ယုဒရှကာရုတ်
ထာ၀ရဘုရားသခင်အနေနှင့် ဂုဏ်ပြုနိုင်သည့်အခြေအနေတွင်ရှိသောအသက်တာတစ်ခုသည် ဝမ်းနည်းဖွယ်ရာ ဘ၀ဇာတ်သိမ်းခန်းဖြင့်နိဂုံးချုပ်သွားသည်ကို ယုဒရှကာရုတ်၏ အသက်တာကတင်ဆက်ထားပါသည်။ သူသည် ယေရုရှလင်မြို့သို့ သွားခဲ့သည့် နောက်ဆုံးခရီးစဉ်မတိုင်မီတွင် သေဆုံးသွားခဲ့မည်ဆိုလျှင် တမန်တော် တစ်ဆယ့်နှစ်ပါးအဝင်ပုဂ္ဂိုလ်တစ်ဦးအနေဖြစ် မှတ်ယူခြင်းကိုခံခဲ့ရလိမ့်မည်ဖြစ်ပြီး၊ အကြီးအကျယ်လွမ်းဆွတ်ခြင်းခံရမည့်ပုဂ္ဂိုလ် တစ်ဦးဖြစ်ခဲ့လိမ့်မည်ဖြစ်ပါသည်။ ရာစု နှစ်ပေါင်းများစွာဆက်လက်တည်ရှိနေမည့် စက်ဆုပ်ရွံရှာဖွယ်၎င်း၏ အတိတ် ကြောင်းသည်လည်း ကျန်ရစ်ခဲ့လိမ့်မည်မဟုတ်ဘဲ ၎င်း၏ဘ၀နေဝင်ခါနီးတွင်ဖြစ် ပျက်ခဲ့သော ထင်ရှားသည့် အဖြစ်အပျက်ကြီးများကိုသာ ဖော်ပြခဲ့ကြလိမ့်မည်ဖြစ် ပါသည်။ သို့ရာတွင် ၎င်း၏ဇာတိရုပ်မှန်ကို ကမ္ဘာလောကအားသိမြင်စေခဲ့ခြင်းငှာ ယခုကဲ့သို့သူ့ဘ၀ ကိုနိဂုံးချုပ်စေခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ၎င်း၏သမိုင်း စဉ်သည် ဘုရားသခင်ကခန့်အပ်ထားသည့်သူများအတွက် သတိပေးချက်တစ်ခုဖြစ် ပါသည်။
ယုဒသည်ခရစ်တော်အား
ယဇ်ပုရောဟိတ်များ၏ လက်သို့အပ်နှံရန် ပသခါပွဲမတိုင်မီကလေးတွင်
၎င်းတို့နှင့်အသစ်တစ်ဖန်ကတိပြုခဲ့ပါသည်။
ကိုယ်တော်ရှင်အားဘုရားဆုတောင်းရန်အသွားတွင်ဖမ်းဆီးကြရန် ထိုစဉ်က စီစဉ်ထားခဲ့ပါသည်။
ရှိမုန်၏အိမ်တွင်စားသောက်ပွဲကျင်းပစဉ်ကတည်းက မိမိ
လုပ်ဆောင်ရန်ကတိကဝတ်ပြုခဲ့သောထိုလုပ်ငန်းအတွက် စဉ်းစားသုံးသပ်ရန်
အခွင့်အရေးရရှိခဲ့သော်လည်း သူသည်မိမိ၏အကြံအစည်ကိုမပြောင်းလဲခဲ့ချေ။
ကျွန်တစ်ဦးအားငှားရမ်းသည့်အဖိုးအခလောက်သာဖြစ်သောငွေသုံးဆယ်ဖြင့်
စက်ဆုပ်ဖွယ်ရာသောအသေသတ်ခြင်းကိုခံစေရန် မိမိ၏အရှင်ဘုရားအားသူ ရောင်းခဲ့ပါသည်။
ယုဒသည်
ငွေကိုတပ်မက်လွန်းသောသူတစ်ယောက်ဖြစ်ပါသည်။ သို့ရာတွင် ဤကဲ့သို့သော
အလုပ်မျိုးကိုအမြဲတမ်းလုပ်သည့် အခြေထိအောင် သူ့အနေနှင့်မ ပျက်စီးသေးပါချေ။
မိမိအသက်တာအား လွှမ်းမိုးလာသည်အထိ ဥစ္စာဓနကို တပ် မက်လွန်းသည့်
မကောင်းသောစိတ်ဓာတ်ကို သူမွေးမြူခဲ့ပါသည်။ ငွေကိုတပ်မက် သောစိတ်သည်
ခရစ်တော်ကိုချစ်သည့် စိတ်ထက်အလေးသာသွားခဲ့ပါသည်။ ဒုစ
ရိုက်မှုတစ်ခု၏ကျွန်ဘ၀သို့ရောက်လာခြင်းအားဖြင့် အပြစ် များကိုဆက်လက်ကျူး လွန်ရန်
မိမိကိုယ်ကိုစာတန်လက်၌ဆက်ကပ်ခဲ့ပါသည်။
များစွာသောလူထုကြီးသည်
ခရစ်တော်၏နောက်တော်ပါးမှလိုက်လျှောက် နေသောအချိန်တွင်
ယုဒသည်တမန်တော်များနှင့်ပူးပေါင်းခဲ့ပါသည်။ တရားဇရပ် တွင်လည်းကောင်း၊
ဂါလိလဲအိုင်ကမ်းစပ်တွင်လည်းကောင်း၊ တောင်ပေါ်တွင်လည်း ကောင်း
မိန့်တော်မူခဲ့သောကိုယ်တော်၏ နှုတ်ထွက်စကားများကိုကြားရစဉ် ပီတိဖြစ်
နေကြသည့်အချိန်တွင် ကယ်တင်ရှင်၏သွန်သင်ချက်များသည် ၎င်းတို့၏စိတ်နှလုံး ကို
လှုပ်ရှားစေခဲ့ပါသည်။ အမြို့မြို့အနယ်နယ်မှ ဖျားနာသူများ၊ လမ်းမသွားနိုင်သော
သူများနှင့်မျက်မမြင်များသည် ခရစ်တော်ထံစုရုံးလာကြသည်ကို ယုဒမြင်တွေ့ခဲ့ဖူးပါ သည်။
သေလုမြောပါးဖြစ်နေသော လူနာများအား ခြေတော်ရင်းတွင်ချထားသည်ကို လည်း
သူမြင်တွေ့ခဲ့ဖူးပါသည်။ လူနာများကိုကုသရာတွင်လည်းကောင်း၊ နတ်ဆိုး
များကိုနှင်ထုတ်ရာ တွင်လည်းကောင်း၊ လူသေများကိုထမြောက်စေရာတွင်လည်း ကောင်း
ပြတော်မူခဲ့သောကယ်တင်ရှင်၏ မဟာတန်ခိုးတော်ကိုလည်း သူမြင်တွေ့ ခဲ့ရပါသည်။ သူ၏ကိုယ်ပိုင်အသက်တာအားဖြင့်လည်း
ခရစ်တော်၏တန်ခိုးတော်အ ထောက် အထားများကိုခံစားခဲ့ဖူးပါသည်။
သူကြားဖူးခဲ့သည့်တရားဒေသနာများထက် ခရစ်တော်၏သွန်သင်ဟောကြားချက်များသည်
