Tuesday, April 21, 2026

အခန်းကြီး - ၄၀။ ဂါလိလဲအိုင်ပေါ်မှညတစ်ည

 

ဂါလိလဲအိုင်ပေါ်မှညတစ်ည

 

ရှင်မဿဲ ၁၄း၂၂-၂၃။ ရှင်မာကု ၆း၄၅-၅၂။ ယောဟန် ၆း၁၄-၂၁ တို့ကိုအခြေပြု ထားပါသည်

 

         နွေဦးရာသီ၏ ညနေဆည်းဆာ အချိန်ကလေးတွင် လူများစွာတို့သည် မြက် ခင်းပြင်လွှမ်းခြုံထားသည့် လွင်ပြင်ကြီးပေါ်တွင်ထိုင်၍ ခရစ်တော်ကျွေးတော်မူသော မုန့်များကို စားခဲ့ကြပါသည်။ ထိုနေ့က ၎င်းတို့ကြားခဲ့ရ သည့်စကားများကို ဘုရား သခင်၏ အသံတော်ကဲ့သို့ ကြားနာခဲ့ကြပြီး မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည့် အနာရောဂါ ပျောက်ကင်းစေခဲ့သော နိမိတ်လက္ခဏာများသည်လည်း ဘုရားတန်ခိုး တော်နှင့်သာ လုပ်ဆောင်နိုင်သည့် နိမိတ်လက္ခဏာများအဖြစ် မြင်တွေ့ခဲ့ရပါသည်။ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင် ဆိုင်ရာနိမိတ်လက္ခဏာသည် ထိုလူအုပ်ကြီးထဲရှိ လူတိုင်း အားစိတ်နှလုံး ညွတ်ပျောင်းစေခဲ့ပါသည်။ ထိုနိမိတ်လက္ခဏာသည် ၎င်းတို့အားလုံး အတွက် အကျိုးရှိခဲ့ပါသည်။ မောရှေအချိန်၌ ဘုရားသခင်သည် ဣသရေလများ အား တောထဲတွင် မန္နမုန့်ကျွေးခဲ့ပါသည်။ ထိုနေ့တွင် ထိုလူအုပ်ကြီးအား ကျွေးမွေး ခဲ့သော ထိုသူသည် မောရှေကြိုတင် ဟောကြားခဲ့သည့် သူမဟုတ်ခဲ့လျှင် မည်သူ ဖြစ်ပါသနည်း။ မည်သည့်လူသားမဆို ဆာလောင်နေသော လူထောင်ပေါင်းများစွာ အား မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို အသုံးပြု၍ လောက်ငအောင်ကျွေးနိုင်မည် ဟုတ်ချေ။ ယေရှုပြတော်မူသည့် ထိုနိမိတ်လက္ခဏာကို ထိုသူတို့မြင်ကြလျှင် သူကား လူလောကသို့ ကြွလာရသော ပုရောဖက်အမှန်ဖြစ်သည် ဟုအချင်းချင်း ပြောဆိုကြ၏။

         ၎င်းတို့၏ ယုံကြည်စိတ်ချမှုများသည် တိုးပွားခိုင်ခံ့လာခဲ့ပါသည်။ ထိုအထွတ် အထိပ်လုပ်ဆောင်မှုသည် သူတို့အလယ်တွင် အချိန်ကြာမြင့်စွာ ကတည်းက မျှော် လင့်ခဲ့သည့် ကယ်တင်ရှင်ရောက်ရှိနေကြောင်း အာမခံချက်တစ်ခု ဖြစ်ပါသည်။ ထို လူများ၏ မျှော်လင့်ချက်များသည် ပို၍ပြင်းပြလာကြပါသည်။ ယုဒပြည်အား နို့နှင့် ပျားရည်စီးသည့် လောကပါရဒိသုဘုံ ဖြစ်စေမည့်ပုဂ္ဂိုလ်သည် ကိုယ်တော်ပင်ဖြစ် သည်။ ကိုယ်တော်သည် တောင့်တမှုအားလုံးကို လိုအင်ဆန္ဒပြည့်၀ စေနိုင်တော်မူ ပါသည်။ ရောမများ၏ မုန်းတီးမှုကိုလည်း ချေဖျက်နိုင်တော်မူပါသည်။ ယုဒပြည်နှင့် ယေရုရှလင်မြို့တို့ကိုလည်း ၎င်းတို့လက်မှ ကယ်လွှတ်နိုင်တော်မူပါသည်။ တိုက် ပွဲတွင် ဒဏ်ရာရသည့် စစ်သည်များကိုလည်း ပျောက်ကင်းသက်သာ စေနိုင်တော် မူပါသည်။ တပ်မတော်ကြီး တစ်ခုလုံးအတွက် ရိက္ခာများကိုလည်း မစနိုင်တော် မူပါသည်။ နိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်နိုင်၍ မျှော်လင့်တောင့်တနေခဲ့သော ဒိုမီနီယံနိုင်ငံကြီးတစ်ခုကို ဣသရေလများအား ပေးအပ်နိုင်တော်မူပါသည်။

