Monday, April 13, 2026

မျှော်လင့်ခြင်းပုံဝတ္ထု ELLEN G. WHITE




မျှော်လင့်ခြင်းပုံဝတ္ထု


[ဒုက္ခဆင်းရဲခံစားရခြင်းမရှိတော့သည့် ကာလကို ခဏစ်ဖြုတ်လှမ်းမျှော်ခြင်း]

 

ELLEN G. WHITE


ဦးဝေလ်ဘာခင်မှ မြန်မာမှုပြုသည်။

 

 

စကားချီး

 

          ဘာကြောင့်ကျွန်ုပ်တို့၏ ကမ္ဘာကြီးသည် ဤမျှလောက် ရှုပ်ထွေး သွားခဲ့ရပါသနည်း။ ဘာကြောင့် ဤမျှလောက် ဒုက္ခဆင်းရဲခြင်း ရှိရပါ သနည်း။ ယုတ်မာရက်စက်မှုတို့သည် ဘယ်ကလာပါသနည်း။ ဤအရာ အားလုံးတို့သည် ဆုံးခန်းခြင်းရှိနိုင်ပါမည်လား။

          စဉ်းစားခြင်းပြုသူတိုင်း ဤမေးခွန်းမျိုးသည် နှောင့်ယှက်မွှေ နှောက်ခြင်းပြုသည်။ သိပ္ပံပညာရပ်တို့သည် အဖြေကိုမပေးနိုင်ပါ။ ကျိုး ကြောင်းဖော်ပြချက်ဆင်ခြင်တုံတရားပေးသောအဖြေတို့သည် တစ်ခုနှင့် တစ်ခုများစွာ ဆန့်ကျင်ဘက်ပြုကြသည်။ ဘယ်နေရာမှာ အမှန်တရားကို ရရှိနိုင်မည်နည်း။

          ဤစာအုပ်ထဲတွင် ပါရှိသောအကြောင်းအရာတို့သည် ပိုမိုကျယ် ပြန့်သောစာအုပ် “The Story of Redemption” “သုခဘုံလမ်း” “ရွေး နုတ်ခြင်း ပုံဝတ္ထု” မှကောက်နုတ်ပြင်ဆင်ရေးသားခြင်းပြုသည်။ စာရေး သူ Ellen G. White သည် အမေရိကန်နိုင်ငံ Smithsonian မဂ္ဂဇင်း၏ အထူးထုတ် (Spring 2015) တွင် အမေရိကန်နိုင်ငံသား အမြဲတမ်းဂန္တဝင် စာရေးဆရာအယောက် (၁ဝဝ)ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ သူ့၏လုပ်ဆောင်ချက်၊ အရေးအသားစာအုပ်တို့သည် အခြားဘာသာ စကားဖြင့် အမျိုးပေါင်း (၁၆ဝ) ထက်မက ပိုမိုပြန်ဆိုခဲ့သည်။ ဤသည်မှာ အခြားသောအမျိုးသမီးစာရေး ဆရာများထက် ကမ္ဘာအနှံ့ ဆောင်ရွက် ချက်များသာလွန်လျက်ရှိပါသည်။ သူ့မ၏ အတွေးအခေါ်အမြင်များသည် သန်းပေါင်းများစွာသောသူတို့ကို အကျိုးပြုခဲ့ပါသည်။

          သို့ဖြစ်၍ “Story of Hope” “မျှော်လင့်ခြင်းပုံဝတ္ထု” သည် သင့် အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါစေ။

 



