အခန်း (၃)
“ဝိညာဉ်ရေးဆိုင်ရာဦးစီးခေါင်းဆောင်တစ်ဦး”
အကျိုးထိရောက်သော အသင်းအုပ်ဆရာဆိုင်ရာ အမှုတော်ဆောင်ခြင်း လုပ်ငန်းတွင် ဦးစီးခေါင်းဆောင်မှုသည် မရှိမဖြစ်လိုအပ်ပါသည်။ ကောင်းမြတ် ခြင်း သို့မဟုတ် ဆိုးညစ်ခြင်းဆီသို့လည်းကောင်း၊ အောင်မြင်ခြင်း သို့မဟုတ် ကျဆုံးခြင်းဆီသို့ ဦးတည်စေနိုင်သော စွမ်းအားမျိုး ထိုဦးစီးခေါင်းဆောင်မှု ကဏ္ဍက ပိုင်ဆိုင်ထားပါသည်။
ထိုအနေအထားမျိုးတို့ကို အကောင်အထည်ဖော်ကြရန် ပျက်ကွက်ကြ သော၊ အသင်းအုပ်အများအပြားတို့သည် ကြီးမားသောတွေးခေါ်မြော်မြင်မှုများ ရှိကြပါသည်။ ကောင်းမွန်သောအတွေးအမြင်များရှိရုံတစ်ခုတည်းဖြင့် သင့်အား ထိရောက်သော ခေါင်းဆောင်တစ်ဦးအဖြစ် မဖော်ဆောင်ပေးနိုင်ပါ။ စစ်မှန် သောခေါင်းဆောင်မှုမည်သည် ရည်ရွယ်ရင်းစိတ်ပါဝင်စားမှုများ၊ အတွေး အမြင် အကြံအစည်များနှင့် ပြုမူနေထိုင်မှုများတို့၏ ပေါင်းဆုံမှုရှိရပါမည်။
ကောင်းမွန်သောခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး အတော်အတန်များများ စားစားသောပုံစံနမူနာများတို့ကို ကျမ်းစာတော်မြတ်က ကျွန်ုပ်တို့အားအသိပေး ဖော်ပြထားပါသည်။ မောရှေ၊ ရှမွေလနှင့်ဒါဝိဒ်တို့ကဲ့သို့သော ဘုရားတရား ကြည်ညိုမှုရှိကြသည့် ခေါင်းဆောင်များတို့၏ ဩဇာသက်ရောက်မှုတို့သည် ကျယ်ကျယ်ပြန့်ပြန့်ရှိလှကြောင်းကို ကျွန်ုပ်တို့ တွေ့ရှိနေကြရပါသည်။ လူတို့ အနေဖြင့်ကလည်း မည်သည့်နည်းဖြင့်မဆို အမှားကင်းသူများမဟုတ်ကြပါ။ သို့သော်လည်း သူတို့သည် သူတို့၏လူများအတွက်နှင့် သူတို့၏ဘုရားသခင် အတွက် ကြီးကျယ်သောအရာများတို့ကို ပြီးမြောက်အောင် လက်စသတ်နိုင်ခဲ့ ကြပါသည်။ ကျမ်းစာတော်မြတ်ကလည်း ရှောလု၊ အာဟပ်နှင့်မနာရှေတို့ကဲ့သို့ သော ဆိုးသွမ်းသော ခေါင်းဆောင်တို့အကြောင်းကို အသိပေး ဖော်ပြထားပါ သေးသည်။ ထိုဆိုးသွမ်းသောခေါင်းဆောင်တို့သည် လူတို့အားမကောင်းမှုများ ဆီသို့ရောက်ရှိသွားစေသည့် ဩဇာသက်ရောက်မှုမျိုးတို့အတွက် သူတို့၏ အာဏာတို့ကို မည်ကဲ့သို့အသုံးချခဲ့ကြသည်ကို ပြသကြပါသည်။
(မဿဲ ၁၅း၁၄) တွင်ဖော်ပြထားသည့် ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး တစ်ချိန်ကသခင်ယေရှုမိန့်တော်မူခဲ့ရာတွင် “ထိုသူတို့ကိုရှိပါလေစေ။ သူတို့ သည် လူကန်းတို့အားလမ်းပြသောလူကန်းတို့ဖြစ်ကြ၏။ လူကန်းချင်းတစ်ဦးကို တစ်ဦးလမ်းပြလျှင်နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်” ဟူ၍ဖြစ်ပါသည်။ “တစ်စုံတစ်ရာကို မည်ကဲ့သို့လုပ်ဆောင်ရမည်ဆိုခြင်းကို လူတို့အား ပြောမပြပါ နှင့်။ သူတို့အားမည်သည့် အရာကိုလုပ်ရမည်ဆိုခြင်းနှင့် သူတို့လုပ်ဆောင်မှု တို့၏ ထွက်ပေါ်လာသောရလဒ်အားဖြင့် သင့်ကိုအံ့အားသင့်သွားပါစေ” (Gနသမါန S. ဏအေအသည) သင့်လျော်သောဦးဆောင်မှ ချို့တဲ့ခြင်းသည် လူများတို့ အား ဒုက္ခရောက်သွားစေနိုင်သည့်အနေအထားဆီသို့ ဦးတည်သွားစေနိုင်ပါ သည်။ အပြန်အလှန်အားဖြင့် ဘုရားသခင်၏ အခြေခံစည်းမျဉ်းတော်နှင့် သဘောတူညီချက်ကိုက်ညီသောဦးဆောင်မှုသည် လူတို့အားဒုက္ခသုခတွင်းထဲမှ ကယ်နုတ်နိုင်သောစွမ်းအားမျိုးရှိကြပါသည်။
သခင်ယေရှုသည် သူ၏ခေတ်ကာလအချိန်ကရှိနေသောအသင်းတော်ကို ချင့်တွက်ရာတွင် (မဿဲ ၉း၃၆) ၌ “အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်း သည်ဖြစ်၍ ထိန်းသူမရှိဘဲပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏” ဟူ၍ဖော်ပြထား ပါသည်။ ဣသရေလလူမျိုးတို့၏ စိုးရိမ်ဖွယ်ရာဦးဆောင်ခံရမှု အခန်းကဏ္ဍကို သတိမူမိတော်မူခဲ့သည်အလျောက်သူတို့အတွက်မျက်ရည်ကျတော်မူခဲ့ပါသည်။ သူတို့သည် ကြံရာမရဖြစ်လောက်အောင် လိုအပ်မှုရှိနေကြပြီး ခေါင်းဆောင်မှု ကင်းမဲ့နေခဲ့ကြပါသည်။
သခင်ယေရှုခေတ်ကာလကကဲ့သို့ပင် ယနေ့ကမ္ဘာကြီး၏ အသင်းတော် သည် ခေါင်းဆောင်ပိုင်းဆိုင်ရာအရေးအခင်းတစ်ရပ်နှင့် ရင်ဆိုင်နေရပါသည်။ လူများတို့သည် သေရေးရှင်ရေးအနေအထားတွင် ကျရောက်လျက်ရှိနေကြပြီး ရိုးရိုးခေါင်းဆောင်များကိုဆိုလိုခြင်းမဟုတ်သည့် ဝိညာဉ်ရေးဆိုင်ရာ ဦးဆောင် ဦးရွက်ပြုနိုင်သောခေါင်းဆောင်များတို့ကို လိုအပ်နေကြပါသည်။ ခရစ်တော် အတွက် ကမ္ဘာမြေကြီးအနှံ့အပြားသို့ ရောက်သွားကြမည့် ဝိညာဉ်ရေးဆိုင်ရာ မျိုးဆက်သစ်ခေါင်းဆောင်များတို့ကို ဘုရားသခင်က ဖော်ထုတ်မြှင့်တင်တော် မူနေသည်ဆိုခြင်းကို ကျွန်ုပ်ယုံကြည်မှုရှိပါသည်။
“ခေါင်းဆောင်မှုအတန်းအစားများ”
ခေါင်းဆောင်မှုဆိုသည်ကို အတန်းအစားနှစ်မျိုးဖြင့် ခွဲခြားနိုင်ပါသည်။
မွေးရာပါအရည်အချင်းရှိသောဦးစီးခေါင်းဆောင်မှု – အချို့သောသူတို့ သည် မွေးဖွားလာစဉ်ကတည်းက ခေါင်းဆောင်မှုအရည်အသွေးရှိကြသော သူများဖြစ်ကြပါသည်။ အခန်းတစ်ခုထဲတွင် လူဆယ်ယောက်ကို ထည့်ထားပြီး ပင်ကိုခေါင်းဆောင်မှုအရည်အချင်းရှိနိုင်သူကိုရွေးရမည်ဆိုပါက သင့်အနေဖြင့် မိနစ်ပိုင်းအတွင်း အလွယ်တကူရွေးထုတ်နိုင်ခြေရှိပါမည်။ ဤသူတို့သည် ပင် ကိုယ်အားဖြင့် ခေါင်းဆောင်မှုအခန်းကဏ္ဍအနေအထားကို တာဝန်ယူနိုင်ကြ သူများဖြစ်ကြပါသည်။