         လူထုကြီးသည် စိတ်အားတက်ကြွစွာဖြင့် ကိုယ်တော်ရှင်အား ရှင်ဘုရင်အ ဖြစ် ချက်ချင်းတင်မြှောက်ကြရန် အသင့်အနေအထားတွင် ရှိခဲ့ကြပါသည်။ ကိုယ် တော်ရှင်သည် မိမိအားအရိုအသေ ပြုလာရန်အတွက် မည်သည့်ကြိုးစားမှုကိုမျှ ပြု တော်မမူခဲ့ကြောင်းကို သူတို့မြင်တွေ့ကြပါသည်။ ဤနေရာတွင် ကိုယ်တော်ရှင်သည် ယုဒယဇ်ပုရောဟိတ်များ၊ ကျမ်းတတ်ဆရာများတို့နှင့် လုံးလုံးလျားလျား ကွဲပြားခြား နားနေကာ ဒါဝိဒ်၏ပလ္လင်ကိုတက်ဖို့ မည်သည့်အခါမျှ မတောင်းဆိုဘဲနေမည်ကို သူတို့စိုးရိမ်နေကြပါသည်။ ထို့ကြောင့် ကိုယ်တော်ရှင်အား ဣသရေလ၏ ရှင်ဘုရင် အဖြစ် မိမိကိုယ်ကို ကြေညာဖို့ အတင်းအကျပ် တိုက်တွန်းရန် သူတို့ညှိနှိုင်း ဘောတူခဲ့ကြပါသည်။ မိမိတို့သခင်၏ စစ်မှန်သော ဆက်ဆံသူအဖြစ် ဒါဝိဒ်၏ပလ္လင် တွင် စိုးစံမည့်ရှင်ဘုရင်အနေဖြင့် ကြေညာခြင်းတွင် တမန်တော်များတို့သည် လူအုပ် ကြီးနှင့်အတူ ပူးပေါင်းခဲ့ကြပါသည်။ သခင်ခရစ်တော်သည် ဣန္ဒြေစောင့်စည်းသော အားဖြင့် မိမိအားပေးအပ်လာသည့် ထိုဂုဏ်ထူးများကို လက်ခံရန်ငြင်းဆန်သည်ဟု သူတို့ပြောကြပါသည်။ လူထုကြီးက ၎င်းတို့၏ ကယ်တင်ရှင်ကို ချီးမြှောက်ပါလေစေ။ မာနထောင်လွှားသော ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများကို ဘုရား သခင်၏ အာဏာတော်နှင့် ကြွလာတော်မူသည့် ကိုယ်တော်ရှင်အား ဂုဏ်ပြုခိုင်းပါ လေစေ။

         ထိုသူများသည် မိမိတို့၏ အကြံအစည်များကို အကောင်အထည် ဖော်ရန် စိတ်အားထက်သန်စွာဖြင့် စီစဉ်နေပါသည်။ သို့သော် ဖြစ်ပျက်နေသော အရာကို ကိုယ်တော်ရှင် မြင်တွေ့တော်မူ၍ ထိုကဲ့သို့သော လှုပ်ရှားမှုတစ်ခု၏ ရလဒ်သည် မည်သည့်အရာဖြစ်မည်ကို သူတို့မသိနိုင်ကြသော်လည်း ကိုယ်တော်ရှင် နားလည် တော်မူ၏။ ယခုအချိန်မှာပင် ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် ကိုယ်တော်အားသတ်ရန် ရှာကြံနေကြပါသည်။ ယုဒလူများကို မိမိဘက်သို့ပါအောင် စည်းရုံးနေသည်ဟု ထိုယဇ်ပုရောဟိတ်များက စွပ်စွဲကြပါသည်။ ကိုယ်တော်အား နန်းတင်ရန် ကြိုးစားမှုကြောင့် ရုန်းရင်းခတ်မှုများနှင့် ပုန်ကန်ထကြွမှုများ ဖြစ်လာကာ ဝိညာဉ်ရေးနိုင်ငံတော်ဆိုင်ရာ လုပ်ငန်းများကို အဟန့်အတား ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ထိုလှုပ်ရှားမှုကို တားမြစ်ပစ်ရမည် ဖြစ်ပါသဖြင့် လူစုကွဲသွားစေရန် တွက် မိမိအားထားရစ်ခဲ့ကာ ကပေရနောင်မြို့သို့ ချက်ချင်းပြန်ကြရန် လှေကိုပြင် ဆင်ဖို့ တမန်တော်များအား ကိုယ်တော်ရှင်ခေါ်တော်မူ၍ မိန့်တော်မူခဲ့ပါသည်။

         ခရစ်တော်၏ မိန့်တော်မူချက်ကို ဖြည့်စွမ်းရန် တမန်တော်များအဖို့ တစ်ခါမျှ ယခုတစ်ခါလောက် မခက်ခဲ့ဖူးချေ။ တမန်တော်များသည် ခရစ်တော် အားနန်းတင် ကြမည့် လူထုလှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ကြောင်းကို အချိန်ကြာမြင့် စွာကတည်းက မျှော်လင့်ခဲ့ကြပါသည်။ ဤစိတ်အားထက်သန်မှုကို ဘာမျှအရာမ ရောက်ဘဲ အလဟဿဖြစ်သွား မည်ကိုလည်း သူတို့သည်းမခံနိုင်ခဲ့ကြချေ။ ပသခါပွဲ ကို တက်ရောက်ရန် စုရုံးလျက်ရှိကြသော လူထုကြီးသည် ပုရောဖက်အသစ်တစ်ပါး ကိုတွေ့မြင်ရန် ဆန္ဒပြင်းပြနေခဲ့ကြပါသည်။ မိမိတို့၏ သခင်အား ဣသရေလဘုရင် အဖြစ် နန်းတင်ရန်အတွက် ယခုအခြေအနေသည် ကိုယ်တော်၏ နောက်လိုက်များ အဖို့ အခွင့်ကောင်းတစ်ရပ် ကဲ့သို့ဖြစ်နေပါသည်။ ထိုသို့ရည်မှန်းချက် ပြင်းထန်နေ ချိန်တွင် ကိုယ်တော်ရှင်အား လူနေခေါင်သော ဤနေရာတွင် ထားရစ်ကာ သူတို့ ချည်းထွက်ခွာသွားရန်မှာ ၎င်းတို့အတွက် ခက်ခဲသော အရာတစ်ခုဖြစ်ပါသည်။ ထို ကြောင့် ဤအစီအစဉ်ကို သူတို့ကန့်ကွက်ခဲ့ကြသော်လည်း သခင်ယေရှုသည် မိမိ တစ်ခါမျှ အသုံးမပြုဖူးသည့် အာဏာကို အသုံးပြု၍ ထွက်ခွာသွားကြရန် ၎င်းတို့အား အမိန့်ပေးခဲ့ပါသည်။ ဆက်လက်၍ ဆန့်ကျင်ဘက် လုပ်နေလျှင်လည်း အကျိုးရှိမည် မဟုတ်ကြောင်း လူတို့သိရှိကြသဖြင့် ငြိမ်သက်စွာဖြင့် ပင်လယ်ဘက်သို့ ထွက်ခွာ သွားကြပါသည်။

