Tuesday, April 28, 2026

 

ဘုရားအငယ်များ

ဒုတိယပညတ်ချက်

        

         အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီး ပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာ နှင့်ပုံသဏ္ဌာန်တူအောင် ရုပ်တုဆင်းတုကိုကိုယ့်အဖို့မလုပ်နှင့်။ ဦးမချဝတ် မပြုနှင့်။ အကြောင်းမူကား သင်၏ ဘုရားသခင် ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူ၏ အမျိုး အစဉ်အဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အဘတို့၏ အပြစ်ကို သားတို့၌ဆပ်ပေးစီရင်သော ဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ် တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက်အထောင်အသောင်းတိုင် အောင် ကရုဏာကိုပြသော ဘုရားဖြစ်၏။” (ထွက်မြောက်ရာကျမ်း ၂၀း၄-၆)။

         မနက်မိုးသောက်ချိန်ဖြစ်၏။ အိမ်မှတောလမ်းလေးတစ်လျှောက် ကားမောင်းထွက်လာခဲ့ကြသည်။ ထိန်ထိန်ညီးသောမြို့၏ ဘုန်းသည် ကျွန်ုပ်တို့၏အနောက်ဘက်မှာ ပျောက်ကျန်ရစ်ပြီး အရှေ့ဘက်သို့ တိုး ထွက်နေသော ကားမီးကိုသာ အားပြုခရီးဆက်လာခဲ့ကြသည်။ လမ်း တစ်လျှောက်မှာ ကားအင်ဂျင်၏ဝီသံနှင့်လမ်းနှင့်ပွတ်တိုက်သောတာယာ ၏ မြည်သံမှတစ်ပါး တိတ်ဆိတ်လျက်ရှိသည်။ မိုးကုပ်စက်ဝိုင်း၏ အောက်ခြေမှပေါ်ထွက်သောရောင်နီက နေ့ရောက်တော့မည်ဟု သတိ ပေးလာပြီ။မလှမ်းမကမ်းရှိတောင်ကုန်း တစ်ဖက်မှလက်သည်းခွံသဏ္ဌာန် ပြူထွက်လာသော အနီရောင်အပိုင်း အစတစ်ခုက တိတ်တိတ်ကလေး ချောင်းကြည့်သည့်အလား။ ပြီးနောက် တည်တည်တန့်တန့်နှင့်ကိုယ်ဟန် ပြသောနေဝန်းနီကြီးက မလှုပ်သလို မယှက်သလိုဖြင့် တစ်မိနစ်အတွင်း အတော်အတန်လေးမြင့်တက်လာတော့ နေ့ရောက်ပြီဟု အတိအလင်း ကြေညာလိုက်ပြီပေါ့။

         တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူမှာ ကျွန်ုပ်တို့၏ သားဦးကလေး ပင်ဖြစ်သည်။ ၄ နှစ်အရွယ်သာရှိသေးသော ဒေးဗစ်ကလေး၏ ထူးဆန်း သောမှတ်ချက်က ကျွန်ုပ်တို့ကိုအံ့အားသင့်စေခဲ့ပါသည်။

         ဖေဖေ” သူကဆို၏။ “နက်ဖြန်နေ့ ဒီထက်သာစောစော ထွက် လာခဲ့ရင် အဲဒီတောင်ကုန်းပေါ်ကနေထွက်လာတဲ့နေလုံးကို သားတို့ ဖမ်း လို့ မိမှာပဲနော်” ဟု သူ့အထင်ကို ပီပီသသဖွင့်ဟလိုက်၏။

         “ကလေးတစ်ယောက်ရဲ့ အတွေးပါလား” ဟု ကျွန်ုပ်ဆင်ခြင်မိ သည်။ ထိုကလေးက နေကြီးကို ဖမ်းကိုင်နိုင်လောက်အောင်စွမ်းသည်ဟု မိမိကိုယ်ကိုအထင်ကြီးနေခြင်းမဟုတ်ဘဲ ရိုးရိုးလူဖမ်းကိုင်နိုင်တဲ့အထိ နေကသိပ်မကြီးဘူးဟု သူသဘောပေါက်နေခြင်းသာဖြစ်သည်။ သူ၏ ဦးနှောက်ငယ်ထဲသို့ ကျယ်ပြောသောစကြဝဠာကြီးကို မထည့်သွင်းနိုင် သောကြောင့် စကြဝဠာ၏ တန်ဆာများကို အသေးမြင်လိုက်ခြင်းပင်ဖြစ် ပါသည်။

