သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်း
လုကာ ၂၄း၃၃-၄၈။ ယောဟန် ၂ဝး၁၉-၂၉ တို့ကိုအခြေပြုထားပါသည်။
ထိုတပည့်တော်နှစ်ယောက်သည် ယေရုရှလင်မြို့သို့ ရောက်ရှိလာကြသော အခါ ပသခါပွဲချိန်ရာသီတွင် ညအချိန်၌ဖွင့်ထားလေ့ရှိသော အရှေ့ဂိတ်မှဝင်ခဲ့ကြ ၏။ လူခြေတိတ်ပြီး မှောင်မိုက်လှသော်လည်း ဤခရီးသည်နှစ်ဦးသည် ထွန်းသစ်စ လရောင်ကလေးကိုအမှီပြုက လမ်းကျဉ်းကလေးအတိုင်း လျှောက်လှမ်းလာခဲ့ကြပါ သည်။ သူတို့သည် အသေသတ်မခံမီ နောက်ဆုံးညနေခင်းတွင် ခရစ်တော်ခေတ္တ နေခဲ့သောအထက်ခန်းဆီသို့ ဦးတည်၍သွား နေကြပါသည်။ ဤနေရာတွင် အခြား ညီအစ်ကိုများကို တွေ့နိုင်လိမ့်မည်ဖြစ်ကြောင်း သူတို့သိထားကြပါသည်။ ညဉ့်နက် လာပြီဖြစ်သော်လည်း တမန်တော်များသည် ခရစ်တော်၏အလောင်းအကြောင်းကို တပ်တပ်အပ်အပ် မသိမချင်းအိပ်ကြလိမ့်မည် မဟုတ်ကြောင်းကိုလည်း သူတို့သိ ထားကြပါသည်။ အထက်ခန်းသို့ရောက်သွားသောအခါ တံခါးကိုသေသေချာချာ ကန့်လန့်ထိုးပြီး ပိတ်ထားသည်ကိုတွေ့ကြရပါသည်။ သူတို့သည် တံခါးကိုခေါက်ပြီး ဝင်ခွင့်တောင်းကြသော်လည်း မည်သည့်တုံ့ပြန်ချက်ကိုမျှမရရှိကြချေ။ အရာခပ်သိမ်း တို့သည် တိတ်ဆိတ်ငြိမ်သက်နေပါသည်။ မိမိတို့၏နာမည်ကိုပြောပြသည့် အခါကျမှ တံခါးကိုသတိကြီးစွာဖြင့် ဖွင့်ပေးသဖြင့် အထဲသို့ဝင်ခဲ့ကြပါသည်။ ထိုအချိန်တွင် သူ တို့၏မျက်စိဖြင့်မမြင်နိုင်သည့် ပုဂ္ဂိုလ်တစ်ပါးလည်း သူတို့နှင့်အတူ အခန်းထဲသို့ လိုက်ပြီးဝင်လာခဲ့ပါသည်။ ထို့နောက် သူလျှိုများရန်မှကင်းဝေးစေရန် တံခါးကိုတစ် ဖန်ပြန်၍ပိတ်ထားလိုက်ကြပါသည်။
ထိုသူနှစ်ဦးသည် အခန်းထဲရှိယုံကြည်သူများကို တွေ့ရသောအခါအလွန် အံ့အားသင့် စိတ်လှုပ်ရှားခဲ့ရပါသည်။ အကြောင်းမှာ အထက်ခန်းထဲတွင်ရှိနေကြ သော တပည့်တော်များက “သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ၊ ရှိမုန် အားကိုယ်ကိုပြတော်မူပြီ” ဟူ၍ ကျေးဇူးတင်ဝမ်းမြောက်သံများဖြင့် ချီးမွမ်းထောမ နာပြုနေကြခြင်းကြောင့်ဖြစ်ပါသည်။ အမြန်ခရီးနှင်ခဲ့သောကြောင့် မောဟိုက်နေကြ သော ထိုခရီးသည်နှစ်ဦးသည် မိမိတို့ထံသို့ ခရစ်တော်ကိုယ်ထင်ပြသည့် အံ့ဖွယ်ဖြစ် ရပ်များကို ပြန်လည်ပြောပြခဲ့ကြပါ သည်။ သူတို့ပြောပြလို့ပြီးရုံကလေးတွင် အချို့သူ များက မယုံနိုင်စရာကောင်းလောက်အောင် ထူးဆန်းသည့်ထိုဖြစ်ရပ်ကို မယုံကြည် ကြောင်းပြောဆိုနေစဉ်အချိန်၌ ပုဂ္ဂိုလ်တစ်ပါးသည် သူတို့ရှေ့တွင်ရပ်တော်မူနေ သည်ကို အခန်းထဲ၌ရှိသောတပည့်တော်များက တွေ့မြင်လိုက်ရပါသည်။ ထိုပုဂ္ဂိုလ် ကိုလူတိုင်းက စူးစိုက်၍ကြည့်ရှုနေကြပါသည်။ ထိုသူဝင်လာစဉ်က တံခါးခေါက်သံ ကိုလည်း မကြားခဲ့ရ၊ ခြေသံကိုလည်းမကြားခဲ့ရချေ။ တပည့်တော်များသည် ကြောက် လန့် တကြားဖြစ်နေပြီး ထိုသူသည်မည်သည့်အဓိပ္ပါယ်ကိုဆောင်နေကြောင်း စဉ်းစား နေကြပါသည်။ ထို့နောက် “သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်း” ဟူသောအရှင် ဘုရား၏နှုတ်တော်မှထွက်လာသော ကြည်လင်ပြတ်သားသည့်အသံတော်ကို သူတို့ ကြားလိုက်ရပါသည်။
