ရွေးချယ်ခြင်းခံရသောလူမျိုး
ယုဒလူမျိုးသည် နှစ်ပေါင်းများစွာကတည်းက
ကယ်တင်ရှင်၏ကြွလာခြင်းကို စောင့်မျှော် ခဲ့ကြပါသည်။ ဤကြွလာခြင်းအပေါ်တွင်
သူတို့သည်မျှော်လင့်ချက်များထား ခဲ့ကြပါသည်။ သူတို့သည်
အနာဂတ္တိစကားတွင်သော်လည်းကောင်း၊ ဗိမာန်တော်တွင်ကျင်းပသည့် အခမ်းအနားများ နှင့်
အိမ်ထောင်ဆုတောင်းပွဲများတွင် သော်လည်းကောင်း ကိုယ်တော်၏နာမတော်ကို အမြတ်တနိုး
ထားခဲ့ကြပါသည်။ သို့ပါသော်လည်း ကိုယ်တော်ကြွလာတော်မူသောအခါ သူတို့သည်ကိုယ်တော်ကို
မသိကြတော့ချေ။ သားတော်ဘုရားသည် ၎င်းတို့အတွက် “သွေ့ခြောက်သောမြေ၌ပေါက်သော အတက်
ကဲ့သို့လည်းကောင်း၊ ပမာဏပြုစရာအဆင်းတင့်တယ်ခြင်းမရှိသောသူ၊ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့်
မပြည့်စုံသောသူကဲ့သို့လည်းကောင်း ဖြစ်နေလျက် သူသည် မိမိဒေသသို့ ကြွလာသော်လည်း
မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။” ဟေရှာ၊ ၅၃း၂။ ယောဟန် ၁း၁၁။
မည်သို့ပင်ဖြစ်စေကာမူ
ထာဝရဘုရားသခင်သည်ဣသရေလလူမျိုးအား ရွေးချယ်တော်မူခဲ့၏။
ကိုယ်တော်၏ပညတ်တော်ကိုလည်းကောင်း၊ ကယ်တင်ရှင်အားညွှန်ပြနေသော ပုံဆောင်မှုများနှင့်
အနာဂတ္တိစကားများကိုလည်းကောင်း လူများသည် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်
ကိုယ်တော်သည် သူတို့ကိုခေါ်တော်မူခဲ့သည်။ ကိုယ်တော်ရှင်သည်
သူတို့အားကမ္ဘာလောကအတွက် ကယ်တင်ခြင်းစမ်းရေတွင်းများ
ဖြစ်စေရန်ဆန္ဒရှိတော်မူခဲ့ပါသည်။ အာဗြဟံသည် တစ်ကျွန်းတစ်နိုင်ငံ တွင်
နေထိုင်ခဲ့ရသကဲ့သို့၊ ယောသပ်သည် အီဂျစ်ပြည်တွင်ရှိနေခဲ့ရသကဲ့သို့၊ ဒံယေလသည်
ဗာဗုလုန် နန်းတော်တွင် နေခဲ့ရသကဲ့သို့ ဟေဗြဲလူများသည်လည်း နိုင်ငံများအလယ်တွင်
အသက်ရှင်နေထိုင်၍ လူများအား ထာဝရဘုရားအကြောင်းကို ဖော်ပြကြရန်ဖြစ်ပါသည်။
ဘုရားသခင်သည် အာဗြဟံကိုခေါ်ယူခဲ့စဉ်က “
ငါကောင်းချီးပေး၍ သင်၏နာမကိုကြီးမြတ် စေမည်။
သင်သည်ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။ သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည်
ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (ကမ္ဘာ ၁၂း၂-၃)။
ထိုသွန်သင်ချက်ကို ပုရောဖက်များအားဖြင့် ထပ်ခါတလဲလဲဖော်ပြခဲ့ပါသည်။ ဣသရေလလူများသည်
စစ်ဖြစ်ပွားခြင်းနှင့် သုံ့ပန်းဘဝကျရောက်ခြင်းများကြောင့် အသုံးမရသည့်ဘဝသို့
ရောက်ခဲ့သည့်တိုင် “ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည်
တစ်ပါးအမျိုးသားတို့တွင်နေ၍ ထာဝရဘုရားပေးတော်မူသော နှင်းကဲ့သို့ လည်းကောင်း၊
လူကိုမငံ့လင့်၊ လူသားတို့၏အလိုသို့မလိုက်သော မိုးရေကဲ့သို့လည်းကောင်းဖြစ်ကြ
လိမ့်မည်” ဟူသောကတိတော်သည် သူတို့အတွက်ဆက်လက်ဖြစ်နေပါသေးသည်။ ဘုရားသခင်သည်
ယေရုရှလင်မြို့တွင်ရှိနေသော ဗိမာန်တော်နှင့်ပတ်သက်၍ ဟေရှာယလားဖြင့်
မိန့်တော်မူသည်မှာ “ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့”ဟူ၏။
ဟေရှာ ၅၆း၇။
သို့သော်လည်း ဣသရေလလူများသည်
လောကီနှင့်ပတ်သက်သော ကြီးကျယ်ခမ်းနားမှုများ ကိုသာ မျှော်လင့်ချက်ထားခဲ့ကြပါသည်။
ခါနာန်ပြည်ကို ဝင်ရောက်ခဲ့စဉ် အချိန်မှစ၍ သူတို့သည် ထာဝရဘုရား၏
ပညတ်တော်များမှသွေဖည်၍ တစ်ပါးအမျိုးသားတို့၏နည်းလမ်းများကိုလိုက်
လျှောက်ခဲ့ကြပါသည်။ ဘုရားသခင်သည်ပုရောဖက်များအားဖြင့်သတိပေးခဲ့သော်လည်း အချည်းနှီး
သာဖြစ်ခဲ့ပါသည်။ သူတို့သည် တစ်ပါးအမျိုးသားများ၏ ဖိနှိပ်ညှဉ်းပန်းမှုများကို
အချည်းနှီးခံစားခဲ့ ကြရပါသည်။ ဘာသာရေးပြုပြင်ရေးလုပ်သည့်အခါတိုင်း
ပို၍နက်ရှိုင်းသော အယူဝါဒဖောက်ပြန်မှုများ သည် ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါသည်။
ဣသရေသလူများသည် ဘုရားသခင်ဘက်တွင်
သစ္စာရှိကြမည်ဆိုလျှင် ထာဝရဘုရားအား သူတို့၏ရိုသေမှုများနှင့်
ချီးမြှောက်မှုများအားဖြင့် ကိုယ်တော်သည်မိမိ၏အကြံအစည်တော်ကို
ပြီးမြောက်စေနိုင်ပါသည်။ သူတို့သည် နားထောင်မှုလမ်းကြောင်းများတွင်
လျှောက်လှမ်းခဲ့ကြပါလျှင် ကိုယ်တော်သည် ၎င်းတို့အား လူမျိုးတကာထက်
ဂုဏ်အသရေကျော်စောကိတ္တိသာ လွန်စေမည်ဖြစ် ပါသည်။ “ သင်သည် ထာဝရဘုရား၏နာမတော်ဖြင့်