မာတိကာ (Table of Contents)
အခန်းကြီး - ၁။ ပုန်ကန်ထကြွခြင်း
အခန်းကြီး - ၂။ ဖန်ဆင်းခြင်း
အခန်းကြီး - ၃။ ကံဆိုးမိုးမှောင်ကျရောက်ခြင်း
အခန်းကြီး - ၄။ အဖြေ၏နည်းလမ်း
အခန်းကြီး - ၅။ လွတ်မြောက်မှုရရှိခြင်း
အခန်းကြီး - ၆။ ကိုဓဥပဒေ (ပညတ်တော်ဆယ်ပါး)
အခန်းကြီး - ၇။ လွတ်မြောက်ခြင်းကိုပေးသူ
အခန်းကြီး - ၈။ စွန့်လွှတ်မှုပြုခြင်း
အခန်းကြီး - ၉။ အောင်မြင်ခြင်း
အခန်းကြီး - ၁၀။ တန်ခိုးအာဏာ
အခန်းကြီး - ၁၁။ ယုံကြည်ခြင်းအယူဝါဒကိုစွန့်လွှတ်ခြင်း
အခန်းကြီး - ၁၂။ တဲတော်
အခန်းကြီး - ၁၃။ လွတ်မြောက်ခြင်း
အခန်းကြီး - ၁၄။ စီရင်ချက်ချခြင်း
အခန်းကြီး - ၁၅။ အသစ်တစ်ဖန်အစပြုခြင်း



အခန်းကြီး - ၁

အခန်း (၁)

ပုန်ကန်ထကြွခြင်း

 

          လူစီဖာသည် ပုန်ကန်ထကြွခြင်းမပြုမီ ကောင်းကင်နိုင်ငံ၌ရှိစဉ်၊ သူသည် မြင့်မြတ်သောနေရာ၌ မြှောက်စားခြင်းခံရသော ကောင်းကင် တမန်တစ်ပါးဖြစ်ခဲ့သည်။ သူ၏နေရာအဆင့်မှာ ဘုရားသခင်ကိုယ်တော် တိုင်၏ သားတော်ပြီးလျှင် သူသာလျှင်ဖြစ်ခဲ့သည်။ သူ၏မျက်နှာတော်မှာ အခြားကောင်းကင်တမန်များနည်းတူ နူးညံ့သိမ်မွေ့ပြီး ဝမ်းမြောက်ဝမ်း သာခြင်းကိုထုတ်လွှတ်သည်။ သူ့ရဲ့နဖူးမှာ မြင့်ပြီး ကျယ်ပြန့်သည်။ ဤ သည်ရှိခြင်းမှာ ပညာဉာဏ်စွမ်းထက်မြက်မြင့်မားကြောင်း ဖော်ညွှန်း သည်။ သူ့၏ကိုယ်ခန္ဓာဥပဓိရုပ်မှာ ပြီးပြည့်စုံမှုရှိသည်။ သူ့၏ကိုယ်ဟန် အနေအထားမှာလည်း မွန်မြတ်ပြီးကြီးကျယ် ခမ်းနားမှုရှိသည်။ သူ့၏ မျက်နှာပေါ်မှ ထူးခြားသောအလင်းရောင်ဖြာထွက်မှုသည်လည်း အခြား သောကောင်းကင်တမန်များထက် ပိုမိုတောက်ပပြီးလှပမှုရှိသည်။ သို့ရာ တွင် ဘုရားသခင်၏ သားတော်ခရစ်တော်သည် ကောင်းကင်တမန်တို့ အုပ်စုတွင် စိုးစံမှုရှိသည်။ ကောင်းကင်တမန်များကို ဖန်ဆင်းခြင်းမပြုမီ ခရစ်တော်သည် ဖခမည်းတော်ဘုရားနှင့်အတူ ရှိနေခဲ့သည်။ လူစီဖာမှာ ခရစ်တော်ကိုမနာလိုခြင်းဖြစ်သည်၊ သို့ပါ၍ ခရစ်တော်၏ အာဏာအမိန့် များ ကို တဖြည်းဖြည်းနှင့်သူရယူမှုပြုခဲ့သည်။

