Wednesday, April 22, 2026

အခန်းကြီး - ၅၁။ အသက်၏အလင်း

 

အသက်၏အလင်း

 

         ရှင်ယောဟန် ၈း၁၂-၅၉။ ၉။ တို့ကိုအခြေပြုထားပါသည်။

 

         တစ်ဖန်တုံယေရှုက ငါသည်ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။

         ဤတရားတော်ကို ချီးမြှင့်နေသောအချိန်တွင် အထူးသဖြင့်သကေနေ ပွဲနှင့် ပတ်သက်သော အခမ်းအနားများနှင့်ဆက်နွှယ်နေသည့် ဗိမာန်တော်ဝင်းအတွင်း တွင် ရှိနေတော်မူပါသည်။ ထိုပရိဝုဏ်၏အလယ်တည့်တည့်တွင် ငွါးငွါးစွင့်စွင့်တည် ရှိနေသော မီးတိုင်ကြီးနှစ်ခုကိုတွေ့ရပါသည်။ ညနေပိုင်း ယဇ်ပူဇော်သောအချိန်တွင် ယေရုရှလင်မြို့ပေါ်၌ မီးရောင်များဖြင့် ထိန်လင်းစေရန် ထိုမီးတိုင်များကို ထွန်းညှိ ထားပါသည်။ မီးထွန်းသည့် ဤအခမ်းအနားသည် တော၌ဣသရေလများအား လမ်း ပြပို့ဆောင်ခဲ့သည့် အလင်းမီးတိုင်ကို သတိရအောက်မေ့စေရန်ဖြစ်ပြီး မေရှိယကြွ လာခြင်းကို ညွှန်ပြခြင်းကဲ့သို့လည်း မှတ်ယူခဲ့ကြပါသည်။ ညအချိန်တွင် အလင်းတိုင် ကြီးများကို ထွန်းညှိလိုက်သောအခါ ဗိမာန်တော်ဝင်းသည် ဝမ်းမြောက်ပျော်ရွှင်စရာ မြင်ကွင်းတစ်ခုအသွင်သို့ ကူးပြောင်းသွားခဲ့ပါသည်။ ခေါင်းဖြူစွယ်ကျိုး၊ သက်ကြီး ရွယ်အိုများ ဗိမာန်တော်မှယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲတို့သည် လေ ဝိသားများ၏ သီဆိုတီးမှုတ်ခြင်းများတွင် ပျော်ရွှင်မြူးထူးဖွယ်ကခုန်မှုများ၌ အတူတ ကွပါဝင် ဆင်နွှဲကြပါသည်။

         ထိန်ထိန်ညီးနေသော ယေရုရှလင်မြို့ထဲတွင် ဣသရေလများအားဘုန်း ထွန်းလင်းစေမည့် မေရှိယ၏ကြွလာခြင်းအတွက် မျှော်လင့်ချက်များကိုဖွင့် ဟနေ ကြပါသည်။ ထိုမြင်ကွင်းသည် ခရစ်တော်အတွက် ထိုထက်ပင်အဓိပ္ပါယ် ရှိနေပါ သည်။ ဗိမာန်တော်မှ အလင်းတိုင်ကြီးများသည် ပတ်ဝန်းကျင်အရပ်များကို အလင်း ပေးသကဲ့သို့ ဝိညာဉ်ရေးအလင်းတော်၏ မူလဘူတဖြစ်တော်မူသော ခရစ်တော် သည် အမှောင်ကမ္ဘာတစ်ခုလုံးကို အလင်းပေးတော်မူပါသည်။ သို့စေကာမူ ဤပုံ ဆောင်မှုသည် မစုံလင်သေးချေ။ ကောင်းကင်နိုင်ငံတော်တွင် မိမိ၏လက်တော်ဖြင့် အစပြုပေးတော်မူခဲ့သော ထိုအလင်းတော်သည် မိမိ အမှုတော်၏ဘုန်းတော်အတွက် သာ၍မှန်ကန်သောပုံဆောင်ခြင်းတစ်ခုဖြစ်ခဲ့ ပါသည်။

         နံနက်မိုးသောက်၍ အလင်းသို့ရောက်ခဲ့ပေပြီ၊ နေမင်းကြီးသည် သံလွင် တောင်အပေါ်ဝယ် ထွက်ပေါ်လာခဲ့ပါသည်။ မာဘယ်ကျောက်ဖြင့်တည်ဆောက် ထားသောနန်းတော်ကြီးနှင့် ဗိမာန်တော်၏ ရွှေတံတိုင်းပေါ်သို့ ကျရောက်ထွန်းလင်း လာသည့် အလင်းရောင်ခြည်များကိုပြညွှန်၍ ငါသည်ဤလောက၏ အလင်းဖြစ် ဟု ယေရှုမိန့်မြွက်တော်မူခဲ့ပါသည်။

         ဤနှုတ်ထွက်စကားများကို ကြားနာခဲ့ရသော တစ်ယောက်သောသူမှ တစ် ဆင့် နောက်ပိုင်းတွင်ခံ့ညားသော စကားများအားဖြင့် ပဲ့တင်ထပ်ခဲ့ပါသည်။ ထိုနှုတ် ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်း ဖြစ်၏။ ထိုအ လင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ--- ဟုတ်မှန်သောအလင်း မူကား ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူ အပေါင်းတို့အား အလင်းကို ပေးသောသူဖြစ်သတည်း ယောဟန် ၁း၄-၅၊၉။ ကောင်းကင်နိုင်ငံတော်သို့ သခင် ယေရှုကြွသွားပြီးနောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှု အောက်၌ ရေးသားစဉ်တွင် ပေတရုသည် ခရစ်တော်အသုံးပြုခဲ့သော ပုံဆောင်စကား များကို သတိတရအသုံးပြုခဲ့ပါသေး သည်။ ထိုမှတစ်ပါး သာ၍မြဲမြံသော အနာဂတ္တိ စကားတော်သည် ငါတို့၌ ရှိသေး၏။ စိတ်နှလုံးထဲ၌အရုဏ်တက်၍ ကြယ်နီပေါ်ထွက် သည့်ကာလတိုင်အောင် ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်း သောဆီမီးကဲ့သို့မှတ်၍ သင်တို့သည်အမှီပြုသင့်ကြ၏ ၂ပေ ၁း၁၉။

         မိမိလူများအား ဘုရားသခင်ကိုယ်ထင်ပြရာတွင် အလင်းသည်ကိုယ်တော် ရှင်ရှိတော်မူကြောင်းအတွက် အထိမ်းအမှတ်ဖြစ်ခဲ့ဖူးပါသည်။ အစအဦး၌ ကမ္ဘာကြီး ကို ဖန်ဆင်းစဉ်က အလင်းသည်အမှောင်ကို ထွန်းလင်းခဲ့ပါသည်။ ဣသရေလလူ များအား တော၌လမ်းပြစဉ်က နေ့အချိန်တွင်တိမ်တိုင်၌လည်း ကောင်း၊ ညအချိန် တွင် မီးတိုင်၌လည်းကောင်း ရောင်ခြည်တော်ကွန့်မြူးခဲ့ ပါသည်။ သိနာတောင်ပေါ် ဝယ် ထာ၀ရဘုရား၏ပတ်လည်၌ ကြောက်ရွံ့စရာ ကောင်းလောက်အောင် လင်း ရောင်ခြည်များကွန့်မြူးခဲ့ပါသည်။ တဲတော်ထဲမှ ကရုဏာပလ္လင်ဝယ် ရောင်ခြည် တော်ကွန့်မြူးခဲ့ပါသည်။ ဗိမာန်တော်ဆက်ကပ်ပွဲတွင် ရှောလမုန်၏ ဗိမာန်တော် ထက်ဝယ် ရောင်ခြည်တော်ထွန်းလင်းခဲ့ပါ သည်။ ကောင်းကင်တမန်များသည် သိုး ကျောင်းသားများထံသို့ ကယ်တင်ခြင်း သတင်းစကားကိုယူဆောင်လာကြစဉ် ဗက် လင်မြို့၏တောင်ကုန်းများပေါ်ဝယ် ဘုန်းရောင်ခြည်များထွန်းလင်းခဲ့ပါသည်။

         ထာ၀ရဘုရားသည် အလင်းဖြစ်တော်မူ၏။ငါသည်လောက၏ အလင်းဖြစ် ဟုမိန့်တော်မူခြင်းအားဖြင့် ခရစ်တော်ဘုရားသခင်နှင့်တစ်လုံး တစ်၀ဖြစ် ကြောင်းကိုလည်းကောင်း၊ လူသားမိသားစုတစ်ခုလုံးနှင့် မိမိ၏ဆက် နွှယ်မှုကိုလည်း ကောင်း ကြေညာတော်မူပါသည်။ အစအဦး၌ မှောင်မိုက်ထဲက အလင်းထွန်းလင်း စေခဲ့သောသူသည် ကိုယ်တော်ဖြစ်ပါသည်။ ၂ကော ၄း၆။ ကိုယ်တော်သည် နေ၏အ လင်း၊ လ၏အလင်း၊ ကြယ်၏အလင်းဖြစ်တော် မူ၏။ အထိမ်းအမှတ်အားဖြင့်သော် လည်းကောင်း၊ ပုံဆောင်မှုများတွင်သော် လည်းကောင်း၊ အနာဂတ္တိစကားများတွင် သော်လည်းကောင်း၊ ဣသရေလများ၌ ထွန်းလင်းတော်မူခဲ့သော ဝိညာဉ်ရေးအလင်း တော်သည် ကိုယ်တော်ပင်ဖြစ်ပါ သည်။ သို့ရာတွင် ထိုအလင်းတော်သည် ယုဒလူ များအတွက်သာထွန်းလင်း ခဲ့သည်မဟုတ်ချေ။ နေရောင်ခြည်များသည် ကမ္ဘာ့အစွန် အဖျားဆုံးတိုင်အောင် ထိုးဖောက်ထွန်းလင်းသကဲ့သို့ ဖြောင့်မတ်ခြင်းနေမင်းကြီး၏ အလင်းတရား များသည်လည်း အသက်ဝိညာဉ်တိုင်းအပေါ်တွင် ထွန်းလင်းတော်မူပါ သည်။

         ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူဖြစ်သတည်း။ ဤလောက၌ ကြီးမြတ် သောဆရာများ၊ အံ့ဩဖွယ်သော စူးစမ်းလေ့လာမှုကိုပြုကြသည့် မဟာ ပညာရှင် များနှင့်အတွေးအခေါ်များကိုနိုးကြားလာအောင်၊ ကျယ်ဝန်းသော အတွေးအခေါ် အသိဥာဏ်များကိုမြင်တွေ့လာအောင်ပြောဆိုနိုင်သည့် အာဝဇ္ဇန်းရွှင်သူများရှိကြ ပါသည်။ ထိုပုဂ္ဂိုလ်များကိုလူသားအကျိုးပြုသူများ၊ ရှေ့ဆောင်လမ်း ပြများအဖြစ်ဂုဏ် ပြုခဲ့ကြပါသည်။ သို့ရာတွင် ထိုသူများထက်ကြီးမြတ်သော  ပုဂ္ဂိုလ်တစ်ပါးသည် ပေါ် ထွန်းနေပါသည်။ ထိုသူကိုလက်ခံသမျှသောသူတည်း ဟူသော၊ ကိုယ်တော်ကို ယုံ ကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရ သောအခွင့်ကိုပေးတော်မူ၏။ ဘုရားသခင်ကိုအဘယ်သူမျှမမြင်ဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော်သည် ဘုရား သခင်ကိုထင်ရှားစေတော်မူပြီ။ ယော ဟန် ၁း၁၂၊၁၈။ ကျွန်ုပ်တို့သည်ကြီးမြတ် သောကမ္ဘာ့ပညာရှိကြီးများ၏ မျိုးရိုးစဉ် ဆက်များကို လူသားများ၏မှတ်တမ်း များရှိသလောက် ခြေရာကောက်လေ့လာနိုင် ကြသော်လည်း၊ ၎င်းပညာရှိကြီး များထက်အလျင်အဦး၌ အလင်း၏သခင်ယေရှုရှင် သည် သက်တော်ထင်ရှား လျက်ရှိနေပါသည်။ စကြ၀ဠာအဖွဲ့အစည်းတွင် လနှင့် ကြယ်များသည် နေ၏ အလင်းရောင်ကိုရောင်ပြန်ဟပ်၍ ထွန်းလင်းနေကြသကဲ့သို့၊ ထိုသူများ၏မှန် ကန်သောသွန်သင်ချက်များသည် တရားတော်နေမင်းကြီး၏ လင်း ရောင်ခြည် များကို ရောင်ပြန်ဟပ်ခြင်းသာဖြစ်ပါသည်။ ထူးကဲသောအတွေးအခေါ် တိုင်း နှင့် အသိဥာဏ်ပွင့်လင်းမှုတိုင်းသည် အလင်းတော်သခင့်ထံမှရောင်ပြန်ဟပ် ခြင်းသာဖြစ်ပါသည်။ ယခုမျက်မှောက်ကာလတွင် အဆင့်မြင့်ပညာရေး အကြောင်း ကို ကျွန်ုပ်တို့များစွာသိနေကြပါသည်။ စစ်မှန်သောအဆင့်မြင့်ပညာ သည် ဘဏ္ဍာ ပညာ၊ ဥာဏ်ပညာရှိသမျှတို့ဝှက်ထားခြင်းခံရသော ကိုယ်တော်မျှဝေပေးသောအ ရာသာဖြစ်ပါသည်။ ကိုယ်တော်၌အသက်ရှိ၏၊ ထိုအသက် သည်လည်းလူတို့၏ လင်းဖြစ်၏။}} ကောလောသဲ ၂း၃။ ယောဟန် ၁း၄။ ငါ့နောက်သို့လိုက်သော သူ သည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်း ကိုရကြလိမ့်မည် ဟုယေရှုရှင် မိန့်တော်မူ၏။

         ငါသည်ဤလောက၏အလင်းဖြစ်၏ ဟူသောစကားအားဖြင့် ယေရှု သည် မိမိကိုယ်ကိုမေရှိယဖြစ်ကြောင်း ကြေညာတော်မူခဲ့ပါသည်။ ခရစ်တော် ယခု တရားဟောနေသည့်ဗိမာန်တော်ထဲတွင် ရောက်ရှိနေကြသောသက်ကြီး  ရွယ်အိုရှု မောင်က ကိုယ်တော်၏လူဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာ လည်း ကောင်း၊ တစ်ပါးအမျိုးသားတို့ကိုလင်းစေခြင်းငှာလည်းကောင်း၊ လူအမျိုး မျိုးတို့ရှေ့ မှောက်၌ပြင်ဆင်တော်မူသောအလင်းတည်းဟူသောကယ်တင်သောသခင် ဟူ ကိုယ်တော်ကိုတင်စားမြွက်ဆိုခဲ့ပါသည်။ လုကာ ၂း၃၂။ သူသည် ဣသရေလများ အားလုံးက အကျွမ်းတဝင်ရှိထားပြီးသော မေရှိယအား ရည်စူးဖွင့်ဆိုထားသည့် အနာ ဂတ္တိစကားတစ်ခုကို ဆိုလိုခြင်းဖြစ်ပါသည်။ ၎င်းမှာ ဟေရှာယအားဖြင့် ဘုရားသခင် မိန့်တော်မူခဲ့သည့် သင်သည်ယာကုပ်၏အမျိုး အနွယ်တို့ကိုချီးမြှောက်ခြင်း၊ ဘေး လွတ်သောဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှာသာ၊ ငါ့အမှုကို ဆောင်ရွက်သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမကသင်သည် မြေကြီးစွန်း တိုင်အောင် ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကိုတစ်ပါးအမျိုးသားတို့ လင်း စရာဖို့ငါခန့်ထားသည် ဟူသော အနာဂတ္တိစကားပင်ဖြစ်ပါသည်။ ဟေရှာ ၄၉း၆၊ ဤအနာဂတ္တိစကားသည် မေရှိယနှင့်ပတ်သက်သောအနာဂတ္တိဖြစ်ကြောင်းကို များအားဖြင့်နားလည် သဘောပေါက်ထားကြသောကြောင့် ငါသည်ဤလောက၏ အလင်းဖြစ်၏ ဟုယေရှုမိန့်မြွက်သောအချိန်တွင် မိမိသည် ကတိထားတော်မူသော ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း အခိုင်အမာပြောဆိုချက်ကို ထိုလူများနားလည်သဘော ပေါက်နိုင်ကြပါသည်။

         ထိုပြောဆိုချက်သည် ဖာရိရှဲ၏နားထဲတွင် ကြွားဝါသောလိမ်လည်မှုတစ်ရပ် အဖြစ် မှတ်ယူခြင်းကိုခံခဲ့ကြပါသည်။ မိမိနှင့်တန်းတူရည်တူဖြစ်သော လူတစ် ယောက်က ထိုကဲ့သို့သောဟန်ဆောင်မှုမျိုးကိုပြုလုပ်လာသဖြင့် သူတို့သည်မခံနိုင် လောက်အောင်ဖြစ်ခဲ့ကြပါသည်။ ကိုယ်တော်၏စကားများကိုအသိ အမှတ်မပြုဘဲ သင်သည်အဘယ်သူနည်း ဟု သူတို့မေးမြန်းလာခဲ့ကြပါသည်။ ကိုယ်တော်အ နေနှင့် မိမိကိုယ်ကိုခရစ်တော်ဟုပြောလာအောင် ဖိအားပေးဖို့ သူတို့စိတ်စောနေကြ ပါသည်။ ကိုယ်တော်ပုံပန်းလက္ခဏာနှင့် လုပ်ဆောင်မှုများသည် ယုဒများ၏ မျှော်မှန်း ချက်နှင့် တခြားစီဖြစ်နေသည့်အတွက် မိမိကိုယ်ကို မေရှိယဖြစ်ကြောင်း တိုက်ရိုက် ကြေညာခြင်းသည် ၎င်းအားလိမ်လည်လှည့် ဖြားသူတစ်ဦးအဖြစ် လူအများက ငြင်း ပယ်ကြလိမ့်မည်ဟု ကိုယ်တော်အား ရန်ဘက်ပြုသူများက ယုံကြည်ခဲ့ကြပါသည်။

         သို့ရာတွင် သင်သည်အဘယ်သူနည်းဟူသော ၎င်းတို့၏အမေးကို ငါ သည်သင်တို့အား အစဉ်ပြောဆိုသည့်အတိုင်းငါဖြစ်၏ ဟူသောအဖြေဖြင့် တုံ့ပြန် တော်မူခဲ့ပါသည်။ ယောဟန် ၈း၂၅။ ကိုယ်တော်၏စကားများထဲတွင် ဖော်ပြထား သည့်အရာများကို ကိုယ်တော်၏စာရိတ္တတော်တွင်လည်း ဖော်ပြထားတော်မူပါ သည်။ ကိုယ်တော်သည် မိမိသွန်သင်တော်မူသည့် သမ္မာတရားများကို အသက်တာ များအားဖြင့် ရုပ်လုံးဖော်ခဲ့ပါသည်။ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှု ကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါ့အားပေးတော်မူ သည့်အတိုင်း ငါဟောပြော သည်ကို သင်တို့သည်သိကြလိမ့်မည်ဟုဆက်လက်၍ ယေရှုရှင်မိန့်တော်မူခဲ့ပါ သည်။ ကိုယ်တော်သည် မေရှိယဖြစ်ကြောင်းကို သက်သေပြုရန်အတွက် ကြိုးစား တော်မမူဘဲ၊ ဘုရားသခင်နှင့်တစ်လုံးတစ်၀တည်း ဖြစ်ကြောင်းကိုသာ ထင်ရှားစေ တော်မူခဲ့ပါသည်။ ထိုသူများသည် မိမိတို့၏ နှလုံးတံခါးကိုဖွင့်ထားကြမည်ဆိုလျှင် ယေရှုရှင်ကိုလက်ခံကြလိမ့်မည်ဖြစ်ပါ သည်။

         တရားနာနေသည့် ပရိသတ်ထဲမှလူများစွာတို့သည် ကိုယ်တော်ကို ယံကြည် ကြသဖြင့် သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန် ဖြစ်ကြ၏၊ သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ် လိမ့်မည် ဟုမိန့်တော်မူ၏။

         ဤမိန့်မှာချက်သည် ဖာရိရှဲများ၏နှလုံးသားကိုနာကြည်းစေပြီး၊ ကာလရှည် လျားစွာ သူ့ကျွန်ဘ၀ရောက်နေသည်ကိုပင် သတိမပြုမိကြတော့ဘဲ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူ့ထံ၌တစ်ရံတစ်ခါမျှကျွန် မခံကြ၊ လွှတ်လိမ့်မည် ဟူ၍ သင်သည်အဘယ်သို့ပြောဆိုသနည်း ဟုစိတ် ဆိုးမာန်ဆိုးဖြင့် တုံ့ပြန်ပြောဆို ကြ၏။ ကလဲ့စားချေရန်ဆုံးဖြတ်ချက်ချထား ကြသည့် ရန်ငြိုးဖွဲ့သောထိုသူများကို ခရစ်တော်ရှင်ကြည့်တော်မူ၍၊ ငါအမှန် အကန်ဆိုသည်ကား၊ ဒုစရိုက်ကို ပြုသော သူတို့သည် ဒုစရိုက်ကိုပြုသမျှသော သူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏ ဟု မိန့် ကြားတော်မူလိုက်ပါသည်။ ထိုသူများသည် နတ်ဆိုး၏ဝိညာဉ်စိုးမိုးသော၊ အဆိုးဆုံး သော ကျွန်ဘ၀တွင် ကျရောက်နေခဲ့ကြပါသည်။

         မိမိကိုယ်ကိုထာ၀ရဘုရားရှင်ထံတော်၌ ဆက်ကပ်အပ်နှံရန်ငြင်းပယ်သော သူတိုင်းသည်၊ အခြားတန်ခိုးရှင်တစ်ဦး၏ အုပ်ချုပ်မှုအောက်တွင်ရောက်ရှိနေပါ သည်။ သူသည်မိမိကိုယ်ကို မိမိမပိုင်ဆိုင်ဘဲ ထိုတန်ခိုးရှင်၏ကျွန်တစ်ဦးသာဖြစ်နေ ပါသည်။ သူသည်လွှတ်ခြင်းနှင့်ပတ်သက်သော စကားများကို ပြောဆိုနိုင်ကောင်း ပြောဆိုနိုင်မည်ဖြစ်သော်လည်း၊ အောက်တန်းအကျဆုံးသောကျွန် တစ်ဦးသာဖြစ် နေပါသည်။  သူ၏စိတ်သဘောထားသည် စာတန်၏ထိန်းချုပ်မှု အောက်တွင်ရှိနေ သောကြောင့် သမ္မာတရား၏တင့်တယ်မှုကိုသူကြည့်ခွင့် မရရှိချေ။ ကိုယ်ပိုင်ဆုံးဖြတ် ချက်၏ ဆင့်ဆိုချက်အရ လိုက်လျှောက်နေသည်ဟု သူတို့ဝါကြွားနေသော်လည်း သူ သည်အမှောင်ကမ္ဘာအရှင်၏ အလိုကိုသာ လိုက်လျှောက်နေခြင်းဖြစ်ပါသည်။ ယေရှုခရစ်၌တည်၍ အသက်ရှင်စေသောဝိညာဉ်တော်၏ တရားသည် အပြစ်တ ရား၏လက်မှလည်းကောင်း၊ သေခြင်းတရား၏လက်မှလည်းကောင်း ငါ့ကိုကယ် လွှတ်ပြီ။ ရောမ ၈း၂။

