အချေအတင်ပြောဆိုခြင်း
မဿဲ ၂၂း၁၅-၄၆။ မာကု ၁၂း၁၃-၄၀။ လုကာ ၂ဝး၂၀-၄၇ တို့ကိုအခြေပြု ထားပါသည်။
ယဇ်ပုရောဟိတ်များနှင့်ယုဒလူအကြီးအကဲများသည် ထိရောက်သော ခရစ် တော်၏ ဆုံးမစကားများကို ငြိမ်၍နားထောင်နေကြပါသည်။ ကိုယ်တော်၏ အပြစ် တင်မှုများကိုလည်း သူတို့မငြင်းကွယ်ခဲ့ကြချေ။ သို့ရာတွင် ကိုယ်တော်ရှင်အားလှည့် ဖြားသောနည်းဖြင့်ဖမ်းဆီးရန် ပို၍ခိုင်မာစွာဆုံးဖြတ်ချက်ချကာ ထိုရည်ရွယ်ချက်ဖြင့် “ကိုယ်တော်ကိုချောင်းမြောင်းလျက် စကားတော်၌အပြစ် ရှာ၍ မြို့ဝန်မင်းလက်သို့ အပ်နှံသောအခွင့်ကိုရခြင်းငှာ သူတော်ကောင်းဖြစ် ယောင်ဆောင်သောသူလျှိုတို့ကို အထံတော်သို့စေလွှတ်ကြ၏။” စေလွှတ်ခဲ့ သောသူလျှိုများသည် ခရစ်တော်မကြာ ခဏတွေ့ဖူးထားသည့် အသက်ကြီးသော ဖာရိရှဲများမဟုတ်တော့ဘဲ ဖာရိရှဲမှန်းခရစ် တော်သိတော်မူခြင်းမရှိဟု သူတို့ယူဆသည့်စိတ်ဓာတ်ပြင်းထန်သော လူငယ်ဖာရိရှဲ များဖြစ်ကြပါသည်။ ဟေရုဒ်၏တပည့်တော်တချို့သည်လည်း ကိုယ်တော်အား ရုံး တင်စစ်ဆေးမေး မြန်းသောအခါ ဆန့်ကျင်၍သက်သေခံနိုင်ရန်အလိုငှာ ကိုယ်တော် ပြောသော စကားများကိုကြားနာဖို့ သူတို့နှင့်အတူလိုက်လာခဲ့ကြပါသည်။ ဖာရိရှဲများ နှင့် ဟေရုဒ်၏တပည့်များသည် ခါးသီးသောရန်သူများဖြစ်ခဲ့ကြသော်လည်း ယခုအ ချိန်တွင် ခရစ်တော်ကိုရန်ငြိုးဖွဲ့ခြင်း၌ တစ်လုံးတစ်၀တည်းဖြစ်နေခဲ့ကြပါ သည်။
ဖာရိရှဲများသည် ရောမများတောင်းခံသည့်အခွန်အကောက်များကြောင့် အ မြဲတမ်းစိတ်ဆိုးအမျက်ထွက်နေကြသူများဖြစ်ပါသည်။ ထိုအခွန်အကောက်များကို ပေးခြင်းသည် ဘုရားသခင်၏ပညတ်တော်နှင့်ဖီလာဆန့်ကျင်သည်ဟု သူတို့ထင်ခဲ့ ကြပါသည်။ ယခုတွင် ခရစ်တော်အားဒုက္ခပေးရန် အကွက်ကောင်းတွေ့ပြီအထင်ရှိ ကာ ကိုယ်တော်ထံသို့ချဉ်းကပ်ပြီး မိမိတို့လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို ရိုး ရိုးသားသားသိလိုသောသဘောမျိုးဖြင့် “အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရား လမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏” ဟုဆိုကြ၏။
သူတို့သည် အမှန်တကယ်ရိုးသားမှုရှိသူများဖြစ်ကြပါလျှင် ကိုယ်တော်သည် --- ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏ ဟူသောစကားများသည် အံ့ဩစရာကောင်းသောဝန်ခံမှုတစ်ရပ်ဖြစ်ခဲ့ပါလိမ့် မည်။ သို့ရာတွင် သူတို့၏ သက် သေခံချက်သည် မှန်ကန်ပါသော်လည်း ထိုသက်သေခံချက်ကို လှည့်ဖြားရန်အတွက် သာ အသုံးပြုပြောဆိုခဲ့ကြပါသည်။ ဖာရိရှဲများသည် ခရစ်တော်ဟုတ်မှန်စွာ ပြတော်မူ ကြောင်းကို မသိရှိခဲ့ကြချေ။ သို့သော်လည်း ၎င်းတို့၏သက်သေခံချက်အတိုင်း ၎င်း တို့သည်တရားစီရင် ခံကြရပါလိမ့်မည်။
သခင်ယေရှုအား ဤမေးခွန်းကိုမေးမြန်းခဲ့သူများအနေနှင့် ကိုယ့်ကိုကိုယ် လုံလှပြီဟု အထင်ရှိနေကြသော်လည်း ကိုယ်တော်သည် ဖွင့်ထားသော စာအုပ်တစ် အုပ်ကို ဖတ်သည့်နှယ် သူတို့၏စိတ်နှလုံးများကို ဖတ်ရှုနေပြီး ၎င်းတို့၏ လျှို့ဝှက်မှု များသည် ထင်ရှားပေါ်လွင်လျက်ရှိပါသည်။ သို့ဖြစ်၍ အဘယ်ကြောင့်ငါ့ကိုစုံစမ်း နှောင့်ယှက်ကြသနည်းဟု ကိုယ်တော်မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူခြင်းအားဖြင့် မိမိသည် ၎င်းတို့၏လျှို့ဝှက်သော အကြံအစည်များကို ဖတ်နေကြောင်းဖော်ပြလျက် ၎င်းတို့မတောင်းခံသည့်နိမိတ်လက္ခဏာ တစ်ခုကို ပေးတော်မူလျက်ရှိပါသည်။ “အ ခွန်ငွေတစ်ပြားကိုပြပါ” ဟုမိန့် တော်မူသောအချိန်တွင် သူတို့ပို၍စိတ်ရှုပ်သွားကြပါ သည်။ ဒေနာရိတစ်ပြား ကို ကိုယ်တော်ထံသို့ယူလာခဲ့ကြသောအခါ “ဤပုံဤ လိပ် စာကားအဘယ်သူ၏ ပုံအဘယ်သူ၏လိပ်စာဖြစ်သနည်း}} ဟုမေးတော်မူလျှင် ကဲ သာဘုရင်၏ပုံ လိပ်စာဖြစ်ပါသည်ဟုလျှောက်ကြလေ၏။ ထိုအခါ ထိုငွေဒင်္ဂါးပြားကို ညွှန်လျက် “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရား သခင်၏ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့” ဟုမိန့်တော်မူ၏။
