Monday, April 27, 2026

 

ဘာသာပြန်သူ၏ကျေးဇူးတင်လွှာနှင့်အမှာစာ

    ၁။     ဤစာအုပ်ကိုဘာသာပြန်ရာတွင် ကူညီဘာသာပြန်ပေးသော ကောင်းကင် တမန်နှင့် စိတ်ဓာတ်ကိုခိုင်မာစေပြီး စိတ်ပါဝင်စားစေသော စိတ်ဓာတ် တို့ကို လှုံ့ဆော်ပေးသော သန့်ရှင်းသောဝိညာဉ်တော်တို့အတွက် အနန္တတန်ခိုးတော် ရှင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရား၏ ဂုဏ်တော်၊ ကျေးဇူးတော်က ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်းတို့ဖြင့် ဦးထိပ်ပန်ဆင်ပါသည်။

    ၂။     ဤဘာသာပြန်ခြင်းအမှုကို စတင် ပိုး သွင်းပေးပြီး အဘိဓာန်စာအုပ် တစ်အုပ်စီဖြင့် ကူညီပေးခဲ့ကြသော ပိတောက်ကုန်းအသင်းတော်မှ မန်းကျော် သန်းနှင့်ငပုတောမြို့နယ်၊ ပင်လယ်ကမ်းခြေဒေသနယ်စီး ဆရာမန်းမားစီဂျိမ်းစ် တို့ကို ကျေးဇူးတင်လှပါသည်။

    ၃။ ဤစာအုပ်တွင်ပါရှိသောဓလေ့သုံးစကားလုံးတို့အတွက် အထူးအထောက် အကူပြုသည့် အဘိဓာန်စာအုပ်ကြီးကို အသုံးပြုခွင့်ပေးသော (ဆရာမန်း အောရိုက်) ဗူ မငါ့အ (ပိတောက်ကုန်းမြော်လင့်ခြင်း အသင်းတော် အလယ် တန်းကျောင်း) ကိုလည်း အထူးကျေးဇူးတင်ပါသည်။

    ၄။     ထို့အပြင် အင်္ဂလိပ်စကားပြောနှင့်ပတ်သက်ပြီး ကျွန်ုပ်အားအကြံပေးပြီး မှန်ကန်သောအဓိပ္ပါယ်ဖော်ပေးသော ကျွန်ုပ်၏ချစ်ဇနီးသည် ဒေါက်တာလော်ရီ ထွား အားလည်း ကျေးဇူးတင်လှပါသည်။

 

 

ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်

မန်းအိုဘား

ဘာသာပြန်ဆိုသူ

 

 

ကောင်းသောအသင်းအုပ်ဆရာဖြစ်ရမည်

ထက်မြက်သော အသင်းတော်ခေါင်းဆောင်တိုင်းတို့သည် ထူးခြားသော ပင်ကိုယ်လက္ခဏာများ၊ ထိုးထွင်း၍ နားလည်နိုင်မှုများ၊ မှန်ကန်မှုရှိသော စိတ်နေသဘောထားများရှိရန် လိုအပ်လှပါသည်။

 

ယောန(စ်)အာရာယမ်(စ်)

Janas Arrais

စာရေးသူ

 

စာရေးသူ၏ ဆက်ကပ်အပ်နှံခြင်း

 

ကျွန်ုပ်၏မိသားစုအတွက်ရည်ညွှန်းရာတွင် အဦးဆုံးအနေဖြင့်၊ ကျွန်ုပ် နှင့် အတူတကွနှစ်ပေါင်းသုံးဆယ်နီးပါးမျှ အမှုတော်ဆောင်လုပ်ငန်းတွင် လုပ်ဖော် ကိုင်ဖက်အဖြစ် အတူတကွပါဝင်လုပ်ဆောင်ပေးသော ကျွန်ုပ်၏ ချစ်ရပါသော ဇနီးသည် ရေကယ်(လ်) ထို့အပြင် ကောင်းသောအသင်းအုပ်များအပြင် ကောင်းကင်နိုင်ငံမှ ပေးသနားတော်မူသော ဆုကျေးဇူးများဖြစ်ကြသည့် သူတို့ ၏ဇနီးသည်များဖြစ်ကြသော ဖောလာနှင့်နာထာလီယာတို့အား အထူးကျေးဇူး တင်ပါသည်။

 

စာရေးသူ၏ကျေးဇူးတင်လွှာ

 

မြော်လင့်ခြင်းအသင်းတော်၏ ကမ္ဘာ့သာသနာဌာနချုပ် အုပ်ချုပ်ရေး အဖွဲ့ တို့၏ ထောက်ပံ့ဖေးမမှုအတွက်လည်းကောင်း၊ ဤစာအုပ်ဖြစ်မြောက်ရေးဖြစ် ထွန်းတိုးတက်မှုအတွက် ငွေကြေးထောက်ပံ့မှုကို ပံ့ပိုးပေးခဲ့သော ဂျူးဒစ်(သ်) အေးသောမတ်(စ်)အား လည်းကောင်း၊ ဤစာအုပ်ထွက်လာရေးအတွက် ပြင် ဆင်ဆောင်ရွက်ရာတွင် ထူးထူးခြားခြားကူညီဆောင်ရွက်ပြီး အထောက်အမ ပေးခဲ့သော ရီကာ(ရ်)ဒိုဘက်ချပ်(စ်)အားလည်းကောင်း အထက်ဖော်ပြပါ ပုဂ္ဂိုလ်အားလုံးတို့အား အထူးကျေးဇူးတင်ပါသည်။

No comments:

Post a Comment