အသက်ထက်မြတ်သောတရား
နဝမပညတ်
“ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သော
သက်သေကိုမခံ နှင့်။” (ထွက်မြောက်ရာကျမ်း ၂၀း၁၆)။
၁၇၈ဝ ခုနှစ်လောက်က အရှေ့ယူနိုက်တက်စတိတ်၏
မီးရထား ပို့ဆောင်ရေးလုပ်ငန်းမှ မန်နေဂျာတစ်ဦးသည် ၎င်းနှင့် အပြိုင်လုပ်ငန်းမှ
ဧည့်သည်တစ်ဦးလာရောက်တွေ့ ဆုံမှုကြောင့် အံ့အားသင့်လျက် ဒေါသ လည်း ထွက်ခဲ့ရ၏။
ထိုဧည့်သည်က နှစ်ဦးနှစ်ဘက်အတွက်
အကျိုးရှိမည့်အကြောင်း၊ သို့သော် ကုမ္ပဏီတစ်ခုစီမှ
အခွန်တော်ငွေသန်းနှင့်ချီပြီးတော့ ကုန်ကျနိုင် မည့်၊ နောက်ပိုင်းသူ့အတွက်
အန္တရာယ်ရှိလာနိုင်မည့် မရိုးသားသောအကြံ တစ်ခုကို ငွေမက်လုံးပေးပြီး
လာရောက်တိုင်ပင် ဆွေးနွေး၏။
သူ၏စားပွဲခုံမှ နောက်သို့ဆုတ်လိုက်ပြီး
မန်နေဂျာက ချက်ချင်းပဲ “ဆရာ၊ ဒီမှာဒီလိုအလုပ်မျိုးလုပ်ဖို့မဟုတ်ဘူး၊ Mr.
Vanderbilt (ပိုင်ရှင်) ကလည်းခွင့်ပြုမှာမဟုတ်ဘူး” ဟု ပြောလိုက်၏။
“ဒီကိစ္စကြောင့်
သူ့ကိုထိခိုက်စေမှာမဟုတ်ပါဘူးဗျာ” ထိုသူက ပြန်ပြော၏။ “ကျွန်တော်ပြောပါကောလား၊
ခင်ဗျားအတွက် တန်တယ် ဆိုရင်တော့ ဒေါ်လာတစ်သောင်းပါ ငွေလွှဲလက်မှတ်ခင်ဗျားအတွက်
ရှိပြီး သားဗျ။
“ဆောရီးပဲ” မန်နေဂျာက ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်၏။
“ဒါတွေ ကျုပ်ကိုလာမပြောနဲ့။”
“အမ်--ကျွန်တော်ပြောတာ မှားသွားတယ်ဗျာ။ လက်မှတ်က
ကျွန်တော်ပြောမိတဲ့ အမောင့်(တ်) ရဲ့နှစ်ဆဗျ” ထိုသူကထပ်ပြော၏။
ထိုနေရာမှာစီမံပိုင်သူကတော့ သူ၏တုံ့ပြန်မှုကို
မှားယွင်းစေမည့် ထိုဧည့်သည်အား ခပ်လှမ်းလှမ်းမှနေ၍ ဒေါသဖြင့်ကြည့်နေ၏။ ထိုသူက လည်း
ကမန်းကတန်းဖြင့် “ဘာပဲဖြစ်ဖြစ်ဗျာ၊ ဒေါ်လာ သုံးသောင်း လောက်ကတော့ သေချာပါတယ်” ဟု
ထပ်ပြောပြန်၏။
“ဟေ့လူ၊ ကျုပ် အခန်းထဲကနေ အခုချက်ချင်း ထွက်သွားဗျာ။
လူယုတ်၊ ခင်ဗျားကို ကျုပ် ဆွဲမထုတ်ခင်ထွက်သွားပါ” မာန်မဲလိုက်၏။
ထိုဧည့်သည်ထွက်ခွာ သွားပြီးနောက်
ထိုအရာအားလုံးကို ကြား ခဲ့ပြီးသောမန်နေဂျာ၏ အတွင်းရေးမှူးက အခန်းထဲသို့ဝင်လာပြီး
“ဆရာ၊ ဆရာ့အစား ကျွန်တော်ဘယ်လောက် အားကျမိတာကို ဘယ်ကစပြောရ မှန်းမသိဘူးဖြစ်နေတယ်”
