Monday, April 27, 2026

 

အခန်း ()

ဆုတောင်းခြင်း၌မွေ့လျော်သောသူတစ်ဦး

 

        လူတစ်ယောက်သည် သစ္စာရှိစွာနှင့် စိတ်ထက်သန်ပြင်းပြစွာတို့ဖြင့် ဆုတောင်းရန် လိုအပ်လာပြီးဆိုလျှင်၊ ထိုသူသည် အခြားသောသူမဟုတ်မူဘဲ၊ အသင်းအုပ်ဆရာသာဖြစ်ရပါမည်။ အမှုတော်ဆောင်ခြင်းလုပ်ငန်းသို့ ထာ၀ရ ဘုရား၏ ခေါ်တော်မူခြင်းကိုခံရပြီးလက်ခံခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် မပြီး ဆုံးနိုင်သောလုပ်ငန်းများ၏ လောကကမ္ဘာကြီးတွင် ရှင်သန်ကြရန် သဘောတူ လက်ခံရာရောက်သွားပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုယ်စိတ်နှစ်ပါးတို့ ၏အခြားတစ်ဘက်တွင် ရှင်သန်နေထိုင်ကြရန် ခေါ်တော်မူခြင်းခံရကြပေပြီ။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ခွန်အားအားဖြင့် ကျွန်ုပ်တို့သည် ဤအသက်တာတွင် နေထိုင်ကြရန်နှင့် လုပ်ငန်းဆောင်တာများတို့ကိုပြီးမြောက် အောင်ဆောင်ရွက် ကြရန်မှာ မည်သို့မျှမဖြစ်နိုင်ကြပါ။ ကျွန်ုပ်တို့ပြင်းပြင်းထန်ထန်ဖြင့် ဆုတောင်း ခြင်းအသက်တာတို့ကို တိုးတက်မှုရှိအောင်လုပ်ဆောင်ကြရပါမည်။ သို့မဟုတ် ကျွန်ုပ်တို့သည် အသက်ချမ်းသာရာရရှိရန်မဖြစ်နိုင်ပါ။ ၎င်းအတွက် ရိုးစင်း သိသာမှုရှိလှပါသည်။ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏လုံး၀ဥဿုံမှီခိုအားထား မှုတို့ကိုအမှတ်ရပြီး ထုတ်ဖော်ပြောဆို အသိပေးမှုရှိရကြပါမည်။ ဘုရားသခင် မပါရှိပါက ကျွန်ုပ်တို့မည်သည့်အရာကိုမျှမလုပ်ဆောင်နိုင်ပါ။

        မိမိကိုယ်ပိုင်ခွန်အားကိုအမှီပြုပြီး၊ သူ့နည်းသူ့ဟန်ကိုယ်ပိုင်ဉာဏ်အစွမ်း အစဖြင့်သာ တရားဟောပြောသော သင်းအုပ်ဆရာတစ်ယောက်အနေဖြင့် မကြာမီအတောအတွင်း မိမိကိုယ်ကိုမိမိအားနည်းဆုတ်ယုတ်ပြီး စိတ်ဓာတ်ကျ ဆင်းသွားသောသူတစ်ယောက်အဖြစ် တွေ့မြင်လာရကား အမှုတော်ဆောင် ခြင်းအလုပ်ကို စွန့်ခွာသွားရန် အဆင်သင့်အနေအထားဆီသို့ ရောက်ရှိသွားပေ တော့သည်။ အသက်တာတစ်ခုလုံးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်မျိုးတို့ကို ချမှတ်နိုင်ရန်ဆိုသည်မှာ မည်သူမျှထိုဉာဏ်ပညာမျိုးမရှိနိုင်ကြပါ။ ရင်ဆိုင်ကြုံ တွေ့ရလေသမျှသော အတိဒုက္ခပြဿနာတို့ကို ကျော်လွှားသွား နိုင်ရန်အတွက် မည်သူမျှသီးခံနိုင်စွမ်းမရှိကြပါ။ အားလုံးသောလုပ်ငန်းရပ်များအတွက် အချိန်၊ အစည်းအဝေးအားလုံးတို့အတွက် စွမ်းအင်၊ သတင်းစကားအားလုံးတို့အတွက် စိတ်ကူးစိတ်သန်းနှင့် သူ့ကိုလိုအပ်နေကြသော သူတို့အားလုံးတို့အတွက် လုံ လောက်သောစာနာရိုင်းပင်းမှုမျိုးများတို့ကို မည်သူကမျှပိုင်ဆိုင်ထားနိုင်ကြခြင်း မရှိပါ။ အသင်းအုပ်ဆရာတစ်ယောက်ဖြစ်နေသည်အားလျော်စွာ အမှန်တရား တို့ကို ပြောင်းလဲနိုင်ခြင်းမရှိနိုင်ကြပါ။ ဆုတောင်းခြင်းကိုလုပ်ဆောင်မည်လား၊ အမှုတော်ဆောင်လုပ်ငန်းမှနုတ်ထွက်သွားမည်လား။ ထိုအချက်တစ်ခုခုကို ရွေး ရန်သာရှိသည်။

        အသင်းအုပ်ဆရာတို့မည်သည်မှာ ဘုရားသခင်၏ အိမ်တော်သားများတို့ အား ခေါင်းဆောင်သူများဖြစ်ကြပါသည်။ ဘုရားသခင်၏ အိမ်တော်ကို ဆုတောင်းရာအိမ်တော်ဟု ခေါ်ဝေါ်ကြမည့်အကြောင်းကို သခင်ယေရှုက မိန့် တော်မူခဲ့သည်။ (မဿဲ ၂၁း၁၃) အကြောင်းကို အသင်းအုပ်ဆရာတို့အနေဖြင့် သတိရရှိရကြပါမည်။ သခင်ခရစ်တော်သည် ဘုရားသခင်၏ အိမ်တော်ကို ဒေသနာတော်ဟောကြားရာအိမ် ဘုရားသခင်၏ အိမ်တော်ကို သို့မဟုတ် ဂုဏ်တော်ကို ချီးမွမ်းရာအိမ်ဟု ခေါ်ဆိုတော်မမူဘဲ ဆုတောင်းရာအိမ်တော် ဟုသာ ခေါ်ဆိုတော်မူခဲ့ပါသည်။ စိတ်ထက်သန်ပြင်းပြမှုပါရှိသည့်ဆုတောင်း ခြင်းကို အခြေပြုခြင်းမရှိသော တရားဒေသနာဟောပြောခြင်းနှင့် ဂုဏ်တော်ကို ချီးမွမ်းခြင်းတို့ကို မည်သည့်အခါမျှအမှန်အားဖြင့် စတင်လုပ်ဆောင်ရန် မသင့် လျော်ပါ။ ဟောပြောခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းနှင့်ဝတ်ပြုခြင်းတို့သည် ဆု တောင်းခြင်းအားဖြင့်သာ အလျင်ဦးဆောင်စတင်ရပါမည်။

 