         မြေလုပ်သားတစ်ဦးက ရွှံ့မြေတချို့ကိုတူးယူ၏။ ပြီးနောက် ပုံဖော်သွန်းလိုက်၏။ မျက်လုံး၊ နှာခေါင်း စသည်ဖြင့် အစုံအလင်ပါ၏။ တစ်ဖန်နေလှန်းလိုက်၏။ ခြောက်သွားသောအခါ ကြိုက်ရာအရောင်ကို ခြယ်၏။ ဤနည်းဖြင့် ဘုရား၏ ရုပ်ပုံကို ထုလုပ်၍ရပါမည်လား။ မဖြစ်နိုင် ပါ။ သူ့ပုံသူထုနေခြင်းသာဖြစ်သည်။

         ၄ နှစ်သားလေးက သူ၏လက်ကလေးဖြင့် နေကိုဖမ်းကိုင်နိုင်မည် ထင်ခဲ့သည်။ မြေလုပ်သားကလည်း ဘုရား၏ ပုံကိုသူထုနိုင်သည်ဟုထင် ပြန်သည်။ ထိုနှစ်ဦးစလုံးက အတူတူမှားကြသည်။

         ရှောလမုန်မင်းကြီး၌ လျောက်ပတ်သောရှုမြင်ချက်ကို တွေ့ရပါ သည်။ ယေရုရှလင်မြို့၌ လှပသော ဗိမာန်တော်တစ်ဆောင်ကို ဆောက် လုပ်ပြီးစီးသောအခါ ကြည်နူးအားရလျက် ပွဲလမ်းသဘင်ကို ကျင်းပလေ ၏။ သူ၏ကျေနပ်မှုများထဲ၌ ထိုအမှုအရာ၏ သရုပ်အမှန် မပျက်မယွင်းခဲ့။
မင်းကြီးပူဇော်ခဲ့သော ပတ္ထနာစကားမှာလည်း လျောက်ပတ်ပေသည်။ “သို့ရာတွင် ဘုရားသခင်သည် လူတို့နှင့်အတူ ကမ္ဘာမြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူနိုင်ပါသလော။ ကောင်းကင်ဘဝဂ်ပင်လျှင် ကိုယ် တော်စံနေတော်မူနိုင်အောင် မကျယ်ဝန်းပါလျှင် အကျွန်ုပ်တည်ဆောက် သည့်ဗိမာန်တော်ကား စံနေတော်မူနိုင်ရန် ကျယ်ဝန်းမည်မဟုတ်ပါ” (၆ရာ ၆း၁၈)။

         ဘုရားကို ကိုယ်စားပြုမည့်(ပုံဆောင်မည့်)ရုပ်တုကို ဒုတိယ ပညတ်ချက်အနေဖြင့် တားမြစ်ရခြင်းမှာ အဘယ်မျှလောက် ကြီးမား အောင် ထုလုပ်နိုင်ကာမူ (သို့မဟုတ်) အဘယ်မျှလောက်ထည်ဝါအောင် စိန်၊ ရွှေ၊ ရတနာတို့ဖြင့်မွမ်းမံလျက်ပြီးစေကာမူ အကြောင်းမဟုတ်၊ ဘုရား ကို သေးသိမ်စေသော အမှုသာဖြစ်သောကြောင့်ပင်ဖြစ်သည်။ လူသား တို့၏ အတွေးအခေါ်ဖြင့် ဘုရားကို ဘောင်ခတ်နေခြင်းပင်ဖြစ်သည်။ မစုံ လင်နိုင်သော လူသားများ၏ အားနည်းမှုဖြင့်ပုံဖော်သော ဘုရား၏ဂုဏ်ကို ညှိုးစေသည့် အပြစ်၏ အခြေအမြစ်ကို ရှောင်ရှားနိုင်ရန် ဒုတိယပညတ် ချက်က မစနေပါသည်။