ဟု အတွင်းရေးမှူးကပြော၏။
“ဒါတွေလာမပြောနဲ့” မန်နေဂျာက သူ့လက်ကို ဆွဲဆုပ်ကိုင်ရင်း
ပြန်ပြော၏။ “ဒီလူကို ငါအမြန်ဆုံး ဒီကနေ ထုတ်ပစ်လိုက်ပြီ။ ဒီလူငါ့ကို
တန်ဖိုးဖြတ်နေတာကွ။”
ဘယ်လိုထင်ပါသလဲ။ ထိုအဖြစ်တွင် လူတစ်ယောက်ကို
တန်ဖိုး ဖြတ်၍ရသည်ဟု ဆိုလိုပါသလား။ တစ်နည်းဆိုရသော် သင်၏ ရိုးသားမှု သည်
မည်မျှထိုက်တန်ပါသနည်း။ ဒေါ်လာသုံးထောင်ဖြင့် ရောင်းပစ်မည် လား။
ဒီတော့ ရိုးသားကြပါစို့ဟု ပြောပြောနေရကြသည် မဟုတ်ပါ
လား။ စင်စစ်အများသော သူတို့သည် မိမိတို့၏ ရိုးသားမှုကို ဈေးပေါပေါ နှင့်ရောင်းထုတ်နေကြသောကြောင့်တည်း။
တို့အားလုံးလုပ်နေကျမဟုတ်လား
မုသားပြော(လိမ်ပြော) ခြင်းနှင့်ပတ်သက်၍---
- စိတ်ကသိကအောက် မဖြစ်အောင်သုံးခြင်း - “တကယ်စိတ်
မကောင်းပါဘူး မစ္စစ်ဟင်လေရယ်၊ ကျွန်တော်တို့ စက်နည်းနည်း ချို့ယွင်း သွားလို့
ညကခင်ဗျားရဲ့ အလုပ်မပြီးခဲ့ဘူး” (အမှန်တော့လုပ်ဖို့ မေ့ခဲ့ခြင်း။)
- စိတ်ထိခိုက်သွားမှာစိုး၍သုံးခြင်း – “ပေးပို့လိုက်တဲ့နံပြား အချို တွေအတွက်
ကျေးဇူးပါပဲ၊ အရသာရှိလိုက်တာ” (အမှန်တော့ တစ်ကိုက် ကလေးနှင့်
အကုန်လွင့်ပစ်ချင်ပါလျက်နှင့်။)
- ပိုက်ဆံချွေတာချင်လို့သုံးခြင်း - “အိုး၊
အခွန်ကောက် ဆရာကြီး ရယ် ကျွန်တော်တို့ ဘာမှဝယ်မလာပါဘူး” (ငွေပန်းကန်ပြားလေးများ ပါလာပါလျက်နှင့်။)
- အမှတ်ကောင်းကောင်းလိုချင်၍ မုသားသုံးခြင်း -
ကျွန်တော် ပြုစု တဲ့စာတမ်းကပြီးသွားပါပြီဆရာကြီးရယ်၊ ညကလျှပ်စစ်မီး ပြတ်တောက် သွားလို့
ကျွန်တော် save မလုပ်ခင်မှာ ပျက်သွားပါတယ်” (အမှန်တော့
“ခွေးစားပစ်တယ်” ဆိုသော စကားပုံအတိုင်း ဆင်ခြေပေးခြင်းသာ။)
ကောင်းပါပြီ၊ ရထားပို့ဆောင်ရေးလုပ်ငန်းကို
ထိခိုက်စေမည့် လှည့်ဖြားခြင်းအကြောင်းကို ပြောနေသည်မဟုတ်လား။ ထိုကိစ္စက ဖြစ်ခဲ ၏။
အသေးအဖွဲကိစ္စမဟုတ်။ သို့သော် ယခုကိစ္စများက အပြစ်မပါသော လှည့်ပြောခြင်းသာ ဖြစ်သည်။
ကြီးကြီးကျယ်ကျယ် မဟုတ်ပါ။ မှန်ပါ သလား။
အင်္ဂလီကန်ဘုန်းတော်ကြီးတစ်ပါးဖြစ်သော Joseph
Fletcher ကအများလက်ခံကျင့်သုံးနေသော အစဉ်အလာလိမ်လည်မှုကိုသာ၍ ကျိုး ကြောင်းဆီလျော်စေသော
