ဏ္ဍိုးရာဓလေ့
ရှင်မဿဲ ၁၅း၁-၂၀။ မာကု ၇း၁-၂၃ ကိုအခြေပြုထားပါသည်
ကျမ်းပြုဆရာများနှင့် ဖါရိရှဲများသည် ပသခါ၌ သခင်ယေရှုနှင့် တွေ့မည့်အ ထင်နှင့် ကိုယ်တော်အား မကောင်းကြံရန် အကွက်ဆင်ထားခဲ့ ကြပါသည်။ ကိုယ် တော်သည် ၎င်းတို့၏ အကြံကိုသိတော်မူသဖြင့် ထိုပွဲသို့ မတက်ရောက်ခဲ့ချေ။ “ထို အခါ ဖါရိရှဲနှင့် ကျမ်းပြုဆရာများသည် ကိုယ်တော့်အနီးသို့ ချဉ်းကပ်လာခဲ့ကြပါ သည်။ သူတို့ထံသို့ ကိုယ်တော်ရှင် သွားတော်မမူခဲ့သဖြင့် ကိုယ်တော့်အပါးသို့ သူတို့ ချဉ်းကပ်လာခဲ့ခြင်း ဖြစ်ပါသည်။ အခိုက်အတန့်အားဖြင့် ဂါလိလဲလူများသည် ကိုယ် တော်ရှင်အား မေရှိယအနေဖြင့် လက်ခံတော့မယောင်ဖြစ်ပြီး ထိုဒေသတစ်ဝိုက်တွင် ရှိနေသည့် ၎င်းတို့၏ ဩဇာတန်ခိုးများသည် ပျက်သုဉ်းသွားတော့ မလိုဖြစ်နေပါ သည်။ ခရစ်တော်၏ အမှုတော်ကို တိုးမြှင့်သည့်သဘောဖြင့် တမန်တော်တစ်ဆယ့် နှစ်ပါးတို့၏ လုပ်ဆောင်မှုများနှင့် ထိုတမန်တော်များကို ကျမ်းတတ်ဆရာများနှင့် တိုက်ရိုက်ဆန့်ကျင်ဖီလာ ဖြစ်စေခြင်းများသည် ယေရုရှလင်မြို့ရှိ ထိုခေါင်းဆောင် တို့၏ မနာလိုဝန်တိုမှုများကို အသစ်ဖြစ်အောင် ဆွပေးသလို ဖြစ်ခဲ့ပါသည်။ ကိုယ် တော်ရှင်၏ အဦးပိုင်းအမှုတော်ကာလတွင် စုံစမ်းထောက်လှမ်းရန် ကပေရနောင်သို့ ၎င်းစေလွှတ်ထားခဲ့သည့် ဥပုသ်နေ့ကို ချိုးဖောက်ခြင်းအတွက် အပြစ်တင်ရန် မျက်စိ ဒေါက်ထောက်ကာ စောင့်ကြည့်ခဲ့ကြသော သူလျှိုများသည် မိမိတို့၏ လုပ်ရပ်များ အ တွက် ဇဝေဇဝါဖြစ်လာခဲ့ကြပြီး ဖြစ်သော်လည်း ထိုကျမ်းတတ်ဆရာများမှာမူ မိမိ တို့၏ ကြံရွယ်ချက်များကို အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးစားခဲ့ကြပါ သည်။ ယခုတွင် ကိုယ်တော်ရှင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်နှင့် ၎င်းအားစွဲ ချက်တင်နိုင်မည့် အချက်များကိုရှာဖွေရန် နောက်ထပ်လူတစ်စုကို စေလွှတ်ခဲ့ကြပါ သည်။
ယခင်ကကဲ့သို့ပင် ဘုရားသခင်၏ ပညတ်တော်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေ သည့် ၎င်းတို့၏ ရိုးရာဓလေ့ထုံးစံများကို ကိုယ်တော်ရှင် ဂရုမထားခြင်းမှလွဲ၍ ကိုယ် တော်ရှင်၌ အခြားအပြစ်တင်စရာ မရှိချေ။ ထိုရိုးရာဓလေ့များမှာ ပညတ်တော် စောင့် ထိန်းမှုကို အထောက်အမပြုရန် သာဖြစ်ကြောင်း