Wednesday, April 22, 2026

အခန်းကြီး - ၅၂။ မြတ်သောသိုးထိန်း

 

မြတ်သောသိုးထိန်း

 

         ရှင်ယောဟန် ၁ဝး၁-၃၀ ကိုအခြေပြုထားပါသည်။

 

         ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ---- ငါသည်ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှာစွန့်၏။ ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။----ငါ၏ သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ခမည်းတော်သည် ငါ့ကိုသိ တော်မူ၍ ငါသည်လည်းခမည်းတော်ကိုသိသကဲ့သို့ ငါ၏ သိုးတို့ကိုငါသိ၏။ ငါသည် ကိုယ်အသက်ကိုသိုးတို့အဖို့အလိုငှာစွန့်၏။

         တစ်ဖန်သခင်ယေရှုသည် ၎င်းတို့နှင့်အကျွမ်းဝင်သောအရာများကို အသုံး ပြု၍ မိမိတရားနာပရိသတ်၏ စိတ်နှလုံးသို့ချဉ်းကပ်ရန် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ ပါသည်။ ဝိညာဉ်တော်၏ဩဇာလွှမ်းမိုးမှုသည် ကြည်လင်အေးမြသော ရေကဲ့သို့ဖြစ် ကြောင်း ပုံဆောင်၍ ကိုယ်တော်ရှင်မိန့်တော်မူခဲ့ဖူးပါသည်။ မိမိကိုယ်ကိုလောက၏ အလင်းအနေဖြင့်သော်လည်းကောင်း၊ အသက်ပေးပိုင် ရှင်အနေဖြင့်သော်လည်း ကောင်း၊ သဘာ၀တရားနှင့်လူသားများ၏ ဝမ်းမြောက်ဖွယ်အနေဖြင့်သော်လည်း ကောင်း ရုပ်လုံးဖော်ခဲ့ပြီးဖြစ်ပါသည်။ ယခုတွင် ကိုယ်တော်သည် မိမိနှင့်မိမိအား ယုံကြည်သူများအကြားဆက်နွှယ်မှုကို လှပ တင့်တယ်သောသိုးထိန်းအသွင်အားဖြင့် ရုပ်လုံးဖော်ထားပြန်ပါသည်။ ထိုတရား နာပရိသတ်အတွက် ထိုရုပ်လုံးဖော်တင်ပြမှု သည် အထိရောက်ဆုံးဖြစ်ပြီး၊ ခရစ်တော်၏စကားများသည် သိုးထိန်းဘ၀နှင့် အစဉ် ဆက်နွှယ်နေပါသည်။ သိုးကျောင်းနေသောသိုးထိန်းများကို မြင်တွေ့နေရသည့် တပည့်တော်များသည် ကိုယ်တော်သွန်သင်ခဲ့သည့်သင်ခန်းစာကိုသတိမရဘဲ နေကြ မည်မဟုတ်ချေ။ သူတို့သည်သစ္စာရှိသောသိုးထိန်းတိုင်းတွင် ခရစ်တော်အားတွေ့ မြင်ကြပါလိမ့် မည်။ ၎င်းပြင် အားကိုးရာမဲ့ပြီး၊ သူတစ်ပါးအားမှီခိုနေရသည့် သိုးများ တွင် မိမိတို့ကိုယ်ကိုမိမိတို့တွေ့ကြရပါလိမ့်မည်။

         ပုရောဖက်ဟေရှာယသည် ဤပုံဆောင်မှုကို မေရှိယ၏အမှုတော်အတွက် အသုံးပြုလျက် နှစ်သိမ့်စကားပြောထားသည်မှာ ဇိအုန်တောင်သို့ ဝမ်းမြောက်စရာ သတင်းကိုဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့တက်လော့။

ယေရုရှလင်မြို့သို့ဝမ်းမြောက်စရာသတင်းကိုဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့၊ မစိုးရိမ်ဘဲအသံကိုလွှင့်လော့။ သင်တို့၏ဘုရားသခင်ကိုကြည့် ရှုကြဟု ယုဒမြို့ရွာတို့အားပြောလော့။ ကြည့်ရှုလော့။ ကိုယ်တော်သည် မိမိသိုးစုကို သိုးထိန်း ကဲ့သို့ကျွေးမွေးတော်မူမည်။ သိုးသူငယ်တို့ကိုချီ၍ပိုက်ပွေ့ တော်မူမည်။ ဟေရှာ ၄ဝး၉-၁၁။ ထာ၀ရဘုရားသည် ငါ၏သိုးထိန်းဖြစ် တော်မူ၏။ ငါသည်ဆင်းရဲမခံရ ဟုလည်းဒါဝိဒ်စပ်ဆိုခဲ့ပါသည်။ ဆာလံ ၂၃း၁-၂။ ထို့အပြင် သန့်ရှင်းသောဝိညာဉ် တော်သည် ယေဇကျေလအားဖြင့် မိန့်တော်မူသည်ကား၊ သိုးထိန်းတစ်ဦးကို လည်းငါခန့်ထား၍ သူသည်ကျွေး မွေးလိမ့်မည်။ ပျောက်သောသိုးကိုငါရှာမည်၊ သူတစ်ပါးနှင်သောသိုးကိုလိုက် ၍ဆောင်ခဲ့မည်၊ အရိုးကျိုးသော သိုးကိုအဝတ်နှင့် စည်းမည်၊ အားနည်းသော သိုးကိုမစမည်။ သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့၍ ဆိုးသောသားရဲ  တို့ကို ထိုပြည်၌ပယ်ဖြတ်မည် နောက်တစ်ဖန်တစ်ပါး မျိုးသားတို့သည် မလုမယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူ မျှမကြောက်စေဘဲ သူတို့သည်ငြိမ်ဝပ်စွာနေကြရလိမ့်မည်။ ယေဇ ၃၄း၂၃၊ ၁၆၊ ၂၅၊ ၂၈။

