အဘယ်ကြောင့်ငိုကြွေးသနည်း
ရှင်မဿဲ ၂၈း၁၊ ၅-၈။ မာကု ၁၆း၁-၈။ လုကာ ၂၄း၁-၁၂။ ယောဟန် ၂ဝး၁-၁၈ တို့ကိုအခြေပြုထားပါသည်။
ခရစ်တော်၏ကပ်တိုင်ခြေရင်းတွင်ရှိနေခဲ့ကြသော ထိုအမျိုးသမီးများသည် ဥပုသ်ထွက်မည့်အချိန်ကို စောင့်ဆိုင်းနေကြပါသည်။ ခုနစ်ရက်တွင် ပထမနေ့ရက်၏ အရုဏ်ဦးအချိန်၌ ခရစ်တော်၏အလောင်းကို သုတ်လိမ်းပက်ဖျန်းပေးရန် အမွှေးနံ့ သာများကိုယူဆောင်ကာ သချုင်းဂူသို့ဦးတည်၍သွားခဲ့ကြပါသည်။ ခရစ်တော်ထ မြောက်သွားကြောင်းကို သူတို့လုံးလုံးမစဉ်းစားမိခဲ့ကြချေ။ ၎င်းတို့၏ မျှော်လင့်ချက် ရောင်ခြည်သည် ဆိတ်ကွယ်ခဲ့ရပေပြီ။ သူတို့၏စိတ်နှလုံးများသည် ဝမ်းနည်းပူဆွေးမှု များဖြင့်ပြည့်သိပ်နေခဲ့ပါသည်။ သချုင်းသို့သွားစဉ်မှာပင် ခရစ်တော်ပြုတော်မူခဲ့သော ကရုဏာလုပ်ငန်းများနှင့် ပြောတော်မူခဲ့သော နှစ်သိမ့်စကားများအကြောင်းကို ပြန်၍ စားမြုံ့ပြန်ခဲ့ကြပါသည်။ သို့ရာတွင် “နောက်တစ်ဖန် သင်တို့ကိုငါတွေ့မြင်ရလိမ့် မည်” ဟူသောစကားကို သူတို့သတိမရခဲ့ကြချေ။
သူတို့သည် ထိုအချိန်တွင် မည်သည့်အရာများဖြစ်ပျက်နေသည်ကို မသိ ကြဘဲ ဥယျာဉ်အနီးသို့ချဉ်းကပ်လာကာ “တွင်း၀၌ပိတ်သောကျောက်ကို အဘယ် သူလှိမ့်လှန်၍ပေးမည်နည်း” ဟု အချင်းချင်းပြောဆိုနေကြ၏။ ထိုကျောက်တုံးကြီး ကို မိမိတို့မရွှေ့နိုင်မှန်းသူတို့သိကြသော်လည်း သင်္ချိုင်းကုန်းဆီသို့ဆက်၍ သွားခဲ့ကြ ပါသည်။ ကြည့်ပါဦး၊ နေ၏အလင်းရောင်မဟုတ်သော အလွန်တောက်ပသော ဘုန်း ရောင်ခြည်သည် ကောင်းကင်တွင်ရုတ်တရက် ထွန်းလင်းတောက်ပလာခဲ့ပါသည်။ ကမ္ဘာမြေကြီးသည် တုန်လှုပ်သွားခဲ့ပါသည်။ ဂူ၀တွင် ကျောက်တုံးကြီးမရှိတော့သည် ကိုလည်းကောင်း၊ သချုင်းထဲ၌ အလောင်းမရှိတော့သည်ကိုလည်းကောင်း သူတို့ တွေ့ရှိခဲ့ကြပါသည်။
ထိုအမျိုးသမီးများသည် သင်္ချိုင်းဆီသို့ အရပ်လေးမျက်နှာမှလာခဲ့ကြသည် ဖြစ်ရာ မာဂဒလမာရိသည် ထိုနေရာသို့ပထမဦးဆုံးရောက်ရှိလာကာ ဂူ၀တွင် ကျောက်တုံးကြီးမရှိတော့သည်ကိုတွေ့ရသဖြင့် တမန်တော်များကို သတင်းပို့ရန် အမြန်ထွက်ခွာသွားခဲ့ပါသည်။ ထိုစဉ်တွင် အခြားအမျိုး သမီးများရောက်ရှိလာကြပါ သည်။ ထိုသချုØင်းဂူဝန်းကျင်တွင် ထိန်လင်းနေသော်လည်း ခရစ်တော်၏အလောင်း ကား၊ ထိုနေရာတွင်မရှိတော့ပြီ။ သူတို့သည် ထိုနေရာတွင်ရစ်သီရစ်သီလုပ်နေကြစဉ် ထိုနေရာ၌မိမိတို့ချည်းမဟုတ် ကြောင်းသိလာကြပါသည်။ အရောင်အဝါတောက်ပ သောဝတ်ရုံကိုဝတ်ဆင်ထားသည့် ပျိုမျစ်နုနယ်လူရွယ်တစ်ဦးသည် ထိုဂူပေါ်တွင် ထိုင်နေပါသည်။ ဤသူသည် ကျောက်တုံးကြီးကိုလှိမ့်ဖယ်ခဲ့သော ကောင်းကင်တ မန်ပင်ဖြစ်ပါသည်။ ခရစ်တော်၏နောက်လိုက်မိတ်ဆွေများ အလန့်တကြားဖြစ်မသွား စေရန် သူသည်လူသားသဏ္ဌာန်ကိုဆောင်ခဲ့သော်လည်း ၎င်းတို့၏ပတ်ဝန်း