ကျေနပ်တင်းတိမ်မှုမရှိခြင်း၏ အရင်းအမြစ်

    များစွာသော အသင်းအုပ်ဆရာတို့၏စိတ်နှလုံးများ၊ စိတ်အတွေးများနှင့် သင်ကြားရယူမှုများတို့တွင် ဆုတောင်းခြင်းဖြင့် ကင်းမဲ့နေကြသည်ကို ဝမ်းနည်း စွာဖြင့် တွေ hရှိနေကြပါသည်။ ဆုတောင်းခြင်းသည် သူတို hအမှုတော်ဆောင် သောနေရာတစ်ခုခုအတွက် အရေးမကြီးသည့်အပြင် ထိုက်တန်မှုမရှိဟု တရား ဟောဆရာတို့သည် ထင်မြင်ယူဆပုံပေါက်သည်။ သို့မဟုတ် သူတို့၏တာဝန်ယူ မှုပေါင်းများစွာတို့တွင် ဆုတောင်းခြင်းအတွက် နေရာမရှိဟု ရိုးရှင်းစွာ ထင်မှတ်ထားကြပုံရကြပါသည်။ အသင်းအုပ်ဆရာများဖြစ်ကြသည်နှင့်အညီ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းကိုဦးစားပေးအဆင့်တွင် ထားရှိရကြပါမည်။ ဤအချက်သည် ကျေနပ်တင်းတိမ်မှုမရှိခြင်းကို ခုခံတွန်းလှန်ထားသည့် ပထမ ဆုံးသော ကျွန်ုပ်တို့၏ခံစစ်ကြီးဖြစ်သကဲ့သို့ အသင်းအုပ်ဆရာ တစ်ယောက်၏ ဦးစားပေးလုပ်ငန်းလည်းဖြစ်ပါသည်။

        ငါ၏အိမ်တော်ကို ဆုတောင်းရာအိမ်တော်ဟု ခေါ်ဝေါ်ကြရမည် ဆို သည့် စာအုပ်တွင် (Steve Loopstra)  က ဓမ္မတက္ကသိုလ်တွင်ဘွဲ့ ယူပြီးသည့် နောက် သူ၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံကို ဝေမျှပေးထားပါသည်။ သူသည် ဘုရားသခင်၏နှုတ်တော်ထွက်ကိုဟောပြောပေးခြင်း၊ သင်ကြားပို့ချခြင်းအမှုကို နှစ်ခြိုက်ခဲ့သူဖြစ်ပါသည်။ သို့သော်လည်း အမှုတော်ဆောင်ခြင်းလုပ်ငန်းကို သူစတင်ဆောင်ရွက်သောအခါ လူတို့သည် သူ့အပေါ်မျှော်မှန်းချက် ပိုမိုထားရှိ နေကြသည်ကို စူးစမ်းတွေ့ရှိခဲ့ရပါသည်။ သူတို့သည် အစီအစဉ်များ၊ စီမံချက် များနှင့်အကျိုးရလဒ်များတို့ကို မျှော်မှန်းထားကြပါသည်။ ဤမျှော်မှန်းချက် တို့ကို အသင်းသူအသင်းသားများတို့ထံမှချည်း ပေါ်ပေါက်လာခြင်းမဟုတ် သည်ကို သူသိရှိခံစားရသည့်အပြင် သူ၏အသင်းတော်စုထဲရှိ ခေါင်းဆောင်မှု အစုအဖွဲ့အတွင်းတွင်ပါ တွေ့ရှိခဲ့ရပါသည်။ အသင်းတော်ဖွံ့ဖြိုးရေး ဧဝံဂေလိ သတင်းစကားဆိုင်ရာကိစ္စနှင့် တပည့်တော်အဖြစ်သို့ ရောက်ရှိစေရေးဆိုင်ရာ ကိစ္စရပ်တို့ကို မြှင့်တင်ပေးနိုင်သောနည်းလမ်းများတို့ကို သူစတင်ရှာဖွေခဲ့ပါ သည်။ သူ၏ အမှုတော်ဆောင်လုပ်ငန်းသည် ပြင်းထန်စွာဖြင့် ကြိုးစားလုပ် ဆောင်မှုဆီသို့ အာရုံပြုမှုရှိလာခဲ့ပြီးနောက် အကျိုးရလဒ်တို့ကိုခံစားလာခဲ့ရပါ သည်။ သူ၏အသင်းတော်စုဆိုင်ရာခေါင်းဆောင်များတို့သည် အကျိုးရလဒ်များ တို့ကို အလေးထားအသားပေးလာခဲ့ကြပြီး အခြားအသင်းတော် အသင်းအုပ် ဆရာတို့သည်လည်း ထိုနည်းအတိုင်း လုပ်ဆောင်လာခဲ့ကြသည်ကို သူတွေ့မြင် လာခဲ့ရပါသည်။ ထိုအချက်ကိုအမှုတော်ဆောင်ခြင်းဆိုင်ရာ နေထိုင်မှုပုံစံမျိုး အဖြစ် သူဆက်ခံလာခဲ့ပါသည်။ သို့ရာတွင် သူ၏ စိတ်ထဲတွင်မူ ရတက်မအေး ဖြစ်ပေါ်မှုမျိုး တိုးပွားလာခဲ့ပါသည်။ သူသည် အစီအစဉ်များဆိုင်ရာ အဆုံး သတ်နိုင်သည့်နံပါတ်စဉ်များတို့အပေါ် မောပန်းနွမ်းနယ်မှုများ ခံစားလာခဲ့ရပါ သည်။ သူခံစားခဲ့ရသော ကျေနပ်တင်းတိမ်မှုမရှိခြင်းသည် သူ့အနေဖြင့် ဘုရား သခင်နှင့်ဝေးကွာလာမှုအတိုင်းအတာတိုးပွားလာခြင်းမှ အရင်းခံလာခဲ့ခြင်းဖြစ် ကြောင်းကို သူဖော်ထုတ်သိရှိခဲ့ရပါသည်။ သူ့အားတက်တက်ကြွကြွဖြင့် ရှာဖွေ တော်မူသော တစ်ပါးတည်းရှိတော်မူသောဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ ဖြင့်ပြည့်၀သော ဆက်ဆံရေး၏ အစိတ်အပိုင်းအဖြစ်ရှိနေသည့် ဆုတောင်းခြင်း အကြောင်းကိုသိရှိရန်အတွက် သူလေ့လာတွေ့ ရှိခဲ့ရသောဆုတောင်းခြင်း၏ နက်နဲမှုအတိုင်း သူ၏ ဆုတောင်းခြင်းအသက်တာသည် လေးနက်မှုရှိကြောင်း ကို သူစတင်သတိထားမိလာခဲ့ပါသည်။ လု(မ်)တော ၏အတွေ့အကြုံသည် အခြားသောအသင်းအုပ်ဆရာတို့၏ အတွေ့အကြုံတို့ကို ကြေးမုံပြင်တွင် ထင် ဟပ်နေသည့်အလား ရှင်းလင်းလှပါသည်။

        ဆုတောင်းခြင်းသည် လူသားကို ဖန်တီးပေးပါသည်။ ဆုတောင်းခြင်း သည် တရားဟောပြောသောဆရာကို ဖြစ်ပေါ်စေပါသည်။ ဆုတောင်းခြင်း သည် အသင်းအုပ်ဆရာကိုဖြစ်ပွားစေပါသည် အီးအိုင်(စ်)ဘောင်း(န်စ်)