သို့ရာတွင် “တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟုစိတ်ထင်နှင့် ထိတ် လန့်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။ ကိုယ်တော်ကလည်း အဘယ်ကြောင့်တုန်လှုပ် ခြင်းရှိကြသနည်း။ အဘယ်ကြောင့်အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ ငါ့လက်ကိုကြည့်ကြလော့။ ငါ့ခြေကိုလည်းကြည့်ကြလော့၊ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ ငါသည်သင်တို့မြင်သည်အတိုင်း အရိုးအသားနှင့်ပြည့်စုံ ၏။ တစ္ဆေမည်သည်ကား၊ ဤကဲ့သို့မပြည့်စုံဟု မိန့်တော်မူလျက် လက်တော်ခြေ တော်တို့ကို တပည့်တော်တို့အားပြတော်မူ၏။”
သူတို့သည် သံရိုက်ရာများကြောင့် ပုံပျက်ယွင်းနေသောလက်တော်နှင့်ခြေ တော်များကို မြင်တွေ့ခဲ့ရပါသည်။ မိမိတို့အမြဲတမ်းကြားဖူးနေသည့် ကိုယ်တော်၏ အသံတော်ကိုလည်း သူတို့မှတ်မိခဲ့ကြပါသည်။ “ထိုသူတို့သည် အံ့ဩ၍ဝမ်းမြောက် သောအားဖြင့် မယုံနိုင်သေးသောအခါ သင်တို့၌စားစရာ တစ်စုံတစ်ခုရှိသလော ဟုမေးတော်မူလျှင် ငါးကင်တစ်ပိုင်းနှင့်ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်ရှင် ယူ၍ သူတို့ရှေ့မှာစားတော်မူ၏။” “တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်း မြောက်ခြင်းရှိကြ၏။” မယုံကြည်မှုများနေရာတွင် ယုံကြည်ခြင်းနှင့်ဝမ်းမြောက်ခြင်း များအစားထိုးလာပြီး၊ စကားတစ်လုံးမျှမဖွင့်ဟနိုင်အောင် ဝမ်းသာမှုကိုခံစားလျက်၊ ခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်းကို သူတို့အသိအမှတ်ပြုခဲ့ကြ၏။
ကောင်းကင်တမန်များသည် ခရစ်တော်ဘုရားဖွားမြင်တော်မူခြင်း ခံစဉ်က ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးစေတော်မူသတည်း။ မြေကြီး ပေါ်မှာလည်း ငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာ၊ ကရုဏာရှိစေသ တည်းဟု ချီးမွမ်းထောမနာပြုခဲ့ကြပါသည်။ ယခုတွင်လည်း ကယ်တင်ရှင်သည် ရှင် ပြန်ထမြောက်ပြီးသည့်နောက် တပည့်တော်များအား ပထမဦးဆုံးအကြိမ်အဖြစ် ကိုယ်ထင်ပြတော်မူစဉ် “သင်တို့၌ငြိမ်သက် ခြင်းရှိစေသတည်း” ဟူ၍ မင်္ဂလာစ ကားများဖြင့် နှုတ်ခွန်းဆက်တော်မူခဲ့ပါသည်။ ခရစ်တော်သည် သံသယစိတ်များ ကြောက်ရွံ့စိတ်များဖြင့် ဒဏ်ပိနေ သောအသက်ဝိညာဉ်များအား ငြိမ်သက်မှုပေးရန် အသင့်ရှိနေတော်မူပါသည်။ ကိုယ်တော်အားဝင်လာရန် နှလုံးတံခါးကိုဖွင့်ပေးကာ ကျွန်ုပ်တို့နှင့်အတူနေတော်မူပါဟု ပြောဆိုမည့်အချိန်ကို ခရစ်တော်စောင့်စားနေပါ သည်။ “ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံ ကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူစားသောက်ရလိမ့်မည်” ဗျာ ၃း၂၀။
ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် ကိုယ်တော်၌ အိပ်ပျော်လျက်ရှိသူ များအားလုံး၏ နောက်ဆုံးထမြောက်ခြင်းအတွက် ပုံရိပ်တစ်ခုဖြစ်ပါသည်။ ထ မြောက်တော်မူခဲ့သည့် ကယ်တင်ရှင်၏မျက်နှာတော်ဟန်ပန်လက္ခဏာနှင့် ပြောဆိုပုံ များသည် တပည့်တော်များအတွက် အကျွမ်းတဝင်ကျက်မိထားသော အရာများဖြစ် ခဲ့ပါသည်။ ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည့် နည်းတူခရစ်တော် ၌ အိပ်ပျော်လျက်ရှိသော သူအပေါင်းတို့သည်လည်း တစ်ဖန်ထမြောက်ကြပါလိမ့် မည်။ ထိုတပည့်တော်များသည် ခရစ်တော်ကိုမှတ်မိခဲ့ကြသကဲ့သို့ ထိုအခါတွင် ကျွန်ုပ်တို့၏မိတ်ဆွေများကို ကျွန်ုပ်တို့မှတ်မိကြပါလိမ့်မည်။ ထိုသူများသည် သေ တတ်သောလူ့ဘ၀တွင် ကိုယ်အင်္ဂါချွတ်ယွင်း ကောင်းချွတ်ယွင်းခဲ့ကြပေမည်။ ရော ဂါဘယများထူပြောကာ ရုပ်ပျက်ဆင်းပျက်ဖြစ်ကောင်း ဖြစ်ခဲ့ကြပေမည်။ ထိုသူများ ရှင်ပြန်ထမြောက်လာသောအခါ စုံလင်ကျန်းမာရေးနှင့်အဆစ်အချိုးကျနစွာဖြင့် ထ မြောက်လာကြလိမ့်မည် ဖြစ်သော်လည်း၊ ဘုန်းတော်နှင့်ပြည့်၀သော၎င်းတို့အားမည် သူမည်ဝါဖြစ် ကြောင်း ကောင်းမွန်စွာသိရှိနိုင်ပါလိမ့်မည်။ ယခုတွင် ငါတို့သည် မှန် အားဖြင့် ရိပ်မိလျက်သာနေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင်ရကြ လိမ့်မည်။ ၁ကော ၁၃း၁၂။ ခရစ်တော်၏မျက်နှာတော်မှ ဘုန်းရောင်ခြည်တော်များ နှင့်တောက်ပလျက်ရှိနေကြသူများထဲတွင် ကျွန်ုပ်တို့ချစ်သောသူများ၏ မျက်နှာများ ကိုလည်း ကျွန်ုပ်တို့မှတ်မိကြပေလိမ့်မည်။
တပည့်တော်များကိုတွေ့လျှင် မိမိအကြောင်းနှင့်စပ်လျဉ်း၍ မောရှေ၏ကျမ်း၊ အနာဂတ္တိကျမ်းနှင့်ဆာလံကျမ်းများတွင် ရေးသားချက်များသည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်ဖြစ်ကြောင်း မိမိအသေခံတော်မမူမီ ခရစ်တော်မိန့်တော်မူခဲ့သော စ ကားများကို သူတို့အားကိုယ်တော်သတိရစေ တော်မူခဲ့ပါသည်။ “ထိုအခါ ကျမ်းစာ ကိုနားလည်စေခြင်းငှာ တပည့်တော် တို့၏ဥာဏ်ကိုဖွင့်တော်မူလျှင် ဤသို့ကျမ်းစာ လာ၏။ ဤသို့ခရစ်တော်သည် အသေခံ၍သုံးရက်မြောက်သောနေ့၌ သေခြင်းမှထ မြောက်ရမည်။ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့်အပြစ်လွှတ်ခြင်း တရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အားဟောပြောရမည်။ သင်တို့ သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။”
တပည့်တော်များသည် မိမိတို့၏လုပ်ဆောင်ရမည့် အမှုတော်၏လုပ်ငန်း သဘာ၀နှင့်အငန်းအတာများကို စတင်သိရှိလာခဲ့ကြပါသည်။ မိမိတို့အား ခရစ်တော် ပေးသနားတော်မူခဲ့သော အံ့ဩဖွယ်၊ သမ္မာတရားများကို ကမ္ဘာသို့ကြွေးကြော်ရန် ဖြစ်ပါသည်။ သူတို့သည် ခရစ်တော်၏အသက်တာ ခရစ်တော်၏အသေခံခြင်းနှင့် ထမြောက်ခြင်း စသည့်ဖြစ်ရပ်ကြီးများကို ပြညွှန်ထားသည့်အနာဂတ္တိစကားများ၊ ပညတ်တော်၏သန့်ရှင်းခြင်းနှင့် ကယ်တင် ခြင်းစီမံကိန်း၏နက်နဲမှုများ၊ အပြစ်မှသန့် စင်စေနိုင်သော ခရစ်တော်၏ တန်ခိုးတော် စသည့်အကြောင်းအရာများအတွက် သူ တို့သည် သက်သေခံများဖြစ်ကြပါသည်။ ထိုအကြောင်းအရာများကို ကမ္ဘာအားသူတို့ ကြွေးကြော် ရပါမည်။ ကယ်တင်ရှင်၏တန်ခိုးတော်နှင့် ၎င်းတို့၏နောင်တများကြောင့် ရရှိကြမည့် ကယ်တင်ခြင်း၊ ငြိမ်သက်ခြင်းတို့နှင့်စပ်ဆိုင်သော ဧဝံဂေလိတရားတော် ကို သူတို့ကြွေးကြော်ကြရပါမည်။