         ထိုနောက် လူအုပ်ကြီးအားလည်း လူစုခွဲကြရန် အမိန့်ပေးလိုက်ရာ နားမ ထောင်ဘဲ မနေဝံ့သည့်အခြေအနေသို့ ရောက်သည့်တိုင်အောင် ကိုယ်တော်၏ အပြု အမူသည် အလွန်ပြတ်သားလှပါသည်။ သူတို့၏ ပါးစပ်ဖျားမှ ချီးမွမ်းထောမနာ ပြု သံများရပ်စဲသွားသည်။ ကိုယ်တော်ရှင်အား အတင်းအကျပ် ဖက်ယမ်းကြရန် ချဉ်း ကပ်လာသည့် လူများ၏ ခြေလှမ်းများသည်လည်း ရပ်တန့်သွားကြကာ သူတို့၏ မျက်နှာပေါ်တွင်ရှိနေသည့် ဝမ်းမြောက်မှုနှင့် စိတ်အားထက်သန်မှု အပြည့်အဝရှိနေ သည့် အကြည့်များလည်း ပျောက်ကွယ်သွားပါသည်။ ထိုလူအုပ်ထဲတွင် စိတ်ဓာတ် ကြံ့ခိုင်၍ ဆုံးဖြတ်ချက်ခိုင်မာသော သူများပါဝင်ခဲ့ကြသော်လည်း ခရစ်တော်၏ မြင့် မြတ်သောဟန်ပန်၊ အသံနေအသံထားများနှင့် တည်ငြိမ်သော အမိန့်သံများသည် ရုန်းရင်းခတ်မှုကိုဖြိုခွင်း၍ ၎င်းတို့၏ အကြံအစည်များကို ပျက်ပြားစေခဲ့ပါသည်။ ကိုယ်တော်ရှင်သည် လောကအာဏာတန်ခိုးအားလုံးထက် ကြီးမြတ်ကြောင်းကို သူတို့အသိအမှတ်ပြုကြပြီး စောဒကမတက်တော့ဘဲ ကိုယ်တော်မိန့်တော်မူသည့် တိုင်းနာခံခဲ့ကြပါသည်။

         ယေရှုသည် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့သောအချိန်တွင် ဆုတောင်းရန် တောင်ပေါ်သို့ တက်ကြွသွားတော်မူခဲ့ပါသည်။ ထိုနောက် နာရီပေါင်းများစွာ ထာ၀ရ ဘုရားထံတွင် မိမိအတွက်သာမဟုတ်ဘဲ ထိုသူများအတွက်ပါ အဆက်မပြတ် ဆု တောင်းပတ္ထနာ ပြုတော်မူခဲ့ပါသည်။ စာတန်သည် ထိုသူတို့၏ နားလည်မှုကို မှောက်မှားစေရန်နှင့် ဆုံးဖြတ်ချက်များကို သွေဖည်အောင်မလုပ်နိုင်စေဖို့ မိမိ၏အမှု တော်၏ မြင့်မြတ်သောသဘာ၀ကို လူသားများအား ဖော်ပြရန်နှင့် တန်ခိုးကို ရရှိစေ ရန်အတွက် ကိုယ်တော် ပတ္ထနာပြုခဲ့ပါသည်။ မိမိ၏လောကအမှု တော်ဆောင်ရာ ကာလအချိန် ကုန်လုနီးပြီဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအချိန်အထိ လူနည်းစု ကသာ မိမိအားကယ်တင်ရှင်အဖြစ် လက်ခံကြသေးကြောင်းကို လည်းကောင်း ကိုယ် တော်သိတော်မူခဲ့ပါသည်။ စိတ်နှလုံးထိခိုက် နာကျင်စွာဖြင့် မိမိ၏ တမန်တော်များ အတွက်လည်း ဆုတောင်းပေးခဲ့ပါသည်။ သူတို့သည် ပြင်းပြင်းထန်ထန် စုံစမ်းစစ် ဆေးမှုများကို ခံကြရပါမည်။ စိတ်ကူးယဉ် အိပ်မက်ဆန်သော ၎င်းတို့မြတ်နိုးတွယ် တာနေသော မျှော်လင့်ချက်များသည်လည်း ထိခိုက်နာကျင်၍ နိမ့်ကျသော အနေ အထားများတွင် စိတ်ပျက်ဖွယ် တို့ဖြစ်လာမည်။ ဒါဝိဒ်၏ပလ္လင်ပေါ်၌ ကိုယ်တော် နန်းတက်သည်ကို မြင်ရမည့်အစား ကပ်တိုင်အတင်ခံရခြင်းကို သူတို့မြင်ကြရမည်။ ကပ်တိုင်အတင်ခံရခြင်းသည် ကိုယ်တော်၏ စစ်မှန်သော ရာဇဘိသေကမင်္ဂလာခံယူ ခြင်းဖြစ်ပါသည်။ သို့သော်လည်း ထိုအရာကို သူတို့မသိမြင်ကြသောကြောင့် အကျိုး ဆက်အနေဖြင့် စုံစမ်းနှောင့်ယှက်ခြင်းဟူ၍ပင် ၎င်းတို့သိရှိဖို့ ခက်နေသည့် စုံစမ်း ခြင်းများကို ၎င်းတို့ကြုံတွေ့ကြပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော် မပါဘဲတမန် တော်များ၏ စိတ်နှလုံးကို အလင်းတရားပေးခြင်းနှင့် သိမြင်နားလည်မှုကို တိုးပွားစေ အောင် လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ယုံကြည်ခြင်းကို ကုန်ခန်းကွယ်ပျောက် စေ ပါလိမ့်မည်။ ကြီးကျယ်ခမ်းနားမှု၊ လောကဂုဏ်အသရေ စသည်တို့နှင့် ပတ်သက် သော တွေးဆချက်များနှင့် နိုင်ငံတော်နှင့်ပတ်သက်သည့် ၎င်းတို့၏ အတွေးအဆ များသည် အလွန်နည်းပါးနေကြောင်း တွေ့ရှိရသော ခရစ်တော်အတွက် စိတ်နှလုံး ထိခိုက်နာကျင် စေပါသည်။ ကိုယ်တော်၏ စိတ်နှလုံးထက်တွင် ၎င်းတို့အတွက် လေးလံသော ဝန်ထုပ်တစ်ခုပိလျက်ရှိနေသဖြင့် ပြင်းထန်သောဝေဒနာကို ခံစား လျက် မျက်ရည်မျက်ခွက်ဖြင့် ဆုတောင်းပတ္ထနာ ပြုတော်မူခဲ့ရပါသည်။