သခင်ယေရှုသည် မိမိတို့၏အမေးကို တစ်နည်းမဟုတ်တစ်နည်းဖြင့် မသွယ် မဝှိုက်ဘဲ အဖြေပေးလိမ့်မည်ဟု သူတို့မျှော်လင့်ခဲ့ကြပါသည်။ ကဲသာဘုရင်ကို အခွန် ပေးခြင်းသည် တရားနှင့်မကိုက်ညီဟု ကိုယ်တော်ပြောခဲ့လျှင် ပုန်ကန်ထကြွမှုဖြစ်ရန် ဆွပေးမှုဖြင့် ဖမ်းဆီးရန် ရောမအာဏာပိုင်များထံ ကိုယ်တော်အား အပ်နှံကြပါ လိမ့်မည်။ သို့ရာတွင် အကယ်၍များ အခွန်ဆောင်ခြင်းသည် ပညတ်နှင့်ကိုက်ညီ သော လုပ်ဆောင်မှုဖြစ်ကြောင်း ကိုယ်တော်ဖွင့်ဆိုခဲ့လျှင် ဘုရားသခင်၏ ပညတ် တော်ကိုဆန့်ကျင်သူအဖြစ်စွပ်စွဲရန် သူတို့ကြံစည်ထားကြပါသည်။ ယခုတွင်မူ သူတို့ သည် ဟန့်တားထိုးနှိပ်မှုကိုခံလိုက် ကြရပါသည်။ သူတို့၏အစီအစဉ်များသည် ကစဉ့် ကလျားဖြစ်ကုန်ပါသည်။ ၎င်းတို့၏မေးခွန်းကို အတိုချုံး၍ဖြေဆိုလိုက်သဖြင့် သူတို့ သည် ပါးစပ်အဟောင်း သားဖြစ်ခဲ့ကြရပါသည်။
ခရစ်တော်၏တုံ့ပြန်ဖြေဆိုချက်သည် ဝေ့လည်ကြောင်ပတ်ဖြေဆိုခြင်း မျိုးမ ဟုတ်ဘဲ ပွင့်လင်းသောအဖြေတစ်ခုဖြစ်ပါသည်။ ကိုယ်တော်သည် ကဲသာဘုရင်၏ ရုပ်ပုံနှင့်အမည်ရိုက်နှိပ်ထားသော ရောမငွေဒင်္ဂါးတစ်ခုကို လက်တော်တွင်ကိုင်ထား လျက် ၎င်းတို့သည် ရောမအာဏာပိုင်၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ကြရသော ကြောင့် ဘုရားသခင်၏ စေခိုင်းချက်များနှင့် မဆန့်ကျင်သရွေ့ကာလပတ်လုံးအုပ် ချုပ်သူအစိုးရများကို ထောက်ခံမှုပေးသင့်ကြသည်ဟု ကိုယ်တော်ဖွင့်ဆိုတော်မူခဲ့ပါ သည်။ ထိုနိုင်ငံ၏တရားဥပဒေများကို ငြိမ်းချမ်းစွာလိုက်လျှောက်နေစဉ်တွင် သူတို့ သည် ဘုရားသခင်ကိုအမြဲတမ်းဦးစားပေး သစ္စာစောင့်သိဖို့သင့်ကြောင်းကိုလည်း ထပ်လောင်းမိန့်တော်မူခဲ့ပါသည်။
“ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့” ဟူ သော ကယ်တင်ရှင်၏စကားများသည် လျှို့ဝှက်စွာကြံစည်နေကြသော ယုဒလူများ အတွက် ပြင်းထန်သောဆုံးမချက်တစ်ရပ်ဖြစ်ပါသည်။ အကယ်၍ သူတို့သည် ဘုရား သခင်အားပြုရမည့်ဝတ်များကို သစ္စာရှိစွာဖြင့်လုပ်ဆောင် ခဲ့ကြမည်ဆိုလျှင် သူတို့၏ နိုင်ငံသည် အကွဲကွဲအပြားပြားဖြစ်ပြီး အခြားနိုင်ငံတစ်ခု၏ အုပ်ချုပ်မှုကိုခံကြရလိမ့် မည်မဟုတ်ချေ။ မည်သည့်ရောမအလံတစ်ခုမျှ ယေရုရှလင်မြို့ပေါ်တွင် တလူလူ နှင့်လွင့်နေလိမ့်မည်မဟုတ်ချေ။ မည်သည့် ရောမစစ်သားတစ်ဦးမျှ ယေရုရှလင်မြို့ ၏ဂိတ်များတွင် ကင်းစောင့်နေလိမ့် မည်မဟုတ်ချေ။ မည်သည့်ရောမအရာရှိတစ်ဦး တစ်ယောက်မျှ ယေရုရှလင်မြို့တံတိုင်းအတွင်းတွင် အုပ်ချုပ်ခွင့်ရလိမ့်မည်မဟုတ် ချေ။ သို့သော် ယုဒနိုင်ငံသည် ဘုရားသခင်ထံမှဖောက်ပြန်ခဲ့မှုအတွက် အပြစ်ဒဏ် များကို ခံယူနေခဲ့ရ ပါသည်။
ထိုဖာရိရှဲများသည် ခရစ်တော်၏အဖြေကိုကြားရလျှင် အံ့ဩ၍အထံတော်မှ ထွက်ခွာသွားကြ၏။ ကိုယ်တော်သည် ၎င်းတို့၏သူတော်ကောင်းယောင်ဆောင်မှုများ နှင့် ရဲတင်းမှုများကိုဆုံးမတော်မူ၍ နိုင်ငံတော်အစိုးရအပေါ်မှာ သော်လည်းကောင်း၊ ဘုရားသခင်အပေါ်မှာသော်လည်းကောင်း ပြုရမည့်ဝတ်များကို ရှင်းလင်းစွာဖော်ပြ သည့် နိယာမတစ်ခုကို ထုတ်ဖော်တော်မူခဲ့ပါသည်။ လူများစွာတို့အတွက် စိတ်အ နှောင့်အယှက်ဖြစ်စရာကောင်းသော မေးခွန်း တစ်ခု၏အဖြေကိုရသွားကြပြီး ထိုအ ခါမစ၍ ထိုနိယာမကို သူတို့စွဲကိုင်ကျင့် သုံးကြရန်ဖြစ်ပါသည်။ လူများစွာတို့သည် မ ကျေမနပ်ဖြစ်ကာထွက်သွားကြသော်လည်း မေးမြန်းသည့်မေးခွန်းကို အလေးပြုဖြေ ဆိုထားသည့်နိယာမတစ်ခုကို ဖော်ထုတ်လိုက်သည်ကိုမြင်တွေ့ကာ ခရစ်တော်၏ နက်နဲသောဥာဏ်တော်အတွက် သူတို့အံ့ဩခဲ့ကြရပါသည်။
ဖာရိရှဲများနောက်ဆုတ်သွားပြီးနောက် မကြာမီတွင်ပင် ဇဒ္ဒုကဲများသည် ပါး နပ်လိမ္မာသောမေးခွန်းများကိုမေးရန် ရောက်ရှိလာခဲ့ကြပါသည်။ ဤအဖွဲ့နှစ်ဖွဲ့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခါးခါးသီးသီးဆန့်ကျင်ခဲ့ကြသူများဖြစ် ကြပါသည်။ ဖာရိရှဲများသည် ရိုးရာဓလေ့များကိုတိတိကျကျလိုက်လျှောက် သူများဖြစ်ပြီး အပေါ်ယံဝိနည်းထုံးဖွဲ့ ဥပဒေများကို စိုက်လိုက်မတ်တတ်ကျင့် ဆောင်သူများဖြစ်ကာ ခြေလက်ဆေးကြော ခြင်း၊ အစာရှောင်ခြင်း၊ ဆုတောင်းချက်အရှည်ကြီးများကို အသုံးပြုကာ ဆုတောင်း ခြင်း၊ လူသိရှင်ကြားအလှူအတန်း လုပ်ခြင်းများကို စိတ်အားထက်သန်စွာ ကျင့် ဆောင်သူများဖြစ်ကြပါသည်။ သို့ရာတွင် ၎င်းတို့သည် လူတို့တီထွင်ထားသည့် ပ ညတ်များကို သွန်သင်နေခြင်းအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်နေကြ သည်ဟု ခရစ်တော်မိန့်မြွက်ခဲ့ပါသည်။ ဖာရိရှဲများသည် အဖွဲ့အစည်းတစ်ရပ်အ နေနှင့်တစ်ယူသန်သူများ၊ သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြသော်လည်း ၎င်းတို့ထဲတွင် ခရစ်တော်၏သွန်သင်ချက်များကို လက်ခံယုံကြည်ကာ တပည့်တော် ဖြစ် လာကြမည့် စစ်မှန်သောဘုရားတရားရှိသူများလည်းရှိပါသည်။ ဇဒ္ဒုကဲများက ဖာရိရှဲများ၏ရိုးရာဓလေ့များကို ငြင်းပယ်ကြပါသည်။ သူတို့သည် သမ္မာကျမ်းစာမှ ကျမ်းချက်များစွာတို့ကို ယုံကြည်ကြောင်း၊ ထိုကျမ်းချက်များသည် လုပ်ကိုင်ဆောင် ရွက်မှုများအတွက် စည်းမျဉ်းဥပဒေများဖြစ်သည်ဟု ဝန်ခံခဲ့ကြသော်လည်း လက် တွေ့ပိုင်းတွင်မူသူတို့သည် သမ္မာတရား၏သွန်သင်ချက်များကို သံသယရှိသည့် ရုပ် ဝတ္ထုသမားများသာဖြစ်ကြပါသည်။