ကိုယ်တော်သည် ထိုသို့မိန့်တော်မူပြီးသောအခါ “ထိုသူတို့အပေါ်၌ မှုတ် လျက်သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံကြလော့။ အကြင်သူ၏အပြစ် ကိုသင်တို့လွှတ်လျှင် ထိုသူသည် အပြစ်လွှတ်လျက်ရှိ၏။ အကြင်သူ၏ အပြစ်ကို သင်တို့တည်စေလျှင် ထိုသူသည် အပြစ်တည်လျက်ရှိ၏” ဟုမိန့်တော်မူ၏။ ခရစ် တော်သည် ဘုန်းထင်ရှားတော်မူခြင်း မခံရသေးသဖြင့် သန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးသည် ပြည့်ပြည့်စုံစုံမထင်ရှားသေးချေ။ ကောင်းကင်သို့ခရစ်တော်မတက်မီ တွင် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို ကြွယ်၀စွာမသွန်းလောင်းသေးချေ။ တ မန်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို မရရှိကြသေးမီကမ္ဘာအနှံ့ သာသနာဖြန့်လုပ်ငန်းကို လုပ်ဆောင်နိုင်ခြင်းမရှိကြသေးချေ။ သို့ရာတွင် အထူးရည် ရွယ်ချက်ဖြင့် ယခုတွင် ဝိညာဉ်တော်ကိုပေးသနားတော်မူခဲ့ပါသည်။ တမန်တော်များ သည် အသင်းတော်နှင့်စပ်ဆိုင်သော လုပ်ငန်းတာဝန်များကိုမလုပ်ဆောင်နိုင်မီ ခရစ်တော်သည် ၎င်းတို့အပေါ်သို့ဝိညာဉ်ကိုမှုတ်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် ၎င်းတို့၏လက်ထဲ၌ မွန်မြတ်သန့်ရှင်းသောတာဝန်တစ်ခုကို ပေးအပ်တော်မူလျက်ရှိ သည်ကိုလည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးမပါရှိလျှင်၊ ဤတာဝန် ကိုပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းကိုလည်းကောင်း ၎င်းတို့ အားကိုယ်တော်သိစေလိုတော်မူပါသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် လူတစ်ဦးတစ်ယောက်၏ဝိညာဉ်ရေးအ သက်တာအတွက် ဇီ၀အသက်ဖြစ်တော်မူ၏။ သန့်ရှင်းသောဝိညာဉ်တော်ကိုမျှ ဝေ ခြင်းသည် ခရစ်တော်၏အသက်တာကို မျှဝေပေးခြင်းဖြစ်ပါသည်။ သန့်ရှင်းသောဝိ ညာဉ်တော်၏တန်ခိုးတော်သည် လက်ခံရရှိသူအား ခရစ်တော်၏ကြန်အင်လက္ခဏာ များဖြင့် ပြည့်၀စေပါသည်။ ဘုရားသခင်၏အကြောင်းကို ထိုကဲ့သို့သွန်သင်ခြင်းခံရ သူများ၊ စိတ်နှလုံးသားတွင် သန့်ရှင်းသောဝိညာဉ်တော်၏ ပြုပြင်ခြင်းကိုခံရသူများ၊ မိမိ၏အသက်တာတွင် ခရစ်တော်နှင့်တူသော အသက်တာမျိုးထင်ရှားလျက်ရှိသည့် သူများ၊ ဤသူများသာလျှင် လူသားများ၏ကိုယ်စားလှယ်များအဖြစ် ဖြင့်ရပ်တည်ကာ အသင်းတော်၏ကိုယ်စား အမှုတော်ဆောင်ရမည်ဖြစ်ပါသည်။
“အကြင်သူ၏အပြစ်ကိုသင်တို့လွှတ်လျှင် ထိုသူသည် အပြစ်လွှတ်လျက် ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင် ထိုသူသည်အပြစ်တည်လျက်ရှိ ၏။” ခရစ်တော်သည် ဤနေရာတွင် သူတစ်ပါးအားတရားစီရင်ရန် လူသားများကို လွတ်လပ်ပေးနေခြင်းမဟုတ်ပါ။ ဤအကြောင်းအရာနှင့် ပတ်သက်၍ တောင်ပေါ်ဒေ သနာတွင် ကိုယ်တော်ရှင်က တားမြစ်ပိတ်ပင်တော် မူခဲ့ပါသည်။ တရားစီရင်ခြင်းအ ခွင့်သည် ဘုရားသခင်တစ်ပါးတည်း၌သာ ရှိပါသည်။ သို့ရာတွင် အသင်းတော်ဖွဲ့ စည်းတည်ထောင်ထားသည့် ပမာဏအလိုက် အသင်းသားတစ်ဦးစီအတွက် လုပ် ဆောင်ရန်တာဝန်တစ်ခုစီကို ခရစ်တော်သတ်မှတ်ထားတော်မူပါသည်။ အပြစ်တွင် ကျဆုံးနေသောသူများအား၊ သတိပေးစကားပြောရန်၊ သွန်သင်ဆုံးမရန်၊ ဖြစ်နိုင် လျှင်ပုံမှန်နေရာသို့ ပြန်လည်ပို့ဆောင်ပေးရန် အသင်းတော်၌တာဝန်ရှိပါသည်။ “အ ပြစ်ကိုဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့်ဩဝါဒမျိုးကို ပေး၍ တိုက်တွန်းသွေးဆောင်လော့” ၂တိ ၄း၂။ မှားယွင်းသောလုပ်ဆောင်မှုများကို သစ္စာရှိစွာဖြင့်ဖြေရှင်းပါ။ အသက်ဝိညာဉ်တိုင်းအား ၎င်းတို့၏အန္တရာယ်ရှိနေ ကြောင်းသတိပေးပါ။ ကိုယ့်ကိုကိုယ်မလှည့်ဖြားမိကြစေရန် မည်သူကိုမျှ စွန့်ပစ်မ ထားပါနှင့်၊ ကျူးလွန်ခဲ့သည့်အပြစ်များကို အမည်ဖော်ပြ၍ဆုံးမပါ။ လိမ်ညာခြင်း၊ ဥပုသ်ချိုးဖောက်ခြင်း၊ ခိုးခြင်း၊ ရုပ်တုကိုးကွယ်ခြင်းနှင့်တကွ ဒုစရိုက်လုပ်ရပ်တိုင်းနှင့် စပ်လျဉ်း၍ ဘုရားသခင်မိန့်တော်မူသမျှကိုဟောပြောပါ။ “ထိုသို့သောအကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ” ဟုသွန်သင်ပါ။ ဂလာတိ ၅း၂၁။ ထိုသူများသည် အပြစ်ကိုဆက်လက်ကျူးလွန်နေမည်ဆိုလျှင် အ ထက်ပါကျမ်းချက်တွင်ဖော်ပြ ထားသည့် အပြစ်ဒဏ်ကိုကောင်းကင်နိုင်ငံ၌လည်း၊ သူ့အပေါ်တွင်စီရင်တော် မူလျက်ရှိပါသည်။ အပြစ်ကိုရွေးချယ်ခြင်းအားဖြင့် ထိုသူ များသည် ခရစ်တော်နှင့်မစပ်ဆိုင်သောသူများဖြစ်ကြ၏။ အသင်းတော်အနေဖြင့် ၎င်းတို့၏လုပ်ဆောင်ချက်များကို ခွင့်မပြုကြောင်းဖော်ပြရမည်။ သို့မဟုတ်လျှင် အ သင်းတော် ကိုယ်တိုင် သူမ၏ဘုရားသခင်ကို ရှုတ်ချခြင်းဖြစ်ပါသည်။ အသင်းတော် သည် အပြစ်နှင့်ပတ်သက်၍ ဘုရားသခင်မိန့်ဆိုထားသည့်အတိုင်း ဖွင့်ဟရပါမည်။ အသင်းတော်သည် ဘုရားသခင်ညွှန်ကြားသည့်အတိုင်း အပြစ်ကိုကိုင်တွယ် ဖြေရှင်း ရပါမည်။ သူမ၏အရေးယူလုပ်ဆောင်ချက်ကို ကောင်းကင်နိုင်ငံတွင် အတည်ပြု တော်မူပါသည်။ အသင်းတော်၏ လုပ်ပိုင်ခွင့်အာဏာတန်ခိုးများကို မထီမဲ့မြင်ပြု သောသူသည် ခရစ်တော်ကိုယ်တော်တိုင်၏ လုပ်ပိုင်ခွင့်အာဏာတန်ခိုးများကို မထီ မဲ့မြင်ပြုခြင်းဖြစ်ပါသည်။
ဤကိစ္စအတွက် ပို၍ထင်ရှားသောသွန်သင်ချက်တစ်ခုမှာ “အကြင်သူ၏ အပြစ်ကိုသင်တို့လွှတ်လျှင် ထိုသူသည်အပြစ်လွှတ်လျက်ရှိ၏” ဟူ၍ ဖြစ်၏။ ဤ အရာကိုမြဲမြံစွာမှတ်ကျုံးထားကြပါစို့။ မှားယွင်းသောသူများအတွက် အမှုတော် ဆောင်ရာတွင် ၎င်းတို့အားခရစ်တော်ထံသို့ပြညွှန်ကြပါစို့။ သိုးထိန်းသည် ဘုရား သခင်၏စားကျက်၌ရှိကြသောသိုးစုအား ကြင်နာယုယကြစေ။ ထိုသူများသည် ကယ် တင်ရှင်၏အပြစ်လွှတ်ခြင်း၊ ကရုဏာတော်အကြောင်းကို မှားယွင်းသောသူများထံ သွား၍ ပြောကြစေ။ အပြစ်သားများ အားနောင်တရစေ၍ အပြစ်မှခွင့်လွှတ်နိုင်သည့် ကိုယ်တော်အား၊ ယုံကြည်ခြင်းရှိလာအောင် အားပေးကြစေ။ “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်း ငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့် လည်းကောင်း ပြည့်စုံ တော်မူ၏” ဟူသောနှုတ်ကပတ်တော်ကိုဖွင့်ဟကြစေ။ ၁ယော ၁း၉။ “ကိုယ်တော်သည် အကျွန်ုပ်တို့ကိုတစ်ဖန်သနား၍ အကျွန်ုပ်တို့၏ ဒုစရိုက် ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့်မည်။ အကျွန်ုပ်တို့၏အပြစ်အလုံး စုံတို့ကို နက်နဲသောပင်လယ်ထဲသို့ချပစ်တော်မူလိမ့်မည်” ဟူသောအာမခံချက်ကို နောင်တရသောသူအပေါင်းတို့ရရှိကြပါမည်။ မိက္ခာ ၇း၁၉။
