အမှုတော်ဆောင်ရွက်ခြင်း
ရှင်မဿဲ ၁၇း၉-၂၁။ ရှင်မာကု ၉း၉-၂၉။ ရှင်လုကာ ၉း၃၇-၄၅ တို့ကိုအခြေ ပြုထားပါသည်။
ခရစ်တော်နှင့်တပည့်တော်များသည် တောင်ပေါ်တွင် တစ်ညလုံးနေခဲ့ကြ ပြီးနောက်၊ အရုဏ်ကျင်း၍ အလင်းသို့ရောက်လာသောအခါ တောင်ပေါ်မှ ဆင်းလာ ခဲ့ကြပါသည်။ ထိုတမန်တော်သုံးပါးသည် အတွေးရေယဉ်ကြောဝယ် နစ်မျော၍ စိုးရွံ့ ထိတ်လန့်ပြီး၊ ငြိမ်သက်လျက်ရှိကြပါသည်။ ပေတရုပင်လျှင် စကားတစ်လုံးမျှ မပြော နိုင်တော့ချေ။ ကောင်းကင်မှ ရောင်ခြည်တော်များ ကွန့်မြူးပြီး၊ သားတော်ဘုရား၏ ဘုန်းတော်ကို ထင်ရှားစေခဲ့သော သန့်ရှင်းသည့် ထိုနေရာတွင် တစ်ညလုံးနေထိုင်ခဲ့ ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိခဲ့ကြသော်လည်း၊ ခရစ်တော်အားရပ်ဝေးရပ်နီးသို့ သွားလာရှာဖွေနေကြသည့် လူအပေါင်းတို့အတွက် ကူညီလုပ်ဆောင်ပေးရန် သူ တို့၌ တာဝန်ရှိနေပါသေးသည်။ တောင် အောက်တွင် ကျန်နေရစ်ခဲ့သော်လည်း ခရစ်တော်သွားသည့်နေရာကို မသိရှိကြသည့်တမန်တော်များ၏ ဦးဆောင်မှုဖြင့် တောင်ခြေရင်းတွင် လူအုပ်ကြီးသည် စုရုံးနေကြပါသည်။ ကိုယ်တော်သည် တောင် အောက်သို့ ဆင်းကြွလာစဉ်တွင် “လူသားသည် သေခြင်းမှ မထမြောက်မီတိုင် အောင် သင်တို့ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှမပြောကြနှင့်” ဟု တောင်ပေါ်မှမြင်ကွင်းကို မြင်ခဲ့ရသော တမန်တော်သုံးပါးအား ပညတ်တော်မူ၏။ မြင်တွေ့ခဲ့ရသောမြင်ကွင်းများမှာ ၎င်းတို့၏စိတ်ထဲတွင် လေးလေးနက်နက် စဉ်းစား ဆင်ခြင်ရန်သာဖြစ်ပြီး၊ အခြား သူများအားသွားရောက် ပြောကြားရန်မဟုတ်ချေ။ ထိုအကြောင်းအရာကို လူအုပ်ကြီးအား ပြောပြခြင်းအားဖြင့် ရယ်စရာ (သို့မဟုတ်) အချည်းနှီးအံ့ဩစရာတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။ တောင်အောက်တွင် ကျန်ရစ် ခဲ့သော တမန်တော်ကိုးပါးသည် ပင်လျှင် ထိုမြင်ကွင်းကို ခရစ်တော်ထမြောက်တော် မူသည့် အချိန်အထိ နားမလည် ခဲ့ကြချေ။ ပေတရု၊ ယာကုပ်၊ ယောဟန်တည်း ဟူ သော တမန်တော်ကြီးများအား ခရစ်တော်ကိုယ်တော်တိုင် အနာဂတ်တွင်ဖြစ်ပျက် မည့်အရာများအားလုံးကို သွန်သင်တော်မူခဲ့သော်လည်း ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်၍ ဒွိဟမကင်း ကြောင်းသူတို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းများအားဖြင့် တတ် သိနားလည်မှုနည်း ပါးကြောင်းတွေ့မြင်ခဲ့ရပါသည်။ သို့ရာတွင် ခရစ်တော်ထံမှ ရှင်း လင်းချက် တစ်စုံတစ်ရာကိုမျှ သူတို့မတောင်းခံခဲ့ကြချေ။ အနာဂတ်ရေးနှင့် ပတ် သက်သော ကိုယ်တော်၏ နှုတ်ထွက်စကားများသည် သူတို့အားဝမ်းနည်းစေသော ကြောင့် ဆက်လက်ဖြစ်ပျက်မည့်အရာများကို သူတို့သိရန်မကြိုးစားကြတော့ချေ။