ကောင်းကင်တမန်များ တည်ရှိခြင်းကိုလည်းကောင်း၊ သေလွန်သူများ ရှင် ပြန်ထမြောက်ခြင်းကိုလည်းကောင်း၊ အကျိုးအပြစ်ကိုဆပ်ပေးခြင်းခံရမည့် တမလွန် ဘ၀နှင့်ပတ်သက်သည့်ယုံကြည်ချက်ကိုလည်းကောင်း ဇဒ္ဒုကဲများငြင်း ဆိုကြပါ သည်။ အထက်ဖော်ပြပါအချက်များတွင် ၎င်းတို့သည် ဖာရိရှဲများ နှင့်ယုံကြည်မှု ကွဲပြားခြားနားခဲ့ကြပါသည်။ ထိုအဖွဲ့နှစ်ဖွဲ့ကြားတွင် ရှင်ပြန်ထမြောက်ခြင်း အ ကြောင်းသည် အထူးသဖြင့်ငြင်းခုံစရာယုံကြည်ချက်တစ်ခု ဖြစ်ခဲ့ပါသည်။ ဖာရိရှဲ များသည် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို စွဲစွဲမြဲမြဲယုံကြည်သူများဖြစ်ကြသော် လည်း တမလွန်ဘ၀နှင့်ပတ်သက်သော ရှုထောင့်မှာမူ ရှုပ်ထွေးနေကြပါသည်။ သေ ခြင်းအကြောင်းသည် သူတို့အတွက်လိပ် ပတ်လည်အောင်ရှင်းမပြတတ်သည့် ခက်ခဲ နက်နဲမှုတစ်ခုဖြစ်နေပါသည်။ ဇဒ္ဒုကဲ တို့၏ငြင်းဆိုမှုကို ကောင်းမွန်စွာရှင်းပြနိုင်စွမ်း မရှိခဲ့ကြသဖြင့် သူတို့နှစ်ဖွဲ့အကြား အမြဲတမ်းစိတ်ဆိုးစရာများဖြစ်ပျက်ခဲ့ရပါသည်။ သူတို့နှစ်ဖွဲ့ဆွေးနွေးကြသည့်အခါတိုင်း စိတ်ဆိုးမာန်ဆိုးငြင်းခုံမှုများဖြင့်သာ အဆုံး သတ်ခဲ့ကြ သောကြောင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ပို၍သာစိမ်းကားသွားကြပါတော့သည်။
ဇဒ္ဒုကဲများသည် ဖာရိရှဲများထက်လူအရေအတွက်နည်းပြီး သာမန်လူတန်း စားများအပေါ်တွင် များစွာဩဇာမရှိကြသော်လည်း ၎င်းတို့အထဲမှ လူအများစုသည် လူချမ်းသာများဖြစ်သဖြင့် စည်းစိမ်ဂုဏ်ရှိန်ရှိသူများဖြစ်ကြ ပါသည်။ ၎င်းတို့ အဖွဲ့ထဲ တွင် ယဇ်ပုရောဟိတ်အများစုပါဝင်နေကြပြီး ထိုသူများထဲမှ ယဇ်ပုရောဟိတ်မင်း ကြီးကို ရွေးချယ်လေ့ရှိပါသည်။ ထို့ကြောင့် မိမိတို့၏မယုံကြည်သော အတွေးအခေါ် များကို လူသိရှင်ကြားထုတ်ဖော်ပြဌာန်းကာ ထင်ထင်ရှားရှားမပြောခဲ့ကြချေ။ ဖာရိရှဲ များသည် လူဦးရေများသည့်ပြင် ရေပန်းစားသူများဖြစ်သောကြောင့် ဇဒ္ဒုကဲများသည် ယဇ်ပုရောဟိတ်ရာထူးများကိုရရှိထားစဉ် ၎င်းတို့၏ယုံကြည်ချက်များကို အပေါ်ယံ အားဖြင့်လိုက်လျော ကြဖို့လိုအပ်ပါသည်။ သို့ရာတွင် ထိုကဲ့သို့သောရာထူးအတွက် အရည်အချင်း ပြည့်မီခြင်းသည် ၎င်းတို့အားအမှားလုပ်ရပ်များကို လုပ်ဆောင်ရန် ဩဇာလွှမ်းမိုး စေခဲ့ပါသည်။
ဇဒ္ဒုကဲများသည် သခင်ယေရှု၏ သွန်သင်ချက်များကို လက်မခံခဲ့ကြချေ။ ကိုယ်တော်သည် ၎င်းတို့၏အသိအမှတ်မပြုသည့် ဝိညာဉ်တစ်ခု၏ လှုံ့ဆော်မှုကိုခံ ရသည့် အတွက်ကြောင့်တစ်ကြောင်း၊ ဘုရားသခင်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ တမလွန်ဘ၀နှင့်စပ်လျဉ်း၍သော်လည်းကောင်း ပြုတော်မူသည့် ကိုယ်တော်၏ သွန် သင်ချက်များသည် ၎င်းတို့၏အယူအဆနှင့်ဆန့်ကျင် ဖီလာနေခြင်းကြောင့်တစ် ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တော်အား သူတို့ငြင်းပယ်ခဲ့ကြပါသည်။ ဘုရားသခင်သည် လူသားများထက်မြင့် မြတ်တော်မူကြောင်း သူတို့ယုံကြည်ကြ သော်လည်း ဘုရားသခင်၏စိုးမိုးစီစဉ်မှုနှင့် မြင့်မြတ်သောအမြော်အမြင်ရှိခြင်းများ သည် လူသားများအားကောင်း မြတ်သောတန်ခိုးသတ္တိကိုကင်းမဲ့စေပြီး ကျွန်တစ် ဦး၏ အဆင့်သို့တိုင် ယုတ်ညံ့သွားစေသည်ဟု သူတို့ငြင်းချက်ထုတ်ကြပါသည်။ ဘု ရားသခင်သည် လူသားများကိုဖန်ဆင်းပြီးနောက် မည်သူ၏ဩဇာလွှမ်းမိုးမှုမရှိသည့် လွတ် လပ်သောအခြေအနေတွင်ထားရစ်ခဲ့ကြောင်း၊ လူသည်မိမိ၏အသက်တာနှင့် တကွ ကမ္ဘာ့ဖြစ်ရပ်များကို လွတ်လွတ်လပ်လပ်ပုံဖော်နိုင်သူဖြစ်သောကြောင့် ၎င်း၏ အနာဂတ်ရေးသည် ၎င်း၏လက်ထဲတွင်သာရှိကြောင်း သူတို့ယုံကြည် လက်ခံကြပါ သည်။ လူသားများ၏လုပ်ဆောင်မှုတွင်သော်လည်းကောင်း၊ ပကတိနည်းလမ်းများ အားဖြင့်သော်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော် ပါဝင်လုပ်ဆောင်သည် ဆို သည်ကို သူတို့ငြင်းဆိုခဲ့ကြပါသည်။ သို့စေကာမူ လူသည် မိမိ၏ပင်ကို တန်ခိုးများ ကိုအသုံးပြု၍ မြင့်မြတ်လာနိုင်ကြောင်း အသိဥာဏ်များ တိုးပွားလာနိုင်ကြောင်းကို လည်းကောင်း၊ ကျပ်တည်းပြင်းထန်၍ အလွန်ခြိုးခြံသောအကျင့်များအားဖြင့် မိမိ၏ အသက်တာကို သန့်စင်စေနိုင် သည်ဟူ၍လည်းကောင်း သူတို့ခံယူခဲ့ကြပါသည်။
