အခန်း (၂)
“ထိရောက်သောစွမ်းဆောင်ရည်ရှိသည်တရားဟောဆရာတစ်ဦး”
ဒေသခံအမှုတော်ဆောင်၏ တရားဟောပြောမှုကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးသော ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးရှိပါသည်။ သို့သော်လည်း ထိုအမှု တော်ဆောင်သည် တရားဟောအလွန်ကောင်းကြောင်းကို ထိုကုန်စုံဆိုင်ပိုင်ရှင် က အမြဲတစေ ထောက်ခံပြောဆိုခဲ့ပါသည်။ ဤကဲ့သို့ အဘယ်ကြောင့် ထောက်ခံပြောဆိုခဲ့ရသနည်းဆိုခြင်းကို သူ့အား မေးမြန်းကြည့်ခဲ့သောအခါ သူက “ဒီဆရာက အဟောအပြောကောင်းမှန်းကျွန်တော်သိတာပေါ့ဗျာ၊ ဘာ ဖြစ်သလဲဆိုတော့ သူ့ရဲ့အသင်းသူအသင်းသားတွေ ကျွန်တော့်ဆီက ဝယ်သွား တဲ့ ကုန်ပစ္စည်းအကြွေးတွေကို လာပြီးစတင်ဆပ်နေကြပြီလေဗျာ” ဟူ၍ ပြန် လည်ဖြေကြားခဲ့ပါသည်။
ကျွမ်းကျင်သော အဟောအပြော အရည်အချင်းမရှိဘဲ ကောင်းသော အသင်းအုပ်ဆရာတစ်ယောက်အဖြစ် ပုံဖော်ရန်မှာ လုံး၀နီးနီးမဖြစ်နိုင်ပါ။ အများအားဖြင့် ကောင်းသော အသင်းအုပ်ဆရာတို့သည် အများတို့နှင့်သိရှိ ရင်းနှီးမှုရှိပြီးဖြစ်ရမည့်အပြင် သူတို့၏ ပြောင်မြောက်သော အဟောအပြော တို့ကို အများအားဖြင့် မျှော်လင့်ခြင်းခံရကြပါသည်။ ဟောပြောခြင်းဘာသာရပ် နှင့်ပတ်သက်ပြီး စာအုပ်အရေအတွက်ပေါင်းရာနှင့်ချီပြီး ရေးသားဖော်ပြထား ကြပြီးဖြစ်ပါသည်။ ဤကဲ့သို့သော များပြားလှသော ရွေးချယ်စရာများရှိသည့် ကြားမှ ဤဘာသာရပ်နှင့်ပတ်သက်ပြီး စူးစမ်းရှာဖွေကြရန် တရားဟောဆရာ တစ်ယောက်စီတိုင်းသည် အကောင်းဆုံးသောလုပ်ဆောင်မှုကို လုပ်ဆောင်ရ ကြပါမည်။ သို့သော်လည်း ကျွန်ုပ်တို့၏ရည်ရွယ်ချက်များအတွက် နည်းစနစ် များ သို့မဟုတ် မဟာဗျူဟာများတို့၏အကြောင်းကို ဆွေးနွေးပြောဆိုကြရန် ဆန့်ကျင်ခဲ့ကြသည့်တိုင် မွန်မြတ်သောတရားဟောဆရာတစ်ဦး၏ အဓိပ္ပါယ်ကို သိရှိနိုင်ရေးအတွက် အာရုံစိုက်ကြရပါသည်။
“ကောင်းသောတရားဟောဆရာတစ်ယောက်၏အဓိပ္ပါယ်ဖွင့်ဆိုချက်”
အသင်းတော်ကြီးပွားတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ဖြစ် သော “ရစ်ချက်(ရဒ်)ဂျေခရက်(ဂ်ျ)စရ်” က မှတ်ချက်ပြုရာတွင် “အသင်းတော်
ကြီးပွားတိုးတက်ရေးအတွက် လိုအပ်တဲ့အဓိကအချက်ဟာ၊ အဲဒီအသင်းတော် ရဲ့ အသင်းအုပ်ဆရာရဲ့ဟောပြောမှုအရည်အသွေးကောင်းပဲဖြစ်ပါတယ်” ဟူ၍ အဓိကပြောဆိုခဲ့ပါသည်။ ထိုကြောင့် ကောင်းသော တရားဟောဆရာတစ် ယောက်ကို မည်ကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုကြမည်နည်း။ သူ၏ ဟန်ပန်အမူအရာ တင်းတိမ်ရောင့်ရဲသူ၏ ကတိပေးထားခဲ့သည့်အတိုင်း ပေးအပ်နိုင်မှု၊ လူသား အကျိုးစီးပွားနှင့်ပတ်သက်သည့်သဘောထားမှုသာဓကပြမှုတို့ကို သိရှိနားလည် နိုင်သည့် အသိအမြင်ကြွယ်၀မှုနှင့် ရယ်ရွှင်ဖွယ်ရာ ဖြစ်လေအောင် ဟောပြော နိုင်သော ဟာသဉာဏ်ရှိမှုတို့အပေါ် မူတည်ပြီး ကောက်ချက်ချမည်လား။ အထက်ဖော်ပြပါအချက်များထက် အောက်မလျော့သော အရည်အချင်း ရှိမည် လား။ အထက်ဖော်ပြပါအချက်များတို့နှင့် ကိုက်ညီစရာမလိုသော အရည် အချင်းမျိုးရှိရမည်လား။ သို့တည်းမဟုတ် တိုတောင်းသော အချိန်အတိုင်း အတာအတွင်း ကြီးကျယ်လှသော တရားဟောချက်ကို ဟောပြောနိုင်သော စွမ်းဆောင်နိုင်စွမ်းရှိရမည်လား။ သို့တည်းမဟုတ် ဘုရားသခင်၏ နှုတ်တော် ထွက်ကို ဆာငတ်ခင်မွတ်အောင် လူတို့အားဆွဲဆောင်နိုင်သော အရည်အချင်း ရှိရပါမည်လား။
ကောင်းသောတရားဟောဆရာတစ်ယောက်ဖြစ်စေလိုသည့် ဘုရားသခင် ၏ မျှော်မှန်းတော်မူချက်တို့ကို ကျွန်ုပ်တို့အာရုံစိုက်ကြပါစို့။ တိမောသေထံသို့ ရှင်ပေါလု ရေးသားပေးပို့သည့် ဩဝါဒစာတွင် “ဤစကားများကို သင်သည် ညီအစ်ကိုတို့အားကြားပြောလျှင်ယုံကြည်ချက်စကား၊ကိုယ်တိုင်ရှာဖွေလေ့ကျက် သော သမ္မာဩဝါဒစကားနှင့် မွေးမြူခြင်းကို ခံသော ယေရှုခရစ်၏ဓမ္မဆရာ ကောင်းဖြစ်လိမ့်မည်” (၁တိ ၄း၆) ဟူ၍ဖော်ပြထားပါသည်။ ကောင်းသော တရားဟောဆရာတစ်ယောက်ဆိုသည်မှာ ဘုရားသခင်၏နှုတ်တော်ထွက်သည် အဘယ်အရာကို ပြောဆိုနေသည်ဆိုခြင်းကို လူတို့အားအသိပေးရမည့်လူပင် ဖြစ်ပါသည်။ လူတို့အားသိမ်းသွင်းစည်းရုံးရန်နှင့် အယုံသွင်းဖျောင်းဖျပြောဆို ရန်မှာ တရားဟောဆရာတစ်ယောက်၏ အလုပ်မဟုတ်ပါ။ အမှန်မှာ ဘုရား သခင်၏ သတင်းစကားတော်ကို သူ၏လူစုတော်တို့ထံသို့ ရိုးစင်းစွာဖြင့် လက် ဆင့်ကမ်းပေးရန်ပင် ဖြစ်ပါသည်။
အချို့သောတရားဟောဆရာများတို့သည် အာရုံစူးစိုက်မှုနှင့် အလေးထား လေးစားမှုတို့ကို အခြားသောသူများတို့ထက် ပိုမိုကွပ်ကဲကြသော အချိန်တွင် ဘုရားသခင်၏ စစ်မှန်သောနှုတ်တော်ထွက်တို့ကို ဟောပြောသော တစ်စုံတစ် ယောက်သောသူအနေဖြင့် မြင့်မားသော ရိုသေကြည်ညိုမှုကို ကိုင်စွဲထားသင့်ပါ သည်။ သူ၏ အမှုတော်ကိုလုပ်ဆောင်နေကြသော သူအားလုံးတို့ကို ဘုရား သခင်က တန်ဖိုးထားတော်မူပါသည်။ ဤအကြောင်းကြောင့် ကောင်းသော တရားဟောဆရာတစ်ယောက်အနေဖြင့် တရားဟောချက်အတွက် ရရှိသော အချိန်ကို လူတို့အားဖြေဖျော်ရန်ချည်အတွက်သာ မဟုတ်မူဘဲ သတင်းစကား တော်ကိုပါ ဟောကြားရန်ဖြစ်ပါသည်။
အားလုံးနီးပါးသော လူတို့သည် သူတို့ ကြားနာကြရသောတရားဟောချက် ကို ကောင်းသောတရားဟောချက်အဖြစ် အသိအမှတ်ပြုကြပါသည်။ သို့သော် လည်း ကောင်းမွန်သော တရားဟောချက်ကို အတိအကျဖန်တီးသည့်အရာ သည် မည်သည့် အရာဖြစ်သည်ဆိုခြင်းကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုနိုင် ရန် အခက်အခဲတွေ့နိုင်ပါသည်။ ကျွန်ုပ်တို့အတွင်းရှိ ကောင်းမွန်သော တရား ဟောချက်တို့ကို ဟောကြားနိုင်ရန် ကြိုးစားကြသောသူတို့သည် ကျွန်ုပ်တို့၏ ဟောပြောချက်ကို နားထောင်ကြသော သူတို့ထံမှထွက်ရှိလာသည့် အပြု သဘောဆောင်သည့် တုံ့ပြန်မှုတို့ကို မည်သည့်အရာက နှိုက်ထုတ်သည်ကို နားလည်နိုင်ရန်အတွက်၊ ထိုကောင်းမွန်သော တရားဟောချက်သည် အထူး အသုံးဝင်လှပါသည်။
မှန်ပါသည်။ တရားဟောခြင်းကို နားထောင်ကြသော လူတိုင်းလူတိုင်း သည် တရားဟောဆရာတစ်ယောက်၌ရှိကြသော ခြားနားမှုများတို့ကို ရှာဖွေကြ ပါသည်။ တရားနာသူတစ်ယောက်၏ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ရေးတွေးခေါ်မှု သည် တရားဟောချက်အပေါ် သူတို့၏သိမြင်နားလည်ခြင်းကို ဆုံးဖြတ်ပေးပါ သည်။ နှုတ်ကပတ်တရားတော်အပေါ် သဘောပေါက်တန်ဖိုးထားတတ်သည့် အသိဥာဏ်မျိုးရှိကြသော သူတို့အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ် ငန်းဆောင်တာကို လက်တွေ့ကျသော ချဉ်းကပ်မှုဖြင့် ပိုမိုလုပ်ဆောင်သော သူ တစ်ယောက်ထက်၊ တစ်စုံတစ်ရာသောမတူကွဲပြားမှုကို မျှော်မှန်းရကြမည်ဖြစ် ပါသည်။ သွင်ပြင်သဏ္ဌာန်ကို သင်ကြားရယူခြင်းသည်လည်း တရားဟောချက် တစ်ခု၏ထိရောက်မှုကို အဆုံးအဖြတ်ပေးပါသည်။ အချို့သော တရားနာသူတို့ သည် ရောင်ပြန်ဟပ်မှုမှတစ်ဆင့် အကောင်းဆုံးသောအရာကို လေ့လာသင့်ယူ နေကြချိန်တွင် အခြားသောလူတို့သည် ပိုမိုတက်ကြွမှုရှိသည့် ကိုယ်တိုင်ပါဝင် ဆောင်ရွက်မှုရှိသော ပုံစံမျိုးဖြင့် ချဉ်းကပ်ရသည်ကို ပိုမိုနှစ်သက်လိုလားကြပါ သည်။ ရိုးရာယဉ်ကျေးမှုဆိုသည်မှာလည်း ထူးခြားသော အခန်းကဏ္ဍမှပင် ပါဝင်ပတ်သက်မှုရှိပါသည်။ ကျွန်ုပ်တို့၏ မျိုးရိုးဇာစ်မြစ်မျိုးဆက်၊ ဘာသာရေး ဂိုဏ်းခွဲ စီးပွားရေးအခြေအနေနှင့် လိင်ကွဲပြားခြားနားမှုအားလုံးတို့သည် တရား ဟောချက်တစ်ခုနှင့် ထိုတရားဟောချက်ကို ဟောပြောသည့်တရားဟောဆရာ အပေါ် ကျွန်ုပ်တို့၏ တုံ့ပြန်မှုသဘောထားဆုံးဖြတ်ချက်တွင် ပါဝင်ပတ်သက်မှု ရှိကြသည့်အရာများဖြစ်ကြပါသည်။ တရားဟောပြောခြင်းသည် တရားဟော ပြောခြင်းသာဖြစ်သည်ဆိုသည့် အနေအထားသည် ယခုထက်တိုင်ရှိနေဆဲဖြစ် ပါသည်။ သေချာသော တစ်ဖက်သတ်ဆန်သည့် အမှန်တရားများလည်း ရှိနေ ကြဆဲဖြစ်ပါသည်။ အောက်ဖော်ပြပါအကြောင်း အချက်တို့သည် သူ့နေရာနှင့် သူနေရာတကျရှိနေကြပါက ကျွန်ုပ်တို့၏ တရားဟောချက်တို့သည် ကောင်းမွန် စွာဖြင့် ဂုဏ်ယူအသိအမှတ်ပြုခံရကြမည့်အတွက် ကျွန်ုပ်တို့အား ကျေနပ်နှစ် သိမ့်မှုပေးနိုင်မည့်အပြင်၊ ကျွန်ုပ်တို့မျှော်မှန်းထားသည့် တုံ့ပြန်မှုအမျိုးအစား များဆီသို့ ဦးတည်သွားစေမည်ဖြစ်ပါသည်။ ဤတရားဟောချက်တို့သည် ကောင်းမွန်သည့်ရလဒ်အကျိုးထွက်ရှိလာမည့်အပြင် ကြီးမားသော ဟောပြောမှု အနေအထားမျိုးလည်း ဖြစ်ပေါ်လာစေနိုင်ပါသည်။