          ကောင်းကင်တမန်များသည် ခရစ်တော်အား ကောင်းကင်နိုင်ငံ တော် ၏အုပ်စိုးသူအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ သူ့၏တန်ခိုးတော် အာဏာနှင့် အမိန့်တို့ကို ဘုရားသခင်နှင့်တန်းတူရှိကြောင်း အသိအမှတ် ပြုကြသည်။ လူစီဖာသည် မိမိကိုယ်ကို ကောင်းကင်တမန်များအထဲတွင် ပိုမိုနှစ်သက်ခြင်း ခံရသည်ဟုထင်မြင်ခဲ့သည်။ ဘုရားသခင်က သူ့အားမြင့် မားသောရာထူး အဆင့်ပေးခဲ့သည်။ သို့ရာတွင် သူ့ကိုဖန်ဆင်းခဲ့သူအား ကျေးဇူးတင်ခြင်းသော်လည်းကောင်း၊ ချီးမွမ်းထောမနာပြုခြင်းသော် လည်းကောင်း မပြုခဲ့ပါ။ သူ့ကိုယ်သူဘုရားသခင်၏ အဆင့်သို့ရောက် အောင် ကြံဆောင်ခဲ့သည်။ သူရရှိခဲ့သော မြင့်မြတ်သည့်ရာထူးတွင် ဂုဏ် ယူဝင့်ကြွားခဲ့သည်။ ကောင်းကင်တမန်များက သူ့ကို ကြည်ညိုလေးစား ကြောင်းသူသိသည်။ သူသည်ထူးကဲသော တာဝန်ဝတ္တရားကို ထမ်း ဆောင်ရသူတစ်ဦးဖြစ်သည်။ ကြီးမြတ်သောဖန်ဆင်းရှင်အနားမှာ နေခွင့် ရသည်၊ ဖန်ဆင်းရှင်ထံမှ အဆက်မပြတ်ဖြာထွက်သော ရောင်ခြည်တော် သည် သူ့အပေါ်၌အထူးသဖြင့် ကျရောက်ခဲ့သည်။ သူ၏အထင်မှာ သူပေး ခဲ့သောအမိန့်တို့ကို ကောင်းကင်တမန်များက မြန်ဆန်စွာနှင့်ရွှင်ပျစွာ ဆောင်ရွက်ခဲ့သည်။ ဤအရာသည် သူ၏ဝတ်ရုံတော်က တောက်ပပြီး လှပမှုရှိခြင်းကြောင့်မဟုတ်ပေဘူးလား၊ ဘာကြောင့်သူမဟုတ်ဘဲ ခရစ် တော်ကို ဤသို့ဂုဏ်ပြုခြင်းခံရပါမည်နည်း။

          သူသည် အဖဘုရားထံတော်ပါးမှ ထွက်ခွာ၍ မကျေမနပ်ဖြင့် ယေရှုခရစ်တော်အား မနာလိုမှုပြုခဲ့သည်။ သူ၏အမှန်တကယ်ရည်ရွယ် ချက်ကို သိုဝှက်ပြီး သူ့ထံတော်ပါးတွင် ကောင်းကင်တမန်များကိုစုရုံးခေါ် ဆောင်ခဲ့ပါသည်။ စုရုံးရောက်ရှိလာသော ကောင်းကင်တမန်တို့အား သူတင်ပြလာသော အကြောင်းအရာကို မိတ်ဆက်ပြောဆိုခဲ့သည်။ ထိုအကြောင်းအရာများမှာ သူနှင့်ပတ်သက်သော အကြောင်းအရာများ ပင်ဖြစ်သည်။ သူပြောသောအကြောင်းအရာများမှာ သူသည်မတရားခံရ ကြောင်း၊ ဘုရားသခင်သည် သူ့ကိုလျစ်လျူရှုပြီး ယေရှုကိုသာဦးစားပေးမှု ပြုခဲ့ပါသည်။ သို့ဖြစ်၍ ယခုအချိန်မှစပြီး သူတို့ ခံစားနေရသောလွတ်လပ် မှုတို့မှာ ဆုံးခန်းတိုင်ရောက်သွားပြီဟု ကောင်းကင်တမန်များကို သူပြော ပြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အပေါ်၌ အုပ်စိုးသူတစ်ဦးကို ခန့်ထားခြင်းပြုသည့်အတွက် ထိုသူအား ကျွန်သပေါက်ကဲ့သို့သော လေး စားလိုက်နာမှုပြုရတော့မည်။