ကျင်တွင် အရောင်အဝါတောက်ပနေသောကြောင့် ထိုအမျိုးသမီးများသည် ကြောက်ရွံ့တုန် လှုပ်နေကြပါသည်။ သူတို့သည် ထွက်ပြေးဖို့ပြန်အလှည့်တွင် ကောင်းကင်တမန်က “ကြောက်ရွံ့ခြင်းမရှိကြနှင့်၊ လက်ဝါးကပ်တိုင်မှာသတ်သောယေရှုကို သင်တို့ရှာကြ သည်ကိုငါသိ၏။ ဤအရပ်၌မရှိ၊ မိန့်တော်မူသည့်အတိုင်း ထမြောက်တော်မူပြီ။ လာ ကြ၊ သခင်လျောင်းတော်မူရာအရပ် ကိုကြည့်ကြလော့။ အလျင်အမြန်ပြန်သွား၍ သေခြင်းမှထမြောက်တော်မူ ကြောင်းကို တပည့်တော်တို့အားပြောကြလော့” ဟု ပြောဆိုလိုက်သဖြင့် ခြေလှမ်းများတုံ့သွားခဲ့ကြပါသည်။ သူတို့သည် သချုင်းဂူကို ကြည့်လိုက်၊ အံ့ဩဖွယ်သတင်းကို နားထောင်လိုက်နှင့်အလုပ်များနေစဉ် ထိုနေ ရာတွင်ရှိနေသော အခြားကောင်းကင်တမန်တစ်ပါးက “သင်တို့သည် အသေ ကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကိုအဘယ်ကြောင့်ရှာကြသနည်း။ ဤအ ရပ်၌မရှိ၊ ထမြောက်တော် မူပြီ။ လူသားသည် ဆိုးသောသူတို့လက်သို့အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံရမည်။ သုံးရက်မြောက်သောနေ့၌ ထ မြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အားမိန့်တော်မူသောစကား ကို အောက်မေ့ကြဦးဟုဆို၏။”
ကိုယ်တော်ရှင်ထမြောက်တော်မူပြီ၊ ကိုယ်တော်ရှင်ထမြောက်တော်မူပြီဟူ သောစကားကို ထိုအမျိုးသမီးများသည် ထပ်ခါတလဲလဲရွတ်ဆိုခဲ့ကြပါသည်။ အ လောင်းတော်ကိုလူးပေးရန် အမွှေးနံ့သာများကို ယခုတွင်မလိုတော့ပြီ။ ကယ်တင် ရှင်သည် အသက်ရှင်လျက်ရှိပြီ။ သေသောသူမဟုတ်တော့ပြီ။ ကိုယ်တော်သည် အ သေသတ်ခံခြင်းနှင့်ပတ်သက်၍ မိန့်မြွက်စဉ်က တစ်ဖန်ထမြောက်တော်မူမည် အ ကြောင်းကိုလည်း မိန့်တော်မူခဲ့သည်ကို ယခုတွင် သူတို့သတိရလာခဲ့ကြပါသည်။ ဤ လောကကမ္ဘာအတွက် မည်မျှထူးခြား သည့်နေရက်ကြီးပါလဲ။ ထိုအမျိုးသမီးများ သည် “ကြောက်ရွံ့သဖြင့်လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့်လည်းကောင်း သချုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသတင်းစကားကိုကြား ပြောခြင်းငှာ” ထွက်ခွာသွားခဲ့ကြပါသည်။
မာဂဒလမာရိသည် ထိုသတင်းကောင်းကိုမကြားခဲ့ရချေ။ ထိုကြောင့် “ကျွန် မ၏သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိပါ” ဟူသောဝမ်းနည်းစ ရာသတင်းကို ပေတရုနှင့်ယောဟန်တို့ထံသို့ ယူဆောင်သွားခဲ့၏။ သို့နှင့်တမန်တော် များသည် သင်္ချိုင်းကုန်းသို့အလျင်အမြန်သွား၍ ကြည့်ရှုကြရာမာရိပြောသည့် အ တိုင်းဖြစ်သည်ကို တွေ့ခဲ့ရပါသည်။ ပိတ်ပုဆိုးနှင့် ပဝါကိုသာ သူတို့တွေ့ခဲ့ကြရပြီး၊ သခင်ဘုရားကိုမူ မတွေ့ရှိခဲ့ကြချေ။ ထိုသို့ မတွေ့ပင်မတွေ့ငြားသော်လည်း ကိုယ် တော်ရှင်ထမြောက်တော်မူပြီဖြစ်ကြောင်းကို ဤနေရာတွင်အထောက်အထားရှိနေ ပါသည်။ ထိုအဝတ်များကို လွှတ်ပစ်ထားသည်မဟုတ်ဘဲ သေချာစွာခေါက်ကာ သူ့ နေရာနှင့်သူသိမ်းဆည်းထား ခဲ့ပါသည်။ ယောဟန်သည် ထိုအရာကိုမြင်တွေ့ကာ ယုံ ကြည်ခြင်းသို့ရောက်ခဲ့ပါသည်။ သူသည် ယခုတိုင်အောင် ခရစ်တော်သေခြင်းမှထ မြောက်မည်ဟူသော ကျမ်းစကားကိုနားမလည်သေးသော်လည်း ရှင်ပြန်ထမြောက် မည် ဟူ၍ ကြိုတင်ပြောကြားခဲ့သော ကိုယ်တော်၏စကားများကို ထိုအချိန်တွင် ပြန် လည်သတိရလာခဲ့ပါသည်။
