Wednesday, April 22, 2026

အခန်းကြီး - ၅၈။ လာဇရုထွက်၍လာလော့


လာဇရုထွက်၍လာလော့

 

         လုကာ ၁ဝး၃၈-၄၂။ ယောဟန် ၁၁း၁-၄၄ တို့ကိုအခြေပြုထားပါသည်။

 

         ဗေသနိရွာသားလာဇရုသည် ခရစ်တော်၏သစ္စာအရှိဆုံးတပည့်တော် များ တွင် တစ်ယောက်အပါအဝင်ဖြစ်ပါသည်။ ခရစ်တော်ကိုစ၍တွေ့သည့် အချိန်ကပင် ကိုယ်တော်အားစွဲစွဲမြဲမြဲယုံကြည်ပြီး နှစ်နှစ်ကာကာချစ်ခင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ သူ သည် ကိုယ်တော်၏ချစ်ခင်ယုယမှုကိုလည်း အထူးရရှိခဲ့ပါသည်။ ဤလာဇရုအတွက် ပင်အကြီးမားဆုံးသော နိမိတ်လက္ခဏာတစ်ခုကို ကိုယ်တော်ပြုခဲ့ပါသည်။ ကယ်တင် ရှင်သည် မိမိအားအမအစတောင်းခံသူတိုင်းအား ကောင်းချီးပေးတော်မူ၏။ မိသားစု တိုင်းအား ချစ်တော်မူသော်လည်း တချို့ကိုမူထူးခြားသော အနှောင်အဖွဲ့များဖြင့် ချစ်ခင်တော်မူပါသည်။ ဗေသနိရွာမှထိုမိသားစုအား ခိုင်ခံ့သောမေတ္တာအနှောင် အဖွဲ့များဖြင့် သံယောဇဉ်ရစ်ပတ်ခဲ့ပါသည်။ ထိုမိသားစုထဲမှ တစ်ယောက်သောသူအ တွက် ကိုယ်တော်သည်ကြီးမားသော နိမိတ်လက္ခဏာတစ်ခုကို ပြတော်မူခဲ့ပါသည်။

         သခင်ယေရှုသည် လာဇရု၏အိမ်၌ မကြာခဏ အေးအေးဆေးဆေးနားနေ ခွင့်ရခဲ့ပါသည်။ ကိုယ်တော်၌ ကိုယ်ပိုင်အိုးအိမ်မရှိသဖြင့် မိတ်ဆွေများနှင့်တပည့် တော်များ၏ ဧည့်ဝတ်ပြုမှုအပေါ်၌သာ အားကိုးအားထားပြုခဲ့ရပါသည်။ မကြာခဏ ဆိုသလို မောပန်းနွမ်းလျ၍ မိတ်ဆွေငတ်နေသော အချိန်များတွင် ဒေါမာန်ထနေ သော ဖာရိရှဲများ၏မယုံသင်္ကာမှုများနှင့် မနာလိုဝန်တိုမှုများ ကင်းဝေးသည့် သာယာ သောဤအိမ်ထောင်စုရှိရာသို့ ဝမ်းသာအားရထွက်ပြေး တိမ်းရှောင်တော်မူခဲ့ပါသည်။ ဤနေရာတွင် လှိုက်လှဲသောကြိုဆိုမှုနှင့် သန့်ရှင်းဖြူစင်သော မိတ်သဟာယဖွဲ့မှုများ ကို တွေ့ရှိတော်မူခဲ့ပါသည်။ မိမိ၏နှုတ်ထွက်စကားများကို နားလည်လိမ့်မည်၊ မှတ် သားလိမ့်မည်ဟူသောအသိဖြင့် ဤနေရာတွင် တရားဒေသနာများကို အရင်းခံမူလ အတိုင်း လွတ်လွတ်လပ်လပ် ဟောကြားနိုင်ခဲ့ပါသည်။

         ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ခိုက်ရန်ပြုခြင်းနှင့်ကင်းရှင်းသော အိမ် ထောင်များနှင့် တရားတော်ကိုစိတ်ဝင်တစား နာကြားတတ်သူများကို အလေးထား တော်မူပါသည်။ ကိုယ်တော်သည် လူသားများ၏နူးညံ့သိမ်မွေ့မှုများ၊ လောကဝတ်ပြု မှုများနှင့် ချစ်ခင်ယုယမှုများကို အလွန်တောင့်တတော်မူပါသည်။ အမြဲတမ်းမျှဝေ ရန်အဆင်သင့်ရှိနေသော ကောင်းကင်နိုင်ငံမှ ကိုယ်တော်၏ သွန်သင်ချက်များကို လက်ခံရရှိသူများသည် ကြွယ်၀စွာကောင်းချီးပေးခြင်းကို ခံကြရပါသည်။ လယ်ကွင်း ပြင်တွင် ထွက်ကြွတော်မူလျက်ရှိသော ကိုယ်တော်နောက်တော်သို့ လူအများလိုက် လာကြစဉ်တွင် ကိုယ်တော်သည် ၎င်းတို့အားသဘာ၀တရား၏ အလှအပများကို ထုတ်ဖော်ဟောကြားတော်မူပါသည်။ ဘုရားရှင်၏ လက်တော်သည် ကမ္ဘာလောက ကြီးအားထိန်းချုပ်ထားကြောင်း ထိုသူတို့မြင်တွေ့နိုင်စေရန်အတွက် ၎င်းတို့၏ ဥာဏ် မျက်စိများကိုဖွင့်ပေးရန် ကိုယ်တော်ကြိုးစားတော်မူခဲ့ပါသည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးပြုတတ်ခြင်းများကို လူအပေါင်းအလေးအမြတ်ပြုလာ မိစေရန် ကိုယ်တော်သည် ကောင်းသောသူနှင့်ဆိုးသောသူတို့အား အညီအမျှပေး သနားတော်မူသောညင် သာစွာကျနေလျက်ရှိသော နှင်းမှုန်များကိုလည်းကောင်း၊ တစ်ဖွဲဖွဲကျဆင်းနေ သောမိုးရေပေါက်များကိုလည်းကောင်း၊ တောက်ပသော နေ ရောင်ခြည်ကိုလည်းကောင်း တရားနာပရိသတ်ကြီးအား အာရုံပြုစေခဲ့ပါသည်။ မိမိ ကိုယ်တိုင် ဖန်ဆင်းတော်မူခဲ့သော လူသားများအတွက် အသုံးဝင်မည့် အရာများအ ပေါ် ဘုရားသခင်ကောင်းချီးပေးဂရုပြုတော်မူကြောင်းကို လူသားတိုင်းပြည့်ပြည့် ၀၀ နားလည်သဘောပေါက်ရန် ကိုယ်တော်အလိုရှိတော်မူပါသည်။ သို့ရာတွင် လူအများ သည်နားဝေးခဲ့ကြသဖြင့် ယေရှုသည် ၎င်းတို့၏တိုက်လှန်မှုများမှ ကင်းဝေးသည့် ဗေသနိရွာရှိ ထိုအိမ်တွင်နားနေတော်မူခဲ့ပါသည်။ ဤနေရာတွင် ကိုယ်တော်သည် လေးလေးစားစားတရားနာတတ်သော အိမ်သားများအား ဘုရားသခင်၏ နှုတ်ကပတ် တော်များကို ဖွင့်ဟတော်မူခဲ့ပါသည်။ လူပေါင်းစုံ ပါဝင်သော တရားနာပရိသတ်အား၊ မဟောကြားခဲ့သော တရားတော်များအား ထိုအိမ်သားများနှင့် အလွတ်သဘောတွေ့ ဆုံချိန်များတွင် သွန်သင်ဟောကြား ခဲ့ပါသည်။ ဤမိတ်ဆွေများအတွက် ပုံပမာများ ကိုအသုံးပြု၍ တရားဟောကြားရန် မလိုအပ်ပါချေ။

           ခရစ်တော်သည် အံ့ဖွယ်သောသင်ခန်းစာများကို သွန်သင်နေစဉ်တွင် ရို သေကိုင်းရှိုင်းသော တရားနာတစ်ဦးဖြစ်သည့် မာရိသည် ခြေတော်ရင်းတွင်ထိုင်၍ တရားနာခဲ့ပါသည်။ ထိုအချိန်တွင် ခရစ်တော်အားကျွေးမွေးရန် အစားအစာများပြင် ဆင်နေသောမာသသည် စိတ်နှလုံးမကြည်မသာဖြစ်ကာ ခရစ်တော်ထံသို့ ချဉ်းကပ် သွားပြီး သခင်ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကိုပစ်ထားသည့်အရာကို လျစ်လျူသော စိတ်ရှိတော်မူသလော၊ သူသည် ကျွန်မကိုကူညီမည်အကြောင်း အမိန့်တော်ရှိပါ ဟုလျှောက်လေ၏။ ဤအဖြစ်အ ပျက်ဖြစ်ပျက်နေသောအချိန်သည် ဗေသနိရွာသို့ ခရစ်တော်ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့သောအခါကဖြစ်ပါသည်။ ခရစ်တော်နှင့် တပည့်တော်များတို့သည် ယေရိ ခေါမှ ဗေသနိရွာသို့ ခရီးပြင်းတစ်ခုကို ခြေလျင်လျှောက်ခဲ့ကြပါသည်။ မာသသည် ထိုသူတို့အား ကျွေးမွေးပြုစု ရန်စိတ်စောနေသည့်အတွက် ခရစ်တော်အား ပြုသင့် သည့်ဝတ်ကိုပြုရန် မေ့လျော့ခဲ့ပါသည်။ ထိုအခါခရစ်တော်က မာသ-မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်နှောင့်ယှက်ခြင်းကိုခံရ၏။ လိုသောအရာ တစ်ခုတည်းရှိ၏။ မာရိမူကား၊ ကောင်းသောအဖို့ကိုရွေးယူပြီ၊ ထိုအဖို့ကို အဘယ် သူမျှမနုတ်မယူရာဟုထောက်ထားစာနာ၍ တည်ငြိမ်သောစကားလုံးများဖြင့် မိန့် တော်မူခဲ့ပါသည်။ မာရိမူကား၊ အဖိုးထိုက်တန်သော ကျောက်သံပတ္တမြားထက် တန်ဖိုးရှိသော ကိုယ်တော်၏နှုတ်တော်ထွက်စကားများကို စိတ်နှလုံးတွင်သိုမှီးလျက် ရှိပါသည်။

