Tuesday, April 28, 2026

 

ဖိတ်ခေါ်ခြင်းနှင့် ကတိတော်

 

         ဤကမ္ဘာ၏ မျက်နှာကိုဘယ်လိုပုံဖော်ချင်ပါသလဲ။ အခြေအနေ က ပြုံးနေသော၊ (သို့မဟုတ်) ပူပန်နေသော၊ (သို့မဟုတ်) ကြောက်ရွံ့နေ သော၊ (သို့မဟုတ်) မတော်ဒေါသထွက်နေသောမျက်နှာ တစ်ခုကဲ့သို့ပင် မြင်နေရမည်လား။ အတိအကျကိုမည်သူမျှမပြောနိုင်ကြ။

         နံရံချင်းကပ်နေသော သစ်သားတန်းလျားအိမ်တွင် နေထိုင်သည့် မိတ်ဆွေများထံသို့ အလည်အပတ်ရောက်ခဲ့စဉ်ကဖြစ်သည်။ မျက်မှောက် ကမ္ဘာ့အခြေအနေများအကြောင်း ပြောနေကြစဉ်မှာပင် တစ်ဖက်ခန်းမှ တံခါးမကြီးမှာ ဝုန်းကနဲမြည်ကာ မိန်းမကို အော်ဟစ်ဆဲဆိုနေသော ယောက်ျားတစ်ယောက်၏ အသံကိုလည်း ကြားလိုက်ရသည်။ မူးရမ်း သည့် အသံမှာ ပို၍ပို၍ ကျယ်လောင်လာသည်။ တောင်းဆိုမှုကို ချက်ချင်း မဖြည့်စွမ်းနိုင်သောကြောင့် ယောက်ျား၏အားဖြင့် မိန်းမကို ရိုက်ပုတ် သည်။ “ငါ့ကိုလေးစားအောင် ပညာပေးရမယ်” ဟုလည်းဆိုသေး၏။ ထို အခိုက်မှာ “မေမေ့ကိုမရိုက်ပါနဲ့၊ မလုပ်ပါနဲ့အဖေရယ်” ဟု အော်ဟစ် တောင်းပန်နေသော ကောင်လေးငယ်တစ်ယောက်၏ အသံကိုလည်း ကြားလိုက်ရပါသည်။

         ယခုသင်နေထိုင်သော ပတ်ဝန်းကျင်က အေးဆေးငြိမ်သက်၍ သာယာကောင်းသာယာနေပေလိမ့်မည်။ သို့အတွက်ကြောင့် ကမ္ဘာကြီး ၏ မျက်နှာကို ပြည့်ပြည့်ဝဝပြုံးနေသည်ဟု ပုံဖော်နိုင်မည်လား။ သင်ယခု ဤစာဖတ်နေသောအချိန်မှာပင် ကမ္ဘာပေါ်ရှိမိန်းမဘယ်နှစ်ယောက်များ အရိုက်ပုတ်ခံနေရသည်ဟု သင်ထင်ပါသလဲ။ အမေရိကန်မှာပင် (၁၅) စက္ကန့်တိုင်းမှာ တစ်ကြိမ်ဖြစ်ပျက်နေပါလျှင် ကမ္ဘာတစ်ဝန်း၌ အဘယ် မျှလောက်ဖြစ်ပျက်နေမည်ကိုတွေးကြည့်နိုင်ပါသည်။


         စားရေးအတွက် ရုန်းကန်နေရသော လူဦးရေကို ခန့်မှန်းနိုင်ပါ သလား။ ကမ္ဘာပေါ်ရှိ လူမမည်ကလေးငယ်များသေဆုံးရခြင်း၏ နံပါတ် တစ်အကြောင်းရင်းကို သင်သိပါသလား။ အစာငတ်မွတ်ခြင်းကြောင့် ဖြစ် သည်။ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ မှတ်တမ်းအရ နှစ်စဉ် ကလေးငယ်ငါးသန်းသည် အာဟာရချို့တဲ့မှုကြောင့် သေဆုံးကြရသည် ဟုဆိုပါသည်။ တစ်ရက်လျှင် ၁၃,၇၀၀ နှုန်းကျပါသည်။ လစဉ်သေဆုံးမှု နှုန်းသည် ၂၀၀၄ ခုနှစ်၌ ရိုက်ခတ်သော ဆူနာမီကြောင့် သေပျောက်ရခြင်း နှုန်းထက်ပင်မြင့်မားနေပါသေးသည်။