        အယ်လင်ဝှိုက်က အောက်ပါအတိုင်း အသိပေးထားပါသည်။ ဘုရား သခင်၏ မိတ်သဟာယဖွဲ့ခြင်းအပေါ် ဦးစားပေးခြင်းသည် အသင်းတော် အတွက်လုပ်ဆောင်စရာမရှိသော အချိန်တွင် အသင်းအုပ်ဆရာအနေဖြင့် လုပ်ဆောင်သင့်သောအရာဖြစ်ပါသည်။ လုပ်ငန်းခွင်ထဲတွင် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့၍ ရရှိလာသောလက်တွေ့ကျသည့် အကျိုးရလဒ်များလောက် မည်သည့်အခြားသောအရာကမျှ လိုအပ်မှုမရှိနိုင်ပါ။ ကျွန်ုပ်တို့သည် ဘုရား သခင်၌ ရရှိနေသောငြိမ်သက်ခြင်းနှင့်ငြိမ်သက်ခြင်းချမ်းသာတို့ကို ကျွန်ုပ်တို့ အား နေ့စဉ်အသက်တာအားဖြင့် ပြသရကြပါမည်။ စိတ်အားလုံးထဲတွင် ရှိတော်မူသော သူ၏ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏မျက်နှာနေမျက်နှာထား တို့တွင် ထွန်းလင်းတောက်ပနေပါလိမ့်မည်။ ၎င်းသည် ကျွန်ုပ်တို့၏ ပြောကြား နေကြသော အသံတွင်ကျလောက်အောင် အပြောကောင်းစေသည့်စွမ်းအားကို ပေးဆပ်ပါလိမ့်မည်။ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းသည် အကျင့်စရိုက် နှင့်ပြုမူကျင့်ကြံမှုတစ်ရပ်လုံးတို့အား ကိုယ်ကျင့်တရားမြှင့်တင်ပေးမှုကို ဖြန့်ဝေ ပေးပါသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်ရှိနေကြသည့် အဦးဆုံးသော တပည့်တော်များကဲ့သို့ လူတို့သည် ကျွန်ုပ်တို့ထံမှသိပ္ပံအတတ်ကို ရယူကြပေ မည်။ ဤသိပ္ပံအတတ်သည် အမှုတော်ဆောင်၏ လုပ်သားများထံသို့ စွမ်းအား တစ်ခုကိုဖြန့်ဝေပေးမည့်အပြင် ၎င်းသည် အမှုတော်ဆောင်၏ ဟောပြောခြင်း ဆိုင်ရာ ဩဇာသက်ရောက်မှုမှ ဆင်းသက်လာသည့် စွမ်းအားထက် ပိုမိုကြီးမား လှပါသည်။ ဤစွမ်းအားအားဖြင့် သူ့အနေဖြင့် မိမိကိုယ်ကို ဆုံးရှုံးသွားစေသည့် အနေအထားသို့ ရောက်ရှိသွားအောင်ခွင့်မပြုသင့်ပါ။ ဆုတောင်းခြင်းနှင့် သူ၏ နှုတ်တော်ထွက်ကို လေ့လာခြင်းမှတစ်ဆင့် ဘုရားသခင်နှင့်မိတ်သာဟာယ ဖွဲ့ခြင်းကို လျစ်လျူရှုခြင်းမပြုသင့်ရာတွင် ဤနည်းအားဖြင့်အမှုတော်ဆောင် သည် သူ့အတွက်ခွန်အား၏ အရင်းအမြစ်ကို ရရှိခြင်းကြောင့်ဖြစ်ပါသည်။ အသင်းတော်အတွက်လုပ်ဆောင်စရာမရှိခြင်းသည် ဤအချက်အတွက် ဦးစား ပေး၍လုပ်ဆောင်နိုင်ပါသည်။

        ဆုတောင်းခြင်း၌မွေ့လျော်သော အသင်းအုပ်ဆရာတစ်ယောက်မည်သည် မှာ ကောင်းကင်ဘုံတွင် ဖခမည်းတော်၏မျက်မှောက်၌ အချိန်ကိုအသုံးချသူ ဖြစ်ပြီး ထိုဖခမည်းတော်ကိုရှာဖွေကာ၊ အသင်းတော်အတွက် ထိုခမည်းတော်က အလိုဆန္ဒတော်ကို နာခံသူဖြစ်ပါသည်။ ဆုတောင်းခြင်း၌ မွေ့လျော်သော အသင်းအုပ်ဆရာတစ်ယောက်သည် ညွှန်ကြားချက်ကို နောက်ဆုံးပေါ် အဆင့် မြင့်သုတေသနဆွေးနွေးပွဲမှရှာဖွေရယူခြင်းမဟုတ်ဘဲ၊ ဆုတောင်းခြင်းအားဖြင့် သာ ရှာဖွေရယူပါသည်။

အသင်းအုပ်ဆရာများဖြစ်ကြသည့်အလျောက် ဆုတောင်းခြင်းက ကျွန်ုပ် တို့ကို ကျားကန်ပေးထားပါသည်။ အမှုတော်ဆောင်လုပ်ငန်းသည် ၎င်း၏ ခေါင်းဆောင်များတို့၏ ဝိညာဉ်ရေးဆိုင်ရာအခြေအနေပေါ်တွင် မှီနေပါသည်။ ခရစ်တော်ထံသို့ သူတို့၏ ဆက်ကပ်အပ်နှံမှု၊ ထို့အပြင် ထိုဆက်ကပ်အပ်နှံမှုမှ မည်သည့်အရာစီးဆင်းလာနေသည်ဆိုခြင်းက သူတို့၏ အမှုတော်ဆောင်လုပ် ငန်း၏အစွမ်းထက်မှုကို အဆုံးအဖြတ်ပေးပါသည်။ အမှုတော်ဆောင်လုပ်ငန်း အနေဖြင့် ကောင်းချီးမင်္ဂလာခံစားရရန်နှင့် ထိရောက်သောရလဒ်မျိုးရရှိရန်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထာ၀ရဘုရားနှင့် သင့်တင့်ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရမည့်အပြင် တစ်ယောက်ကို တစ် ယောက် တာဝန်ယူပေးရကြပါမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ငန်း ဆောင်တာဆီသို့ လွတ်လပ်စွာ လှည့်လည်သွားလာခြင်းမပြုရဘဲ၊ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏ သခင်ဘုရားကိုမှီခိုအားထားပြီး တစ်ယောက်ကိုတစ်ယောက် မှီခိုကြရပါမည်။ ခရစ်ယာန်အယူဝါဒမည်သည် တစ်ကိုယ်တော်ဆင်နွှဲရမည့် အားကစား၊ သို့မဟုတ် လူကြိုက်များသောအားကစားမျိုးမဟုတ်မူဘဲ၊ ကျွန်ုပ်တို့ အနေဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းနှင့်တစ်ခုတည်းသော အင်အားဖြင့် တစ်ခု တည်းသောနိုင်ငံတော်ကို အသင်းအဖွဲ့ကြိုးပမ်းမှုဖြင့်ပုံဖော်ကြခြင်းဖြစ်ပါသည်။


အသိတရားမဲ့သောသိုးထိန်းတစ်ယောက်

        အကယ်၍ ဆုတောင်းခြင်းအတွက် ကျွန်ုပ်တို့သည် အလုပ်သိပ်များလွန်း နေကြပါက ဘုရားသခင်၏အမှုတော်ကို ထိရောက်မှုရှိအောင် ကျွန်ုပ်တို့ မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် ထာ၀ရဘုရား၏ လူစု တော်ဝင်များမဟုတ် ကြပါက၊ ထာ၀ရဘုရား၏အမှုတော်ကို မလုပ်ဆောင်နိုင် ကြောင်းကို သတိတရရှိကြပါ။

        ကျွန်ုပ်တို့၏ကိုယ်ပိုင်ဝိညာဉ်ရေးအခြေအနေအားဖြင့် စတင်လုပ်ဆောင်ရ ကြမည်ဖြစ်ပြီး ၎င်းကိုသခင်ခရစ်တော်နှင့်ကျွန်ုပ်တို့ဆက်ဆံရေးနှင့်အတူ ပေါင်း စပ်လုပ်ဆောင်ကြရပါမည်။ အခြားလူများတို့အား ထိရောက်သော အမှုတော် ဆောင်ခြင်းမလုပ်ဆောင်ကြမီ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးမှုကို မြေတောင် မြှောက်ပေးရကြပါမည်။ ကျွန်ုပ်တို့၏ ဖွံ့ဖြိုးမှုအတွက်ဆိုလျှင် ကျွန်ုပ်တို့၏ ဒူးခေါင်းတွင် ကျွန်ုပ်တို့ရပ်တည်ရကြပါမည်။ ဤအလုပ်မျိုးကို သင်လုပ်ဆောင် နိုင်သည်ဟု သင်မယူဆပါက အခြားသောအလုပ်တစ်ခုကို သင်ရှာဖွေကောင်း ရှာဖွေရပါလိမ့်မည်။ ကျွန်ုပ်၏ပေးလိုသောအကြံမှာ ဘုရားသခင်နှင့် မှန်ကန် စွာဆက်ဆံရန်ပင်ဖြစ်ပါသည်။

