ဗိမာန်တော်ကိုနောက်တစ်ဖန်ဆေးကြောခြင်း
မဿဲ ၂၁း၁၂-၁၆၊ ၂၃-၄၆။ မာကု ၁၁း၁၅-၁၉၊ ၂၇-၃၃။ ၁၂း၁-၁၂။ လု ကာ ၁၉း၄၅-၄၈။ ၂ဝး၁-၁၉ တို့ကိုအခြေပြုထားပါသည်။
ခရစ်တော်သည် မိမိအမှုတော်အစပြုတော်မူသောအချိန်တွင် မသန့်ရှင်း သော အရောင်းအဝယ်များနှင့် ဗိမာန်တော်အား ညစ်ညမ်းစေသောသူများအား ဗိမာန်တော်မှ နှင်ထုတ်တော်မူခဲ့ပါသည်။ ကိုယ်တော်၏တင်းမာ၍ ထူးကဲခမ်းနား သောအပြုအမူသည် မသမာမှုများကိုကြံစည်နေသော ထိုကုန်သည် များ၏စိတ်နှ လုံးထဲဝယ် ကြောက်ရွံ့မှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။ အမှုတော် အဆုံးသတ်မည့် အချိန်တွင်လည်း ကိုယ်တော်သည် ဗိမာန်တော်သို့တစ်ဖန် ကြွလာတော်မူခဲ့ရာ ယ ခင်ကအတိုင်းပင် ဘုရားသခင်ကို မလေးမစားပြုလုပ်နေကြဆဲ ဖြစ်ကြောင်းကို တွေ့ ရှိတော်မူခဲ့ပါသည်။ အခြေအနေမှာ ယခုကထက်ပင်ပို၍ ဆိုးရွားနေကြောင်းတွေ့ ခဲ့ရပါသည်။ ဗိမာန်တော်၏အပြင်ပရဝဏ်သည် နွားခြံကြီးတစ်ခုကဲ့သို့ဖြစ်နေပါသည်။ တိရစ္ဆာန်အော်သံများနှင့် စူးရှနေသော ငွေဒင်္ဂါးသံများသည် ရောင်းဝယ်နေသူများ အကြားဖြစ်ပွားနေသော ဒေါသတကြီးငြင်းခုံသံများနှင့် ရောထွေးဆူညံနေပါတော့ သည်။ ထိုငြင်းခုံနေသော အသံများထဲတွင် ဘုရားသခင်၏ သန့်ရှင်းသောအမှုတော် တွင် တာဝန်ထမ်းဆောင်နေကြသည့် လူများ၏အသံများလည်း ပါဝင်နေပါသည်။ ဗိမာန်တော်အရာရှိများသည် တိရစ္ဆာန်အရောင်းအဝယ် လုပ်ငန်းများနှင့် ငွေလဲ လှယ်သည့် လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ပတ်သက်နေခဲ့ကြပါသည်။ ၎င်းတို့အား လောဘရမ္မက်ကြီးသောစိတ်များက လုံးလုံးထိန်းချုပ်ထားခဲ့သဖြင့် ဘုရားသခင်၏ မျက်မှောက်တွင် ၎င်းတို့သည် သူခိုးဓားပြထက်မသာခဲ့ကြပါချေ။ ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် မိမိတို့ထမ်းဆောင်ရ မည့်အမှုတော်၏ ကြီးမြတ်မှုများကို မဆိုသလောက်သာ သိရှိနားလည်ကြပါသည်။ ပသခါပွဲနှင့်သကေနေပွဲနေ့တိုင်းတွင် ထောင်ပေါင်းများစွာသော တိရစ္ဆာန်များကို သတ်၍ အသွေးကိုခံကာ ယဇ်ပလ္လင်ပေါ်ဝယ် သွန်းလောင်းခဲ့ကြပါသည်။ ထိုယုဒ များသည် ယဇ်ကောင်များ၏ အသွေးများအပေါ် သာမညသာသဘောထားလာခဲ့ကြ ပြီး ထိုတိရစ္ဆာန်များကိုအသွေးသွန်းစေမှုတွင် အပြစ်တရားသည် မဓါနကျကြောင်းကို မျက်ခြည်ပြတ်လုနီးပါး ဖြစ်ခဲ့ကြပါသည်။ ထိုအသွေးသည် လောကသားများကို အသက်နှင့်ပြည့်စုံစေရန် သွန်းခြင်းခံရမည့် ဘုရားသခင်၏အသွေးတော်ကို ပုံဆောင် ထားကြောင်းကိုလည်းကောင်း၊ ပူဇော်သောဤယဇ်ကောင်သည် ကပ်တိုင်အတင်ခံရ မည့်ကယ်တင်ရှင်ကို ပြညွှန်နေကြောင်းကိုလည်းကောင်း သူတို့နားမလည်ခဲ့ကြချေ။
ယေရုရှလင်သည် ယဇ်ပူဇော်ရန် သတ်ဖြတ်ခြင်းခံရသော အပြစ်မဲ့သား ကောင်များကို မျှော်ကြည့်တော်မူခဲ့ပြီး ယုဒများသည် အရေးကြီးသော ဤအစည်းအ ဝေးများကို သွေးထွက်သံယို၍ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းများဖြစ်စေခဲ့ ကြောင်းကိုလည်း မြင်တွေ့တော်မူခဲ့ပါသည်။ သူတို့သည် အပြစ်အတွက် နှိမ့်ချသော နောင်တတရားများပွားများရမည့်အစား စိတ်မပါသော ယဇ်ပူဇော်ခြင်းများဖြင့် လည်း ဘုရားသခင်အား ဂုဏ်ပြုချီးမြှောက်နိုင်သည့် သဘောမျိုးဖြင့် များစွာသော ယဇ်ကောင်များကိုသတ်၍ ပူဇော်ခဲ့ကြပါသည်။ ထိုယဇ်ပုရောဟိတ်များသည် မိမိတို့၏စိတ်နှလုံးများကို တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် လောဘဇောတက်ခြင်းများအား ဖြင့် မာကျောစေခဲ့ကြပါသည်။ ဘုရားသခင်၏သိုးသငယ်ကိုပြညွှန်သည့် အထိမ်းအမှတ်တစ်ခုကို အမြတ်အစွန်းရရှိစေသောနည်း လမ်းတစ်ခုဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် ယဇ်ပူဇော်ခြင်းဆိုင်ရာ ဝတ်ပြုကိုးကွယ်မှု၏ သန့်ရှင်းစင်ကြယ်မှုများသည် လူ အများ၏မျက်စိထဲဝယ် အလွန်ကြီးမားသော အတိုင်းအတာအထိပပျောက်သွားခဲ့ပါသည်။ ဤလောက၏အပြစ်အတွက် မကြာမီတွင် သွန်းလောင်းခြင်းခံရတော့မည့် မိမိ၏အသွေးတော်ကို ယဇ်ပုရောဟိတ်များအဆက်မပြတ် သွန်းလောင်းစေခဲ့သော တိရစ္ဆာန်၏ အသွေးများလောက်သာ အလေးအမြတ်ပြုကြောင်း သိရှိရသောအခါ သခင်ယေရှုသည် မခံမရပ်နိုင်ဖြစ်လာကာ အမျက်ဒေါသထွက်ခဲ့ပါသည်။
ခရစ်တော်သည် ဤအကျင့်ဓလေ့များနှင့်ဆန့်ကျင်၍ ပုရောဖက်များမှတစ် ဆင့် မိန့်မြွက်တော်မူခဲ့ဖူးပါသည်။ ရှမွေလအားဖြင့် မိန့်တော်မူသည်ကား “နား ထောင်ခြင်း၌ အားရတော်မူသကဲ့သို့ မီးရှို့ရာယဇ်အစရှိသောယဇ်မျိုးတို့ကို ပူဇော် ခြင်း၌ အားရတော်မူမည်လော၊ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏၊ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ကောင်း၏” ၁ရာ ၁၅း၂၂။ ဟေရှာယသည် ယုဒများ၏အယူဝါဒဖောက်ပြန်မှုများကို ရူပါရုံတွင်မြင်တွေ့ရပြီး ၎င်း တို့အား သောဒုံနှင့်ဂေါမောရကိုအစိုးရသော မင်းများအနေဖြင့် မိန့်မြွက်ထားသည်မှာ “သောဒုံမြို့ကိုအစိုးရသောမင်းတို့၊ ထာ၀ရဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြ လော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရားတော်ကိုနားထောင်ကြလော့။ ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ပူဇော်သောယဇ်အများကို ငါသည်အ ဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ပူဇော်သော သိုးကောင်ဆူဖြိုးအောင် ကျွေးသော တိရစ္ဆာန်တို့၏ဆီဥနှင့်ငါ၀ပြီ။ နွားနှင့်သိုးသငယ်ဆိတ်တို့၏ အသွေးကိုငါမနှစ်သက်၊ သင်တို့သည် ငါ့ရှေ့မှာမျက်နှာပြခြင်းငှာ လာကြသောအခါ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသူတို့၌ ထိုသို့သောဝတ်ကို အဘယ်သူတောင်းသနည်း။” “ကိုယ် ကိုကိုယ်ဆေးကြောကြလော့၊ ကိုယ်ကိုကိုယ်စင်ကြယ်စေကြလော့၊ သင်တို့ဒုစရိုက် များကို ငါ့မျက်မှောက်မှပယ်ရှားကြလော့၊ မကောင်းသောအကျင့်ကိုဖြတ်ကြလော့၊ ကောင်းသောအကျင့်ကိုကျင့်အံ့သောငှာ သင်ကြလော့၊ တရားသဖြင့်ပြုခြင်း ငှာရှာ ကြံကြလော့၊ ကောက်သောအရာကို ဖြောင့်စေကြလော့၊ မိဘမရှိသော သူတို့အဖို့ တရားသဖြင့်စီရင်ကြလော့၊ မုဆိုးမတို့၏အမှုကိုစောင့်ကြလော့။” ဟေရှာယ ၁း၁၀-၁၂၊ ၁၆-၁၇။