“ကောင်းမွန်သောတရားဟောချက်သည် ကျမ်းစာတော်မြတ်မှ ဖြစ်ဖျားခံ လာပါသည်။” တရားဟောချက်တစ်ခုမည်သည်မှာ ဘုရားသခင်၏ နှုတ်တော် ထွက်ဆီမှ အခြေခံရယူသင့်ပါသည်။ တရားဟောဆရာတစ်ယောက်သည် ကောင်းသော ဆရာအတော်များများလိုပြောဆိုနိုင်သော်လည်း၊ အကယ်၍သာ တရားနာသူတို့က ထိုတရားဟောချက်သည် သူတို့အား သမ္မာကျမ်းစာတော် မြတ်ကို လေးလေးနက်နက် နားလည်စေနိုင်သောအနေအထားသို့ ဦးတည်စေ နိုင်ခြင်းမရှိသည့်ခံစားချက်မျိုးခံစားရစေပါက ထိုတရားဟောချက်သည် အဆင့် မရှိသောအနေအထားတွင်သာ ရှိပေလိမ့်မည်။ ဤအချက်သည် သမ္မာကျမ်းစာ တော်မြတ်ကို အပေါ်ယံဟန်ပြအနေအထားထက်ပိုသော သို့မဟုတ် စတင်တာ ထွက်သည့်အနေအထားမျိုးဖြင့်သာ အသုံးပြုရမည့်သဘောမျိုး သက်ရောက် ပါသည်။ နှုတ်ကပတ်တော်ဆိုသည်မှာ ကောင်းမွန်သော တရားဟောချက်တိုင်း ၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ နှုတ်တော်ထွက် အားဖြင့် မိန့်တော်မူနေဆဲဖြစ်သည်ဆိုခြင်းကို ကောင်းသောတရားဟောဆရာ များတို့သည် နားလည်ထားကြပါသည်။ ကောင်းမွန်သောဟောပြောခြင်းအဖြစ် သို့ပြောင်းလဲသွားပါက သမ္မာကျမ်းစာတော်မြတ်ဆိုသည်မှာလည်း တန်ခိုးတော် ကိန်းအောင်းတော်မူရာ နေရာဖြစ်လာပေမည်။
“ကောင်းမွန်သော တရားဟောချက်သည် လူများတို့ကို ဘုရားသခင်အား သနားခံကြရန်ကူညီပါသည်။” ကျွန်ုပ်သိရသလောက်ပြောရမည်ဆိုလျှင် ဤ အချက်သည် တရားဟောပြောခြင်းဆိုသည့်စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုရာ တွင် အသုံးဝင်သော အချက်ဖြစ်ပါသည်။ တရားဟောဆရာများတို့သည် လူများတို့အား ဘုရားသခင်၏ မိန့်တော်မူသံနှင့် ချိတ်ဆက်ပေးပါသည်။ တရား နာသူတစ်ယောက်အနေဖြင့် သူတို့သည် ဘုရားသခင်၏ မျက်မှောက်တော်ရှေ့ တွင်ရှိနေကြောင်းနှင့် သူ၏ထံတော်မှအဓိပ္ပါယ် ပြည့်၀သော အကြောင်းအရာ တို့ကို ကြားနေရသည်ဟု မခံစားရကြပါက၊ ထိုဟောပြောချက်သည် အကျိုးဖြစ် ထွန်းမှုမရှိပါ။ ဤနည်းအတိုင်းပင် ကောင်းမွန်သောတရားဟောချက်တို့သည် မည်သည့်တစ်စုံတစ်ရာသော ဖွဲ့စည်းတည်ဆောက်ပုံနှင့်သဘောခြင်း ကိုက်ညီ စရာမလိုပါ။ တရားဟောချက်သည် ကြားခံဆက်သွယ်ရေးအဖြစ်ရှိနေပါက ပြောင်းလွယ်ပြင်လွယ်သော အဓိပ္ပါယ်မျိုး သက်ရောက်သွားပေမည်။ ၎င်း အချက်သည် တစ်စုံတစ်ရာသော ရိုးရာထုံးတမ်းယဉ်ကျေးမှုနှင့် အခြေအနေတို့ အကြောင်းကို စိတ်ဝင်စားမှုများနှင့် စိုးရိမ်ကြောင့်ကြမှုများတို့အပေါ် တုံ့ပြန် အဖြေပေးမှုပင်ဖြစ်ပါသည်။ အကယ်၍ ဘုရားသခင်က မည်သည့်အရာကို မိန့်တော်မူသည်ဆိုခြင်းကို လူအများတို့ကြားကြရအောင် ကူညီပါက ၎င်းတရား ဟောချက်သည် ကောင်းမွန်သော တရားဟောချက်တစ်ခုဖြစ်ပြီး သွင်ပြင် သဏ္ဌာန်ကိုဂရုမထား၊ အသားမပေးကြောင်းကို ပြသရာရောက်ပါသည်။ ဤ အချက်သည် သမ္မာကျမ်းစာတော်တွင် ပါရှိသော မှီခိုနေရခြင်း အနေအထားကို ထင်ရှားစေပါသည်။
ကောင်းမွန်သော တရားဟောချက်သည် အလွယ်တကူ နားလည်နိုင်ပါ သည်။ အချို့သော တရားဟောဆရာများတို့သည် ရှုပ်ထွေးမှုကိုနက်နဲသော အရာနှင့်ရောထွေးစေကြပါသည်။ ကျွန်ုပ်၏အတွေ့အကြုံတွင် ရိုးစင်းသော အမှန်တရားတို့သည် လေးနက်မှုအရှိဆုံးသော အရာများဖြစ်ကြပါသည်။ တရားနာကြသောသူတို့သည် ကောင်းမြတ်သော ဟောပြောခြင်းတို့ကို နား လည်ကြပါသည်။ ကောင်းမွန်သော တရားဟောဆရာများတို့သည် သူတို့ဟော ပြောပို့ချသော လူတို့၏ဘာသာစကား၊ ထုံးတမ်းစဉ်လာယဉ်ကျေးမှုနှင့် ထိုသူ တို့၏ စိတ်ဝင်စားမှုတို့ကိုနားလည်နိုင်ကြရန် လုပ်ဆောင်ရကြပါမည်။ သူတို့ ဟောပြောသော သတင်းစကားနှင့်ပတ်သက်ပြီး ရှုပ်ထွေးမှုမရှိစေရန်အတွက် ထိုကောင်းမြတ်သော တရားဟောဆရာများတို့သည် သူတို့၏ တင်ပြမှုတို့ကို အလွယ်တကူနားလည်အောင်ရှင်းပြခြင်းနှင့် ပေါင်းစည်းခြင်းများ လုပ်ဆောင် နိုင်ကြရန်အတွက် ခက်ခဲစွာ လုပ်ဆောင်ကြရပါသည်။ ကိစ္စရပ်အများအပြား တို့တွင် ကောင်းမွန်သောတရားဟောချက်များတို့သည် ဂုဏ်ယူအသိအမှတ်ပြု ခြင်းနှင့်ဇောက်ချကြိုးပမ်းမှုတို့ကို ခွန်အားပေးရန်အတွက် ရိုးစင်းသော အကြံ အစည် တစ်ခုဖြစ်သည့် အကြံပေးမှုတစ်ခုကိုကမ်းလှမ်းပေးပါသည်။
ကောင်းမွန်သောတရားဟောချက်သည် သခင်ယေရှုခရစ်တော်အား ဂုဏ် အသရေမြင့်စေပါသည်။ ခရစ်ယာန်တရားဟောဆရာများ ဖြစ်ကြသည့် အလျောက်၊ ကျွန်ုပ်တို့ဟောကြားသော တရားဟောချက်တိုင်းတို့သည် သခင် ယေရှုခရစ်တော်အား ဂုဏ်အသရေမြင့်မားစေသင့်ပါသည်။ ကျမ်းချက်တိုင်းတို့ သည် ခရစ်ယာန်အယူဝါဒသဘောတရားနှင့် တိုက်ရိုက်ရည်ညွှန်းမှုမရှိရာတွင် တရားဟောချက်တိုင်းသည် ဤအတိုင်းသာဖြစ်သင့်သည်ဟု ကျွန်ုပ်ယုံကြည်ပါ သည်။
ကျွန်ုပ်ကြားဖူးခဲ့သမျှသော ကောင်းမွန်သော တရားဟောချက်တိုင်းတို့ သည် အထက်ပါ အခြေခံအချက်လေးချက်တို့ကို အသုံးပြုထားပါသည်။ ကောင်းမွန်သော တရားဟောချက်တစ်ခုသည် လူနှင့်ဘုရားသခင်တည်ရှိတော် မူခြင်းကို လူနှင့်တရားဟောဆရာတည်ရှိခြင်းဖြင့် ပေါင်းစပ်ပေးပါသည်။ ဘုန်း တော်ရှင်နှင့် လူသားတို့အနေဖြင့် အမှုတော်ဆောင်ခြင်းတွင် ပူးပေါင်းလုပ် ဆောင်ပါက ၎င်းသည် ကောင်းမွန်သည့် တရားဟောပြောခြင်းပင်ဖြစ်ပါသည်။
ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် မည်သည့်အခြားဘာသာရေး သို့မဟုတ် အတွေးအခေါ်သဘောတရားရေးအကြောင်းဟောပြောသူ မည်သူမဆိုအသုံးချ နိုင်ပါသည်။ ကောင်းသောတရားဟောဆရာတစ်ယောက်အား အဓိပ္ပါယ်ဖွင့်ဆို ရာတွင် လူတစ်စုံတစ်ဦး၏ ကိုယ်ပိုင်ယုံကြည်ခြင်းခွန်အားပါဝင်ခြင်းမရှိပါ။
ပထမအချက်အနေဖြင့် ကောင်းသောတရားဟောဆရာတစ်ယောက်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော စိတ်ကူးစိတ်သန်းမျိုးရှိရပါမည်။ သူ့အနေ ဖြင့် တရားနာသူသည် ကွက်ကွက်ကွင်းကွင်းမြင်အောင် ရှင်းလင်းပြတ်သား သောစိတ်ကူးစိတ်သန်းမျိုးကို နှုတ်ဖြင့် ရှင်းလင်းဖော်ပြဆက်သွယ်ပေးနိုင်စွမ်းရှိ ရပါမည်။ဥပမာအားဖြင့်သူသည်စိတ်ကူးယဉ်ဆန်သော နေရာတစ်ခုအကြောင်း ကိုပြောဆိုရာ၌ သင့်အနေဖြင့် ၎င်းနေရာသည် အမှန်တကယ်ရှိသည်ဟု စတင် ယုံကြည်လောက်အောင်၊ သူသည်အနည်းငယ်လောက်သော အချိန်အတွင်း ကျွမ်းကျင်စွာဖြင့် အသေးစိတ် ရှင်းပြနိုင်ရပါမည်။ ဒုတိယအချက်အနေဖြင့် ကောင်းသောတရားဟောဆရာတစ်ယောက်သည် အချက်အလက်ခိုင်လုံစွာဖြင့် ပြောဆိုရှင်းပြနိုင်စွမ်း ရှိရပါမည်။ ရှင်းရှင်းလင်းလင်း ပြောပြနိုင်ရုံမျှဖြင့် လုံ လောက်မှုမရှိပါ။ သူသည် အာရုံစူးစိုက်မှုအတွက်ခံယူမှုရှိသော ပြုမူမှု တစ်စုံ တစ်ရာကို လုပ်ဆောင်ရပါမည်။ သူ့အနေဖြင့် တရားနာသူတို့အား ပျော်ရွှင်မှု ရှိစေရန် အာရုံပြောင်းပေးရပါမည်။ သူ၏ပြောစကားများတို့သည် ဆွဲဆောင် မှုရှိရပါမည်။ သူသည် ဩဇာတိက္ကမနှင့်ပြည့်စုံသူလည်းဖြစ်ရပါမည်။ သူသည် မသိကျိုးကျွန်ပြုသည့်သဘောထားမျိုးမရှိရပါ။
