ဖြေရှင်းချက်တစ်ခုအတွက်အားထုတ်မှုများ
၁၉ ရာစုနှစ်သည် ရာဇဝင်၌ စံမတူသော အကောင်းမြင်ဝါဒ
ထွန်းကားသည့်အချိန်ဖြစ်သည်။
ကျိုးကြောင်းဆင်ခြင်မှုဝါဒသည် ရေပန်း အစားဆုံးဖြစ်ကာ ကမ္ဘာကြီးသည်
ကောင်းမွန်သထက်ကောင်းမွန်လာ မည်ဟု လူအများက ခံယူစိတ်ချနေကြသည်။ နေ့စဉ်စက်မှုလက်မှု
အတတ်ပညာက မရေတွက်နိုင်သော အံ့ဖွယ်အမှုများကို ဖြစ်ထွန်းစေခဲ့ သည်။
စက်ကိရိယာများဖြင့် ချည်ငင်ခြင်း၊ ရက်လုပ်ခြင်း၊ ချုပ်လုပ်ခြင်း အမှုများကိုပြုနိုင်ကြသည်။
ဆန်းသစ်သောတီထွင်မှုများက လယ်ယာ လုပ်ငန်းနှင့်စက်ရုံလုပ်ငန်းများ၏ အသွင်ကို
တိုးတက်ပြောင်းလဲစေခဲ့ သည်။ စက်အင်ဂျင်များ၏ အစွမ်းပကားတို့ဖြင့် ဝေးလံသော ရေမြေ
တစ်နေရာမှတစ်နေရာဆီသို့ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်ကြသည်။
အေဘရာဟင်လင်ကွန်းသေဆုံးသောနေ့တွင် အဝေးသို့သတင်းပို့ ကြေး နန်းလိုင်းများကို တပ်ဆင်နိုင်ခဲ့သည်။
ထိုသို့သော အံ့ဖွယ်တိုးတက်မှုတို့ကြောင့်
လူမှုအသိုက်အဝန်း၏ ပြဿနာများ မကြာမီကွယ်ပျောက်သွားတော့မည်ဟု လူတို့ကို လွယ်ကူ စွာ အထင်ရောက်စေခဲ့သည်။
ဆင်းရဲခြင်းများ ပပျောက်တော့မည်။ ထို့ အတူ မတရားမှု၊ ဖျားနာမှုနှင့်
စိတ်ရောဂါများလည်း အဆုံးသတ်တော့ မည် ဖြစ်သည်။ စစ်ပွဲများဆိတ်သုဉ်း၍
တစ်ကမ္ဘာလုံးငြိမ်းချမ်းကာ မသိ ကျိုးကျွန်ပြုခြင်းနှင့်
နိုင်ထက်စီးနင်းအုပ်စိုးခြင်းများ၏ နိဂုံးကို မကြာမီ မြင်တွေ့ရတော့မည်ဟုဆိုသတည်း။
သို့သော်လည်း ဘယ်သောအခါမှမဖြစ်နိုင်တော့ပါ။
ထိုရွှေခေတ် မှာ ပထမကမ္ဘာစစ်နှင့်အတူ ကျန်ရစ်ခဲ့ပြီ။ ယနေ့တွင် ယခင်များထက်သာ ၍ပင် မှောက်မှားပေတော့သည်။
သိပ္ပံပညာလည်းအလွန် တိုးတက်ပါပေ သည်။ သို့သော်လည်း ထရန်စစ္စတာ (ခေါ်)
လျှပ်စစ်ဓာတ်သွယ်ပို့အား တိုး ပွားစေသည့်ကိရိယာကို တိုးတက်ကောင်းမွန်စေသည့်
လက်ကခလုတ် ကလေးတစ်လုံးကို နှိပ်လိုက်ရုံဖြင့် တိုးတက်မြင့်မားလာသော လူမှု အဆောက်အအုံတစ်ခုလုံးကို
ဖျက်ဆီးနိုင်စွမ်းသည့် အဏုမြူဗုံးကိုလည်း ထိုးပေးနေပါသည်။
ကမ္ဘာတစ်ဝန်းရှိလူသားအားလုံးကလည်း “ဒီလောက် တောင် စကြဝဠာအကြောင်းကို
