Wednesday, April 22, 2026

အခန်းကြီး - ၅၆။ ကလေးသူငယ်များအားကောင်းချီးပေးခြင်း

 

ကလေးသူငယ်များအားကောင်းချီးပေးခြင်း

 

         မဿဲ ၉း၁၃-၁၅။ မာကု ၁ဝး၁၃-၁၆။ လုကာ ၁၈း၁၅-၁၇ ကိုအခြေပြုထား ပါသည်။

 

         သခင်ယေရှုသည် ကလေးသူငယ်များအား အမြဲတမ်းချစ်ခင်တတ် သူတစ် ဦးဖြစ်တော်မူပါသည်။ ကိုယ်တော်သည် ထိုကလေးများ၏ ကလေးဆန်သောကြင် နာမှုများနှင့် ပွင့်လင်းသောချစ်ခင်တတ်မှုများကို လက်ခံတော်မူခဲ့ပါသည်။ အပြစ် ကင်းသော ၎င်းတို့၏နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသောကျေးဇူး တော်ချီးမွမ်းသံများ သည် ကိုယ်တော်၏နားတွင် သာယာသော တေးသီချင်းသံများနှယ်ဖြစ်ခဲ့ပြီး စဉ်းလဲ လျှို့ဝှက်သောသူများနှင့် ပေါင်းသင်းဆက်ဆံရသဖြင့် စိတ်ဒုက္ခရောက်သောအ ချိန်များတွင် ကိုယ်တော်အား ပြန်လည်လန်းဆန်းစေခဲ့ပါသည်။ ကြွချီတော်မူသော နေရာတိုင်းတွင် ကိုယ်တော်၏သနားကြင်နာ တတ်သောမျက်နှာတော်နှင့် နူးညံ့သိမ် မွေ့သော အပြုအမူများကြောင့် ကလေးသူငယ်များသည် ကိုယ်တော်အား ချစ်ခင် ယုံကြည်ခဲ့ကြပါသည်။

         ယုဒလူမျိုးများတွင် အလေ့အထတစ်ခုရှိပါသည်။ ထိုအရာမှာ လက်တင်၍ ကောင်းချီးမင်္ဂလာပေးခြင်းခံရစေရန် ရဗ္ဗိဆရာများထံသို့ ကလေးငယ်များကို ခေါ်လာ တတ်ခြင်းပင်ဖြစ်ပါသည်။ သို့ရာတွင် ကိုယ်တော်ရှင်လုပ်ဆောင်နေသော အမှုတော် လုပ်ငန်းသည် အလွန်အရေးကြီးသဖြင့် ထိုကဲ့သို့ကလေးငယ်များကို ကောင်းချီးပေး ခြင်းအားဖြင့် အမှုတော်ကိုမနှောင့်ယှက်သင့်ဟု တမန်တော်များက မှတ်ယူကြပါ သည်။ မိခင်များသည် ရင်သွေးငယ်များကိုချီပိုးလျက် ကိုယ်တော်ထံသို့ ရောက်လာ သောအချိန်တွင် ထိုတမန်တော်များသည် ၎င်းတို့အားမနှစ်မြို့သော မျက်နှာများ ဖြင့်ကြည့်ခဲ့ကြပါသည်။ ထိုသူငယ်များသည် အလွန်ငယ်ရွယ်ကြသဖြင့် ၎င်းတို့ထံသို့ ခရစ်တော်ကြွလာတော်မူခြင်းအားဖြင့် အကျိုးမရှိနိုင်ဟုထင်မြင်ခဲ့ကြပါသည်။ ၎င်း ပြင် မိမိထံသို့ချဉ်းကပ်လာသည်ကို ခရစ်တော်မနှစ်သက်ဟုလည်း တမန်တော်များ က ကောက်ချက်ချခဲ့ကြပါသည်။ သို့ရာတွင် ကိုယ်တော်ရှင်မနှစ်မြို့သည်မှာ၊ ထိုမိခင် များ၏ အပြုအမူများမဟုတ်ဘဲ ထိုတမန်တော်များ၏ လုပ်ရပ်များသာဖြစ်ပါသည်။ မိ မိတို့၏ရင်သွေးငယ်များအား တရားတော်နှင့်အညီ သွန်သင်လေ့ကျင့်ရန် ကြိုးစားနေ ကြသော မိခင်များထမ်းဆောင်နေရသောဝန်ကို ခရစ်တော်နားလည်တော်မူပါသည်။ ၎င်းတို့၏ ဆုတောင်းသံများကိုလည်း ကိုယ်တော်ကြားခဲ့ဖူးပါသည်။ ၎င်းတို့အားရှေ့ မှောက်သို့ရောက်ရှိလာရန် ကိုယ်တော်ရှင်ကိုယ်တိုင် ဆွဲယူတော်မူခဲ့ခြင်းဖြစ်ပါသည်။