         ကမ္ဘာပေါ်ရှိ မြို့ပြလမ်းဘေးများတွင် ညစဉ်အေးစက်သော ကျောက်ပြားအခင်းထက် မကောင်းနိုင်သောအိပ်ရာပေါ်တွင် အိပ်စက်နေ ကြရသော ကလေးငယ်များ၏ ဦးရေမှာ သန်း(၁၀၀)ရှိသည်ဟု UNICEF က ယုံကြည်ထားသည်။ AIDS ဖြင့်ကူးစက်မှုကြောင့် ထိုဦးရေမှာ တိုး၍ တိုး၍သာရှိနေပေသည်။ ထိုသို့ လမ်းဘေးပေါ်အိပ်ရာခင်းနေရခြင်း၏ အကြောင်းရင်းများမှာ မတရားပြုကျင့်ခံရခြင်း၊ မူးယစ်ဆေးဝါးစွဲခြင်းနှင့် အရွယ်မရောက်သေးသော ကလေးငယ်များ၏ ဆိုးသွမ်းမှုများကြောင့် ဖြစ်ရခြင်းကအများဆုံးဖြစ်သည်။

         အရက်ကြောင့်၊ (သို့မဟုတ်) ဝတ္တရားပျက်ကွက်မှုကြောင့်တို့ကို မဆိုထားနှင့်၊ လူမျိုးစုချင်းတိုက်ခိုက်မှုနှင့် စစ်ပွဲတို့ကြောင့်ပင် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြသောဦးရေမှာလည်း မနည်းလှပါ။ UNHCR (ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး)စာရင်းတွင် သန်း (၂ဝ) လောက်က အကာအကွယ် အလွန်ကင်းမဲ့စွာ အသက်ရှင်နေရကြောင်း ဖော်ပြထား သည်။

         ကမ္ဘာစစ်ကာလတွင် နပိုလျံက “သေနတ်ကြီးကြီးကိုင်တဲ့သူ ဘက်မှာ ဘုရားသခင်ရှိတယ်” ဟုဆိုခဲ့သော်လည်း ယခုမျက်မှောက်ကာ လမှာတော့ ထိုသို့သူပြောပေလိမ့်မည်မဟုတ်။ ယနေ့အကြမ်းဖက်မှုများ တွင် ထိုလက်နက်ကြီးများအပေါ် မမူတည်ဘဲ လျှို့ဝှက်လှည့်ဖြားမှုနှင့် သစ္စာဖောက်မှုတို့မှာသာ တည်သောကြောင့်ဖြစ်သည်။ အထူးသဖြင့် မူး ယစ်ဆေးဝါးကိစ္စများဖြင့် ထိုးဖောက်နိုင်ကြသည်။

         လွန်ခဲ့သောနှစ်ပေါင်းများစွာက AIDS ကိုမသိရှိသေးမီတွင် ပင်နယ်ဆလင်ဆေးသည် ကူးစက်ရောဂါများကို နှိမ်နင်းနိုင်ခဲ့သော်လည်း ယခုတွင်မူ ကုရာမရသော AIDS ရောဂါဆိုးကြီးကြောင့် အနည်းဆုံး ၄၅ သန်းလောက်သော ယနေ့လူသားများကို ဒုက္ခပေးနေပါသည်။ အာဖရိက မှ ကြီးမားသော လူထုကို သုတ်သင်ပစ်ပြီးနောက် ယနေ့နေရာ အနှံ့တွင် လျင်မြန်စွာ ပြန့်ပွားနေသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