ထိုအပြစ်သား၏နောင်တရခြင်းကို အသင်းတော်အနေဖြင့်လှိုက်လှိုက် လှဲလှဲကြိုဆိုလက်ခံကြစေ။ နောင်တရသောသူတစ်စုံတစ်ယောက်အား၊ မယုံကြည် ခြင်းအမှောင်ထုမှ ယုံကြည်ဖြောင့်မတ်သော အလင်းတော်သို့ပို့ဆောင်ကြစေ။ ကြောက်ရွံ့တုန်လှုပ်နေသောထိုသူ၏လက်ကို ခရစ်တော်၏မေတ္တာတော်လက်များ ထဲသို့ပို့ကြစေ။ ထိုကဲ့သို့သောအပြစ်လွှတ်ခြင်းမျိုးကို ကောင်းကင်နိုင်ငံတော်တွင် အ တည်ပြုတော်မူပါသည်။
အသင်းတော်၌ ဤနည်းအားဖြင့်သာ ထိုအပြစ်သား၏အပြစ်ကို ကင်းလွတ် ဖြေရှင်းခွင့်ရှိပါသည်။ အပြစ်ခွင့်လွှတ်ခြင်းကို ခရစ်တော်ပြုသော ကောင်းမှုကုသိုလ် အားဖြင့်သာ ရရှိနိုင်ကြပါသည်။ အပြစ်ကင်းလွတ်ခွင့်ပြုနိုင်သည့်တန်ခိုးကို မည်သည့် လူသားတစ်စုံတစ်ဦး၌မျှ ပေးအပ်ထားခြင်းမရှိပါချေ။ တပည့်တော်များသည် လူမျိုး အပေါင်းတို့တွင် ခရစ်တော်၏နာမတော်အားဖြင့် အပြစ်ခွင့်လွှတ်ခြင်းအခွင့်ရရှိနိုင် ကြောင်းဟောကြားရန် တာဝန်ပေးအပ်ခြင်းခံရသော်လည်း သူတို့ကိုယ်တိုင်၌မူ အ ပြစ်၏အစွန်းအကွက်လေးတစ်ခုကိုပင် ဖယ်ရှားပေးနိုင်သည့်တန်ခိုးမရှိပါချေ။ ခရစ် တော်၏နာမတော်မှတစ်ပါး၊ “ငါတို့ကိုကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင် အောက်လူတို့တွင်မပေါ်မရှိ” တမန် ၄း၁၂။
သခင်ယေရှုသည် တပည့်တော်များကို အထက်ခန်းထဲတွင်ပထမဦးဆုံးအ ကြိမ်အဖြစ်တွေ့ဆုံစဉ်က ထိုအထဲတွင် သောမ မပါရှိခဲ့ချေ။ သူသည်အခြားတမန် တော်များ၏ ပြောကြားချက်များကိုကြားခဲ့ရပြီး၊ ခရစ်တော်သည် ထမြောက်တော်မူပြီ ဖြစ်ကြောင်း၊ သက်သေအထောက်အထား အခိုင်အလုံရရှိထားသော်လည်း သူ၏ စိတ်နှလုံးသည် မယုံကြည်စိတ်များ၊ အမှောင်စိတ် များဖြင့်ပြည့်၀နေခဲ့ပါသည်။ တပည့်တော်များက ရှင်ပြန်ထမြောက်ခဲ့သော ကယ်တင်ရှင်သည် မိမိတို့အားကိုယ် ယောင်ပြခဲ့ကြောင်း ပြောပြသည်ကိုကြား ရသောအခါ ထိုသတင်းသည် ပို၍ပင်စိတ် ပျက်စေခဲ့ပါသည်။ အကြောင်းမှာ ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော် မူခဲ့လျှင် လောကီနိုင်ငံနှင့် ပတ်သက်သော မျှော်လင့်ချက်များမရှိနိုင်တော့ချေ။ ၎င်း ပြင်၊ သူ၏သခင်ဘုရားသည် သူမှလွဲ၍အခြားတမန်တော်အားလုံးကို ကိုယ်ထင်ပြခဲ့ သည်ဆိုသည့် အချက်ကိုစဉ်းစားမိသောအခါတွင် ၎င်း၏စိတ်နေမြင့်မားမှုအားထိ ခိုက်နာကျင်စေခဲ့ပါသည်။ အကြောင်းကြောင်းကြောင့် သူသည်ကြားရသောသတင်း များကို မယုံကြည်ဖို့ဆုံးဖြတ်ခဲ့ပြီး၊ အခြားညီအစ်ကိုများ၏မျှော်လင့်ခြင်း၊ ယုံကြည် ခြင်းတို့နှင့်နှိုင်းယှဉ်လိုက်လျှင် ပို၍မှောင်မိုက်သည့်အတိဒုက္ခတွင် ရက်သတ္တပတ်လုံး နစ်မျောနေခဲ့ပါသည်။