         မာသ၌လိုနေသော တစ်ခုတည်း ဟူသောအရာမှာ ဘုရားဝတ်ပြုကိုး ကွယ်ခြင်းနှင့်ဆိုင်သော တည်ငြိမ်သည့်စိတ်သဘောထား၊ မသေနိုင်သော အနာဂတ် အသက်တာနှင့်ပတ်သက်သည့် အသိပညာကိုရရန် နက်ရှိုင်းသော စိုးရိမ်မှုနှင့် ဝိညာဉ်ရေးတိုးတက်မှုအတွက် ပဓါနကျသောကရုဏာတော်များပင် ဖြစ်ပါသည်။ သူမသည် ပျက်စီးဆုံးပါးသွားနိုင်သည့် အရာများအတွက် စိုးရိမ်စိတ်လျော့ချပစ်ကာ ထာ၀ရတည်မြဲသည့် အရာများအတွက် ပို၍စိုးရိမ်စိတ်ထားရန် လိုအပ်ပါသည်။ ကိုယ်တော်၏ သားသမီးများအနေဖြင့် ကယ်တင်ခြင်းအလိုငှာ ပညာကိုရနိုင်သော အခွင့်အရေးတိုင်းကို လက်မလွတ်ကြရန်ခရစ် တော်သွန်သင်တော်မူခဲ့ပါသည်။ ယေရှုရှင်၏အမှုတော်မြတ်၌ သတိဝီရိယရှိ၍ အားသွန်ခွန်စိုက်လုပ်ဆောင်သည့်  မှုဆောင်များလိုအပ်နေပါသည်။ မာသအတွက် ဘာသာရေးခံယူချက်ပြင်းထန်စွာဖြင့် လုပ်ဆောင်ရမည့်အလုပ်များ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါသည်။ သို့ရာတွင် မာရိနှင့် အတူ ခရစ်တော်၏ ခြေတော်ရင်းတွင် ရှေးဦးစွာပထမထိုင်ပါလေစေ။ လုံ့လဝီရိယ ရှိမှုများ၊ အကြွေးမထားဘဲလုပ်ဆောင်လိုသော စိတ်ထားများနှင့်ခွန်အားများကို ခရစ် တော်၏ ကရုဏာတော်အားဖြင့် သန့်စင်စေပါသည်။ သို့မှာသာအသက်တာသည် ကောင်းသောလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အမြဲတမ်းအောင်နိုင်သော တန်ခိုးတစ်ခုဖြစ်လာပါလိမ့်မည်။

         ခရစ်တော်နားနေခဲ့ဖူးသည့် သာယာသောထိုအိမ်ထောင်စုတွင် တစ်နေ့ တွင် ဝမ်းနည်းဖွယ်ရာတစ်ခုနှင့်ကြုံတွေ့ခဲ့ရပါသည်။ တစ်နေ့သ၌လာဇရုသည် ရုတ်တ ရက်ဖျားနာနေသဖြင့် ထိုညီအစ်မတို့သည် ခရစ်တော်ထံသို့လူတစ် ယောက်ကိုစေ လွှတ်၍ သခင်ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည် ဟု လျှောက်လေ၏။ သူတို့၏မောင်သည် ပြင်းထန်သောရောဂါ တစ်ခုစွဲကပ်နေကြောင်း မြင်တွေ့ကြရသော်လည်း မည်သည့်ရောဂါဝေဒနာကို မဆိုခရစ်တော်ကုသပျောက် ကင်းစေနိုင်ကြောင်း သူတို့သိရှိထားကြပါသည်။ ကိုယ်တော်အနေဖြင့် မိမိတို့ခံစား နေရသောဒုက္ခဆင်းရဲများကို စာနာထောက်ထားလိမ့်မည်ဟုလည်း သူတို့ယုံကြည်ခဲ့ ကြပါသည်။ ထို့ကြောင့် ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါ သည် ဟူ၍သတင်းပို့ရုံလောက်သာပြုခဲ့ပြီး ကိုယ်တော်ရှင် ကိုယ်တိုင်ချက်ချင်းကြွ လာတော်မူရန် သူတို့မတောင်းဆိုခဲ့ကြချေ။ ကိုယ်တော်သည် ထိုသတင်းကိုကြား လျှင်ကြားချင်း ချက်ချင်းတုံ့ပြန် ပေးလိမ့်မည်။ ၎င်းပြင် ဗေသနိသို့ရောက်လျှင် ရောက်ချင်း မိမိတို့ထံသို့ဆိုက် ဆိုက်မြိုက်မြိုက်ရောက်လာလိမ့်မည်ဟုလည်း သူတို့ မျှော်လင့်ခဲ့ကြပါသည်။

         သူတို့သည် ခရစ်တော်ပါးလိုက်သည့် စကားတစ်လုံးကို ကြားနာရန်အတွက် စိုးရိမ်တကြီး စောင့်မျှော်နေကြပါသည်။ သူတို့၏မောင်သည် အသက်ရှင်နေသေး ကြောင်း အရိပ်အယောင်ကလေးကို တွေ့မြင်နေသမျှကာလပတ်လုံး သူတို့သည် ဆုတောင်းလျက် ကိုယ်တော်၏အလာကို စောင့်စားနေကြပါသည်။ သို့သော်လည်း ဆက်သားသည် ကိုယ်တော်မပါဘဲ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ သို့ရာတွင် ကိုယ်တော်ထံမှ ထိုအနာသည်သေနာမဟုတ် ဟူသောသတင်းကလေးကို ယူ ဆောင်လာခဲ့ပါသည်။ ထိုကြောင့် လာဇရုသည်အသက်ရှင်လိမ့်မည်ဟု မျှော်မှန်းစွဲ လမ်းလျက် သတိမရတစ်ချက်ရတစ်ချက်ဖြစ်နေသော လူနာအားကြိုးစား၍ အားပေး စကား ပြောကြားနေပါသည်။ သို့ရာတွင် လာဇရုသည်  သေဆုံးသွားသဖြင့် သူတို့  သည် အလွန့်အလွန်စိတ်ပျက်ခဲ့ကြရပါသည်။ သို့သော် နှစ်သိမ့်မှုပေးသော ခရစ် တော်၏ကရုဏာတော်ကို သိရှိထားခဲ့ကြသည့်အတွက် ကယ်တင်ရှင်ကို သူတို့အ ပြစ်မတင်ခဲ့ကြချေ။

         ခရစ်တော်သည် လာဇရု၏သတင်းကိုကြားသောအခါ ၎င်းတို့ထင် မှတ်ထား သည့်အတိုင်း ဝမ်းနည်းပက်လက်ဖြစ်မည့် အရိပ်အယောင်ကိုမတွေ့ရသဖြင့် တမန် တော်များအနေဖြင့် ကိုယ်တော်အား အေးတိအေးစက်နိုင်လွန်းလှသည်ဟု ထင်ခဲ့ကြ ပါသည်။ ထိုအခါ ၎င်းတို့အားမျှော်ကြည့်တော်မူ၍ ထို အနာသည်သေနာမဟုတ်၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောအနာဖြစ်၏ ဟု ကိုယ်တော်မိန့် တော်မူ၏။ ကိုယ်တော်သည် ထိုနေရာမှကြွတော်မမူဘဲ နှစ်ရက်ခန့်ဆက်၍ နေတော် မူသဖြင့် ထိုနှောင့်နှေးမှုအတွက် တမန်တော်များအဖို့ နားမလည်နိုင်သည့် နက်နဲမှု တစ်ရပ်ဖြစ်နေပါသည်။ ကိုယ်တော်ရောက်ရှိသွားမည်ဆိုလျှင် ပရိဒေ၀မီးတောက် လောင်နေသော မိသားစုအတွက် မည်မျှစိတ်သက်သာမှုရလိုက်မလဲဟု သူတို့တွေး တောနေကြပါသည်။ ကိုယ်တော်ရှင်သည် ဗေသနိရွာမှထိုမိသားစုအား မည်မျှချစ် ခင်မြတ်နိုးသည်ကို တမန်တော်များသိပြီးဖြစ်ကြသဖြင့် ကိုယ်တော်ချစ်တော်မူ သောသူနာလျက်နေပါသည် ဟူသောဝမ်းနည်းစရာသတင်းကို မည်သို့မျှမတုံ့ပြန် ခြင်းအတွက် သူတို့အံ့အားသင့်ခဲ့ကြပါသည်။

         ထိုနှစ်ရက်အတွင်း၌ကြားသိခဲ့ရသော ဝမ်းနည်းဖွယ်ထိုသတင်းသည် ခရစ် တော်၏စိတ်ထဲတွင် ဘာမှခံစားမှုမရှိနေသလို ဖြစ်နေပါသည်။ အကြောင်းမှာ ကိုယ် တော်သည် လာဇရုအကြောင်းကို ဘာမျှမပြောဆိုခဲ့ချေ။ တမန်တော်များသည် ယေရှုရှင်၏ရှေ့ပြေးဖြစ်သော ဗတ္တိဇံဆရာယောဟန်အကြောင်းကို စဉ်းစားတွေး တောနေကြပါသည်။ ခရစ်တော်သည် ထူးဆန်းသောနိမိတ် လက္ခဏာများကိုပြုနိုင် တော်မူသော်လည်း အဘယ်ကြောင့်ဆရာယောဟန်အား အကျဉ်းထောင်ထဲတွင် နွမ်းလျခွေယိုင်ကာ သေခြင်းဆိုးနှင့်သေသွားသည်ကို ခွင့်ပြုခဲ့သနည်းဟု တမန် တော်များတွေးခဲ့ဖူးကြပါသည်။ ထိုကဲ့သို့သောတန်ခိုး များကိုပိုင်ဆိုင်ထားပါလျက်နှင့် ခရစ်တော်သည်ဆရာယောဟန်၏ အသက်ကိုအဘယ်ကြောင့် မကာကွယ်ခဲ့ပါသ နည်း။ ဤမေးခွန်းကို ဖာရိရှဲများလည်းမကြာ ခဏမေးခဲ့ဖူးပါသည်။ ၎င်းတို့သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း အခိုင်အမာပြောဆိုသည့် ခရစ်တော်၏ ဖွင့်ဟ ချက်ကို ဤမေးခွန်းအားဖြင့် အဖြေမပေးနိုင်သော ငြင်းဆိုချက်တစ်ခုအသွင်ဖြင့် တုံ့ ပြန်ခဲ့ကြပါသည်။ ခရစ်တော်သည် မိမိ၏တမန်တော်များအား ၎င်းတို့တွေ့ကြုံရမည့် စုံစမ်းစစ်ဆေးမှုများ၊ ဆုံးရှုံးမှုများနှင့် နှိပ်စက်ညှဉ်းပန်းခြင်းများအကြောင်းကို သတိ ပေးခဲ့ဖူးပါသည်။ ကိုယ်တော်သည် စုံစမ်းစစ်ဆေးခြင်းတွင် သူတို့အားစွန့်ပစ်ထား ပြီလား။ မိမိတို့သည် ကိုယ်တော်၏အမှုတော်ကိုတလွဲနားလည်မိခဲ့ကြပြီလားဟုလည်း တချို့ကသံသယဖြစ်ခဲ့ကြပါသည်။ လူအပေါင်းတို့သည် အလွန်စိတ်ဒုက္ခရောက် ခဲ့ကြပါသည်။