ဤအနာဂတ္တိစကားများကို ကိုယ်တိုင်ပေးတော်မူခဲ့သော ကိုယ်တော်သည် ယခုတွင် နောက်ဆုံးအကြိမ်အနေဖြင့် ထိုသတိပေးစကားကိုထပ်လောင်း မိန့်မြွက်ခဲ့ ပါသည်။ ထိုလူများသည် သခင်ယေရှုအား ဣသရေလဘုရင်အဖြစ် ကြေညာခဲ့ခြင်း အားဖြင့် အနာဂတ္တိစကားကို ပြည့်စုံစေခဲ့ပါသည်။ ကိုယ်တော်သည် ၎င်းတို့၏ ဂါရ၀ ပြုမှုကိုလက်ခံတော်မူ၍ ၎င်းတို့ကြေညာခဲ့သော ဘုရင်ရာထူးကို လက်ခံတော်မူခဲ့ပါ သည်။ ကိုယ်တော်သည် ဤအခြေအနေအတိုင်း ပြုမူဆောင်ရွက်သွားရပါမည်။ ယဇ် ပုရောဟိတ်များ၏ ပျက်စီးယိုယွင်းနေသော အခြေအနေများကို ပြန်လည်ပြုပြင်ရန် လုပ်ဆောင်ခဲ့သည့် မိမိ၏ကြိုးစားမှုများသည်လည်း အချည်းနှီးဖြစ်သွားခဲ့လိမ့်မည်ကို ကိုယ်တော်သိရှိငြားသော်လည်း ထိုပြုပြင်ရေးလုပ်ငန်းများကို လုပ်ဆောင်ရမည်သာ တည်း။ မိမိ၏အမှုတော်လုပ်ငန်းသည် ဘုရားသခင်စေလွှတ်ခိုင်းစေသော လုပ်ငန်း ဖြစ်ကြောင်း သက်သေအထောက်အထားများကို မယုံကြည်သောထိုယုဒလူမျိုးအား ပြသရမည်သာတည်း။
ကိုယ်တော်ရှင်၏ စူးရှသောအကြည့်သည် အလေးအမြတ်ပြုခြင်းမခံရသော ဗိမာန်တော်ပရဝဏ်ဆီသို့ ရောက်သွားခဲ့ပါသည်။ လူတိုင်းသည် ကိုယ်တော်ရှင် ဘက်သို့လှည့်၍ ကြည့်ခဲ့ကြပါသည်။ ယဇ်ပုရောဟိတ်များနှင့် ယုဒအကြီးအကဲများ သည်လည်းကောင်း၊ ဖာရိရှဲများနှင့်တစ်ပါးအမျိုးသားတို့သည်လည်းကောင်း၊ ကောင်း ကင်နိုင်ငံမှဘုရင်မင်းမြတ်၏ ကြီးမြတ်မှုများနှင့် ပြည့်စုံစွာဖြင့် မိမိတို့ရှေ့မှောက်တွင် ရပ်နေသော ကိုယ်တော်အား စိုးရွံ့ထိတ်လန့်မှုဖြင့် အံ့အားသင့်စွာဖြင့် ကြည့်ရှုခဲ့ကြ ပါသည်။ ယခင်ကတစ်ခါမျှ ထင်ထင်ရှားရှားမပြခဲ့ဖူးသော ဘုန်းတန်ခိုးတော်များနှင့် ခရစ်တော်အားဆင်မြန်းလျက် ဘုရားဇာတိတော်သည် လူသားဇာတိအားဖြင့် ထွန်း တောက်လျက်ရှိခဲ့ပါသည်။ ကိုယ်တော်ရှင်၏အနီးတွင် ရပ်နေသောလူအုပ်ကြီးသည် တတ်နိုင်သမျှအဝေးသို့ ဖယ်ရှားသွားခဲ့ကြပါသည်။ အနည်းငယ်သော တမန်တော် များသာမရှိခဲ့လျှင် ထိုနေရာတွင် ကိုယ်တော်တစ်ပါးတည်းသာရှိနေခဲ့လိမ့်မည်။ ဘာ သံမှမကြားရအောင် ဆိတ်ငြိမ်သွားခဲ့ပါသည်။ နက်ရှိုင်းသောဆိတ်ငြိမ်မှုသည် သည်း မခံနိုင်လောက်အောင် တိတ်ဆိတ်လွန်းလှပါသည်။ လူထုကြီးအားယိမ်းယိုင်သွား စေ သည့် ပြင်းထန်သောမုန်တိုင်းတစ်ခုနှင့်တူသော တန်ခိုးတော်အားဖြင့် ခရစ်တော်မိန့် တော်မူသည်ကား “ငါ့အိမ်ကိုလူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ငါ့အိမ်ကိုဓားပြ တွင်းဖြစ်စေကြပြီတကား” ဟူ၍ဖြစ်၏။ အသံတော်သည် တံပိုးခရာသံတစ်ခုနှယ် ဗိမာန်တော်ထဲဝယ် မြည်ဟည်းနေပြီး မျက်နှာတော်ပေါ်ဝယ် ထင်ပေါ်နေသည့် မ နှစ်မြို့မှုများသည် လောင်ကျွမ်းသည့်မီးလျှံ နှယ်ဖြစ်နေပါသည်။ ထိုနောက် တန်ခိုး အာဏာနှင့်ပြည့်သောအသံဖြင့် “ဤဥစ္စာများကိုယူသွားကြ” ဟူ၍မိန့်တော်မူလိုက်၏။ ယောဟန် ၂း၁၆။
လွန်ခဲ့သည့်သုံးနှစ်အချိန်က ဤယဇ်ပုရောဟိတ်များသည် ခရစ်တော်၏ နှင် ထုတ်မှုကြောင့် ဗိမာန်တော်မှထွက်ပြေးခဲ့ရကာ အရှက်ကွဲခဲ့ဖူးပါသည်။ သူတို့သည် ထိုအချိန်မှစ၍ သူမတူအောင်နိမ့်ကျသည့် ထိုသူကိုအဘယ်ကြောင့်ကြောက်ရွံ့ခဲ့မိ ကြပြီး ဘာမျှစောဒကမတက်ဘဲ နားထောင်မိခဲ့ကြကြောင်းကို စဉ်းစားတွေးတော ခဲ့ဖူးကြပါသည်။ ထိုကဲ့သို့သော မိမိတို့၏ဂုဏ်အသရေနှင့် မအပ်စပ်သည့် အဖြစ်အ ပျက်မျိုး နောက်တစ်ခါမဖြစ်နိုင်ဟု သူတို့ထင်မိခဲ့ကြသော်လည်း ယခုအကြိမ်တွင် ယခင်အကြိမ်ကထက်ပို၍ ကြောက်အားပိုခဲ့ကြပြီး ကိုယ်တော်၏ အမိန့်တော်ကို လည်း အမြန်နာခံမိခဲ့ကြပါသည်။ ကိုယ်တော်၏အာဏာတော်အား စောဒကတက်ဝံ့ သည့်သူတစ်ဦးမျှမရှိခဲ့ချေ။ ယဇ်ပုရောဟိတ်များနှင့် ထိုကုန်သည်များသည် ၎င်းတို့၏ တိရစ္ဆာန်များကိုမောင်းနှင်ကာ ကိုယ်တော်ရှေ့တော်မ Sထွက်သွားခဲ့ကြပါသည်။
ထိုသို့ထွက်ပြေးကြစဉ် ကိုယ်တော်ရှင်ကို မေးမြန်းစုံစမ်းလျက် လူနာတစ်ဦး အားသယ်ယူလာသည့်လူတစ်စုနှင့် လမ်း၌သူတို့တွေ့ကြပါသည်။ ထွက်ပြေးသွား ကြသည့် ထိုလူများ၏သတင်းပေးမှုများကြောင့် တချို့လူများသည် ကိုယ်တော်ရှင့် ထံသို့ ဆက်မလာတော့ဘဲ လှည့်၍ပြန်သွားခဲ့ကြပါသည်။ ကြည့်လိုက်ရုံနှင့် ယဇ်ပု ရောဟိတ်များ ထွက်ပြေးသွားလောက်အောင် တန်ခိုးကြီးတော်မူသော ထိုပုဂ္ဂိုလ်နှင့် သွားရောက်တွေ့ဆုံရန် သူတို့ရွံ့ခဲ့ကြပါသည်။ သို့သော်လည်း များပြားလှစွာသော လူ အုပ်ကြီးမှာမူ တစ်ခုတည်းသောမျှော်လင့်ရာ ထိုသခင်ထံသို့အရောက်လှမ်းရန် အ သော့နှင်နေသော လူအုပ်ကြီးကိုဖြတ်ကျော်ကာ တိုးဝှေ့ချဉ်းကပ်နေပါသည်။ အချို့ လူများသည် ဗိမာန်တော်မှ ထွက်ပြေးသွားကြသော်လည်း ဗိမာန်တော်တွင် လူပေါင်း မြောက်မြားစွာ ကျန်ရှိနေပါသေးသည်။ ထိုလူများသည် နောက်ထပ်ရောက်ရှိလာသူ များနှင့်ပူးပေါင်းလိုက်ကြသောအခါ ဗိမာန်တော်၌ လူနာများသေတော့မည့်ဆဲဆဲများ နှင့် နောက်တစ်ဖန် ပြည့်သိပ်လာခဲ့ပါသည်။ ထိုအခါခရစ်တော်သည် ထိုလူများကို တစ်ဖန် အလုပ်အကျွေးပြုတော်မူပြန်ပါသည်။
ခဏအကြာတွင် ယဇ်ပုရောဟိတ်များတို့သည် အရဲစွန့်ကာ ဗိမာန်တော်သို့ ပြန်လာခဲ့ကြပါသည်။ သူတို့သည် ကြောက်ရွံ့မှုများ လျော့ပါးသွားသော်လည်း ခရစ် တော်၏ နောက်ထပ်ပြုလုပ်မည့်လှုပ်ရှားမှုကို သိလိုစိတ်များ ပေါက်ဖွားလာခဲ့ပါသည်။ ကိုယ်တော်သည် ဒါဝိဒ်၏ပလ္လင်ကို သိမ်းပိုက်တော့မည်ဟုလည်း သူတို့မျှော်လင့် ခဲ့ကြပါသည်။ ထိုကြောင့် ဗိမာန်တော်သို့တိုးတိုးတိတ်တိတ် ပြန်လာခဲ့ကြရာ ယော က်ျm;၊ မိန်းမမှစ၍ကလေးငယ်များပါမကျန် ဘုရား၏ဂုဏ်တော်အား ချီးမွမ်းနေသည် ကို သူတို့ကြားခဲ့ကြပါသည်။ ဗိမာန်တော်ထဲသို့ ဝင်လိုက်သောအခါ အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခု၏ရှေ့တွင် ဖျပ်ဖျပ်လူးအောင်ခံစားလျက် သူတို့ရပ်တည်ခဲ့ကြပါ သည်။ လူနာများနေကောင်းလာသည်ကိုလည်းကောင်း၊ မျက်ကန်းသူများမျက်စိ ပြန်မြင်လာသည်ကိုလည်းကောင်း၊ နားပင်းသောသူများပြန်၍ ကြားလာသည်ကို လည်းကောင်း သူတို့မြင်တွေ့ခဲ့ရပါသည်။ ကလေးသူငယ်များသည် အလွန်ဝမ်းသာ ရွှင်မြူးနေကြပါသည်။ သခင်ယေရှုသည် ၎င်းတို့၏အနာရောဂါများကို ကုသပေး တော်မူခဲ့ပါသည်။ မိမိအားနှစ်နှစ်ကာကာနမ်းရှုပ်နေသော ကလေးငယ်များအား ကိုယ်တော်သည် လက်မောင်းတော်ဝယ်ပွေ့ပိုက်ထားတော်မူပါသည်။ အချို့ကလေး များသည် လူအများအားဟောကြားနေသည့် ကိုယ်တော်၏ရင်ခွင်တော်ဝယ် အိပ် ပျော်နေကြပါသည်။ ယခုတွင်မူ ကလေးငယ်များသည် ဝမ်းမြောက်သော အသံများ ဖြင့် ကိုယ်တော်အားချီးမွမ်းထောမနာ ပြုနေကြပါသည်။ ယခင်နေ့က သီဆိုခဲ့သော “ဟောရှဏ္ဏ” သီချင်းကိုပြန်လည်သီဆိုကာ ကယ်တင်ရှင်၏ရှေ့ မှောက်ဝယ် အောင်မြင်သောအထိမ်းအမှတ်အဖြစ် စွန်ပလွံခက်များကို ဝှေ့ယမ်းနေကြပါသည်။ ဗိမာန်တော်ထဲတွင် “ထာ၀ရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာ ရှိစေသတည်း။” “တရားသဖြင့်စီရင်၍ ကယ်တင်ခြင်း သို့ရောက်သောသခင်သည် --- သင်ရှိရာသို့ ကြွလာတော်မူသည်ကိုကြည့်ရှုလော့။” “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း” ဟူသော ဂုဏ်တော်ချီးမွမ်းသံများဖြင့် ပဲ့တင်ထပ်နေပါ သည်။ ဆာလံ ၁၁၈း၂၆။ ဇာခရိ ၉း၉။
ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် အထိန်းအချုပ်မရှိ ချီးမွမ်းထောမနာပြုနေသည့် ဤအသံများသည် ထိုဗိမာန်တော်အကြီးအကဲများအတွက် စိတ်ဆင်းရဲစရာတစ်ခု ဖြစ်နေပါသည်။ ထိုကဲ့သို့သောဆန္ဒပြမှုမျိုးကို ရပ်တန့်ပစ်ရန် သူတို့စီမံခဲ့ကြပါသည်။ ဘုရားသခင်၏အိမ်တော်သည် ကလေးငယ်များ၏ ခြေထောက်များနှင့် ဤအော်ဟစ် သံများကြောင့် ညစ်ညမ်းခဲ့ရသည်ဟု သူတို့ကအခိုင်အမာ ပြောလာကြပါသည်။ သို့ သော် မိမိတို့၏ပြောဆိုချက်များသည် လူထုကြီးအပေါ်အရာ မထင်မှန်းတွေ့လာ ကြသောအခါ ကိုယ်တော်ထံသို့သူတို့ ချဉ်းကပ်၍ “ဤသူတို့သည် အဘယ်သို့ ပြော ဆိုသည်ကိုကြားသလောဟု ယေရှုအားမေးကြသော်လည်း ငါကြား၏။ နို့စို့သူငယ် တို့၏နှုတ်ထဲမှ ကိုယ်တော်သည်ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟူသော စကား ကို သင်တို့သည်တစ်ရံ တစ်ခါမျှမဖတ်ဖူးသလော” ဟုမိန့်တော်မူ၏။ ခရစ်တော် အားဖြင့်ကြိုတင်ဟော ကြားထားသည့်အတိုင်း ထိုစကားသည်လည်း ပြည့်စုံခြင်းသို့ ရောက်ရပေမည်။ ထိုယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲတို့သည် ကိုယ် တော်ရှင်၏ဘုန်းတန်ခိုးတော်ကို အများသိစေရန်၊ ကြေညာပေးရန်ငြင်းဆိုကြသဖြင့် ဘုရားသခင်သည် ကလေးသူငယ်များအား မိမိ၏သက်သေခံများအဖြစ် ပြောင်းရွှေ့ ရွေးချယ်တော်မူခဲ့ရပါသည်။ အကယ်၍ ထိုကလေးငယ်များအား နှုတ်ဆိတ်စေလိမ့် မည်ဆိုလျှင် ထိုဗိမာန်တော်၏တိုင်များသည် ကိုယ်တော်ကိုချီးမွမ်းထောမနာ ပြုကြ လိမ့်မည်သာတည်း။
ထိုဖာရိရှဲများသည် စိတ်နှလုံးရှုပ်ထွေးကာ လုံးလုံးအကြံရခက်နေ ကြပါ သည်။ မိမိတို့ခြိမ်းခြောက်ခြင်းငှာမစွမ်းနိုင်သည့် ထိုပုဂ္ဂိုလ်သည်အမိန့်အာဏာနှင့် ပြည့်စုံလျက်ရှိနေပါသည်။ သခင်ယေရှုသည် ဗိမာန်တော်၏ဂေါပက လူကြီးတစ်ဦး ကဲ့သို Yပြုမူလုပ်ဆောင်နေပါသည်။ ထိုကဲ့သို့သောကြီးမားသည့် အာဏာတန်ခိုးမျိုးကို ကိုယ်တော်တစ်ခါမျှ အသုံးမပြုခဲ့ဖူးချေ။ ကိုယ်တော်၏ နှုတ်ထွက်စကားများနှင့် လုပ် ဆောင်မှုများသည်လည်း မည်သည့်အချိန်ကမှ ယခုတစ်ကြိမ်လောက် တန်ခိုးတော် နှင့်မပြည့်စုံခဲ့ဖူးချေ။ ကိုယ်တော်သည် ယေရုရှလင်မြို့အနှံ့အပြားတွင် အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာများကို ပြတော်မူခဲ့ဖူးသော်လည်း မည်သည့်အချိန်ကမှ ယခုတစ် ကြိမ်လောက်စိုးရွံ့ထိတ်လန့်၍ စိတ်လှုပ်ရှားစရာကောင်းသော နိမိတ်လက္ခဏာမျိုး ကို မပြခဲ့ဖူးချေ။ ပြုတော်မူသည့် နိမိတ်လက္ခဏာများကို မြင်တွေ့ခဲ့ရသည့် ထိုလူ များ၏ရှေ့မှောက်တွင် ယဇ်ပုရောဟိတ်များသည် ကိုယ်တော်အားဗြောင်ကျကျ ရန်မ မူဝံ့ကြတော့ချေ။ ကိုယ်တော်၏အဖြေကြောင့် အမျက်ဒေါသထွက်ကာ အရှက်တ ကွဲဖြစ်နေသော ထိုသူတို့သည် ထိုနေ့တွင် မည်သည့်အရာကိုမျှ ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ကြချေ။
နောက်တစ်နေ့နံနက်တွင် ဆန်ဟီဒရင်အဖွဲ့ဝင်များသည် သခင်ယေရှုအား မည်သို့အရေးယူမည်အကြောင်းကို တစ်ဖန်စဉ်းစားသုံးသပ်ကြပြန်ပါသည်။ လွန်ခဲ့ သောသုံးနှစ်တာအချိန်က မေရှိယဖြစ်ကြောင်း အထောက်အထားတစ်ခုကိုပြရန် ကိုယ်တော်အား သူတို့တောင်းခံခဲ့ဖူးပါသည်။ ထိုအချိန်မှစ၍ ကြီးမားသော နိမိတ် လက္ခဏာများကို နေရာအနှံ့အပြားတွင် ကိုယ်တော်ပြတော် မူခဲ့ပါသည်။ ကိုယ်တော် သည် လူနာများကိုကုသပေးခဲ့ပါသည်။ ထောင်ပေါင်းများစွာသော လူတို့အားအံ့ဩ ဖွယ်ကောင်းလောက်အောင် ကျွေးမွေးတော်မူခဲ့ပါသည်။ ရေလှိုင်းများပေါ်တွင် လမ်း လျှောက်တော်မူခဲ့ပါသည်။ လှိုင်းလေပြင်းထန်နေသော ပင်လယ်ကြီးအား ငြိမ်သက် စေခဲ့ပါသည်။ လူသားများ၏ စိတ်နှလုံးများကိုလည်း ဖွင့်ထားသည့်စာအုပ်များနှယ် ထပ်ခါတလဲလဲ ကိုယ်တော်ဖတ်တော်မူခဲ့ပါသည်။ ၎င်းပြင် နတ်ဆိုးများကို နှင်ထုတ် တော်မူ၍ လူသေများကိုလည်း ထမြောက်စေတော်မူခဲ့ဖူးပါသည်။ မိမိတို့အလိုရှိ သည့်မေရှိယ ဖြစ်ကြောင်းအထောက်အထားများကို သူတို့ရရှိခဲ့ကြပေပြီ။ ယခုတွင်မူ ကိုယ်တော်ထံမှမေရှိယဖြစ်ကြောင်း နိမိတ်လက္ခဏာကိုတောင်းခံရန် သူတို့မဆုံး ဖြတ်ကြတော့ဘဲ ကိုယ်တော်ရှင်အား လုပ်ကြံဖို့ခွင့်ပြုမိန့်ကို ထုတ်ပေးရန်သာသူတို့ ဆုံးဖြတ်ခဲ့ကြပါသည်။
ထိုနောက်သူတို့သည် ကိုယ်တော်ရှင်သွန်သင်လျက်ရှိသည့်ဗိမာန် တော်သို့ ပြန်ခဲ့ကြပြီး “ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ဤသို့ မပြုရသောအခွင့်ကို အဘယ်သူပေးသနည်း” ဟုမေးလျှောက်ကြ၏။ မိမိသည် ဘုရားသခင်ထံမှ အခွင့်အာဏာရခဲ့သည်ဟု ဖြေဆိုလိမ့်မည်ဟု သူတို့မျှော်လင့်ခဲ့ကြ ပါသည်။ ထိုသို့ပြောမည်ဆိုလျှင် သူတို့ငြင်းဆိုရန်ရည် ရွယ်ထားကြပါသည်။ သို့ရာ တွင် သခင်ယေရှုသည် အခြားအကြောင်းအရာ တစ်ခုနှင့်စပ်ဆိုင်နေသည့် မေးခွန်း တစ်ခုအားဖြင့် ၎င်းတို့အားရင်ဆိုင်ခဲ့ပြီး ]]ယောဟန်၏ဗတ္တိဇံတရားသည် ဘုရားက ဖြစ်သလော၊ လူကဖြစ်သလော}} ဟူသောမေးခွန်းဖြင့် မိမိ၏မေးခွန်းကိုဖြေဆိုပေးမှု အပေါ်တွင်မူတည်၍ ၎င်းတို့၏အမေးကို အဖြေပေးရန် ကိုယ်တော်တုံ့ပြန်ခဲ့ပါသည်။