ဘုရားသခင်အပေါ်ထားရှိသည့် သူတို့၏သဘောထားအတိုင်း သူတို့၏ စာရိတ္တသည်ပုံပေါ်လျက်ရှိပါသည်။ ဘုရားသခင်သည် လူသားများအရေးကို စိတ် ဝင်စားမှုမရှိဟု သူတို့ယူဆထားသည့်အတိုင်း သူတို့အချင်းချင်းသည်လည်း တစ်ဦး နှင့်တစ်ဦးဂရုမထားကြချေ။ ဇဒ္ဒုကဲအဖွဲ့၌စည်းလုံးညီညွတ် မှုမရှိပါချေ။ လူသားတို့ ၏ လုပ်ဆောင်မှုတွင်ပါဝင်ပတ်သက်နေသော သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုး တော်ကိုအသိအမှတ်ပြုရန် သူတို့ငြင်းဆန်ကြသောကြောင့် သူတို့၏အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကိုမရ ခဲ့ကြချေ။ သူတို့သည် ကျန်ယုဒလူများကဲ့ သို့ အာဗြဟံ၏သားသမီးများအဖြစ် မွေးဖွားခဲ့ရခြင်းနှင့် ပညတ်တော်၏တောင်းဆို ချက်များကို တိတိကျကျလုပ်ဆောင်မှုများအတွက် များစွာကြွားဝါခဲ့ကြသော်လည်း ပညတ်တော်၏စစ်မှန် သောသဘောထား အာဗြဟံတွင်ရှိခဲ့သောယုံကြည်ခြင်းနှင့် ကျေးဇူးပြုတတ် သည့်သဘောများမှာမူ ၎င်းတို့၌လုံး၀မရှိခဲ့ကြချေ။ ၎င်းတို့၏ စိတ် တွင်ရှိသော ပကတိကြင်နာသနားမှုသည် အငန်းအတာကျဉ်းမြောင်းလှပါသည်။ အ သက် တာတွင်လိုအပ်သောကောင်းချီးမင်္ဂလာများနှင့် နှစ်သိမ့်မှုများကိုကြိုးစားအား ထုတ်ကာ လူတိုင်းလူတိုင်းရရှိနိုင်ကြသည်ဟု သူတို့ယုံကြည်ကြသဖြင့် အခြားသူများ ၏လိုအပ်ချက်များနှင့် ဒုက္ခဝေဒနာများကို သူတို့ဂရုမစိုက်ကြချေ။ သူ တို့သည် မိမိ တို့ကိုယ်ကျိုးအတွက်သာ အသက်ရှင်ခဲ့ကြပါသည်။
ခရစ်တော်သည် မိမိ၏နှုတ်တော်ထွက်စကားများနှင့် လုပ်ဆောင်မှုများအား ဖြင့် သဘာ၀လွန်အကျိုးဆက်များကိုဖြစ်ပေါ်စေသော မြင့်မြတ်သည့် တန်ခိုးတော် တစ်ခုအကြောင်းကိုလည်းကောင်း၊ တမလွန်ဘ၀အကြောင်းကို လည်းကောင်း၊ လူ သားများကိုစိတ်ဝင်တစား အမြဲတမ်းစောင့်ကြည့်သော ဖခင်တစ်ဦးနှင့်တူသည့် ဘုရားသခင့်အကြောင်းကိုလည်းကောင်း သက်သေခံခဲ့ ပါသည်။ ဇဒ္ဒုကဲများ၏ သီး သီးသန့်သန့်နေထိုင်လိုသည့် တစ်ကိုယ်ကောင်း စိတ်ထားများကို ပြစ်တင်ဆုံးမခဲ့ သော ကျေးဇူးပြုခြင်း၊ သနားကြင်နာခြင်းနှင့် ပြည့်စုံသည့်တန်ခိုးတော်တစ်ခု၏ လုပ် ဆောင်မှုကို ကိုယ်တော်ဖော်ပြတော်မူခဲ့ပါသည်။ လူသားများ၏ပစ္စုန်ပ္ပန်ရေးနှင့်ထာ ၀ရရေးရာများအတွက် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စိတ် နှလုံးကိုလှုပ်ရှားပေးတော် မူကြောင်းကိုလည်း ကိုယ်တော်သွန်သင်တော်မူခဲ့ပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်သာ ပြုပြင်ပြောင်းလဲပေးနိုင်သည့် အကျင့် စာရိတ္တအသစ် ပြုပြင်ပြောင်းလဲရေးတွင် လူအစွမ်းသတ္တိများကိုကိုးစားခြင်းသည် မှား ယွင်း သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း ကိုယ်တော်ထုတ်ဖော်ခဲ့ပါသည်။
ဇဒ္ဒုကဲများသည် ဤသွန်သင်ချက်ကို အယုံအကြည်မရှိခဲ့ကြချေ။ ခရစ် တော်နှင့်ယခုကဲ့သို့ စကားအချေအတင်ပြောကာ ငြင်းခုံရန်ကြိုးစားခြင်းဖြင့် ကိုယ် တော်အားအပြစ်မစီရင်နိုင်ဦးတောင်မှ နာမည်ပျက်အောင်တော့လုပ်နိုင် လိမ့်မည်ဟု သူတို့ယုံကြည်ခဲ့ကြပါသည်။ ကိုယ်တော်ရှင်အားမေးခွန်းထုတ်ရန် ရှင်ပြန်ထမြောက် ခြင်းအကြောင်းကို သူတို့ရွေးချယ်ခဲ့ကြပါသည်။ ကိုယ်တော်သည် သူတို့နှင့်ယုံကြည် ချက်တူပါလျှင် ဖာရိရှဲများနှင့်ဆက်လက်တိုက်လှန် ရပေဦးမည်။ အကယ်၍ သူတို့၏ ယုံကြည်ချက်နှင့်ခြားနားနေပါလျှင် ကိုယ်တော်၏သွန်သင်ချက်ကို ပြက်ရယ်ပြုကြရန် သူတို့ကြံစည်ထားကြပါသည်။