         ထိုနေရာတွင် နှစ်ရက်တိုင်တိုင်နေပြီးမှ ယုဒပြည်သို့တစ်ဖန်သွားကြကုန် အံ့ ဟုတမန်တော်တို့အား ယေရှုမိန့်တော်မူ၏။ ယုဒပြည်ကိုသွား မည်ဆိုလျှင် လည်း အဘယ်ကြောင့်နှစ်ရက်လုံးလုံး စောင့်ဆိုင်းခဲ့ရသနည်းဟု ၎င်းတို့ကစောဒက တက်ခဲ့ကြပါသည်။ ၎င်းတို့၏စိတ်တွင် ခရစ်တော်နှင့်တကွ ၎င်းတို့ကိုယ်တိုင်အတွက် စိုးရိမ်စိတ်များအထွတ်အထိပ်သို့ရောက်ခဲ့ကြပါသည်။ ကိုယ်တော်ရှင်၏ ဆက်လက် လုပ်ဆောင်အံ့ဆဲဆဲသောအရာများသည်၊ အန္တရာယ်ကြီးမားကြောင်းကိုသာ သူတို့ တွေ့မြင်ခဲ့ကြရပါသည်။ ထိုကြောင့် အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင်ကိုယ် တော်ကိုခဲနှင့် ပစ်ခြင်းငှာရှာကြံလျက်ပင် ထိုအရပ်သို့ တစ်ဖန်ကြွတော်မူဦးမည် လော ဟုလျှောက်ကြရာ ယေရှုကတစ်နေ့တွင် တစ်ဆယ့်နှစ်နာရီရှိသည်မဟုတ် လော၊ ငါသည်ခမည်းတော်ဘုရားသခင်၏ လမ်းပြမှုအောက်တွင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ အဖ၏အလိုတော်အတိုင်း ဆောင်ရွက်နေသမျှကာလပတ်လုံး ငါ့အသက် သည်လုံခြုံ၏။ အလင်းရောင်ရှိသော ငါ၏အချိန်တစ်ဆယ့်နှစ်နာရီသည် မကုန်ဆုံး သေး။ ငါသည်နေ့အချိန်၏ နောက်ဆုံးသောနာရီအထိ လုပ်ဆောင်ခဲ့ပြီ။ နေ့အချိန် ကျန်ရှိနေသရွေ့ ငါ၌ လုံခြုံမှုရှိ၏ ဟုမိန့်တော်မူ၏။

         ထိုနောက်ကိုယ်တော်က လူသည်နေ့အချိန်၌သွားလာလျှင် နေရောင်အ လင်းကိုမြင်ရသောကြောင့် ထိမိ၍မလဲတတ် ဟုမိန့်တော်မူ၏။ ဘုရားသခင်ပြညွှန် သော လမ်းအတိုင်းလိုက်လျှောက်၍ အလိုတော်အတိုင်း ကျင့်ဆောင်သောသူသည် ထိမိ၍မလဲနိုင်ချေ။ ဘုရားသခင်လမ်းပြပို့ဆောင်မှုရှိသော ဝိညာဉ်တော်၏  အလင်း သည် ၎င်းလုပ်ဆောင်ရမည့်တာဝန်များကို ထင်ရှားစွာသိမြင်စေလျက် အလုပ်ပြီးစီး သည်အထိမှန်ကန်စွာလုပ်ဆောင်နိုင်ရန် ၎င်းအားလမ်း ပြတော်မူပါသည်။ သို့ သော် ညအချိန်၌သွားလာလျှင်မူကား၊ အလင်းမရှိ သောကြောင့်ထိမိ၍လဲတတ်၏။ ဘုရားသခင်မခိုင်းစေသည့် အရာများကိုလုပ်ဆောင်ရန် ရွေးချယ်သောသူများသည် ထိမိ၍လဲကြလိမ့်မည်။ ထိုသူအတွက် နေ့အချိန်သည် ညအချိန်အသွင်သို့ ပြောင်း လဲသွားသဖြင့် သူသည်မည်သည့် နေရာတွင်ရောက်ရှိနေစေကာမူ မလုံခြုံတော့ချေ။

         ကိုယ်တော်သည် ထိုအရာများကိုမိန့်တော်မူပြီးမှ ငါတို့အဆွေလာဇရု သည်အိပ်ပျော်၏။ သူ့ကိုနိုးခြင်းအလိုငှာငါသွားမည် ဟုဆို၏။ မည်မျှရင်ထုမနာ ဖြစ်စေသည့်စကားများဖြစ်ပါသလဲ။ မည်မျှကိုယ်ချင်းစာတရားနှင့်ပြည့်စုံ နေပါသလဲ။ မိမိတို့၏သခင်သည် ယေရုရှလင်မြို့သို့ သွားတော်မူခြင်းအားဖြင့် မတော်မတရားအ လုပ်ခံရတော့မည်ဟုထင်ကာ စိတ်ဒုက္ခရောက်နေကြသဖြင့် တမန်တော်များသည် ဗေသနိရွာမှ ကျန်ရစ်သူမိသားစုများကို မေ့လျော့လုနီးနီး ဖြစ်ခဲ့ကြသော်လည်း ခရစ် တော်သည် ထိုမိသားစုကိုမမေ့လျော့ခဲ့ချေ။ တမန်တော်များအားလည်း ထိုသို့ဖြစ်ခဲ့ ခြင်းများအတွက် အပြစ်တင်တော်မူခဲ့ပါသည်။  ခရစ်တော်သည် လာဇရုသေဆုံး သည့် သတင်းကိုကြားလျှင်ကြားချင်းသွား၍ မစတော်မမူခဲ့သဖြင့် တမန်တော်များ စိတ်ဆင်းရဲခဲ့ကြပါသည်။ ကိုယ်တော်သည် လာဇရုနှင့်သူ၏အစ်မများကို မိမိတို့ထင် ထားသလောက် တကယ်မဖြစ်ဟုလည်း အထင်မှားခဲ့ကြပါသည်။ အကယ်၍တ ကယ်ချစ်ခဲ့ပါလျှင် ကိုယ်တော်သည် ဆက်သားနှင့်တစ်ပါတည်း လိုက်သွားခဲ့မည် သာတည်းဟု သူတို့ထင်ခဲ့ကြပါသည်။ သို့ရာတွင် ငါတို့မိတ်ဆွေလာဇရုသည် အိပ် ပျော်နေ၏ ဟူသောစကားများသည် သူတို့အားဘဝင်ကျစေခဲ့ပါသည်။ ကိုယ်တော် သည် ၎င်း၏ ဒုက္ခသည်မိတ်ဆွေကြီးအား မမေ့လျော့သေးဟူ၍လည်း သူတို့သဘော ပေါက်ခဲ့ကြပါသည်။

         တမန်တော်တို့က သခင်၊ သူသည်အိပ်ပျော်လျှင် သက်သာရလိမ့်မည် ဟုလျှောက်ကြ၏။ ယေရှုသည် လာဇရုသေကြောင်းကိုရည်မှတ်၍ မိန့်တော်မူသော် လည်း ပကတိအိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင် မှတ်ကြ၏။ ခရစ်တော်သည် ယုံကြည်သူများ၏သေခြင်းကို အိပ်ပျော်ခြင်းနှင့် ရုပ် လုံးဖော်နေပါသည်။ ၎င်းတို့၏အသက်ကို ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက် ထားလျက်ရှိ၏။ သေလွန်သောသူတို့သည် နောက်ဆုံးတံပိုးခရာသံထွက်ပေါ်မလာ မချင်း ကိုယ်တော်၌အိပ်ပျော်နေကြပါလိမ့်မည်။

         ထိုကြောင့်ယေရှုက လာဇရုသေပြီ။ သင်တို့သည်ယုံကြည်မည် အကြောင်း ထိုအရပ်၌ငါမရှိသည်ကိုထောက်၍ သင်တို့အတွက်ငါဝမ်းမြောက် ခြင်းရှိ၏။ သူ့ဆီ သို့ယခုသွားကြကုန်အံ့ဟု အတိအလင်းမိန့်တော်မူ၏။ ထိုသခင်နှင့်အတူ ယုဒပြည် သို့လိုက်ပါသွားလျှင် တထစ်ချအသတ်ခံရမည်ဟု စိတ်ထင်နှင့် သောမက  ကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်တို့ အားပြောဆို၏။ ယုဒများသည်ခရစ်တော်အား  မည်မျှမုန်းတီးကြောင်းကို သူတို့သိ ရှိထားပါသည်။ သူတို့သည် ကိုယ်တော်အား အဆုံးစီရင်ရန်အကြံရှိကြသော်လည်း ကိုယ်တော်အတွက် ဘုရားသခင်သတ်မှတ်ခွဲဝေထားသည့် အချိန်မကုန်ဆုံးသေး သဖြင့် သူတို့၏အကြံသည် အထမမြောက်ခဲ့ချေ။ အန္တရာယ်များသော ထိုကာလတွင် ကောင်းကင်တမန်များသည် ကိုယ်တော်အား ကာကွယ်စောင့်ရှောက်ခဲ့ကြသဖြင့် ကိုယ်တော်အားဖမ်းဆီး၍ အဆုံးစီရင်ရန် ဖာရိရှဲများကြံစည်နေကြသည့် ယုဒပြည်၌ ပင် ကိုယ်တော်၌မှဲ့ တစ်ပေါက်မျှမစွန်းခဲ့ချေ။