လူအပေါင်းတို့သည် ကိုယ်တော်ရှင်အား လွင်ပြင်၌တွေ့မြင်လိုက် ကြသော အခါ ရိုသေဝမ်းမြောက်ဖွယ်စကားများဖြင့် နှုတ်ဆက်ရန် ကိုယ်တော်ထံ ပြေးသွား ခဲ့ကြပါသည်။ သို့ရာတွင် ထိုသူများသည် စိတ်ဒုက္ခရောက်နေကြ သည်ကို လည်း ကောင်း၊ တမန်တော်များသည် စိတ်ရှုပ်ထွေးနေကြသည်ကို လည်းကောင်း ကိုယ် တော်ရှင် ထိုးထွင်းသိမြင်တော်မူလိုက်ပါသည်။ ဖြစ်ပျက်ခဲ့သော အခြေအနေများ သည် ၎င်းတို့အားခါးသီးသော စိတ်ပျက်အားငယ်မှုနှင့် သိက္ခာကျစရာများကိုမြင် စေခဲ့ပါသည်။
တမန်တော်ကြီးများသည် တောင်ပေါ်သို့တက်သွားသည့် ခရစ်တော်နှင့် တမန်တော်သုံးပါးတို့အား တောင်ခြေရင်းတွင် စောင့်ဆိုင်းနေကြစဉ် လူတစ် ယောက်သည် နတ်ဆိုးစွဲ၍ ဝက်ရူးပြန်နေသူသားငယ်အား သယ်ဆောင်လာကာ ထို နတ်ဆိုးကို နှင်ထုတ်ပေးပါမည့်အကြောင်းတောင်းပန်၏။ နတ်ဆိုးနှင်ထုတ် ခွင့်တန် ခိုးကို ဂါလိလဲနယ်ထဲသို့ ဧဝံဂေလိတရားဟောကြားရန်စေလွှတ်လိုက်စဉ် ကတည်း က ၎င်းတို့အား ခရစ်တော်ပေးအပ်ထားပြီးဖြစ်ပါသည်။ သူတို့သည် ယုံကြည်ခြင်းအ ပြည့်ဖြင့် သွားရောက်အမှုတော်ဆောင်စဉ်တွင် နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့ကြပါ သည်။ ယခုတွင်မူ ထိုကလေးငယ်အား နှိပ်စက်ကလူပြုနေသော နတ်ဆိုးအားထွက် သွားရန် ခရစ်တော်၏ နာမတော်အားဖြင့် အမိန့်ပေးနှင် ထုတ်ခဲ့သော်လည်း နတ်ဆိုး သည် ၎င်းတို့အားပြက်ရယ်ပြုကာ အထူးအဆန်းတန် ခိုးများကို ပြနေပါသည်။ တမန် တော်များသည် မိမိတို့၏ရှုံးနိမ့်မှုအတွက် မည်သို့မျှ ရှင်းလင်းချက်ပေးခြင်းငှာ မစွမ်း နိုင်တော့ဘဲ အရှက်တကွဲအကျိုးနည်း လျက်ရှိနေကြပါသည်။ ၎င်းတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေရန် ရရှိသောအခွင့်အရေးကို လက်မလွတ်တမ်း အသုံးပြု နေသည့် ကျမ်းတတ်ဆရာများသည် ထိုလူအုပ်ထဲတွင်ရှိနေကြပါသည်။ ၎င်းတို့သည် တမန်တော်များပတ်လည်တွင် စုရုံးချဉ်းကပ်လာကြကာ ခရစ်တော်နှင့်တကွ ထို တမန်တော်များအား လူလိမ်လူညာများအဖြစ် ထင်ရှားစေရန် ကြိုးစားလျက် မေးခွန်း များကို တစ်ခုပြီးတစ်ခု မေးမြန်းကာ တိုက်ခိုက်လာပါတော့သည်။ တမန်တော်များနှင့် တကွ ခရစ်တော်ကိုယ်တော်တိုင်သည် ၎င်းနတ်ဆိုးကို အရှုံးပေးကြရတော့မည်ဟု ကျမ်းတတ်ဆရာများက အောင်မြင်စွာ ကြွေးကြော်ခဲ့ကြပါသည်။ ထိုယုဒလူအုပ်ကြီး သည်လည်း ခရစ်တော်တို့အပေါ်တွင် အထင်အမြင်သေးလာကာ ကျမ်းတတ်ဆရာ များဘက်သို့ ယိမ်းယိုင်သွားခဲ့ကြပါသည်။