        မိမိတို့၏အမှုတော်ဆောင်ခြင်းဆိုင်ရာလုပ်ငန်းတွင် အောင်မြင်မှု မရှိကြ သော အသင်းအုပ်ဆရာတို့အတွင်းရေးကို သိရှိနိုင်ကြရန်အတွက် ပုရောဖက် ယေရမိက ကျွန်ုပ်တို့အား ထိုးထွင်းသိမြင်နိုင်စွမ်းသော ဥာဏ်ကိုပေးအပ်ရာ တွင်(ယေရမိ ၁ဝး၂၁) အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန် သဘောရှိ၍ ထာ၀ရဘုရားကိုမရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစု အပေါင်းတို့သည် အရပ်ရပ်သို့ကွဲပြားရကြ၏ ဟူ၍ဖော်ပြထားပါသည်။ ကျွန်ုပ် တို့သည် ဤသို့ ယေရမိ၏နှုတ်ထွက်စကားတို့ကို ဖတ်ရှုကြရခြင်းအားဖြင့် ဆုတောင်းခြင်း၌မွေ့လျော်သော အသင်းအုပ်ဆရာ တစ်ယောက်အဖြစ်သို့ ရောက်ရှိသွားခြင်းသည် ဘုရားသခင်နှင့်ဆက်ဆံရေးတိုးတက်မှုရှိစေရန် မရှိ မဖြစ် လိုအပ်ချက်တစ်ခုဖြစ်ကြောင်းကို ကျွန်ုပ်တို့ပိုမိုနားလည်နိုင်ရန်အတွက် ကျွန်ုပ်တို့စတင်လုပ်ဆောင်နိုင်ပါသည်။ ၎င်းယေရမိ၏ နှုတ်ထွက်စကားသည် ထာ၀ရဘုရား၏ အသံတော်နှင့် သူ၏ညွှန်ကြားတော်မူချက်တို့ကို ကျွန်ုပ်တို့ အား မည်ကဲ့သို့နားထောင်ရမည်ဆိုခြင်းကို သင်ကြားရယူရမည့်အဓိပ္ပါယ်မျိုး သက်ရောက်ပါသည်။

        ချား(လ်စ်)စပ(ရ်)ဂျီယွန်က သင်တို့သည် အမှုတော်ဆောင်များဖြစ်သည် ဆိုပါက ပိုမို၍ သနားကြင်နာမှုရှိရပါမည်။ အနာဂတ်အတွက်သာဆိုလျှင် အသင်းအုပ်ဆရာဘ၀သည် ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ထို အသင်းအုပ်ဆရာဘ၀ကို ထိန်းသိမ်းကျားကန်ထားရန် တာဝန်အပ်နှင်းခြင်းခံရ မည်ဖြစ်ပြီး သင့်အနေဖြင့် လျှို့လျှို့ဝှက်ဝှက်ဖြင့်ဆက်ကပ်အပ်နှံမှုကို ဆောင် ရွက်ရာတွင်၊ သင်သည် အကျင့်သိက္ခာလျော့ရဲမှုရှိလာပါက၊ သင်သည် အကြင် နာတရားထားရှိရတော့မည့်အပြင် သင်၏ လူတို့သည်လည်း ဤအတိုင်းကျင့် သုံးရကြတော့မည်ဖြစ်ကာ ထိုနောက်တွင် သင်သည် အပြစ်တင်ခံရမည်ဖြစ်ပြီး အဆုံးတွင်သင်သည် အရှက်ရစရာနှင့်ကြုံတွေ့ရပြီး ခြေမကိုင်မိလက်မကိုင်မိ သော အခြေအနေမျိုးနှင့်ရောက်ရှိလာသောနေ့ရက်နှင့် ကြုံတွေ့လာရပေမည် ဟူ၍ သတိပေးဖူးပါသည်။

 

ဆုတောင်းခြင်းကိုလက်ကိုင်ထားသောအသင်းအုပ်ဆရာတစ်ယောက် အဖြစ်သို့ရောက်ရှိလာခြင်း

        အမှုတော်ဆောင်လုပ်ငန်း၏ဗဟိုချက်အဖြစ် ဆုတောင်းခြင်းမရှိပါက ထို အမှုတော်ဆောင်လုပ်ငန်းကို အကျိုးဖြစ်ထွန်းမှုရှိသော အမှုတော်ဆောင် လုပ်ငန်းဟူ၍ ခေါ်ဆိုရန်မဖြစ်နိုင်ပါ။ ဆုတောင်းခြင်းမရှိပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏ သဘောကျကျေနပ်တော်မူခြင်းကို ရရှိနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အမှုတော်ဆောင်ခြင်းစက်ကွင်း၏အပြင်ဖက်၌ ဘုရားသခင်ကို ချန်ထားရစ်ခဲ့ကြပါက သူ၏ ကောင်းချီးမင်္ဂလာကို ကျွန်ုပ်တို့မည်ကဲ့သို့လက်ခံ ရရှိနိုင်ကြမည်နည်း။ ကျွန်ုပ်တို့၏ အသက်တာများတွင် ဘုရားသခင်ကို ပါဝင် တော်မူစေခြင်းမရှိကြပါက သူ့အားကျွန်ုပ်တို့က မည်ကဲ့သို့ အစေခံနိုင်ကြမည် နည်း။

        ကျွန်ုပ်တို့၏ အခြားလူတို့အပေါ်ပေါင်းသင်းဆက်ဆံမှုသည် ဘုရားသခင် နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေး၏ရောင်ပြန်ဟပ်မှုပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ခေါင်းဆောင်များ၊ အသစ်သောခရစ်ယာန်များ သို့မဟုတ် သာမန်အသင်းသား များဖြစ်ခြင်းမဖြစ်ခြင်းအပေါ်မူတည်ခြင်းမရှိဘဲ အထက်ပါဆက်ဆံရေးပုံစံမျိုး ကို အသုံးချရကြပါမည်။ ဘုရားသခင်အပေါ် ကျွန်ုပ်တို့သည် အားနည်းမှုရှိ သော ဆက်ဆံရေးဖြင့် ဆက်ဆံကြပါက၊ ကျွန်ုပ်တို့သည် လူသားများဖြစ်သော လူလူချင်းဆိုင်ရာဆက်ဆံရေးများတို့သည်လည်း အပေးအယူအလျှော့အတင်း ပုံစံမျိုးဖြင့်သာ လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ထာ၀ရဘုရား အပေါ် ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် ဆုတောင်းခြင်းအပေါ် အခြေပြုတည် ဆောက်ကြပါက ကျွန်ုပ်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆက်ဆံ ရေးသည်လည်း ရှင်သန်နေမည်ဖြစ်ပါသည်။ ဤအချက်သည် ခရစ်ယာန်အား လုံးတို့အတွက် အလွန်အလေးထားစရာခေါင်းဆောင်များအတွက် မရှိမဖြစ်နှင့် အသင်းအုပ်ဆရာအတွက်အရေးပါလှသောအချက်ဖြစ်ပါသည်။