နီတိကျင့်ဝတ်တစ်ရပ်ဖြစ်သည့် Situation Ethic ကို
ပုံသေနည်းတစ်ခုအနေဖြင့် ပြဌာန်းခဲ့၏။ ထိုကျော်ကြားသော ပုံသေနည်း၌ ဘုန်းတော်ကြီးက
အခြေအနေပေါ်တွင် မူတည်ပြီး လုပ်လေ သမျှသည်မှန်၏ဟု သွန်သင်ပါသည်။ အလွန်အမင်းဖြစ်သော
လိမ်လည်မှု ပင်လျှင် လိုရင်းစိတ်ထားကမှန်နေပါသော် အပြစ်ကင်း၏ဟု သူကဆိုပါ သည်။
အဘယ်ကြောင့် ဤအတွေးအခေါ်သည်
သန်းပေါင်းများစွာသော လူထုအား လွှမ်းမိုးထားသည်ကို လွယ်လွယ်လေး နားလည်နိုင်ပါသည်။
ထိုသို့ Fletcher ၏ အယူအဆများကြောင့် လက်ခံနိုင်သည့်
လူမှုရေး အတိုင်းအတာများထက်ပင် လှည့်ဖြားမှုများ ပြုလာကြ၏၊ အများသော သူတို့က
လိုအပ်သည်ဟုပင် မှတ်ယူကြသည်။
လိမ်လည်မှုပြဿနာ
သမ္မာကျမ်းစာက ထိုကဲ့သို့ စိတ်မချရသော ကျင့်ဝတ်မျိုးကို
ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြောထားပါသည်။ ရှောလမုန်မင်းက “မုသား
သုံးသောနှုတ်ခမ်းသည် ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူဖွယ်ရာဖြစ် ဟု ပြောခဲ့ပါသည်။
(သုတ္တံ ၁၂:၂၂)။
ရှင်ပေါလုကလည်း လိမ်လည်ခြင်းသည် “မိဘကို ညှဉ်းဆဲသော
သူ၊” “လူ့အသက်ကို သတ်သောသူ၊” မတရားသော မေထုန်ကို မှီဝဲသော သူ၊” “ပြန်ပေးဆွဲသောသူ”
တို့နှင့် တစ်တန်းတည်းဖြစ်ကြောင်း ဆိုထားပါ သည် (၁တိ ၁း၉၊၁ဝ)။ ထို့အတူ ဗျာဒိတ်
၂၁း၂၇ တွင်လည်း နိုင်ငံတော် အမွေမခံထိုက်သူများတွင် “စက်ဆုပ်ဖွယ်သောအရာနှင့်
သစ္စာပျက်သော အရာ (ကတိစကားမတည်ခြင်း) တစ်စုံတစ်ခုမျှမဝင်ရ” ဟုပင် တွေ့ရပါ သည်။
သမ္မာကျမ်း၏ အခြားအပိုဒ်ပေါင်းများစွာတွင်လည်း လိမ်လည်မှု (မုသားသုံးခြင်း) သည်
ဆိုးဝါးသော လုပ်ဆောင်မှုများဖြစ်ကြောင်း ပဲ့တင် ထပ်နေအောင်ဆိုထားပါသည်။
မဖြစ်လောက်သောအသေးအဖွဲများကြောင့်
လိမ်လည်မှုအသေးအဖွဲက ဘယ်လောက်ဆိုးသလဲ။
ဘာကြောင့် သမ္မာကျမ်းစာက အမှန်တရားကိုပြောဖို့
အလေး အနက်ဆိုရတာလဲ။
အောက်ပါအကြောင်းအရာများကိုဆင်ခြင်ပါလေ။
၁။ လိမ်လည်ခြင်းသည် တစ်ပါးသူ၏ လွတ်လပ်မှုနှင့် ဂုဏ် သိက္ခာကိုဖျက်ဆီး၏။ -
လိမ္မာပါးနပ်စွာ ကိုင်တွယ်တတ်သောကြောင့်ဖြစ်သည်။
