပြင်ဆင်ပေးထားရပါမည်။
ကျွန်ုပ်တို့၏နည်းပညာ
-ကျွန်ုပ်တို့သည် ဤအထူးတာဝန်ကိုသန့်ရှင်းသော ဝိညာဉ်တော်၏
ထိန်းကျောင်းကြီးကြပ်မှုအောက်တွင်ဆက်လက်လုပ်ဆောင်ပြီး၊
၎င်းသန့်ရှင်းသောဝိညာဉ်တော်၏လုပ်ပိုင်ခွင့်အာဏာပေးအပ်ခြင်းအားဖြင့် အောက်ပါ
အချက်လေးချက်တို့ဖြင့်လုပ်ဆောင်ရန်ရှိပါသည်။
၁။
တရားဟောပြောခြင်း - ခရစ်တော်ပေးအပ်ထားတော်မူခဲ့သောအထူး တာဝန် (မဿဲ ၂၈း၁၈-၂၀)
ကိုလက်ခံရယူပြီး ကျွန်ုပ်တို့သည် သားတော် ခရစ်တော် မြေကြီးပေါ်တွင်
ရှိနေတော်မူစဉ်ကာလအတွင်း၊ အထူးများပြားစွာ ပြသတော်မူခဲ့သည့်
အမှုတော်ဆောင်ခြင်းအပြစ်တို့ကိုဖြေပေးသည့် အသေခံ တော်မူခြင်း၊ ထို့နောက်
ရှင်ပြန်ထမြောက်တော်မူပြီး ယခုအခါ ကောင်းကင် နိုင်ငံတော်တွင်
အမြင့်ဆုံးသောယဇ်ပုရော ဟိတ်မင်းအဖြစ် အမှုတော်ကို ထမ်းဆောင်ခြင်းများတို့၏
အကြောင်းများပါရှိသော ဘုရားသခင်၏ ချစ်ခြင်း မေတ္တာတော်ဆိုင်ရာ
ထာ၀ရဧဝံဂေလိတရားတော်ကို ယခုကဲ့သို့သော နောက် ဆုံးသောနေ့ရက်ကာလများတွင်
ကျွန်ုပ်တို့သည် လောကီနိုင်ငံအရပ်ရပ်သို့ ကြွေးကြော်ကြေညာရကြမည်ဖြစ်ပါသည်။
ကျမ်းစာတော်မြတ်သည် ဘုရား သခင်က သူ၏ဆန္ဒအလိုတော်ဆိုင်ရာ
အမှားအယွင်းမရှိနိုင်သည့်ဗျာဒိတ်တော် ဖြစ်သည်ဆိုခြင်းကို ပြန်လည်အမှတ်ရကြရင်း
၎င်းကျမ်းစာတော်မြတ်တွင် ပါရှိ ကြသည့် ခရစ်တော်၏
ဒုတိယအကြိမ်ပြန်လည်ကြွလာတော်မူခြင်းအကြောင်း နှင့်
သတ္တမနေ့ရက်တွင်ကျရောက်သည့်ဥပုသ်တော်နေ့အကြောင်းကို ကျွန်ုပ်တို့ အားသတိပေးနေသည့်
သူ၏ပညတ်တော် ဆယ်ပါး၏ ဆက်လက်တည်တံ့နေ မည့် ဩဇာအာဏာလုပ်ပိုင်ခွင့်များတို့၏အကြောင်း
အပြည့်အဝပါရှိသည့် သတင်းစကားတော်ကို ကျွန်ုပ်တို့အနေဖြင့်ပေးကမ်းကြရပါမည်။
၂။
သင်ကြားပို့ချပေးခြင်း - စိတ်အတွေးပိုင်းဆိုင်ရာနှင့်အကျင့်စရိုက်ပိုင်း
ဆိုင်ရာတိုးတက်မှုကို အသိအမှတ်ပြုခြင်းသည် ဘုရားသခင်၏ပြစ်လွှတ်တော်မူ
ခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းဆိုင်ရာအစီအစဉ်တော်အတွက် မရှိ
မဖြစ်လိုအပ်သည့်အချက်ဖြစ်ပြီး ဘုရားသခင်၏အကြောင်းကို သိနားလည်နိုင် သောဥာဏ်နှင့်၊
သူနှင့် ဆက်ဆံရေးတွင် ရင့်ကျက်သည့်အခြေအနေကို ဖွံ့ဖြိုး စေရန်အတွက်အပြင်၊ သူ၏
နှုတ်တော်ထွက်နှင့်ဖန်ဆင်းထားတော်မူသည့် စကြ၀ဠာ၏အကြောင်းတို့ကို
ကျွန်ုပ်တို့ကမြင့်တင်ပေးကြရပါမည်။
၃။
ကုသမှုပြုလုပ်ပေးခြင်း - လူသားတစ်ရပ်လုံးတို့၏သုခချမ်းသာခြင်း
ဆိုင်ရာကျမ်းစာတော်မြတ်၏ အခြေခံစည်းမျဉ်းများတို့သည် ခိုင်မာမှုရှိကြောင်း ကို
ပြသသည့်အနေဖြင့် ကျွန်ုပ်တို့သည် ကျန်းမာရေးဆိုင်ရာ ထိန်းသိမ်းစောင့် ရှောက်မှုကို
လုပ်ဆောင်ရမည့်အပြင် မရှိဆင်းရဲသားများနှင့်အဖိနှိပ်ခံလူတန်း စားများတို့အတွက်
လုပ်ဆောင်ပေးသည့် အမှုတော်ဆောင်လုပ်ငန်းအားဖြင့် မကျန်းမမာဖြစ်ကြသော သူတို့ကို
ကုသပေးခြင်းကို ဦးစားပေးရမည်ဖြစ်ကာ၊ ဖန်ဆင်းရှင်၏
ပြန်လည်တည်ဆောက်တော်မူခြင်းဆိုင်ရာ ကရုဏာထားခြင်း အလုပ်တွင်
ပူးပေါင်းပါဝင်လုပ်ဆောင်ကြရပါမည်။
၄။
တပည့်တော်ဖြစ်စေခြင်း - အသင်းသူအသင်းသားအားလုံးသစ်လွင်
သောပြောင်းလဲခြင်းရှိလာသူတို့ကို မြေတောင်မြှောက်ပေးကြလျက်၊ ဖြောင့်မတ်
ခြင်းရှိသောရှင်သန်ခြင်းရှိစေရန်အတွက် ညွှန်ကြားပေးကာ ထိရောက်မှုရှိသော ခရစ်တော်၏
သက်သေများဖြစ်ရေးအတွက် သင်တန်းပေးခြင်းနှင့် လူတိုင်း သည် ဘုရားသခင်၏
အလိုတော်အတိုင်း လိုလိုလားလားနာခံလိုက်လျှောက် ကြရန်
သူတို့ကိုခွန်အားပေးခြင်းတို့ကို လုပ်ဆောင်ပေးကြရပါမည်။
“ကျွန်ုပ်တို့၏
အထူးတာဝန်”
ဘုရားသခင်သည်
သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်ကို ခေါ်တော်မူ ရာတွင်
ဧဝံဂေလိသတင်းစကားတရားတော်ကို ဟောပြောကြရန်အတွက်ချည်း သာမဟုတ်မူဘဲ
ဥပုသ်တော်နေ့ကိုစောင့်ထိန်းခြင်း၊ ခရစ်တော်၏ ဒုတိယ အကြိမ်ကြွလာတော်မူခြင်း၊
ကောင်းကင်နိုင်ငံတော်ရှိသန့်ရှင်းရာဌာနတော်တွင် ခရစ်တော်၏
အမှုတော်ထမ်းဆောင်တော်မူခြင်း၊ သေခြင်း၏အခြေအနေ၊
ကျန်းမာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများအပြင် ဗျာဒိတ်ကျမ်းအခန်းကြီး ၁၄
တွင်ပါရှိသော ကောင်းကင်တမန်သုံးပါးတို့၏ သတင်းစကားတို့တွင် ပါရှိသော
အစိတ်အပိုင်းများဖြစ်ကြသည့် ကျွန်ုပ်တို့ယုံကြည်မှုရှိသော အခြားသောသမ္မာ တရားတော်များတို့ကဲ့သို့သော
သမ္မာတရားတော်တို့ကို မကြာခဏ မေ့လျော့ တတ်ခြင်းတို့ကိုပါ ထောက်ပြကြရဦးမည်ဖြစ်သည်။
“ကရုဏာ သက်ခြင်းသည် လုပ်ဆောင်ချက်ကိုအစားထိုးခြင်းမရှိပါ” (ဒေးဗစ်လစ်ဗင်းစတုန်း)။
ကျွန်ုပ်တို့ ၏ သတင်းစကားသည် ကုံလုံပြည့်စုံမှုမရှိပါသော်လည်း၊ ၎င်းကိုအထက်ပါ
သမ္မာတရားတော်တို့ကို လိုက်လျှောက်ခြင်းမရှိသော၊ သို့မဟုတ် မသိကျိုးကျွန်
ပြုသောသူအားလုံးတို့အတွက်အသုံးချရန်ဖြစ်ပါသည်။ ဤအချက်သည် ကျွန်ုပ် တို့
ရင်ဆိုင်ရကြမည့် ကြီးမားသောစိန်ခေါ်မှုပင်ဖြစ်ပါသည်။
ကျွန်ုပ်တို့အသင်းတော်၏ပဓာနကျသည့်အထူးတာဝန်မှာ
ဘုရားသခင်နှင့် လူတို့၏ကြားပြန်လည်သင့်မြတ်ပေါင်းစည်းရေးအတွက် အကျိုးဆောင်ပေးရန်
ဖြစ်ပါသည်။ ၎င်းအချက်သည် ကျွန်ုပ်တို့၏အမြင့်မားဆုံးသော ရည်မှန်းချက် ဖြစ်ပါသည်။
တစ်ခါတစ်ရံတွင်လူတို့က “မရှိဆင်းရဲသား၊ ကံမကောင်းသူတို့ အပေါ်ဘယ်လိုသဘောရလဲ၊
သူတို့အတွက်အသင်းတော်မှာ တာဝန်မရှိဘူး လား” ဟူ၍ မေးမြန်းပြောဆိုတတ်ကြပါသည်။
အမှန်အကန်ပင်တာဝန်ရှိပါ သည်။ ဒုက္ခရောက်သူ၊ ဆင်းရဲသောသူ၊
သနားဖွယ်ကောင်းသောသူတို့အား ကူညီလိုစိတ်ရှိရမည်ဖြစ်ပြီး ထောက်ပံ့ကူညီရန်
လိုအပ်ပါသော်လည်း ဤ အလုပ်သည် အသင်းတော်၏ပဓာနကျသည့်အလုပ်ဖြစ်သည်။ တရားတော်
မြတ်ကိုဟောပြောခြင်းသည် အသင်းတော်၏ ပဓာနကျသည့် အထူးတာဝန် ဖြစ်ပြီး၊ အကြောင်းမှာ
အသင်းတော်သည်ကမ္ဘာမြေကြီးပေါ်သို့ ဧဝံဂေလိ တရားတော်ကိုဖြန့်ကြက်ရန်အတွက်
ဘုရားသခင်၏ အထူးကိုယ်စားပြုသူများ ဖြစ်ကြပါသည်။
အသင်းတော်၏
လုပ်ငန်းတာဝန်နှင့်ပတ်သက်ပြီး ကွဲပြားခြားနားသည့် သဘောထားများရှိမည်ဖြစ်သော်လည်း
အမြင့်ဆုံးသောဦးစားပေးသည့် တာဝန် ကို ကိုယ်စားပြုသည့်အချက်လေးချက်တို့ကိုသာ
အောက်တွင်ဖော်ပြထားပါ သည်။
ကမ္ဘာမြေကြီးပေါ်သို့
ဧဝံဂေလိတရားတော်ကိုကြွေးကြော်ပြီး လူမျိုးတကာ တို့ကို ခရစ်တော်၏
တပည့်တော်အဖြစ်သို့ ရောက်ရှိရန်အတွက်လုပ်ဆောင်ရန် ဤအကြောင်းနှင့်ပတ်သက်ပြီး
ခရစ်တော်သည် ကောင်းကင်ဘုံသို့တက်ကြွ သွားခါနီးတွင်