         ခေတ်သစ်ဆင်ခြင်တုံသမားများလည်း ဤအမှားမျိုးကျူးလွန် နေကြပေသည်။ ကျယ်ပြောသော စကြဝဠာကြီးထဲသို့ သူတို့၏ဉာဏ်စွမ်း ကွန်ယက်ငယ်များကို ဖြန့်ကြသည်။ ၎င်းတို့၏ အသိတရားနှင့်အစွမ်း ပကားတွင် ကန့်သတ်သော သတင်းအချက်အလက်များကိုသာ ရယူနိုင် ပေသည်။ ထိုသတင်းအချက်အလက်ကလေးများ၏ ပိုင်ရှင်အဖြစ် မိမိ ကိုယ်ကိုသတ်မှတ်ကာ မိမိတို့မမြင်သည့်အခြားသော တည်ရှိခြင်း အမှား တစ်ခုကို ပြုနေကြသည်။ ဤအမှုတွင် အသိမဲ့သူများမှသာ ကျူးလွန် အဖြစ်များကို ငြင်းဆန်တတ်ကြသည်။ ပြောခဲ့သည့်အတိုင်း တူသော အမှားတစ်ခုကို ပြုနေကြသည်။ ဤအမှုတွင် အသိမဲ့သူများမှသာ ကျူး လွန်ကြသည့်အမှားမျိုးမဟုတ်ပါ။

ခမည်းတော်သည်ကိုယ်တော်တိုင်သင်တို့ကိုချစ်တော်မူ၏”

         ရှေးအခါက ရုပ်တုကိုးကွယ်မှုတွင် ဘုရားအများဝါဒကို ယုံကြည် ကြသည်။ အရာရာ၌စောင်မနိုင်ရန် ဘုရားတစ်ပါးတည်းက မလုံလောက် နိုင်ဟုအထင်ရှိသောကြောင့် ဘုရားအများကိုတည်ထား ကိုးကွယ်လာကြ သည်။

         ရှေးဦးခရစ်ယာန်များအနေဖြင့် ဘုရားတစ်ဆူတည်းရှိသည်ကို ယုံ ကြည်ခဲ့ကြသော်လည်း သူတို့အထဲမှ အတော်များများက ထိုဘုရားမှာ မည်သူဖြစ်သည်ကို သိပ်သဘောမပေါက်ခဲ့ကြပါ။ ယခင်အခါက ကိုးကွယ် ခဲ့ကြသော ဘုရားများကဲ့သို့ မေ့လျော့တတ်သောဘုရား၊ ဂရုမစိုက်လို သောဘုရားဟု စိတ်ထင်ရှိခဲ့ကြသည်။ ဘုရား၏ဥပေက္ခာပြုမှုကို အောင် နိုင်ပြီး မိမိတို့၏လိုအပ်ချက်များအပေါ် စိတ်ဝင်စားလာအောင် အဆက် မပြတ် တောင်းလျှောက်ဖို့လိုအပ်သည်ဟု ရုပ်တုကိုးကွယ်သည့် ဘာသာ မှပြောင်းလဲလာသူများကထင်ကြသည်။ ပို၍ပင်ဆိုးနေပြီလား။

         သမ္မာကျမ်းစာက ဘုရားသခင်ကို လူသားတို့၏ အစွမ်းဆောင်နိုင် ဆုံး မေတ္တာမျိုးနှင့်နှိုင်းယှဉ်လျက် “မိန်းမသည် မိမိဖွားသော သားကို မသနားသည်တိုင်အောင် မိမိနို့စို့သူငယ်ကိုမေ့လျော့နိုင်သလော၊ အကယ် ၍မေ့လျော့သော်လည်း သင့်ကိုငါမမေ့လျော့။ ငါသည် ကိုယ်လက်ဝါး၌ သင့်ကိုစာထိုးပြီ” ဟု ဟေရှာယ ၄၉း၁၅၊၁၆ တွင် ဖော်ပြပေသည်။ သခင် ယေရှုကလည်း “သင်တို့အဖို့အလိုငှါ ငါသည် ခမည်းတော်ကိုတောင်းမည် ဟုမဆို။ ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကို ချစ်တော်မူ၏” ဟုမိန့်တော်မူ၏။ (ယော ၁၆:၂၆၊၂၇)။ တမန်တော်ကြီးကလည်း “ထိုကြောင့် ငါတို့သည်သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော် သောမစခြင်း ကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း ရဲရင့် သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့” ဟု နှိုး ဆော်ထားပေသည်။ (ဟေဗြဲ ၄း၁၆)။