        ချား(နလ်စ်)ဘရစ်(ဒ်ဂျမ်) က ကျွန်ုပ်၏ညီအစ်ကိုတို့ ဆုတောင်းခြင်းအမှု ကိုမပြု၊ ဆုတောင်းခြင်းကိုမြတ်နိုးခြင်းမရှိသော အသင်းအုပ်ဆရာတစ်ယောက် မည်သည် မရပ်မနားဆုတောင်းသောအသင်းတော်နှင့် မည်သို့မျှသက်ဆိုင်ခြင်း မရှိသည့်အပြင် သူသည် ထာ၀ရဘုရား၏မြေကြီးတော်ကို နေရာဖြုန်းတီးစေ သည့် ခြောက်ကပ်ပြီး အသီးအစေ့မရနိုင်သောအပင်၊ သူသည် သူ၏ လူတို့ အတွက်ရန်သူဖြစ်ပြီး ဖခင်မမည်သောသူ၊သူသည် သူစိမ်းတစ်ရံဆံတစ်ယောက် ဖြစ်ပြီး အသင်းအုပ်ဆရာ၏ နေရာကို လုယူသူဖြစ်သည့်အပြင် အသင်းသူ အသင်းသားထုတို့အတွက် ကယ်တင်ခြင်းရရှိရေးကို ဂရုမစိုက်သူဖြစ်ပါသည်။ ဆုတောင်းခြင်းမည်သည်မှာ ကျွန်ုပ်တို့၏အဦးဆုံးသော အရင်းအမြစ်ဖြစ်ပြီး၊ ကျွန်ုပ်တို့၏နောက်ဆုံးသောအပန်းဖြေစရာစခန်းမဟုတ်ပါ (ဟန်နရီဘလက် ကာဘီ) သို့ဖြစ်၍ ကျွန်ုပ်၏ညီအစ်ကိုတို့၊ သစ္စာရှိစွာဖြင့်ဆုတောင်းပါက သင်၏ အသုံးဝင်မှုများတို့သည် ပိုမိုအသုံးဝင်လာကြကာ သင်၏ လူစုတို့သည် ပိုမိုမြင့်မြတ်သန့်ရှင်းမှုရှိပြီး၊ သင်၏ကြိုးပမ်းမှုတို့သည် ပိုမို၍ ချိုမြိန်သောရလဒ် မျိုးကို ဖန်တီးပေးလာခြင်းအားဖြင့် သင်၏အသင်းတော်၏ ဆိုးညစ်မှုများတို့ သည် လျော့နည်းဆုတ်ယုတ်လာပေလိမ့်မည် ဟူ၍ သတိပေးထားပါသည်။

        ဆုတောင်းခြင်းနှင့်မွေ့လျော်သောသင်းအုပ်ဆရာထံသို့ ဆုတောင်းသော အသင်းအုပ်ဆရာတစ်ယောက်၏အနေအထားမှပြောင်းလဲသွားရန် သင်မည်သို့ လုပ်ဆောင်ပါမည်နည်း။ အောက်ပါအကြံပေးချက်အချို့တို့သည် ကျွန်ုပ်တို့ ကိုယ်တိုင် လျှောက်လှမ်းခဲ့သောလမ်းခရီးမှ ကောက်သင်းကောက်ထားခဲ့သော အကြံပေးချက်များ ဖြစ်ပါသည်။

        သင်၏စိတ်နှလုံးကိုရှာဖွေရန်နှင့်သင်၏ဆုတောင်းခြင်းဖြင့်ရှိသောအသက် တာတွင် စစ်မှန်သောအနေအထားကို ထင်ရှားတော်မူစေရန်အတွက် ဘုရား သခင်ကိုတောင်းခံပါ။ အဓိပ္ပါယ်နှင့်ပိုမိုပြည့်၀သောဆုတောင်းခြင်းအသက်တာ ဆီသို့ သင့်အားပို့ဆောင်ပေးတော်မူရန်အတွက် ထာ၀ရဘုရားအားတောင်းခံ ပါ။ မိမိအပေါ်မိမိသစ္စာရှိပါ။ သင်၏ အသင်းအုပ်ဆရာနှင့်ပတ်သက်သော စက်ပစ္စည်းထည့်ထားသောပုံးအတွင်းရှိများစွာသောကိရိယာတန်ဆာပလာများ အထဲမှ တစ်စုံတစ်ခုကို အလွယ်လုပ်ကြုံသလိုသုံးစွဲရန်အတွက် သင့်အနေဖြင့် ဆုတောင်းခြင်းကိုချောင်ထိုးထားပါသလား။ သို့မဟုတ် သင်၏ ဆုံးဖြတ်ချက် များကို ချမှတ်မှုတွင် ဆုတောင်းခြင်းသည် သင်၏လမ်းညွှန်ပဲ့ပြင်မှု အင်အား အဖြစ်ရှိနေပါသလား။ ထာ၀ရဘုရားနှင့် သင်၏ဆက်ဆံရေးကို လေးနက်မှု ရှိပါစေ။ သင်၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ ဆက်ကပ်အပ်နှံသောအချိန်ကို တရားဟောချက်အတွက် ပြင်ဆင်ခြင်းအပေါ်ယံကြောလုပ်ရပ်ဖြင့် အစားထိုးမှု ပြုလုပ်နေပြီးဖြစ်နေပါသည်။ သို့တည်းမဟုတ် သင်၏အသက် ဝိညာဉ်ကို အလုပ်အကျွေးပြုပြီး အရာရာတိုင်း၏ အထက်၌ သခင်ကိုသင်ကြိုးပမ်းရှာဖွေ နေပါသလား။

        ထာ၀ရဘုရား၏အသံတော်ကို ပိုင်းခြားနားလည်နိုင်ရန်နှင့် ကြားနိုင်ရန် အတွက် သင်၏အရည်အသွေးကို မြှင့်တင်ပေးပါ။ သမိုင်းစဉ်တစ်လျှောက်လုံး တွင် ဘုရားသခင်သည် သူ၏ လူစုတော်တို့နှင့်စကားပြောဆိုတော်မူခဲ့သည်ကို ကျွန်ုပ်တို့သိရှိရကြပါမည်။ သင်နှင့်အတူကိန်းဝပ်တော်မူသော သူ၏နှုတ်တော် ထွက်နှင့်ဝိညာဉ်တော်အားဖြင့် သူ၏အသံတော်ကိုနားထောင်ပါ။ သူ၏အသံ တော်ကို အသိအမှတ်ပြုနိုင်ရန်သင်ကြားရယူပါ။

        သင်၏အသင်းတော်အတွင်းတွင် အမှုတော်ကိုစောင့်ရှောက်နိုင်မည့်သူတို့ ကိုရှာဖွေပြီး သင့်အတွက်ဆုတောင်းပေးကြရန်အတွက် သူတို့ကိုပန်ကြားပါ။ သင့်အနေဖြင့် ဆုတောင်းခြင်း၌မွေ့လျော်သော အသင်းအုပ်ဆရာတစ်ယောက် အဖြစ်သို့ရောက်ရှိရန် သူတို့၏နှစ်သက်လိုလားစွာ သင့်အတွက်ဆုတောင်းပေး ခြင်းအတွက် သင်တအံ့တဩရှိနေပါလိမ့်မည်။

    ဆုတောင်းခြင်းတန်ခိုးနှင့်အခွင့်ထူးတို့ကို လက်တွေ့ ခံစားတွေ့ထိရနိုင်ရန်အတွက် ဘုရားသခင်သည် သူ၏လူတို့ကိုခေါ်ယူတော်မူပါသည်။

 

