Wednesday, April 22, 2026

အခန်းကြီး - ၅၅။ မျက်မြင်သောအရာ၌မတည်

 

မျက်မြင်သောအရာ၌မတည်

 

         ရှင်လုကာ ၁၇း၂၀-၂၂ ကိုအခြေပြုထားပါသည်။

 

         ဖာရိရှဲတို့သည် ခရစ်တော်ထံသို့ချဉ်းကပ်လာကြကာ ဘုရားသခင်၏ နိုင်ငံ တော်သည် အဘယ်ကာလမှာ တည်ပါမည်နည်းဟုမေးလျှောက်ကြ၏။ ဆရာ ယောဟန်သည် ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသောသတင်း စကားကို ဤယုဒနယ်တွင် ဟစ်ကြွေးခဲ့သည်မှာ သုံးနှစ်သုံးမိုးပင်ကျော်လွန်သွားခဲ့ ပေပြီ။ မဿဲ ၃း၂။ သို့ရာတွင် ဤဖာရိရှဲများအနေဖြင့် နိုင်ငံတော် တည်ထောင် ကြောင်း အရိပ်အမြွက်ကို ယခုတိုင်အောင် မတွေ့မြင်ရသေးချေ။ ဆရာယောဟန် ကိုငြင်းဆန်ခဲ့သူများနှင့် သခင်ယေရှုအား ဆန့်ကျင်နေသူများသည် ကိုယ်တော်၏ အမှုတော်ကျဆုံးသွားပြီဖြစ်ကြောင်း စောင်းချိတ်ပြောဆိုလာကြပါသည်။ ထိုအခါ ယေရှုက ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သော အရာ၌မတည် ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရား သခင်၏နိုင်ငံတော်သည် သင်တို့၏အထဲတွင်ရှိသည် ဟုမိန့်တော်မူ၏။ ကောင်း ကင်နိုင်ငံတော်သည် စိတ်နှလုံးထဲတွင် အစပျိုးပါသည်။ ကောင်းကင်နိုင်ငံတည် ထောင်နေပြီဖြစ်ကြောင်း အမှတ်အသားပြုရန်  လောကဆိုင်ရာတန်ခိုးအာဏာများ ဖော်ပြမှုများကိုမြင်တွေ့ရန် ဟိုဟိုဒီဒီ မကြည့်ပါနှင့်။

         ထိုနောက်ကိုယ်တော်သည် တပည့်တော်များဘက်သို့လှည့်ကာ သင်တို့ သည် လူသား၏နေ့ရက်တစ်ရက်ကိုမျှ တွေ့မြင်လို၍မတွေ့မြင်ရသော အချိန်ကာ လရောက်လိမ့်မည် ဟုမိန့်တော်မူ၏။ အကြောင်းမူကား၊ ထိုနေ့ရက်သည် လောက ပကာသနများကင်းမဲ့နေသဖြင့် သင်သည်ငါ့အမှုတော်၏ ဘုန်းအသရေကို မသိမြင် မှာစိုးရပါသည်။ လူဇာတိကိုခံယူထားသော်လည်း လူသားများအတွက် အသက်နှင့် အလင်းဖြစ်တော်မူသော ကိုယ်တော်သည် သင်တို့အလယ်တွင်ရှိနေခြင်းကြောင့် လတ်တလောရရှိမည့် အခွင့်အရေးသည် မည်မျှကြီးမားသည်ကို သင်တို့မသိကြပါ တကား။ သင်တို့သည် ဘုရားသခင်၏သားတော်နှင့် ယုဒအချိန်တွင် အတူသွားအ တူလာပြီး စကားလက်ဆုံကျခွင့်များအပေါ် တောင့်တစွာဖြင့် ပြန်လည်စဉ်းစားသော အချိန်တွင် ထိုနေ့များသည် ရောက်လာလိမ့်မည်။