         သေလွန်ပြီးသောသန့်ရှင်းသူများမှတစ်ဆင့် ပတ္ထနာလျှောက်တင်

ခြင်းသည်လည်း ရုပ်တုကိုးကွယ်သူတို့၏ ဘုရားကို ကန့်သတ်သည့် အတွေးအခေါ်မှလာသောကြောင့် ဒုတိယပညတ်ချက်ကိုချိုးဖောက်ခြင်း ဖြစ်ပေသည်။

 

အဘယ်ကြောင့်ယုံမှားသနည်း”

         ဂွါနာဂျာသင်္ဘောဆိပ်တွင် မိတ်ဆွေတစ်ယောက်နှင့်အတူ ရပ်နေ စဉ် ဆိပ်ကမ်းတွင်ဆိုက်ကပ်နေသော ပုစွန်ဖမ်းသင်္ဘောများကို တွေ့ခဲ့ သည်။ မနက်ပိုင်း၌ ၎င်းတို့၏ ငါးဖမ်းပိုက်ကြီးများကို နေတွင် လှန်းလျက် ညနေပိုင်းများ၌ တစ်ဖန်ငါးပုစွန်ထွက်ဖမ်းလေ့ရှိသည်။ နေ့စဉ်တန်ချိန် ပေါင်းများစွာသော ပုစွန်များရရှိကြောင်းသိခဲ့ရ၍ အံ့သြမိသည်။ ဤနှုန်း အတိုင်းသာဆက်၍ဖမ်းမိလျှင် သိပ်ကြာကြာမခံဘဲ သမုဒ္ဒရာထဲမှ ပုစွန် များ ကုန်ခန်းသွားလိမ့်မည်ဟုလည်းထင်ခဲ့ပါသည်။

         နောက်နေ့မနက်အချိန် ကမ်းရိုးတန်းတစ်လျှောက်ကို ဖြတ်လျက် ဂွါနာဂျာမှ ပြုရ်တိုကဘဲဇတ်သို့ လေယာဉ်ဖြင့်ခရီးဆက်ခဲ့ရာ လေယာဉ်၏ လက်ဝဲဘက်တွင် စိမ်းစိုသောတောတောင်နှင့် လက်ယာဘက်တွင် ကြီး မားကျယ်ပြန့်သော ပင်လယ်ပြာကြီးကို ရှုမောခဲ့ရပါသည်။ မိုးကုပ်စက် ဝိုင်းဆီသို့ မိုင်ပေါင်းမည်မျှကွာဝေးလိမ့်မည်ကို ကိုယ်ဘာသာ စဉ်းစားငေး မောနေရင်း ပင်လယ်ထဲတွင် ပိုက်ကွန်များဖြင့် ငါးပုစွန်များ ဖမ်းနေသည့် မနေ့ကဆိပ်ကမ်းမှာမြင်တွေ့ခဲ့သော သင်္ဘောမျိုးကို အဝေးမှ အလွန်သေး ငယ်စွာတွေ့မြင်ရပြန်သည်။ ၎င်းတို့၏အရွယ်မှာ ပင်လယ်ကြီးနှင့်မလိုက် ဖက်အောင် သေးငယ်လွန်းပေသည်။ ဒီလောက်သေးငယ်တဲ့ လှေမျိုးက မြင်မဆုံးတဲ့ဘုရားရဲ့ အဏ္ဏဝါဘဏ္ဍာကို ကုန်ခန်းစေနိုင်မှာလဲဟု တွေးနေ မိပါသည်။ ခြားနားသောအသိဖြင့် ရှုမြင်လိုက်သောအခါ အရာဝတ္ထု၏ ပြောင်းလဲမှုကိုခံစားလာရသည်ပင်။

         ကျွန်ုပ်တို့၏ အခက်အခဲပြဿနာများ မိုးလောက်မြေလောက် ကြီးမားပါသည်ဟု ထင်ရသောအခါများတွင် ဘုရားကဘယ်လိုများ မြင်ပါ လိမ့်ဟုစဉ်းစားကြည့်မိသည်။ သင်ကောဘယ်လိုထင်ပါသလဲ။

         မုန်တိုင်းထန်သော ဂါလိလဲတစ်ညတွင် ပေတရုကြီးအသွန်သင်ခံ ခဲ့ရသောသင်ခန်းစာရှိသည်။ ဧရာမလှိုင်းလုံးကြီးနှင့် လေကြမ်းကြီးက အထိတ်တလန့်ဖြစ်စေ၍ “ကယ်မတော်မူပါသခင်”ဟု ဟစ်ကြော်လေ၏။ (မဿဲ ၁၄း၃၀)။