ဆုတောင်းခြင်းအတွက်စာရင်းဇယား

        အသင်းအုပ်ဆရာတိုင်းတို့သည် အသင်းတော်လမ်းညွှန်စာအုပ်တစ်အုပ် လိုအပ်ပါသည်။ ရက်သတ္တတစ်ပတ်တွင် အကြိမ်အတော်များများ (နေ့စဉ်မလုပ် ဆောင်နိုင်ပါက) စာရင်းဇယားနှင့် ရေးသားထားသော လူနာမည်စာရင်း အတိုင်း သွားရောက်ပြီး၊ အသင်းသူအသင်းသားတစ်ယောက်စီတိုင်းအတွက် ဘုရားသခင်၏ ဦးဆောင်လမ်းညွှန်တော်မူခြင်း၊ ကွယ်ကာတော်မူခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ကိုခံစားရရှိနိုင်ကြရန် ဆုတောင်းပေးရကြပါမည်။ ကျွန်ုပ် တို့၏ စောင့်ရှောက်မှုအောက်တွင် ဘုရားသခင် ထားရှိတော်မူသော လူတိုင်း အတွက် ကျွန်ုပ်တို့သည် အထူးဆုတောင်းပေးရကြပါမည်။ အမှုတော်ဆောင် တစ်ယောက်ဖြစ်သည်နှင့်အညီ သူဆုတောင်းပေးခဲ့ခြင်းမရှိသေးသော လူစုလူ ဝေးတို့အတွက် သူ့အနေဖြင့် တရားဟောပြောပေးနိုင်သည့်အခွင့်အရေးမရှိပါ။

 

ဆုတောင်းခြင်းအသက်တာ၏အရေးပါမှု

        ဘာသာရေးကိုင်းရှိုင်းသော အသက်တာ၏အခြေခံချက်သည် ဆုတောင်းခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အသက်တာများနှင့် အမှုတော်ဆောင်ခြင်း လုပ်ငန်းတို့တွင် ၎င်းဆုတောင်းခြင်းသည် ပေါ်လွင်ထင်ရှားမှုရှိရပါမည်။ ဆုတောင်းခြင်း၏ အရေးပါမှုကို လျစ်လျူရှုခြင်းသည် နောက်ဆုံးတွင် ကျွန်ုပ်တို့၏ အမှုတော်ဆောင် လုပ်ငန်းကို အားနည်သွားစေပြီး ကျွန်ုပ်တို့ လျှောက်လှမ်းနေ ကြသောခရီးလမ်းတွင် ခလုတ်တိုက်မိစေပါသည်။

    ဆုတောင်းခြင်းမည်သည် ၎င်း၏အခြေခံအကျဆုံးသောပုံစံမျိုးဖြင့်ဆိုလျှင် ဘုရားသခင်ထံတော်သို့ ကျွန်ုပ်တို့အတွက်ဆက်သွယ်ရေးစနစ်ပင်ဖြစ်ပါသည်။ ဆုတောင်းခြင်းသည် ဘုရားသခင်အပေါ်အမှီအခိုပြုရန် ကျွန်ုပ်တို့အားဦးတည် စေပါသည်။ ဘုရားသခင်ထံတော်၌ မိမိကိုယ်ကိုအပြည့်အဝဆက်ကပ်အပ်နှံ ထားသောသူတစ်ယောက်အနေဖြင့် ကျွန်ုပ်သည် မည်သည့်အရာမျှမဟုတ် သည့်တိုင် ဘုရားသခင်သည် အဆုံးစွန်သော အထွတ်အထိပ်ဖြစ်တော်မူပါ သည်ဟူ၍ ကြွေးကြော်တတ်ပါသည်။ ဆုတောင်းခြင်းသည် ယုံကြည်ခြင်းကို ဖြစ်ပေါ်လာစေပါသည်။ ယုံကြည်ခြင်းကို ဆုတောင်းခြင်းမပါရှိဘဲ တောင်းခံ ခြင်းသည် စားစရာမပါရှိသောညစာ၊ သတို့သမီးမပါရှိသောလက်ထပ် မင်္ဂလာ ပွဲ၊ မိုးရွာသွန်းခြင်းမရှိသော မုန်တိုင်းကျရောက်ခြင်းတို့နှင့် အလားသဏ္ဌာန်တူ ပါသည်။ အားမာန်အပြည့်ပါရှိသော ဆုတောင်းခြင်းအသက်တာတစ်ခုသည် ကျွန်ုပ်တို့အားဝန်ချတောင်းပန်ခြင်း၊ ယုံကြည်မှုခိုင်မြဲစေခြင်းနှင့် တရားမျှတမှု ရှိသောဆုံးဖြတ်ချက်များကိုချမှတ်နိုင်ခြင်း စသည့်အနေအထားဆီသို့ ဦးတည် စေပါသည်။ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အားသခင်ယေရှုထံတော်၌ ခိုင်မြဲစွာ ရပ်တည်နိုင်ရန်နှင့်အောင်မြင်မှုရှိသော အသက်တာဆီသို့ ဦးတည်စေပါသည်။ မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ကြိုးပမ်းလုပ်ဆောင်ကြခြင်းသည် ကျွန်ုပ်တို့ အား ကျေနပ်တင်းတိမ်မှုမရှိနိုင်သော အသက်တာဆီသို့သာ ဦးတည်စေပါ သည်။ အောင်မြင်သော အသက်တာဆီသို့ ဦးတည်စေသည့်ရည်ရွယ်ရင်းကို လက်ကိုင်ထားကြရပါမည်။ သင့်အားဦးဆောင်လမ်းပြတော်မူရန်နှင့် ကူညီမစ တော်မူစေရန်အတွက် ဘုရားသခင်ထင်ရှားတည်ရှိတော်မူရန်ခွင့်ပြုခြင်းသည် သူ၏ ရည်ရွယ်တော်မူချက်ကို ဖြည့်ဆည်းပေးရာရောက်ပါသည်။

        ဆုတောင်းခြင်းမရှိပါက၊ ဘုရားသခင်၏ အစေကိုခံသောသူသည် ရွက် ဖျင်မပါသောရွက်သင်္ဘောနှင့်အလားသဏ္ဌာန်တူပြီး ဘုရားသခင်၏ ညွှန်ကြား တော်မူချက်ကို မသိကျိုးကျွန်ပြုလာတတ်ပါသည်။ ဤတွင်အောင်မြင်ခြင်းနှင့် ကျေနပ်နှစ်သိမ့်မှု၏နေရာကို အားမလိုအားမရဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျဆင်း ခြင်းတို့က အစားထိုးဝင်ရောက်လာပါသည်။ အားကြီးသောဆုတောင်းပတ္ထနာ ပြုခြင်းနှင့်ပြည့်၀သော အစေခံတစ်ယောက်သည် သူ့အားဘုရားသခင်၏ ဦးတည်စေလိုတော်မူသော ညွှန်းရပ်နှင့် အသုံးဝင်သော အရာအားလုံးတို့ကို သိရှိပါသည်။

 

ပုဂ္ဂိုလ်ရေးဆိုင်ရာဆုတောင်းခြင်းအသက်တာကိုပျိုးထောင်ခြင်း

        အသင်းအုပ်ဆရာ၏ ဆုတောင်းခြင်းအသက်တာနှင့် ပတ်သက်သော အကြီးဆုံးရန်သူမှာ ထိုအသင်းအုပ်ဆရာ၏ စည်းမဲ့ကမ်းမဲ့ပြုမူနေထိုင်ခြင်းပင် ဖြစ်ပါသည်။ လူတိုင်းလူတိုင်းထံသို့ကူးစက်သွားနိုင်သော အလားတူအလုပ်ရှုပ် ထွေးသော အခြေအနေတွင်းသို့ ပါဝင်ပတ်သက်သွားမိရန်လွယ်ကူလှပါသည်။ နေ့စဉ်နေ့တိုင်းဆိုသည်မှာ သင်၏အချိန်ကိုအသုံးပြုခြင်းအတွက် တိုက်ပွဲတစ်ခု ပင်ဖြစ်ပါသည်။ စိတ်အားထက်သန်မှုကင်းမဲ့သော ဆုတောင်းခြင်းအားဖြင့် အသင်းအုပ်ဆရာသည် ဝိညာဉ်ရေးအရ ထိရောက်စွာ မစွမ်းဆောင်နိုင်တော့ သည့်အပြင် အားနည်းမှုရှိသော အနေအထားသို့ ရောက်ရှိသွားပါသည်။ သူနှင့် ထက်သန်သည့်ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံတော်၌ ဆုတောင်းခြင်း၏ စပ်ကြား၌၊ တစ်စုံတစ်ယောက် သို့မဟုတ် မည်သည့်အရာကိုမျှ ဝင်ရောက်လာ ရန်ခွင့်ပြုခြင်းကိုငြင်းပယ်ပြီး စည်းကမ်းသတ်မှတ်ထားရှိရပါမည်။

        နေမင်းကြီးထွန်းလင်းတောက်ပချိန်တွင် သင်မဆုတောင်းပါက မိုးရွာ သွန်းသောအချိန်တွင် ဆုမတောင်းပါနှင့် (Satchel Paige).