         သခင်ယေရှု၏ တမန်တော်များသည်ပင်လျှင် တစ်ကိုယ်ကောင်းဆန်သော စိတ်များနျင့်လောကကို ခင်တွယ်မှုများကြောင့် ကိုယ်တော်ရှင်ဖော်ပြလိုသည့် ဝိညာဉ်ရေးနှင့်ဆိုင်သော ဘုန်းအသရေကို မသိနားမလည်ကြချေ။ ကိုယ်တော်ရှင် သည် ကောင်းကင်နိုင်ငံတော်ရှိ အဖခမည်းတော်ဘုရားသခင်ထံ တက်ကြွသွားပြီး နောက် ယုံကြည်သူများအပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် မသွန်းလောင်းမီအ ချိန်အထိ တမန်တော်ကြီးများသည် ကယ်တင်ရှင်၏စာရိတ္တတော်နှင့် ကယ်တင်ရှင် အမှုတော်ကို ပြည့်ပြည့်၀၀အလေးအမြတ်  မပြုခဲ့ကြချေ။ သူတို့သည် ဝိညာဉ် တော်အားဖြင့် ဗတ္တိဇံကိုခံယူပြီးသည့်နောက်ပိုင်းတွင် မိမိတို့သည် ဘုန်းတော်အရှင် ရှေ့မှောက်တွင် နေခဲ့ကြဖူးကြောင်းကို စတင်သိရှိလာခဲ့ပါသည်။ သခင်ခရစ် တော်၏ မိန့်တော်မူချက်များကို သူတို့ပြန်လည်၍ သတိရအောက်မေ့လာကြသော အခါ ၎င်းတို့၏စိတ်နှလုံးများသည် အနာဂတ္တိစကားများကို သိရှိနားလည်ရန်နှင့် ကိုယ်တော်ရှင်ပြုတော်မူခဲ့သော နိမိတ်လက္ခဏာများကို နားလည်သဘောပေါက်ရန် ဆန္ဒပြင်းပြလာခဲ့ကြပါသည်။ ကိုယ်တော်အသက်တာတွင် ထင်ရှားခဲ့သော အံ့ဖွယ် အမှုအရာများကို သူတို့ပြန်လည်သတိရခဲ့ကြပြီး၊ အိပ်မက်မှလန့်နိုးလာခဲ့သူများ နှယ်ဖြစ်ခဲ့ကြပါသည်။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက်ငါတို့ တွင် တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီဟူ၍ သူတို့သဘောပေါက် လာကြပါသည်။ ယော ၁း၁၄။ ခရစ်တော်သည် အပြစ်တွင်ကျဆုံးနေသော အာဒံ၏ သားသမီးများကိုကယ်တင်ရန် ဘုရားသခင့်ထံတော်မှ ဤအပြစ်ကမ္ဘာ သို့ကြွလာ တော်မူခဲ့ပါသည်။ တမန်တော်များသည် ဤအကြောင်းအရာကို မသိရှိခင်ကထက် ယခုအချိန်တွင် မိမိကိုယ်ကိုအထင်ကြီးမှုများ လျော့နည်းသွားသလိုဖြစ်ခဲ့ပါသည်။ ကိုယ်တော်၏နှုတ်ထွက်စကားများနှင့် လုပ်ဆောင်ချက်များကို မမောတမ်းမပန်းတမ်း ပြန်ပြောပြခဲ့ကြပါသည်။ ဝိုးတဝါးသူတို့ နားလည်ခဲ့သော ကိုယ်တော်ရှင်သွန်သင်ခဲ့ သောသင်ခန်းစာများသည် ယခုတွင်အသစ်သော ဗျာဒိတ်တော်ကဲ့သို့ သူတို့နား လည်လာခဲ့ကြပါသည်။ သမ္မာကျမ်းစာသည် သူတို့အတွက် စာအုပ်အသစ်တစ်အုပ် ကဲ့သို့ ဖြစ်လာခဲ့ပါသည်။