နားလည်နိုင်အောင် အံ့ဖွယ်သတင်း အချက်အလက်တွေခိုင်နေတဲ့အချိန်မှာ ဘာဖြစ်လို့များ
ဆာလောင်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ နိုင်ထက်စီးနင်း အုပ်ချုပ်မှုတွေက ဆက်လက်ပြီး မင်းမူနိုင်
တာလဲ” ဟု မေးခွန်းထုတ်လာကြသည်။
ပြဿနာအမှန်ကတော့
သိပ္ပံပညာကိုတော်လျော်စွာအသုံးမချဘဲ
ကိုယ်လိုရာကိုသာဆွဲပြီးအတင်းနှင်နေသောကြောင့်ပင်ဖြစ်သည်။ နှစ်စဉ်
နှင့်အမျှသဘာဝဘေးဒဏ်များဆက်တိုက်ဖြစ်နေရခြင်းမှာ လောကဓာတ် သိပ္ပံပညာကြောင့်မဟုတ်၊ စက်မှုလက်မှုပညာကြောင့်လည်းမဟုတ်ပါ။
အာကာသသို့ လျှပ်စစ်သံလိုက်အလင်းတန်းတစ်ခု၏ စွမ်းအင်ကို ပစ်လွှတ်ကာ
အင်္ဂါဂြိုဟ်၏ မျက်နှာပြင်မှဓာတ်ပုံကို ကျွန်ုပ်တို့ထံ မည်ကဲ့ သို့ပြန်လည်သတင်းပို့ပါသလဲဟု
သိပ္ပံပညာအားမေးမည်ဆိုပါက သက်ရှိ တို့၏ ဗီဇနှင့်သက်ဆိုင်သောပစ္စည်း (genome)၏ ဖွဲ့စည်းပုံ (သို့မဟုတ်) endorphins (ခေါ်)
ဦးနှောက်နှင့်ကြောရိုးတစ်လျှောက်မှ ဖြစ်ပွားသော သဘာဝအလျောက်နာကျင်မှုတွေကို ပျောက်ကင်းစေသည့်
သဘောကို သာ လေ့လာစုံစမ်းကြည့်ပါဟု သူက မဆိုင်းမတွ တုံ့ပြန်ပေလိမ့်မည်။ သို့သော်
ခေတ်ကာလ၏ ဆိုးရွားသည့်ပြဿနာများကို မည်ကဲ့သို့ ဖြေရှင်းရမည်နည်းဟု မေးလျှင်ကား “ဆောရီးပဲ၊
ဒါကျွန်ုပ်နဲ့ မဆိုင်ဘူး” ဟုသာ သူကအဖြေပေးလိမ့်မည်။
အကြောင်းမှာ ခေတ်ကာလ၏ အဆိုးဆုံးပြဿနာသည် လောက ဓာတ်သိပ္ပံကြောင့်ဖြစ်ရခြင်းမဟုတ်ဘဲ
လူ့အကျင့်စရိုက်နှင့်ဆိုင်သောလုပ် ဆောင်ချက်များကြောင့်သာ
ဖြစ်ပေါ်လာရခြင်းပင်တည်း။
အနည်းငယ်စဉ်းစားကြည့်ပါ။ ယနေ့လူ့အဆောက်အအုံကို လွှမ်း
မိုးနေသောပြဿနာကြီးများထဲမှ မည်သည့်အရာက လူ့အကျင့်စာရိတ္တ နှင့်
မစပ်ဆိုင်တာရှိပါသလဲ။ အားလုံးက လူ့ကျင့်ဝတ်နှင့် စပ်ဆိုင်နေပါ သည်။
ဥပမာ- ငတ်မွတ်ခြင်းဘေးကိုကြည့်ပါ။
၎င်းတို့မွတ်သိပ်နေရခြင်း မှာ ကမ္ဘာပေါ်တွင် အစာရေစာပြတ်လပ်သွားလို့မဟုတ်၊ ဆိုးဝါးသည့်
မမျှတသော ပိုင်ဆိုင်ခွင့်ကြောင့်သာဖြစ်ရသည်မဟုတ်ပါလား။ အရာရာ ကိုကြည့်လျှင်
မမျှတသည့်ဥစ္စာပိုင်ဆိုင်မှု၊ ပညာရေး၊ ထုတ်လုပ်မှုနှင့်
သယ်ယူပို့ဆောင်မှုများတို့ကြောင့်ဖြစ်သည်မှာ ထင်ရှားပါသည်။ ရလေလို လေရှိနေသူများက