         တမန်တော်များသည် ခရစ်တော်ညွှန်ကြား တော်မူသည့်အတိုင်း ချက်ချင်း ကမ်းမှမခွာသေးဘဲ ၎င်းတို့ထံသို့ ကိုယ်တော်ကြွလာမည်ဟု စိတ်ထင်နှင့် ခေတ္တခဏ စောင့်ဆိုင်းခဲ့ကြပါသည်။ သို့သော် အမှောင်ထုသည် လျင်မြန်စွာဖုံးလွှမ်းလာသော အခါ သူတို့သည် အိုင်သို့သွား၍ လှေထဲသို့ ဝင်ပြီးလျှင် ကပေရနောင်မြို့သို့ ရောက်အံ့သောငှါ အိုင်ကိုကူးကြ၏။ ကိုယ်တော်အား မိမိတို့၏ အရှင်သခင်အဖြစ် အသိအမှတ်ပြုခဲ့ပြီးသည့် အချိန်မှစ၍ တစ်ခါဘူးမျှမဖြစ်ဖူးသည့် သည်းမခံနိုင်မှုများ၊ မကျေနပ်မှုများဖြင့် ကိုယ်တော့်ထံမှ ထွက်ခွာခဲ့ကြပါသည်။ ကိုယ်တော်အား ဘုရင်ဖြစ်ကြောင်း ကြေညာခွင့်မရခဲ့သည့်အတွက် သူတို့ညည်းတွား ခဲ့ကြပါသည်။ ကိုယ်တော်ရှင်၏ အမိန့်တော်ကို လွယ်လွယ်ကူကူ လိုက်နာခဲ့ခြင်းအတွက် ကိုယ့်ကို ကိုယ်သူတို့ အပြစ်တင်မိခဲ့ပါသည်။ မိမိတို့သည် မရမနေ တောင်းခံခဲ့ကြပါလျှင် မိမိ တို့၏ အလိုပြည့်စုံ နိုင်ခဲ့လိမ့်မည်ဟုလည်း သူတို့ထင်မှတ်ခဲ့ ကြပါသည်။ သူတို့၏ စိတ်နှလုံးထဲတွင် မယုံကြည်မှုများသည် အမြစ်စွဲလျက်ရှိပြီး ဂုဏ်အသရေကြီးမြတ် လိုစိတ်များသည် သူတို့အား အလင်းကွယ်စေခဲ့ပါသည်။ သခင်ယေရှုအား ဖါရိရှဲများ က မုန်းတီးကြောင်း သူတို့သိရှိကြသဖြင့် ကိုယ်တော်ရှင်အနေနှင့် ရှိသင့်သည်ဟု သူတို့ ထင်မြင်သည့်အခြေအနေတွင် ယေရှုခရစ်အား ချီးမြှောက်ခြင်းခံရစေဖို့ သူတို့ လိုလားခဲ့သည်။ သူတို့သည် လှည့်ဖြားသူများအဖြစ် ကဲ့ရဲ့ပြစ်တင်ခြင်းခံရသော်လည်း ကြီးကျယ်သော နိမိတ်လက္ခဏာများကို ပြုတော်မူနိုင်သော ဆရာတစ်ဦးနှင့် တစ် လုံးတစ်၀တည်း ရှိစေခြင်းသည် ၎င်းတို့ သည်းညည်းမခံနိုင်လောက်သော စုံစမ်းစစ် ဆေးခြင်းတစ်ခုဖြစ်ပါသည်။ ပုရောဖက်အတုတစ်ယောက်၏ နောက်လိုက်များဟု သူ တို့သည်အမြဲတမ်း မှတ်ယူခြင်းကို ခံခဲ့ရပါသလား။ ခရစ်တော်သည် ဘုရင်တစ်ပါး ကဲ့သို့ မိမိ၏အာဏာတော်ကို မည်သည့်အခါမျှ အခိုင်အမာ ဖြစ်အောင် မပြတော့ဖူး လား။ တန်ခိုးရှိတော်မူသော ကိုယ်တော်သည် မိမိ၏ဇာတိမှန်အတိုင်း မည်သည့်အ တွက်ကြောင့် ကိုယ့်ကိုကိုယ် မထင်ရှားစေခဲ့သနည်း။ မည်သည့်အတွက်ကြောင့် မိမိကိုယ်ကို နာကျင်မှုနည်းပါးအောင် ပြုတော်မူသနည်း။ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်အား သေခြင်းဆိုးဖြင့် သေရမည့်အခြေအနေမှ အဘယ်ကြောင့် ကယ်တင်ခဲ့သနည်း။ ထိုနည်းအားဖြင့် တမန်တော်များသည် မိမိတို့ကိုယ်ကို ဝိညာဉ် ရေးမှောင်မိုက် ကျသည့်တိုင်အောင် ဆင်ခြင်တွေးတော ခဲ့ကြပါသည်။ သခင်ယေရှု သည် ဖါရိရှဲများပြောသည့်အတိုင်း အယောင်ဆောင်လှည့်ဖြားသူ တစ်ဦးများဖြစ်နိုင် မည်လားဟူ၍ သူတို့သံသယစိတ် ရှိခဲ့ကြပါသည်။