မည်သည့်စဉ်းလဲသော ဆင်ခြင်ဆင်လက်ကမှ မကယ်တင်နိုင်သည့် အ ကျဉ်းအကျပ်ထဲတွင် မိမိတို့ကျရောက်နေပြီဖြစ်ကြောင်းကို ယဇ်ပုရောဟိတ်များမြင် တွေ့လာခဲ့ကြပါသည်။ အကယ်၍ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ် သည်ဟု သူတို့ဖြေဆိုခဲ့လျှင် ၎င်းတို့၏ရှေ့နောက်မညီသည့် လုပ်ရပ်များသည် ထင် ရှားလာပေလိမ့်မည်။ ထိုသို့ဖြေဆိုလျှင် သင်တို့သည် သူ့ကိုအဘယ်ကြောင့်မယုံ ကြည်ကြသနည်းဟုလည်း ခရစ်တော်ကပြောတော်မူလိမ့်မည်ဖြစ်ပါသည်။ “ဤ လောက၏ အပြစ်ကိုဆောင်သွားသော သိုးသငယ်ကိုကြည့်လော့” ဟူသော ခရစ် တော်၏အကြောင်းကို ဆရာယောဟန်သက်သေခံခဲ့ပါသည်။ ထိုယဇ်ပုရောဟိတ် များသည် ဆရာယောဟန်၏သက်သေခံချက်ကို ယုံကြည်ခဲ့ကြလျှင် ခရစ်တော်သည် မေရှိယဖြစ်ကြောင်းကို အဘယ်သို့ငြင်းဆိုနိုင်မည်နည်း။ အကယ်၍သူတို့သည် တ ကယ်တမ်းယုံကြည်သည်အတိုင်း ဆရာယောဟန်၏ ဗတ္တိဇံတရားသည် လူကဖြစ်ပါ သည်ဟုဖြေဆိုခဲ့ပါလျှင် ၎င်းတို့အပေါ်သို့ လူထုကြီး၏ဒေါသမုန်တိုင်း တိုက်ခတ်လာ လိမ့်မည်ဖြစ်ပါသည်။ အကြောင်းမှာ လူအပေါင်းတို့သည် ယောဟန်အားပုရောဖက် တစ်ပါးဖြစ်သည်ဟု ယုံကြည်နေသောကြောင့်ဖြစ်ပါသည်။
လူအုပ်ကြီးသည် ၎င်းတို့ပေးမည့်ဆုံးဖြတ်ချက်ကို စိတ်ဝင်တစားစောင့် ဆိုင်းနားထောင်နေကြပါသည်။ ထိုယဇ်ပုရောဟိတ်များသည် ဆရာယောဟန်၏ အ မှုတော်ကိုဝန်ခံခဲ့ပြီးဖြစ်သဖြင့် ဆရာယောဟန်သည် ဘုရားသခင်ပြုမူဆောင်ရွက် တတ်သော ထိုယဇ်ပုရောဟိတ်မင်းကြီး၏ မျက်နှာပေါ်တွင် မတွေ့ရသောကာယိန္ဒြေ ရှိမှုနှင့် ကျေးဇူးပြုတတ်သည့်သဘောများကို ထိုမျက်နှာပေါ်ဝယ် ပေါ်လွင်နေပါ သည်။ ထိုဗိမာန်တော်ထဲဝယ် သခင်ယေရှုပြုတော်မူ ခဲ့သောလုပ်ရပ်များနှင့် မိန့် တော်မူခဲ့သောစကားများကို မြင်ခဲ့ကြားခဲ့ရသော သူများထဲမှလူများစွာတို့သည် ထိုအ ချိန်မှစ၍ကိုယ်တော်အား ဘုရားသခင်၏ ပုရောဖက်တစ်ပါးအနေနှင့် စွဲလမ်းလာခဲ့ ကြပါသည်။ သို့ရာတွင် ကိုယ်တော်ချစ်ခင်ကြည်ညိုသူများလာသည်နှင့်အမျှ ခရစ် တော်အပေါ်ထားရှိ သည့်ယဇ်ပုရောဟိတ်များတို့၏ မုန်းမာန်ပွားမှုသည်လည်း တိုး ပွားလာခဲ့ပါသည်။ ကိုယ်တော်၏ ဘုရားဇာတိတော်အတွက် အသစ်သောအထောက် အထားဖြစ်သည့် ၎င်းတို့ထောင်ထားသောထောင်ချောက်မှ လွတ်မြောက်စေခဲ့သည့် ကိုယ်တော်ရှင်၏ပညာတော်သည် ၎င်းတို့အားပို၍ပင် အမျက်ထွက်စေခဲ့ပါသည်။
ထိုစကားစစ်ထိုးပွဲတွင် ခရစ်တော်သည်မိမိ၏ ပြိုင်ဘက်များအား အရှက်တ ကွဲအကျိုးနည်းဖြစ်အောင်လုပ်ရန် ရည်ရွယ်ချက်မရှိခဲ့ပါချေ။ ထိုသူများ ဒုက္ခရောက် နေသည်ကိုမြင်ရသည့်အတွက်လည်း ကိုယ်တော်ဝမ်းမမြောက်ခဲ့ပါ။ ထိုသို့ပြုလုပ် ခြင်းတွင် ၎င်းတို့အားသွန်သင်ရန် ကိုယ်တော်၌အရေးကြီး သောသင်ခန်းစာတစ်ခုရှိ နေပါသည်။ ကိုယ်တော်အတွက် ၎င်းတို့ထောင်ထား သောထောင်ချောက်တွင် ၎င်း တို့ကိုယ်တိုင်အား မိစေခြင်းအားဖြင့် ထိုသူများကို မခံချိမခံသာဖြစ်စေတော်မူခဲ့ပါ သည်။ ဆရာယောဟန်၏ ဗတ္တိဇံတရားတော်သည် မည်သူ့ထံမှလာကြောင်းမသိ ကြောင်း ၎င်းတို့၏အသိအမှတ်ပြုခြင်းသည် ကိုယ်တော်အားမိန့်တော်မူရန် အခွင့်အ လမ်းပွင့်စေခဲ့ပါသည်။ မိန့်တော်မူခဲ့ပြီးသားဖြစ်သည့် သတိပေးစကားများကို အသုံး ပြု၍ ၎င်းတို့၏အခြေအနေမှန်ကိုသိရှိရန် ၎င်းတို့အားပြောပြခြင်းအားဖြင့် ကိုယ်တော် သည် ထိုအခွင့်အလမ်းကို ပိုမိုတိုးပွားစေခဲ့ပါသည်။
“သင်တို့သည် အဘယ်သို့ထင်ကြသနည်း၊ တစ်စုံတစ်ယောက်သော သူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီးဆီသို့သွား၍ငါ့သား၊ ယနေ့ငါ့စပျစ်ဥယျာဉ်သို့သွား ၍ လုပ်ဆောင်လော့ဟုဆိုလျှင် သားကငါမသွားဘူးဟု ပြန်ပြောသော်လည်း နောက်မှ နောင်တရ၍သွားလေ၏။ အဘသည်အခြားသော သားဆီသို့သွား၍ ရှေ့နည်းအ တိုင်းဆိုလျှင် သားကသွားပါမည် အဘသခင်ဟုဆိုသော်လည်း မသွားဘဲနေ၏။ ထို သားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကိုဆောင်သနည်း” ဟု ကိုယ်တော်မေးတော်မူ၏။
ပြတ်တောင်းလှသောဤမေးခွန်းသည် တရားနာပရိသတ်ကြီးအား ပျာပျာသ လဲဖြစ်စေခဲ့ပါသည်။ ကိုယ်တော်ပြောတော်မူသည့် ပုံပမာကိုကောင်းမွန်စွာနား ထောင်ခဲ့ကြသည့်အတွက် ချက်ချင်းပင် “သားအကြီးဆောင်ပါသည်” ဟုဖြေဆိုခဲ့ ကြ၏။ ထိုအခါကိုယ်တော်သည် ၎င်းတို့အား သေချာစွာစူးစိုက်ကြည့်ရှုတော်မူပြီး ပြတ်သား၍ သိက္ခာတော်နှင့်ပြည့်စုံသော အသံဖြင့်မိန့်တော်မူသည်မှာ “ငါအမှန်ဆို သည်ကား၊ အခွန်ခံတို့နှင့်ပြည့်တန်ဆာတို့သည် သင်တို့အရင် ဘုရားသခင်၏ နိုင်ငံ တော်သို့ဝင်တတ်ကြ၏။ အကြောင်းမူကား၊ ယောဟန်သည် ဖြောင့်မတ်သော အ ကျင့်ကိုကျင့်၍ သင်တို့ဆီသို့လာသော်လည်း သင်တို့မယုံကြည်ကြ၊ အခွန်ခံနှင့်ပြည့် တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့သည်မြင်သော်လည်း ယုံကြည်မည်အကြောင်း နောက်တစ်ဖန်နောင်တမရကြဟူ၍ဖြစ်၏။
ထိုယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် ခရစ်တော်၏ မေး ခွန်းအတွက် အဖြေပေးရုံမှလွဲ၍ ဘာမျှမတတ်နိုင်ကြချေ။ ထိုကြောင့်သားကြီး၏ လုပ် ရပ်ကိုထောက်ခံသည့်အဖြေကို သူတို့ထံမှရရှိခဲ့ပါသည်။ ဤသားကြီးသည် ဖာရိရှဲ များကအထင်သေးမုန်းတီးသော အခွန်ခံများကို ပုံဆောင်ပါသည်။ အခွန်ခံများသည် အလွန်အကျွံ စာရိတ္တပျက်ပြားခဲ့သူများ ဖြစ်ကြပါသည်။ မိမိတို့၏အသက်တာတွင် ဘုရားသခင်၏ ခိုင်းစေမှုများကို ဆန့်ကျင်ခဲ့ခြင်းအားဖြင့် ဘုရားသခင်၏ပညတ် တော်ကို လွန်ကျူးခဲ့သူများဖြစ်ကြပါသည်။ ထိုသူများသည် ကျေးဇူးတရားမသိတတ် သူများ၊ မသန့်ရှင်းသောသူများဖြစ်ကြပါသည်။ ဘုရားသခင်၏စပျစ်ဥယျာဉ်တွင် သွား ရောက်အလုပ်လုပ်ရန်ခိုင်းစေသောအခါ ခါးခါးသီးသီးငြင်းဆိုခဲ့ကြပါသည်။ သို့ရာ တွင် ဆရာယောဟန်ရောက်လာပြီး နောင်တရခြင်းနှင့်စပ်ဆိုင်သောတရား၊ ဗတ္တိဇံ နှင့်ပတ်သက်သောတရားများကို ဟောကြားသောအခါ ထိုအခွန်ခံများသည် ၎င်း၏ သတင်းစကားကိုကြိုဆိုလက်ခံခဲ့ပြီး ဗတ္တိဇံကိုခံယူခဲ့ကြပါသည်။
