Monday, April 27, 2026

 

နိဒါန်း

    ငါသည်နှစ်သက်သောသူတို့ကို သင်းအုပ် (ခေတ်သုံးတွင် သိုးထိန်းဟုရေး ထား NKJV တွင် Pastor ဟုရေးထား) အရာ၌ခန့်ထား၏။ သူတို့သည် ဉာဏ်ပညာနှင့်ပြည့်စုံလျက်သင်တို့ကိုအုပ်ကြလိမ့်မည်။ (ယေရမိ ၃း၁၅)

    ကျွန်ုပ်တို့သည် ကောင်းသောအသင်းအုပ်ဆရာများ လိုအပ်ကြပါသည်။ ယနေ့တွင်များစွာသော ကျွန်ုပ်တို့အသင်းတော်ဝင်အသင်းသားတို့သည် ထာ၀ရ ဘုရားထံတော်သို့ အသည်းအသန်အော်ဟစ်ပြီး၊ ကျွန်ုပ်တို့ထံသို့ ကောင်းသော အသင်းအုပ်ဆရာတစ်ယောက်ကိုစေလွှတ်ပေးသနားတော်မူပါဟူ၍ တောင်းဆို နေကြပါသည်။ အသင်းတော်ကိုအုပ်ချုပ်သော အဖွဲ့အစည်းဝင်များအနေဖြင့် အသင်းတော်ခေါင်းဆောင်တို့ကို ရှာဖွေရရှိသော အသင်းအုပ်ဆရာသည် ဘုရားသခင်က သူ၏အသင်းတော်အတွက် အလိုတော်ရှိသောသူဟူ၍သာ သဘောထားနေကြပါသည်။

    သင်သည်ထက်မြက်သော၊ ကောင်းသော အသင်းအုပ်ဆရာတစ်ယောက် ဖြစ်နေပါသလား။သင်၏အိမ်ထောင်ဖက်သည် သင့်အားကောင်းသော အသင်း အုပ်ဆရာတစ်ယောက်ကဲ့သို့မြင်နေပါသလား။ သင်၏အသင်းတော်သူ အသင်း တော်သားတို့ကလည်း သင့်အားကောင်းသော အသင်းအုပ်ဆရာတစ်ယောက် အဖြစ် ထင်မြင်ယူဆပါသလား။

    အောင်မြင်သောသင်းအုပ်ဆရာ တစ်ယောက်ဆိုသည်မှာ မည်သည့်အရာ ကိုဆိုလိုပါသနည်း။နှစ်နှစ်တာကာလအတွင်း အသင်းသားအဖွဲ့ဝင် အယောက် ငါးဆယ်မှ အယောက်ငါးရာရှိလာသည်အထိ တိုးပွားလာအောင် လုပ်ဆောင် နိုင်သော အသင်းအုပ်ဆရာကို ကောင်းသောအသင်းအုပ်ဆရာအဖြစ် သတ် မှတ်၍ရပါမည်လား။ အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင် စိတ်အားထက်သန် ပြီး၊ ကမ္ဘာတစ်ဝန်းလုံး၏သာသနာပြု လုပ်ငန်းလှုပ်ရှားမှုများအတွက် ထောက်ပံ့ မှုပေးနိုင်ရန် ထောင်ပေါင်းများစွာသော ဒေါ်လာငွေများကို ရှာဖွေပေးနိုင်ရုံမျှ ဖြင့် ကောင်းသောအသင်းအုပ်ဆရာအဖြစ်သို့ရောက်ရှိလေပြီလား။

    ကျွန်ုပ်၏ မိတ်ဆွေအသင်းအုပ်ဆရာတစ်ယောက်က တစ်ချိန်က ပြောခဲ့ဖူး သည်မှာ သင့်အနေနဲ့ကောင်းသော အသင်းအုပ်ဆရာတစ်ယောက်ဖြစ်ချင်လျှင် အသင်းသူအသင်းသားတွေကို သင်ကြားပေးရမည့်အရာသုံးမျိုးက ဘယ်လို ဆုတောင်းရမယ်၊ ကျမ်းစာတော်မြတ်ကို ဘယ်လိုလေ့လာရမယ်ဆိုတာတွေနဲ့ နောက်ဆုံးအချက်က သူတို့ရဲ့ယုံကြည်ခြင်းကို ဘယ်လိုဝေငှပေးရမယ်ဆိုတဲ့ အချက်တွေပဲ ဟူ၍ပြောပြခဲ့ပါသည်။

