Tuesday, April 21, 2026

အခန်းကြီး - ၃၁။ တောင်ပေါ်ဒေသနာ

 

တောင်ပေါ်ဒေသနာ

 

မဿဲ ၅။ ၆။ ၇ ကိုအခြေပြုထားပါသည်

 

         ခရစ်တော်သည် မိမိ၏နှုတ်တော်ထွက် စကားများကို နာယူရန် တမန်တော် များကို သီးသန့်စုရုံး စေတော်မူခဲလှပါသည်။ အသက်ရှင်ခြင်းနှင့် ဆိုင်သောလမ်း ကိုသိရှိပြီး လူများကိုသာ တရားနာပရိသတ်အဖြစ် ရွေးချယ်တော်မမူခဲ့ချေ။ အသိ ပညာကင်းမဲ့သူများနှင့် အမှားအယွင်းများကို လုပ်တတ်သော သူများကို တရားဟော ကြားရန်မှာ ကိုယ်တော်လုပ်ကိုင်ရမည့် အမှုတော်ဖြစ်ပါသည်။ ကိုယ်တော်သည် နားလည်မှု ရှုပ်ထွေးနေသော နေရာတိုင်းတွင် သမ္မာတရား သင်ခန်းစာများကို လက် လှမ်းမီသမျှ ပေးသနားတော်မူခဲ့ပါသည်။ ကိုယ်တော်ရှင် ကိုယ်တိုင်သည် မိမိထံသို့ လာရောက်ကြသော သူများအား မြှင့်တင်ရန်ရှာဖွေကာ ၎င်းတို့အား သတိပေး စကား များဖြင့် လည်းကောင်း၊ အသနားခံခြင်းအားဖြင့် လည်းကောင်း၊ အားပေးတော်မူခြင်း အားဖြင့် လည်းကောင်း ကောင်းချီးပေးရန် ခါးပန်းကိုစည်း၍ လက်တော်ကို ဆန့် တန်းကာ ရပ်တော်မူနေသော “သမ္မာတရား” ဖြစ်တော်မူပါသည်။

         တောင်ပေါ် ဒေသနာတော်သည် တမန်တော်များကို အထူးပြုဟောကြား တော်မူခဲ့သော်လည်း လူထုပရိသတ် အားလုံးတို့ကြားနာနိုင် လောက်အောင် ဟော ကြားတော်မူခဲ့ပါသည်။ တမန်တော်များအား လက်တင်မင်္ဂလာပေး၍ ခန့်အပ်ပြီး နောက် သခင်ယေရှုသည် ၎င်းတို့နှင့်အတူ ပင်လယ်ကမ်းခြေသို့ ကြွချီတော်မူခဲ့ သည်။ နံနက်စောစော ဝေလီဝေလင်းကြီးတွင် ဤနေရာ၌ လူအများသည် စတင် စုရုံးလာခဲ့ကြပါသည်။ ဂါလိလဲရှိ မြို့များမှ လာနေကျ တရားနာပရိသတ်များ အပြင် ယုဒပြည်နှင့် ယေရုရှလင်မြို့မှ လူများသည်လည်းကောင်း၊ ဒေကပေါလိပြည်၊ ယုဒပြည် တောင်ဘက်စွန်းတွင်ရှိသော ဣဒုမဲပြည်၊ တုရုမြို့၊ မိဒုန်မြို့နှင့် မြေထဲ ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် နေကြသော ဖိနိတ်ပြည်သားများသည် လည်း ကောင်း လာရောက်စုရုံးခဲ့ကြပါသည်။ “လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြားလျှင်” “တရားနာခြင်းငှါ လည်းကောင်း၊ အနာရောဂါတို့ကိုငြိမ်းစေခြင်းငှါ လည်းကောင်း” စုရုံးလာခဲ့ကြရာ “ကိုယ်တော်အထဲက တန်ခိုးထွက်၍ လူအပေါင်း တို့ကို သက်သာစေတော်မူသည်။” မာကု ၃း၈။ လုကာ ၆း၁၇-၁၉။

         ပင်လယ်ကမ်းခြေသည် တရားနာလိုကြသော ပရိသတ်အားလုံးအတွက် ကိုယ်တော်၏ အသံကိုကြားနိုင်ရန် မတ်တတ်ရပ်၍ နားထောင်ရန် အတွက်ပင်နေ ရာမရှိတော့သဖြင့် ယေရှုသည် ၎င်းတို့အား တောင်ပေါ်သို့ ခေါ်ဆောင်သွားတော် မူခဲ့ပါသည်။ နောက်တော်မှ လိုက်လာကြသော လူအုပ်ကြီးအတွက် ကောင်းမွန်စွာ စုရုံးနိုင်လောက်သော ကွင်းပြင်တစ်ခုသို့ ရောက်သောအခါ ယေရှုရှင်ကိုယ်တော်တိုင် သည် မြက်ခင်းပြင်ပေါ်တွင် ထိုင်တော်မူလိုက်ရာ နောက်တော်မှ လိုက်လာကြသော တမန်တော်များနှင့် လူထုပရိသတ်ကြီး သည်လည်း ကိုယ်တော်နည်းတူ ထိုင်ကြပါ သည်။

         တမန်တော်များသည် ခရစ်တော်အနီးတွင် ကပ်၍အမြဲတမ်း ထိုင်ကြပါ သည်။ လူအများသည် ကိုယ်တော့်ထံသို့ အဆက်မပြတ် တိုးဝင်ချဉ်းကပ်နေကြ သော်လည်း မိမိတို့သည် ခရစ်တော်နှင့် ဝေးကွာသော နေရာတွင် သွားရောက် စုရုံး ရှိမည် မဟုတ်ကြောင်းကို သူတို့နားလည်ခဲ့ပါသည်။ သွန်သင်ချက်များမှ တစ်လုံး တစ်ပါဒကိုမျှ မကြားလိုက်ရမရှိစေရန် ကိုယ်တော်ရှင်နှင့် အနီးဆုံးနေရာတွင် သူတို့ ထိုင်ခဲ့ကြပါသည်။ သူတို့သည် ခေတ်အဆက်ဆက်တွင် နိုင်ငံအရပ်ရပ်သို့ မိမိတို့ ဟောကြားရမည့် သမ္မာတရားကို နားလည်လိုသော စိတ်အားထက်သန်မှုဖြင့်ကောင်း မွန်စွာ နားထောင်ခဲ့ကြပါသည်။

         ပိုမို၍ထူးခြားသော တရားဒေသနာများကို ကြားနာရမည်ဟု မျှော်လင့်ချက် ဖြင့် ယခုတွင်သူတို့သည် သခင်အနားသို့ တိုးဝင်ချဉ်းကပ်ခဲ့ ကြပါသည်။ ကိုယ်တော် ၏ နိုင်ငံတော်သည် မကြာမီ တည်ထောင်လိမ့်မည်ကိုလည်း သူတို့ယုံကြည်ခဲ့ကြ ပါသည်။ ၎င်းပြင် တည်ထောင်တော့မည့် ဆဲဆဲဖြစ်သော နိုင်ငံတော်နှင့် ပတ်သက် သည့် ကြေညာချက်များအတွက် အာမခံချက်များကို ထိုနေ့နံနက်တွင် ဖြစ်ပျက် ခဲ့သော အဖြစ်အပျက်များမှ သူတို့စုဆောင်း ခဲ့ကြပါသည်။ တရားနာပရိသတ်ကြီး သည်လည်း ထိုကဲ့သို့သော မျှော်လင့်ချက်မျိုး ထားနေကြကြောင်းကို ၎င်းတို့၏ မျက်နှာတွင် ပေါ်လွင်နေသော လေးနက်သည့် စိတ်ဝင်စားမှုရှိကြောင်း အထောက် အထားများက ဖော်ပြနေပါသည်။ ခရစ်တော်၏ နှုတ်ထွက်စကားများကို နာယူရန် စောင့်ဆိုင်းလျက် လူထုကြီးသည် မြက်ခင်းပြင်ပေါ်တွင် ထိုင်နေကြစဉ်တွင် ၎င်း တို့၏ စိတ်နှလုံး၌ အနာဂတ်တွင် ကောင်းစားမည့်အတွေးများနှင် hပြည့်၀နေခဲ့ကြပါ သည်။ မိမိတို့သည် မုန်းစရာကောင်းသော ရောမများကိုစိုးမိုးကာ ကမ္ဘာ့အင်ပါယာ ကြီး၏ ချမ်းသာကြွယ်၀မှုများနှင့် ကြီးကျယ်ခမ်းနားမှုများကို ပိုင်ဆိုင်ရမည့် နေ့ရက် များကို မျှော်ကိုးခဲ့ကြသော ကျမ်းတတ်ဆရာများနှင့် ဖါရိရှဲများလည်း ရှိခဲ့ကြပါသည်။ မိမိတို့၏ ပြိုပျက်နေသော တဲပုတ်များ၊ အစားအစာရှားပါးမှုများ၊ ကြမ်းတမ်းသော အသက်တာများနှင့် လိုအပ်မှုများ အတွက်စိုးရိမ်မှုများကို ပေါကြွယ်၀သော နေရာ ထိုင်ခင်းများနှင့် သက်သာချောင်ချိသော နေ့ရက်များဖြင့် အစားထိုးပေးမည့် အာမခံ ချက်များကို ကြားနာရန် ဆင်းရဲသား လယ်သမားများနှင့် တံငါသည်များတို့က မျှော်လင့်ခဲ့ကြပါသည်။ နေ့အချိန်တွင် မိမိတို့ဝတ်ဆင်ခဲ့သော အဝတ်ကြမ်းများနှင့် ညတွင်ခြုံသော စောင်များအစား အောင်နိုင်သူများတို့ ဝတ်ဆင်သော ကောင်းမွန်အ ဖိုးတန်သည့် ဝတ်ရုံများကို ၎င်းတို့အား ခရစ်တော်ကပေးတော်မူ လိမ့်မည်ဟု သူတို့ မျှော်လင့်ခဲ့ကြပါသည်။ အခြားနိုင်ငံများ အလယ်တွင် ဘုရားသခင်ရွေးချယ် တော်မူ သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ဣသရေလနိုင်ငံအား မကြာမီတွင် ဂုဏ်ပြုတော်မူ မည်ကိုလည်းကောင်း၊ ယေရုရှလင်မြို့အား ကမ္ဘာ့ထိပ်သီးမြို့ကြီးတစ်မြို့ အဖြစ်ချီး မြှောက်တော်မူမည် ဟူ၍လည်းကောင်း အားလုံးသော စိတ်နှလုံးများသည် မျှော်လင့် ချက်ကြီးများဖြင့် ပီတိဖြစ်နေခဲ့ပါသည်။

         ခရစ်တော်သည် လောကနှင့်ဆိုင်သော ကြီးမြတ်မှုများအတွက် ထိုမျှော်လင့် ချက်များကြောင့် စိတ်ပျက်တော်မူခဲ့ပါသည်။ မှားယွင်းသော ပညာပေးမှုများ အားဖြင့် လုပ်ဆောင်တော်မူခဲ့သော အလုပ်များကို ဖြေရှင်းရန်နှင့် တရားနာပရိသတ်အား ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော မှန်ကန်သည့် ထင်မြင်ယူဆချက်ကို ပေး သနားတော်မူရန် ကိုယ်တော်သည် တောင်ပေါ်ဒေသနာတော်ကို ဟောကြားခြင်း အားဖြင့် ကြိုးစားတော်မူခဲ့ပါသည်။ သို့စေကာမူ ကိုယ်တော်သည် ၎င်းတို့၏ အမှား များကို တိုက်ရိုက်တိုက်ခိုက်မှုများ ပြုတော်မမူခဲ့ချေ။ ကိုယ်တော်သည် အပြစ်တရား ကြောင့် ကမ္ဘာတွင်ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခများကို မြင်တော်မူခဲ့သော်လည်း စက်ဆုပ်ရွံရှာစရာများ၏ ထင်ရှားသော သရုပ်သကန်များကို ၎င်းတို့အား ဖော်ပြ တော်မမူသေးဘဲ ၎င်းတို့သိရှိထားပြီးသည့် အရာများထက် များစွာသာလွန် ကောင်း မွန်သောအရာများကို သွန်သင်တော်မူခဲ့ပါသည်။ ဘုရားသခင်၏ နိုင်ငံတော်အပေါ် ထားရှိသော ၎င်းတို့၏ ထင်မြင်ယူဆချက်များကို တိုက်ခိုက်ပြောကြားခြင်းမပြုဘဲ နိုင်ငံတော်၏ သဘာ၀ကို မိမိတို့သဘောအတိုင်း ထင်မြင်ယူဆစေလျက် ထိုနိုင်ငံ တော်ကိုဝင်နိုင်မည့် အခြေအနေများကို ကိုယ်တော်မိန့်မြွက်တော် မူခဲ့သည်။ သွန် သင်တော်မူခဲ့သော သမ္မာတရားများသည် ထိုပရိသတ်ကြီးအတွက် အရေးပါခဲ့သ ကဲ့သို့ ကျွန်ုပ်တို့ အတွက်လည်း အရေးပါလှပါသည်။ ထိုသူများသည် ဘုရားသခင်၏ နိုင်ငံတော်နှင့် ပတ်သက်သော အခြေခံစည်းမျဉ်းများကို လေ့လာရန် လိုအပ်သကဲ့ သို့ ကျွန်ုပ်တို့လည်း လေ့လာရန်လိုအပ်ပါသည်။

         တောင်ပေါ်တွင် ခရစ်တော် မိန့်တော်မူခဲ့သော စကားများမှ ပထမဦးဆုံး သောစကားများသည် ကောင်းချီးမင်္ဂလာနှင့် ဆိုင်သောစကားများ ဖြစ်ခဲ့ပါသည်။ မိမိ၏ဝိညာဉ်ရေးဆင်းရဲမှုကို သိ၍ ကယ်တင်ခြင်းခံရဖို့ လိုအပ်ကြောင်း ခံစားမိသော သူများသည် မင်္ဂလာရှိသည်ဟု ကိုယ်တော် မိန့်တော်မူခဲ့ပါသည်။ ဧဝံဂေလိသတင်း စကားသည် ဆင်းရဲသားများအား ဟောပြောရန်ဖြစ်ပါသည်။ မိမိတို့သည် ဝိညာဉ်ရေး ဘက်တွင် ကြွယ်၀ပြည့်စုံ၍ မည်သည့်အရာတစ်ခုကိုမျှ မလိုအပ်ဟု အထင်ရှိနေ သော ဝိညာဉ်ရေး မာနတက်နေသူများထံ သွားရောက်ဖော်ပြရန် မဟုတ်ဘဲ နှိမ့်ချ၍ စိတ်နှလုံး ကြေကွဲနေသူများအား ဟောပြောရန်ဖြစ်ပါသည်။ တစ်ခုတည်းသော အ ခြေခံတရားကို အပြစ်အတွက် လမ်းဖွင့်ထားပါသည်။ အခြေခံတရား တစ်ခုသည် လည်း စိတ်နှလုံးနှိမ့်ချသော သူများအတွက် ဖွင့်ထားလျက် ရှိပါသည်။