          ကောင်းကင်တမန်များကို စုရုံးခေါ်ယူရခြင်းမှာ သူ့၏အခွင့်အရေး နှင့် သူတို့၏အခွင့်အရေးများအား ပိတ်ပင်ခြင်းတို့ကို လိုက်နာမှုမပြုတော့ ကြောင်း ပြောဆိုခဲ့သည်။ သူသည် နောက်နောင်တွင် ခရစ်တော်အား ဦးညွှတ်ခြင်းပြုတော့မည်မဟုတ်ပါ။ ဤအစားသူ့အပေါ်၌ ဘုရားသခင် အပ်နှင်းရမည့်ဂုဏ်အာဏာတို့ကို မိမိကိုယ်တိုင်ရယူပြီး သူ့နောက်တော် သို့လိုက်မည့်သူနှင့် သူ့စကားကိုနားထောင်မည့်သူတို့၏အုပ်ချုပ်သူအဖြစ် တာဝန်ယူသွားမည်။

          ဤသို့သော စကားမျိုးကြားသောအခါမှာ ကောင်းကင်တမန်များ

အတွင်းဆန့်ကျင်ဘက်စကားအမျိုးမျိုးထွက်ပေါ်လာတော့သည်။ လူစီဖာ နှင့် သူ့ကိုထောက်ခံသည့်ကောင်းကင်တမန်များက ဘုရားသခင်၏အစိုးရ အဖွဲ့ ယန္တရားကို ပြန်လည်ပြုပြင်ဖို့ကြိုးစားလျက်ရှိသည်။ သူတို့အဖွဲ့ သည် ဘုရားသခင့်သားတော်၏ တန်ခိုးအာဏာကို ဆန့်ကျင်ပုန်ကန် လျက်ရှိလေတော့သည်။

          သစ္စာရှိသောကောင်းကင်တမန်များသည် ဤကြီးမားသော ဆန့် ကျင် ပုန်ကန်မှုပြုသောကောင်းကင်တမန်တို့အား ဖန်ဆင်းရှင်ထံသို့ ပြန် ရောက်ရှိဖို့ ကြိုးစားဆောင်ရွက်ခဲ့သည်။ သူတို့ ရှင်းရှင်းလင်းလင်းပြောပြ သည်မှာ ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်သည်၊ သူသည် ကောင်းကင်တမန်များ ဖန်ဆင်းခြင်းမခံရမီ ဘုရားသခင်နှင့်အတူတည် ရှိခဲ့သည်။ ဘုရားသခင်၏ လက်ယာဘက်မှာအမြဲရပ်နေခဲ့သည်၊ သူ၏ နူးညံ့သိမ်မွေ့ပြီးချစ်မြတ်နိုးခြင်းရှိသည့်အာဏာတို့ကို တစ်ခါမျှစိတ်စောဒ ကတက်ပြီး မေးခွန်းများ မထုတ်ခဲ့ကြပါ။ သူပေးသော အမိန့်တို့သည် ကောင်းကင်တမန်များ ဝမ်းမြောက်ဝမ်းသာစွာ ဆောင်ရွက်ခြင်းမပြုနိုင် သော အမိန့်တစ်စုံတစ်ရာမျှမပေးခဲ့ပါ။

          သူတို့တိုက်တွန်းခဲ့သည်မှာ၊ ခရစ်တော်၏ ထူးကဲသော ဂုဏ်အာ ဏာမှာ လူစီဖာရရှိခဲ့ပြီးသည့်ဂုဏ်အာဏာကို ဘယ်သို့မျှထိခိုက်ခြင်းမပြု ခဲ့ပါ။ ကောင်းကင်တမန်များ ငိုယိုလျက်ရှိကြသည်။ သူတို့သည် လူစီဖာ အား သူ၏ ဆိုးယုတ်သည့်အကြံအစည်များကိုစွန့်လွှတ်၍ သူတို့၏ ဖန် ဆင်းရှင်လက်အောက်၌နာခံဖို့ တိုက်တွန်းခဲ့သည်။ သူတို့ထောက်ပြသွား သည်မှာ ယခုအချိန်အထိ ငြိမ်းချမ်းမှုရှိပြီး အရာရာတိုင်းမှာ သဟဇာတ ရှိကြသည်။ အဘယ်အတွက်ကြောင့် ဤသို့ဆန့်ကျင်ပုန်ကန်ခြင်း အသံ ထွက်ပေါ်လာရပါသနည်း။