ကောင်းမွန်ထိရောက်ကြောင်း ကို လည်း သူသိထားပါသည်။ ကိုယ်တော်ရှင်ကိုသူချစ်ပါသည်။
အတူလည်း နေလိုလှပါ သည်။ မိမိ၏အကျင့်စာရိတ္တနှင့်အသက်တာကိုပြောင်းလဲမှုရှိလာ
ရန်လည်း သူလို လားခဲ့ပါသည်။ ကယ်တင်ရှင်သည် သူ့အားငြင်းဆန်တော် မမူခဲ့ဘဲ တမန်တော်
ဆယ့်နှစ်ပါးအဝင်ဖြစ်စေခဲ့ပါသည်။ ကိုယ်တော်သည် သူ့အားတရားဟောဆရာအ လုပ်ကို
လုပ်ရန်ခန့်အပ်ခဲ့ပါသည်။ လူနာများကို ကုသခြင်းတန်ခိုးနှင့် နတ်ဆိုးများကို
နှင်ထုတ်ခြင်းအခွင့်ကိုလည်းပေးတော်မူ ခဲ့ပါသည်။ သို့သော်ယုဒသည် မိမိအသက် တာအား
ကိုယ်တော်၌လုံးလုံး လျားလျားအပ်နှံသည့်အဆင့်သို့မရောက်ခဲ့ပါချေ။ သူ သည်
လောကီနှင့်ပတ်သက် သောရည်မှန်းချက် (သို့မဟုတ်) ငွေကိုတပ်မက်ခြင်း
စိတ်ကိုမစွန့်လွှတ်ခဲ့ချေ။ ခရစ်တော်၏တရားဟောဆရာရာထူးကို လက်ခံလုပ် ဆောင်စဉ်မှာပင်
သူသည် ဝိညာဉ်တော်၏ပြုပြင်မှုကိုခံယူရန် မိမိကိုယ်ကိုမဆက် ကပ်ခဲ့ချေ။
မိမိ၏ကိုယ်ပိုင်အယူအဆအတိုင်း ကြိုက်သလိုလုပ်ဆောင်နိုင်သည်ဟု သူသဘောပေါက်ကာ
အခြားသူများအားဝေဖန်အပြစ်တင်သည့် သဘောထားများ ကိုမွေးမြူခဲ့ပါသည်။
ယုဒသည် အခြားတမန်တော်များ၏
လေးစားမှုကိုခံခဲ့ရသူတစ်ဦးဖြစ်ပြီး၊ ၎င်း
တို့အပေါ်တွင်ဩဇာရှိသူတစ်ဦးလည်းဖြစ်ပါသည်။ သူကိုယ်တိုင်လည်း မိမိ၏အရည်
အချင်းကိုအထင်ကြီးနေသူတစ်ဦးဖြစ်ပြီး၊ ဆုံးဖြတ်ချက်ချရာတွင် လည်းကောင်း၊ အ
ရည်အချင်းနှင့်ပြည့်စုံမှုတွင်လည်းကောင်း အခြားတမန် တော်များသည် မိမိထက်
အများကြီးနိမ့်ကျသည်ဟု သူမှတ်ယူထားခဲ့ပါသည်။ သူတို့သည်အခွင့်ကောင်းများ
ကိုမမြင်တတ်ကြဘဲ အခြေအနေကို အကျိုးရှိအောင်အသုံးမချတတ်ကြဟု သူထင် မြင်ခဲ့ပါသည်။
အသင်းတော်သည် ထိုကဲ့သို့အမြင်တိုသောခေါင်းဆောင်များ၏ ဦး ဆောင်မှုအောက်တွင်
မည်သည့်အခါမျှ တိုးတက်ကြီးပွားမည်မဟုတ်ဟု သူထင်မြင် ခဲ့ပါသည်။ ပေတရုသည်
စိတ်မြန်ပြီး မစဉ်းမစားလုပ်တတ်သူတစ်ဦးဖြစ်သည်ဟူ၍ လည်းကောင်း၊
ခရစ်တော်၏နှုတ်တော်ထွက်သမ္မာတရားများကို သိုမှီးစုဆောင်းခဲ့သူ ယောဟန်အား
ငွေကြေးထိန်းသိမ်းမှုတွင် အလွန်ညံ့ဖျင်းသူတစ်ဦးဖြစ်သည်ဟူ၍ လည်းကောင်း
ယုဒမှတ်ယူခဲ့ပါသည်။
အရာရာတွင်စေ့စပ်သေချာလှသော မဿဲ သည် ရိုးသားမှုနှင့်စပ်လျဉ်း၍
အထင်ကရဖြစ်သူတစ်ဦးဖြစ်သည့်ပြင် ခရစ်တော်၏ မိန့်တော်မူချက်များကို
သေချာစွာစဉ်းစားသုံးသပ်ကာ ထိုတရားတော်ကိုအထူးစိတ် ဝင် စားသူတစ်ဦးဖြစ်သောကြောင့်
အရေးကြီးသောလုပ်ငန်းများတွင်အားကိုးနိုင် မည့်သူမဟုတ်ဟု ယုဒကမှတ်ယူထားပါသည်။
ယုဒသည် ဤသို့တမန်တော် များ၏
အကြောင်းကိုအကျဉ်းချုံးသုံးသပ်လိုက်ကာ အုပ်ချုပ်သူတစ်ဦး၏အရည်အချင်းရှိ သော
သူသာ တမန်တော်များတွင်မပါခဲ့လျှင် အသင်းတော်သည်အကြီး အကျယ်
ဒုက္ခရောက်သွားလိမ့်မည်ဟု ဝါကြွားခဲ့ပါသည်။ သူသည်မိမိကိုယ်ကို မည်သူမျှမယှဉ်
နိုင်သည့်လူတစ်ဦးအဖြစ်မှတ်ယူထားပါသည်။ ထို့ပြင် အသရေ ရှိသောပုဂ္ဂိုလ် တစ်
ပါးအနေဖြင့်လည်းယူဆထားပါသည်။ ထိုကဲ့သို့လည်းသူ့ ကိုယ်သူအမြဲတမ်းဖော်ပြ
လေ့ရှိပါသည်။
ယုဒရှကာရုတ်သည်
မိမိ၏အားနည်းချက်များကိုမသိခဲ့ချေ။ သူ့အနေနှင့် မိမိကိုယ်ကိုမိမိပြင်ဆင်နိုင်မည့်
အခွင့်အလမ်းရနိုင်သည့်ရာထူးတစ်ခုတွင် လုပ် ဆောင်ခွင့်ရရှိခဲ့ပါသည်။ သူသည်
တမန်တော်များ၏ ဘဏ္ဍာရေးမှူးတစ်ဦးအနေ ဖြင့် ထိုအဖွဲ့ကလေးအတွက်
စားရေးသောက်ရေးကိုစီစဉ်ပေးရန်နှင့် ဆင်းရဲသားများ
၏အဓိကလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် တာဝန်ယူရပါသည်။ ပသခါပွဲဝင် မည့်အခန်းထဲတွင်
သင်ပြုရမည့်အမှုကိုအလျင်အမြန် ပြုလော့ဟုမိန့်တော်မူစဉ်က