         မိခင်တစ်ဦးသည် ခရစ်တော်အားတွေ့အောင်ရှာရန် ရင်သွေးငယ်ကို ချီမ ကာ အိမ်မှထွက်လာခဲ့ပါသည်။ သူမသည်လမ်းခရီးတွင် တွေ့ဆုံသောအိမ်နီးချင်း တစ်ဦးအား မိမိလုပ်ဆောင်မည့်အမှုကိုပြောပြရာ ထိုသူသည်လည်း ၎င်း၏ကလေး ငယ်အား ခရစ်တော်ကောင်းချီးပေးရန် ဆန္ဒရှိလာခဲ့ပါသည်။ နောက်ဆုံးတွင် တစ် ယောက်စကား၊ တစ်ယောက်နားဖြင့် များစွာသောမိခင်များသည် မိမိတို့၏ ရင်သွေး ငယ်များနှင့်အတူ စုရုံးလာခဲ့ကြပါသည်။ လိုက်ပါလာခဲ့ကြသော ရင်သွေးများထဲတွင် တချို့မှာကလေးငယ်များမဟုတ်ကြတော့ဘဲ လူငယ်များ၊ လူရွယ်များဖြစ်ကြပါသည်။ ထိုမိခင်များသည် မိမိတို့၏ ဆန္ဒများကိုဖွင့်ဟခဲ့ကြသောအချိန်တွင် ကိုယ်တော်သည် မျက်ရည်ကျလျက် နွမ်းလျအားငယ်နေကြသော ၎င်းတို့၏အသနားခံချက်များကို ကြင်နာသနားစွာဖြင့် နားထောင်တော်မူခဲ့ပါသည်။ သို့သော် တမန်တော်များ နေဖြင့် ၎င်းတို့အားမည်သို့ဆက်ဆံကြမည်ကို ကိုယ်တော်စောင့်ကြည့်ခဲ့ပါသည်။ ကိုယ်တော်ရှင်နှစ်သက်မည်အထင်နှင့် ထိုမိခင်များကို တမန်တော်များကနှင်ထုတ် နေကြောင်းမြင်တွေ့သောအခါ ထိုသူငယ်တို့ကိုရှိစေတော့ ငါ့ထံသို့လာသည် ကို မဆီးတားကြနှင့်၊ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံ ဖြစ်သည် ဟု ၎င်းတို့၏အမှားကိုပြ၍သွန်သင်တော်မူ၏။ ထိုနောက် ကိုယ်တော်သည် ကလေး ငယ်များကိုပွေ့ပိုက်တော်မူ၍ လက်တော်ကိုတင်ကာ၎င်း တို့ရယူရန်ဆန္ဒရှိခဲ့ကြသော ကောင်းချီးမင်္ဂလာများကိုပေးသနားတော်မူခဲ့၏။

         ထိုမိခင်များသည် စိတ်နှလုံးချမ်းမြေ့ခဲ့ကြပြီး ခရစ်တော်၏နှုတ်တော်ထွက်စ ကားများကြောင့် ခွန်အားသစ်များ၊ ကောင်းချီးမင်္ဂလာများရရှိခံစားကာ မိမိတို့၏အိမ် သို့ပြန်သွားကြ၏။ မိမိတို့၏ဝန်များကို ရွှင်ပျစွာဖြင့်ထမ်းရွက်ကြရန်နှင့် ရင်သွေးငယ် များအတွက် မျှော်လင့်ချက်ပြည့်၀စွာဖြင့် လုပ်ဆောင်ကြရန် အားပေးတော်မူခဲ့ပါ သည်။ ယခုခေတ်မိခင်များသည်လည်း ကိုယ်တော်၏ နှုတ်တော်ထွက်စကားများကို ထိုယုံကြည်ခြင်းများအတိုင်း လက်ခံရယူကြရန်ဖြစ်ပါသည်။ ကိုယ်တော်သည် လူများ အလယ်တွင် လူသားတစ်ဦးအနေဖြင့် နေထိုင်ခဲ့သောအချိန်ကကဲ့သို့ပင် ယခုအချိန် တွင်လည်း ပုဂ္ဂလိကကယ်တင်ရှင် တစ်ပါးဖြစ်တော်မူပါသည်။ ကိုယ်တော်သည် ယုဒ ပြည်ရှိကလေးငယ်များအား စုရုံးပွေ့ပိုက်တော်မူသော အချိန်ကကဲ့သို့ပင် ယခုခေတ် မိခင်များကိုမစသည့် အရှင်ဖြစ်တော်မူပါသည်။ ရှေးယခင်က ကလေးသူငယ်များ သည် အသွေးတော်နှင့် ဝယ်ခြင်းခံခဲ့ရသူများဖြစ်ကြသလို ကျွန်ုပ်တို့၏ အိမ်ထောင် များမှ ကလေးငယ်များသည် ကိုယ်တော်၏အသွေးတော်အားဖြင့် ဝယ်ယူခြင်းခံရသူ များဖြစ် ကြပါသည်။