         တမန်တော်များသည် ထိုနေ့တွင် ခရစ်တော်၏ အံ့ဖွယ်အမှုတော်များကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသဖြင့် ကောင်းကင်နိုင်ငံသည် မြေကြီးပေါ်သို့ သက် ဆင်းလာသယောင် ဖြစ်ခဲ့ပါသည်။ ဘုန်းတော်နှင့်ပြည့်၀၍ မွန်မြတ်လှသည့် ထိုနေ့ ရက်ကို သတိရအောက်မေ့ခြင်းသည် ၎င်းတို့အား ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း များဖြင့် ပြည့်၀စေပါသည်။ သူတို့သည် စိတ်နှလုံးထဲတွင် အပြည့်အဝရှိနေသော ထိုအကြောင်းအရာများကို အတူတကွပြောဆို ဆွေးနွေးကြလျက် ရှိနေမည်ဆိုလျှင် စုံစမ်းနှောင့်ယှက် ခြင်းများထဲသို့ ကျရောက်ကြရလိမ့်မည် မဟုတ်ချေ။ သို့သော် သူ တို့၏ စိတ်ပျက်ဝမ်းနည်းမှုများသည် သူတို့၏ တွေးခေါ်စဉ်းစားဥာဏ်များကို ပျက် ပြားစေခဲ့ပါသည်။ ဘာမျှမပျောက်စေခြင်းငှါ ကျန်ကြွင်းသော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ ဟူသော ခရစ်တော်၏ စကားများကို သူတို့မလိုက်နာခဲ့ကြ ချေ။ ထိုအချိန်များသည် များပြားစွာသော ကောင်းချီးမင်္ဂလာခံစားရသည့် အချိန်များ ဖြစ်ခဲ့သော်လည်း သူတို့သည် ထိုအရာအားလုံးတို့ကို မေ့လျော့ခဲ့ကြပါသည်။ လှိုင်း လေခတ်နေသော ရေပြင်အလယ်တွင် သူတို့ဒုက္ခပင်လယ် ဝေခဲ့ကြပါသည်။ သူတို့၏ အတွေးအခေါ်များသည် ယောက်ယက်ခတ်နေရာ မစဉ်းစားမဆင်ခြင်တတ် အောင် ဖြစ်နေပြီး သူတို့၏ အသက်ဝိညာဉ်ကို နာကျင်စေ၍ အာရုံစိုက်လုပ်ကိုင်လာစေရန် တစ်စုံတစ်ခုသော အခြားအရာများကို သူတို့အား ကိုယ်တော်ရှင် ပေးအပ်ခဲ့ပါသည်။ လူများသည် ဝန်ထုပ်ဝန်ပိုးများကို ဖန်တီး၍ ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေသော ခါများတွင် ဘုရားသခင်သည် ဤအရာများကို မကြာခဏ ပြုတော်မူတတ်ပါသည်။ တမန်တော်များသည် ကိုယ့်ဒုက္ခကိုယ်ရှာ ဖို့မလိုပါချေ။ အန္တရာယ်ကိုရင်ဆိုင်ရတော့ မည့်အချိန်သည် လျင်မြန်စွာ နီးကပ်လာလျက် ရှိနေပါသည်။

         ပြင်းထန်သော မိုးသက်မုန်တိုင်းတစ်ခုသည် ကျရောက်လျက် ရှိနေပါသည်။ သို့သော် ထိုအခါအတွက် သူတို့ပြင်ဆင်ထားခြင်း မရှိခဲ့ချေ။ သာယာပြည့်စုံသော ထိုနေ့နေ့ခင်းပိုင်း၏ အခြေအနေနှင့် ကွဲပြားခြားနားသော အခြေအနေတစ်ခုသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပါသည်။ ထိုလေမုန်တိုင်း တိုက်ခတ်လာသောအခါ သူ တို့ ကြောက်ရွံ့ခဲ့ကြပါသည်။ ခံစားနေရသော မကျေနပ်မှုများ၊ မယုံကြည်မှုများနှင့် အမျက်ဒေါသထွက်နေမှုများကို မေ့လျော့သွားခဲ့ကြပါသည်။ လူတိုင်းသည် လှေမြုပ် မသွားစေရန် ကြိုးစားခဲ့ကြပါသည်။ ထိုနေရာသည် ဗက်ဇဲဒမြို့မှ ခရစ်တော်ရှင်ကို တွေ့မည်ဟု မျှော်လင့်ထားသည့်နေရာနှင့် များစွာမဝေးကွာသည့် နေရာဖြစ်ပြီး ရာသီဥတုကောင်းလျှင် နာရီအနည်းငယ်အတွင်း ရောက်နိုင်သော ခရီးဖြစ်ပါသည်။ သို့သော်လည်း ယခုမူကား ရာသီဥတုဒဏ်ကြောင့် သွားရောက်လိုသည့်နေရာမှ ဖြည်းဖြည်းဝေးကွာ သွားခဲ့ပါသည်။ နံနက်လေးချက်တီးတိုင်အောင် တစ်ညလုံးပင် ပန်းစွာ သူတို့လှော်ခတ် ခဲ့ကြရပါသည်။ ထိုနောက် ပင်ပန်းနွမ်းလျနေသော ထိုလူ များသည် မတတ်နိုင်တော့သည့်အတွက် လက်မြှောက်အရှုံးပေး ခဲ့ကြပါသည်။ ပင် လယ်ပြင်သည် လေပြင်းမုန်တိုင်းနှင့် မှောင်မိုက်ကြီးထဲတွင် ၎င်းတို့၏ ခွန်အားနည်း ပါးမှုအားသိစေရန် သင်ခန်းစာပေးနေသဖြင့် သူတို့သည် မိမိတို့ထံသို့ အရှင်သခင် ခရစ်တော် ယေရှုရောက်ရှိလာရန် တောင်းတခဲ့ကြပါသည်။