         မောက်မာသော စိတ်နှလုံးသည် ကယ်တင်ခြင်းကိုရယူရန် ကြိုးစား ပါသည်။ သို့ပါသော်လည်း ကောင်းကင်သို့ ရောက်ရန်အခွင့်နှင့် ကျွန်ုပ်တို့ အနေဖြင့် ကောင်း ကင်သားများအဖြစ် ဆီလျော်ရန်မှာ ခရစ်တော်၏ ဖြောင့်မတ်ခြင်း၌သာ အခြေခံ လျက်ရှိပါသည်။ လူတစ်ယောက်သည် မိမိ၏ အားနည်းချက်များကို သိရှိကာ ကိုယ့်ကိုကိုယ် အထင်ကြီးမှုကို စွန့်လွှတ်ပြီး မိမိကိုယ်ကို ဘုရားသခင်၏ အုပ်ချုပ်မှု အောက်တွင် မအပ်နှံသမျှကာလပတ်လုံး ထိုလူအား မူလအခြေအနေသို့ ပြန်ရောက် အောင် ဘုရားသခင်သည် ဘာကိုမျှလုပ်ဆောင် ပေးနိုင်တော်မမူချေ။ အပ်နှံသော အချိန်တွင်မူ ဘုရားသခင်က ပေးရန်စောင့်စားနေခဲ့သော ထိုဆုကျေးဇူးတော်ကို သူရရှိနိုင်ပါသည်။ မိမိ၏လိုအပ်ချက်များကို သိရှိသော အသက်ဝိညာဉ်များထံမှ မည် သည့် အရာကိုမျှ ရုပ်သိမ်းတော်မူမည် မဟုတ်ချေ။ စုံလင်ပြည့်၀တော်မူသော မိမိ ထံသို့ ချဉ်းကပ်သော သူများအား ကိုယ်တော်သည် တားမြစ်ချုပ်ချယ်တော်မမူချေ။ “အကြောင်းမူကား သန့်ရှင်းခြင်းဟု နာမရှိတော်မူထသော၊ အနန္တကာလတည်း ဟူ သော၊ ဘုံဗိမာန်၌ စံတော်မူထသော၊ အထွတ်အမြတ် ဖြစ်တော်မူသော ဘုရားမိန့်a တာ်မူသည်ကား ငါသည် မြင့်မြတ်သန့်ရှင်း သောအရပ်၌ နေ၏။ စိတ်နှိမ့်ချသော သူ နှင့် နှလုံးကြေကွဲသော သူတို့၏ စိတ်ဝိညာဉ် အသက်ရှင်စေခြင်းငှါ ကြေကွဲနှိမ့်ချ သော စိတ်သဘောရှိသော သူတို့၌လည်း ငါနေ၏။” ဟေရှာယ ၅၇း၁၅။

         “စိတ်မသာ ညည်းတွားသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတ္တံ့” ညည်းတွားရုံသက်သက်၌ အ ပြစ်ကို ပယ်ရှားနိုင်သော တန်ခိုးရှိသည်ဟု ဤစကားများအားဖြင့် ခရစ်တော်သွန် သင်နေခြင်း မဟုတ်ချေ။ ဟန်ဆောင်မှုအတွက် သော်လည်းကောင်း၊ မိမိသဘော အတိုင်း နှိမ့်ချခြင်းအတွက် သော်လည်းကောင်း ကိုယ်တော်ရှင်ထောက်ခံချက် တစ် စုံတစ်ရာကို ပေးတော်မမူခဲ့ပါ။ ကိုယ်တော်ရှင် မိန့်တော်မူသော စိတ်မသာညည်း တွားခြင်းသည် စိတ်ညှိုးငယ်ခြင်း၊ မြည်တမ်းငိုကြွေးခြင်းများနှင့် ပေါင်းစပ်ထားသည့် ခံစားချက်တစ်ခု မဟုတ်ချေ။

         သွန်သင်ချက်၏ ဆိုလိုရင်းမှာ ကျွန်ုပ်တို့သည် အပြစ်အတွက်ကြောင့် ဝမ်း နည်းကြလျှင် ဘုရားသခင်၏ သားသမီးများဖြစ်ရခြင်း တည်းဟူသော အထူးအခွင့် အရေးအတွက် ဝမ်းမြောက်ဝမ်းသာ ရှိကြရမည် ဟူ၍ဖြစ်ပါသည်။

         ကျွန်ုပ်တို့သည် မိမိတို့၏ မကောင်းမှုလုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသော မနှစ်သက်ဖွယ်သော အကျိုးဆက်များအတွက် မကြာခဏဝမ်းနည်း ကြေကွဲကြရပါ သည်။ သို့သော် ထိုဝမ်းနည်းမှုသည် နောင်တရခြင်း မဟုတ်ချေ။ အပြစ်အတွက် စစ် မှန်သော ဝမ်းနည်းခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု၏ ရလဒ် ဖြစ်ပါသည်။ ဝိညာဉ်တော်သည် ကယ်တင်ရှင်အား ဝမ်းနည်းစေခဲ့သော၊ မထီလေး စားလုပ်ခဲ့သော စိတ်နှလုံး၏ ကျေးဇူးမသိတတ်မှုကို ဖော်ပြကာ ကပ်တိုင်၏ ခြေ တော်ရင်းတွင် ကျွန်ုပ်တို့အား စိတ်နှလုံးကို ကြေကွဲစေပါသည်။ ကျူးလွန်သော အ ပြစ်များ အားဖြင့် ခရစ်တော်ကို ဒဏ်ရာအသစ် ရစေခဲ့ပါသည်။ ကျွန်ုပ်တို့က နာကျင် စေခဲ့သော ကိုယ်တော်ကို ကျွန်ုပ်တို့ကြည့်ရှုကြစဉ် နာကျင်စေခဲ့သော ထိုအပြစ် များအတွက် ကျွန်ုပ်တို့ စိတ်မသာ ညည်းတွားကြပါသည်။ ထိုကဲ့သို့သော စိတ်မသာ ညည်းတွားမှုသည် အပြစ်ကျူးလွန်ရန် ငြင်းဆိုမှုကိုဖြစ်စေ ပါလိမ့်မည်။

         လောကရှုထောင့်မှ ကြည့်လျှင် ဤသို့သော ဝမ်းနည်းမှုမျိုးကို အားနည်း ချက်တစ်ခုဟု ပြောဆိုကောင်း ပြောဆိုကြပါမည်။ သို့ပါသော်လည်း ထိုအရာသည် သံဝေဂရနေသော ထိုသူအား အနန္တတန်ခိုးရှင်နှင့် မပြတ်နိုင်သည့် အချည်အနှောင် တစ်ခုဖြင့် ချည်နှောင်ပေးသည့် ခွန်အားဖြစ်ပါသည်။ ဘုရားသခင်၏ ကောင်းကင် တမန်များသည် ၎င်းအသက်ဝိညာဉ်အား စိတ်နှလုံးခိုင်မာခြင်းနှင့် အပြစ်ကျူးလွန် ခြင်းများကြောင့် ပျောက်ဆုံးခဲ့ရသော ကရုဏာတော်ကို ပြန်လည်ယူဆောင်ပေး လျက်ရှိကြောင်း ဤအရာသည် ထင်ရှားစေပါသည်။ နောင်တသံဝေဂရသူ၏ မျက် ရည်ပေါက်များသည် သန့်ရှင်းခြင်း နေရောင်ခြည်၏ အလျင်ပေါ်ထွန်းသော မိုးရေ ပေါက်များသာ ဖြစ်ကြသည်။ ဤဝမ်းနည်းမှုသည် အသက်ဝိညာဉ်များတွင် အသက် စမ်းရေ ဖြစ်စေမည့် ဝမ်းမြောက်မှု၏ ရှေ့ပြေးဖြစ်ပါသည်။ “သင်၏ ဘုရားသခင် ထာ၀ရဘုရားကို ပြစ်မှား၍ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌ တွေ့သော ဧည့်သည် တို့နှင့် မှားယွင်းသော အပြစ်ရှိကြောင်းကို ဝန်ခံရုံမျှသာပြုလော့၊” “သင်၌ ငါသည် မျက်မုန်းကျိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘောရှိ၏။ အစဉ်အမျက်ထွက်တတ်သည် မဟုတ်ဟု ထာ၀ရဘုရား မိန့်တော်မူ၏။” ယေရမိ ၃း၁၃၊၁၂။ “စိတ်မသာညည်း တွားသော ဇိအုန်မြို့သားတို့အဖို့ စီရင်၍ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်း အရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်း အဝတ် တန်ဆာကို သူတို့အား ပေးစေခြင်းငှါ” ကိုယ်တော် စေလွှတ်တော်မူခဲ့ပါသည်။ ဟေရှာ ၆၁း၃။

         စုံစမ်းစစ်ဆေးခြင်းကို ခံရသောအခါတွင် စိတ်မသာညည်းတွား၍ ဝမ်းနည်း သောသူများသည် သက်သာခြင်းသို့a ရာက်ကြမည်ဖြစ်ပါသည်။ စိတ်သောက ရောက်ခြင်းနှင့် အနှိမ့်ချခံရခြင်းအတွက် ခံစားရသော ခါးသီးမှုများသည် အပြစ်ကျူး လွန်ရန် လိုက်စားခြင်းထက် သာ၍ကောင်းပါသည်။ ကျွန်ုပ်တို့သည် ကရုဏာတော် အားဖြင့် အမှားအယွင်းများကို ကျော်လွှားနိုင်စေရန်အလိုငှါ ထာ၀ရဘုရားသည် ကျွန်ုပ်တို့၏ စာရိတ္တများ၌ရှိသော စိတ်ဒုက္ခကို ဖြစ်စေသည့် အကြောင်းရင်းများကို ကျွန်ုပ်တို့ သိရှိလာစေရန် ဒုက္ခဆင်းရဲခြင်းအားဖြင့် ဖော်ပြတော်မူပါသည်။ ကျွန်ုပ် တို့ကိုယ်တိုင်နှင့် ပတ်သက်သော မသိရှိသေးသည့် အကြောင်းအချက်များကို ကျွန်ုပ် တို့ရှေ့တွင် ဖွင့်ဟထားပြီး ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် အကြံ ပေးမှုများကိုလက်ခံမည်၊ မလက်ခံမည်ကို စုံစမ်းစစ်ဆေးမှုပြုလာပါသည်။ စုံစမ်းစစ် ဆေးခြင်းများ ရောက်သောအခါ ကျွန်ုပ်တို့သည် ပူပန်စရာ၊ ညည်းတွားစရာမလိုပါ ချေ။ ခရစ်တော်၏ လက်တော်တွင် ပုန်ကန်ထကြွရန် (သို့မဟုတ်) စိတ်ပူပန်ရန် မသင့်ပါချေ။ ထာ၀ရဘုရား၏ ရှေ့တော်မှောက်တွင် အသက်ဝိညာဉ်များသည် နှိမ့်ချ ကြရပါမည်။ မိမိကိုယ်ကိုနှစ်သက်စေသော အလင်းတရားတွင် အရာဝတ္ထုများကို မြင်တွေ့ရန် ဆန္ဒရှိသူများအတွက် ဘုရားသခင်၏ နည်းလမ်းများသည် မထင်မရှား ဖြစ်နေကြပါသည်။ ဘုရားသခင်ပြုတော်မူသည့် နည်းလမ်းများသည် ကျွန်ုပ်တို့၏ လူသားသဘာ၀အတွက် မှောင်မိုက်၍ ဝမ်းမြောက်စရာမရှိသည့်ပုံမျိုးပေါ်နေပါသည်။ သို့သော် ဘုရားသခင်၏လုပ်နည်းလုပ်ဟန်များသည် ကရုဏာလမ်းစဉ်များ ဖြစ်ပြီး အဆုံးတွင် ကယ်တင်ခြင်းရှိပါသည်။ ဧလိယသည် တောထဲတွင် မိမိအသက်ကို သိမ်းယူတော်မူရန် ဘုရားသခင်ထံတွင် ဆုတောင်းသောအခါ မိမိသည် မည်သည့် အရာကို လုပ်ကိုင်နေသည်ဖြစ်ကြောင်း သူမသိရှိခဲ့ချေ။ ဘုရားသခင်သည် ကရုဏာ အားဖြင့် ဧလိယတောင်းခံသည့်အတိုင်း၊ ၎င်း၏အသက်ကို မသိမ်းယူခဲ့ချေ။ ဧလိယ လုပ်ဆောင်ရန် ကြီးမားသော အလုပ်တစ်ခုရှိနေပြီး၊ ထိုအလုပ်ပြီးသော အခါတွင် လည်း တောထဲတွင် အထီးကျန်နေပြီး စိတ်ဓာတ်ကျပျက်စီးသွားရန် မဟုတ်ချေ။ သူသည် သေခြင်းအားဖြင့် မြေကြီးထဲသို့ သက်ဆင်းရန်မဟုတ်ဘဲ ဘုန်းတော်အ ဆောင်အယောင်နှင့် ကောင်းကင်မြင်းရထားများခြံရံလျက် ကောင်းကင်ပလ္လင် တော် သို့ တက်ကြွသွားရန်ဖြစ်ပါသည်။

         ဝမ်းနည်းခြင်းအတွက် ဘုရားသခင်၏ နှုတ်တော်ထွက်စကားများ ဟူမူကား “သူ့ကိုလည်းကောင်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သောသူတို့ကို လည်းကောင်း ချမ်း သာပေးဦးမည်။” “သူတို့ ညည်းတွားခြင်းအရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက် စိတ်သက်သာ၍ ရွှင်လန်းမည့် အကြောင်းကို ငါပြုမည်။” ဟေရှာ ၅၇း၁၈။ ယေရမိ ၃၁း၁၃။

