အခန်း (၉)
“အမှုတော်ဆိုင်ရာအထူးတာဝန်အတွက်စိတ်ထက်သန်ခြင်းတစ်ခု”
အသင်းတော်နှင့်ပတ်သက်သော အထူးတာဝန်ဆိုသည်မှာ အဘယ်အရာနည်း။ ဤကမ္ဘာလောကကြီးတွင် ကျွန်ုပ်တို့အဘယ်ကြောင့်ရှိနေရပါသနည်း။ အသင်းတော်သည် ဘုရားပကတိအသွင်ဖြင့် စတင်ခဲ့သည့်အလျောက် ၎င်း အသင်းတော်စတင်သည်နှင့်တစ်ပြိုင်တည်း ဘုရားရှင်အတွက် ထမ်းရွက်ရမည့် အထူးတာဝန်သည်လည်း ထိုအသင်းတော်နှင့်အတူပေါ်ပေါက်လာခဲ့ပါသည်။ သတ္တမနေ့မြော်လင့်ခြင်းအသင်းသားများတို့သည် ယခုအချိန်ကာလအတွက် အတုမရှိသောရည်ရွယ်ချက်ပါရှိသည့် အထူးသတင်းစကားတစ်ရပ် ရှိနေကြပါ သည်။ ကျွန်ုပ်တို့အသင်းတော်တွင် ပြောင်မြောက်သော အထူးတာဝန်ပိုင်းဆိုင် ရာထုတ်ပြန်ချက်တစ်ရပ်နှင့် အသင်းတော်၏ အထူးတာဝန်ပိုင်းဆိုင်ရာ ဝန် ဆောင်မှုအပေါ် ပေးအပ်ထားသည့် စံပြကတိကဝတ်ရှိပါသည်။ ကောင်းသော အသင်းအုပ်ဆရာတစ်ယောက်သည် အမှုတော်ဆိုင်ရာအထူး တာဝန်အပေါ် စိတ်ထက်သန်မှုကို ရောင်ပြန်ဟပ်ပေးပါသည်။ ဤစိတ်ထက်သန်မှုကို သူ၏ အသင်းသူအသင်းသားတို့အားမျှဝေပေးပြီး အသင်းတော်ဘုတ်အစည်းအဝေး တွင် ဦးစားပေးမှုတစ်ခုအဖြစ် ဖော်ဆောင်ပေးပါသည်။ အသင်းသူအသင်းသား တို့အား မည်ကဲ့သို့ဆော်ဩစည်းရုံးရမည်ကိုလည်း သူသိရှိပါသည်။
“သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏တာဝန်ပိုင်းဆိုင်ရာထုတ်ပြန်ချက်”
ကျွန်ုပ်တို့၏အထူးတာဝန် - သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏ အထူးတာဝန်မှာ အားလုံးသောသူတို့၏ တပည့်တော်များအဖြစ်ရှိကြရန်အပြင် (ဗျာ ၁၄း၆-၁၂) တွင်ဖော်ပြထားသော ကောင်းကင်တမန်သုံးပါးတို့၏ ထာ၀ရ ဧဝံဂေလိတရားသတင်းစကားများတို့နှင့်အဆက်အသွယ်ပြုပေးကာ သူတို့အား သခင်ယေရှုကို သူတို့၏ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်လက်ခံကြစေရန်နှင့်သခင် ယေရှု၏ကျန်ကြွင်းသော အသင်းတော်နှင့်ပေါင်းစည်းရေးအတွက် သူတို့ကို ဦးဆောင်ခေါ်ယူပြီး၊ သခင်ယေရှု အားထာ၀ရဘုရားအဖြစ် သူတို့ကအစေခံ ရေးအတွက်တပည့်ဖြစ်စေလျက်၊ မကြာတော့သည့်သူ၏ ကြွလာတော်မူခြင်းအတွက် အဆင်သင့်ဖြစ်ကြရန်ပြင်ဆင်ပေးထားရပါမည်။
ကျွန်ုပ်တို့၏နည်းပညာ -ကျွန်ုပ်တို့သည် ဤအထူးတာဝန်ကိုသန့်ရှင်းသော ဝိညာဉ်တော်၏ ထိန်းကျောင်းကြီးကြပ်မှုအောက်တွင်ဆက်လက်လုပ်ဆောင်ပြီး၊ ၎င်းသန့်ရှင်းသောဝိညာဉ်တော်၏လုပ်ပိုင်ခွင့်အာဏာပေးအပ်ခြင်းအားဖြင့် အောက်ပါ အချက်လေးချက်တို့ဖြင့်လုပ်ဆောင်ရန်ရှိပါသည်။
၁။ တရားဟောပြောခြင်း - ခရစ်တော်ပေးအပ်ထားတော်မူခဲ့သောအထူး တာဝန် (မဿဲ ၂၈း၁၈-၂၀) ကိုလက်ခံရယူပြီး ကျွန်ုပ်တို့သည် သားတော် ခရစ်တော် မြေကြီးပေါ်တွင် ရှိနေတော်မူစဉ်ကာလအတွင်း၊ အထူးများပြားစွာ ပြသတော်မူခဲ့သည့် အမှုတော်ဆောင်ခြင်းအပြစ်တို့ကိုဖြေပေးသည့် အသေခံ တော်မူခြင်း၊ ထို့နောက် ရှင်ပြန်ထမြောက်တော်မူပြီး ယခုအခါ ကောင်းကင် နိုင်ငံတော်တွင် အမြင့်ဆုံးသောယဇ်ပုရော ဟိတ်မင်းအဖြစ် အမှုတော်ကို ထမ်းဆောင်ခြင်းများတို့၏ အကြောင်းများပါရှိသော ဘုရားသခင်၏ ချစ်ခြင်း မေတ္တာတော်ဆိုင်ရာ ထာ၀ရဧဝံဂေလိတရားတော်ကို ယခုကဲ့သို့သော နောက် ဆုံးသောနေ့ရက်ကာလများတွင် ကျွန်ုပ်တို့သည် လောကီနိုင်ငံအရပ်ရပ်သို့ ကြွေးကြော်ကြေညာရကြမည်ဖြစ်ပါသည်။ ကျမ်းစာတော်မြတ်သည် ဘုရား သခင်က သူ၏ဆန္ဒအလိုတော်ဆိုင်ရာ အမှားအယွင်းမရှိနိုင်သည့်ဗျာဒိတ်တော် ဖြစ်သည်ဆိုခြင်းကို ပြန်လည်အမှတ်ရကြရင်း ၎င်းကျမ်းစာတော်မြတ်တွင် ပါရှိ ကြသည့် ခရစ်တော်၏ ဒုတိယအကြိမ်ပြန်လည်ကြွလာတော်မူခြင်းအကြောင်း နှင့် သတ္တမနေ့ရက်တွင်ကျရောက်သည့်ဥပုသ်တော်နေ့အကြောင်းကို ကျွန်ုပ်တို့ အားသတိပေးနေသည့် သူ၏ပညတ်တော် ဆယ်ပါး၏ ဆက်လက်တည်တံ့နေ မည့် ဩဇာအာဏာလုပ်ပိုင်ခွင့်များတို့၏အကြောင်း အပြည့်အဝပါရှိသည့် သတင်းစကားတော်ကို ကျွန်ုပ်တို့အနေဖြင့်ပေးကမ်းကြရပါမည်။
၂။ သင်ကြားပို့ချပေးခြင်း - စိတ်အတွေးပိုင်းဆိုင်ရာနှင့်အကျင့်စရိုက်ပိုင်း ဆိုင်ရာတိုးတက်မှုကို အသိအမှတ်ပြုခြင်းသည် ဘုရားသခင်၏ပြစ်လွှတ်တော်မူ ခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းဆိုင်ရာအစီအစဉ်တော်အတွက် မရှိ မဖြစ်လိုအပ်သည့်အချက်ဖြစ်ပြီး ဘုရားသခင်၏အကြောင်းကို သိနားလည်နိုင် သောဥာဏ်နှင့်၊ သူနှင့် ဆက်ဆံရေးတွင် ရင့်ကျက်သည့်အခြေအနေကို ဖွံ့ဖြိုး စေရန်အတွက်အပြင်၊ သူ၏ နှုတ်တော်ထွက်နှင့်ဖန်ဆင်းထားတော်မူသည့် စကြ၀ဠာ၏အကြောင်းတို့ကို ကျွန်ုပ်တို့ကမြင့်တင်ပေးကြရပါမည်။
၃။ ကုသမှုပြုလုပ်ပေးခြင်း - လူသားတစ်ရပ်လုံးတို့၏သုခချမ်းသာခြင်း ဆိုင်ရာကျမ်းစာတော်မြတ်၏ အခြေခံစည်းမျဉ်းများတို့သည် ခိုင်မာမှုရှိကြောင်း ကို ပြသသည့်အနေဖြင့် ကျွန်ုပ်တို့သည် ကျန်းမာရေးဆိုင်ရာ ထိန်းသိမ်းစောင့် ရှောက်မှုကို လုပ်ဆောင်ရမည့်အပြင် မရှိဆင်းရဲသားများနှင့်အဖိနှိပ်ခံလူတန်း စားများတို့အတွက် လုပ်ဆောင်ပေးသည့် အမှုတော်ဆောင်လုပ်ငန်းအားဖြင့် မကျန်းမမာဖြစ်ကြသော သူတို့ကို ကုသပေးခြင်းကို ဦးစားပေးရမည်ဖြစ်ကာ၊ ဖန်ဆင်းရှင်၏ ပြန်လည်တည်ဆောက်တော်မူခြင်းဆိုင်ရာ ကရုဏာထားခြင်း အလုပ်တွင် ပူးပေါင်းပါဝင်လုပ်ဆောင်ကြရပါမည်။
၄။ တပည့်တော်ဖြစ်စေခြင်း - အသင်းသူအသင်းသားအားလုံးသစ်လွင် သောပြောင်းလဲခြင်းရှိလာသူတို့ကို မြေတောင်မြှောက်ပေးကြလျက်၊ ဖြောင့်မတ် ခြင်းရှိသောရှင်သန်ခြင်းရှိစေရန်အတွက် ညွှန်ကြားပေးကာ ထိရောက်မှုရှိသော ခရစ်တော်၏ သက်သေများဖြစ်ရေးအတွက် သင်တန်းပေးခြင်းနှင့် လူတိုင်း သည် ဘုရားသခင်၏ အလိုတော်အတိုင်း လိုလိုလားလားနာခံလိုက်လျှောက် ကြရန် သူတို့ကိုခွန်အားပေးခြင်းတို့ကို လုပ်ဆောင်ပေးကြရပါမည်။
“ကျွန်ုပ်တို့၏ အထူးတာဝန်”