သူ၏တပည့်တော်တို့အားမိန့်တော်မူသည်မှာ “သင်တို့သွား၍ လူမျိုးတကာတို့ကို
ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်း သောဝိညာဉ်တော်၏နာမ၌
ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အား ပေး သမျှသော...” (မဿဲ ၂၈း၁၉-၂၀)
တွင်ဖော်ပြထားပါသည်။ ထို့ပြင်ခရစ် တော်က ၎င်းအကြောင်းနှင့် ပတ်သက်၍
မိန့်တော်မူချက်ကို (မာကု ၁၆း၁၅) တွင် “သင်တို့သည် လောကီနိုင်ငံ
အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကိုဟောကြလော့”
ဟူ၍ ဖော်ပြထားပါသည်။
ဧဝံဂေလိတရားဟောကြားခြင်းနှင့်
တပည့်တော်ဖြစ်စေခြင်း အမှုနှစ်ခုတို့ ၏ ပေါင်းစပ်မှုသည် ခရစ်တော်၏အသင်းတော်အတွက်
ပဓာနကျသည့်အထူး တာဝန်အဖြစ် ယေဘုယျသတ်မှတ်ခဲ့ရပါသည်။ “အကယ်၍ဘုရားသခင်သည်
သာသနာပြုလုပ်ငန်းဆောင်ရွက်သူအဖြစ်သင့်အားခေါ်တော်မူပါက၊ သင်သည် ရှင်ဘုရင်တစ်ပါး အဖြစ်သို့ရောက်ရှိလိုသည့်အထိ
အောက်တန်းမကျပါနှင့်” (ဂျော်ရ်ဒန်ဂရူးမ်စ်)။ ဧဝံဂေလိတရားတော်ကို ဟောပြောခြင်းသည်
လူတို့၏ အသက်ဝိညာဉ်တို့ကို ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့သည့် အနေအထားဆီ
သို့ခေါ်ဆောင်လာသည့် သခင်ခရစ်တော်၏ သတင်းကောင်းကို ကြေညာပေး သည့်
အမှုတော်ဆောင်ခြင်းလုပ်ငန်းဖြစ်ပါသည်။ တပည့်တော်ဖြစ်စေခြင်း အမှု သည်
ယုံကြည်သူတို့အား သခင်ယေရှု၏ စည်းကမ်းရှိကြသော နောက်လိုက်
တော်များဖြစ်လာကြစေရန်နှင့် သူ၏အခြေခံစည်းမျဉ်းအတိုင်း လိုက်လျှောက် ကြစေရန်အတွက်
လုပ်ဆောင်ခြင်းကိုဆိုလိုပါသည်။ သခင်ယေရှုခရစ်တော်ထံ တော်သို့ အသက်ဝိညာဉ်တို့ကို
ခေါ်ဆောင်လာရန်မှာ အသင်းအုပ်ဆရာတို့က သာလျှင် တာဝန်ယူရသည်ချည်းမဟုတ်မူဘဲ
ယုံကြည်သူတစ်ဦးချင်းကပါ တာဝန်ယူမှုရှိရပါမည်။
ဝတ်ပြုခြင်းနှင့်မိတ်သဟာယဖွဲ့ခြင်းဆိုင်ရာ
အသိုက်အဝန်းအဖြစ် အစေ ခံကြရန် - လူတို့အနေဖြင့်
သူတို့၏မိတ်သဟာယဖွဲ့ခြင်းနှင့်ဝတ်ပြုခြင်းအမှု တို့ကို နှစ်သက်လိုလားကြခြင်းဖြင့်
ဘုရားသခင်သည် သူ၏ကြည်နူးရွှင်လန်း တော်မူခြင်းအတွက် အစအဦးတွင်
လူကိုပြုလုပ်ဖန်ဆင်းတော်မူခဲ့ပါသည်။ ဤ အကြောင်းကြောင့် ထာ၀ရဘုရား၏ အသင်းတော်အတွက်
ရည်ရွယ်တော်မူ ချက်အစိတ်အပိုင်းအဖြစ် သူ၏လူစုတော်တို့ကို အတူတကွ
စုရုံးစေတော်မူပြီး ဝတ်ပြုခြင်းဆိုင်ရာ ပူးပေါင်းမှုရှိသည့်
ပတ်ဝန်းကျင်အစုအဖွဲ့တစ်ခုကို ဖြစ် မြောက်အောင်ပံ့ပိုးပေးတော်မူပြီး ထိုအစုအဖွဲ့သည်
ကျွန်ုပ်တို့၏ ချစ်ခြင်း မေတ္တာကို သူ၏ထံတော်နှင့်ကျွန်ုပ်တို့အချင်းချင်း
တစ်ဦးကိုတစ်ဦး ထုတ်ဖော် ပြောဆိုပေးကြရန်ဖြစ်ပါသည်။ ဤအကြောင်းအရာတို့နှင့်
ပတ်သက်ပြီး၊ သခင် ယေရှုသည် ခရစ်ယာန်ဘာသာ၏ အမြင့်ဆုံးသောစံပြအချက် နှစ်ချက်ကို
(မာကု ၁၂း၃၀-၃၁) တွင်ဖော်ပြရာတွင်၊ ပထမအချက်အဖြစ် “သင်၏ ဘုရား သခင်ထာ၀ရဘုရားကို
စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှ နှင့်ချစ်လော့”
ဟူ၍ဖြစ်ပြီး ဒုတိယအချက်သည် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့”
ဟူ၍ဖြစ်ပါသည်။
ထာ၀ရဘုရားသည်
သူ၏သားတော်သမီးတော်တို့၏ ချစ်ခြင်းမေတ္တာနှင့် သူ့အားဝတ်ပြုကိုးကွယ်ကြခြင်းတို့ကို
သူတို့ထံမှခံယူရရှိတော်မူခြင်းအတွက်နှင့် ညီညွတ်မှုရှိကြရန်နှင့်
ချစ်ခြင်းမေတ္တာထားရှိကြရန်အတွက် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆက်သွယ်ကြခြင်းအတွက်
အထူးဝမ်းသာပီတိ ဖြစ်တော်မူပါသည်။ (ဧဖက် ၄း၁-၄။ ၁ယော ၁း၇)
ထာ၀ရဘုရား၏တည်ရှိနေတော်မူခြင်းသည် ထိုကဲ့သို့သော ပတ်ဝန်းကျင်အနေအထားနှင့်
ကမ္ဘာလောက၏ မျက်လုံးတို့တွင် မြင်တွေ့နေရသည့် ကျွန်ုပ်တို့၏ခရစ်ယာန်ဆိုင်ရာ
သက်သေခံချက်စစ်မှန် ကြောင်းပြသသည့်အထောက်အထားများတို့တွင် ထင်ရှားစွာဖြင့်သိရှိရပါသည်။
(ယောဟန် ၁၃း၃၅) တွင် ခရစ်တော်က “သင်တို့ သည်အချင်းချင်းချစ်ကြလျှင်၊
လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ် သည်ကို
သိရကြလိမ့်မည်” ဟူ၍မိန့်တော်မူခဲ့ပါသည်။
ယုံကြည်သူတို့ကို
ခရစ်တော်၌ကြီးထွားသည်ထက်ကြီးထွားလာအောင် ပျိုး ထောင်ပေးပြီး၊ သာသနာပြုလုပ်ငန်းတွင်
ပါဝင်လုပ်ဆောင်နိုင်ကြရန်အတွက် သူတို့ ကိုပြင်ဆင်ပေးကြရန်၊
ယုံကြည်သူတို့၏
စုပေါင်းဆောင်ရွက်မှုရှိသော အစုအဖွဲ့ကို အားကောင်း လာစေရန်နှင့်
အမှုတော်ဆောင်ခြင်းလုပ်ငန်းများတို့တွင် ပါဝင်ကြရေးအတွက် သူတို့အား
အမှုတော်ဆောင်ခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် အသုံးအဆောင် တို့ကိုတပ်ဆင်ပေးရန်မှာ
ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပါသည်။ အသင်းတော်သည် ဘုရားသခင်၏နှုတ်တော်ထွက်နှင့်ထိတွေ့
မှုရှိသော ယုံကြည်သူများအခြေပြုပြီး တပည့်တော်များအဖြစ်သို့ရောက်ရှိပြီးသော၊
ထို့အပြင်သူတို့သည် ဝိညာဉ်ရေး တွင်ရင့်ကျက်မှုရှိလာသော နေရာမျိုးရှိသည့်
ဝိညာဉ်ရေးဆိုင်ရာစိတ်ဓာတ်မြင့် တင်ပေးမှုရှိသောလေထုဝန်းကျင်မျိုးတစ်ခုအဖြစ်ရှိသင့်ပါသည်။
ဤကဲ့သို့သော အသင်းတော်မျိုးသည် ခရစ်တော်တွင် ကျွန်ုပ်တို့၏
ယုံကြည်ခြင်းမြဲမြံစေမှု အတွက် အစေခံရုံပင်မကဘဲ၊ ဝန်ဆောင်မှုပေးရန်အတွက်
ကျွန်ုပ်အားပြင်ဆင် ပေးပါသည်။ ဘုရားသခင်၏ အစီအစဉ်တော်အရ၊ ခရစ်တော်၏ ကိုယ်ခန္ဓာ
တော်အစုအဖွဲ့တွင် ပါဝင်ကြသည့် အဖွဲ့ဝင်တစ်ဦးချင်းသည် အမှုတော်၏
ကဏ္ဍအချို့တွင်ပါဝင်ဆောင်ရွက်ကြရန်အတွက် ခေါ်တော်မူခြင်းခံနေရကြပြီး (ရောမ ၁၂း၆။
၁ကော ၁၂း၁၄-၃၁)၊ အထူးသဖြင့် အသက်ဝိညာဉ်တို့ကို
ခရစ်တော်ထံတော်သို့ခေါ်ဆောင်လာခြင်းသည်လည်း အပါအဝင်ဖြစ်ပါသည်။ (၂ကော ၅း၁၇)။
အသင်းတော်သည်
ကျွန်ုပ်တို့၏အထူးတာဝန်အတွက် အားပေးတိုက်တွန်း
မှုနှင့်အထောက်အပံ့တို့ကိုရရှိစေသည့် သင်တန်းပေးရာနေရာဖြစ်ပါသည်။ ၎င်း နေရာသည်
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အခြားလူတို့ထံသို့ မည်ကဲ့သို့ ဆက်သွယ်ဝေငှရကြမည်ကို
သင်ကြားရယူရသည့်နေရာတစ်ခုဖြစ်ပါသည်။
ကမ္ဘာမြေကြီးပေါ်တွင်ထွန်းလင်းတောက်ပစေသည့်
အလင်းတစ်ခုအဖြစ် ရှိနေကြရန် - ကမ္ဘာမြေကြီးပေါ်တွင် သူ၏အသင်းတော်ဩဇာညောင်းစေရေး
အတွက် သခင်ယေရှုက ဆားနှင့်အလင်းကို နမူနာအဖြစ်ပုံဆောင်တော်မူခဲ့ ပါသည်။ (မဿဲ
၅း၁၃-၁၄) သမိုင်းကြောင်းအရ၊ ဆားသည် အခြားသောအရာ ဝတ္ထုများတို့တွင် တန်ဖိုးရှိလှသော
လူသုံးကုန်ပစ္စည်းတစ်ခုအဖြစ် အမြဲတစေ သုံးစွဲနေရကြပြီး၊
ရောဂါကူးစက်မှုများတို့ကိုတိုက်ဖျက်ရန်အတွက် ရောဂါပိုး