ထိုပွဲအတွက်လိုအပ်သောအရာများကိုဝယ်ရန် (သို့မဟုတ်) ဆင်းရဲသားများ၏
လိုအပ်ချက်များကိုမစပေးရန်ခိုင်းစေသည်ဟု တမန်တော်များကထင်မှတ်ခဲ့ကြပါ သည်။
ထိုကဲ့သို့သူတစ်ပါးအကျိုးဆောင် လုပ်ငန်းများကိုလုပ်ဆောင်ခြင်းအားဖြင့်
ယုဒသည်တစ်ကိုယ်ကောင်းဆန်တတ် သည့်စိတ်ဓာတ်ကိုတိုးတက်ကြီးပွားလာ
အောင်ပြုစုရန်ဖြစ်ပါသည်။ သူသည် ခရစ်တော်သွန်သင်သည့်အရာများကိုနေ့စဉ် ကြားနာ၍
တစ်ကိုယ်ကောင်းမဆန် သောသက်တော်စဉ်ကိုမြင်တွေ့နေရစဉ်မှာပင်
တပ်မက်သည့်စိတ်ထားများကို ကျင့်သုံးခဲ့ပါသည်။ သူ၏လက်ထဲသို့ရောက်ရှိလာ သည့်
အနည်းငယ်သော အလှူငွေများသည် သူ့အတွက်စုံစမ်းနှောင့်ယှက်ခြင်း တစ်ခုဖြစ်နေပါသည်။
ခရစ်တော်အားကျွေးမွေးပြုစုရသည့်အတွက်သော်လည်း ကောင်း၊ ဘာသာရေး အခမ်းအနားများတွင်လုပ်အားပေးရသည့်အတွက်သော်လည်း
ကောင်း သူရသင့် သည်ဟုထင်သည့်လုပ်အားခများကို ထိုအလှူဘဏ္ဍာငွေထဲမှပင် ကဲ့၍ယူထား
တတ်ပါသည်။ ဤကဲ့သို့သောဥပါယ်တံမျဉ်ပြုမှုများသည် ၎င်း၏လုပ် ဆောင်မှုများကို
ဖုံးဖိထားနိုင်သော်လည်း ဘုရားသခင်၏မျက်မှောက်တော်ဝယ် သူ သည်သူခိုးတစ်ဦးသာဖြစ်နေပါသည်။
ငါ၏နိုင်ငံတော်သည်
ဤလောကနှင့်မဆိုင်ဟု ခရစ်တော်မကြာခဏမိန့် တော်မူခဲ့သောစကားများသည်
ယုဒအားစိတ်ပျက်စေခဲ့ပါသည်။ သူလမ်းထွင်ပေး သည့်အတိုင်း
ခရစ်တော်လိုက်၍လုပ်တော်မူလိမ့်မည်အထင်နှင့် ယုဒကလမ်း ကြောင်းပေးခဲ့ပါသည်။
နှစ်ခြင်းဆရာယောဟန်ကိုထောင်မှကယ်ဆယ် ရန်သူစီစဉ် ခဲ့ဖူးပါသည်။ သို့ရာတွင်ယောဟန်သည်
ခေါင်းဖြတ်၍အသတ် ခံရဖို့စွန့်ပစ်ခြင်းခံခဲ့ ရပါသည်။ ၎င်းပြင်ခရစ်တော်သည်
မိမိ၏ကြီးမြတ်သော လုပ်ပိုင်ခွင့်များကို ပို၍ခိုင် မာလာအောင်လုပ်ဆောင်ရမည့်အစား
ဆိတ်ကွယ် ရာသို့သွား၍တပည့်တော်များနှင့် အတူ အနားယူခဲ့ပါသည်။ ယုဒသည်ရန်လို တိုက်ခိုက်မှုများကို
ပို၍လုပ်လိုသော ဆန္ဒရှိခဲ့ပါသည်။ အကယ်၍သာ ခရစ်တော်သည်
တမန်တော်များ၏စီမံလုပ်ဆောင်မှု ကိုမတားမြစ်ခဲ့ပါလျှင် အမှုတော်သည်
ယခုထက်တိုးတက်အောင်မြင်လိမ့်မည်ဟု သူ ထင်ခဲ့ပါသည်။ ယုဒခေါင်းဆောင်များ၏
ရန်ငြိုးဖွဲ့မှုသည်လည်း တဖြည်းဖြည်းတိုးပွား လာကြောင်းကို သူဂရုပြုမိခဲ့ပြီး
၎င်းတို့ကခရစ်တော်ထံတွင် နိမိတ်လက္ခဏာတစ်ခုပြ ရန်တောင်းခံကြစဉ်
ကိုယ်တော်က၎င်းတို့အား ဂရုမထားခဲ့ပုံများကိုလည်း သူမြင် တွေ့ခဲ့ရပါသည်။
သူ၏စိတ်နှလုံးသည် မယုံကြည်မှုများကို လက်ကမ်းနေသဖြင့် စာ
တန်သည်သံသယဖြစ်သောစိတ်များနှင့် ပုန်ကန်ခြားနားလိုသော စိတ်များကို ၎င်း၏
စိတ်နှလုံးထဲတွင်ဖြစ်ဖွားစေခဲ့ပါသည်။ သခင်ယေရှုသည် စိတ်ဓာတ်ကျစရာကောင်း
သောအရာများကို အဘယ်ကြောင့်ဗာရာဏသီချဲ့နေရသနည်း။ ကိုယ်တော်သည် မိ
မိနှင့်တကွတပည့်တော်များရင်ဆိုင်ရမည့် စုံစမ်းစစ်ဆေးခြင်းများနှင့် စုံစမ်းနှောင့်
ယှက်ခြင်းများအကြောင်းကို အဘယ်ကြောင့် ကြို၍ပြောနေရသနည်းဟု ယုဒအတွေး
နယ်ချဲ့ခဲ့ပါသည်။ နိုင်ငံတော်သစ်တွင် ကြီးမားသောရာထူးတစ်နေရာရရှိရန် မျှော်
လင့်ချက်ဖြင့် ယုဒသည်ခရစ်တော်၏ အမှုတော်ထဲတွင်ပါဝင်ဆောင်ရွက် နေခြင်းဖြစ် ပါသည်။
သူ့မျှော်လင့်ချက်များသည် စိတ်ပျက်စရာဖြစ်သွားမည်လား။ ယုဒသည် ခရစ်တော်အား ဘုရားသခင်၏
သားတော်မဖြစ်ဟု စိတ်မပြဌာန်းခဲ့ဖူးချေ။ သို့သော် လည်း ကိုယ်တော်
ပြုတော်မူသောအံ့ဖွယ်အမှုများအကြောင်းကို ရှင်းပြနိုင်ရန်မေး မြန်း၍
စောဒကတက်လျက်ရှိခဲ့ပါသည်။
ခရစ်တော်ကိုယ်တိုင်
သွန်သင်ချက်များပေးခဲ့ငြားသော်လည်း ကိုယ်တော် သည်ယေရုရှလင်မြို့တွင်
ဘုရင်တစ်ပါးအနေဖြင့် စိုးစံတော်မူလိမ့်မည်ဟု သူထင် မြင်လျက်ရှိပါသည်။
လူငါးထောင်ကိုကျွေးမွေးစဉ်က သူသည်ထိုအယူအဆကို သူ တစ်ပါးလက်ခံလာအောင်