လူသေအဝတ်အစားများကို ထိုကဲ့သို့စနစ်တကျထားသိုထားခဲ့သူမှာ ခရစ် တော်ကိုယ်တိုင်ပင်ဖြစ်ပါသည်။ ခွန်အားကြီးသော ကောင်းကင်တမန်သည် ထို သချုင်းဂူသို့ရောက်လာသောအချိန်တွင် ကိုယ်တော်ရှင်၏အလောင်းကို စောင့်ကြပ် နေကြသည့် ကောင်းကင်တမန်အဖွဲ့ထဲမှတစ်ပါးသည် ၎င်းနှင့်ပူးပေါင်းခဲ့ပါသည်။ ကောင်းကင်မှဆင်းကြွလာသော ကောင်းကင်တမန်သည် ကျောက်တုံးကြီးကို ဖယ် ရှားပေးနေစဉ် အခြားကောင်းကင်တမန်တစ်ပါးသည် သချုင်းတွင်းသို့ဝင်ကာ ခရစ် တော်၏အလောင်းကို ရစ်ပတ်ထားသောအဝတ်များကို ဖြည်ပေးခဲ့ပါသည်။ သို့ရာ တွင် ကိုယ်တော်ရှင်သည် မိမိ၏လက်တော်ဖြင့် ထိုအဝတ်များကိုခေါက်လိုက်ကာ နေသားတကျ သိုထားလိုက်ပါသည်။ ကြယ်များနှင့်မြူမှုန်များကို ညီတူမျှတူလမ်းပြ ပို့ဆောင်တော်မူသည့် ကိုယ်တော်ရှင်၏ရှေ့တော်တွင် အရေးမပါသောအရာဟူ၍ တစ်စုံတစ်ရာမျှ မရှိပါချေ။ အစီအစဉ်ကျနမှုနှင့်စုံလင်မှုများကို လက်ရာတော်အား လုံးတွင် တွေ့မြင်ရပါသည်။
မာရိသည် ယောဟန်နှင့်ပေတရုတို့နောက်မှကပ်၍ သင်္ချိုင်းကုန်းသို့လိုက် လာခဲ့ပါသည်။ ထိုတမန်တော်နှစ်ပါးသည် သချုင်းကုန်းမှယေရုရှလင်မြို့သို့ပြန်သွား ခဲ့ကြသော်လည်းသူမမှာမူ ထိုနေရာ၌နေရစ်ခဲ့ပါသည်။ အလောင်းမရှိတော့သည့် ဂူကြီးကိုကြည့်ကာ ဝမ်းနည်းပက်လက်ဖြစ်နေပါသည်။ သို့နှင့် သူမသည်အထဲသို့ ကြည့်လိုက်ရာ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ရှင်အား မြှုပ်နှံခဲ့သောဂူ၏ ခေါင်းရင်းတွင်လည်းကောင်း၊ ကျန်တစ်ပါးသည် ခြေရင်းတွင်လည်းကောင်းရှိနေကြ သည်ကို တွေ့လိုက်ရပါသည်။ “ထိုသူတို့က အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေး သနည်းဟုမေးလျှင် ကျွန်မ၏သခင်ကိုယူသွားကြပြီ၊ အဘယ်မှာထားသည်ကို မသိပါ” ဟုပြောလေ၏။
ထိုနောက်သူမသည် ခရစ်တော်၏အလောင်းတော်နှင့်ပတ်သက်၍ မစနိုင် မည့်သူတစ်ဦးအား ရှာဖွေရမည်ဟူသောအတွေးဖြင့် ထိုကောင်းကင်တမန် ထံမှ ထွက်ခွာသွားခဲ့ပါသည်။ “အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း” ဟုအ ခြားအသံတစ်ခုက သူမအားမေးမြန်းလိုက်ပါသည်။ မျက်ရည်စများကြောင့် မှုန်ဝါးဝါး ဖြစ်နေသောမျက်လုံးများဖြင့်ကြည့်လိုက်ရာ လူတစ်ယောက်၏သဏ္ဌာန်ကို တွေ့ လိုက်ရသဖြင့် ထိုသူအားဥယျာဉ်မှူးကြီးဖြစ်မည်အထင်နှင့်၊ “သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မယူ သွားပါမည်အရှင်” ဟု