         ခရစ်တော်သည် ဤအနာဂတ္တိစကားများကို မိမိကိုယ်တိုင်အတွက်  အသုံး ပြုတော်မူခဲ့ပြီး၊ မိမိနှင့်ယုဒဘာသာရေးခေါင်းဆောင်များအကြားတွင် ရှိနေသော ကွဲ ပြားခြားနားမှုများကို ထင်ရှားစေခဲ့ပါသည်။ ထိုဖာရိရှဲများသည် ယခုတွင်ပင် လူတစ် ယောက်အား ဗိမာန်တော်မှနှင်ထုတ်ခဲ့ကြပါသည်။ အကြောင်း မူကား ထိုသူသည် ခရစ်တော်၏တန်ခိုးတော်အကြောင်းကို ရဲဝံ့စွာသက်သေခံခဲ့သောကြောင့် ဖြစ်ပါ သည်။ စစ်မှန်သောသိုးထိန်းကြီးက မိမိတို့ထံသို့ဆွဲယူ နေသောအသက်ဝိညာဉ်တစ် လုံးကို သူတို့အဆက်ဖြတ်ခဲ့ကြပါသည်။ ဤလုပ် ရပ်အားဖြင့် မိမိတို့အားအပ်နှင်း ထားသောအလုပ်အကြောင်းကို နားမလည် ကြကြောင်း၊ မိမိတို့သည် သိုးထိန်းများ အဖြစ်မထိုက်တန်ကြကြောင်းကို ထင်ရှားစေခဲ့ပါသည်။ ယခုတွင်မူသခင်ယေရှုသည် ကောင်းသောသိုးထိန်းဖြစ်တော် မူသော မိမိနှင့်ထိုသူများအကြားတည်ရှိနေသည့် ခြားနားမှုများကိုဖော်ပြကာ၊ မိမိသည်ဘုရားသခင်၏သိုးများကိုစောင့်ရှောက်နေသော စစ်မှန်သည့်သိုးထိန်း ကြီးဖြစ်ကြောင်း ပြညွှန်နေပါသည်။ ထိုကဲ့သို့မိန့်တော်မမူမီတွင် ကိုယ်တော် သည်အခြားပုံဆောင်မှုများကိုအသုံးပြုကာ မိမိအကြောင်းကို မိန့်မြွက် တော်မူခဲ့ပါသည်။

         ငါအမှန်အကန်ဆိုသည်ကား သိုးခြံထဲသို့တံခါး၀ဖြင့်မဝင်။ အခြားလမ်း ဖြင့်ကျော်ဝင်သောသူသည်၊ သူခိုး-ဓားပြဖြစ်၏။ သိုးထိန်းမူကား တံခါး၀ ဖြင့်ဝင် တတ်၏။ ဤစကားများသည် မိမိတို့အားရည်စူးသောစကားများ ဖြစ်ကြောင်းကို ဖာရိရှဲများမသိရှိကြချေ။ ထိုစကားများ၏အဓိပ္ပါယ်ကို ၎င်းတို့ ဆင်ခြင်သုံးသပ်နေကြ စဉ်မှာပင် ခရစ်တော်က ငါသည်တံခါး၀ဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွတ်လျက်၊ ဝင်ထွက်၍ကျက်စားရာ ကိုတွေ့ရလိမ့်မည်။ သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာလာ တတ်၏။ ငါမူကား သိုးတို့သည်အသက်လွတ် ရုံ မျှမက၊ အထူးသဖြင့် အသက် နှင့်ပြည့်စုံစေခြင်းငှာလာသတည်း ဟုမိန့်တော်မူ၏။

         ခရစ်တော်သည် ဘုရားသခင်၏သိုးခြံအဝင်တံခါးဖြစ်တော်မူ၏။ ဘုရား သခင်၏ သားသမီးများသည် ရှေးယခင်မှစ၍ ဤတံခါး၀အားဖြင့်သာ အဝင်ပေါက် ကိုတွေ့ခဲ့ကြပါသည်။ သာဓကအားဖြင့်ဖော်ပြချက်များတွင်လည်း ကောင်း၊ ပုံဆောင် မှုများတွင်တွေ့ရသောပုံရိပ်များတွင်သော်လည်းကောင်း၊ ပုရောဖက်များ၏ ဗျာဒိတ် ရူပါရုံအားဖြင့် ဖော်ပြချက်များတွင်သော်လည်းကောင်း၊ တမန်တော်များအား သွန် သင်ခဲ့သော သင်ခန်းစာများနှင့် လူသားများအတွက် ပြုတော်မူခဲ့သော နိမိတ်လက္ခ ဏာများတွင်သော်လည်းကောင်း ခရစ်တော်သည် ဤလောက၏အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏သိုးသငယ်ဖြစ်ကြောင်း ကိုသူတို့မြင်တွေ့ကြရပြီး၊ ဌိုသခင် အားဖြင့် ၎င်းတို့အားကိုယ်တော်၏ကရုဏာ သိုးခြံထဲသို့ခေါ်ဆောင်တော်မူခဲ့ပါသည်။ များစွာသောလူများသည် လောကီ

သားများအား ယုံကြည်ခြင်းတိုးပွားလာစေရန်အလိုငှာ အကြောင်းအခြင်းအရာများ စွာတို့ကို တင်ပြခဲ့ကြပါသည်။ ဖြောင့်မတ်ရာသို့ရောက်၍ ဘုရားသခင်ထံတွင်ငြိမ် သက်ခြင်းကိုရကာ၊ သိုးခြံအတွင်းသို့ဝင်ရန်အလိုငှာ ဝိနည်းအထုံး အဖွဲ့နှင့် ဝတ်ပြု နည်းဆိုင်ရာ နည်းစနစ်များကို လူသားဖန်တီးစီစဉ်ခဲ့ကြပါသည်။ သို့ရာတွင် တစ်ခု တည်းသောတံခါး၀မှာ ခရစ်တော်သာဖြစ်ပါသည်။ ခရစ် တော်၏နေရာတွင် အခြား အရာတစ်ခုကိုအစားထိုးရန်ကြိုးစားသူအားလုံးနှင့် အခြားလမ်းမှသိုးခြံထဲသို့ ဝင်သော သူအားလုံးသည် သူခိုး၊ ဓားပြများသာဖြစ် ကြပါသည်။