တို့ကိုသတ်ဖြတ်သည့်ဆေးအဖြစ်လည်း အသုံးပြုကြပါသည်။ အလင်းသည် လည်း အမှောင်ထုကို
လွင့်ပြယ်စေပြီး၊ သက်ရှိထင်ရှားမှုအတွက် မရှိမဖြစ် အရေးပါလှသည့်အရာတစ်ခုဖြစ်ပါသည်။
ထိုနည်းအတိုင်းပင် အသင်းတော် သည်လည်း မကောင်းမှု၏ကူးစက်မှုကို ဖယ်ရှားပစ်သည့်
အပြစ်ကိုသတ်ဖြတ် သော ခရစ်တော်၏ ဖြောင့်မတ်ခြင်း ပိုးသတ်ဆေးပင်ဖြစ်ပါသည်။ သူ၏ကိုယ်
ခန္ဓာအစုအဖွဲ့အရေးကိစ္စများအကြောင်းတို့အပေါ် သူ၏ စိတ်ဝင်စားမှုတို့ အတွက် ခရစ်တော်သည်
အသင်းတော်ကိုကိုယ်စားပြုပေးစေလိုသည့် ရည်ရွယ် ချက်ရှိတော်မူပါသည်။ အသင်းတော်သည်
မလှုပ်မယှက်အနေအထားတွင် ရှိ နေရန် မည်သည့်အခါမျှရည်ရွယ်တော်မူခြင်းမရှိပါ။
ကမ္ဘာပေါ်ရှိ ကျွန်ုပ်တို့၏ ဝန်းကျင်တွင် ဘုရားသခင်၏
အဆင့်မြင့်မားသောစံပြများတို့၏ အချက်ပြမီး အဖြစ်ရှိစေရန် ဆိုလိုရင်းဖြစ်ပါသည်။
အသင်းတော်သည်
ယေရှုခရစ်တော်၏ ရွေးနုတ်တော်မူမှု သစ္စာတရား
တော်များနှင့်ဖြောင့်မတ်ခြင်းတရားတော်တို့ကို ထိန်းသိမ်းထားသောအချိန်တွင်
ခရစ်တော်သည် သူ၏အသင်းတော်ကို ကမ္ဘာမြေကြီးပေါ်တွင် သူ၏အလင်း တရားတော်ကို
ထွန်းလင်းပေးရန် အလိုတော်ရှိတော်မူပါသည်။ ရှင်ပေါလုက (တိတု ၃း၁၄) တွင်
“ငါတို့၏လူများသည်လည်း အသီးမဲ့သောသူမဖြစ်၊ ကိုယ်သုံးစရာဖို့ရှိရမည်အကြောင်း
ကောင်းသောအကျင့်တို့ကို အမြဲကျင့်အံ့ သောငှာ၊ သင်ကြစေ” ဟူ၍ ဩဝါဒပေးခဲ့ပါသည်။
ခရစ်တော်သည်လည်း သူ၏အသင်းတော်အားမိန့်တော်မူချက်ကို (မဿဲ ၅း၁၆) တွင် “သူတစ်ပါးတို့
သည် သင်တို့၏ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူ သော သင်တို့အဘ၏
ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့ အလင်းကိုလင်းစေကြလော့”
ဟူ၍ဖော်ပြထားပါသည်။
“အထူးတာဝန်ပေးအပ်ခံရခြင်း၏အကြောင်းရင်း”
ဤအရေးပါလှသောအထူးတာဝန်ကို
ထာ၀ရဘုရားသည် ကျွန်ုပ်တို့အား အဘယ်ကြောင့်အပ်နှင်းတော်မူသည်ကို သင့်အနေဖြင့်
တွေးတောစဉ်းစားမိပါ သလား။ ဧဝံဂေလိတရားတော်ကို လူ့အနေဖြင့်အခြားသော နည်းလမ်းများ
တို့ဖြင့် ကမ္ဘာပေါ်သို့ ပို့ဆောင်တော်မူခြင်းမရှိနိုင်တော့ပါ။ အယ်လင်ဝှိုက်က “ဘုရားသခင်သည်
သူ၏ သမ္မာတရားတော်ကို အပြစ်ကင်းစင်သော ကောင်း ကင်တမန်တို့အားဖြင့်
ကြေညာနိုင်တော်မူသော်လည်း၊ ဤကဲ့သို့လုပ်ဆောင် တော်မူရန်မှာ သူ၏အစီအစဉ်တော်မဟုတ်ပါ”
ဟူ၍ အတည်ပြုပေးခဲ့ပါသည်။ အနာဂတ္တိစကားတော်၏ ဝိညာဉ်တော်ကဆက်လက်မိန့်တော်မူရာတွင်
“ကျွန်ုပ် တို့၏အထောက်အကူမပါရှိဘဲ ဘုရားသခင်သည် အပြစ်သားတို့ကို ကယ်တင် တော်မူမည့်
သူ၏ရည်ရွယ်တော်မူချက်ကို ဖော်ဆောင်နိုင်တော်မူပါသည်” ဟူ၍ပြောပါသည်။ ဤသို့ဆိုလျှင်
သခင်ယေရှုသည် လူသားမျိုးနွယ်တို့အား အထူးတာဝန်ကိုအပ်နှင်းတော်မူရန်အတွက်
မည်သည့်အရာက သူ့အား တွန်း အားပေးပါသနည်း။ ဤမေးခွန်းအတွက် အဖြေအဖြစ် အယ်လင်ဝှိုက်က၊
“ခရစ်တော်၏ အကျင့်စရိုက်တော်နှင့်တူညီမှုရှိစေသည်အထိ၊ ကျွန်ုပ်တို့၏
အကျင့်စရိုက်ကို တိုးတက်စေရန်မှာ သူ၏အမှုတော်တွင် ကျွန်ုပ်တို့အနေဖြင့်
မျှဝေထမ်းရွက်ရကြမည် ဖြစ်ပါသည်” ဟူ၍ ရေးသားဖော်ပြထားခဲ့ပါသည်။
အသင်းသူအသင်းသားတို့သည် သာသနာပြုလုပ်ငန်းတွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်ကြပါက၊
ဝိညာဉ်ရေးဆိုင်ရာ အကျိုးကျေးဇူးကို ခံစားရရှိကြမည် ဖြစ်ပါသည်။ ဘုန်းတော်ရှင်၏
အစီအစဉ်တော်တွင် မလှုပ်မယှက်ငုတ်တုတ် ထိုင်နေကြသော သူတို့သည်
ဝိညာဉ်ရေးကြီးထွားခြင်းကို ဆုံးရှုံးခံရကြမည် ဖြစ်ပါသည်။ ပျောက်ဆုံးသွားသောသူတို့ကို
ရှာဖွေတော်မူရန်နှင့် ကယ်တင် တော်မူရန်အတွက် သခင်ယေရှုသည်
ဤမြေကြီးပေါ်သို့ကြွဆင်းလာတော်မူခဲ့ ပါသည်။ ဧဝံဂေလိတရားတော်ကိုသင်ကြားရယူခြင်းတွင်
ကျွန်ုပ်တို့အားလုံးတို့ သည် ကျရှုံးခဲ့ကြပါသည်။ ကျွန်ုပ်တို့သည်
သခင်ယေရှုကိုကယ်တင်ရှင်အဖြစ် လက်ခံကြပြီး အကာအကွယ်ရရှိနိုင်သော
အခွင့်အလမ်းတစ်ခုကို ပေးအပ်ခြင်း ခံခဲ့ကြရပါသည်။ “ကျွန်ုပ်တို့သည် ခရစ်တော်၏
ဒုတိယအကြိမ်ကြွလာတော်မူ မည့် အကြောင်းကို ပြောဆိုနေကြစဉ် တစ်ဝက်မျှလောက်သော
ကမ္ဘာ့လူသား တို့သည် ခရစ်တော်၏ ပထမအကြိမ်ကြွလာတော်မူခြင်းကို မကြားသိရကြဘဲရှိ
နေသည်” (အော့စ်ဝေါလ်ဒ်ဂျေစမစ်)။ ခရစ်ယာန်၏ အသက်တာအတွက် ကြီးမားသောစိန်ခေါ်မှုမှာ
ကယ်တင်ခြင်း၏လက်တွေ့ အနေအထားအတွင်း၌ ကျွန်ုပ်တို့ခရစ်ယာန်များကျန်ရှိနေကြရန်နှင့်
ကျေးဇူးတော်၌ကြီးထွား ကြရန်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်ကို
လေ့လာကြပြီး မရပ်မနား ဆုတောင်းကြရပါမည်။
ခရစ်ယာန်အများအပြားတို့က
ဖော်ထုတ်သိရှိကြရာတွင်၊ အချိန်ကာလ ကုန်ဆုံးသွားသည်အလျောက် သူတို့သည်
ဆုတောင်းလိုသောဆန္ဒနှင့် ကျမ်းစာ တော်မြတ်ကို သင်ကြားလေ့လာလိုသောဆန္ဒများ
စတင်ဆုံးရှုံးလာကြပါသည်။ အဘယ်ကြောင့်နည်း။ ဝိညာဉ်ရေးနှင့်ပတ်သက်လာလျှင်
လှုပ်ရှားဆောင်ရွက်မှု မရှိခြင်းအတွက် စစ်မှန်သော ကုသမှုတစ်ခုနှင့် သင်၏ အကူအညီကို
လိုအပ် နေကြသော အသက်ဝိညာဉ်တို့အတွက် ကူညီဆောင်ရွက်ပေးသည့် အလုပ်မျိုး ရှိနေပါသည်။
ဤနည်းနာနိဿယသည် ခရစ်တော်က သတ္တိနည်းသော၊ ယုံမှား သောစိတ်ရှိသော၊
တုန်လှုပ်ချောက်ချားသောအသက်ဝိညာဉ်တို့အား ကုသပေး ရန်အတွက် ဆေးအညွှန်းပေးအပ်တော်မူခြင်းဖြစ်ပါသည်။
ထာ၀ရဘုရား၏ ရှေ့တော်မှောက်တွင် ဝမ်းနည်းကြေကွဲစွာဖြင့် လျှောက်လှမ်းကြသည့် ပူပန်
သောကရောက်နေကြသည့်သူတို့အား ပြန်လည်မေတ္တာရပ်ခံစေကြပြီးနောက်၊ သူတို့အနေဖြင့်
အကူအညီလိုအပ်သော တစ်စုံတစ်ယောက်ကို အကူအညီပေး စေရန်ဆောင်ရွက်ပေးပါ။
အယ်လင်ဝှိုက်ပြောဆိုခဲ့မှုအရ
အထူးတာဝန်များတို့၏ အဦးဆုံးရည်ရွယ် ချက်မှာ ဧဝံဂေလိသတင်းစကားကို
ပုံမှန်သဘောဖြင့်ဟောပြောကြရန် မဟုတ် ပါ။ အမျိုးသားများရောအမျိုးသမီးများတို့အတွက်
ကျေးဇူးတော်၌ကြီးထွားရန် သူတို့၏ ဝိညာဉ်ရေးနှေးကွေးမှုကို နောက်ကျောတွင်
ချန်ထားခဲ့ရန်နှင့် ရှေ့သို့ အင်တိုက်အားတိုက်ဆက်သွားရန်
အခွင့်အရေးတစ်ရပ်ရှိနေကြပါသည်။ တက် ကြွမှုမရှိကြသောအသင်းဝင်သူများ၊
အသင်းတော်ကိုအခြေခံသည့် အထူးတာ ဝန်တွင်ပါဝင်ခြင်းများဖြစ်ကြပါသည်။
စိုးရိမ်စရာအနေအထား၏ အကြောင်း ရင်းခံများဖြစ်ကြပါသည်။ ဤအချက်သည် မိမိ၏
အဝန်းအဝိုင်း၏ ပြင်ပတွင် ရှိနေကြသော သူတို့ခံစားရမှု သို့မဟုတ် နှစ်ခြင်းမင်္ဂလာ
ပေးခြင်း၏ ပန်းတိုင် များအတိုင်း မဖြည့်ဆည်းပေးနိုင်ခြင်းကြောင့်မဟုတ်ပါ။ ၎င်း၏