ဘုရားသခင်သည် သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်ကို ခေါ်တော်မူ ရာတွင် ဧဝံဂေလိသတင်းစကားတရားတော်ကို ဟောပြောကြရန်အတွက်ချည်း သာမဟုတ်မူဘဲ ဥပုသ်တော်နေ့ကိုစောင့်ထိန်းခြင်း၊ ခရစ်တော်၏ ဒုတိယ အကြိမ်ကြွလာတော်မူခြင်း၊ ကောင်းကင်နိုင်ငံတော်ရှိသန့်ရှင်းရာဌာနတော်တွင် ခရစ်တော်၏ အမှုတော်ထမ်းဆောင်တော်မူခြင်း၊ သေခြင်း၏အခြေအနေ၊ ကျန်းမာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများအပြင် ဗျာဒိတ်ကျမ်းအခန်းကြီး ၁၄ တွင်ပါရှိသော ကောင်းကင်တမန်သုံးပါးတို့၏ သတင်းစကားတို့တွင် ပါရှိသော အစိတ်အပိုင်းများဖြစ်ကြသည့် ကျွန်ုပ်တို့ယုံကြည်မှုရှိသော အခြားသောသမ္မာ တရားတော်များတို့ကဲ့သို့သော သမ္မာတရားတော်တို့ကို မကြာခဏ မေ့လျော့ တတ်ခြင်းတို့ကိုပါ ထောက်ပြကြရဦးမည်ဖြစ်သည်။ “ကရုဏာ သက်ခြင်းသည် လုပ်ဆောင်ချက်ကိုအစားထိုးခြင်းမရှိပါ” (ဒေးဗစ်လစ်ဗင်းစတုန်း)။ ကျွန်ုပ်တို့ ၏ သတင်းစကားသည် ကုံလုံပြည့်စုံမှုမရှိပါသော်လည်း၊ ၎င်းကိုအထက်ပါ သမ္မာတရားတော်တို့ကို လိုက်လျှောက်ခြင်းမရှိသော၊ သို့မဟုတ် မသိကျိုးကျွန် ပြုသောသူအားလုံးတို့အတွက်အသုံးချရန်ဖြစ်ပါသည်။ ဤအချက်သည် ကျွန်ုပ် တို့ ရင်ဆိုင်ရကြမည့် ကြီးမားသောစိန်ခေါ်မှုပင်ဖြစ်ပါသည်။
ကျွန်ုပ်တို့အသင်းတော်၏ပဓာနကျသည့်အထူးတာဝန်မှာ ဘုရားသခင်နှင့် လူတို့၏ကြားပြန်လည်သင့်မြတ်ပေါင်းစည်းရေးအတွက် အကျိုးဆောင်ပေးရန် ဖြစ်ပါသည်။ ၎င်းအချက်သည် ကျွန်ုပ်တို့၏အမြင့်မားဆုံးသော ရည်မှန်းချက် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင်လူတို့က “မရှိဆင်းရဲသား၊ ကံမကောင်းသူတို့ အပေါ်ဘယ်လိုသဘောရလဲ၊ သူတို့အတွက်အသင်းတော်မှာ တာဝန်မရှိဘူး လား” ဟူ၍ မေးမြန်းပြောဆိုတတ်ကြပါသည်။ အမှန်အကန်ပင်တာဝန်ရှိပါ သည်။ ဒုက္ခရောက်သူ၊ ဆင်းရဲသောသူ၊ သနားဖွယ်ကောင်းသောသူတို့အား ကူညီလိုစိတ်ရှိရမည်ဖြစ်ပြီး ထောက်ပံ့ကူညီရန် လိုအပ်ပါသော်လည်း ဤ အလုပ်သည် အသင်းတော်၏ပဓာနကျသည့်အလုပ်ဖြစ်သည်။ တရားတော် မြတ်ကိုဟောပြောခြင်းသည် အသင်းတော်၏ ပဓာနကျသည့် အထူးတာဝန် ဖြစ်ပြီး၊ အကြောင်းမှာ အသင်းတော်သည်ကမ္ဘာမြေကြီးပေါ်သို့ ဧဝံဂေလိ တရားတော်ကိုဖြန့်ကြက်ရန်အတွက် ဘုရားသခင်၏ အထူးကိုယ်စားပြုသူများ ဖြစ်ကြပါသည်။
အသင်းတော်၏ လုပ်ငန်းတာဝန်နှင့်ပတ်သက်ပြီး ကွဲပြားခြားနားသည့် သဘောထားများရှိမည်ဖြစ်သော်လည်း အမြင့်ဆုံးသောဦးစားပေးသည့် တာဝန် ကို ကိုယ်စားပြုသည့်အချက်လေးချက်တို့ကိုသာ အောက်တွင်ဖော်ပြထားပါ သည်။
ကမ္ဘာမြေကြီးပေါ်သို့ ဧဝံဂေလိတရားတော်ကိုကြွေးကြော်ပြီး လူမျိုးတကာ တို့ကို ခရစ်တော်၏ တပည့်တော်အဖြစ်သို့ ရောက်ရှိရန်အတွက်လုပ်ဆောင်ရန် ဤအကြောင်းနှင့်ပတ်သက်ပြီး ခရစ်တော်သည် ကောင်းကင်ဘုံသို့တက်ကြွ သွားခါနီးတွင် သူ၏တပည့်တော်တို့အားမိန့်တော်မူသည်မှာ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်း သောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အား ပေး သမျှသော...” (မဿဲ ၂၈း၁၉-၂၀) တွင်ဖော်ပြထားပါသည်။ ထို့ပြင်ခရစ် တော်က ၎င်းအကြောင်းနှင့် ပတ်သက်၍ မိန့်တော်မူချက်ကို (မာကု ၁၆း၁၅) တွင် “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကိုဟောကြလော့” ဟူ၍ ဖော်ပြထားပါသည်။
ဧဝံဂေလိတရားဟောကြားခြင်းနှင့် တပည့်တော်ဖြစ်စေခြင်း အမှုနှစ်ခုတို့ ၏ ပေါင်းစပ်မှုသည် ခရစ်တော်၏အသင်းတော်အတွက် ပဓာနကျသည့်အထူး တာဝန်အဖြစ် ယေဘုယျသတ်မှတ်ခဲ့ရပါသည်။ “အကယ်၍ဘုရားသခင်သည် သာသနာပြုလုပ်ငန်းဆောင်ရွက်သူအဖြစ်သင့်အားခေါ်တော်မူပါက၊ သင်သည် ရှင်ဘုရင်တစ်ပါး အဖြစ်သို့ရောက်ရှိလိုသည့်အထိ အောက်တန်းမကျပါနှင့်” (ဂျော်ရ်ဒန်ဂရူးမ်စ်)။ ဧဝံဂေလိတရားတော်ကို ဟောပြောခြင်းသည် လူတို့၏ အသက်ဝိညာဉ်တို့ကို ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့သည့် အနေအထားဆီ သို့ခေါ်ဆောင်လာသည့် သခင်ခရစ်တော်၏ သတင်းကောင်းကို ကြေညာပေး သည့် အမှုတော်ဆောင်ခြင်းလုပ်ငန်းဖြစ်ပါသည်။ တပည့်တော်ဖြစ်စေခြင်း အမှု သည် ယုံကြည်သူတို့အား သခင်ယေရှု၏ စည်းကမ်းရှိကြသော နောက်လိုက် တော်များဖြစ်လာကြစေရန်နှင့် သူ၏အခြေခံစည်းမျဉ်းအတိုင်း လိုက်လျှောက် ကြစေရန်အတွက် လုပ်ဆောင်ခြင်းကိုဆိုလိုပါသည်။ သခင်ယေရှုခရစ်တော်ထံ တော်သို့ အသက်ဝိညာဉ်တို့ကို ခေါ်ဆောင်လာရန်မှာ အသင်းအုပ်ဆရာတို့က သာလျှင် တာဝန်ယူရသည်ချည်းမဟုတ်မူဘဲ ယုံကြည်သူတစ်ဦးချင်းကပါ တာဝန်ယူမှုရှိရပါမည်။
ဝတ်ပြုခြင်းနှင့်မိတ်သဟာယဖွဲ့ခြင်းဆိုင်ရာ အသိုက်အဝန်းအဖြစ် အစေ ခံကြရန် - လူတို့အနေဖြင့် သူတို့၏မိတ်သဟာယဖွဲ့ခြင်းနှင့်ဝတ်ပြုခြင်းအမှု တို့ကို နှစ်သက်လိုလားကြခြင်းဖြင့် ဘုရားသခင်သည် သူ၏ကြည်နူးရွှင်လန်း တော်မူခြင်းအတွက် အစအဦးတွင် လူကိုပြုလုပ်ဖန်ဆင်းတော်မူခဲ့ပါသည်။ ဤ အကြောင်းကြောင့် ထာ၀ရဘုရား၏ အသင်းတော်အတွက် ရည်ရွယ်တော်မူ ချက်အစိတ်အပိုင်းအဖြစ် သူ၏လူစုတော်တို့ကို အတူတကွ စုရုံးစေတော်မူပြီး ဝတ်ပြုခြင်းဆိုင်ရာ ပူးပေါင်းမှုရှိသည့် ပတ်ဝန်းကျင်အစုအဖွဲ့တစ်ခုကို ဖြစ် မြောက်အောင်ပံ့ပိုးပေးတော်မူပြီး ထိုအစုအဖွဲ့သည် ကျွန်ုပ်တို့၏ ချစ်ခြင်း မေတ္တာကို သူ၏ထံတော်နှင့်ကျွန်ုပ်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ထုတ်ဖော် ပြောဆိုပေးကြရန်ဖြစ်ပါသည်။ ဤအကြောင်းအရာတို့နှင့် ပတ်သက်ပြီး၊ သခင် ယေရှုသည် ခရစ်ယာန်ဘာသာ၏ အမြင့်ဆုံးသောစံပြအချက် နှစ်ချက်ကို (မာကု ၁၂း၃၀-၃၁) တွင်ဖော်ပြရာတွင်၊ ပထမအချက်အဖြစ် “သင်၏ ဘုရား သခင်ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှ နှင့်ချစ်လော့” ဟူ၍ဖြစ်ပြီး ဒုတိယအချက်သည် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူ၍ဖြစ်ပါသည်။