         လာဇရုသေပြီ ---- ထိုအရပ်၌ငါမရှိသည်ကို --- ငါဝမ်းမြောက်ခြင်းရှိ ဟူသော ခရစ်တော်၏စကားကြောင့် တမန်တော်များအံ့အားသင့်ခဲ့ကြရပါ သည်။ ကယ်တင်ရှင်သည် မိမိ၏ဒုက္ခသည်မိတ်ဆွေကြီး၏ အိမ်သို့မသွားဖို့ မိမိသ ဘောအတိုင်းရှောင်နေခဲ့တာလား။ အမြင်အားဖြင့် မာရိ၊ မာသနှင့် သေလုမြောပါး ဖြစ်နေသောလာဇရုတို့ကို စွန့်ပစ်ထားသလိုဖြစ်နေသော်လည်း ကိုယ်တော်သည် သူ တို့ကိုစွန့်ပစ်တော်မမူခဲ့ချေ။ ဖြစ်ပျက်ခဲ့သမျှမြင်ကွင်းကို ကိုယ်တော်မြင်တွေ့တော် မူခဲ့ပါသည်။ ၎င်းပြင် လာဇရုသေဆုံးသွားသည့် နောက်ပိုင်းတွင်လည်း ၎င်း၏ ကျန် ရစ်သူအစ်မများအား ကိုယ်တော်၏ ကရုဏာတော်အားဖြင့် ထောက်မတော်မူခဲ့ပါ သည်။ ၎င်းတို့၏မောင်ငယ်ကလေးသည် သေမင်းတမန်၏ ထိုးနှက်ချက်ကို အလူး အလဲခံရကာ သေဆုံးသွားသောအချိန်၌ ခံစားခဲ့ကြရသော ထိုညီအစ်မ၏ စိတ်နှလုံး ပူဆွေးမှုများကိုလည်း ကိုယ်တော်မြင်တွေ့တော်မူခဲ့ပါသည်။ လာဇရုသေပြီ ဟု တမန်တော်များကို မိန့်တော်မူနေသောအချိန်တွင် ၎င်းတို့ခံစားရသော နာကြည်း ကြေကွဲဖွယ်ရာအားလုံးကို ကိုယ်တော်လည်းခံစားနေရပါသည်။ သို့ရာတွင် ခရစ် တော်သည်  ဗေသနိရွာရှိချစ်သော တပည့်တော်များအတွက်သာ တွေးတောစဉ်းစား ခဲ့ရသည် မဟုတ်ဘဲ တမန်တော်များကို လေ့ကျင့်ပညာပေးရန်လည်း စဉ်းစားဆင် ခြင်ခဲ့ရပါသည်။ အဖဘုရားသခင်သွန်းလောင်းမည့် ကောင်းချီးမင်္ဂလာများကို လူအ ပေါင်းခံစားခွင့် ရရှိနိုင်စေရန်အလိုငှာ ၎င်းတို့သည် လောကီသားများအတွက်  ကိုယ်တော်၏ ကိုယ်စားလှယ်များဖြစ်ရန် လိုအပ်လှပါသည်။ သူတို့အကျိုးအလိုငှာ ကိုယ်တော်သည် လာဇရုအားသေခွင့် ပေးခဲ့ခြင်းဖြစ်ပါသည်။ လာဇရုအားကျန်း မာခြင်းပြန်လည်ရရှိခဲ့မည်ဆိုလျှင် မိမိ၏မြင့်မြတ်သောဇာတိတော်ကို ထင်ရှားစေ မည့် နိမိတ်လက္ခဏာကို ပြုခွင့်ရလိမ့်မည်မဟုတ်ချေ။

         အကယ်၍သာ ခရစ်တော်သည်နာမကျန်းဖြစ်နေသော လာဇရုထံသို့ရောက် ရှိလာခဲ့မည်ဆိုလျှင် လာဇရုသည်သေဆုံးခဲ့လိမ့်မည်မဟုတ်ချေ။ အကြောင်းမှာ စာ တန်သည် ၎င်းအားစိုးမိုးခြင်းငှာ မတတ်နိုင်ကြောင်းတည်း။ အသက်ပေးပိုင်ရှင်၏ ရှေ့တော်မှောက်တွင် သေခြင်းတရားသည် လာဇရုဘက်သို့မြားဦးလှည့်နိုင်လိမ့် မည်မဟုတ်ချေ။ ထိုအကြောင်းကြောင့် ခရစ်တော်သည်  လာဇရုထံသို့မလာခဲ့ခြင်း ဖြစ်ပါသည်။ ကိုယ်တော်သည် စာတန်အားရှုံးနိမ့် သွားသောရန်သူတစ်ဦးအသွင်ဖြင့် မောင်းထုတ်နိုင်ရန်အလို့ငှာ ၎င်း၏တန်ခိုးအာဏာကိုအသုံးပြုခွင့် ပေးတော်မူခဲ့ပါ သည်။ လာဇရုအားသေမင်း၏အရိပ် လွှမ်းမိုးခြင်းခံရသည့် အခြေအနေသို့လည်း ကောင်း၊ ကျန်ရစ်သူအစ်မများအား ၎င်းတို့၏မောင်ငယ်သည် သချုØင်းတွင်သင်္ဂြိုဟ် ခြင်းခံခဲ့ရသည်ကို မြင်တွေ့ရသော အခြေအနေသို့လည်းကောင်း ကိုယ်တော်ခွင့်ပြု တော်မူခဲ့ပါသည်။ သေလွန်သွားသည့်မောင်ငယ်၏ မျက်နှာကိုကြည့်ကာ ကယ်တင် ရှင်အပေါ်တွင်ထားရှိသည့် ၎င်းတို့၏ယုံကြည်ခြင်းကို ပြင်းထန်စွာစစ်ဆေးခြင်းခံရ မည့်အကြောင်းကို ကိုယ်တော်သိတော်မူခဲ့ပါသည်။ ထိုပြင်းထန်သော စစ်ဆေးမှု အားဖြင့် ဖြစ်ပေါ်လာသောရုန်းကန်မှုကြောင့် ၎င်းတို့၏ယုံကြည်ခြင်းတန်ခိုးသည်  ထူးတောက်ပလာမည်ကိုလည်း ကိုယ်တော်ရှင်သိထားတော်မူခဲ့ပါသည်။ ၎င်းတို့ ပူ ဆွေးဝမ်းနည်းခဲ့သကဲ့သို့ ကိုယ်တော်လည်းခံစားခဲ့ရပါသည်။ ချက်ချင်းသွားရန် နှောင့်နှေးကြန့်ကြာခဲ့သဖြင့် သူတို့အားအချစ်မလျော့ခဲ့သည့်ပြင် ကိုယ်တော် အပါ အဝင်တမန်တော်များနှင့်တကွ လာဇရုတို့မောင်နှမအားလုံးအတွက် အောင်မြင်မှု သရဖူ ဆောင်းရလိမ့်မည်ကိုလည်း ကိုယ်တော်သိရှိထားတော်မူခဲ့ပါသည်။

         သင်တို့အတွက် သင်တို့သည်ယုံကြည်မည်အကြောင်း ဟူ၍ ကိုယ် တော်ရှင်မိန့်တော်မူထားရာ ဘုရားသခင်၏လမ်းပြပို့ဆောင်သော လက်တော်ကို ထိ တွေ့ရန်လက်ကမ်းသော လူအပေါင်းတို့အတွက် စိတ်ဓာတ်အကျဆုံးသောအချိန် ပိုင်းသည် ဘုရားသခင်၏အမအစရရှိရန် အနီးကပ်ဆုံးသော အချိန်ပင်ဖြစ်ပါသည်။ သူတို့သည် မိမိတို့ကျော်လွှားအောင်မြင်ခဲ့သည့် စိတ်ဆင်းရဲစရာများအတွက် ကျေး ဇူးတော်ချီးမွမ်းလျက် ပြန်လည်မြင်ယောင်ကြပါလိမ့်မည်။ ဘုရားဝတ်၌မွေ့လျော် သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်း အထဲကကယ်နုတ်ခြင်းငှာ --- ထာ၀ရဘုရား သည်တတ်နိုင်တော်မူ၏။ ၂ပေ ၂း၉။ ကိုယ်တော်သည် ၎င်းတို့အား ခိုင်မာသော ယုံကြည်ခြင်း၊ ကြွယ်၀သောအတွေ့အကြုံများနှင့်အတူ စုံစမ်းနှောင့်ယှက်ခြင်း အဖြာ အဖြာမှ ကယ်နုတ်တော် မူပါလိမ့်မည်။

         လာဇရုထံသို့ အလာနှောင့်နှေးရခြင်းနှင့်ပတ်သက်၍ မိမိအားလက်မခံသေး သောသူများအတွက် ခရစ်တော်၏ကရုဏာနှင့်ဆိုင်သော ကြံရွယ်ချက်တစ်ခုရှိပါ သည်။ လာဇရုအား သေရာမှထမြောက်စေခြင်းအားဖြင့် ခေါင်းမာမာဖြင့် မိမိအားမ ယုံကြည်ကြသူများအား မိမိသည်အသက်ရှင်ခြင်းနှင့် ထမြောက်ခြင်းအကြောင်း ဖြစ် သည်ကို ထင်ရှားစွာသိရှိသွားစေရန် ကိုယ်တော်နှောင့်နှေး တော်မူခဲ့ခြင်းဖြစ်ပါသည်။ ကိုယ်တော်သည် ဣသရေလအိမ်ထောင်များမှ ပျောက်လွင့်နေသောသိုးများနှင့် ဆင်းရဲသားလူတန်းစားများ၏ မျှော်လင့်ချက်အားလုံးကို ပျက်ပြားသွားစေရန် နှစ်မြို့ တော်မမူချေ။ ၎င်းတို့၏ နောင်တသံဝေဂမရမှုများအတွက် နှလုံးကြေကွဲတော်မူပါ သည်။ မိမိသည် ကယ်တင်ရှင်ဖြစ်ကြောင်း၊ မသေနိုင်သော အခြေအနေသို့ပို့ ဆောင်ပေးနိုင်သည့် တစ်ပါးတည်း သောပုဂ္ဂိုလ်ဖြစ်ကြောင်း နောက်ထပ်သက်သေ အထောက်အထားတစ်ခုကိုပြရန် သနားကြင်နာစွာဖြင့် ကိုယ်တော်ကြံရွယ်တော်မူ၏။ ထိုအထောက်အထားသည်သာ ယဇ်ပုရောဟိတ်များ မှားယွင်းစွာအနက်မဖွင့်နိုင် သည့် အထောက်အထား တစ်ခုဖြစ်လာပါမည်။ ထိုအကြောင်းကြောင့် နှောင့်နှေး ဆိုင်းတွစွာဖြင့် ဗေသနိသို့ ကိုယ်တော်ကြွလာခဲ့ခြင်းဖြစ်ပါသည်။ လာဇရုအားထ မြောက်စေခြင်းတည်းဟူသော အထွတ်အထိပ်ဖြစ်သော နိမိတ်လက္ခဏာသည် ကိုယ်တော်၏ အမှုတော်အတွက်သော်လည်းကောင်း၊ ဘုရားဇာတိတော်နှင့်ပတ် သက်သည့် ကိုယ်တော်၏ မိန့်ဆိုချက်အတွက်လည်းကောင်း ဘုရားသခင်၏ တံဆိပ် တော်ကို ခတ်နှိပ်ခြင်းဖြစ်ပါသည်။