သို့ရာတွင် စွပ်စွဲပြောဆိုမှုများသည် ရုတ်တရက်ရပ်စဲသွားခဲ့ပါသည်။ ခရစ် တော်နှင့် တမန်တော်သုံးပါးတို့သည် တောင်ပေါ်မှ ဆင်းလာသည်ကိုမြင်ရသော ထို လူအုပ်ကြီးသည် ရုတ်တရက် ချက်ချင်းစိတ်ပြောင်းလဲသွားကာ ကိုယ်တော်တို့အဖွဲ့ အားလှည့်၍ ကြည့်လိုက်ကြပါသည်။ တစ်ညတာ ကောင်းကင်သားများနှင့် မိတ်သ ဟာယဖွဲ့ခြင်း၏ အရိပ်အယောင်များသည် ကယ်တင်ရှင်နှင့် တကွ ထိုတပည့်တော် များ၏ မျက်နှာပေါ်ဝယ်ထင်ရစ်ဆဲဖြစ်ပါသည်။ ၎င်းတို့၏ မျက်နှာပေါ်တွင် တွေ့မြင် ရသည့် အလင်းတစ်ခုသည် တွေ့မြင်ရသူများအား စိုးရွံ့ထိတ်လန့်သွားစေခဲ့ပါသည်။ ထိုနောက် လူအုပ်ကြီးသည် သခင်ယေရှု အားကြိုဆိုနှုတ်ဆက်နေကြစဉ်တွင် ကျမ်း တတ်ဆရာများသည် ကြောက်အား ကြီးစွာဖြင့်နောက်သို့ဆုတ်သွားခဲ့ကြပါသည်။
တောင်အောက်တွင် ဖြစ်ပျက်ခဲ့သော အရာများကို မျက်မြင်ကိုယ်တွေ့မြင် ခဲ့သည့် သက်သေခံတစ်ပါးကဲ့သို့ ကိုယ်တော်သည်ကျမ်းပြုဆရာများကို စူးစိုက်စွာ ကြည့်လျက် “သင်တို့သည် သူတို့နှင့်အဘယ်သို့ ဆွေးနွေးမေးမြန်းကြ သနည်း” ဟုမေးမြန်းကာ ဆိုင်ပြိုင်တိုက်ခိုက်မှုထဲသို့ ပါဝင်လာခဲ့ပါသည်။
သို့ရာတွင် ယခင်ကအော်ကြီးဟစ်ကျယ် ကလန်ကဆန်ပြောနေသော စ ကားသံများသည် ယခုတွင် တိတ်ဆိတ်သွားခဲ့ပါသည်။ လူအုပ်ကြီးတစ်ခုလုံး သည် တိတ်ဆိတ်နေပါသည်။ ထိုအခါ ဒုက္ခသည်သားငယ်၏ ဖခင်သည် ရှေ့သို့တိုးဝှေ့လာ ကာ ခရစ်တော်၏ ခြေတော်ရင်းတွင် ပျပ်ဝပ်၍ မိမိ၏ဝမ်းနည်း ဖွယ်ဖြစ်ရပ်များကို လျှောက်ထားခဲ့ပါသည်။
“အရှင်ဘုရား၊ အသောနတ်ဆိုးအစွဲခံရသည့် အကျွန်ုပ်၏သားကို အထံ တော်သို့ဆောင်ခဲ့ပါပြီ၊ နတ်သည်ဖမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာလှဲ၍ သူသည် လည်းခံတွင်းမှအမြှုပ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊ ပိန်ခြောက် လျက်နေရပါ ၏။ ထိုနတ်ကိုနှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည် မတတ်နိုင်ကြပါ” ဟုလျှောက်ထားလေ၏။