သူတစ်ပါးကိုလိမ်လည်လိုက်သောအခါ သင့်တင့်စွာ ရွေးချယ် တတ်မှု၊
မှန်ကန်စွာဆုံးဖြတ်တတ်မှုစသည့် ထိုသူ၏ စွမ်းရည်ကို ထုတ်ယူ ရာရောက်၏။
မထီမဲ့မြင်ပြုသောသဘောဖြင့် သူတစ်ပါးကို အရူးလုပ်ကာ ကိုယ်အကျိုးအတွက်
လိမ်ယူရာကျပါသည်။
၂။ လိမ်လည်ခြင်းသည် ပြုသူ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို
ဆုံးရှုံး စေသည်။ - ၎င်းကိုယ်တိုင်ဉာဏ်ဆင်ထားသော အရှုပ်အထွေးကွန်ရက်ထဲ တွင်
၎င်းရှိနေရခြင်းကြောင့်ဖြစ်သည်။ အင်ဗရာဟင်လင်ကွန်းက “အောင် မြင်သောလူလိမ်ဖြစ်ရန်
မည်သူ၌မျှ လုံလောက်သော မှတ်ဉာဏ်ကောင်း မရှိ” ဟုဆိုခဲ့ပါသည်။ အမှန်တရားပြောသူများ၌
မိမိကိုယ်တိုင်ဆင်ထား သောထောင်ချောက်သို့ ပြန်မကျအောင် သတိပြုနေစရာအကြောင်းမရှိ၊
သို့သော် လိမ်လည်သူများသည် အလျင်အမှားကို ကာကွယ်ရန် နောက် အမှားထပ်ပြုရသည့်သဘောကြောင့်
ပိုလိမ်လေ ၎င်းအတွက် ထောင် ချောက်တွင်းက ပိုနက်လေဖြစ်သည်။
၃။ လိမ်လည်ခြင်းသည် ယုံကြည်အားထားမှုကို ဖျက်ဆီး၏။ - လိမ်လည်မှုဆိုသည်မှာ
ကြာကြာပြု၍ရသည်အရာ မဟုတ်၊ အလိမ်ပေါ် လာသောအခါ မယုံကြည်မှုနှင့် မသင်္ကာမှုကို
တိုးပွားစေသည်။ လူလိမ်ကို မည်သူမျှမကိုးစား။ ထို့အတူ လူလိမ်လောက် သံသယရှိတတ်သူမရှိ။
ကိုယ်တိုင်လိမ်ညာတတ်သော သဘာဝဖြင့် သူတစ်ပါးကိုလည်း မယုံ ကြည်နိုင်ပါ။
“ကိုယ်နှင့်နှိုင်းမရိုင်း” ဆိုသလိုဖြစ်၏။
၄။ လိမ်လည်ခြင်းသည် မိမိကိုယ်ကို တန်ဖိုးထားတတ်သော
စိတ်ကိုပျောက်စေ၏။ - သူတစ်ပါးကိုလိမ်လည်နေစဉ်မှာ ကိုယ့်ဘာကိုယ် လူလိမ်မှန်းမသိနေသောကြောင့်
ကိုယ့်ကိုကိုယ်ပင် အရူးလုပ်နေစရာပင် မလို။
၅။ လိမ်လည်ခြင်းသည် ဘုရားသခင်နှင့် ဆက်စပ်မှုကို ပြတ် တောက်စေ၏။ - ကိုယ်လိမ်လည်သည်ကို ဘုရားသခင်သိကြောင်းကို
ကိုယ်ကသိနေသောကြောင့် အခက်အခဲမှလွတ်ရန် ဘုရားသခင်ထံ လာဖို့ တွန့်လိမ်နေတတ်သည်။
အလာနည်းလေ၊ အခက်အခဲများလေဖြစ်၏။
ဘုရားဖြစ်သောဘုရား
“ထိုသူတို့က ထိုဘုရားသခင်၏နာမတော်ကား
အဘယ်သို့နည်း” ဟု အကျွန်ုပ်ကို ပြန်၍မေးသောအခါ အဘယ်သို့ ပြန်ပြောရမည်နည်း”
ဟု မောရှေက ဘုရားသခင်ကိုမေးခဲ့၏။ (ထွက် ၃း၁၃)။