         ဖာရိရှဲများမှာမူ၊ ဤတံခါး၀မှမဝင်ခဲ့ကြချေ။ ခရစ်တော်တည်းဟူသော သိုးခြံ တံခါးမှမဝင်ကြဘဲ၊ အခြားလမ်းများမှဝင်ရောက်လာခဲ့ကြသဖြင့် ၎င်းတို့ သည်စစ်မှန် သော သိုးထိန်း၏လုပ်ငန်းတာဝန်များကို ပျက်ကွက်ခဲ့ကြပါသည်။ ယဇ်ပုရောဟိတ် များ၊ ယုဒလူအကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲများသည် စိမ်းလန်း သော မြက်ခင်းများကိုဖျက်ဆီးခဲ့ကြပြီး၊ အသက်စမ်းရေ ကိုလည်းနောက်ကျိညစ် ထည်းစေခဲ့ကြပါသည်။ ဝိညာဉ်တော်ပဲ့ပြင်တော်မူခြင်း အားဖြင့် မှားယွင်းသော သိုး ထိန်းများ၏စရိုက်များကို ထိထိမိမိဖော်ပြထားသည်မှာ အားနည်းသောသိုးကို မမ စကြ။ နာသောသိုးကိုဆေးမကုကြ။ အရိုး ကျိုးသောသိုးကိုအဝတ်နှင့်မစည်းကြ။ သူ တစ်ပါးနှင်သောသိုးကိုလိုက်၍မဆောင် ခဲ့ကြ။ ပျောက်သောသိုးကိုမရှာကြ။ အနိုင် အထက်ပြု၍ကြမ်းတမ်းစွာစီရင်ကြ ပြီ ဟူ၍ဖြစ်၏။ ယေဇကျေလ ၃၄း၄။

         ခေတ်အဆက်ဆက်တွင် အတွေးအခေါ်ပညာရှင်များနှင့် ဆရာသမားကြီး များသည် အသက်ဝိညာဉ်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် မည့်နည်း လမ်းများကို ကမ္ဘာလောကအားတင်ပြခဲ့ပါသည်။ တစ်ပါးအမျိုးသား တိုင်းပြည်တိုင်း၌ လူသားများအား ခမည်းတော်ဘုရားသခင်ထံမှမျက်နှာလွှဲ စေလျက်၊ လူသားများ၏ စိတ်နှလုံးတွင် ကောင်းချီးမင်္ဂလာပေးမည့်ကိုယ်တော် အားကြောက်ရွံ့စေလျက်၊ ခရစ်တော်မပါဘဲ ကယ်တင်ခြင်းရနိုင်မည့်နည်းလမ်း များကို တင်ပြခဲ့ကြပါသည်။ ၎င်းတို့၏တိမ်းယိမ်းသောလုပ်ရပ်များသည် ဖန်ဆင်းခြင်းအားဖြင့်သော်လည်း ကောင်း၊ ရွေးယူခြင်းအားဖြင့်သော်လည်းကောင်း၊ ကိုယ်တော်ပိုင်ဆိုင်သည့် အရာ များကိုခိုးယူခြင်း၊ လုယူခြင်းသာဖြစ် ပါသည်။ ၎င်းပြင် မှားယွင်းသော ထိုဆရာများ သည် လူသားများကိုလုယူနေ ကြပါသည်။ သန်းပေါင်းများစွာ သောလူသားများ သည် ကြောက်ရွံ့မှုများ၊ လေးလန်ထိုင်းမှိုင်းသောစိတ်မဝင်စားမှုများဖြင့်၊ ဝန်တင် တိရစ္ဆာန်များနှယ်၊          မျှော်လင့်ချက်နှင့်ဝမ်းမြောက်မှုများကင်းမဲ့စွာဖြင့် ပင်ပန်း ကြီးစွာရုန်းကန်လှုပ်   ရှားလျက်၊ အနာဂတ်တွင်စိုးရွံ့စိတ်များဖြင့် မှားယွင်းသော ဘာ သာတရား၏ အနှောင်အဖွဲ့အောက်တွင် အသက်ရှင်နေကြပါသည်။ ထိုကဲ့သို့သော အသက် ဝိညာဉ်များအား မြှောက်တင်နိုင်သောတစ်ခုတည်းသောအရာမှာ ဘုရား သခင်၏ ကရုဏာတော်နှင့်ဆိုင်သည့် ဧဝံဂေလိတရားတော်ပင်ဖြစ်ပါသည်။ သား တော် ၌ထင်ရှားလျက်ရှိသော ဘုရားသခင်၏မေတ္တာတော်ကို စေ့စေ့ကြည့်ရှုဆင်ခြင် ခြင်းသည် အခြားမည်သည့်အရာကမျှမစွမ်းဆောင်နိုင်သည့် စိတ်နှလုံးလှုပ်ရှားမှု များနှင့် အသက်ဝိညာဉ်၏ တန်ခိုးထကြွမှုများကို ဖြစ်ပေါ်စေပါသည်။ လူသားများ တွင်ဘုရားသခင်၏သဏ္ဌာန်တော်ကို ပြန်လည်ဖန်ဆင်းနိုင်စေရန် အလိုငှာ၊ ခရစ် တော်သည် ဤကမ္ဘာသို့ကြွလာခဲ့ပါသည်။ မည်သူမဆို လူသားများအား ခရစ်တော် ထံမှဝေးကွာစေသောသူသည် ထိုလူသားများအား စစ်မှန်သောဖွံ့ဖြိုးမှုဖြစ် ပေါ်စေ သည့်နေရာမှ ဝေးကွာစေခြင်းသာဖြစ်ပါသည်။ ထိုသူသည် ၎င်းတို့ရထိုက်သော မျှော် လင့်ချက်၊ ရည်မှန်းချက်နှင့် အသက်တာ၏ ဘုန်းအသရေများကို ၎င်းတို့အားမပေး ဘဲထားခြင်းသာဖြစ်ပါသည်။ ထိုသူ သည်သူခိုး၊ ဓားပြတစ်ယောက်သာဖြစ်ပါသည်။