         တမန်တော်များသည် ခရစ်တော်အကြောင်း သက်သေခံထားသည့် အနာ ဂတ္တိစကားများကို ရှာဖွေလေ့လာကြစဉ်တွင် ဘုရားသခင်နှင့်ရင်းနှီးမှုများ ရရှိခဲ့ကြပြီး  ကိုယ်တော်ရှင်သည် ကမ္ဘာပေါ်တွင်အစပျိုးခဲ့သည့် အမှုတော်အား အဆုံးသတ်ရန် ကောင်းကင်နိုင်ငံတော်သို့ တက်ကြွသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိလာခဲ့ကြပါသည်။ ဘုရားသခင်၏အမအစမပါလျှင် မည်သည့်လူတစ်ဦးတစ်ယောက်မျှ မသိနားမလည် နိုင်သောအသိပညာများဖြင့် ကိုယ်တော်သည် ကြွယ်၀ပြည့်စုံတော်မူကြောင်းကို သူ တို့ အသိအမှတ်ပြုခဲ့ကြပါသည်။ ဘုရင်များ၊ ပုရောဖက်များနှင့် သန့်ရှင်းသူများတို့က ကြိုတင်ဟောကြားခဲ့ကြသော ကိုယ်တော်ထံမှ အမအစများကို သူတို့လိုအပ်ခဲ့ကြပါ သည်။ သူတို့သည် ကိုယ်တော်၏ စာရိတ္တတော်နှင့်အမှုတော်ကို သရုပ်သကန်ပေါ် အောင်ဖော်ပြထားသည့် အနာဂတ္တိစကားများကို ထပ်ခါတလဲလဲဖတ်ရှုခဲ့ကြပါသည်။ သို့ရာတွင် အနာဂတ္တိကျမ်းများကို ဝိုးတဝါးသာသိမြင်နားလည် ခဲ့ကြပါသည်တကား။ ခရစ်တော်အကြောင်း သက်သေခံထားသည့် ကြီးမြတ်သောသမ္မာတရားများကို သူ တို့နားလည်မှု နှေးကွေးခဲ့ကြပါတကား။ လူများအလယ်တွင် နေထိုင်သွားလာတော် မူစဉ် ကိုယ်တော်ရှင်၏နှိမ့်ချ၊ နိမ့်ကျသော အသက်တာကိုကြည့်လျက် သဘာ၀နှစ် ခုကိုတစ်ပြိုင်နက် ခံယူတော်မူခဲ့သော ကိုယ်တော်၏ ဇာတိခံယူခြင်း၏နက်နဲမှုကို သူ တို့နားမလည်ခဲ့ကြချေ။ လူ့ဇာတိတွင်ထင်ရှားသော ဘုရားဇာတိတော်ကို ကောင်းမွန် စွာနားမလည်နိုင်စေရန် သူတို့မျက်စိများကို ကန်းစေခဲ့ကြပါသည်။ သို့ရာတွင် သန့် ရှင်းသောဝိညာဉ်တော်ကို ရရှိခဲ့ကြပြီးသည့်နောက်ပိုင်းတွင် သူတို့သည် ကိုယ်တော် ရှင်ကို နောက်တစ်ဖန်ပြန်လည်ဖူးတွေ့ရန် ကိုယ်တော်ရှင်၏ ခြေတော်ရင်းတွင် ပျပ် ဝပ်ခစားကြရန် အလွန်တောင့်တခဲ့ကြပါသည်။ ကိုယ်တော်ရှင်ထံပါးသို့  ချဉ်းကပ်၍ သူတို့နားမလည်ကြသည့်ကျမ်းချက်များကို

ယေရှုရှင်အားရှင်းပြခိုင်းရန် အလွန်ဆန္ဒပြင်းပြခဲ့ကြပါသည်။ အကယ်၍သာ ရှင်းပြခဲ့ မည်ဆိုလျှင် သူတို့သည် အထူးအာရုံစိုက်၍ နားထောင်ခဲ့ကြလိမ့်မည်သာတည်း။ သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း သင်တို့သည် ယခုမခံနိုင်ကြ ဟူ၍ မိန့်တော်မူသောအခါ ခရစ်တော်သည် မည်သည့်အရာ ကိုဆိုလိုပါသနည်း။ ယော ၁၆း၁၂။ နှုတ်ထွက်စကားအားလုံးကို သူတို့သိရှိ ရန်အလွန်စိတ်စောနေကြပါ သည်တကား။ မိမိတို့၏ယုံကြည်ခြင်းသည် မိမိတို့၏ အတွေးအခေါ်များ လွဲမှားသွား လောက်အောင်၊ စစ်မှန်သောအရာကို နားမလည်နိုင်လောက်အောင် အားနည်းနေ သည့်အတွက် သူတို့ဝမ်းနည်းခဲ့ကြပါသည်။