ထာ၀ရဘုရားသည် သူ၏သားတော်သမီးတော်တို့၏ ချစ်ခြင်းမေတ္တာနှင့် သူ့အားဝတ်ပြုကိုးကွယ်ကြခြင်းတို့ကို သူတို့ထံမှခံယူရရှိတော်မူခြင်းအတွက်နှင့် ညီညွတ်မှုရှိကြရန်နှင့် ချစ်ခြင်းမေတ္တာထားရှိကြရန်အတွက် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆက်သွယ်ကြခြင်းအတွက် အထူးဝမ်းသာပီတိ ဖြစ်တော်မူပါသည်။ (ဧဖက် ၄း၁-၄။ ၁ယော ၁း၇) ထာ၀ရဘုရား၏တည်ရှိနေတော်မူခြင်းသည် ထိုကဲ့သို့သော ပတ်ဝန်းကျင်အနေအထားနှင့် ကမ္ဘာလောက၏ မျက်လုံးတို့တွင် မြင်တွေ့နေရသည့် ကျွန်ုပ်တို့၏ခရစ်ယာန်ဆိုင်ရာ သက်သေခံချက်စစ်မှန် ကြောင်းပြသသည့်အထောက်အထားများတို့တွင် ထင်ရှားစွာဖြင့်သိရှိရပါသည်။ (ယောဟန် ၁၃း၃၅) တွင် ခရစ်တော်က “သင်တို့ သည်အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ် သည်ကို သိရကြလိမ့်မည်” ဟူ၍မိန့်တော်မူခဲ့ပါသည်။
ယုံကြည်သူတို့ကို ခရစ်တော်၌ကြီးထွားသည်ထက်ကြီးထွားလာအောင် ပျိုး ထောင်ပေးပြီး၊ သာသနာပြုလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နိုင်ကြရန်အတွက် သူတို့ ကိုပြင်ဆင်ပေးကြရန်၊
ယုံကြည်သူတို့၏ စုပေါင်းဆောင်ရွက်မှုရှိသော အစုအဖွဲ့ကို အားကောင်း လာစေရန်နှင့် အမှုတော်ဆောင်ခြင်းလုပ်ငန်းများတို့တွင် ပါဝင်ကြရေးအတွက် သူတို့အား အမှုတော်ဆောင်ခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် အသုံးအဆောင် တို့ကိုတပ်ဆင်ပေးရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပါသည်။ အသင်းတော်သည် ဘုရားသခင်၏နှုတ်တော်ထွက်နှင့်ထိတွေ့ မှုရှိသော ယုံကြည်သူများအခြေပြုပြီး တပည့်တော်များအဖြစ်သို့ရောက်ရှိပြီးသော၊ ထို့အပြင်သူတို့သည် ဝိညာဉ်ရေး တွင်ရင့်ကျက်မှုရှိလာသော နေရာမျိုးရှိသည့် ဝိညာဉ်ရေးဆိုင်ရာစိတ်ဓာတ်မြင့် တင်ပေးမှုရှိသောလေထုဝန်းကျင်မျိုးတစ်ခုအဖြစ်ရှိသင့်ပါသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် ခရစ်တော်တွင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမြဲမြံစေမှု အတွက် အစေခံရုံပင်မကဘဲ၊ ဝန်ဆောင်မှုပေးရန်အတွက် ကျွန်ုပ်အားပြင်ဆင် ပေးပါသည်။ ဘုရားသခင်၏ အစီအစဉ်တော်အရ၊ ခရစ်တော်၏ ကိုယ်ခန္ဓာ တော်အစုအဖွဲ့တွင် ပါဝင်ကြသည့် အဖွဲ့ဝင်တစ်ဦးချင်းသည် အမှုတော်၏ ကဏ္ဍအချို့တွင်ပါဝင်ဆောင်ရွက်ကြရန်အတွက် ခေါ်တော်မူခြင်းခံနေရကြပြီး (ရောမ ၁၂း၆။ ၁ကော ၁၂း၁၄-၃၁)၊ အထူးသဖြင့် အသက်ဝိညာဉ်တို့ကို ခရစ်တော်ထံတော်သို့ခေါ်ဆောင်လာခြင်းသည်လည်း အပါအဝင်ဖြစ်ပါသည်။ (၂ကော ၅း၁၇)။
အသင်းတော်သည် ကျွန်ုပ်တို့၏အထူးတာဝန်အတွက် အားပေးတိုက်တွန်း မှုနှင့်အထောက်အပံ့တို့ကိုရရှိစေသည့် သင်တန်းပေးရာနေရာဖြစ်ပါသည်။ ၎င်း နေရာသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အခြားလူတို့ထံသို့ မည်ကဲ့သို့ ဆက်သွယ်ဝေငှရကြမည်ကို သင်ကြားရယူရသည့်နေရာတစ်ခုဖြစ်ပါသည်။
ကမ္ဘာမြေကြီးပေါ်တွင်ထွန်းလင်းတောက်ပစေသည့် အလင်းတစ်ခုအဖြစ် ရှိနေကြရန် - ကမ္ဘာမြေကြီးပေါ်တွင် သူ၏အသင်းတော်ဩဇာညောင်းစေရေး အတွက် သခင်ယေရှုက ဆားနှင့်အလင်းကို နမူနာအဖြစ်ပုံဆောင်တော်မူခဲ့ ပါသည်။ (မဿဲ ၅း၁၃-၁၄) သမိုင်းကြောင်းအရ၊ ဆားသည် အခြားသောအရာ ဝတ္ထုများတို့တွင် တန်ဖိုးရှိလှသော လူသုံးကုန်ပစ္စည်းတစ်ခုအဖြစ် အမြဲတစေ သုံးစွဲနေရကြပြီး၊ ရောဂါကူးစက်မှုများတို့ကိုတိုက်ဖျက်ရန်အတွက် ရောဂါပိုး တို့ကိုသတ်ဖြတ်သည့်ဆေးအဖြစ်လည်း အသုံးပြုကြပါသည်။ အလင်းသည် လည်း အမှောင်ထုကို လွင့်ပြယ်စေပြီး၊ သက်ရှိထင်ရှားမှုအတွက် မရှိမဖြစ် အရေးပါလှသည့်အရာတစ်ခုဖြစ်ပါသည်။ ထိုနည်းအတိုင်းပင် အသင်းတော် သည်လည်း မကောင်းမှု၏ကူးစက်မှုကို ဖယ်ရှားပစ်သည့် အပြစ်ကိုသတ်ဖြတ် သော ခရစ်တော်၏ ဖြောင့်မတ်ခြင်း ပိုးသတ်ဆေးပင်ဖြစ်ပါသည်။ သူ၏ကိုယ် ခန္ဓာအစုအဖွဲ့အရေးကိစ္စများအကြောင်းတို့အပေါ် သူ၏ စိတ်ဝင်စားမှုတို့ အတွက် ခရစ်တော်သည် အသင်းတော်ကိုကိုယ်စားပြုပေးစေလိုသည့် ရည်ရွယ် ချက်ရှိတော်မူပါသည်။ အသင်းတော်သည် မလှုပ်မယှက်အနေအထားတွင် ရှိ နေရန် မည်သည့်အခါမျှရည်ရွယ်တော်မူခြင်းမရှိပါ။ ကမ္ဘာပေါ်ရှိ ကျွန်ုပ်တို့၏ ဝန်းကျင်တွင် ဘုရားသခင်၏ အဆင့်မြင့်မားသောစံပြများတို့၏ အချက်ပြမီး အဖြစ်ရှိစေရန် ဆိုလိုရင်းဖြစ်ပါသည်။
အသင်းတော်သည် ယေရှုခရစ်တော်၏ ရွေးနုတ်တော်မူမှု သစ္စာတရား တော်များနှင့်ဖြောင့်မတ်ခြင်းတရားတော်တို့ကို ထိန်းသိမ်းထားသောအချိန်တွင် ခရစ်တော်သည် သူ၏အသင်းတော်ကို ကမ္ဘာမြေကြီးပေါ်တွင် သူ၏အလင်း တရားတော်ကို ထွန်းလင်းပေးရန် အလိုတော်ရှိတော်မူပါသည်။ ရှင်ပေါလုက (တိတု ၃း၁၄) တွင် “ငါတို့၏လူများသည်လည်း အသီးမဲ့သောသူမဖြစ်၊ ကိုယ်သုံးစရာဖို့ရှိရမည်အကြောင်း ကောင်းသောအကျင့်တို့ကို အမြဲကျင့်အံ့ သောငှာ၊ သင်ကြစေ” ဟူ၍ ဩဝါဒပေးခဲ့ပါသည်။ ခရစ်တော်သည်လည်း သူ၏အသင်းတော်အားမိန့်တော်မူချက်ကို (မဿဲ ၅း၁၆) တွင် “သူတစ်ပါးတို့ သည် သင်တို့၏ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူ သော သင်တို့အဘ၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့ အလင်းကိုလင်းစေကြလော့” ဟူ၍ဖော်ပြထားပါသည်။
“အထူးတာဝန်ပေးအပ်ခံရခြင်း၏အကြောင်းရင်း”