ဝိညာဉ်တော်ဦးဆောင်မှုအားဖြင့်သာ ခေါင်းဆောင်နိုင်သူများ - ဝိညာဉ် တော်၏ဦးဆောင်မှုအားဖြင့်သာ လုပ်ဆောင်ကြသော ခေါင်းဆောင်များတို့ သည် ဘုရားသခင်၏ ဝိညာဉ်တော်ဦးဆောင်ပဲ့ပြင်မှုကိုသာ လိုလားကြပါသည်။ သူတို့သည် အခြားသောသူတို့အား ခေါင်းဆောင်ကြသည်သာမက သူတို့ကို ဘုရားသခင်က ဦးဆောင်ပဲ့ပြင်ရန်အတွက်ကိုပါ ခွင့်ပြုကြပါသည်။ သူတို့သည် သူတို့ထံတွင် ဘုရားသခင်က အသစ်သော စိတ်နှလုံးအသက်တာ စိတ်ဓာတ် လှုံ့ဆောင်မှု၊ စိတ်ဆန္ဒမြော်မြင်တွေးတောမှုနှင့်တန်ဖိုးရှိမှုများတို့ကို သွတ်သွင်း ပေးတော်မူခြင်းကို ခွင့်ပြုပေးကြပါသည်။
“ဝိညာဉ်တော်ဖြင့်ပြည့်၀သော ခေါင်းဆောင်တစ်ဦး”
အသင်းအုပ်ဆရာတစ်ယောက်သည် ဝိညာဉ်ရေးနှင့် ပြည့်၀သောခေါင်း ဆောင်ဖြစ်ရပါမည်။ ကျွမ်းကျင်လိမ္မာမှုနှင့်အတွေ့အကြုံ နှစ်မျိုးလုံးတို့သည် အရေးကြီးသော ကြန်အင်လက္ခဏာများဖြစ်ကြသည်အလျောက်၊ ၎င်းတို့ကို နိမ့်ကျသွားအောင် ချိုးနှိမ်ခြင်းမပြုသင့်ပါ။ သို့သော်လည်း ဝိညာဉ်တော်နှင့် ပြည့်၀ခြင်းနှင့် ဝိညာဉ်တော်၏ဦးဆောင်မှုတို့သည် အသင်းအုပ်ဆရာဆိုင်ရာ ခေါင်းဆောင်မှုတွင် အရေးအကြီးဆုံးနှင့် မရှိမဖြစ်ရှိသင့်ရှိထိုက်ဆုံးသော အရည်အချင်းများတို့ပင် ဖြစ်ကြပါသည်။ အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် ရှိသော စစ်မှန်သောစွမ်းအားသည် ဘုရားသခင်နှင့်တစ်ပြန်တစ်လှည့် ဆုံစည်း ခြင်းအားဖြင့် ရရှိလာသည့်ဝိညာဉ်တော်ရေးရာခံယူချက်မှ စီးဆင်းလာသော အရာဖြစ်ပါသည်။
အသင်းတော်ဦးဆောင်မှုဆိုသည်မှာ ဝိညာဉ်ရေးရာအတွက် ခေါ်ယူ တာဝန်ပေးမှုတစ်ရပ်ပင်ဖြစ်ပါသည် - ဝိညာဉ်ရေးရာကိစ္စရပ်များနှင့်ပတ်သက် လာပြီဆိုလျှင် အားလုံးသောအသင်းတော်ခေါင်းဆောင်များတို့သည် ထိုအရေး အရာတို့ကို မဖြစ်မနေ ဆောင်ရွက်ကြရမည့်အရာအဖြစ် အဓိကထားရကြပါ မည်။ ခေါင်းဆောင်မှုဆိုသည်ကို ကြီးမားသောအခွင့်ထူးအဖြစ် ရှုမြင်ရကြမည် ဖြစ်ပြီး ထိတ်လန့်စရာကောင်းသောတာဝန်ယူရမှုတစ်ခုအဖြစ် မမှတ်ယူရပါ။ သင်၏ ဘုရားသခင်နှင့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုကို အလျင်ဦးဆုံးလုပ်ဆောင်ရ မည်ဖြစ်ပါသည်။ ဝိညာဉ်ရေးဆိုင်ရာသဘောခံယူချက်ကို ကိုယ်ရေးကိုယ်တာ တိုးတက်ဖွံ့ဖြိုးမှုပုံစံမျိုး ဖြစ်လာအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ သင့်အနေဖြင့် အများပြည်သူအပေါ် အဓိပ္ပါယ်ပြည့်၀သည့် ဩဇာသက်ရောက်လွှမ်းမိုးမှုမျိုး တစ်စုံတစ်ရာရရှိနိုင်ပြီးမှသာလျှင် ထိုဖွံ့ဖြိုးတိုးတက်မှုမျိုးကို ဖော်ဆောင်ရပါ မည်။ (ယေရမိ ၃း၁၅) တွင် ကျွန်ုပ်တို့အား ကျမ်းတော်မြတ်က၊ ဘုရားသခင် အနေဖြင့် သူနှစ်သက်တော်မူသောသူကို သင်းအုပ်အရာတွင်ခန့်ထားတော် မူပြီး ထိုသူတို့သည် ဥာဏ်ပညာနှင့်ပြည့်စုံကြကာ အခြားသော သူတို့ကို ဦးဆောင်ကြမည့်အကြောင်းကို ကျွန်ုပ်တို့အားသင်ကြားပေးပါသည်။
ဤဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်များတို့သည် သူတို့၏ ထိုးထွင်းသော ဥာဏ်တို့ကို ကိုယ်ကျင့်တရားနှင့်ဝိညာဉ်ရေးရာအံဝင်ခွင်ကျမှုတို့ဖြင့် ချိတ်ဆက် ထားရကြပါမည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာပညာရေးဆိုင်ရာ အလေး ထားမှုကို ကျွန်ုပ်တို့၏ ပထမဦးစားပေးအဖြစ်သတ်မှတ်ထားကြမည့်အစား၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အမှုတော်ဆောင်လုပ်ငန်း၏ ငြီးငွေ့ ပျင်းတွဲ ဖွယ်အနေအထားကို မှောက်သိမ်းသွားစေရန် အလျင်ဦးစွာဆောင်ရွက်ရပါ မည်။ သမ္မာတရားတော်ကို ထုတ်လုပ်ပေးသောစက်များအဖြစ်သို့ ရောက်ရှိလာ ရေးအတွက် လုပ်ဆောင်ကြရာတွင် ထိုထုတ်လုပ်သောစက်တို့ကို ယုံကြည်စိတ် ချရသော အခြေအနေမျိုးရရှိရန်မှာ လုပ်ဆောင်မှုများမပါရှိသည့်တိုင်အောင် လွယ်ကူလှပါသည်။ ဘရိုင့်(န်)ဖေ(လ်)စန်(န်) ဆိုသူက “သင့်အနေဖြင့် သင်၏ ခေါင်းဆောင်မှုအရည်အသွေးတို့ကို မြှင့်တင်နိုင်ခြင်းအားဖြင့် များစွာသော ခေါင်းဆောင်များ၊ အမှုမဲ့အမှတ်မဲ့ဖြစ်နေကြသော အရာတစ်ခုဖြစ်သည်။ ကြီးကျယ်သော ဦးဆောင်မှုဆိုသည်မှာ ဝိညာဉ်ရေးဆိုင်ရာ ရှုထောင့်တစ်ခုကို ဖြည့်သွင်းပေးနိုင်သည်ဆိုသည့်အချက်ကို သဘောပေါက်နားလည်နိုင်သော လုပ်ငန်းအသက်တာမျိုးကို ရရှိနိုင်ပေမည်” ဟူ၍ပြောကြားထားပါသည်။
ဝိညာဉ်ရေးဆိုင်ရာဦးဆောင်မှုဆိုသည်မှာ ဘုရားသခင်၏ လူစုလူဝေး တော်တို့ကို သူအလိုရှိတော်မူသောအရပ်တွင် သိုးထိန်းများအဖြစ် ဦးဆောင်ရ ကြပါမည်။ ဤအချက်သည် လက်ဦးမှုရယူရန် သူ၏နည်းစနစ်တော်တို့ကို အသုံးချရန်နှင့် သူ၏ တန်ခိုးတော်အပေါ်အမှီပြုရကြမည့် အဓိပ္ပါယ်ကို ဖော် ဆောင်ပါသည်။ ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်မှု၏ရည်မှန်းချက်ပန်းတိုင်မှာ လူတို့သည် ဘုရားသခင်ကိုသိရှိလာကြရေးအပြင် သူတို့လုပ်လေကိုင်လေသမျှ တိုင်းတို့တွင် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြရန်အတွက်ဖြစ်ပါသည်။
ရှိသင့်ရှိထိုက်သည့် ခေါင်းဆောင်အရည်အချင်းမျိုးရှိနိုင်ကြရန်အတွက် ကျွန်ုပ်တို့သည် အစီအစဉ်တို့ကို ချမှတ်ပြဌာန်းကြသည်ထက် လူတို့ကိုတိုးတက် မှုရှိလာကြအောင် လုပ်ဆောင်ရကြပါမည်။ ဝိညာဉ်ရေးဆိုင်ရာဦးဆောင်မှုဆို သည်မှာ ညွှန်ကြားချက်ပေးရန်ချည်းသာမဟုတ်မူဘဲ ပြောင်းလဲခြင်းကို လုပ် ဆောင်ရကြပါမည်။ သင်မည်သည့်အရာကို အလိုရှိသည်အတိုင်း လူတို့ကိုလုပ် ဆောင်စေနိုင်သော်လည်း သူတို့၏နှလုံးသားများတို့သည် ပြောင်းလဲလာခြင်း မရှိကြပါက သင်သည်သူတို့အား ဝိညာဉ်ရေးရာနှင့်ပတ်သက်လာလျှင် ဦး ဆောင်မှုမရှိသေးကြောင်း ပေါ်လွင်ပါသည်။ ဘုရားသခင်အလိုရှိတော်မူသော နေရာသို့ သူတို့ရောက်ရှိသွားအောင် သင့်အနေဖြင့် သူတို့ကိုမခေါ်ဆောင်နိုင် ထားသော သဘောသက်ရောက်ပါသည်။