ခန္ဓာကိုယ်သည် သေကျေပျက်စီးနိုင်သော ယခုအခြေအနေမျိုးတွင် ပေါင်း စပ်ဖွဲ့စည်းထားသောအရာများကို အသုံးပြုလျက် မသေနိုင်မပုပ်မပျက် နိုင်သည့် ခန္ဓာကိုယ်ကို ပေါင်းစပ်ဖွဲ့စည်းမည်ဆိုလျှင် ရှင်ပြန်ထမြောက်လာ သောအချိန်တွင် လူ၏ခန္ဓာကိုယ်၌ အသွေးအသားရှိလိမ့်ဦးမည်။ ဤလောကရှိ လုပ်လက်စအရာများ ကို ထာ၀ရအသက်တာတွင် ဆက်လက်လုပ်ဆောင်ရလိမ့်ဦးမည်ဟု ဇဒ္ဒုကဲများက ဆင်ခြင်ပေးသုံးသပ်ခဲ့ကြပါသည်။ ထိုသို့ဆိုလျှင် လောက၏သံယောဇဉ်နှောင်ဖွဲ့မှု များကို ဆက်လက်ကျင့်သုံးရလိမ့်ဦးမည်။ ခင်ပွန်းနှင့်ဇနီးများပြန်ပေါင်းထုပ်ကြရလိမ့် ဦးမည်။ လက်ထပ်ထိမ်းမြားမှုများ ဆက်လက်လုပ်ဆောင်ကြရလိမ့်ဦးမည်။ မသေမီ ကကဲ့သို့ အရာခပ်သိမ်းတို့သည် ဆက်လက်ဖြစ်ပျက်လိမ့်ဦးမည်ဖြစ်ပြီး ဤဘ၀တွင် ကျင့်သုံးခဲ့ကြသည့် စာရိတ္တဖောက်ပြန်မှုများနှင့် ကာမဂုဏ်ခံစားမှုများသည် တမလွန် ဘ၀တွင် ထာ၀ရကျင့်သုံးသွားကြလိမ့်ဦးမည်ဟု သူတို့မှတ်ယူခဲ့ကြပါသည်။
သခင်ယေရှုသည် ၎င်းတို့၏အမေးကိုပြန်လည်ဖြေဆိုခြင်းအားဖြင့် တမလွန် ဘ၀အကြောင်းကို ထင်ရှားစွာဖော်ပြတော်မူခဲ့ပါသည်။ “ထမြောက်ရာကာလ၌ စုံ ဖက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကိုမပြု ကောင်းကင်သား ဘုရားသခင်၏ တမန် တော်ကဲ့သို့ဖြစ်ကြ၏။” “သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏ တန် ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏” ဟူ၍ ဇဒ္ဒုကဲများ၏ မှား ယွင်းသောယုံကြည်ချက်များနှင့် မမှန်ကန်သောယူဆချက်များကို ကိုယ်တော်ထုတ် ဖော်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ဖာရိရှဲများအား လျှို့ဝှက်သောသူများဟု စွပ် စွဲတော်မမူခဲ့သော်လည်း ၎င်းတို့၏မှားယွင်းသောယုံကြည်ချက်များအတွက် ဇဒ္ဒုကဲ များကိုအပြစ်တင် တော်မူခဲ့ပါသည်။
ဇဒ္ဒုကဲများသည် မိမိကိုယ်ကို သမ္မာကျမ်းစာ၏သွန်သင်ချက်များအတိုင်း တိ တိကျကျအလိုက် လျှောက်ဆုံးသူများဖြစ်သည်ဟု ကြွားဝါနေကြသော်လည်း ၎င်းတို့ သည် ကျမ်းစာ၏အနက်ကိုမသိကြသေးဟု ယေရှုရှင် မိန့်တော်မူခဲ့ပါသည်။ သမ္မာ ကျမ်းစာနှင့်ပတ်သက်သော အသိပညာများသည် စိတ်နှလုံးတွင်သန့်ရှင်းသော ဝိညာဉ်တော်၏အလင်းပေးမှုအားဖြင့်သာ သိသာထင်ရှားစေနိုင်ပါသည်။ သမ္မာ ကျမ်းစာနှင့်ဘုရားသခင်၏ တန်ခိုးတော်ကိုမသိနားမလည်ခြင်းသည် ယုံကြည်ခြင်း တွင် စိတ်ရှုပ်ထွေးခြင်းနှင့် စိတ်၏မှောင် မိုက်ကျမှုများအတွက် အကြောင်းရင်း တစ် ခုဖြစ်ကြောင်း ကိုယ်တော်ရှင်မိန့် ဆိုတော်မူပါသည်။ သူတို့သည် ဘုရားသခင်၏ နက်နဲမှုများကို မိမိတို့၏ မပြောပလောက်သောဆင်ခြင်တုံတရားကိုအသုံးပြုကာ သိရှိ ရန်ကြိုးစားနေကြပါသည်။ ၎င်းတို့၏ တတ်သိနားလည်မှုများကို ပိုမိုကျယ်ပြန့်စေ သည့် သန့်ရှင်းသောသမ္မာတရားများအား နားလည်ရန် စိတ်နှလုံးများကိုဖွင့်ပေးဖို့ ကိုယ်တော်ရှင် တောင်းဆိုတော်မူပါသည်။ ထောင်ပေါင်းများစွာသောသူများသည် ဘုရားသခင် ကိုမယုံကြည်သူများဖြစ်လာခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏အကန့်အသတ်ရှိသော အသိစိတ်များသည် ဘုရားသခင်၏နက်နဲမှုများကို နားမလည်နိုင်ကြခြင်းကြောင့်ဖြစ်ပါသည်။ သူတို့သည် ကိုယ်တော်၏ပညာအမြော် အမြင်များတွင်ဖော်ပြထားသည့် အံ့ဖွယ်သောတန်ခိုးတော်အကြောင်းကို ရှင်းပြနိုင် ခြင်းမရှိကြချေ။ ထို့ကြောင့် ထိုကဲ့သို့သောတန်ခိုးတော်၏အထောက် အထားများကို သူတို့အနည်းငယ်သိရှိနားလည်ထားသည့် သဘာ၀တရား၏ အစွမ်းသတ္တိများ ကြောင့်ဖြစ်ပေါ်လာသည်ဟု ယိုးမယ်ဖွဲ့ကာ ထိုတန်ခိုးတော် ကိုငြင်းပယ်ခဲ့ကြပါ သည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် တည်ရှိနေသောနက်နဲမှုများကို သိရှိနားလည် ရန်တစ်ခုတည်းသော သော့ချက်မှာ ထိုအရာများထဲတွင် ဘုရားသခင်ရှိတော်မူ ကြောင်းကို အသိအမှတ်ပြုရန်ဖြစ်ပါသည်။ ဘုရားသခင်အား အရာခပ်သိမ်းကို အ မိန့်ပေးပိုင်ခွင့်နှင့် စီရင်ပိုင်ခွင့်ရှိသောစကြ၀ဠာ၏ ဖန်ဆင်းရှင်တစ်ပါးဖြစ်ကြောင်း အသိအမှတ်ပြုရန်လိုအပ်ပါသည်။ သူတို့ သည် ကိုယ်တော်၏ဂုဏ်တော်နှင့် တန်ခိုး တော်၏နက်နဲမှုများကို ပို၍ကျယ်ပြန့်စွာ သိရှိရန်လည်းလိုအပ်ပါသည်။