          လူစီဖာသည် ဤစကားများကိုနားထောင်ဖို့ ငြင်းဆန်ခဲ့သည်။ သစ္စာရှိပြီးမှန်ကန်သော ကောင်းကင်တမန်များထံမှ လှည့်ထွက်ပြီး၊ သူ သည် သူတို့အားကျွန်သပေါက်များဖြစ်ကြောင်း ရှုတ်ချပြောဆိုလိုက် သည်။ ဘုရားသခင် အားသစ္စာရှိသောကောင်းကင်တမန်အမှန်အကန်တို့ သည် လူစီဖာဆွပေးသော ပုန်ကန်ဆန့်ကျင်မှုအောင်မြင်လာသလို တွေ့ ရသောအချိန်တွင် သူတို့သည် အံ့သြမှုကြီးစွာဖြင့် ရပ်လျက်ရှိကြသည်။ လူစီဖာသည် သူတို့အားပို၍ကောင်းမွန် သောအုပ်စိုးမှုအသစ်ကိုဖွဲ့စည်း ပေးဖို့ ကတိပေးခဲ့သည်။ ဤအုပ်စိုးမှုတွင် လုံးလုံးလျားလျား လွတ်လပ် မှုရှိလိမ့်မည်။ များစွာသော ကောင်းကင်တမန်ထုကြီးမှာ သူ့အားခေါင်း ဆောင်အဖြစ်နှင့်တပ်မှူးအဖြစ် လက်ခံဖို့ ဆန္ဒရှိကြသည်။ သူ၏စကား သည် အောင်မြင်မှုရှိသလို သူတွေ့ရသောအခါမှာ သူ့ကိုယ်သူဂုဏ်ယူ ဝင့် ကြွားပြီး ကောင်းကင်တမန်အားလုံးတို့သည် သူ့ဘက်ပါလာပြီး မကြာမီ အချိန်တွင် ဘုရားသခင်နှင့်တန်းတူ ရပ်တည်နိုင်လိမ့်မည်။ ထိုအခါမှာ ကောင်းကင်ဗိုလ်ခြေတစ်ရပ်လုံးသည် သူ၏တန်ခိုးအာဏာရှိသောအမိန့် သံကို ကြားသိရလိမ့်မည်။

          ဤတစ်ကြိမ်တွင်လည်း သစ္စာရှိသော ကောင်းကင်တမန်များက ဤကဲ့သို့ဆက်၍လုပ်မည်ဆိုလျှင် မည်သို့ဖြစ်သွားမည်ကိုလည်း သတိ ပေးခဲ့လေသည်။ ကောင်းကင်တမန်များကို ဖန်ဆင်းခဲ့သောသူသည် သူ့ တန်ခိုးတော်အားဖြင့် တော်လှန်ပုန်ကန်မည့်သူတို့၏ အာဏာများကိုဖျက် ဆီး၍ တစ်နည်းအားဖြင့်ထိုသူတို့၏ သတ္တိနှင့်ကြောက်မက်ဖွယ်ကောင်း သောပုန်ကန် ထကြွမှုတို့ကို ဒဏ်ခတ်သွားလိမ့်မည်။ ဘုရားသခင်ရဲ့ ပညတ်ချက်တို့ကို တိုက်ခိုက်ခုခံဖို့ဆိုသည်မှာ ထိုပညတ်တော်တို့သည် ဘုရားသခင်ကိုယ်တော်တိုင်ကဲ့သို့ သန့်ရှင်းမွန်မြတ်သည့်အတွက် ခုခံ တိုက်ခိုက်ခြင်းသည် မိုက်ရူးရဲရာ ကျသည်။ ပုန်ကန်ချင်သောကောင်းကင် တမန်တို့အား လူစီဖာ၏လှည့်စားသော ငြင်းခုံချက်များကိုနားမထောင်ဖို့ သတိပေးကြသည်။ လူစီဖာနှင့်သူစည်းရုံးရရှိခဲ့သောသူတို့ကို ဘုရားသခင် ထံသို့သွား၍ ဘုရားသခင်၏ အာဏာတို့ကို စောဒကတက်မိသည့် အတွက် အပြစ်ဝန်ခံရန် သူတို့ကိုတိုက်တွန်းခဲ့ပါသည်။