ဝိညာဉ်ရေးဆိုင်ရာ ဦးစီးခေါင်းဆောင်ဆိုသည်မှာ ဆုတောင်းခြင်း၌ မွေ့လျော်သောသူဖြစ်ပါသည် - ဆုတောင်းခြင်းအတွက် အချိန်ကို အတော် အတန် အသုံးချခြင်းသည် အသင်းအုပ်ဆရာတစ်ယောက်၏ နေ့စဉ်အသက် တာတွင် မုချအပြည့်အဝလိုအပ်သည့် ယုံကြည်စိတ်ချရသော လုပ်ရပ်ဖြစ်ပါ သည်။ ဤအချက်သည် ခရစ်ယာန်တစ်ဦးချင်းတို့၏ အသက်တာတွင် ရှိနေရ မည့် အစိတ်အပိုင်းဖြစ်နေရမည်ဆိုသည့်တိုင် အသင်းအုပ်ဆရာအတွက်မှာမူ သူ၏အသက်တာတွင် အထူးထူးသော မှန်ကန်မှုပင်ဖြစ်ပါသည်။ ဆုတောင်း ခြင်းဆိုသည်မှာ ရိုးစင်းသောရိုးရာဓလေ့ထက် လေးနက်မှုအရာတွင်ပိုပါသည်။ သင်လက်ရှိရောက်ရှိနေသောအနေအထားထက်သာလွန်ပြီးတစ်စုံတစ်ယောက် ကိုမျှ သင်ဦးဆောင်နိုင်မည်မဟုတ်ပါ။ (Gene Mauch) အသင်းအုပ်ဆရာ တစ်ယောက်သည် အစားအသောက်သုံးဆောင်ချိန်များတို့တွင်လည်းကောင်း၊ အိပ်ရာဝင်ချိန်၊ အသင်းသူအသင်းသားတို့ထံသို့ အလည်အပတ်သွားရောက် ချိန်နှင့် ဥပုသ်တော်နေ့တွင် တရားဒေသနာတော်ကို မဟောကြားမီအချိန်တို့ တွင် အချိန်များစွာယူပြီး ဆုတောင်းခြင်းကိုပြုလုပ်ပါက ထိုလုပ်ရပ်သည် သူ၏ ကျရှုံးမှုအတွက် ကံဆိုးမိုးမှောင်ကျအောင် လုပ်ဆောင်သကဲ့သို့ရှိပါသည်။ သူ သည် သူ၏အသက်တာ၌ ပုံမှန်လုပ်ဆောင်ရမည့်ဆုတောင်းခြင်းလုပ်ရပ်မရှိပါ လျှင် သူသည် ဝိညာဉ်တော်နှင့်အမြဲတစေ ပြည့်၀မှုရှိမည်မဟုတ်ပါ။ ဘုရား သခင်အပေါ် ကျွန်ုပ်တို့၏တစ်စုတစ်စည်းတည်းသော မှီခိုအားထားမှုကို အမြဲ တစေအမှတ်ရမည့်အပြင်၊ အခြားသော လူတို့ကိုလည်း ထုတ်ဖော်ပြောဆိုကြ ရပါမည်။ ဘုရားသခင်ပါရှိတော်မူခြင်းမရှိဘဲ မည်သည့်အရာကိုမျှ ကျွန်ုပ်တို့ မလုပ်ဆောင်နိုင်ကြပါ။
အသင်းအုပ်ဆရာတိုင်းတို့သည် သူ၏ အသင်းသားတို့၏ နာမည်စာရင်း ဇယားကို ရေးဆွဲထားရကြပါမည်။ နေ့စဉ်နေ့တိုင်းမဟုတ်သည့်တိုင်၊ ရက်သတ္တ ပတ်တွင် အကြိမ်အတော်များများ သူပြုစုထားသော နာမည်စာရင်းအတိုင်း သူတို့တစ်ဦးချင်းအတွက် တွေးတောစဉ်းစားပေးကာ သူတို့အားဦးဆောင်တော် မူပြီး ကာကွယ်ရန်နှင့်ကောင်းချီးပေးတော်မူရန်အတွက် ဘုရားသခင်ထံတော် တွင် ဆုတောင်းပေးရကြပါမည်။ ကိုယ်ကာယအားဖြင့်လည်းကောင်း၊ စိတ် ခံစားမှုအားဖြင့်လည်းကောင်း၊ ထို့အပြင် ဝိညာဉ်ရေးအားဖြင့်လည်းကောင်း၊ ဖျားနာသောသူအများရှိကြပါသည်။ ကျွန်ုပ်မသိသေးသည့်တိုင် သိသာသော ဒုက္ခပြဿနာနှင့်ကြုံတွေ့နေရကြသည့် တစ်စုံတစ်ယောက်သော သူတို့အတွက် ဆုတောင်းပေးရန် ဘုရားသခင်သည် ကျွန်ုပ်၏ နှလုံးသား၌ ဝန်ထုပ်ဝန်ပိုးကို အခါအားလျော်စွာတင်ထားပေးတော်မူပါသည်။ ရှင်ပေါလုက ကောရိန်သုမြို့ ရှိအသင်းတော်အား (၁ကော ၄း၁၅) တွင် “သင်တို့တွင် ခရစ်တော်၏ အကြောင်းကိုသင်ပေးသော ဆရာတစ်သောင်းရှိငြားသော်လည်း၊ အဘအများ မရှိ. . .” ဟူ၍ ဩဝါဒပေးခဲ့ပါသည်။ ဤကဲ့သို့သောအလားတူဖြစ်စဉ် မျိုးသည် ယခုကာလတွင်လည်း ဖြစ်ပျက်လျက်ရှိနေပါသည်။ သခင်ယေရှုခရစ် တော် အကြောင်းကို ပို့ချသင်ကြားသော တရားဟောဆရာအများအပြားရှိပါ သော်လည်း အသင်းအုပ်ဆရာတစ်ယောက်ကျင့်သုံးရမည့် သူတို့၏ လူစုတော် တို့ကိုချစ်ခြင်းမေတ္တာ ထားရှိသောတရားဟောဆရာမျိုး အနည်းငယ်မျှသာရှိကြ ပါသည်။ ကောင်းမြတ်သော တရားဟောဆရာနှင့် ကောင်းသောသင်းအုပ် ဆရာနှစ်ဦးတို့စပ်ကြား အဓိက ကွာခြားချက်တစ်ခုရှိပါသည်။ ကောင်းသော အသင်းအုပ်ဆရာသည် ကောင်းမွန်သောတရား ဒေသနာကိုဟောကြားသည် ထက် ပိုမိုသောဆောင်ရွက်ချက်တို့ကို လုပ်ဆောင်ရာတွင် သူ၏အသင်းတော် ဝင်တစ်ဦးချင်းအပေါ်၊ သူ၏ရင်ဝယ်သားကဲ့သို့ ချစ်ခြင်းမေတ္တာထားရှိပါသည်။
အသင်းအုပ်ဆရာဆုတောင်းချက်မည်သည် အသင်းတော်၏အရေးကိစ္စ လောက်နှင့်ပင် အဆုံးမသတ်သင့်ပါ။ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ အသက်တာ ကဏ္ဍတစ်လျှောက်လုံးအတွက်ပါ ဖြန့်ကြက်မှုရှိရပါမည်။ အရာ မြှောက်ခြင်းခံရသော အသင်းအုပ်ဆရာတစ်ယောက်သည် ကောင်းကင်ဘုံရှိ ရွှေပြည်တော်ကြီးတွင် အောင်မြင်သော အသက်တာဖြင့်နေထိုင်လိုပါက ဤ ကမ္ဘာမြေပေါ်တွင်သူနေထိုင်စဉ်အတွင်း ဆုတောင်းခြင်းအတွက် များစွာသော အချိန်ကိုအသုံးပြုရပါမည်။
ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တစ်ဦးသည် ဘာသာတရားကိုင်းရှိုင်းမှု ကို သေရေးရှင်ရေးကိစ္စရပ်အဖြစ်ခံယူထားသောသူဖြစ်ရပါမည် - အသင်းအုပ် ဆရာနှင့်ပတ်သက်သည့်အမှုတော်ဆောင်ရွက်ခြင်းတွင် တရားဟောပြောခြင်း သည် အရေးကြီးသောကဏ္ဍတစ်ခုအဖြစ်ရှိနေသော်လည်း အင်လင်ဝှိုက်က ကျွန်ုပ်တို့အား အောက်ပါအတိုင်းအသိပေးနှိုးဆော်ခဲ့ပါသည်။ “အမှုတော် ဆောင်ကိုပြောကြားလိုသည်မှာ ဟောကြားရုံသက်သက်ထက်၊ အမှုတော်တွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်းဖြင့် ပိုင်းခြား၍ သိရှိနိုင်အောင် ပိုမိုလုပ်ဆောင် ပါ။ ဤအတွက်အမြတ်ဖြစ်ပြီးအရေးတကြီးရှိလှသောအလုပ်ကို ဖြည့်ဆည်းပေး နိုင်ရန်အတွက် အစဉ်ထာ၀ရတည်မြဲကာ စိတ်ဝင်စားမှုမျိုးဖြင့် အမှုတော် ဆောင်သည့်ဘာသာရေးကိုင်းရှိုင်းမှုကို သေရေးရှင်ရေးတမျှ လက်ကိုင်ထားသူ ဖြစ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက သူ၏ကြိုးပမ်းမှုများသည် ဘုရားသခင်လက်ခံ တော်မမူသောအရာများသာဖြစ်ပေလိမ့်မည်။