ပြောလေ၏။ ဤသူဌေးကြီးယောသပ်၏ သချုØင်းဂူသည် ခရစ်တော်ကိုမြှုပ်နှံရန် အသရေတင့်တယ်သော နေရာဖြစ်ခဲ့မည်ဆိုလျှင် သူမကိုယ် တိုင် ခရစ်တော်၏ အလောင်းကိုထားရန် စီစဉ်ခဲ့ပါလိမ့်မည်။ ခရစ်တော်၏အသံ တော်ကြောင့် အလောင်းမရှိဘဲလွတ်နေသည့် သင်္ချိုင်းဂူတစ်ခုရှိထားပါသည်။ ထိုဂူ သည် လာဇရုအား မြှုပ်နှံခဲ့သောဂူပင်ဖြစ်ပါသည်။ သခင်ဘုရား၏အလောင်းတော် အတွက် မြှုပ်နှံဖို့ဂူတစ်ခုကို ထိုနေရာတွင်သူမ မရှာနိုင်ခဲ့ဖူးလား။ ခရစ်တော်၏မွန် မြတ်လှသောအလောင်းတော်ကို ပြုစုစောင့်ရှောက်ခြင်းသည် သူမ၏ဝမ်းနည်းကြေ ကွဲမှုကို အကြီးအကျယ်သက်သာရာရလိမ့်မည်ဖြစ်ကြောင်း သူမသိရှိခံစားခဲ့ရပါ သည်။
သို့ရာတွင် ခရစ်တော်သည် ယခုအချိန်၌သူမအားပြောနေကျအသံနေ အသံထားဖြင့် “မာရိ” ဟု ခေါ်လိုက်ပါသည်။ ထိုအခါမာရိသည် မိမိအားစကား ပြောနေသူသည် သူစိမ်းတစ်ဦးမဟုတ်ကြောင်းသိရှိကာ လှည့်ကြည့်လိုက်ရာ အ သက်ရှင်လျက်ရှိသောခရစ်တော်ကို တွေ့လိုက်ရပါသည်။ သူမသည် ဝမ်းသားအား ရစွာဖြင့် ခရစ်တော်သည် ကပ်တိုင်အတင်ခံခဲ့ရသည်ကိုပင် မေ့လျော့သွားပြီး၊ ကိုယ် တော်ထံသို့တစ်ဟုန်ထိုးပြေးသွားကာ ခြေထောက်တော်ကို ဖက်ယမ်းမည်ပြုကာ “ရ ဗ္ဗုနိ” ဟုထူးလေ၏။ သို့ရာတွင် ယေရှုက မိမိလက်တော်ကိုမြှောက်လျက် “ငါကိုမ ဖက်နှင့်ဦး၊ ငါသည်ခမည်းတော်ထံသို့မတက်ရသေး၊ ငါ့ညီတို့ရှိရာသို့သွားလော့၊ ငါ၏ ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော် ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်ရမည်အကြောင်းအရာကိုကြားပြောလော့” ဟု မိန့်ကြားတော်မူ၏။ သို့နှင့်မာရိသည် ဝမ်းမြောက်ရွှင်မြူးစွာဖြင့် တမန်တော်များထံသို့ ထွက်ခွာသွားခဲ့ပါသည်။
ခရစ်တော်သည် မိမိအသေသတ်ခံခြင်းကို အဖခမည်းတော်အသိအမှတ်ပြု လက်ခံကြောင်း အာမခံချက်မရမချင်း မိမိလူများ၏ကိုးကွယ်ခြင်းကို လက်ခံရန်ငြင်း ဆိုတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ကောင်းကင်ရွှေနန်း သို့တက်ကြွသွားသော အခါတွင် လူတို့၏အပြစ်များအတွက် ကိုယ်တော်ရှင် ပြုတော်မူသော အပြစ်ဖြေခြင်း အမှုသည် လုံလောက်မှုရှိကြောင်း၊ ကိုယ်တော်၏ အသွေးတော်အားဖြင့် လူအပေါင်း တို့သည် ထာ၀ရအသက်ရရှိနိုင်ကြောင်း စသည့်အာမခံချက်များကို ဘုရားသခင် ကိုယ်တော်တိုင် မိန့်တော်မူသည်ကို ကြားသိခဲ့ရပါသည်။ နောင်တရသောသူများနှင့် အလိုတော်ကိုလိုက်လျှောက်သူများအား ကိုယ်တော်လက်သင့်ခံမည်ဟူသော ခရစ် တော်နှင့်ပြုတော်မူခဲ့သည့် ပဋိညာဉ်ကိုအဖခမည်းတော်က အတည်ပြုတော်မူခဲ့ပါ သည်။ ၎င်းပြင်အဖဘုရားသခင်သည် သားတော်ကိုချစ်တော်မူသကဲ့သို့ ၎င်းတို့အား လည်း ချစ်တော်မူခဲ့ပါသည်။ ခရစ်တော်သည် မိမိ၏အမှုတော်ကိုလည်းကောင်း၊ “လူသည်ရွှေစင်ထက် အဖိုးထိုက်မည်အကြောင်းငါပြုမည်” ဟူသော