ခေါ်ဝေါ်သမုတ်ခြင်းကိုခံရသည်ဟုလူမျိုး ခပ်သိမ်းတို့သည်သိမြင်၍
သင့်ကိုကြောက်ရွံ့ကြလိမ့်မည်” ဟူ၍လည်းကောင်း၊ “သူတို့ကလည်း ဤကြီးမြတ်သောလူမျိူးသည်
အကယ်စင်စစ်ဉာဏ်ပညာများနှင့် ပြည့်စုံသောအမျိုးဖြစ်၏” ဟူ၍ လည်းကောင်း
မောရှေပြောဆိုခဲ့သည်။ တရားဟော၊ ၂၈း၁၀။ ၄း၆။ သို့သော်လည်း ၎င်းတို့၏
သစ္စာမဲ့မှုကြောင့် ထာဝရဘုရား၏အကြံတော်သည် ဖီလာဆန့်ကျင်မှုများနှင့်
အထင်သေးမှုများကိုသာ ခံခဲ့ရပါသည်။
သူတို့သည်ဗာဗုလုန်နိုင်ငံ၏
ဩဇာခံဘဝသို့ရောက်ခဲ့ကြပါသည်။ ၎င်းပြင် တစ်ပါးအမျိုးသား
များတွင်ပျံ့လွင့်ကုန်ကြပါသည်။ များစွာသောဣသရေလလူများသည် ဆင်းရဲဒုက္ခများကို
ခံစားခဲ့ရ ခြင်းအားဖြင့် ဘုရားသခင်၏ပဋိညာဉ်အပေါ် အသစ်တစ်ဖန်သစ္စာ
စောင့်လာခဲ့ကြပြန်ပါသည်။ သူတို့သည်မိုးမခပင်တွင် စောင်းများကိုချိတ်ဆွဲကြစဉ်၊
၎င်းပြင်ပျက်စီးခဲ့ရသောသန့်ရှင်းသော ဗိမာန် တော်အတွက် ဝမ်းနည်းငိုကြွေးနေကြစဉ်တွင်
သမ္မာတရားအလင်းသည် သူတို့အားဖြင့်ထွန်း လင်း၍ ဘုရားသခင်ကို သိသောဉာဏ်သည်
တိုင်းနိုင်ငံများအလယ်တွင် ပျံ့နှံ့ခဲ့ပါသည်။ တစ်ပါးအမျိုးသား များ၏ ယဇ်ပူဇော်ခြင်း
နည်းစနစ်များသည် ထာဝရဘုရားသတ်မှတ်ပြဌာန်းထား သောနည်းစနစ်များမှ
ဖောက်ပြန်သွေဖည်သွားသည့် ယဇ်ပူဇော်နည်းများဖြစ်ပါသည်။ ၎င်းတစ်ပါးအမျိုးသားများ၏
ဝတ်ပြုပွဲ အခမ်းအနားများကို ရိုးရိုးသားသားဖြင့် လိုက်နာစောင့်ရှောက်ကြသော
လူများစွာတို့သည် ဘုရားသခင် ၏တန်ခိုးတော်နှင့် ကြိုတင်ပြင်ဆင်ထားသည့်
ဝတ်ပြုကိုးကွယ်မှုများ ၏ အနက်အဓိပ္ပါယ် ကိုဟေဗြဲ လူမျိုးများထံမှ
သင်ယူကြပြီးယုံကြည်ခြင်းအားဖြင့်ကယ်တင်ရှင်တစ်ပါးကြွလာမည် ဟူသော ကတိတော်ကို
ကိုင်စွဲခဲ့ကြသည်။
တစ်ကျွန်းတစ်နိုင်ငံတွင်နေထိုင်ကြရသည့်
များစွာသော ဣသရေသများသည်ဖိနှိပ်ခြင်းကို ခံကြရပါသည်။ များစွာသောလူတို့သည
ဥပုသ်တော်နေ့ကို ဂရုမပြုကြရန်သော်လည်းကောင်း၊ အမျိုးသားများ၏ပွဲများကို
စောင့်ထိန်းရန်သော်လည်းကောင်း ငြင်းဆိုမှုများပြုခဲ့ကြသည့်အတွက် အသက်ဆုံးရှုံးခဲ့ကြရပါသည်။