         ယုဒလူများက ကိုယ်တော်ရှင်အား လက်ခံကြိုဆိုကြစေရန်အလို့ငှာ ယုဒ တစ်မျိုးသားလုံးနှင့် တစ်ကမ္ဘာလုံးက ကိုယ်တော်၏အမှုတော်အပေါ် စိတ်ဝင်စားလာ စေရန် ဘုရားသခင်သည် ခရစ်တော်၏ကြွလာခြင်းကို ကြေညာဖို့ရှေ့ပြေးတစ်ဦးကို စေလွှတ်တော်မူခဲ့ပါသည်။ ဆရာယောဟန်ကြေညာနေသည့် ထိုအံ့ဖွယ်ပုဂ္ဂိုလ် သည် သူတို့အလယ်၌ရောက်ရှိနေခဲ့သည်မှာ အနှစ်သုံးဆယ်ပင် ကျော်ပြီဖြစ်သော် လည်း ထိုသူအားဘုရားသခင် စေလွှတ်တော်မူသည့် ပုဂ္ဂိုလ်တစ်ပါးအနေဖြင့် သူတို့ အမှန်တကယ်မသိခဲ့ကြချေ။ တမန်တော်များသည် မိမိတို့၏ထင်မြင်ယူဆချက် များကို  မှားယွင်းသွားစေပြီး မိမိတို့၏နားလည်မှုများကို မှုန်ဝါးသွားစေသည့်မယုံ ကြည်မှုများကို လက်ခံခဲ့မိကြသည့်အတွက်ကြောင့် နောင်တသံဝေဂရခဲ့ကြပါသည်။ မှောင်မိုက်ကမ္ဘာ၏အလယ်တွင် အလင်းတော်သည် ထွန်းလင်းလျက်ရှိသော်လည်း ထိုအလင်းတော်သည် မည်သည့်အရပ်မှဖြာထွက်လာသည်ကို သူတို့မသိနားမလည် ခဲ့ကြချေ။ ခရစ်တော်အနေဖြင့် မိမိတို့အားအပြစ်တင် ဆုံးမစရာဖြစ်စေသည့် အမှု တစ်ခုကို မည်သည့်အတွက်ကြောင့် လုပ်ကိုင်ဆောင်ရွက်မိခဲ့သနည်းဟု ကိုယ့်ကို ကိုယ် သူတို့မေးခွန်းထုတ်ခဲ့ကြပါသည်။ မောရှေထက်ကြီးမြတ်သော ပုဂ္ဂိုလ်သည် ကျွန်ုပ်တို့အလယ်တွင် ရောက်ရှိနေတော်မူကြောင်း ကိုလည်းကောင်း၊ ရှောလမုန် ထက်ပညာဥာဏ်ကြီးသောသူသည် ကျွန်ုပ်တို့အား သွန်သင်နေကြောင်းကိုလည်း ကောင်း မသိနားမလည်စေရန်အလိုငှာ ကျွန်ုပ်တို့၏အသိဥာဏ်ကို ကယောက်က ယက်ဖြစ်စေသော ဖာရိရှဲများ၏ဆန့်ကျင်မှုများနှင့် လောကအရာများကို အရေးတ ယူပြုခြင်းများအား အဘယ်ကြောင့် ကျွန်ုပ်တို့ခွင့်ပြုခဲ့ကြသနည်း။ ကျွန်ုပ်တို့၏နားများ သည် အလွန်ထိုင်းလေစွတကား။ ကျွန်ုပ်တို့၏သိနားလည်မှုသည် အလွန်နည်းပါးလှ စွတကား။