နောက်ဆုံးအချက်မှာ ကောင်းသောတရားဟောဆရာတစ်ယောက်သည် တရားနာသူတို့ကို ပုဂ္ဂိုလ်ချင်းတန်းတူအဆင့်မျိုးဖြင့် ပေါင်းသင်းဆက်ဆံရပါ မည်။ တရားဟောဆရာတစ်ယောက်သည် အဆုံးစွန်သော ဦးတည်ချက်ပန်း တိုင်၏ နှစ်သက်ဖွယ်ကောင်းသော ရုပ်ပုံလွှာကို ရေးဆွဲကြရုံမျှဖြင့် လုံလောက်မှု မရှိသေးပါ။ တရားနာပရိသတ်အတွင်းမှ အခြားသော သူများရရှိကြသော ဝိညာဉ်တော်နှင့်ပတ်သက်သော အရာများတို့ကို ကျွန်ုပ်မခံစားရသည့်အပြင် “ကျွန်ုပ်သည် အပြစ်အနာအဆာများတို့ဖြင့် ပြည့်၀နေပါသည်ဟူ၍ ပြောဆို သောသူအား၊ ကောင်းသောတရားဟော ဆရာတစ်ယောက်သည် တစ်စုံတစ် ယောက်သောသူ၏ တိကျသော အားနည်းချက်များတို့ကို ထုတ်ဖော်ပြောပြခြင်း နှင့် ထိုသူအား ပုဂ္ဂိုလ်ရေးဆန်ဆန်ဖြင့် လက်ကမ်းကြိုဆိုနိုင်သော အရည် အချင်းရှိရပါမည်။
ပြင်ပသို့ထွက်ပြီးဟောပြောခြင်း သို့မဟုတ် အကောင်းဆုံးသောဟောပြော ခြင်းဖြစ်ရန် အချိန်ရယူပါ။ အသက်တာတွင်ဖြစ်ပျက်တတ်သည့် အရာများနှင့် အလားတူပင် တရားဟောပြောခြင်းသည် သင်ကြားပို့ချခြင်းဆိုင်ရာ အတတ် ပညာပိုင်း ကျွမ်းကျင်မှုတစ်ခုဖြစ်သည့်အပြင် လက်တွေ့ကျကျလုပ်ဆောင်ပါက သင်သည် ဟောပြောခြင်း အရာတွင် ကျွမ်းကျင်သူတစ်ယောက်အဖြစ်သို့ အမှန်တကယ်ရောက်ရှိသွားနိုင်ပါသည်။
ကံမကောင်းအကြောင်းမလှစွာဖြင့် ကျွမ်းကျင်သောတရားဟောဆရာများ တို့သည် ချို့ငဲ့သောအထောက်အပံ့မျိုးကိုသာရရှိကြရာတွင် တရားဟောစင်မြင့် ပေါ်၌ ဟောပြောပို့ချကြသောသူများတို့ပါမက၊ အမှုတော်ဆောင်ခြင်း၏ အဓိ ပ္ပါယ်ကို မှန်ကန်စွာနားလည်ပြီး၊ စွမ်းအားနှင့်ပြည့်၀သည့်ဟောပြောချက်တို့ကို ပို့ချနိုင်သောသူတို့ကပါ၊ ထိုအခြေအနေမျိုးကိုခံစားကြရပါသည်။ အသင်းတော် အတော်များများက သူတို့၏ အသင်းအုပ်ဆရာတို့၏ တရားဟောပြောခြင်းနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိကြခြင်းတို့ကို ထုတ်ဖော်ပြောဆိုကြပါသည်။ စီမံ ခန့်ခွဲခြင်း၊ သင်ကြားပို့ချခြင်း၊ ဟောပြောခြင်း၊ အသင်းတော်ကို အုပ်ချုပ်ခြင်း နှင့်အသင်းတော်ဆိုင်ရာလုပ်ငန်းဆောင်တာ စသည့် နယ်ပယ်များတို့နှင့်ပတ် သက်သည့် အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် ပါဝင်ပတ်သက်နေရကြသည့် အသင်းအုပ်ဆရာများတို့ကို ကွင်းဆင်းလေ့လာချက်များအရ၊ မေးခွန်းမေးစရာ နှစ်ခုကိုတွေ့ရှိရပါသည်။ ပထမအချက်အဖြစ် အမှုတော်ဆောင်ခြင်း ဆိုင်ရာ နယ်ပယ်သည် အလွန်အရေးကြီးလှသည့်အကြောင်းကို သင်မည်ကဲ့သို့သဘော ရမည်နည်း။ ထိုမေးခွန်းကိုတုံ့ပြန်ဖြေကြားမှုမှာ ထူးထူးကဲကဲပင် တရားဟော ပြောခြင်းဟူ၍ဖြစ်ပါသည်။
ဒုတိယမေးခွန်းအဖြစ် သင်၏အချိန်အတော်များများကို မည်သည့်အရာ က လွှမ်းမိုးထားပါသနည်းဟူ၍ မေးမြန်းထားပါသည်။ သူတို့၏အဖြေမှာ တိကျပြတ်သားလှပြီး စီမံခန့်ခွဲမှုဟူ၍ဖြစ်ပါသည်။ တန်းစီဇယားတွင် တရား ဟောပြောခြင်းသည် နောက်ပိတ်ဆုံးနေရာတွင်သာ ရှိပါသည်။ မည်မျှဝမ်းနည်း စရာကောင်းပါသနည်း။ ကျွန်ုပ်တို့က အလွန်အရေးကြီးလှပါသည်ဆိုသည့် အလုပ်ကို အနည်းအကျဉ်းမျှသာ လုပ်ဆောင်နေကြသည်ပင်။
“တရားဟောဆရာများတို့သည်တရားဟောကြားရကြပါမည်”
တရားဟောပြောခြင်းဆိုသည်မှာ အသင်းအုပ်ဆရာတစ်ယောက်၏ အဓိ ကကျသည့်တာဝန်ယူရမှုပင်ဖြစ်ပါသည်။ ကောင်းသောအသင်းအုပ်ဆရာတစ် ယောက်သည် ဘုရားသခင်၏ နှုတ်တော်ထွက်တို့ကိုသာ ဟောပြောသည်ဆို သည့်တိုင် ဆုတောင်းခြင်းအတွက် များစွာသောအချိန်ကိုအသုံးပြုကြရပါမည်။ သူထားရှိရမည့်ပထမဦးစားပေး အရာမှာ သူ၏ တရားနာပရိသတ်အသင်းသူ အသင်းသားတို့ကို ဘုရားသခင်၏ နှုတ်တော်ထွက်အားဖြင့် ပြုစုပျိုးထောင်ပေး ရေးပင်ဖြစ်ပါသည်။
တစ်ကြိမ်တွင် အသင်းတော်မှ အသင်းသူတစ်ယောက်သည် သူမ၏ အသင်းအုပ်ဆရာနှင့်ပတ်သက်ပြီး ရောထွေးသောခံစားချက်ဖြင့် ကျွန်ုပ်ထံသို့ ရောက်ရှိ ပြီးရင်ဖွင့်ခဲ့ပါသည်။ သို့သော်ငြားလည်း အသင်းအုပ်ဆရာ၏ ကြည့်ရှု စီရင်ခြင်းနှင့် ပတ်သက်သည့် ဆက်ကပ်အပ်နှံမှုကို သူမက ဂုဏ်ယူအသိအမှတ် ပြုခဲ့ပါသည်။ သို့ရာတွင် သူ၏ဟောပြောမှုသည် များစွာသောလိုချင်တပ်မက် စိတ်ကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကြည့်ရှုစီရင်ခြင်းဆိုသည်မှာ အမှုတော်ဆောင် ခြင်းတွင် မရှိမဖြစ်သော လက္ခဏာသွင်ပြင်ပင်ဖြစ်ပါသည်။ သို့သော်လည်း ၎င်းကြည့်ရှုစီရင်ခြင်း တစ်ခုတည်းဖြင့်သာဆိုလျှင် လုံလောက်မှုမရှိပါ။
တစ်နှစ်နီးပါးခန့်ကြာသောအခါတွင် ကျွန်ုပ်ထံသို့သူမရောက်ရှိလာခဲ့ပြန်ပါ သည်။ သူမအနေဖြင့် အဆင်ပြေသည့်ပုံမရှိကြောင်းကို ကျွန်ုပ်ပြောနိုင်ပါသည် “ကျွန်မရဲ့အသင်းအုပ်ဆရာအတွက် ကျွန်မစိုးရိမ်မိတယ်” ဟူ၍ သူမကစတင် ပြောခဲ့ပြီးနောက် သူမကဆက်လက်ပြီး “သူကအဟောအပြောမှာ အားနည်းမှု ရှိတဲ့အပြင် တရားဟောစင်မြင့်ပေါ်ကို သူ့နေရာမှာအစားထိုးဖို့ ဧည့်သည်ဟော ပြောသူတွေကို အမြဲတမ်းလိုလိုဖိတ်ခေါ်ကမ်းလှမ်းခဲ့တယ်။ သူ့ကိုတော့ကျွန်မ စိတ်ကုန်ပြီ” ဟူ၍ ပြောဆိုခဲ့ပါသည်။
အသင်းအုပ်ဆရာတို့မည်သည်မှာ တရားဟောဆရာများဖြစ်ရကြပါမည်။ သူတို့အနေဖြင့် တရားဟောစင်မြင့်မှနေပြီးထွက်ပြေးခြင်း သို့မဟုတ် ရှောင်ရှား ခြင်းများလုပ်ဆောင်ရန်မသင့်ပါ။ ကောင်းသောတရားဟောဆရာများတို့သည် တရားနာ ပရိသတ်များအတွင်း၌ရှိကြပြီး၊ သူတို့၏အဟောအပြောကို လိုလား နေကြပါက ဧည်သည်ဟောပြောသူတို့သည် ချွင်းချက်အဖြစ်ဖြင့်သာ ရှိနေသင့် ကြပါသည်။ အသင်းအုပ်ဆရာတစ်ယောက်သည် အကြောင်းမဲ့သက်သက်ထိုင် နေပြီး၊ သူ၏အသင်းတော်အဖွဲ့ဝင်တို့က သူလုပ်ရမည့်အလုပ်ကို လုပ်နေကြ သည်ကိုကြည့်နေခြင်းသည် မှန်ကန်သည်ဟုယူဆ၍မရနိုင်ပေ။
အချို့သောတရားဟောဆရာများတို့သည် အဓိကပြဿနာမှာ ဘေးချော် ထွက်သွားကြပြီး သူတို့ဦးတည်ရည်ရွယ်သည့်သတင်းစကားမှ လမ်းကြောင်း ပြောင်းသွားကြပါတော့သည်။ ထိုနောက်တွင် သူတို့သည် လူကြိုက်များသည့် ထင်မြင်ချက်ကို သိုးသိုးညံ့ညံ့သတင်းကြားရုံမျှဖြင့် လိုက်လံပြောကြားကြပါ တော့သည်။ သူတို့သည် တရားဟောပြောခြင်းကို ပြဇာတ်နှင့်ဖျော်ဖြေတင် ဆက်မှုတို့ဖြင့် အစားထိုးကြပါသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်တော် ထွက်တို့ကို ဟောပြောကြရမည့်အစား ပွဲတော်များ၊ အတတ်ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများနှင့် ဗန်းပြထားသည့်ထွင်လုံးတို့ကို ကြံကြံဖန်ဖန် တောက် တီးတောက်တက်စိတ်ကူးများတို့ကို လုပ်ဆောင်လာကြပါသည်။
ယခုခေတ်အသင်းအုပ်ဆရာတို့ကိုရှေးခေတ်ပုရောဖက်များတို့နှင့်နှိုင်းယှဉ်ကြည့်ပါ။ နမူနာအဖြစ်ယောနကိုကြည့်ပါ။ ဘုရားသခင်သည် ယောနကိုသာ အမှုတော်ဆောင်နိုင်တော်မူခြင်းသာမဟုတ်ဘဲ၊ အားလုံးသောအမှုတော်ဆောင် တို့၏ အမှုတော်ဆောင်ခြင်းအတွက်ကိုသာ အထူးပြုမိန့်တော်မူရာတွင် သူ၏ နှုတ်တော်ထွက်သုံးခွန်းကိုသာ အသုံးပြုမိန့်တော်မူပြီး ၎င်းကို (ယောန ၁း၂) တွင်၊ “သင်ထ၍. . .၊သွားပြီးလျှင်. . .ကြွေးကြော်လော့” ဟူ၍ဖော်ပြ ထားပါသည်။ တရားဟောဆရာ တို့မည်သည် တရားဟောစင်မြင့်ထက်မှ ထွက် ပြေးရန်မဟုတ်ပါ။ သူ၏အမှုတော်ဆောင် လုပ်ငန်းသည် ထ၍သွားပြီးလျှင် ကြွေးကြော်လော့ ဆိုသည့်ကြိယာသုံးခု၏စေ့ဆော်မှုတို့ကို ခံယူရပါမည်။
“ခွင့်လွှတ်ရန်မည်သည့်အကြောင်းမျှမရှိပါ”
အသင်းသူအသင်းသားတို့အနေဖြင့် အသင်းအုပ်ဆရာတစ်ယောက်သည် တရားဟောစင်မြင့်ကိုရှောင်ရှားခြင်း၊ သို့မဟုတ် အပတ်စဉ်ဟောပြောရမည့် တရား ဟောချက်ကို ရှောင်ရှားသည်ကိုမတွေ့မြင်လိုကြပါ။ ၎င်းကိစ္စနှင့် ပတ်သက်ပြီး၊ သူတို့သည် အသင်းအုပ်ဆရာကို မည်သည့်အခါမျှပြောကြားကြ မည်မဟုတ်သော်လည်း သူတို့စိတ်ဓာတ်ကျဆင်းမှုရှိကြမည်မှာ ကျိန်းသေမည် ဖြစ်ပါသည်။ အသင်းအုပ်ဆရာ များတို့သည် အသင်းတော်၏ အချိန်ပြည့် လုပ်သားများဖြစ်ကြပါသည်။ တရားဟောချက်ကိုပြင်ဆင်ရန် အချိန်ရယူခြင်း သည် အသင်းတော်လုပ်ငန်းအမျိုးအစား၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါ သည်။ တရားဟောစင်မြင့်ကို ရှောင်ရှားသော သို့မဟုတ် ညံ့ဖျင်း သောသတင်း စကားကိုဝေငှပေးသော အသင်းအုပ်ဆရာတစ်ယောက်သည် ခွင့်လွှတ်နိုင် စရာအကြောင်းမရှိပါ။
