Wednesday, April 22, 2026

အခန်းကြီး - ၅၉။ ယဇ်ပုရောဟိတ်များ၏မတရားကြံစည်မှုများ

 

ယဇ်ပုရောဟိတ်များ၏မတရားကြံစည်မှုများ

 

         ရှင်ယောဟန် ၁၁း၄၇-၅၄ ကိုအခြေပြုထားပါသည်။

 

         ဗေသနိရွာသည် ယေရုရှလင်မြို့နှင့်နီးသည့်အတွက် လာဇရုအားထမြောက် စေခဲ့သည့်သတင်းသည် ထိုမြို့သို့မကြာမီတွင် ရောက်ရှိလာခဲ့ပါသည်။ ယုဒလူအ ကြီးအကဲများသည် နိမိတ်လက္ခဏာများကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရသော မိမိတို့ သူလျှိုများမှတစ်ဆင့် သတင်းအစုံအလင်ကို လျင်မြန်စွာရရှိခဲ့ပါသည်။ ထို့ ကြောင့်မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ရန် ဆန်ဟီဒရင်အဖွဲ့၏ အစည်းအဝေးတစ်ခုကို ချက်ချင်းခေါ်ယူကျင်းပခဲ့ပါသည်။ မိမိသည် သေခြင်းနှင့် သချုØင်းများအပေါ် ထိန်းချုပ်ထားကြောင်းကို ယခုတွင်ခရစ်တော်သည် လုံးလုံးထင် ရှားစေတော်မူခဲ့ပေပြီ။ ဘုရားသခင်သည်လူသားများ၏ ကယ်တင်ခြင်းအတွက် သား တော်အား ဤလောကသို့ စေလွှတ်တော်မူသည်ကို ထင်ရှားစေရန် လူသားများအား ဘုရားသခင်ပေးတော်မူသည့် အထောက်အထားများတွင် ကြီးကျယ်သော ဤနိမိတ် လက္ခဏာသည် အထွတ်အထိပ်ဖြစ်သော သက်သေအထောက်အထား တစ်ခုဖြစ်ပါ သည်။ ဘုရားဇာတိတော်အား သရုပ်ဖော်သည့် ဤနိမိတ်လက္ခဏာကြီးသည် ဆင် ခြင်တုံတရား၏ ထိန်းချုပ်မှုအောက်တွင်ရှိ၍ အသိဥာဏ်ရှိသောသူများအဖို့ သဘော ပေါက်ရန် လုံလောက်သော နိမိတ်လက္ခဏာတစ်ခုဖြစ်ပါသည်။ လာဇရု၏ ထမြောက် ခြင်းကို မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့သူများတို့သည် သခင်ယေရှုအား ယုံကြည်သက် ဝင်ခဲ့ကြပါသည်။ သို့ရာတွင် ယဇ်ပုရောဟိတ်များ၏ မုန်းတီးမှုများမှာလည်း ပြင်းထန် လာခဲ့ပါသည်။ သူတို့သည် ကိုယ်တော်၏ ဘုရားဇာတိတော်နှင့်ပတ်သက်သည့် သာ၍သေးငယ်သော သက်သေအထောက်အထားများကို ငြင်းပယ်ခဲ့ကြပြီး ဤနိ မိတ်လက္ခဏာအသစ်အတွက်လည်း အမျက်ဒေါသထွက်ခဲ့ကြပါသည်။ ကိုယ်တော် သည်လူသေကောင်ကြီးကို နေ့ခင်းကြောင်တောင်အချိန်ကြီးတွင်များစွာသော သက် သေများရှေ့မှောက်၌ ထမြောက်စေတော်မူခဲ့ပါသည်။ မည်သည့်ပရိယာယ်ဥာဏ် ဆင်မှုကမျှ ဤအထောက်အထားမျိုးကို မချေဖျက်နိုင်ပါချေ။ ထို့ကြောင့်ပင် ယဇ်ပု ရောဟိတ်များ၏ ရန်ငြိုးထားမှုသည် မခံမရပ်နိုင်အောင် ကြီးထွားခဲ့ပါသည်။ သူတို့ သည် ခရစ်တော်အမှုတော်ကို ရပ်တန့်ပစ်ရန် ယခင်ကထက်ခိုင်မာစွာ ဆုံးဖြတ်ခဲ့ကြ ပါသည်။