         သခင်ယေရှုသည် မိခင်တိုင်း၏စိတ်နှလုံးထဲတွင် ရှိနေသောဝန်များကိုသိရှိ တော်မူပါသည်။ ဆင်းရဲချို့တဲ့သည့် မိခင်တစ်ဦး၏သားဖြစ်ခဲ့ဖူးသော ကိုယ်တော် သည် မိခင်တိုင်း၏လုပ်ဆောင်မှုတိုင်းအတွက် ကိုယ်ချင်းစာတော်မူပါသည်။ ခါနာန် အမျိုးသမီးတစ်ဦး၏ စိုးရိမ်ပူပန်နေသောစိတ်နှလုံးကို သက်သာမှုပေးရန် ခရီးပြင်း တစ်ခုကိုနှင်ခဲ့သောကိုယ်တော်သည် ယခုခေတ်မိခင်များအားလည်း ထိုနည်းအတိုင်း လုပ်ဆောင်ပေးတော်မူပါလိမ့်မည်။ နာဣနမြို့မှ မုဆိုးမ၏သေဆုံးနေသော သားက လေးအား ပြန်လည်ရှင်ပြန်စေ၍ မိခင်ကြီးအား ပြန်လည်ပေးအပ်ခဲ့သော ကိုယ် တော်ကပ်တိုင်ထက်တွင် ဒုက္ခဝေဒနာခံစား နေရသည့်အချိန်မှာပင် မိမိ၏မိခင်ကြီး အား သတိရတော်မူခဲ့သော ကိုယ်တော်သည် ယခုခေတ်မိခင်များ၏ ဝမ်းနည်းပူ ဆွေးမှုများကို သိရှိတော်မူခဲ့ပါသည်။ ခပ်သိမ်းသော ပူဆွေးဝမ်းနည်းမှုတိုင်းနှင့် လို အပ်ချက်တိုင်းတွင်  ကိုယ်တော်သည် မစကူညီ၍ နှစ်သိမ့်မှုကို ပေးတော်မူပါလိမ့် မည်။

         မိခင်များသည် မိမိတို့ခံစားနေရသော စိတ်ရှုပ်ထွေးမှုများနှင့်အတူ ခရစ် တော်ထံသို့ ချဉ်းကပ်ကြပါစေ။ သူတို့သည် ရင်သွေးငယ်များအတွက် စီစဉ်ဆောင် ရွက်မှုများတွင် လုံလောက်သောအကူအညီများကို ကိုယ်တော်ထံ၌တွေ့ရှိပါလိမ့် မည်။ ခရစ်တော်၏ခြေတော်ရင်းတွင် မိမိတို့၏ဝန်များကို ချထားမည့်မိခင်တိုင်းအ တွက် တံခါးဖွင့်ထားလျက်ရှိပါသည်။ ထိုသူငယ်တို့ကိုရှိစေတော့၊ ငါ့ထံသို့လာ သည်ကိုမဆီးတားကြနှင့်ဟု မိန့်တော်မူနေသော ကိုယ်တော်သည် မိမိတို့၏ရင် သွေးငယ်များအား ကောင်းချီးမင်္ဂလာခံယူရန် ချဉ်းကပ်လာသောမိခင်များအား ဖိတ် ခေါ်ဆဲဖြစ်ပါသည်။ ယုံကြည်ခြင်းအားဖြင့် ဆုတောင်းနေသော မိခင်၏ရင်ခွင်ထဲတွင် ရှိနေကြသော ကလေးငယ်များသည်လည်း တန်ခိုးတော်အရှင်၏ အရိပ်အောက်ဝယ် ခိုလှုံနိုင်ကြပါသည်။ နှစ်ခြင်းဆရာယောဟန်သည် မွေးကင်းစကတည်းက သန့်ရှင်း သောဝိညာဉ်တော်နှင့် ပြည့်၀ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်နှင့် မိတ်သ ဟာယဖွဲ့လျက် အသက်ရှင်ကြလိမ့်မည်ဆိုလျှင် ကျွန်ုပ်တို့၏ရင်သွေးငယ်များသည် ငယ်ရွယ်ချိန်မှစ၍ ဝိညာဉ်တော်၏ ပြုပြင်ပုံသွင်းမှုကိုခံရမည်ဟု မျှော်လင့်နိုင်ကြပါ သည်။