ဤအရေးပါလှသောအထူးတာဝန်ကို ထာ၀ရဘုရားသည် ကျွန်ုပ်တို့အား အဘယ်ကြောင့်အပ်နှင်းတော်မူသည်ကို သင့်အနေဖြင့် တွေးတောစဉ်းစားမိပါ သလား။ ဧဝံဂေလိတရားတော်ကို လူ့အနေဖြင့်အခြားသော နည်းလမ်းများ တို့ဖြင့် ကမ္ဘာပေါ်သို့ ပို့ဆောင်တော်မူခြင်းမရှိနိုင်တော့ပါ။ အယ်လင်ဝှိုက်က “ဘုရားသခင်သည် သူ၏ သမ္မာတရားတော်ကို အပြစ်ကင်းစင်သော ကောင်း ကင်တမန်တို့အားဖြင့် ကြေညာနိုင်တော်မူသော်လည်း၊ ဤကဲ့သို့လုပ်ဆောင် တော်မူရန်မှာ သူ၏အစီအစဉ်တော်မဟုတ်ပါ” ဟူ၍ အတည်ပြုပေးခဲ့ပါသည်။ အနာဂတ္တိစကားတော်၏ ဝိညာဉ်တော်ကဆက်လက်မိန့်တော်မူရာတွင် “ကျွန်ုပ် တို့၏အထောက်အကူမပါရှိဘဲ ဘုရားသခင်သည် အပြစ်သားတို့ကို ကယ်တင် တော်မူမည့် သူ၏ရည်ရွယ်တော်မူချက်ကို ဖော်ဆောင်နိုင်တော်မူပါသည်” ဟူ၍ပြောပါသည်။ ဤသို့ဆိုလျှင် သခင်ယေရှုသည် လူသားမျိုးနွယ်တို့အား အထူးတာဝန်ကိုအပ်နှင်းတော်မူရန်အတွက် မည်သည့်အရာက သူ့အား တွန်း အားပေးပါသနည်း။ ဤမေးခွန်းအတွက် အဖြေအဖြစ် အယ်လင်ဝှိုက်က၊ “ခရစ်တော်၏ အကျင့်စရိုက်တော်နှင့်တူညီမှုရှိစေသည်အထိ၊ ကျွန်ုပ်တို့၏ အကျင့်စရိုက်ကို တိုးတက်စေရန်မှာ သူ၏အမှုတော်တွင် ကျွန်ုပ်တို့အနေဖြင့် မျှဝေထမ်းရွက်ရကြမည် ဖြစ်ပါသည်” ဟူ၍ ရေးသားဖော်ပြထားခဲ့ပါသည်။ အသင်းသူအသင်းသားတို့သည် သာသနာပြုလုပ်ငန်းတွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်ကြပါက၊ ဝိညာဉ်ရေးဆိုင်ရာ အကျိုးကျေးဇူးကို ခံစားရရှိကြမည် ဖြစ်ပါသည်။ ဘုန်းတော်ရှင်၏ အစီအစဉ်တော်တွင် မလှုပ်မယှက်ငုတ်တုတ် ထိုင်နေကြသော သူတို့သည် ဝိညာဉ်ရေးကြီးထွားခြင်းကို ဆုံးရှုံးခံရကြမည် ဖြစ်ပါသည်။ ပျောက်ဆုံးသွားသောသူတို့ကို ရှာဖွေတော်မူရန်နှင့် ကယ်တင် တော်မူရန်အတွက် သခင်ယေရှုသည် ဤမြေကြီးပေါ်သို့ကြွဆင်းလာတော်မူခဲ့ ပါသည်။ ဧဝံဂေလိတရားတော်ကိုသင်ကြားရယူခြင်းတွင် ကျွန်ုပ်တို့အားလုံးတို့ သည် ကျရှုံးခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကိုကယ်တင်ရှင်အဖြစ် လက်ခံကြပြီး အကာအကွယ်ရရှိနိုင်သော အခွင့်အလမ်းတစ်ခုကို ပေးအပ်ခြင်း ခံခဲ့ကြရပါသည်။ “ကျွန်ုပ်တို့သည် ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာတော်မူ မည့် အကြောင်းကို ပြောဆိုနေကြစဉ် တစ်ဝက်မျှလောက်သော ကမ္ဘာ့လူသား တို့သည် ခရစ်တော်၏ ပထမအကြိမ်ကြွလာတော်မူခြင်းကို မကြားသိရကြဘဲရှိ နေသည်” (အော့စ်ဝေါလ်ဒ်ဂျေစမစ်)။ ခရစ်ယာန်၏ အသက်တာအတွက် ကြီးမားသောစိန်ခေါ်မှုမှာ ကယ်တင်ခြင်း၏လက်တွေ့ အနေအထားအတွင်း၌ ကျွန်ုပ်တို့ခရစ်ယာန်များကျန်ရှိနေကြရန်နှင့် ကျေးဇူးတော်၌ကြီးထွား ကြရန်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်ကို လေ့လာကြပြီး မရပ်မနား ဆုတောင်းကြရပါမည်။
ခရစ်ယာန်အများအပြားတို့က ဖော်ထုတ်သိရှိကြရာတွင်၊ အချိန်ကာလ ကုန်ဆုံးသွားသည်အလျောက် သူတို့သည် ဆုတောင်းလိုသောဆန္ဒနှင့် ကျမ်းစာ တော်မြတ်ကို သင်ကြားလေ့လာလိုသောဆန္ဒများ စတင်ဆုံးရှုံးလာကြပါသည်။ အဘယ်ကြောင့်နည်း။ ဝိညာဉ်ရေးနှင့်ပတ်သက်လာလျှင် လှုပ်ရှားဆောင်ရွက်မှု မရှိခြင်းအတွက် စစ်မှန်သော ကုသမှုတစ်ခုနှင့် သင်၏ အကူအညီကို လိုအပ် နေကြသော အသက်ဝိညာဉ်တို့အတွက် ကူညီဆောင်ရွက်ပေးသည့် အလုပ်မျိုး ရှိနေပါသည်။ ဤနည်းနာနိဿယသည် ခရစ်တော်က သတ္တိနည်းသော၊ ယုံမှား သောစိတ်ရှိသော၊ တုန်လှုပ်ချောက်ချားသောအသက်ဝိညာဉ်တို့အား ကုသပေး ရန်အတွက် ဆေးအညွှန်းပေးအပ်တော်မူခြင်းဖြစ်ပါသည်။ ထာ၀ရဘုရား၏ ရှေ့တော်မှောက်တွင် ဝမ်းနည်းကြေကွဲစွာဖြင့် လျှောက်လှမ်းကြသည့် ပူပန် သောကရောက်နေကြသည့်သူတို့အား ပြန်လည်မေတ္တာရပ်ခံစေကြပြီးနောက်၊ သူတို့အနေဖြင့် အကူအညီလိုအပ်သော တစ်စုံတစ်ယောက်ကို အကူအညီပေး စေရန်ဆောင်ရွက်ပေးပါ။
အယ်လင်ဝှိုက်ပြောဆိုခဲ့မှုအရ အထူးတာဝန်များတို့၏ အဦးဆုံးရည်ရွယ် ချက်မှာ ဧဝံဂေလိသတင်းစကားကို ပုံမှန်သဘောဖြင့်ဟောပြောကြရန် မဟုတ် ပါ။ အမျိုးသားများရောအမျိုးသမီးများတို့အတွက် ကျေးဇူးတော်၌ကြီးထွားရန် သူတို့၏ ဝိညာဉ်ရေးနှေးကွေးမှုကို နောက်ကျောတွင် ချန်ထားခဲ့ရန်နှင့် ရှေ့သို့ အင်တိုက်အားတိုက်ဆက်သွားရန် အခွင့်အရေးတစ်ရပ်ရှိနေကြပါသည်။ တက် ကြွမှုမရှိကြသောအသင်းဝင်သူများ၊ အသင်းတော်ကိုအခြေခံသည့် အထူးတာ ဝန်တွင်ပါဝင်ခြင်းများဖြစ်ကြပါသည်။ စိုးရိမ်စရာအနေအထား၏ အကြောင်း ရင်းခံများဖြစ်ကြပါသည်။ ဤအချက်သည် မိမိ၏ အဝန်းအဝိုင်း၏ ပြင်ပတွင် ရှိနေကြသော သူတို့ခံစားရမှု သို့မဟုတ် နှစ်ခြင်းမင်္ဂလာ ပေးခြင်း၏ ပန်းတိုင် များအတိုင်း မဖြည့်ဆည်းပေးနိုင်ခြင်းကြောင့်မဟုတ်ပါ။ ၎င်း၏ အကြောင်း ရင်းမှန်မှာ ထိုစိုးရိမ်စရာအနေအထားတွင်ရှိနေကြသော အသင်းတော်ဝင်များ တို့သည် ခရစ်ယာန်အတွေ့အကြုံတစ်ခုလုံးကို လက်လွတ်ဆုံးရှုံးခံရခြင်းကြောင့် ဖြစ်ပါသည်။
မှန်ကန်သည့်ခရစ်ယာန်များတို့သည် အသင်းတော်၏ အထူးတာဝန်တွင် မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံထားကြပါသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ သည် ရှုပ်ထွေးမှုနှင့်ဆုံရကြပါသည်။ ကျွန်ုပ်တို့သည် အထူးတာဝန်၏ ရည်ရွယ် ရင်းမှာနှစ်ခြင်းမင်္ဂလာပေးရန်အတွက်ဟုသာ ထင်မှတ်ထားကြသည်အလျောက် လူများတို့အား ပိုမိုများပြားစွာနှစ်ခြင်းမင်္ဂလာပေးနိုင်ကြရန်အတွက် နည်းလမ်း သစ်များတို့ကို စူးစမ်းရှာဖွေလာကြပါသည်။ အကယ်၍ အထူးတာဝန်၏ ရည်ရွယ်ရင်းသည် အသင်းဝင်သူတို့၏ အရေအတွက်တို့ကို များလာစေရေး သဘောမျိုးဆောင်ပါက ထိုနည်းလမ်းသစ်တို့ကို ရှာဖွေစူးစမ်းသော လုပ်ရပ် သည် ကောင်းမွန်လှပါသည်။ သို့သော်လည်း ခရစ်တော်သည် အထူးတာဝန်ကို ဝိညာဉ်ရေးဖွံ့ဖြိုးရန်အတွက် လမ်းကြောင်းတစ်ခုအဖြစ်ဖြင့်ပါ ရည်ရွယ်တော်မူ ခဲ့ပါသည်။ အမှန်တကယ်ပြောင်းလဲခြင်းရှိသောသူ တစ်ယောက်သည် အကူ အညီမဲ့ပြီး၊ အသုံးမကျသည့် အသက်တာမျိုးတွင် နေထိုင်နိုင်သော သဘော ထားမျိုး အခြားသောမည်သူမျိုးထံ၌မျှမရှိပါ။
“သာသနာပြုလုပ်ငန်းကိုလုပ်ဆောင်သောအဖွဲ့တစ်ဖွဲ့”