ကတိကဝတ် ကိုလည်းကောင်း ပြည့်စုံပြီးစီးအောင်လုပ်ဆောင်ရပါမည်။ ဟေရှာယ ၁၃း၁၂။ ကောင်းကင်အောက်မြေကြီးပေါ်တွင်ရှိသော တန်ခိုးအာဏာအလုံးစုံတို့ကို ကိုယ် တော်၌အပ်နှင်းထားရာ ကိုယ်တော်သည် မိမိ၏ဘုန်းတန်ခိုးတော်များကို မိမိ၏ နောက်လိုက်များအားမျှဝေပေးနိုင်ရန် ဤအပြစ်ကမ္ဘာရှိ တပည့်တော်များထံသို့ပြန် လည်ကြွမြန်းတော်မူခဲ့ပါသည်။
ကယ်တင်ရှင်သည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် မိမိအသင်းတော် အတွက် ဆုကျေးဇူးများကို လက်ခံရယူနေစဉ်တွင် တမန်တော်များသည် အလောင်း မရှိတော့သည့် သချုင်းဂူကြီးအကြောင်းကိုစဉ်းစားကာ ဝမ်းနည်းငိုကြွေးနေကြပါ သည်။ ကောင်းကင်သားအားလုံးအတွက် ပျော်ရွှင်ဝမ်းမြောက်စရာကောင်းသည့်ထို နေ့ကြီးသည် တမန်တော်များအတွက် မရေရာမသေချာသောနေ့၊ စိတ်ရှုပ်စရာ ကောင်းပြီး၊ ဝမ်းနည်းဖွယ်သော နေ့တစ်နေ့ဖြစ်နေပါသည်။ ထိုအမျိုးသမီးများသက် သေခံကြသည်ကို သူတို့မယုံကြည်ကြခြင်းက ၎င်းတို့၏ ယုံကြည်ခြင်းစိတ်များသည် မည်မျှကျဆင်းနေကြောင်းကို ထင်ရှားစေခဲ့ပါသည်။ ခရစ်တော်ရှင်ပြန်ထမြောက်ပြီ ဆိုသည့်သတင်းသည် ၎င်းတို့မျှော်လင့်ထားသည့်အရာနှင့် လုံး၀ကွဲပြားခြားနားနေ သောကြောင့် ထိုသတင်းကိုသူတို့ မယုံကြည်နိုင်အောင်ဖြစ်ခဲ့ကြရပါသည်။ ထိုသ တင်းသာမှန်လျှင် အလွန်ကောင်းမှာဘဲဟုလည်း သူတို့ယူဆခဲ့ကြပါသည်။ ဇဒ္ဒုကဲ များသွန်သင်သည့်ယုံကြည်ချက်များနှင့် သိပ္ပံနည်းကျသောသဘောတရားများဟု ခေါ်ဆိုနေကြသည့် သွန်သင်ချက်များကို သူတို့များစွာကြားဖူးထားကြသည့်အတွက် ရှင်ပြန်ထမြောက်ခြင်းနှင့်စပ်လျဉ်းပြီး၊ သူတို့၏စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေကြပါ သည်။ လူသေများထမြောက်သည်ဆိုသည့် သွန်သင်ချက်နှင့်ပတ်သက်၍ နားမ လည်တလည်ဖြစ်နေကြပါသည်။ အရေးကြီးသောဤအကြောင်းအရာကို သူတို့နား လည်နိုင်စွမ်းမရှိခဲ့ကြချေ။
“သင်တို့ရှေ့ဂါလိလဲပြည်သို့ကြွတော်မူကြောင်းကို ပေတရုမှစ၍တပည့် တော်တို့အားသွား၍ပြောကြလော့။ အထက်ကမိန့်တော်မူသည်အတိုင်းထိုပြည်၌ သင်တို့သည် ကိုယ်တော်ကိုတွေ့မြင်ကြရလိမ့်မည်” ဟု ထိုအမျိုး သမီးများအား ကောင်းကင်တမန်က ပြောဆိုခဲ့ပါသည်။ ဤကောင်းကင်တမန်များသည် ကိုယ်ရံ တော်တပ်သားများအဖြစ် ကိုယ်တော်၏လောကဘ၀အသက်တာတစ်လျှောက်လုံး တွင် ကိုယ်တော်နှင့်အတူရှိခဲ့ကြသော ကောင်းကင်တမန်များဖြစ်ကြပါသည်။ ကိုယ် တော်အားအမှုစစ်ဆေးခံရာတွင်လည်းကောင်း၊ ကပ်တိုင်အတင်ခံရစဉ်တွင်လည်း ကောင်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသူများလည်းဖြစ်ကြပါသည်။ တပည့်တော် များအား ကိုယ်တော်မိန့်တော်မူခဲ့သည့် မိန့်မြွက်သံများကိုလည်း သူတို့ကြားခဲ့ရပါ သည်။ တပည့်တော်များ ထံအပြောခိုင်းလိုက်သော သတင်းစကားများအားဖြင့် ဤ အရာကိုထင်ရှားစေခဲ့ပြီး၊ ဤအကြောင်းခြင်းရာသည် သူတို့အားသမ္မာတရားကို သ ဘောပေါက်နားလည်စေခဲ့ပါသည်။ ထိုကဲ့သို့သော သတင်းစကားများသည် ရှင်ပြန် ထမြောက်သွားသော ၎င်းတို့၏ဘုရားသခင်၏စေတမန်များထံမှသာ လာနိုင်ပါသည်။