         သခင်ယေရှုသည် မိမိထံယူဆောင်လာကြသည့် ကလေးငယ်များတွင် ကရုဏာ၏ အမွေတော်ကိုခံရမည့်သူများ၊ နိုင်ငံတော်သို့ဝင်စားရမည့်သူများနှင့် မိမိ အတွက်မာတုရသေခြင်းဖြင့် အသက်ပေးသွားကြရမည့်သူများကို မြင်တွေ့တော်မူခဲ့ ပါသည်။ လောကပညာအရာများနှင့်ပြည့်စုံ၍ စိတ်နှလုံးမာကျောသည့် အသက်အ ရွယ်ကြီးရင့်သူများထက် ဤကလေးငယ်များသည် ကိုယ်တော်ရှင်စကားတော်ကို နားထောင်၍ ကိုယ်တော်ရှင်အား ကယ်တင်ရှင်အဖြစ် အလွယ်တကူလက်ခံကြလိမ့် မည်ဖြစ်ကြောင်းကို ယေရှုရှင်သိတော်မူပါသည်။ ကိုယ်တော်သည် ထိုသူငယ်များ နားလည်သဘောပေါက်နိုင်လောက်သော သင်ခန်းစာများကိုသာ သွန်သင်တော်မူပါ သည်။ ကောင်းကင်ဗိုလ်ခြေအရှင်ဖြစ်တော်မူသော ကိုယ်တော်သည် ၎င်းတို့၏ မေးများကိုမဖြေဆိုဘဲ မနေခဲ့ချေ။ သင်ခန်းစာများကိုလည်း သူတို့နားလည်သဘော ပေါက်စေရန်အတွက် ရှင်းလင်းပေးတော်မူခဲ့ပါသည်။ အနာဂတ်ကာလတွင် အစို့အ ညှောက်ပေါက်လာကာ ထာ၀ရအသက်ရရှိသည့်တိုင် အသီးအပွင့်သီးပွင့်စေမည့် သမ္မာတရားမျိုးစေ့များကို ၎င်းတို့၏စိတ်နှလုံးထဲတွင် ကိုယ်တော်ကြဲဖြန့်တော်မူခဲ့ပါ သည်။

         ယခုအချိန်တိုင်တည်ရှိနေသော အမှန်တရားတစ်ခုမှာ ကလေးငယ်များ သည် ဧဝံဂေလိတရားတော်၏ သွန်သင်ချက်များကို လက်ခံလွယ်ကြပြီး ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏တန်ခိုးတော်ကို ရရှိရန်ဖွင့်ဟထားကြကာ လက်ခံ ရရှိပြီးသောသင်ခန်းစာများကိုလည်း ဆက်လက်ထိန်းသိမ်းရန် ခွန်အားကောင်းကြ ခြင်းဖြစ်ပါသည်။ ကလေးငယ်များသည် ၎င်းတို့၏အသက်အရွယ်နှင့် လျော်ညီသော အတွေ့အကြုံတစ်ခုကို ပိုင်ဆိုင်ခြင်းဖြင့် ခရစ်ယာန်များ ဖြစ်လာနိုင်ကြပါသည်။ သူတို့ အားဝိညာဉ်ရေးနှင့် ပတ်သက်သောအရာများကိုသိရှိရန် ပညာပေးဖို့လိုပါသည်။ ၎င်း ပြင်၊ ထိုကလေးငယ်များအနေဖြင့် ခရစ်တော်၏စာရိတ္တတော်နှင့် တူညီသည့် စာရိတ္တ မျိုးကို တည်ဆောက်စေနိုင် သည့်အခွင့်အရေးတိုင်းကို မိဘများက၎င်းတို့အား ပေး အပ်သင့်ပါသည်။

         အမိအဖများအနေဖြင့် မိမိတို့၏ရင်သွေးငယ်များအား ကောင်းကင်နိုင်ငံ တော်ကိုဝင်စားရန်အတွက် ပညာပေးရန်ဆက်ကပ်ထားသော ကောင်းကင်နိုင်ငံ တော်၏ မိသားစုမှ ငယ်ရွယ်သောအဖွဲ့ဝင်များအဖြစ် ရှုမြင်သင့်ကြပါသည်။ ကျွန်ုပ် တို့သည်ခရစ်တော်ထံတွင်  မိမိကိုယ်တိုင်လေ့ကျက်သင်ယူထားသည့် သင်ခန်းစာ များဖြစ်သည့် ကောင်းကင်နိုင်ငံမှစည်းမျဉ်းများ၏ တင့်တယ်မှုများကို နည်းနည်းချင်း ဖွင့်ဟပြောလျက် ၎င်းတို့နားလည်နိုင်သမျှကို သွန်သင်သင့်လှပေသည်။ ထိုနည်း အားဖြင့် ခရစ်ယာန်အိမ်ထောင်သည် ခရစ်တော်ကိုယ်တော်တိုင် သင်တန်းနည်းပြ ချုပ်အဖြစ်ဆောင်ရွက်၍ မိဘများကလက်ထောက်ဆရာများအဖြစ် တာဝန်ထမ်း ဆောင်သည့် စာသင်ကျောင်းတစ်ကျောင်း အသွင်ဆောင်လာပါသည်။