လုံးဝမရှိ ချို့တဲ့နေသူများကို ဖိနှိပ်နေ၊ လျစ်လျူရှုနေ ကြသည့်သဘောကို
ဘယ်လိုပြောမလဲ။ လူ့ အကျင့်စရိုက်တစ်ခုတည်းနှင့် သာဆိုင်ပေသည်။
လူ့အသိုက်အဝန်းကိုခြိမ်းခြောက်နေကြသော အကြမ်းဖက်မှုများ၊
နိုင်ငံရေးဖိနှိပ်မှုနှင့် အာဏာအလွဲသုံးစားမှုများတို့မှာလည်း စာရိတ္တ အခြေ အနေကို
အမှန်တကယ် ဖော်ပြနေပေသည်။ ထို့ပြင် အိမ်ထောင်ရေး ဖောက်ပြားမှု၊ သန္ဓေဖျက်ချခြင်း၊
ဆေးစွဲခြင်းနှင့် ကူးစက်ပြန့်ပွားမှ အမြင့် မားဆုံးအဖြစ် စံချိန်တင်ထားသည့် AIDS
ကို ဖြစ်စေသော နေထိုင်မှု အကျင့်စရိုက်တို့မှာလည်း
ထို့အတူပင်ဖြစ်သည်။ အကယ်၍များ သိပ္ပံ အတတ်ကြောင့် (သို့မဟုတ်)
စက်မှုလက်မှုအတတ်ကြောင့်သာ ဖြစ်ပါမူ ၎င်းပြဿနာများကိုဖြေရှင်းနိုင်ခဲ့သည်မှာ ကြာလောက်ပြီ။
ထိုအတွက် လူသားတို့ကျွမ်းကျင်နေပြီးသားဖြစ်သည်။
ဤအဆိုကို လက်ခံရန် အချို့များရှက်နေလိမ့်မည်။
မိမိကိုယ်ကို ယုံကြည်အားကိုးသော ဆင်ခြင်တုံသဘော၌သာ တည်ကြလိမ့်မည်။ ၎င်း တို့၏ ဆောင်ပုဒ်မှာလည်း
“ငါ၌တည်သောအသိပညာ၊ စာရိတ္တ၊ ခွန်အား၊ စိတ်ဓာတ် စသည့် ငါ၏
ဦးနှောက်စွမ်းအားတို့ဖြင့် ကမ္ဘာကို ကယ်တင်အံ့” ဟုဆိုသတည်း။
ထိုသို့သော ပုဂ္ဂိုလ်များက အချို့သော ပြဿနာများသည်
ဉာဏ် စွမ်းအားဖြင့် မဖြေရှင်းနိုင်ကြောင်းကို ဝန်ခံရန် ငြင်းဆန်တတ်ကြသည်။
သို့အတွက် ကျွန်ုပ်တို့အား အမှန်တကယ် အကူအညီမပေးနိုင်ဘဲ အဖြေ မှန်ပေးရမည်ကို
သိပ္ပံပညာက သွေးပျက်နေချိန်မှာ အဖြေတစ်ခုအတွက် ၎င်း၏ တံခါးဝတွင် ရပ်ကာ
အဘယ်မျှကာလပတ်လုံး အဆင်ခြင်မဲ့စွာ ဆက်၍ခေါက်နေဦးမည်နည်း။ အမှန်တရားကို လက်မခံမီအထိ
၎င်း၏ မခိုင်လုံသောအထောက်အထားများက ကျွန်ုပ်တို့အား အဘယ်မျှလောက် မှောက်မှားစေဦးမည်နည်း။
အဖြေဘယ်မှာလဲ။
သိပ္ပံအတတ်က ဘယ်တော့မှနံပါတ်တစ်နေရာမှာ ဦးမဆောင်နိုင်
မှန်း ထင်ထင်ရှားရှားသိမြင်လာတဲ့နောက်မှာ ရှိပါစေတော့ဆိုပြီး အသာ
လေးပဲ နေလိုက်ရတော့မလား။
ဒါမှမဟုတ် ကြာလှစွာ ဂရုမစိုက်မိဖြစ်နေပြီး စင်စစ်တော့ လက်တစ်ကမ်းမှာသာရှိနှင့်သော
အဖြေတစ်ခုခုကိုများ တွေ့နိုင်မည်လား။
အခွင့်အခါသင့်လျှင် ဝါရှင်တန်ဒီစီရှိ Supreme