         “စိတ်နူးညံ့သိမ်မွေ့သော သူတို့သည် မင်္ဂလာရှိကြ၏။” ကျွန်ုပ်တို့ တွေ့ကြုံ ရမည့် အခက်အခဲများကို ခရစ်တော်၌ရှိသော နူးညံ့သိမ်မွေ့ခြင်းအားဖြင့် အလွန် များစွာ လျော့နည်းသွားစေပါသည်။ ကျွန်ုပ်တို့တွင် ခရစ်တော်၏ နှိမ့်ချခြင်း ရှိကြ ပါလျှင် မထီမဲ့မြင်ပြုမှုများ၊ တင်းတင်းမာမာ ငြင်းဆန်မှုများ နေ့စဉ်တွေ့ကြုံရသော စိတ်အနှောင့်အယှက်ဖြစ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်ဖြစ်ပြီး သူတို့သည် စိတ်ညှိုး ငယ်မှုများမှ ရပ်စဲသွားကြလိမ့်မည် ဖြစ်ပါသည်။ ခရစ်ယာန်တစ်ဦးတွင် ဂုဏ်သိမ် မြင့်မြတ်မှုအတွက် အမြင့်မားဆုံးသော အထောက်အထားတစ်ခုမှာ ချုပ်တည်းခြင်း ပင်ဖြစ်ပါသည်။ ဓလေ့ဆိုးများနှင့် ရက်စက်ကြမ်းကြုတ် မှုများကြောင့် တည်ငြိမ်၍ ယုံကြည်ကိုးစားတတ်သော စိတ်ဓာတ်ကို ထိန်းသိမ်းရန် ပျက်ကွက်သော သူသည် မိမိ၏ အသက်တာတွင် ကိုယ်တော်၏ စုံလင်သော စာရိတ္တတော်ကို ထွန်းလင်း ပေးမည့် ကိုယ်တော်၏ လုပ်ပိုင်ခွင့်ကို လုယူပါသည်။ စိတ်နှလုံး နှိမ့်ချခြင်းသည် ခရစ်တော်၏ နောက်လိုက်များအား အောင်မြင်မှုကိုပေးသော ခွန်အားဖြစ်ပါသည်။ ထိုအရာသည် အထက်ရွှေနန်းတော်နှင့် ဆက်သွယ်မှု ရှိကြောင်း အထိမ်းအမှတ် တစ်ခုဖြစ်ပါသည်။ “ထာ၀ရဘုရားသည် မြင့်မြတ်တော်မူသော်လည်း စိတ်နှိမ့်ချ သောသူတို့ကို ကြည့်ရှုတော်မူ၏။” ဆာလံ ၁၃၈း၆။ နူးညံ့သိမ်မွေ့မှုနှင့် ခရစ်တော်၌ ရှိသောစိတ်နှိမ့်ချမှုကို ထင်ရှားစေသော သူများကို ဘုရားသခင်သည် အနူးအညွတ် ဂရုပြုတော်မူပါသည်။ ထိုသူများကို လောကသားများက အထင်အမြင်သေးကောင်း အထင်အမြင် သေးကြမည်ဖြစ်သော်လည်း ဘုရားသခင်၏ မျက်မှောက်တော်တွင် ၎င်းတို့သည် အဖိုးတန်လှပါသည်။ ပညာရှိသောသူများ၊ ကြီးမြတ်သူများနှင့် ကောင်း မှုပြုတတ်သူများသာ ကောင်းကင်ရွှေနန်းတော်သို့ ဝင်ခွင့်လက်မှတ် ရရှိကြလိမ့်မည် မဟုတ်ချေ။ စိတ်အားထက်သန်စွာဖြင့် မနားမနေလုပ်ဆောင်ကြသော အမှုတော် ဆောင်များသာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြရလိမ့် မည်မဟုတ်ချေ။ ခရစ်တော် နှင့်အတူနေရန် လိုလားတောင့်တကြသော စိတ်နှလုံးနှိမ့်ချသူများနှင့် ကိုယ်တော်၏ အလိုတော်ကိုသာ လုပ်ဆောင်ရန် ဆန္ဒပြင်းပြသော စိတ်နှိမ့်ချသော သူများသည် လည်း ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရရှိကြလိမ့်မည်ဖြစ်ပါသည်။ ထိုသူများသည် ဝတ်ရုံများကို ခရစ်တော်၏ အသွေးတော်အားဖြင့်ဖြူစင်စေပြီးသော သူများထဲတွင် အပါအဝင်ဖြစ် ကြပါလိမ့်မည်။ “ထိုကြောင့် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍ ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညမပြတ်ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည်သူတို့တွင် ကိန်းဝပ်တော်မူမည်။” ဗျာဒိတ် ၇း၁၅။

         ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ မိမိကိုယ်ကို မထိုက်တန်ကြောင်း သိရှိခြင်းသည် ဖြောင့်မတ်ခြင်း ပါရမီကို ဆာငတ် ခင်မွတ်ခြင်းကို ဖြစ်စေပါသည်။ ၎င်းပြင် ဤအလိုဆန္ဒသည် စိတ်ပျက်မှုကို ဖြစ်စေ လိမ့်မည် မဟုတ်ချေ။ မိမိ၏ စိတ်နှလုံးထဲတွင် ခရစ်တော်အား စိုးစံခွင့်ပြုသော သူ များသည် ကိုယ်တော်၏ မေတ္တာတော်ကို သိရှိလာ ကြပါလိမ့်မည်။ ဘုရားသခင့် စာရိတ္တတော်၏ သဏ္ဌာန်ကို ဝတ်ဆောင်ရန် တောင့်တသော သူများသည် ကျေနပ်မှု ကို ရရှိကြလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ခရစ်တော်ကို မျှော်ကြည့် နေသော အသက်ဝိညာဉ်အား မထောက်ပင့်မကူညီဘဲ မည်သည့်အခါမျှ စွန့်ခွာသွား တော်မူမည် မဟုတ်ချေ။ ဝိညာဉ်တော်သည် ခရစ်တော်နှင့်ဆိုင်သော အရာများကို ယူဆောင်၍ လူသားများအား ကိုယ်တော်ရှင်ကို ထင်ရှားစေတော်မူပါမည်။ ကျွန်ုပ် တို့သည် ခရစ်တော်ကိုသာ အစဉ်အမြဲမျှော်ကြည့်မည်ဆိုလျှင် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် တူညီလာသည့်တိုင်အောင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ် ဆောင်မှုသည် ရပ်တန့်တော်မူလိမ့်မည် မဟုတ်ချေ။ လူကိုစုံလင်သော သူတစ် ယောက်ဖြစ်စေရန် အလို့ငှါ ကောင်းကင်နိုင်ငံနှင့်ဆိုင်သော အရာများနှင့်ပတ်သက် သည့် အသိဥာဏ်များ တိုးပွားစေရန်အတွက် ပိုမိုမြတ်ကြီးသော ကြိုးစားလုပ်ဆောင် မှုများကို လုပ်ဆောင်နိုင်ရန် စွမ်းအားများကိုပေးလျက် မေတ္တာတော်၏ သန့်စင် သောအင်အားစုသည် ထိုလူအား တိုးတက်ကြီးပွားစေပါသည်။ ဖြောင့်မတ်ခြင်း ပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထို သူတို့သည် ၀ပြောခြင်းသို့ ရောက်ကြလတ္တံ့။

         သနားစုံမက်တတ်သော သူများသည် သနားစုံမက်ခြင်းကို ခံကြရလိမ့်မည်။ စိတ်နှလုံးဖြူစင်သော သူတို့သည် ဘုရားသခင်ကို မြင်ကြရပါလိမ့်မည်။ မသန့်ရှင်း သော တွေးတောစဉ်းစားမှုများသည် အသက်ဝိညာဉ်ကို ညစ်ညူးစေ၍ ကိုယ်ကျင့် တရားနှင့် ဆိုင်သောအသိစိတ်ကို ယုတ်လျော့ညံ့ဖျင်းစေပြီး သန့်ရှင်းသော ဝိညာဉ် တော်၏ အသိပေးမှုများကို ပျောက်ပျက်သွားစေပါသည်။ လူသားများသည် ဘုရား သခင်ကို မကြည့်မြင်နိုင်ရန်အလို့ငှါ မသန့်ရှင်းသော တွေးတောမှုများက ဝိညာဉ်ရေး ဆိုင်ရာ မြင်ကွင်းများကို မှုန်မွှားစေပါသည်။ ထာ၀ရဘုရားသည် နောင်တရသော အပြစ်သားများအား အပြစ်မှခွင့်လွှတ် နိုင်တော်မူပါသည်။ ထိုအပြစ်သားသည် အ ပြစ်မှခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ၎င်း၏မူလသဏ္ဌာန်သည် ပျက်ယွင်းသွားခဲ့ ပါ သည်။ ဝိညာဉ်ရေးနှင့်ဆိုင်သော သမ္မာတရားကို ရှင်းလင်းပြတ်သားစွာ သိမြင်လိုသူ များသည် မသန့်ရှင်းသော အပြောအဆိုနှင့် အတွေးများကို ရှောင်ရှားရပါမည်။

         သို့သော်လည်း ခရစ်တော်၏ သွန်သင်ချက်များသည် ယုဒလူများ တိတိကျ ကျရှောင်ရှားခဲ့သော အခမ်းအနားကျင်းပရေးဆိုင်ရာ ညစ်ညမ်းမှုများနှင့် ကာမဂုဏ် ခံစားမှုဆိုင်ရာ မစင်ကြယ်မှုများမှ ကင်းရှင်းခြင်းများ ထက်သာလွန်သော အဓိပ္ပါယ် ကိုဆောင်ပါသည်။ တစ်ကိုယ်ကောင်းဆန်သော စိတ်ဓာတ်သည် ကျွန်ုပ်တို့အား ထာ၀ရဘုရားကို မကြည့်ရှုရန် ဟန့်တားပါသည်။ ကိုယ့်ဘက်ကိုသာ ကိုယ်ယက် သောစိတ်ဓာတ်သည် ထာ၀ရဘုရားကို ထိုကဲ့သို့စိတ်ဓာတ်ရှိ သူတစ်ဦးဖြစ်ကြောင်း သတ်မှတ်ပါသည်။ ကျွန်ုပ်တို့သည် ထိုစိတ်ဓာတ်တို့ကို မငြင်းပယ်နိုင်သမျှ ချစ်ခြင်း မေတ္တာဖြစ်တော်မူသော ဘုရားသခင်ကို နားလည်နိုင်ကြလိမ့်မည် မဟုတ်ချေ။ တစ် ကိုယ်ကောင်းမဆန်သော၊ နှိမ့်ချသော၊ ယုံကြည်ကိုးစားတတ်သော စိတ်နှလုံးသည် သာလျှင် ဘုရားသခင်ကို သနားခြင်းကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်၀တော်မူထသော ဘုရားတစ်ဆူအနေနှင့် တွေ့ မြင်ကြပါလိမ့်မည်။ ထွက်မြောက် ၃၄း၆။

         “သူတစ်ပါးချင်းခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သော သူတို့သည် မင်္ဂလာ ရှိကြ၏။” ခရစ်တော်၏ ငြိမ်သက်ခြင်းသည် သမ္မာတရားမှ ဖြစ်ပွားပါသည်။ ထာ၀ရ ဘုရား၏ အလိုတော်နှင့်လည်း ကိုက်ညီပါသည်။ ကမ္ဘာကြီးသည် ဘုရားသခင်၏ ပညတ်တော်ကို မုန်းတီးပြီး အပြစ်သားများသည် မိမိတို့၏ ဖန်ဆင်းရှင်နှင့် ရန်ငြိုးဖွဲ့ နေကြသောကြောင့် လူသားများသည် တစ်ဦးနှင့်တစ်ဦး ရန်ငြိုးဖွဲနေကြပါသည်။ “တရားတော်ကို နှစ်သက်သော သူတို့၌ကြီးစွာသော ငြိမ်ဝပ်ခြင်းရှိပါ၏” ဆာလံ ၁၁၉း၁၆၅။ လူသားများသည်  ငြိမ်သက်ခြင်းကို စီမံထုတ်လုပ်၍ မရနိုင်ပါချေ။ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် (သို့မဟုတ်) အဖွဲ့အစည်းအလိုက် အပြစ်ကင်းစင်မှု ရရှိရန် စီမံလုပ်ဆောင်မှုများသည် ငြိမ်သက်ခြင်းကို ပေးစွမ်းလိမ့်မည် မဟုတ်ချေ။ အကြောင်းမူကား ထိုလုပ်ဆောင်မှုများသည် စိတ်နှလုံးကို မထိခိုက်သောကြောင့် ဖြစ်ပါသည်။ စစ်မှန်ခိုင်မြဲသော ငြိမ်သက်ခြင်းကို ဖန်တီးနိုင်သည့် တစ်ခုတည်းသော

တန်ခိုးတော်သည် ခရစ်တော်၏ ကရုဏာတော်ဖြစ်ပါသည်။ ထိုကရုဏာတော်သည် စိတ်နှလုံးထဲတွင် စွဲမြဲလာသောအခါ ရန်ဘက်ပြုခြင်းနှင့် စိတ်ဝမ်းကွဲပြားမှုများကို ဖြစ်စေသော မကောင်းသည့်စိတ်များကို နှင်ထုတ်ပေးလိမ့်မည်ဖြစ်ပါသည်။ “အမျိုး မျိုးသော ဆူးပင်အရာ၌ ထင်းရှူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။”“ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။” ဟေရှာယ ၅၅း၁၃။ ၃၅း၁။

         ပရိသတ်ကြီးသည် ဖါရိရှဲများ၏ကျင့်ဝတ်များ၊ ပုံသက်သေများနှင့် များစွာ ကွဲပြားခြားနားသော ဤသွန်သင်ချက်များကို ကြားနာရသောကြောင့် အံ့အားသင့် ခဲ့ကြပါသည်။ ဤလောကနှင့်ပတ်သက်သော ဝတ္ထုပစ္စည်းများ တို့ကိုပိုင်ဆိုင်ခြင်း သည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း၊ လူသားများတို့၏ ထင်ရှားကျော်ကြားခြင်းနှင့် ဂုဏ်အသရေရှိမှုများသည် များစွာတပ်မက်စရာ ကောင်းသည့်အရာဖြစ်ကြောင်း ယူ ဒလူများ သဘောပေါက်ခဲ့ကြသည်။ “ရဗ္ဗိ” ဟုအခေါ်ခံရလျှင်သော်လည်းကောင်း၊ လူအများရှေ့တွင် ဖော်ပြခဲ့ကြသော  ၎င်းတို့၏ အကျင့်သီလများတို့ကြောင့် ပညာရှိ များ၊ ဘုရားတရားရှိသူများ အဖြစ်အချီးမွမ်းခံရလျှင် သော်လည်းကောင်း သူတို့ အလွန်သဘောကျ ခဲ့ကြပါသည်။ ထိုအရာကို မင်္ဂလာအပေါင်းတို့၏ အထွတ်အထိပ် အနေဖြင့်လည်း မှတ်ယူခဲ့ကြပါသည်။ လောကနှင့်ပတ်သက်သော အောင်မြင်မှုများ နှင့် ဂုဏ်ပြုခံရခြင်းများတို့သည် ထိုကဲ့သို့သော ပုဂ္ဂိုလ်များရရှိမြဲဖြစ်သော ဆုလာဘ် များဖြစ်ကြောင်းကို ခရစ်တော်သည် ကြီးမားလှသော ထိုလူအုပ်ကြီး၏ ရှေ့မှောက် တွင် မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ထိုကဲ့သို့ သေချာပေါက်မိန့်တော်မူခဲ့ စဉ်တွင် နှုတ်ထွက်စကားများတို့၌ သဘောပေါက်နားလည်တတ်သော တန်ခိုးတော် ပါရှိခဲ့ပါသည်။ ထိုလူအပေါင်းတို့သည် တိတ်ဆိတ်နေကြပြီး စိုးရွံ့မှုများကို ခံစားခဲ့ကြ ရပါသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး သံသယမျက်လုံးများဖြင့် ကြည့်နေခဲ့ကြ ပါသည်။ ကိုယ်တော်၏ သွန်သင်ချက်များသည် မှန်ကန်နေလျှင် ၎င်းတို့ထဲမှမည်သူ သည် ကယ်တင်ခြင်း ရကြလိမ့်မည်နည်း။ ဂရုပြုထိုက်သော ဤဆရာသည် ဘုရား သခင်၏ သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုကို ခံခဲ့ရကြောင်းနှင့် ထိုသူမိန့် တော်မူသော အယူအဆ သဘောထားများသည် ဘုရားသခင်နှင့် သက်ဆိုင် ကြောင်းများ တို့ကို ထိုသူအပေါင်းတို့ခွဲခြားသိမြင်ခဲ့ကြပါသည်။