         ရင်သွေးငယ်များ၏ ဝိညာဉ်ရေးပြောင်းလဲမှုအတွက် လုပ်ဆောင်ရာတွင် ပြစ်မှနောင်တရခြင်းအတွက် အရေးပါသော အထောက်အထားတစ်ခု အနေဖြင့်  ပြင်းထန်သောစိတ်လှုပ်ရှားမှုကို တွေ့မြင်ရန်မမျှော်လင့်သင့်ကြချေ။ မည်သည့်အ ချိန်တွင် ပြောင်းလဲခဲ့သည်ကို သိရှိရန်မှာလည်း အဓိကမဟုတ်ပါချေ။ ကျွန်ုပ်တို့အ နေဖြင့် ၎င်းတို့အား သွန်သင်သင့်သောအရာမှာ ကိုယ်တော်ရှင်သည် ၎င်းတို့၏ ပြစ်များကိုခွင့်လွှတ်တော်မူ၍ သက်တော်ထင်ရှားစဉ်က ကလေးငယ်များကို လက်ခံ ကြိုဆိုတော်မူသကဲ့သို့ ၎င်းတို့အား ကြိုဆိုလက်ခံတော်မူသည်ဟု ယုံကြည်လျက် ခရစ်တော်ထံတွင် မိမိတို့၏အပြစ်များကို ဝန်ချတောင်းပန်စေရန် သွန်သင်ပေးသင့် ပါသည်။

         မိခင်သည် မိမိအားချစ်သည့်အတွက်ကြောင့် မိမိ၏စကားကိုနားထောင် လိုက်လျှောက်ရန် သားသမီးများအားသွန်သင်နေစဉ်တွင် သူမသည်၎င်းတို့အား ခရစ်ယာန်အသက်တာ၏ ရှေးဦးပထမသင်ခန်းစာများကို သွန်သင်ပေးနေခြင်းဖြစ် ပါသည်။ မိခင်မေတ္တာသည် ထိုကလေးငယ်အပေါ်ထားရှိသည့် ခရစ်တော်၏မေတ္တာ တော်ကို ပုံဆောင်ပါသည်။ မိခင်ကြီးအား ကိုးစားနားထောင်သော ကလေးငယ်တိုင်း သည် ကယ်တင်ရှင်အားကိုးစားနားထောင်ရန် လေ့ကျက်နေကြခြင်းဖြစ်ပါသည်။

         သခင်ယေရှုသည် ကလေးငယ်များအတွက် ပုံစံနမူနာဖြစ်သကဲ့သို့၊ ဇခင် များအတွက်လည်း ပုံစံနမူနာဖြစ်တော်မူပါသည်။ ကိုယ်တော်သည် အာဏာတန်ခိုး ရှိသူတစ်ဦးကဲ့သို့မိန့်တော်မူ၍ နှုတ်ထွက်စကားများသည် တန်ခိုးတော်နှင့်ပြည့်စုံ တော်မူ၏။ သို့ရာတွင် ကြမ်းတမ်းခက်ထန်သောသူများနှင့် ပေါင်းသင်းဆက်ဆံသော အခါတိုင်းတွင် ကြင်နာမှုကင်းသော (သို့မဟုတ်) ရိုင်းစိုင်းသော အသုံးအနှုန်းတစ် လုံးကိုမျှ အသုံးမပြုခဲ့ချေ။ နှလုံးသားထဲတွင်ရှိသော ခရစ်တော်၏ကျေးဇူးတော်သည် ကောင်းကင်မှဖြစ်ဖွားစေတော်မူသော သိက္ခာတော်နှင့်ထူးခြားသည့် ဂုဏ်သတ္တိများ ကို မျှဝေပါလိမ့်မည်။ ထိုကရုဏာတော်သည် မည်သည့်ခက်ထန်ကြမ်းတမ်းမှုမျိုးကို မဆို နူးညံ့ပျော့ပျောင်းစေလိမ့်မည်ဖြစ်ပြီး ရိုင်းစိုင်းမှုများနှင့် အကြင်နာကင်းမဲ့မှုများ အားလုံးကို ချေမှုန်းပစ်လိမ့်မည်ဖြစ်ပါသည်။ ထိုကရုဏာတော်သည် အမိအဖများ အား ကိုယ်၌သူတစ်ပါး ပြုစေလိုသည့်အတိုင်း၊ သတိပညာရှိသူများပီပီ သားသမီး များအပေါ် ပြုမူဆက်ဆံကြပါလိမ့်မည်။