         အသက်ဝိညာဉ်တစ်လုံးကယ်တင်ခြင်းရရှိရန် အတင်းအကျပ်လုပ် ဆောင် စေခြင်းအားဖြင့် မပြီးမြောက်စေနိုင်ပါ။ အပြင်ပန်းလုပ်ဆောင်မှုများ အားဖြင့်လည်း ပြီးမြောက်စေပါ။ ဘုရားသခင်၏ဝိညာဉ်တော်လွှမ်းမိုးမှု အောက်တွင် လူသည်မည်သူ့ အားကိုးကွယ်မည်ကို လွတ်လပ်စွာရွေးချယ်ပိုင် ခွင့်ရှိပါသည်။ ထိုသူသည်ခရစ်တော် ထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံလိုက် သောအချိန်တွင် ပြောင်းလဲမှုတစ်ခုဖြစ်ပေါ် လာပြီး၊ လွတ်လပ်မှု၏အထွတ် အထိပ်ကိုခံစားရပါသည်။ မိမိတွင်ရှိနေသော အပြစ် ကို အတင်းအကျပ်နှင်ထုတ်ပစ်ခြင်းသည် ထိုအသက်ဝိညာဉ်ကိုယ်တိုင် လုပ်ဆောင် ရမည့် အလုပ်သာဖြစ် ပါသည်။ ကျွန်ုပ်တို့သည် စာတန်၏ အနှောင်အဖွဲ့မှ လွတ် မြောက်နိုင်ရန် တန်ခိုးခွန်အားမရှိပါဆိုသည်မှာ မှန်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့ သည် အပြစ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ရန်ဆန္ဒရှိလာကာ မိမိတို့ထက်ကြီး မြတ်သောတန်ခိုးတစ်ခုကို တောင်းခံလာသောအခါ၊ ထိုအသက်ဝိညာဉ်တွင် မူလက ရှိနှင့်ပြီးသော တန်ခိုးအစွမ်းများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မြင့်မြတ်သော စွမ်းအင်များနှင့် ထိတွေ့ပေါင်းစပ်ကာ ဘုရားသခင်၏ အလိုတော်ကိုဖြည့်ဆည်းရန် အလိုတော်၏ သွန်သင်ချက်များကို လိုက်လျှောက်လာပါသည်။

         လွတ်လပ်ခြင်းအခွင့်ကိုရရှိနိုင်သည့် တစ်ခုတည်းသော အခြေအနေမှာ ခရစ်တော်နှင့်တစ်လုံးတစ်၀တည်း ရှိလာမှုပင်ဖြစ်ပါသည်။ သမ္မာတရားကို လည်း သိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။ ထိုသမ္မာတရားသည် ခရစ် တော်ပင်ဖြစ်ပါသည်။ အပြစ်တရားသည် အသက်ဝိညာဉ်တစ်ခု လုံး၏စိတ်ဓာတ်များ ကို အားနည်းစေခြင်းအားဖြင့်သော်လည်းကောင်း၊ အသက်ဝိညာဉ်၏ လွတ်လပ်ခွင့် ကို ဖျက်ဆီးပစ်ခြင်းအားဖြင့်သော်လည်းကောင်း အောင်နိုင်မှုကို ရယူနိုင်ပါသည်။ ထာ၀ရဘုရားထံတော်တွင် တိုးလျှိုးအညံ့ခံခြင်းသည် လူတစ်ယောက်၏ စစ်မှန်သော အသရေနှင့် ဂုဏ်သိက္ခာကိုပြန်လည်ရရှိခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့လိုက်နာ ကျင့် ကြံကြရမည့် ဘုရားသခင်နှင့်ဆိုင်သော ပညတ်တော်ဖြစ်ပါသည်။ ယာကုပ် ၂း၁၂။

         ဖာရိရှဲများသည် မိမိကိုယ်ကိုအာဗြဟံ၏သားသမီးများဟု ဖွင့်ဆိုကြ ပါသည်။ သို့ရာတွင် အာဗြဟံကျင့်ဆောင်သည့်အတိုင်း ကျင့်ဆောင်မှသာ အာဗြဟံ၏ သား စစ်သမီးမှန်များဖြစ်သည်ဟု ဖွင့်ဆိုနိုင်မည်ဖြစ်ကြောင်း ယေရှုရှင် မိန့်မြွက်ခဲ့ပါသည်။ အာဗြဟံသားစစ်သမီးမှန်များသည် ဘုရားသခင်၏ စကားကိုနားထောင်သည့် သက်တာရှိခဲ့သော အာဗြဟံကဲ့သို့အသက်ရှင်နေ ထိုင်ကြရမည်ဖြစ်ပါသည်။ ၎င်းတို့ သည် ဘုရားသခင်ပေးတော်မူသော သမ္မာတရားကို ဟောကြားနေသည့် ကိုယ်တော် အား သတ်ရန်ကြိုးစားကြလိမ့်မည် မဟုတ်ချေ။ ခရစ်တော်ကို လုပ်ကြံရန်ပူးပေါင်း ကြံစည်ခြင်းအားဖြင့် ထိုဖာရိရှဲ များသည် အာဗြဟံကျင့်ဆောင်ခဲ့သည့်အရာများကို ကျင့်ဆောင်ရန်ပျက်ကွက် ခဲ့ကြပါသည်။ အာဗြဟံ၏သားစဉ်မြေးဆက်ထဲမှ မွေးဖွား လာရုံသက်သက် ဖြင့် ကယ်တင်ခြင်းရရှိဖို့ရန်မလုံလောက်သေးပါချေ။ အာဗြဟံ၏ စိတ်ဓာတ်မျိုး ရှိ၍ အာဗြဟံ၏လုပ်ရပ်များကို လုပ်ဆောင်သော အသက်တာများ အားဖြင့် အာဗြဟံနှင့်ဝိညာဉ်ရေးကဏ္ဍတွင် ဆက်နွှယ်မှုမရှိလျှင် ထိုသူများသည် အာဗြဟံ ၏သားသမီးများမဖြစ်ကြသေးချေ။

         ခရစ်ယာန်လောကကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့သည့် တမန်တော်များမှ သက် ဆင်းသောအသင်းတော်သည်၊ မည်သည့်အသင်းတော်ဖြစ်ကြောင်းမေးခွန်း ကို လည်း အထက်ပါနိယာမအတိုင်း အဖြေပေးရပါလိမ့်မည်။ အာဗြဟံ၏ အမျိုးအနွယ် ဖြစ်ကြောင်းကို နာမည်နှင့်မျိုးရိုးစဉ်ဆက်အားဖြင့် သက်သေမပြနိုင်ဘဲ၊ အာဗြဟံနှင့် တူသည့် စာရိတ္တအားဖြင့်သာ သက်သေပြနိုင်သကဲ့သို့ တမန်တော်များ၏ အရိုက်အ ရာကို ခံယူရခြင်းသည် အသင်းတော်၏ လုပ်ပိုင်ခွင့်အာဏာကို လူတစ်ဦးမှတစ်ဦးသို့ လွှဲပြောင်းအပ်ပေးကြောင်းပေါ်တွင်မူတည် ခြင်းမဟုတ်ဘဲ ဝိညာဉ်ရေးဆက်နွှယ်မှု အပေါ်တွင်သာမူတည်ပါသည်။ တမန် တော်များသွန်သင်ခဲ့သော ယုံကြည်ချက်များ နှင့် သမ္မာတရားများ၏ လှုံ့ဆော်ချက်အရ သက်ရှင်လှုပ်ရှားနေသော အသက်တာ သည် တမန်တော်များ၏ အရိုက်အရာခံယူခြင်းအတွက် စစ်မှန်သော သက်သေအ ထောက်အထားဖြစ်ပါသည်။ ဧဝံဂေလိတရားကိုသွန်သင်သည့် ရှေးဦးဆရာဖြစ် ကြောင်းကို ဤအရာအား ဖြင့်သာသိသာစေပါသည်။

         ထိုယုဒများအား အာဗြဟံ၏သားသမီးမဟုတ်ကြောင်းငြင်းဆိုကာ သင်တို့ သည် သင်တို့အဘ၏အကျင့်ကိုကျင့်ကြ၏ ဟုယေရှုရှင်မိန့်တော် မူလိုက်ရာ ငါ တို့သည် မြောက်မထားသောအမျိုးမဟုတ်၊ ဘုရားသခင်တည်း ဟူသော ငါတို့အဘ တစ်ပါးတည်းရှိတော်မူသည် ဟုသူတို့ကတုံ့ပြန်ကြ၏။ ဤစကားများသည် ကိုယ် တော်ရှင်၏ လူဇာတိခံယူခြင်းအခြေအနေကို ရည်ဆောင်၍ ယုံကြည်စပြုလာသူများ ရှေ့တွင် ကိုယ်တော်အား ထိုးနှိပ်ချက်တစ်ရပ် ဖြစ်ပါသည်။ သခင်ယေရှုသည် ထိုကဲ့ သို့ ထိကပါးရိကပါးပြောကြားမှုများကို ဂရုပြုတော်မမူဘဲ ဘုရားသခင်သည် သင် တို့အဘမှန်လျှင် သင်တို့သည်ငါ့ ကိုချစ်ကြလိမ့်မည်၊ အကြောင်းမူကား ငါသည် ဘုရားသခင်အထံတော်မှ ထွက်ကြွရောက်လာ၏ ဟူ၍မိန့်တော်မူ၏။

         ၎င်းတို့၏လုပ်ရပ်များသည် မုသား၌ကျင်လည်သူ၊ လူ့အသက်ကို သတ်သော သူတစ်ဦးနှင့်ဆက်နွှယ်နေကြောင်း သက်သေပြုနေပါသည်။ ထို့ကြောင့် သင်တို့ သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက် ကြ၏။ သင်တို့အဘအလို သို့လည်းလိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူ့အသက်ကို သတ်သော သူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။ ငါသည်သစ္စာ စကားကိုပြောသောကြောင့် သင်တို့ မယုံကြ။ ယောဟန် ၈း၄၄-၄၅။ သခင်ယေရှု သည် သမ္မာတရားကို တပ်အပ်သေချာစွာ ဟောတော်မူခြင်းကြောင့် ယုဒလူအကြီး အကဲတို့သည် ကိုယ်တော်ရှင် အားလက်မခံကြခြင်းဖြစ်ပါသည်။ ကိုယ်တော်ရှင် ပြော ကြားတော်မူသည့် သမ္မာတရားသည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူဆနေကြ သည့် ထိုသူများ အား နာကြည်းစေခဲ့ပါသည်။ ထိုသမ္မာတရားသည် မှားယွင်းမှောက် မှားမှုများကိုထုတ်ဖော်ခဲ့ပြီး ၎င်းတို့၏သွန်သင်ချက်များနှင့်ကျင့်သုံးမှုများကို ပြစ်တင် ရှုတ်ချခဲ့သဖြင့် ထိုတရားတော်ကို ၎င်းတို့လက်မခံခဲ့ကြချေ။ မိမိတို့လွန်ကျူးခဲ့သော မှားယွင်းမှုများအတွက် ဝန်ချတောင်းပန်ရန် မိမိကိုယ်ကို နှိမ့်ချကြရမည့်အစား သမ္မာ တရားကိုမတွေ့မမြင်စေရန် မိမိတို့၏မျက်စိများကိုပိတ်ထားခဲ့ ကြပါသည်။ သမ္မာ တရားကိုသူတို့မြတ်နိုးတွယ်တာမှုမရှိဘဲ အမှန်တရားဖြစ် သည့်တိုင်အောင် ထိုအရာ ကို သူတို့မလိုချင်ခဲ့ကြချေ။