         စစ်မှန်သောပျော်ရွှင်မှုကို မည်သည့်အရာများနှင့် ဖွဲ့စည်းထားကြောင်း၊ ထို ပျော်ရွှင်မှုကို မည်ကဲ့သို့ရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် အခြားသူများ အား ဖြောင့်မတ်ခြင်းလမ်းနှင့် ထာ၀ရအသက်လမ်းများသို့ လမ်းပြရန် ဘုရားသခင် ရွေးချယ်သော ဆရာများဖြစ်သော တမန်တော်များ၏ တာဝန်များကို တိတိကျကျ ခရစ်တော်က ညွှန်ပြတော်မူခဲ့ပါသည်။ တပည့်တော်များသည် စိတ်ပျက်မှုများ၊ စိတ် ဓာတ်ကျဆင်းမှုများကို မကြာခဏ ခံစားကြရမည်ဖြစ်ကြောင်း ကိုလည်းကောင်း၊ သဲသဲမဲမဲဆန့်ကျင်မှုများကို တွေ့ဆုံကြလိမ့်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊ သူတို့ ကို စော်ကား၍ သူတို့၏သက်သေခံချက်များကို ငြင်းပယ်ကြလိမ့်မည်ဖြစ်ကြောင်းကို လည်းကောင်း ကိုယ်တော်ရှင် သိရှိတော်မူခဲ့ပါသည်။ သူတို့၏ အမှုတော်လုပ်ငန်းများ ပြည့်၀စွာ ပြီးမြောက်စေရန်အတွက် ကိုယ်တော်၏ နှုတ်ထွက်စကားများကို စိတ်အား ထက်သန်စွာ နားထောင်နေကြသော၊ နှိမ့်ချသော ထိုသူများသည် သွားပုပ်လေလွင့် ပြောဆိုခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ထောင်တွင်းအကျဉ်းချခြင်းနှင့် အသေသတ်ခြင်း များကိုခံကြရမည် ဖြစ်ကြောင်းကို ကိုယ်တော်သည် ကောင်းမွန်စွာသိရှိတော်မူသဖြင့် ]]ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံ ဖြစ်၏။ ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြ သောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက် ရွှင်မြူးခြင်းရှိကြလော့။ အ ကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည်ကြီးလှပေ၏။ သင်တို့ ရှေ့ကပေါ်ထွန်းသော ပုရောဖက်တို့ကိုလည်း ထိုနည်းတူညှဉ်းဆဲကြပြီ” ဟုမိန့် တော်မူ၏။

         လောကသားများသည် အပြစ်ကိုချစ်၍ ဖြောင့်မတ်ခြင်းတရားကို မုန်းတီးကြ ပါသည်။ ဤအရာသည် ၎င်းတို့အနေဖြင့် ခရစ်တော်အား ရန်မူခြင်း၏ အကြောင်း ရင်းတစ်ရပ်ဖြစ်ပါသည်။ ကိုယ်တော်ရှင်၏ အနန္တမေတ္တာတော်ကို ငြင်းပယ်သူများ အားလုံးသည် ခရစ်ယာန်ဘာသာကို နှောင့်ယှက်ဟန့်တားသော အရာတစ်ခုအနေ ဖြင့်သာ တွေ့မြင်ကြလိမ့်မည်။ ခရစ်တော်၏ အလင်းတရားတော်သည် ၎င်းတို့၏ အပြစ်များကို ကာကွယ်ပေးထားသော အမှောင်ထုကို ရှင်းလင်းပစ်လိုက်ပြီး ဘာသာ ရေးပြုပြင်ခြင်း လိုအပ်နေကြောင်းကို ထင်ရှားစေခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ် တော်၏ တန်ခိုးတော်၌ မိမိကိုယ်ကိုအပ်နှံသောသူများသည် မိမိတို့ကိုယ်တိုင်နှင့် စစ်ပြိုင်နေကြရပြီးတွင် အပြစ်တရားကို စွဲလမ်းနေသူများသည် သမ္မာတရားနှင့် လည်းကောင်း၊ သမ္မာတရား၏ ကိုယ်စားလှယ်များနှင့်လည်းကောင်း စစ်ခင်းနေကြ ရပါသည်။

         ထိုသို့သောနည်းအားဖြင့် ရန်မူတိုက်ခိုက်မှုများ ဖြစ်ပေါ်လာပြီး ခရစ်တော်၏ နောက်လိုက်များသည် လူအများကို ဒုက္ခပေးသူများအဖြစ် အစွပ်စွဲခံကြရပါသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြသဖြင့် လောကသားများ၏ ရန်ငြိုး ဖွဲ့ခြင်းကို ခံကြရပါသည်။ သူတို့သည် ခရစ်တော်၏ ဆုံးမပဲ့ပြင်မှုကို ခံယူခဲ့ကြပြီး ကမ္ဘာ့အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်တော်ကြီးလျှောက်ခဲ့သော လမ်းကိုလျှောက်နေ လျက်ရှိကြပါသည်။ ထိုသူတို့သည် စုံစမ်းနှောင့်ယှက်ခြင်းကို ဝမ်းနည်းသောစိတ်ဖြင့် မဟုတ်ဘဲ ဝမ်းမြောက်ဝမ်းသာဖြင့် ရင်ဆိုင်ကြမည်ဖြစ်ပါသည်။ ပြင်းထန်သောစုံစမ်း စစ်ဆေးမှုတိုင်းသည် ၎င်းတို့၏ အပြစ်ကင်းစင်မှုများအတွက် ဘုရားသခင်၏ စွမ်း ဆောင်မှုတစ်ခုဖြစ်ပါသည်။ စုံစမ်းစစ်ဆေးမှုတိုင်းသည် ကျွန်ုပ်တို့အား ခရစ်တော်၏ လုပ်ဖော်ဆောင်ဖက်များအဖြစ် အမှုတော်တွင် ဆီလျော်သူများ ဖြစ်လာရန်လုပ် ဆောင်ပေးခြင်း ဖြစ်ပါသည်။ ဖြောင့်မတ်ခြင်းတရားအတွက် ကြီးကျယ်သော တိုက် ပွဲကြီးတွင် တိုက်လှန်ပွဲတိုင်းသည် ၎င်း၏အခန်းကဏ္ဍရှိပြီး ၎င်းတိုက်လှန်ပွဲတစ်ခုစီ သည် နောက်ဆုံးသောအောင်ပွဲ၏ ဝမ်းမြောက်မှုကို ထပ်လောင်းတိုးပွားစေပါလိမ့် မည်။ ဤအရာကိုကြည့်ရှုလျက် ယုံကြည်ခြင်းနှင့် သည်းခံခြင်းကို စစ်ဆေးခြင်းအ ရာ၌ ကြောက်ရွံ့မှုကို ရှောင်ရှားဖို့ထက် ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခံကြရန်ဖြစ် ပါသည်။ ကိုယ်တော်၏ အစေခံကျွန်များသည် လောကသားများအတွက် မိမိတို့ လုပ်ဆောင်ရမည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် စိတ်အားထက်သန်စွာ ဖြင့် ဘုရားသခင်၏ အလိုတော်ကိုသာ အာရုံစူးစိုက်လျက် လူသားများက ကြိုက် သည်ဖြစ်စေ၊ ကြောက်သည်ဖြစ်စေ ဂရုမထားဘဲ မိမိတို့၏တာဝန်တိုင်းကို ကျေပွန် အောင် ထမ်းဆောင်ကြရပါမည်။

         “သင်တို့သည် လောက၏ဆားဖြစ်ကြ၏” ဟူ၍ ခရစ်တော် မိန့်တော်မူခဲ့ ပါသည်။ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ သင်တို့သည် လောကသား များနှင့် ကင်းကင်းရှင်းရှင်း နေကြရန်မဟုတ်ချေ။ ဆားသည် ကမ္ဘာကြီးအား ပုပ်သိုး ပျက်စီးခြင်းမှ ကာကွယ်ထိန်းသိမ်း ပေးသကဲ့သို့ ဘုရားသခင့်မေတ္တာတော်၏ မွှေးရနံ့ များသည် လောကသားများ အတွင်းပျံ့နှံ့သွားရန် သင်သည် သူတို့နှင့် အတူနေရပါ မည်။

         သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ကို တုံ့ပြန်မှုပေးသော စိတ်နှလုံး များသည် ဘုရား၏ကောင်းချီးမင်္ဂလာများ ဖြတ်သန်းစီးဆင်းနိုင်မည့် ဆက်သွယ်ရေး တူးမြောင်းများ ဖြစ်ကြပါသည်။ ဘုရားသခင်၏ အမှုဆောင်များကို ဤကမ္ဘာမှဖယ် ရှား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လူများထံမှ ပြန်လည်ရုပ်သိမ်းလိုက်မည်ဆိုလျှင် ဤကမ္ဘာကြီးသည် စာတန်အုပ်ချုပ်ပိုင်ခွင့်အာဏာ၏ အသီးအပွင့်ဖြစ်သော ပျက်စီး ခြင်းသို့ ရောက်သွားပေလိမ့်မည်။ ဆိုးယုတ်သောသူများသည် ထိုအရာများကို မသိကြသော်လည်း ၎င်းတို့စော်ကားဖိနှိပ်ခဲ့ကြသော ဘုရားသခင်၏ သားသမီးများရှိ နေခြင်းကြောင့် ဤအသက်တာ၌ ခံစားခဲ့ရသော ကောင်းချီးမင်္ဂလာများအတွက် ကြွေးတင်နေသော သူများဖြစ်ကြပါသည်။ သို့သော် အမည်ခံသက်သက်ဖြစ်သော ခရစ်ယာန်များသည် အငန်ကင်းပျောက်သော ဆားကဲ့သို့ဖြစ်ကြသည်။ သူတို့၌ ကမ္ဘာပေါ်ရှိကောင်းသော အရာများအတွက် ဩဇာသက်ရောက်မှု မရှိကြချေ။ သူ တို့သည် ဘုရားသခင်အကြောင်းကို မှားယွင်းစွာရုပ်လုံးဖော် ခြင်းအားဖြင့် မ ယုံကြည်သူများထက်ပို၍ဆိုးယုတ်သော သူများဖြစ်နေကြ ပါသည်။

         “သင်တို့သည် လောက၏ အလင်းဖြစ်ကြ၏။”ကယ်တင်ခြင်း အကျိုး ကျေးဇူးသည် မိမိတို့လူမျိုးများအတွက်သာ သတ်မှတ်ထားရန် ယုဒများက စိတ်ကူး ခဲ့ကြသော်လည်း ကယ်တင်ခြင်း ဆုကျေးဇူးသည် နေရောင်ခြည်ကဲ့သို့ဖြစ်ကြောင်း သူတို့ကို ခရစ်တော်ပြတော်မူခဲ့ပါသည်။ ကယ်တင်ခြင်းသည် တစ်ကမ္ဘာလုံးအတွက် ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဘာသာတရားသည် အဖုံးအကာများ တို့ကြားတွင်ရှိသော စာအုပ်ထဲတွင်သာ ထားရန်မဟုတ်သကဲ့သို့ အသင်းတော်တစ် ခု၏နံရံများ အကြားတွင်လည်း ကန့်သတ်ချုပ်တည်းထားရန်မဟုတ်ချေ။ ဤဘာသာ တရားကို မိမိတို့၏ ကိုယ်ကျိုးအတွက် အခါအားလျော်စွာ ထုတ်ယူအသုံးပြုပြီး နောက် ထိုစာအုပ်ထဲတွင် တစ်ဖန်ဂရုတစိုက် သိမ်းဆည်းထားရန်လည်း မဟုတ်ချေ။ ဤဘာသာတရားအားဖြင့် ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာကို သန့်ရှင်းစေရန်နှင့် ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများ တို့တွင်လည်းကောင်း၊ ကျွန်ုပ်တို့၏ လူမှု ဆက်ဆံရေးလုပ်ငန်းများ တွင်လည်းကောင်း ကျွန်ုပ်တို့ယုံကြည်သော ဘာသာတရား ကို ထင်ရှားစေရန် အသုံးပြုဖို့ဖြစ်ပါသည်။

         စစ်မှန်သော အကျင့်စာရိတ္တသည် အပြင်မှပုံသွင်းရုပ်လုံး ဖော်ထားသည့် အရာမဟုတ်ဘဲ အတွင်းမှဖြာထွက်လာသော အရာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများအား ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ လမ်းညွှန်ရန်ဆန္ဒရှိပါလျှင် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် ဖြောင့်မတ်ခြင်း တရား၏ အခြေခံနိယာမများကို မွန်မြတ်သော အရာအဖြစ် မှတ်ယူထားရမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ကို နှုတ်ဖြင့်ဝန်ခံခြင်းသည် စာတွေ့ဘာသာတရားကိုသာ ဖော်ညွှန်းနိုင်သော်လည်း ကျွန်ုပ်တို့၏ လက်တွေ့ကျသော ဘာသာတရားရှိမှုသည် သမ္မာတရား၏ နှုတ်ကပတ် တော်များကို ဟောပြောပါသည်။ ခိုင်မြဲတည်ကြည်သော အသက်တာ၊ သန့်ရှင်းသော အပြောအဆို၊ ထိန်းသိမ်းခြင်းမရသောသမ္မာဓိရှိမှု၊ သွက်လက်၍ ကျေးဇူးသိတတ် သော စိတ်သဘောထား၊ ဘုရားဝတ်၌ မွေ့လျော်သော ပုံသက်သေတည်းဟူသော ကြားခံအရာများသည် အလင်းတော်ကို လောကသားများ ထံသို့ပို့ဆောင်ပေးပါ သည်။