         သိုးထိန်းမူကားတံခါး၀ဖြင့်ဝင်တတ်၏ ခရစ်တော်သည်တံခါး၀ဖြစ်၍ သိုး ထိန်းလည်းဖြစ်တော်မူ၏။ ကိုယ်တော်သည် မိမိအလိုတော်အတိုင်း သိုးခြံတံခါး၀မှ ဝင်တော်မူ၏။ ၎င်းပြင် မိမိ၏ဆက်ကပ်ပူဇော်ခြင်းအားဖြင့် သိုးထိန်းဖြစ်လာတော်မူခဲ့ ပါသည်။ ထိုသူအားတံခါးစောင့်လည်းဖွင့်တတ်၏။သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည်မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ထုတ်ဆောင် တတ်၏။ သိုးများကိုထုတ်သောအခါ

သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကိုကျွမ်းသောကြောင့်လိုက်တတ် ကြ၏။

         ဖန်ဆင်းခြင်းခံရသောသတ္တဝါအားလုံးတို့တွင် သိုးသတ္တဝါသည် ခွန်အား နည်း၍ အကြောက်တတ်ဆုံးသော သတ္တဝါဖြစ်ပါသည်။ ထို့ကြောင့် အရှေ့နိုင်ငံများမှ သိုးထိန်းများသည် မိမိတို့၏သိုးများကိုမမောမပန်းတမ်း၊ မနားမနေစောင့်ရှောက်ကြ ရပါသည်။ ရှေးခေတ်အချိန်များ၌လည်း ယခုခေတ်အခါ မှာကဲ့သို့ပင် မြို့တံတိုင်းများ အပြင်သို့ထွက်သွားလျှင် လုံခြုံမှုနည်းပါးလာပါသည်။ နယ်ခြားဒေသများတွင် လှည့်လည်သွားလာနေကြသော လုယက်တိုက်ခိုက်သူများသည်လည်းကောင်း၊ ကျောက်ဆောင်များတွင်ကိန်းအောင်း၍ ချောင်းမြောင်းနေသော တောသားရဲများ သည်လည်းကောင်း သိုးစုများကိုတိုက် ခိုက်သတ်ဖြတ်ရန်စောင့်စားနေကြပါသည်။ သိုးထိန်းသည် မိမိအသက်ကို အန္တရာယ်ပြုနိုင်ကြောင်းသိလျက်နှင့်၊ မိမိ၏လုပ် ဆောင်ရမည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါသည်။ ခါရန်ဒေသတွင် လာဗန်၏သိုးများကိုထိန်း ကျောင်းခဲ့ရသည့်ယာကုပ်က ၎င်း၏ပင်ပန်းနွမ်းလျဖွယ် သောသိုးထိန်းအလုပ်နှင့် ပတ်သက်၍ ဖွင့်ဆိုထားသည်မှာ နေ့အချိန်၌ လည်းနေပူ ကိုလည်းကောင်း၊ အချိန်၌လည်းနှင်းခဲကိုလည်းကောင်း ခံရပြီ။ အအိပ်ပျက်ခြင်း ကိုလည်းခံရပြီ ဟူ၍ဖြစ်၏။ ကမ္ဘာ ၃၁း၄၀။ ဒါဝိဒ်သည်လည်း မိမိဖခင်၏ သိုးများ ကိုလည်း ထိန်းကျောင်းစဉ်၊ ခြင်္သေ့များနှင့်ဝက်ဝံများကိုရင်ဆိုင်ခဲ့ရပြီး၊ ၎င်းတို့၏ ပါး စပ် ထဲတွင်ရောက်နေသောသိုးများကို ပြန်လည်ကယ်ဆယ်ခဲ့ရပါသည်။ သိုးထိန်း သည် မိမိ၏သိုးများကို လျှိုမြောင်တောတောင်များကိုဖြတ်ကျော်၍ စိမ်းလန်းသော မြစ်ကမ်းနားရှိ၊ စားကျက်မြေသို့ကျောက်ပေါများသည့်တောင်ကုန်းများ အတိုင်း လမ်းပြပို့ဆောင်ခြင်းအားဖြင့်သော်လည်းကောင်း၊ တောင်ကုန်းများ ပေါ်ဝယ် တစ် ညလုံးသူခိုးများဘေးမှကာကွယ်လျက်၊ နာမကျန်း၍အားနည်း နေသောသိုးကလေး များကို ယုယစွာပြုစုခြင်းအားဖြင့်သော်လည်းကောင်း သိုး ထိန်း၏အသက်တာသည် သိုးကလေးများ၏အသက်တာနှင့် တစ်လုံးတစ်၀ တည်းဖြစ်လာခဲ့ပါသည်။ သို့နှင့်ပင်၊ မိမိ၏သိုးများအပေါ် ခိုင်မာနူးညံ့သော သံယောဇဉ်နှောင်ကြိုးများရစ်ပတ်လာခဲ့ပါ သည်။ သိုးစုသည်မည်မျှပင်ကြီးမား စေကာမူ သိုးထိန်းသည် မိမိ၏သိုးတိုင်းကို သိ ကျွမ်းပါသည်။ သိုးကလေးတိုင်း တွင်နာမည်ရှိထားပြီး၊ ၎င်းတို့၏နာမည်များကို သိုး ထိန်းကခေါ်လိုက်သည့် အခါတိုင်း ၎င်းတို့ကတုံ့ပြန်မှုပေးကြပါသည်။