အကြောင်း ရင်းမှန်မှာ ထိုစိုးရိမ်စရာအနေအထားတွင်ရှိနေကြသော အသင်းတော်ဝင်များ
တို့သည် ခရစ်ယာန်အတွေ့အကြုံတစ်ခုလုံးကို လက်လွတ်ဆုံးရှုံးခံရခြင်းကြောင့်
ဖြစ်ပါသည်။
မှန်ကန်သည့်ခရစ်ယာန်များတို့သည်
အသင်းတော်၏ အထူးတာဝန်တွင် မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံထားကြပါသည်။ တစ်ခါတစ်ရံတွင်
ကျွန်ုပ်တို့ သည် ရှုပ်ထွေးမှုနှင့်ဆုံရကြပါသည်။ ကျွန်ုပ်တို့သည် အထူးတာဝန်၏
ရည်ရွယ် ရင်းမှာနှစ်ခြင်းမင်္ဂလာပေးရန်အတွက်ဟုသာ ထင်မှတ်ထားကြသည်အလျောက်
လူများတို့အား ပိုမိုများပြားစွာနှစ်ခြင်းမင်္ဂလာပေးနိုင်ကြရန်အတွက် နည်းလမ်း
သစ်များတို့ကို စူးစမ်းရှာဖွေလာကြပါသည်။ အကယ်၍ အထူးတာဝန်၏ ရည်ရွယ်ရင်းသည်
အသင်းဝင်သူတို့၏ အရေအတွက်တို့ကို များလာစေရေး သဘောမျိုးဆောင်ပါက
ထိုနည်းလမ်းသစ်တို့ကို ရှာဖွေစူးစမ်းသော လုပ်ရပ် သည် ကောင်းမွန်လှပါသည်။
သို့သော်လည်း ခရစ်တော်သည် အထူးတာဝန်ကို ဝိညာဉ်ရေးဖွံ့ဖြိုးရန်အတွက်
လမ်းကြောင်းတစ်ခုအဖြစ်ဖြင့်ပါ ရည်ရွယ်တော်မူ ခဲ့ပါသည်။
အမှန်တကယ်ပြောင်းလဲခြင်းရှိသောသူ တစ်ယောက်သည် အကူ အညီမဲ့ပြီး၊ အသုံးမကျသည့်
အသက်တာမျိုးတွင် နေထိုင်နိုင်သော သဘော ထားမျိုး အခြားသောမည်သူမျိုးထံ၌မျှမရှိပါ။
“သာသနာပြုလုပ်ငန်းကိုလုပ်ဆောင်သောအဖွဲ့တစ်ဖွဲ့”
သခင်ယေရှုသည်
သူ၏အသင်းတော်၏အထူးတာဝန်ကို ကျွန်ုပ်တို့အား ပေးအပ်လိုက်သည်နှင့် သူက၊ “သင်တို့သည်
ငါ၏သက်သေဖြစ်ကြလိမ့်မည်။” “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားတော်ကို
လောကီနိုင်ငံအရပ်ရပ်ရှိ သမျှတို့၌ သက်သေတစ်ခုအဖြစ်ဟောရကြမည်။” “သင်တို့သည် ဤလောက၏
ဆားဖြစ်ကြ၏။” “သင်တို့သည်လောက၏ အလင်းဖြစ်ကြ၏။” “သင်တို့သည် သွား၍. . .ငါ့တပည့်
ဖြစ်စေလျက်၊” ဟူ၍မိန့်တော်မူခဲ့ပါသည်။ ဤမိန့်တော် မူချက်အားလုံးတို့ကို
အကောင်အထည်ဖော်ရန်အတွက် တစ်ဦးချင်းစီ ပါဝင် လုပ်ဆောင်ရန်လိုအပ်ပါသည်။
ယေရှုခရစ်တော်သည် ဧဝံဂေလိတရားတော်ကို ကျွမ်းကျင်စွာဖြင့် ဟောပြောနိုင်ကြသော
သူတို့ကိုသာ သူ၏အထူးတာဝန်ကို ပေးအပ်တော်မူသည်မဟုတ်ပါ။ ကျွန်ုပ်တို့သည်
အသင်းဝင်သူတစ်ဦးစီကိုသာ သာသနာပြုလုပ်ငန်းကိုလုပ်ဆောင်စေရပါမည်။ သင်သည်
အသင်းတော်ခေါင်း ဆောင်တစ်ဦးဖြစ်သည့်အလျောက် အသင်းဝင်သူတစ်ဦးစီတို့သည် သူ၏
သို့မဟုတ် သူမ၏ အထူးတာဝန်ကို အမှန်တကယ်လုပ်ဆောင်သည်မလုပ်
ဆောင်သည်ဆိုခြင်းကိုစောင့်ကြည့်ရန်မှာသင့်အတွက်စိန်ခေါ်မှုပင်ဖြစ်ပါသည်။
“ကြီးမားသော အသင်းတော်၏ အမှတ်လက္ခဏာသည် တရားဇရပ်တွင် ထိုင် စရာထိုင်ခုံ အရေအတွက်
မည်မျှဆံ့သည့်အကျယ်အဝန်းမဟုတ်ဘဲ၊ အမှုတော် ကိုမည်မျှပျံ့နှံ့စွာ
ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်” (ငြုန Sအခေ့ကမa). အမှု
တော်ဆောင်များ (အသင်းလူကြီးသည် စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ပါသည်) တို့သည်
အသင်းဝင်သူများတို့အနေဖြင့် ဝိညာဉ်တော်ရေးရာတွင် ကြီးထွားမှု ရှိလာကြစေရန်အတွက်၊
ထို့အပြင် သူတို့သည်သမ္မာတရားတော်ဆီသို့ အသက် ဝိညာဉ်တို့ကို ဦးဆောင်ပို့ပေးရမည့်
ဘုရားသခင်က သူတို့အပေါ်တင်ထား တော်မူသောဝန်ကို ထမ်းရွက်သယ်ပိုးကြစေရန်အတွက်
သူတို့အားသင်ကြား ပို့ချကြပါစေ။ မိမိတို့၏ တာဝန်ယူမှုအပိုင်းကို
မဖြည့်ဆည်းပေးနိုင်ကြသော အသင်းဝင်သူတို့အတွက်မှာမူ သူတို့ထံသို့
အလည်အပတ်သွားပေးခြင်း၊ သူတို့ နှင့်အတူကတွ ဆုတောင်းပေးခြင်းနှင့်
လုပ်ဆောင်သောသူတို့အဖြစ်သို့ ရောက် ရှိသွားကြပါလေစေ။
“သူ၏အလားအလာကောင်းသော
အမှုတော်ဆောင်ခြင်းလုပ်ငန်းတစ်ခု လုံးကို
သူတစ်ဦးတည်းသယ်ပိုးထမ်းရွက်ခြင်းဖြင့်ပြီးမြောက်အောင်မဖြည့်ဆည်း နိုင်ကြောင်းကို
အစောပိုင်းကတည်းက သင်ယူရရှိသောအသင်းအုပ်ဆရာသည် ပညာရှိပင်ဖြစ်ပါသည်။ သခင်ဘုရားသည်
တပည့်တော် (၁၂) ပါးကို ရွေး ကောက်တော်မူခဲ့ပါသည်။ ရှေးဦးတမန်တော်တို့သည်
အရည်အချင်းရှိသောလူ (၇) ဦးကို ရွေးချယ်ခဲ့ကြပါသည်။ စပျစ်ဥယျာဉ်ပိုင်ရှင်သည်
ဈေးထဲသို့ သွားပြီး အကူအညီတောင်းခံခဲ့ပါသည်။” အသင်းအုပ်ဆရာတစ်ယောက်၏ တာဝန်ယူ
ရမှုများမှာ သင်တန်းပေးရန် စည်းရုံးသိမ်းသွင်းရန်နှင့် အသင်းတော်အား ညီညီ ညွတ်ညွတ်ဖြင့်
ပူးပေါင်းဆောင်ရွက်သော ကြိုးပမ်းမှုမျိုးဖြင့်ဦးဆောင်ပြီး ကမ္ဘာ
လောကကြီးကိုဘုရားသခင်နှင့်ဆုံတွေ့စေရေးအတွက် သတိပေးရန်နှင့်ပြင်ဆင်
ပေးရန်ဖြစ်ပါသည်။
မည်သည့်အသင်းဝင်သူများကမျှ
“ကျွန်ုပ်သည် လူတို့အားတပည့်ဖြစ်စေ ရန်မလုပ်ဆောင်လိုပါ။
သက်သေတစ်ယောက်လည်းမဖြစ်လိုပါ။ ကျွန်ုပ်တွင် အရည်အချင်းမရှိပါ။ ကျွန်ုပ်သည်
ဖြစ်တည်မှုအရည်အသွေးအမျိုးအစား ဖြစ်ရ သည်ကို မနှစ်မြို့သည့်အတွက်
အထက်ဖော်ပြပါလုပ်ရပ်မျိုးကိုမလုပ်လိုပါ” ဟူ၍ မှန်ကန်စွာမပြောနိုင်ကြပါ။
အသင်းတော်တည်ရှိနေရသော အဓိက
အကြောင်းရင်းတစ်ခုမှာသာသနာပြုရန်ခိုင်းစေချက်အထူးတာဝန်တစ်ခုကြောင့် ဖြစ်ပါသည်။
၎င်းအလုပ်မှာ တစ်ဦးချင်းစီ သို့မဟုတ် ကိုယ်ပိုင်အလုပ်ကိစ္စမျိုး မဟုတ်ပါ။
အသင်းအုပ်ဆရာများနှင့်
သာမန်အသင်းတော်ဝင်များတို့အား လေ့လာ တွေ့ရှိချက်အရ၊ ၉၀% သောအသင်းအုပ်ဆရာတို့က
အသင်းတော်၏ ရည် ရွယ်ချက်သည် ပျောက်ဆုံးသောသူတို့ထံသို့ ရောက်ရှိရေးပင်ဖြစ်သည်ဟု
ပြော ဆိုခဲ့ကြပါသည်။ ၉၀% သောသာမန်အသင်းသားတို့ကမူ၊ အသင်းတော်၏ ရည်ရွယ်ချက်မှာ
များပြားလှသော သူတို့၏လိုအပ်ချက်များတို့ကို ဖြည့်ဆည်း ပေးရန်ဖြစ်ပါသည်။ ၁၀% သော
သာမန်အသင်းသားများကသာ အသင်း တော်၏ရည်ရွယ်ချက်သည် ပျောက်ဆုံးသွား သောသူတို့ထံသို့
သွားရောက်ရေး သာဖြစ်ကြောင်း ပြောပြခဲ့ကြပါသည်။
အသင်းတော်များတို့သည်
သူတို့၏အသိုက်အဝန်းအတွင်းတွင် ကွဲပြား ခြားနားမှုတစ်စုံတစ်ခုကိုမျှ
မလုပ်ဆောင်ကြခြင်းသည် ထူးဆန်းအံ့ဩစရာ မဟုတ်ပါ။ သူတို့သည် ပျောက်ဆုံးသွားကြသော
သူတို့ထံသို့ သွားရောက်ရေး ကို စိတ်မဝင်စားကြဘဲ၊ မိမိတို့ကိုယ်ကိုသာ
စိတ်ဝင်တစားရှိနေကြပါသည်။ အသင်းတော်သည် ဤလောကကမ္ဘာကြီးကို
၎င်း၏အိမ်အဖြစ်လက်ခံသတ်မှတ် ရန်အတွက် စဉ်ဆက်မပြတ် သွေးဆောင်ခြင်းခံနေရပါသည်။
စည်းလုံးညီညွတ် မှုမရှိ၊ တွေးခေါ်မြော်မြင်မှုနတ္တိဖြစ်နေပါသည်။
“ကြီးမားသောကိုယ်စားလှယ်အဖွဲ့”
သခင်ယေရှုသည်
သူ၏တပည့်တော်တို့ကို ကမ္ဘာလောကသို့စေလွှတ် တော်မူခဲ့သောအခါတွင် (မဿဲ ၂၈း၁၀၊၂၀)