သူသည် မိမိကိုယ်ကိုချီးမြှောက်သော စိတ်နေသဘောထားမျိုးရှိသောသူ မဟုတ်သည့် သို့မဟုတ် သူ၏ကိုယ်ပိုင်အစွမ်းအစကို ချီးမြှောက်သည့်သူမဟုတ် ရမူဘဲ သူသည်ပြိုင်ဘက်ကင်းသော ကရုဏာတရားရှိသူဖြစ်ပြီး၊ သခင်ယေရှု ခရစ်တော်ကို ချစ်ခြင်းမေတ္တာရှိသောအရာတွင် မိမိကိုယ်ကိုချီးမြှောက်ရမည့် အရေးပါသော အကြောင်းအချက်တို့ကို သတိမူမိခြင်းရှိသူဖြစ်ရပါမည်။ ထိုနောက်တွင် သူသည် ဘုရားသခင်နှင့် အနီးကပ်လျှောက်လှမ်းသူဖြစ်ရပါ မည်။ သူ၏ ဘာသာတရားကိုင်းရှိုင်းမှုရှိပြီး စစ်မှန်သည့် မြင့်မြတ်သန့်ရှင်းမှုရှိ သော အသက်တာမျိုးကို သူသွားလေရာရာ၌ သယ်ဆောင်သွားသည့်အပြင် သူ၏အားလုံးသောအလုပ်တို့တွင် ပေါင်းစပ်ရက်လုပ်ထည့်သွင်းခြင်းအားဖြင့် သူ့အားအောင်မြင်ပြီးစွမ်းဆောင်နိုင်သော လုပ်သားတစ်ဦးအဖြစ်သို့ ရောက်ရှိ သွားစေမည်ဖြစ်ပါသည်။
သူ၏အသင်းတော်၏ဝိညာဉ်ရေးအသက်တာသည် သူ၏ကိုယ်ပိုင်ဝိညာဉ် ရေးအသက်တာနှင့် တိုက်ရိုက်ချည်နှောင်ထားခြင်းရှိနေသည်ဆိုခြင်းကို သင်း အုပ်ဆရာတစ်ဦးသည် သတိမူမိရပါမည်။ သင်၏အသင်းတော်သည်လည်း နိုးကြားမှ လိုအပ်ပါက သင့်အနေဖြင့် ကိုယ်တိုင်နိုးကြားမှုရှိရပါမည်။ သင်၏ ကိုယ်၌က အပြောင်းအလဲဖြစ်ပေါ်မလာပါက အသင်းတော်အပြောင်းအလဲကို သင်လုပ်ဆောင်ရာတွင် ထိရောက်မှုရှိမည်မဟုတ်ပါ။ ဦးစီးခေါင်းဆောင်မှုတွင် အရာရာတိုင်းတို့သည် အတက်အကျများရှိနေတတ်သည်ဆိုသည့် ဆိုရိုးစကား ကို သင်သတိရမည်ဆိုသည်ကို သံသယရှိစရာမလိုပါ။ ဤအချက်သည် အသင်းတော်၏ ဝိညာဉ်တော်ရေးရာကိစ္စတွင် အထူးတလည် မှန်ကန်မှုရှိပါ သည်။
ကောင်းသောသင်းအုပ်ဆရာတစ်ယောက်သည် သူ၏အမှုတော်ဆောင် ရွက်ခြင်းကို လူတို့နှင့်သခင်ခရစ်တော်၏အမှုတော်တို့တွင် ဗဟိုပြုရမည်ဖြစ်ပြီး၊ ခရစ်တော်၏အကျင့်စရိုက်တော်ကိုလည်း အသင်းအုပ်ဆရာက ရောင်ပြန်ဟပ် နိုင်ရမည်ဖြစ်သည်။ ဘုရားသခင်က သူ့အားပေးအပ်ထားတော်မူသော လူစု တော်တို့၏ရှေ့တွင် အသင်းအုပ်ဆရာတစ်ယောက်သည် စံပြနမူနာအဖြစ်ရှိ နေရပါမည်။ အသင်းအုပ်၏စွမ်းအားသည် သူ၏ဟင်းကို ထူးခြားသည့် အရည် အသွေး သို့မဟုတ် အရည်အချင်းများမှဖြစ်တည်လာခြင်းမဟုတ်မူဘဲ၊ သူ့ကို ခေါ်တော်မူသော ဘုရားသခင်ထံတော်မှသာ ရောက်ရှိလာခြင်းဖြစ်ပါသည်။ သူ၏အသက်တာကို သူ၏လျှာ၏သွေးဆောင်ပဲ့ပြင်မှုအတိုင်း ခံယူကျင့်သုံးသင့် ပါသည်။ “တစ်ဖက်သားကိုနှိမ့်ချပြောဆိုခြင်းဖြင့် သင်သည် ဦးဆောင် ဦးရွက် မလုပ်ရပါ။ ဤလုပ်ရပ်သည် တစ်ဖက်သားအပေါ် ကိုယ်ထိလက်ရောက်ကျူး လွန် စော်ကားရာရောက်ပါသည်” (ဒွိ(ကိတ်)ဒီအိုင်စိုင်(န်)ဟောတိန်း)။
ဝိညာဉ်ရေးခေါင်းဆောင်တစ်ယောက်အနေဖြင့် ချစ်ခြင်းမေတ္တာဖြင့်သာ လျှင် ဦးဆောင်မှုပေးရပါမည် - အကြင်နာတရားကင်းမဲ့သူ သို့မဟုတ် အကြမ်း ဖက်မှုမည်သည် အသင်းတော်ခေါင်းဆောင်မှုတွင် ၎င်းတို့အတွက်နေရာမရှိ ပါ။ ဝိညာဉ်ရေးခေါင်းဆောင်တို့အနေဖြင့် သူတို့၏တာဝန်များကို ထမ်းရွက်ကြ ရာတွင် နိုင်လိုမင်းထက်အပြုအမူများ မကျင့်သုံးရမည့်အပြင် အာဏာရှင် ဆန်ဆန်ဖြင့် အသင်းတော်ကိုမအုပ်ချုပ်ရပါ။ သူတို့သည် တင်စီးသော အနေ အထားရှိပြီး သက်ဦးဆံပိုင်ပုံစံမျိုးရှိသောအနေအထားမျိုးဖြင့် မအုပ်ချုပ်ရပါ။ သို့ရာတွင် သူတို့သည် ဦးဆောင် ဦးရွက်နေရကြပါမည်။
“ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်မှု၏ရည်ရွယ်ချက်”
ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်မှု၏အဓိကရည်ရွယ်ချက် နှစ်မျိုးနှစ်စားရှိ
ပါသည်။
ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြပါ - ကြီးမားသောအဆောက်အဦ တို့ကိုတည်ဆောက်ကြပြီး သို့မဟုတ် အသင်းတော်အတွက် ရန်ပုံငွေကို ပိုမို ရှာဖွေပေးနိုင်ကြသောခေါင်းဆောင်များတို့ကို လူတို့သည် အလေးပေးကြသည် အလျောက် အသင်းသူအသင်းသားတို့အား တက်တက်ကြွကြွရှိကြစေရန် စိတ်ဓာတ်လှုံ့ဆော်ပေးနိုင်ကြသောခေါင်းဆောင်တို့သည် ကျော်ကြားမှုရှိပြီး လူ ကြိုက်များကြပါသည်။ သို့သော်လည်း ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တစ်ဦး မှာမူ သူ၏တစ်ခုတည်းသောစိတ်ဓာတ် လှုံ့ဆောင်ပေးမှုမှာ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းခြင်းပင်ဖြစ်ပါသည်။
ဝိညာဉ်ရေးရာခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် ကြီးမားသော အရာများတို့ကို အသင်းတော်အစီအစဉ်များကို မြှင့်တင်ပေးခြင်း၊ သာသနာပြု လုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုများတွင် လူတို့အားပါဝင်လာစေရန် ဆော်ဩစည်း ရုံးခြင်း၊ ကျမ်းစာသင်ပေးခြင်းသင်တန်းများကို ဖွင့်လှစ်ပေးခြင်း၊ ဧဝံဂေလိ သတင်းစကားတော်ဆိုင်ရာစစ်သည်တော်တို့အား ဦးဆောင်ဦးရွက်ပြုခြင်းတို့ နှင့် ထောင်ချီအရေအတွက်ရှိသော လူတို့အား နှစ်ခြင်းမင်္ဂလာပေးခြင်းတို့အား ဖြင့် လုပ်ဆောင်နိုင်ပါသည်။ သို့သော် အမှုတော်ဆောင်ခြင်း၏ မှန်ကန်မှုရှိ သောရည်ရွယ်ချက်မှာ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းရန်နှင့် သူ၏ ဘုန်း အသရေတော်ကို ချီးမြှင့်ရန်သာဖြစ်သည်ဆိုခြင်းကို သတိတရရှိပါ။ သင်၏ လုပ်ငန်းဆောင်တာအတွက် ဤအမှန်တရားသည် စေ့ဆော်မှုအဖြစ်ရှိပါစေ။ ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်များတို့ကို ဘုရားသခင်က တန်ဖိုးဖြတ်ရာတွင် ထိုခေါင်းဆောင်၏ လုပ်ဆောင်ချက်ပြီးမြောက်မှုအပေါ် ဗဟိုပြုအကဲဖြတ်တော် မူခြင်းမဟုတ်ပါ။ သင်၏ ရည်ရွယ်ချက်တို့ကိုကြည့်ပြီး ဆင်ခြင်တော်မူပါသည်။ အထူးကွဲပြားသော အရာအတော်များများတို့သည် ခေါင်းဆောင်တစ်ဦးအား တက်ကြွမှုရှိအောင်ဆွဲဆောင်နိုင်ပါသည်။ သို့သော်လည်း ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်တစ်ဦး၏ အဓိကဖြစ်ရမည့်ရည်ရွယ်ချက်မှာ ဘုရားသခင်၏ ဂုဏ် တော်ကို အစဉ်အမြဲချီးမွမ်းရန်ဖြစ်ပါသည်။