ကြိုးစားခဲ့ပါသည်။ ထိုစဉ်ကဆာလောင် နေသောလူထု ကြီးအား
မုန့်ဝေရာတွင်သူပါဝင်ကူညီခဲ့ပါသည်။ မိမိတတ်နိုင်သလောက် သူတစ်ပါး
အားမစကူညီခြင်းအတွက် ခံစားရသည့်အကျိုးကျေးဇူးကို တွေ့မြင်နိုင်ရန် သူအခွင့်
အရေးရရှိခဲ့ပါသည်။ ဘုရားသခင်အားမစကူညီ ခြင်းမှအမြဲတမ်းပေါက်ဖွားလာသော
ကျေနပ်နှစ်သိမ့်မှုကို သူခံစားခဲ့ရပါသည်။ လူအုပ်ကြီးထဲမှလူနာများကို ခရစ်တော်
ထံသို့ခေါ်ဆောင်ရာတွင် သူကူညီခဲ့ဖူးပါသည်။ ကယ်တင်ရှင်၏ တန်ခိုးတော်အား ဖြင့်
ကုသပေးလိုက်သဖြင့် ရောဂါပျောက်ကင်းသွားသည့်လူနာများ ခံစားခဲ့ရသော
ဝမ်းမြောက်ပျော်ရွှင်ခြင်းများကိုလည်း သူမြင်တွေ့ခဲ့ဖူးပါသည်။ သူသည်ခရစ်တော်၏
လုပ်နည်းလုပ်ဟန်များ ကိုသိရှိနားလည်တန်ရာ၏။ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ဖြင့် လူ
ငါးထောင် အားကျွေးမွေးလိုက်ခြင်းအားဖြင့် နှိုးဆွလိုက်သောစိတ်အားထက်သန်မှု များကို
ယုဒကပထမဦးစွာအကျိုးရှိအောင်အသုံးချခဲ့ပါသည်။ ခရစ်တော်အားအ တင်းအကျပ် ခေါ်ဆောင်ကာ
ဘုရင်မြှောက်ရန်စတင်စီစဉ်ခဲ့သူမှာလည်း သူပင်ဖြစ် ပါသည်။
သူသည်ရည်ရွယ်ချက်ကြီးမားသူဖြစ်သဖြင့် သူ၏စိတ်ပျက်မှုများ မှာလည်း
ခါးသီးစရာကောင်းလှပါသည်။
လူသား၏အသားကိုမစား၊
အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ ဟူ၍ သူကြားနာခဲ့ရသည့်အသက်မုန့်နှင့်ပတ်သက်၍
တရားဇရပ်တွင် ကိုယ်တော် မိန့်တော်မူခဲ့သော သွန်သင်ချက်သည် ယုဒ၏အသက်တာတွင်
အလှည့်အပြောင်း တစ်ခုကိုဖြစ်စေခဲ့ပါသည်။ ယောဟန် ၆း၅၃။ ခရစ်တော်သည် လောကီအကျိုးကျေး
ဇူးကိုမဟုတ်၊ လောကုတ္တရာကိစ္စများကို ဖြည့်ဆည်းပေးနေတော်မူကြောင်း သူမြင်
တွေ့ခဲ့ရပါသည်။ အမြင်ကျယ်သူတစ်ဦး ဟုမိမိကိုယ်ကိုမှတ်ယူလျက် ခရစ်တော် သည်
မိမိ၏တပည့်တော်များအား မည်သည့်ရာထူးဂုဏ်ထူးကိုမျှ ပေးနိုင်မည်မဟုတ် ဟု
သူထင်မြင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ခရစ်တော်နှင့်ရင်းရင်းနှီးနှီးမပေါင်းသင်း
တော့ဘဲ တဖြည်းဖြည်းစွန့်ခွာရန် သူဆုံးဖြတ်ခဲ့ပါသည်။ သူသည်နိုးနိုးကြားကြားရှိရ
လိမ့်မည်ဖြစ်ပါသည်။ နိုးနိုးကြားကြားလည်းရှိခဲ့ပါသည်။
ထိုအချိန်မှစ၍တပည့်တော်များအား
စိတ်ပျက်စေမည့် သံသယဖြစ်ဖွယ် သောစကားများကို သူဖွင့်ဟလာပါသည်။
ခရစ်တော်၏မိန့်တော်မူချက်များကို ဆန့် ကျင်ရာတွင် ယဇ်ပုရောဟိတ်များနှင့်
ဖာရိရှဲများအသုံးပြုနေကျစကားများကို ထပ်ခါ တလဲလဲအသုံးပြုကာ
အမှားမှားအယွင်းယွင်းဖြစ်စေသော ထင်မြင်ယူဆချက်နှင့်ငြင်း ခုံမှုများကို
သူစတင်ကျင့်သုံးလာခဲ့ပါသည်။ ပြဿနာကြီးငယ်နှင့် အဆင်မပြေမှုအ
ကြီးအငယ်များကိုလည်းကောင်း၊ အမှုတော်တိုးတက်ရေးအတွက် အတွေ့အကြုံရ
သောအခက်အခဲများနှင့် အဟန့်အတားများကိုလည်းကောင်း၊ အမှန်တရားနှင့်ဆန့်
ကျင်လုပ်ဆောင်မှုအတွက် သက်သေအထောက်အထားများအဖြစ် ယုဒကအနက် ဖွင့်လာခဲ့ပါသည်။
ခရစ်တော် တင်ဆက်ခဲ့သောသမ္မာတရားတော်နှင့် မည်သည့် ဆက်နွှယ်မှုတစ်စုံတစ်ခုမျှ
မရှိသောသမ္မာကျမ်းစာမှကျမ်းချက်များကို သူစတင်အ သုံးပြုလာခဲ့ပါသည်။
ဆက်နွှယ်မှုမရှိသော ထိုကျမ်းချက်များသည် တပည့်တော်များ အား
စိတ်နှလုံးရှုပ်ထွေးသွားစေပြီး၊ ၎င်းတို့၏စိတ်ဓာတ်ကျမှုများကို အစဉ်သဖြင့်တိုး
ပွားစေခဲ့ပါသည်။ ယုဒသည်မိမိကိုယ်ကို လိပ်ပြာသန့်သူတစ်ဦးအဖြစ် သိသာထင်
ရှားစေရန်အလိုငှာ ဤနည်းအားဖြင့် ဤအရာအားလုံးကို စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
၎င်းအပြင်တမန်တော်များသည် ခရစ်တော်၏ မိန့်တော်မူချက်များကို အတည်ပြုရန်