         လောကသိုးထိန်းများသည် မိမိသိုးများကိုသိကျွမ်းကြသည့်နည်းတူ၊ မြတ် သောသိုးထိန်းကြီးကလည်း ကမ္ဘာအရပ်ရပ်တွင်ကွဲလွင့်နေသောမိမိ၏သိုးစု တို့ကို သိကျွမ်းတော်မူပါသည်။ ငါ၏ကျက်စားရာအရပ်၌ရှိသောငါ့သိုးတို့၊ သင်တို့သည် ငါ၏ လူဖြစ်ကြ၏။ ငါသည်လည်းသင်တို့၏ဘုရားသခင်ဖြစ်သည် ဟု အရှင်ထာ၀ရ ဘုရားမိန့်တော်မူ၏။ သင့်ကိုငါ့နာမဖြင့်မှည့်ပြီ ငါသည် ကိုယ်လက်ဝါး၌ သင့် ကိုစာထိုးပြီ။ ယေဇကျေ ၃၄း၃၁၊ ဟေရှာ ၄၃း၁၊ ၄၉း၁၆။

         သခင်ယေရှုသည် ကျွန်ုပ်တို့ကိုတစ်ဦးချင်းအလိုက်သိကျွမ်းတော်မူ ပါသည်။ ကျွန်ုပ်တို့၏ချွတ်ယွင်းချက်ကိုလည်း သိရှိထားတော်မူပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏နာမည်များကိုလည်း သိရှိတော်မူပါသည်။ ကျွန်ုပ်တို့နေထိုင်သော နေရာ များနှင့် လုပ်ကိုင်သောအလုပ်အကိုင်များကိုလည်း သိရှိတော်မူပါသည်။ ကိုယ်တော် သည် ဤမည်သောမြို့၊ ဤမည်သောလမ်းရှိ၊ ဤမည်သောအိမ်တွင်နေထိုင်သည့် ဤမည်သောမိမိ၏သိုးတစ်ကောင်ကိုသွား ရောက်ရှာဖွေရန် မိမိ၏အစေခံကျွန်များ အား ရံဖန်ရံခါညွှန်ကြားတော်မူတတ် ပါသည်။

         အသက်ဝိညာဉ်တစ်လုံးတည်းအတွက် ခရစ်တော်အသေခံသည့်နှယ်၊ သခင်ယေရှုသည် အသက်ဝိညာဉ်တိုင်းကိုကောင်းမွန်စွာသိကျွမ်းတော်မူပါသည်။ လူတိုင်းခံစားနေရသည့်ပူပန်သောကများသည် ကိုယ်တော်ရှင်၏နှလုံးသားကို နာ ကျင်စေပါသည်။ အော်ဟစ်တောင်းလျှောက်သံများကိုလည်း ကိုယ်တော်ကြားတော် မူပါသည်။ ကိုယ်တော်သည်လူအပေါင်းတို့အား မိမိထံတော်သို့ဆွဲ ယူတော်မူရန် ကြွ လာတော်မူခဲ့ပါသည်။ ငါ့နောက်သို့လိုက်လော့ဟု ကိုယ်တော် မိန့်တော်မူနေပြီး၊ မိန့် တော်မူသည့်အတိုင်း ကိုယ်တော်ထံသို့ချဉ်းကပ်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော် သည် ၎င်းတို့၏စိတ်နှလုံးထဲတွင် လှုပ်ရှားတော် မူပါသည်။ သို့ရာတွင် လူများစွာတို့ သည် ကိုယ်တော်ရှင်၏ဆွဲယူတော်မူ ခြင်းကို ငြင်းပယ်နေကြပါသည်။ ထိုသူများ သည် မည်သူများဖြစ်ကြောင်း ကိုလည်းကောင်း၊ မည်သူသည်မိမိ၏ခေါ်တော်မူသံကို ဝမ်းမြောက်ရွှင်လန်း စွာနားထောင်၍ ကိုယ်တော်၏ စောင့်ရှောက်မှုအောက်တွင် လာ ရောက်ခိုနား ရန်အဆင်သင့်ရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိရှိတော်မူပါ သည်။ ငါ့သိုးတို့သည် ငါ၏စကားသံကိုနားထောင်တတ်ကြ၏။ ငါသည်သူတို့ကို သိ ကျွမ်း၍ သူတို့သည်ငါ့နောက်သို့လိုက်ကြ၏ ဟု ကိုယ်တော်မိန့်တော်မူ ခဲ့ပါသည်။ ယေရှုသည်လူတိုင်းအား ကမ္ဘာပေါ်တွင်တစ်ဦးတည်းသာရှိသော လူသားကဲ့သို့ ဂရု စိုက်စောင့်ရှောက်တော်မူပါသည်။