         ခရစ်တော်သည် ထုံးစံရှိသည့်အတိုင်း ဗေသနိရွာသို့သွားရာခရီးတစ် လျှောက်တွင် တွေ့တော်မူသောလူနာများနှင့် ဆင်းရဲသားများကို မစတော်မူပါ သည်။ ဗေသနိသို့ရောက်လျှင်ရောက်ချင်း ဆက်သားတစ်ဦးကိုစေလွှတ်၍ မိမိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်ရစ်သူညီအစ်မများထံ သတင်းပို့လိုက်ပါသည်။ ခရစ်တော်သည် ၎င်းတို့၏အိမ်သို့ ချက်ချင်းဝင်တော်မမူသေးဘဲ လမ်းဘေးဆိတ် ငြိမ်သော နေရာတစ်ခုတွင် ခေတ္တရပ်တန့်တော်မူလိုက်ပါသည်။ သေဆုံးသူမိတ်ဆွေ များအပေါ် ဝမ်းနည်းကြောင်းဖော်ပြကြသည့် ယုဒလူများ၏ လုပ်နည်းလုပ်ဟန်များ သည် ခရစ်တော်၏စိတ်တော်နှင့် တွေ့တော်မမူချေ။ လာဇရု၏အသုဘတွင် ကြေး စားငိုချင်းသည်များ၏ ငိုကြွေးသံများကို ကိုယ်တော်ကြားတော်မူသဖြင့် ထိုကဲ့သို့ သောရှုပ်ယှက်ခတ်နေသော အခြေအနေမျိုးတွင် ကျန်ရစ်သူညီအစ်မများနှင့် ကိုယ် တော်မတွေ့ဆုံလိုချေ။ ပူဆွေးဝမ်းနည်းကာ ငိုကြွေးနေသူများတွင် မိသားစုနှင့်ပတ် သက်သောဆွေမျိုးများ၊ တချို့မှာ ယေရုရှလင်မြို့မှအရာရှိကြီးများဖြစ်ကြပါသည်။ ထို အရာရှိကြီးများထဲမှတချို့မှာ ခရစ်တော်အားခါးခါးသီးသီး မုန်းတီးသူများဖြစ်ကြပါ သည်။ ထိုသူများ၏ အကြံကိုသိတော်မူသဖြင့် ခရစ်တော်သည် မိမိကိုယ်ကို ချက် ချင်းလူသိမခံခဲ့ချေ။

         အခန်းထဲတွင်ရှိနေကြသော လူများမကြားစေရန် ကိုယ်တော်ရောက်ရှိလာ ကြောင်းသတင်းကို မာသထံတိုးတိုးတိတ်တိတ် သတင်းပို့ခဲ့ပါသည်။ မာရိမှာမူကား၊ အပူမီးတောက်လောင်နေသဖြင့် ထိုသတင်းစကားကိုမကြားခဲ့ချေ။ မာသသည် ထို သတင်းကိုကြားသည်နှင့်တစ်ပြိုင်နက် ကိုယ်တော်အားဖူးတွေ့ရန် ထွက်သွားခဲ့ပါ သည်။ မာရိမူကား၊ မာသတစ်ယောက်လာဇရု၏အလောင်း မြှုပ်နှံထားရာသင်္ချိုင်းသို့ ထွက်သွားသည်အထင်နှင့်ဟစ်အော်ငိုကြွေးလျက် အိမ်တွင်ကျန်ရစ်ခဲ့ပါသည်။

         မာသသည် ကိုယ်တော်နှင့်တွေ့ဆုံရန်အဆောတလျင်ထွက်လာခဲ့ပါသည်။ ဆန့်ကျင်ဖီလာဖြစ်သောခံစားမှုများ၏ ရိုက်ခတ်မှုကြောင့် စိတ်လှုပ်ရှားနေပါသည်။ ရှေ့တော်မှောက်သို့ရောက်သော် ကြင်နာယုယ၍မေတ္တာတရားနှင့် ပြည့်၀သော မျက် နှာတော်ကို ဖူးတွေ့လိုက်ရပါသည်။ သူမသည် ကိုယ်တော့် အပေါ်ယုံကြည်စိတ်ချ ဆဲဖြစ်ပါသည်။ သို့ရာတွင် ယေရှုရှင်အလွန် ချစ်ခင်မြတ်နိုးလှသည့် မောင်လေးအ ကြောင်းကိုသူမစဉ်းစားမိသဖြင့် စိတ်နှလုံးပူဆွေးခဲ့ရပါသည်။ လာဇရုမသေဆုံးမီ ကိုယ်တော်ရှင် ရောက်ရှိမလာသည့်အတွက် စိတ်နှလုံးကြေကွဲခဲ့ရသော်လည်း မိမိ တို့အား စိတ်သက်သာမှုရရှိစေရန် ကိုယ်တော်ရှင်တစ်ခုခု လုပ်ပေးနိုင်ဦးမည်ဟု မျှော်လင့်လျက် သခင်၊ ကိုယ်တော်ရှိ တော်မူလျှင် ကျွန်မ၏မောင်မသေပါ ဟု မာသလျှောက်ထား၏။ ငိုခြင်းသည် များ၏ဆူညံနေသောငိုသံများကြောင့် ထိုစကား ကလေးကို ထပ်ခါတလဲလဲ သူမပြောဆိုလျှောက်ထားခဲ့ပါသည်။

         သခင်ယေရှုသည် သနားသောစိတ်ဖြင့် ပူဆွေးဝမ်းနည်း၍နွမ်းလျနေသော မာသ၏မျက်နှာကို စူးစူးစိုက်စိုက်ကြည့်တော်မူ၏။ မာသသည် ဖြစ်ခဲ့သမျှသော အရာ များကို ဇာတ်ကြောင်းမပြန်လိုတော့ဘဲ သနားစရာကောင်းသော စကားလုံးများဖြင့် သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်သည် မသေပါ ဟုသာလျှောက် ထားခဲ့ပါသည်။ သို့ရာတွင် မေတ္တာတော်နှင့်ပြည့် လျက်ရှိသော ခရစ်တော်၏ မျက်နှာ တော်ကိုဖူးတွေ့ရသောအခါ ယခုသေလျက် ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည် ဟု မာသကဆက်လက်၍ လျှောက်ထားလေ၏။

         ယေရှုကလည်း သင်၏မောင်သည်ထမြောက်လိမ့်မည်ဟူ၍ သူမ၏ ယုံကြည်ခြင်းကိုတိုးပွားစေရန် အားပေးတော်မူ၏။ ကိုယ်တော်ရှင်၏ တုံ့ပြန်ဖြေဆိုမှု သည် တစ်မဟုတ်ချင်းပြောင်းလဲမှုတစ်ခုအတွက် မျှော်လင့်ခြင်းကိုဖြစ်ပေါ်စေရန် မရည်ရွယ်ခဲ့ချေ။ ကိုယ်တော်သည် မာသ၏အတွေးများကို လာဇရုအား လတ်တ လောပြန်လည် အသက်ရှင်လာစေခြင်းထက် ပို၍လေးနက်သော အခြေသို့ရောက် သွားစေပြီး ဖြောင့်မတ်သူများ၏ ရှင်ပြန်ထမြောက်ခြင်း အချိန်ကိုအာရုံပြုသွားစေခဲ့ ပါသည်။ လာဇရုရှင်ပြန်ထမြောက်ခြင်းအရာတွင် သူမတွေ့မြင်နိုင်သည့် ကိုယ်တော် ပြုတော်မူသောအမှုသည် ဖြောင့်မတ်လျက် သေဆုံးနေသူများအားလုံး၏ ရှင်ပြန်ထ မြောက်ခြင်းအတွက် ကတိကဝတ်တစ်ခု ဖြစ်ပါသည်။ ကယ်တင်ရှင်၏ တန်ခိုး တော်အားဖြင့် ထိုရှင်ပြန်ထမြောက်ခြင်းကို ပြီးစီးအောင်လုပ်ဆောင်မည်အကြောင်း အာမခံချက်တစ်ခုလည်းဖြစ်ပါသည်။

         မာသကလည်း နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာ ကာလ၌ သူသည်ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟုလျှောက်၏။

         သခင်ယေရှုသည် သူမ၏ယုံကြည်ခြင်းအားလမ်းမှန်သို့ရောက်သွား ရန်ကြိုး စားလျက် ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏ ဟုမိန့်တော်မူ၏။ ခရစ်တော်၌မူရင်းအသက်ပိုင်ရှင်ဖြစ်၍ တစ်ဆင့်ခံမဟုတ်သော  သက်ရှိတော်မူပါသည်။ သားတော်ကိုရသောသူ သည် အသက်ကိုရ၏ ၁ယော ၅း၁၂။ သခင်ယေရှု၏ဘုရားဇာတိတော်သည် ထာ၀ရအသက်အတွက် ယုံကြည်သူ များ၏ အာမခံချက်ဖြစ်ပါသည်။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည် ၍အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်း နှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟုယေရှုမေး တော်မူ၏။ ခရစ်တော်သည် ဤနေရာတွင် ဒုတိယအကြိမ်ကြွလာမည့်အချိန်ကို မျှော်ကြည့်တော်မူပါသည်။ ထိုအချိန်တွင် ဖြောင့်မတ်လျက် သေဆုံးနေသူများသည် မပုပ်မပျက်သောကိုယ်ခန္ဓာဖြင့် ရှင်ပြန်ထမြောက်လာကြမည်ဖြစ်ပြီး အသက်ရှင် လျက် ရှိသောဖြောင့်မတ်သူများသည် သေခြင်းကိုမမြည်းစမ်းရတော့ဘဲ ကောင်းကင် သို့ဝင်စားကြလိမ့်မည်။ ခရစ်တော်ပြုအံ့ဆဲဆဲ နိမိတ်လက္ခဏာဖြစ်သည့် လာဇရုအား ထမြောက်စေခြင်းအမှုသည် ဖြောင့်မတ်သောလူသေများ၏ရှင်ပြန်ထမြောက် ခြင်းကို ပုံဆောင်ပါသည်။ ကိုယ်တော်ရှင်သည် မိမိမိန့်တော်မူသောစကားများ နှင့်ပြုတော်မူ သောအမှုအားဖြင့် မိမိသည်ထမြောက်ခြင်း အရှင်ဖြစ်တော်မူကြောင်းကို ကြေညာ တော်မူခဲ့ပါသည်။ မကြာမီအချိန်တွင် ကပ်တိုင်ပေါ်တွင်အသေသတ်ခံရမည့် ကိုယ် တော်သည် သင်္ချိုင်းကိုအောင်နိုင်သူတစ်ဦးအနေနှင့်သေခြင်း၏ သော့ကိုကိုင်၍  တော်မူပြီ။ မိမိ၌ထာ၀ရအသက်ပေးပိုင်ခွင့်ရှိကြောင်း အခိုင်အမာမိန့်တော်မူနေပါ သည်။

         ငါ့စကားကိုယုံသလောဟု ကိုယ်တော်မေးရာ မာသကယုံပါ၏ သခင်၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွလာတော်မူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည် ဟုလျှောက်လေ၏။ ခရစ်တော်မိန့်တော်မူခဲ့သောစကားများ၏ အရေးပါပုံအားလုံးကို သူမမသိရှိခဲ့ သော်လည်း ကိုယ်တော်၏ဘုရားဇာတိတော်အား ယုံကြည်ခြင်းရှိကြောင်း၊ ကိုယ် တော်သည်စိတ်တော်နှင့် တွေ့သောအရာခပ်သိမ်းကို  လုပ်ဆောင်နိုင်သည်ကို ယုံ ကြည်စိတ်ချကြောင်း သူမဝန်ခံခဲ့ပါသည်။