သားငယ်သည် ယုဒနိုင်ငံကိုခေါင်းဆောင်သောသူများအား ပုံဆောင်ထားပါ သည်။ အချို့သောဖာရိရှဲများသည် နောင်တရကာ ဆရာယောဟန်၏ ဗတ္တိဇံကိုယူ ခဲ့ကြသော်လည်း ဤယုဒလူအကြီးအကဲများမှာမူ ၎င်းအားဘုရား သခင်ထံမှကြွလာ ခဲ့သူအဖြစ် အသိအမှတ်မပြုခဲ့ကြချေ။ သူ၏သတိပေးဆုံးမစကားများတို့သည် ထိုသူ များအားပြုပြင်ပြောင်းလဲခြင်းငှာ မစွမ်းနိုင်ခဲ့ပါချေ။ “သူတို့အကျိုးအလိုငှာ၊ ဘုရား သခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ဗတ္တိဇံကို မခံဘဲနေ ကြ၏။” လုကာ ၇း၃၀။ သူတို့သည်၎င်း၏ သတင်းစကားကို အထင်သေးခဲ့ကြပါ သည်။ သွားပါမည်ဟုကတိပြုပြီးမှ မသွားဘဲနေသောသားငယ်ကဲ့သို့ ထိုယဇ်ပုရော ဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် ဘုရားသခင်၏ပညတ်တော်ကို လိုက် လျှောက်ပါမည်ဟုဝန်ခံပြီးမှ မလိုက်လျှောက်ဘဲနေခဲ့ကြသည်။ သူတို့သည်ဘုရား တရားကိုင်းရှိုင်းမှုများကို နှုတ်အားဖြင့်အကြီးအကျယ်လုပ်ခဲ့ကြပြီး ပညတ်တော် အ တိုင်းလိုက်လျှောက်လျက်ရှိကြောင်း အခိုင်အမာပြောဆိုခဲ့ကြသော်လည်း မှားယွင်း သောလိုက်လျှောက်မှုများကိုသာ သူတို့ပြုလုပ်ခဲ့ကြပါသည်။ အခွန်ခံများသည် ဘုရား တရားမရှိသူများအဖြစ် ဖာရိရှဲများ၏ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ကြရပါသည်။ သို့ရာ တွင် ထိုအခွန်ခံများသည် ဘုရားတရားကိစ္စများတွင် အပြောနှင့်အလုပ်မညီသော ကြီးမားသည့် အလင်းတရားများကိုရရှိခဲ့ပြီး မိမိကိုယ်ကိုဖြောင့်မတ်သည်ဟု အထင် ရောက်နေသော ထိုဖာရိရှဲများထက်အရင်ဦး၍ ကောင်းကင်နိုင်ငံတော် သို့ဝင်စား လိမ့်မည်ဖြစ်ကြောင်း ၎င်းတို့၏အကျင့်နှင့်ယုံကြည်ခြင်းတို့က ဖော်ပြနေပါသည်။
ဖာရိရှဲများသည် ထိရောက်မှုရှိလှသော ဤသမ္မာတရားများကို မကြားလိုကြ သော်လည်း ကိုယ်တော်ရှင်ပြောတော်မူသော စကားများထဲမှအပြစ်တင်ခွင့် တစ်ခုခု ကိုတွေ့ရှိနိုးဖြင့် ငြိမ်သက်စွာနားထောင်နေကြပါသည်။ သို့ရာတွင် သူတို့သည် သည်း ခံ၍ ဆက်လက်နားထောင်ကြရမည်သာတည်း။
ခရစ်တော်က “အခြားသောဥပမာကိုနားထောင်ကြလော့၊ အိမ်ရှင်
တစ်ဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ စောင်ရန်းကိုလုပ်ပြီးမှ စပျစ်သီးရာကျင်းကို တူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့သွားလေ၏။ အသီးသီးချိန်ရောက်သောအခါ အသီးကိုခံစေခြင်းငှာ ငယ်သားများတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့စေလွှတ်လေ၏။ ထိုသူတို့သည် ငယ်သားများကိုဖမ်းပြီးလျှင် တစ်ဦးကိုရိုက်၍ တစ်ဦးကိုသတ်၍ တစ် ဦးကိုခဲနှင့်ပစ်ကြ၏။ နောက်တစ်ဖန်အရင်ထက်များသော အခြားငယ်သားတို့ကို စေ လွှတ်ပြန်လျှင်ဥယျာဉ်စောင့်တို့သည် ရှေးနည်းအတူပြုကြ၏။ နောက်ဆုံး၌ ဥယျာဉ် ရှင်က ထိုသူတို့သည် ငါ့သားကိုအားနာကြလိမ့်မည်ဟုဆို၍ မိမိသားကိုစေလွှတ် လေ၏။ ဥယျာဉ်စောင့် တို့သည်သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေဥစ္စာကိုယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍ ဥယျာဉ်ရှင် ၏သားကိုဖမ်းယူပြီး ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင် သည်လာသောအခါ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ပြုမည်နည်း” ဟုမေးတော်မူ၏။
ယေရှုသည် ထိုနေရာတွင်ရောက်ရှိနေကြသော လူအပေါင်းတို့အား မေးမြန်း နေသော်လည်း “ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အ သီးသီးချိန်တွင် အသီးကိုဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကိုငှားပါလိမ့်မည်” ဟု ဖာရိရှဲများနှင့်ယဇ်ပုရောဟိတ်များကသာ ဖြေဆိုခဲ့ကြပါသည်။ အဖြေပေး ခဲ့ကြသောထိုသူများသည် ပုံပမာ၏ဆိုလိုရင်းအဓိပ္ပါယ်ကို အစအဦးတွင်မသိခဲ့ကြ သော်လည်း ကိုယ့်ကိုကိုယ်ပြန်၍ တရားစီရင်နေကြခြင်းဖြစ်ကြောင်းကို ယခုတွင် တွေ့မြင်လာခဲ့ကြပါသည်။ ဤပုံပမာတွင် ဥယျာဉ်ရှင်သည် ဘုရားသခင်ကိုလည်း ကောင်း၊ စောင်ရန်းသည်၎င်း၏ အကာအကွယ်ဖြစ်သော ပညတ်တော်ကိုလည်း ကောင်း၊ အသီးသီးပုံဆောင်ထားပါသည်။ မှီခိုရာလင့်စင်သည် ဗိမာန်တော်၏ အ ထိမ်းအမှတ်တစ်ခုဖြစ်ပါသည်။ စပျစ်ဥယျာဉ်ရှင်သည် စပျစ်ခြံအတွက်လိုအပ်သမျှ ကို လုပ်ဆောင်ပေးတော်မူခဲ့ပါသည်။ “ငါ့စပျစ်ဥယျာဉ်၌ငါကျေးဇူးပြုနိုင်လျက်၊ Rပြု သေးသောအရာတစ်စုံတစ်ခုရှိသလော။” ဟေရှာယ ၅း၄။ ဤကဲ့သို့သော လုပ် ဆောင်မှုသည် ဣသရေလလူများအတွက် မမောတမ်းမပန်းတမ်းပြုတော်မူခဲ့သော ဘုရားသခင်၏စောင့်ရှောက်မှုများကို ရုပ်လုံးဖော်ထားပါသည်။ ဥယျာဉ်စောင့်များ သည် သင့်လျော်သော အချိုးအဆရှိသည့်စပျစ်သီးများအား ဥယျာဉ်ရှင်အား ပြန် ပေးရန်တာဝန်ရှိသကဲ့သို့ ဘုရားသခင်၏သားသမီးများသည်လည်း သန့်စင်သော အ ခွင့်အရေးများကို ရရှိထားသူများပီပီ တော်လျော်သောအသက်တာအားဖြင့် ကိုယ် တော်အားချီးမြှောက်ရန် တာဝန်ရှိပါသည်။ သို့ရာတွင် ဥယျာဉ်စောင့်များသည် စပျစ် သီးကိုစုယူရန်အတွက် ဥယျာဉ်ရှင်ကစေလွှတ်လိုက်သော ကျွန်များအား သတ်ပစ် လိုက်ကြသကဲ့သို့ ယုဒလူများသည်လည်း မိမိတို့အားနောင်တလမ်းသို့ ပို့ဆောင်ရန် ဘုရားသခင်စေလွှတ်တော်မူခဲ့သော ပုရောဖက်များကို သတ်ပစ်ခဲ့ကြပါသည်။ စေတ မန်များကိုလည်း တစ်ယောက်ပြီးတစ်ယောက် ကွပ်မျက်ခဲ့ကြပါသည်။ ယခုအခြေအ နေအထိ ထိုပုံပမာ၏ဆိုလိုရင်းအဓိပ္ပါယ်ကို မငြင်းဆိုနိုင်သည့်အပြင် ဆက်လက် ဖော်ပြသည့် အကြောင်းအရာများသည်လည်း ထင်ရှားပေါ်လွင်မှု နည်းပါးမသွားခဲ့ပါ ချေ။ ကျိုးနွံမှုမရှိသောကျွန်များထံသို့ နောက်ဆုံးစေလွှတ်လိုက်သော ဥယျာဉ်ရှင်၏ ချစ်လှစွာသောသား၊ ထိုသူများက ဖမ်း၍သတ်ပစ်လိုက်ကြသော ထိုသားတွင် ယဇ်ပု ရောဟိတ်များနှင့် ယုဒလူအကြီးအကဲများသည် ခရစ်တော်နှင့်တကွ မကြာမီတွင် ကိုယ်တော်အပေါ်တွင် ကျရောက်လာမည့် ကံကြမ္မာများကို ထင်ရှားစွာတွေ့မြင်လာ ခဲ့ကြပါသည်။ နောက်ဆုံးလုပ်ဆောင်မှု တစ်ခုအနေဖြင့် ဘုရားသခင်က ၎င်းတို့ထံ စေလွှတ်တော်မူခဲ့သော ထိုသားတော်ကိုလုပ်ကြံရန် သူတို့စီစဉ်ခဲ့ကြပါသည်။ ကျေး ဇူးမသိတတ်သော ဥယျာဉ်စောင့်များအပေါ်သို့ ကျရောက်သည့် ပြစ်ဒဏ်စီရင်ချက် များတွင် ခရစ်တော်အားလုပ်ကြံမည့်သူများ ခံယူရမည့်အပြစ်ဒဏ်များကို ရုပ်လုံး ဖော်ပြထားပါသည်။