သေသောသူများသည် ရှင်ပြန်ထမြောက်ခြင်းမရှိကြလျှင် ၎င်းတို့၏ ယုံ ကြည်ပါသည်ဟု ဝန်ခံထားသောသမ္မာကျမ်းစာသည် အသုံးမရဖြစ်သွားလိမ့်မည်ဟု တရားနာပရိသတ်အား ခရစ်တော်မိန့်မြွက်တော်မူခဲ့ပါသည်။ ထိုနောက် ဆက်လက် ၍ “ထိုမှတစ်ပါး သေလွန်သောသူတို့သည် ထမြောက် ခြင်းအရာမှာ ဘုရားသခင်က ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့ အားမိန့်မြွက်တော်မူကြောင်းကို သင်တို့ သည်မဖတ်ဖူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ သည်” ဟုမိန့်တော်မူ၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို သူတို့ထင်မှတ်သကဲ့ သို့ မှတ်ယူတော်မမူချေ။ ကိုယ်တော်သည်အစမှ အဆုံးအထိတွေ့မြင်တော်မူပြီး အမှုတော်၏အကျိုးဆက်ကိုလည်း ယခုပင်ပြီးမြောက်ခဲ့သကဲ့သို့ ရှုမြင်တော်မူပါ သည်။ အာဒံမှသည်နောက်ဆုံးသေဆုံးမည့် သူတော်စင်တိုင်အောင် အဖိုးထိုက်တန် လှသော သေဆုံးလျက်ရှိသူအပေါင်းတို့သည် သားတော်၏အသံကိုကြားရလိမ့်မည်။ ထိုနောက် သချုØင်းတွင်းမှထမြောက်ကြကာ မသေဆုံးနိုင်သောဘ၀သို့ဝင်စားကြ လိမ့်မည်။ ဘုရားသခင်သည် သူတို့၏ဘုရားသခင်ဖြစ်တော်မူလိမ့်မည်။ သူတို့သည် လည်း ကိုယ်တော်၏သားသမီးများဖြစ်ကြလိမ့်မည်။ ဘုရားသခင် နှင့်ထမြောက်သော သူတော်စင်များအကြား ရင်းနှီးသောဆက်ဆံမှုများရှိလိမ့် မည်။ ကိုယ်တော်ရှင်ကြံ ရွယ်မျှော်လင့်ထားသည့် ဤအခြေအနေသည် ဖြစ် ပျက်လျက်ရှိသကဲ့သို့ ကိုယ် တော်မြင်တွေ့နေရပါသည်။ သေလွန်သူများသည် ကိုယ်တော်ရှင်၌ အသက်ရှင်ကြ ပါလိမ့်မည်။
ခရစ်တော်မိန့်တော်မူသောထိုစကားများကြောင့် ဇဒ္ဒုကဲများသည် တိတ် ဆိတ်သွားပါသည်။ သူတို့သည် ကိုယ်တော်ကိုမချေပနိုင်ကြချေ။ ကိုယ်တော်အား အပြစ်စီရင်နိုင်ရန် အခွင့်သာစေမည့် စကားလေးတစ်လုံးတစ်ပါဒကိုမျှ မပြောနိုင် ခဲ့ကြချေ။ ဇဒ္ဒုကဲများသည် ပရိသတ်၏အထင်သေးခြင်းမှ တစ်ပါး မည်သည့်အရာ ကိုမျှမရရှိခဲ့ကြချေ။
မည်သို့ပင်ဖြစ်စေ၊ ဖာရိရှဲများအနေနှင့် အပြစ်တင်ခွင့်ရစေမည့်စကားများ ကိုယေရှုရှင်ပြောလာအောင် လက်မလျော့ဘဲဆက်လက်ဆွပေးခဲ့ကြပါသည်။ ပညတ်တော်ဆယ်ပါးတွင် မည်သည့်ပညတ်သည် အမြတ်ဆုံးဖြစ်သနည်းဟူသော မေးခွန်းကို တချို့ကျမ်းပြုဆရာများက ယေရှုရှင်အားမေးလာအောင် သူတို့လှုံ့ဆော် ပေးနိုင်ခဲ့ကြပါသည်။
ဖာရိရှဲများသည် ဖန်ဆင်းရှင်အတွက် လူသားများပြုရမည့်ဝတ်များကို ဖော် ပြထားသော ပညတ်တော်ဆယ်ပါးမှပထမလေးပါးကို လူသားအချင်းချင်းအပေါ် ပြု ရန်ဝတ်များအားဖော်ပြထားသည့် ဒုတိယခြောက်ပါးထက်ပို၍အရေး ပါသည်ဟုထင် ကာ အလေးထားခဲ့ကြပါသည်။ ထို့ကြောင့် သူတို့၌လက်တွေ့ ကျသောဘုရားတရား ရှိမှုတွင် များစွာချွတ်ယွင်းခဲ့ကြပါသည်။ အပင်သည် ၎င်း၏အသီးအားဖြင့် မည်သည့် အမျိုးအစားဖြစ်သည်ကိုသိရှိနိုင်ကြောင်း ကိုယ်တော်ဖွင့်ဆိုလျက် ၎င်းတို့၏ချို့တဲ့ မှုများကိုဖော်ပြကာ ကောင်းသောအကျင့် တို့ကိုကျင့်ဆောင်ရန်လိုအပ်ကြောင်း ကိုယ်တော်သွန်သင်တော်မူခဲ့၏။ ထိုသို့ မိန့်တော်မူသဖြင့် ကိုယ်တော်အား ပညတ် တော်ဆယ်ပါးမှ ဒုတိယခြောက်ပါးကို ပထမလေးပါးထက်အလေးပေးသည်ဟုဆိုကာ အပြစ်တင်ခဲ့ကြပါသည်။
ကျမ်းပြုဆရာတစ်ဦးသည် ခရစ်တော်ထံသို့ တိုက်ရိုက်ချဉ်းကပ်လာကာ “ပညတ္တိကျမ်း၌ အဘယ်မည်သောပညတ်သည် သာ၍ကြီးသနည်းဟု မေး လျှောက်သော် ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးပညတ်ဟူမူကား၊ အို ဣသရေလအမျိုးနားထောင်လော့၊ ငါတို့၏ဘုရားသခင်ထာ၀ရဘုရားသည် တစ် ဆူတည်းသော ထာ၀ရဘုရားဖြစ်တော်မူ၏။ ထာ၀ရဘုရားသည် တစ်ပါးတည်း ဖြစ်တော်မူ၏။ သင်၏ဘုရားသခင်ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဥာဏ်ရှိသ မျှ၊ အစွမ်းရှိသမျှနှင့်ချစ်လော့။ ဤပညတ်သည် ပထမ ပညတ်ဖြစ်၏။ ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ် လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့်သဘောချင်းတူ၏။ ဤ ပညတ်တို့ထက်သာ၍ ကြီးမြတ်သော ပ ညတ်မရှိ။” “ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းတို့နှင့် အနာဂတ္တိကျမ်းရှိသမျှ တို့၏အချုပ်အခြာပင်ဖြစ်သတည်း” ဟု မိန့်တော်မူ၏။
ပညတ်တော်ဆယ်ပါး၏ ပထမလေးပါးကို “သင်၏ဘုရားသခင်ထာ၀ရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့်ချစ်လော့” ဟူ၍ကြီးမြတ်သော ပညတ်တစ်ပါးအဖြစ်ချုံး၍ ဖွင့်ဆိုလိုက်ပြီး ဒုတိယခြောက်ပါးကို “ကိုယ်နှင့်စပ်ဆိုင် သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူ၍ဖွင့်ဆိုလိုက်ပါ သည်။ ဤပညတ်နှစ်ပါး စလုံးသည် မေတ္တာ၏နိယာမကို ဖွင့်ဆိုမှုတစ်ရပ်သာ ဖြစ်ပါသည်။ ဒုတိယပညတ် ခြောက်ပါးကိုကျူးလွန်နေစဉ်တွင် ပထမပညတ်လေးပါးကို မစောင့်ရှောက်နိုင်သကဲ့ သို့ ပထမပညတ်လေးပါးကို ကျူးလွန်နေစဉ်တွင်လည်း ဒုတိယပညတ်ခြောက်ပါးကို စောင့်ရှောက်နိုင်ခြင်းမရှိချေ။ ဘုရားသခင်သည် မိမိအတွက်နေရာမှန်ဖြစ်သော ကျွန်ုပ်တို့၏ နှလုံးသားပလ္လင်ထက်ဝယ် စိုးစံတော်မူသောအချိန်တွင် ကိုယ်နှင့်စပ် ဆိုင်သော သူများကို ၎င်းတို့၏နေရာမှန်၌ ကျွန်ုပ်တို့ထားနိုင်ကြလိမ့်မည်ဖြစ်ပါသည်။ ထိုအချိန်တွင် ၎င်းတို့အား ကိုယ်နှင့်အမျှချစ်တတ်လာကြပါလိမ့်မည်။ ကျွန်ုပ်တို့ သည် ထာ၀ရဘုရားကို အမွန်မြတ်ထား၍ ချစ်တတ်လာသောအချိန်၌သာ ကိုယ်နှင့် စပ်ဆိုင်သောသူများကို ဘက်မလိုက်ဘဲ ချစ်နိုင်လာကြပါလိမ့်မည်။