“Ehyeh asher Ehyeh” ချုံပုတ်မှ ပြန်ပြောသောစကားသံကား
“ငါဖြစ်သည်အတိုင်းငါဖြစ်၏။” “ငါဖြစ်သည်ဟု အမည်ရှိသောသူသည် ငါ့ကိုသင်တို့ရှိရာသို့
စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့” (အငယ် ၁၄)။ ဤသို့ဖြင့်
ဘုရားသခင်သည် မိမိကိုယ်ကို မည်သူဖြစ်ကြောင်းကို အခြေခံကျဆုံးသော ဂုဏ်တော်ဖြင့်
ဖော်ပြခဲ့၏။
တမန်တော်ယောဟန်က “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏”
ဘုရားသခင်ဖြစ်သော နှုတ်ကပတ်တော်ဟု ဖော်ပြနှင့်ပြီးဖြစ်သည်။ (ယော ၁း၁)။
ကျမ်းပိုဒ်မှ အဘယ်အရာ၏ အစအဦးလဲဟု မပြော၊ ပြောစရာလည်းမလိုအပ်ပါ။
ဘယ်တုန်းကအစအဦးလဲဟူ၍လည်း မပြော၊ ပြောရန်လည်း မလိုအပ်သောကြောင့်ဖြစ်ပါသည်။
ဘယ်အရာမဆို အစ အဦးရှိ၏။ သို့သော် ဘုရားသခင်ဖြစ်သော အစမရှိပါ။ ဘယ်အချိန်ကပဲ ဖြစ်ဖြစ်၊
ဘုရားသခင်ရှိနှင့်ပြီးသား။ သူ့ဘာသာသူလုံလောက်ပြီး မပြောင်း မလဲ
အစဉ်အမြဲတည်ရှိတော်မူသော ဘုရားဖြစ်တော်မူ၏။
ဘုရားသခင်ကို အဘယ်အရာနှင့်မျှနှိုင်း၍ မပြအပ်ပါ။
အဘယ်မျှ လောက်ကြီးမြင့်လှသော တောင်ကြီးတို့နှင့် တင်စား၍ ပြောစေကာမူ
ဘုရားသခင်၏ဂုဏ်တော်ကို ဖော်ဆောင်နိုင်စွမ်းမရှိပါ။
ဟေဗြဲစကားလုံး emeth မှ
“အမှန်တရား” ကိုပြန်ဆိုလေ့ရှိပါ သည်။ အမှန်တရားဆိုသည်မှာ အမှန်ထင်ရှားသောအရာကို ဆိုလိုပါ
သည်။ “ငါမင်းကိုအမှန်ပြောတာ” ဟုဆိုရာ၌ “ငါမင်းကို ငါသိတဲ့အတိုင်းပြောတာ” ဟု အဓိပ္ပါယ်ရပါသည်။
သို့သော် ကျမ်းစာနှင့်ပတ်သက်သော အမှန်တရားသည် အရာဝတ္ထုတစ်ခုခုကို
သိမြင်ခြင်းသာမဟုတ်ဘဲ ထို အရာ၏ပင်ကိုယ်မူလသဘာဝအတိုင်းကို ပြောပါသည်။ ကျွန်ုပ်တို့ ပြော
သောကြောင့်မဟုတ်ဘဲ ၎င်းဖြစ်သောကြောင့် ဖြစ်၏။
ဆာလံကျမ်း ၃၁း၅ ကဆိုသော “သစ္စာစောင့်တော်မူသော
ဘုရား” သည် ယေရမိ ၁၀း၁၀ ကဖော်ပြသော “မှန်သောဘုရား” ကို ညွှန်း ဆိုပါသည်။
အမှန်ကိုပြောသော ဘုရားဟုသာ မဆိုဘဲ၊ အမှန်ဖြစ်သော ဘုရားကို ဆိုလိုခြင်းဖြစ်ပါသည်။
အခြားအမှန်ဖြစ်သော အရာများတို့ သည် သူ့ထံမှဆင်းသက်ဖြစ်လာသော အမှန်တရားများသာ ဖြစ်ပေသည်။
သခင်ယေရှုက “မာရ်နတ်၌ သစ္စာတရားမရှိသောကြောင့်