ကောင်းမွန်သောတရားဟောပြောခြင်းသည်မယုံကြည်နိုင်လောက်အောင် အရေးကြီးလှပြီး အသင်းတော်နှင့်လည်းလိုက်လျောညီထွေမှုရှိရပါမည်။ သင်၏ အသင်းတော်သည် မည်မျှကြီးမားသည်၊ တစ်လအတွင်းတွင် သင့်အနေဖြင့် အကြိမ်မည်မျှ တရားဟောကြားရမည် သို့မဟုတ် အသင်းသူအသင်းသား အရေအတွက်မည်မျှ တို့အပေါ် အသင်းအုပ်အလုပ်ဆောင်ရွက်ရသည်ဆိုခြင်း တို့သည် အကြောင်းရင်းခံ မဟုတ်ပါ။ တရားဟောကြားခြင်း၊ အလုပ်၏နေရာ ကို အများသောမည်သည့်အရာကမျှ ဝင်ရောက်နေရာယူခြင်းမရှိပါစေနှင့်။ တေးဂီတဖြေဖျော်ပွဲ၊ ရုပ်ရှင် သို့မဟုတ် ပြဇာတ်တင်ဆက်မှုတို့ကို ဧဝံဂေလိ သတင်းစကားဟောပြောခြင်း၏နေရာတွင် အစားထိုးခြင်းမပြုပါနှင့်။
တရားဟောဆရာတို့သည် တရားဟောပြောခြင်းကိုသာ လုပ်ဆောင်ရကြ မည့်အကြောင်းရင်းမှာ၊တရားဟောပြောခြင်းသည်ကယ်တင်ခြင်းဆီသို့ဦးတည်စေသည့် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ တရားဟော ပြောခြင်းသည် စိတ်လှုပ်ရှားပျော်ရွှင်မှုဖြင့်လွှမ်းခြုံထားသည့် ဒေသနာတရားပင် ဖြစ်ပါသည်။ တရားဟောပြောခြင်းဆိုသည်မှာ ချစ်ခြင်းမေတ္တာ၏ အပြုံးပန်းပင် ဖြစ်ပါသည်။ တရားဟောပြောခြင်းသည် အပြစ်တရား၏အကြီးမားဆုံးသော ရန်ဘက်ဖြစ်ပါသည်။ တရားဟောခြင်းသည် ကွဲအက်ကျိုးကျသော အိပ်မက် များမှ နိုးထတက်ကြွစေပါသည်။ တရားဟောပြောခြင်းသည် အပြစ်သားတို့၏ အကောင်းဆုံးသော အဆွေခင်ပွန်းဖြစ်ပါသည်။ တရားဟောပြောခြင်းသည် သန့်ရှင်းသူတို့၏ ညစာစားပွဲပင်ဖြစ်ပါသည်။ တရားဟောပြောခြင်းသည် ရောင် ခြည်တော်ဖြန့်ကြက်ခြင်းခံရသော ပါရမီရှင်ဖြစ်ပါသည်။ တရားဟောပြောခြင်း သည် ဘုရားကျောင်းရှိ ထိုင်ခုံတွင်ရှိသော ရေခဲကိုအရည် ပျော်သွားစေသည့် တရားဟောစင်မြင့်ပေါ်ရှိမီးဖြစ်ပါသည်။
“နှုတ်ကပတ်တော်ကိုဟောပြောပါ”
တရားဟောပြောခြင်းဆိုသည်မှာ သမ္မာတရားတော်နှင့်အဆက်အသွယ်ပြု သည့် ဘုရားသခင်၏ အစီအစဉ်တော်တွင် အမြဲတစေပါဝင်သော အစိတ် အပိုင်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝတ်ပြုကိုးကွယ်ခြင်းတွင် သူ၏ နှုတ် တော်ထွက်ကို ဗဟိုပြုရကြပါမည်။ ချီးမွမ်းခြင်း၊ ဝန်ချတောင်းပန်ခြင်း၊ ကျေးဇူး တင်ခြင်းများ၊ ကြွေးကြော်သီချင်းများ စသည့်အရာအားလုံးတို့သည် ဝတ်ပြုခြင်း လုပ်ဆောင်မှုများတွင် လျော်ကန်သင့်မြတ်ပါသော်လည်း၊ အစီအစဉ်များ သို့မဟုတ်တေးဂီတတစ်ခုတည်းအပေါ် အခြေခံသော အသင်းတော်တစ်ခု သည် ရွေ့လျားနေသောသဲများပေါ်တွင်တည်ဆောက်ထားသော အသင်းတော် တစ်ခုပင်ဖြစ်ပါသည်။ တရားဟောပြောခြင်း၏ အခြေခံကျသော အစိတ်အပိုင်း ဖြစ်ပါသည်။
ယနေ့တွင် သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်များတို့သည် ၎င်းတို့၏ မိဘမဲ့ကလေးဂေဟာများ၊ ဆေးရုံများနှင့်တက္ကသိုလ်များတို့အားဖြင့် နာမည် ကျော်ကြားနေကြပါသည်။ အတိတ်ကာလအချိန်က ကျွန်ုပ်တို့၏ ထူးခြားသော စရိုက်လက္ခဏာဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ကျွန်ုပ်တို့၏ဟောပြောခြင်း နှင့် ထင်ရှားသောသတင်းစကားများတို့ပင်ဖြစ်ပါသည်။ ၎င်းအချက်ကို လက်ခံ နိုင်ရန်မှာ ဝမ်းနည်းဖွယ်ရာဖြစ်သော်လည်း အတော်များများသော ကျွန်ုပ်တို့၏ တရားဟောဆရာတို့သည် ဒုတိယအဆင့်သာရှိသော စိတ်ပညာရှင်များတို့ ထက်မပိုသောအဆင့်မျိုးသာ ရှိကြပြီး သူတို့သည် တရားဟောစင်မြင့်ကို ကွပ် ပျစ်တစ်ခုအဖြစ်မျိုးဖြင့်သာ အသုံးပြုကြပါသည်။ ယနေ့တွင်မူ ယခင်ကနှင့် မတူဘဲ ကျွန်ုပ်တို့အနေဖြင့် မူလအခြေခံအနေအထား သို့ပြန်လှည့်သွားကြရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ ရိုးသားတည် ကြည်ပြီး၊ ကျမ်းစာတော်မြတ်ကို အခြေခံသည့်တရားဟောပြောခြင်းဆီသို့ ပြန် လည်ကျိုးနွံကြရပါမည်။
သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏ တရားဟောဆရာများ ဖြစ်ကြ သည်အလျောက် ကျွန်ုပ်တို့သည် ကျန်ကြွင်းသောအသင်းတော်ဝင်များဖြစ်ကြ သည့်အထောက်အထားကို ကျွန်ုပ်တို့ အသိအမှတ်ပြုရကြပါမည်။ ကျွန်ုပ်တို့ ဟောပြောရသောသတင်းစကားသည် ပရိုတက်စတင့်ခရစ်ယာန်အုပ်စုတစ်စု လုံးနှင့်ဆိုင်သော သို့မဟုတ် ဧဝံဂေလိသတင်းချည်းနှင့်သာ သက်ဆိုင်သော သတင်းစကားမျိုးမဟုတ်ပါ။ ဘုရားသခင်သည် ကမ္ဘာမြေကြီး၏ သမိုင်းစဉ်တွင် ပါရှိသော ဤအထူးတလည်အချိန်ကာလအတွက် ပုရောဖက်ဆိုင်ရာ သတင်း စကားကို ကျွန်ုပ်တို့အား ပေးထားတော်မူပါသည်။ သူ၏ အသင်းတော်ထံသို့ ကျွန်ုပ်တို့သည် ယခုပင်သူ၏သတင်းစကားတော်ကို ကြွေးကြော်ကြပါစို့။
“တရားဒေသနာကိုဟောပြောခြင်းသည် အသားကို ဝေငှပေးခြင်းဖြစ်ပြီး စတော်ဘယ်ရီသီးများကို ဝေငှပေးခြင်းမဟုတ်ပါ” ကဂ်ပက်ဆီမာရ်။
ကျွန်ုပ်တို့သည် မျှော်လင့်ချက်နှင့်အသက်ရှင်နေကြသောသူများဖြစ်ကြပါ သည်။ (ဗျာ ၁၄း၆၊၇) ကို မှန်ကန်စွာသိနားလည်ခြင်းသည် ဝိညာဉ်တော်နှင့် ပြည့်၀ပြီး အားမန်အပြည့်ရှိသော အသင်းတော်ကို ကမ္ဘာကြီးအပေါ် ဧဝံဂေလိ တရားတော် အကြောင်းဝေငှပေးသည့် သာသနာပြုလုပ်ငန်းကို လုပ်ကိုင်လို သည့်ခံယူချက်ရှိရှိဖြင့် ပုံမှန်လည်ပတ်နိုင်သော အခြေအနေဆီသို့ ဦးတည်စေ ပါသည်။ သခင်ယေရှု၏ ပြန်လည်ကြွလာတော်မူခြင်းသည် ပီတိဖြာစရာ ကောင်းသော သတင်းစကားဖြစ်ပါသည်။ တရားဟောဆရာများဖြစ်ကြသည့် အလျောက် ကျွန်ုပ်တို့သည် ၎င်းကြွလာခြင်းအတွက် ပြင်ဆင်နေကြသော သူတို့ ကို ကူညီကြရပါမည်။ သခင်ယေရှု၏ ပြန်လည်ကြွလာတော်မူခြင်းအကြောင်း ကို ကျွန်ုပ်တို့ကဟောပြောကြသည့်အလျောက်၊ သူကြွလာတော်မူမည့်အချိန် ရောက်ရှိလာသည်အထိ ထိုပြင်ဆင်နေကြသောသူတို့သည် အောင်မြင်မုSရှိရှိ ဖြင့် အသက်ရှင်သန်ကြရေးအတွက် အကူအညီပေးကြသည့် ပုံစံမျိုးဖြင့် ကျွန်ုပ်တို့သည် သတင်းစကားများကိုဝေငှပေးကြပါစို့။
“ဆုတောင်းခြင်းစွမ်းအားတန်ခိုး”
သင့်အားဆုတောင်းခြင်းအားဖြင့် မစကြရန်၊ သင်၏ အသင်းတော်ကို တောင်းပန်ဖို့ ပန်ကြားပါ။ နှုတ်ကပတ်တော်ကို အထူးအာရုံစိုက်ပြီး စေ့စပ် သေချာစွာနှင့်စိတ်အားထက်သန်စွာဖြင့် လေ့လာသင်ယူသော အနေအထား၌ သင့်ကိုယ်ကို မြှုပ်နှံထားနိုင်ရန်အတွက် သင်၏အသင်းတော်ကို သူတို့၏ ဆု တောင်းခြင်းများဖြင့် သင့်အားကူညီကြရန် ပန်ကြားတောင်းခံပါ။ ဘုရားသခင် ၏ ဦးဆောင်မှုနှင့် သူ၏နှုတ်တော်ထွက်ကိုနားလည်နိုင်စေသည့် နည်းလမ်းပွင့် လာအောင် သင်၏အသင်းတော်အား သင့်ကို ဆုတောင်းပေးခြင်းဖြင့် ကူညီကြ ရန်ပန်ကြားပါ။ ထို့ပြင်သင်သည် အသင်းတော် ကိုသိုးထိန်းတစ်ယောက်ကဲ့သို့ ထိန်းကျောင်းရာတွင် မှန်ကန်သောလားရာသို့ တူရူပြုနိုင်ရန် သူတို့၏ ဆု တောင်းခြင်းအားဖြင့် သင့်အားကူညီရန် ပန်ကြားပါ။ (တမန်တော် ၆း၄။ ဧဖက် ၆း၁၉၊၂၀) သည့်နောက်တွင် အတုံ့အလှည့်အားဖြင့် ဘုရားသခင်၏ နှုတ်တော် ထွက်တို့ကို ဟောပြောရန်နှင့် သင်ကြားပို့ချပေးကြရန် ခေါ်တော်မူခြင်းခံရ ကြသော အသင်းသူအသင်းသားတို့အတွက် သင်ကပြန်လည်ဆုတောင်းပေးရ ပါမည်။ သင်၏ အသင်းတော်အစီအစဉ်သည် နှုတ်ကပတ်တော်ဖြင့်သာ ကျမ်း စာတော်မြတ်တွင် ဖော်ပြထားသော ဘုရားသခင်၏ အစီအစဉ်တော်အားဖြင့် တိုး၍တိုး၍ အလားသဏ္ဌာန်တူရန်အတွက် သင်၏အသင်းတော်သည် ဘုရား သခင်၏ နှုတ်တော်ထွက်ကို နားစိုက်ထောင်ခြင်းတွင် မိမိတို့ကိုယ်ကို မိမိတို့ မြှုပ်နှံကြရေးအတွက် ဆုတောင်းပေးပါ။