သောမသည် ထိုအချိန်အတွင်းတွင် “လက်တော်၌သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကိုလက်ညှိုးနှင့်မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့်မစမ်းမ သပ်ရလျှင် အကျွန်ုပ်မယုံ” ဟု ထပ်ခါတလဲလဲပြောဆိုနေ ပါသည်။ သူသည်အခြား ညီအစ်ကိုများမြင်ခဲ့ရသောအရာများကို လက်မခံ ခဲ့ချေ။ သို့မဟုတ်လျှင် ၎င်းတို့၏ သက်သေခံချက်များအပေါ်တွင် အခြေပြု နေသောယုံကြည်ခြင်းကို သူလေ့ကျင့်အ သုံးချခဲ့လိမ့်မည်ဖြစ်ပါသည်။ သူသည် မိမိ၏ဘုရားသခင်အား နှစ်နှစ်ကာကာချစ်ခင် ခဲ့သော်လည်း မနာလိုဝန်တိုမှု နှင့်မယုံကြည်မှုများကို မိမိ၏နှလုံးသား၌ လွှမ်းမိုးချုပ် ကိုင်ခွင့်ပြုခဲ့ပါသည်။
များပြားလှစွာသော တပည့်တော်များသည် ထိုအထက်ခန်းကို ၎င်းတို့၏ ယာယီနေအိမ်ကဲ့သို့ သဘောထားကာ နေထိုင်ခဲ့ကြပါသည်။ ညနေပိုင်းတွင် သောမမှတစ်ပါး အခြားတပည့်တော်များအားလုံးသည် ထိုနေရာတွင်စုရုံးရောက် ရှိခဲ့ကြပါသည်။ သောမသည် တစ်ညနေတွင် အခြားသောတမန်တော်များနှင့် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ပါသည်။ သူသည် ထိုသတင်းကိုမယုံကြည်နိုင်ငြား သော်လည်း၊ ဤသတင်းကောင်းသည် သတင်းမှန်ဖြစ်နိုင်သည်ဟု သူ၌မဆိုစ လောက်သောမျှော်လင့်ချက်ကလေးရှိနေပါသေးသည်။ ထိုတမန်တော်များသည် ညနေခင်းစာစားနေကြစဉ် အနာဂတ္တိစကားတွင် ၎င်းတို့အားခရစ်တော်မိန့်မြွက်ခဲ့ သော သက်သေအထောက်အထားများ အကြောင်းကို ပြောဆိုနေကြပါသည်။ ထို စဉ်တွင် ယေရှုသည် ကြွလာ၍ အလယ်မှာရပ်တော်မူလျက် “သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်း” ဟု မိန့်တော်မူ၏။
ထိုနောက် သောမဘက်သို့လှည့်၍ “သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကိုစမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်၊ ယုံ လော့” ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် သောမတွေးခဲ့သောအတွေးများနှင့် ပြောခဲ့သောစကားများကိုသိထားကြောင်း ဤ စကားများကထင်ရှားစေပါသည်။ ထိုရက်သတ္တပတ်လုံးတွင် ခရစ်တော်နှင့် မည်သည့်တပည့်တော်မျှမတွေ့ဆုံခဲ့ ကြောင်းကို သောမသိထားပါသည်။ ထိုကြောင့် တမန်တော်များအနေနှင့် မိမိ၏ ယုံကြည်မှုများကို ဖောက်သည်ချခြင်းမဟုတ်နိုင်ချေ။ မိမိ၏ရှေ့တွင်ရပ်နေသည့် ထိုပုဂ္ဂိုလ် မိမိ၏အရှင်ဘုရားဖြစ်ကြောင်း သူမှတ်မိလာခဲ့ပါသည်။ နောက်ထပ်သက် သေအထောက်အထား တစ်စုံတစ်ခုကိုမျှ သူမလိုလားတော့ဘဲ ဝမ်းသာလုံးဆို့ကာ ခရစ်တော်၏ ခြေတော်ရင်းတွင်ပျပ်ဝပ်လျက် “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကား” ဟုလျှောက်ထားလေ၏။
သခင်ယေရှုသည် သောမ၏အသိအမှတ်ပြုခြင်းကို လက်ခံတော်မူခဲ့သော် လည်း “သင်သည်ငါ့ကိုမြင်သောကြောင့်ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူသည် မင်္ဂလာရှိကြ၏ဟု သိမ်မွေ့နူးညံ့စွာဖြင့် ၎င်းတို့၏မယုံကြည်မှုများကို ပဲ့ပြင်တော်မူခဲ့ပါ သည်။ သူသည် အခြားသောတပည့်တော်များ၏ သက်သေခံချက်များကိုယုံကြည်ရန် ဆန္ဒရှိခဲ့မည်ဆိုလျှင် ၎င်း၏ယုံကြည်ခြင်းသည် ခရစ်တော်အတွက်ပို၍ နှစ်သက်ဖွယ် ဖြစ်ပါလိမ့်မည်။ တစ်လောကလုံးသည် သောမ၏လမ်းစဉ်ကိုလိုက်ခဲ့ကြပါမူ မည်သူ တစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်းနှင့်စပ်ဆိုင်သော ယုံကြည်ခြင်းမျိုးရှိကြလိမ့် မည်မဟုတ်ချေ။ အကြောင်းမူကား၊ ခရစ်တော်ကိုလက်ခံသူအပေါင်းတို့သည် အခြား သူများ၏ သက်သေခံမှုအပေါ်တွင်သာ ဆောက်တည်ကြရမည်ဖြစ်သောကြောင့် တည်း။