         ထိုသို့လျှောက်ပြီးမှ မာသသည်သွား၍မိမိညီမမာရိအား အရှင်ဘုရားရောက် လာတော်မူပြီ။ သင့်ကိုခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။ ယဇ်ပုရော ဟိတ်များသည် အခွင့်သာလျှင်သာသလို ခရစ်တော်အားဖမ်းဆီးရန် ပြင်ဆင်နေကြ သဖြင့်သူမသည်မာရိအား ကိုယ်တော်ရောက်ရှိလာသည့်သတင်းကို အမြန်ဆုံးပေးပို့ ခဲ့ပါသည်။ သို့ရာတွင် ငိုချင်းသည်များ၏ ငိုကြွေးမှုအသံများကြောင့် သူမပြောသော စကားကို မာရိကောင်းစွာမကြားရချေ။

         မာရိသည် ထိုသတင်းကိုကြားလျှင် အလျင်တဆောထ၍ စိတ်အားထက် သန်သောမျက်နှာထားဖြင့် အခန်းထဲမှထွက်သွားခဲ့ပါသည်။ သူမသည် သင်္ချိုင်းကုန်း သို့သွားသည်အထင်နှင့် ငိုချင်းသည်များသည် သူမနောက်သို့ လိုက်သွားကြပါသည်။ သူမသည် ယေရှုရှင်ရှိရာသို့ရောက်သော် ခြေတော်ရင်းတွင်ပျပ်ဝပ်လျက် သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ ဟုတုန်ယင်သောနှုတ်ခမ်းများ ဖြင့် လျှောက်ထားလေ၏။ သခင်ယေရှုနှင့် အေးအေးဆေးဆေးစကားပြောလိုသူ များအတွက် ငိုချင်းသည်များ၏ငိုသံများသည် စိတ်နှလုံးနာကျင်စေပါသည်။ ထိုလူ အုပ်ထဲတွင်ရှိနေကြသော လူအချို့သည် ကိုယ်တော်ရှင်အား မနာလိုဝန်တိုမှုများ ရှိကြောင်း သူမသိရှိထားသဖြင့် အားရပါးရမငိုမိအောင် ထိန်းချုပ်ခဲ့ရပါသည်။    

         မာရိမှစ၍ လိုက်လာသောယုဒတို့ ငိုကြွေးကြသည်ကို ယေရှုမြင်တော်မူ သောအခါ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိတော်မူ၏။ စုရုံးလာကြသည့် လူအ ပေါင်းအားကြည့်တော်မူလိုက်ရာ များစွာသောသူများ၏ ဝမ်းနည်းမှုများသည် ဟန် ဆောင်မှုများသာဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်တော်မူခဲ့ပါသည်။ ယခုဟန်ဆောင်   ဝမ်းနည်းပူဆွေးနေပုံပြနေသည့် ထိုလူများသည် မကြာမတင်မီအချိန်တွင် နိမိတ် လက္ခဏာပြသည့် ပုဂ္ဂိုလ်ကိုသာမက နိမိတ်လက္ခဏာ ပြခြင်းခံရသည့် လာဇရုကိုပင် အဆုံးစီရင်ရန်စီစဉ်ကြလိမ့်မည်ကို ကိုယ်တော်သိရှိထားတော်မူပါသည်။ ခရစ်တော် သည် ၎င်းတို့၏ဟန်ဆောင်မှုများကို ထုတ်ဖော်ဖွင့်ဟနိုင်တော်မူသော်လည်း မိမိ ဖြောင့်မတ်သောအမျက်တော်ကို ချုပ်ထိန်းထားတော်မူခဲ့ပါသည်။ မိမိကိုယုံကြည်၍ ခြေတော်ရင်းတွင် ဝမ်းနည်းပက်လက်ဖြင့် ဒူးထောက်နေသောသူ၏ မျက်နှာကို ထောက်၍ ဟုတ်တိုင်းမှန်ရာ အားလုံးကိုပြောနိုင်တော်မူသော်လည်း ပြောတော်မမူခဲ့ ချေ။

         ထိုနောက် အလောင်းကိုအဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင် သခင်ကြွ၍ကြည့်တော်မူပါဟု လျှောက်ကြသဖြင့် သချုØင်းကုန်းသို့အတူတကွ ထွက် ခွာသွားကြ၏။ ထိုမြင်ကွင်းသည် ဝမ်းနည်းစရာ မြင်ကွင်းတစ်ခုပေတည်း။ မာရိတို့ ညီအစ်မသည် လာဇရုကိုအလွန်ချစ်ခင်ကြရာ နှလုံးကြေကွဲစွာဖြင့် သည်းထန်စွာ ငိုကြွေးခဲ့ကြပါသည်။ ထိုအချိန်တွင် မိတ်ဆွေများသည်လည်း ၎င်းတို့နှင့်အတူငို ကြွေးမျက်ရည်ကျခဲ့ကြပါသည်။ အနီးအနားတွင်ရှိ နေသောလူသားများသည် သေ ဆုံးသွားသူအတွက် ပူဆွေးငိုကြွေးကာ ပရိဒေ၀မီးတောက်လောင်နေကြသည်ကို မြင်တော်မူသော် ယေရှုသည်မျက်ရည်ကျတော်မူ၏။ ကိုယ်တော်သည် ဘုရား သခင်၏သားတော်ဖြစ်ခဲ့သော်လည်း လူသားဇာတိကို ခံယူထားသောကြောင့် လူသား များခံစားရသည့် ဝမ်းနည်းမှုများ၏လှုံ့ဆော်မှုကို ခံခဲ့ရပါသည်။ ဒုက္ခဝေဒနာခံစား နေရသောလူသားများကိုမြင်ရတိုင်း ကြင်နာသနားသောစိတ်များသည် နှလုံးသား တွင်နိုးထခဲ့ပါသည်။ ထို့ကြောင့် ကိုယ်တော်သည် ငိုကြွေးသူများနှင့် အတူငိုကြွေး တော်မူ၍ ဝမ်းမြောက်သော သူများနှင့်အတူ ဝမ်းမြောက်တော်မူလေ့ရှိပါသည်။

         သို့ရာတွင် ထိုသို့မျက်ရည်ကျတော်မူရခြင်းမှာ မာရိနှင့်မာသတို့ကို ကြင်နာ သနားခဲ့ခြင်းကြောင့်သာမဟုတ်ချေ။ ကောင်းကင်သည် မြေကြီးထက် ပို၍မြင့်မားသ ကဲ့သို့ ငိုကြွေးတော်မူခြင်းအရာတွင် ကိုယ်တော်၏ပူဆွေးမှုသည် လူသားများ၏  တိုင်းအတာထက်သာလွန်ပါသည်။ ခရစ်တော်သည် လာဇရုအား သင်္ချိုင်းတွင်းမှ ရှင် ပြန်ထမြောက်စေတော့မည်ဖြစ်သဖြင့် ၎င်းအတွက် ငိုကြွေးတော်မူခဲ့ခြင်းမဟုတ်ဘဲ ယခုလာဇရုအတွက် ငိုကြွေးနေကြသူများသည် မကြာမီတွင် အသက်ရှင်ခြင်းနှင့် ထမြောက်ခြင်းအကြောင်း ဖြစ်တော်မူသော ကိုယ်တော်အားအဆုံးစီရင်ရန် ကြံစည်  နေကြခြင်းကြောင့်ဖြစ်ပါသည်။ သို့ရာတွင် မယုံကြည်သောယုဒများသည် ကိုယ် တော်ရှင်မျက်ရည်ကျရခြင်း၏ အကြောင်းမှန်ကို မသိရှိကြပါတကား။ ကိုယ်တော်ရှင် ငိုကြွေးမှု၏အတွင်းသဏ္ဌာန်ကို ကောင်းစွာမသိကြသောလူများက ကြည့်ပါ၊ လာဇ ရုကို အလွန်ချစ်တော်မူပါ သည်တကား ဟုဆိုကြ၏။ တချို့သောသူများက ထိုနေ ရာတွင်ရှိနေကြသော သူများ၏စိတ်နှလုံးထဲတွင် မယုံကြည်ခြင်းမျိုးစေ့ကို ဖြန့်ကြဲလို သည့်သဘောဖြင့် ပြက်ရယ်ပြုကာ မျက်စိကန်းသောသူကို မြင်စေတော်မူသော  ထိုသခင်သည် လာဇရုကိုမသေစေခြင်းငှာ မတတ်နိုင်သလော။ လာဇရုအားကယ် တင်ရန် ကိုယ်တော်၌တန်ခိုးရှိသည်ဆိုလျှင် အဘယ်ကြောင့် ၎င်းအားအသေခံ တော်မူခဲ့ရသနည်း ဟုပြောဆိုကြ၏။

         ခရစ်တော်သည် ဖာရိရှဲများနှင့်ဇဒ္ဒုကဲတို့၏ ရန်ငြိုးဖွဲ့ခြင်းကို အနာဂတ်ကြို တင်မြင်နိုင်စွမ်းရှိသော မျက်ဝန်းတော်အားဖြင့် မြင်တွေ့တော်မူပါသည်။ သူတို့သည် မိမိအားအသေသတ်ရန် ကြိုတင်စီစဉ်ကြလျက်ရှိကြောင်းကို ကိုယ်တော်သိရှိထား တော်မူပါသည်။ ယခုအချိန်တွင် အမြင်အားဖြင့်မေတ္တာပြနေ ကြသောထိုသူများ သည် မကြာမီအချိန်တွင် မျှော်လင့်ခြင်းတံခါးကြီးများကို မိမိတို့ကိုယ်တိုင်မဝင်ရန် အတွက်ပင် ပိတ်ထားကြလိမ့်မည်ကို ကိုယ်တော်သိရှိထားတော်မူခဲ့ပါသည်။ ထိုအ ဖြစ်အပျက်သည် မကြာမီတွင်ဖြစ်ပျက်တော့မည်ဖြစ်ပြီး ခရစ်တော်ကို စော်ကားမော် ကားပြု၍ ကပ်တိုင်တင်ကြသည့်အတွက်ကြောင့် အကျိုးဆက်ယေရုရှလင်မြို့ကြီး ပျက်စီးသွားပေလိမ့်မည်။ ထိုအချိန်တွင် သေဆုံးသွားသူများအတွက် မည်သူမျှငို ကြွေးကြလိမ့်မည်မဟုတ်ချေ။ ယေရုရှလင်မြို့အပေါ်ကျရောက်မည့် ဆိုးကျိုးများ သည် ကိုယ်တော့်ရှေ့မှောက်တွင် ကွက်ကွက်ကွင်းကွင်း ထင်ရှားလျက်ရှိပါသည်။ ထိုမြို့ကို ရောမတပ်သားများက ဝန်းရံထားမည်ကို ကိုယ်တော်မြင်တွေ့တော်မူခဲ့ပါ သည်။ လာဇရုအတွက် ယခုငိုကြွေးနေကြသူများမှအများစုသည် ထိုအချိန်တွင် ထို စစ်ဘေးစစ်ဒဏ်ကြောင့် သေဆုံးကုန်ကြမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် မျှော်လင့် ခြင်းကင်းမဲ့စွာဖြင့် သေဆုံးကြရမည်ဖြစ်ကြောင်းကို ကိုယ်တော်သိရှိတော်မူထားပါ သည်။