ထင်ထင်ရှားရှား ဖော်ပြထားသော် လည်း ထိုအရာများကို ပညတ်တော်ထက် ပို၍အမွန်အမြတ် ထားနေကြပါသည်။ သိနာတောင်၌ ပေးတော်မူခဲ့သော ပညတ်တော်နှင့် ကျမ်းတတ်ဆရာများ ချမှတ် သည့် ပညတ်များအကြား ဆန့်ကျင်ကွဲပြားမှုများကို ရင်ဆိုင်ရသောအခါ သူတို့သည် ကျမ်းတတ်ဆရာများ၏ ပညတ်များကို ဦးစားပေးကျင့်ဆောင်ခဲ့ကြပါသည်။
စောင့်ထိန်းရမည့် ပညတ်များတွင် ဝိနည်းထုံးဖွဲ့ဆိုင်ရာ သန့်ရှင်းစင်ကြယ်မှု နှင့် ပတ်သက်သည့် ပညတ်ကိုအလေးပေး၍ ကျင့်စောင့်စေခဲ့ပါသည်။ အစားအစာ မစားမီ ပြုကျင့်ရမည့်ဝတ်များကို လျစ်လျူခြင်းကို စက်ဆုပ်ရွံရှာဖွယ် အပြစ်တစ်ခု အနေဖြင့်မှတ်ယူကြပြီး ထိုဖြစ်မှုကြောင့် ယခုဘ၀နှင့် တမလွန်ဘ၀နှစ်ခုစလုံးတွင် အပြစ်ဒဏ် ခံယူရမည်ဖြစ်ပြီး အပြစ်ကျူးလွန်သူသည် အသေခံထိုက်သူများ အဖြစ် မှတ်ယူကြပါသည်။
သန့်ရှင်းစင်ကြယ်ရေးနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသော စည်းမျဉ်းများ သည် မရေမတွက်နိုင်အောင် များပြားပါသည်။ ထိုအရာများအားလုံးကို သင်ကြားနာ ယူရန် တစ်သက်လုံး အချိန်ယူလုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ ညစ်ညမ်းမှုများကို ဆန့်ကျင်လှုပ်ရှားနေသော ကျမ်းတတ်ဆရာများ၏ ပညတ်များကို လိုက်လျှောက်ရန် ကြိုးစားနေသူများ၏ အသက်တာသည် ဆေးကြောသန့်စင်မှုများနှင့် သာပြီးသော ဝိနည်းထုံးဖွဲ့မှုဆိုင်ရာ ရေရှည်ကြိုးစားမှုတစ်ခုသာ ဖြစ်နေပါသည်။ လူများသည် ထာ၀ရဘုရား မခိုင်းစေခဲ့သော ပညတ်များကို စောင့်ထိန်းခြင်းဖြင့်သာ အချိန်ကုန် လွန်စေခဲ့သဖြင့် ၎င်းတို့၏ စိတ်အာရုံများသည် ဘုရားသခင့် ပညတ်တော်၏ မဟာ စည်းမျဉ်းများမှ သွေဖည်သွားခဲ့ကြပါသည်။
ခရစ်တော်နှင့် တပည့်တော်များသည် ခြေလက်ဆေးကြောသန့်စင်မှု ဆိုင်ရာ ဝိနည်းထုံးဖွဲ့မှုများကို မစောင့်ထိန်းခဲ့ကြချေ။ သူလျှိုများသည် ဤအချက်ကို အခွင့် ကောင်းယူ၍ စွဲချက်တင်ခဲ့ကြပါသည်။ သို့ရာတွင် ထိုသူလျှိုများသည် ခရစ်တော်အား တိုက်ရိုက်တိုက်ခိုက် ပြောဆိုခြင်းမပြုခဲ့ကြဘဲ တပည့်တော်များကို ဝေဖန်ပြစ်တင် ခြင်းအားဖြင့် သွယ်ဝိုက်သော နည်းမျိုးကိုသုံးကာ ကိုယ်တော်အား အပြစ်တင်ခဲ့ကြ ပါသည်။ “ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေသကို ကိုယ်တော်၏ တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးသနည်း။ သူတို့သည် လက်မဆေးဘဲ အ စာစားကြပါသည်တကား”ဟု လူအုပ်ကြီးရှေ့မှာပင် တမန်တော်များအား သူတို့အ ပြစ်တင် ပြောဆိုခဲ့ကြ၏။