         ခရစ်တော်သည် ပညတ်တော်၏ အသေးစိတ်ဖော်ပြချက်များကို ဗာရာဏ သီချဲ့၍ မိန့်တော်မမူသော်လည်း မိမိသည်ပညတ်တော်၏ ခိုင်းစေချက်များကို ဖျက်ပယ်ခြင်းငှါ လာတော်မူသည်ဟု တရားနာပရိသတ်များ အထင်မရှိကြစေဖို့မိန့် တော်မူခဲ့ပါသည်။ သူလျှိုများသည် ကိုယ်တော့် မိန့်တော်မူချက်များထဲမှ ၎င်းတို့၏ အကြံ အစည်များကို အစပြုမည့်စကားလုံးတိုင်းကို အခွင့်ကောင်းယူအသုံးပြုရန် အဆင်သင့် ရှိနေကြကြောင်းကိုလည်း ကိုယ်တော်သိတော်မူပါသည်။ တရားနာ ပရိသတ်များစွာတို့၏ စိတ်နှလုံးထဲတွင် ရှိနေကြသော တစ်ဖက်သတ် အထင်လွဲမှား မှုများကိုလည်း ကိုယ်တော် သိတော်မူပါသည်။ ၎င်းပြင် မောရှေအားဖြင့် ပေးအပ် ထားတော်မူသော ဘာသာတရားနှင့် အသားကျနေသော ဓလေ့ထုံးတမ်းများတို့ အ ပေါ်တွင် ထားရှိသည့်၎င်းတို့၏ ယုံကြည်မှုများကို မတည်မငြိမ်ဖြစ်စေမည့် မည်သည့် စကားကိုမျှ ကိုယ်တော် မိန့်တော်မမူခဲ့ချေ။ ခရစ်တော်ကိုယ်တော်တိုင် ကျင့်ဝတ် ဆိုင်ရာ ပညတ်တော်နှင့် ဝိနည်းထုံးဖွဲ့ဆိုင်ရာ ပညတ်နှစ်မျိုးစလုံးကို ပေးသနား တော်မူခဲ့သဖြင့် မိမိကိုယ်တိုင် လုပ်သင့်ခဲ့သည့်အရာများ အပေါ်တွင် ယုံကြည်မှု ပျက်ပြားအောင်လုပ်ရန် ကိုယ်တော်ရှင်ကြွလာတော်မူခြင်း မဟုတ်ချေ။ ကိုယ်တော် သည် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းများကို ရိုသေလေးစားတော် မူသောကြောင့် ယုဒလူများအား ကာရံထားသည့်ရိုးရာ ဓလေ့ထုံးစံတံတိုင်းကြီး ကိုဖြိုဖျက်ရန် ကြိုးစား တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ပညတ်တော်အကြောင်း မှားယွင်းစွာ အနက်ပြန် ဆိုမှုများကို ပယ်ဖျက်နေစဉ်တွင် ဟေဗြဲလူမျိုးများအား ပေးအပ်ထားခဲ့သည့် အ သက်ရှိသော သမ္မာတရားကို စွန့်လွှတ်ခြင်းမှ ကင်းဝေးရန် မိမိ၏တမန်တော်များအား ဂရုတစိုက fကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။

         ဖါရိရှဲများသည် ပညတ်တော်ကို နားထောင်လိုက်လျှောက် မှုများအတွက် ကိုယ့်ကိုကိုယ်ဂုဏ်ယူဝင့်ကြွား ခဲ့ကြပါသည်။ သို့စေကာမူ သခင်ယေရှု၏ စကားများ သည် ၎င်းတို့အတွက် မိစ္ဆာဒိဌိအယူဝါဒအဖြစ် မှတ်ယူထားရလောက်အောင် ၎င်း  တို့၏ နေ့စဉ်အသက်တာများတွင် ပညတ်တော်၏ အခြေခံနိယာမများကို သိရှိမှုအ လွန်နည်းပါးခဲ့ကြပါသည်။ ကိုယ်တော်သည် သမ္မာတရားကို ဖုံးအုပ်ထားသော အမှိုက်သရိုက်များကို ဖယ်ရှားပစ်လိုက်သောအခါ သမ္မာတရားကို  ဖယ်ရှားပစ်နေ သည်ဟု ၎င်းတို့က ထင်မြင်ယူဆခဲ့ကြပါသည်။ ကိုယ်တော်သည် သမ္မာတရားကို ပေါ့ပျက်အောင် လုပ်နေသည်ဟု သူတို့သည် အချင်းချင်း တီးတိုးပြောခဲ့ကြပါသည်။ ကိုယ်တော်သည် သူတို့၏စိတ်နှလုံးအကြံအစည်ကို သိရှိတော်မူသဖြင့် မိန့်တော် မူသည်မှာ 

    ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည် ဟု မထင်ကြနှင့်၊ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှါ ငါလာသ တည်း။” သခင်ယေရှုက ဖါရိရှဲများ၏ စွပ်စွဲချက်များသည် မဟုတ်မမှန်ကြောင်းကို ဤကဲ့သို့ငြင်းဆိုချေပလိုက်ပါသည်။ လောကတွင် ဆောင်ရွက်ရမည့် ကိုယ်တော် ရှင်၏ အမှုတော်မှာ ၎င်းတို့က ကိုယ်တော်အား ချိုးဖောက်ပစ်ပယ် နေသည်ဟု စွပ်စွဲထားသည့် ပညတ်တော်၏သန့်ရှင်း မွန်မြတ်သော တောင်းဆိုချက်တို့သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်ကြောင်း ထင်ရှားစေရန်ဖြစ်ပါသည်။ အကယ်၍ ဘုရား သခင်သည် ပညတ်တော်ကို ပြောင်းလဲပေးရန် (သို့မဟုတ်) ဖျက်သိမ်းပစ် ရန်ဖြစ်နိုင်ခဲ့လိမ့်မည်ဆိုလျှင် ကျွန်ုပ်တို့၏ ပညတ်တော် လွန်ကျူးမှုများအတွက် အဖိုးအခများကို ခရစ်တော် ခံစားစရာလိုလိမ့်မည်မဟုတ်ချေ။ ကိုယ်တော်သည် လူသားများနှင့် ပညတ်တော်အကြား ဆက်နွှယ်ပုံကို ရှင်းလင်းပြသရန်နှင့် မိမိ၏ နားထောင်မှုရှိသော အသက်တာအားဖြင့် ပညတ်တော်၏ ကျင့်ဝတ်များကို ရှင်းလင်း သရုပ်ဖော်ရန် ကြွလာတော်မူခဲ့ပါသည်။

         ထာ၀ရဘုရားသခင်သည် လူသားများတို့ကို ချစ်တော်မူသောကြောင့် ၎င်း တို့အား သန့်ရှင်းသော ကျင့်ဝတ်များကို ပေးသနားတော်မူထားပါသည်။ ပညတ် တော်လွန်ကျူးမှုကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများမှ ကျွန်ုပ်တို့ကိုကာကွယ်ရန် ဖြောင့်မတ်ခြင်းတရား၏ အခြေခံနိယာမများကို ကိုယ်တော်ဖော်ပြတော်မူခဲ့ပါသည်။ ပညတ်တော်သည် ထာ၀ရဘုရား၏ သဘောတော်ကို ထုတ်ဖော်ပြသထားသည့် အရာတစ်ခုဖြစ်ပါသည်။ ပညတ်တော်ကို ခရစ်တော်အားဖြင့် လက်ခံရရှိသော အချိန် တွင် ဘုရားသခင်၏ သဘောတော်သည် ကျွန်ုပ်တို့၏ သဘောထားများ အသွင်သို့ ပြောင်းလာကြပါသည်။ ထိုသဘောထားသည် ကျွန်ုပ်တို့အား လူသားသဘာ၀၏ အလိုရမ္မက်များနှင့် တိမ်းညွတ်မှုများမှလည်းကောင်း၊ အပြစ်ကျူးလွန်စေသည့် စုံ စမ်းနှောင့်ယှက်ခြင်းများမှလည်းကောင်း ကင်းလွတ်စေရန် မြှင့်တင်ထားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပျော်ရွှင်ဝမ်းမြောက် စေလိုပါသည်။ ပညတ်တော် ကို လိုက်လျှောက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပျော်ရွှင်မှုကို ရရှိခံစားနိုင်စေရန် အ လိုငှါ ပညတ်တော်ဆိုင်ရာ ကျင့်ဝတ်များကို ကိုယ်တော်ပေးတော်မူခဲ့ပါသည်။ ခရစ်  တော်၏ မွေးနေ့တွင် “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော် မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အားမေတ္တာ ကရုဏာရှိစေသတည်း” ဟု ကောင်းကင်တမန်များက ဘုရားသခင်အား ချီးမွမ်း၍ မြွက်ဆိုခဲ့ကြပါသည်။ လုကာ ၂း၁၄။ ထိုအချိန်တွင် ကောင်းကင်တမန်များသည် ကိုယ်တော်ရှင်ကြွလာ၍ ဂုဏ်ပြုချီးမွမ်းတော်မူခဲ့သည့် ပညတ်တော်၏ အခြေခံ နိယာမများကို ဖော်ညွှန်းကြေညာ နေကြခြင်းဖြစ်ပါ သည်။

         သိနာတောင်ပေါ်၌ ပညတ်တော်ကို မိန့်တော်မူသော အချိန်တွင် လူသား များသည် ဘုရားသခင်၏ ဇာတိတော်နှင့် ကွဲပြားခြားနားသော မိမိတို့၏ အပြစ်များ သည် သဘာ၀ကို တွေ့မြင်နိုင်စေရန် အလိုငှါ ဘုရားသခင်သည် မိမိစာရိတ္တတော်၏ သန့်ရှင်းခြင်းကို လူသားများအား အသိပေးတော်မူ ခဲ့ပါသည်။ ၎င်းတို့အား အပြစ် အကြောင်းကို ထင်ရှားစွာ သိမြင်နိုင်စေရန်နှင့် ၎င်းတို့သည် ကယ်တင်ရှင်လိုအပ် ကြောင်းဖော်ပြရန် ပညတ်တော်ကို ပေးတော်မူခဲ့ပါသည်။ ပညတ်တော်၏ အခြေခံ စည်းမျဉ်းများကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စိတ်နှလုံးတွင် အသုံးချသော ဆ၂အချိန်တွင် ထိုရည်ရွယ်ချက်သည် ပြီးမြောက်ခဲ့ပါလိမ့်မည်။ ဆက်လက်၍လည်း ပြီးမြောက်အောင်မြင်လိမ့်မည်ဖြစ်ပါသည်။ ပညတ်တော်၏ အခြေခံနိယာမများကို ခရစ်တော်၏ သက်တော်စဉ်အားဖြင့် ထင်ရှားပေါ်လွင်စေခဲ့ပါသည်။ ၎င်းပြင် သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်နှလုံးကို ထိတွေ့တော်မူစဉ်နှင့် ခရစ်တော်၏ အလင်းတော်သည် လူသားများအား ကိုယ်တော်ရှင်၏ အပြစ်ကင်းစင်စေသည့် အသွေးတော်နှင့် တရားမျှတတော်မူသည့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းပါရမီကို လိုအပ်နေကြောင်းကို ဖော်ပြတော်မူစဉ်တွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ပညတ်တော်သည် ကျွန်ုပ်တို့အား ခရစ် တော်ထံသို့ ပို့ဆောင်နေပါသည်။ “ထာ၀ရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ် ကိုပြုပြင်တတ်၏။” ဆာလံ ၁၉း၇။

         “ကောင်းကင်နှင့်မြေကြီး မပျက်စီးမီတိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံး သော စာလုံးဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့မရောက်မီ မပျက်စီးရ၊ ကောင်းကင်ယံတွင် ထွန်းလင်းနေသော နေမင်းကြီးနှင့် ကျွန်ုပ်တို့နေထိုင်လျက်ရှိသော ခိုင်ခံ့သိပ်သည်း သည့် ကမ္ဘာကြီးသည် ကိုယ်တော်၏ ပညတ်တော်သည် ပြောင်းလဲခြင်းမရှိကြောင်း၊ ထာ၀ရတည်မြဲကြောင်းကို ထင်ရှားစေသည့် ဘုရားသခင်၏ သက်သေဖြစ်ပါသည်။ ထိုအရာများသည် ပျက်စီးသွားမည်ဆိုလျှင် ပျက်စီးသွားနိုင်မည် ဖြစ်သော်လည်း ဘုရားသခင်၏ ပညတ်တော်များသည် တည်မြဲပါလိမ့်မည်။” “ပညတ္တိကျမ်း၌ အ ငယ်ဆုံးသော ဗိန္ဓုတစ်လုံးပျက်စီးလွယ်သည်ထက် ကောင်းကင်နှင့်မြေကြီးပျက်စီး လွယ်၏။” လုကာ၁၆း၁၇။ ဘုရားသခင်၏ သိုးသငယ်အဖြစ် ခရစ်တော်ကို ပုံ ဆောင်၍ ကျင်းပသော အခမ်းအနားများသည် ကိုယ်တော်အသေခံပြီသော အချိန် တွင် ဖျက်သိမ်းခြင်းကို ခံလိုက်ရပါသည်။ သို့ပါသော်လည်း ပညတ်တော်ဆယ်ပါး တွင် ဖော်ပြထားသည့်အရာများသည် ဘုရားသခင်၏ ပလ္လင်တော်ကဲ့သို့ပင် တည်မြဲ လျက်ရှိပါသည်။

         ဘုရားသခင်၏ တရားတော်သည် စုံလင်သည်ဖြစ်သောကြောင့် ၎င်းနှင့် မတူညီသော အရာများအားလုံးသည် မကောင်းသော အရာများသာ ဖြစ်ပါမည်။ ဘုရားသခင်၏ ပညတ်တော်ကို ကိုယ်တိုင်မစောင့်ရှောက်သည့်ပြင် အခြားသူများ အားလည်း မစောင့်ရှောက်ရန် သွန်သင်သောသူများသည် ခရစ်တော်အားဖြင့် ပြစ် ဒဏ်စီရင်ခြင်းကို ခံကြရပါမည်။ ခရစ်တော်၏ နားထောင်မှုရှိသော အသက်တာသည် ပညတ်တော်၏ တောင်းဆိုချက်များကို ဆက်လက်ဆောင်ရွက်တော်မူခဲ့ပြီး လူ့ဇာတိ အားဖြင့် ပညတ်တော်ကို စောင့်ထိန်းနိုင်ကြောင်း ထင်ရှားစေခဲ့ပါသည်။ ၎င်းပြင် နား ထောင်မှုရှိခြင်း အားဖြင့် တိုးတက်ဖွံ့ဖြိုးလာသော အကျင့်စာရိတ္တ၏ ထူးကဲသာလွန် သည့် အရည်အချင်းများကိုလည်း ပြသခဲ့ပါသည်။ ကိုယ်တော်ရှင်နားထောင် စောင့် ရှောက်ခဲ့သကဲ့သို့ ပညတ်တော်ကို လိုက်နာစောင့်ရှောက်ခဲ့သူများက “ပညတ်တရား သည်သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏” ဟုပြောဆိုလျက်ရှိကြ ပါသည်။ ရောမ ၇း၁၂။ တစ်ဖက်တွင်လည်း ဘုရား၏ ပညတ်တော်ကို လွန်ကျူးနေ သူများက ပညတ်တော်သည် တရားမျှတမှုမရှိကြောင်း၊ စောင့်ထိန်းရန်မဖြစ်နိုင် ကြောင်း ဖော်ပြ၍ စာတန်၏ ပြောဆိုချက်ကို ထောက်ခံနေကြပါသည်။ ထိုနည်း အားဖြင့် ထိုသူတို့သည် မဟာရန်သူကြီး၏ လိမ်လည်လှည့်ဖြားမှုများကို ထောက်ခံ နေကြပြီး ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချခဲ့ကြပါသည်။ ထိုသူများသည် ဘုရားသခင်၏ ပညတ်တော်ကို ပထမဦးဆုံး ဆန့်ကျင်ပုန်ကန်ခဲ့သော လူယုတ် မာကြီး၏ သားသမီးများ ဖြစ်ကြပါသည်။ ထိုသူများသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်စားရန် ခွင့်ပြုခြင်းသည် စိတ်ဝမ်းကွဲပြားမှုနှင့် ပုန်ကန်မှုများ၏ အင်အားစုများကို ကောင်းကင်နိုင်ငံတော်သို့ တစ်ဖန်ယူဆောင်လာခြင်း ဖြစ်ပြီး စကြ၀ဠာကြီး၏ သာ ယာချမ်းမြေ့ခြင်းကို ဘေးဒုက္ခရောက်စေပါသည်။ ပညတ်တော်တွင် ပါရှိသော အခြေ ခံစည်းမျဉ်းတစ်ခုကို တမင်တကာ ဂရုမပြုသော သူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်စားရလိမ့်မည် မဟုတ်ချေ။