         ဇဒ္ဒုကဲများသည် ခရစ်တော်ကို နှစ်သက်ကြသည်မဟုတ်သော်လည်း ဖာရိရှဲ များလောက် ကိုယ်တော်အား အာဃာတမထားခဲ့ကြချေ။ သူတို့၏မုန်းတီးမှုများ သည် များစွာမပြင်းထန်လှချေ။ သို့ရာတွင် ယခုမူကား၊ သူတို့သည် ထိုသတင်း ကြောင့် အလန့်တကြားဖြစ်ခဲ့ကြရပါသည်။ အကြောင်းမှာ ၎င်းတို့သည် ရှင်ပြန်ထ မြောက်ခြင်းကို မယုံကြည်ကြသောကြောင့်တည်း။ သိပ္ပံပညာဟုခေါ်သည့် ပညာတစ် ခုကိုတီထွင်လျက် သေနေသောရုပ်ကလာပ်တစ်ခုကို အသက်ပြန်ဝင်အောင် လုပ် ရန်မှာ လုံးလုံးမဖြစ်နိုင်သော အရာဖြစ်သည်ဟု သူတို့ဆင်ခြင်တွေးတောခဲ့ကြပါ သည်။ သို့ရာတွင် ၎င်းတို့၏စာတွေ့သွန်သင်ချက်တစ်ခုသည် ခရစ်တော်၏ နှုတ် ထွက်စကားအနည်းငယ်အားဖြင့် ပျက်ပြုန်းခဲ့ရပါသည်။ ထိုဇဒ္ဒုကဲများသည် သမ္မာ ကျမ်းစာကိုသော်လည်းကောင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကိုလည်းကောင်း မသိ နားမလည်ကြကြောင်း ထင်ရှားစေခဲ့ကြပါသည်။ ထိုနိမိတ်လက္ခဏာကြောင့် လူတို့၏ စိတ်တွင်စွဲမြဲနေသော ခံစားချက်များကို ပျောက်ပျက်သွားအောင် ၎င်းတို့လုပ်နိုင် စွမ်းမရှိကြောင်းကိုလည်း သူတို့တွေ့မြင်ခဲ့ကြရပါသည်။ သင်္ချိုင်းတွင်းမှလူသေများကို ရှင်ပြန်ထမြောက် စေခဲ့သောကိုယ်တော်ကို မည်သူကျောခိုင်းနိုင်မှာလဲ။ လိမ်ညာ သောသတင်းများ ကိုဖြန့်ဝေခဲ့ကြသော်လည်း ဤနိမိတ်လက္ခဏာကို မည်သူမျှမ ငြင်းပယ်နိုင်ကြချေ။ ထိုနိမိတ်လက္ခဏာ၏ အကျိုးသက်ရောက်မှုများကို မည်သို့ တားဆီးဟန့်တားရမည်ကိုလည်း သူတို့မသိရှိခဲ့ကြချေ။ ထိုအချိန်မတိုင်မီအထိ ဇဒ္ဒု ကဲများသည် ခရစ်တော်အား အဆုံးစီရင်ပစ်မည့်အကြံအစည်ကို အားမပေးခဲ့ကြ သော် လည်း လာဇရုအားထမြောက်စေပြီးသည့်အချိန်မှစ၍ မိမိတို့အားရဲရဲတင်းတင်း ဆန့်ကျင်နေမှုများအား ကိုယ်တော်ကိုအဆုံးစီရင်ပစ်ခြင်းအားဖြင့်သာ ရပ်တန့်သွား လိမ့်မည်ဟု သူတို့ဆုံးဖြတ်ခဲ့ကြပါသည်။