Court ဟု ခေါ် သည့် အမေရိကန်ပြည်ထောင်စု၏ တရားရုံးချုပ်အဆောက်အဦသို့
အလည်အပတ်သွားကြည့်ပါ။ တရားစီရင်မှုကာလ လွတ်ကင်းရှင်းလင်း သောအချိန်များတွင်
အငြင်းပွားမှုဖြစ်ရာ၊ စီရင်ဆုံးဖြတ်မှုပြုရာ တရားသူ ကြီး (၉) ဦး အမှုထမ်းရသည့်လူထုခန်းမသို့
လမ်းပြက ခေါ်ဆောင်သွား လိမ့်မည်။ ထိုအခါမျိုးတွင် တရားသူကြီးထိုင်ခုံ၏ အထက်နားနှင့်
မျက်နှာ ကြက်၏ အနားသပ်ကြားရှိ ထွင်းထားသော လက်ရာစာလုံးများနှင့် ရုပ်ပုံ များကို ကြည့်ရှုရန်မမေ့ပါနှင့်။
ရုပ်ပုံအများထဲမှ ရာဇဣန္ဒြေနှင့် ပြည့်စုံ လျက် ကြည်ညိုလေးစားထိုက်သော ပုဂ္ဂိုလ်တစ်ဦး၏ပုံကို
တွေ့ရမည်။ ထိုသူမှာ မောရှေဖြစ်၍ သူ၏လက်ယာဘက်တွင် ကိုင်ဆောင်ထားသော ကျောက်ပြားများမှာ
ရှေးလွန်လေပြီးသောအချိန်မှ ပြဌာန်းသော ဓမ္မသတ် တည်းဟူသော
ပညတ်တော်(၁၀)ပါးပင်ဖြစ်ပါသည်။
ဤခမ်းနားသည့်အဆောက်အဦကို တည်ဆောက်ခဲ့သည့် အလျင် မျိုးဆက်က
ပုဂ္ဂိုလ်များ၏အချိန်တွင် ဒုက္ခတွင်းထဲကျစေသည့် မတရား အတ္တပွားများနေသော
ကျွန်ုပ်တို့၏အခြေအနေကဲ့သို့ခံစားခဲ့ရပုံ မပေါ်ပါ။ လူ့လောကအဖွဲ့အစည်းတွင်
ထိုရှေးဟောင်းတရား၏ အရေးပါလှပုံနှင့် သြဇာလွှမ်းမိုးခဲ့ခြင်းကို
အမှတ်အသားပြုပုံဖော်ထားခြင်းသာ ဖြစ်ပေလိမ့် မည်။သူတို့တီထွင်ထားခဲ့သည့်အရာမဟုတ်သည့်ထိုတရားတော်(ပညတ်)
သည် ၎င်းတို့၏ခေတ်ကာလအတွက်မဟုတ်ဟုလည်း ထင်ကောင်းထင်ခဲ့ ကြပေလိမ့်မည်။
မတော်ကျွန်ုပ်တို့ ခေတ်ကာလလူသားများလည်း ဤ စိတ်ထားအတိုင်းပဲ ရှိနေလိမ့်မည်။
တချို့ကလည်း ထိုရုပ်ပုံမျိုးကို လူထု အဆောက်အဦများထဲမှ ဖယ်ရှားထုတ်ပစ်ချင်ကြသည်။
ထိုသို့လျှင် လောကဓာတ်သိပ္ပံ၏ မျက်လှည့်ကျည်ဆန်ကြောင့် ကျွန်ုပ်တို့သည် မျှော် လင့်ခြင်းကိုဆန့်ကျင်လျက်စောင့်စားမျှော်လင့်နေရင်းမှာပင်
မဖြေရှင်းနိုင် သောအကျပ်အတည်းထဲ ပိတ်မိနေရုံသာရှိတော့မည်။ လက်ရှိကပ်ကာလ အခြေအနေသို့
ဆိုက်ရောက်လာရခြင်းကား ထိုရူးသွပ်သော အတ္တစွဲကြီး ကြောင့်ပင်ဖြစ်သည်မှာ
သေချာလှပါသည်။
ဖိတ်ခေါ်ပါရစေ။
စာရိတ္တမဏ္ဍိုင်တည်းဟူသော ပညတ်တော်(၁၀)ပါး၏ အနက်
အဓိပ္ပါယ်ကို ဤ(၂၁)ရာစုအဖို့ ကျွန်ုပ်နှင့်အတူ လေ့လာဆင်ခြင်စေလိုပါ သည်။