ရုပ်တုကိုးကွယ်သူများအား သမ္မာတရားကိုနှိပ်ကွပ်နင်းချေရန် လှုံ့ဆော် နေကြစဉ်တွင်
ရှင်ဘုရင်များနှင့် မင်းစိုးရာဇာများသည် အလင်းတရားကိုရရှိရန် ဘုရားသခင်သည်
မိမိ၏အစေခံကျွန်အား ၎င်းတို့နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်ရန်
ဆောင်ကြဉ်းတော်မူခဲ့သည်။ ထင်ပေါ်ကျော်စောသောဘုရင်များသည် ဟေဗြဲသုံ့ပန်းများကိုးကွယ်သောဘုရားသည်
အမြင့်မြတ် ဆုံးသော ထာဝရဘုရားဖြစ်ကြောင်းကို ထုတ်ဖော်ပြောကြားစေရန်
အကြိမ်ကြိမ်လမ်းပြခြင်းကိုခံ ကြရသည်။
ဣသရေလလူများတို့သည် ဗာဗုလုန်နိုင်ငံတွင်
သုံ့ပန်းဘဝသို့ ရောက်ခဲ့ခြင်းအားဖြင့် ရုပ်တုကိုးကွယ်ခြင်းများမှ
အကျိုးဖြစ်ထွန်းလောက်အောင် ကင်းရှင်းလာခဲ့ကြသည်။
နောက်ပိုင်းရာစုနှစ်များအတွင်းတွင် သူတို့၏ကြီးပွားချမ်းသာမှုသည်
ဘုရားသခင်၏ပညတ်တော်ကို နားထောင်မှုအပေါ်တွင်မူတည်ကြောင်း
ခိုင်ခိုင်မာမာသဘောပေါက်လာသည့်အထိ ၎င်းတို့သည် တစ်ပါးအမျိုးသားရန်သူများ၏
ဖိနှိပ်ခြင်းဒဏ်များကို ခံစားခဲ့ကြရပါသည်။ သို့သော်လည်း
များစွာသောလူများ၏ပညတ်တော်ကို လိုက်နာကျင့်စောင့်ခြင်းသည် မေတ္တာဩ၏နှိုးဆော်ချက်
ကြောင့်မဟုတ်ဘဲ ၎င်းတို့၏ရည်ရွယ်ချက်များမှာ မိမိကောင်းစားရေးအတွက်သာ
ဖြစ်ခဲ့ပါသည်။ သူတို့သည် အမျိုးသားရေးကြီးမြတ်မှုကိုရယူရန် နည်းလမ်းတစ်ခုအနေဖြင့်
ဘုရားသခင်အား အပြင်ပန်းအားဖြင့် နားထောင်ကြခြင်းဖြစ်ပါသည်။ သူတို့သည် ကမ္ဘာအတွက်
အလင်းတရားမဖြစ်ခဲ့ သော်လည်း ရုပ်တုကိုးကွယ်ခြင်းနှင့်ပတ်သက်သော စုံစမ်းနှောင့်ယှက်ခြင်းများမှ
ကင်းဝေးစေရန် သူတို့ကိုယ်သူတို့ ကမ္ဘာနှင့်အဆက်ဖြတ်ခဲ့ကြပါသည်။ ထာဝရဘုရားသခင်သည်
၎င်းတို့အား မောရှေအားဖြင့် ရုပ်တုကိုးကွယ်သူများနှင့် ပေါင်းဖော်ခြင်းများကို
ထိန်းချုပ်မှုများပြုတော်မူခဲ့ပါသည်။ သို့သော် ဤသွန်သင်ချက်ကို
၎င်းတို့ကလွဲများစွာ အဓိပ္ပါယ်ကောက်ယူခဲ့ကြပါသည်။ ထိုညွှန်ကြားချက် များသည်
တစ်ပါးအမျိုးသားများ၏ အမူအကျင့်များကိုပုံစံယူ၍ တူအောင်လိုက်လုပ်ခြင်းများမှ