         ဖာရိရှဲများအနေနှင့် ထမြောက်ခြင်းအကြောင်းကို ယုံကြည်ကြသဖြင့်  ထို သူများ၏ဖြောင့်မတ်ခြင်းတရားကို ပမာပြုတော်မမူခဲ့ချေ။ ဘုရားသခင်၏သားသမီး များဖြစ်လာကြမည့်သူများအားလုံးတွင် ရှိရမည့်၎င်းတို့၏ဖြောင့်မတ်ခြင်း တရားထက် အလွန်သာလွန်ကောင်းမွန်သည့်တရားတော်ကို ကိုယ်တော်ဟော ကြားခဲ့ပါသည်။ အပြစ်သားများသည် ထိုသူများ၏ လုပ်နည်းလုပ်ဟန်များနှင့် ဝိနည်းထုံးဖွဲ့များကို ဂရုမပြုဘဲ သနားခြင်းကရုဏာနှင့်ပြည့်စုံသော အဖကဲ့သို့ သောထာ၀ရဘုရားထံသို့ တိုက်ရိုက်ချဉ်းကပ်၍ မိမိတို့လိုလားသောအရာများ ကိုတင်ပြကြရန် ကိုယ်တော်အား ပေးတော်မူခဲ့ဖူးပါသည်။ ထို့ကြောင့် ကိုယ်တော်သည် ၎င်းတို့၏ ယဇ်ပုရောဟိတ် လုပ်ငန်းကို ဘေးသို့ဖယ်ထားသည်ဟုသူတို့ ထင်မြင်ယူဆခဲ့ကြပါသည်။ ကိုယ်တော် သည် ယုဒဘာသာရေးကျောင်းများမှ သင်ကြားသည့် ဘုရားသခင်၏ဇာတိတော်နှင့် ဘာသာဝါဒယုံကြည်ခြင်း အခြေအမြစ်ကို စနစ်တကျလေ့လာသည့် ဘာသာရပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပါသည်။ ယဇ်ပုရောဟိတ်များ၏ ဒုစရိုက်နှင့် အကျင့် ဓလေ့များကို ထုတ်ဖော်ခဲ့ပြီး ၎င်းတို့၏ဩဇာသက်ရောက်မှုကို မဆယ်နိုင်အောင် ထိခိုက်စေခဲ့ပါသည်။ ၎င်းတို့သည် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ စည်းမျဉ်းဥပဒေကို တင်းကျပ်စွာလိုက် နာစေကြသော်လည်း ဘုရားသခင်၏ပညတ်တော်ကို ချန်လှပ် ထားကြောင်း ဖွင့်ဆိုလျက် ၎င်းတို့၏နီတိ (လမ်းညွှန်ချက်) များနှင့် ထုံးတမ်းစဉ်လာ ရပ် များ၏အကျိုးသက်ရောက်မှုများကို ထိခိုက်စေခဲ့ပါသည်။ စာတန်သည် ထိုအရာ အားလုံးကို ယခုအချိန်တွင် ၎င်းတို့အားပြန်လည်သတိရစေခဲ့ပါသည်။ တန်ခိုးအာ ဏာများကို ဆက်လက်ထန်းချုပ်ထားနိုင်စေရန်အလို့ငှာ ခရစ်တော်ကို အဆုံးစီရင် ပစ်ရမည်ဟု စာတန်က၎င်းတို့အားတိုက်တွန်းခဲ့ရာ ထိုအကြံပေး တိုက်တွန်းချက်ကို သူတို့လိုက်နာခဲ့ကြပါသည်။ ထိုစဉ်က ၎င်းတို့ကျင့်သုံး နေသောဩဇာအာဏာများ လက်လွှတ်ဆုံးရှုံးနိုင်သည်ဟူသောအချက်သည် အချို့ဆုံးဖြတ်ချက်များကို ပြုရန်အ တွက် လုံလောက်သော အကြောင်းပြချက်ဖြစ်သည်ဟု သူတို့ထင်မြင်ယူဆခဲ့ကြပါ သည်။ မိမိတို့စိတ်ထဲတွင်ရှိနေသော အရာများကို ဖွင့်မပြောရဲသော လူနည်းစုမှလွဲ၍ ကျန်ဆန်ဟီဒရင်အဖွဲ့ဝင်များသည် ကယာဖ၏စကားများကို ဘုရားသခင်၏ နှုတ်က ပတ်တော်ကဲ့သို့ခံယူခဲ့ကြပါသည်။ ထိုအစည်းအဝေးတွင် စိတ်ဝမ်းကွဲမှုများရပ်စဲသွား ပြီး ပြန်လည်စည်းလုံးမိလာကာ ခရစ်တော်အား အခွင့်သာလျှင်သာချင်း အဆုံးစီ ရင်ပစ်ရန် သန္နိဌာန်ချခဲ့ကြပါသည်။ ဤယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲ များသည် ယေရှု၏ဘုရားဇာတိတော်ကို ထင်ရှားစေသည့်အရာအား ငြင်းပယ်ခြင်း အားဖြင့် ထိုးဖောက်ဝင်ရောက်ခြင်းငှာ မစွမ်းနိုင်လောက်အောင် မှောင်မည်းနေ သောအမှောင်ထုကြီးထဲတွင် မိမိကိုယ်ကိုလှောင်ထားခဲ့ကြပါသည်။ ထာ၀ရပျက်စီး ဆုံးရှုံးလုနီးအခြေသို့ရောက်အောင် စာတန်၏ပို့ဆောင်ခြင်းကိုခံရန် သူတို့သည် ၎င်း တို့၏စိုးရိမ်မှုအောက်တွင် လုံးလုံးရောက်ရှိလာခဲ့ပါသည်။ သို့ရာတွင် သူတို့သည် မိမိ တို့၏ဆုံးဖြတ်ချက်များအတွက် နှစ်ထောင်းအားရရှိလှ သည်ဆိုသည်မှာ လိမ်ညာမှု တစ်ရပ်သာဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့သည် နိုင်ငံတော်ကို ကယ်တင်ရန်ကြိုးစား လျက်ရှိသော မျိုးချစ်ရဲဘော်များအဖြစ် ကိုယ့်ကိုကိုယ်မှတ်ယူခဲ့ကြပါသည်။