         ငါ၌အပြစ်ရှိကြောင်းကို သင်တို့တွင်အဘယ်သူဖော်ပြသနည်း။ သစ္စာ စကားကို ငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့မယုံကြသနည်း ဟူ၍ ယေရှုရှင်သည် ၎င်းတို့အားမေးခဲ့ပါသည်။ ကိုယ်တော်အား ရန်ဘက်ပြုသောသူများ သည် အပြစ်တင်ခွင့်ရရှိစေခြင်းငှာ သုံးနှစ်လုံးလုံး တစ်ရက်ပြီးတစ်ရက် ခရစ်တော်၏ နောက်မှ နောက်ယောင်ခံလိုက်ခဲ့ကြပါသည်။ စာတန်နှင့်တကွ သူ၏အပေါင်းအပါ များလည်း ကိုယ်တော်ရှင်အား နှိပ်ကွပ်ရန်ကြိုးစားခဲ့သော်လည်း အခွင့်သာနိုင်မည့် အရာတစ်စုံတစ်ခုကိုမျှ သူတို့မတွေ့ရှိခဲ့ကြချေ။ ထို့ကြောင့် မာရ်နတ်ကိုယ်တိုင် ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူ သောသူဖြစ်ပါသည် ဟုဖွင့်ဟ ဝန်ခံခဲ့ရပါသည်။ မာကု ၁း၂၄။ သခင်ယေရှု သည် ကောင်းကင်သားများရှေ့မှောက် တွင်သော်လည်းကောင်း၊ အပြစ်မဝင်သေးသည့် ကမ္ဘာများရှေ့မှောက်တွင် သော် လည်းကောင်း၊ အပြစ်သားများ ရှေ့တွင်သော်လည်းကောင်း ပညတ်တော်အတိုင်း အသက်ရှင် နေထိုင်တော်မူခဲ့ပါသည်။ ကောင်းကင်တမန်များ၊ လူသားများနှင့် နတ် ဆိုးများရှေ့မှောက်တွင် ကိုယ်တော်ရှင်မိန့်မြွက်ခဲ့သော ဘုရားသခင်နှစ်သက် တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည် ဟူသောစကားသည် အခြားသူများ၏ ပါးစပ်မှဖွင့်ဟခဲ့လျှင် ဘုရားကိုပြစ်မှားပြောဆိုခြင်းသာဖြစ်ခဲ့လိမ့်မည်ဖြစ်ပါသည်။

         ခရစ်တော်၏အသက်တာတွင် အပြစ်တစ်စုံတစ်ခုကိုမျှရှာ၍မတွေ့ရှိခဲ့ကြ သော်လည်း ယုဒလူများသည် ကိုယ်တော်အား လက်မခံခြင်းအရာသည် ၎င်းတို့အ နေနှင့်ထာ၀ရဘုရားနှင့်အဆက်အသွယ်မရှိကြောင်း သက်သေပြနေ ပါသည်။ သား တော်၏သတင်းစကားထဲတွင် ပါရှိနေသည့် ဘုရားသခင်၏အသံတော်ကို သူတို့မ မှတ်မိခဲ့ကြချေ။ ၎င်းတို့သည် ခရစ်တော်ကို မိမိတို့ကိုယ်တိုင် တရားစီရင်နေကြသည် ဟု အထင်ရှိခဲ့ကြသော်လည်း ကိုယ်တော်ရှင်အားငြင်း ပယ်ခြင်းအားဖြင့် မိမိကိုယ်ကို မိမိတို့တရားစီရင်နေကြခြင်းသာဖြစ်ပါသည်။ ဘုရားသခင်နှင့်စပ်ဆိုင်သောသူ သည် ဘုရားသခင်၏စကားတော်ကို နား ထောင်တတ်ပါသည်။ သင်တို့သည် ဘုရား သခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြ ဟု ထိုသူများအား ယေရှုရှင်မိန့် မြွက်တော်မူခဲ့ပါသည်။

         ဤသင်ခန်းစာသည် ခေတ်အဆက်ဆက်အတွက် မှန်ကန်သော သင်ခန်းစာ တစ်ခုဖြစ်ပါသည်။ နှုတ်ကပတ်တော်ထဲမှသံသယဖြစ်ပွားသော မေးခွန်းများကိုရှာကြံ ကာ ဆင်ဝှေ့ရန်ရှောင်စကားများကိုပြောရန်၊ ပြစ်တင် ဝေဖန်သည့်စကားမျာကို ပြော ရန် နှစ်သက်သောသူများသည် ထိုကဲ့သို့လုပ်ဆောင် ခြင်းအားဖြင့် ၎င်း၏အတွေးအ ခေါ်သည် လွတ်လပ်မှုရှိကြောင်း၊ ၎င်းတို့၏ စိတ်တန်ခိုးသည်ထက်မြက်မှုရှိကြောင်း၊ အထောက်အထား ပေးနေခြင်းဖြစ်သည် ဟုထင်မြင်ယူဆနေကြပါသည်။ မိမိသည် ကျမ်းစာအရတရားစီရင်နေသည်ဟု ထင်မြင်ယူဆနေကြသော်လည်း အမှန်မှာသူ သည် မိမိကိုယ်ကိုတရားစီရင် နေခြင်းသာဖြစ်ပါသည်။ ကောင်းကင်နိုင်ငံမှ အစပျိုး လာပြီး ထာ၀ရကာလ ဆက်လက်တည်တံ့မည့် သမ္မာတရားများကို အလေးအမြတ် မပြုနိုင်ခြင်းအားဖြင့် သူတို့သည် ထိုအရာကိုထင်ရှားစေကြပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားဆိုင်ရာ မဟာတောင်တော်ကြီး၏ရှေ့မှောက်တွင် ၎င်း၏စိတ်သ ဘောထားသည် စိုးရွံ့ထိတ်လန့်မှုမရှိပါ။ ထိုသူသည် အသုံးမရသောအရာများ တွက် အလုပ်များနေခြင်းအားဖြင့် ကျဉ်းမြောင်းတိုတောင်းသောလောက သဘာ၀ကို ဖောက်ပြန်စေပြီး၊ ၎င်း၏နှလုံးသား၌ရှိသော ဘုရားသခင်အား ကျေးဇူးတင်လေးစား လိုသော စိတ်တန်ခိုးများကိုလည်း လျင်မြန်စွာပျောက်ကွယ်သွား စေခဲ့ပါသည်။ ဘုရားသခင်၏တို့ထိမှုကို တုံ့ပြန်ခဲ့သောနှလုံးသားပိုင်ရှင်သည် ဘုရားသခင်ကိုသိ ခြင်းပညာတိုးပွားပြီး မိမိ၏စာရိတ္တကို သန့်စင်မြင့်မြတ်စေမည့်အရာကိုသာ ကြိုးစား ရှာဖွေပါလိမ့်မည်။ ပန်းပွင့်တစ်ပွင့်သည် ထွန်းတောက်သောအလင်း၏ တင့်တယ် သောရောင်ခြည်များနှင့် ထိတွေ့မှုကိုရစိမ့်သောငှာ နေရောင်ခြည်ရှိရာဘက်သို့ လှည့်တတ်သကဲ့သို့ ခရစ်တော်၏ကရုဏာအားဖြင့် ကောင်းကင်မှအလင်းရောင် သည် မိမိ၏စာရိတ္တအား တင့်တယ်စေမည့်အကြောင်း အသက်ဝိညာဉ်များသည် တရားတော်နေမင်းကြီးဘက်သို့ လှည့်ကြရပါလိမ့် မည်။

         ယေရှုသည် ထိုယုဒများနှင့်အာဗြဟံအကြား ထင်ရှားကွဲပြားခြားနား မှုကိုသိ ရှိရန် သင်တို့အဘအာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှာ အလွန်အလိုရှိ၏။ မြင်ရသောအခါဝမ်းမြောက်ခြင်းသို့ရောက် သည် ဟုဆက်လက် မိန့်တော်မူခဲ့ပါသည်။

         အာဗြဟံသည် ကတိထားတော်မူသောကယ်တင်ရှင်အား ဖူးတွေ့ရန် လွန်တောင့်တခဲ့ပြီး၊ မိမိမသေမီတွင် မေရှိယအရှင်အား  ဖူးမြော်ခွင့်ရဖို့အတွက် စိတ်အားကြီးစွာဖြင့် ဆုတောင်းပတ္ထနာပြုခဲ့ပါသည်။ ဆုတောင်းခဲ့သည့်အတိုင်း ခရစ်တော်ကိုသူဖူးတွေ့ခဲ့ရပါသည်။ ထူးဆန်းသောအလင်းတော်တစ်ခုကို အာဗြဟံ အား ဘုရားသခင်ပြတော်မူခဲ့ပြီး သူသည်ခရစ်တော်၏ ဘုရားဇာတိတော် ကိုအသိ အမှတ်ပြုခဲ့ပါသည်။ ကိုယ်တော်ရှင်ကြွလာမည့်နေ့ရက်ကို သူမြင်တွေ့ခဲ့ရကာ ဝမ်း မြောက်ခြင်းသို့ ရောက်ခဲ့ရပါသည်။ အပြစ်အတွက်ပူဇော်ရသည့် မြင့်မြတ်သော ယဇ် ပူဇော်ခြင်းမြင်ကွင်းကို သူမြင်တွေ့ခဲ့ရပါသည်။ ဤယဇ် ပူဇော်ခြင်းနှင့်ပတ်သက်၍ ၎င်းတွင်ကိုယ်တွေ့သာဓက တစ်ခုရှိခဲ့ပါသည်။ တစ်နေ့တွင် သင်သည်အလွန်ချစ် သော တစ်ယောက်တည်းသော သားဣဇာက် ကိုယူ၍----မီးရှို့ရာယဇ်ပြု၍ ပူဇော် လော့ ဟုအာဗြဟံထံသို့ အမိန့်တော်တစ်ခု ရောက်ရှိလာခဲ့ပါသည်။ ကမ္ဘာ ၂၂း၂။ ထို့ကြောင့် သူသည်မိမိ၏မျှော်လင့် ချက်အားလုံး ဗဟိုပြုနေသော ကတိထားတော်မူ သည့် သားကလေးကို ယဇ်ပလ္လင် ပေါ်တွင်တင်လိုက်ပါသည်။ ယဇ်ပလ္လင်၏ နံဘေး တွင် ဘုရားသခင်၏ အမိန့်တော်ကိုနာခံရန် ဓားကိုမြောက်ကိုင်လျက် အာဗြဟံစောင့် ဆိုင်းနေစဉ် ထိုလုလင် ကိုမထိမခိုက်နှင့်၊ အလျှင်းမပြုနှင့်၊ သင်သည်ဘုရားသခင် ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား သင်၏သား၊ သင်၌တစ် ယောက်တည်း သောသားကို ငါတောင်း၍သင်သည်ငါ့ကိုမငြင်း ဟုမိန့်ဆိုသော ကောင်းကင်မှ အသံတစ်ခုကိုသူကြားခဲ့ရ၏။ ကမ္ဘာ ၂၂း၁၂။ ယုတ်ညံ့နိမ့်ကျသော လူသားများ ကိုမြှင့်တင်ရန်အတွက် ရှက်ကြောက်ဖွယ်သောအသေခံခြင်းကိုခံယူရန် မိမိ၏ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကသား များ အပေါ်တွင်ထားရှိသည့် ဘုရားသခင်၏မဟာမေတ္တာတော်ကိုသိရှိရန်နှင့်၊ ခရစ် တော်ကြွလာသည့်နေ့ရက်ကိုမြော်မြင်နိုင်စေရန်အလိုငှာ အာဗြဟံသည်ကြောက် လန့်ဖွယ်စမ်းသပ်မှုကြီးကိုရင်ဆိုင်ခဲ့ရပါသည်။