သမ္မာတရား သတင်းစကားသည် လူများ၏ စိတ်နှလုံးတွင် တန်ခိုးကြီးစွာစွဲ လမ်းလာသည့် အခါတိုင်း အသေးအမွှား ကိစ္စကလေးများတို့အပေါ် ငြင်းခုံမှုဖြစ်ပွား ရန် စာတန်သည် ၎င်း၏ဘက်တော်သားများအား လှုံ့ဆော်ပေးတတ်ပါသည်။ သူ သည် ဖြစ်ပျက်နေသော အခြေအနေမှန်မှ အာရုံပြောင်းသွားရန် ထိုနည်းအားဖြင့် ကြိုးစားလေ့ရှိပါသည်။ ကောင်းမြတ်သော အလုပ်တစ်ခုကို အစပျိုးထားသည့် အခါ တိုင်း လူများ၏ စိတ်အာရုံကို အဖြစ်မှန်မှ လွဲဖည်သွားစေရန် သီးခြားနည်းစနစ် များနှင့် လုပ်နည်းလုပ်ဟန်များကို သုံး၍ငြင်းခုံမှုများ ပြုလုပ်ရန် အကြောင်းမဲ့ အပြစ် ရှာသူများက အခွင့်ကောင်းကို စောင့်နေတတ်ပါသည်။ ကိုယ်တော်ရှင်သည် မိမိ၏ လူတို့အတွက် ထူးခြားသော လုပ်နည်းလုပ်ဟန်များတို့ဖြင့် အမှုတော်ဆောင်တော့ မည့်အကြောင်းကို သိသာထင်ရှားသော အချိန်တွင် ဝိညာဉ်များ၏ ဆုံးရှုံးမှုများအ တွက်သာ လုပ်ဆောင်နိုင်မည့် တိုက်လှန်ပွဲထဲသို့ လိုက်ပါသွားရန် အဖြားယောင်းမခံ ပါစေနှင့်။ ကျွန်ုပ်တို့အား စိတ်ပူပန်စေသော မေးခွန်းများတို့မှာ “ကျွန်ုပ်သည် စစ်မှန် သောယုံကြည်ခြင်းနှင့် သားတော်ဘုရားကို ယုံကြည်ပါသလား။” “ကျွန်ုပ်တို့၏ အ သက်တာသည် ပညတ်တော်နှင့် ကိုက်ညီပါသလား” ဟူသောမေးခွန်းများဖြစ် ]ကြ သည်။ “သားတော်ကို ယုံကြည်သောသူသည် ထာ၀ရအသက်ကိုရ၏။” “ထိုသခင် ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်းဟူမူကား ပညတ်တော် တို့ကိုစောင့်ရှောက်လျှင် သိရသတည်း။” ယောဟန် ၃း၃၆။ ၁ယော ၂း၃။
ခရစ်တော်သည် မိမိကိုယ်ကိုလည်းကောင်း၊ တပည့်တော်များကို လည်း ကောင်း ကာကွယ်ရန် မကြိုးစားခဲ့ချေ။ မိမိအပေါ်ပြုလုပ်ထားသည့် စွပ်စွဲမှုများအား ရည်ညွှန်းပြောဆိုခြင်း မပြုတော့ဘဲ လူများတို့ တီထွင်ထားသည့် ဓလေ့ထုံးစံများ အ ပေါ် စိတ်အားကြီးရန် ဤသူများအား လှုံ့ဆော်ပေးနေသောသူကို ထင်ရှားစေရန် အ တွက် ကိုယ်တော်ဆက်လက် ဖော်ထုတ်တော်မူခဲ့ပါသည်။ “သင်တို့သည် အဆက် ဆက်ခံသော နည်းဥပဒေသကို ကျင့်ရသော