    တောင်အမေရိကဒီဝီဇံမှ အသင်းတော်ခေါင်းဆောင်ဟောင်းတစ်ယောက် ပြောနေကျစကားတစ်ခုမှာ သာမန်ထက်လွန်ကဲသောအနေအထားအတွင်းမှ၊ ပုံမှန်အခြေအနေကိုခွဲထုတ်လိုက်သောအရာမှာ အသေးအဖွဲအဖြစ် သတ်မှတ်ခံ ရသော အကြောင်းခြင်းရာများပင်ဖြစ်သည်ဟု ဆိုခဲ့ဖူးပါသည်။ ဤအကြောင်း နှင့်ပတ်သက်ပြီး ဥပမာရှင်းပြခဲ့ရာတွင် မာစီးဒီးကားက ဘာဖြစ်လို့ဈေးအရမ်း ကြီးပြီး၊ လေဒါကား (ရုရှားလုပ်ကား) က ဘာဖြစ်လို့ဈေးသက်သာရတာလဲ။ အဲဒီကားအမျိုးအစားနှစ်ခုလုံးဟာ တံခါးပေါက်တွေရှိကြတယ်။ မောင်းနှင်တဲ့ စက်တစ်လုံးစီ၊ ပြီးတော့ ထိုင်ခုံတွေနဲ့ကားဘီးတွေအကုန်ရှိကြတယ်။ အေး၊ ဒါပေမယ့် အသေးအဖွဲကလေးတွေလို သဘောထားခံရတဲ့အသေးစိတ်ပစ္စည်း တွေကြောင့် မတူကွဲပြားမှုကိုဖြစ်ပေါ်စေတာပါ ဟူ၍ ပြောဆိုခဲ့ပါသည်။

    ကျွန်ုပ်သည် ကောင်းသော အသင်းအုပ်ဆရာတစ်ယောက်ကို ရရှိရေး အတွက် တွေးတောမျှော်မှန်းကြည့်သောအခါ ကျွန်ုပ်၏အတွေးထဲသို့ များစွာ သောပုံရိပ်များ ပေါ်ပေါက်လာပါသည်။ ၎င်းတို့အထဲမှ မျှတသည့် ကောင်းချီး မင်္ဂလာပေးခြင်းခံရရာတွင် ထူးခြားသောစရိုက်လက္ခဏာများ၊ ကျွမ်းကျင်မှုများ နှင့်ကောင်းမွန်သောစိတ်နေသဘောထားတို့ဖြင့် ပေါင်းစည်းမှုရှိသော လူတစ်စုံ တစ်ဦးကို တွေ့မိလိုက်ပါသည်။ ထို့အပြင် သူမည်သည့်အရာကို သိရှိရန်လိုအပ် သေးသည်၊ သူမည်သည့်အရာကိုလုပ်ရဦးမည်၊ ထို့အပြင်သူသည် မည်ကဲ့သို့ သောသူမျိုးဖြစ်လာရမည်ဆိုသည့်အချက်တို့ကို သိရှိသောသူတစ်ဦးတလေကို လည်း ကျွန်ုပ်တွေ့မြင်ရပါသည်။ အသင်းအုပ်ဆရာ ဆိုင်ရာအကြောင်းအရာ နှင့်ပတ်သက်ပြီးဝေငှစရာထင်မြင်ချက်များနှင့်သင်ကြားရယူရမည့်အရာ အများ အပြားရှိသေးသည်ဆိုသည့် အားကောင်းမောင်းသန်ခိုင်မာသော ထင်မြင်ယူဆ ချက်ဖြင့် ဤစာအုပ်ကို ကျွန်ုပ်ရေးသားခြင်းဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် မည် သည့်နည်းနှင့်မျှ ကုံလုံပြည့်စုံသော သင်းအုပ်ဆရာတစ်ယောက် မဖြစ်လာသေး ပါ။ ကျွန်ုပ်၏ အသက်တာတွင် ပိုမိုလုပ်ကိုင်ဆောင်ရွက်ပြီး ပိုမိုကောင်းမွန်သည့် အသင်းအုပ်ဆရာတစ်ယောက် ဖြစ်လာရေးသည် ကျွန်ုပ်၏ ဆန္ဒဖြစ်ပါသည်။ ကျွန်ုပ်၏ အမှုတော်ဆောင် သက်တမ်းအနှစ်သုံးဆယ်နီးပါး ကာလအတွင်း ကျွန်ုပ်သည် ကမ္ဘာတဝန်းလုံးရှိ နေရာအများအပြားသို့ခရီးနှင်ခဲ့ကာ အသင်း အုပ်ဆရာရေးရာနှင့်ပတ်သက်သည့် မရေမတွက်နိုင်သော အကြံပေးဥာဏ်ပေး ခြင်းများနှင့် အစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့ပါသည်။ အခြားသော အသင်းအုပ်ဆရာများ၊သူတို့၏အိမ်ထောင်ဖက်များတို့နှင့်အသင်းတော်အသင်း သူအသင်းသားတို့နှင့် စကားပြောဆိုရသောအခွင့်အရေးအများ အပြားရရှိခဲ့ပါ သည်။ ဤတွင်ကျွန်ုပ်တို့အနေဖြင့် အသင်းအုပ်ဆရာအများစုတို့သည် သူတို့ အားပေးထားသော လုပ်ပိုင်ခွင့် သို့မဟုတ် သင်တန်းပေးထားပြီးသော လုပ် ဆောင်ရမည့်အလုပ်ထက်ကျော်လွန်ကာ တာဝန်ခံထားခြင်းနှင့် သူတို့နှင့်မဆိုင် သောအခြားအလုပ်တို့ကိုပါ လုပ်ဆောင်နေကြသည်ကို ကျွန်ုပ်သိရှိခဲ့ရပါသည်။ အခြားတစ်ဖက်တွင်လည်းရုန်းကန်နေရသည့်သင်းအုပ်ဆရာတို့ကိုလည်းကျွန်ုပ် တွေ့ရှိခဲ့ရပါသည်။ သူတို့၏ အသင်းသူအသင်းသားတို့က သူတို့၏ ဟောပြော ခြင်းညံ့ဖျင်းမှု၊ အမှန်တကယ်မရှိသောကြည့်ရှုစီရင်ခြင်းများနှင့် ဦးဆောင်နိုင်မှု ညံ့ဖျင်းခြင်းအကြောင်းတို့ကို ညည်းညူပြောကြားကြပါသည်။ ဤအချက်သည် သူတို့၏အသင်းသားထုတို့နှင့်ဆက်ဆံရေးတွင် ထူးချွန်ထက်မြက်သောစံပြများ အဖြစ်မှ မကြာခဏဝေးကွာသွားစေမည်ဖြစ်ပါသည်။