        ယေရှုသည်လက်တော်ကိုချက်ချင်းဆန့်၍ပေတရုကိုကိုင်လျက်၊ ‘ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသော စိတ်ဝင် သနည်း' ဟုမေးတော်မူ၏” (မဿဲ ၁၄း၃၁)။

         ကြောက်ရွံ့ခြင်းနှင့် စိုးရိမ် ပူပန်ခြင်းသည် ယုံကြည်ခြင်းအားနည်း ရာမှလာ၍ ကျွန်ုပ်တို့၏ အသိစိတ်များတွင် ဘုရားကိုသေးငယ်စေသော ကြောင့် ဒုတိယပညတ်ချက်ကို ပြစ်မှားကျူးလွန်ရာရောက်ပေသည်။

 

ရုပ်တု၏တန်ခိုးကိုဘယ်တော့မှလျှော့မတွက်ပါနှင့်

         ဆာလံဆရာက ရုပ်တုများအကြောင်း ဤသို့ဆို၏။ “လုပ်သော သူတို့လည်း အတူတူ၊ ကိုးစားသောသူ အပေါင်းတို့လည်း အတူတူပါ တကား” (ဆာလံ ၁၁၅း၈)။ တမန်တော်ပေါလုကလည်း သူ့အချိန်၌ တူညီ သောအသွင်ကို ဤသို့ဆို၏။ “ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ် လိုသည်ဖြစ်၍ မလျောက်ပတ်သော အမှုကိုပြုစေမည်အကြောင်း ဘုရား သခင်သည် သူတို့၏ မောဟလက်သို့အပ်လိုက် တော်မူသည်နှင့်အညီ” “မလျောက်ပတ်သောအမှုများ” စာရင်းတွင် အလုံးစုံသောအဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြား ခြင်း၊ သူတစ်ပါးကိုမြင်ပြင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊ Text Box: ဘုရားအငယ်များဆဲရေးသောသူ၊ ဘုရားသခင်ကို မုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာန ထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ်ကောင်းသော အတတ်ကို စီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊ မိဘသားမယားစသည်တို့ကိုမချစ်သောသူ၊ ရန်ငြိုး ထားသောသူ၊ သနားခြင်းကရုဏာစိတ်မရှိသောသူ စသည်ဖြင့် ရှင်းလင်း ပြတ်သားစွာဖော်ပြထားပါသည်။ (ရောမ ၁း၂၃၊၂၈-၃၁)။

         သိပ်လှပသောအသွင်တော့မဟုတ်ပါ။ သို့သော် လွန်ကဲပြောဆို သည်ဟု သင်ထင်ကောင်းထင်မိမည်။ မကြာသေးမီက Oaxaca ရှိ Monte Albar သို့အလည်အပတ်ရောက်ခဲ့၏။ အမွေးအတောင်ပါသော မြွေရုပ် များ၊ ဝပ်၍ချောင်းနေသောသားရဲတိရစ္ဆာန်များ၏ပုံ၊ မြောက်မြားစွာသော လူပုံများတို့ဖြင့်ပုံဖော်ထားခဲ့သော ရှေးဟောင်း Zapotec ဘုရားများနှင့် ပြည့်လျက်နေသည်။ ရုပ်တုတို့၏ မျက်နှာများမှာလည်း ဒေါသထွက်ခြင်း နှင့်မုန်းတီးစိတ်အတိ၊ ပွဲနေ့များတွင် ယဇ်ကောင်အရှင်များကို ယဇ်ပုရော ဟိတ်များက နှလုံးမှ ထိုးဖောက်သတ်ဖြတ်ရသောပလ္လင်တစ်ခုရှိသည်။ ထိုနောက်နတ်ဘုရားများကို ပူဇော်ပသသည့်အနေဖြင့် လူအစုလိုက်အပြုံ လိုက်ကိုသတ်ရသည့် ဟင်းလင်းပြင်အဆောင်တစ်ခုဆီသို့လည်း လမ်းပြ က လိုက်လံ၍ပြသပေးပါသည်။ “လုပ်သောသူတို့လည်းအတူတူ၊ ကိုးစား သောသူအပေါင်းတို့လည်းအတူတူပါတကား” ဟု ဆာလံဆရာ ဆိုခဲ့ပြီ မဟုတ်ပါလား။