အခွင့်ရှိစေခြင်းငှါ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။ မောရှေ၏ ပညတ်ကား မိဘ ကို ရိုသေစွာပြုလော့၊ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏။ ထိုသူသည် အ သေသတ်ခြင်းကို ခံစေဟုလာသတည်း။ သင်တို့မူကား အကြင်သူသည် ကိုယ်မိဘ ကို သင်တို့ အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုတည်းဟူသော ကော် ဘန် ဖြစ်စေဟုဆို၏။ ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍ မိမိတို့ အဆက်ဆက်ခံသော နည်းဥပဒေသများကို တိတိကျကျလိုက်လျှောက် ကြစဉ်တွင် ပညတ်တော်ဆယ်ပါးမှ ပဉ္စမပညတ်ကို အရေးမစိုက်သလို ဘေးဖယ်ထားခဲ့ကြပါ သည်။ မိဘများကို ထောက်ပံ့ကူညီခြင်းထက် ဗိမာန်တော်အတွက် ဆက်ကပ်လှူ ဒါန်းခြင်းသည် ပို၍မွန်မြတ်သည့် လုပ်ဆောင်မှု ဖြစ်သည်ဟုလည်း သွန်သင်ခဲ့ကြပါ သည်။ ၎င်းပြင် မည်မျှပင်အရေးကြီး စေကာမူ ဘုရားသခင်အတွက် သီးသန့်သတ် မှတ်ထားသည့် ပစ္စည်းဥစ္စာများထဲမှ မိဘအတွက် အသုံးပြုမိလျှင် ဘုရားသခင်ကို မခံ့မညားပြုခြင်း ဖြစ်သည်ဟုလည်း သွန်သင်ကြပါသည်။ ထိုသို့သောတာဝန်ပျက် ကွက်သော သားသမီးတစ်ဦးသည် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံလျက် မိမိ၏ ပစ္စည်းဥစ္စာများအပေါ် “ကော်ဘန်”ဟုကြေညာ၍ မိမိအသက်ရှင်သရွေ့ကာလ ပတ်လုံး ထိုပစ္စည်းဥစ္စာများကို လိုအပ်သလို ထိန်းသိမ်း အသုံးပြုနိုင်ခွင့်ရှိပြီး သေဆုံး သောအခါတွင်မူ ဗိမာန်တော်အတွက်သာ သီးခြားသုံးစွဲ ရမည်ဖြစ်ပါသည်။ ထိုနည်း အားဖြင့်သူသည် အသက်ရှင်လျက်ရှိသော အချိန်တွင်ဖြစ်စေ၊ သေဆုံးသွားသည့် အချိန်တွင်ဖြစ်စေ၊ ဟန်ဆောင်သော ဘုရားဆက်ကပ်နည်းမျိုး၏ အောက်တွင် မိမိ ၏ မိဘများကို စော်ကားပိုင်ခွင့် ရှိလာကြပါသည်။ သားသမီးဝတ်ကို မပြုဘဲနေခွင့်ရှိ လာကြပါသည်။
ဘုရားသခင်အား ပေးလှူရမည့် အလှူငွေများနှင့် လက်ဆောင်ပဏ္ဏာများ အပေါ် ထားရှိရမည့်လူ့တာဝန်ကို ယုတ်ညံ့သွားအောင် ခရစ်တော်သည် မည်သည့် အခါကမျှ နှုတ်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း သွန်သင်တော် မမူခဲ့ဖူးချေ။ အလှူငွေနှင့် ဆယ်ဖို့တစ်ဖို့များနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်များပေး ခဲ့သူမှာ ခရစ်တော်ပင်ဖြစ်ပါသည်။ သားတော်ဘုရား