ခရစ်တော်သည် ပတ်လည်တွင် ဝန်းရံနေကြသည့် စိုးရွံ့ထိတ်လန့်နေသော လူအုပ်ကြီးကိုလည်းကောင်း၊ အပြစ်ရှာတတ်သော ကျမ်းပြုဆရာများ ကိုလည်း ကောင်း၊ စိတ်ပျက်နေကြသော တမန်တော်များကိုလည်းကောင်းကြည့် ရှုတော်မူ လိုက်ရာ စိတ်နှလုံးများထဲတွင် ကိန်းအောင်းနေသော မယုံကြည်မှုများ ကိုမြင်တွေ့ ကာ ဝမ်းနည်းစွာဖြင့်မိန့်တော်မူသည်ကား “ယုံကြည်ခြင်းမရှိသော အမျိုး၊ ငါသည် သင်တို့နှင့် အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ ကိုအဘယ်မျှကာလ ပတ်လုံးသည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံသို့ယူခဲ့ကြ}}ဟု စိတ်အားငယ်သော ထို ဖခင်ကို မိန့်တော်မူလိုက်ပါသည်။
မိန့်တော်မူသည့်အတိုင်း ထိုသူငယ်ကို ယူဆောင်လာခဲ့ကြရာ ခရစ်တော် သည် ၎င်းကိုကြည့်တော်မူလိုက်စဉ်တွင် နတ်ဆိုးသည် သူငယ်ကိုတောင့်မာစေသ ဖြင့် သူငယ်သည်မြေပေါ်မှာလဲ၍ အမြှုပ်ထွက်လျက်ကိုယ်ကိုလှိမ့်လျက် နေ၏။
အသက်ပေးပိုင်ရှင်ယေရှုရှင်နှင့် အမှောင်ဘုရင်မာရ်နတ်တို့သည် ဤစစ် မြေပြင်ဝယ် တစ်ဖန်တွေ့ဆုံကြပြန်လေပြီ။ ခရစ်တော်သည် မိမိ၏အမှုတော် ပြည့် စုံခြင်းသို့ရောက်စေရန် “ဖမ်းသွားချုပ်ထားလျက်ရှိသော သူတို့အားလွှတ် ခြင်းအ ကြောင်းကို----ကြားပြော” နေသကဲ့သို့ စာတန်သည်လည်း မိမိဖမ်း စားထား သောသူကို ဆက်လက်ထိန်းချုပ်ရန fကြိုးစားနေပါသည်။ မျက်မြင်မရသော အလင်း ၏ ကောင်းကင်တမန်များနှင့် အမှောင်၏ ကောင်းကင်တမန်များသည် တိုက်လှန်ပွဲ ကြီးကို ကြည့်ရှုကြရန် အနီးသို့ချဉ်းကပ်လာခဲ့ကြပါသည်။ ကြည့်ရှုနေသူများသည် ပြု တော်မူမည့်မစခြင်းတန်ခိုးကို မြင်တွေ့ကြစေရန် အလိုငှာ ခရစ်တော်သည် အခိုက် အတန့်အားဖြင့် နတ်ဆိုးအား တန်ခိုးပြခွင့် ပေးထားခဲ့ပါသည်။
လူအုပ်ကြီးသည် စိုးရွံ့စိတ်ပူနေသော ထိုဖခင်အား အသက်ပင်မရဘဲ ကြည့် နေကြပါသည်။ ထိုအချိန်တွင်ကိုယ်တော်က “ဤသို့ဖြစ်သည်ကား အဘယ်မျှ လောက်ကြာပြီနည်း” ဟုမေးတော်မူလိုက်ရာ ကာလကြာမြင့်စွာခံစား ခဲ့ရသည့် သား ၏ အဖြစ်ကိုပြောပြခဲ့ပါသည်။ ထို့နောက်၎င်းသည် သည်းမခံနိုင်တော့သည့်အလား “ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ကယ်မတော်မူပါ” ဟုလျှောက်ထားလေ၏။ “ကိုယ်တော်သည်တတ် နိုင်တော်မူလျှင်” ဟူသောစကား သည် ခရစ်တော်၏တန်ခိုးတော်ကို ယခုတိုင် အောင်သံသယရှိနေခြင်းကို ဖော်ပြနေ ပါသည်။
ထိုအခါ “သင်သည်ယုံကြည်နိုင်သလော၊ ယုံကြည်သောသူဖြစ်လျှင် ခပ် သိမ်းသောအမှုကို တတ်နိုင်သည်}} ဟု ယေရှုက မိန့်တော်မူလိုက်ပါသည်။ ခရစ် တော်သည် မိမိ၏လုပ်ဆောင်ရမည့် ကဏ္ဍအတွက် တန်ခိုးတော်ပြည့်စုံတော်မူ သည် ဖြစ်၍ သားငယ်ပြန်လည် ကျန်းမာလာစေရန် ထိုဖခင်၏ ယုံကြည် မှုသည်သာ ပဓာန ဖြစ်နေပါသည်။ မိမိအားနည်းချက်များကို ပြန်လည်သတိရ ကာ မျက်ရည်ကျလျက် ခရစ်တော်၏ ရှေ့မှောက်တွင် မိမိကိုယ်ကိုပျပ်ဝပ်ပြီးနောက် “အကျွန်ုပ်ယုံကြည်ပါ၏ သခင်၊ မယုံကြည်သည်ကိုမစတော်မူပါ” ဟု ဟစ်ကြော်လျှောက်ထားလေ၏။