သမ္မာတရားတော်သည် လူကြိုက်များသည်ဖြစ်စေ၊ လူကြိုက်မများသည် ဖြစ်စေ၊ တရားဟောဆရာတို့သည် သမ္မာတရားတော်တစ်ခုလုံးကို ဟောပြော ကြရန်အတွက် အသင်းတော်ကလိုအပ်ပါသည်။ ဟေရှာယခေတ်ကာလအချိန် က လူများတို့သည် “ဗျာဒိတ်တော်ကိုမခံပါနှင့်ဟု ဗျာဒိတ်ခံသောသူတို့အား လည်းကောင်း၊ မှန်သောစကားကို ငါတို့အား မဟောပါနှင့်။ ချော့မော့သော စကားကိုပြောကြပါ။ လှည့်စားသောစကားကိုဟောကြပါ” (ဟေရှာယ ၃ဝး၁၀) ဟူ၍ အော်ဟစ်ခဲ့ကြပါသည်။ ဤသဘောထားသည် ယခုခေတ်အသင်းတော် က အသုံးချသည့်သဘောထားဖြစ်ပါသည်။ သူတို့အား သက်သောင့်သက်သာ မရှိစေသည့် အရာမျိုးကို ပယ်ပစ်ကြရန်ရည်ရွယ်ရင်းရှိကြပါသည်။ သူတို့သည် သူ၏ အသက်တာပုံစံများတို့ကို အခိုင်အမာရှိစေပြီး၊ သူတို့အတွက်သာယာ သော ခံစားမှုမျိုးကို ဖော်ဆောင်ပေးနိုင်သည့်အရာများတို့ကို ကြားသိလိုကြပါ သည်။ များစွာသောအသင်းအုပ်ဆရာတို့သည် သူတို့၏အသင်းသူ၊ အသင်း သားတို့၏စိတ်ကြိုက်ကြိုးပမ်းမှု၏ထောင်ချောက်ထဲသို့ ထိုသူတို့၏အလိုဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြင့် ကျဆင်းသွားကြပါသည်။
သင်တရားဟောကြားသောအခါ သင်သည် မည်သူ့ကိုနှစ်သိမ့်ကျေနပ်မှ ရရှိစေရန် ကြိုးစားပါသနည်း။ သင့်အနေဖြင့် လူတိုင်းလူတိုင်းကိုအချိန်တိုင်း တွင် နှစ်သိမ့်ကျေနပ်မှုကို ပေးနိုင်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်ကိုယ်တော် တိုင်ကျေနပ်အားရတော်မူရန်ကိုသာ သင်ကြိုးပမ်းရပါမည်။ ဇိမ်ကျကျနေထိုင် တတ်သည့်အမူအကျင့်ကို နှောင့်ယှက်သည့် သတင်းစကားများနှင့် အနှောင့် အယှက်ပေးခံရသောသူတို့ကို နှစ်သိမ့်မှုရရှိစေမည့်သတင်းစကားများတို့ကိုသာ သင့်အနေဖြင့်ဟောကြားရပါမည်။
သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်သည် တစ်ကမ္ဘာလုံးကျယ်လောင်စွာဖြင့်ကြွေးကြော်ပေးရန်အတွက်တန်ဖိုးရှိလှသောသတင်းစကားတော်ကိုပေးအပ် ထားခြင်းခံရကြပြီးဖြစ်ပါသည်။ အနည်းငယ်သော ယခုအချိန်ကာလအတွက်၊ ဧဝံဂေလိတရားကို ဟောကြားကြရန်အတွက် ကျွန်ုပ်တို့အား တာဝန်ပေးထား ခြင်း မဟုတ်မူဘဲ၊ အစဉ်ထာ၀ရတည်တံ့မည့် ဧဝံဂေလိတရားတော်ကို ဟော ကြားကြရန်အတွက်ဖြစ်ပါသည်။ ဤအချက်သည် သမ္မာကျမ်းစာတော်မြတ်ကို လုံး၀ဥဿုံနားလည်သဘောပေါက်သည့် အဓိပ္ပါယ်သက်ရောက်ပါသည်။ ကျမ်း စာတော်မြတ်၏ ပထမဦးဆုံးသော စာမျက်နှာမှစပြီး သခင်ခရစ်တော်ပါဝင် ပတ်သက်မှုရှိပါသည်။ ဓမ္မဟောင်းကျမ်းက သူ၏ ပထမဦးဆုံးသော ပေါ်ထွန်း တော်မူခြင်းကို မျှော်မှန်းထားပြီး ကြိုတင်ပြင်ဆင်မှုလုပ်ထားခဲ့သည့် အကြောင်း ကို ဖော်ပြထားပါသည်။ ဓမ္မသစ်ကျမ်းမှာမူ ကမ္ဘာမြေကြီးပေါ်သို့ သူ၏ရောက်ရှိ လာတော်မူခြင်း၊ အသက်တာတော်၊ သေလွန်တော်မူခြင်းနှင့် အရေးကြီးဆုံးမှာ ကျွန်ုပ်တို့၏ကိုယ်စား သူ၏အသနားခံတောင်းပန်မှုတို့ကို မော်ကွန်း ထိုးထားပါ သည်။ များစွာသော တရားဟောဆရာတို့သည် လက်ရှိခေတ်ကာလ အခြေ အနေနှင့်ဆီလျော်မှုရှိသော အကြောင်းအရာတို့ကိုသာ ဟောကြားရန်အလို့ငှာ အထက်ဖော်ပြပါအဖိုးထိုက်လှသောသမ္မာတရားတော်များကို ဘေးဖယ်ထားကြပါသည်။
သို့သော်လည်း သခင်ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံ တွင် မည်သည့်အရာကို လုပ်ဆောင်ပေးတော်မူသည်ဆိုခြင်းထက် ပိုမိုအရေး ကြီးသော အရာများရှိပါသေးသလား။ (ဒံယေလ ၇း၂၇) တွင်ဖော်ပြထားသော “အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသောအမျိုးသားတို့အတွက်” နိုင်ငံနှင့်တကွ အာဏာစက်ဘုန်းတန်ခိုး ရှိသမျှကိုရရှိစေမည့် တရားစီရင်တော်မူခြင်းသည် စတင်နေပြီဖြစ်ပါသည်။ ဧဝံဂေလိတရားတော်၏ ကောင်းမြတ်သော သတင်း ဖြစ်သည့် ထာ၀ရကာလတည်တံ့မည့်ဧဝံဂေလိတရားတော် အားလုံးသော လူမျိုးတကာတို့အား တပည့်တော်များအဖြစ်သို့ ရောက်ရှိသွားကြစေရန် လုပ် ဆောင်ရကြမည့်အမိန့်တော်နှင့်အတူ ရပ်တန့်ခြင်းမရှိဘဲဟောပြောကြရပါမည်။ ၎င်းသည် ကျမ်းစာတော်မြတ်တွင်ပါရှိသော ဗျာဒိတ်တော်များအပေါ်တွင် အခြေပြုပါသည်။ ကမ္ဘာဦးကျမ်းမှဗျာဒိတ်ကျမ်းအထိ၊ ဘုရားသခင်၏နှုတ်တော် ထွက်ကို ကျွန်ုပ်တို့အတွက် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ် တော်မူခြင်းမတိုင်မီ၊ သခင်ခရစ်တော်၏ အမှုတော်ဆောင်ရွက်တော်မူခြင်း နောက်ဆုံးအဆင့်အထိ ကြွေးကြော်ရကြပါမည်။ ဤကဲ့သို့သော လုပ်ငန်းကို လုပ်ဆောင်ရခြင်းမှ ရှောင်ပြေးခြင်းသည် ပေါ့ဆမှုရှိရုံတွင်မကဘဲ အပြစ်တစ်ခု ကို လုပ်ဆောင်ကျူးလွန်ရာရောက်ပါသည်။ ဤကဲ့သို့သောသတင်းစကားတစ်ခု ကိုကြွေးကြော်ခြင်းသည် ကြိုတင်ပြင်ဆင်မှုကိုတောင်းခံခြင်းပင် ဖြစ်ပါသည်။ မည်သည့်ဝက်(ဘ်)စိုက်ကမျှ သမ္မာတရားတော်ကို လေ့လာသင်ကြားပြီး လူသူ ကင်းဝေးရာတွင် ထာ၀ရဘုရား၏မျက်မှောက်တော်၌စိတ်ပါလက်ပါ ဆုတောင်း ခြင်းလောက် တရားဟောဆရာတစ်ဦးကိုပြင်ဆင် ပေးခြင်းမပြုနိုင်ပါ။
“သခင်ခရစ်တော်ကိုမြှောက်ထားပါ”
“ခရစ်တော်သည် သင့်အတွက် မည်သည့်ပုဂ္ဂိုလ်မျိုးဖြစ်သည်ဆိုခြင်းကို မသိမချင်း သင်သည် တရားဟောပြောခြင်းကိုမပြုပါနှင့်” (အယ်လင်ဂျီဝိုက်)။
တရားဟောချက်တစ်ခုတွင် ခရစ်တော်၏အကြောင်းကို ဖော်ပြထားခြင်း မရှိပါက၊ ၎င်းတရားဟောချက်သည် ခရစ်တော်ကို လူတို့ကချစ်ခြင်းမေတ္တာ ရှိနိုင်ရန်စေ့ဆော်နိုင်ခြင်းမရှိနိုင်ပါ။ အရေးတကြီးလက်တွေ့ကျသည့်အကြောင်း ခြင်းရာများအပေါ်၊ လူတို့အားသင်က နှိုးဆော်စည်းရုံးသည့်တိုင် သခင်ယေရှု ၏ ကောင်းမြတ်တော်မူခြင်းအကြောင်းကို သင်မပြောဆိုမိသေးသည့်အချိန် အထိ တရားဟောချက်တစ်ခုကိုမဟောပြောမိပါစေနှင့်။ သင့်အနေဖြင့် စာရိတ္တ ဆိုင်ရာအတွေးအခေါ်ကိုသင်ကြား ရယူရမည်သာဖြစ်ပါသည်။
တရားနာသောလူထုပရိသတ်တို့နှင့်အတူ ခရစ်တော်က အစဉ်အမြဲရှိနေ တော်မူစေရေးဆိုသည့် အရေးကြီးသောအချက်နှင့်ပတ်သက်ပြီး အီးဂျီဝှိုက်က “လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံတော်မူခြင်း၊ ခရစ်တော်ရှင်ပြန်ထ မြောက်တော်မူခြင်း၊ ကောင်းကင်ဘုံသို့ ခရစ်တော်ပြန်လည်တက်ကြွသွားတော် မူခြင်း၊ ခရစ်တော်နောက်တစ်ဖန် ပြန်ကြွလာတော်မူခြင်းတို့သည် အမှုတော်ကို ဆောင်ရွက်သောသူကို ဤသမ္မာတရားတော်တို့အား ချစ်ခြင်းမေတ္တာနှင့် လေး နက်သော စိတ်အားထက်သန်မှုတို့ဖြင့် လူများတို့ထံသို့ ဝမ်းမြောက်ဝမ်းသာ ခြင်းနှင့်အတူ ပျော့ပျောင်းသော နှလုံးသားတို့ဖြင့် ပေးကမ်းလိုစိတ်ရှိလာစေ မည်ဖြစ်သည်။ ဤသို့ဖြင့် အမှုတော်ကို ဆောင်ရွက်သောသူသည် မျက်ခြည် ပြတ်ခံရပြီးနောက်၊ သခင်ယေရှုသည် ထင်ရှားလာတော်မူမည်ဖြစ်ပါသည်။ သခင်ယေရှုကိုမြှောက်ထားရန်အတွက် လူများတို့အား သင့်အနေဖြင့် သင် ကြားပို့ချရာတွင် တရားဟောချက်အားဖြင့် တေးသီချင်းအားဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းများတို့ဖြင့်လည်းကောင်း မြှောက်ထားရပါမည်။”
အရေးကြီးဆုံးမှာ တရားဟောချက်တစ်ခုသည် ခရစ်တော်အပေါ်လူတို့က ချစ်ခြင်းမေတ္တာရှိကြစေရန် စေ့ဆော်ပေးရပါမည်။ ဤအတိုင်းသာ သင်လုပ် ဆောင်ခြင်းမရှိပါက သင်၏ တရားဟောပြောမှုသည် အချည်းနှီးသာဖြစ်ပေ လိမ့်မည်။ ခရစ်တော်အား ချစ်ခြင်းမေတ္တာရှိကြရန် သင်၏တရားနာပရိသတ် တို့ကို ရိုးသားသောရည်ရွယ်ချက်ဖြင့် စေ့ဆော်ပေးမည့်အချိန်တွင် စမ်းသပ်မှု အပေါ်တွင် သင်၏ကောင်းမွန်သော စေတနာကိုထားရှိပါ။ သင်၏ အသင်း တော်ဝင်အသင်းသားတို့အား ကြုံလျှင်ကြုံသလို သင်၏တရားဟောချက်တွင် မည်သည့်အကျိုးဖြစ်ထွန်းမှုကိုရရှိသည်ဆိုခြင်းကို မေးမြန်းကြည့်ပါ။ အကယ်၍ သာ သူတို့ပေးသောအဖြေတွင် ခရစ်တော်ကိုကြီးမားသော ဂုဏ်ပြုအသိအမှတ် ပြုခြင်းနှင့် ချစ်ခင်တွယ်တာမှုမျိုးကို ရောင်ပြန်ဟပ်မှုနှင့်ထင်ဟပ်မှ မရှိပါက သင်သည် သင်၏အသင်းသားများတို့၏ရှေ့၌ ကျရှုံးသူအဖြစ်သို့ရောက်ရှိ သွားပေမည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ရှင်ပေါလုက (ဖိလိပ္ပိ ၁း၁၈) တွင် “လျှို့ဝှက်၍ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ဟောပြောသည်ဖြစ်စေ၊ အဘယ် သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ ခရစ်တော်၏ တရားကို ဟောပြော ခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်” ဟူ၍ ဩဝါဒ စကားပေးထားပါသည်။