         တစ်ဖန်ပြန်တွေးကြည့်ပါဦး။ ကမ္ဘာကြီး၏ မျက်နှာကို သင်ဘယ် လိုပုံဖော်မှာလဲ။ တစ်ကိုယ်စီနှင့်ဆိုင်သော အရေးအရာလို မခံစားရဘဲ အမည်မသိနိုင်အောင်များတဲ့ အများစုဖြစ်နေတာပဲဟု ယနေ့မြင်တွေ့ နေရသောဒုက္ခခံစားရခြင်းများကို ကိုယ်နှင့်မဆိုင်သလို ကျွန်ုပ်တို့ တသီး တခြားနေတတ်ကြပါသည်။ တစ်နေ့က အရှေ့အလယ်ပိုင်းမှာ ဗုံးကျခဲ့ သည်။ ထိုနေရာတွင် ကျွန်ုပ်မရှိခဲ့သောကြောင့် ထိုဗုံး၏သားကောင်အများ ထဲမှတစ်ယောက်ဖြစ်သော မွတ်စတာဖာဆိုသူနှင့်လည်း ကျွန်ုပ်မတွေ့ခဲ့ ပါ။ ကြောက်လန့်တတ်၍ နုနယ်သော ညီမငယ်လေးကို ရှာတွေ့သည့် တိုင်အောင် ဗုံး၏ပြာခိုးပြာမှုန့်များဖြင့် ပိဖုံးနေသောသူ၏ အိမ်ကို အရဲစွန့် ပြီး ဆွဲခွါနေချိန်တွင် ကျွန်ုပ်သူ့အား ကူညီဖို့မကြိုးစားခဲ့ပါ။ ရုပ်ပျက်ဆင်း ပျက်ဖြစ်သွားသော ညီမငယ်၏ နံဘေးတွင် အပြင်းအထန် ငိုကြွေးမြည် တမ်းလျက် မြေကြီးကို လက်သီးနှင့်ထုနေသည့် ထိုမွတ်စတာဖာဆိုသူ အတွက် ကျွန်ုပ်မျက်ရည်မကျခဲ့ပါ။

         ကြေကွဲဖွယ်ရာများအကြောင်းပြောဖို့လွယ်ပါသည်။ တကယ်ဖြစ် ပျက်နေတာပါ။ သို့သော် သေဆုံးသွားခဲ့သူမှာ ကျွန်ုပ်၏ ညီမမှ မဟုတ်ဘဲ ကိုး။ ၁၅ စက္ကန့်တိုင်းတွင် အမျိုးသမီးတစ်ယောက်နှုန်း အရိုက်ခံနေရသည်
မဟုတ်ပါလား။ မှန်ပါသည်။ သို့သော် နစ်နာဆုံးရှုံးမှုကို ကျွန်ုပ်မခံစားရဘဲ ဖြစ်စဉ်စာရင်းဇယားတစ်ခုအဖြစ်သာ ကျွန်ုပ်ခံယူခဲ့သည်။

         သို့သော်ဤမျှခံယူ၍ မရတော့သည့် မဝေးတော့တဲ့အချိန်က ရောက်အံ့ဆဲရှိပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ကမ္ဘာမြေကို တိုက်ခတ်သောမုန်တိုင်းကြီးမှာ အရှိန်အဟုန်မြင့်မားလျက်ရှိရာ တစ်ဦး ချင်း ကမ္ဘာလေးဆီသို့ပင် ချင်းနင်းလာခဲ့ပြီဖြစ်သည်။ လွန်လေသော မျိုး ဆက်တစ်ဆက်တွင် မူးယစ်ဆေးစွဲခြင်းသတင်းကိုကြားခဲ့ရသော်လည်း ထိုသူတစ်ဦးချင်းကိုမသိမကျွမ်းခဲ့။ယခုများတွင်မူ နက်ဖြန်နေ့မူးယစ်ဆေး ဝါး၏ သားကောင်များထဲတွင် ကျွန်ုပ်၏သားပါနေမည်လား၊ ကိုယ်ဝန် ဖျက်ချမှုထဲတွင် ကျွန်ုပ်၏သမီးများပါနေမည်လားဟူ၍ စိတ်ထင့်နေရကြ ပြီ။ အမြွှာမျှော်စင်ကြီးအတိုက်ခိုက်ခံရခြင်းမှ နှိုးဆော်မှုမှာ ရာဇဝင်၌ သူ မတူသော သက်သေတစ်ခုဖြစ်ပေသည်။

No comments:

Post a Comment