သမ္မာကျမ်းစာတွင် အထောက်အထားများကို ရှာဖွေကြသောအချိန်တွင် ယုဒသည်
၎င်းတို့အားဖြည်းဖြည်းချင်း လမ်းကြောင်းပြောင်းပစ်တတ်ပါသည်။ ဤသို့ဖြင့် အပေါ်
ယံကြောလိမ္မာပါးနပ်မှုဖြင့် ဘုရားတရားရေးကိစ္စများကိုအသုံးပြုကာ ခရစ်တော်ဖော်
ညွှန်းခဲ့သည့်အဓိပ္ပါယ်နှင့် ကွဲပြားခြားနားသော အလင်းတရားများကို သူတင်ဆက်ခဲ့
ပါသည်။ သူပေးခဲ့သောအကြံများသည် လောကီရာထူးဌာနန္တရများကို ရလိုသောစိတ် များကိုသာ
နှိုးဆွပေးခဲ့ပါ သည်။ ထိုသို့နှိုးဆွခြင်းအားဖြင့် တမန်တော်များအား ၎င်းတို့
စဉ်းစားသုံးသပ်သင့်သော အရာများမှလွဲချော်သွားစေခဲ့ပါသည်။ တမန်တော်အချင်း ချင်းစိတ်ဝမ်းကွဲပြားကာ
မည်သူသည်အကြီးမြတ်ဆုံးဖြစ်သနည်းဟူသော ငြင်းခုံမှုကို ယေဘုယျအားဖြင့်
ယုဒကနှိုးဆွပေးခဲ့ခြင်းဖြစ်ပါသည်။
မည်သည့်အနေအထားတွင်ရှိနေမှသာ
တမန်တော်တစ်ဦးဖြစ်နိုင်ကြောင်း သူဌေးကလေးအား ခရစ်တော်မိန့်တော်မူသည့်အချိန်ကလည်း
ယုဒမကျေမနပ်ဖြစ် ခဲ့ပါသည်။ ကိုယ်တော်သည် အမှားတစ်ခုကိုကျူးလွန်ပြီဟု
သူထင်မြင်ခဲ့ပါသည်။ ဤ ကဲ့သို့သောအကြီးအကဲတစ်ဦးသည် ယုံကြည်သူများနှင့်
ပေါင်းစည်းလာလျှင် ခရစ် တော်၏အမှုတော်အတွက် အမအစဖြစ်လာလိမ့်မည်ဖြစ်ပါသည်။ အကယ်၍
ကိုယ် တော်သည် ယုဒတစ်ယောက်တည်းကိုသာ အကြံတောင်းခဲ့မည်ဆိုလျှင် ထိုယုံကြည်
သူတစ်စုအတွက်အကျိုးရှိမည့် အစီအစဉ်များကို သူအကြံပေးနိုင်ခဲ့မည်၊ သူ၏လုပ်
နည်းလုပ်ဟန်များနှင့်စည်း မျဉ်းနိယာမများသည် ခရစ်တော်နှင့်အနည်းငယ်ကွဲပြား
ခြားနားလိမ့်မည်ဖြစ်သော်လည်း၊ ထိုကွဲပြားခြားနားခြင်းကြောင့် မိမိသည်ခရစ်တော်
ထက်သာလွန်သည်ဟု သူအထင်ရှိနေခဲ့ပါသည်။
တမန်တော်များအား
ခရစ်တော်သွန်သင်သည့် အရာများထဲတွင်ယုဒမ ကြိုက်သော အရာတချို့ရှိနေပါသည်။
သူ၏ဩဇာသက်ရောက်မူအောက် တွင်မကျေ နပ်မှုတဆေးကလေးသည် လျင်မြန်စွာဖောင်းပွလာခဲ့ပါသည်။
ဤမကျေနပ်မှုတွင်နှိုး ဆွနေသူအစစ်ကို တမန်တော်များမသိရှိခဲ့ကြချေ။ သို့သော်
စာတန်သည် မိမိ၏အ ကျင့်စာရိတ္တများကို ယုဒအားမျှဝေလျက် ရှိကြောင်းကိုလည်းကောင်း၊
ထိုသို့လုပ် ဆောင်ခြင်းအားဖြင့် တပည့်တော်များအပေါ်ဩဇာလွှမ်းမိုးနိုင်မည့်
လမ်းကြောင်း တစ်ခုကို ဖွင့်ပေးလျက်ရှိကြောင်းကိုလည်းကောင်း
ခရစ်တော်တွေ့မြင်တော်မူပါ သည်။ ကိုယ်တော်အားမအပ်နှံမီ တစ်နှစ်အလိုတွင် တမန်တော်များအား
မိန့်တော်မူ ခဲ့သည်မှာ တစ်ကျိပ်နှစ်ပါးသောသင်တို့ ကိုငါရွေးကောက်သည်မဟုတ်လော။ သို့
သော်လည်း သင်တို့တွင်ရန်သူတစ် ယောက်ပါသည်ဟူ၍ဖြစ်၏။ ယောဟန် ၆း၇၀။
သို့စေကာမူ ယုဒသည်သိသာသော
မည်သည့်ဆန့်ကျင်မှုကိုမျှမပြုခဲ့ချေ။ ကယ်တင်ရှင်၏သွန်သင်ချက်များကို
သံသယရှိပုံလည်းမပေါ်ချေ။ သူသည် ရှိမုန်၏ အိမ်စားသောက်ပွဲမဝင်မီတိုင်အောင်
အပြင်ပန်းညည်းတွားမှု တစ်စုံတစ်ခုကိုမျှ မပြု လုပ်ခဲ့ချေ။ မာရိသည်
ခရစ်တော်၏ခြေထောက်ကို ဆီမွှေးနှင့်လိမ်းသောအခါတွင်မူ တပ်မက်သော၎င်း၏
စိတ်သဘောထားများသည် ထင်ရှားလာခဲ့ပါသည်။ ခရစ်တော် ထံမှဆုံးမပြစ်တင်သည့်
စကားများကိုကြားရသောအချိန်တွင် သူ့စိတ်နှလုံး၌ မခံချိမ ခံသာဖြစ်သွားခဲ့ပါသည်။
ထိခိုက်နာကြည်းနေသည့် မာနစိတ်နှင့် ကလဲ့စားချေလို သော ဆန္ဒများသည် အရံအတားများကို
ဖြိုဖျက်ပစ်လိုက်ပါသည်။ ကာလအချိန်ရှည် လျားစွာ လိုက်စားကျင့်သုံးခဲ့သော
လောဘစိတ်သည် သူ့အားထိန်းချုပ်ထားခဲ့ပါ သည်။ ဤအတွေ့အကြုံသည်
အပြစ်နှင့်မနားမနေဆော့ကစားတတ် သောလူများ၏ အတွေ့အကြုံမျိုးပင်ဖြစ်ပါလိမ့်မည်။
တွန်းလှန်ခြင်းမပြုသော၊ ကျော်လွှားခြင်းမပြု သော စာရိတ္တပျက်ပြားမှု၏