         မိဘများတို့၊ သင်တို့၏သားသမီးများကို လေ့ကျင့်ပညာပေးခြင်း အရာတွင် သဘာ၀တရား၌ရှိသည့် ဘုရားသခင်ပေးသနားတော်မူသော သင်ခန်းစာများကို လေ့ လာပါ။ သင်သည် ဇော်မွှားပန်း (သို့မဟုတ်) နှင်းဆီပန်း (သို့မဟုတ်) ခတ္တာပန်းက လေးများကို ပြုပြင်ပေးရမည်ဆိုလျှင် မည်ကဲ့သို့ လုပ်ဆောင်ပါမည်နည်း။ ထိုကဲ့သို့ အကိုင်းအခက်များလှပ၍ အချိုးအစားကျနစွာ ချစ်စရာအသွင်ဖြစ်အောင် မည်ကဲ့သို့ လုပ်ဆောင်ရသည်ကို ဥယျာဉ်မှူးအားမေးပါလေ။ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် လုပ်ဆောင်ခြင်း၊ ပြင်းထန်စွာကြိုးစားခြင်းအားဖြင့် သစ်ကိုင်း၊ သစ်ရွက်များအားဖွံ့ ဖြိုးတိုးတက်အောင် လုပ်ဆောင်၍မရကြောင်း၊ အကြောင်းမူကား၊ ထိုကဲ့သို့လုပ် ဆောင်ခြင်းသည် နုနယ်သောပင်စည်များကို ကျိုးပဲ့စေရုံသာဖြစ်စေလိမ့်မည် ဖြစ် ကြောင်းများကို ဥယျာဉ်မှူးကသင့်အားပြော ပြပေလိမ့်မည်။ ထိုအရာကို ဂရုမမူမိ ကြသည့်အတွက် ထိုအမှားကိုထပ်ခါတလဲလဲ ကျူးလွန်မိခဲ့ကြပါသည်။ ဥယျာဉ်မှူး သည် မြေကိုစိုစေပြီး၊ ပေါက်လာသည့် အပင်များအား ပြင်းထန်သော လေပြင်း တိုက်ခိုက်မှုများနှင့် နေလောင်မှုများမှ ကာကွယ်ပေးပါသည်။ ဘုရားသခင်သည် ထိုအပင်များအား ကြီးပွားတိုးတက်စေ၍ လှပသောအသွင်ဖြင့် ပွင့်လန်းစေတော်မူခဲ့ ပါသည်။ သင်၏သားသမီးများကို ပြုစုပျိုးထောင်ရာတွင်လည်း ဥယျာဉ်မှူး၏ နည်းစ နစ်အတိုင်း လိုက်နာကျင့်ဆောင်ကြပါ။ နူးညံ့သိမ်မွေ့သော ထိတွေ့မှုများအားဖြင့် သော်လည်း ကောင်း၊ နှစ်လိုဖွယ်သောလုပ်ဆောင်မှုများအားဖြင့်သော်လည်းကောင်း ၎င်း တို့၏စာရိတ္တကို ခရစ်တော်၏စာရိတ္တတော်ပုံစံနမူနာအတိုင်းဖြစ်လာစေရန် ကြိုးစားလုပ်ဆောင်ကြပါ။

         ထာ၀ရဘုရားအားသော်လည်းကောင်း၊ လူသားအချင်းချင်းအားသော်လည်း ကောင်း မေတ္တာပြရန်အားပေးတိုက်တွန်းပါ။ ကမ္ဘာပေါ်ရှိလူများစွာတို့အား စိတ်နှလုံး မာကျောစေသည့်အကြောင်းအရင်းမှာ စစ်မှန်သောချစ်ခင်စုံမက်ခြင်းကို အားနည်း ချက်တစ်ရပ်အနေဖြင့် မှတ်ယူတတ်ကြခြင်းကြောင့်ဖြစ်ပြီး ထိုကဲ့သို့သော ချစ်ခင်မှု မျိုးကိုအားမပေးခြင်း၊ ဖိနှိပ်ထားခြင်းတို့ကြောင့်ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်များ၏ ကောင်း မွန်သောသဘာ၀များကို ကလေးငယ်ဘ၀မှာပင် ပျောက်ပျက်ခန်းခြောက်စေခဲ့ကြပါ သည်။ ဘုရားသခင်၏ မေတ္တာတော်အလင်းသည် ၎င်းတို့၏စိမ်းကားသော အတ္တ စိတ်များကိုမချေဖျက်ခဲ့ပါလျှင် ၎င်းတို့၏ပျော်ရွှင်မှုများသည် ထာ၀ရပျက်သုဉ်းသွား ပေလိမ့်မည်။ ကျွန်ုပ်တို့၏ သားသမီးများအား ခရစ်တော်၏နူးညံ့သော စိတ်သဘော ထားနှင့် ကျွန်ုပ်တို့အပေါ်တွင် ကောင်းကင်တမန်များထားရှိသော ကြင်နာသော စိတ် ထားများကို ပိုင်ဆိုင်လိုကြပါလျှင် ကျွန်ုပ်တို့သည် ကလေးများ၏ ရက်ရော၍နှစ်လို ဖွယ် သောစိတ်သဘောထားများကို အားပေးကြရပါမည်။