သူတို့အားတစ်ဦး တစ်ယောက် ခြင်းပုံစံမျိုးဖြင့် လွှတ်တော်မမူဘဲ၊ အစုအဖွဲ့ပုံစံဖြင့်
လွှတ်တော်မူခဲ့ပါသည်။ ခေတ်ဦးကာလ ခရစ်ယာန်တို့သည် သူတို့၏ ဒေသခံအသင်းတော်မှ
ထွက်သွား ပြီး ဧဝံဂေလိတရားတော်ကို ဝေငှရန်သွားကြရာတွင်လည်း သူတို့သည် အသင်း
အဖွဲ့ပုံစံမျိုးများဖြင့်သွားကြရန် ရွေးချယ်ခဲ့ကြလေ့ရှိကြပါသည်။ (မာကု ၆း၇။
တမန်တော် ၁၅း၂၂။ ၁သက် ၃း၁-၂) သာသနာပြုလည်ပတ်ခြင်းများ သွားခဲ့ ကြစဉ်အတွင်း
သူတို့သည် သူတို့၏ မူရင်းဒေသအသင်းတော်တို့နှင့် စာရေး ပို့ပေးခြင်းတို့နှင့်ဆုတောင်းပေးခြင်းတို့အားဖြင့်
နီးကပ်သော ခင်မင်ရင်းနှီးမှုမျိုး ကို ထိန်းသိမ်းထားခဲ့ကြပါသည်။ ခရစ်ယာန်
အသိုက်အဝန်းသည် သူတို့၏ အထူးတာဝန်အတွက်အရေးပါလှပါသည်။
ကျွန်ုပ်တို့အား
ခရစ်တော်သည်ကမ္ဘာလောကသို့ သူ၏အသင်းတော် သံ အမတ်ကြီးများအဖြစ် စေလွှတ်တော်မူပါသည်။
ဤသို့အားဖြင့်ပင် ကျွန်ုပ်တို့ သည် ၎င်းအသင်းတော်၏ အထူးတာဝန်ကြီးတွင်
မျှဝေထမ်းဆောင်နေကြပါ သည်။ “ကြီးမားသောကိုယ်စားလှယ်အဖွဲ့သည် အဆုံးအဖြတ်ပေးရန်
ရွေးချယ် ပိုင်ခွင့်တစ်ခုမဟုတ်မူဘဲ လိုက်နာရမည့် အမိန့်တစ်ခုဖြစ်ပါသည်” ဟ(ဒ်)စန်
ထေလရ်(ရ်)၊ တစ်ဦးခြင်းပုံစံဖြင့် လုပ်ဆောင်ခြင်းသည် ခရစ်ယာန်ဆိုင်ရာ
အထူးတာဝန်တွင်ပါရှိသော များစွာသောကဏ္ဍတို့ကို ပြီးမြောက်အောင်ဆောင်
ရွက်နိုင်ခြင်းမရှိပါ။ သခင်ခရစ်တော်၏အကြောင်းကို အခြားသောယုံကြည်သူ တို့၏ကူညီမှုမရှိဘဲ၊
အခြားသောသင်၏ အိမ်နီးနားချင်းတို့ကို သင်ပြောပြနိုင် ပါသည်။ သို့သော်လည်း
သင်ကိုယ်တိုင်ကမ္ဘာ့တိုက်ကြီးတစ်တိုက်ကို ဧဝံဂေလိ
တရားဟောပြောနိုင်မည်ဟူ၍လည်းကောင်း၊ သို့မဟုတ် အငတ်ဘေးကြုံတွေ့ နေရကြသည့်
သားကောင်အဖြစ်ရောက်နေကြသောသူတို့ကို ကျွေးမွေးရန် အတွက်လည်းကောင်း၊ သို့မဟုတ်
ဆေးရုံအဆောက်အဦတစ်ခုကို ဆောက် လုပ်ခြင်းကို
သင်တစ်ဦးတည်းကိုယ်တိုင်လုပ်ဆောင်နိုင်မည်ဆိုခြင်းမှာ ယုံရခက် လှပါသည်။ သို့ရာတွင်
အခြားသောယုံကြည်သူတို့နှင့်ပူးပေါင်းလုပ်ဆောင်မည် ဆိုပါက ဤအလုပ်များတို့ကို
သင်အားလုံးလုပ်ဆောင်နိုင်သည်သာမက၊ ထို ထက်မကလုပ်ဆောင်နိုင်ပါသည်။
ကျွန်ုပ်တို့၏အထူးတာဝန်သည်
ဧဝံဂေလိတရားဟောပြောခြင်းကို ချုပ် ချယ်ခြင်းမပြုနိုင်ပါ။ ဤကမ္ဘာလောကကြီးတွင်
အသင်းတော်၏အခန်းကဏ္ဍမှာ လူတို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပေးပြီး
သူတို့ကိုဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေရေးပင်ဖြစ်ပါသည်။ သခင်ယေရှုသည်
ဤလောကတွင် ရှိတော်မူစဉ်အခါက သင်ကြားပေးခြင်း၊ ကုသပေးခြင်း၊ ကူညီပေးခြင်း၊ တပည့်
တော်ဖြစ်စေခြင်းနှင့်အစေခံခြင်းတို့ကို လုပ်ဆောင်တော်မူခဲ့ပါသည်။ အသင်း တော်သည်
သခင်ယေရှုဆောင်ရွက်တော်မူခဲ့သကဲ့သို့ ဆောင်ရွက်ရပါမည်။
“အထူးတာဝန်နှင့်စိတ်အားထက်သန်မှု”
စိတ်အားထက်သန်မှုသည်
စွမ်းအင်နှင့်ခိုင်မာသော ယုံကြည်မှုတို့၏ ပေါင်းစပ်မှုပင်ဖြစ်ပါသည်။ စစ်မှန်သော
စိတ်အားထက်သန်မှုသည် ဘုရား သခင်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာမှတစ်ဆင့်
အသင်းတော်တိုးတက်မှု များအတွက်သဘောထားရှိခြင်းနှင့် ဘုရားသခင်၏အသင်းတော်အပေါ် ကတိ
ကဝတ်ပြုခြင်းပင်ဖြစ်ပါသည်။ အယ်လင်ဝှိုက်က “အသက်ဝိညာဉ်တို့ကို ကယ် ဆယ်ရန်မှာ
သခင်ခရစ်တော်၏ ရွှင်လန်းခြင်းပင်ဖြစ်ပါသည်။ ၎င်းလုပ်ရပ်ကို
သင်၏အလုပ်နှင့်သင်၏ရွှင်လန်းခြင်းအဖြစ်ရှိနေပါစေ” ဟူ၍သဘောထားပေး ခဲ့ပြီး
သူမကဆက်လက်၍ “အသက်ဝိညာဉ်တို့ကို ကယ်ဆယ်ရေးမှာ ခရစ် တော်ကို ယုံကြည်သက်ဝင်သူတိုင်းတို့၏
ဘ၀ပေးအလုပ်အဖြစ် သဘောထား သင့်ပါသည်” ဟူ၍ ပြောကြားခဲ့ပါသည်။ ဤအမြင်သဘောထားအပေါ် သူမ
၏အသားပေးပြောဆိုခဲ့မှုမှာ “ဤကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ရမည့် တာဝန်ကို
ပြီးမြောက်စေရန်အတွက် တာဝန်ယူရခြင်းကို လက်တင်မင်္ဂလာခံယူ ရရှိပြီးသော
အမှုတော်ဆောင်အပေါ်ချည်းသာ ပုံချ၍မရပါ။ သခင်ခရစ်တော် ကိုလက်ခံပြီးကြသည်
လူတိုင်းတို့သည် သူ၏ မိတ်ဆွေအပေါင်းအဖော်တို့ကို ကယ်ဆယ်ရန်အတွက်
ခေါ်တော်မူခြင်းကိုခံရကြပါသည်” ဟူ၍ဖြစ်ပါသည်။ ဆုတောင်းခြင်း၊ ကျေးဇူးတင်ခြင်းများ၊
တေးဂီတ၊ မိတ်သဟာယဖွဲ့ခြင်းနှင့် အခြားသောအမှုတော်ဆောင်ခြင်းလုပ်ငန်းတို့ကဲ့သို့သော
အသင်းတော်၏ လှုပ် ရှားမှုများတို့သည် အရေးပါရှိလှသော်လည်း အပြစ်သားတို့ကို
ကယ်တင်ခြင်း လုပ်ဆောင်ရေးမှာ ကျွန်ုပ်တို့အတွက်အရေးအကြီးဆုံးသော တာဝန်ယူရမှုဖြစ်
ပါသည်။ ဤလုပ်ဆောင်ချက်သည် ကျွန်ုပ်တို့အတွက် အကြီးမားဆုံးသော
ရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ရပါမည်။ ကောင်းကင်နိုင်ငံတော်တွင် ကျွန်ုပ်တို့ သည်
ဧဝံဂေလိတရားတော်ကို ကြားမြင့်စွာ ဟောပြောရကြမည်မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့သည်
ဤမြေကြီးပေါ်တွင် ရှိနေကြသည့်အချိန်တွင် ဧဝံဂေ လိတရားဟောကြားခြင်းအလုပ်သည်
ကျွန်ုပ်တို့အသက်တာ၏ လက်တွေ့ဘ၀ တွင် ပါရှိရမည့်အစိတ်အပိုင်းဖြစ်ရပေဦးမည်ဖြစ်ပါသည်။
အခြားသောသူတို့ထံသို့
ဧဝံဂေလိတရားကို ကြေညာခြင်းအလုပ်သည်
သင်တို့နှင့်ကျွန်ုပ်ကဲ့သို့သောခရစ်ယာန်တိုင်းတို့၏အထူးတာဝန်ပင်ဖြစ်ပါသည်။
ကြီးမားသော ကိုယ်စားလှယ်အဖွဲ့အနေဖြင့် သက်တမ်းကုန်ဆုံးသည့် ကာလ ရှိပြီး
၎င်း၏သက်တမ်းတိုးမှုသည် ၎င်းကိုယ်စားလှယ်အဖွဲ့ကို တည်ထောင်ရန်
သခင်ယေရှုမိန့်တော်မူချိန်မှ စတင်ပြီး၊ ကပ်ကမ္ဘာကုန်ဆုံးသည်အထိ (မဿဲ ၂၈း၂၀)
သာဖြစ်ပါသည်။ မိနစ်တိုင်းသည်တန်ဖိုးရှိလှပါသည်။ မကောင်းဆိုးဝါး တို့မှာမူ
ကျန်ရှိသောအချိန်သည် အလွန်တိုတောင်းလှကြောင်းကို ပို၍ပင်သိရှိ နေကြပါသည်။
ခရစ်ယာန်၏
အတွေ့အကြုံနှင့်ဝိညာဉ်ရေးတို့ကြီးထွားရေးအတွက် သက် သေလိုအပ်ပါသည်။ အကယ်၍
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အသိုက်အဝန်းတို့ နှင့်ထိတွေ့မှုရှိပြီး၊
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုမျှဝေပေးခြင်းမပြုကြပါက ကျွန်ုပ် တို့၏ခရစ်ယာန်
ဘာသာသည် အဓိပ္ပါယ်ကင်းမဲ့ရာရောက်ပေသည်။ ခရစ်တော် ၏
ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် မည်သည့်အသင်းတော်အမျိုး အစားကို
ကျွန်ုပ်တို့ပြင်ဆင်နေပါသနည်း။ “ဧဝံဂေလိသတင်းစကားသည် သူ
ရောက်ရှိရမည့်နေရာသို့အချိန်မီရောက်ရှိသွားမှသာလျှင် ၎င်းဧဝံဂေလိသတင်း စကားသည်
သတင်းကောင်းဖြစ်လာမည်ဖြစ်သည်” (ဃမေူ F H. Hနညမပ).