သစ္စာ တရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ မိမိ ပကတိအတိုင်းပြော၏” ဟု
ယောဟန် ၈း၄၄ ၌ ရှင်းပြထားပါသည်။ မုသား (လိမ်လည်ခြင်း) နှင့် အမှားသည် ဘုရားသခင်၏
ဆန့်ကျင်ဘက် ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သောအရာပင်ဖြစ်ပြီး ထိုအရာကို လိုက်လျောပါလျှင်
ဘုရားသခင်ကို အရုပ်ဆိုးအကျည်းတန်စေမည် ဖြစ် သည်။ ထိုအရာကို
ဆက်ခါတွယ်ဖက်နေမည်ဆိုလျှင် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ကို ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်မှ
ဆွဲခွာပစ်သကဲ့သို့ ဖြစ်ပေ မည်။
လှည့်ဖြားမှုကြီးကာလ
အထူးထူးအပြားပြားသော လှည့်ဖြားမှုတန်ခိုးသည်
သန်းပေါင်း များစွာသောလူတို့အား လွှမ်းမိုးအုပ်စိုးမည့် အချိန်ကာလနှင့်ပတ်သက်၍
သခင်ယေရှုကြိုတင်သတိပေးထားခဲ့ပါသည်။ အထူးသဖြင့် ဘာသာရေး ခေါင်းဆောင်များမှ
“ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့် ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊
အံ့ဖွယ်သော အမှု တို့ကိုပြုကြလိမ့်မည်” (မဿဲ ၂၄း၂၄။ ၂ယော ၇)။ ထိုလှည့်ဖြားမှုကို
“အန္တိခရစ်” ဟုခေါ်၏။ အကြောင်းမှာ သခင်ယေရှု၏ အမှုတော်မှာ အမှန် တရားဟောပြောခြင်းမှ
အစပြုခဲ့ခြင်းကြောင့်ဖြစ်သည်။ (ယော ၁၈:၃၇)။
ရှင်ပေါလုကလည်း ထိုကြီးကျယ်သော
နောက်ဆုံးသောနေ့ရက် ၏လှည့်ဖြားခြင်းအကြောင်း ပြောထားပါသည်။ (၂သက် ၂း၃၊၉၊၁ဝ)။
သန်းပေါင်းများစွာသောသူတို့သည် ထိုဖေါက်ပြန်မှုကြီးထဲတွင် ပိတ်မိကြ လိမ့်မည်။
အမှန်တရား မချစ်မြတ်နိုးကြသောကြောင့် ဖြစ်သည်။ ဆဌ မပညတ်ချက်မှ “လူ့
အသက်ကိုမသတ်နှင့်” ဟုဆိုရာ၌ ကိုယ့်ရန်သူကို စိတ်ထက်သန်စွာချစ်ရမည်ဖြစ်ပြီး
ယခုနာမပညတ်ချက် “မုသားမပြော နှင့်” ဆိုရာတွင် အမှန်တရားကို ချစ်မြတ်နိုးရမည်အကြောင်း
တောင်းဆို ထားပါသည်။
ဆင်ခြင်မိပါသလား၊--- သမ္မာတရားကို ချစ်သောသူများ
ဘာလုပ် ကြသနည်း။
သမ္မာတရားကိုချစ်လျှင် ၎င်းကိုရှာဖွေမည်။ ၎င်းသည်အရေးတယူ
ဂရုတစိုက်ဖြစ်မည့် အချိန်ယူအားထုတ်ခြင်း ဖြစ်လိမ့်မည်။ (ယော ၅း၃၉)။