    ကျွန်ုပ်သည် ဆုတောင်းခြင်းကို ဦးစားပေးအဆင့်အဖြစ် သတ်မှတ်ထား သောအခါတွင် ကျွန်ုပ်၏အမှုတော်ဆောင်ခြင်းလုပ်ငန်းသည် ရှင်သန်ကြီးထွား မှုရှိလာပါသည်။ ကျွန်ုပ်သည် ဆုတောင်းခြင်းကို မေ့ပျောက်သောအခါ သို့မ ဟုတ် ၎င်းကိုကျောခိုင်းထားလိုက်မိပါက ကျွန်ုပ်သည် စိတ်ဖိစီးမှုကို ခံစားလာ ရပြီး အရည်အချင်းညံ့ဖျင်းလာကာ၊ အကျိုးထိရောက်မှုရှိသော လုပ်ဆောင်နိုင် စွမ်းမရှိတော့ပါ။ ဆုတောင်းခြင်းမည်သည် အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် ခွန်အား၏ မူလအရင်းအမြစ်ဖြစ်ပါသည်။ ၎င်းသည် ဘုရားသခင်၏ တန်ခိုး တော်ကို ကျွန်ုပ်တို့အတွင်းသို့၊ ထို့အပြင် ကျွန်ုပ်တို့မှတစ်ဆင့် အခြားသော သူတို့ထံသို့ပွင့်အံဝင်ရောက်သွားပါသည်။

        အောက်ပါတို့သည် အသင်းအုပ်ဆရာများအတွက် ဆုတောင်းပုံ ဆု တောင်းနည်းနမူနာအစီအစဉ်တစ်ခုဖြစ်ပါသည်။

        ၁။ ကြွယ်၀သောဆုတောင်းခြင်းအသက်တာကိုပျိုးထောင်ပါ - ဆုတောင်း ခြင်းကိုဦးစားပေးအဆင့်တွင်ထားရှိပါ။ သင်ချမှတ်ထားပြီးသောအစီအစဉ်ကို ပြန်လည် ပြင်ဆင်ရေးဆွဲခြင်းဖြင့် အချိန်ကိုရနိုင်သလောက်အသုံးချပါ။ အခြား သောသူတို့က သူတို့အတွက် သင်၏တာဝန်ခံမှုကိုရယူကြပါစေ။ ဆုတောင်း ခြင်းကို လိုအပ်သလို လုပ်ဆောင်ရာတွင် ထိုဆုတောင်းခြင်းသည် ရွှင်လန်း ဝမ်းမြောက်ခြင်း၊ ကျေးဇူးသိခြင်း နှင့်ရိုးသားစစ်မှန်သော ဆုတောင်းခြင်းမျိုး ဖြစ်ရပါမည်။ ခရစ်ယာန်ဘာသာ၏ယုံကြည်ခြင်းဖြစ်သည့် အစာရှောင်ခြင်းနှင့် ဘုရားဝတ်၌မွေ့လျော်ခြင်းကိုအာရုံပြုရသည့် အခြားသောစည်းကမ်းမျိုးတို့ကို ကိုင်စွဲပြီးအသုံးချပါ။ ခြောက်ကပ်သော တိုတောင်းသည့် ကာလများအတွင်း၊ ကြိုးပမ်းအားထုတ်မှုနှင့်စိတ်အားထက်သန်မှုတို့သည် ရှိနေရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ သခင်ဘုရားဖြစ်တော်မူသော သခင်ယေရှုခရစ်တော်နှင့် ဆက် သွယ်ရေးလုပ်ငန်းသည် ကျွန်ုပ်တို့ကိုယ်ကို သူ၏ထံတော်၌ လုံး၀ဥဿုံအပ်နှံ ပေးခြင်းအပေါ်တွင် အခြေပြုထားပါသည်။ အကြောင်းမှာ သူသည် ကျွန်ုပ် တို့အတွက် ထိုကဲ့သို့ လုပ်ဆောင်တော်မူခဲ့ပြီးဖြစ်သောကြောင့်ပေတည်း။ အချက်သည်ကျွန်ုပ်တို့အဘယ်ကြောင့် သူ့အားအခြေခံရသည်ဆိုသည့် မေးခွန်း ၏အဖြေပင်ဖြစ်ပါသည်။ သူသည် ကျွန်ုပ်တို့၏ ထာ၀ရဘုရားဖြစ်တော်မူသည် ဟူ၍ ကျွန်ုပ်တို့ပြောဆိုနေကြသည်အလျောက်၊ ၎င်းပြောဆိုချက်နှင့်လျော်ညီစွာ ကျွန်ုပ်တို့နေထိုင်ခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများ ကို ပြုလုပ်ရကြပါသည်။

        ၂။ ဆုတောင်းဖော်တစ်ယောက်ရှိပါစေ - အသင်းအုပ်ဆရာ၏ ဆုတောင်း သော အဖော်အဖက်သည် အသင်းအုပ်ဆရာက လုံခြုံစွာယုံကြည်စိတ်ချရ သောသူဖြစ်ရပါမည်။ သူတို့အသင်းအုပ်ဆရာ၏ ဆုတောင်းဖော်များအဖြစ်သို့ ရောက်ရှိလာကြရန်၊ အချို့သော အသင်းတော်အဖွဲ့ဝင်တို့ကို ဘုရားသခင်က ခေါ်တော်မူပါသည်။

        သူတို့သည် အသင်းအဖွဲ့တစ်ခု၏ပုံစံမျိုးဖြင့် ပုံမှန်တွေ့ဆုံကြရပါမည်။ သူတို့အနေဖြင့် အတူတကွတွေ့ဆုံရေးအစီအစဉ်အတွက် အခက်အခဲတွေ့ကြုံ ရပါက၊ သူတို့သည် တစ်ဦးကိုတစ်ဦးအတွက် တယ်လီဖုန်းဖြင့် ဆုတောင်းပေး နိုင်ကြပါသည်။ ယခုကဲ့သို့သော ခက်ခဲသည့် ကာလမျိုးတွင် သူကအသင်းအုပ် ဆရာပုံစံဖြင့် ကွပ်ကဲရသော အသင်းသူအသင်းသားတို့၏ ဆုတောင်းချက်များ တို့ဖြင့် ဝန်းရံထားခြင်းခံရရေးအတွက် အသင်းအုပ်ဆရာသည် ကောင်းမွန်စွာ လုပ်ဆောင်ရပါမည်။