         အာဗြဟံသည် သေမျိုးဖြစ်သောလူသားများအား အစဉ်တစိုက်ပေး အပ်ခဲ့ သည့်အကြီးမြတ်ဆုံးသောသင်ခန်းစာကြီးကို ဘုရားသခင်ထံတော်တွင် သင်ယူခဲ့ပါ သည်။ မသေမီတွင် ခရစ်တော်အားဖူးတွေ့နိုင်ရန်တောင်းလျှောက် ခဲ့သည့် ၎င်း၏ ဆုတောင်းသံကိုလည်း နားညောင်းတော်မူခဲ့ပါသည်။ သူသည် ခရစ်တော်ကိုဖူးတွေ့ ခဲ့ရပါသည်။ သူသည်သေမျိုးဖြစ်သော လူသားများမြင်တွေ့ နိုင်သည့်အရာအားလုံး ကို မြင်တွေ့ခဲ့ရပါသည်။ သူသည်အကြွင်းမဲ့ဆက်ကပ် အပ်နှံခြင်းအားဖြင့် ခရစ်တော် ရူပါရုံကို နားလည်သဘောပေါက်နိုင်ခဲ့ပါသည်။ အပြစ်သားများကို ထာ၀ရဆုံးရှုံး ခြင်းမှ ကယ်တင်နိုင်ရန် မိမိ၏တစ်ပါး တည်းသောသားတော်ကို စွန့်တော်မူခြင်း ရာတွင် လူသားများလုပ်နိုင်သည့် ပူဇော်ဆက်ကပ်မှုများထက် အံ့ဩကြီးမြတ်သော ပူဇော်ဆက်ကပ်မှုကိုပြုခြင်း ဖြင့် ၎င်းအားထင်ရှားစွာသိမြင်စေခဲ့ပါသည်။

         ငါသည်ထာ၀ရဘုရားရှေ့တော်သို့ အဘယ်ပူဇော်သကာပါလျက်  ချဉ်း ကပ်၍၊ အမြင့်ဆုံးသောဘုရားသခင်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း၊ မီးရှို့ရာယဇ် နှင့် အခါလည်သော နွားသငယ်တို့ကိုဆောင်လျက်ချဉ်းကပ်ရမည်လော၊ ထာ၀ရ ဘုရားသည် သိုးထီးတစ်ထောင်၊ ဆီမြစ်တစ်သောင်းကို အားရနှစ်သက် တော်မူမည် လော၊ ငါ့လွန်ကျူးခြင်းအတွက် ငါ၏သားဦးကိုလည်းကောင်း၊ ငါ့စိတ်ဝိညာဉ်၏ ပြစ်အတွက် ငါ၏ရင်သွေးကိုလည်းကောင်း ပူဇော်ရမည် လော ဟူသောမေးခွန်းကို အာဗြဟံ၏အတွေ့အကြုံကအဖြေပေးခဲ့ပါသည်။ မိက္ခာ ၆း၆-၇။ ငါ့သား၊ ယဇ်ရှို့စ ရာဖို့သိုးသငယ်ကို ဘုရားသခင်သည် မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည် ဟူသော အာဗြဟံပြောစကားများတွင်သော်လည်း ကောင်း၊ ဣဇာက်အစားယဇ်ကောင်တစ် ကောင်ကို ဘုရားသခင်ပြင်ဆင်ပေးခြင်း တွင်လည်းကောင်း၊ မည်သူမဆိုမိမိအတွက် အစားထိုးအပြစ်ဒဏ်ခံမှုကို မပြုလုပ်နိုင်ကြောင်းဖွင့်ဆိုထားပါသည်။ ရုပ်တုကိုးကွယ် မှုဆိုင်ရာပူဇော်ခြင်းများကို ဘုရားသခင်သည် လုံး၀လက်ခံခြင်းမရှိခဲ့ချေ။  မည်သည့် ဖခင်မဆို၊ မိမိ၏သားသမီးများအား အပြစ်ဖြေရာယဇ်ကို ပူဇော်ကြရန်ကိုယ်တော် ခိုင်း စေပါ၊ ဘုရားသခင်၏သားတော်တစ်ပါးတည်းကသာ  လောကသားများ၏ အပြစ်ကို ယူတင်ဝတ်ဆောင်နိုင်ပါသည်။

         အာဗြဟံသည် မိမိကိုယ်တိုင်ခံစားခဲ့ရသော ဒုက္ခဝေဒနာအားဖြင့် ပူဇော်သ ကာနှင့်ဆိုင်သော ကယ်တင်ရှင်၏အမှုတော်ကို တွေ့မြင်နိုင်စွမ်းရှိခဲပါသည်။ သို့ရာ တွင် ဣသရေလများသည် မိမိတို့၏မာနထောင်လွှားသော နှလုံးသားများမှမကြိုဆို- လက်မခံခဲ့သောထိုအရာကို နားလည်ကြလိမ့်မည် မဟုတ်ချေ။ အာဗြဟံနှင့်ပတ်  သက်၍ မိန့်မြွက်နေသောခရစ်တော်၏ စကားများသည် ကြားနာရသူများအား နက်နဲ သောအဓိပ္ပါယ်ပါရှိမှုတစ်စုံတစ်ခုကိုမျှ မဖြစ်ပေါ်စေခဲ့ချေ။ ဖာရိရှဲများသည် ထိုစကား များထဲမှ အပြစ်တင်စရာအချက် အလက်အသစ်များကို တွေ့ခဲ့ကြပါသည်။ သခင် ယေရှုအား အရူးတစ်ယောက်အဖြစ် သက်သေပြသည့်သဘောဖြင့် သင်၏အ သက်သည် အနှစ်ငါးဆယ် မျှမရှိဘဲလျက် သင်သည်အာဗြဟံကိုမြင်လေပြီတကား ဟုမခန့်လေးစားပြု သည့်စကားများဖြင့် ခွန်းတုံ့ခွန်းပြန်သူတို့ချေပခဲ့ကြ၏။

         ထိုအခါယေရှုသည် ရိုသေခန့်ညားဖွယ်သော ဟန်အမူအရာဖြင့် ငါအမှန် အကန်ဆိုသည်ကား အာဗြဟံမဖြစ်မီငါဖြစ်၏ ဟု မိန့်တော်မူ၏။

         များပြားစွာသောလူအစုအဝေးကြီးသည် ဆိတ်ငြိမ်သွားခဲ့ပါသည်။ ထာ၀ရ ကာလအသက်ရှင်တော်မူသော သဘောတရားကို ထုတ်ဖော်ရန် မောရှေအားဖွင့်ဟ တော်မူခဲ့သော ဘုရားသခင်၏နာမတော်ကို မိမိ၏နာမတော်ဖြစ်ကြောင်း ဤဂါလိလဲ သားကျမ်းတတ်ဆရာကြီးက အခိုင်အမာပြောကြားနေပါ သည်။ ထိုသခင်သည် ရှေး ကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏ဟူ၍ ဣသရေလများအား ကတိပြုတော် မူခဲ့သော ကိုယ့်စွမ်းပကားဖြင့်တည်ရှိတော် မူသောပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်ဖြစ် ကြောင်း၊ ကိုယ်တော်ကြေညာတော်မူ ခဲ့ပါသည်။

         ယဇ်ပုရောဟိတ်များနှင့်ကျမ်းတတ်ဆရာများသည် ခရစ်တော်အား ဘုရားကိုပြစ်မှားပြောဆိုသူတစ်ဦးအဖြစ် တစ်ဖန်အော်ဟစ်အပြစ်တင်ခဲ့ကြပြန် သည်။ မိမိတို့သည် ဘုရားသခင်နှင့်တစ်လုံးတစ်၀တည်းဖြစ်ကြောင်းပြောမိ သည့် အတွက် ယခင်ကလည်း မိမိ၏အသက်ကိုလုပ်ကြံမှုတစ်ခုပေါ်စေခဲ့ပြီး၊  လအနည်း ငယ်ကျော်လွန်ခဲ့ပြီးသည့်ယခုအချိန်တွင် ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည် မဟုတ်၊ သင်သည်လူဖြစ်လျက်ပင်၊ ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင် ကိုကျူးလွန်သောစကားကြောင့် ခဲနှင့်ပစ်မည် ဟုပွင့်ပွင့်လင်း လင်းသူတို့ ပြောဆို ခဲ့ကြပါသည်။ ယောဟန် ၁ဝး၃၃။ မိမိကိုယ်ကိုဘုရား သခင်၏သားတော်ဖြစ်ကြောင်း အတိအလင်းဖွင့်ဟဝန်ခံနေသောကြောင့် သူတို့သည် ကိုယ်တော်အား သုတ်သင်ရန် စိတ်ဆုံးဖြတ်ခဲ့ကြပါသည်။ ထို့ကြောင့် ဖာရိရှဲများဘက်တွင် ရပ်တည်ခဲ့ကြသူများတို့ သည် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်း ငှာ ကျောက်ခဲများကိုကောက်ယူခဲ့ကြသော်လည်း ယေရှုသည်တိမ်းရှောင်၍  ထိုသူတို့၏အလယ်၌လျှောက်သွားကာ ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။

         အလင်းတော်သည် အမှောင်ထုတွင်ထွန်းလင်းလျက်ရှိသော်လည်း မှောင်သည်မခံမယူ ယောဟန် ၁း၅။

         ယေရှုသည်လမ်း၌သွားတော်မူစဉ် အမိဝမ်းတွင်းကပင်မျက်စိကန်းသော သူတစ်ယောက်ကို တွေ့မြင်တော်မူ၏။ တပည့်တော်တို့က အရှင်ဘုရား၊  ဤသူ  သည် အဘယ်သူ၏အပြစ်ကြောင့်မျက်စိကန်းသနည်း။ ကိုယ်အပြစ် ကြောင့်ကန်း သလော၊ မိဘအပြစ်ကြောင့်ကန်းသလောဟုမေးလျှောက်ကြ၏။ ယေရှုကလည်း ကိုယ်အပြစ်ကြောင့်မဟုတ်၊ မိဘအပြစ်ကြောင့်လည်းမဟုတ်၊ ဘုရားသခင်၏ အမှု တော်ကို သူ၌ထင်ရှားစေမည့်အကြောင်းတည်း ဟုမိန့်တော် မူပြီးလျှင် မြေပေါ်မှာ ထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးမှ ကန်းသောသူ၏မျက်စိ ကိုရွှံ့နှင့်လူး၍ သင်သွားလော့၊ ရှိလောင်ရေကန်၌မျက်စိကိုဆေးလော့ဟုမိန့် တော်မူ၏။ ရှိလောင်အနက်ကား - စေလွှတ်သည်ဟုဆိုလိုသတည်း။ ထိုသူ သည်သွား၍ဆေးပြီးမှ မျက်စိမြင်ပြန်လေ၏။

         ကျူးလွန်မိသောအပြစ်များအတွက် ဤဘ၀၌ပင်အပြစ်ဒဏ်စီရင်ခြင်း ခံရ သည်ဟု ယုဒများအနေနှင့်ယေဘုယျအားဖြင့် ယုံကြည်ခဲ့ကြပါသည်။ ခံစားရသည့် ရောဂါဘယတိုင်းသည် ရောဂါရှင်ကိုယ်တိုင်၏မှားယွင်းမှု (သို့မဟုတ်) ၎င်း၏မိဘ များ၏မှားယွင်းမှုများကြောင့် ဖြစ်ပေါ်လာသောအပြစ်ဒဏ်ဖြစ်သည်ဟု မှတ်ယူခဲ့ကြ ပါသည်။ အားလုံးသောဒုက္ခဆင်းရဲခြင်းနှင့် ရောဂါဘယများသည် ပညတ်တော်ကို ချိုးဖောက်မှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများဖြစ် သည်ဆိုသည်မှာ မှန်ကန်ပါ  သည်။ သို့သော် ဤတရားသဘောကိုမှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုလာကြပါသည်။ အပြစ်တရားနှင့်တကွ အပြစ်၏အခကိုစတင် ဖြစ်ပွားစေခဲ့သူစာတန်က ရောဂါဘယ များနှင့်သေခြင်းတရားတို့သည် ကျူးလွန် ခဲ့သောအပြစ်များကြောင့် မဆင်မခြင်ဖြင့် ချမှတ်လိုက်သည့် ဘုရားသခင်ထံမှ ထွက်ပေါ်လာသော အပြစ်ဒဏ်များအဖြစ် ရှုမြင် ကြရန် လူသားများအားသွေး ဆောင်နေပါသည်။ ထို့ကြောင့် ဒုက္ခဝေဒနာရှင်များ သည် ခံစားရသည့်ဒုက္ခ ဝေဒနာများအပြင် အပြစ်သားကြီးတစ်ဦးကဲ့သို့ မှတ်ယူခြင်း ခံရသည့် အပိုဝန် ထုပ်ဝန်ပိုးကိုလည်း ထမ်းဆောင်ကြရပါသည်။