         ဖါရိရှဲများသည် မိမိတို့၏ ဖြောင့်မတ်ခြင်းကို ကောင်းကင်နိုင်ငံတော်သို့ သွားခွင့်လက်မှတ်တစ်ခုကဲ့သို့ မှတ်ယူခဲ့ကြပါသည်။ သို့သော် ၎င်းတို့၏ ဖြောင့် မတ်ခြင်းသည် ကောင်းကင်နိုင်ငံသို့ ဝင်စားရန် မလုံလောက်ကြောင်း၊ မထိုက်တန် ကြောင်းကို ခရစ်တော်မိန့်တော်မူခဲ့ပါသည်။ အပြင်ပန်း အခမ်းအနားများနှင့် သမ္မာတရားကို နှလုံးသိမဟုတ်ဘဲ ဦးခေါင်းသိသက်သက်အားဖြင့် ဖါရိရှဲများသည် ဖြောင့်မတ်ခြင်းပါရမီကို တည်ဆောက်ထားကြပါသည်။ ပညတ်တော်ကို လိုက်နာ စောင့်ရှောက်ရန် မိမိတို့၏ ကြိုးစားအားထုတ်ခြင်းများအားဖြင့် သန့်ရှင်းသော သူများဖြစ်လာကြောင်း ၎င်းတို့က အခိုင်အမာ ပြောဆိုခဲ့ကြသည်။ သို့သော် ၎င်းတို့၏ အကျင့်တရားများသည် ဖြောင့်မတ်ခြင်းတရားနှင့် ဘာသာတရားကို လုံး၀ကတ္တားခြား စေခဲ့ပါသည်။ သူတို့သည် ဝတ်ပြုကိုးကွယ်မှု အစီအစဉ်တွင် တိတိကျကျ လုပ် ဆောင်ကြစဉ်တွင်မှာပင် ၎င်းတို့အသက်တာ၏ စာရိတ္တများပျက်ပြားကာ ယုတ်ညံ့နေ ကြပါသည်။ ၎င်းတို့၏ အမည်ခံဖြောင့်မတ်မှုသည် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်စားနိုင်ကြမည် မဟုတ်ချေ။

         ခရစ်တော်၏ နေ့ရက်များတွင် လူသားများ၏ စိတ်နှလုံးထဲ၌ရှိသော အကြီး မားဆုံးသော လိမ်လည်လှည့်ဖြားမှုကြီးမှာ သမ္မာတရားကိုသဘော တူရုံမျှဖြင့် ဖြောင့် မတ်ရာသို့ ရောက်သည်ဆိုသည့် အယူအဆပင်ဖြစ်ပါသည်။ လူသားများ၏ အတွေ့ အကြုံများတွင် သမ္မာတရားကို ခေါင်းနှင့်သိရုံနှင့် အသက်ဝိညာဉ်ကို ကယ်တင်ရန် မလုံလောက်ကြောင်း ထင်ရှားလျက်ရှိနေပါသည်။ သမ္မာတရားကို နှလုံးသားနှင့် မသိဘဲ ခေါင်းနှင့်သိခြင်းအားဖြင့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်များကို မသီးမပွင့် နိုင်ပါချေ။ ဘုရားတရားပညာနှင့် ဆိုင်သော သမ္မာတရားကို ငြူစူသည့်သဘောဖြင့် ပမာဏပြုခြင်းသည် စစ်မှန်သော သမ္မာတရားအား မုန်းတီးခြင်းများတို့ကို ပူး တွဲဖြစ်ပေါ် စေပါသည်။ ရာဇဝင်အမှောင်ဆုံးသော အခန်းကဏ္ဍများကို တစ်ယူသန် သော ဘာသာရေးသမားများ ကျူးလွန်ခဲ့သော ရာဇဝတ်မှုမှတ်တမ်းများဖြင့် ပြည့်၀ စေခဲ့ပါသည်။ ဖါရိရှဲများသည် ကိုယ့်ကိုကိုယ် အာဗြဟံ၏ သားသမီးများဖြစ်ကြောင်း အခိုင်အမာပြောဆိုကာ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ရရှိခဲ့ခြင်းများအတွက် ဂုဏ် ယူဝင့်ကြွားခဲ့ကြသော်လည်း ထိုအခွင့်ထူးများသည် ၎င်းတို့အား တစ်ကိုယ်ကောင်း ဆန်သောစိတ်၊ မစ္ဆေရစိတ်၊ ဥစ္စာဓန အတွက်လောဘစိတ်နှင့် အယုတ်ညံ့ဆုံးသော သူတော်ကောင်း ယောင်ဆောင်သော စိတ်များမှ မကာကွယ်နိုင်ခဲ့ချေ။ သူတို့သည် ကမ္ဘာ့မဟာဘာသာရေး သမားများအဖြစ် ကိုယ့်ကိုကိုယ် ထင်မြင်ခဲ့ကြသော်လည်း ၎င်းတို့၏ နာမည်ခံရှေးရိုးစွဲ ယုဒဘာသာတရားသည် ၎င်းတို့အား ဘုန်းတော်အ ရှင်သခင် ခရစ်တော်ကို ကပ်တိုင်တင်ကြရန် ပို့ဆောင်ခဲ့ပါသည်။

         ထိုအန္တရာယ်မျိုးသည် ယခုတိုင်အောင် ဆက်လက်တည်ရှိနေပါသေးသည်။ လူများစွာတို့သည် အချို့ဘာသာရေး အယူဝါဒများကို ကြိုက်နှစ်သက်ကြသော ကြောင့် မစဉ်းမစားမဆင်မခြင်ဘဲ ခရစ်ယာန်အဖြစ် လက်ခံခဲ့ကြပါသည်။ သို့သော် သူတို့သည် သမ္မာတရားကို လက်တွေ့အသက်တာတွင် မကျင့်သုံးခဲ့ကြချေ။ သမ္မာတရားကို မယုံကြည် မနှစ်သက်ခဲ့ကြသောကြောင့်လည်း သမ္မာတရား၏ သန့် ရှင်းစင်ကြယ်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော တန်ခိုးတော်နှင့် ကရုဏာတော်ကို သူတို့ မရရှိခဲ့ကြချေ။ လူသားများသည် သမ္မာတရား၌ ယုံကြည်ခြင်းကို နှုတ်ဖြင့်ဝန်ခံ ကောင်းဝန်ခံကြမည်ဖြစ်သော်လည်း ထိုအရာသည် ၎င်းတို့အားရိုးသားတည်ကြည်မှု၊ ကြင်နာ သနားမှု၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ကောင်းကင်သားများ၏စိတ် သဘောထားများကို မဖြစ်ပွားစေခဲ့လျှင် ၎င်းသမ္မာတရားသည် ထိုသမ္မာတရားရရှိ ထားသူအတွက် ကျိန်ခြင်းအမင်္ဂလာဖြစ်လာပြီး ထိုသူတို့၏ ဩဇာသက်ရောက်မှုများ အားဖြင့် ထိုသမ္မာတရားသည် ကမ္ဘာကြီးအတွက် ကျိန်ခြင်းအမင်္ဂလာ တစ်ခုဖြစ်နေ ပါသည်။

         ခရစ်တော်သွန်သင်နေသော ဖြောင့်မတ်ခြင်းတရားမှာ စိတ်နှလုံးနှင့် အသက်တာသည် ဖော်ပြထားတော်မူသော ဘုရားသခင်၏ အလိုဆန္ဒနှင့် ကိုက်ညီခြင်း ပင်ဖြစ်ပါသည်။ အပြစ်ကျူးလွန်ခဲ့သော လူသားများသည် ဘုရားသခင်ကို ယုံကြည် ကိုးစားနေစဉ်၌သာ ဖြောင့်မတ်နိုင်ကြပြီး ကိုယ်တော်နှင့် အရေးကြီးသော ဆက် သွယ်မှုများကို ဆက်လက်ပြုလုပ်နိုင်ကြပါသည်။ ထိုအခါတွင် စစ်မှန်သော ဘုရား တရားရှိမှုသည် အတွေးအခေါ်များကို တိုးတက်ကောင်းမွန်စေ၍ အသက်တာကို မြင့်မြတ်စေပါသည်။ ထိုနောက် ဘာသာရေးဆိုင်ရာ အပြင်ပန်းလုပ်ဆောင်မှုများ သည် ခရစ်ယာန်၏ အတွင်းစိတ်ဖြူစင် သန့်ရှင်းမှုများနှင့် ဆီလျော်ညီညွတ်လာ ပါသည်။ ထိုအချိန်တွင် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်မှုများ၌ လုပ်ဆောင်ရန် တောင်းဆိုထားသည့် အခမ်းအနားများသည် သူတော်ကောင်း အရေခြုံဖါရိရှဲများ ကျင်းပသည့် အခမ်းအနားများကဲ့သို့ အဓိပ္ပါယ်မဲ့သော အခမ်းအနားများမဟုတ်ကြ တော့ချေ။

         သခင်ယေရှုသည် ပညတ်တော်ကို တသီးတခြား မြှောက်ချီတော်မူ၍ ပညတ် တော်၏ တောင်းဆိုချက်များ၏ အတိမ်အနက်ကို ရှင်းပြတော်မူပါသည်။ ကိုယ်တော် သည် ပညတ်တော်စာလုံးတစ်လုံးကိုမျှ ပယ်ဖျက်တော်မမူသည့်ပြင် ပညတ်တော်၏ အခြေခံနိယာမများသည် မည်ရွေ့မည်မျှ ခရီးပေါက်ကြောင်းကို ရှင်းပြတော်မူပြီး ယုဒလူများ၏ အပေါ်ယံ ဟန်ပြနားထောင်မှုများ၏ ပျက်စီးဆုံးရှုံးခြင်းသို့ ပို့ဆောင်နိုင် သော မှားယွင်းမှုကို ထုတ်ဖော်တော်မူပါသည်။ မိမိတို့၏ မကောင်းသော အတွေးနှင့် ပြစ်မှားသော သဘောဖြင့် ကြည့်သောအကြည့်အားဖြင့် ဘုရားသခင်၏ ပညတ် တော်ကို လွန်ကျူးသွားနိုင်ကြောင်းကို ကိုယ်တော်မိန့်တော်မူခဲ့သည်။ အသေးငယ် ဆုံးသော မတရားမှုတွင် ပါဝင်လုပ်ဆောင်လာသူ တစ်ဦးသည် ပညတ်တော်ကို လွန် ကျူးလျက်ရှိပြီး ထိုသူသည် မိမိ၏ကျင့်ဝတ်ဆိုင်ရာ သဘာ၀ကို ယုတ်ညံ့စေလျက် ရှိပါသည်။ လူသတ်မှုကျူးလွန်ခြင်းသည် ပထမဦးစွာ စိတ်ထဲတွင် တည်ရှိခဲ့ပါသည်။ မုန်းတီးမှုအတွက် စိတ်နှလုံးတွင် နေရာပေးသောသူသည် လူသတ်သမားများ၏ လမ်းကို စတင်လျှောက်လှမ်း နေခြင်းဖြစ်ပြီး သူ၏ပူဇော်သကာများသည် ဘုရား သခင်အတွက် စက်ဆုပ်ရွံရှာဖွယ fဖြစ်ပါသည်။

         ယုဒများသည် လက်စားချေသည့် စိတ်ဓာတ်များကို မွေးမြူခဲ့ကြပါသည်။ သူတို့သည် ရောမများအား မုန်းတီးမှုကြောင့် ပြင်းထန်သောအတိအလင်း စွပ်စွဲမှုများ ကို ဖွင့်ဟခဲ့ကြပြီး ထိုဆိုးယုတ်သောသူ (စာတန်) အား ၎င်း၏ ဂုဏ်ရည်များကို ထင်ရှားစေခြင်းအားဖြင့် ကျေနပ်နှစ်သက်စေခဲ့ပါ သည်။ ဤနည်းအားဖြင့် စာတန်က ၎င်းတို့အား ဆက်လက်ပို့ဆောင်ခဲ့သော ကြောက်မက်ဖွယ် လုပ်ရပ်များကို လုပ် ဆောင်ရန် မိမိတို့ကိုယ်ကို လေ့ကျင့်လျက် ရှိခဲ့ကြပါသည်။ ဖာရိရှဲများတို့၏ ဘာသာ ရေးအသက်တာတွင် ဘုရားတရား ကိုင်းရှိုင်းမှုများနှင့် ပတ်သက်၍ တစ်ပါးအမျိုးသား များအား ထောက်ခံချက်ပေးရန် တစ်စုံတစ်ခုမျှမရှိချေ။ မိမိတို့သည် ဖိနှိပ်ချုပ်ချယ် သူ ရောမများကို ဆန့်ကျင်တော်လှန်နိုင်သည်ဟု စိတ်ထဲမှအတွေးများ၊ ရောမများ ၏ အမှားလုပ်ရပ်များအတွက် လက်စားချေရန် လိုလားတောင့်တသော စွဲလမ်းမှုများ ဖြင့် မိမိကိုယ်ကို မလှည့်ဖြားကြရန် ခရစ်တော်သည် သူတို့ကို မိန့်တော်မူခဲ့ပါသည်။

         အပြစ်မရှိသော အမျက်ထွက်ခြင်း ရှိသည်ဆိုသည်မှာ မှန်ကန်ပါသည်။ ခရစ်တော်၏ နောက်လိုက်များထဲ၌ပင် အပြစ်မရှိသော အမျက်ဒေါသထွက်ခြင်းများ ရှိပါသည်။ ဘုရားသခင်၏ အသရေကိုရှုတ်ချ၍ ကိုယ်တော်၏ အမှုတော်ကို ဂုဏ် အသရေယုတ်ညံ့အောင် လုပ်ဆောင်နေမှုများကို တွေ့မြင်သော အချိန်တွင်လည်း ကောင်း၊ အပြစ်မဲ့သူများအား ဖိနှိပ်ညှဉ်းပန်းနေသည်ကို မြင်သောအခါတွင် လည်း ကောင်း အပြစ်မရှိသော အမျက်ဒေါသများသည် စိတ်ထဲတွင်ဖြစ်ပေါ်တတ်ပါသည်။ ထိုကဲ့သို့သော အမျက်ဒေါသများသည် အာရုံခံစားလွယ်သော အကျင့်စာရိတ္တများမှ ဖြစ်ပွားခဲ့သည်ဖြစ်သောကြောင့် အပြစ်မဟုတ်ချေ။ သို့သော် မည်သည့်အကြောင်း ကြောင့် အမျက်ဒေါသထွက်သည်ဖြစ်စေ၊ ထိုအမျက်ဒေါသကို စိတ်လွတ်ကိုယ်လွတ် ကျင့်သုံးခွင့်ရှိသည်ဟု ယူဆသောသူများသည် မိမိ၏စိတ်နှလုံးကို စာတန်အားဖွင့် ပေးထားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံနှင့် ဆီလျော်ညီညွတ် သူများ ဖြစ်ကြလိမ့်မည်ဆိုလျှင် နာကြည်းသော စိတ်များနှင့် ရန်ငြိုးကြီးသော စိတ်ထားများကို ကျွန်ုပ်တို့၏ စိတ်နှလုံးမှ နှင်ထုတ်ကြရပါမည်။