သောမသည် ၎င်း၏မိတ်ဆွေများထံမှရရှိခဲ့သည့် သက်သေအထောက်အ ထားလောက် မိမိရရှိခဲ့ပါလျှင် ယုံကြည်ခြင်းသို့ရောက်ကြမည်ဟု သံသယထားလို သောသူများစွာတို့က ကိုယ်ကိုကိုယ်အပြစ်ဖြေရာစကားများပြောဆို နေကြပါသည်။ ၎င်းတို့သည် ထိုအထောက်အထားထက်မက များပြားလှစွာ သောအထောက်အ ထားများရရှိနေကြောင်းကို သူတို့မသိရှိခဲ့ကြချေ။ သောမကဲ့သို့ သံသယဖြစ်ရခြင်း၏ အကြောင်းရင်းများကိုဖယ်ရှားပစ်ရန် စောင့်ဆိုင်း နေကြသောလူများစွာတို့သည် မိမိ တို့၏အလိုဆန္ဒများကို မည်သည့်အခါမျှ သိရှိကြလိမ့်မည်မဟုတ်ချေ။ သူတို့သည် မ ယုံကြည်မှု၌သာ တဖြည်းဖြည်း ခိုင်မြဲလာကြပါတော့သည်။ မကောင်းသည့်ဘက်ကို သာကြည့်ကာ မြည်တွန်တောက်တီးနေတတ်သော ထိုသူများသည် မိမိတို့မည်သည့် အရာလုပ်ဆောင်နေသည်ကိုပင် မသိရှိကြတော့ချေ။ သူတို့သည် သံသယမျိုးစေ့ များကို စိုက်ပျိုးနေကြသဖြင့် သံသယကောက်နှံများကိုရိတ်သိမ်းကြရပါလိမ့်မည်။ ယုံ ကြည်မှုနှင့်စိတ်ချမှုများသည် မရှိမဖြစ်လိုအပ်သည့်အရာများဖြစ်လာသည့် အချိန် အခါမျိုးတွင် များစွာသောလူများသည် ဤနည်းအားဖြင့် မိမိကိုယ်ကို မျှော်လင့်နိုင် စွမ်း၊ ယုံကြည်နိုင်စွမ်းမရှိကြသည့်သူများဖြစ်ကြောင်း တွေ့ရှိရပါသည်။
ခရစ်တော်သည် သောမအား ထိုကဲ့သို့ပြုမူဆက်ဆံတော်မူခြင်းတွင် ခရစ် ယာန်များအတွက် သင်ခန်းစာတစ်ခုကို သွန်သင်ထားတော်မူပါသည်။ ယုံကြည်ခြင်း အားနည်းသောသူများနှင့် သံသယစိတ်အထင်ကရရှိနေသော ပုဂ္ဂိုလ်များကို ကျွန်ုပ် တို့မည်ကဲ့သို့ဆက်ဆံသင့်ကြောင်း ကိုယ်တော်ရှင်ပုံ သက်သေပြတော်မူခဲ့ခြင်းဖြစ်ပါ သည်။ ခရစ်တော်သည် သောမအားအပြစ် တင်ခြင်းအားဖြင့် အနိုင်မယူခဲ့ရုံသာမက ငြင်းခုံမှုကိုလည်းပြုတော်မမူခဲ့ချေ။ ကိုယ်တော်သည် သံသယဖြစ်နေသောထိုသူအား မိမိကိုယ်ကိုဖော်ပြတော်မူ ခဲ့ပါသည်။ သောမအား ၎င်း၏ယုံကြည်ခြင်းအခြေအနေ များနှင့်ပတ်သက်၍ ပြဌာန်းဖွင့်ဆိုပြနေမည်ဆိုလျှင် ပို၍ပင်အမြော်အမြင်ကင်းမဲ့သွား စေလိမ့်မည်ဖြစ်သဖြင့် ခရစ်တော်သည်မိမိ၏ကြွယ်၀သော မဟာမေတ္တာတော်နှင့် ချင့်ချိန် စဉ်းစားမှုများအားဖြင့် အဟန့်အတားအားလုံးကို ချိုးဖဲ့ပစ်တော်မူလိုက်ပါ သည်။ မယုံကြည်မှုများကိုငြင်းခုံခြင်းအားဖြင့် အောင်နိုင်ခဲ့ပါသည်။ မအောင်အောင် နိုင်သည့်အပြင် ထိုသူသည်မိမိ၏မယုံကြည်မှုကို အကာအကွယ်များပြုလုပ်ကာ ထိုမ ယုံကြည်မှုကိုထောက်ခံမည့်အရာများနှင့် ဆင်ခြေပေးမည့်အရာများကို ရှာဖွေလာပါ လိမ့်မည်။ သို့ရာတွင် မေတ္တာကရုဏာနှင့်ပြည့်စုံသော ခရစ်တော်အား အသေခံတော် မူခဲ့သောကယ်တင်ရှင်အဖြစ်ဖော်ပြကြစေ။ ကိုယ်တော်ကို သူတို့မြင်တွေ့လာလျှင် တစ်ချိန်ကယုံကြည်ရန်ဆန္ဒမရှိသော နှုတ်ခမ်းများမှ “အကျွန်ုပ်၏ဘုရားသခင်ပါတ ကား” ဟူ၍ သောမအသိအမှတ် ပြုသကဲ့သို့ အသိအမှတ်ပြုပြောဆိုသံများကိုကြား ကြရပါလိမ့်မည်။
No comments:
Post a Comment