ပညတ်တော်ဆယ်ပါးကိုအကျဉ်းချုံးလိုက်လျှင် ဘုရားကိုချစ်ခြင်းနှင့် လူကို ချစ်ခြင်းဖြစ်သောကြောင့် ဤနိယာမကိုမချိုးဖောက်ဘဲ မည်သည့်ပညတ်တစ်ခုခုကို မျှ လွန်ကျူးခြင်းမရှိပါချေ။ ဘုရားသခင်၏ပညတ်တော်သည် တစ်လုံးတစ်၀တည်း ရှိကြောင်း၊ အချို့ပညတ်ချက်များသည် ဂရုမထားလျှင်လည်း ဘာအပြစ်မှမဖြစ်နိုင် လောက်အောင် အရေးမပါသည့် အခြေတွင်ရှိကြသော်လည်း ပညတ်တော်ဆယ်ပါး မှာမူ တစ်ခုနှင့်တစ်ခုအဆင့်အတန်း ကွဲပြားခြားနားမှုမရှိကြောင်းကို ဤသို့သော နည်းအားဖြင့် ခရစ်တော်သွန်သင်ခဲ့ပါသည်။ ပညတ်တော်ဆယ်ပါးမှ ပထမလေး ပါးနှင့် ဒုတိယခြောက်ပါးတို့သည် တစ်လုံးတစ်၀ တည်းဖြစ်ကြောင်းကို ကိုယ်တော် တင်ဆက်တော်မူခဲ့ပါသည်။ ဘုရားသခင်ကို ချစ်ကြောင်းကို ကိုယ်တော်၏ ပညတ် တော်အားလုံးအားလိုက်နာစောင့်ရှောက် ခြင်းအားဖြင့် ထင်ရှားစေရမည်ဖြစ် ကြောင်းကိုလည်း သွန်သင်တော်မူပါသည်။
ခရစ်တော်ကိုမေးခွန်းထုတ်ခဲ့သောကျမ်းပြုဆရာသည် ပညတ်တော်ကို သင်အံလေ့လာထားပြီး တီးမိခေါက်မိရှိသူတစ်ဦးဖြစ်သဖြင့် ကိုယ်တော်၏ စကား ကိုကြားရသောအခါ အံ့အားသင့်သွားခဲ့ပါသည်။ ကိုယ်တော်သည် သမ္မာကျမ်းပညာ ကို ဤမျှလောက်နက်နက်နဲနဲ ကျေကျေညက်ညက်နားလည် လိမ့်မည်ဟု သူမမျှော် လင့်မိခဲ့ချေ။ သူသည် သန့်ရှင်းသောပညတ်တော်ကို အခြေခံထားသည့် နိယာမများ ၏ ကျယ်ပြန့်သောရှုထောင့်ကိုကြားနာသိရှိခဲ့ရသောကြောင့် ခရစ်တော်သည် ပညတ်တော်အကြောင်းကို မှန်ကန်စွာအနက်ဖွင့်တော်မူခဲ့ကြောင်း စုရုံးနေကြသည့် ယဇ်ပုရောဟိတ်များနှင့် ယုဒလူအကြီးအကဲများရှေ့တွင် ရိုးသားစွာဖြင့် အသိအ မှတ်ပြုကာ “အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာမိန့် တော်မူပြီ၊ ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။ ထိုဘုရားသခင်မှ တစ်ပါးအခြား ဘုရားသခင်မရှိ၊ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဥာဏ်ရှိသမျှအစွမ်းရှိသမျှ နှင့်ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကိုယ်နှင့်အမျှချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင် မှစ၍ ယဇ်အမျိုးမျိုးတို့ကိုပူဇော်ခြင်းအကျင့်ထက် သာ၍မြတ် ပါသည်ဟု လျှောက်လေ၏။”
ခရစ်တော်၏ ကျွမ်းကျင်လိမ္မာစွာဖြေဆိုမှုကြောင့် ထိုကျမ်းပြုဆရာသည် အမှန်တရားကိုသိသွားခဲ့ပါသည်။ ယုဒဘာသာတရားတွင် အမှန်တကယ်ဘုရား တရားရှိမှုမပါရှိဘဲ အပြင်ပန်းဝိနည်းထုံးဖွဲ့ဆိုင်ရာ အကျင့်များဖြင့်သာ ဖွဲ့စည်းထား ပါသည်။ ဝိနည်းထုံးဖွဲ့ဆိုင်ရာ ပူဇော်သကာများ၏အရေးမပါခြင်းနှင့် အပြစ်၏အခ အတွက်ယုံကြည်ခြင်းကင်းမဲ့စွာဖြင့် သွန်းလောင်းခဲ့သော အသွေးများ၏ ထိရောက်မှု မရှိခြင်းတို့ကို သူခံစားခဲ့ရပါသည်။ ထာ၀ရဘုရား ကိုချစ်ခင်နားထောင်ခြင်းနှင့် လူ သားများအပေါ် အတ္တမဆန်သော သဘောတရားများသည် သူ့အတွက် ဝိနည်းထုံး ဖွဲ့ဆိုင်ရာကျင့်ဆောင်မှုများထက် တန်ဖိုးရှိ သယောင်ဖြစ်လာပါသည်။ ခရစ်တော်၏ ကျိုးကြောင်းပြအမှားပြင်ပေးခြင်းကို ဆောလျင်စွာအသိအမှတ်ပြုတတ်သည့် ထိုသူ ၏ စိတ်သဘောထားနှင့် လူအများ ရှေ့တွင်ခိုင်မာသောတုံ့ပြန်ချက်ကို ချက်ချင်း ဖော်ပြတတ်သည့် ၎င်း၏စိတ် ထားများသည် ထိုယဇ်ပုရောဟိတ်များ၊ ဖာရိရှဲများ တို့၏စိတ်နေသဘောထားနှင့် လုံး၀ကွဲပြားခြားနားကြောင်း ထင်ရှားပေါ်လွင်နေပါ သည်။ စိတ်နှလုံးမှ ပွင့်ထွက်လာသောအမှန်တရားကို ဖွင့်ဟလိုက်ခြင်းကြောင့်ဖြစ် ပေါ်လာမည့် ယဇ်ပုရောဟိတ်များ၏မျက်မုန်းကျိုးခြင်းနှင့် ယုဒလူအကြီးအကဲများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဝံ့သောထိုကျမ်းပြုဆရာများကို ယေရှုရှင်ကြင်နာသနား တော်မူပါသည်။ “ထိုသို့ပညတ်သတိနှင့် ပြန်လျှောက်သည်ကိုယေရှုသည် သိမြင် လျှင် သင်သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်မဝေးဟု မိန့်တော်မူ၏။”