သက်တော်ထင်ရှားခဲ့စဉ်က မိမိ တွင်ရှိသမျှအားလုံးကို ဗိမာန်တော်ငွေသေတ္တာထဲသို့ ထည့်ဝင်ပေးလှူခဲ့သော ဆင်းရဲ သူတစ်ဦးအား ချီးမွမ်းတော်မူခဲ့ဖူးပါသည်။ သို့ရာတွင် ဘုရားသခင်အတွက် ဖါရိရှဲများ ၏ စိတ်အားထက်သန်မှုများမှာ မိမိတို့၏ကြီးပွားလိုစိတ်ကို ဖုံးကွယ်ဖို့ ဟန်ဆောင် ခြင်းသာဖြစ်ပါသည်။ ထိုသူများသည် ကိုယ့်ကိုကိုယ်လှည့်ဖြား နေပါသည်။ သူတို့ သည် ဘုရားသခင်မတင်သည့် လေးသောဝန်များကို ထမ်းရွက်နေကြပါသည်။ ဘိုး စဉ်ဘောင်ဆက် တစ်ဖက်သတ် အထင်လွဲမှုများနှင့် ဖါရိရှဲများ၏ ဩဇာတန်ခိုးများ နှင့် ချည်နှောင်ပတ်ရစ်ထားသည့် ထမ်းပိုးနှင့် ခရစ်တော်၏ တပည့်တော်များသည် ပင်လျှင် လုံးလုံးလျားလျားကြီး လွတ်ကင်းခဲ့ကြသည် မဟုတ်ချေ။ ယခု၌မူ ဖါရိရှဲများ ၏ သဘောထားအမှန်ကို ဖော်ပြခြင်းအားဖြင့် ဘုရားသခင်ကို အလုပ်အကျွေးပြုရန် အမှန် တကယ်ဆန္ဒရှိသူများအား ရိုးရာဓလေ့အနှောင်အဖွဲ့မှ လွတ်ကင်းရန် ကြိုးစား တော်မူခဲ့ပါသည်။
“လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုး သည် နှုတ်နှင့်ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက် ပင် ငါ့ကိုအချည်းနှီး ကိုးကွယ်ကြ၏”ဟု မိန့်တော်မူ၏။ ခရစ်တော်၏စကားများသည် ဖါရိရှဲတို့၏ ယုံကြည်လက်ခံမှုအားလုံးကို စွဲချက်တင်လိုက်ခြင်းဖြစ်ပါသည်။ ဖါရိရှဲများ ၏ သွန်သင်ချက်များကို ဘုရားသခင်၏ ပညတ်များအလယ်တွင် ထားခြင်းအားဖြင့် မိမိတို့ကိုယ်ကို ဘုရားသခင့်အထက်တွင် ချီးမြှောက်ကြခြင်း ဖြစ်ကြောင်း ယေရှုရှင် မိန့်တော်မူခဲ့ပါသည်။
ထိုစကားများကြောင့် ယေရုရှလင်မြို့မှ ရောက်ရှိလာကြသော ကိုယ်စား လှယ်များစွာ အမျက်ထွက်ကြပါသည်။ ခရစ်တော်သည် ပညတ်တော်ကို ကာကွယ် ပြောဆိုနေသဖြင့် ကိုယ်တော်အား ပညတ်တော် လွန်ကျူးသူအဖြစ် သူတို့မစွပ်စွဲနိုင် ခဲ့ကြချေ။ ကိုယ်တော်ရှင် တင်ဆက်ခဲ့သော မဟာပညတ်များသည် ဖါရိရှဲများ တီထွင် ထားသည့် သေးနုပ်သောပညတ်များနှင့် များစွာကွာဟနေကြောင်း ထင်ရှားနေပါ သည်။