ထို့နောက် ကိုယ်တော်သည် နတ်ဆိုးအစွဲခံနေရသော ကလေးငယ်ဘက်သို့ လှည့်တော်မူ၍ “နားပင်း၍စကားအသောနတ်၊ သူငယ်မှထွက်လော့၊ နောက်တစ်ဖန် မဝင်နှင့် ငါအမိန့်ရှိ၏” ဟုနတ်ဆိုးကိုဆုံးမ၍ နှင်ထုတ်တော်မူ၏။ ထိုအခါ နတ်ဆိုး သည်အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွားလေရာ သူငယ်သည် လူသေ ကဲ့သို့ဖြစ်နေပါ၏။ ကြည့်ရှုနေကြသောသူများက သူငယ်သေပြီဟု တီးတိုးပြောဆို ကြ၏။ သို့ရာတွင် ခရစ်တော်သည် ထိုသူငယ်၏ လက်ကိုကိုင်၍ ချီထစေတော်မူပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာလန်းဆန်း နေသောသားငယ်ကို ဖခင်၏လက်သို့ အပ်ပေး တော်မူလိုက်ရာ ဖခင်ရောသားငယ်ပါ ကယ်တင်ရှင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ထောမနာပြုကြပါတော့သည်။ ထိုမြင်ကွင်းကိုမြင်တွေ့ခဲ့ကြရသောလူအပေါင်းတို့သည် ဘုရားသခင်၏မဟာ တန်ခိုး တော်ကို အံ့အားသင့်ခဲ့ကြရပါသည်။ ထိုစဉ်တွင် ကျမ်းတတ်ဆရာများ သည်ရှုံးနိမ့်၍ ခေါင်းငိုက်စိုက်ကျကာ သုန်သုန်မှုန်မှုန်ဖြင့်ထွက်ခွာသွားကြ ပါသည်။
“ကိုယ်တော်တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကိုသနား၍ ကယ်မတော် မူပါ” ဟူသော ဆုတောင်းချက်မျိုးကို အပြစ်ဝန်ပိနေသော အသက်ဝိညာဉ်မည် မျှက တောင်းလျှောက်နေကြပါသနည်း။ လူအားလုံးအတွက်ကယ်တင်ရှင်၏ အ ဖြေမှာ “သင်သည်ယုံကြည်နိုင်သလော၊ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသော အမှုတို့ကိုတတ်နိုင်သည်” ဟူ၍ဖြစ်၏။ ကျွန်ုပ်တို့အား ကောင်းကင်နိုင်ငံ တော်နှင့် ဆက်သွယ်ပေး၍ အမှောင်၏အာဏာတန်ခိုးများကို ကျော်လွှားအောင် မြင်စေမည့် ခွန်အားများကို ကျွန်ုပ်တို့ထံသို့ ယူဆောင်ပေးသည့်အရာမှာ ယုံကြည်ခြင်းပင်ဖြစ်ပါ သည်။ ဒုစရိုက်အပြစ်တိုင်းကို ချေဖျက်ရန်နှင့် မည်မျှပင်ပြင်းထန်သော စုံစမ်းခြင်းကို မဆို တွန်းလှန်ခုခံနိုင်ရန် နည်းလမ်းများကို ဘုရားသခင်သည် ခရစ်တော်၌ ပြင်ဆင် တော်မူပါသည်။ သို့ရာတွင် လူအများတို့သည် မိမိတို့၏ ယုံကြည်ခြင်းလျော့ပါးသွား ကြောင်းသိရှိကာ ခရစ်တော်နှင့်လည်း ဝေးကွာနေ ကြပါသည်။ မထိုက်တန်သော ခို ကိုးရာမဲ့အခြေအနေ၌ပင် ကြင်နာသနားတတ် သည့်ကယ်တင်ရှင်၏ကရုဏာတော်၌ ထိုဝိညာဉ်များသည် မိမိကိုယ်ကိုအပ်နှံကြစေ။ ကိုယ်ကိုမကြည့်ဘဲ ခရစ်တော်ကို ကြည့်ကြစေ။ ထိုလူများအလယ်တွင် လျှောက်သွားတော်မူသောအချိန်၌ တွေ့ရှိရ သောလူနာများနှင့် နတ်ဆိုးစွဲနေသူ များအားကုသပေးခဲ့သော ကိုယ်တော်သည် ယနေ့တွင်လည်း မဟာကယ်တင်ရှင် အဖြစ် ဆက်လက်ရပ်တည်နေပါသည်။ ယုံ ကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွားစေပါသည်။ ငါ့ထံ သို့လာသောသူကို ငါသည် အလျှင်းမပယ်ဟူသော ကိုယ်တော်၏ကတိတော်ကို ဆုပ် ကိုင်ပါ။ (ယောဟန် ၆း၃၇)။ အကျွန်ုပ်ယုံကြည်ပါ၏သခင်၊ မယုံကြည်သည်ကို မစ တော်မူပါဟု ခြေတော်ရင်းတွင်ပျပ်ဝပ်၍အော်ဟစ်ပါ။ ထိုသို့လုပ်ဆောင်နေပါလျှင် သင်သည် မည့်သည့်အခါမျှပျက်စီးခြင်းသို့မရောက်နိုင်ပါ။
တမန်တော်များသည် အချိန်တိုကလေးအတွင်းတွင် အလွန်ထူးခြားသည့် ဘုန်းအသရေတော်နှင့် မဟာနှိမ့်ချမှုကို မြင်တွေ့ခဲ့ရပါသည်။ လူသား ဇာတိတွင် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့်အညီ ထွန်းတောက်ထင်ရှားခဲ့သည် ကိုလည်း ကောင်း၊ လူသားဇာတိတွင်ပင် စာတန်၏သဏ္ဌာန်နှင့် တူညီသွားသည့် တိုင်အောင် ယုတ်ညံ့သွားခဲ့သည်ကိုလည်းကောင်း သူတို့မြင်တွေ့ခဲ့ကြရပါသည်။ ကောင်းကင်မှ စေတမန်များနှင့် စကားလက်ဆုံကျခဲ့သော ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို ဘုန်းရောင်ခြည်များထဲမှ အသံတော်အားဖြင့် ကြေညာတော်မူခြင်းခံခဲ့ရသော ခရစ် တော်သည် လူသားများ၏အစွမ်းဖြင့် သက်သာခွင့် မပေးနိုင်လောက်အောင် ပြင်း ထန်သည့် နတ်ဆိုးစွဲခြင်းခံနေရသော အံသွားကြိတ်ခဲ၍ မျက်နှာအဆင်းများပျက်ကာ ရှုံ့မဲ့နေသည့် သူငယ်အားတွေ့ဆုံရန် တောင်ပေါ်မှဆင်းသက်လာသည်ကို သူတို့ မြင်တွေ့ခဲ့ကြပါသည်။ လွန်ခဲ့သောအချိန် ပိုင်းကလေးကမှ အံ့ဩတွေဝေနေသော တမန်တော်များရှေ့တွင် ဘုန်းတော်ပြည့်စုံစွာဖြင့် ရပ်တည်တော်မူခဲ့သော ဤမဟာ ကယ်တင်ရှင်သည် မြေကြီးပေါ်တွင် လူးလှိမ့်နေသော စာတန်၏ ယဇ်ကောင်ဖြစ် သည့် ထိုသူငယ်အား ချီထတော်မူ၍ ကိုယ်စိတ်နှစ်ပါးကျန်းမာစွာဖြင့် ဖခင်၏ လက် ထဲသို့ပြန်ပေးရန် တောင်ပေါ်မှ ဆင်းကြွလာတော်မူခဲ့ပါသည်။