          လူစီဖာနောက်သို့ယိုင်သွားသော ကောင်းကင်တမန်အများသည် သင့်လျော်လျောက်ပတ်သော သစ္စာရှိကောင်းကင်တမန်တို့၏ ပညာရှိ အကြံပြုသည်အတိုင်းလိုက်နာ၍ ဖခမည်းတော်နှင့်သားတော်တို့၏ ကြို ဆိုမှုသို့ ပြန်လည်ရရှိရန်ဆန္ဒရှိကြသည်။ ထိုအခါ ပုန်ကန်သူခေါင်းဆောင် ကြီးက ဤသို့ပြုလိုက်လျှင်၊ သူသည် ဖခမည်းတော်နှင့်သားတော်တို့အား ကျွန်ခံရ၍ နာခံမှု ပေးသွားရမည်။ သို့သော် လူစီဖာက သူသည် ဤကဲ့သို့ ပြုလျှင် သူ့ဂုဏ်သိက္ခာကျရှုံး၍ မြင့်မြတ်သောသူ့၏ ရာထူးတာဝန်ဝတ္တ ရားများကို တစ်ဖန်ပြန်လည်၍အပ်နှင်းခြင်းခံရမည်မဟုတ်တော့ကြောင်း သူသိသည်။ ဘုရားသခင်၏တရားဥပဒေကို သူကောင်းကောင်းသိနေပါ သည်။ သို့ဖြစ်၍ သူ့ဘက်၌ စိတ်ယိုင်ခဲ့သောကောင်းကင်တမန်တို့အား ဤသို့ဆိုသည်၊ သူနှင့်ယခု ကောင်းကင်တမန်တို့သည် လုပ်ဆောင်ခဲ့သမျှ သော အရာအားလုံးတို့သည် လွန်ကျွံသွားပြီဖြစ်၍ နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပါ။ ထိုသို့လုပ်ဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ပါ၊ သူသည် ဘုရားသခင်၏သားတော်အား အောက်ကျွတ်ခံပြီး ရှိခိုးကန်တော့နိုင်မည် မဟုတ်ပါ။ သူ့အဆိုအရ ဘုရားသခင်သူတို့အား ခွင့်လွှတ်မည်မဟုတ်ပါ၊ သို့ပါ၍ သူတို့၏အခွင့်အရေးကိုယူ၍ သူတို့ကို လွယ်ကူစွာမပေးခဲ့သော အခွင့်အရေးနှင့်ရာထူးတို့ကို အကြမ်းနည်းဖြင့်ရယူရပါမည်။ ဤနည်းအား ဖြင့် လူစီဖာသည် အပြစ်ကျူးလွန်ခြင်းအားဖြင့် ဘုရားသခင်၏ဂုဏ်တော် ကိုမျှဝေခံစားရခြင်း၊ ဘုရားသခင်၏ပလ္လင်တော်အနားမှာ ရပ်တည်နေရ ခြင်း၊ အလင်းဆောင်သူ တစ်ဦးသည် “ရန်သူစာတန်မာရ်နတ်” ဖြစ်လာပါ တော့သည်။