         သောမသည် ရောမစစ်သားများကြောင့်ဖြစ်ခဲ့ရသည့် အမာရွတ်ကိုမိမိလက် နှင့်မစမ်းရမချင်း ယုံကြည်ခဲ့လိမ့်မည်မဟုတ်ချေ။ ပေတရုသည် ကိုယ်တော်၏ နှိမ့်ချ မှုအတွက် ကိုယ်တော်အားငြင်းပယ်ခဲ့ပါသည်။ သူတို့သည် နာကြည်းစရာကောင်း သော ဤဖြစ်ရပ်များကိုထင်ရှားစွာ ပြန်ပြောင်းသတိရခဲ့ပါသည်။ ကိုယ်တော်နှင့်အတူ သူတို့နေထိုင်ခဲ့ဖူးကြသော်လည်း ကိုယ်တော်ကို မသိနားမလည်ခဲ့ကြချေ။ မိမိတို့၏ မယုံကြည်မှုများကို သူတို့အသိအမှတ် ပြုကြစဉ်တွင် ဤအကြောင်းအရာများသည် ၎င်းတို့၏စိတ်နှလုံးကို အထူး လှုပ်ရှားစေခဲ့ပါသည်။

         ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် ပူးပေါင်း၍၎င်းတို့အား ဖမ်းဆီးအရေးယူကာ ထောင်သွင်းအကျဉ်းချ ခဲ့ကြသော်လည်း ထိုသူတို့သည် သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည် ဟုဝမ်းမြောက်သော စိတ်ရှိကြ၏။ တမန် ၅း၄၁။ မိမိတို့သည် ခရစ်တော်၏ ဘုန်း တော်ကိုအသိအမှတ်ပြုကြောင်း အရာခပ်သိမ်းကိုအဆုံးရှုံးခံ၍ ကိုယ်တော်၏ နောက် တော်သို့ လိုက်ရန်ရွေးချယ်ခဲ့ကြောင်း လူများရှေ့တွင်လည်းကောင်း၊ ကောင်းကင် တမန်များရှေ့တွင်လည်းကောင်း သက်သေပြုရန် သူတို့ဝမ်းမြောက်ခဲ့ကြပါသည်။

         ယခုအချိန်တွင်လည်း တမန်တော်များအချိန်ကကဲ့သို့ပင် ဘုရားသခင်၏ ဝိညာဉ်တော်မစမှုမပါရှိလျှင် လူသားများသည် ခရစ်တော်၏ ဘုန်းတော်ကို သိမြင် နိုင်ကြမည်မဟုတ်ချေ။ လောကကိုချစ်၍ အလိုလိုက်အကြိုက် ဆောင်တတ်သော ခရစ်ယာန်ဘာသာသည် ဘုရားသခင်၏သမ္မာတရားတော်နှင့် အမှုတော်ကို အလေး အမြတ်မပြုတတ်ကြချေ။ သခင်ဘုရား၏ နောက်လိုက်များကို သက်သောင့်သက် သာရှိလှသော လုပ်ငန်းခွင်များတွင်လည်းကောင်း၊ လောကသားများအလေးအမြတ် ပြုသည့်လုပ်ငန်းများ (သို့မဟုတ်) လောကကမ္ဘာနှင့် သဘောသကန်တူညီသည့် လုပ်ငန်းများတွင်လည်းကောင်း မတွေ့ကြရချေ။ သူတို့သည် အထွတ်အမြတ်တို့နှင့် လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြု သောမင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်း ကောင်း တိုက်လှန်ပွဲ၏ရှေ့မှောက်တွင် တပင်တပန်းလုပ်ကိုင်ဆောင်ရွက်ခြင်း လမ်း စဉ်၊ နှိမ့်ချမှုလမ်းစဉ်နှင် ဆုံးမပဲ့ပြင်ခြင်းလမ်းစဉ်များအားဖြင့် အလွန်ရှေ့ပြေးနေကြ ပါသည်။ ဧဖက် ၆း၁၂။ ခရစ်တော်ဘုရားအသက်ရှင်ထင်ရှားစဉ်အခါမှာကဲ့သို့ပင် ယခုအချိန်တွင်လည်း ပေါ်ထွန်းနေကြသည့် ဖာရိရှဲနှင့်ယဇ်ပုရောဟိတ်များ၏ နား လည်မှုလွဲမှားမှုကိုလည်းကောင်း၊ ဆုံးမမှု၊ နှိပ်စက်မှုများကိုလည်းကောင်း သူတို့ခံကြ ရပါသည်။