သခင်ယေရှုသည် သူ၏အသင်းတော်၏အထူးတာဝန်ကို ကျွန်ုပ်တို့အား ပေးအပ်လိုက်သည်နှင့် သူက၊ “သင်တို့သည် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားတော်ကို လောကီနိုင်ငံအရပ်ရပ်ရှိ သမျှတို့၌ သက်သေတစ်ခုအဖြစ်ဟောရကြမည်။” “သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။” “သင်တို့သည်လောက၏ အလင်းဖြစ်ကြ၏။” “သင်တို့သည် သွား၍. . .ငါ့တပည့် ဖြစ်စေလျက်၊” ဟူ၍မိန့်တော်မူခဲ့ပါသည်။ ဤမိန့်တော် မူချက်အားလုံးတို့ကို အကောင်အထည်ဖော်ရန်အတွက် တစ်ဦးချင်းစီ ပါဝင် လုပ်ဆောင်ရန်လိုအပ်ပါသည်။ ယေရှုခရစ်တော်သည် ဧဝံဂေလိတရားတော်ကို ကျွမ်းကျင်စွာဖြင့် ဟောပြောနိုင်ကြသော သူတို့ကိုသာ သူ၏အထူးတာဝန်ကို ပေးအပ်တော်မူသည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အသင်းဝင်သူတစ်ဦးစီကိုသာ သာသနာပြုလုပ်ငန်းကိုလုပ်ဆောင်စေရပါမည်။ သင်သည် အသင်းတော်ခေါင်း ဆောင်တစ်ဦးဖြစ်သည့်အလျောက် အသင်းဝင်သူတစ်ဦးစီတို့သည် သူ၏ သို့မဟုတ် သူမ၏ အထူးတာဝန်ကို အမှန်တကယ်လုပ်ဆောင်သည်မလုပ် ဆောင်သည်ဆိုခြင်းကိုစောင့်ကြည့်ရန်မှာသင့်အတွက်စိန်ခေါ်မှုပင်ဖြစ်ပါသည်။ “ကြီးမားသော အသင်းတော်၏ အမှတ်လက္ခဏာသည် တရားဇရပ်တွင် ထိုင် စရာထိုင်ခုံ အရေအတွက် မည်မျှဆံ့သည့်အကျယ်အဝန်းမဟုတ်ဘဲ၊ အမှုတော် ကိုမည်မျှပျံ့နှံ့စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်” (Mike Stachura). အမှုတော်ဆောင်များ (အသင်းလူကြီးသည် စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ပါသည်) တို့သည် အသင်းဝင်သူများတို့အနေဖြင့် ဝိညာဉ်တော်ရေးရာတွင် ကြီးထွားမှု ရှိလာကြစေရန်အတွက်၊ ထို့အပြင် သူတို့သည်သမ္မာတရားတော်ဆီသို့ အသက် ဝိညာဉ်တို့ကို ဦးဆောင်ပို့ပေးရမည့် ဘုရားသခင်က သူတို့အပေါ်တင်ထား တော်မူသောဝန်ကို ထမ်းရွက်သယ်ပိုးကြစေရန်အတွက် သူတို့အားသင်ကြား ပို့ချကြပါစေ။ မိမိတို့၏ တာဝန်ယူမှုအပိုင်းကို မဖြည့်ဆည်းပေးနိုင်ကြသော အသင်းဝင်သူတို့အတွက်မှာမူ သူတို့ထံသို့ အလည်အပတ်သွားပေးခြင်း၊ သူတို့ နှင့်အတူကတွ ဆုတောင်းပေးခြင်းနှင့် လုပ်ဆောင်သောသူတို့အဖြစ်သို့ ရောက် ရှိသွားကြပါလေစေ။
“သူ၏အလားအလာကောင်းသော အမှုတော်ဆောင်ခြင်းလုပ်ငန်းတစ်ခု လုံးကို သူတစ်ဦးတည်းသယ်ပိုးထမ်းရွက်ခြင်းဖြင့်ပြီးမြောက်အောင်မဖြည့်ဆည်း နိုင်ကြောင်းကို အစောပိုင်းကတည်းက သင်ယူရရှိသောအသင်းအုပ်ဆရာသည် ပညာရှိပင်ဖြစ်ပါသည်။ သခင်ဘုရားသည် တပည့်တော် (၁၂) ပါးကို ရွေး ကောက်တော်မူခဲ့ပါသည်။ ရှေးဦးတမန်တော်တို့သည် အရည်အချင်းရှိသောလူ (၇) ဦးကို ရွေးချယ်ခဲ့ကြပါသည်။ စပျစ်ဥယျာဉ်ပိုင်ရှင်သည် ဈေးထဲသို့ သွားပြီး အကူအညီတောင်းခံခဲ့ပါသည်။” အသင်းအုပ်ဆရာတစ်ယောက်၏ တာဝန်ယူ ရမှုများမှာ သင်တန်းပေးရန် စည်းရုံးသိမ်းသွင်းရန်နှင့် အသင်းတော်အား ညီညီ ညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သော ကြိုးပမ်းမှုမျိုးဖြင့်ဦးဆောင်ပြီး ကမ္ဘာ လောကကြီးကိုဘုရားသခင်နှင့်ဆုံတွေ့စေရေးအတွက် သတိပေးရန်နှင့်ပြင်ဆင် ပေးရန်ဖြစ်ပါသည်။
မည်သည့်အသင်းဝင်သူများကမျှ “ကျွန်ုပ်သည် လူတို့အားတပည့်ဖြစ်စေ ရန်မလုပ်ဆောင်လိုပါ။ သက်သေတစ်ယောက်လည်းမဖြစ်လိုပါ။ ကျွန်ုပ်တွင် အရည်အချင်းမရှိပါ။ ကျွန်ုပ်သည် ဖြစ်တည်မှုအရည်အသွေးအမျိုးအစား ဖြစ်ရ သည်ကို မနှစ်မြို့သည့်အတွက် အထက်ဖော်ပြပါလုပ်ရပ်မျိုးကိုမလုပ်လိုပါ” ဟူ၍ မှန်ကန်စွာမပြောနိုင်ကြပါ။ အသင်းတော်တည်ရှိနေရသော အဓိက အကြောင်းရင်းတစ်ခုမှာသာသနာပြုရန်ခိုင်းစေချက်အထူးတာဝန်တစ်ခုကြောင့် ဖြစ်ပါသည်။ ၎င်းအလုပ်မှာ တစ်ဦးချင်းစီ သို့မဟုတ် ကိုယ်ပိုင်အလုပ်ကိစ္စမျိုး မဟုတ်ပါ။
အသင်းအုပ်ဆရာများနှင့် သာမန်အသင်းတော်ဝင်များတို့အား လေ့လာ တွေ့ရှိချက်အရ၊ ၉၀% သောအသင်းအုပ်ဆရာတို့က အသင်းတော်၏ ရည် ရွယ်ချက်သည် ပျောက်ဆုံးသောသူတို့ထံသို့ ရောက်ရှိရေးပင်ဖြစ်သည်ဟု ပြော ဆိုခဲ့ကြပါသည်။ ၉၀% သောသာမန်အသင်းသားတို့ကမူ၊ အသင်းတော်၏ ရည်ရွယ်ချက်မှာ များပြားလှသော သူတို့၏လိုအပ်ချက်များတို့ကို ဖြည့်ဆည်း ပေးရန်ဖြစ်ပါသည်။ ၁၀% သော သာမန်အသင်းသားများကသာ အသင်း တော်၏ရည်ရွယ်ချက်သည် ပျောက်ဆုံးသွား သောသူတို့ထံသို့ သွားရောက်ရေး သာဖြစ်ကြောင်း ပြောပြခဲ့ကြပါသည်။
အသင်းတော်များတို့သည် သူတို့၏အသိုက်အဝန်းအတွင်းတွင် ကွဲပြား ခြားနားမှုတစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်ကြခြင်းသည် ထူးဆန်းအံ့ဩစရာ မဟုတ်ပါ။ သူတို့သည် ပျောက်ဆုံးသွားကြသော သူတို့ထံသို့ သွားရောက်ရေး ကို စိတ်မဝင်စားကြဘဲ၊ မိမိတို့ကိုယ်ကိုသာ စိတ်ဝင်တစားရှိနေကြပါသည်။ အသင်းတော်သည် ဤလောကကမ္ဘာကြီးကို ၎င်း၏အိမ်အဖြစ်လက်ခံသတ်မှတ် ရန်အတွက် စဉ်ဆက်မပြတ် သွေးဆောင်ခြင်းခံနေရပါသည်။ စည်းလုံးညီညွတ် မှုမရှိ၊ တွေးခေါ်မြော်မြင်မှုနတ္တိဖြစ်နေပါသည်။
“ကြီးမားသောကိုယ်စားလှယ်အဖွဲ့”
သခင်ယေရှုသည် သူ၏တပည့်တော်တို့ကို ကမ္ဘာလောကသို့စေလွှတ် တော်မူခဲ့သောအခါတွင် (မဿဲ ၂၈း၁၀၊၂၀) သူတို့အားတစ်ဦး တစ်ယောက် ခြင်းပုံစံမျိုးဖြင့် လွှတ်တော်မမူဘဲ၊ အစုအဖွဲ့ပုံစံဖြင့် လွှတ်တော်မူခဲ့ပါသည်။ ခေတ်ဦးကာလ ခရစ်ယာန်တို့သည် သူတို့၏ ဒေသခံအသင်းတော်မှ ထွက်သွား ပြီး ဧဝံဂေလိတရားတော်ကို ဝေငှရန်သွားကြရာတွင်လည်း သူတို့သည် အသင်း အဖွဲ့ပုံစံမျိုးများဖြင့်သွားကြရန် ရွေးချယ်ခဲ့ကြလေ့ရှိကြပါသည်။ (မာကု ၆း၇။ တမန်တော် ၁၅း၂၂။ ၁သက် ၃း၁-၂) သာသနာပြုလည်ပတ်ခြင်းများ သွားခဲ့ ကြစဉ်အတွင်း သူတို့သည် သူတို့၏ မူရင်းဒေသအသင်းတော်တို့နှင့် စာရေး ပို့ပေးခြင်းတို့နှင့်ဆုတောင်းပေးခြင်းတို့အားဖြင့် နီးကပ်သော ခင်မင်ရင်းနှီးမှုမျိုး ကို ထိန်းသိမ်းထားခဲ့ကြပါသည်။ ခရစ်ယာန် အသိုက်အဝန်းသည် သူတို့၏ အထူးတာဝန်အတွက်အရေးပါလှပါသည်။