ပေတရုမှစ၍တပည့်တော်တို့အား သွား၍ပြောကြလော့ဟု ထိုကောင်းကင် တမန်များက ပြောဆိုခဲ့ကြပါသည်။ ခရစ်တော်အသေခံပြီးသည့်အချိန်မှစ၍ ပေတရု သည် နောင်တသံဝေဂတရားများရခဲ့ပါသည်။ ကိုယ်တော်ရှင်အား မိမိပြုခဲ့သောငြင်း ပယ်ခဲ့မှုကိုလည်းကောင်း၊ ကိုယ်တော်ရှင်၏မေတ္တာ အကြည့်ကိုလည်းကောင်း သူအ မြဲတမ်းမြင်ယောင်ခဲ့ပါသည်။ တမန်တော်အပေါင်းတွင် ပေတရုသည် အပြင်းအထန် ဆုံးသောခါးသီးမှုကို ခံစားခဲ့ရသူတစ်ဦးဖြစ်ပါသည်။ ယခုတွင် သူ၏နောင်တကို လက်ခံအသိအမှတ်ပြုတော်မူကြောင်းနှင့် သူ၏အပြစ်ကိုခွင့်လွှတ်တော်မူကြောင်း အာမခံချက်တစ်ခုကို ပေးသည့်အနေဖြင့် သူ့အားနာမည်တပ်ခေါ်ခဲ့ပါသည်။
“သင်တို့ရှေ့၊ ဂါလိလဲပြည်သို့ကြွတော်မူကြောင်းကို ပေတရုမှစ၍ တပည့် တော်တို့အားသွား၍ပြောကြလော့။ အထက်ကမိန့်တော်မူသည့်အတိုင်း ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်” ဟု ကောင်းကင်တမန်ကဆိုခဲ့ ၏။ သူတို့အားလုံးသည် ခရစ်တော်ကို စွန့်ပစ်ထားခဲ့ကြပြီဖြစ်သောကြောင့် ကိုယ် တော်အားတစ်ဖန်သွားရောက်တွေ့ဆုံရန်ကိုပင် ဆင့်ဆိုခဲ့ရပါသည်။ ကိုယ်တော်အ နေနှင့် ၎င်းတို့အားစွန့်ပစ်ထားခဲ့တော်မမူပါ။ မာဂဒလမာရိက မိမိသည် ကိုယ်တော် ရှင်ကိုမြင်တွေ့ခဲ့ရကြောင်းပြောကာ ကိုယ်တော်အားတွေ့ဆုံရန်အတွက် ဂါလိလဲ ပြည်သို့သွားဖို့ တမန်တော်များအား ထပ်ခါတလဲလဲတိုက်တွန်းခဲ့ပါသည်။ “လမ်းမှာ သွားကြစဉ် ယေရှုသည်ကြိုဆိုတော်မူ၍ သင်တို့အားမင်္ဂလာဖြစ်စေသတည်းဟု မိန့် တော်မူ၏။ ထိုမိန်းမတို့သည်ချဉ်းကပ်၍ ခြေတော်ကိုဖက်ယမ်းလျက် ပျပ်ဝပ်ကိုး ကွယ်ကြ၏။ ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်၊ သွားကြလော့၊ ငါ့ညီတို့သည် ဂါလိလဲပြည်သို့သွားစေခြင်းငှာ ဤသတင်းစကားကိုကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်” ဟူ၍ တတိယအကြိမ်အဖြစ် ဤသတင်း စကားသည် သူတို့ထံသို့ပြောကြားခဲ့ပါသည်။
မိမိလျော့ပါးသွားခြင်းမရှိသည့်မေတ္တာတော်နှင့် သိမ်မွေ့နူးညံ့လှသော ဂရု စိုက်စောင့်ရှောက်မှုများကို တမန်တော်များအနေနှင့် သဘောပေါက်နားလည်လာ အောင်လုပ်ရန်မှာ ရှင်ပြန်ထမြောက်ပြီးသည့်နောက် ယေရှုရှင်ပထမဦးဆုံးလုပ် ဆောင်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ မိမိသည် အသက်နှင့်ပြည့်စုံသော ကယ် တင်ရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ မိမိသည် သင်္ချိုင်းဂူ၏အချုပ်အနှောင် များကို