နေ့စဉ်ကျမ်းစာဖတ်ရှုလေ့လာခြင်းနှင့် နားလည်ရန် ဆုတောင်းခြင်း (တမန်၁၇း၁၁)။
ဆာလံဆရာကဲ့သို့သော ဆုတောင်းချက် “ကိုယ် တော်၏ သမ္မာတရားကိုပြ၍ အကျွန်ုပ်ကို သွန်သင်တော်မူပါ”
(ဆာလံ ၂၅း၅)။
ယေရှုသည် သမ္မာတရား ( ယောဟန် ၁၄း၆)။ သူ၏ အသက်တာ တစ်ခုလုံး၌
သမ္မာတရားကို ဖော်ပြ၏။ (ယော ၁၈: ၃၆၊၃၇)။ ထို့ကြောင့် သမ္မာတရားကိုချစ်လျှင် ၎င်း၏ ဆိုလိုရင်းကို
အတွင်းကျကျ လေ့လာမည်။
သမ္မာတရားကိုချစ်လျှင် ၎င်းကိုတန်ဖိုးထားမည်။
သခင်ယေရှု ပြောခဲ့သောဥပမာတစ်ခု၌ လယ်ထွန်ရင်း ရတနာသေတ္တာကို တွေ့သွား သော လယ်အငှားတစ်ယောက်၊
“ဝမ်းမြောက်သောစိတ်နှင့်” သူ၌ရှိသမျှ တို့ကို ရောင်းချပြီး ထိုလယ်ကိုဝယ်လိုက်၏။
(မဿဲ ၁၃း၄၄)။ အဘယ် ကြောင့် “ဝမ်းမြောက်” သနည်း။ ထင်ရှားပါသည်။ တွေ့ရှိသောအရာ၏တန်ဖိုးကြောင့်ဖြစ်သည်။
သူပိုင်သမျှသော အရာအားလုံးထက် အဖိုး ထိုက်ကြောင်း သူနားလည်ခဲ့၏။
ထို “လယ်” ကား သမ္မာကျမ်းစာကို ပုံဆောင်ပါသည်။
ထို “ရတ နာ” (ဘဏ္ဍာ) မှာ ကျမ်းစာထဲမှ “သမ္မာတရား” ဖြစ်၏။ သမ္မာတရား ကို
ကျွန်ုပ်တို့ အမှန်တကယ်ချစ်လျှင် ထိုလယ်သမားကဲ့သို့သော ဝမ်းမြောက် သောစိတ်ဖြင့်
ကျမ်းစာကိုဖတ်ရှုလျက် ချစ်မြတ်နိုးဖွယ် သွန်သင်ချက်များ ကို မွေ့လျော်လိမ့်မည်။
(၁ကော ၁၃း၆)။ ရွှေ၊ ငွေထက်အဖိုးထိုက်မည်။ (ယောဘ ၂၈း၁၅။ သုတ္တံ ၁၆း၁၆)။ အသက်ထက်ပင် မြတ်ပေသည်။
မာတင်လူသာ၏ “အားကြီးသောရဲတိုက်” သီချင်းကြီးထဲမှ-
“ဥစ္စာနှင့်မိတ်ဆွေရှုံး၊ မမြဲသောခန္ဓာဆုံး၊ ဤခန္ဓာကြေပျက်လည်း၊ သမ္မာ တရားတည်မြဲ။”
ဘာသာရေးပြုပြင်ပြောင်းလဲမှုကြီးကာလတွင်
ညှဉ်းပန်း နှိပ်စက် ခြင်း မီးလျှံများထဲမှ ထောင်ပေါင်းများစွာသော သူတို့၏နှလုံးသားထဲမှာ
တည်ငြိမ်စွာ ကိန်းအောင်းနေခဲ့မည့် သက်သေဖြစ်ပါသည်။ သမ္မာတရား ကိုချစ်လျှင် ၎င်းက
သင့်အသက်တာကို ပြောင်းလဲပေးလိမ့်မည်။ ကျွန်ုပ် တို့၏အနေအထိုင်နှင့် အပြုအမူတို့ မပြောင်းလဲမချင်း
သမ္မာတရားက ကျွန်ုပ်တို့၏ အသက်တာကို မစိုးမိုးသေးကြောင်း သမ္မာကျမ်းစာက ရိုးရှင်း စွာဖေါ်ပြထား၏။
(ဂလာတိ ၅း၇)။ ရောမ ၂:၈)။
သမ္မာတရားကိုချစ်လျှင် ၎င်းအားဝေငှရန်