ကျွန်ုပ်တို့အား ခရစ်တော်သည်ကမ္ဘာလောကသို့ သူ၏အသင်းတော် သံ အမတ်ကြီးများအဖြစ် စေလွှတ်တော်မူပါသည်။ ဤသို့အားဖြင့်ပင် ကျွန်ုပ်တို့ သည် ၎င်းအသင်းတော်၏ အထူးတာဝန်ကြီးတွင် မျှဝေထမ်းဆောင်နေကြပါ သည်။ “ကြီးမားသောကိုယ်စားလှယ်အဖွဲ့သည် အဆုံးအဖြတ်ပေးရန် ရွေးချယ် ပိုင်ခွင့်တစ်ခုမဟုတ်မူဘဲ လိုက်နာရမည့် အမိန့်တစ်ခုဖြစ်ပါသည်” ဟ(ဒ်)စန် ထေလရ်(ရ်)၊ တစ်ဦးခြင်းပုံစံဖြင့် လုပ်ဆောင်ခြင်းသည် ခရစ်ယာန်ဆိုင်ရာ အထူးတာဝန်တွင်ပါရှိသော များစွာသောကဏ္ဍတို့ကို ပြီးမြောက်အောင်ဆောင် ရွက်နိုင်ခြင်းမရှိပါ။ သခင်ခရစ်တော်၏အကြောင်းကို အခြားသောယုံကြည်သူ တို့၏ကူညီမှုမရှိဘဲ၊ အခြားသောသင်၏ အိမ်နီးနားချင်းတို့ကို သင်ပြောပြနိုင် ပါသည်။ သို့သော်လည်း သင်ကိုယ်တိုင်ကမ္ဘာ့တိုက်ကြီးတစ်တိုက်ကို ဧဝံဂေလိ တရားဟောပြောနိုင်မည်ဟူ၍လည်းကောင်း၊ သို့မဟုတ် အငတ်ဘေးကြုံတွေ့ နေရကြသည့် သားကောင်အဖြစ်ရောက်နေကြသောသူတို့ကို ကျွေးမွေးရန် အတွက်လည်းကောင်း၊ သို့မဟုတ် ဆေးရုံအဆောက်အဦတစ်ခုကို ဆောက် လုပ်ခြင်းကို သင်တစ်ဦးတည်းကိုယ်တိုင်လုပ်ဆောင်နိုင်မည်ဆိုခြင်းမှာ ယုံရခက် လှပါသည်။ သို့ရာတွင် အခြားသောယုံကြည်သူတို့နှင့်ပူးပေါင်းလုပ်ဆောင်မည် ဆိုပါက ဤအလုပ်များတို့ကို သင်အားလုံးလုပ်ဆောင်နိုင်သည်သာမက၊ ထို ထက်မကလုပ်ဆောင်နိုင်ပါသည်။
ကျွန်ုပ်တို့၏အထူးတာဝန်သည် ဧဝံဂေလိတရားဟောပြောခြင်းကို ချုပ် ချယ်ခြင်းမပြုနိုင်ပါ။ ဤကမ္ဘာလောကကြီးတွင် အသင်းတော်၏အခန်းကဏ္ဍမှာ လူတို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပေးပြီး သူတို့ကိုဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေရေးပင်ဖြစ်ပါသည်။ သခင်ယေရှုသည် ဤလောကတွင် ရှိတော်မူစဉ်အခါက သင်ကြားပေးခြင်း၊ ကုသပေးခြင်း၊ ကူညီပေးခြင်း၊ တပည့် တော်ဖြစ်စေခြင်းနှင့်အစေခံခြင်းတို့ကို လုပ်ဆောင်တော်မူခဲ့ပါသည်။ အသင်း တော်သည် သခင်ယေရှုဆောင်ရွက်တော်မူခဲ့သကဲ့သို့ ဆောင်ရွက်ရပါမည်။
“အထူးတာဝန်နှင့်စိတ်အားထက်သန်မှု”
စိတ်အားထက်သန်မှုသည် စွမ်းအင်နှင့်ခိုင်မာသော ယုံကြည်မှုတို့၏ ပေါင်းစပ်မှုပင်ဖြစ်ပါသည်။ စစ်မှန်သော စိတ်အားထက်သန်မှုသည် ဘုရား သခင်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာမှတစ်ဆင့် အသင်းတော်တိုးတက်မှု များအတွက်သဘောထားရှိခြင်းနှင့် ဘုရားသခင်၏အသင်းတော်အပေါ် ကတိ ကဝတ်ပြုခြင်းပင်ဖြစ်ပါသည်။ အယ်လင်ဝှိုက်က “အသက်ဝိညာဉ်တို့ကို ကယ် ဆယ်ရန်မှာ သခင်ခရစ်တော်၏ ရွှင်လန်းခြင်းပင်ဖြစ်ပါသည်။ ၎င်းလုပ်ရပ်ကို သင်၏အလုပ်နှင့်သင်၏ရွှင်လန်းခြင်းအဖြစ်ရှိနေပါစေ” ဟူ၍သဘောထားပေး ခဲ့ပြီး သူမကဆက်လက်၍ “အသက်ဝိညာဉ်တို့ကို ကယ်ဆယ်ရေးမှာ ခရစ် တော်ကို ယုံကြည်သက်ဝင်သူတိုင်းတို့၏ ဘ၀ပေးအလုပ်အဖြစ် သဘောထား သင့်ပါသည်” ဟူ၍ ပြောကြားခဲ့ပါသည်။ ဤအမြင်သဘောထားအပေါ် သူမ ၏အသားပေးပြောဆိုခဲ့မှုမှာ “ဤကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ရမည့် တာဝန်ကို ပြီးမြောက်စေရန်အတွက် တာဝန်ယူရခြင်းကို လက်တင်မင်္ဂလာခံယူ ရရှိပြီးသော အမှုတော်ဆောင်အပေါ်ချည်းသာ ပုံချ၍မရပါ။ သခင်ခရစ်တော် ကိုလက်ခံပြီးကြသည် လူတိုင်းတို့သည် သူ၏ မိတ်ဆွေအပေါင်းအဖော်တို့ကို ကယ်ဆယ်ရန်အတွက် ခေါ်တော်မူခြင်းကိုခံရကြပါသည်” ဟူ၍ဖြစ်ပါသည်။ ဆုတောင်းခြင်း၊ ကျေးဇူးတင်ခြင်းများ၊ တေးဂီတ၊ မိတ်သဟာယဖွဲ့ခြင်းနှင့် အခြားသောအမှုတော်ဆောင်ခြင်းလုပ်ငန်းတို့ကဲ့သို့သော အသင်းတော်၏ လှုပ် ရှားမှုများတို့သည် အရေးပါရှိလှသော်လည်း အပြစ်သားတို့ကို ကယ်တင်ခြင်း လုပ်ဆောင်ရေးမှာ ကျွန်ုပ်တို့အတွက်အရေးအကြီးဆုံးသော တာဝန်ယူရမှုဖြစ် ပါသည်။ ဤလုပ်ဆောင်ချက်သည် ကျွန်ုပ်တို့အတွက် အကြီးမားဆုံးသော ရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ရပါမည်။ ကောင်းကင်နိုင်ငံတော်တွင် ကျွန်ုပ်တို့ သည် ဧဝံဂေလိတရားတော်ကို ကြားမြင့်စွာ ဟောပြောရကြမည်မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့သည် ဤမြေကြီးပေါ်တွင် ရှိနေကြသည့်အချိန်တွင် ဧဝံဂေ လိတရားဟောကြားခြင်းအလုပ်သည် ကျွန်ုပ်တို့အသက်တာ၏ လက်တွေ့ဘ၀တွင် ပါရှိရမည့်အစိတ်အပိုင်းဖြစ်ရပေဦးမည်ဖြစ်ပါသည်။
အခြားသောသူတို့ထံသို့ ဧဝံဂေလိတရားကို ကြေညာခြင်းအလုပ်သည် သင်တို့နှင့်ကျွန်ုပ်ကဲ့သို့သောခရစ်ယာန်တိုင်းတို့၏အထူးတာဝန်ပင်ဖြစ်ပါသည်။ ကြီးမားသော ကိုယ်စားလှယ်အဖွဲ့အနေဖြင့် သက်တမ်းကုန်ဆုံးသည့် ကာလ ရှိပြီး ၎င်း၏သက်တမ်းတိုးမှုသည် ၎င်းကိုယ်စားလှယ်အဖွဲ့ကို တည်ထောင်ရန် သခင်ယေရှုမိန့်တော်မူချိန်မှ စတင်ပြီး၊ ကပ်ကမ္ဘာကုန်ဆုံးသည်အထိ (မဿဲ ၂၈း၂၀) သာဖြစ်ပါသည်။ မိနစ်တိုင်းသည်တန်ဖိုးရှိလှပါသည်။ မကောင်းဆိုးဝါး တို့မှာမူ ကျန်ရှိသောအချိန်သည် အလွန်တိုတောင်းလှကြောင်းကို ပို၍ပင်သိရှိ နေကြပါသည်။
ခရစ်ယာန်၏ အတွေ့အကြုံနှင့်ဝိညာဉ်ရေးတို့ကြီးထွားရေးအတွက် သက် သေလိုအပ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အသိုက်အဝန်းတို့ နှင့်ထိတွေ့မှုရှိပြီး၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုမျှဝေပေးခြင်းမပြုကြပါက ကျွန်ုပ် တို့၏ခရစ်ယာန် ဘာသာသည် အဓိပ္ပါယ်ကင်းမဲ့ရာရောက်ပေသည်။ ခရစ်တော် ၏ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် မည်သည့်အသင်းတော်အမျိုး အစားကို ကျွန်ုပ်တို့ပြင်ဆင်နေပါသနည်း။ “ဧဝံဂေလိသတင်းစကားသည် သူ ရောက်ရှိရမည့်နေရာသို့အချိန်မီရောက်ရှိသွားမှသာလျှင် ၎င်းဧဝံဂေလိသတင်း စကားသည် သတင်းကောင်းဖြစ်လာမည်ဖြစ်သည်”(Carl F H. Henry).