         ရှေ့တော်မှောက်တွင် မြင်တွေ့နေရသော ထိုမြင်ကွင်းကြောင့်သာ ကိုယ် တော်ငိုကြွေးတော်မူခဲ့သည်မဟုတ်ချေ။ ခေတ်အဆက်ဆက်၏ ပူဆွေးဝမ်းနည်းစရာ များသည် ကိုယ်တော့်အပေါ်တွင် ဖိစီးလျက်ရှိသောကြောင့်ဖြစ်ပါသည်။ ပညတ် တော်ကိုလွန်ကျူးခြင်းအတွက် ခံယူကြရမည့် ကြောက်မက်ဖွယ်သော ဆိုးကျိုးများ ကိုလည်းကောင်း၊ အာဗေလသေဆုံးခဲ့သည့်အချိန်မှစ၍ အကောင်းနှင့် အဆိုးတို့အ ကြား တိုက်လှန်ပွဲကြီးပြင်းထန်နေသော ကမ္ဘာ့ရာဇဝင်ကြီးကိုလည်းကောင်း ကိုယ် တော်မြင်တွေ့တော်မူပါသည်။ အနာဂတ်ကာလကို မျှော်၍ကြည့် လိုက်သောအခါ တွင် လူသားများ၏အငန်းအတာများဖြစ်ကြမည့် ရောဂါဝေဒနာခံခြင်းများနှင့် ဝမ်း နည်းပူဆွေးမှုများ၊ ငိုကြွေးမျက်ရည်ကျခြင်းများနှင့်သေခြင်း စသည်တို့ကိုလည်း မြင် တွေ့တော်မူခဲ့ပါသည်။ ခေတ်အဆက်ဆက် နေရာအနှံ့အပြားတွင် နေထိုင်ခဲ့ကြ သော လူသားမိသားစုများ ခံစားခဲ့ရသောဒုက္ခ ဝေဒနာများကြောင့် ကိုယ်တော်၏ နှလုံးတော်သည် နာကျင်ကြေကွဲခဲ့ပါသည်။ အပြစ်ကျူးလွန်ကြသော လူသားများ၏ အမင်္ဂလာအဖြာဖြာသည် ကိုယ်တော်၏ နှလုံးတော်ကို လေးလံစေတော်မူခဲ့ပြီး ၎င်းတို့၏ဒုက္ခဝေဒနာများကို သက်သာခွင့်ပေးရန် တောင့်တနေစဉ်တွင် မျက်ရည် ကျတော်မူခဲ့ရပါသည်။

         ထိုနောက်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်ဖြင့် သင်္ချိုင်းသို့သွားတော် မူခဲ့၏။ ထိုသင်္ချိုင်းရှိကျောက်ဂူတစ်ခုထဲတွင် လာဇရု၏အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်၍ ဂူ၀တွင်ကျောက်တုံးကြီးတစ်လုံးဖြင့် ပိတ်ဆို့ထားပါသည်။ ကျောက်ကိုရွှေ့ကြ လော့ ဟုမိန့်တော်မူလိုက်ရာ အလောင်းကိုကြည့်ရုံသက် သက်အတွက် ထိုကဲ့သို့  ခိုင်းသည်အထင်နှင့် သင်္ဂြိုဟ်ပြီးသည်မှာလေးရက်ရှိပြီ ဖြစ်သောကြောင့် ယခုအချိန် လောက်ဆိုလျှင် ပုပ်လောက်ပြီဖြစ်ကြောင်းမာသက ကန့်ကွက်ဟန့်တားခဲ့ပါသည်။ လာဇရုကိုသေခြင်းမှ မထမြောက်စေမီပြုခဲ့သော ထိုမိန့်ဆိုချက်သည် ခရစ်တော်အား လိမ်ညာမှုတစ်ခု ပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်း ဖာရိရှဲများအတွက် ပြောခွင့်မရစေ ခဲ့ချေ။ လွန်ခဲ့သောအချိန်များတွင် ဖာရိရှဲများသည် ဘုရားသခင်၏ တန်ခိုးတော် ကိုထင်ရှားစေသည့် အံ့ဩဖွယ်အကောင်းဆုံး နိမိတ်လက္ခဏာတစ်ခုနှင့်ပတ်သက်၍ မှာယွင်းစွာ ဝါဒဖြန့်ခဲ့ဖူးကြပါသည်။ တရားဇရပ်မှူးယာဣရု၏ သမီးကလေးအား ခရစ်တော်ရှင်ပြန် ထမြောက်စေခဲ့စဉ်က သူငယ်သေသည်မဟုတ် အိပ်ပျော်နေ သည် ဟု ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါသည်။ မာကု ၅း၃၉။ သူမသည် ရက်အ နည်းငယ်သာ ဖျားနာခဲ့ပြီးသေဆုံးသွားခဲ့ပါသည်။ သေလျှင်သေချင်း ၎င်းအားထ မြောက်စေတော်မူခဲ့သဖြင့် ခရစ်တော်ကိုယ်တော်တိုင် မိန့်တော်မူခဲ့သည့်အတိုင်း သေနေခြင်းမဟုတ်ဘဲ အိပ်ပျော်နေခြင်းသာဖြစ်ကြောင်း ဖာရိရှဲများကဝါဒဖြန့်ခဲ့ကြ ပါသည်။ ခရစ်တော်သည် အနာရောဂါများကို ကုစားနိုင်ခြင်းမရှိကြောင်း နိမိတ် လက္ခဏာများကို မတော်မတရား လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ပေါ်လွင်စေ ရန် ၎င်းတို့ကကြိုးစားခဲ့ပါသည်။ သို့ရာတွင် ယခုကိစ္စတွင်မူ လာဇရုမသေ ပါဟုမည် သူမျှငြင်းဆိုနိုင်မည်မဟုတ်တော့ချေ။

         အံ့ဖွယ်နိမိတ်လက္ခဏာတစ်ခုကို ကိုယ်တော်ပြုမည့်ဆဲဆဲတွင် စာတန်သည် တစ်စုံတစ်ယောက်သောသူအား ထိုနိမိတ်လက္ခဏာကိုမပြုမိရန် ဟန့်တားကန့်ကွက် ဖို့ လှုံ့ဆော်ခဲ့ပါသည်။ ကျောက်ကိုရွှေ့ကြလော့ဟူ၍ အံ့ဖွယ်သော အမှုတစ်ခုကို ပြုလုပ်နိုင်စေရန်ပြင်ဆင်ခြင်းငှာ ကိုယ်တော်မိန့်တော်မူခဲ့ပါသည်။ သို့ရာတွင် မာသ သည် ပုပ်သိုးနေမည့်ရုပ်ကလာပ်ကြီးကို မမြင်စေလိုသည့် သဘောဖြင့် အရှိကိုအရှိ အတိုင်း အမြင်ကိုအမြင်အတိုင်း ဖွင့်ဟတတ်သော သူမ၏သဘာ၀အတိုင်း ကျောက် တုံးကြီးကိုမရွှေ့ရန် ဝင်ရောက်ဟန့်တားခဲ့ပါသည်။ လူသားများ၏စိတ်နှလုံးသည် ခရစ်တော်၏စကားတော်များကို နားလည်ရန်နှေးကွေးကြသည့်အလျောက် မာသ၏ ယုံကြည်ခြင်းသည်လည်း ကတိတော်၏အဓိပ္ပါယ်မှန်ကို မဆုပ်ကိုင်နိုင်ခဲ့ချေ။

         ထိုအခါယေရှုက သင်သည်ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော် ကိုမြင်ရလိမ့်မည်။ ငါပြောပြီမဟုတ်လောဟု အလွန်သိမ်မွေ့နူးညံ့စွာဖြင့် မာသအား ဆုံးမတော်မူ၏။ သင်သည် ငါ့တန်ခိုးနှင့်ပတ်သက်၍ မည်သည့် အတွက်ကြောင့် သံသယရှိရသနည်း။ ငါခိုင်းစေသည့်အတိုင်း အဘယ်ကြောင့် မလုပ်ချင်ရသနည်း။ သင်သည် ငါ့နှုတ်ထွက်စကားများကို ကြားသိယုံကြည်လျှင် ဘုရားသခင်၏ ဘုန်း တော်ကိုမြင်ရလိမ့်မည်။ သဘာ၀အားဖြင့်မဖြစ်နိုင် ဟုယူဆရသောအရာများသည် အနန္တတန်ခိုးရှင်၏အမှုတော်ကို မတားဆီးနိုင်ချေ။ ကိုယ်တော်ရှင်အား ယုံမှားသံသ ယရှိခြင်းနှင့် မယုံကြည်ခြင်းများသည် နှိမ့်ချခြင်းမဟုတ်ချေ။ ခရစ်တော်၏ နှုတ်က ပတ်တော်များကို ရိုးရိုးသားသားဖြင့် ယုံကြည်ခြင်းသည် စစ်မှန်သောနှိမ့်ချခြင်း၊ မှန် ကန်သော မိမိကိုယ်ကိုအပ်နှံဆက်ကပ်ခြင်း ဖြစ်ပါသည်။

         ကျောက်တုံးကို ရွှေ့ကြလော့ဟု ၎င်းတို့အား ခရစ်တော်မိန့်တော်မူခဲ့သော် လည်း ထိုကျောက်တုံးအား ရွေ့စေဟုမိန့်တော်မူလျှင် ကျောက်တုံးသည်  အမိန့် တော်အတိုင်း ရွေ့သွားလိမ့်မည်သာတည်း။ အပါးတော်တွင် ခစားနေကြသော ကောင်းကင်တမန်များအား အမိန့်ပေးလိုက်လျှင်လည်း ၎င်းတို့သည် ထိုကျောက် တုံးကိုရွှေ့ပေးကြလိမ့်မည်သာတည်း။ မိန့်တော်မူလိုက်လျှင် မျက်မြင်မရသော လက် တော်များသည် ထိုကျောက်တုံးကို ရွှေ့ပစ်ကြမည်သာတည်း။ သို့ရာတွင် ထို  ကျောက်တုံးကို လူသားများ၏လက်များဖြင့် ရွှေ့ဖယ်စေခြင်းအားဖြင့် ခရစ်တော် သည် လူသားဇာတိနှင့်ဘုရားဇာတိတို့၏ ပူးပေါင်းလုပ်ဆောင်မှုကို ထင်ရှားစေခဲ့  ပါသည်။ လူသားတန်ခိုးဖြင့် လုပ်နိုင်သည့်အရာများအတွက် ဘုရားတန်ခိုးကိုမ  တောင်းခံခဲ့ချေ။ ဘုရားသခင်သည် လူသားတို့၏ ကူညီလုပ်ဆောင်မှုကိုအသုံးမပြုဘဲ နေတော်မမူချေ။ လူသားတစ်ဦးသည် မိမိအားပေးအပ်ထားသည့်တန်ခိုးများ အစွမ်း အစများကို အသုံးပြုနေစဉ်တွင်  ကိုယ်တော်သည် ၎င်းအားခွန်အားနှင့် ပြည့်စေ တော်မူ၍ ပူးပေါင်းလုပ်ဆောင် ပေးတော်မူပါသည်။