         သခင်ယေရှုသည် ၎င်းတို့အား မေ့လျော့တော်မမူချေ။ ကြောက်ရွံ့စွာဖြင့် လှိုင်းလေများနှင့် တိုက်ပွဲဝင်နေကြသော ထိုသူများကို ကမ်းပေါ်ရှိနေသည့် ကိုယ် တော်သည် တွေ့မြင်တော်မူခဲ့ပါသည်။ တစ်ခဏကလေးမျှ ကိုယ်တော်သည် တမန် တော်များကို မျက်ခြည်ပြတ်တော် မမူခဲ့ချေ။ အလွန်တမ်းတသော မျက်ဝန်းတော်ဖြင့် အဖိုးထိုက်သော လူများကို တင်ဆောင်ထားသည့် လှိုင်းလှေဒဏ်ခံနေရသော ထို လှေကို နောက်မှလိုက်၍ ကြည့်ရှုတော်မူခဲ့ပါသည်။ အကြောင်းမူကား ဤသူများ သည် လောက၏အလင်း ဖြစ်ရမည့်သူများ ဖြစ်သောကြောင့်တည်း။ မိခင်မေတ္တာ ကရုဏာနှင့် သားငယ်ကို စောင့်ရှောက်သကဲ့သို့ သနားခြင်းကရုဏာနှင့် ပြည့်၀သော ကိုယ်တော်သည် တမန်တော်များကို စောင့်ရှောက်တော်မူပါသည်။ သူတို့၏ စိတ်နှ လုံးများကို ဖိစီးနှိပ်စက်မှုကို ခံရသောအခါ မသန့်ရှင်းသော ၎င်းတို့၏ ရည်မှန်းချက် များတို့သည် ပပျောက်သွားခဲ့ကြကာ နှိမ့်ချလျက် အမအစများကို တောင်းခံခဲ့ကြသ ဖြင့် လိုအပ်သည့်အတိုင်း ရခဲ့ကြပါသည်။

         ထိုအချိန်တွင် မိမိတို့ကိုယ်ကို ပျက်စီးမည်ဟု ယုံကြည်သော အချိန်တွင် အံ့ ဩဖွယ်သော ပုံသဏ္ဌာန်ကိုဆောင်၍ ပေါ်ထွန်းလာသည့် လင်းရောင်ခြည်ကလေး သည် ရေပြင်ပေါ်တွင်ရှိသော ၎င်းတို့အနီးသို့ ချဉ်းကပ်လာနေပါသည်။ ထိုအရာ က လေးသည် သခင်ယေရှုဖြစ်ကြောင်းကို သူတို့မသိကြချေ။ မိမိတို့အား ကူညီရန်လာ နေသော ထိုပုဂ္ဂိုလ်ကို ရန်သူတစ်ဦးဟူ၍ သတ်မှတ်ခဲ့ကြပါသည်။ သူတို့သည် လွန်ကြောက်ရွံ့နေကြသဖြင့် လက်ထဲတွင် ကိုင်ထားသည့် တက်မများကိုပင် လွှတ် ချမိခဲ့ကြပါသည်။ လှေသည် လှိုင်းခတ်ရာသို့ မျောပါနေခဲ့ပြီ ဖြစ်သော်လည်း လှိုင်း လေထနေသော ပင်လယ်ပြင်၏ ရေလွှာဖွေးဖွေးပေါ်တွင် လမ်းလျှောက်လျက်ရှိ သော လူတစ်ယောက်၏ မြင်ကွင်းကိုသာ သူတို့အာရုံစူးစိုက်နေခဲ့ကြပါသည်။

         မိမိတို့ ပျက်စီးသေဆုံးခြင်းအတွက် မကောင်းသော နိမိတ်ပေးသည့် တစ္ဆေ တစ်ယောက်ဖြစ်သည်ဟု ထိုအရာကို သူတို့ထင်ကြပြီး ကြောက်အားလန့်အားဖြင့် အော်ဟစ်ခဲ့ကြပါသည်။ ယေရှုသည် သူတို့အားကျော်သွားတော့မလို ချဉ်းကပ်၍ ရှေ့ သို့တိုးလာသောအခါ ကိုယ်တော်ရှင်ကို မှတ်မိကာ အော်ဟစ်၍ အကူအညီတောင်း ခဲ့ကြပါသည်။ ကိုယ်တော်သည် သူတို့ဘက်သို့လှည့်ကာ ငါပင်ဖြစ်သည်။ မကြောက် လန့်ကြနှင့်ဟု ကြောက်ရွံ့မှုကို သက်သာရန် မိန့်တော်မူခဲ့ပါသည်။

         ဤအံ့ဩဖွယ်ရာကို သူတို့ယုံကြည်လက်ခံ နိုင်ကြသည်နှင့် တစ်ပြိုင်နက် ပေတရုသည် သူ့ကိုယ်သူကိုယ်တော်နံဘေးသို့ ရောက်သွားသည့်အလား ဝမ်း မြောက်ပျော်ရွှင် သွားခဲ့ပါသည်။ သူသည် မယုံနိုင်သကဲ့သို့ခံစားရကာ သခင်သည် ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရေပေါ်မှာလာရမည့် ကြောင်းမိန့်တော်မူပါ ဟုလျှောက်လျှင် လာခဲ့လော့ဟု မိန့်တော်မူ၏။