ကိုယ်တော်သည် ထိုသူများအားသနားကြင်နာစွာဖြင့် ကြည့်တော်မူ၍ ဆက် လက်မိန့်တော်မူသည်ကား၊ “တိုက်ကိုတည်ဆောက်သော သူများပယ်ထားသော ကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွက်ဖျားသို့ ရောက်ပြန်၏။ ထိုအမှု သည် ထာ၀ရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့ဩဖွယ် ဖြစ်၏ဟူသောစကားကို စာ၌သင်တို့သည် တစ်ခါတရံမျှ မဖတ်ဖူးသလော၊ ထို ကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏ အသီးကိုသီးအံ့သောလူမျိုးအားပေးရလတ္တံ့၊ အကြင်သူသည် ထိုကျောက်အပေါ်သို့ ကျ၏။ ထိုသူသည်ကျိုးလတ္တံ့။ အကြင်သူ၏ အပေါ်သို့ထိုကျောက်သည်ကျ၏။ ထို သူသည်ညက်ညက်ကြေလတ္တံ့” ဟုမိန့်တော်မူ၏။
ယုဒလူများသည် ကြွလာတော်မူမည့်မေရှိယကိုရည်ညွှန်း၍ ဤအနာဂတ္တိစ ကားကို ဗိမာန်တော်၌ မကြာခဏရွတ်ဆိုခဲ့ကြပါသည်။ ခရစ်တော်သည် ယုဒလူမျိုး များ၏ အိမ်ထောင်မှုစီမံအုပ်ချုပ်သည့် နည်းစနစ်နှင့် ကယ်တင်ခြင်းစီမံကိန်းတစ်ခု လုံး၏ တိုက်ထောင့်အထွတ်ကျောက် ဖြစ်တော်မူပါသည်။ ထိုတိုက်မြစ်ကျောက်ကို ယုဒအမျိုးသားတည်ဆောက်ရေးသမားများ၊ ယဇ်ပုရောဟိတ်များနှင့် ဣသရေလ အကြီးအကဲများက ယခုငြင်းဆိုကြလျက်ရှိပါသည်။ ကိုယ်တော်သည်ထိုလူများအား ၎င်းတို့အပေါ်တွင်ကျရောက်မည့် ဘေးဥပဒ်အန္တရာယ်များကို ပြသပေးမည့် ထိုအနာ ဂတ္တိစကားများကို ဂရုပြုရန်တောင်းဆိုတော်မူခဲ့ပါသည်။ ၎င်းတို့လုပ်ဆောင်ကြတော့ မည့်ဆဲဆဲဖြစ်သော လုပ်ရပ်များ၏သဘာ၀ကို ရှင်းလင်းစွာနားလည် သဘောပေါက် စေရန်လည်းတတ်နိုင်သမျှနည်းမျိုးစုံကို အသုံးပြု၍ ကြိုးစားဖော်ပြတော်မူခဲ့ပါသည်။
“ဥယျာဉ်ရှင်လာသောအခါ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ပြုမည်နည်း” ဟုမေးသောစကားထဲတွင် ကိုယ်တော်၌ အခြားရည်ရွယ်ချက်တစ်ခု ရှိနေခဲ့ပါသည်။ ဖာရိရှဲများသည် မိမိတို့လုပ်ဆောင်ခဲ့သည့်အတိုင်း ဖြေဆိုကြလိမ့်မည် ဖြစ်ကြောင်း၊ ထိုအဖြေများအားဖြင့် မိမိကိုယ်ကိုမိမိအပြစ်စီရင်လိမ့်မည် ဖြစ်ကြောင်းများကို ကိုယ် တော်ကြိုတင်ခန့်မှန်းခဲ့ပြီးဖြစ်ပါသည်။ ၎င်းတို့အား နောင်တလမ်းထဲသို့ ပို့ဆောင်နိုင် ခဲ့သော ကိုယ်တော်၏သတိပေးစကားများသည် ၎င်းတို့ခံယူရမည့် အပြစ်ဒဏ်ကို တံ ဆိပ်ခတ်ပေလိမ့်မည်။ ၎င်းတို့သည် ကိုယ့်ကိုကိုယ်ဒုက္ခရောက်အောင် လုပ်နေကြ ကြောင်းကို ပြန်လည်သိရှိလာစေရန် ကိုယ်တော်လိုလားတော်မူခဲ့ပါသည်။ ၎င်းတို့၏ အမျိုးသားရေးဆိုင်ရာ အခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းတော်မူခြင်းတွင် ဘုရား သခင်သည် တရားမျှတတော်မူကြောင်းကိုဖော်ပြရန် ကိုယ်တော်ကြံရွယ်တော်မူခဲ့ ပါသည်။ ထိုရုပ်သိမ်းမှုကို အစပြုလုပ်ဆောင်နေပြီဖြစ်ပြီး ယေရုရှလင်မြို့တော်နှင့် ဗိမာန်တော်တို့အား အဖျက်ဆီးခံရမှုတွင် အဆုံးမသတ်သေးဘဲ ယုဒလူများအရပ် ရပ်သို့ ပျံ့လွင့်သွားမည့်အချိန်ရောက်မှ အဆုံးသတ်ပေလိမ့်မည်။
တရားနာလူထုကြီးသည် ဤသတိပေးစကားကို သတိပြုမိခဲ့ကြပါသည်။ သို့ ရာတွင် မိမိတို့ကိုယ်တိုင်ချမှတ်ထားသည့် စီရင်ချက်ကို “ဤသူသည်အမွေခံဖြစ် ၏။ လာကြသူ့ကို သတ်ကြကုန်အံ့” ဟူသောစကားများအားဖြင့် ယဇ်ပုရောဟိတ်များ သည် ပြည့်စုံစေခဲ့ကြပါသည်။ “ကိုယ်တော်ကိုဖမ်းဆီးခြင်းငှာ ရှာကြံသော်လည်း စု ဝေးသောသူများကို ကြောက်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ကိုယ်တော် ကိုပုရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။”
ခရစ်တော်သည် ပစ်ထားခြင်းခံရသည့် ကျောက်နှင့် ပတ်သက်သော အနာ ဂတ္တိစကားကို ကိုးကားမိန့်ဆိုရာ၌ ဣသရေလသမိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အ ကြောင်းအရာတစ်ခုကိုရည်ညွှန်း၍ မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ထိုအဖြစ်အပျက်ကို ပထမဦးဆုံးသော ဗိမာန်တော်တည်ဆောက်စဉ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်း သည် ခရစ်တော်၏ပထမအကြိမ် ကြွလာမည့်အချိန်နှင့် အထူးသက်ဆိုင်ပြီး ယုဒ များအားဝေဖန်ဆုံးဖြတ်ရန် အပူတပြင်းတောင်းခံနေခဲ့သကဲ့သို့ ကျွန်ုပ်တို့အတွက် လည်း သင်ခန်းစာတစ်ခုဖြစ်နေပါသည်။ ရှောလမုန်တည်ဆောက်သည့် ဗိမာန် တော်၏နံရံများနှင့် တိုက်မြစ်များအတွက် အလွန်ကြီးမားသည့် ကျောက်တုံးကြီးများ ကို ကျောက်ကျင်းထဲမှာပင် အားလုံးပြင်ဆင်ထုလုပ်ခဲ့ပါသည်။ တည်ဆောက်သူ များသည် ထိုကျောက်တုံးကြီးများကို တည်ဆောက်မည့်နေရာသို့ သယ်ဆောင်လာ ပြီး မည်သည့်ပြင်ဆင်ပုံသွင်းမှုများကို မျှမလုပ်တော့ဘဲ ကျောက်တုံးတစ်လုံးအပေါ် တစ်လုံးဆင့်၍ တည်ဆောက်ခဲ့ကြပါသည်။ တိုက်မြစ်အတွက်အလွန်တရာကြီးမား လှပြီး အထူးပုံသွင်းထားသည့် ကျောက်တုံးတစ်တုံးကိုသယ်ဆောင်လာကြရာ တည် ဆောက်သူများသည် ထိုကျောက်တုံးနှင့် သင့်လျော်သည့်နေရာကို မတွေ့ရှိကြသ ဖြင့် ထိုကျောက် တုံးကိုလက်မခံခဲ့ကြချေ။ အသုံးချ၍မရသောထိုကျောက်တုံးသည် မိမိတို့၏ လုပ်ငန်းခွင်တွင်ရှုပ်နေသည့်အတွက် သူတို့စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရ ပါသည်။ ထိုကျောက်တုံးသည် အချိန်ကြာမြင့်စွာစွန့်ပစ်ထားခြင်းကို ခံခဲ့ရပါသည်။ သို့ရာတွင် တည်ဆောက်သူများသည် တိုက်ထောင့်ကျောက်အတွက် တိုက်မြစ်ချ ရန် အချိန်ရောက်လာသော် တိုက်မြစ်ချမည့်နေရာအတွက် သင့်လျော်မည့်အရွယ် အစား၊ အတန်အစားနှင့်ပုံသဏ္ဌာန်ရှိပြီး ကြီးမားသော အလေးဒဏ်ကိုခံရပ်နိုင်မည့် ကျောက်တုံးတစ်တုံးကို အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ကြရပါသည်။ အရေးပါသည့် ဤ တိုက်ထောင့်ကျောက်အတွက် သတိပညာနှင့် မရွေးချယ်ခဲ့ပါလျှင် အဆောက်အဦ တစ်ခုလုံးအတွက် အန္တရာယ်ရှိလာနိုင်ပါသည်။ နေဒဏ်၊ နှင်းဒဏ်၊ လေမုန်တိုင်း ဒဏ်ခံနိုင်မည့် ကျောက်တုံးတစ်တုံးကို သူတို့ရှာဖွေရပါမည်။ ကျောက်တုံးပေါင်း များစွာကို ရွေးချယ်ကာအသုံးချခဲ့ဖူးသော်လည်း ကြီးမားသောအလေးချိန်၏ ဖိနှိပ်မှု ကြောင့် ထိုကျောက်တုံးများသည် ကြေမွကုန်ခဲ့ကြပါသည်။ အချို့ကျောက်တုံးများ မှာမူ ရုတ်တရက်ပြောင်းလဲသော ပတ်ဝန်းကျင်အခြေအနေများကို ခံနိုင်ရည်မရှိခဲ့ ကြချေ။ သို့ရာတွင် နောက်ဆုံး၌ ကာလရှည်လျားစွာပယ်ထားခဲ့သည့် ထိုကျောက် တုံးကြီးကို