         ကိုယ်တော်မိန့်တော်မူသည့်အတိုင်း နားထောင်ကာ ကျောက်တုံးကြီးကို လှိမ့်၍ ဖယ်ရှားပစ်လိုက်ကြပါသည်။ ကိုယ်တော်သည် အရာရာကိုအားလုံး မြင်သာ အောင် နှိုင်းနှိုင်းဆဆနှင့် လုပ်ဆောင်တော်မူပါသည်။ ခရစ်တော်၏ လုပ်ဆောင်မှု သည် လိမ်ညာသည့် လုပ်ဆောင်မှုတစ်ခုမဟုတ်ကြောင်းကို လူတိုင်းမြင်တွေ့နိုင် ခွင့်ရရှိကြပါသည်။ လာဇရု၏ရုပ်ကလာပ်သည် ကျောက်သင်္ချိုင်းဂူထဲတွင် တိတ် ဆိတ်စွာတည်ရှိနေပါသည်။ ငိုချင်းသည်များသည်လည်း အငိုတိတ်သွားကြပါသည်။ လူထုကြီးတစ်ခုလုံးသည် ဘာတွေဆက်ဖြစ်လာမည် ကိုကြည့်ရန် အံ့အားသင့်စွာ မျှော်လင့်ချက်ပြင်းပြစွာဖြင့် သင်္ချိုင်းဂူ၏ပတ်ပတ်လည်တွင် ရပ်နေကြပါသည်။

         ခရစ်တော်သည် တည်ငြိမ်သောအသွင်ဖြင့် ဂူ၏ရှေ့တည့်တည့်တွင် ရပ်ထ တော်မူလိုက်ပါသည်။ ထိုနောက် အလောင်းနားသို့ချဉ်းကပ်သွားပြီး ကောင်းကင် သို့မျှော်ကြည့်ကာ အဖ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူ သောကြောင့် ကျေးဇူးကြီးလှပါ၏ ဟုလျှောက်လေ၏။ ဤအဖြစ်အပျက်ကလေးမ တိုင်မီတွင် ခရစ်တော်ကိုရန်ပြုသောသူများက ကိုယ်တော်အား ဘုရားကိုစော်ကား သော စကားများပြောသည်ဟူ၍စွပ်စွဲကာ ခဲနှင့်ပစ်ပေါက်ရန်ကျောက်ခဲများကို ကောက်ယူခဲ့ဖူးကြပါသည်။ ကိုယ်တော်သည် စာတန်၏တန်ခိုးဖြင့် နိမိတ်လက္ခဏာ များကို ပြုနေသည်ဟူ၍လည်း စွပ်စွဲခဲ့ကြပါသည်။ သို့ရာတွင် ယခုတွင်မူ ထာ၀ရ ဘုရားသခင်သည် ၎င်း၏အဖဖြစ်ကြောင်း အခိုင်အမာဖွင့်ဆိုနေပြီး မိမိသည်ဘုရား သခင်၏ သားတော်ဖြစ်တော်မူကြောင်း ယုံကြည်စိတ်ချစွာဖြင့် ကြေညာတော်မူနေပါ သည်။

         ခရစ်တော်သည် ပြုတော်မူသောအရာတိုင်းတွင် အဖဘုရားသခင်နှင့် ပူးတွဲ လုပ်ဆောင်တော်မူခဲ့ပါသည်။ မိမိသည် ဘုရားသခင်အား အားကိုးမှီခိုခြင်းမပြုဘဲ အဘယ်အမှုကိုမျှ မလုပ်ဆောင်ကြောင်းကိုထင်ရှားစေရန် အမြဲဂရုပြုတော်မူခဲ့ပါ သည်။ ယုံကြည်ခြင်းအားဖြင့်သော်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်သော် လည်းကောင်း နိမိတ်လက္ခဏာများကို ပြုတော်မူခဲ့ပါသည်။  မိမိသည်အဖဘုရား သခင်နှင့် အဆက်အသွယ်ရှိတော်မူကြောင်းကို လူအပေါင်းသိစေလိုတော်မူပါ သည်။ အဖကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်စကားကိုအစဉ်မပြတ် နား ထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည်  ကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့အကျွန်ုပ်လျှောက်ပါ၏ဟု ခရစ်တော်မြွက်ဆိုတော်မူ၏။ ဤနေရာတွင် တမန်တော်များနှင့်လူအပေါင်းတို့အား ဘုရားသခင်နှင့်မိမိအကြားတွင်ရှိသော ဆက်သွယ်မှုများနှင့်စပ်လျဉ်း၍ အထင်ရှား ဆုံးသောသာဓကတစ်ခုကိုပြသရန် ဖြစ်ပါသည်။ ခရစ်တော်၏မိန့်တော်မူချက်သည် လိမ်ညာမှုတစ်ခုမဟုတ်ကြောင်းကို ၎င်းတို့အား ပြသရန်ဖြစ်ပါသည်။

         ထိုသို့မိန့်မြွက်တော်မူပြီးမှ လာဇရုထွက်၍လာလော့ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ကြည်လင်ပြတ်သား၍ ထိုးဖောက်နိုင်သည့် တန်ခိုးပါသော ကိုယ်တော်၏အမိန့်တော်သည် ထိုလူသေ၏နားထဲသို့ ဖောက်ထွင်းရောက်ရှိသွားခဲ့ ပါသည်။ ထိုသို့မိန့်တော်မူနေစဉ်တွင် ကိုယ်တော်၏လူသား ဇာတိ၌ဘုရားဇာတိသည် ထွန်းတောက်နေပါသည်။ ထာ၀ရဘုရား၏ဘုန်းတော် နှင့်တောက်ပလျက်ရှိသော ကိုယ်တော်၏မျက်နှာတော်တွင် ၎င်း၏တန်ခိုးတော် အတွက်အာမခံချက်ကို လူအ ပေါင်းတွေ့မြင်နေကြရပါသည်။ လူတိုင်းသည် ဂူ၀သို့စိုက်ကြည့်နေကြပါသည်။ မိန့် တော်မူသမျှသော စကားသံများကိုကြား နိုင်ရန်လည်း လူတိုင်းအာရုံပြုနေကြပါသည်။ မိမိသည်ဘုရားသခင်၏ သားတော်ဖြစ်သည်ဟူသော ခရစ်တော်၏ဖွင့်ဆိုချက်ကို  တည်ဖြစ်စေမည့် (သို့မဟုတ်မျှော်လင့်ချက်ကို အမြဲတမ်းပျက်သုဉ်းစေမည့် အထောက် အထားဖြစ်သည့် ခရစ်တော်၏ဘုရားဇာတိအတွက် စစ်ဆေးမှုတစ်ခုကို လူအပေါင်းတို့သည် စိတ်ဝင်တစားစောင့်၍ကြည့်နေကြပါသည်။

         ထိုလူသေသည် သင်္ချိုင်းဂူ၀တွင်ထ၍ မတ်တတ်ရပ်လိုက်သောအခါ ငြိမ် သက်နေသော သင်္ချိုင်းကုန်းတစ်ခုလုံးတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါသည်။ သင်္ဂြိုဟ်စဉ်အခါက ၎င်းအားရစ်ပတ်ထားသည့် အဝတ်ကြောင့် လှုပ်ရှားဖို့ခက်နေ သည်ကိုမြင်တော်မူလျှင် ကိုယ်တော်က ရပ်ကြည့်နေသောသူများအား သူ့ကိုဖြေ လွှတ်ကြလော့ ဟုမိန့်တော်မူ၏။ လူသားများ၏လုပ်ဆောင်မှုသည် ဘုရားသခင် နှင့် ပူးတွဲလုပ်ဆောင်ရမည့်အကြောင်းကို ဤနေရာတွင်လည်း တစ်ဖန်ထင်ရှားစေ ပြန်သည်။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ရန်ဖြစ်ပါသည်။ လာဇရုအား ရစ်ပတ်ထားသောအဝတ်များကိုဖြေ၍ ပေးလိုက်သောအခါ သူသည် ရောဂါဘယများကြောင့် ပိန်ချုံးအားနည်းကာ ကတုန်ကယင်နှင့်လူအပေါင်းရှေ့တွင် မတ်တတ်ထရပ်ခြင်းမဟုတ်ဘဲ ယောက်ျားပီသ၍ အားအင်ပြည့်ဖြိုးသော လူတစ် ယောက်အသွင်ဖြင့် ထရပ်ခြင်းဖြစ်ပါသည်။ သူ၏မျက်လုံးများသည် ကယ်တင်ရှင် အားသိသည့်အသိစိတ်ဓာတ်များနှင့် ကိုယ်တော်အပေါ်ထားရှိသည့်မေတ္တာများဖြင့် တောက်ပနေပါသည်။ ထိုနောက် သူသည်ရိုသေလေးမြတ်စွာဖြင့် ကိုယ်တော်၏ ခြေ တော်ရင်းတွင် ပျပ်ဝပ်လေ၏။

         တွေ့မြင်ရသူများသည် ရှေးဦးစွာ၌စကားတစ်လုံးမျှ မပြောနိုင်အောင် အံ့အားသင့်နေကြပါသည်။ သို့ရာတွင် များမကြာမီတွင် နှုတ်အားဖြင့်မဖော်ပြနိုင် အောင်ဝမ်းမြောက်မှုများကို ဖော်ပြနေသည်ကိုမြင်တွေ့ရပြီး ကျေးဇူးတော် ချီးမွမ်း သံများကိုလည်း ကြားခဲ့ကြရပါသည်။ မာရိတို့ညီအစ်မနှစ်ယောက်သည်လည်း ဘုရား သခင်၏မစမှုကြောင့် အသက်ရှင်လျက်ရှိသော မောင်ငယ်အားပြန်လည်ရရှိကြ သောကြောင့် ဝမ်းသာမျက်ရည်များကျလျက် ကယ်တင်ရှင် အားကျေးဇူးတင်စကား များ ပြောဆိုနေကြပါသည်။ ၎င်းတို့ညီအစ်ကိုမောင် နှမများနှင့်မိတ်ဆွေများ ပြန် လည်ပေါင်းစည်းသည့်အတွက် ဝမ်းပန်းတသာဖြစ်နေကြစဉ်တွင် သခင်ယေရှုသည် ထိုမြင်ကွင်းမှပျောက်ကွယ်သွားခဲ့ပါသည်။ သူတို့သည် အသက်ပေးပိုင်ရှင်ယေရှုအား ရှာဖွေကြသောအခါ ကိုယ်တော်ကို မတွေ့ရှိကြတော့ချေ။

 

No comments:

Post a Comment