ဣသရေလများအား တားဆီးရန်ရည်ရွယ်ခဲ့သော်လည်း ၎င်းညွှန်ကြားချက်များကို ဣသရေလလူများ
နှင့် တစ်ပါးအမျိုးသားများအကြားတွင် ခွဲခြားသည့်တံတိုင်းတစ်ခုအဖြစ်
တည်ဆောက်ရန်အတွက် အသုံးပြုခဲ့ကြပါသည်။ ဣသရေလလူများသည် ယေရုရှလင်မြို့အား ၎င်းတို့၏
ကောင်းကင်နိုင်ငံ အနေဖြင့် ရှုမြင်ကြပြီး ဘုရားသခင်အနေဖြင့်
တစ်ပါးအမျိုးသားများအား ကရုဏာပြမည်ကိုစိုးရိမ်ကာ သူတို့မနာလိုဝန်တိုစိတ်များ
အမှန်တကယ်ဖြစ်ပေါ်ခဲ့ကြပါသည်။
ဗာဗုလုန်နိုင်ငံမှ
ပြန်လည်ရောက်ရှိလာကြပြီးသည့်နောက်ဘာသာရေးနှင့်ပတ်သက်သော ညွှန်ကြားချက်များကို
များစွာအာရုံပြုခဲ့ကြပါသည်။ နိုင်ငံအနှံ့အပြားတွင် တရားဇရပ်များကို တည် ဆောက်၍
ယဇ်ပုရောဟိတ်များနှင့် ကျမ်းတတ်ဆရာများသည် ပညတ်တော်ကို အဓိပ္ပါယ်ရှင်းလင်း
ဖွင့်ဆိုခဲ့ကြပါသည်။ ဖြောင့်မတ်ခြင်းတရား၏
စည်းမျဉ်းများကိုသိပ္ပံဝိဇ္ဇာပညာရပ်များနှင့်ပူးတွဲ သင်ကြားပေးမည့်
စာသင်ကျောင်းများကိုလည်း တည်ထောင်ခဲ့ကြပါသည်။ သို့ပါသော်လည်း ဤအဖွဲ့အစည်းများသည်
ဖောက်ပြန်ပျက်ယွင်းခဲ့ကြပါသည်။ သုံ့ပန်းဘဝတွင်နေကြရစဉ် လူများစွာ တို့သည်
တစ်ပါးအမျိုးသားများ၏ အတွေးအခေါ်များနှင့် ဓလေ့ထုံးစံများကိုရရှိထားကြပြီး
ဖြစ်သည့် ပြင် ထိုအရာများကို ဘာသာရေးဝတ်ပြုကိုးကွယ်ပွဲများတွင်
ထည့်သွင်းလာခဲ့ကြပါသည်။ သူတို့သည် မြောက်မြားစွာသောအရာများတွင်
ရုပ်တုကိုးကွယ်သူများ၏ အမူအကျင့်များကို အတုခိုးလုပ်ဆောင်ခဲ့ ကြပါသည်။
သူတို့သည်
ထာဝရဘုရားသခင်နှင့်ဝေးကွာလာသည်နှင့်အမျှ ဝတ်ပြုကိုးကွယ်နည်းများ
အတွက်သွန်သင်ချက်များကိုများစွာ မျက်ချည်ပြတ်ခဲ့ကြပါသည်။
ထိုဝတ်ပြုကိုးကွယ်ပွဲများကို ခရစ်တော်ကိုယ်တိုင် တည်ထောင်တော်မူ၍
အခန်းကဏ္ဍတိုင်းတွင် ကိုယ်တော်ကိုပုံဆောင် သည့်အပြင် ထိုအရာများသည်
ပြည့်ဝသောအသက်ရှင်စေနိုင်သည့် ခွန်အားနှင့်ဝိညာဉ်ရေး တင့်တယ်မှုများဖြစ်ကြသည်။
သို့သော်လည်း ဣသရေလများသည် ၎င်းတို့၏ဘာသာရေး အခမ်းအနားများကို ကျင်းပခြင်းအားဖြင့်
ဝိညာဉ်ရေးအသက်တာများဆုံးရှုံးခဲ့ကြရ၍ အသက်မပါသော ကျင်းပသည့်ပုံစံများကိုသာ