        အကျိုးထိရောက်မှုရှိသောပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုတောင်းခြင်း အသက်တာ တွင် ပါဝင်ပတ်သက်သည့်အချက်များမှာ -

s       ပုံမှန်အချိန်နှင့်နေရာ

s       နည်းပါးသော်လည်း အကျိုးရှိသော ဆုတောင်းခြင်းကို ပြုလုပ်ရမည့် အချိန် ပမာဏ (-၁၅ မိနစ်အတွင်း) သင်၏နေ့စဉ်ဆုတောင်းခြင်း အပေါ် သင်၏ သစ္စာရှိရှိယုံကြည်မှုကြောင့် သင်သည် ဆုတောင်း သည့်အချိန်ကို ပိုမိုရယူလာကြောင်းကို သင်တွေ့ရှိလာရပေလိမ့်မည်။

s       သင်၏ ကျမ်းစာမှတ်စုစာအုပ်နှင့်ကလောင်တံတစ်ချောင်း။ ဘုရား သခင်၏ နှုတ်တော်ထွက်ကို တောင်းခံသည့် သင်၏ဆုတောင်းချက်ကို အခြေပြုရန်အတွက် ကျမ်းစာကသင့်ကိုကူညီပါသည်။ မှတ်စုစာအုပ် သည် သင့်အား ဘုရားသခင်ထံတော်မှဆင်းသက်လာသည့် တောင်းခံ မှုနှင့်ထင်မြင်ခံစားမှုများတို့ကို တောင်းခံနိုင်ရန်အတွက် ဆုတောင်း ခြင်းလမ်းကြောင်းကိုရယူထားရန် သင့်ကိုကူညီပါလိမ့်မည်။

s       သင်၏ဆုတောင်းချိန်ကိုမစတင်မီ သင့်အနေဖြင့် ဘုရားသခင်ကိုဝတ် ပြုသည့် အချိန်ကိုအဦးဆုံးရယူရမည်။

s       သင်၏တောင်းခံမှုတို့ကိုမလုပ်ဆောင်မီ ဘုရားသခင်၏မိန့်တော်မူချက် ကို နာခံရန် အချိန်ရယူပါ။

s       စနစ်တကျရှိသောဆုတောင်းခြင်းတောင်းခံချက်များ၊ သင်၏အထူးလို အပ်ချက်များတို့ဖြင့်စတင်ပြီး အခြားသောသူတို့၏လိုအပ်ချက်များကို ဖြေရှင်းပေးရန် ဆက်လက်လုပ်ဆောင်ပါ။ ထိုအခြားသောသူတို့ဆိုရာ တွင် မိသားစုဝင်များ၊ ဆုတောင်းဖော်များ၊ အသင်းတော်ဝင်များ၊ သာသနာပြုလုပ်ငန်း ဆောင်ရွက်သူများ၊ အသင်းတော်ခေါင်းဆောင် များနှင့် ကမ္ဘာကြီး၏ဆင်းရဲနွမ်းပါးမှုများတို့ ပါဝင်ကြပါသည်။

        ယခုတွင် သင်သည် ဆုတောင်းခြင်းဆိုင်ရာလမ်းညွှန်ချက်တို့ကိုဖတ်ရှုပြီးစီး သည့်အလျောက်၊ ထိုလမ်းညွှန်ချက်အတိုင်း သင်သည် အဘယ်ကြောင့်မိနစ် အနည်းငယ်စာမျှ လက်တွေ့ကျင့်သုံးခြင်းမပြုပါသနည်း။

    ဆုတောင်းချိန်တွင် သင်သည် ခေတ္တရပ်တန့်ခြင်းမျိုးမပြုလုပ်ရပါ။ (၁သက် ၅း၁၇) တွင်ဖော်ပြထားသည့်အတိုင်း ကျမ်းစာတော်မြတ်က ကျွန်ုပ်တို့အား မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့ ဟူ၍ပြောနေပါသည်။ အောက်စီ ဂျင်၊ အစားအစာ သို့မဟုတ် ရေတို့ကိုအသုံးပြုခြင်းတွင် သင်သည် ခေတ္တခဏ ရပ်တန့်ထား၍မဖြစ်နိုင်ပါ။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကြီးပြင်း လာပြီး ကြီးပွားတိုးတက်မှုရှိလာပါသည်။ ကျွန်ုပ်တို့၏ဆုတောင်းခြင်းအသက် တာနှင့်အတူ၊ ကျွန်ုပ်တို့သည် ထောက်ထားစာနာမှုမရှိသည့်အပြင် နမော်နမဲ့ ဖြစ်နေကြပါက၊ ကျွန်ုပ်တို့၏ ပတ်လည်တွင်ရှိနေကြသော သူတို့နှင့် အပြန် အလှန်အကျိုးပြုခြင်းကို ဖော်ဆောင်ရာတွင်လည်း၊ ကျွန်ုပ်တို့သည် ထောက် ထားစာနာမှုကင်းမဲ့ပြီး နမော်နမဲ့နိုင်မည်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဝိညာဉ် ရေးဆိုင်ရာဦးစားပေးမှုများတို့သည် ကျွန်ုပ်တို့၏ အသက်တာများတွင်ပင် ဦး စားပေးအနေအထားတွင်ရှိရပါမည်။ ကျွန်ုပ်တို့၏ထာ၀ရဘုရားသည် ကျွန်ုပ်တို့ အား လျစ်လျူရှုထားတော်မူခြင်းမရှိသကဲ့သို့ သင်သည် သင်၏ဆုတောင်းခြင်း ကိုပင် လျစ်လျူရှုထားခြင်းမရှိရပါ။ ထာ၀ရဘုရား၏မျက်မှောက်တော်၌ ကျွန်ုပ် တို့သည် မိမိကိုယ်ကိုယုံကြည်မှုနှင့်သူပေးထားတော်မူသောလုပ်ပိုင်ခွင့်တို့ဖြင့် လျှောက်လှမ်းကြပါစို့။ ၎င်းနောက် ကျွန်ုပ်တို့သည် သူ၏အမှုတော်နှင့်အလို ဆန္ဒတော်အတွက် လုပ်ဆောင်ကြသောသူများ ဖြစ်လာနိုင်ကြပါမည်။

 

    စိတ်အားထက်သန်မှုရှိသော ဆုတောင်ခြင်းအသက်တာမျိုးမရှိဘဲလျက် ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်အဖြစ်သို့ ရောက်ရှိလာနိုင်ပါမည်လား

ရောင်ပြန်ဟပ်မှုစဉ်းစားဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ -

    ၁။     ဆုတောင်းခြင်းအလေ့အထရှိသော အသင်းအုပ်ဆရာတစ်ယောက်နှင့် ဆုတောင်းခြင်း၌မွေ့လျော်သော သင်းအုပ်ဆရာတစ်ယောက်တို့၏ ကွာခြား ချက်သည် အဘယ်အရာနည်း။

    ၂။     ဆုတောင်းခြင်းအသက်တာကင်းမဲ့ခြင်းသည် အမှုတော်ဆိုင်ရာလုပ်ငန်း အတွက် အားမလိုအားမရအနေအထားကို ဖြစ်ပေါ်လာစေနိုင်ပါသလား။

    ၃။     ယေရမိခေတ်ကာလ၌ရှိနေကြသော သိုးထိန်းတို့သည် အဘယ်ကြောင့် အသိတရားကင်းမဲ့ခဲ့ကြရသည့်အကြောင်းတို့ကိုရှင်းပြပါ။ (ယေရမိ ၁ဝး၂၁)

    ၄။     ဆုတောင်းခြင်းတွင် အချိန်ကိုများများ ပိုယူခြင်းအားဖြင့် သင်၏အသက် တာနှင့်အမှုတော်ဆောင်ခြင်းလုပ်ငန်းအတွက် မည်သည့်တိုးတက်မှုကို သင် လုပ်ဆောင်နိုင်ပါသနည်း။

    ၅။     ဆုတောင်းခြင်းစာရင်းဇယားတစ်ခုနှင့် ဆုတောင်းဖော်တစ်ယောက်တို့ကို ရယူထားခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမျိုးများဖြစ်ထွန်းပါသနည်း။

 

No comments:

Post a Comment