         ဘုရားသခင်၏နိုင်ငံတော်သည် မျက်မြင်ရသောအရာ၌ မတည်ချေ။ မိမိအ လိုကိုငြင်းဆန်ခြင်းစိတ်ဓာတ်နှင့်ပြည့်၀သော ဘုရားသခင်၏ ကရုဏာတော်ဆိုင်ရာ ဧဝံဂေလိတရားတော်သည် လောကသားများ၏ စိတ်ဓာတ်နှင့် မည်သည့်အခါမျှ လိုက်လျောညီထွေမရှိနိုင်ပါချေ။ ဤနိယာမနှစ်ခုသည် တစ်ခုနှင့်တစ်ခုဖီလာဆန့် ကျင်နေကြပါသည်။ ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ ကိုမခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာ ဖြစ်သည်ဟုထင်တတ်၏။ ထိုအ ရာတို့ကို ဝိညာဉ်အားဖြင့်သာပိုင်းခြား၍ နားလည်နိုင်သောကြောင့် ဇာတိပကတိလူ သည်နားမလည်နိုင်။ ၁ကော ၂း၁၄။

         ယနေ့ဘာသာရေးလောကတွင် လောကနိုင်ငံတစ်ခုကဲ့သို့ ခရစ်တော်၏ နိုင်ငံတော်ကိုတည်ထောင်ရန် မိမိတို့ယုံကြည်သည့်အတိုင်း ကြိုးစားလုပ်ဆောင်နေ ကြသူများ များစွာရှိကြပါသည်။ သူတို့သည်ကိုယ်တော်အား ဤလောကနိုင်ငံများ၏ ဘုရင်အဖြစ် တင်မြှောက်လိုကြပါသည်။ နန်းတော်များ၊ စခန်းများ၊ တရားရုံးများ၊ ပရဝဏ်များနှင့်ဈေးများ၏ အကြီးအကဲအဖြစ် တင်မြှောက်လိုကြပါသည်။ လူသား များ၏အခွင့်အာဏာအားဖြင့် ပြဌာန်းထားသည့် တည်ဆဲဥပဒေများအရ လူများကို ကိုယ်တော်အုပ်စိုးပေးရန် သူတို့မျှော်လင့်ခဲ့ကြပါသည်။ ခရစ်တော်သည် ယခုအချိန် တွင် ဤနေရာ၌ ကိုယ်တိုင်ကိုယ်ကျ ရှိတော်မမူသည့်အတွက် ကိုယ်တော်၏ နိုင်ငံ တော်မှပြဌာန်းထားသည့် တရားဥပဒေများအတိုင်း တရားစီရင်ရန် ခရစ်တော်ကိုယ် စား သူတို့ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက် ကြပါလိမ့်မည်။ ထိုသို့သောနိုင်ငံတစ်ခု တည်ထောင်ခြင်းသည် ခရစ်တော်အချိန်က ယုဒလူများတည်ထောင်ရန် ဆန္ဒရှိခဲ့ သော နိုင်ငံမျိုးဖြစ်ပါသည်။ ၎င်းတို့အနေနှင့် ဘုရားသခင်၏ ဥပဒေများဟုမှတ်ယူခဲ့ ကြသောအရာများကို ကိုယ်တော်သည်ပြဌာန်း၍ ၎င်းတို့အားကိုယ်တော့် အလိုတော် ကိုဖွင့်ဆိုသူများ ကိုယ်တော်၏အခွင့်အာဏာကို ကျင့်သုံးနိုင်သော ကိုယ်စားလှယ် များဖြစ်စေဖို့ လောကနိုင်ငံတစ်ခုကိုတည်ထောင်ရန် အလိုတော်ရှိခဲ့လိမ့်မည်ဆို လျှင် သူတို့သည် သခင်ယေရှုအား လက်ခံကြိုဆိုခဲ့ပါလိမ့်မည်။ သို့ရာတွင် ကိုယ် တော်က ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်ဟု မိန့်တော်မူခဲ့ပြီး လောက နှင့်စပ်ဆိုင်သော အုပ်စိုးခြင်းအခွင့်ကို လက်ခံရယူတော် မမူခဲ့ချေ။ ယော ၁၈း၃၆။