စွဲလမ်းခဲ့ကြပါသည်။ သူတို့သည်ပူဇော်သက္ကာများ ပြညွှန်သော ကိုယ်တော်ရှင်အား
ယုံကြည်အားကိုးခြင်းရှိရမည့်အစား ပူဇော်သက္ကာများနှင့် ဘာသာရေးပွဲများကိုသာ
ယုံကြည်အားထားခဲ့ကြပါသည်။ သူတို့ဆုံးရှုံးခဲ့သော နေရာများအတွက်
နေရာအစားယူရန်အလို့ငှါ ယဇ်ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများသည် ၎င်းတို့၏ကိုယ်ပိုင်လိုလားချက်များကို
ပိုမိုများပြားစွာ တောင်းဆိုခဲ့ပါသည်။ ပညတ်ချက်များသည်
ပိုမို၍အရောင်မှိန်သွားပါတော့သည်။ သူတို့၏စိတ်နှလုံး
များသည်မာနတရားများ၊ဟန်ဆောင်မှုများဖြင့် ပြည့်ဝနေချိန်တွင်
ဣသရေလလူများသည်များပြား စွာသော ဘာသာရေး အခမ်းအနားများအားဖြင့် ၎င်းတို့၏သန့်ရှင်းမှုကိုတိုင်းတာခဲ့ကြပါသည်။
၎င်းတို့၏အသေးစိတ်ကျ၍
ဝန်ထုပ်ဝန်ပိုးသဖွယ်ဖြစ်သော ပညတ်ချက်များကြောင့် ပညတ်တော်ကို
စောင့်ထိန်းနိုင်ရန်မှာမဖြစ်နိုင်သည့်အရာ တစ်ခုဖြစ်နေပါသည်။ ထာဝရဘုရားအား
အစေခံရန်ဆန္ဒရှိသူများနှင့် ကျမ်းတတ်ဆရာများ၏
ပြဌာန်းချက်များကိုစောင့်ထိန်းရန်ကြိုးစားနေသူ များသည် လေးလံသောဝန်ထုပ်ဝန်ပိုး
တစ်ခုအောက်တွင်ပင်ပန်းကြီးစွာဖြင့်ကြိုးစားခဲ့ကြရပါသည်။
သူတို့သည်သောကဗျာပါဒရောက်နေသော ဩတ္တပ္ပစိတ်၏စွပ်စွဲချက်များ ကြောင့် သက်သာခြင်းကို
မရနိုင်ကြချေ။ ထိုနည်းအားဖြင့် ဘုရားသခင်၏သားသမီးများကို စိတ်ဓာတ်ကျစေရန်၊
ထာဝရဘုရား၏ စာရိတ္တတော်နှင့်ပတ်သက်သော တွေးခေါ်ချက်များကို နိမ့်ကျလာစေရန်နှင့်
ဣသရေလများ၏ ယုံကြည်ချက်များကို အထင်အမြင်သေးစရာ အသွင်သို့ဖန်တီးရန် စာတန်သည်
လုပ်ဆောင်ခဲ့ပါသည်။ စာတန်သည် ကောင်းကင်နိုင်ငံတော်တွင် ခြားနားခဲ့စဉ်က
ထုတ်ဖော်ပြောဆိုခဲ့သကဲ့သို့ ထာဝရဘုရား၏ တောင်းဆိုချက်များသည်တရားမျှတမှုမရှိကြောင်းနှင့်လိုက်လျှောက်ကျင့်ဆောင်ရန်
မဖြစ်နိုင်ကြောင်းကိုအခိုင်အမာပြောဆိုရန် စောင့်စားခဲ့ပါသည်။ ဣသရေလများသည်ပင်လျှင်
ပညတ်တော်ကိုမစောင့်နိုင်ကြောင်းကိုလည်း သူကြေညာခဲ့ပါသည်။
ဣသရေလများသည်
မေရှိယအရှင်ကြွလာခြင်းကို တောင့်တခဲ့ကြသော်လည်း ကိုယ်တော်ရှင်၏ အမှုတော်အပေါ်တွင်