လူကိုညစ်ညူးစေသော အရာသည် ခန္ဓာကိုယ်အတွင်းသို့ အပြင်မှဝင်လာ သည့် အရာများမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းမှ ထွက်လာသော အရာများဖြစ် ကြောင်းကို လူအုပ်ကြီးနှင့်တကွ တပည့်တော်များအား ရှင်းလင်း သွန်သင်တော်မူခဲ့ ပါသည်။ စင်ကြယ်မှုနှင့် မစင်ကြယ်မှုသည် နှလုံးနှင့်သာ သက်ဆိုင်ပါသည်။ မ ကောင်းသောလုပ်ရပ်၊ မကောင်းသောစကား၊ မကောင်းသောအတွေးအခေါ်၊ ဘုရား ၏ ပညတ်တော်ကိုလွန်ကျူးခြင်း၊ လူများတီထွင်ထားသည့် အပြင်ပန်းလုပ်ဆောင်မှု များကို စွဲလမ်းခြင်းများသည် လူတစ်ဦးအား ညစ်ညူးစေသော အရာများဖြစ်ပါသည်။
ထိုသူလျှိုများသည် မိမိတို့၏ မှားယွင်းသော သွန်သင်ချက်များကို ခရစ် တော်ဖွင့်ဟ နေသောကြောင့် အမျက်ဒေါသ ထွက်နေကြကြောင်းကို တမန်တော် များ သတိပြုမိခဲ့ကြပါသည်။ သူတို့သည် ၎င်းတို့၏ ဒေါသအကြည့်များကို မြင်ကြရပြီး မကျေနပ်မှုများနှင့် လက်စားချေလိုကြောင်း ထုတ်ဖော်သည့် မကြားတကြားပြော သည့် စကားသံများကိုလည်း ကြားခဲ့ကြရပါသည်။ ခရစ်တော်သည် လူတစ်ယောက် ၏ စိတ်နှလုံးအား ဖွင့်ထားသော စာတစ်အုပ်ကို ဖတ်သည့်နှယ် ဖတ်နိုင်ကြောင်းပြခဲ့ သည့် အထောက်အထားများကို သူတို့မေ့ခဲ့ကြပြီး နှုတ်တော်ထွက်စကားများ၏ အ ကျိုးသက်ရောက်ခဲ့ပုံများကို ကိုယ်တော်အား သူတို့ပြောပြနေကြပါသည်။ ကိုယ်တော် အနေနှင့် ထိုကိုယ်စားလှယ်များ၏ အမျက်ကိုဖြေနိုင်ကောင်း ဖြေနိုင်မည်ဟု မျှော် လင့်လျက် “ယခုမိန့်တော်မူသော စကားကို ဖါရိရှဲတို့သည် ကြားသောအခါ စေတ နာစိတ်ပျက်ကြသည်ကို သိတော်မူသလော”ဟု ကိုယ်တော်အား သူတို့လျှောက် ထားကြ၏။
ကိုယ်တော်ကလည်း “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော် စိုက်တော်မမူသော အပင်ရှိသမျှတို့ကို နုတ်ရလိမ့်မည်” ဟု မိန့်တော်မူ၏။ ဖါရိရှဲများ အမြတ်တနိုး တန်ဖိုးထားနေကြသော ဓလေ့ထုံးစံများနှင့် ရိုးရာဓလေ့များသည် အထက်အရပ်မှ လာသောအရာများ မဟုတ်ကြဘဲ လောကီသားများ၏ ဓလေ့ထုံးစံ များသာ ဖြစ်ကြပါသည်။ ၎င်းတို့သည် လူထုအပေါ်တွင် မည်သို့ပင် ဩဇာညောင်း စေကာမူ ဘုရားသခင်၏ စစ်ဆေးမှုကို မခံရပ်နိုင်ခဲ့ကြချေ။ “ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်း ရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူ”သော အချိန်တွင် ဘုရား၏ ပညတ်တော် များ၏ နေရာတွင် အစားထိုးထားသည့် လူတို့တည်ထောင်ထားသည့် ပညတ်များ သည် တန်ဖိုးမဲ့ကြောင်း တွေ့မြင်ကြရလိမ့်မည်။ (ဒေသနာ ၁၂း၁၄)။