ထိုကျမ်းပြုဆရာသည် ဘုရားသခင်၏နိုင်ငံတော်နှင့်မဝေးရခြင်းမှာ သူ သည်မီးရှို့ရာယဇ်မှစ၍ ယဇ်အမျိုးမျိုးတို့ကိုပူဇော်ခြင်းထက် ဖြောင့်မတ်ခြင်းအ ကျင့်ကို ပို၍ဘုရားသခင်လက်ခံတော်မူကြောင်းကို အသိအမှတ်ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ သို့ရာတွင် ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီဆိုင်ရာ အကျင့်ဆောင်နိုင်ရန် တန်ခိုးတော်ကိုရရှိနိုင်ကြောင်းနှင့် ကိုယ်တော်၏ မြင့်မြတ်သောစာရိတ္တတော်အကြောင်းကို သူအသိအမှတ်ပြုဖို့ လိုအပ်နေပါသေး သည်။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်နှင့် ဆက်နွှယ်မှုမရှိလျှင် ဝတ်ပြုကိုးကွယ်မှု များသည် မည်သို့မျှအကျိုးမပြုနိုင်ပါချေ။ ပညတ်တော်ဆယ်ပါးကို စောင့်ရှောက်ခြင်း သည်ပင်လျှင် ပညတ်တော်နှင့်ခရစ်တော်အကြား ဆက်စပ်မှုများကို နားမလည်ပါ လျှင် ပညတ်တော်၏ကြံ ရွယ်ချက်များကို အထမြောက်အောင်မြင်မှုရှိလိမ့်မည်မ ဟုတ်ချေ။ အဖဘုရားသခင်၏ပညတ်တော်၌ ယုံကြည်အားကိုးထိုက်သော အမိန့် ပေးစကားများထက် လေးနက်သောအရာများပါဝင်နေကြောင်း ခရစ်တော်ထပ်ခါ တလဲလဲ ဖော်ပြတော်မူခဲ့ပါသည်။ ထိုပညတ်တော်ထဲတွင် ဧဝံဂေလိတရားတော်၌ ဖော်ပြထားသည့်နိယာမကိုပင် ရုပ်လုံးဖော်ထားပါသည်။ ပညတ်တော်သည် လူသား များလုပ်ဆောင်ရမည့် တာဝန်ကိုထောက်ပြကာ ဒုစရိုက်အပြစ်ကိုဖော်ပြထားပါ သည်။ လူသည်အပြစ်ခွင့်လွှတ်ခြင်းကိုရရှိရန်နှင့် ပညတ်တော်ကပြဌာန်း သောအ ရာများအား ကျင့်ဆောင်နိုင်ရန်တန်ခိုးကို ခရစ်တော်ထံတွင်တောင်းခံ ရပါသည်။
ခရစ်တော်သည် ထိုကျမ်းပြုဆရာ၏အမေးကိုဖြေဆိုတော်မူစဉ်တွင် ဖာရိရှဲ များသည် ကိုယ်တော်အနားသို့ချဉ်းကပ်လာကြပါသည်။ ကိုယ်တော်သည် သူတို့ ဘက်သို့လှည့်တော်မူလျက် “သင်တို့သည် ခရစ်တော်ကိုအဘယ် သို့ထင်မှတ်ကြ သနည်း၊ အဘယ်သူ၏သားဖြစ်သနည်း” ဟုမေးတော်မူ၏။ မိမိအားမေရှိယအဖြစ် လက်ခံခြင်းရှိမရှိထင်ရှားစေရန် စမ်းသပ်မှုတစ်ရပ်အနေဖြင့် ထိုမေးခွန်းကို ကိုယ် တော်မေးလိုက်ခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် ညီညာသောအသံဖြင့် ဒါဝိဒ်၏သား ဖြစ်သည်ဟုလျှောက်ကြ၏။ ဒါဝိဒ်သားဟူ သောဘွဲ့နာမသည် အနာဂတ္တိစကားတွင် မေရှိယကိုခေါ်ဝေါ်သည့်ဘွဲ့နာမ တစ်ခုဖြစ်ပါသည်။ သခင်ယေရှုသည် မိမိ၏ဘုရား ဇာတိတော်ကိုအသုံးပြု၍ ကြီးကျယ်သောနိမိတ်လက္ခဏာများကို ပြသောအချိန်တွင် သော်လည်းကောင်း၊ လူနာများကိုကုသ၍ လူသေများကိုရှင်ပြန်ထမြောက် စေသော အခါတွင်သော်လည်းကောင်း လူထုကြီးက ဤသူသည်ဒါဝိဒ်၏သားမဟုတ်လောဟု အချင်းချင်းမေးမြန်းခဲ့ကြပါသည်။ ခါနာန်အမျိုးသမီးတစ်ဦးသည်လည်းကောင်း၊ မျက်မမြင်ဗာတိမဲသည်လည်းကောင်း၊ အခြားသူများစွာတို့သည်လည်းကောင်း ဒါဝိဒ်၏သားတော် အကျွန်ုပ်ကိုကယ်မသနားတော်မူပါဟု ဟစ်ကြွေးခဲ့ဖူးကြ ပါသည်။ မဿဲ ၁၅း၂၂။ မြည်းကလေးကိုစီး၍ ယေရုရှလင်မြို့ထဲသို့ဝင်လာ ခဲ့စဉ်ကလည်း ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း၊ ထာ၀ရဘုရား၏အခွင့်နှင့်ကြွ လာတော်မူသောသူသည် မင်္ဂလာရှိစေသတည်းဟုပျော်ရွှင်စွာ ဟစ်ကြွေးကြိုဆိုခဲ့ကြ ပါသည်။ မဿဲ ၂၁း၉။ ထိုနေ့၌ဗိမာန်တော်ထဲ တွင်ရှိနေကြသော ထိုကလေးငယ် များသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ထိုနာမကိုဟစ်ကြွေးခဲ့ကြပါသည်။ သို့သော် ခရစ်တော်အား ဒါဝိဒ်၏သားတော် ဟုခေါ်ဝေါ်ခဲ့ကြသူများထဲမှ အများစုသည် ကိုယ် တော်၏ဘုရားဇာတိတော်ကို အသိအမှတ်မပြုခဲ့ကြချေ။ ဒါဝိဒ်၏သားတော်သည် ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုလည်း သူတို့နားမလည်ခဲ့ကြချေ။
ခရစ်တော်သည် မိမိအားဒါဝိဒ်၏သားတော်ဟူ၍ ခေါ်ဝေါ်ဟစ်ကြွေး နေ သည်ကိုတုံ့ပြန်သည့်အနေဖြင့် သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း၊ ဒါဝိဒ်၏စကားမှာ ထာ၀ရဘုရား ကသင်၏ရန်သူတို့ကိုသင်ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။ ထိုသို့ဒါဝိဒ် သည် ခရစ်တော်ကိုသခင်ဟူ၍ခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်းဟု မေး တော်မူသည်ရှိသော် အဘယ်သူမျှစကား တစ်ခွန်းကိုမျှပြန်လျှောက်ခြင်းငှာ မတတ် နိုင်ကြ။ ထိုနေ့မှစ၍ နောက်တစ် ဖန်အဘယ်သူမျှမမေးမလျှောက်ဝံ့ကြ။
No comments:
Post a Comment