         ပေတရုသည် ယေရှုရှင်ကို မျှော်ကြည့်လျက် အန္တရာယ်ကင်းရှင်းစွာဖြင့် လျှောက်လှမ်းခဲ့ပါသည်။ သို့ရာတွင် မိမိကိုယ်ကို အထင်ကြီးသွားကာ လှေပေါ်တွင် ရှိနေသည့် အပေါင်းအသင်းများဘက်သို့ ပြန်၍ကြည့်လိုက်ရာ ၎င်း၏မျက်လုံးများ သည် ကိုယ်တော်ရှင်ထံမှ လွှဲဖယ်သွားခဲ့ပါသည်။ လေသည် ပြင်းထန်လာပြီး လှိုင်း ကြီးများသည် ၎င်းနှင့်ကိုယ်တော်ရှင် ရှိရာဘက်သို့ တလိမ့်လိမ့်ဖြင့်ရိုက်ခတ်လာရာ ပေတရုကြောက်ရွံ့သွားခဲ့ပါသည်။ ထိုအခိုက်အတန့်တွင် ခရစ်တော်သည် သူ၏မြင် ကွင်းမှပျောက်ကွယ်သွားခဲ့ပြီး သူ၏ယုံကြည်ခြင်းသည် လျော့နည်းသွားခဲ့ပါသည်။ ထိုအခါသူသည် ရေနစ်စပြုနေပြီဖြစ်ပြီး ဒေါမာန်ကြီးနေသည့် လှိုင်းလေများကြားမှ မိမိ၏ မျက်လုံးကိုဖွင့်ကာ သခင်ယေရှုအား စူးစိုက်စွာကြည့်ရှုလျက် ကယ်မတော်မူ ပါသခင် ဟုဟစ်ကြော်လေ၏။ ယေရှုသည် လက်တော်ကို ချက်ချင်းဆန့်တန်း၍ ပေတရုအား ကိုင်တော်မူလျက် ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံ မှားသော စိတ်ဝင်သနည်း ဟုမေးတော်မူ၏။

         ပေတရု၏လက်သည် သခင်ယေရှု၏ လက်တော်ကိုတွဲကာ ဘေးချင်းယှဉ်၍ လျှောက်လှမ်းလျက် လှေပေါ်သို့အတူတကွ တက်ရောက်ခဲ့ကြပါသည်။ သို့သော် ယခုအကြိမ်တွင် ပေတရုသည် ထိုးနှိပ်ခြင်းခံလိုက်ရသဖြင့် ဘာမျှမပြောဘဲ ဆိတ် ငြိမ်၍ နေခဲ့ပါသည်။ သူသည် မယုံကြည်မှုနှင့် ကိုယ့်ကိုကိုယ် အထင်ကြီးခြင်းကြောင့် အသက်ဆုံးရှုံးမည့် အခြေအနေသို့ ရောက်ခဲ့သည့်အတွက် မိမိ၏မိတ်ဆွေများအ ပေါ် ဘာမျှဝါကြွားစရာ အကြောင်းမရှိတော့ချေ။ သူသည် ခရစ်တော်ကို မျက်ကွယ် ပြုခဲ့သောအချိန်တွင် ရေထဲ၌လဲကျသွားကာ လှိုင်းလုံးများအလယ်တွင် နစ်မြုပ်သွား ခဲ့ပါသည်။

         ကျွန်ုပ်တို့သည် ဒုက္ခနှင့်ရင်ဆိုင်ရသောအခါ ပေတရုကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ် ခဲ့ကြပါသနည်း။ ကယ်တင်ရှင်ကို မျက်ခြည်မပြတ် ကြည့်ရမည့်အစား လှိုင်းလုံးများ ကို ကျွန်ုပ်တို့ကြည့်တတ် ကြပါသည်။ ထိုအခါ ကျွန်ုပ်တို့ ခြေချော်သွားကာ လှိုင်း ရေများသည် ကျွန်ုပ်တို့၏ အသက်ဝိညာဉ်များကို လွှမ်းမိုးသွားတတ်ပါသည်။ ပေတရု အား သေဆုံးပျက်စီးသွားစေဖို့ မိမိထံသို့လာခဲ့ရန် ခရစ်တော် မိန့်တော်မူခဲ့ခြင်း ဟုတ်ချေ။ ကျွန်ုပ်တို့အား စွန့်ပစ်ထားဖို့ မိမိ၏နောက်တော်သို့ လိုက်ရန်ခေါ်တော်မူ ခြင်းမဟုတ်ချေ။ မစိုးရိမ်နှင့်၊ သင့်ကိုငါရွေးနုတ်ပြီ၊ ငါ့နာမဖြင့်မှည့်ပြီ။ သင့်ကို ငါဆိုင်၏။ သင်သည် ရေကိုလျှောက်သွားသောအခါ သင်နှင့်ငါအတူရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ မနစ်မမွန်းရ၊ မီးကိုချင်းနင်းသောအခါလည်း မလောင်ရ၊ မီးလျှံလည်းမညိရ၊ အကြောင်းမူကား၊ ငါသည်သင်၏ဘုရား သခင်ထာ၀ရဘုရား ဖြစ်၏။ သင့်ကိုရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖြစ်၏။ ဟေရှာ ၄၃း၁-၃။