ထိုအခြင်းအရာသည် ကယ်တင်ခြင်း၏ သရုပ်ပြသင်ခန်းစာတစ်ခုဖြစ်ပါ သည်။ မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ပါးသည် ပျောက်ဆုံးနေသော လူသားများကို ကယ်တင်ရန် ခမည်းတော်ဘုရား၏ ဘုန်းတော်မှစွန့်ခွာ၍ ဆင်းကြွလာတော်မူခဲ့ ပါသည်။ ဤအရာသည် တမန်တော်များ၏ အမှုတော်ကိုလည်း ရုပ်လုံးပေါ်စေပါ သည်။ ခရစ်တော်စေတမန်များ၏ အသက်တာများသည် ဘုန်းထွန်းတောက်လျက် ရှိသော တောင်ထိပ်ပေါ်တွင် ခရစ်တော်နှင့်အတူနေခြင်းအားဖြင့်သာ အချိန်ကုန် လွန်သွားရန် မဟုတ်ပါချေ။ တောင်အောက်သို့ဆင်း၍ လုပ်စရာ အလုပ်များကို လုပ် ဆောင်ရန် လိုအပ်ပါသည်။ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံနေရသည့် အ သက်ဝိညာဉ်များက ၎င်းတို့အား လွတ်ခြင်းအခွင့်ပေးမည့် ယုံကြည်ခြင်းသတင်း စကားများနှင့် ဆုတောင်းသံများကို စောင့်စားနေကြပါ သည်။
တောင်အောက်တွင် ကျန်ရစ်ခဲ့သည့် တမန်တော်ကိုးပါးသည် မိမိတို့၏ ရှုံး နိမ့်မှုအကြောင်းကို အလေးအနက်စဉ်းစားနေကြပြီး ခရစ်တော်သည် ၎င်းတို့ ထံ သို့ တစ်ဖန်ပြန်လည် ရောက်ရှိလာသောအခါ ‘”အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ် ကြောင့် မနှင်ထုတ်နိုင်ကြပါသနည်း” ဟုမေးလျှောက်ကြ၏။ ထိုအခါ ယေရှုက “သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ၊ ငါ အမှန် အကန်ဆို သည်ကား သင်တို့သည် မုန်ညင်းစေ့ခန့်လောက်မျှသောယုံ ကြည်ခြင်းရှိလျှင် ထို တောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော် နေရာမှရွေ့လိမ့် မည်။ ယုံကြည်ခြင်းရှိ လျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။ သို့သော်လည်း ဆုတောင်းခြင်း၊ အစာရှောင် ခြင်းမှတစ်ပါး ထိုအမျိုးသည် မထွက်တတ်ဟု မိန့်တော်မူ၏။” ခရစ်တော်၏ ကရု ဏာကို ခံစားခွင့်မရစေရန် ပိတ်ပင်တားဆီးထားသော သင်တို့၏မယုံကြည်မှုနှင့် မိမိ တို့အား အပ်နှင်းထားသည့် မွန်မြတ်သန့်ရှင်းသော အမှုတော်ကို အလေးတယူမ ထားခြင်းများသည် အမှောင်၏တန်ခိုးများနှင့် တိုက်လှန်ပွဲတွင် သင်တို့အား ရှုံးနိမ့် စေပါသည်။
မိမိ၏အသေခံခြင်းကို ရည်ညွှန်း၍ မိန့်မြွက်ခဲ့သောခရစ်တော်၏ စကားများ သည် ၎င်းတို့အား ဝမ်းနည်းမှုနှင့်သံသယများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ၎င်းပြင် ခရစ် တော်နှင့်အတူတောင်ပေါ်သို့ တက်ခွင့်ရခဲ့ကြသည့် တမန်တော် သုံးပါးသည်လည်း ကျန်တမန်တော်ကိုးပါး၏ ငြူစူမှုကိုနှိုးဆွနေခဲ့ပါသည်။ သူ တို့သည် ခရစ်တော်၏ စကားများအပေါ် ဆုတောင်းခြင်း၊ အာရုံပြုခြင်းများ အားဖြင့် မိမိတို့၏ ယုံကြည်ခြင်း ခွန်အားများကို တိုးပွားစေရမည့်အစား သူတို့ ကိုယ်တိုင်စိတ်ဓာတ်ကျနေကာ ဝမ်း နည်းပက်လက် ဖြစ်နေကြပါသည်။ ထိုကဲ့သို့