          သစ္စာရှိသော ကောင်းကင်တမန်များသည် ဘုရားသခင်၏ သား တော်ထံသို့ သုတ်ခြေတင်၍ ကောင်းကင်တမန်များကြား၌ မည်သည့် အရာဖြစ်နေသည် ကိုပြောပြရန်သွားကြသည်။ ထိုအချိန်တွင် ဖခမည်း တော်နှင့်သားတော်သည် အတူတကွ ဆွေးနွေးတိုင်ပင်နေကြသည်ကို တွေ့ရသည်။ သစ္စာရှိကြသော ကောင်းကင်တမန်တို့အတွက်  ဘယ်ကဲ့သို့ ကောင်းအောင်လုပ်ပေးရမည်ကို စဉ်းစားနေကြသည်။ စာတန်မာရ်နတ် အတင်းရယူလိုက်သောအာဏာကို အမြဲထာဝရနှိမ်နင်းဖို့ စဉ်းစားနေကြ သည်။ ကြီးမြတ်သောထာဝရဘုရားသည် မဟာလိမ်လည်လှည့်ဖြားသော သူကို ကောင်းကင်နိုင်ငံတော်မှ ချက်ချင်းနှင်ချနိုင်ပါသည်။ သို့ရာတွင် ဤသို့ပြုလုပ်ဖို့ရည်ရွယ်ချက်မရှိပါ။ သူသည် ပုန်ကန်သူတို့အား သူ၏ သားတော်နှင့်သစ္စာရှိသော ကောင်းကင်တမန်တို့၏ အားပြိုင်မှုကို ညီမျှ သောအခွင့်အရေးကိုပေးလိုခြင်းဖြစ်သည်။

          ဤတိုက်ပွဲတွင် ကောင်းကင်တမန်အားလုံးတို့ကို မိမိတို့ရွေးချယ် လိုသောဘက်ကိုရွေးချယ်နိုင်ဖို့ အားလုံးမြင်စေချင်သည်။ စာတန်မာရ် နတ်ဘက်ကို ရွေးချယ်သောသူတို့အား ကောင်းကင်နိုင်ငံ၌ ဆက်လက် နေထိုင်ခွင့်ပေးဖို့ မဖြစ်နိုင်ပါချေ။ သူတို့သည် မပြောင်းလဲနိုင်သောဘုရား သခင်၏ပညတ်တော်ကို အမှန်တကယ် ပုန်ကန်ခဲ့ခြင်းကို သင်ယူရရှိခဲ့ သောအတွေ့အကြုံရရှိခဲ့ပြီ။ အကယ်၍သာ ဘုရားသခင်သည် အဓိက ပုန်ကန်သူအားဒဏ်ခတ်ခဲ့သော် ကျေနပ်မှုမရှိခဲ့ကြသော ကောင်းကင် တမန်တို့အား ဖော်ထုတ်နိုင်မည်မဟုတ်ပါ။ ဘုရားသခင်၏မပြောင်းလဲ နိုင်သောပညတ်တရားကို ပုန်ကန်ခြင်းသည် ကုစား၍မရနိုင်သောအရာ ဖြစ်သည်။ သို့ဖြစ်၍ အခြားသောနည်းလမ်းကိုရွေးချယ်ခဲ့သည်။ ဤနည်း လမ်းမှာ ကောင်းကင်ဗိုလ်ခြေအားလုံးတို့ကို သူ၏တရားမျှတမှုနှင့်စီရင် ချက်တို့ကို ကောင်းကင်သားအားလုံး ရှင်းလင်းပြတ်သားစွာ မြင်တွေ့ နိုင်ဖို့နည်းလမ်းကို ရွေးချယ်ပြသခဲ့ရပေတော့မည်။

          ကောင်းကင်နိုင်ငံ၌စစ်ဖြစ်ခြင်း - ဘုရားသခင်၏အုပ်ချုပ်ရေး အဖွဲ့ကို ပုန်ကန်ခြင်းအပြစ်သည် အမြင့်ဆုံးနှင့်အကြီးမားဆုံး ရာဇဝတ်မှု ကြီးဖြစ်သည်။ ကောင်းကင်နိုင်ငံတစ်ခုလုံးတွင် ရုတ်ရုတ်သဲသဲဖြစ်သွား လျက်ရှိသည်။ ကောင်းကင်တမန်များသည် အစုလိုက်အဖွဲ့လိုက်တာဝန် ချထားပေးလျက်ရှိသည်။ အဖွဲ့တစ်ဖွဲ့တွင် အဆင့်ပိုမြင့်သောကောင်းကင် တမန်တစ်ပါးက အုပ်ချုပ်လျက်ရှိသည်။ စာတန်မာရ်နတ်သည် ဘုရား သခင်၏တရားဥပဒေကို စစ်ခင်းကြေညာလျက်ရှိသည်။ သူသည် ဆန္ဒ ပြင်းပြပြီး မိမိကိုယ်ကို ချီးမြှောက်လိုသည်။ ကောင်းကင်နိုင်ငံ၏ ကြီးမြတ် သော စစ်ဗိုလ်ချုပ်ဘုရားသခင်၏ သားတော်အောက်၌ အောက်ကျို့ခြင်း မခံလိုပါ။