         ထိုအရာထက် ပိုမိုလေးနက်သောအရာကို ခရစ်တော်မိန့်တော်မူသည်မှာ “သင်သည် ပူဇော်သကာကို ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့် တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင် ယဇ်ပလ္လင်ရှေ့ မှာ ပူဇော်သကာကို ထား၍သွားလော့။ ညီအစ်ကို နှင့်သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သကာကို တင်လော့” ဟူ၍ဖြစ်၏။ မိမိနှင့် ညီအစ်ကိုများအကြားတွင် သင့် တင့်အောင်ပြုရန် လိုအပ်သည့် ကွဲပြားခြားနားမှုများ ရှိနေစဉ်မှာပင် များစွာသော လူသားများသည် ဘာသာရေး အခမ်းအနားများ၌ စိတ်အားထက်သန်ကြပါသည်။ ညီအစ်ကိုအချင်းချင်း သင့်တင့်အောင်လုပ်ကြရန် သူတို့အား ဘုရားသခင်စေခိုင်း တော်မူပြီး မသင့်တင့်ကြသေးမီတွင် ၎င်းတို့၏ ပူဇော်သကာကို လက်ခံတော်မူမည် မဟုတ်ချေ။ ဤအရာတွင် ခရစ်ယာန်များ လုပ်ဆောင်ရမည့် တာဝန်ကို ရှင်းလင်းစွာ ထောက်ပြထားပါသည်။

         ထာ၀ရဘုရားသည် ခပ်သိမ်းသော သတ္တဝါများအား ကောင်းချီးချပေးလျက် ရှိပါသည်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ် သောသူ၊ မဖြောင့်မတ်သော သူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” “ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘော ရှိသောသူတို့အား ကျေးဇူးပြုတော်မူ ၏” မဿဲ ၅း၄၅။ လုကာ ၆း၃၆။ ကိုယ်တော်သည် ၎င်းနှင့်တူသော သူများဖြစ် လာကြစေရန် ကျွန်ုပ်တို့အားမိန့်တော်မူသည်။ “သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှါ သင်တို့၏ ရန်သူတို့ကိုချစ်ကြ လော့၊ သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့” မဿဲ ၅း၄၄။ ဤအရာ များသည် ပညတ်တော်၏ အခြေခံနိယာမများဖြစ်ကြပြီး အသက်စမ်းရေ ပေါက်များ လည်းဖြစ်ကြပါသည်။

         သားသမီးများအတွက် ဘုရားသခင်ဖြစ်စေလိုသည့် အမွန်မြတ်ဆုံးသော “စံ” မှာ လူသားများ၏ စိတ်ကူးထဲတွင် အကောင်းဆုံးစဉ်းစား စိတ်ကူးနိုင်သည့် “စံ” ထက်ပို၍ မြင့်မားပါသည်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏ အဘ သည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။” ဤ အမိန့်သည် ကတိတော်တစ်ခုလည်း ဖြစ်ပါသည်။ ကယ်တင်ခြင်းစီမံကိန်းသည် ကျွန်ုပ်တို့အား စာတန်၏ တန်ခိုးအာဏာအောက်မှ လုံးလုံးလျားလျား ပြန်လည်နုတ် ယူရန်ဖြစ်ပါသည်။ ခရစ်တော်သည် ကြေကွဲနေသော စိတ်နှလုံးများအား အမြဲတမ်း အပြစ်နှင့် ကင်းကွာစေတော်မူသည်။ ကိုယ်တော်သည် နတ်ဆိုး၏ လက်ရာများကို ချေဖျက်ရန် ကြွလာတော်မူခဲ့ပါသည်။ ၎င်းပြင် အပြစ်ပြုခြင်းမှ ကင်းဝေးစေရန် သန့် ရှင်းသောဝိညာဉ်တော်ကို နောင်တရပြီးသော ထိုသူများထံသို့ မျှဝေပေးကမ်းနိုင်ဖို့ အတွက်လည်း စီစဉ်မှုများ ပြုလုပ်တော်မူခဲ့ပါသည်။

         အမှားလုပ်ရပ်တစ်ခုအတွက် စာတန်၏တန်ခိုးသတ္တိကို ခွင့်လွှတ် သင့်သော ခြွင်းချက် တစ်ရပ်အနေဖြင့် မှတ်ယူရမည် မဟုတ်ချေ။ ခရစ်တော်ကို ယုံကြည် ကြောင်း ဝန်ခံထားကြသည့် ခရစ်ယာန်များသည် မိမိတို့၏ စာရိတ္တမဏ္ဍိုင်ပျက်ယွင်း မှုများအတွက် ခွင့်လွှတ်သင့်သော ခြွင်းချက်များအဖြစ် ပြောဆိုနေကြသည် ကိုကြား သောအခါ စာတန်သည် အလွန်ပင် အားရဝမ်းသာနေပါသည်။ ထိုသဘောထားများ တို့သည် အပြစ်ကျူးလွန်ရန် ပို့ဆောင်နေပါသည်။ အပြစ်ကျူးလွန်ခြင်းအတွက် ခြွင်းချက်တစ်စုံတစ်ရာ မရှိချေ။ ခရစ်တော်နှင့်တူသော အသက်တာတည်းဟူသော သန့်ရှင်းသော သဘောထားသည် နောင်တရ၍ ယုံကြည်သော ဘုရားသခင်၏ သားသမီးတိုင်း၏ စိတ်နှလုံးထဲသို့ ရောက်ရှိလာရန် လွယ်ကူပါသည်။

         ခရစ်ယာန်များ၏ အကျင့်စာရိတ္တ “စံ” သည် ခရစ်တော်နှင့် တူခြင်းပင်ဖြစ် ပါသည်။ ဘုရားသခင်၏ သားတော်သည် မိမိအသက်တာ၌ စုံလင်တော်မူခဲ့သကဲ့သို့ ခရစ်တော်၏ နောက်လိုက်များသည်လည်း မိမိတို့၏ အသက်တာများတွင် စုံလင် ခြင်းရှိရကြပါမည်။ သခင်ယေရှုသည် အရာရာတွင် မိမိ၏ညီအစ်ကိုများနှင့် တူညီ တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကဲ့သို့ပင် အသွေးအသားနှင့် အသက် ရှင်ခဲ့ပါသည်။ ဆာလောင်မှု၊ ရေငတ်မှုနှင့် မောပန်းနွမ်းလျမှုများကို ခံစားခဲ့ရပါသည်။ အစာအားဖြင့် အင်အားဖြည့်ခဲ့ရပြီး နားနေအိပ်စက်ခြင်းအားဖြင့် ပြန်လည်လန်းဆန်း အောင် လုပ်ခဲ့ရပါသည်။ လူသားများ၏ အငန်းအတာများကို ကိုယ်တော် မျှဝေခံစား ခဲ့ရပါသည်။ သို့သော်ငြားလည်း အပြစ်ကင်းသော ဘုရားသခင်၏ သားတော်တစ်ပါး အဖြစ် ရပ်တည်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် အသွေးအသားအားဖြင့် အသက်ရှင်ခဲ့သော ဘုရားသခင်ဖြစ်တော်မူခဲ့သည်။ ကိုယ်တော်၏ စာရိတ္တတော်သည် ကျွန်ုပ်တို့၏ စာရိတ္တဖြစ်ရန် လိုအပ်ပါသည်။ ယုံကြည်သူအပေါင်းအား ကိုယ်တော် မိန့်တော်မူသည်ကား၊ “သူတို့တွင် ငါကိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။” ၂ကော၊ ၆း၁၆။

         ခရစ်တော်သည် ယာကုပ်တွေ့မြင်ခဲ့သော လှေကားဖြစ်ပါသည်။ ထိုလှေကား ၏ အခြေသည် မြေကြီးပေါ်တွင်ရှိ၍ အဖျားသည် ဘုန်းတော်တံခါး၀ဖြစ်သည့် ကောင်းကင် ဂိတ်တံခါးသို့တိုင် ရောက်ရှိနေပါသည်။ ကျွန်ုပ်တို့၏ ကမ္ဘာနှင့် ဆက် သွယ်လျက်ရှိသော ထိုလှေကားထစ်တစ်ထစ် ချို့ယွင်းခဲ့ပါလျှင် ကျွန်ုပ်တို့သည် ပျက် စီးခြင်းသို့ ရောက်သွားနိုင်ပါသည်။ သို့သော်ခရစ်တော်သည် ကျွန်ုပ်တို့ရှိသော နေရာ သို့ ရောက်တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ သဘာ၀ကို ယူတင်ဝတ် ဆောင်ခြင်း အားဖြင့် အောင်မြင်ကျော်လွှားနိုင်စေရန် အလို့ငှါ ကိုယ်တော်သည် ကျွန်ုပ်တို့၏ လူသားဇာတိကို ယူတင်ဝတ်ဆောင်၍ အောင်မြင်ကျော်လွှားတော်မူခဲ့ ပါသည်။ ကိုယ်တော်သည် အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်၍ အပြစ်ကင်းစင်သော အသက်တာနှင့် အသက်ရှင်တော်မူခဲ့ပါသည်။ ယခု တွင် ကိုယ်တော်သည် မိမိ၏ဘုရားဇာတိတော်ဖြင့် ကောင်းကင်နိုင်ငံတော်မှ ပလ္လင် တော်ကိုကိုင်စွဲ၍ လူသားဇာတိအားဖြင့် ကျွန်ုပ်တို့အားလက်ကမ်း တော်မူပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင့်ဇာတိတော်၏ ဘုန်းအသရေကို ကြိုးစားရယူကြရန် ကိုယ်တော် မိန့်တော်မူခဲ့ပါသည်။ ထိုကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသည် စုံလင်တော်မူသကဲ့သို့ ကျွန်ုပ်တို့ လည်းစုံလင်ကြရပါမည်။

         ဖြောင့်မတ်ခြင်း ဆိုသည်မှာ မည်သည့် အရာများဖြင့် ပါဝင်ဖွဲ့စည်းထား ကြောင်းကိုလည်းကောင်း၊ ထိုအရာသည် ဘုရားသခင်ထံမှ အရင်းခံခဲ့ကြောင်းကို လည်းကောင်း ပြညွှန်တော်မူခဲ့ပါသည်။ ယခုတွင်မူ လက်တွေ့ကျင့်ဆောင်ရမည့် တာဝန်များကို မိန့်တော်မူလာပါသည်။ သူတစ်ပါး၏ စိတ်အာရုံကို ဆွဲဆောင်ရန် အတွက်သော်လည်းကောင်း၊ မိမိအား သူတစ်ပါးချီးမွမ်းထောမနာပြုရန် အတွက် သော်လည်းကောင်း၊ အလှူငွေပေးခြင်း၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းများကို မကျင့်ဆောင်ကြရန် ကိုယ်တော်မိန့်တော် မူခဲ့ပါသည်။ ဆင်းရဲဒုက္ခ ရောက်နေသူ များတို့အတွက် ရိုးသားသော စိတ်နှင့်ပေးလှူပါ။ ဆုတောင်းခြင်းအားဖြင့် အသက် ဝိညာဉ်များကို ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ပါ။ အစာရှောင်သောအခါ ခေါင်း ငိုက်စိုက်ချ၍ မသွားပါနှင့်၊ စိတ်နှလုံးကို “ငါ့” အတွက် အတွေးများဖြင့် ပြည့်၀မ နေပါစေနှင့်၊ ဖါရိရှဲများ၏ စိတ်နှလုံးများသည် မသီးမပွင့်နိုင်သော အကျိုးအမြတ် မရှိသည့်မြေကဲ့သို့ဖြစ်ပါသည်။ ထိုနေရာမျိုးတွင် ဘုရားသခင်၏ အသက်ရှင်ခြင်း မျိုး စေ့သည် မကြီးပွားမတိုးတက်နိုင်ချေ။ မိမိ၏အသက်တာအား ဘုရားသခင်ထံ အကြွင်းမဲ့ပြန်လည် ဆက်ကပ်အပ်နှံသောသူသည် နှစ်သက်ဖွယ် အကောင်းဆုံး သောလုပ်ဆောင်မှုတစ်ခုဖြင့် ကိုယ်တော်အား ပြန်လည်ဆက်ကပ်နေ ခြင်းဖြစ်ပါ သည်။ ထာ၀ရဘုရားနှင့် မိတ်သဟာယဖွဲ့ခြင်း အားဖြင့်လူများသည် လူသားများ အလယ်တွင် ကိုယ်တော်၏ စာရိတ္တတော်ကို ဖော်ပြခြင်းတွင် ကိုယ်တော်၏ လုပ်ဖော် ဆောင်ဖက်များ ဖြစ်လာကြပါသည်။

         ရိုးစင်းသော စိတ်နှလုံးဖြင့် တုံ့ပြန်သော လုပ်ဆောင်မှုများတွင် ကြီးမားသော အကျိုးရှိပါသည်။ “မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အ ကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့။” ကရုဏာတော်ကြောင့် ကျွန်ုပ်တို့ နေထိုင်ရ သော အသက်တာများအားဖြင့် စာရိတ္တကို ဖွဲ့စည်းပါသည်။ မူလကရှိခဲ့ဖူးသော ချစ်ခင်နှစ်လိုဖွယ် ကောင်းသည့်စရိုက်များသည် ထိုအသက်ဝိညာဉ်တွင် ပြန်လည် ရောက်ရှိစပြုလာပါသည်။ ခရစ်တော်၏ စာရိတ္တတော်မှ ကြန်အင်လက္ခဏာများကို မျှဝေပေးကမ်းခြင်း ခံရပြီး ၎င်း၏ အသက်တာတွင် ဘုရားသခင်၏ သဏ္ဌာန်တော် သည် စတင်ထွန်းလင်းလာပါသည်။ ဘုရားသခင်နှင့်အတူ လမ်းလျှောက်လုပ် ဆောင်နေသော သားသမီးများ၏ မျက်နှာများတွင် ကောင်းကင်နိုင်ငံတော်၏ ငြိမ် သက်ခြင်းကို ဖော်ပြနေပါသည်။ ထိုသူတို့ကို ကောင်းကင်သားများ၏ နှစ်သိမ့်မှုကို ခံစားစေပါသည်။ ဤအသက်ဝိညာဉ်များအတွက် ဘုရားသခင်၏ နိုင်ငံတော်သည် အစပျိုးခဲ့ပါသည်။ သူတို့တွင် လူသားများအတွက် ကောင်းချီးမင်္ဂလာဖြစ်သော ခရစ် တော်၏ ပျော်ရွှင်ဝမ်းမြောက်မှု ရှိနေပါသည်။ သူတို့သည် သခင်ခရစ်တော်၏ အမှု တော်အတွက် လက်ခံခြင်းခံရကြောင်း ဂုဏ်ပြုခြင်းကို ခံခဲ့ကြရပြီး နာမတော်အားဖြင့် အမှုတော်ကို ဆောင်ရွက်ရန် ကိုးစားခြင်းကို ခံကြရပါသည်။

         အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်ကြချေ။ ကျွန်ုပ်တို့သည် စိတ်နှစ်ခွဖြင့် ဘုရားသခင်၏ အစေကို မခံနိုင်ကြချေ။ ကျမ်းစာတွင်ဖော်ပြ ထားသော ဘာသာတရားသည် များစွာသော အခြားဘာသာတရားများ ထဲတွင်ရှိနေသော ဩဇာ သက်ရောက်မှုမျိုးမဟုတ်ဘဲ လူတိုင်းလူတိုင်းအား ထိုးဖောက်ထိန်းချုပ်ထားသော အ ထွတ်အထိပ် တန်ခိုးတစ်ခုဖြစ်ပါသည်။ ထိုဘာသာတရားသည် ရွက်ဖျင်တဲပေါ်တွင် “ဒီနေရာတစ်ကွက်၊ ဟိုနေရာ တစ်ကွက်ဆေးခြယ်ထားသည့် အရာကဲ့သို့မဟုတ်ဘဲ ရွက်ဖျင်တစ်ခုလုံးကို နစ်၍ ဆေးမလွင့်သွားအောင် ဆေးထိုးထားသကဲ့သို့ အသက် တာတစ်ခုလုံးထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားရမည်ဖြစ်ပါသည်။

         ထိုကြောင့် မျက်စိကြည်လင်လျှင် တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိ မြှေးယှက်လျှင် တစ်ကိုယ်လုံးမိုက်လိမ့်မည်။ အညစ်အကြေးနှင့် ကင်းစင်၍ စိတ်နှ လုံးအကြံအစည်မြဲမြံခြင်းသည် ဘုရားသခင်ထံမှ အလင်းကို ရရှိခြင်းအတွက် အ ခြေအနေများ ဖြစ်ကြပါသည်။ သမ္မာတရားကို သိရှိလိုသောသူသည် သမ္မာတရားမှ ဖော်ပြသော အရာခပ်သိမ်းကို လက်ခံရန် ဆန္ဒရှိရပါမည်။ သမ္မာတရားကို သစ္စာ စောင့်သိမှုတွင် လှုပ်ရှားယိမ်းယိုင်ခြင်းနှင့် စိတ်မပါ့တပါဖြစ်ခြင်းသည် မှားယွင်းခြင်း၏ မှောင်မိုက်နှင့် စာတန်၏ လှည့်စားခြင်းကို ရွေးချယ်ခြင်းဖြစ်သည်။

         သက်တံ၌ရှိသော အရောင်များသည် တစ်ခုနှင့်တစ်ခု မရောယှက်နိုင်သကဲ့ သို့ လောကစည်းမျဉ်းများနှင့် ဖြောင့်မတ်ခြင်းတရား၏ မသွေဖည်သော စည်းမျဉ်းတို့ သည် တစ်ခုနှင့်တစ်ခု စိုးစဉ်းမျှမရောယှက်နိုင်ကြချေ။ ဘုရားသခင်သည် ထို စည်းမျဉ်းနှစ်ခုအကြားတွင် သိသာထင်ရှားသော မျဉ်းကြောင်းတစ်ခုကို ဆွဲထား တော်မူပါသည်။ မွန်းတည့်အချိန်သည် သန်းခေါင်ယံအချိန်နှင့် ကွဲပြားခြားနားသကဲ့ သို့ ခရစ်တော်နှင့် အသွင်တူခြင်းသည် စာတန်နှင့်အသွင်တူခြင်းနှင့် ကွဲပြားလှပါ သည်။ ခရစ်တော်၏ အသက်တာအတိုင်း အသက်ရှင်သွားကြသော သူများသာလျှင် ကိုယ်တော်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြပါသည်။ အပြစ်တစ်ခုကို စွဲလမ်းနေ လျှင် သော်လည်းကောင်း၊ အသက်တာတွင်မှားယွင်းသော လုပ်ရပ်တစ်ခုကို ဆက် လက်လုပ်ဆောင်နေလျှင် သော်လည်းကောင်း လူတစ်ယောက်၏ ကိုယ်စိတ်နှလုံး သုံးပါးစလုံးသည် ညစ်ညူးသွားပါသည်။ ထိုလူသည် မဖြောင့်မတ်မှုအတွက် အသုံးခံပစ္စည်းတစ်ခု ဖြစ်လာပါသည်။

         ဘုရားသခင်၏ အစေကိုခံရန် ရွေးချယ်သူတိုင်းသည် ကိုယ်တော်၏ ပြုစု စောင့်ရှောက်မှုကို အမှီတံကဲပြုရကြပါမည်။ ဘုရားသခင်ဖန်ဆင်း တော်မူခဲ့သော အရာများဖြစ်သည့် မိုးကောင်ကင်တွင် ကျင်လည်သော ငှက်များနှင့် လယ်ကွင်းပြင် တွင် ပွင့်နေသော ပန်းများကိုပြညွှန်ကာ “ထိုငှက်တို့ထက် သင်တို့သည် မြတ်သည် မဟုတ်လော” ဟု ကိုယ်တော်ရှင် မိန့်တော်မူခဲ့ပါသည်။ မဿဲ ၆း၂၆။ ဘုရား သခင်၏ ဂရုပြုမှုအတိုင်းအတာသည် အရာဝတ္ထုများ၏ ပမာဏအကြီး၊ အငယ်နှင့် အဆင့်အတန်းအလိုက် အချိုးအစား ညီမျှလှပါသည်။ အညိုရောင်စာငှက် ကလေး ကို ဘုရားသခင် ကြည့်ရှုစောင့်ရှောက်တော်မူပါသည်။ လယ်ကွင်းပြင်တွင် ပေါက် ရောက် ပွင့်လန်းနေသော ပန်းပွင့်များနှင့် ကမ္ဘာမြေကြီးကို လွှမ်းခြုံထားသောမြက် ပင်များ သည်လည်း အဖထာ၀ရဘုရားသခင်၏ဂရုပြုမှုကို မျှဝေခံစားကြရပါသည်။ ထိုမဟာပန်းချီဆရာကြီးသည် တောနှင်းပန်းကလေးများအား ရှောလမုန် မင်းကြီး၏ ဘုန်းထက်သာလွန်လှပစေအောင် ဂရုပြုတော်မူခဲ့ပါသည်။ ထာ၀ရဘုရားသခင်၏ သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းတော်မူခဲ့သော လူသားများတို့အား ထိုအရာများ တို့ထက် အဆပေါင်းများစွာ ဂရုပြုတော်မူမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ကိုယ်တော် ၏ သားသမီးများသည် ကိုယ်တော်၏ စာရိတ္တတော်ကို ဖော်ပြကြရန် ကိုယ်တော် လိုလားတော်မူခဲ့ပါသည်။ နေရောင်ခြည်သည် ပန်းပွင့်ကလေးများအား ထူးခြားလှပ သော အဆင်းအရောင်များကို မျှဝေပေးသကဲ့သို့ ဘုရားသခင်သည် အသက် ဝိညာဉ်များအား မိမိစာရိတ္တတော်၏ တင့်တယ်ခြင်းကို မျှဝေတော်မူပါသည်။

         ခရစ်တော်၏ ချစ်ခြင်း၊ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော နိုင်ငံ တော်ကို ရွေးချယ်သည့် သူခပ်သိမ်းတို့သည် အထက်အရပ်မှာ ရှိသောကမ္ဘာနှင့် ဆက်နွှယ်ခြင်းကို ခံကြရပြီး အသက်တာအတွက် လိုအပ်သော ကောင်းချီးမင်္ဂလာ အဖြာဖြာသည် ၎င်းတို့အတွက်ဖြစ်ပါသည်။ ဘုရားသခင်၏ စီမံမှုစာအုပ်၊ အတွဲ “အသက်တာ” မှစာတစ်မျက်နှာစီကို ကျွန်ုပ်တို့အား ပေးသနားတော်မူပါသည်။ ထို စာမျက်နှာပေါ်တွင် ကျွန်ုပ်တို့၏ ကိုယ်ရေးရာဇဝင်၏ အထူးအကြောင်းအရာများကို မှတ်တမ်းတင်ထားပါသည်။ ဆံပင်အချောင်း အရေအတွက်မှစ၍ မှတ်တမ်းတင် ထားပါသည်။ ကိုယ်တော်၏ သားသမီးများကို ဘုရားသခင်သည် မည်သည့်အခါမျှ မေ့လျော့ ခြင်းရှိတော်မမူချေ။

         “ထိုကြောင့် နက်ဖြန်အဖို့မစိုးရိမ်ကြနှင့်။” မဿဲ ၆း၃၄။ ကျွန်ုပ်တို့ သည် ခရစ်တော်၏ နောက်တော်သို့ တစ်နေ့ပြီးတစ်နေ့ လိုက်လျှောက်ရပါမည်။ ဘုရား သခင်သည် နက်ဖြန်အတွက် လိုအပ်သောအမအစကို ယနေ့ပေးတော်မမူချေ။ ဘုရားသခင်သည် သားသမီးများအား စိတ်နှလုံးရှုပ်ထွေး သွားမည်စိုးသဖြင့် အသက် တာခရီးစဉ်အတွက် လိုအပ်သော ညွှန်ကြားချက်များကို တစ်ခါတည်းဖြင့် အကုန်လုံး ကို ပေးတော်မမူချေ။ သူတို့သတိရနိုင်လောက်ရုံ၊ လုပ်ဆောင်နိုင်လောက်ရုံသာ မိန့် တော်မူပါသည်။ ပေးအပ်တော်မူသော ခွန်အားနှင့် ဥာဏ်ပညာများသည် လတ်တ လောအရေးပေါ် လိုအပ်ချက်များ အတွက်ဖြစ်ပါသည်။ ယနေ့အတွက် “တစ်စုံတစ် ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်း သော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်း စေ၊ တောင်းလျှင်ရလိမ့်မည်။ ယာကုပ် ၁း၅။

  "သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည် အကြောင်း သူတစ်ပါး၏ အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။” “မိမိကိုယ်ကို သူတစ်ပါး ထက် ကောင်းမြတ်သည်ဟု မထင်ပါနှင့်။ မိမိကိုယ်ကို ၎င်းတို့၏ တရားသူကြီးအဖြစ် မချီးမြှောက်ကြနှင့်။ သင်သည် သူတစ်ပါး၏ စိတ်သဘောထားကို သိစွမ်းနိုင်ခြင်း မရှိသည့်အတွက် သူတစ်ပါးအား တရားစီရင်ခြင်းငှါ မတတ်စွမ်းနိုင်ချေ။ သင်သည် ထိုသူတစ်ယောက်အားဖြင့် ပြစ်တင်ဝေဖန်ခြင်းအားဖြင့် မိမိကိုယ်ကို အပြစ်စီရင်နေ ခြင်းဖြစ်ပါသည်။ အကြောင်းမူကား သင်သည် ညီအစ်ကိုကို အပြစ်တင်သော စာတန်နှင့် အပေါင်းအပါဖြစ်ကြောင်းကို ထင်ရှားစေပြီး၊ “သင်တို့သည် ယုံကြည် ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ် ကိုကိုယ်စုံစမ်းကြလော့။” ၂ကော၊ ၁၃း၅။ မိမိကိုယ်ကို စစ်ဆေးရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပါသည်။ “ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင် စစ်ကြောစီရင် တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။" ၁ကော၊ ၁၁း၃၁။

         ကောင်းသောအပင်သည် ကောင်းသောအသီးကိုသီးလိမ့်မည်။ အသီးသည် အရသာကင်းမဲ့ပြီး တန်ဖိုးမဲ့လျှင် ထိုအပင်သည် မကောင်းသော  အပင်ဖြစ်၏။ ထို နည်းတူစွာ အသက်တာတွင် သီးပွင့်သော အသီးအပွင့်များသည် ကျွန်ုပ်တို့၏ စိတ်နှလုံးအခြေအနေနှင့် စာရိတ္တကောင်းမြတ်ခြင်းများကို သက်သေခံနေပါသည်။ ကောင်းသောအကျင့်အားဖြင့် ကယ်တင်ခြင်းကို မဝယ်ယူနိုင်သော်လည်း ထိုအ ကျင့်များသည် မေတ္တာအားဖြင့် လှုပ်ရှား၍ အသက်တာကို အကြေးအညှော်များနှင့် ကင်းစင်စေနိုင်သော ယုံကြည်ခြင်း၏ သက်သေအထောက်အထားများ ဖြစ်ကြပါ သည်။ ထာ၀ရဆုကျေးဇူးတော်ကို ကျွန်ုပ်တို့၏ ကောင်းမှုကုသိုလ်ကြောင့် ချပေး တော်မူခြင်း မဟုတ်သော်လည်း ၎င်းသည် ခရစ်တော်၏ ကရုဏာတော်အားဖြင့် လုပ်ဆောင်နေသောအကျင့်နှင့် အချိုးအစားလိုက် ညီမျှမှုရှိလိမ့်မည်ဖြစ်သည်။ ဤ နည်းအားဖြင့် နိုင်ငံတော်၏ အခြေခံနိယာမများကို ခရစ်တော်ဖော်ပြတော်မူ၍ ထို နိယာမများသည် အသက်တာအတွက် မဟာစည်းမျဉ်း ဥပဒေများဖြစ်ကြောင်း ထင် ရှားစေတော်မူခဲ့ပါသည်။ ထိုသင်ခန်းစာကို စိတ်ထဲ၌စွဲမြဲသွားစေရန် သာဓကတစ်ခု ထပ်လောင်းဖော်ပြ၍ နှုတ်ကပတ်တော်များကို နာကြားရုံနှင့် မလုံလောက်ကြောင်း ကိုယ်တော်မိန့်တော်မူပါသည်။ နှုတ်တော်ထွက်စကားများကို လိုက်နာကျင့်ကြံခြင်း အားဖြင့် သင်သည် ထိုအရာများကို သင့်စာရိတ္တ၏ အခြေခံများ ဖြစ်စေရပါမည်။ “ငါ”တည်းဟူသော အတ္တစိတ်သည် မတည်မြဲသော သဲများသာဖြစ်ပါသည်။ သင် သည် လူသားအတွေးအခေါ်များ၊ လူသားတီထွင်မှုများပေါ်တွင် တည်ဆောက်ပါ လျှင် သင်၏ အိမ်သည်ပြိုလဲ သွားလိမ့်မည်။ စုံစမ်းနှောင့်ယှက်ခြင်း လေများ၊ စုံစမ်းစစ်ဆေးခြင်း လှိုင်းများအားဖြင့် ထိုအိမ်ကို လွင့်ပျောက်စေလိမ့်မည်။ သို့သော် ကိုယ်တော်ရှင် ပေးတော်မူခဲ့သော ဤနိယာမများသည် ဆက်လက် တည်မြဲလိမ့် မည်။ ခရစ်တော်ကို လက်ခံရယူပါ။ ကိုယ်တော်၏ နှုတ်ထွက်စကားများ အပေါ်တွင် တည်ဆောက်ပါ။

         “အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားထောင်၏။ ထို သူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သောပညာရှိနှင့်  တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကို တိုက်သည်ရှိသော် ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။” မဿဲ ၇း၂၄-၂၅။

No comments:

Post a Comment