သဘာ၀အင်အားစုများသည် စာတန်၏စုံစမ်းနှောင့်ယှက် ခြင်းကို တုံ့ပြန်ကြပါသည်။
သို့နှင့်ထိုအသက်ဝိညာဉ်သည် မိမိအလိုဆန္ဒ၏သုံ့ပန်း တစ်ဦးဖြစ်လာပါသည်။
သို့ရာတွင်ယုဒသည်
လုံးလုံးကြီးစိတ်နှလုံးမာကျောသည့်အဆင့်သို့ မရောက် သေးပါ။ ကိုယ်တော်ကိုအပ်နှံရန်
နှစ်ကြိမ်တိုင်တိုင်ကတိကဝတ်ပြု ပြီးသည့်တိုင် သူ၌ နောင်တရဖို့
အခွင့်အလမ်းရှိနေပါသေးသည်။ ပသခါစားသောက်ပွဲတွင် ယုဒ၏အကြံ အစည်များကို
ထုတ်ဖော်ခြင်းအားဖြင့် မိမိ၏ဘုရားဇာတိတော်ကို ကိုယ်တော်ပြသ တော်မူခဲ့ပါသည်။
ကိုယ်တော်သည် ယုဒအားအမှုတော်မြတ်တွင် တမန်တော်စာ ရင်းဝင်ဖြစ်စေခဲ့ပါသည်။
သို့ရာတွင် မေတ္တာ၏နောက်ဆုံးတောင်းဆိုသံကို သူဂရုမပြု ခဲ့ချေ။ ထိုအချိန်တွင်သူ၏
ကိစ္စကိုဆုံးဖြတ်ချက်ချခဲ့ရပါသည်။ ခရစ်တော်ဆေးကြော ပေးခဲ့သောထိုခြေ ထောက်နှစ်ချောင်းသည်
ခရစ်တော်ကိုအပ်နှံဖို့ရန်အတွက် ထွက် ခွာသွားခဲ့ ချေပြီ။
သခင်ယေရှုသည်
ကပ်တိုင်အတင်ခံရမည်ဟု နဂိုကတည်းကသတ်မှတ်ခဲ့ လျှင်
မလွဲမသွေအတင်ခံရမည်သာဖြစ်ကြောင်း၊ ကယ်တင်ရှင်ကိုမိမိ အပ်နှံခဲ့ခြင်း သည်
ကပ်တိုင်အတင်ခံရခြင်း၊ မခံရခြင်းတို့ကိုပြောင်းလဲပေးလိမ့် မည်မဟုတ် ကြောင်း၊ အကယ်၍
ကိုယ်တော့်အနေဖြင့်အသေခံစရာမလိုလျှင် ကိုယ်တော်သည် မိမိကိုယ်ကိုကယ်တင်ရန်အတွက်
အတင်းအကျပ်လုပ်ဆောင် ခဲ့လိမ့်မည်ဖြစ် ကြောင်း စသည်ဖြင့်သူဆင်ခြေပေးခဲ့ပါသည်။
သူထင်သည့် အတိုင်းဖြစ်ခဲ့ပါမူ ၎င်း၏ သစ္စာဖောက်မှုအတွက် ယုဒသည်အကျိုးအမြတ်ရရှိ
ခဲ့လိမ့်မည်ဖြစ်ပါသည်။ မိမိ သည် ခရစ်တော်ကိုအပ်နှံခြင်းအားဖြင့် အကျိုးရှိလိမ့်မည်ဟု
ယုဒမှတ်ယူခဲ့ပါသည်။
ခရစ်တော်သည်ကိုယ်ကိုကိုယ်အဖမ်းခံလိမ့်မည်ဟု
ယုဒမယုံကြည်ခဲ့ ချေ။ ကိုယ်တော်အားပညာပေးရန်ရည်ရွယ်ချက်ဖြင့်
ယခုကဲ့သို့အပ်နှံခဲ့ခြင်း ဖြစ်ပါသည်။ ခရစ်တော်အနေနှင့်ထိုအချိန်မှစ၍
မိမိအားလေးလေးစားစား ဆက်ဆံလာအောင် တစ်ကဏ္ဍအနေဖြင့်လုပ်ဆောင်ရန် သူကြံရွယ်ခဲ့ပါသည်။
သို့ရာတွင် သူသည်ခရစ် တော်အားကပ်တိုင်တွင်တင်နေခြင်းဖြစ်ကြောင်းကို
မိမိကိုယ်တိုင်မသိရှိခဲ့ချေ။ ကိုယ်တော်၏ အထိကရသာဓကပြုသွန်သင်မှုများအားဖြင့်
ကျမ်းတတ်ဆရာနှင့် ဖာရိရှဲများအား အကြိမ်ပေါင်းများစွာချိုးနှိမ်နိုင်
ခဲ့သည်မဟုတ်ပါလား။ သူတို့သည် မိမိကိုယ်ကိုအကြိမ်ပေါင်းများစွာတရား
စီရင်ခဲ့ကြသည်မဟုတ်ပါလား။ တစ်ခါတစ်ရံ တွင် တရားတော်သည် ၎င်းတို့၏စိတ်နှလုံးကို
ထိခိုက်စေသည့်အချိန်များ၌ စိတ်ဆိုး မာန်ဆိုးဖြစ်လာကာ ကိုယ်တော်အားပေါက်ရန်ခဲကို
သူတို့ကောက်ခဲ့ကြပါသည်။ သို့ပါ သော်လည်း
ကိုယ်တော်သည်ကြိမ်ဖန်များစွာတိမ်းရှောင်လွတ်မြောက်ခဲ့ပါသည်။ ကိုယ်တော်သည်
ကျော့ကွင်းအမျိုးမျိုးမှလွတ်မြောက်ခဲ့ဖူးသဖြင့် ယခုအကြိမ်တွင် လည်း
အဖမ်းခံရမှာမဟုတ်ကြောင်း ယုဒထင်မြင်ခဲ့မိပါသည်။
ယုဒသည်
ဤအရာကိုမိမိထင်သည့်အတိုင်းမှန်-မမှန်သိရန်စမ်းကြည့် ဖို့ဆုံးဖြတ်ခဲ့ပါသည်။
ခရစ်တော်သည်မေရှိယဖြစ်ခဲ့လျှင် သူ၏ကောင်းမှုပြုခြင်း ကိုခံခဲ့ရသည့်လူများက
သူ့အနားတွင်စုရုံးလာကာ ဘုရင်မြှောက်ကြလိမ့်မည်ဖြစ် သည်။
ဤသို့လုပ်ဆောင်လိုက်မည်ဆိုလျှင် ယခုတွင်မသေမချာမရေမရာဖြစ်နေ သော
ရင်တွင်းခံစားချက်များသည် အေးငြိမ်းသွားပေလိမ့်မည် ဖြစ်သည်ဟု ယုဒယူ ဆခဲ့ပါသည်။
ယုဒသည် ဒါဝိဒ်ပလ္လင်ထက်တွင်စိုးစံမည့် ဘုရင်တစ်ပါးတင်မြှေက်ခြင်း အတွက်
နာမည်ကောင်းရလိမ့်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ခရစ်
တော်တည်ထောင်မည့်နိုင်ငံတော်သစ်တွင် ကိုယ်တော်ပြီလျှင်အကြီးဆုံးသောရာထူး ကို
သူရရှိနိုင်ပါလိမ့်မည်။
တမန်တော်အတုဖြစ်သောထိုသူသည်