         လူထုကြီးသည်အုံကြွလာပြီး ခရစ်တော်အတွက် ရည်စူးထားသည့် အကြမ်း ဖက်မှုသည် မိမိတို့အပေါ်သို့ ကျရောက်လာမည်ကိုစိုးသဖြင့် ဆန်ဟီဒရင်အဖွဲ့သည် ခရစ်တော်အားလုပ်ကြံရန်ကိစ္စကို အလျင်စလိုလုပ်ရန်စိုးရွံ့ ခဲ့ကြပါသည်။ ဤအ ကြောင်းကြောင့် ဤကောင်စီသည် မိမိတို့ချမှတ်ခဲ့သည့် အပြစ်ဒဏ်ကိုစီရင်ရန် နှောင့်နှေးခဲ့ပါသည်။ ကယ်တင်ရှင်သည် ထိုယဇ်ပုရောဟိတ်များ၏ အကြံအစည်ကို သိရှိနားလည်တော်မူခဲ့ပါသည်။ ၎င်းတို့သည် မိမိအားဖယ်ရှားလိုကြသည်ကိုလည်း ကောင်း၊ ၎င်းတို့၏အကြံအစည်သည်လည်း မကြာမီတွင်အထမြောက်လိမ့်မည်ကို လည်းကောင်း ကိုယ်တော်သိရှိတော်မူခဲ့ပါသည်။ သို့ရာတွင် ထိုအကျပ်အတည်းကာ လကို မြန်မြန်ရောက်အောင်လုပ်ရန်မှာ မိမိ၏အလုပ်မဟုတ်ချေ။ ထို့ကြောင့် ကိုယ်တော်သည် တမန်တော်များကိုခေါ်တော်မူ၍ ထိုဒေသမှထွက်ခွာသွားတော်မူခဲ့ ပါသည်။ တစ်မြို့၌သင်တို့ကိုညှဉ်းဆဲလျှင် တစ်မြို့သို့ပြေးကြလော့ ဟူ၍ သွန်သင် ခဲ့ ဖူးသောအရာကို မိမိ၏အသက်တာပုံစံအားဖြင့် ခရစ်တော်သည် တမန်တော်များ အား တစ်ဖန်သွန်သင်တော်မူပြန်သည်။ အသက်ဝိညာဉ်များအား ကယ်တင်ဖို့လုပ် ဆောင်ရန်နေရာများစွာရှိပါသည်။ ဘုရားသခင်အား သစ္စာစောင့်သိမှုအတွက် တောင်းဆိုချက်မဟုတ်လျှင် ဘုရားသခင်၏အစေခံများသည် မိမိတို့၏အသက်များ ကို ဘေးသင့်ရောက်စရာမလိုပါချေ။