“အထူးတာဝန်အတွက်မတူကွဲပြားမှုရှိသောအရင်းခံအကြောင်းများ”
ကျွန်ုပ်တို့အားလုံးတို့သည် မတူကွဲပြားသော အရာများဖြစ်ကြသည့် ချစ်ခြင်း မေတ္တာကျေးဇူးတရား၊ ကြောက်ရွံ့မှုနှင့်ကြည်နူးမှုရလိုသော စိတ်ဆန္ဒ တို့အားဖြင့် ဆွဲဆောင်ခြင်းခံနေရကြပါသည်။ ထိုဆွဲဆောင်မှုအကြောင်းတို့ သည် တရားဝင်မှုရှိကြပါသည်။ ၎င်းတို့တစ်ခုချင်းသည် အခြားသောအရာ တို့ကိုဖြည့်စွက်ပေးပါသည်။ ဘုရားသခင်၏ စကြ၀ဠာကြီးတွင် မည်သည့်အမှန် တရားသည် အစဉ်ထာ၀ရသပ်ရပ်ကြော့မော့မှုရှိပါသနည်း။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် ထာ၀ရဘုရားအား ကြည်နူးနှစ်သက်စေရန်အတွက် ဤဆွဲ ဆောင်မှုများအားလုံးတို့ကိုလိုအပ်ကြပါသည်။ ပြုမူကျင့်ကြံမှု၏ တစ်စုံတစ်ရာ သောဦးတည်ရာအတွက် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်သည် အမြင့် ဆုံးနှင့်အဆုံးစွန်သော အကြောင်းတရားအဖြစ်ရှိနေသည့်တိုင် ဘုရားသခင်၏ ထာ၀ရတည်တံ့တော်မူသော ဘုန်းအာနုဘော်တော်နှင့် ကျွန်ုပ်တို့၏ ထာ၀ရ ကောင်းမြတ်ခြင်းတို့၏ စပ်ကြားတွင် မည်သည့်ရှေ့နောက်ညီညွတ်မှုမရှိသော ဖော်ပြချက်မျိုး သမ္မာကျမ်းစာတော်မြတ်ထဲတွင် တွေ့ရှိရခြင်းမရှိပါ။ ဘုရား သခင်၏ ဂုဏ်တော်ကိုချီးမွမ်းခြင်းသည် ကျွန်ုပ်တို့၏ အကြီးကျယ်ဆုံးသော အစဉ်ထာ၀ရ ကောင်းမြတ်ခြင်းတွင် အစဉ်အမြဲအကျိုးဖြစ်ထွန်းမှုရှိစေပါသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့၏ အစဉ်ထာ၀ရကောင်းမြတ်ခြင်းကို ဘုရားသခင်က ကျွန်ုပ်တို့အား မိန့်တော်မူသည့်အတိုင်း၊ ဆက်လက်၍ လက်ကိုင်ထားပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို အမြဲတစေချီးမွမ်းကြမည်သာ ဖြစ်ပါသည်။
“နိုးကြားတက်ကြွခြင်း၊ ပြုပြင်ပြောင်းလဲခြင်းနှင့်အထူးတာဝန်”
၂၀၁၀ ခုနှစ်၊ အောက်တိုဘာ (၁၁) ရက်နေ့၌ သတ္တမနေ့မြော်လင့်ခြင်း အသင်းတော်ကမ္ဘာ့ဌာနချုပ်၏ အလုပ်အမှုဆောင်ကော်မတီက “နိုးကြားတက် ကြွခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ တပည့်တော်ဖြစ်စေခြင်းနှင့် ဧဝံဂေလိတရား တော်ဟောပြောခြင်းဆိုင်ရာ အရေးတကြီးပန်ကြားချက်” ဆိုသည့်ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ကို အဆိုတင်သွင်းခဲ့ပါသည်။ ဤစာတမ်းသည် ကမ္ဘာမြေ ကြီးပေါ်သို့ ဘုရားသခင်၏ နောက်ဆုံးသောကာလသတင်းစကားဖြစ်သည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် သမ္မာတရားတော်တို့ကို ကြေညာရန် အတွက် သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်ကို အထူးတာဝန်ပေးအပ်ထား တော်မူခြင်းကို သတိပေးခြင်းဖြင့် စတင်ထားပါသည်။ ၎င်းက ဆက်လက်ပြီး ဖော်ပြထားရာတွင် ကျွန်ုပ်တို့သည် မဟာတိုက်လှန်ပွဲကြီးတွင် ဆုတ်ခွာနေရ သည့်အကြောင်းကို အသိအမှတ်ပြုရန်နှင့်၊ ကျွန်ုပ်တို့သည်ပြောင်းလဲခြင်းမရှိ ပါက ကျွန်ုပ်တို့၏လက်ရှိဘ၀ကာလအတွင်း ဤအထူးတာဝန်ကိုပြီးဆုံးအောင် ထမ်းဆောင်နိုင်ကြလိမ့်မည်မဟုတ်ပါ။ စာတမ်း၏ နိဂုံးပိုင်းတွင် ခေါင်းဆောင် တစ်ဦးချင်းစီနှင့် အသင်းတော်ဝင်တစ်ဦးချင်းစီတို့အတွက် စိန်ခေါ်မှုတစ်ခု အဖြစ် အောက်ပါကတိကဝတ်တို့ကို လုပ်ဆောင်ကြရန် အသိပေးထားပါသည်။
၁။ ပုဂ္ဂိုလ်ရေးအနေဖြင့် ဝိညာဉ်ရေးနိုးကြားတက်ကြွခြင်းအတွက်အပြင် ကျွန်ုပ်တို့၏ အသက်တာများ၊ ကျွန်ုပ်တို့၏ မိသားစုများနှင့် ကျွန်ုပ်တို့၏ အမှု တော်ဆောင်ခြင်းလုပ်ငန်းများတို့၏ အပေါ်သို့ တန်ခိုးအဖြစ် သက်ရောက်စေ မည့် နောက်မိုးအဖြစ်၊ သန့်ရှင်းသောဝိညာဉ်တော် သွန်းဖြိုးစေရန်အတွက် ဘုရားသခင်ထံတော်မှ ကြိုးပမ်းတောင်းခံခြင်းကို ဦးစားပေးအဆင့်တွင် ထားရှိ ရကြပါမည်။
၂။ တစ်ဦးချင်းအနေဖြင့် သခင်ခရစ်တော်နှင့်နေ့စဉ်နေ့တိုင်းမိတ်သဟာ ယဖွဲ့ခြင်းကို ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလေ့လာ သင်ယူခြင်းအားဖြင့် လုပ်ဆောင်နိုင်ရေးအတွက် အရေးပါလှသော အချိန်ပမာ ဏကို သီးသန့်ဖယ်ထားရပါမည်။
၃။ ကျွန်ုပ်တို့၏နှလုံးသားတို့ကို ပြန်လည်ဆန်းစစ်ပြီး သခင်ယေရှု၏ အကျင့်စရိုက်တော်ကို ထင်ရှားစေသည့် ကျွန်ုပ်တို့အား တားဆီးနှောင့်ယှက် သော မည်သည့်အရာကိုမဆို အပြစ်ဒဏ်စီရင်ရေးကို သန့်ရှင်းသော ဝိညာဉ် တော်အား ကျွန်ုပ်တို့တောင်းခံကြရပါမည်။ ကျွန်ုပ်တို့၏အသက်တာတို့တွင် သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးပြည့်၀စေရေးကို မည်သည့်အရာကမျှ တား ဆီးထားခြင်းမရှိစေရန် ကျွန်ုပ်တို့၏ စိတ်နှလုံးကိုခွင့်ပြုရန်အတွက် ဆန္ဒရှိရပါ မည်။
၄။ အသင်းတော်၏ အမှုတော်ဆောင်ခြင်းလုပ်ငန်းတို့ကို အားပေးတိုက် တွန်းရန်အတွက် ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်တော်ထွက်ကို လေ့လာ ခြင်းတို့ကို ပြုလုပ်ရန် အချိန်ကိုအသုံးချပြီး ဘုရားသခင်သည် သူ၏ အသင်း တော်အတွက် အစီအစဉ်တော်များမည်သို့ရှိသည်ကို သိရှိနိုင်ကြရန်အတွက် ဘုရားသခင်၏စိတ်နှလုံးတော်ကို ကြိုးပမ်းစူးစမ်းရကြပါမည်။
၅။ ကျွန်ုပ်တို့၏အသင်းတော်တစ်ခုချင်း၏အသင်းအဖွဲ့တို့ကို အားပေး တိုက်တွန်းပြီး အသင်းတော်ကိုအုပ်ချုပ်ကြသောသူများ၊ အသင်းအုပ်ဆရာများ၊ ကျန်းမာရေးစောင့်ရှောက်ပေးကြသည့်လုပ်သားများ၊ ပုံနှိပ်ထုတ်ဝေရေးလုပ် သားများ၊ ပညာရေးဆောင်ရွက်သူများ၊ ကျောင်းသားကျောင်းသူများတို့နှင့် အားလုံးသောဝန်ထမ်းများတို့သည် သခင်ယေရှုနှင့် ကတိတော်အရ သွန်းဖြိုး ပေးမည့် သန့်ရှင်းသောဝိညာဉ်တော်တို့ကို ဘုရားသခင်၏ နှုတ်တော်ထွက်ကို လေ့လာခြင်းနှင့်ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် အတူတကွကြိုးပမ်း ရှာဖွေရရှိကြရန်အတွက် လိုအပ်မည့်အချိန်ကိုသီးသန့် ဖယ်ထားကြရပါမည်။
၆။ အသင်းသူအသင်းသားတို့အနေဖြင့် ကတိတော်ရှိထားပြီးသားဖြစ် သော နိုးကြားတက်ကြွခြင်းနှင့်ပြုပြင်ပြောင်းလဲခြင်းအတွက် သခင်ယေရှုနှင့် ပိုမိုလေးနက်သည့် ဆက်ဆံရေးတို့ကို ကြိုးပမ်းရယူကြရန်အတွက် ရနိုင်သမျှ သော သတင်းဌာနထွက်ပေါက်ညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲတို့အားဖြင့် သူ တို့အားဖျောင်းဖျဆွဲဆောင်ကြရပါမည်။
၇။ ကျွန်ုပ်တို့၏အသင်းတော်အသင်းသားတစ်ရပ်လုံးတို့ကို ကျွန်ုပ်တို့၏ အသက်တာများ၊ မိသားစုများ၊ အဖွဲ့အစည်းများနှင့်အသိုက်အဝန်းများတို့ကို အသွင် ပြောင်းစေမည့် သန့်ရှင်းသောဝိညာဉ်တော်၏ ကျွန်ုပ်တို့၏ အသက် တာကို ပြောင်းလဲပေးနိုင်သည့်တန်ခိုးသည် ကျွန်ုပ်တို့၏စိတ်နှလုံးများအတွင်း ဝင်ရောက်နိုင်ရေးအတွက် ကျွန်ုပ်တို့ရော သူတို့အပါအဝင် အားလုံးတို့၏ စိတ် နှလုံးကိုဖွင့်ထားရေးတွင် ကျွန်ုပ်တို့နှင့်ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန်အတွက် သူတို့ကိုအမြန်ဆုံးဖျောင်းဖျဆွဲဆောင် ပြီး ဖိတ်ခေါ်ကမ်းလှမ်းကြရပါမည်။