         သခင်ယေရှုကို အုပ်ချုပ်ခဲ့သောအစိုးရမင်းများသည် စာရိတ္တမဏ္ဍိုင် ပျက် ယွင်းပြီး နှိပ်စက်ကလူပြုတတ်သော အစိုးရမျိုးဖြစ်ပါသည်။ အဘက်ဘက်တွင် အဓမ္မ လုယူခြင်းသည် မခံနိုင်စရာများနှင့် အလွန်ရက်စက်မှုများစသည့် မတရားမှုများနှင့် ပြည့်၀နေပါသည်။ သို့ရာတွင် ကိုယ်တော်ရှင်သည် တိုင်းရေးပြည်ရေးနှင့် ပတ် သက်သော မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှလုပ်ဆောင်ရန် မကြိုးစားခဲ့ချေ။ မည် သည့်နိုင်ငံတော်မတရားမှုများကိုမျှ တိုက်ခိုက်ပြောဆိုခြင်း ပြုတော်မမူသည့်ပြင် နိုင်ငံတော်ကိုရန်မူနေကြသော ရန်သူများကိုလည်း အပြစ်တင်တော်မမူခဲ့ချေ။ အာ ဏာရထားသူများ၏ လုပ်ပိုင်ခွင့်များနှင့် အုပ်ချုပ်မှုများကိုလည်း စွက်ဖက်မှုတစ်စုံ တစ်ရာပြုတော်မမူခဲ့ချေ။ ကျွန်ုပ်တို့အတွက် စံနမူနာဖြစ်တော်မူသော ကိုယ်တော် သည် လောကအစိုးရမင်းများနှင့် ကင်းကင်းရှင်းရှင်းနေတော်မူခဲ့ပါသည်။ ထိုကဲ့သို့ နေထိုင်တော်မူရခြင်းမှာ လူသားများ၏ဒုက္ခများကို စိတ်မဝင်စားသဖြင့်မဟုတ်ဘဲ ထိုဒုက္ခများကို သက်သာပျောက်ကင်းစေသော အရာသည်လူသားများ၏ အပေါ်ယံ အကဲဖြတ်မှုများ၌သာမူတည် ခြင်းမရှိသည့်အတွက်ကြောင့် ဖြစ်ပါသည်။ ကုသမှု ကိုပြီးမြောက်စေရန် ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ကုသပေးရမည်ဖြစ်ပြီး ထိုသူများ၏ နှလုံးသားများအား အသစ်ဖြစ်ပွားစေရပါမည်။

         ခရစ်တော်၏နိုင်ငံတော်ကို မးမတ်သေနာပတိများ၊ ကောင်စီများ၊ တရားရေး အဖွဲ့အစည်းများနှင့် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးများ၏ ဆုံးဖြတ်ချက်များအား ဖြင့်တည်ထောင်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုများဖြင့် လူသားများတွင်ခရစ်တော်၏ သဘာ၀ကို အမြစ်စွဲစေခြင်းအားဖြင့် တည်ထောင်ခြင်း ဖြစ်ပါသည်။ ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည် သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသော အခွင့်ကိုပေးတော်မူ၏။ ထိုသားတို့ မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်၊ မေထုန်သံဝါသအား ဖြင့်ဖွားသော သားမဟုတ်၊ လူအလိုအလျောက်ဖွားသောသားမဟုတ်၊ ဘုရားသခင်ဖွားတော်မူ သောသားဖြစ်သတည်း။ ယော ၁း၁၂၊၁၃။ လူသားများကို မြှင့်တင်ခြင်းအမှုကို စွမ်းဆောင်နိုင်သောအရာမှာ ထိုတန်ခိုးတော်တစ်ပါးတည်းသာရှိပါသည်။ ဤလုပ် ငန်း ကြီးပြီးစီးအောင်မြင်ရန် လူသားများလုပ်ဆောင်ရမည့်အလုပ်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သွန်သင်ခြင်းနှင့် ကျင့်သုံးခြင်းဖြစ်ပါသည်။