         သူသည်မိမိသိုးတို့ကိုနာမည်ဖြင့်ခေါ်၍ ပြင်သို့ထုတ်ဆောင်တတ်၏----သိုးတို့ရှေ့မှာသွား၍သိုးများသည် သူ၏စကားသံကိုကျွမ်းသောကြောင့် လိုက်တတ် ၏။ အရှေ့တိုင်းမှသိုးထိန်းများသည် သိုးများကိုအတင်းအကျပ် ခြောက်လှန့်ပြီး၊ သိုးအုပ်နောက်မှမောင်းနှင်ကာ သိုးကျောင်းခြင်းမဟုတ်ဘဲ၊ ရှေ့မှနေ၍ခေါ်ငင်ကာ ထိန်းကျောင်းတတ်ကြပါသည်။ သိုးများသည် သူ၏ အသံကိုသိ၍ ခေါ်ရာသို့လိုက် တတ်၏။ ထိုနည်းတူကယ်တင်ရှင်သိုးထိန်းကြီး သည်လည်း မိမိသိုးများကိုပြုမူ ဆက် ဆံတော်မူပါသည်။ ကျမ်းစာလာသည် ကား၊ မောရှေနှင့်အာရုန်တို့လက်ဖြင့် ကိုယ် တော်၏လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏ဟူ၍ဖြစ်၏။ ဆာလံ ၇၇း၂၀။ ခရစ်တော်သည် ပုရောဖက် တစ်ပါးအားဖြင့်မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာ၀ရမေတ္တာနှင့်သင့် ကိုငါချစ်၏။ ထိုကြောင့် ကရုဏာကျေးဇူးကို သင်၌ကြာမြင့် စွာပြ၏။ ယေ ၃၁း၃။ နောက်တော်သို့လိုက်လာသည့်မည်သူကိုမဆို ကိုယ်တော် ဟန့်တား တော်မမူဘဲ မေတ္တာကြိုးနှင့်ငါဆွဲငင်၏ ဟုမိန့်တော်မူ၏။ ဟောရှေ ၁၁း၄။

         ခရစ်တော်၏ တပည့်တော်များသည် ထာ၀ရခံစားရမည့် အကျိုးအပြစ် ကြောင့် ကိုယ်တော်နောက်သို့လိုက်ခဲ့ကြခြင်းမဟုတ်ချေ။ ဗက်လင်မြို့ရှိနွား စားခွက်မှ ကရာနီကပ်တိုင်အထိ ကိုယ်တော်၏လောကအသက်တာတစ်ခုလုံး တွင်ဖော်ပြခဲ့ သည့် အတုမရှိသော မေတ္တာတော်ကိုမြင်တွေ့ခဲ့ကြရပြီး ထိုမြင်ကွင်းသည် ၎င်းတို့ အားဆွဲဆောင်ကာ စိတ်နှလုံးများကို နူးညံ့ပျော့ပျောင်းစေခဲ့ပါ သည်။ တွေ့မြင်ရသူ များ၏ စိတ်နှလုံးတွင် မေတ္တာတရားများနိုးကြားလာပါ သည်။ ထိုနောက် ကိုယ်တော် အသံတော်ကိုကြားသောအခါ သူတို့သည် ကိုယ်တော်နောက်သို့ လိုက်ခဲ့ကြပါ သည်။

         သိုးထိန်းသည် သိုးစု၏ရှေ့မှသွားပြီး လမ်းခရီးတွင်တွေ့ကြုံရမည့် အန္တရာယ် များကို ရှေးဦးစွာရင်ဆိုင်တတ်သကဲ့သို့ သခင်ယေရှုသည်လည်း ထိုနည်းအတူ မိမိ လူများအတွက်ပြုတော်မူခဲ့ပါသည်။ သိုးများကိုထုတ်သော အခါသိုးတို့ရှေ့မှာသွား ကောင်းကင်နိုင်ငံတော်သို့ သွားသောလမ်းကို ခရစ်တော်၏ ခြေရာတော်များ ဖြင့် ပြင်ဆင်တော်မူထားပါသည်။ ထိုလမ်းခရီးသည် မတ်စောက်၍ ကြမ်းတမ်း ကောင်းကြမ်းတမ်းမည်ဖြစ်သော်လည်း ထိုလမ်းကို ခရစ်တော်ကိုယ်တိုင် လျှောက်ခဲ့ ဖူးလေပြီ။ ကျွန်ုပ်တို့အလွယ်တကူလျှောက်လှမ်း နိုင်ရန်အလိုငှာ ကိုယ်တော်၏ ဖဝါးတော်များသည် အဆိပ်ပြင်းသောဆူးများကို နင်းချေတော် မူခဲ့ပေပြီ။ ထို့ပြင် ကျွန်ုပ်တို့ထမ်းရွက်ရန်မိန့်မှာထားတော်မူ သည့်ဝန်များကိုလည်း ကိုယ်တော်တိုင် ထမ်းခဲ့ဖူးလေပြီ။

         ယခုအချိန်တွင် ကိုယ်တော်သည် ထာ၀ရဘုရားသခင်၏ ရှေ့တော်မှောက် သို့တက်ကြွသွားတော်မူပြီး၊ အဖဘုရားသခင်နှင့်အတူ ရာဇပလ္လင်ပေါ်တွင် စိုးစံတော် မူနေသော်လည်း၊ ကရုဏာတော်နှင့်ပြည့်၀သော မိမိ၏မည်သည့် သဘာ၀ကိုမျှ လက်လွှတ်ဆုံးရှုံးခံတော်မမူပါ။ နူးညံ့သိမ်မွေ့၍သနားခြင်း  ကရုဏာနှင့်ပြည့်၀တော် မူသော ကိုယ်တော်၏စိတ်နှလုံးတော်သည် လူသား အားလုံးကိုဖွင့်ဟကြိုဆိုလျက်ရှိ ပါသည်။ ယနေ့တွင် ထိုးဖောက်ခြင်းခံရသော ထိုလက်တော်သည် ကမ္ဘာပေါ်တွင်နေ ထိုင်လျက်ရှိကြသော မိမိ၏လူများအား ကြွယ်၀သောကောင်းချီးမင်္ဂလာများကို ချ ပေးရန် လက်ကမ်းလျက်ရှိနေပါသည်။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မ ပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ် သူမျှထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ။