အခြားသောသူတို့ကိုအစေခံပါ - သခင်ယေရှုသည် အစေခံတော်မူရန် အတွက် ဤလောကသို့ကြွလာတော်မူခဲ့သည်ဆိုခြင်းကို ကျွန်ုပ်တို့သတိမူမိသင့် ကြရပါမည်။ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမြှောက်ရမည့်အစား မိမိတို့ကိုယ် ကိုမိမိတို့ချီးမြှောက်ပြီး အခြားသူတို့အား အလုပ်အကျွေးပြုရမည့်အစား မိမိတို့ ကိုယ်ကို အလုပ်အကျွေးပြုကြသည့် လုပ်ရပ်များအတွင်းသို့ ချော်လဲကျသွားရန် အလွန် လွယ်ကူလှပါသည်။ ဝိညာဉ်ရေးဦးစီးခေါင်းဆောင်များ ဖြစ်ကြသည် အလျောက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အရင်းခံစိတ်ပါဝင်စားမှုတို့ကို အမြဲ တစေသုံးသပ်ဆန်းစစ်ကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့ဆုတောင်းသင့်ကြသည်မှာ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်းပြီး အခြားသောသူတို့အား အစေခံလိုလှပါသည် ဟူ၍ဖြစ်ပါသည်။ မိမိကိုယ်ကို လည်း ဒီအလုပ်ကိုငါဘာဖြစ်လို့ လုပ်နေရသလဲဟူ၍ ပြန်လည်မေးမြန်းပါ။ ကျွန်ုပ်တို့၏ ပြုမူကျင့်ကြံမှုများတို့သည် မှန်ကန်သောရည်ရွယ် ရင်းမျိုးဖြစ်စေ ရန်အတွက် သေချာအောင် ကျွန်ုပ်တို့က လုပ်ဆောင်ရကြပါမည်။
“ဝိညာဉ်ရေးဆိုင်ရာဦးစီးခေါင်းဆောင်မှုလုပ်ငန်းကို လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခြင်း”
ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်မှုသည် ပဋိပက္ခဖြစ်စဉ် ကာလအတွင်း တွင် သိသာစွာပေါ်လွင်ထင်ရှားလှပါသည်။ အသင်းတော်ဝင်များတို့သည် အယူဝါဒများဝတ်ပြုခြင်းပုံစံ၊ သို့မဟုတ် ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာတို့နှင့် ပတ်သက် ပြီး မလိုအပ်ဘဲအငြင်းအခုံဖြစ်လာပါက အသင်းအုပ်ဆရာများနှင့် အသင်းလူ ကြီးများတို့သည် အနုတ်သဘောဆောင်သည့်သဘောထားတို့ကို လူသိသူသိ ထုတ်ဖော်ပြောကြားကြမည့်အစား ငြိမ်သက်ခြင်းချမ်းသာနှင့် မိတ်သဟာယဖွဲ့ ခြင်းတို့ကိုမြှင့်တင်ပေးခြင်းဖြင့် ဝိညာဉ်ရေးရာဦးစီးခေါင်းဆောင်မှုလုပ်ရပ်ကို ပြသရကြပါမည်။
ဝိညာဉ်ရေးရာဦးစီးခေါင်းဆောင်မှုဆိုသည်မှာ ယုံကြည်အားကိုးရသည့် အနေအထားတွင် ရှိရန်လိုအပ်ပါသည်။ လူများတို့အနေဖြင့် သူတို့၏ အခက် အခဲပြဿနာတို့ကိုဖွင့်ချပြောဆိုရန်နှင့် ပုဂ္ဂလိကပြန်ကြားရေးဌာနမှ ၎င်းပြဿ နာတို့ကို လူသိသူသိဖြစ်သွားအောင်လုပ်ဆောင်သည်ကိုလည်း မစိုးရိမ်ကြရန် လိုအပ်ပါသည်။ ယုံကြည်ကိုးစားမှု သို့မဟုတ် သစ္စာစောင့်သိမှုနှင့် ဂုဏ်သိက္ခာ ရှိမှုမျိုးကင်းမဲ့ပါက၊ ကောင်းမွန်သောအမှုတော်ဆောင်လုပ်ငန်းကို တည်ထောင် ရန်မဖြစ်နိုင်ပါ။
ဝိညာဉ်ရေးဆိုင်ရာဦးစီးခေါင်းဆောင်မှုသည် ဂုဏ်သိက္ခာရှိမှုကို ပြသပေး ပါသည်။ အသင်းတော်ခေါင်းဆောင်များတို့သည် လမ်းညွှန်မှုကိုခံယူရရှိကြရန် နည်းလမ်းရှာရကြပါမည်။ သူတို့၏အသက်တာတို့သည် အပြစ်တင်ခံရသည့် အနေအထား၏အပေါ်တွင်သာ ရှိနေရန်လိုအပ်ပြီး၊ သို့မှသာလျှင် သူတို့၏ အကြံပေးမှုနှင့် နည်းပေးလမ်းပြမှုတို့သည် အလေးထားခြင်းခံရပေလိမ့်မည်။ ၎င်းသည် အသင်းတော်ခေါင်းဆောင်တို့အနေဖြင့် ကုံလုံပြည့်စုံမှုရှိကြသည် ဟူ၍ ပြောဆိုနိုင်ရေးအတွက် မဟုတ်ပါ။ ထို့ပြင်မက သူတို့ကိုသူတော်ကောင်း ယောင်ဆောင်မှုမရှိသည့်၊ သူတို့ဟောပြောသော အကြောင်းအချက်တို့ကို လေ့ ကျင့်ကြရန် ကြိုးစားကြသူများအဖြစ်ပြောဆိုရန်လည်းမဟုတ်ပါ။
ဝိညာဉ်ရေးဆိုင်ရာဦးစီးခေါင်းဆောင်မှုသည် ဝေဖန်မှုနှင့်ကင်းသော ကရု ဏာတရားကို အခြားသူတို့အားထုတ်ဖော်ပြောဆိုရန်ဖြစ်ပါသည်။ လူတို့သည် အမှားများကိုပြုလုပ်မိကြပါက၊ သူတို့သည် အကြံဉာဏ်ပေးမှုနှင့်အကူအညီ ပေးမှုတို့ကိုလိုအပ်ကြပြီး၊ ရှုတ်ချပြောဆိုခြင်းကိုခံရကြရန်မဟုတ်ပါ။ ဤအချိန် များတွင် ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်မှုကို ကမ်းလှမ်းလာပါက၊ သူသည် သူ၏ပြဿနာတို့ကို အဖြေရှာရေးအတွက် သူ၏ပြဿနာအကြောင်းနှင့် သူ လို အပ်သောအကူအညီအကြောင်းတို့ကို ဝိညာဉ်ရေးခေါင်းဆောင်ကို ထုတ်ဖော် ပြောပြရပါမည်။
ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်မှုသည် အကျင့်စရိုက်ပိုင်းနှင့် ပြည့်စုံ ကောင်းမွန်သောလူမျိုးကိုလိုအပ်ပါသည်။ မည်သည့်ဦးဆောင်မှုမျိုးတွင်မဆို အကျင့်စရိုက်သည် အလွန်အရေးကြီးလှသည်ဖြစ်သော်လည်း ဝိညာဉ်ရေးဆိုင် ရာ ခေါင်းဆောင်များအတွက်ဆိုလျှင် အထူးတလည်အရေးကြီးလှသော အရာ ဖြစ်ပါသည်။ အကယ်၍သာသင်သည် သင်၏ဂုဏ်သတင်းကိုသာ ဆုံးရှုံးလိုက်ရ ပါက ဦးဆောင်မှုအရာကိုလည်း လက်လွတ်ခံလိုက်ရပေမည်။ ကျွန်ုပ်တို့၏ ပြုမူ ကျင့်ကြံမှုသည် ကျွန်ုပ်တို့၏သတင်းစကားပင်ဖြစ်ပါသည်။ ဝိညာဉ်တော်ရေးရာ ၏ အရည်အသွေးအကြောင်းနှင့်ပတ်သက်ပြီး ဩဝါဒစာများရေးသားပေးရာ တွင် ရှင်ပေါလုသည် အကျင့်စရိုက်ပိုင်းဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းရေး သားထားပါသည်။ သင်သည် ဝိညာဉ်ရေးဆိုင်ရာ ဦးစီးခေါင်းဆောင်တစ်ဦး အဖြစ်ဖြင့်ရှိနေလိုပါက သင်သည် ကောင်းမွန်သော အကျင့်စရိုက်မျိုးရှိသူဖြစ်ရ ပါမည်။