အမြင်မကြည်ခဲ့ကြချေ။ သူတို့သည် အပြစ်မှကယ်တင်ခြင်း ခံရစေရန် မကြိုးစားကြဘဲ
ရောမလူမျိုးများလက်အောက်မှ လွတ်မြောက်ရေးအတွက်သာ ကြိုးစား ခဲ့ကြပါသည်။
မေရှိယအရှင်သည် အောင်နိုင်သူတစ်ဦးအနေနှင့်ကြွလာပြီး၎င်းတို့အားဖိနှိပ်ချုပ်ချယ်
ထားသည့် တန်ခိုးအာဏာများကို သုတ်သင်ချေမှုန်း၍ ဣသရေလနိုင်ငံကို စကြဝဠာတစ်ခုလုံးအား
စိုးမိုးအုပ်ချုပ်ပိုင်ခွင့်အာဏာပေးအပ်ချီးမြှောက်လိမ့်မည်ဟု
သူတို့မျှော်မှန်းခဲ့ကြပါသည်။ ထိုသို့သော နည်းအားဖြင့် ကယ်တင်ရှင်ကိုငြင်းပယ်ရန်
သူတို့အသင့်အနေအထားတွင် ရှိခဲ့ကြပါသည်။
ခရစ်တော်မွေးဖွားလာသောအချိန်တွင်
ယုဒနိုင်ငံသည် နိုင်ငံခြားသားသခင်များ၏အုပ်ချုပ်မှု အောက်တွင်
အမျက်ဒေါသထွက်လျက်ရှိကြပြီး ညီအစ်ကိုချင်းဖြစ်ပွားနေသော ခိုက်ရန်ဒေါသမှုများ
ကြောင့်အထိနာလျက်ရှိခဲ့ပါသည်။ ဣသရေလလူများသည် သီးခြားအုပ်ချုပ်ရေးပုံစံဖြင့်
အုပ်ချုပ်ခွင့် ပေးထားခဲ့သော်လည်း သူတို့သည် ရောမအင်ပါယာအောက်တွင် ရှိနေကြောင်းကို
ထင်ယောင်ထင်မှား ရှိရန်နှင့် အာဏာတန်ခိုးနှင့်ပတ်သက်သော ကန့်သတ်ချက်များအတွက်
၎င်းတို့နှင့်စေ့စပ်ရန် မည်သည့် အကြောင်းတစ်စုံတစ်ခုမျှမရှိချေ။
ယဇ်ပုရောဟိတ်မင်းရာထူးကို ခန့်ထားရန်အတွက်သော်လည်း ကောင်း၊
ဖြုတ်ချရန်အတွက်သော်လည်းကောင်း၊ လုပ်ပိုင်ခွင့်ရှိကြောင်း အခိုင်အမာပြောလာကြပြီး
မကြာခဏထိုရာထူးကို လိမ်လည်ခြင်းအားဖြင့်သော်လည်းကောင်း၊
လာဘ်ပေးလာဘ်ယူခြင်းအားဖြင့် သော်လည်းကောင်း၊
လူသတ်မှုကျူးလွန်ခြင်းအားဖြင့်သော်လည်းကောင်း ရယူခဲ့ကြပါသည်။ ထိုနည်း အားဖြင့်ယဇ်ပုရောဟိတ်ရာထူးသည်
ပို၍ပို၍ ဖောက်ပြန်ညစ်ညူးလာခဲ့ပါသည်။ သို့စေကာမူ ယဇ်ပုရောဟိတ်များသည်
ကြီးမားသောတန်ခိုးအာဏာများကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ထိုအာဏာများ
ကိုကိုယ်ကျိုးရှာသော မိမိကောင်းစားရေးအလုပ်များအတွက် အသုံးပြုခဲ့ကြပါသည်။
ဣသရေလများ သည် အကြင်နာကင်းမဲ့သောခိုင်းစေမှုများအောက်တွင်