         တစ်ဖန်နေ့လယ်စာစားရန် မြို့ထဲသို့ ပြန်ဝင်လာသောအခါ မြင့် မားသော တုန်ခါနှုန်းနှင့်အတူ ခေတ်ပေါ်သံစဉ်တို့ဖြင့် အုန်းအုန်းမြည် တေးဂီတကဆီးကြိုနေပါသည်။ ထိုခေတ်ပေါ် “ရုပ်တု” ၏ ဟစ်ကြွေးသံ ထဲတွင်-

         တစ်နေ့လုံး အိပ်မက်နေ၊ ဒီအဖြစ်

         တစ်ညလုံး စဉ်းစားနေ၊ ဒီအဖြစ်

         တစ်ချိန်လုံး တွေးလို့နေ၊ ဒီအဖြစ်

         မင်းနဲ့ငါ အိပ်ခဲ့တာ၊ ဒီအဖြစ်

         မင်းနဲ့ငါ---မင်းနဲ့ငါ---

         လမ်းတစ်လျှောက်ဖွင့်သမျှ သီချင်းသံစဉ်သာ ကွဲပြားသော်လည်း တစ်ခုတည်းသောသတင်းစကားက ပဲ့တင်ထပ်နေပါသည်။ ထိုခေတ်သစ် ရုပ်တုများသည် ယခင်ရုပ်တုများကဲ့သို့ လူထုအပေါ်အားကြီးစွာ လွှမ်းမိုး နေသည်ကို မည်သူသံသယရှိနိုင်မှာလဲ။ ထို့ကြောင့် “ပြုလုပ်သော သူ သည် မိမိပြုလုပ်သော အရာနှင့်ပင်တူသည်” ဆိုသောစကားက မမှားနိုင် သေးပါ။ အဖက်ဖက်ကကြည့်လျှင် ခေတ်သစ်ရုပ်တုများသည် ရှင်ပေါလု အချိန်ကဖော်ပြခဲ့သော ရုပ်တုတို့ထက်ပင် လွန်ကဲနေပါသည်။

 

အမျိုးအစဉ်အဆက်အထောင်အသောင်း

         ဒုတိယပညတ်ချက်တွင် ရုပ်တုဆင်းတုနှင့်ပတ်သက်၍ အလေး အနက်ပြုသောသတိပေးချက်ကြောင့် အချို့များ အံ့သြကြသည်။ “ဦးမချ ဝတ်မပြုနှင့်၊ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ငါထာဝရဘုရား သည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူတို့ ၏ အမျိုးအစဉ်အဆက် တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင် အဘတို့၏ အပြစ်ကို သားတို့၌ဆပ်ပေးစီရင်သောဘုရား” (ထွက် ၂၀:၅) ဟူ၏။ အထူးသဖြင့် “အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား” ဆိုသည့် အပိုင်းက ၎င်းတို့ကို လန့်ဖျပ်သွားစေသည်။ မိဘဘိုးဘေးတို့၏ အပြစ် ကြောင့် တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက် တိုင်အောင်ပေးဆပ်စေမည် ဟုလည်း ဆက်၍ဆိုထားပါသည်။

         ထိုသို့အမြင်မှားရခြင်းမှာ ထိုကျမ်းချက်ကို အပေါ်ယံသဘောဖြင့် ဖတ်သောကြောင့်သာဖြစ်သည်။ စတုတ္ထမျိုးဆက်တိုင်အောင် အပြစ်ကျိုး ခံရခြင်းမှာ အမျက်ထွက်သောဘုရား၏ အငြိုးသက်ရောက်ခြင်းမဟုတ်ဘဲ Text Box: ဘုရားအငယ်များ“အဘတို့၏ အပြစ်” က သက်ရောက်ခြင်းသာ ဖြစ်သည်။ အထက်က ရှင်ပေါလုဖော်ပြခဲ့သည့် ကျမ်းပိုဒ်အတိုင်းပင် ဖြစ်ပါသည်။ ဖန်ဆင်းခံရ သည့်အရာကို ဖန်ဆင်းရှင်ထက် ချီးမြှောက်ကြသောရုပ်တုကိုးကွယ်ခြင်း သည် အရံအတားကိုဖယ်ရှားပစ်ပြီး စာရိတ္တပျက်ပြားမှုအတွက် တံခါးဖွင့် လိုက်ခြင်းဖြစ်သည်။ လူတို့သည် မိမိတို့လုပ်သော ရုပ်တုနှင့်တူလာသည် အလျောက် ဒီကမ္ဘာမှာ အဓမ္မအမှုများပြည့်နှက်လာပြီး “ဆိုးယုတ်မိုက်မဲ ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘတပ်မက်ခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလို ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း” စသည့်အပြစ်များကို ကျူးလွန်လာကြတော့သည်။ (ရောမ ၁း၂၉)။ ဘုရား သခင်က အပြစ်ပေးဆုံးမမှုကြောင့် ဖြစ်ခြင်းမဟုတ် “တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်” မီသော ၎င်းတို့အပြစ်၏ အဖိုးအခဖြစ်ပြီး ဤကြမ္မာဆိုးမှ လွတ်စိမ့်သောငှါ ဒုတိယပညတ်ချက်ကိုပေးထားခြင်း ဖြစ် သည်။