         သခင်ယေရှုသည် တမန်တော်များ၏ စာရိတ္တများကို ဖတ်ကြားတော်မူပြီး ၎င်းတို့၏ ယုံကြည်ခြင်းများသည် အစစ်အဆေးခံရန် မည်မျှပြင်းထန်ခြင်း ရှိကြောင်း ကိုလည်း သိတော်မူခဲ့ပါသည်။ ရေပေါ်တွင်ဖြစ်ပျက်ခဲ့သည့် ဤအဖြစ်အပျက်အား ဖြင့် ပေတရုအား ၎င်း၏အားနည်းချက်များကို ဖော်ပြရန်နှင့် ဘုရားသခင်၏ တန်ခိုး တော်အပေါ်တွင် အဆက်မပြတ် အားကိုးခြင်းသည်သာ သူ၏လုံခြုံရာဖြစ်ကြောင်း ပြသရန် အလိုတော်ရှိခဲ့ပါသည်။ သူသည် စုံစမ်းနှောင့်ယှက်ခြင်းများ အလယ်တွင် မိမိကိုယ်ကို လုံး၀မကိုးစားဘဲ ကယ်တင်ရှင်အပေါ်တွင် မှီခိုသောအချိန်၌သာ ဘေး ကင်းလုံခြုံစွာဖြင့် ရေပေါ်တွင် လမ်းလျှောက်နိုင်ခဲ့ပါသည်။ ပေတရုသည် မိမိခွန် အားကောင်းသည်ဟု ထင်နေသည့်အချက်တွင် ခွန်အားနည်းနေခဲ့ပါသည်။ မိမိ၏ အားနည်းချက်များကို မသိမချင်း သူသည် ခရစ်တော်အပေါ် အားကိုးမှီခိုရန် လိုအပ် ကြောင်းကို သိရှိနိုင်လိမ့်မည် မဟုတ်ချေ။ ထိုရေပြင်ပေါ်ဝယ် ၎င်းအား ခရစ်တော် သွန်သင်ရန်ကြိုးစားခဲ့သည့် သင်ခန်းစာကို သူသည်မှတ်သားနာယူ ခဲ့မည်ဆိုလျှင် ကြီးမားသော စုံစမ်းနှောင့်ယှက်ခြင်းများ ကျရောက်လာသော အချိန်တွင် သူသည် ကျဆုံးခဲ့လိမ့် မည်မဟုတ်ချေ။

         ထာ၀ရဘုရားသခင်သည် မိမိ၏သားသမီးများအား နေ့စဉ်နှင့်အမျှ သွန်သင် တော်မူပါသည်။ ကိုယ်တော်၏ စီစဉ်မစမှုများအရ ၎င်းတို့အား ခန့်ထားသတ်မှတ်ခဲ့ သော ပိုမိုကျယ်ပြန့်သော အငန်းအတာများတွင် ပါဝင်လုပ်ဆောင်ရန် သူတို့အား ပြင်ဆင်ပေးလျက်ရှိပါသည်။ နေ့စဉ်တွေ့ရှိရသည့် စုံစမ်းခြင်းများ၏ အကျိုးဆက် များသည် အသက်၏ မဟာအကျပ်အတည်း ကာလအတွက် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းကို အဆုံးအဖြတ်ပေးပါသည်။

         ထာ၀ရဘုရားအပေါ် အခါမလပ်မှီခိုအားထားရန် လိုအပ်ကြောင်းကို မသိရှိ သောသူတို့သည် စုံစမ်းနှောင့်ယှက်ခြင်းတွင် ရှုံးနိမ့်သွားကြလိမ့်မည်။ ကျွန်ုပ်တို့သည် မလှုပ်ရှားနိုင်အောင် အခြေခိုင်သည်ဟု မိမိကိုယ်ကို ထင်ကောင်းထင်ကြပါလိမ့်မည်။ ကျွန်ုပ်တို့ယုံကြည်သော ပုဂ္ဂိုလ်ကို ကျွန်ုပ်တို့သိရှိကြောင်း၊ ထာ၀ရဘုရားနှင့် သမ္မာ ကျမ်းစာအပေါ်တွင် ထားရှိသော ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို မည်သည့်အရာကမျှ လှုပ်ရှားစေနိုင်မည် မဟုတ်ကြောင်း ယုံကြည်စိတ်ချစွာဖြင့် ကျွန်ုပ်တို့ပြောဆို ကောင်းပြောဆိုကြပါမည်။ သို့သော် စာတန်သည် ကျွန်ုပ်တို့၏ မွေးရာပါထူးခြား  ချက်များနှင့် ပြုစုလေ့ကျင့်ထားသည့် ထူးခြားချက်များကို အခွင့်အရေးယူရန် တွက်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ လိုအပ်ချက်များ၊ အမှားများကို ကျွန်ုပ်တို့ မျက်ကွယ်ပြုစေရန် အတွက်သော်လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏အားနည်းချက်များကို သိရှိလျက် သခင်ယေရှုကို မခြားမ လပ်မျှော်ကြည့်ခြင်းအားဖြင့်သာ အသက်တာကို ဘေးကင်းလုံခြုံစွာ လျှောက်လှမ်း နိုင်ကြမည်ဖြစ်ပါသည်။

         သခင်ယေရှုသည် လှေထဲရှိ မိမိထိုင်ရမည့်နေရာတော်သို့ ရောက်တော်မူ သည်နှင့်တစ်ပြိုင်နက် လေမုန်တိုင်းသည် ငြိမ်သက်သွားကာ လှေသည်လည်း ရောက်လိုသောအရပ်သို့ တစ်ခဏချင်းတွင် ဆိုက်လေ၏။ ကြောက်စရာညအချိန် ကုန်လွန်ပြီးသည့်နောက် အရုဏ်ဦးအလင်းရောင်သည် ထွန်းလင်းလာခဲ့ပါသည်။ တမန်တော်များနှင့်တကွ လှေပေါ်တွင် ပါလာကြသော အခြားသူများတို့သည် ကျေး ဇူးတင်ဝမ်းမြောက်စွာဖြင့် စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန် ပါသည်” ဟု ခရစ်တော်၏ ခြေတော်ရင်းတွင် ညွတ်ပျပ်၍လျှောက်ကြလေ၏။

 


No comments:

Post a Comment