“အတတ်နိုင်ဆုံး၊ အကောင်းဆုံးအနေအထားတွင်သင်ရှိနေပါ”
အကောင်းဆုံးသောဦးစီးခေါင်းဆောင်များတို့သည် အရာအားလုံးတို့နှင့်ပတ်သက်သည့် သူတို့၏ ဟောပြောမှုအတိုင်း ကျင့်သုံးလုပ်ဆောင်ကြကာ အရေးပါမှုတို့ကိုမူ ဂရုမထားဘဲနေကြပါသည်။ ကောင်းမွန်သောဦးဆောင်မှုပုံစံ မျိုးကို ကျင့်သုံးလုပ်ဆောင်ရန် အခွင့်အလမ်းမြောက်မြားစွာရှိနေကြပါသည်။ ဤကျွမ်းကျင်မှုမျိုးတို့ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရေးမှာ မည်သည့် အခါမျှနောက်ကျခြင်းမရှိပါ။
အကောင်းမြင်သဘောထားကိုလက်ကိုင်ထားပါ – ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်များတို့သည် အကောင်းမြင်သဘောထားကို လက်ကိုင်ထားကြရ မည်ဖြစ်ပြီး အကြောင်းရင်းမှာ ဘုရားသခင်သည် အရာရာတို့ကိုထိန်းချုပ်ထား တော်မူသည်ဆိုခြင်းကို သူတို့သိထားကြခြင်းကြောင့်ဖြစ်ပါသည်။ ခေါင်းဆောင် တို့မည်သည်မှာ ပတ်ဝန်းကျင်တွင် အခြေအနေများတို့ကြောင့် စိတ်ဓာတ်ကျ ဆင်းသည့်အနေအထားသို့ မိမိတို့ကိုယ်ကိုအရောက်မခံရပါ။ အသင်းတော်ထဲ တွင် မပြည့်မစုံဖြစ်မှုမျိုးကို သူတို့တွေ့မြင်လာကြရသောအခါတွင် သူတို့၏ အသင်းသူအသင်းသားများတို့ကို ပိုမိုကောင်းမွန်သော အနေအထားမျိုးသို့ ရောက်ရှိလာကြရန် တည်ဆောက်နိုင်သည့် အခွင့်အလမ်းတစ်စုံတစ်ရာကို သူတို့တွေ့ရှိကြပါသည်။
လိမ္မာပါးနပ်မှုရှိပါ - (ကောလောသဲ ၄း၅-၆) တွင် ရှင်ပေါလုက “ပြင်ပလူ တို့၏မျက်နှာကိုထောက်လျက်၊ ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကို ရွေး နုတ်ကြလော့။ လူအသီးသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည် အကြောင်း သင်တို့စကားသည် ဆားအားဖြင့် ငန်သောအရသာနှင့်ပြည့်စုံလျက် အစဉ် မပြတ်တင့်တယ်လျောက်ပတ်ပါစေ” ဟူ၍ ဩဝါဒပေးထားပါသည်။ “လိမ္မာပါးနပ်မှုသည် စိတ်အားလုံး၏အသိဉာဏ်ဖြစ်ပါသည်” (လူမသိသူမသိ ပုဂ္ဂိုလ်)။ ထို့အပြင် သုတ္တံဆရာကလည်း (သုတ္တံ ၂၅း၁၁) တွင်ကျွန်ုပ်တို့အား “လျောက်ပတ်သောစကားသည် ငွေအပြောက်မှာစီခြယ်သော ရွှေရှောက်ချိုသီး နှင့်တူ၏” ဟူ၍ ဆုံးမထားပါသည်။ ဦးစီးခေါင်းဆောင်တို့သည် လူတို့၏ စိတ် နှလုံးတို့ကို ပြောင်းလဲပေးကြမည်ဖြစ်ပြီး၊ အမှုတော်လုပ်ငန်းကိုင်ငန်းတစ်ခုကို ပြီးဆုံးသွားစေရန်မဟုတ်ကြောင်းကို သတိရကြရပါမည်။ လိမ္မာပါးနပ်မှုရှိလှ သောခေါင်းဆောင်သည် သင်၏ခြေထောက်သည် ဤဖိနပ်အတွက် အလွန်ကြီး လှသည်ဆိုသောစကားနှင့် ဖိနပ်သည် သင်၏ခြေထောက်အတွက် ဆိုလျှင် အလွန်ငယ်လွန်းလှပါသည်ဆိုသည့်စကားနှစ်မျိုးတို့၏ခြားနားမှုကိုသိရှိပါသည်။ သူ၏လူတို့၏စိတ်ကျေနပ်နှစ်သိမ့်မှုကို အောင်နိုင်စိုးမိုးနိုင်သော ကျေးဇူးတော် မျိုးကို လိမ္မာပါးနပ်သော ခေါင်းဆောင်တစ်ယောက်အနေဖြင့် ပိုင်ဆိုင်ရရှိထား ပါသည်။
သင်တန်းပေးသူတစ်ယောက်အဖြစ်ရှိနေပါ - ကျွမ်းကျင်မှုအရည်အချင်း ရှိသော ခေါင်းဆောင်တို့သည် သင်တန်းပို့ချသူများ ဖြစ်ရကြပါမည်။ ဘုရား သခင်၏ အသင်းတော်အပါအဝင် မည်သည့်အဖွဲ့အစည်းအတွက်မျိုးမဆို သင်တန်းပေးခြင်းသည် ပြီးပြည့်စုံမှုရှိပြီး၊ သီးခြားခွဲထုတ်၍မရနိုင်သောအရာ ဖြစ်ပါသည်။ များစွာသော အသင်းအုပ်ဆရာများတို့သည် တရားဟောချက်ကို ပြင်ဆင်ရန်အတွက် အချိန်ကို များစွာအသုံးပြုထားကြပြီး၊ သူတို့၏အသင်းသား အသင်းသူတို့ကို သင်တန်းပို့ချပေးရန်အတွက်ကိုမူ အချိန်ကိုအနည်းငယ်မျှသာ အမှန်တကယ်ရယူကြပါသည်။ အယ်လင်ဝှိုက်က အသင်းအုပ်ဆရာတို့အနေ ဖြင့် တရားဟောပြောပေးခြင်းထက် ပညာပေးခြင်းအလုပ်အတွက် အချိန်ကိုပိုမို ရယူရန်အကြံပြုထားပါသည်။ ထို့အပြင်သူမက “ကျွန်မတို့၏ လူတို့ကို အကြီး မားဆုံးသောအနေအထားမျိုးဖြင့်ကူညီကြရန်မှာ သူတို့အနေဖြင့် ဘုရားသခင် အတွက်အလုပ်လုပ်ပေးရန်နှင့် အမှုတော်ဆောင်တို့အပေါ် မမှီခိုကြဘဲ၊ ဘုရား သခင်အပေါ်၌သာ မှီခိုတတ်ကြရေးကို သင်ကြားပို့ချရေးပင်ဖြစ်ပါသည်” ဟူ၍ အခိုင်အမာနှိုးဆော်ထားခဲ့ပါသည်။ အသင်းတော်အတွင်းတွင် သင်တန်းပို့ချ ပေးခြင်းမရှိပါက ဖြစ်ပေါ်လာမည့်အကျိုးရလဒ်မှာ –
s အသင်းတော်တွင်းလုပ်သားများလျော့ပါးလာခြင်း
s အကျိုးဖြစ်ထွန်းမှုကင်းမဲ့ခြင်း
s ပုဂ္ဂိုလ်ရေးအရ တိုးတက်မှုတုံ့ဆိုင်းမှုရှိခြင်း၊ လူအင်အား အရေအတွက် နည်းပါးလှသောအဖွဲ့အစည်းများအဖြစ်သို့ရောက်ရှိခြင်း
s စေတနာ့ဝန်ထမ်းလုပ်ဆောင်သူအရေအတွက်ကျဆင်းသွားခြင်းများတို့ ဖြစ်ကြပါသည်။
အသင်းတော်ခေါင်းဆောင်များဖြစ်ကြသည့်အလျောက်၊ ကျွန်ုပ်တို့သည် ရွေးကောက်တင်မြှောက်ခြင်းဆိုသည်မှာ အရည်အချင်းပြည့်မီခြင်းဟူ၍ အဓိ ပ္ပါယ်မျိုး မသက်ရောက်ကြောင်းကို မမေ့ပျောက်နိုင်ကြရန်ဖြစ်ပါသည်။ ကျွန်ုပ် တို့သည် တာဝန်ခွဲဝေပေးခြင်းခံလာရပါက သင်တန်းပို့ချခြင်းဆိုင်ရာ တာဝန်ယူ မှုကို ကျွန်ုပ်တို့လက်ခံရကြပါမည်။ ဒေသတွင်းအသင်းတော်တွင်း၌ ကျွန်ုပ်တို့ သည် သင်တန်းပို့ချခြင်း အစီအစဉ်အများအပြားတို့ကို လုပ်ဆောင်ကြရန်လို အပ်ပါသည်။