နင်းပြားများဖြစ်ခဲ့ရပြီး အခွန်စည်းကြပ်မှုကို လည်း များစွာခံခဲ့ကြရပါသည်။
ဤအခြေအနေများကြောင့် နိုင်ငံအနှံ့အပြားတွင် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ပြီးလျှင်
အများပြည်သူများ၏ မခံမရပ်နိုင်မှုများသည်လည်း မကြာခဏဖြစ်ပေါ်ခဲ့ပါသည်။
လောဘကြီးခြင်းနှင့် အကြမ်းဖက်မှုများသည်လည်းကောင်း၊
မယုံကြည်မှုများနှင့်လျစ်လျူရှုမှုများ သည်လည်းကောင်း
နိုင်ငံသားများ၏စိတ်သဘောထားများကို တဖြည်းဖြည်းပျက်ပြားစေခဲ့ပါသည်။
ရောမလူမျိုးများအား
မုန်းတီးမှုများသည်လည်းကောင်း၊ အမျိုးသားရေးနှင့် ဝိညာဉ်ရေးမာန
ထောင်လွှားမှုသည်လည်းကောင်း၊ ဣသရေလလူမျိုးအား ၎င်းတို့၏ဝတ်ပြုကိုးကွယ်သည့်
ပုံစံများကို ဆက်လက်၍တင်းကျပ်စွာစွဲကိုင်စေခဲ့ပါသည်။ ယဇ်ပုရောဟိတ်များသည်
ဘာသာရေးအခမ်းအနား များကို သေသေချာချာအာရုံပြုလုပ်ဆောင်၍
ဘုရားသခင်၌မွေ့လျော်ခြင်းနှင့်ပတ်သက်သော ဂုဏ်
သတင်းများကိုဆက်လက်ထိန်းသိမ်းရန်ကြိုးစားခဲ့ကြပါသည်။
သူတို့၏ဝိညာဉ်ရေးမှောင်မိုက်ကျနေ သော အခြေအနေများနှင့်
ဖိနှိပ်ချုပ်ချယ်မှုခံရခြင်းများတွင် အသက်ရှင်ကြရသော ပြည်သူများနှင့်
တန်ခိုးအာဏာများကိုငတ်မွတ်လျက်ရှိကြသောမင်းစိုးရာဇာများ၊၎င်းတို့၏ရန်သူများကိုအောင်မြင်ပြီး
ဣသရေလနိုင်ငံကိုပြန်လည်ရယူပေးမည့်
ကယ်တင်ရှင်၏ကြွလာခြင်းကိုမျှော်လင့်စောင့်စားခဲ့ကြ ပါသည်။ သူတို့သည်
အနာဂတ္တိစကားများကိုလေ့လာခဲ့သော်လည်း ဝိညာဉ်ရေးအသိမရှိခဲ့ကြချေ။ ထို့ကြောင့်
သူတို့သည် ခရစ်တော်၏ နှိမ့်ချစွာကြွလာမည့် ပထမအကြိမ်ကြွလာခြင်းအကြောင်းကို
ပြညွှန်ထားသည့် ကျမ်းစာများကို မျက်စိမှောက်ခဲ့ကြပါသည်။
၎င်းပြင်ဘုန်းတော်နှင့်ကြွလာမည့် ကိုယ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့်ပတ်သက်သော
ပြောဆိုချက်များကိုလည်းတလွဲယူဆ အသုံးပြုခဲ့ကြပါသည်။
မာနထောင်လွှားခြင်းသည်
သူတို့၏အမြင်ကိုအမှောင်ကျစေခဲ့ပြီး အနာဂတ္တိစကားများကို ကိုယ်ကျိုးရှာလိုသော
ဆန္ဒများနှင့်လျော်ညီစွာ အနက်ဖွင့်ခဲ့ကြပါသည်။
No comments:
Post a Comment