“အထူးတာဝန်အတွက်မတူကွဲပြားမှုရှိသောအရင်းခံအကြောင်းများ”
ကျွန်ုပ်တို့အားလုံးတို့သည်
မတူကွဲပြားသော အရာများဖြစ်ကြသည့် ချစ်ခြင်း မေတ္တာကျေးဇူးတရား၊
ကြောက်ရွံ့မှုနှင့်ကြည်နူးမှုရလိုသော စိတ်ဆန္ဒ တို့အားဖြင့်
ဆွဲဆောင်ခြင်းခံနေရကြပါသည်။ ထိုဆွဲဆောင်မှုအကြောင်းတို့ သည် တရားဝင်မှုရှိကြပါသည်။
၎င်းတို့တစ်ခုချင်းသည် အခြားသောအရာ တို့ကိုဖြည့်စွက်ပေးပါသည်။ ဘုရားသခင်၏
စကြ၀ဠာကြီးတွင် မည်သည့်အမှန် တရားသည် အစဉ်ထာ၀ရသပ်ရပ်ကြော့မော့မှုရှိပါသနည်း။
တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် ထာ၀ရဘုရားအား ကြည်နူးနှစ်သက်စေရန်အတွက် ဤဆွဲ
ဆောင်မှုများအားလုံးတို့ကိုလိုအပ်ကြပါသည်။ ပြုမူကျင့်ကြံမှု၏ တစ်စုံတစ်ရာ
သောဦးတည်ရာအတွက် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်သည် အမြင့် ဆုံးနှင့်အဆုံးစွန်သော
အကြောင်းတရားအဖြစ်ရှိနေသည့်တိုင် ဘုရားသခင်၏ ထာ၀ရတည်တံ့တော်မူသော
ဘုန်းအာနုဘော်တော်နှင့် ကျွန်ုပ်တို့၏ ထာ၀ရ ကောင်းမြတ်ခြင်းတို့၏ စပ်ကြားတွင်
မည်သည့်ရှေ့နောက်ညီညွတ်မှုမရှိသော ဖော်ပြချက်မျိုး သမ္မာကျမ်းစာတော်မြတ်ထဲတွင်
တွေ့ရှိရခြင်းမရှိပါ။ ဘုရား သခင်၏ ဂုဏ်တော်ကိုချီးမွမ်းခြင်းသည် ကျွန်ုပ်တို့၏
အကြီးကျယ်ဆုံးသော အစဉ်ထာ၀ရ ကောင်းမြတ်ခြင်းတွင်
အစဉ်အမြဲအကျိုးဖြစ်ထွန်းမှုရှိစေပါသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့၏
အစဉ်ထာ၀ရကောင်းမြတ်ခြင်းကို ဘုရားသခင်က ကျွန်ုပ်တို့အား မိန့်တော်မူသည့်အတိုင်း၊
ဆက်လက်၍ လက်ကိုင်ထားပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို
အမြဲတစေချီးမွမ်းကြမည်သာ ဖြစ်ပါသည်။
“နိုးကြားတက်ကြွခြင်း၊
ပြုပြင်ပြောင်းလဲခြင်းနှင့်အထူးတာဝန်”
၂၀၁၀ ခုနှစ်၊
အောက်တိုဘာ (၁၁) ရက်နေ့၌ သတ္တမနေ့မြော်လင့်ခြင်း အသင်းတော်ကမ္ဘာ့ဌာနချုပ်၏
အလုပ်အမှုဆောင်ကော်မတီက “နိုးကြားတက် ကြွခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊
တပည့်တော်ဖြစ်စေခြင်းနှင့် ဧဝံဂေလိတရား တော်ဟောပြောခြင်းဆိုင်ရာ
အရေးတကြီးပန်ကြားချက်” ဆိုသည့်ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ကို
အဆိုတင်သွင်းခဲ့ပါသည်။ ဤစာတမ်းသည် ကမ္ဘာမြေ ကြီးပေါ်သို့ ဘုရားသခင်၏
နောက်ဆုံးသောကာလသတင်းစကားဖြစ်သည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့်
သမ္မာတရားတော်တို့ကို ကြေညာရန် အတွက် သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်ကို
အထူးတာဝန်ပေးအပ်ထား တော်မူခြင်းကို သတိပေးခြင်းဖြင့် စတင်ထားပါသည်။ ၎င်းက
ဆက်လက်ပြီး ဖော်ပြထားရာတွင် ကျွန်ုပ်တို့သည် မဟာတိုက်လှန်ပွဲကြီးတွင် ဆုတ်ခွာနေရ
သည့်အကြောင်းကို အသိအမှတ်ပြုရန်နှင့်၊ ကျွန်ုပ်တို့သည်ပြောင်းလဲခြင်းမရှိ ပါက
ကျွန်ုပ်တို့၏လက်ရှိဘ၀ကာလအတွင်း ဤအထူးတာဝန်ကိုပြီးဆုံးအောင် ထမ်းဆောင်နိုင်ကြလိမ့်မည်မဟုတ်ပါ။
စာတမ်း၏ နိဂုံးပိုင်းတွင် ခေါင်းဆောင် တစ်ဦးချင်းစီနှင့်
အသင်းတော်ဝင်တစ်ဦးချင်းစီတို့အတွက် စိန်ခေါ်မှုတစ်ခု အဖြစ် အောက်ပါကတိကဝတ်တို့ကို
လုပ်ဆောင်ကြရန် အသိပေးထားပါသည်။
၁။
ပုဂ္ဂိုလ်ရေးအနေဖြင့် ဝိညာဉ်ရေးနိုးကြားတက်ကြွခြင်းအတွက်အပြင် ကျွန်ုပ်တို့၏
အသက်တာများ၊ ကျွန်ုပ်တို့၏ မိသားစုများနှင့် ကျွန်ုပ်တို့၏ အမှု
တော်ဆောင်ခြင်းလုပ်ငန်းများတို့၏ အပေါ်သို့ တန်ခိုးအဖြစ် သက်ရောက်စေ မည့်
နောက်မိုးအဖြစ်၊ သန့်ရှင်းသောဝိညာဉ်တော် သွန်းဖြိုးစေရန်အတွက် ဘုရားသခင်ထံတော်မှ
ကြိုးပမ်းတောင်းခံခြင်းကို ဦးစားပေးအဆင့်တွင် ထားရှိ ရကြပါမည်။
၂။
တစ်ဦးချင်းအနေဖြင့် သခင်ခရစ်တော်နှင့်နေ့စဉ်နေ့တိုင်းမိတ်သဟာ ယဖွဲ့ခြင်းကို
ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလေ့လာ သင်ယူခြင်းအားဖြင့်
လုပ်ဆောင်နိုင်ရေးအတွက် အရေးပါလှသော အချိန်ပမာ ဏကို သီးသန့်ဖယ်ထားရပါမည်။
၃။
ကျွန်ုပ်တို့၏နှလုံးသားတို့ကို ပြန်လည်ဆန်းစစ်ပြီး သခင်ယေရှု၏ အကျင့်စရိုက်တော်ကို
ထင်ရှားစေသည့် ကျွန်ုပ်တို့အား တားဆီးနှောင့်ယှက် သော မည်သည့်အရာကိုမဆို
အပြစ်ဒဏ်စီရင်ရေးကို သန့်ရှင်းသော ဝိညာဉ် တော်အား ကျွန်ုပ်တို့တောင်းခံကြရပါမည်။
ကျွန်ုပ်တို့၏အသက်တာတို့တွင် သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးပြည့်၀စေရေးကို
မည်သည့်အရာကမျှ တား ဆီးထားခြင်းမရှိစေရန် ကျွန်ုပ်တို့၏
စိတ်နှလုံးကိုခွင့်ပြုရန်အတွက် ဆန္ဒရှိရပါ မည်။
၄။ အသင်းတော်၏
အမှုတော်ဆောင်ခြင်းလုပ်ငန်းတို့ကို အားပေးတိုက် တွန်းရန်အတွက် ဆုတောင်းခြင်း၊
ဘုရားသခင်၏ နှုတ်တော်ထွက်ကို လေ့လာ ခြင်းတို့ကို ပြုလုပ်ရန် အချိန်ကိုအသုံးချပြီး
ဘုရားသခင်သည် သူ၏ အသင်း တော်အတွက် အစီအစဉ်တော်များမည်သို့ရှိသည်ကို
သိရှိနိုင်ကြရန်အတွက် ဘုရားသခင်၏စိတ်နှလုံးတော်ကို ကြိုးပမ်းစူးစမ်းရကြပါမည်။
၅။
ကျွန်ုပ်တို့၏အသင်းတော်တစ်ခုချင်း၏အသင်းအဖွဲ့တို့ကို အားပေး တိုက်တွန်းပြီး
အသင်းတော်ကိုအုပ်ချုပ်ကြသောသူများ၊ အသင်းအုပ်ဆရာများ၊
ကျန်းမာရေးစောင့်ရှောက်ပေးကြသည့်လုပ်သားများ၊ ပုံနှိပ်ထုတ်ဝေရေးလုပ် သားများ၊
ပညာရေးဆောင်ရွက်သူများ၊ ကျောင်းသားကျောင်းသူများတို့နှင့်
အားလုံးသောဝန်ထမ်းများတို့သည် သခင်ယေရှုနှင့် ကတိတော်အရ သွန်းဖြိုး ပေးမည့်
သန့်ရှင်းသောဝိညာဉ်တော်တို့ကို ဘုရားသခင်၏ နှုတ်တော်ထွက်ကို
လေ့လာခြင်းနှင့်ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် အတူတကွကြိုးပမ်း
ရှာဖွေရရှိကြရန်အတွက် လိုအပ်မည့်အချိန်ကိုသီးသန့် ဖယ်ထားကြရပါမည်။
၆။
အသင်းသူအသင်းသားတို့အနေဖြင့် ကတိတော်ရှိထားပြီးသားဖြစ် သော
နိုးကြားတက်ကြွခြင်းနှင့်ပြုပြင်ပြောင်းလဲခြင်းအတွက် သခင်ယေရှုနှင့်
ပိုမိုလေးနက်သည့် ဆက်ဆံရေးတို့ကို ကြိုးပမ်းရယူကြရန်အတွက် ရနိုင်သမျှ သော
သတင်းဌာနထွက်ပေါက်ညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲတို့အားဖြင့် သူ
တို့အားဖျောင်းဖျဆွဲဆောင်ကြရပါမည်။
၇။
ကျွန်ုပ်တို့၏အသင်းတော်အသင်းသားတစ်ရပ်လုံးတို့ကို ကျွန်ုပ်တို့၏ အသက်တာများ၊
မိသားစုများ၊ အဖွဲ့အစည်းများနှင့်အသိုက်အဝန်းများတို့ကို အသွင် ပြောင်းစေမည့်
သန့်ရှင်းသောဝိညာဉ်တော်၏ ကျွန်ုပ်တို့၏ အသက် တာကို
ပြောင်းလဲပေးနိုင်သည့်တန်ခိုးသည် ကျွန်ုပ်တို့၏စိတ်နှလုံးများအတွင်း
ဝင်ရောက်နိုင်ရေးအတွက် ကျွန်ုပ်တို့ရော သူတို့အပါအဝင် အားလုံးတို့၏ စိတ်
နှလုံးကိုဖွင့်ထားရေးတွင် ကျွန်ုပ်တို့နှင့်ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန်အတွက်
သူတို့ကိုအမြန်ဆုံးဖျောင်းဖျဆွဲဆောင် ပြီး ဖိတ်ခေါ်ကမ်းလှမ်းကြရပါမည်။
“၇၇၇ -
ကမ္ဘာအနှံ့ သန့်ရှင်းသောဝိညာဉ်တော်ဆုတောင်းခြင်းဆိုင်ရာ အဖွဲ့အစည်း၏ ပဏာမခြေလှမ်း”