        တစ်ဖက်မှာတော့ဘုရားကိုချစ်သောသူတို့၏အမျိုးအစဉ်အဆက် “အထောင်အသောင်း" တိုင်အောင် မေတ္တာကရုဏာကို ပြသော ဘုရား ဖြစ်သည်ကို ဆင်ခြင်သိမှတ်ပါ။ (ထွက် ၂၀း၆)။ “အထောင်အသောင်း” ဆိုရာတွင် မရေတွက်နိုင်သော ထာဝရအသက်ကို ရည်ညွှန်း၍ မိန့်ဆိုခြင်း ဖြစ်ပါသည်။ သခင်ယေရှုက “အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည် မရှိမီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်မူသော သူတို့သည် ရှုမြင်ရမည်အကြောင်း အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိ ပါ၏” ဟုမိန့်မြွက်တော်မူ၏။ (ယောဟန် ၁၇:၂၄)။

 

လွတ်လပ်ခြင်း

         ဒုတိယပညတ်ချက်သည် ပထမပညတ်ချက်၏ ပြည့်စုံရာ ဖြစ်၏။

ဘုရားသခင်အား မိမိဖြစ်တည်ခြင်း၏ အဓိကနေရာတွင် ထားရှိလိုသူများ အနေဖြင့် ဖန်ဆင်းရှင်၏နေရာတွင် ဖန်ဆင်းခံရသော ဘယ်အရာကိုမျှ ထားရှိခွင့်ပြုလိမ့်မည်မဟုတ်။ မိမိတို့အသက်တာ၌ ဘုရားသခင်၏ အရေး ပါမှုကို လျော့ပါးစေမည့်အရာမှန်သမျှကို စွန့်ခွါသောအားဖြင့် မှန်သော ဝတ်ပြုကိုးကွယ်ခြင်းတွင် အရှုပ်အထွေးမရှိ၊ ကြည်လင်ပေလိမ့်မည်။

         ပထမနှင့်ဒုတိယပညတ်ချက်ကို စောင့်ထိန်းသူတို့အဖို့ အရာမှာ နားထောင်လိုက်လျှောက်ခြင်းသည် သူတို့၏ ပင်ကိုယ်သဘာဝကဲ့သို့ သာမန်ကိစ္စသာဖြစ်လိမ့်မည်။ ဘုရားသခင်ကိုချစ်လျှင်၊ ကျွန်ုပ်တို့၏ နှလုံး သားပလ္လင်ထက်မှာ စိုးစံလျှင် ကျွန်ုပ်တို့၏ နှလုံးသား၌ မေတ္တာတရားယို ဖိတ်လျက် သူတစ်ပါးထံသို့လည်း စီးဆင်းစေမည်ဖြစ်သည်။

         တမန်တော်ယာကုပ်က ပညတ်တော်ဆယ်ပါးကို “လွတ်မြောက် စေသောတရား၊ စုံလင်သောတရား” ဟုခေါ်ဆိုထားပါသည် (ယာကုပ် ၁:၂၅)။ဤနေရာတွင်လွတ်လပ်ခြင်းနှင့်စုံလင်ခြင်းသဘောသည် ထင်ထင် ရှားရှားရှိ၏။ ဆာလံဆရာကလည်း “တရားတော်ကို နှစ်သက်သောသူတို့ ၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်းမရှိပါ” ဟုဆိုပါသည်။ (ဆာလံ ၁၁၉း၁၆၅)။

 

***********


No comments:

Post a Comment