         သဘာ၀တရားတွင်ရှိတော်မူသော ခရစ်တော်ကိုကြည့်ကြရန်သား သမီးများ အားသွန်သင်ပါ။ ၎င်းတို့အားလေဟာပြင်ထဲသို့လည်းကောင်း၊ သစ်ပင်ကြီးများ၏ အရိပ်အောက်သို့လည်းကောင်း၊ ဥယျာဉ်များထဲသို့လည်းကောင်း၊ ဖန်ဆင်းထား သည့် အံ့ဖွယ်လက်ရာတော်များ တည်ရှိနေသည့်နေရာ များသို့လည်းကောင်း ခေါ် ဆောင်သွား၍ ထိုအရာများတွင်ရှိတော်မူသည့် ကိုယ်တော်၏မေတ္တာတော်များကို ကြည့်ရှုရန်သွန်သင်ပါလေ။ ကိုယ်တော်သည် ဝေနေယျသတ္တဝါအားလုံးကို ထိန်းချုပ် ထားသည့် နိယာမတရားများကို ပြုတော်မူသောသူဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၌ရှိသောကျွန်ုပ်တို့အတွက် ဥပဒေစည်းမျဉ်းများသည်လည်း၊ ကျွန်ုပ်တို့ အားလုံးပျော်ရွှင်သာယာစေဖို့ရန် အတွက်ဖြစ်ကြောင်းကိုလည်းကောင်း ၎င်းတို့သိရှိ ရန်သွန်သင်ပါလေ။ ငြီးငွေ့ဖွယ်ကောင်းသော ရှည်လျားသည့် ဆုတောင်းချက်များ အားဖြင့်လည်းကောင်း၊ မသွန်သင်ကြဘဲ သဘာ၀၏သရုပ်ပြသင်ခန်းစာများအားဖြင့် ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာစောင့်ရှောက်ရန် သွန်သင်ပါလေ။

         သူတို့သည် သင့်အားခရစ်တော်၏ နောက်လိုက်အဖြစ် ယုံကြည်စိတ်ချသွား သောအခါ ကျွန်ုပ်တို့အပေါ်ထားရှိသည့် ကိုယ်တော်၏မဟာမေတ္တာတော် အကြောင်း ကို ၎င်းတို့အားသွန်သင်ရန် လွယ်ကူသွားပါလိမ့်မည်။ သင်သည် ရင်သွေးငယ်များ အား ကယ်တင်ခြင်းနှင့်ဆိုင်သော သမ္မာတရားများကို ရှင်းလင်းသင်ကြားရန် ကြိုးစား နေစဉ်တွင်လည်းကောင်း၊ ခရစ်တော်အား ၎င်းတို့၏ပုဂ္ဂလိက ကယ်တင်ရှင်အဖြစ် ပြညွှန်စဉ်တွင်လည်းကောင်း ကောင်းကင်တမန်များသည် သင်၏အပါးတွင်ရှိကြပါ လိမ့်မည်။ လောကကမ္ဘာ၏ မျှော်လင့်ချက်ဖြစ်တော်မူထသော ဗက်လင်မြို့မှ သူငယ် တော်၏အဖိုးထိုက်တန်သော အဖြစ်အပျက်ကလေးကို ရင်သွေးငယ်လေးများ စိတ် ဝင်စားစေရန် ထာ၀ရဘုရားသခင်သည် မိခင်ဖခင်များအား ကရုဏာတော်ကို ပေး သနားတော်မူပါသည်။

         သခင်ယေရှုသည် မိမိထံသို့တိုးဝင်ချဉ်းကပ်လာကြသော ကလေးသူငယ် များအား၊ မဆီးတားရန် တမန်တော်များအား မိန့်တော်မူခြင်းအရာတွင် ခေတ်အ ဆက်ဆက်အသက်ရှင်နေထိုင်ကြသည့် အသင်းတော်ခေါင်းဆောင်များ၊ တရားဟော ဆရာများ၊ ကူညီမစသူများနှင့် ခရစ်ယာန်အားလုံးတို့အားလည်း မိန့်တော်မူနေခြင်း ဖြစ်ပါသည်။ ကိုယ်တော်သည် ကလေးသူငယ်များအား မိမိထံသို့ဆွဲယူတော်မူလျက်၊ ငါ့ထံသို့လာနေကြသော ကလေးသူငယ်များကို မဆီးတားကြနှင့်ဟု မိန့်တော်မူနေပါ သည်။ သင်တို့မဆီးတာလျှင်၊ သူတို့သည် ငါ့ထံသို့လာကြလိမ့်မည် ဟူသောသ ဘောမျိုးကိုဆောင်လျက် မိန့်တော်မူနေခြင်းဖြစ်ပါသည်။