ချိုးဖျက်ပစ်ခဲ့ပြီးဖြစ်သဖြင့်သေခြင်းသည် မိမိအားမချုပ်ကိုင်နိုင်တော့ပြီဖြစ် ကြောင်းကိုလည်းကောင်း တပည့်တော်များအား သက်သေအထောက်အထားပြကာ မိမိသည် ၎င်းတို့၏ဆရာသမားတစ်ဦးအဖြစ် လောကမှာအတူနေခဲ့စဉ်ကကဲ့သို့ပင် ၎င်းတို့အားချစ်ခင်ကြင်နာတော်မူလျက်ရှိကြောင်းဖော်ပြရန် ယေရှုရှင်သည် ၎င်းတို့ အားခဏခဏကိုယ်ထင် ပြတော်မူခဲ့ပါသည်။ ကိုယ်တော်သည် ၎င်းတို့အပေါ်တွင် ရစ်ပတ်ထားဆဲဖြစ်သော မေတ္တာနှောင်ကြိုးများဖြင့် ဆွဲယူတော်မူခဲ့ပါသည်။ ထို ကြောင့် ဂါလိလဲပြည်၌ ငါ့အားသူတို့တွေ့ဆုံရန် ငါ့ညီအစ်ကိုများအား သွား၍ပြောပါ ဟု ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါသည်။
တမန်တော်များသည် ဤသို့သောရှင်းလင်းတိကျသည့်ချိန်းဆိုမှုကို ကြားရ သောအချိန်တွင် ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့အား ကိုယ်တော်ရှင် ကြိုတင်မိန့်မြွက်ထားသည်များကို ပြန်လည်သုံးသပ်မိလာခဲ့ကြပါသည်။ သို့ရာတွင် ယခုအချိန်မှာပင် သူတို့မပျော်ရွှင်နိုင်ကြသေချေ။ သူတို့သည် မိမိတို့၏စိတ်ရှုပ်ထွေး မှုများနှင့် သံသယစိတ်များကို ထိုအချိန်တိုင် မစွန့်လွှတ်နိုင်ကြသေချေ။ ထိုအမျိုးသ မီးများက မိမိတို့သည် သခင်ဘုရားကိုဖူးတွေ့ခဲ့ပြီဟု ကြွေးကြော်နေသော အချိန်ထိ ပင် တမန်တော်များသည် မယုံကြည်ခဲ့ကြသေးချေ။ လှည့်စားမှုတစ်ရပ်သာဖြစ် သည်ဟု သူတို့ထင်မြင် ခဲ့ကြပါသည်။
သူတို့၌ တစ်ပူပေါ်တစ်ပူဆင့်သကဲ့သို့ ဖြစ်နေပါသည်။ အဖိတ်နေ့တွင် မိမိ တို့၏သခင်ဘုရားအသေခံတော်မူကြောင်း ၎င်းတို့တွေ့မြင်ခဲ့ရသည်။ ခုနစ်ရက်တွင် ပထမနေ့ရက်၌ ကိုယ်တော်၏အလောင်းကြီး ပျောက်ဆုံးသွားသည်ကို မိမိကိုယ် တိုင်တွေ့ရှိခဲ့ကြရသည်။ ၎င်းပြင် လူများကိုလိမ်လည် လှည့်ဖြားရန်အတွက် ထိုအ လောင်းကြီးကို သူတို့ခိုးသွားကြသည်ဟုလည်း အစွပ်စွဲခံခဲ့ကြရပါသည်။ မိမိတို့အ ပေါ်အသာရနေသည့် မှားယွင်းသောအထင်ရှိမှုများအတွက် သူတို့စိတ်ပျက်ခဲ့ကြရပါ သည်။ သူတို့သည် ယဇ်ပုရောဟိတ်များ၏ရန်ကိုလည်းကောင်း၊ ယုဒလူထုကြီး၏ အ မျက်ကိုလည်းကောင်း ကြောက်ရွံ့နေကြရပါသည်။ ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးမှ မစ ကယ်တင်နိုင်တော်မူသည့် ကိုယ်တော်သည် ၎င်းတို့နှင့်အတူရှိဖို့ရန် သူတို့တောင့် တခဲ့ကြပါသည်။ “ထိုသူသည် ဣသရေလအမျိုးကို ရွေးနုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည် အထက်ကမြော်လင့်ကြပြီ” ဟူသောစကားများကို သူတို့အထပ်ထပ် ပြောဆိုခဲ့ကြသည်။ “စိမ်းသောအပင်ကိုဤသို့ပြုကြလျှင် ခြောက်သောအပင်၌ အ ဘယ်သို့ဖြစ်လိမ့်မည်နည်း” ဟူသောစကားကိုလည်း စိတ်နှလုံးနာကျင်စွာဖြင့် သူတို့ သတိရခဲ့ကြပါသည်။ လုကာ ၂၄း၂၁၊ ၂၃း၃၁။