         ဤနည်းအားဖြင့်ယုဒလူများအတွက် ခရစ်တော်အားငြင်းပယ်ရန်နည်းလမ်း များကိုပြင်ဆင်ခဲ့ကြပါသည်။ ငါတို့၏အနာရောဂါများကို ယူတင်ဝတ်ဆောင်သော ကိုယ်တော်အား ယုဒလူများကဒဏ်ခတ်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင် ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုလည်းကောင်း ခံရသောသူဖြစ်သည်ဟုထင်ကြကာ မျက် နှာလွှဲခဲ့ကြ၏။ ဟေရှာယ ၅၃း၄၊၃။

         ထိုကဲ့သို့အယူမလွဲကြစေရန် စီမံထားသည့်သင်ခန်းစာတစ်ခုကို ဘုရား သခင်သည် သွန်သင်တော်မူခဲ့ပြီးဖြစ်ပါသည်။ အနာရောဂါများကိုခံစားရခြင်း သည် စာတန်၏လုပ်ဆောင်မှုကြောင့်ဖြစ်ပြီး၊ ကရုဏာတော်ဆိုင်ရာအကြံအစည် များအ တွက် ထိုဖြစ်ရပ်များကို ဘုရားသခင်စိုးမိုးထားကြောင်းကို ယောဘ၏ ဘ၀ဖြစ်စဉ်များ က ထင်ရှားစွာဖော်ပြထားပါသည်။ သို့သော်လည်း ဣသရေလများသည် ဤသင်ခန်း  စာကို နားလည်သဘောပေါက်ခြင်းမရှိကြချေ။ ယောဘ၏ မိတ်ဆွေများအား ဘုရား သခင်ဆုံးမပဲ့ပြင်ခဲ့သော အမှားမျိုးကို ယုဒလူများသည် ခရစ်တော်ကိုငြင်းပယ်ရာ တွင် ထပ်ခါတလဲလဲပြောဆိုနေကြပါသည်။

         အပြစ်တရားနှင့်အနာရောဂါများအကြား ဆက်နွှယ်မှုနှင့်စပ်လျဉ်း၍ ထား ရှိသောယုဒများ၏ယုံကြည်ချက်ကို ခရစ်တော်၏တမန်တော်များကလည်း ဆက် လက်စွဲကိုင်ခဲ့ကြပါသည်။ သခင်ယေရှုသည် ၎င်းတို့၏အမှားအယွင်း ရှိသော အယူ အဆများကိုပြုပြင်ပေးနေစဉ်တွင် ရောဂါဖြစ်ရခြင်း၏အကြောင်း ကိုရှင်းပြတော် မမူ ဘဲ ဖြစ်ပေါ်လာမည့်အကျိုးကိုသာ ၎င်းတို့အားမိန့်တော်မူ ခဲ့ပါသည်။ ထိုအနာရောဂါ များကြောင့် ဘုရားသခင်၏အမှုတော်ကိုထင်ရှား စေလိမ့်မည်။ ငါသည် ဤလော က၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ ဟုမိန့်တော်မူ၏။ မျက်စိကန်းသော ထိုသူ၏မျက်စိကို ရွှံ့ဖြင့်လူးပြီးနောက် ရှိလောင်ရေကန်သို့သွား၍ဆေးကြောလိုက်ရာ စက္ခုနှစ်ကွင်းသည် အလင်းပြန် လည်ရရှိလာခဲ့ပါသည်။ ဤနည်းအားဖြင့် မိမိအား နှိုက်နှိုက်ချွတ်ချွတ်မေးမြန်း လာမှုများကိုအဖြေပေးရာတွင် အသုံးပြုနေကျအတိုင်း ယခုတွင်လည်းတမန် တော်များ၏အမေးကို လက်တွေ့ကျသောနည်းအားဖြင့် ဖြေ ဆိုတော်မူခဲ့ပါသည်။ မည်သူအပြစ်ကျူးလွန်ခဲ့သည်၊ မကျူးလွန်ခဲ့သည်နှင့် စပ်လျဉ်း ဆွေးနွေးရန် တမန်တော်များအားဆင့်ဆိုတော်မမူဘဲ စက္ခုအာရုံဆုံးရှုံးနေသူမျာ ;အား စက္ခု အလင်းပြန်လည်ရရှိအောင်ပြုလုပ်ပေးခြင်းအမှုတွင် ဘုရားသခင်၏ တန် ခိုးတော် နှင့်ကရုဏာကိုနားလည်စေရန်အတွက်သာ ၎င်းတို့အားတောင်းဆိုတော်မူခဲ့ ပါသည်။ မျက်စိအားလူးပေးခဲ့သည့်ရွှံ့ထဲတွင်သော်လည်းကောင်း၊ ထိုမျက်စိကို ဆေးကြောခဲ့သော ရေကန်တွင်သော်လည်းကောင်း၊ အနာပျောက်ကင်းစေနိုင် သည့်တန်ခိုးမရှိဘဲ၊ ခရစ်တော်၌သာထိုတန်ခိုးရှိတော်မူကြောင်း ထိုဖြစ်ရပ်အားဖြင့် ထင်ရှားစေခဲ့ပါသည်။

         ဖာရိရှဲများသည် ကုသမှုကိုကြည့်ရှု၍ အံ့ဩရုံမှတစ်ပါး ဘာမျှမတတ် နိုင်ခဲ့ ကြချေ။ သို့ရာတွင် ထိုနိမိတ်လက္ခဏာကို ဥပုသ်တော်နေ့တွင်ပြုတော် မူခဲ့သဖြင့် ၎င်း တို့၏စိတ်နှလုံးတွင် မုန်းတီးမှုများကိုပို၍ဖြစ်ပွားစေခဲ့ပါသည်။

         မျက်စိကန်းခဲ့သော ထိုလူငယ်၏အိမ်နီးချင်းများနှင့် ၎င်းအားယခင်က သိကျွမ်းခဲ့ဖူးသောသူများက ဤသူသည်ထိုင်၍ တောင်းသောသူဖြစ်သည် မဟုတ် လောဟု မေးမြန်းကြ၏။ ၎င်း၏မျက်လုံးအစုံပြန်လည်အလင်းရလာ သောအချိန်တွင် မျက်နှာပုံအသွင်သည် ပြောင်းလဲမှုရှိလာကာကြည်လင်လာပြီး ယခင်ကနှင့်မတူ တော့သည့်အတွက်ကြောင့် သူတို့သည်ထိုသူအားဇဝေဇဝါ ဖြစ်နေကြပါသည်။

         ထို့ကြောင့်အထက်ပါမေးခွန်းကို တစ်ဦးနှင့်တစ်ဦးမေးမြန်းခဲ့ကြပါ သည်။ လူအချို့က သူပါပဲ ဟုပြောဆိုခဲ့ကြပါသည်။ ၎င်းအငြင်းပွားမှုကို မျက်လုံးအစုံ အလင်းရခဲ့သည့် ထိုသူငယ်၏ အကျွန်ုပ်သည်ထိုသူပင်ဖြစ်သည် ဟူသောတုံ့ပြန် ချက်အားဖြင့် အဆုံးသတ်စေခဲ့ပါသည်။ ထိုနောက်ကုသပေးခဲ့သော သခင်ယေရှုအ ကြောင်းနှင့်ကုသပေးခဲ့ပုံများကို အနီး၌ရှိနေကြသောသူများ အားပြောပြရာ ထိုသူ သည်အဘယ်မှာရှိသနည်း ဟုမေးမြန်းကြလျှင် အကျွန်ုပ် မသိဟုထို သူငယ်ကဆို ၏။

         ထို့နောက် ထိုသူများသည် မျက်စိအလင်းအာရုံပြန်လည်ရရှိခဲ့သော ထို လူငယ်အား ဖာရိရှဲကောင်စီတစ်ခုရှေ့မှောက်သို့ခေါ်ဆောင်သွားခဲ့ကြပြီး၊ မည်ကဲ့သို့ မျက်စိပြန်မြင်လာခဲ့ကြောင်းကို မေးမြန်းကြလျှင် အကျွန်ုပ်မျက်စိ ၌သူသည်ရွှံ့ ကို ထည့်၍ အကျွန်ုပ်ဆေးလျှင်မျက်စိမြင်သည် ဟုဖြေလေ၏။ ထိုအခါဖာရိရှဲအချို့တို့ က ထိုသူသည်ဥပုသ်နေ့ကိုကောင်းမွန်စွာမစောင့်ရှောက် သောကြောင့် ဘုရားသခင် စေလွှတ်တော်မူသောသူ မဟုတ်ဟုဆိုကြ၏။ ဖာရိရှဲ များအနေနှင့်သခင်ယေရှုအား အပြစ်သားတစ်ဦးဖြစ်သည်ဟု သဘောပေါက် နေကြသောကြောင့် မေရှိယအရှင်အ နေဖြင့် လက်မခံနိုင်ခဲ့ကြချေ။ ဥပုသ်နေ့ ကိုတည်ထောင်ခဲ့သူဖြစ်ပြီး၊ ဥပုသ်နေ့နှင့် ပက်သက်သည့်တာဝန်ဝတ္တရားများ ကိုသိရှိထားသူဖြစ်သော ထိုပုဂ္ဂိုလ်ကမျက်စိ ကန်းနေသောထိုသူငယ်ကိုကုသ ခဲ့ခြင်းဖြစ်ကြောင်းကို သူတို့မသိရှိခဲ့ကြချေ။ သူတို့ သည် ဥပုသ်နေ့တည်ဆောက် ခြင်းအတွက် အံ့ဩဖွယ်ကောင်းလောက်အောင် စိတ်အားထက်သန်သယောင် ရှိသော်လည်း၊ ထိုနေ့၌ပင်လူသတ်မှုကျူး လွန်ရန်စီမံ နေကြပါသည်။ သို့ရာတွင် များစွာသောလူအပေါင်းတို့သည် ထိုနိမိတ်လက္ခဏာ တင်းကိုကြားသိရသော အခါ များစွာစိတ်လှုပ်ရှားကြပြီး၊ စက္ခုနှစ်ကွင်းကိုအလင်းပေး ခဲ့သောထိုပုဂ္ဂိုလ်သည် သာမန်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ကြောင်း သဘောပေါက်ခဲ့ကြပါ သည်။ ဥပုသ်နေ့ချိုးဖျက်သဖြင့် အပြစ်သားဖြစ်သည်ဟူ၍ ဖာရိရှဲများ၏စွပ်စွဲခြင်းကို တုံ့ပြန်သည့်အနေဖြင့် ထိုသူများက ဆိုးသောသူသည် ဤသို့သောနိမိတ်လက္ခ ဏာတို့ကို အဘယ်သို့ပြနိုင်သနည်း ဟုဆိုကြ၏။

         တစ်ဖန်မျက်စိကန်းဖူးသောသူအား သင်၏မျက်စိကိုဖွင့်သောသူ သည် အဘယ်သို့သောသူဖြစ်သနည်း ဟု ဖာရိရှဲများကမေးကြရာ ပုရောဖက်ဖြစ် သည် ဟု ထိုသူကဖြေဆို၏။ ထိုအခါဖာရိရှဲများက မျက်စိမြင်လာ သောထိုသူသည် အမိဝမ်းတွင်းကပင်မျက်စိကန်းသောသူမဟုတ်နိုင်ကြောင်း၊ခိုင်အမာပြောဆိုလာ ကြပါသည်။ ထို့ကြောင့် သူ၏မိဘများကိုခေါ်၍ သူသည်သင်တို့ဆိုသည့် တိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတို့၏ သားမှန်သလော ဟုမေးကြ ၏။