သန့်ရှင်းသောဝိညာဉ်တော်၏
တန်ခိုးသွန်းဖြိုးရန်နှင့် ၎င်းသန့်ရှင်းသော ဝိညာဉ် တော်တည်ရှိနေရန်အတွက်
ရက်သတ္တပတ်လျှင် ခုနစ်ရက်နှုန်းဖြင့် နေ့စဉ် (နံနက် သို့မဟုတ် ညနေ)
ခုနစ်နာရီထိုးသောအချိန်တွင် ဆုတောင်း ကြရန် သတ္တမနေ့မြော်လင့်ခြင်းအသင်းဝင်တို့သည်
ဆင့်ခေါ်ခြင်းခံနေရကြပါ သည်။ ထိုဆုတောင်းချိန်အတောအတွင်း၊
အချိန်အနည်းငယ်ယူပြီးဆုတောင်း သောသူတစ်ယောက်သည် ကမ္ဘာပေါ်ရှိ တူညီသော
ဒေသစံတော်ချိန်အကန့် တွင်ရှိကြသည့် ထောင်ပေါင်းများစွာသော အခြားသောသူတို့နှင့်
စည်းလုံး ညီညွတ်မှုအတွက် ဆက်သွယ်ပေါင်းစည်းနိုင်ပါသည်။ အယ်လင်ဝှိုက်က “စိတ်
ထက်သန်မှုအရှိဆုံးသော
ဆုတောင်းခြင်းကိုပြုလုပ်ကြသော ယုံကြည်သူများ တို့၏ သံကြိုးကွင်းဆက်တစ်ချောင်းသည်
ကမ္ဘာကြီးကို ဝိုင်းပတ်ရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ရန်အတွက်
ဆုတောင်းရပါမည်” ဟူ၍ ပြောပြခဲ့ပြီး၊ သူမကကျွန်ုပ်တို့အား “ကျွန်ုပ်တို့အတွင်းတွင်
စစ်မှန်သော ဘုရားတရားကြည်ညိုမှုအတွက် နိုးကြားတက်ကြွစေခြင်းသည် ကျွန်ုပ်တို့၏
လိုအပ်မှုများအားလုံးတို့အနက် အကြီးမားဆုံးနှင့်အမြန်ဆန်ဆုံးသော လိုအပ်မှု
တစ်ခုဖြစ်ပါသည်” ဟူ၍ အသိပေးသတိပေးခဲ့ပါသည်။ ဤကဲ့သို့မျိုးကြိုးပမ်း
လုပ်ဆောင်ရန်မှာ ကျွန်ုပ်တို့အဦးဆုံး လုပ်ဆောင်ရမည့်အလုပ်ဖြစ်ပါသည်။ သို့သော်လည်း
ဘုရားသခင်သည် သူပေးထားတော်မူခဲ့သော ကျွန်ုပ်တို့အတွက် ကောင်းချီးမင်္ဂလာကို
အတည်ပြုချက်ပေးတော်မူမည့် အခြေအနေတို့ကို ဝန်ချ တောင်းပန်ခြင်း၊
အရှက်တကွဲအဖြစ်ခံခြင်း၊ နောင်တရခြင်းနှင့် စိတ်အားထက်
သန်စွာဖြင့်ဆုတောင်းခြင်းတို့ဖြင့် ဖြည့်ဆည်းပေးရန်မှာ ကျွန်ုပ်တို့၏ အလုပ်
ဖြစ်ပါသည်။ နိုးကြားတက်ကြွမှု လိုအပ်ချက်တစ်ခုဖြစ်သည့် ဆုတောင်းခြင်းကို
ဘုရားသခင်၏ပြန်လည်ဖြေကြားတော်မူခြင်းအပေါ်တွင်သာ
မျှော်မှန်း၍ ရနိုင် ပါသည်။
ယခုအချိန်သည်
သမိုင်းတစ်လျှောက်အရေးအကြီးဆုံးသောအချိန်ဖြစ်ပြီး၊
နောက်ဆုံးသောဖြစ်စဉ်များဖြစ်ပါသည်။ ယခင်အခါက မည်သည့်အခါမျှဖြစ်ခဲ့ ခြင်းမရှိသော
ယခုကဲ့သို့သောအချိန်ကာလတွင် သန့်ရှင်းသောဝိညာဉ်တော်၏ နက်နဲသော
ကြားဖြတ်ဖြည့်စွက်တည်ဆောက်မှုအတွက် ဘုရားသခင်ထံတော် သို့ ဆုတောင်းကြရပါမည်။
ယခုအချိန်သည် အသင်းအုပ်ဆရာများ၊ အသင်း တော်ခေါင်းဆောင်များနှင့်
အသင်းသူအသင်းသားများတို့အနေဖြင့် အဆင် သင့်ဖြစ်ရကြမည်ဖြစ်ပြီး၊
အဆုံးအဖြတ်ကိုခံယူကြရမည်ဖြစ်ကာ ကျွန်ုပ်တို့ ကိုယ်ကို
နေ့စဉ်နေ့တိုင်းခရစ်တော်ထံတော်တွင် လုံးလုံးလျားလျား အပ်နှံရ ကြမည့်အပြင်
သူ့အပေါ်တွင် လုံး၀ဥဿုံမှီခိုအားထားကြပါမည်။ ကျွန်ုပ်တို့ သည် နောက်မိုး၊
စင်ကြယ်မြင့်မြတ်သောဆီနှင့်အဆုံးအဖြတ် ပေးနိုင်သည့် ဝိညာဉ်တော်တို့ကို
ပြည့်၀စွာလက်ရရှိကြရန်လိုအပ်ပါသည်။ ဤအချက်သည် ကျွန်ုပ်တို့၏ အရေးအကြီးဆုံးသော
လိုအပ်ချက်ဖြစ်ပါသည်။ “ကျွန်ုပ်၏ ပြက္ခဒိန်တွင် ‘ယန္လေ့ နှင့် ‘ထိုန္လေ့ ဟူ၍
ရက်ပေါင်းနှစ်ရက်ရှိပါသည်” (မာတင် လူသာ)။ ကျွန်ုပ်တို့သည်
ဘုရားသခင်အပ်နှံထားတော်မူသည့်အထူးတာဝန်ကို အပြီးသတ်ဆောင်ရွက်နိုင်ကြရန်အတွက်
နိုးကြားတက်ကြွမှု၊ ပြုပြင်ပြောင်းလဲမှု
ရှိရန်နှင့်လုပ်ပိုင်ခွင့်အာဏာအပ်နှင်းခံရကြရန်အတွက် ယခုပင် ဘုရားသခင်ကို
ကြိုးပမ်းရှာဖွေကြပါစို့။ ထိုနောက်တွင် ကျွန်ုပ်တို့သည် သခင်ခရစ်တော် ဒုတိယ
အကြိမ်ကြွလာတော်မူခြင်းအတွက် အဆင်သင့်အနေအထားသို့ ရောက်ရှိကြ မည်ဖြစ်ပါသည်။
“ကျွန်ုပ်တို့ရရှိကြမည့်ဆုလာဘ်”
မရေမတွက်နိုင်လောက်အောင်များပြားလှသောသရဖူများနှင့်
အမျိုးစုံလှ
သောသရဖူများအပြင်၊
သရဖူများနှင့်ဆက်စပ်မှုမရှိသော ဆုလာဘ်များရှိနေကြ မည်ဖြစ်ပါသည်။
၎င်းဆုလာဘ်အားလုံးတို့သည် သခင်ခရစ်တော်က ပျူငှာစွာ ပေးအပ်တော်မူပြီး
ယုံကြည်သူတို့၏သစ္စာရှိလှသော ကြိုးစားဆောင်ရွက်မှုအား ဖြင့် ရယူနိုင်ခဲ့ကြပါသည်။
ထိုဆုလာဘ်တို့ကို ကျွန်ုပ်တို့၏ အသိအမှတ်ပြုခံရ ခြင်းအတွက်သာလျှင်
ကျွန်ုပ်တို့ကရရှိခြင်းမဟုတ်မူဘဲ၊ ခရစ်တော်၏ အနန္တ
ဘုန်းအာနုဘော်တော်ကြောင့်ဖြစ်ပါသည်။
ရှင်ပေါလုက
တိမောသေအားပေးသည့်ဩဝါဒစာဖြစ်သည့် (၂တိ ၄း၆- ၈) တွင် ဖော်ပြထားသည့် “အကြောင်းမူကား၊
ငါ့ကိုယဇ်ပေါ်မှာလောင်းရသော အချိန်ရှိပြီ။ စုတေ့ရသောအချိန်ရောက်လေပြီ။
ကောင်းစွာသောတိုက်လှန်ခြင်း ကိုငါပြုပြီ။ ပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီ။
ယုံကြည်ခြင်းတရား ကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည်
ငါ့အဖို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည်
ထိုသရဖူကိုငါ၌အပ်ပေးတော်မူမည်။ ထိုမျှမကပေါ်ထွန်းတော်မူခြင်းကို တောင့်
တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်” ဆိုသည့်ပြောစကားမျိုး ကို ကျွန်ုပ်တို့ပြောနိုင်ကြပါမည်လား။
“အထူးတာဝန်အတွက်စိတ်အားထက်သန်မှုမရှိဘဲ၊
သင်သည် ခြင်းပင် ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်ဖြစ်နိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှု၊
စဉ်းစားဆင်ခြင်သုံးသပ်ခြင်း၊သို့မဟုတ် ဆွေးနွေးတိုင်ပင်
ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ -
၁။ အသင်းတော်သည် အထူးတာဝန်နှင့်ပတ်သက်သည့်
ထုတ်ပြန်ကြေညာ ချက် လုပ်ဆောင်ရန် အဘယ်ကြောင့်အရေးကြီးပါသနည်း။
၂။
“ကျန်ကြွင်းသောအသင်းတော်” ဖြစ်သည့်အလျောက်၊ ကမ္ဘာမြေကြီးပေါ်
တွင်
ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့၏ အထူးတာဝန်သည် အဘယ် အရာနည်း။
၃။ အသင်းတော်၏ ဦးစားပေးမှုလေးရပ်တို့နှင့်
သင့်အနေဖြင့်သဘောတူညီမှု ရှိပါသလား။ သင်၏သဘောထားတို့ကိုမျှဝေပေးပါ။
၄။ အသင်းဝင်သူများတို့က အထူးတာဝန်တွင်
ပါဝင်ဆောင်ရွက်ကြခြင်းသည် များစွာသော အသင်းအုပ်ဆရာများတို့အတွက်
အဘယ်ကြောင့်စိန်ခေါ်မှု မျိုးသော တစ်ရပ်အဖြစ်ရှိနေပါသနည်း။
၅။ အထူးတာဝန်အတွက် အသင်းတော်၏ အသင်းဝင်သူတို့အား
ဆော်ဩ စည်းရုံးရန်အတွက် အကောင်းဆုံးသောမဟာဗျူဟာသည် အဘယ်အရာ ဖြစ်ပါသနည်း။
အခန်းကြီး - ၁၀
“နိဂုံးပိုင်း”
ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့၊
အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည်ကြီးလှပေ၏. . (မဿဲ ၅း၁၂)။
အသင်းအုပ်ဆရာတစ်ယောက်ဖြစ်လာရန်အတွက်သင်သည်
ဘုရားသခင် ၏ ခေါ်တော်မူခြင်းကိုခံနေရပြီးဖြစ်သည်။ မည်မျှရွှင်လန်းစရာဖြစ်ပြီး၊
အခွင့် ထူးအဖြစ်ရှိနေပါသနည်း။ အသင်းအုပ်ဆရာဆိုင်ရာ အမှုတော်ဆောင်ခြင်း လုပ်ငန်းသည်
မြင့်မြတ်သော အလုပ်တစ်ခုဖြစ်ပါသည်။ သူ၏လူစုတော်တို့ကို သူတော်ကောင်း
အသင်းအုပ်ဆရာများတို့ဖြင့် အထောက်အပံ့ပြုခြင်းသည် ဘုရားသခင်၏
အပြုသဘောဦးစားပေးတော်မူခြင်းများဖြစ်ပါသည်။ (ယေရမိ ၃း၁၅)