“သင်၏ဟောပြောချက်အတိုင်းရှင်သန်ပါ”
ကျွန်ုပ်သည် မည်သည့်နေ့ရက်တွင်မဆို တရားဒေသနာတစ်ရပ်ကို နား ထောင်ကြားသိရခြင်းထက် ၎င်းတရားဒေသနာကို တွေ့မြင်ရခြင်းကို ပိုမိုလို လားပါသည်ဆိုသည့် ပြောဆိုမှုတွင် မှန်ကန်မှုအတော်များများ ပါရှိပါသည်။ အသင်းအုပ်ဆရာတစ်ယောက်သည် သူ၏လူအစုအဖွဲ hအတွက် နမူနာတစ် ယောက်ဖြစ်ရပါမည်။ မှန်ပါသည်။ ကုံလုံပြည့်စုံမှုဆိုသည်မှာ ဖြစ်နိုင်ချေမရှိ သောအရာဖြစ်ပါသည်။ ၎င်းအစား ကျွန်ုပ်တို့အနေဖြင့် စဉ်ဆက်မပြတ်ကြိုးစား ရယူခြင်းနှင့်အညံ့ခံနိုင်ခြင်းအားဖြင့် စံပြအနေအထားတွင်ရှိရကြပါမည်။ တစ်စုံ တစ်ယောက်သည် ရိုးသားတည်ကြည်စွာဖြင့် တရားဟောပြောသောအခါ လူ အများတို့က သူ၏ဟောပြောမှုပုံစံကိုသာမက သူ၏နေထိုင်မှုပုံစံကိုပါ အကဲ ခတ်ကြည့်ရှုကြမည်ဖြစ်ပါသည်။
“တရားဟောပြောရသည့်အကြောင်းရင်းမှာ သင့်အနေဖြင့် တစ်စုံတစ်ရာ ကိုပြောဆိုခြင်းကြောင့်မဟုတ်ဘဲ၊ ပြောဆိုစရာအကြောင်းတစ်စုံတစ်ရာရှိခြင်း ကြောင့် ဖြစ်ပါသည်။” (ရစ်ချတ်ဝှိုက်လီ)
တရားဟောပြောခြင်းကို ကျွန်ုပ်နှစ်သက်မြတ်နိုးပါသည်ဆိုသည့်တိုင်၊ အ နည်းငယ်သောအခြားလှုပ်ရှားမှုများတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်မှ သတင်းစကားတစ်ခုကို ဘုရားသခင်၏ လူစုတော်တို့ရှေ့တွင် မတ်တတ်ရပ်ပြီး ဝေငှပေးခြင်းထက် ကျွန်ုပ်ကို ပိုမို၍ရွှင်လန်းမှုရှိစေပါသည်။ ကျွန်ုပ်အနေဖြင့် အပြောင်းအလဲကိုတွေ့ရှိလာရပြီး ၎င်းအပြောင်းအလဲသည် လူအများတို့၏ အသက်တာတို့တွင်ဖြစ်ပေါ်လာခြင်းအတွက် ကျွန်ုပ်သည် စိတ်လှုပ်ရှားမှုဖြစ်ရ ပါသည်။ ကျွန်ုပ်သည် သစ္စာရှိစွာနှင့် စိတ်လှုပ်ရှားစွာဖြင့် ဘုရားသခင်၏ နှုတ်တော်ထွက်တို့ကို ဟောပြောသောအခါ၊ လူအပေါင်းတို့သည် ခရစ်တော် နှင့်အလားတူသော တပည့်တော်များအဖြစ်သို့ ပြောင်းလဲသွားကြပါသည်။ ကျွန်ုပ်သည်လည်း ပြောင်းလဲသွားပါတော့သည်။
“ကြိုတင်ပြင်ဆင်ခြင်း”
အီဒင်ဝေ(လ်)စန်(န်)တိုဇေရ်က၊ “ကျွန်ုပ်သည် ပုရောဖက်တစ်ယောက်ဖြစ် ပြီး ချီးမြှောက်သူတစ်ယောက်၊ ထို့အပြင် ဘာသာရေးဆိုင်ရာ စီမံခန့်ခွဲသူ တစ်ယောက် မဟုတ်ပါသော်လည်း ပုရောဖက်တစ်ယောက်ဖြစ်ပါသည်” ဟူ၍ ရေးသားခဲ့ဖူးပါသည်။ အကျိုးသက်ရောက်မှုရှိသော တရားဟောပြောခြင်းသည် ကြိုတင်ပြင်ဆင်ခြင်းမှစတင်ပါသည်။ ထို့အပြင် တရားဟောချက်ကို ကြိုတင် ပြင်ဆင်ခြင်းသည် ဘုရားသခင်၏မျက်မှောက်တော်ရှိ တိတ်ဆိတ်မှုရှိသော နေရာမှ အမြဲတစေစတင်ရပါမည်။
ဆာငတ်ခင်မွတ်သောသူများထံသို့ ဘုရားသခင်၏ နှုတ်တော်ထွက်ကို ကြွေးကြော်ကြရန်ရှိပါက၊ဘုရားသခင်၏မျက်မှောက်တော်၌ ရှိနိုင်မည့်အချိန်ကို ရယူရကြပါမည်။ ဤကဲ့သို့အားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်ရန် ကြိုတင်ပြင်ဆင်နိုင်ခြင်းရှိကြမည်ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားတော်ကို ဝေငှဖြန့်ချိနိုင်ခြင်းသည် ကျွန်ုပ်တို့အတွက် ကြီးမား သောအခွင့်ထူးတစ်ရပ်ပင် ဖြစ်ပါသည်။ သင်တရားဟောပြောသည်နှင့် ဘုရား သခင်၏ လူစုတော်ရှေ့တွင် သင်သည် ဘုရားသခင်၏ အသံအဖြစ်သို့ ရောက် ရှိသွားပေမည်။
ဝေလမ်ကား(လ်)ထရပ်(ယ်)စံ(န်) က “အသက်မပါတဲ့တရားဟောချက် ဆိုတာ အသုံးမကျတဲ့တရားဟောချက်သာဖြစ်ပြီး ဘုရားသခင်ရဲ့နှုတ်တော် ထွက် ပါဝင်ခြင်းမရှိတဲ့တရားဟောချက်ဟာလည်း အစွမ်းထက်မြက်မှုမရှိပါ” ဟူ၍ ပြောဆိုခဲ့ဖူးပါသည်။ ကိုယ်တိုင်ကိုယ်ကျ မိမိတစ်ဦးတည်းဝတ်ပြုခြင်း၊ ကျမ်းစာတော်မြတ်ကို လေ့လာရန်တို့အတွက် အချိန်ကိုသီးသန့်ရယူထားခြင်း သည် အလွန်အရေးကြီးလှပါသည်။ အကျိုးသက်ရောက်မှုရှိသော ကျွန်ုပ်တို့၏ ဟောပြောခြင်းနှင့် ဘုရားသခင်နှင့်အတူတကွ ပုဂ္ဂိုလ်ရေးဆန်ဆန် လမ်း လျှောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာသောဓလေ့ စရိုက်တို့၏ စပ်ကြားတွင် တိုက် ရိုက်ဆက်စပ်မှုတစ်ခုရှိသည်ဆိုခြင်းကို ကျွန်ုပ်တို့သိထားကြရပါမည်။ သင်၏ အသက်ဝိညာဉ်ကိုယ်၌က ဆာငတ်ခင်မွတ်မှုရှိပါက အခြားသော သူတို့ကို လည်း အလုပ်အကျွေးပြုရန်အတွက် ကြိုးပမ်းနိုင်မည်မဟုတ်ပါ။
“တရားဟောဆရာတစ်ယောက်သည်မိမိကိုယ်ကိုမိမိပြုပြင်ရန်လုပ်ဆောင် လိုက်သည်နှင့်မာရ်နတ်သည် ထိုတရားဟောဆရာအား မိမိကိုယ်ကိုမိမိမပြုပြင် နိုင်ရန်၊ တရားဟောချက်ကို ထိုတရားဟောဆရာက ပြင်ဆင်ရန်အတွက် အခြေအနေဖန်တီးပေးပါသည်” ဗဲ့(န်)(စ်)ဟာ(ဗ်)နရ်(ရ်)။
ကျွန်ုပ်တို့၏ ဟောပြောချက်များတို့သည် ပြည့်စုံလုံလောက်မှုမရှိပါက၊ ကျွန်ုပ်တို့သည်လည်း စုံလင်သောသူများမဖြစ်နိုင်ကြပါ။ တန်ခိုးတော်နှင့်ပြည့်၀ ပြီး ထိရောက်သော အကျိုးသက်ရောက်မှုရှိသောတရားဟောချက်မျိုးရရှိရန်မှာ ဆုတောင်းခြင်းနှင့် လေ့လာသင်ယူခြင်းတို့အတွက် အချိန်ကို လုံလောက်စွာ အသုံးပြုရကြပါမည်။ သင်တို့၏ ကိုယ်ခန္ဓာအတွင်းသို့ သူ၏သတင်းစကားတော် စီးဝင်သွားစေရေးအတွက် ဘုရားသခင်ထံတော်မှတောင်းခံရယူကြပါ။
အခြားသောဂိုဏ်းခွဲအသင်းတော်အချို့တို့မှအသင်းအုပ်ဆရာများတို့သည် ရက်သတ္တပတ်လုံးအတွင်း အခြားသောအလုပ်များတို့ကို လုပ်ကိုင်ဆောင်ရွက် ကြပြီး နောက်သီတင်းပတ်အဆုံးတွင်မှ သူတို့၏ အသင်းတော်တို့အပေါ်၊ အသင်းအုပ် လုပ်ငန်းဆောင်တာတို့ကို ဆောင်ရွက်နေကြပါသည်။ သို့ရာတွင် များစွာသော အသင်းအုပ်ဆရာများတို့သည် မိမိတို့၏ တာဝန်ယူရမှုများနှင့် ထူးခြားသည့်အလုပ်များတို့ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ထိုနှစ်ခုလုံးသောအလုပ်တို့ကို မဖြစ်ဖြစ်သည့်နည်းဖြင့် ကြံဖန်လှည့်ပတ်ပြီး ကတ်သီးကတ်သတ်လုပ်ဆောင်နိုင်ကြရန် စီမံခန့်ခွဲနိုင်ကြပါသည်။ ထို့အပြင် လည်း အချိန်ပြည့်တာဝန်ရှိကြသည့် အသင်းအုပ်ဆရာများတို့သည် ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်စွမ်းရှိရကြမည့်အပြင် လုပ်ငန်းဆောင်တာများ တို့ကို ပိုမိုပြီးမြောက်အောင် ဆောင်ရွက်နိုင်ရကြပါမည်။ ကောင်းမွန်သော တရားဟောချက်တို့ကို ဟောကြားနိုင်ကြရေးအတွက် အသင်းအုပ်ဆရာများတို့ သည် ကြိုတင်ပြင်ဆင်မှုအတွက် အချိန်ကိုလိုအပ်သလို ရင်းနှီးမြှုပ်နှံထားကြ ရပါမည်။
“ရှင်းလင်းပြတ်သားစွာဖြင့်ဟောပြောကြပါ”
ကျမ်းစာတော်မြတ်က (နေဟမိ ၈း၈) တွင် “ထိုသို့ဘုရားသခင်၏ ပညတ္တိ ကျမ်းစာကို သေချာစွာဖတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများနားလည်စေ ခြင်းငှာ ပြုကြ၏” ဟူ၍ဖော်ပြထားပါသည်။ များစွာသောအသင်းအုပ်ဆရာ များတို့သည် အဓိပ္ပါယ်ပြည့်၀သောတရားဟောချက်တို့ကို ဟောကြားနိုင်ကြရန် အတွက် ညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းလုပ်ဆောင်မှုမျိုးကို လုပ်ဆောင်တတ် ကြပါသည်။ ကျွန်ုပ်သည် တရားဟောချက်တိုင်းကို နောက်ဆုံးဟောကြားရ သည့်တရားဟောချက်အဖြစ်သဘောထားပြီး ဟောကြားပါက၊ ထိုတရားဟော ချက်များတို့သည် အဓိပ္ပါယ်ပြည့်၀သော တရားဟောချက်များအဖြစ်သို့ ရောက် ရှိသွားကြပါသည်။ အမှတ်ရဖွယ်သောအခမ်းအနားများစွာတို့ကို ကျွန်ုပ်သတိ ထားမိရာ၊ ယခင်ကျော်လွန်သွားခဲ့ပြီးသောဥပုသ်နေ့၌ ကျွန်ုပ်ဟောပြောခဲ့သော နောက်ဆုံးတရားဟောချက်ကို ကြားသိခဲ့ရသော သေဆုံးသူ၏အသုဘအခမ်း အနားတွင် ထိုတရားဟောချက်ကို အကျွန်ုပ်ပြန်လည်ဟောပြောခဲ့ရခြင်းပင် ဖြစ်ပါသည်။ ဤထော်လော်ကန့်လန့်နိုင်လှသည့်လက်တွေ့ဖြစ်ရပ်သည် ကျွန်ုပ် ဟောကြားနေသော တရားဟောချက်တိုင်းတို့ကို အဓိပ္ပါယ်ရှိရှိအနေအထားသို့ ရောက်သွားစေရန် ကျွန်ုပ်အားအလေးထားလာစေသည့် တွန်းအားပေးမှုပင် ဖြစ်ပါသည်။ အခက်အခဲကာလများအကြားတွင် နေထိုင်ရကြပြီး သို့မဟုတ် ခိုင်မာစွာရပ်တည်ပေးမှုတို့ကိုလိုအပ်ကြသော သင်၏ အသင်းသူအသင်းသား များတို hအတွက်ကို ထည့်စဉ်းစားပေးပါ။ သင်တရားဟောပြောသောအချိန်တွင် သင်သည် အဓိပ္ပါယ်နှင့် ပြည့်၀သောနည်းလမ်းမျိုးဖြင့် သူတို့အား သူတို့၏ အသက်တာများတွင် သင်ကြားပို့ချပေးသည့် ဘုရားသခင်၏ ပစ္စည်းကိရိယာ တော်အဖြစ် ရှိနေကြရပါမည်။