အာရုံပြုလာမိခဲ့ကြပါသည်။ ထိုကျောက်တုံးကြီးသည် မိုးဒဏ်၊ နေဒဏ်နှင့် လေဒဏ်များကိုခံခဲ့ရသော်လည်း အက်ရာကလေးတစ်ခုပင်မရှိခဲ့ချေ။ တည်ဆောက် သူများသည် ထိုကျောက်ကို စမ်းသပ်စစ်ဆေးခဲ့ကြပါသည်။ စမ်းသပ်ချက်တစ်ခုမှလွဲ ၍ ကျန်စမ်းသပ်ချက်များကို အောင်မြင်ခဲ့ပါသည်။ အကယ်၍သာ ထိုကျောက်သည် အလွန်ပြင်းထန်သည့် ဖိအားကိုခံနိုင်ရည်ရှိမည်ဆိုလျှင် ၎င်းကိုတိုက်ထောင့် ကျောက် အတွက်အသုံးပြုရန် ဆုံးဖြတ်ကြပါလိမ့်မည်။ စစ်ဆေးစမ်းသပ်ကြည့်ပြီး ထိုကျောက်ကိုလက်ခံအသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုနောက်သတ်မှတ်ထား သောနေရာသို့သယ်ဆောင်လာကာ နေသားတကျချထားကြည့်ရာ အံဝင်ခွင်ကျဖြစ် နေသည်ကို တွေ့ရှိခဲ့ကြရပါသည်။ ထိုကျောက်သည် ခရစ်တော်ကိုပုံဆောင်ထား ကြောင်းကို ဟေရှာယပုရောဖက်အား ရူပါရုံဖြင့်အသိပေးတော်မူခဲ့ပါသည်။ “ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကို သာကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းရှိကြလော့။ ထိုသို့ပြုလျှင် ထိုဘုရားသည် သင်တို့ ခိုလှုံရာဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်၊ ယေရုရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့်ထောင် ချောက်ဖြစ်တော်မူလိမ့်မည်။ ထိုသူအများတို့သည် ထိမိ၍တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့ မိဖမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်။” ဟေရှာယ ၈း၁၃-၁၅။ ရှောလမုန်၏ ဗိမာန်တော်အတွက် တိုက်ထောင့်ကျောက်အဖြစ် အသုံးခံရမည့် ထိုကျောက်တုံးကို စမ်းသပ်စစ်ဆေးမှုများသည် ခရစ်တော်ခံရမည့် စုံစမ်းစစ်ဆေးခြင်းများ၏ အထိမ်း အမှတ်သာဖြစ်ကြောင်း၊ ထိုရူပါရုံသည် ပထမအကြိမ်ကြွလာခြင်းအထိ သက်ဆိုင် ကြောင်း ဟေရှာယအားဖော်ပြတော်မူခဲ့ပါသည်။ “အရှင်ထာ၀ရဘုရားက စုံစမ်း သောအမြစ်ကျောက်တည်းဟူသော မလှုပ်နိုင်အောင်မြဲမြံသော တိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာငါချထားမည်။ ထိုကျောက်ကို အမှီပြုသောသူ သည် ပြေးရသောအကြောင်းမရှိ။” ဟေရှာယ ၂၈း၁၆။
ထာ၀ရဘုရားသည် အနန္တဥာဏ်တော်အားဖြင့် ထိုတိုက်မြစ်ကျောက်ကို ကိုယ်တိုင်ရွေးချယ်၍ ကိုယ်တော်တိုင်တိုက်မြစ်ချခဲ့ပါသည်။ ထိုကျောက်ကို “မြဲမြံ သောတိုက်ထောင့်အမြစ်” ဟု ကိုယ်တော်သမုတ်တော်မူခဲ့ပါသည်။ လောကသား အားလုံးသည် မိမိတို့၏တာဝန်များနှင့် ဝမ်းနည်းကြေကွဲမှုများကို ဤကျောက်ပေါ် ဝယ်တင်နိုင်ကြပြီး ထိုကျောက်သည် တင်သမျှဝန်အားလုံးကို ခံနိုင်စွမ်းရည်ရှိတော် မူပါသည်။ သူတို့သည် ထိုကျောက်ပေါ်မှာထပ်ဆင့်၍ စိတ်ချလုံခြုံစွာတည်ဆောက် နိုင်ကြပါသည်။ ခရစ်တော်သည် “စုံစမ်းသော အမြစ်ကျောက်” ဖြစ်တော်မူ၏။ ကိုယ်တော်အား ယုံကြည်ကိုးစားသူအပေါင်းအား မည်သည့်အခါမျှ စိတ်ပျက်စေ တော်မူလိမ့်မည်မဟုတ်ချေ။ ကိုယ်တော်ရှင်သည် စုံစမ်းခြင်းအပေါင်းကို ခံတော်မူ ခဲ့ပြီးချေပြီ။ ကိုယ်တော်သည် အာဒံအပြစ်ဝန်များနှင့် ၎င်း၏သားစဉ်မြေးဆက်များ တို့၏ အပြစ်ဝန်ထုပ်များ၏ဖိစီးမှုကို ခံနိုင်စွမ်းရှိတော်မူခဲ့ပြီးဖြစ်သဖြင့် ဒုစရိုက်တန်ခိုး အရှင်စာတန်ထက်ပို၍ အောင်မြင်မှုကိုရရှိတော်မူခဲ့ပါသည်။ နောင်တရသည့် အပြစ် သားတိုင်းမှ စွန့်ပစ်သောအပြစ်ဝန်များကို ကိုယ်တော်ထမ်းရွက်တော်မူခဲ့ရပါသည်။ အပြစ် ကျူးလွန်သောနှလုံးသားသည် ခရစ်တော်၌သက်သာခြင်းအခွင့်ကိုတွေ့ရှိခဲ့ပါ သည်။ ကိုယ်တော်အားမှီခိုအားကိုးသောသူအပေါင်းတို့သည် လုံခြုံအေးချမ်းစွာ နား နေရပါသည်။
ဟေရှာယ၏အနာဂတ္တိစကားထဲတွင် ခရစ်တော်အား မြဲမြံသောတိုက်ထောင့် ကျောက်အနေဖြင့်သော်လည်းကောင်း၊ ထိမိ၍လဲစရာကျောက်အနေဖြင့် သော် လည်းကောင်း ဖွင့်ဆိုထားပါသည်။ ရှင်ပေတရုကလည်း ခရစ်တော်သည် မည်သူ့ အတွက် တိုက်ထောင့်ကျောက်မြစ်ဖြစ်၍ မည်သူ့အတွက်မှားယွင်းစရာ ကျောက်ဖြစ် နေကြောင်းကို ဝိညာဉ်တော်အားဖြင့်ရှင်းလင်းစွာဖော်ပြထား ပါသည်။
“သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို မြည်းစမ်းကြသည် ဖြစ်၍ --- လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြတ် တည်းဟူသော ထိုသခင်ထံသို့သင်တို့သည်ရောက်၍ အသက်ကျောက်များကဲ့သို့ အ ဆင့်ဆင့်အထပ်ထပ်တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ် အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုးလည်းဖြစ်ကြ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ရွေး ချယ်သော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာငါချထား၏။ ထိုကျောက်ကိုအမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာ ဟုလာသတည်း။ သို့ ဖြစ်၍ ယုံကြည်ခြင်းရှိသောသူတို့၌ကား ဘုန်းအသရေရှိ၏။ နားမထောင်သော သူ တို့၌ကား တိုက်ကိုတည်လုပ်သော သူများပယ်ထားသောကျောက်သည် နောက် တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ရောက်ပြန်၏။ နားမထောင်ဘဲ နှုတ်ကပတ်တ ရားတော်ကို ထိမိ၍လဲသောသူတို့သည် ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာ ကျောက်လည်းဖြစ်၏။” ၁ပေ ၂း၁-၈။
ခရစ်တော်သည် ယုံကြည်သူများအတွက် မြဲမြံသောကျောက်မြတ်ဖြစ်ပါ သည်။ ထိုကျောက်မြတ်ပေါ်သို့ကျသောသူများသည် ကျိုးပဲ့ကြမည်သာတည်း။ ခရစ် တော်၏စိုးမိုးမှုကိုခံယူ၍ ကိုယ်တော်ကို ယုံကြည်သောသူများကို ဤနေရာတွင်ရုပ် လုံးဖော်ထားပါသည်။ ကျွန်ုပ်တို့၏အပြစ်ကျူးလွန်မှုများအတွက် နောင်တရလျက် ကိုယ်တော်၏ ခွင့်လွှတ်ခြင်းမေတ္တာတော်ကို ယုံကြည်လျက်၊ ကလေးတစ်ဦးကဲ့သို့ နှိမ့်ချလျက် ခရစ်တော်ထံသို့သွားရောက်ကာ မိမိကိုယ်ကိုဖြောင့်မတ်မည်ဟု ထင်နေ သောစိတ်ကို စွန့်လွှတ်ခြင်းသည် ကျောက်ပေါ်သို့ကျ၍ ကျိုးပဲ့သွားခြင်းပင်ဖြစ်ပါ သည်။ ထိုနည်းနှင်နှင်ပင် ယုံကြည်ခြင်းနှင့်နားထောင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်တည်းဟူသော တိုက်မြစ်ပေါ်တွင် ထပ်ဆင့်တည်ဆောက်ကြပါသည်။