အသင်းအုပ်ဆရာတစ်ယောက်ဖြစ်ရခြင်းကို ကျွန်ုပ်နှစ်သက်လှပါသည်။ ၎င်းနေရာမျိုးသည်
တစ်ခါတစ်ရံသာလိုအပ်မှုရှိပါသော်လည်း ရှေ့ဆုံးတန်းတွင် ရောက်ရှိရပြီး၊
ဧဝံဂေလိတရားသည် အခက်အခဲ များတို့ကိုဖြေဖျောက်ပေးခြင်း ထက်သာလွန်သည့်
လူတို့၏အသက်တာကိုပြောင်းလဲပေးခြင်းအမှုကို တွေ့မြင်
ခွင့်ရသည့်ဆုလာဘ်မျိုးတို့ကိုရရှိပါသည်။
သင်သည်
ခေါ်တော်မူခြင်းခံရပါက၊ အသင်းအုပ်ဆရာတစ်ယောက်၏ အသက်တာအတွက် ၎င်းခေါ်တော်မူခြင်းသည်
အကောင်းဆုံးဖြစ်သည်ဟု ကျွန်ုပ်လက်ခံယုံကြည်ပါသည်။ ၎င်းအတွက်ဆုလာဘ်တို့သည်
အမျိုးပေါင်းစုံ လှပါသည်။ ကျွန်ုပ်သည် ချစ်ခြင်းမေတ္တာထားရှိခြင်းခံရမှု၊
ဂုဏ်ယူအသိအမှတ် ပြုခံရမှု၊ ကျွန်ုပ်အား လိုအပ်သောသူရှိကြောင်းသိရှိမှု၊
ယုံကြည်ကိုးစားခံရမှုနှင့် အသိအမှတ်ပြုခံရမှုအားလုံးတို့သည်
ကျွန်ုပ်၏လုပ်ဆောင်မှုအတွက် ရရှိသည့် ဆုလာဘ်များဖြစ်သည်ဟု ကျွန်ုပ်ခံစားရပါသည်။
သူ၏လူစုတော်တို့ကို ဝိညာဉ် ရေးဖွံ့ဖြိုးမှုရှိစေရန်အတွက် သူတို့ကို မြှင့်တင်ပေးရန်၊
ဘုရားသခင်သည် ကျွန်ုပ်အား ကိရိယာတန်ဆာပလာတစ်ခုအဖြစ် အသုံးပြုတော်မူပါသည်။
ကျွန်ုပ်သည် ဘုရားသခင်အား ကျေးဇူးဆပ်ရမည့်အကြွေး တစ်ခုတင်နေပါ သည်။ ဘုရားသခင်၏
ကျေးဇူးတော်၊ သခင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော် နှင့် သန့်ရှင်းသောဝိညာဉ်တော်၏
နှစ်သိမ့်မှုတို့အားဖြင့် အခြားသောသူထံသို့ စီးဆင်းသွားနိုင်သည့်
ရေသွင်းမြောင်းသွယ်တစ်ခုအဖြစ်ဖြင့် ကျွန်ုပ်သည်ဂုဏ် ပြုခြင်းခံရပါသည်။
အသင်းအုပ်ဆရာတစ်ယောက်ဖြစ်ခြင်းကြောင့်
ကျွန်ုပ်ရရှိသည့် ထာ၀ရ တည်တံ့သည့်ဆုလာဘ်မှာ ကျွန်ုပ်၏ အမှုတော်ဆောင်ကာလအတွင်း၊
ကျွန်ုပ် အစဉ်အမြဲခံစားနေရသည့် အားမလိုအားမရဖြစ်ရခြင်းကို အလှမ်းကွာဝေးစွာ ဖြင့်
ကျော်လွန်သွားနိုင်ခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်သည် ဂျောင်(န်)ခဲ(လ်)ဗင်း
ပြောကြားခဲ့သည့် “သူ၏ ကတိတော်ကို သူ၏အစေကိုခံနေကြသောသူတို့အား
ပြည့်၀သောအတိုင်းအတာဖြင့် ပေးတော်မူရန် မည်သည့်အရာမျှပျက်ကွက်မှု မရှိသော
ဘုရားသခင်ကို အစေခံရခြင်းသည် ကျွန်ုပ်၏ပျော်ရွှင်မှုပင်ဖြစ် ပါသည်” ဆိုသည့်စကားကို
ကျွန်ုပ်ယုံကြည်ပါသည်။
ကျွန်ုပ်တို့၏ကမ္ဘာလောကကြီးသည်
အလုပ်များပြားလှပြီး၊ အလွန်လျင်မြန် စွာဖြင့်ရွေ့လျားနေပါသည်။ ကျွန်ုပ်တို့သည်
လုပ်ကိုင်ရန်အတွက်တွန်းအားပေး ခံနေရပြီး၊ တစ်စုံတစ်ရာဖြစ်လာရန်အတွက်
တွန်းအားပေးခံရခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် ပြင်းထန်သည်ထက်
ပြင်းထန်အောင်အလုပ်လုပ်ကြရန်အတွက် မိမိတို့ကိုယ်ကို မိမိတို့တွန်းအားပေးကြပြီး၊
ကျွန်ုပ်တို့ဝန်းကျင်ရှိ လူတို့အပေါ် အောင်ပွဲကိုရယူနိုင်ရန် မှာလွယ်ကူလှပါသည်။
ဘ၀အောင်မြင်ရန်အတွက် ကျွန်ုပ်တို့၏ မောင်းနှင်မှုသည် မိမိကိုယ်ကို ရပ်တန့်ထားပြီး
ဘုရားသခင်၏ ခေါ်တော်မူခြင်းကိုနားထောင်ရန်အတွက် ကျွန်ုပ်တို့၏ အချိန်ယူမှုကို အတား
အဆီးဖြစ်စေကြောင်းကို ကျွန်ုပ်တို့လေ့လာနေကြပါသည်။ သို hသော် လိမ္မာပါး
နပ်မှုရှိကြသော အသင်းအုပ်ဆရာတို့သည် သူတို့၏ ထူးခြားသောလက္ခဏာ များ၊
ကျွမ်းကျင်မှုများနှင့်စိတ်နေသဘောထားတို့ကို ဘုရားသခင်၏ အမြင် သဘောတော်အားဖြင့်
သုံးသပ်ရှုမြင်တတ်ကြပြီး၊ မိမိတို့၏ ကိုယ်ပိုင်အမြင်
သဘောထားမျိုးတို့ဖြင့်မဟုတ်ပါ။
အသင်းအုပ်ဆရာတစ်ယောက်အဖြစ်
ကျွန်ုပ်၏ အသက်တာတွင် ဘုရား သခင်၏ ကြင်နာသနားတော်မူခြင်းနှင့်
ပံ့ပိုးထောက်ပံ့တော်မူခြင်းအတွက် ကျွန်ုပ်သည်သူ့အား ထပ်ခါတလဲလဲကျေးဇူးတင်ပါသည်။
ကျွန်ုပ်သည် အမှား ပေါင်းများစွာတို့ကို လုပ်ကိုင်မိသည်ကို သတိထားမိပါသည်။
သို့သော်လည်း ကျွန်ုပ်သည် ၎င်းအမှားများထဲမှ သင်ခန်းစာတို့ကို
ရရှိနိုင်ရန်မျှော်လင့်ပါသည်။ ကျွန်ုပ်သည် ခွင့်လွှတ်တော်မူခြင်း၊
ဉာဏ်ပညာနှင့်ပိုင်းခြား၍နားလည်နိုင်မှုတို့
အတွက်ဆုတောင်းပါသည်။“ကောင်းကင်ဘုံတွင်ရှိသော ကျွန်ုပ်တို့၏ ဆုလာဘ် သည်
ကမ္ဘာမြေကြီးဆိုင်ရာ ခရစ်တော်၏အမှုတော်ကိုကျွန်ုပ်တို့ဆောင်ရွက်ခြင်း နှင့်
အစဉ်ထာ၀ရဆက်စပ်မှုရှိပါသည်” (Jသညas ဗမမငျေ). ဘုရားသခင်၏
စိတ်နှလုံးတော်အတိုင်း အသင်းအုပ်ဆရာတစ်ယောက်ဖြစ်လိုပါသည်။ သစ္စာ
ရှိသောအစေခံတစ်ယောက်အဖြစ်ဖြင့်ကျွန်ုပ်သည်အမှုတော်ဆောင်ခြင်းဆိုင်ရာ အလုပ်ကို
ဆက်လက်လုပ်ဆောင်လိုပါသည်။ ဤကျွန်ုပ်၏လုပ်ဆောင် လိုချက် သည်
ဘုရားသခင်၏ဆန္ဒတော်လည်းဖြစ်တော်မူသည်ဆိုခြင်းကို ကျွန်ုပ်သိရှိ နေပါသည်။
ကျွန်ုပ်ဆုတောင်းသောအချိန်တွင် ကျွန်ုပ်၌ရှိသောဆန္ဒမှာ ဘုရား သခင်က ကျွန်ုပ်အား “Jသညas” အရှုံးမပေးပါနဲ့၊ ဆက်လက်ကြီးထွားပြီး
ဆက်လက်ချီတက်ဖို့ ထွက်လာပါဟူ၍ မိန့်တော်မူစေလိုပါသည်။ အသက်တာ
နှင့်အမှုတော်ဆောင်ခြင်း လုပ်ငန်းတို့သည် ကျွန်ုပ်အနေဖြင့် ဘုရားသခင်နှင့်
အတူလျှောက်လှမ်းနေသမျှ ကာလပတ်လုံး၊ ကြီးမားသော ခရီးလမ်းအဖြစ်
ကျွန်ုပ်အဓိပ္ပါယ်သတ်မှတ်ထားပါသည်။ ကျွန်ုပ်၏အမှုတော်ဆောင်ခြင်း အမှု
ကြီးထွားလာခြင်းသည် မဆုံးနိုင်သောကျွန်ုပ်၏ လုပ်ငန်းစဉ်ဖြစ်ပါသည်၊ ကျွန်ုပ်
တို့သည် ဘုရားသခင်က ကျွန်ုပ်တို့အား ဖြစ်စေတော်မူလိုသည့် အနေအထား အားလုံးဆီသို့
ရောက်ရှိကြအောင် ကျွန်ုပ်တို့ကြိုးပမ်းနေကြသည့်အလျောက်၊ ဤခရီးလမ်းအားဖြင့်
အပြီးသတ်ဆီသို့ရောက်ရှိကြရန်အတွက် ကျွန်ုပ်တို့အထူး ပြောနေစရာမလိုပါ။
ဤစာအုပ်သည်
ကာလအပိုင်းအခြားတစ်ခုအတွင်း မပြီးဆုံးသေးဘဲ၊ စာ ကြောင်းပိုဒ်ကိုရပ်ထားသည့်
ပုဒ်ရပ်သင်္ကေတအနေအထားအတွင်း၌သာ ရှိပါ သေးသည်။ အမှုတော်တွင်း
ဆက်လက်ကြီးထွားရန်အတွက် ကျွန်ုပ်တို့၏ ဆန္ဒမှာ၊
နေ့စဉ်နေ့တိုင်းရှာဖွေခြင်းပင်ဖြစ်ပါသည်။ မည်သည့်အသင်းအုပ်ဆရာ ကမျှ ခြောက်ပြစ်ကင်းသဲလဲစင်အနေအထားမျိုးကို
အစဉ်အမြဲမတောင်းခံ နိုင်ပါ။ ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်မျက်နှာချင်းဆိုင်
တွေ့ဆုံရသည်အထိ၊ အသင်းအုပ်ဆရာတို့သည်ခရစ်တော်အတိုင်းတူညီမှုရှိစေသည့်အရပ်သို့ဦးတည်
သွားနေသည့်ခရီးလမ်းကို အဆုံးသတ်နိုင်ကြမည် မဟုတ်ပါ။ ထိုနောက်တွင် (၁ကော ၁၅း၅၂) အရ၊
“ငါတို့ရှိသမျှသည် ပြောင်းလဲ ခြင်းသို့ရောက်ရကြမည်” ဆိုသည့်အတိုင်း
ကျွန်ုပ်တို့ပြောင်းလဲခြင်းသို့ ရောက်ရှိသွားကြမည်ဖြစ်ပါသည်။
ထိုအခြေအနေမျိုးရောက်ရှိသည်အထိ၊ အသင်းအုပ်ဆရာတို့ ဆက်လက်ကြီး ထွားရန်၊
ဆက်လက်ကြိုးပမ်းရယူရန်နှင့် မွန်မြတ်သောအလုပ်ကို ဆက်လက် ထိန်းထားကြပါ။
သင်၏အသက်ဝိညာဉ်၏
နက်ရှိုင်းမှုများအတွင်းသို့ သင့်အနေဖြင့်ခရီးနှင် ပြီး
သင်၏အသက်တာ၏နောက်ထပ်အခန်းများတွင်ဝိညာဉ်တော်၏ ဦးဆောင်
မှုနောက်သို့လိုက်ပါသွားရန်အတွက် ကျွန်ုပ်သည် သင့်အားကမ်းလှမ်းဖိတ်ခေါ် ပါသည်။
စွန့်စားမှုကိုလိုလားနှစ်သက်လျက်...
Jonas
Arrais
No comments:
Post a Comment