အသင်းတော်ဦးဆောင်ဦးရွက်မှု သင်ကြားလေ့လာခြင်းတွင် ရှာဖွေတွေ့ရှိ ချက်အရ ကောင်းမွန်သောသင်တန်းပို့ချမှုကိုခံယူပြီး အသင်းတော်၏အမှုတော် တွင် မိမိကိုယ်ကိုမိမိဆက်ကပ်ထားသော စေတနာ့ဝန်ထမ်းအသင်းသား (၁၀) ဦးတို့သည် အချိန်ပြည့်သင်းအုပ်ဆရာတစ်ယောက်၏ လုပ်ဆောင်မှုနှင့် တန်း တူအနေအထားတွင်ရှိကြပါသည်။ တစ်နည်းအားဖြင့် သင်တန်းပို့ချထားခြင်းခံ ရပြီးသောလူအယောက် တစ်ရာတို့၏ လုပ်ဆောင်မှုသည် အသင်းအုပ်ဆရာ ဆယ်ယောက်တို့၏အတူတကွ ပူးပေါင်းလုပ်ဆောင်မှုတို့နှင့်တူညီမှုရှိပါသည်။
အကြောင်းမလှစွာဖြင့် ကျွန်ုပ်တို့သည် အသစ်သောခေါင်းဆောင်တို့ကို လုံလုံလောက်လောက်မစုဆောင်းနိုင်ကြပါ။ ဤအတွက် အကျိုးရလဒ်တစ်ခု အဖြစ် “အကယ်၍သာ ထိုအကြီးအကဲကွယ်လွန်သွားပါက၊ ကျွန်ုပ်တို့သည် သူ၏နေရာတွင် အစားထိုးစရာလူတစ်ယောက်မျှမရှိပါ” သို့မဟုတ် အကယ်၍ သာ ထိုအကြီး အကဲမိသားစုသည် အခြားသောမြို့ကြီးတစ်မြို့သို့ ပြောင်းရွှေ့ သွားကြပါက၊ ကျွန်ုပ်တို့၏အသင်းတော်သည် သူ၏ဝတ်ပြုကိုးကွယ်ခြင်း ဘုရား ကျောင်းတံခါးတို့ကို ပိတ်ထားကြရပါလိမ့်မည်ဟူသော စကားမျိုးကို ကျွန်ုပ်တို့ ကြားရကြပါလိမ့်မည်။ ဤကဲ့သို့သောသင်တန်းပို့ချမှုမျိုးကင်းမဲ့ခြင်းသည် ကျွန်ုပ် တို့ကုစားရကြမည့် ဝမ်းနည်း ဖွယ်ရာလက်တွေ့ အခြေအနေမျိုးပင်ဖြစ်ပါသည်။
အိပ်မက်မက်သူတစ်ယောက်အဖြစ်ရှိနေပါ - ပိုမိုကောင်းမွန်သော အနာ ဂတ်ကို အိပ်မက်မက်ခြင်းသည် မနားမနေလှုပ်ရှားဆောင်ရွက်မှုကို အဖြေပေး ခြင်းပင်ဖြစ်ပါသည်။ ခေါင်းဆောင်များဖြစ်ကြသည်အလျောက်၊ ကျွန်ုပ်တို့သည် ပစ္စုပ္ပန် ကာလတွင်ကျေနပ်နှစ်သိမ့်မှုရှိရကြမည်မဟုတ်ပါ။ ကျွန်ုပ်တို့ကိုယ်ကို သို့မဟုတ် ကျွန်ုပ်တို့၏ အသင်းတော်များတို့ကိုတိုးတက်မှုမရှိ၊ ရပ်တန့်နေသည့် အနေအထားသို့ ရောက်ရှိစေရန်အတွက် ခွင့်မပြုသင့်ကြပါ။ ကျွန်ုပ်တို့သည် တိုးတက်မှုအတွက် အစဉ်အမြဲနည်းလမ်းတို့ကို ရှာဖွေရကြမည်ဖြစ်ပြီး၊ အန္တ ရာယ်အလွန်ကြီးမားသော ပတ်ဝန်းကျင်အခြေအနေတို့ကို ရင်ဆိုင်ကြုံတွေ့ ရမည်ဆိုသည့်အချက်ကို ဂရုထားစရာမလိုပါ။ (၄ရာ ၆း၁၅-၁၇) တွင် ဧလိရှဲ နှင့်သူ၏ကျွန်အကြောင်းကို ကျွန်ုပ်တို့အား အသိပေးဖော်ပြထားပါသည်။ သူတို့ သည် အာရှုရိလူမျိုးတပ်မတော်ကြီးက ဝိုင်းရံပိတ်ဆို့ထားခဲ့ကြသော ဒေါသန် မြို့ကြီးအတွင်းပိတ်မိနေကြပါသည်။
“ကျွန်ုပ်တို့သည် ကြီးမားသောအရာတို့ကိုအပြီးသတ်နိုင်ကြရန် လုပ်ရပ်ဖြင့် ချည်းသာမဟုတ်ဘဲ အိပ်မက်စိတ်ကူးယဉ်ခြင်းလည်း ပါရှိရမည်ဆိုရာတွင် အစီ အစဉ် ရေးဆွဲခြင်းဖြင့်ပင်မကဘဲ ယုံကြည်ချက်ပါ ပါရှိရပါမည်” (အနာတိုလီ ဖရဲ့(န်စ်)။ မျှော်လင့်ချက်ကင်းမဲ့သွားလောက်ပြီဟု ထင်မှတ်စရာဖြစ်ပါသည်။ သူ၏ ကျွန်သည် တုန်လှုပ်ချောက်ချားခြင်းဖြင့်အော်သံပြုသောအခါ ဧလိရှဲက “အိုထာ၀ရဘုရား၊ သူသည်မြင်နိုင်မည်အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူ ပါ” ဟူ၍ ဆုတောင်းခဲ့ပါသည်။ ဧလိရှဲ၏ကျွန်လူငယ်၏ မျက်စိအား ဘုရား သခင်ဖွင့်ပေးတော်မူသောအခါ၊ သူတို့နှစ်ဦးဘက်အခြမ်းတွင် မီးမြင်းများနှင့် မီးသံချပ်ကာရထားများရပ်နေသည်ကို ထိုလူငယ်ကလေးက တွေ့မြင်ခဲ့ရပါ သည်။
အနာဂတ်၏ ပြဿနာအခက်အခဲများတို့အပေါ် လွှမ်းခြုံထားသော ဘုရား သခင်၏တန်ခိုးတော်ကို ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တို့က မြင်တွေ့ရနိုင်ပါ သည်။ မျက်မြင်အားဖြင့်ထူးကဲလှသောယှဉ်ပြိုင်ဘက်များအကြားတွင် အောင်ပွဲ ခံနေသောဘုရားသခင်၏ ဘုန်းတန်ခိုးတော်အချုပ်အခြာအာဏာတော်ကို သူ တို့တွေ့မြင်ကြရပါသည်။
(ယောလ ၂း၂၀) ကကျွန်ုပ်တို့အား အသက်ကြီးသောသူတို့သည် နိမိတ် အိပ်မက်တို့ကိုမြင်မက်ကြရလိမ့်မည်ဟူ၍ ကျွန်ုပ်တို့အားပြောပြထားပါသည်။ အိုမင်းလာသောသူတို့သည် သူတို့အနေဖြင့်ကုလားထိုင်နောက်မှီရင်းအေးအေး လူလူထိုင်ကာ ဖန်တီးနိုင်စွမ်းကို လူငယ်လူရွယ်တို့ထံသို့လွှဲပြောင်းပေးနိုင်ကြ လိမ့်မည်ဟူ၍ ထင်မှတ်နေကြသည်ကို မြင်တွေ့နေရသည်မှာ မည်မျှဝမ်းနည်း ဖွယ်ရာဖြစ်နေပါသနည်း။ အသက်အရွယ်အိုမင်းလာခြင်းသည် လူတစ်ယောက် ကိုတိုး၍ဖန်တီးနိုင်စွမ်းရှိအောင် လုပ်ဆောင်ပေးရမည်ထက် အီလည်လည်ဖြစ် သွားအောင် လုပ်ဆောင်ခြင်းသည် ဝမ်းနည်းဖွယ်ရာဖြစ်နေပါသည်။ အသစ် အသစ်သောအသင်းတော်တိုင်း၊ အသစ်အသစ်သောအမှုတော်ဆောင်လုပ်ငန်း၊ အသစ်အသစ်သောအဖွဲ့အစည်းတိုင်းနှင့် အသစ်အသစ်သော ကြိုးပမ်းအား ထုတ်မှုတိုင်းတို့သည် စိတ်ကူးစိတ်သန်းနှင့်အခွင့်အလမ်းကိုလက်မလွတ်စတမ်း အသုံးချနိုင်ခြင်းတို့၏ရလဒ်များပင်ဖြစ်ကြပါသည်။
ချစ်ခြင်းမေတ္တာရှိသောသူတစ်ယောက်အဖြစ်ရှိနေပါ – ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်များတို့သည် သူတို့၏လူတို့အပေါ် ချစ်ခြင်းမေတ္တာထားရှိကြပါ သည်။ သူတို့၏အပြောအဆိုများနှင့် စိတ်နေသဘောထားများတို့အားဖြင့် သူတို့၏ ပတ်လည်တွင်ရှိနေကြသော သူတို့အတွက် အလုပ်အကျွေးပြုရာတွင် ဝမ်းမြောက်ရွှင်လန်း ခြင်းကိုဖော်ထုတ်ပြသကြပါသည်။