လူများတို့တီထွင်သည့် ပညတ်များကို ဘုရားသခင်၏ ပညတ်တော်နေရာ တွင် အစားထိုးခြင်းအလုပ်သည် ယခုတိုင်မရပ်စဲသေးချေ။ ထိုသူများ ၏ရှေးရိုးရာ ဓလေ့များထက် သာလွန်သည့် လုပ်ဆောင်မှုများနှင့် အသုံးအနှုန်းများသည် ခရစ် ယာန်များထဲမှာပင် တွေ့ရှိနေရပါသည်။ လူ၏လုပ်ပိုင်ခွင့် များအပေါ် အမှီပြုထား သည့် ထိုကဲ့သို့သော ထုံးစံဓလေ့များသည် ဘုရားသခင်၏ စီမံသတ်မှတ်ချက်များကို ချေဖျက်နေပါသည်။ လူများသည် မိမိတို့၏ ရိုးရာများအပေါ်တွင် စွဲလမ်းပြီး မိမိတို့၏ ဓလေ့အကျင့်များကိုသာ လေးစားကာ မိမိတို့၏အမှားကို ထောက်ပြကြသူများအား မုန်းတီးခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ယခုအခါတွင် လူများအား ပညတ်တော်ကို စောင့်၍ ယေရှုကိုယုံကြည်ရန် တိုက်တွန်းကြသောအခါ ခရစ်တော်၏ နေ့ရက်များ တွင် ဖြစ်ခဲ့သကဲ့သို့ပင် ဖြစ်လျက်ရှိပါသည်။ ကျန်ကြွင်းသော သူများအကြောင်းနှင့် ပတ်သက်၍ ကျမ်းစာတွင် ဖော်ပြထားသည်မှာ “နဂါးသည်---ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသော သူ တည်းဟူသော ထိုမိန်းမ၌ ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါ သွား၏” ဟူ ၏။ ဗျာဒိတ် ၁၂း၁၇။
“ငါ့ခမည်းတော် စိုက်တော်မမူသော အပင်ရှိသမျှတို့ကို နုတ်ရလိမ့်မည်”ဟုဆိုရာ၌ အသင်းတော်မှအမည်ခံ ရှေးဘိုးဘေးများ၏ သွန်သင်ချက်များအစား ကောင်းကင်နှင့်မြေကြီး အရှင်ထာ၀ရဘုရားသခင်၏ နှုတ်ကပတ် တော်ကိုလက်ခံ ရန် ကျွန်ုပ်တို့အား မိန့်တော်မူခြင်းဖြစ်ပါသည်။ ထိုနှုတ်ကပတ် တော်တစ်ခုတည်း သာလျှင် အမှားကင်းသော သမ္မာတရားဖြစ်ပါသည်။ “သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ဆရာအပေါင်းတို့ထက် သာ၍နားလည်ပါ၏။ ကိုယ်တော်၏ ဥပဒေသများကို စောင့်သောကြောင့် အသက် ကြီးသူတို့ထက် သာ၍ဥာဏ်ကောင်းပါ၏” (ဆာလံ ၁၁၉း၉၉-၁၀၀) ဟု ဒါဝိဒ်မြွက် ဆို ခဲ့၏။ “လူတို့စီရင်သော ပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီး ကိုးကွယ်ကြ၏” ဟူသော ခရစ်တော်၏ သတိပေးစကားကို လူတို့ ၏ နည်းဥပဒေသများကိုလည်းကောင်း၊ ထိုအသင်းတော်၏ ဓလေ့ထုံးစံများကို လည်းကောင်း၊ ရှေးဘိုးဘေးများ၏ ရိုးရာများကိုလည်းကောင်း လက်ခံကျင့်သုံးကြ သူများအားလုံးသည် ဂရုပြုကြရန်ဖြစ်ပါသည်။
No comments:
Post a Comment