    အမှုတော်ဆောင်ရေးလုပ်ငန်းဆိုင်ရာ လုပ်ရည်ကိုင်ရည် မြင့်မားရေး အတွက် ပဓာနကျသောကျွမ်းကျင်မှုများနှင့် တာဝန်ယူမှုများတို့ကို ဖော်ဆောင် နိုင်ရေးအတွက် အမှုတော်ကို ဆောင်ရွက်ခြင်းနှင့် အထွတ်အမြတ်ဖြစ်သော လုပ်ငန်းကိုင်ငန်းတိုးတက်မှုရှိစေရန် ကျွန်ုပ်သည် ဤစာအုပ်ဖြင့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်တို့အား ကူညီရာရောက်သည်ဟု မျှော်လင့်ပါသည်။ သို့ဖြစ် စေကာမူ ဤစာအုပ်သည် အသင်းအုပ်ဆရာများတို့အား ကန့်သတ်ချုပ်ချယ် ခြင်းမဟုတ်ပါ။ သူတို့၏ အသင်းသူအသင်းသားတို့အား အလုပ်အကျွေးပြုကြ ရန်အတွက် မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံပြီးကြသော အသင်းတော် အကြီး အကဲများနှင့် အခြားသောအသင်းတော်ခေါင်းဆောင်များအတွက်လည်းဖြစ်ပါ သည်။ သူတို့၏အသင်းတော်တွင် စစ်မှန်သောအသင်းအုပ်ဆရာ တစ်ယောက် ဖြစ်လာရေးသည် မည်ကဲ့သို့သောအဓိပ္ပါယ်မျိုးသက်ရောက်သည့် ခြုံငုံသုံးသပ် ထားချက်တစ်ခုကို ဝေငှပေးခြင်းဖြင့် ဤသာမန်အသင်းတော်အကြီးအကဲများ နှင့် အခြားသောအကြီးအမှူးတို့အား အထောက်အကူပေးရန်မှာ ကျွန်ုပ်၏ ဆန္ဒဖြစ်ပါသည်။

    ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်ဖြစ်ခြင်း၏ ဆုလာဘ်များတို့ သည် များပြားလှပါသည်။ ဘုရားသခင်သည် သူ၏ လူမျိုးတော်တို့ထံတွင် အမှုတော်ထမ်းရွက်ရန်အတွက် သူ၏ ခေါ်တော်မူခြင်းကိုခံရသောသူအား ပေး အပ်တော်မူသော အလုပ်ထက် ပိုမိုမြင့်မြတ်သော သို့မဟုတ် ဝမ်းမြောက်ရွှင် လန်းစရာဖြစ်သော အခြားမည်သည့်အလုပ်မျှမရှိကြောင်းကို အမှန်တကယ် ကျွန်ုပ်ယုံကြည်မှုရှိပါသည်။ ကောင်းသောအသင်းအုပ်ဆရာတစ်ယောက်အဖြစ် သို့ ရောက်ရှိခြင်းသည် မည်သည့်အဓိပ္ပါယ်မျိုးဖော်ဆောင်သည်ကို သိရှိရေး အတွက်စာပေဖတ်ရှုခြင်း၊ စူးစမ်းရှာဖွေဖော်ထုတ်ခြင်းနှင့်လက်တွေ့အကောင် အထည်ဖော်ရာတွင် သင့်အနေဖြင့် လေးနက်စွာဖြင့်အသိဉာဏ်တိုးတက်ရန် နှင့်ကောင်းချီးပေးခြင်းခံရရေးသည် ကျွန်ုပ်၏ ဆုတောင်းချက်ပင်ဖြစ်ပါသည်။

 

ယောန(စ်)အာရာယခ်(စ်)

 

No comments:

Post a Comment