ဘုရားသခင်၏ သတင်းစကားတော်ကို သူ၏လူစုတော်တို့ထံသို့ ကျွန်ုပ် ဝေငှပေးသောအချိန်သည် တည်ကြည်ခံ့ညားသော အချိန်ကာလဖြစ်ပါသည်။ သန့်ရှင်းရာမြေပြင်ပေါ်တွင် ကျွန်ုပ်တို့ လျှောက်လှမ်းနေကြသည်ဆိုခြင်းကို သိထားရကြပါမည်။ ဤအမှန်တရားသည် တရားဟောချက်တိုင်း၏ နိဂုံးအပိုင်း ကို မေတ္တာရပ်ခံခြင်းပြောစကားမျိုးဖြင့် အဆုံးသတ်စေရန် အကျွန်ုပ်အား စေ့ဆော်ပေးပါသည်။ ကျွမ်းကျင်သော တရားဟောဆရာအတော်များများတို့ သည် အတော်ကောင်းမွန်သောတရားဟောချက်တို့ကို ဟောကြားခဲ့ကြသည်ကို ကျွန်ုပ်ကြားသိတွေ့မြင်ဖူးပါသည်။ သို့သော်လည်း လူတို့သည် အနူးအညွတ် မေတ္တာရပ်ခံခြင်းဆိုသည့် အရေးကြီးသည့်အချက်ကို မကြာမကြာမေ့နေတတ် ကြသည်ကို တွေ့မြင်နေရပါသည်။ မေတ္တာရပ်ခံခြင်းမပါရှိသော တရားဟော ချက်တစ်ခုသည် မိန့်ခွန်းတစ်ရပ်ထက် မည်သို့မျှပိုမိုထူးခြားမှုမရှိပါ။ ၎င်းသည် အသစ်ထွက်ရှိလာသော စာအုပ်တစ်အုပ်ကိုကြော်ငြာပေးသော စာအုပ်ရောင်း သမားနှင့်တူပြီး၊ ထိုစာအုပ်ရောင်းသူက ထိုစာအုပ်ကိုဖတ်ရှုရန် မည်မျှအရေး ကြီးကြောင်းကိုသာ ရှင်းလင်းပြောပြပေးပြီး၊ ထိုစာအုပ်ကိုဝယ်ယူရန်အတွက်ကို မူ စာအုပ်ဝယ်ယူသူတို့အားမကမ်းလှမ်းမိခဲ့သကဲ့သို့မျိုးပင်ဖြစ်ပါသည်။ ကျမ်းစာတော်မြတ်ကိုလေ့လာခြင်းမှ အခြေခံသည့်တရားဟောချက်မှာ၊ ၎င်း၏နိဂုံးပိုင်း တွင် ခရစ်တော်၏ခေါ်ယူတော်မူခြင်းအကြောင်းဖြင့် အဆုံးသတ်ရန်မသင့်ပါ။ မေတ္တာရပ်ခံခြင်းသည် အဘယ်ကြောင့်လိုအပ်ပါသနည်း။ အကြောင်းမှာ ၎င်း သည် သမ္မာကျမ်းစာတော်မြတ်ဆိုင်ရာအချက်ဖြစ်ပါသည်။ ၎င်းသည် ကျိုး ကြောင်းဆီလျော်မှုရှိသော အချက်လည်းဖြစ်ပါသည်။ ထို့ပြင်၎င်းအချက်သည် လူအများတို့ကို သမ္မာတရားတော်ဆီသို့ တိုးလျှိုးဝင်ရောက်ကြရန် တိုက်တွန်း သောအရာဖြစ်ပါသည်။
အယ်လင်ဝှိုက်က “အကြိမ်အတော်များများတို့တွင် စိတ်အတွေးများတို့ သည် အခြားသောလုပ်ဆောင်မှုအမျိုးအစားများတို့ထက် ပုဂ္ဂိုလ်ရေးမေတ္တာ ရပ်ခံခြင်းလုပ်ရပ်များတို့ကို ဆယ်ပြန်မကသောအင်အားများဖြင့် အထင်ကြီး လေးစားမှုမျိုးရှိစေပါသည်” ဟူ၍ အခိုင်အမာပြောဆိုခဲ့ဖူးပါသည်။ တရား ဟောချက်၏ နောက်ဆုံးပိုင်းတွင် ဤထူးကဲသော ပုဂ္ဂိုလ်ရေးမေတ္တာရပ်ခံခြင်း မျိုးကို တရားဟောဆရာက လျစ်လျူရှုလာပါက တရားဒေသနာတန်ခိုးသည် ပျောက်ဆုံးသွားပေလိမ့်မည်။ များစွာသောသူတို့၏ အသက်တာသည် ဤ မေတ္တာရပ်ခံခြင်းအပေါ်တွင်တည်မှီနေပါသည်။“အသင်းသူအသင်းသားတရားနာပရိသတ်အစုအဝေးစီတိုင်းတို့ရှိ တုံ့ဆိုင်းနေသော အသက်ဝိညာဉ်တို့သည် ဘုရားသခင်အတွက် လုံးလုံးလျားလျား လုပ်ဆောင်ကြရေးဆီသို့ ဖျောင်းဖျ စည်းရုံးခြင်းခံရလုနီးပါးအနေအထားတွင် ရှိနေကြပါသည်။ ခိုင်မာသော ဆုံး ဖြတ်ချက်ကို အချိန်အတိုင်းအတာတစ်ခုအတွက်သာမဟုတ်ဘဲ ထာ၀ရတည်မြဲ သည့်ကာလအတွက်အထိပါ ဆုံးဖြတ်ထားရကြမည်ဖြစ်သော်လည်း၊ အမှုတော် ဆောင်အနေဖြင့် သူ၏စိတ်နှလုံးထဲတွင် မကြာမကြာကြိမ်ဖန်များစွာဖြင့် သမ္မာ တရားတော်ဆိုင်ရာ သတင်းစကား၏ ဝိညာဉ်နှင့်တန်ခိုးများ ကိန်းအောင်းခြင်း မရှိခြင်းကြောင့် ချိန်ခွင်လျှာတွင်ရှိနေသောတည်ငြိမ်မှုမရှိကြသည့် အသက် ဝိညာဉ်များတို့အတွက် တိုက်ရိုက်အသနားခံပေးခြင်းမျိုးကို မတွေ့ရှိရတော့ပါ” ဟူ၍ အယ်လင်ဝှိုက်က ဆက်လက်ပြောဆိုထားခဲ့ပါသည်။
“သင့်အနေဖြင့် တရားဒေသနာဟောပြောသည့်အကြိမ်တိုင်းတို့တွင် လူ များတို့အား သခင်ခရစ်တော်ထံတော်သို့ လာရောက်ကြရန် သင်မျှော်လင့်ပါ သလား။” (Charles H. Spurgeon).
နာမည်အလွန်ကျော်ကြားသော တရားဟောဆရာကြီး (Dwight L. Moody) သည် တစ်ချိန်က ချီကာဂိုမြို့ ကြီးမီးလောင်ကျွမ်းမှုရက်သတ္တပတ် တနင်္ဂနွေနေ့တရား ဟောပြော၍အပြီးတွင် သူသည် အနူးအညွတ်မေတ္တာရပ်ခံ ခြင်းကိုမပြုလုပ်မိခဲ့ပါ။ထိုကြောင့်ထိုမီးလောင်မှုဖြစ်စဉ်တွင် သူ၏ဘုရားကျောင်း အတွင်းရှိနေခဲ့ကြသော လူအများစုအပါအဝင် ရာပေါင်းများစွာသော သူတို့ သည် ဝမ်းနည်းဖွယ်ရာသေဆုံးခဲ့ကြပါသည်။ နောက်ပိုင်းတွင်သူက ဤဖြစ်ရပ် အကြောင်းနှင့်ပတ်သက်ပြီး “ကျွန်ုပ်၏ အမှုတော်ဆောင် သက်တမ်းနှစ်များ အားလုံးအတွင်း ကျွန်ုပ်၏အကြီးမားဆုံးသော အမှားလုပ်ဆောင်မှု” ဟူ၍ မှတ် ချက်ပြုဝန်ခံပြောဆိုခဲ့ပါသည်။
“သင်ဟောပြောသောသတင်းစကားကို ပတ်ဝန်းကျင်ဖြစ်စဉ်နှင့်ဆက်နွှယ်ဖြစ်တည်မှုရှိပါစေ”
ကျွန်ုပ်တို့ဟောကြားပေးသောသတင်းစကားသည် လူတို့၏ဂါရ၀ပြုလက်ခံ ကြသောအနေအထားတွင်ရှိရေးမှာ ၎င်းသတင်းစကားကို ပတ်ဝန်းကျင်ဖြစ်စဉ် နှင့်ဆက်နွှယ်ဖြစ်တည်မှုရှိရကြပါမည်။ကျွန်ုပ်တို့သည် ယဉ်ကျေးမှုဆိုင်ရာအခြေ အနေနှင့်သင့်လျော်သော၊ အကျိုးထိရောက်မှုရှိသော၊ ထို့အပြင် အသုံးဝင် သော နည်းလမ်းတို့ဖြင့် ထိုပတ်ဝန်းကျင်ဖြစ်စဉ်တို့နှင့် အဆက်အသွယ်ပြုလုပ် ကြရပါမည်။ ကျွန်ုပ်တို့၏ အသင်းသားအသင်းသူပရိသတ်ထုတို့သည် ကျွန်ုပ် တို့၏ သတင်းစကားများတို့နှင့်နှီးနွှယ်မှုရှိပြီး ထိုသတင်းစကားတို့ကို နားလည် နိုင်ကြစေရန်ကျွန်ုပ်တို့က သေချာစေရကြပါမည်။ ကမ္ဘာမြေကြီးသည် ပြောင်း လဲလျက်ရှိနေပါသည်။ ကျွန်ုပ်တို့၏ တရားဟောပြောမှုတွင် ထိုကမ္ဘာကြီး၏ အပြောင်းအလဲဖြစ်စဉ်ကို အသိအမှတ်ပြုရန် ငြင်းဆန်နေကြပါက ဧဝံဂေလိ တရားတော်သည်လည်း နောက်ကြောင်းတွင်ကျန်ရစ်ခဲ့နေမည်သာဖြစ်ပါသည်။
ကျွန်ုပ်အနေဖြင့် ကျမ်းစာတော်မြတ်ကိုအဆက်အစပ်ရှိရှိဖြင့် ဖော်ဆောင် လိုပါသည်ဟူ၍ မကြာမကြာပြောဆိုတတ်ကြပါသည်။ ၎င်းကဲ့သို့မျိုးလုပ်ဆောင် ရန်မလိုအပ်ပါ။ ယဉ်ကျေးမှုထုံးတမ်းဓလေ့တိုင်းတို့တွင် ထိုဆက်စပ်မှုများတို့ကို ဖော်ပြထားပြီးကြောင်းကို ဘုရားသခင်က ကျွန်ုပ်တို့အား သတင်းစကားတော် ပေးထားတော်မူခဲ့ပြီးသားဖြစ်ပါသည်။ “ရုပ်ရှင်သရုပ်ဆောင်တို့၏အကြောင်းကို တွေးတောကြံဆပြောဆိုကြရာတွင် အမှန်တကယ်ဖြစ်ဘိသည်အလား ပြောဆို နိုင်ကြပါသည်။ တရားဟောဆရာများတို့မှာမူ အမှန်တကယ် ဖြစ်တည်မှုများ တို့ကို တွေးတောကြံဆ ပြောဆိုကြသည့်အလား ပြောဆိုနေကြပါသည်” (Thomas Betterton) ကျွန်ုပ်တို့၏အလုပ်မှာ တရားဒေသနာကို ကြားနာသူ တို့က ထိုဆက်စပ်မှုကို သိရှိမြင်တွေ့ကြစေရန်၊ နည်းလမ်းပေါင်းစုံဖြင့် ကူညီ ပေးကြရန်ပင်ဖြစ်ပါသည်။ သူတို့အား နှုတ်ကပတ်တော်ကျမ်းစာတော်မြတ်ဆီ သို့ ခေါ်ဆောင်သွားကြခြင်းအားဖြင့် ကူညီပေးနိုင်ကြပါသည်။ သခင်ယေရှု လုပ်ဆောင်တော်မူခဲ့သကဲ့သို့ လူအပေါင်းတို့သည် ဧဝံဂေလိသတင်းစကား တော်ကို အကောင်းဆုံးဖြင့်နားလည်နိုင်ကြပြီး၊ ပြန်လည်တုံ့ပြန်ပေးဆပ်နိုင်ကြ သည့်နည်းလမ်းမျိုးဖြင့် ကျွန်ုပ်တို့က ဟောပြောနိုင်ရကြပါသည်။