သာမန်အပြင်ပန်းထက် ထိုရှေးဟောင်းဥပဒေသကို ထက်မြက် သောတန်ခိုးအဖြစ်
လက်ကိုင်ထားခဲ့ကြသော ပုဂ္ဂိုလ်တို့၏ ပညာဥာဏ် အရာကိုလည်း နားလည်ဖို့လိုအပ်လာပေသည်။
သင်ကိုယ်တိုင်ပါဝင်ပြီး
လေ့လာကျင့်သုံးနေစဉ်တစ်လျှောက်မှာ ပင် သင့်အတွက်တာဖို့
စဉ်းစားဆုံးဖြတ်ခံယူနိုင်ရန် ၎င်းက စွမ်းဆောင် လိမ့်မည်ကို ကျွန်ုပ်ပြောရဲသည်။
အဆုံး၌လည်း သင်၏ အသက်တာ အတွက် ခြားနားသော အရာမဟုတ်ဘဲ အမှန်ဖြစ်သင့် ဖြစ်ထိုက်သည့်
ပုံမှန်အခြေကို ဦးတည်နေသောကြောင့် ထွက်ပေါ်လာသော သင့်အတွေး အမြင်များကို
သင်ကိုယ်တိုင်မှတ်သားရုံမက သတင်းပေးဝေငှလိုစိတ်ပင် ဖြစ်ပေါ်လာလိမ့်မည်။
အလွန်အရေးကြီးသော ဤအကြောင်းအရာကို မျက်စိမှိတ်ပြီး လက်ခံရန်မဆိုပါ။ တစ်ဖက်၌ ဤကျစ်လျစ်ခိုင်မာသော ဥပဒေသများကို လေ့လာရာတွင် သင့်အသက်တာအတွက် မှန်၊ မမှန်ကို စစ်ကြောပြီး ခိုင်လုံသည့် အထောက်အထားကို တွေ့ရှိနိုင်သော အခွင့်အရေးအပြည့် အဝ ရှိပေသည်။
ပညတ်တော်(၁၀)ပါးသည် လူတို့ ပြုလုပ်စီမံထားပြီး မှန်ဘောင် ထဲတွင်ပြသထားသော
ရှေးဟောင်းလက်ရာတစ်ခုမျှသာ မဟုတ်သော ကြောင့် အကျိုးရလဒ်အတွက်အာမခံသည်။
အခါခါ၌ဖြစ်လေသော အရာ ရာအတွက် (တစ်ရက်စီတိုင်းမှာ ဖြစ်နေတဲ့ပြဿနာအဝဝနဲ့ အခြေအနေ အရပ်ရပ်တို့ရဲ့တစ်ခုစီအတွက်
တိကျမှန်ကန်တဲ့အချိန်မှာ) အဖြေမှန်ကို အမြဲဖော်ဆောင်ပေးနိုင်စွမ်းသော
လက်တွေ့ကျသည့် ပညာဉာဏ် စီး ဆင်းရာစမ်းရေတွင်းပင် ဖြစ်ပေသည်။ အရသာကို စားကြည့်မှသာ
သိရ သလို နေ့စဉ်အသက်တာစည်းမျဉ်းဥပဒေများဖြစ်သော ထိုတရားတော် ကို
လက်တွေ့ကျင့်သုံးမှသာလျှင် တကယ်အကျိုးထူးမည်ဖြစ်ပါသည်။
ဤအခြေခံကိုယ်ကျင့်တရားများကို သင့်အသက်တာ၏ အစိတ်
အပိုင်းတစ်ခုအဖြစ် ခံယူလိုက်သည်နှင့်တစ်ပြိုင်နက် လိုအပ်သည်များ ပြည့်ဝကျေနပ်စေမည့်
လက်ငင်းအကျိုးကြောင့် ဤပညတ်တရားသည် အမှန်တကယ်
ဆက်လက်တည်မြဲနေဦးမည်ကိုလည်းသင်သိမြင်လာလိမ့် မည်။
မိတ်ဆွေ၊ တွန့်ဆုတ်မနေပါနှင့်။ ဤဖိတ်ခေါ်ချက်ကို
လက်ခံကာ ပညတ်တော် (၁၀) ပါးကို သင့်အသက်တာ၏ လှုပ်ရှားဆောင်ရွက်မှုများ ဖြစ်စေပါ။
ထို့အတွက် သင်တကယ်ဝမ်းမြောက်ရလိမ့်မည်။
*************
No comments:
Post a Comment