“၇၇၇ - ကမ္ဘာအနှံ့ သန့်ရှင်းသောဝိညာဉ်တော်ဆုတောင်းခြင်းဆိုင်ရာ အဖွဲ့အစည်း၏ ပဏာမခြေလှမ်း”
သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးသွန်းဖြိုးရန်နှင့် ၎င်းသန့်ရှင်းသော ဝိညာဉ် တော်တည်ရှိနေရန်အတွက် ရက်သတ္တပတ်လျှင် ခုနစ်ရက်နှုန်းဖြင့် နေ့စဉ် (နံနက် သို့မဟုတ် ညနေ) ခုနစ်နာရီထိုးသောအချိန်တွင် ဆုတောင်း ကြရန် သတ္တမနေ့မြော်လင့်ခြင်းအသင်းဝင်တို့သည် ဆင့်ခေါ်ခြင်းခံနေရကြပါ သည်။ ထိုဆုတောင်းချိန်အတောအတွင်း၊ အချိန်အနည်းငယ်ယူပြီးဆုတောင်း သောသူတစ်ယောက်သည် ကမ္ဘာပေါ်ရှိ တူညီသော ဒေသစံတော်ချိန်အကန့် တွင်ရှိကြသည့် ထောင်ပေါင်းများစွာသော အခြားသောသူတို့နှင့် စည်းလုံး ညီညွတ်မှုအတွက် ဆက်သွယ်ပေါင်းစည်းနိုင်ပါသည်။ အယ်လင်ဝှိုက်က “စိတ်
ထက်သန်မှုအရှိဆုံးသော ဆုတောင်းခြင်းကိုပြုလုပ်ကြသော ယုံကြည်သူများ တို့၏ သံကြိုးကွင်းဆက်တစ်ချောင်းသည် ကမ္ဘာကြီးကို ဝိုင်းပတ်ရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ရန်အတွက် ဆုတောင်းရပါမည်” ဟူ၍ ပြောပြခဲ့ပြီး၊ သူမကကျွန်ုပ်တို့အား “ကျွန်ုပ်တို့အတွင်းတွင် စစ်မှန်သော ဘုရားတရားကြည်ညိုမှုအတွက် နိုးကြားတက်ကြွစေခြင်းသည် ကျွန်ုပ်တို့၏ လိုအပ်မှုများအားလုံးတို့အနက် အကြီးမားဆုံးနှင့်အမြန်ဆန်ဆုံးသော လိုအပ်မှု တစ်ခုဖြစ်ပါသည်” ဟူ၍ အသိပေးသတိပေးခဲ့ပါသည်။ ဤကဲ့သို့မျိုးကြိုးပမ်း လုပ်ဆောင်ရန်မှာ ကျွန်ုပ်တို့အဦးဆုံး လုပ်ဆောင်ရမည့်အလုပ်ဖြစ်ပါသည်။ သို့သော်လည်း ဘုရားသခင်သည် သူပေးထားတော်မူခဲ့သော ကျွန်ုပ်တို့အတွက် ကောင်းချီးမင်္ဂလာကို အတည်ပြုချက်ပေးတော်မူမည့် အခြေအနေတို့ကို ဝန်ချ တောင်းပန်ခြင်း၊ အရှက်တကွဲအဖြစ်ခံခြင်း၊ နောင်တရခြင်းနှင့် စိတ်အားထက် သန်စွာဖြင့်ဆုတောင်းခြင်းတို့ဖြင့် ဖြည့်ဆည်းပေးရန်မှာ ကျွန်ုပ်တို့၏ အလုပ် ဖြစ်ပါသည်။ နိုးကြားတက်ကြွမှု လိုအပ်ချက်တစ်ခုဖြစ်သည့် ဆုတောင်းခြင်းကို
ဘုရားသခင်၏ပြန်လည်ဖြေကြားတော်မူခြင်းအပေါ်တွင်သာ မျှော်မှန်း၍ ရနိုင် ပါသည်။
ယခုအချိန်သည် သမိုင်းတစ်လျှောက်အရေးအကြီးဆုံးသောအချိန်ဖြစ်ပြီး၊ နောက်ဆုံးသောဖြစ်စဉ်များဖြစ်ပါသည်။ ယခင်အခါက မည်သည့်အခါမျှဖြစ်ခဲ့ ခြင်းမရှိသော ယခုကဲ့သို့သောအချိန်ကာလတွင် သန့်ရှင်းသောဝိညာဉ်တော်၏ နက်နဲသော ကြားဖြတ်ဖြည့်စွက်တည်ဆောက်မှုအတွက် ဘုရားသခင်ထံတော် သို့ ဆုတောင်းကြရပါမည်။ ယခုအချိန်သည် အသင်းအုပ်ဆရာများ၊ အသင်း တော်ခေါင်းဆောင်များနှင့် အသင်းသူအသင်းသားများတို့အနေဖြင့် အဆင် သင့်ဖြစ်ရကြမည်ဖြစ်ပြီး၊ အဆုံးအဖြတ်ကိုခံယူကြရမည်ဖြစ်ကာ ကျွန်ုပ်တို့ ကိုယ်ကို နေ့စဉ်နေ့တိုင်းခရစ်တော်ထံတော်တွင် လုံးလုံးလျားလျား အပ်နှံရ ကြမည့်အပြင် သူ့အပေါ်တွင် လုံး၀ဥဿုံမှီခိုအားထားကြပါမည်။ ကျွန်ုပ်တို့ သည် နောက်မိုး၊ စင်ကြယ်မြင့်မြတ်သောဆီနှင့်အဆုံးအဖြတ် ပေးနိုင်သည့် ဝိညာဉ်တော်တို့ကို ပြည့်၀စွာလက်ရရှိကြရန်လိုအပ်ပါသည်။ ဤအချက်သည် ကျွန်ုပ်တို့၏ အရေးအကြီးဆုံးသော လိုအပ်ချက်ဖြစ်ပါသည်။ “ကျွန်ုပ်၏ ပြက္ခဒိန်တွင် ‘ယန္လေ့ နှင့် ‘ထိုန္လေ့ ဟူ၍ ရက်ပေါင်းနှစ်ရက်ရှိပါသည်” (မာတင် လူသာ)။ ကျွန်ုပ်တို့သည် ဘုရားသခင်အပ်နှံထားတော်မူသည့်အထူးတာဝန်ကို အပြီးသတ်ဆောင်ရွက်နိုင်ကြရန်အတွက် နိုးကြားတက်ကြွမှု၊ ပြုပြင်ပြောင်းလဲမှု ရှိရန်နှင့်လုပ်ပိုင်ခွင့်အာဏာအပ်နှင်းခံရကြရန်အတွက် ယခုပင် ဘုရားသခင်ကို ကြိုးပမ်းရှာဖွေကြပါစို့။ ထိုနောက်တွင် ကျွန်ုပ်တို့သည် သခင်ခရစ်တော် ဒုတိယ အကြိမ်ကြွလာတော်မူခြင်းအတွက် အဆင်သင့်အနေအထားသို့ ရောက်ရှိကြ မည်ဖြစ်ပါသည်။
“ကျွန်ုပ်တို့ရရှိကြမည့်ဆုလာဘ်”
မရေမတွက်နိုင်လောက်အောင်များပြားလှသောသရဖူများနှင့် အမျိုးစုံလှ
သောသရဖူများအပြင်၊ သရဖူများနှင့်ဆက်စပ်မှုမရှိသော ဆုလာဘ်များရှိနေကြ မည်ဖြစ်ပါသည်။ ၎င်းဆုလာဘ်အားလုံးတို့သည် သခင်ခရစ်တော်က ပျူငှာစွာ ပေးအပ်တော်မူပြီး ယုံကြည်သူတို့၏သစ္စာရှိလှသော ကြိုးစားဆောင်ရွက်မှုအား ဖြင့် ရယူနိုင်ခဲ့ကြပါသည်။ ထိုဆုလာဘ်တို့ကို ကျွန်ုပ်တို့၏ အသိအမှတ်ပြုခံရ ခြင်းအတွက်သာလျှင် ကျွန်ုပ်တို့ကရရှိခြင်းမဟုတ်မူဘဲ၊ ခရစ်တော်၏ အနန္တ ဘုန်းအာနုဘော်တော်ကြောင့်ဖြစ်ပါသည်။
ရှင်ပေါလုက တိမောသေအားပေးသည့်ဩဝါဒစာဖြစ်သည့် (၂တိ ၄း၆- ၈) တွင် ဖော်ပြထားသည့် “အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာလောင်းရသော အချိန်ရှိပြီ။ စုတေ့ရသောအချိန်ရောက်လေပြီ။ ကောင်းစွာသောတိုက်လှန်ခြင်း ကိုငါပြုပြီ။ ပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရား ကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကိုငါ၌အပ်ပေးတော်မူမည်။ ထိုမျှမကပေါ်ထွန်းတော်မူခြင်းကို တောင့် တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်” ဆိုသည့်ပြောစကားမျိုး ကို ကျွန်ုပ်တို့ပြောနိုင်ကြပါမည်လား။
“အထူးတာဝန်အတွက်စိတ်အားထက်သန်မှုမရှိဘဲ၊ သင်သည် ခြင်းပင် ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်ဖြစ်နိုင်ပါမည်လား”
ရောင်ပြန်ဟပ်မှု၊ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း၊သို့မဟုတ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ -
၁။
အသင်းတော်သည် အထူးတာဝန်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာ ချက် လုပ်ဆောင်ရန် အဘယ်ကြောင့်အရေးကြီးပါသနည်း။
၂။ “ကျန်ကြွင်းသောအသင်းတော်” ဖြစ်သည့်အလျောက်၊ ကမ္ဘာမြေကြီးပေါ်တွင် ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့၏ အထူးတာဝန်သည် အဘယ် အရာနည်း။
၃။
အသင်းတော်၏ ဦးစားပေးမှုလေးရပ်တို့နှင့် သင့်အနေဖြင့်သဘောတူညီမှု ရှိပါသလား။ သင်၏သဘောထားတို့ကိုမျှဝေပေးပါ။
၄။
အသင်းဝင်သူများတို့က အထူးတာဝန်တွင် ပါဝင်ဆောင်ရွက်ကြခြင်းသည် များစွာသော အသင်းအုပ်ဆရာများတို့အတွက် အဘယ်ကြောင့်စိန်ခေါ်မှု မျိုးသော တစ်ရပ်အဖြစ်ရှိနေပါသနည်း။
၅။
အထူးတာဝန်အတွက် အသင်းတော်၏ အသင်းဝင်သူတို့အား ဆော်ဩ စည်းရုံးရန်အတွက် အကောင်းဆုံးသောမဟာဗျူဟာသည် အဘယ်အရာ ဖြစ်ပါသနည်း။
No comments:
Post a Comment