သခင်ယေရှုကို အပ်နှံခြင်းအားဖြင့် မိမိ၏လုပ်ဆောင်ရမည့်အခန်းကဏ္ဍတစ်ခုကို
ဆောင်ရွက်သွားခဲ့ပါသည်။ ဥယျာဉ်
ထဲတွင်ရောက်ရှိနေသောလူအုပ်ကြီးကိုခေါင်းဆောင်သူများအား၊ ငါနမ်းသောသူ သည်
ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြဟုယုဒပြောစဉ်က ရန်သူတို့၏ လက်မှအမှန်
တကယ်ကိုယ်တော်လွတ်မြောက်သွားလိမ့်မည်ဟု အပြည့်အဝယုံကြည်ထားပါ သည်။ ဖမ်းဆီးထားရာမှ
လွတ်မြောက်သွားသဖြင့် ထိုသူများက မိမိအားအပြစ်တင် ကြမည်ဆိုလျှင်
သူ့ကိုဖမ်းကြဟုငါပြောထားသည် မဟုတ်လားဟူ၍ သူပြန်လည် ပြောဆိုနိုင်မည်ဖြစ်ပါသည်။
ခရစ်တော်အားဖမ်းဆီးသူများသည်
မိမိပြောသည့်အတိုင်လုပ်ဆောင်ကာ
ကိုယ်တော်အားမလွတ်နိုင်အောင်ကြိုးနှင့်ချည်နှောင်နေကြသည်ကို ယုဒမြင်တွေ့ခဲ့
ရပါသည်။ သူသည် ဥယျာဉ်မှ ယုဒတရားခွင်သို့တိုင်အောင်စိတ်ပူပန်စွာဖြင့် ကိုယ်
တော်နောက်မှလိုက်လာခဲ့ပါသည်။ ကိုယ်တော်ရှင်သည် ဘုရားသခင်၏သားတော်
အသွင်ဖြင့်ဘုန်းထွန်းလင်းလာကာ ၎င်းတို့၏အကြံ အစည်အားလုံးနှင့်အစွမ်းတန်ခိုး
များကို အာခံဖီဆန်ခြင်းအားဖြင့် ရန်မူသူများအားအံ့အားသင့်အောင်ပြုတော်မူမည့်
အချိန်ကို သူစောင့်ကြည့်နေခဲ့ပါသည်။ တစ်နာရီပြီးတစ်နာရီအချိန်တွေကုန်လွန်
သွားခဲ့သော်လည်း၊ ကိုယ်တော်သည် ၎င်းမျှော်လင့်ထားသကဲ့သို့လုပ်ဆောင်ခြင်းမပြု ဘဲ
မိမိအပေါ်လုပ်ဆောင်နေသည့် မတရားမှုအားလုံးကိုခံယူနေသဖြင့် မိမိ၏သခင် ကို
သေဒဏ်ခံရန်ရောင်းစားမိကြောင်းသိရှိကာ ယုဒ၏စိတ်တွင်ကြောက်ရွံ့တုန်လှုပ်
မှုများလွှမ်းမိုးလာခဲ့ ပါသည်။
အမှုစစ်ဆေးခြင်းပြီးဆုံးလုခါနီးအချိန်တွင်
ယုဒသည်စိတ်နှလုံးနာကျင်မှု ဝေဒနာကို ဆက်လက်ခံစားနိုင်စွမ်းမရှိတော့ဘဲ၊
ကိုယ်တော်မှာအပြစ်မရှိပါဘူး၊ ကိုယ် တော်ကိုချမ်းသာပေးပါ-ကယာဖရယ်
ဟူ၍ကြားရသူတိုင်းအား နှလုံးတုန်ရင်ခုန်စေ သည့် ကွဲအက်သံကြီးဖြင့်
အော်ဟစ်ပြောဆိုနေကြောင်းကြား ကြရပါသည်။
ထောင်ထောင်မောင်းမောင်းရှိလှသောယုဒအား
အလန့်တကြားဖြစ်နေ သောလူအုပ်ကြီးထဲသို့တိုးဝင်နေသည်ကို ယခုမြင်နေရပါသည်။
သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်တွင်းဟောက်ပက်ဖြစ်နေပါသည်။
ချွေးသီးချွေးပေါက် ကြီးများသည် သူ၏နဖူးထက်ဝယ်တွဲလဲခိုနေကြပါသည်။
တရားပလ္လင်ဆီသို့တစ်ဟုန် ထိုးပြေးသွားကာ ခရစ်တော်အားအပ်နှံသည့်အတွက်
ရရှိခဲ့သည့်အဖိုးအခဖြစ်သော ငွေဒင်္ဂါးများကို ထိုယဇ်ပုရောဟိတ်မင်းကြီးရှေ့တွင်
သူပစ်ချလိုက်ပါသည်။ ကိုယ် တော်သည် သေပြစ်ခံထိုက်သောမည်သည့်ပြစ်မှုကိုမျှ
မကျူးလွန်ခဲ့ပါကြောင်း အော် ဟစ်လျက် ကယာဖ၏ဝတ်ရုံကြီးကို ဇွတ်အတင်းဆွဲထားပြီး၊
ခရစ်တော်ကို လွှတ်ပေး ပါရန် မရမကသူတောင်းပန်ခဲ့ပါသည်။ ကယာဖသည်
သူ့အားတွန်းဖယ်ပစ်လိုက်ပြီး၊ စိတ်နှလုံးရှုပ်ထွေး
စွာဖြင့်ဘာပြောလို့ပြောရမှန်းမသိအောင်ဖြစ်နေပါသည်။ ထိုယဇ် ပုရောဟိတ်
မင်းကြီး၏မူမမှန်မှုသည်ထင်ရှားခဲ့ချေပြီ။ ၎င်းတို့သည် သခင်ဘုရား အားအပ်နှံရန်
ယုဒအားလာဘ်ထိုးခဲ့ကြောင်း ထိုအပြုအမူအားဖြင့်ထင်ရှားစေခဲ့ပါ သည်။
ထိုနောက်ယုဒက
အကျွန်ုပ်ပြစ်မှားပါပြီ၊ အပြစ်မရှိသောသူ၏အသွေးကို အပ်မိပါပြီဟုဆို၏။
ထိုသူတို့ကလည်း ငါတို့နှင့်အဘယ်သို့ဆိုင်သနည်း။ ကိုယ်အမှု ကိုကိုယ်ကြည့်လော့ဟု
စိတ်တည်ငြိမ်စွာဖြင့်မထီလေးစားပြန်၍ဖြေ ဆိုလိုက်ပါသည်။ မဿဲ ၂၇း၄။
ထိုယဇ်ပုရောဟိတ်များသည် ယုဒအားအသုံး ခံပစ္စည်းတစ်ခုအဖြစ်အ သုံးချရန်
ဆန္ဒရှိခဲ့ကြပါသည်။ သို့ရာတွင် ယုဒ၏ ယုတ်မာမှုကိုသူတို့စက်ဆုပ်ကြပါ သည်။
ထိုကြောင့် ယုဒအနေနှင့်ဝန်ချတောင်းပန်ခြင်းဖြင့် သူတို့ထံပြန်လှည့်လာ