         ယခုတွင်ခရစ်တော်သည် လောကီသားများအတွက် သုံးနှစ်လုံးလုံး လူသိ ရှင်ကြားအမှုတော်ဆောင်ခဲ့ပါသည်။ ကိုယ်အလိုကိုငြင်းပယ်၍ သူတစ်ပါးတို့၏ကျေး ဇူးပြုခြင်းကိုစိတ်မဝင်စားသည့် ကိုယ်တော်၏ အသက်တာနမူနာသည် ၎င်းတို့ရှေ့ တွင်ထင်ရှားခဲ့ပါသည်။ လူအပေါင်းတို့သည် ကိုယ်တော်၏ သန့်စင်သောအသက် တာ၊ ဒုက္ခဆင်းရဲခြင်းနှင့်ပြီးသောအသက်တာနှင့် ဆက်ကပ်အပ်နှံသော အသက်တာ များကို သိရှိခဲ့ကြပါသည်။ သို့သော်ငြားလည်း ထိုအချိန်တိုသုံးနှစ်ကာလသည် ကမ္ဘာ ကြီးကမိမိ၏ ကယ်တင်ရှင်နှင့်အတူရှိမှုကို လက်ခံနိုင်သည်အထိ ရှည်ကြာခဲ့ပါသည်။

         ကိုယ်တော်၏အသက်တာသည် စုံစမ်းနှောင့်ယှက်ခြင်းများ၊ အစော်ကားခံရ ခြင်းများနှင့်ပြည့်၀လျက်ရှိသော အသက်တာတစ်ခုဖြစ်ပါသည်။ မနာလိုမုန်းထား သော ဘုရင်တစ်ပါးအားဖြင့် ဗက်လင်မြို့မှနှင်ထုတ်ခြင်းခံခဲ့ရသော၊ နာဇရက်မြို့ရှိ မိမိ၏အမျိုးသားများ၏ ငြင်းပယ်မှုကိုခံခဲ့ရသော၊ အကြောင်းပြ ချက်တစ်စုံတစ်ရာမ ရှိဘဲ ယေရုရှလင်မြို့တွင် ကွပ်မျက်ခြင်းကိုခံခဲ့ရသော ခရစ်တော်သည် သစ္စာရှိသော မိမိ၏တမန်တော်များ အနည်းငယ်နှင့်အတူ သူစိမ်းမြို့တစ်မြို့တွင် ယာယီခိုလှုံနိုင်  ရာတစ်ခုကို တွေ့ရှိခဲ့ပါသည်။ လူသားများခံစားခဲ့ဖူးသည့် ဒုက္ခအသွယ်သွယ်ကို ခံ စားခဲ့ဖူးသော၊ နာမကျန်းသူများအား ကျန်းမာစေ၍ အကန်းများအား မျက်စိပြန် မြင်စေခဲ့သော၊ နားပင်းများကိုပြန်၍ ကြားစေခဲ့သော၊ အအများကို စကားပြန်ပြော စေခဲ့သော၊ ငတ်မွတ်နေသူများ အားကျွေးမွေးတော်မူခဲ့သော၊ စိတ်နှလုံးပူဆွေး နေသူများအား နှစ်သိမ့်မှုကို ပေးခဲ့သောကိုယ်တော်ရှင်အား ၎င်းလာရောက်ကယ် တင်နေသော လူမျိုးများထံမှ နှင်ထုတ်ခဲ့ကြပါသည်။ လှိုင်းတံပိုးများအပေါ်တွင် လမ်းလျှောက်ကာ ထိုလှိုင်းလုံးကြီးများကို နှုတ်ထွက်စကားတော် တစ်လုံးအားဖြင့် ငြိမ်သက်စေခဲ့သော ကိုယ်တော်သည် ဘုရား၏သားတော်ဖြစ်ကြောင်း၊ စီးနေရာမှ ထွက်ခွာသွား စဉ်တွင် အသိအမှတ်ပြုခဲ့သောနတ်ဆိုးများကိုနှင်ထုတ်တော်မူခဲ့သော၊ လူသေ များ၏အိပ်ပျော်နေခြင်းကိုနိုးထစေခဲ့သော ဥာဏ်ပညာနှင့်ပြည့်စုံသော မိမိ၏ စကားတော်များအားဖြင့် လူထောင်ပေါင်းများစွာတို့အား ဘဝင်ကျစေခဲ့သော၊ ကိုယ် တော်သည် ခေါင်းမာစွာဖြင့်အလင်းတရားကို ငြင်းဆန်နေကြသော၊ တစ်ဖက်သတ် အထင်လွဲမှုနှင့်မုန်းတီးမှုများကြောင့် မျက်စိကန်းများသဖွယ်ဖြစ်နေကြသော ထိုသူ များ၏ စိတ်နှလုံးများကိုမူ သဘောပေါက်နားလည်အောင် မစွမ်းဆောင်နိုင်ခဲ့ပါချေ။

 


No comments:

Post a Comment