ကျမ်းစာတော်မြတ်ကိုအခြေပြုသည့် အခြေခံစည်းမျဉ်းများကို ချန်ထားရစ် ခဲ့ချိန်တွင် ကျွန်ုပ်တို့သည် ယဉ်ကျေးမှုဆိုင်ရာဆက်စပ်မှုနှင့်ပတ်သက်သည့် တရားဟောချက်များတို့ကိုသာ ဟောပြောကြရန် ရည်ရွယ်ရင်းရှိကြပါသည်။ ထို မှားယွင်းသော ရည်ရွယ်ရင်းတို့ကို ကျော်လွှားအောင်မြင်နိုင်ကြရန်အတွက် အောက်ပါမေးခွန်းများတို့ အပေါ် ဦးတည်အာရုံပြုကြပါ။
s အထက်ဖော်ပြပါကျမ်းစာတော်မြတ်ကို အခြေပြုသည့် အခြေခံစည်းမျဉ်း များတို့သည် အဘယ်ကြောင့်အရေးကြီးပါသနည်း။
s ၎င်းအခြေခံစည်းမျဉ်းတို့သည် ကျွန်ုပ်နှင့်မည်ကဲ့သို့ဆက်စပ်မှုရှိပါသနည်း၊
s ၎င်းအခြေခံစည်းမျဉ်းတို့နှင့်ပတ်သက်ပြီး ကျမ်းစာတော်မြတ်က မည်ကဲ့သို့ ပြောပြထားပါသနည်း။
s ကျွန်ုပ်၏အသက်တာတွင် ဤအသိဥာဏ်ဗဟုသုတကို ကျွန်ုပ်က မည်ကဲ့ သို့ အသုံးချနိုင်ပါသနည်း။
၎င်းမေးခွန်းများအစား
ကျမ်းစာတော်မြတ်က ၎င်းအချက်တို့သည် အရေးတကြီးရှိလှသည်ဖြစ် သည့်အလျောက် ကျွန်ုပ်အမှန်တကယ်လုပ်ဆောင်သင့်ပါသည်ဟူ၍ ဖော်ပြ ထားပါသည်။
“အင်တိုက်အားတိုက်ဖြင့် တက်ကြွမှုရှိလှသော တရားဟောပြောခြင်း”
သင်သည် စိတ်အားထက်သန်မှုရှိလှသော သို့မဟုတ် ငြီးငွေ့ဖွယ်ကောင်း သော တရားဟောဆရာတစ်ယောက်ဖြစ်နေပါသလား။ ကျွန်ုပ်၏သာသနာ့ တက္ကသိုလ်ပါမောက္ခက “များစွာသောလူတွေဟာ ငြီးငွေ့ဖွယ်ကောင်းတဲ့ တရား ဟောဆရာတွေရဲ့ဟောပြောချက်တွေကို အောင့်အည်းသည်းခံနားထောင်ကြ တဲ့သည်းခံခြင်းကြောင့် ကောင်းကင်နိုင်ငံတော်ကို ရောက်ရှိကြမှာဖြစ်ပါတယ်” ဟူ၍ မကြာမကြာပြောဆို နေခဲ့ဖူးပါသည်။ ကျွန်ုပ်အနေဖြင့် တရားနာပရိသတ် အတွင်းရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ သင်၏ဟောပြောမှုကို အောက်ပါ သဘောမျိုးဖြင့် ဖော်ပြပြောဆိုခြင်း မရှိကြစေရန် ကျွန်ုပ်မျှော်လင့်ပါသည်။ ၎င်းမှာ “ငါ့ရဲ့တရားဟောဆရာဟာလေ သူ့ရဲ့မျက်လုံးတွေက ဘယ်လောက်ပဲ လင်းလက်တောက်ပပါစေ၊ အဲဒီသူ့ရဲ့မျက်လုံးတွေကို ငါဘယ်တော့မှမတွေ့ ရဖူးဘူး။ သူဆုတောင်းရင် သူ့မျက်လုံးတွေကိုပိတ်ထားတယ်။ သူတရားဟော ပြောတဲ့အခါဆိုရင်လည်း သူ့ရဲ့စိတ်အတွေးကိုပိတ်ထားပြန်ရော” (ရေမန်(ဒ်) ဘာရ်ဘရ်) ဟူ၍ဖြစ်ပါသည်။
ဤအကြောင်းနှင့်ပတ်သက်ပြီး နောက်ထပ်ပုံဖော်ထားသည့်ဖြစ်ရပ်တစ်ခု မှာ၊ လူတစ်ယောက်သည် သူအိပ်ပျော်သောအခါ ဟောက်တတ်သော အကျင့် အတွက် သူ၏ဆရာဝန်ထံသို့သွားရောက်ခဲ့ပါသည်။ ဆရာဝန်က “ခင်ဗျားဒီလို အိပ်ပျော်ရင်း ဟောက်တတ်တဲ့အကျင့်က ခင်ဗျားရဲ့ဇနီးသည်ကို အနှောင့် အယှက်မဖြစ်စေဖူးလား” ဟူ၍ သူ့အားမေးပါသည်။
ထိုသူကဆရာဝန်အား “ကျွန်တော့်ဇနီးသည်ဟုတ်လား၊ ဘာဖြစ်လို့လဲ၊ ကျွန်တော်ဒီလိုဟောက်တာ ကျွန်တော့်ဇနီးသည်ကိုအနှောင့်အယှက်ဘာဖြစ်လို့ ပေးရမှာလဲ၊ တရားဒေသနာဟောပြောချိန်မှာ တရားနာပရိသတ်ထုအားလုံးကို ဒုက္ခပေးတာပါ” ဟူ၍ ပြန်လည်ပြောဆိုခဲ့ပါသည်။
အသင်းတော်တစ်ခုသည် တရားဟောချက်တစ်ခုကို နားထောင်ကြရန် စုရုံးရောက်ရှိလာကြရာတွင် တရားဒေသနာကို ကြားနာကြသောသူများတို့တွင် မတူညီသော အသက်အရွယ်ကွဲပြားခြားနားသော ပညာရေးအဆင့်အတန်းရှိ သူများ၊ မတူခြားနားသောလုပ်ငန်းလုပ်ဆောင်သူများနှင့်မတူညီသော နောက်ခံ အကြောင်းခြင်းရာများရှိကြသူများတို့ပါဝင်ကြပါသည်။ ထိုသို့သော လူပေါင်းစုံ တို့ အတွင်းသို့ သတင်းစကားတော်ကို ရောက်ရှိစေသည့်နည်းစနစ်တစ်ခုကို ဖော်ထုတ်ရန်မှာ တရားဟောဆရာ၏ အလုပ်ပင်ဖြစ်ပါသည်။ အကြောင်းခြင်း ရာ ဘာသာရပ်တစ်ခုစီတိုင်းတို့ကို လူတိုင်း လူတိုင်းက စိတ်ဝင်တစားမရှိ သည့်တိုင်၊တစ်စုံတစ်ရာသောအကြောင်းခြင်းရာဘာသာရပ်တစ်ခုခုကို မှန်ကန် သောနည်းလမ်းမျိုးဖြင့် ဝေငှပါက၊ သူတို့နားလည်နိုင်အောင် လုပ်ဆောင်ရာ ရောက်ပါသည်။ ဤအတိုင်းသာဆိုလျှင် ဤစိန်ခေါ်မှုကို ကျွန်ုပ်တို့ မည်ကဲ့သို့ ရင်ဆိုင်ကြမည်နည်း။
တရားဟောချက်တို့ကို လူတို့ကငြီးငွေ့မှုဖြစ်စေသည့် အဓိကအကြောင်း ရင်းခံတစ်ခုမှာ၊ ၎င်းတရားဟောချက်ကိုပြင်ဆင်ချိန်တွင် စိတ်ပါလက်ပါမရှိခြင်း ပင်ဖြစ်ပါသည်။ အသင်းအုပ်ဆရာများတို့သည် အဆောတလျင်နှင့်နီးစပ်ရာ သတင်းစကားများတို့ကိုသာ ဝေငှဟောပြောကြခြင်းကို နှစ်သက်ကြပါသည်။ ဤတရားဟောချက်မျိုးများတို့သည် ကျွန်ုပ်တို့အား တက်ကြွမှုပေးသယောင် ရှိပါသည်။ သို့သော်လည်း အကြောင်းအပေါင်းမသင့်စွာဖြင့် ဤကဲ့သို့သော တရားဟောချက်မျိုးတစ်ခုကိုဝေငှပေးရသောအခါသမယမျိုးဆိုသည်မှာ အစဉ် အမြဲအလိုအလျောက် မိမိဘာသာဖြစ်တည်မှုမရှိတတ်ပါ။ တစ်ခါတစ်ရံတွင် ဥပုသ်နေ့သို့ရောက်ရှိလာသည့်တိုင် ဖြစ်စဉ်အမှန်ကို တွေးတောအဖြေရှာရင်း ကျွန်ုပ်တို့တွေဝေနေမိကြပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပေါ်ကျရောက် နေသည့် တာဝန်ကိုဖြည့်ဆည်းပေးရန် လစာငွေအထုတ်ကောင်းရန်အတွက် လူကြားကောင်းသည့် အဖြည့်သဘောတရားဟောချက်တစ်ခုကို ဟောကြား ရန်ဆိုသည်မှာ လွယ်ကူလွန်းလှပါသည်။ သို့ရာတွင်အထူးသတိထားပါ။ မှား ယွင်းသော ရိုးသားမှုကြောင့် သင်၏တရားနာပရိသတ်တို့ကို လူနုံလူအများ အဖြစ်သို့မရောက်ရှိကြပါစေနှင့်။
တရားဟောဆရာတစ်ယောက်အနေဖြင့် သူ၏သတင်းစကားနှင့် ပတ် သက်ပြီး ရင်ပူရင်ဆာဖြစ်နေရပါမည်။ သူ၏စကားလုံးများထဲသို့ သွတ်သွင်း ခြင်းခံရသော စိတ်ဇောကပ်မှုတို့သည် သူ၏တရားနာပရိသတ်တို့၏ နှလုံးသား အတွင်းသို့ စိမ့်ဝင်ပျံ့နှံ့သွားစေပါလိမ့်မည်။ ထိုနောက်တွင် ထိုပရိသတ်တို့သည် ထိုထက်မက ရှင်သန်တက်ကြွမှုတို့နှင့်ဆက်စပ်သွားကြပေမည်။
အင်တိုက်အားတိုက်ရှိလှသော တရားဟောဆရာတစ်ယောက်အဖြစ်သို့ သင်ရောက်ရှိသွားရေးအတွက် ကျွန်ုပ်သည် သင့်အားစိန်ခေါ်တွန်းအားပေးလို ပြီး၊ သင်၏အမှုတော်ဆောင်ခြင်းတစ်လျှောက်၌ သင်၏ဝန်းကျင်တွင် ရှိနေကြ သောသူတို့သည် သင့်ကြောင့်ကောင်းချီးမင်္ဂလာကို ခံစားရစေလိုပါသည်။ ဤ တုန်လှုပ်စရာကောင်းသောအခြေအနေမျိုးကို ကြုံတွေ့လာရတော့မည်ဆိုပါက “အောင်မြင်ခြင်းဆိုသည်မှာ အကောင်းဆုံးဆိုသည့်အဓိပ္ပါယ်မျိုးသက်ရောက်ပါ သည်။ ထူးချွန်မှုဆိုသည်မှာလည်း သင့်အတွက်အကောင်းဆုံးသော အရာသာ ဖြစ်ပါသည်။ အများသောသူများအတွက်ဆိုလျှင် အောင်မြင်ခြင်းသည် တစ်ဦး ချင်းတစ်ယောက်ချင်းအတွက်ထက် ပိုမို၍ ကောင်းမွန်ပြန်ပါသည်။ ထူးချွန်မှုကို တစ်ခါပြန်ဆန်းစစ်ကြည့်ပါက သင့်အတွက် မနေ့ကထူးချွန်မှုထက်၊ မနက်ဖြန် တွင်ရှိလာမည့်ထူးချွန်မှုက ပိုမိုကောင်းမွန်ပြန်ပါသည်။ အောင်မြင်မှုသည် အခြားသောလူတို့၏ အောင်မြင်ဖြစ်ထွန်းမှုများအတွက် လိုသည်ထက် ပိုလွန်း သွားပြန်ပါသည်။ ထူးချွန်မှု၏အဓိပ္ပါယ်တစ်မျိုးမှာမူ၊ သင်၏လက်တွေ့ဘ၀ကို သင်၏သက်ဝင်လှုပ်ရှားနိုင်မှုနှင့်ထိန်းညှိပေးမှုပင်ဖြစ်ပါသည်” ဆိုသည့်အချက် တို့ကို သတိရစေလိုပါသည်။
“ထိထိရောက်ရောက်ပြောနိုင်သောတရားဟောဆရာတစ်ယောက်အဖြစ်သို့ မရောက်ရှိဘဲ၊ သင်သည်ကောင်းသောအသင်းအုပ်ဆရာတစ်ယောက် ဖြစ်နိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှု၊ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်းတို့ အတွက်မေးခွန်းများ။
၁။ ထက်မြက်သောတရားဟောဆရာတစ်ယောက်ကိုသင်၏ပုဂ္ဂလိကသဘော ထားအရသင်မည်ကဲ့သို့အဓိပ္ပါယ်ဖွင့်ဆိုမည်နည်း။
၂။ အသင်းအုပ်ဆရာတစ်ယောက်အတွက် ဟောပြောခြင်းသည် အဘယ့် ကြောင့် အဓိကကျသည့်တာဝန်ယူရမှုဖြစ်ရပါသနည်း။
၃။ တရားဟောဆရာများတို့သည် အဘယ်ကြောင့်တရားဟောစင်မြင့်ပလ္လင်မှ ထွက်ပြေးကြပါသနည်း။
၄။ ငြီးငွေ့ဖွယ်ကောင်းသော တရားဟောချက်များတို့ကို ဟောပြောခြင်းမှ ရှောင်ရှားနိုင်ရန် သင်မည်ကဲ့သို့လုပ်ဆောင်မည်နည်း။
၅။ ဘုရားသခင်၏ နှုတ်တော်ထွက်ကို ဟောပြောပြီး သခင်ခရစ်တော်ကို မြှောက်ထားရန်ဆိုသည့်အဓိပ္ပါယ်ကို သင့်အနေဖြင့်မည်ကဲ့သို့ မှန်မှန်ကန် ကန်အဓိပ္ပါယ် ဖော်ထုတ်မည်နည်း။
No comments:
Post a Comment