သောအချိန်တွင် ယဇ်ပုရောဟိတ်များသည် သူ့အားရိုင်းပျစွာမောင်းထုတ်ခဲ့ကြပါ သည်။
ယခုတွင် ယုဒသည်ခရစ်တော်အား
ဘုရား၏သားတော်အဖြစ် အသိအမှတ် ပြုလျက် ကိုယ်တော်အားမိမိကိုယ်ကို
အလွတ်ရုန်းထွက်ရန်တောင်းပန်လျက်၊ ခြေ တော်ရင်းတွင်ပျပ်ဝပ်လိုက်ပါသည်။
ကိုယ်တော်ရှင်သည် ထိုသစ္စာဖောက်အားမည် သည့်အပြစ်တင်စကားကိုမျှမပြောကြားခဲ့ချေ။
ယုဒသည် ထိုသို့အပြစ်ဝန်ချတောင်း ပန်ခြင်းသည် ကျခံရမည့်အပြစ်ဒဏ်ကိုကြောက်ရွံ့နေသော
၎င်း၏ဒုစရိုက်ကျူးလွန် သည့် အသက်ဝိညာဉ်၏လှုံ့ဆောင်မှုကြောင့်သာဖြစ်ကြောင်း၊
အပြစ်မဲ့သောသား တော်ကို အပ်နှံမိခြင်းအတွက်
စိတ်နှလုံးကြေကွဲမှုကြောင့်မဟုတ်ကြောင်း ခရစ်တော် သိရှိတော်မူပါသည်။ သို့စေကာမူ
ခရစ်တော်သည် မည်သည့်အပြစ်တင်စကားကိုမျှ မဖွင့်ဟခဲ့ချေ။ သို့ရာတွင်
ယုဒအားသနားကြင်နာစွာဖြင့်စေ့စေ့ကြည့်ရှုလျက် ဤအ ချိန်ကိုရင်ဆိုင်ရန်
ငါသည်ဤလောကသို့ကြွလာတော်မူခဲ့ခြင်းဖြစ်သည်ဟု ကိုယ် တော်မိန့်တော်မူခဲ့ပါသည်။
လူအုပ်ကြီးထဲတွင်
အံ့အားသင့်သံများပေါ်ထွက်လာခဲ့ပါသည်။ မိမိအားအပ် နှံသူအပေါ်ထားရှိသည့်
ခရစ်တော်၏စိတ်ရှည်သည်းခံမှုများကို လူထုကြီးသည် အံ့ အားသင့်တွေဝေစွာဖြင့် ကြည့်ရှုနေကြပါသည်။ ထိုပုဂ္ဂိုလ်သည် သာမန်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ကြောင်းကို
၎င်းတို့သိရှိခံစားလာကြရပါသည်။ သို့ရာတွင် ကိုယ်တော်သည် ဘုရားသခင်၏
သားတော်တစ်ပါးဖြစ်ခဲ့လျှင် ဤချုပ်နှောင်ဖမ်းဆီးမှုမှလွတ်မြောက် အောင်ကြိုးစားကာ
မိမိကိုစွဲဆိုသူများ အပေါ်တွင်အောင်ပွဲဆင်ရန် အဘယ်ကြောင့် မလုပ်ဆောင်ခဲ့သနည်းဟူသော
မေးခွန်းပေါ်ထွက်လာခဲ့ပါသည်။
မိမိ၏အသနားခံတောင်းပန်ခြင်းသည် အချည်းနှီးဖြစ်သွားကြောင်းကို ယုဒ သိရှိသွားကာ အလွန်နောက်ကျသွားပြီ၊ အလွန်နောက်ကျသွားပြီဟု ဟစ်အော်ပြီး ထို တရားခွင်မှထွက်ပြေးသွားခဲ့ပါသည်။ ခရစ်တော်အားကပ်တိုင် တင်နေကြသည်ကိုမ မြင်ရက်တော့သဖြင့် ဝမ်းနည်းပူဆွေးစွာဖြင့် အပြင်သို့ထွက်သွားကာ ယုဒသည် ကိုယ်ကိုကိုယ်ကြိုးဆွဲချ၍ သတ်သေသွားခဲ့ပါသည်။
ထိုနေ့၏နောက်ပိုင်းအချိန်များတွင်
ပိလတ်မင်း၏နန်းတော်မှ ကရာနီကုန်း သို့သွားရာလမ်းပေါ်တွင်
ခရစ်တော်အားကပ်တိုင်တင်ရန်ခေါ်ဆောင်လာကြသည့် လူအုပ်ကြီး၏
ပြောင်လှောင်သရော်သံများကို ရပ်သွားစေသည့်အဖြစ် အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါသည်။
လူသူကင်းရှင်းသောနေရာတစ်ခုသို့ သူတို့ရောက်ရှိလာကြသော အခါ
သစ်ပင်ခြောက်တစ်ပင်၏ခြေရင်းတွင် သေဆုံးနေသောယုဒ၏အလောင်းကို တွေ့ကြရပါသည်။
အလွန်စက်ဆုပ်ကြောက်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပါသည်။
သစ်ပင်တွင်တွဲလောင်းကျနေစဉ် ကြိုးဆွဲချရာတွင်အသုံးပြုခဲ့သည့်ကြိုး သည်
၎င်း၏ကိုယ်အလေးအချိန်ကို မခံနိုင်သဖြင့် ပြတ်တောက်သွားခဲ့ပါသည်။
၎င်း၏ခန္ဓာကိုယ်သည် မြေကြီးပေါ်သို့ ပြုတ်ကျစဉ်ပုံပျက်ပန်းပျက်ဖြစ်လောက်အောင်
စုတ်ပြဲပွန်းပဲ့ကုန်ခဲ့ပါသည်။ ထိုအချိန်တွင်ခွေးများသည် ထိုအလောင်းကြီးကိုအငန်း
မရလု၍စားနေကြပါသည်။ ကျန်ကြွင်းသည့် ရုပ်ကလာပ်အစိတ်အပိုင်းများကို စုစည်း ကာ ချက်ချင်းမြှုပ်နှံပစ်လိုက်ရပါသည်။
သို့ရာတွင် လူအုပ်ကြီးသည်မပြောင်လှောင် နိုင်ကြတော့ဘဲ ၎င်းတို့၏နှလုံးသားတွင်
ခံစားနေရသောအရာများသည်လည်း ဖြူ ရော်နေသောမျက်နှာပြင်များတွင်
ထင်ရှားစွာပေါ်လွင်နေပါသည်။ သခင်ခရစ်တော် ၏ အသွေးတော်ကိုသွန်းစေခဲ့သော
ထိုလူများအပေါ်တွင်ကျရောက် မည့်ဆိုးကျိုးဆိုး ပြစ်များသည်
ယခုပင်ကျရောက်လျက်ရှိပါသည်တကား။
No comments:
Post a Comment