         မိမိကိုယ်ကိုခရစ်တော်အား ဆက်ကပ်အပ်နှံထားသော ဝိညာဉ်တစ်လုံး သည် ကိုယ်တော်၏မျက်မှောက်တွင် လောကကမ္ဘာတစ်ခုလုံးထက် ပို၍အဖိုးထိုက် တန်ပါသည်။ ဝိညာဉ်တစ်လုံးကယ်တင်ခြင်းရမည်ဆိုလျှင်ပင်၊ ထိုဝိညာဉ်တစ်လုံးအ တွက် ခရစ်တော်သည် ကရာနီ၏ဒုက္ခဆင်းရဲခြင်းများကို ခံယူခဲ့ပါ လိမ့်မည်။ ကိုယ် တော်သည် မိမိအသွေးတော်နှင့်ဝယ်ယူခဲ့သည့် မည်သည့် ဝိညာဉ်တစ်လုံးကိုမျှ စွန့် ပစ်တော်မူလိမ့်မည်မဟုတ်ချေ။ ကိုယ်တော်အားစွန့်ခွာ ရန်မရွေးချယ်သော သား သမီးများ မြဲမြံစွာစောင့်ရှောက်တော်မူလိမ့်မည်။

         စမ်းသပ်စစ်ဆေးမှုတစ်လျှောက်တွင် ကျွန်ုပ်တို့၌လက်မနှေးသောမစ အရှင် တစ်ပါးရှိပါသည်။ ကိုယ်တော်သည်ကျွန်ုပ်တို့အား အကူအညီမဲ့ အခြေအနေမျိုးဖြင့် စုံးစမ်းနှောင့်ယှက်ခြင်းများတွင်ရုန်းကန်ရန်၊ ဒုစရိုက်များကိုတွန်းလှန် ရန်နှင့်နောက် ဆုံးတွင်ဝမ်းနည်းပူဆွေးမှုများကိုခံစားကြစေရန် စွန့်ပစ်ထား တော်မမူပါ။ သေမျိုးဖြစ် သောလူသားများ၏မျက်စိများဖြင့် ယခုအခါတွင် ကိုယ်တော်အား မမြင်တွေ့နိုင် သော်လည်း၊ မကြောက်နှင့်၊ သင်တို့နှင့်ငါအတူ ရှိတော်မူ၏။ ငါသည်အသက်ရှင် သောသူလည်းဖြစ်၏၊ ငါသည်အလျင်သေ သည်ဖြစ်၍ ကမ္ဘာအဆက်ဆက် အသက် နှင့်ပြည့်စုံ၏ဟူ၍ မိန့်မြွက်နေသော ကိုယ်တော်၏အသံတော်ကို ယုံကြည်ခြင်းနား များဖြင့်ကြားနိုင်ကြပါသည်။ ဗျာဒိတ် ၁း၁၈။ ငါသည်သင်ခံစားနေရသော ဝမ်းနည်းမှု များ၊ သင်တွေ့ကြုံနေရသော ရုန်းကန်မှုများနှင့် သင်ရင်ဆိုင်နေရသည့် စုံစမ်းနှောင့် ယှက်ခြင်းများ ကို တွေ့ကြုံခံစားပြီးခဲ့ချေပြီ။ သင့်မျက်စိမှကျလျက်ရှိသော မျက်ရည် များကို လည်း ငါမြင်တော်မူပါသည်။ ငါကိုယ်တိုင်လည်းငိုခဲ့ရပြီးချေပြီ။ အခြားလူ သားများမကြားနိုင်လောက်အောင် နက်ရှိုင်းသည့် သင်၏ငိုရှိုက်သံများကိုလည်း ငါ ကြားပါသည်။ သင့်ကိုစွန့်ပစ်ထားသည်ဟုမထင်ပါနှင့်။ သင်၏နာကျင်မှု ဝေဒနာအ တွက် ကမ္ဘာပေါ်ရှိလူသားများကမတုံ့ပြန်ကြသော်လည်း ငါ့ကိုကြည့် ၍အသက်ရှင်ပါ။ တောင်ကြီးတို့သည်ရွေ့၍ တောင်ငယ်တို့သည်လှုပ်ရှား သော်လည်း ငါ၏မေတ္တာ သည်သင်မှမရွေ့ရ၊ ငါ၏ငြိမ်သက်ခြင်းပဋိညာဉ် လည်းမလှုပ်ရှားရဟု သင်၌သနား ခြင်း ကရုဏာစိတ်ရှိတော်မူသော ထာ၀ရ ဘုရားမိန့်တော်မူ၏။ ဟေရှာ ၅၄း၁၀။

         သိုးထိန်းတစ်ဦးသည် ၎င်း၏သိုးစုကိုဤမျှလောက်ချစ်သည်မှန်လျှင် ထို ထက်မကသောမေတ္တာဖြင့် မိမိ၏သားသမီးများကိုလည်း ထိုသိုးထိန်းချစ် ပေ၏။ သခင်ယေရှုသည် ကျွန်ုပ်တို့၏သိုးထိန်းကြီးဖြစ်သည်သာမက၊ ကျွန်ုပ်တို့၏ ထာ၀ရ အသက်ရှင်တော်မူသော ခမည်းတော်လည်းဖြစ်တော်မူ၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်းခမည်းတော်ကိုသိသကဲ့သို့ ငါ၏ သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့သည်လည်းငါ့ကိုသိကြ၏ ဟုထပ်လောင်း၍ ကိုယ်တော်မိန့်တော်မူပါ သည်။ ယော ၁ဝး၁၄၊၁၅။ ခရစ်တော်နှင့်ကမ္ဘာပေါ် တွင်ရှိကြသော ကိုယ်တော်၏ သားသမီးများအကြား ဆက်နွှယ်မှုကိုရုပ်လုံး ဖော်ရန် တစ်ပါးတည်းရှိတော်မူသော သားတော်တည်းဟူသော ခမည်းတော်၏ ရင်ခွင်၌စိုးစံတော်မူသော၊ ငါ၏အပေါင်းအ ဖော်ဖြစ်သောသူဟု ဘုရားသခင် မိန့်တော်မူခြင်းခံရသော ခရစ်တော်နှင့်ထာ၀ရ ဘုရားသခင်အကြား ဆက်နွှယ် မှုကိုဖော်ပြချက်တစ်ရပ်တွင် အသုံးပြုထားပါသည်။