မိမိတို့သခင်ဒုက္ခရောက်ခဲ့သကဲ့သို့ မိမိတို့လည်းအချိန်မရွေးဒုက္ခရောက်နိုင် သည်ဟူသောအသိဖြင့် သူတို့သည် အထက်ခန်းထဲတွင်စုရုံးပြီး တံခါးကိုသေသေချာ ချာပိတ်ထားခဲ့ကြပါသည်။
ကယ်တင်ရှင်သည် ထမြောက်တော်မူပြီဟူသော အသိဖြင့်သူတို့သည် တစ် ချိန်လုံးဝမ်းသာအားရရှိနေကြဖို့ကောင်းပါသည်။ ဥယျာဉ်ထဲတွင်မာရိ ငိုကြွေးနေစဉ် ခရစ်တော်သည် သူမ၏နံဘေးတွင်ရပ်တော်မူခဲ့ပါသည်။ မျက်စိတွင်မျက်ရည်ဝိုင်း နေသဖြင့် ကိုယ်တော်ကိုသူမသဲသဲကွဲကွဲမမြင်ခဲ့ရချေ။ ကောင်းကင်တမန်များပေး သည့် သတင်းစကားနှင့် ခရစ်တော်ကိုယ်တိုင် မိန့်မြွက်တော်မူသည့်စကားများကိုပင် မယုံကြည်နိုင်လောက်အောင် သူတို့သည်အထူးဝမ်းနည်းပူဆွေးနေကြပါသည်။
မည်မျှများပြားလှစွာသောလူများသည် ထိုတမန်တော်ကြီးများလုပ်ဆောင်ပြု မူခံစားခဲ့ကြသကဲ့သို့ ယနေ့ပြုမူခံစားနေကြပါသလဲ။ “သခင်ကိုယူ သွားကြပြီ။ အ ဘယ်မှာထားကြသည်ကိုမသိ” ဟု မာရိကဲ့သို့လူမည်မျှတို့သည် ဝမ်းနည်းပူဆွေးစွာ ဖြင့် ဟစ်ကြွေးနေကြပါသနည်း။ “အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်း” ဟု ခရစ်တော်၏စကားများက လူပေါင်းမည်မျှတို့အား မိန့်တော်မူနေပါ သနည်း။ ကိုယ်တော်သည် သူတို့အနီးတွင်ရောက်ရှိနေသော်လည်း သူတို့၏မျက်စိ များတွင် မျက်ရည်များဖြင့် ပြည့်နေသည့်အတွက် ကိုယ်တော်ရှင်ကိုကွဲကွဲပြားပြားမ မြင်တွေ့နိုင်ခဲ့ကြချေ။ ကိုယ်တော်ရှင်က သူတို့အားမိန့်နေသော်လည်း သူတို့နားမ လည်ကြချေ။
အိုမိတ်ဆွေတို့၊ ကိုယ်တော်ရှင်မြင်တွေ့နိုင်ရန် ခေါင်းကိုမော့လိုက်ကြပါ။ မျက်စိကိုဖွင့်လိုက်ကြပါ။ ကိုယ်တော်ရှင်မိန့်တော်မူနေသည့် “အလျင်အမြန်သွား ၍သေခြင်းမှထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောကြလော့” ဟူ သောအသံတော်ကိုကြားနိုင်ရန် နားကိုဖွင့်ထားကြပါ။ ကြီးမားသောကျောက်တုံးကြီး ဖြင့်ပိတ်ဆို့ကာ ရောမအစိုးရမင်းကတံဆိပ်ခတ်ထားသည့် ယောသပ်၏သချုင်းဂူကို မကြည့်ကြဖို့ သူတို့အားမိန့်တော်မူနေပါသည်။ ထိုနေရာတွင် ခရစ်တော်မရှိတော့ပြီ။ လွတ်လပ်လဟာဖြစ်နေသော ထိုဂူကြီးကိုမကြည့်ကြနှင့်။ အကူအညီမဲ့နေသူများကဲ့ သို့ ဝမ်းမနည်းပါနှင့်။ ချိုမြသောနှလုံးနှင့်သန့်ရှင်းသောမီးဖြင့် အတို့ခံရသောနှုတ် ခမ်းများဖြင့် ယေရှုသည်ထမြောက်တော်မူပြီဟူသော ဝမ်းမြောက်ဖွယ်သီချင်းကို သီ ဆိုကြပါစို့။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ကြားဖျန်ဖြေခြင်းအမှုကို ဆောင်ရွက် တော်မူရန် အသက်ရှင်လျက်ရှိပါသည်။ ဤမျှော်လင့်ခြင်းကို ဆွဲကိုင်ထားပါ။ ထိုမျှော် လင့်ခြင်းသည် ထိုအသက်ဝိညာဉ်အား ခိုင်ခံ့သောကျောက်ဆူးတစ်ခုပမာကိုယ် တော်ရှင်၌ တည်ကြည်ခိုင်မြဲစေပါလိမ့်မည်။ ယုံကြည်ပါ၊ ယုံကြည်လျှင် သင်သည် ဘုရားသခင်၏ ဘုန်းတော်ကိုဖူးတွေ့ရပါလိမ့်မည်။
No comments:
Post a Comment