         ခရစ်တော်နှင့်မတူသည့် သင်၏အကျင့်စာရိတ္တဖြင့် သခင်ယေရှုအား မှား ယွင်းစွာရုပ်လုံးမဖော်မိပါစေနှင့်၊ သင်၏အကြင်နာကင်းမဲ့ခြင်းများ၊ ကြမ်းတမ်းခက် ထန်ခြင်းများအားဖြင့် ကလေးများအား ကိုယ်တော့်ထံမှ ဝေးကွာမသွားပါစေနှင့်၊ ကောင်းကင်နိုင်ငံတော်တွင် သင်ရှိနေမည်ဆိုလျှင် ကောင်းကင်နိုင်ငံတော်သည် ၎င်း တို့အတွက် မနှစ်မြို့စရာနေရာတစ်ခုအဖြစ် မမှတ်ထင်ပါစေနှင့်။ ဘာသာတရားကို ကလေးငယ်များ နားမလည်နိုင်သော အရာတစ်ခု ဖြစ်သည့်အနေဖြင့် မပြောဆိုပါ နှင့်၊ (သို့မဟုတ်) ၎င်းတို့သည် ငယ်ရွယ်စဉ်ကလေးဘ၀တွင် ခရစ်တော်အား လက် ခံမည်ဟု မမျှော်လင့်သည့်အမူအရာများကို မပြပါနှင့်။ ခရစ်တော်၏ဘာသာတရား သည် ငြီးငွေ့ဖွယ်ကောင်းသော ဘာသာတရားဖြစ်ကြောင်း၊ ကယ်တင်ရှင်ထံသို့ ချဉ်းကပ်လာသည့်အတွက် အသက်တာ၏ ဝမ်းမြောက်ဖွယ်ရာအားလုံးကို စွန့်ပစ်ရ မည်ဖြစ်ကြောင်း စသည့်မှားယွင်းသည့် ခံစားချက်များဖြစ်စေသည့် အရာများကို မပြု လုပ်ပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုကလေးသူငယ်များ၏ စိတ်နှလုံး၌ လှုပ်ရှားနေစဉ်တွင် ဝိညာဉ်တော်၏လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်ပါ။ ကယ် တင်ရှင် သည် ၎င်းတို့အားခေါ်တော်မူလျက်ရှိကြောင်း ၎င်းတို့၏ပျိုမြစ်နုနယ်သော အရွယ်တွင် မိမိကိုယ်ကို ကိုယ်တော်ရှင်အား ဆက်ကပ်ခြင်းအမှုထက်သာ၍ ဝမ်း မြောက်ဖွယ်သောအရာ ကိုယ်တော်၌မရှိနိုင်ကြောင်းများကို ၎င်းတို့အား သွန်သင်ပါ။

         ကယ်တင်ရှင်သည် မိမိ၏အသွေးတော်ဖြင့် ဝယ်ယူတော်မူခဲ့သော ထိုအ သက်ဝိညာဉ်များကို အနန္တနူးညွှတ်သောစိတ်ဖြင့် ဂရုပြုတော်မူပါသည်။ ထိုသူများ သည် မေတ္တာတော်၏ ပိုင်ဆိုင်ခွင့်ရသူများဖြစ်ကြပါသည်။ ကိုယ်တော်သည် ထိုသူ ငယ်များအား အလွန်တောင့်တသော စိတ်ဖြင့်မျှော်ကြည့်တော်မူ၏။ ကိုယ်တော် သည် ရည်မွန်သောကလေးသူငယ်များကိုသာမက၊ မွေးရာပါအပြစ် ဆိုစရာရှိသော သူငယ်များကိုပါ ချစ်ခင်မြတ်နိုးတော်မူပါသည်။ ကလေးငယ်များ၏ အကျင့်ဆိုး ကလေးများအတွက် မိမိတို့တွင်မည်မျှတာဝန်ရှိကြောင်းကို များစွာသောမိဘများက နားမလည်ကြချေ။ သူတို့ကဲ့သို့ဖြစ်လာရန် မှားယွင်းစွာပုံသွင်းလိုက်သော လူဆိုးက လေးများကို မည်ကဲ့သို့ပြုပြင်ပြောင်းလဲပစ်ရန် အတွက်လည်း၊ သူတို့၌အကြင်နာတ ရားနှင့် ဥာဏ်ပညာများမရှိကြချေ။ သို့သော်လည်း၊ ခရစ်တော်သည် ထိုသူငယ် ကလေးများကို သနားခြင်းကရုဏာနှင့် မျှော်ကြည့်တော်မူ၍ ထိုကဲ့သို့ဖြစ်ရခြင်း၏ အကြောင်းအကျိုးကို ဆင်ခြင်တော်မူပါသည်။

         ကလေးသူငယ်များကို ခရစ်တော်ထံသို့ ဆွဲယူတော်မူခြင်းအမှုတွင် ခရစ် ယာန်အမှုတော်ဆောင်တစ်ဦးသည် ခရစ်တော်၏ကိုယ်စားလှယ်တစ်ဦး ဖြစ်နိုင်ပါ သည်။

         ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏ ဟူ၍ပြော ဆိုလာနိုင်စေရန်အလိုငှာ၊ သူသည်ဥာဏ်ပညာနှင့် ပါးနပ်လိမ္မာမှုများကို အသုံးပြု လျက် ၎င်းတို့အားဆွဲဆောင်နိုင်ပါသည်။ ရဲစွမ်းသတ္တိနှင့် မျှော်လင့်ချက်များကို ပေး စွမ်းနိုင်ပါသည်။ ခရစ်တော်၏ ကရုဏာတော်အားဖြင့်၎င်း တို့၏အကျင့်စာရိတ္တများ ပြောင်းလဲလာသည်ကိုလည်း ရှုမြင်ခွင့်ရနိုင်ပါသည်။

 


No comments:

Post a Comment