         ကျွန်ုပ်တို့သည် အဖခမည်းတော်ပေးသနားတော်မူသည့် ဆုလက်ဆောင် များဖြစ်ကြပြီး၊ ကိုယ်တော်၏ဖန်ဆင်းခြင်းဆိုင်ရာဆုလာဘ်များဖြစ် ကြသောကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အားချစ်တော်မူပါသည်။ သားသမီး အရင်းကဲ့သို့ ချစ်မြတ် နိုးတော်မူပါသည်။ စာဖတ်နေသည့်ချစ်မိတ်ဆွေခင်ဗျား၊ သင့်ကိုခရစ်တော် ချစ်တော် မူပါသည်။ ကောင်းကင်နိုင်ငံတော်သည် ထိုထက် ကြီးမားကောင်းမြတ်သည့် မေတ္တာ ကို ပေးသနားခြင်းငှာမစွမ်းနိုင်ပါတော့ချေ။ ထို့ကြောင့် ကိုယ်တော်ကိုယုံကြည် ပါမိတ် ဆွေ။

         သခင်ယေရှုသည် မှားယွင်းသောသိုးထိန်းများ၏လမ်းပြပို့ဆောင်မှု ကိုခံနေ ကြရသော ကမ္ဘာအနှံ့ရှိအသက်ဝိညာဉ်များကို စိတ်မျက်စိတွင် မြင်ယောင်တော်မူ လျက်ရှိပါသည်။ ကျက်စားရာအရပ်တွင် မိမိစုရုံးလိုသောသိုးများသည် ဝံပုလွေများ အလယ်၌ကွဲလွင့်လျက်ရှိနေကြသည်ကိုမြင်တော်မူလျှင် ဤသိုး ခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင် ခဲ့ရမည်။ သူတို့သည် လည်း ငါ့စကားသံကိုနားထောင်သဖြင့် သိုးခြံတစ်ခု၊ သိုးထိန်းတစ်ပါးတည်း ရှိရလိမ့် မည် ဟုမိန့်တော်မူ၏။ ယော ၁ဝး၁၆။

         ငါသည်ကိုယ်အသက်ကိုစွန့်၍ နောက်တစ်ဖန်ယူဦးမည်ဖြစ်သော ကြောင့် ငါ့ခမည်းတော်သည်ငါ့ကိုချစ်တော်မူ၏။ အဓိပ္ပါယ်မှာ၊ ငါ့ခမည်း တော်သည် သင့်ကို  အလွန်ချစ်တော်မူသဖြင့် သင့်ကိုကယ်တင်ဖို့၊ ငါ့အသက် ကိုစွန့်လွှတ်ရန်ကိုပင် နှစ် သက်တော်မူ၏။ ငါသည်ကိုယ်အသက်ကိုပေးခြင်း အားဖြင့်သော်လည်းကောင်း၊ သင် ပေးဆပ်ရမည့်အရာနှင့် သင်၏လွန်ကျူး ခြင်းများကို ငါယူတင်ဝတ်ဆောင်ခြင်း အား ဖြင့်သော်လည်းကောင်း ငါသည် သင့်ကိုယ်စားဒုက္ခခံမည့်သူဖြစ်လာခြင်းအားဖြင့် ငါ ၏အဖဘုရားသခင်၏ နှစ်သက်မြတ်နိုးမှုကိုခံယူလျက်ရှိသည်ဟူ၍ဖြစ်၏။

         ငါသည်ကိုယ်အသက်ကိုစွန့်၍နောက်တစ်ဖန်ယူဦးမည်။--ငါ့အသက်ကို အဘယ်သူမျှမလုမယူ၊ ကိုယ်အလိုအလျောက်ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တစ်ဖန်ကိုယ်အသက်ကိုယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ကိုယ်တော်သည် လူသားမိသားစုဝင်တစ်ဦးအနေဖြင့် သေမျိုးတစ်ယောက်ဖြစ်နေ သော်လည်း ဘုရားတစ်ဆူကဲ့သို့ပင် လောကီသားများ အတွက် အသက်စမ်းရေဖြစ် တော်မူဆဲဖြစ်ပါသည်။ သေမင်း၏အရိပ်လွှမ်းမိုး မှုကိုငြင်းဆန်မည်ဆိုလျှင် ငြင်းဆန် နိုင်ပါသော်လည်း၊ အလင်းတော်သို့ထာ၀ရ တည်ရှိခြင်းနှင့် ထာ၀ရအသက်ကိုယူ ဆောင်လာနိုင်စေရန်အလိုငှာ မိမိအသက် ကိုမိမိအလိုတော်အတိုင်း စွန့်တော်မူခဲ့ပါ သည်။ လူသားများအား ထာ၀ရသေ ခြင်းမှလွတ်ကင်းစေရန်အလိုငှာ ယဇ်ကောင် တစ်ကောင်ကဲ့သို့ မိမိအသက် တော်ကိုစွန့်လွှတ်ကာ လောကီသားများ၏ အပြစ်များ ကိုယူတင်ဝတ်ဆောင်ပြီး၊ အပြစ်၏ကြိမ်ဒဏ်များကိုခံယူတော်မူခဲ့ပါသည်။ ထိုသူ သည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ထိုသူသည် ငါတို့ လွန်ကျူးခြင်း အပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ ငါတို့ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံ ရသောဒဏ်ချက်အားဖြင့် ငါတို့သည်အနာပျောက်လျက်ရှိကြ၏။ ငါတို့ ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက် ကိုယ်လမ်းသို့အသီးသီးလိုက်သွားကြ သည်ဖြစ်၍ ထာ၀ရ ဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏ ဟေရှာ ၅၃း၄-၆။

 


No comments:

Post a Comment