         မျက်စိကန်းခဲ့ဖူးသော ထိုသူကိုယ်တိုင်ပင် မိမိသည်ယခင်ကမျက်မမြင် ဖြစ် ခဲ့ကြောင်း၊ ယခုအလင်းပြန်ရလာပြီဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့သော်လည်း ဖာရိရှဲ များသည် မိမိတို့၏အမှားများအတွက် ဝန်ခံရမည့်အစား မိမိကိုယ်တိုင် ခံစားမှုအား ထင်ရှားစေသောအထောက်အထားများကို ငြင်းပယ်နေကြပါသည်။ ဖာရိရှဲများ၏ တစ်ဖက်သတ်အထင်လွဲမှုသည် အလွန်ပြင်းထန်ပါတကား။ ၎င်း တို့၏ဖြောင့်မတ် ခြင်းတရားသည် အလွန်သွေဖည်မှားယွင်းနေပါတကား။

         ဖာရိရှဲများအနေဖြင့် ထိုသူ၏မိဘများကိုခြိမ်းခြောက်ခြင်းအားဖြင့် အောင် မြင်မှုရရန် အခွင့်အလမ်းတစ်ခု ကျန်ရှိနေပါသေးသည်။ အပေါ်ယံကြော ရိုးသားမှု သဘောဖြင့်လည်း သူသည်အဘယ်သို့ယခုမျက်စိမြင်သနည်း ဟု သူတို့မေး မြန်းခဲ့ကြပါသည်။ ယေရှုကိုခရစ်တော်အဖြစ်အသိအမှတ်ပြုသော သူသည် တရား ဇရပ်မှနှင်ထုတ်ခြင်းကိုခံရမည်အကြောင်း၊ ၎င်းပြင်တရား ဇရပ်အပြင်သို့ ရက်ပေါင်း သုံးဆယ်ထုတ်ထားခြင်းကို ခံရမည်ဖြစ်ကြောင်းများကို ကြေညာထားသဖြင့် မိဘများ အနေဖြင့် မိမိကိုယ်ကိုဘေးသင့်ရောက်မည် ကိုစိုးရိမ်ခဲ့ကြပါသည်။ ထိုခေတ်ထို အခါ က ဤကဲ့သို့သောပြစ်မှုကိုကျူးလွန် သူများ၏ကလေးငယ်များကို အရေပြားလှီးခြင်း မင်္ဂလာလုပ်ဆောင်မပေးသည့် ပြင် အသုဘကိစ္စရှိလျှင်လည်း ဆောင်ရွက်မပေးကြ ချေ။ ထိုအပြစ်ဒဏ်စီရင် မှုကို ကြီးမားသောဘေးဒုက္ခအဖြစ်ယူဆကြပြီး ထိုအပြစ် သားသည်နောင်တမရပါက ပို၍ပြင်းထန်သော အပြစ်ဒဏ်များကိုခံယူရန် သတ်မှတ် ခြင်း ခံကြရပါသည်။ မိမိတို့၏သားအပေါ်တွင် ပြုတော်မူခဲ့သည့် အံ့ဖွယ်အမှုများကို ထောက်၍ သူ၏မိဘများသည် သဘောပေါက်လာကြကာ ဤသူသည်အကျွန်ုပ် တို့၏ သားမှန်သည်ကိုလည်းကောင်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကို လည်းကောင်း အကျွန်ုပ်တို့သိကြပါ၏ အဘယ်ကြောင့်ယခုမျက်စိမြင်သည်ကို လည်းကောင်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့်သည်ကိုလည်းကောင်း၊ အကျွန်ုပ် တို့မသိကြပါ၊ သူသည်ကိုယ့်အကြောင်းကို ကိုယ်တိုင်ပြောပါလိမ့် မည် ဟူ၍ ထို မိဘများသည် ခရစ်တော်ကိုဝန်ခံရန်မဝံ့ရဲကြသောကြောင့် မိမိတို့၏တာဝန်များကို ဤနည်းအားဖြင့် သားငယ်အပေါ်သို့ပုံချခဲ့ကြပါသည်။

         ဖာရိရှဲများကျရောက်နေသည့်အကျပ်အတည်းများ၊ သူတို့၏မေးခွန်း များနှင့် တစ်ဖက်သတ်အထင်လွဲမှုများ၊ ဤကိစ္စအတွက်ဖော်ပြချက်များကို မယုံကြည်မှုများ   စသည်တို့သည် အထူးသဖြင့်သာမန်လူတန်းစားတို့၏မျက်စိ ကိုဖွင့်ပေးလျက်ရှိပါ သည်။ သခင်ယေရှုသည် မကြာခဏဆိုသလို လမ်းမ များပေါ်တွင် ထူးခြားသော နိမိတ်လက္ခဏာများကို ပြုတော်မူခဲ့ပါသည်။ ပြုသမျှ သောနိမိတ်လက္ခဏာတိုင်းသည် ခံစားရသောဝေဒနာများကို သက်သာပျောက် ကင်းခြင်းနှင့်စပ်ဆိုင်ပါသည်။ ထို့ ကြောင့် လူအများ၏စိတ်နှလုံးတွင် ဖာရိရှဲ များကအယောင်ဆောင်ဖြားယောင်းသူဟု သမုတ်ခြင်းခံရသူတစ်ဦးအားဖြင့် ဘုရားသခင်သည် ထိုကဲ့သို့သောကြီးကျယ်သည့် အမှုတော်များကို ပြုတော် မူလိမ့်မည်လား၊ ဟူသောမေးခွန်းများပေါ် ထွက်လာခဲ့ပါ သည်။ မတူညီသော အတွေးအခေါ်နှစ်ခုအကြား ဖြစ်ပွားနေသည့်တိုက်လှန်မှုသည် ပြင်းထန်လာ ခဲ့ပါသည်။

         ခရစ်တော်၏လုပ်ဆောင်မှုများသည် လူသိရှင်ကြားဖြစ်ကြောင်း၊ ထိုသူများ တွေ့ရသဖြင့် ပြတော်မူသော နိမိတ်လက္ခဏာများအတွက် ငြင်းဆိုနိုင်ခြင်း မရှိကြ ချေ။ တစ်ချိန်က မျက်စိကန်းခဲ့ဖူးသော ထိုသူသည် သဘာ၀၏အံ့ဖွယ် ရာများကို လည်းကောင်း၊ ကောင်းကင်နှင့်မြေကြီးတို့၏ တင့်တယ်မှုများကိုလည်းကောင်း မြင် တွေ့ရသောအခါတွင် ဝမ်းမြောက်ပီတိဖြစ်ကာ ကျေးဇူးတင်လျက် ရှိနေပါသည်။ မိမိ ၏အတွေ့အကြုံများကို လွတ်လွတ်လပ်လပ်ဖွင့်ဟနေသဖြင့် ၎င်းကိုဒုတိယအကြိမ် ခေါ်ယူကာ ဘုရားသခင်ကိုချီးမွမ်းလော့၊ ထိုသူသည် လူဆိုးဖြစ်ကြောင်း ကိုငါတို့ သိ၏}} ဟုဆိုကာ ဖာရိရှဲများကနှုတ်ပိတ်ခဲ့ကြပါ သည်။ အဓိပ္ပါယ်မှာ မင်းကိုဒီလူက မျက်စိပြန်မြင်စေတာမဟုတ်ဖူး၊ မင်းရဲ့ မျက်စိကိုမြင်စေသောသူဟာ ဘုရားသခင် ဖြစ်တယ်ဟုဆိုလိုခြင်းဖြစ်ပါသည်။

         ထိုအခါထိုသူက လူဆိုးဖြစ်သည်၊ မဖြစ်သည်ကိုအကျွန်ုပ်မသိ၊ အကျွန်ုပ် သည်အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည်အကြောင်းတစ်ခု ကိုအကျွန်ုပ် သိသည် ဟုပြန်လည်ဖြေကြားလိုက်ပါသည်။

         တစ်ဖန်ထိုသူက သူသည်သင်၌အဘယ်သို့ပြုသနည်း၊ သင်၏မျက်စိကို အဘယ်သို့ဖွင့်သနည်း ဟု ထိုသူအား မိမိကိုယ်ကိုထင်ယောင်ထင်မှားဖြစ် သွားစေ ရန် များစွာသောစကားများဖြင့် ရှုပ်ထွေးစေခဲ့ပါသည်။ စာတန်နှင့် သူ၏ဆိုးသော ကောင်းကင်တမန်များသည် ဖာရိရှဲများဘက်မှရပ်တည်ခဲ့ကြပြီး ခရစ်တော်၏ဩဇာ သက်ရောက်မှုကို လျော့ပါးသွားစေရန်အလိုငှာ၊ မိမိတို့၏ ခွန်အားများနှင့် ကောက်  ကျစ် စဉ်းလဲမှုများကို ထိုလူသားများ၏ဆင်ခြင်တုံ တရားနှင့်ပေါင်းစပ်ခဲ့ကြပါသည်။ သူတို့သည် များစွာသောလူများ၏စိတ်ထဲ တွင် နက်နက်နဲနဲထိုးဖောက်ဝင်ရောက်  နေသော အသိစိတ်ဓာတ်များကို ထုံထိုင်းစေခဲ့ကြပါသည်။ ဘုရားသခင်၏ ကောင်း ကင်တမန်များကလည်း စက္ခုနှစ်ကွင်းအလင်းပြန်လည် ရရှိခဲ့သည့်ထိုသူကို အားပေး တိုက်တွန်းရန် ကမ္ဘာမြေပေါ် သို့ရောက်ရှိနေခဲ့ကြပါသည်။

         ထိုဖာရိရှဲများအနေဖြင့် မိမိတို့သည်မျက်စိကန်းခဲ့ဖူးသော ထိုသူကိုသာ မက၊ အခြားသူများကိုလည်း တိုက်လှန်နေကြသည်ကိုလည်းကောင်း၊ မိမိတို့ ဆန့်ကျင် တိုက်လှန်နေသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း၊ မသိရှိခဲ့ကြချေ။ ထိုလူကန်း၏အသက်ဝိညာဉ်တွင် မြင့်မြတ်သောအလင်းတော် တစ်ခုထွန်း လင်းခဲ့  ပေပြီ။ လျှို့ဝှက်သောဖာရိရှဲများက ထိုသူအားမယုံကြည်အောင် ကြိုးစားနေကြစဉ် တွင် သူ၏ပြင်းထန်တိကျသောတုံ့ပြန်မှုအားဖြင့် မိမိသည်ဖြားယောင်းခြင်း မခံခဲ့ရ ကြောင်းပြသရန် သူ့အားဘုရားသခင်မစခဲ့ သဖြင့် အကျွန်ုပ်တစ်ခါပြောပြီ၊ သင်တို့  နားမကြားကြ။ အဘယ်ကြောင့်တစ် ဖန်ကြားချင်သနည်း၊ သူ့တပည့်ဖြစ်ချင်သလော ဟုဆို၏။ ထိုသူတို့ကလည်း သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကားမောရှေ၏ တပည့်ဖြစ်၏။ ဘုရားသခင်သည် မောရှေ၌ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်ကဖြစ်သည်ကိုမသိဟု ကဲ့ရဲ့၍ပြောဆိုကြ၏။