စိတ်ထက်သန်လိမ့် မည်။ သမ္မာတရား၏ နှစ်လိုဖွယ်များကို မြင်တွေ့ရပြီး တန်ခိုးတော်ကို
မြည်းစမ်းရပြီးသောအခါ ၎င်းအား ဝေငှလိုသော စိတ်က သဘာဝ အလျောက်ဖြစ်လာတော့သည်။ (၁ပေ
၁း၂၂၊၂၃)။
ထိုသဘောသည် သူ၏အမှုတော်ဖြစ်သည်ဟု သခင်ယေရှု
ပြောခဲ့ ၏။ သမ္မာတရား၏ သက်သေအဖြစ် သူလာခဲ့၏။ (ယောဟန် ၁၈:၃၇)။
ပြန်လည်တက်ကြွသွားသောအခါမှာလည်း သူ၏တပည့် တော်တို့အား
ထိုတာဝန်ကိုအပ်နှင်းခဲ့၏။
(တမန် ၁း၈)။
မုသားကင်းသောသူများ
နောက်ဆုံးသောကာလနှင့် စပ်ဆိုင်သော
အနာဂတ္တိစကားတို့ သည် ကျွန်ုပ်တို့အား ကြီးစွာသောအားသစ်ကို ဖြစ်စေ၏။ လိမ်လည်
လှည့်ဖြားမှုကြီးထဲတွင် လူတိုင်းနစ်မွန်းကြရမည်မဟုတ်၊ နောက်ဆုံး သောနေ့ရက်များ၌
“သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌ အသီးသီးလိုက်ကြသော” လူတစ်စုရှိလိမ့်မည်။
သမ္မာတရားတည်း ဟူ သော ယေရှု၏ စကားကို မခြွင်းမချန်နားထောင်ပြီး နောက်တော်သို့
လိုက်သောသူများ ရှိကြလိမ့်မည်။ (ဗျာ ၁၄း၄)။
ဤအဖြစ်အပျက်တွင် ရာဇဝင်က တစ်ကျော့ပြန်လိမ့်မည်။
သိုး သငယ်၏ ထိုနောက်လိုက်များတို့သည် အာဏာပိုင်တို့၏ဖိနှိပ်မှ တန်ခိုး၏ တစ်ဘက်မှ
ရပ်တည်ခဲ့ကြသော ကနဦးခရစ်ယာန်တို့၏ ဆက်ခံသူများ ဖြစ်ရန် ထိုက်တန်ကြလိမ့်မည်။
မှတ်တမ်းတင်ခဲ့သည့်အတိုင်း ဘာသာ ရေးခေါင်းဆောင်များတို့၏
ဖမ်းဆီးရိုက်နှက်ခြင်းများ ခံရသောအခါ “သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည်
အရှက်ကွဲခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍
လွှတ် တော်မှထွက်သွားကြ၏။” (တမန် ၅း၄၁၊၄၂)။
နောက်ဆုံးသောနေ့၌ သိုးသငယ်၏ နောက်တော်သို့
လိုက်မည့် လူစုနှင့်တူသော ထိုကနဦး ခရစ်ယာန်တို့သည် နဝမပညတ်ချက်၏ အနက်အဓိပ္ပါယ်ကို
ကောင်းစွာ သဘောပေါက်ခဲ့ကြသည်ဖြစ်ရာ သူတို့ အဖို့ မမှန်သော သက်သေကို မခံခြင်းသည်
သမ္မာတရား (အမှန်တရား) အတွက် ရဲဝံ့စွာသက်သေခံခြင်းပင် ဖြစ်ပေသည်။
ထိုသို့သောအားဖြင့် “ငါသည်လမ်းခရီး--- သမ္မာတရား--- အသက်ဖြစ်၏” ဟု မိန့်တော်မူသော
ယေရှု၏ နောက်လိုက်တော်များ ဖြစ်ထိုက်ခဲ့ကြခြင်းဖြစ်သည်။ (ယော ၁၄း၆)။
No comments:
Post a Comment