ယုဒနှင့်တစ်ပါးအမျိုးသားများသည် အသက်ရှင်သော ဤကျောက်မြတ်ပေါ် တွင် အခွင့်အရေးတူညီစွာ တည်ဆောက်နိုင်ကြပါသည်။ ဤတိုက်မြစ်သည် လုံခြုံ စိတ်ချစွာ ကျွန်ုပ်တို့တည်ဆောက်နိုင်သည့် တစ်ခုတည်းသော တိုက်မြစ်ဖြစ်ပါသည်။ ဤကျောက်သည် လူသားအားလုံးအတွက် လုံလောက်သော အကျယ်အဝန်းရှိပြီး လောကီနိုင်ငံတစ်ခုလုံး၏ ဝန်များကိုထမ်းထားနိုင်လောက်အောင် ခွန်အားရှိပါသည။် ဤတိုက်မြစ်ပေါ်တွင် ထပ်ဆင့်တည်ဆောက်သော သူအပေါင်းတို့သည် သက်ရှင် ကျောက်တည်းဟူသော ခရစ်တော်နှင့်ဆက်သွယ် ပေါင်းဖက်ခြင်းအားဖြင့် သက်ရှင် ကျောက်များဖြစ်လာကြပါသည်။ များစွာသောလူများသည် ကိုယ့်အားကိုယ်ကိုးကာ ထုလုပ်အရောင်တင်အလှဆင်ခဲ့ကြသော်လည်း ၎င်းတို့သည် သက်ရှင်ကျောက်များ ဖြစ်မလာနိုင်ကြချေ။ အကြောင်းမူကား၊ သူတို့သည် ခရစ်တော်နှင့်မဆက်သွယ်ခဲ့ ကြခြင်းကြောင့် ဖြစ်ပါသည်။ မည်သူမဆို ကိုယ်တော်နှင့်မဆက်သွယ်ခဲ့လျှင် ကယ် တင်ခြင်းသို့ မရောက်နိုင်ကြချေ။ ကျွန်ုပ်တို့၌ခရစ်တော် အသက်မရှင်လျှင် စုံစမ်း နှောင့်ယှက်ခြင်းမုန်တိုင်းများကို ကြံ့ကြံ့ခံနိုင်ကြမည်မဟုတ်ချေ။ ကျွန်ုပ်တို့၏ထာ၀ရ လုံခြုံမှုသည် မြဲမြံသောကျောက်အပေါ်တွင် ထပ်ဆင့်တည်ဆောက်မှုအပေါ်၌မူ တည်နေပါသည်။ များစွာသောလူများသည် အစမ်းအသပ်မခံနိုင်သည့် တိုက်မြစ် များပေါ်တွင်ထပ်ဆင့်၍ ယနေ့တည်ဆောက်နေကြပါသည်။ လေပြင်းမုန်တိုင်းကျ ကာ မိုးသည်းထန်သဖြင့် ရေလွှမ်းမိုးလာသောအခါ၎င်းတို့၏ အိမ်သည်ပြိုကျပျက် စီးသွားလိမ့်မည်။ အကြောင်းမူကား ထာ၀ရကျောက်တည်းဟူသော တိုက်ထောင့် ကျောက်ခရစ်တော်အပေါ်တွင် ထပ်ဆင့်မတည် ဆောက်ခြင်းကြောင့်ဖြစ်ပါသည်။
“နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍လဲသောသူတို့အတွက် ခရစ်တော်သည် မှားယွင်းစရာကျောက်ဖြစ်တော်မူ၏။” သို့ရာတွင် “တည်ဆောက် သူများပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်အဖျား သို့ပြန်ရောက်၏။” လောကအမှုတော်တွင် ခရစ်တော်သည် ပယ်ထားခြင်းခံရသော ကျောက်တုံးကဲ့သို့ လျစ်လျူရှုခြင်းနှင့် ကြမ်းတမ်းစွာ ဆက်ဆံမှုများကို ခံတော်မူခဲ့ရပါ သည်။ “မထီမဲ့မြင်ပြုခြင်းကိုခံ၍ လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သော သူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ --- မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ။” ဟေရှာယ ၅၃း၃။ သို့သော်ကိုယ်တော်ရှင် အား ဂုဏ်အသရေနှင့်ပြည့်စုံစေမည့်အချိန်သည် မဝေးတော့ပြီ။ သေခြင်းမှရှင် ပြန်ထမြောက်ခြင်းအားဖြင့် “တန်ခိုးနှင့်ပြည့်စုံသော ဘုရားသခင်၏သားတော်” ဟူ ၍ ကိုယ်တော်အား ကြွေးကြော်ခဲ့ကြလိမ့်မည်။ ရောမ ၁း၄။ ဒုတိယအကြိမ်ကြွလာ သောအချိန်တွင် ကိုယ်တော်အား ကောင်းကင်နှင့်မြေကြီး၏ အရှင်သခင်အဖြစ် ထင် ရှားစေပါလိမ့်မည်။ ထိုအချိန်တွင် ကိုယ်တော်အားကပ်တိုင်တင်ကြမည့် သူများ သည်လည်း ကိုယ်တော်၏ကြီးမြတ်မှုကို အသိအမှတ်ပြုလာကြပါလိမ့်မည်။ ပယ်ခြင်း ခံရသောကျောက်မြတ်သည် စကြ၀ဠာရှေ့မှောက်တွင် အထွတ်ထောင့်ကျောက် မြတ်ဖြစ်လာပါလိမ့်မည်။
၎င်းပြင် အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုး လတ္တံ့။ ခရစ်တော်ကိုငြင်းပယ်ခဲ့သော ထိုသူများသည် မိမိတို့၏မြို့တော်နှင့်တကွ တိုင်းပြည်ကိုအဖျက်ဆီးခံရသည်ကို မကြာမီတွင်တွေ့ကြရတော့မည်။ ၎င်းတို့၏ ဘုန်းအသရေများပျောက်လွင့်ကာ လေတိုက်ရာသို့လွင့်ပါသွားသည့် ဖုန်မှုန့်ကလေး များနှယ် နေရာအနှံ့သို့ပျံ့လွင့်ကုန်ခဲ့ကြပါသည်။ မည်သည့်အရာက ယုဒလူများအား ဖျက်ဆီးခဲ့ပါသနည်း၊ ထိုကျောက်မြတ်သည် ၎င်းတို့၏လုံခြုံရာဖြစ်ပါသည်။ မထီမဲ့မြင် အပြုခံခဲ့ရသောအရာမှာ ဘုရားသခင်၏ ကောင်းမြတ်ခြင်းဖြစ်ပါသည်။ မလေးမစား အပြုခံခဲ့ရသောအရာမှာ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားဖြစ်ပြီး အထင်သေးခြင်း ခံခဲ့ရသောအရာမှာ ကိုယ်တော်၏ ကရုဏာတော်ဖြစ်ပါသည်။ လူသားများသည် မိမိ တို့ဘာသာ ဘုရားသခင်နှင့်ဆန့်ကျင်လျက် ရပ်တည်ခဲ့ကြသဖြင့် ၎င်းတို့အတွက် ကယ်တင်ခြင်းဖြစ်စေသော အရာအားလုံးသည် ပျက်စီးရာပျက်စီးကြောင်းများအ ဖြစ်သို့ ပြောင်းလဲသွားခဲ့ပါသည်။ ယုဒလူများကခရစ်တော်အား ကပ်တိုင်တင်ခြင်း သည် ယေရုရှလင်မြို့ပျက်စီးခြင်းနှင့် ပတ်သက်နေပါသည်။ ကရာနီကုန်းထက်ဝယ် သွန်းလောင်းတော်မူခဲ့သော အသွေးတော်သည် ဤလောကအသက်တာတွင် သာမ က တမလွန်ဘ၀အတွက်ပါ ဆုံးရှုံးဖို့ရန်နစ်မြုပ်စေသည့် တာဝန်တစ်ခုဖြစ်ပါသည်။ ဘုရားသခင်၏ကရုဏာတော်ကို ငြင်းပယ်သောသူများအား တရားစီရင်မည့်နောက် ဆုံးသောနေ့ရက်ကြီးတွင်လည်း ထိုနည်းနှင်နှင်ဖြစ်ပျက်ပါလိမ့်မည်။ ၎င်းတို့အတွက် မှားယွင်းစေသော ကျောက်တည်းဟူသော ခရစ်တော်သည် လက်တုံ့ပြန်သော တောင်တစ်လုံးကဲ့သို့ သူတို့ရှေ့တွင် ထိုအချိန်၌ ပေါ်ထွန်းလာပါလိမ့်မည်။ ကိုယ် တော်၏မျက်နှာတော်သည် ဖြောင့်မတ်သူများအတွက် ဘုန်းရောင်ခြည်တော်ကဲ့သို့ ဖြစ်ပြီး ဆိုးယုတ်သောသူများအတွက် လောင်သောမီးကဲ့သို့ဖြစ်ပါလိမ့်မည်။ မေတ္တာ တော်ကိုငြင်းပယ်၍ ကျေးဇူးတော်ကို မထီလေးစားလုပ်ခဲ့ကြသောကြောင့် အပြစ် သားသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။
ဘုရားသခင်၏ သားတော်ကိုငြင်းပယ်ခြင်းကြောင့် ယုဒလူများခံရမည့် ဆိုး ကျိုးများအကြောင်းကို များစွာသောသာဓကများနှင့် အထပ်ထပ်သော သတိပေး စကားများအားဖြင့် သခင်ယေရှုဖော်ပြသွန်သင်တော်မူခဲ့ပါသည်။ ကိုယ်တော်ရှင် အား ကယ်တင်ရှင်အဖြစ်လက်ခံရန် ငြင်းဆိုကြမည့်လူသားများအားလုံးကို ထိုသတိ ပေးစကားများအားဖြင့် ကိုယ်တော်မိန့်မြွက်လျက်ရှိပါသည်။ သတိပေးစကားတိုင်း သည် ထိုသူများအတွက်ဖြစ်ပါသည်။ မလေးမစားပြုခြင်းခံခဲ့ရသည့် ဗိမာန်တော်၊ နားထောင်မှုမရှိသောသားငယ်၊ မှားယွင်းသောဥယျာဉ်စောင့်၊ မထီမဲ့မြင်ပြုတတ်သော တည်ဆောက်သူများတို့၏ အကျင့်များကို အပြစ်သားတိုင်း၏ အတွေ့အကြုံများတွင် ရှိတတ်ပါသည်။ အကယ်၍ အပြစ်သားတစ်ဦးသည် နောင်တမရခဲ့လျှင် ထိုသူများ အပေါ်ကျရောက်ခဲ့သည့် ပြစ်ဒဏ်စီရင်မှုများသည် သူ့အတွက်ဖြစ်သွားပေလိမ့်မည်။
No comments:
Post a Comment