         ထိုသူသည်စမ်းသပ်မှုတစ်ခုကိုကျော်ဖြတ်နေရကြောင်း ခရစ်တော် သိရှိ  တော်မူသဖြင့် ၎င်းအားမိမိ၏ သက်သေခံတစ်ဦးဖြစ်လာစိမ့်သောငှာ၊ ကရုဏာ တော်နှင့်နှုတ်သတ္တိများကို ပေးသနားတော်မူခဲ့ပါသည်။ သူသည်မိမိအား မေးခွန်း ထုတ်ခဲ့ကြသည့် ဖာရိရှဲများအားအထိ နာစေသည့်စကားလုံးများဖြင့် တုံ့ပြန် အဖြေ ပေးခဲ့ပါသည်။ သူတို့သည် မိမိကိုယ်ကိုကျမ်းစာအနက်ဖွင့်သူများ၊ နိုင်ငံတော်၏ ဘာသာရေးခေါင်းဆောင်များဖြစ်ကြောင်း အခိုင်အမာဖွင့်ဟခဲ့ကြ သော်လည်း နိ မိတ်လက္ခဏာပြုနေသောထိုသူသည် မည်သည့်တန်ခိုးအာဏာဖြင့် ပြုတော်မူသည် ကိုလည်းကောင်း၊ စာရိတ္တတော်နှင့်မိန့်ဆိုချက်များသည် မည်သည့် အခွင့်အာဏာ ဖြင့် ပြုတော်မူသည်ကိုလည်းကောင်း မိမိတို့မသိကြကြောင်း ဝန်ခံနေကြ ပါသည်။

         ၎င်းနောက်ထိုသူက အကျွန်ုပ်မျက်စိဖွင့်သော်လည်း အဘယ်ကဖြစ် သည်ဟု သင်တို့မသိကြသည်ကိုအံ့ဩဖွယ်ရှိ၏။ ဘုရားသခင်သည် လူဆိုးတို့ စကား  ကိုနားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေး မြတ်၍ အလိုတော်သို့လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။ အမိ ဝမ်းတွင်းကပင် မျက်စိကန်းသောသူကိုမျက်စိမြင် စေခြင်းငှာတတ်နိုင်သည်ကို ကမ္ဘာ ဦးမှစ၍မကြားစဖူး၊ ထိုသူသည် ဘုရားသခင် စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင် ဟုပြော ဆိုခဲ့၏။

         ထိုသူသည် မိမိအားမေးမြန်းလာသူများအား၊ ၎င်းတို့ကအသာရနိုင်မည့် အခြေအနေမျိုးတွင် ရင်ဆိုင်နေကြရပါသည်။ သို့ရာတွင် သူ၏ဆင်ခြင် တွေးခေါ်မှု အပေါ်တွင် ၎င်းတို့အနေဖြင့်ဆင်ခြေဆင်လက် တက်နိုင်သည့်အခြေအနေမရှိပါ ချေ။ ထို့ကြောင့် ဖာရိရှဲများသည်အံ့ဩခဲ့ကြပြီး၊ ထိုသူပြောသော ထိရောက်ခိုင်မာ သည့် စကားများကြောင့် မိန်းမောတွေဝေခဲ့ကာ၊ ခေတ္တခဏမျှ ဆိတ်ငြိမ်သွားခဲ့ကြ ပါသည်။ ထိုနောက် ထိုသူနှင့်ထိမိလျှင် ညစ်ညမ်းသွား မည်စိုးသည့်သဘောဖြင့် ၎င်းတို့ကမိမိတို့၏ဝတ်ရုံများကို ဖိုးရိုးဖားရားမဖြစ်စေရန် သိမ်းသိမ်းဆည်းဆည်း  ဖြင့်ဝတ်ဆင်ကာ ဖုန်မှုန့်များကိုခါလိုက်ကြပြီး၊ သင်သည် မွေးစကပင်တစ်  ကိုယ် လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကိုဆုံးမပါသည်တကား ဟုပြော ဆိုကြပြီးလျှင် ထိုသူကိုတရားဇရပ်မှ နှင်ထုတ်ကြ၏။

         ထိုကဲ့သို့နှင်ထုတ်သည့်အကြောင်းကို ယေရှုကြားတော်မူပြီးမှ ထိုသူကို တွေ့ တော်မူလျှင် သင်သည်ဘုရားသခင်၏သားတော်ကိုယုံကြည်သလော ဟုမေး တော်မူ၏။

         မျက်စိကန်းခဲ့ဖူးသောထိုသူသည် မိမိအားကုသပေးသူ၏ မျက်နှာတော်ကို ပထမဦးဆုံးသောအကြိမ်အဖြစ် ဖူးတွေ့ခွင့်ရခဲ့ပါသည်။ ဖာရိရှဲများ၏ရှေ့တွင် စိတ် ပူပန်သောကရောက်နေသော မိဘများ၏မျက်နှာများကို လည်းကောင်း၊ စိတ်ဆိုး မာန်ဆိုးဖြစ်နေသော ဖာရိရှဲများ၏မျက်နှာများကိုလည်းကောင်း  မြင်ခဲ့ရပြီးနောက် ယခုအချိန်တွင်မူ ခရစ်တော်၏နှစ်လိုဖွယ် ကောင်းပြီး ငြိမ်သက်သာယာသော မျက် နှာတော်ကို ဖူးတွေ့ခွင့်ရခြင်းဖြစ်ပါသည်။ ထိုသူသည် ကိုယ်တော်ရှင်အား ကောင်း ကင်မှစေလွှတ်သူတစ်ပါးဖြစ်ကြောင်း၊ မိမိကိုယ်ကိုအနစ်နာခံ၍ အသိအမှတ်ပြုခဲ့သ  ဖြင့် ယခုတွင်ပို၍မြင့်မြတ်သော ရူပါရုံကိုပေးသနားခြင်းခံခဲ့ရပါသည်။

         သင်သည်ဘုရားသခင်၏သားတော်ကိုယုံကြည်သလော ဟူသော ယေရှု ခရစ်၏အမေးကို သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း၊ ဘုရားသခင်၏  သားတော်ကားအဘယ်သူနည်း ဟုတုံ့ပြန်သော် ယေရှုက သင်သည် ထိုသူကို မြင်ခဲ့ပြီးသည်သာမက သင်နှင့်ယခုစကားပြောသောသူသည် ဘုရားသခင်၏သား တော်ဖြစ်၏ ဟုမိန့်တော်မူလျှင် သခင်၊ အကျွန်ုပ်ယုံကြည် ပါ၏ ဟုလျှောက်၍ ပျပ်ညွတ်ကိုးကွယ်လေ၏။ ထိုသူသည် ၎င်း၏စက္ခု နှစ်ကွင်းအလင်းရရှိခဲ့ရုံမျှမက၊ အသိဥာဏ်မျက်စိများလည်းပွင့်လင်းခဲ့ပါသည်။၎င်းသည် ခရစ်တော်ဖော်ပြခဲ့သည့်  အတိုင်း ကိုယ်တော်အားဘုရားသခင်စေလွှတ် လိုက်သူတစ်ပါးအဖြစ် လက်ခံခဲ့ပါ သည်။

         ထိုအခါဖာရိရှဲတစ်စုသည် ယေရှုအနီးသို့ချဉ်းကပ်စုရုံးလာခဲ့ကြပါသည်။ ကိုယ်တော်သည် မိမိမိန့်တော်မူခဲ့သည့်စကားများ၊ မိမိကျင့်ဆောင် ခဲ့သည့်အရာများ  နှင့် ကွဲပြားခြားနားသောဖြစ်ရပ်များကို ထိုသူများ၌တွေ့မြင်ရသဖြင့် ပြန်လည်သတိရ လာခဲ့ပါသည်။ ထို့ကြောင့် မျက်စိမမြင်သောသူသည် မြင်စေခြင်းငှာလည်းကောင်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်း ငှာလည်းကောင်း၊ ငါသည်တရားစီရင်၍ လောကသို့ရောက်လာပြီ ဟု မိန့်တော်မူ၏။ မျက်စိကန်းသောသူများအား စက္ခု လင်းပေးရန်နှင့် ဝိညာဉ်ရေး မှောင်မိုက်ကျနေသူများအား အလင်းတရားကို ပေး တော်မူရန် ကိုယ်တော် ကြွလာတော်မူခဲ့ပါသည်။ ကိုယ်တော်သည်မိမိကိုယ်ကို လော က၏အလင်း ဖြစ်သည်ဟုမိန့်တော်မူခဲ့ပါသည်။ ယခုပြုလုပ်ခဲ့သည့်နိမိတ်လက္ခဏာ သည် ကိုယ်တော့်အမှုတော်အတွက် မှန်ကန်ကြောင်းသက်သေပြချက်တစ်ခုဖြစ်ပါ သည်။ ကိုယ်တော်ကြွလာသောအချိန်တွင် ကယ်တင်ရှင်အားဖူးတွေ့ခဲ့ရသူများ သည် ယခင်လောကီသားများခံစားခဲ့ရသောအရာများထက် ပို၍ထင်ရှား ပြည့်စုံစွာ ကိုယ်တော်ရှင်၏အတူရှိခြင်းကို ခံစားခွင့်ရရှိခဲ့ကြပါသည်။ ဘုရားသခင်အကြောင်း ကိုလည်း ပိုမိုပြည့်စုံစွာကြားနာခဲ့ရပါသည်။ သို့ရာတွင် ဤရူပါရုံ၌ပင် လူသားများအား တရားစီရင်လျက်ရှိပါသည်။ ၎င်းတို့၏စာရိတ္တ များသည် စမ်းသပ်စစ်ဆေးမှုခံခဲ့ရပြီး မိမိတို့၏ကံကြမ္မာကိုလည်း မိမိတို့ကိုယ် တိုင်ဆုံးဖြတ်ကြရပါမည်။

         ထိုမျက်မမြင်အား ခန္ဓာကိုယ်စက္ခုအလင်းပေးရန်နှင့် ဝိညာဉ်ရေး အလင်း တရားပေးရန် ပြုတော်မူသည့်တန်ခိုးတော်၏ထင်ရှားမှုသည် ဖာရိရှဲများအားပို၍ မှောင်မိုက်သောဝိညာဉ်ရေးအခြေအနေသို့ ကျရောက်စေခဲ့ပါသည်။ ခရစ်တော်၏ စကားများသည် မိမိတို့ကိုဆိုလိုသည်ဟုအထင်နှင့် ငါတို့သည် မျက်စိကန်းသလော ဟုမေးကြရာ သင်တို့သည်မျက်စိကန်းသည်မှန်လျှင်အပြစ် မရှိဟု ယေရှုဖြေကြား တော်မူ၏။ ဘုရားသခင်သည် သင့်အားသမ္မာတရား ကိုမြင်တွေ့ရန် မဖြစ်နိုင် လောက်အောင်ပြုတော်မူခဲ့လျှင် သင်၏မသိနားမလည် မှုတွင် အပြစ်တစ်စုံတစ်ရာ မရှိချေ။ သို့ရာတွင် ငါတို့သည်မျက်စိမြင်သည်ဟု ယခုဆိုကြ၏ သင်တို့သည် မြင်နိုင်စွမ်းရှိသည်ဟု မိမိကိုယ်ကိုမိမိယုံကြည် ကြပြီး၊ အလင်းရနိုင်သည့်တစ်ခု တည်းသောနည်းလမ်းကို ငြင်းပယ်ကြ၏။ ခရစ်တော်သည် ကိုယ့်ကိုကိုယ်မပြည့်စုံ ကြောင်းသိရှိသူများထံသို့ အနန္တအကူ အညီအမအစများကို ပေးကမ်းတော်မူရန်ကြွ လာတော်မူခဲ့ပါသည်။ သို့ရာတွင် ဖာရိရှဲများသည် မိမိတို့၏လိုအပ်ချက်တစ်စုံတစ်ရာ ကိုမျှ ဝန်ခံခြင်းမပြုကြဘဲ ခရစ်တော်ထံသို့လာရန်ငြင်းဆန်ခဲ့ကြပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင် လွန်ကျူးသည့်ဒုစရိုက်များအတွက် သူတို့အားမျက်စိကန်းသည့် ခြေအနေ၌ ပင် ဆက်လက်ရှိစေခဲ့ပါသည်။ သို့အတွက် သင်တို့၌အပြစ်တည် သည် ဟု ယေရှုရှင်မိန့်တော်မူ၏။

 


No comments:

Post a Comment