         တမန်တော်ရှင်ပေါလုသည် မိမိ၏အမှုတော်ကို တစ်ပါးအမျိုးသား တို့၏ ယုတ်ညံ့နိမ့်ကျလှသည့်ဖောက်ပြန်မှု၊ ညစ်ညမ်းမှုနှင့်ပြည့်၍ လူနေထူထပ်ကာ ချမ်း သာကြွယ်၀သော်လည်း ဆိုးယုတ်မှုများဖြင့်ပြည့်၀သော ကောရ္တိုမြို့တွင် အစပျိုး သောအချိန်၌ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူ သော သခင်မှတစ်ပါးအဘယ်အရာကိုမျှ သင်တို့တွင်ငါမသိမမှတ် ဟုဖွင့်ဟခဲ့ပါ သည်။ ၁ကော ၂း၂။ ယခုတွင် သခင်ယေရှု၏ နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ ယေရှုခရစ်အားဖြင့် သင်တို့အား ပေးတော်မူ သောဆုကျေးဇူးတော်ကို ငါထောက်၍ သင်တို့အကြောင်းကြောင့် ငါ့ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်း၏ ဟူ၍အညစ်ညမ်းဆုံးသော ဒုစရိုက်များ အားဖြင့် စာရိတ္တဖောက်ပြန် ခဲ့ကြသောသူအချို့ထံသို့ ရှင်ပေါလုစာရေးဆုံးမခဲ့ပါ သည်။ ၁ကော ၆း၁၁၊ ၁း၆။

         ယခုအချိန်တွင်လည်း ခရစ်တော်၏အချိန်များမှာကဲ့သို့ပင် ဘုရားသခင့် နိုင်ငံတော်၏ အမှုတော်မြတ်သည် လောကဘုရင်များနှင့် လူသားများပြဌာန်းထား သည့် ဥပဒေများ၏ အသိအမှတ်ပြုခြင်းနှင့် ထောက်ခံမှုများကို အပူတပြင်းတောင်း ခံနေကြသူများထံတွင်မတည်ရှိဘဲ ငါသည်ခရစ်တော်နှင့်အတူလက်ဝါး ကပ်တိုင် မှာအသေခံပြီ၊ သို့သော်လည်းအသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည်ကိုယ် တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏ ဟူ၍ဖွင့်ဟခဲ့သော ရှင်ပေါလု၏ တွေ့အကြုံမျိုးကို လက်ခံရရှိသူများ၏စိတ်နှလုံးတွင် ဖြစ်ပေါ်စေမည့် ဝိညာဉ်ရေးနှင့် စပ်ဆိုင်သောသမ္မာတရားများကို လူအများထံသို့ ခရစ်တော်၏နာမတော်၌ သွား ရောက်ဟောကြားနေကြမည့် သူများ၌တည်ရှိပါသည်။ ဂလာတိ ၂း၂၀။ ထိုအချိန် တွင် ထိုသူများသည် လူသားများ၏ အကျိုးအလို့ငှာ ရှင်ပေါလုကဲ့သို့ လုပ်ဆောင် ပါလိမ့်မည်။ ရှင်ပေါလုမိန့်မှာခဲ့သည်မှာ ထို့ကြောင့်ငါတို့သည် ခရစ်တော်၏ သံတ မန်ဖြစ်ကြ၏။ သင် တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့်နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့ ငါတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်၍ သင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏ ဟူ၍ ဖြစ်၏။ ၂ကော ၅း၂၀။

 


No comments:

Post a Comment