ဝိညာဉ်ရေးမှောင်မိုက်ကျနေသော အချိန်တွင် သူတို့သည် စာတန်နှင့်ဆိုင်ပြိုင် တိုက်လှန်ခဲ့ကြရပါသည်။
ထိုကဲ့သို့သောတိုက်လှန်ပွဲမျိုးကို အောင်မြင်ကျော်လွှားနိုင်စေရန်အလို ငှာ သူတို့သည် ဤအလုပ်ကို ထူးခြားသောစိတ်ဓာတ်တစ်မျိုးဖြင့် လုပ်ဆောင် ကြရပါ မည်။ သူတို့၏ယုံကြည်ခြင်းကို စိတ်အားထက်သန်စွာ ဆုတောင်းခြင်း အားဖြင့်သော် လည်းကောင်း၊ အစာရှောင်ခြင်းအားဖြင့်သော်လည်းကောင်း၊ စိတ်နှလုံးနှိမ့်ချခြင်း အားဖြင့်သော်လည်းကောင်း အားသစ်လောင်းရပါမည်။ ၎င်းတို့၏အသက်တာတွင် “ငါ”ပျောက်၍ ဘုရားသခင်၏ ဝိညာဉ်တော်ဖြင့် ပြည့်၀စေရပါမည်။ ကိုယ်တော်၏ အမှုတော်အတွက် အကြွင်းမဲ့ဆက်ကပ်၍ ဘုရားသခင်အပေါ် လုံးလုံးလျားလျား မှီခို အားထားခြင်းကို ထင်ရှားစေသော ယုံကြည်ခြင်းမျိုးဖြင့် မခြားမလပ်စိတ်အားထက် သန်စွာ တောင်းလျှောက်ခြင်း သည်သာလျှင် အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုသောမင်းတို့နှင့် လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမအစကို ရရှိနိုင်ကြ မည်ဖြစ်ပါသည်။
“သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထို တောင်ကိုနေရာမ Sရွေ့လော့ဟုဆိုကြသော် နေရာမှရွေ့လိမ့်မည်” ဟုယေရှုရှင် မိန့်တော်မူပါသည်။ မုန်ညင်းစေ့သည် အလွန်သေးငယ်သော်လည်း ၎င်း၌ သစ်ပင် ကြီးတစ်ပင်အဖြစ် ကြီးပွားတိုးတက်လာစေသည့် သိမြင်ရန်ခက်ခဲလှသော အသက် ကလေးပါရှိနေပါသည်။ ထိုမုန်ညင်းစေ့ကလေးကို မြေကြီးပေါ်သို့ ပစ်ချလိုက်သော အခါ ထိုသေးငယ်သော အစေ့ကလေးသည် အရာတိုင်းကို စုပ်ယူစားသုံးပြီးများ မ ကြာမီတွင် ခိုင်မာသော အပင်တစ်ပင်အဖြစ်သို့ အလျင်အမြန်ကြီးထွားလာပါသည်။ သင်၌ထိုကဲ့သို့သော ယုံကြည်ခြင်းမျိုးရှိလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ် တော်ကိုသော်လည်းကောင်း၊ ဘုရားသခင်ပြညွှန်တော်မူသည့် အမအစဖြစ်စေမည့် တန်ခိုးခပ်သိမ်းတို့ကို သော်လည်းကောင်း စုပ်ယူမှီဝဲပေလိမ့်မည်။ ဤနည်းအားဖြင့် သင်၏ယုံကြည်ခြင်းသည် ခွန်အားကောင်းလာကာ ကောင်းကင်တန်ခိုးတော် အမ အစများကို သင့်အတွက်ယူဆောင် ပေးပါလိမ့်မည်။ သင်၏ ဘ၀လမ်းခရီးတွင် စာ တန်စုပုံချထားသည့် ကျော်ဖြတ်ရန် မဖြစ်နိုင်ဟုထင်ရသည့် မပျက်သုဉ်းနိုင်သော အခက်အခဲ အဟန့်အတားများသည် ယုံကြည်ခြင်း၏ တောင်းဆိုမှုကြောင့် ပျောက် ကွယ်သွားပေလိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။
No comments:
Post a Comment