မှတ်ချက် - လူတို့၏အပြောအဆိုများနှင့်စိတ်နေသဘောထားများတို့အား ဖြင့် သူတို့၏ပတ်လည်တွင်ရှိနေကြသောသူတို့အတွက် အလုပ်အကျွေးပြုကြရာ တွင် ဝမ်းမြောက်ရွှင်လန်းခြင်းကို ဖော်ထုတ်ပြသကြပါသည်။ (ဤဝါကျကို မူရင်းစာအုပ်တွင် နှစ်ခါပြန်ရေးသားထားသဖြင့် မူရင်းစာအုပ်အတိုင်းနှစ်ခါပြန် ပြန်လည်ရေးသားထားပါသည်) ချစ်ခြင်းမေတ္တာရှိကြရန် ကျွန်ုပ်တို့မည်ကဲ့သို့ သင်ကြားရယူကြမည်နည်း။ မိမိ၏အိမ်ထောင်မိသားစုမှနေပြီးစတင်ပါ။ (ဧဖက် ၅း၂၅) တွင်ရှင်ပေါလုက “အချင်းယောက်ျားတို့. . . ကိုယ်ခင်ပွန်းကို ချစ်ကြ လော့”ဟူ၍ ဩဝါဒပေးထားခဲ့ပါသည်။ ဤကဲ့သို့သောရိုးစင်းသော ညွှန်ကြား ချက်တစ်ခုရှိသည့်တိုင်၊ ဤအချက်ကို မကြာခဏကြိမ်ဖန်များစွာ မျက်စိလျှမ်း သွားတတ်ကြပါသည်။ သင်၏ အမှုတော်ဆောင်လုပ်ငန်းအတွက် သင်၏ ကိုယ်ရေးကိုယ်တာ အသက်တာတွင် စွန့်လွှတ်ဆက်ကပ်ခြင်း ချိန်ခွင်ညီမျှမှု အတွက် အန္တရာယ်ရှိနေပါသည်။ သင်၏ အသင်းသူအသင်းသားများတို့ များပြားလာရေးအတွက် သင်၏ ထိမ်းမြားလက်ထပ်ခြင်းကို လက်လွတ်ရခြင်း သည် မည်မျှကောင်းကျိုးမျိုး ဖြစ်ထွန်းလာမည်နည်း။ ကျွန်ုပ်တို့သည် ချစ်ခြင်း မေတ္တာကို ထုတ်ဖော်ပြောကြားရခြင်းကို တန်ဖိုးထားသောခေါင်းဆောင်များ တို့ကို လိုအပ်ကြပါသည်။
သင်၏ဇနီးသည်အတွက် ကြည်နူးဖွယ်ရာအမှတ်တရကတ်ပြားကို ရေးသားပေးပါ။သူ့အတွက်ပန်းများကိုဝယ်ပေးပါ။ တစ်ရက်စာခွင့်ယူပြီး သူတစ်ယောက် တည်းနှင့်ထိုခွင့်တစ်ရက်ကိုကုန်လွန်ပေးပါ။ သူမကိုဒေါက်ဖြုတ်ခြင်းမပြုပါနှင့်။ ၎င်းအစား သူမကိုချီးမွမ်းခန်းဖွင့်ပြောပါ။ သင်သူမကို စကားပြောသောအခါ သူမ၏မျက်လုံးများကို တည့်တည့်ကြည့်ပြီးပြောဆိုပါ။ လုပ်ဆောင်စရာ စာရွက် စာတမ်းများတို့ကို ဘေးဖယ်ထားပါ။ ကူညီသိမ်းဆည်းပေးပါ။ သူမအတွက် ပါတီပွဲတစ်ခုကျင်းပပေးပါ။ သူမကို ချစ်ခင်ကြင်နာပါ။ သင့်အနေဖြင့် သူမကို ချစ်ခင်ကြင်နာခြင်းမရှိပါက ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်ရရှိနေသော အောင်မြင်မှုအားလုံးတို့သည် သင်၏အိမ်ထောင် မိသားစုအတွင်း သင်၏ကျရှုံး မှုနှင့်နှိုင်းယှဉ်ကြည့်လိုက်ပါက မည်သို့မျှအဓိပ္ပါယ်မရှိနိုင်တော့ပါ။ သင်၏ဇနီး သည်ကိုချစ်ခင်ကြင်နာခြင်းသည် သင်၏အသင်းတော်ကို သင့်အနေဖြင့်ပိုမိုချစ် ခင်လာရန် သင့်အားကူညီပါလိမ့်မည်။
“ကောင်းသောခေါင်းဆောင်တစ်ဦး”
ကောင်းသောခေါင်းဆောင်တစ်ဦးသည် သူ၏ အသင်းသူအသင်းသား တို့၏ မျှော်လင့်ချက်များ၊ အိပ်မက်များနှင့်ပြင်းပြသော ရည်မှန်းချက်တို့ကို နားလည်ပါသည်။
ကောင်းသောခေါင်းဆောင်ကောင်းတစ်ဦးသည် ထင်သာမြင်သာရှိသော ဖြူစင်ရိုးသားမှုနှင့်တာဝန်ခံမှုတို့ကို ယုံကြည်မှုရှိပါသည်။
ကောင်းသောခေါင်းဆောင်တစ်ဦးသည် ပိုမိုကြီးမားသည့် ကောင်းမြတ် ခြင်းကို သူ၏အသင်းသူအသင်းသားများတို့က ရရှိကြရန် ဦးတည်လုပ်ဆောင် ပေးပါသည်။
ကောင်းသောခေါင်းဆောင်တစ်ဦးသည် လူများတို့ကို ရွေးချယ်ပိုင် ခွင့် အာဏာကို ခွဲဝေပေးတတ်ပါသည်။
ကောင်းသောခေါင်းဆောင်တစ်ဦးသည် လိမ္မာပါးနပ်မှုရှိခြင်း၊ ခြိုးခြံချွေ တာမှုရှိခြင်း၊ တာဝန်ယူမှုရှိခြင်းနှင့် စိတ်ပါဝင်စားမှုရှိခြင်းတို့နှင့် ပြည့်စုံသူဖြစ် ပါသည်။
ကောင်းသောခေါင်းဆောင်တစ်ဦးသည် အခြားသောသူတို့က မနက်ဖြန် နေ့မှာလုပ်ဆောင်ကြရန် စဉ်းစားကြသည့်အရာကို သူသည် ယနေ့အတွင်း တွင်လုပ်ဆောင်သူဖြစ်ပါသည်။
ကောင်းသောခေါင်းဆောင်တစ်ဦးသည် မည်ကဲ့သို့သော အကျိုးသက် ရောက်မှုရှိသော အမိန့်မျိုးထုတ်ပြန်မည်ဆိုသည့်တိုင် လုပ်ရင်းကိုင်ရင်း ကျူး လွန် မိသောစေတနာ အမှားမျိုးကိုမကြောက်ပါ။
ကောင်းသောခေါင်းဆောင်တစ်ဦးသည် နောက်ထပ်မျိုးဆက်များမွေးဖွား လာခြင်းမရှိသေးသည့်တိုင် ထိုအနာဂတ်မျိုးဆက်များအတွက်ကြိုတင်လမ်းခင်း ပေးထားပါသည်။
ကောင်းသောခေါင်းဆောင်ကောင်းတစ်ဦးသည် တရားမျှတမှု လမ်း ကြောင်းတွင် သူ၏ မဟာမိတ်များနှင့်မိတ်ဆွေများအတွက် စိတ်အနှောင့် အယှက်ဖြစ်ပေါ်စေသည့်တိုင်၊ သတ္တိအရာတွင် ရေခဲတောင်ပြိုကျသည့်အလား ရပ်တည်တောင့်ခံပေးပါသည်။
ကောင်းသောခေါင်းဆောင်ကောင်းတစ်ဦးသည် သူ၏ အကျင့်စရိုက်ပိုင်းဆိုင်ရာအနေအထားနှင့် သူ၏ရည်ရွယ်ချက်ဆိုင်ရာ ဂုဏ်သိက္ခာတို့အပေါ် အခြေခံပြီး အကဲဖြတ်ခြင်းခံရပါသည်။
ကောင်းသောခေါင်းဆောင်ကောင်းတစ်ဦးသည် အားလုံးသောသူတို့ထက်သာလွန်သည့် ကျွမ်းကျင်လိမ္မာမှုရှိသော နောက်လိုက်တစ်ဦးအဖြစ် ရှိနေပါ သည်။
“သင်သည်ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တစ်ဦးမဖြစ်သေးဘဲ ကောင်းသောသင်းအုပ်ဆရာတစ်ဦးဖြစ်နိုင်ပါမည်လား။”
ရောင်ပြန်ဟပ်မှု၊ စဉ်းစားဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် ဆွေးနွေး တိုင်ပင်ညှိနှိုင်းခြင်းတို့အတွက်မေးခွန်းများ။
၁။
ဝိညာဉ်ရေးဆိုင်ရာခေါင်းဆောင်တစ်ဦးကို သင်မည်ကဲ့သို့အဓိပ္ပါယ်ဖွင့်ဆို မည်နည်း။
၂။
ဘုရားသခင်၏ ဘုန်းအာနုဘော်တော်အတွက် အရာရာတိုင်းတို့ကို ပြီး မြောက်စေရမည်ဆိုပါက၊ ကျွန်ုပ်၏ ဦးဆောင်မှုတွင် မည်သည့်အပြောင်း အလဲများ ရှိနိုင်ပါမည်နည်း။
၃။
ခေါင်းဆောင်တစ်ဦးတွင်ရှိသော အရည်အချင်းများအနက် မည်သည့် အဓိကကျသောအရည်အချင်းတို့ကို သင်တန်ဖိုးထားရပါမည်နည်း။
၄။
အသင်းတော်၏ ဦးစီးခေါင်းဆောင်မှုတွင် ဂုဏ်သိက္ခာသည် အဘယ် ကြောင့် အလွန်အရေးတကြီးဖြစ်ရပါသနည်း။
၅။
သင်၏ ဦးဆောင်မှုကဏ္ဍကို မည်သည့်လက္ခဏာသွင်ပြင်များတွင် တိုး တက်မှုရှိလာအောင်လုပ်ဆောင်မည်၊ ထို့အပြင် ထိုအနေအထားဆီသို သင်မည်ကဲ့သို့ အရောက်တက်လှမ်းနိုင်မည်နည်း။
No comments:
Post a Comment