          ကောင်းကင်နိုင်ငံရှိ ကောင်းကင်တမန်များအား အဖဘုရားရှေ့ တော်၌လာရောက်စုရုံးဖို့ ဆင့်ခေါ်ခြင်းခံရကြသည်။ စာတန်မာရ်နတ် သည် အရှက်မရှိ၊ ခရစ်တော်အားသူ၏ရှေ့မှာဂုဏ်ပြုထားသည်ကို မကျေ နပ်ကြောင်း ဘွင်းဘွင်းပဲကြေညာလိုက်သည်။ သူသည်မာနကြီးစွာဖြင့် ရပ်ပြီး သူ့အားဘုရားသခင်နှင့်တန်းတူ အဆင့်ရာထူးထားသင့်ကြောင်း တိုက်တွန်းသွားသည်။ ကောင်းသောကောင်းကင်တမန်တို့သည် စာတန် မာရ်နတ်၏ မိုက်ရိုင်းသော ကြွားဝါသည့် စကားကို ကြားရသောအချိန်၌ ငိုယိုလျက်ရှိကြသည်။ ဘုရားသခင်အနေဖြင့် ပုန်ကန်ကြသူများသည် ကောင်းကင်နိုင်ငံ၌ဆက်လက်၍ မနေရတော့ပါဟူ၍ ကြေညာလိုက် သည်။ သူတို့၏ မြင့်မားသည့်ဉာဏ်စွမ်းရှိသူတို့အား အုပ်စိုးထားသော ဘုရားသခင်၏ ပညတ်ချက်တရားတော်ကို လိုက်နာခြင်းအားဖြင့်သာ ဤမြင့်မားသောအဆင့်ဖြင့် ပျော်ပျော်ရွှင်ရွှင် ကောင်းကင်၌နေခွင့်ရခြင်း ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ တရားဥပဒေကို ချိုးဖောက်ရဲသော သူတို့အတွက် ကယ်မရန်ခြွင်းချန်ထားခြင်းမရှိပါ။

          စာတန်သည် တစ်ဆင့်တက်၍ သူ၏ပုန်ကန်မှုကို ရဲတင်းစွာ ပြုလုပ်သည်။ ဖန်ဆင်းရှင်၏တရားဥပဒေကို မထီလေးစား သဘောထား သည်။ သူ့အဆိုအရ ကောင်းကင်တမန်များသည် ဥပဒေမလိုအပ်ပါ၊ သူတို့ ၏သဘော အတိုင်းလိုက်လျှောက်နိုင်ရန် လွတ်လပ်မှုရှိရမည်၊ သူတို့၏ သဘောထားအတိုင်း မှန်ကန်စွာထိန်းချုပ်မှု ရှိလိမ့်မည်။ ဥပဒေဆိုသည် မှာ သူတို့၏လွတ်လပ်မှုကို ချုပ်တည်းထားသည်၊ သို့ဖြစ်၍ ဥပဒေကို ပယ်ဖျက်ခြင်းသည် သူ၏ကြီးမားသောရည်ရွယ်ချက်ဖြစ်၍ ကန့်ကွက်မှု ပြုရခြင်းဖြစ်ကြောင်းဆိုခဲ့သည်။

          ကောင်းကင်တမန်များ၏ ပျော်ရွှင်ချမ်းမြေ့မှုသည် တရားဥပဒေ ကို ခြွင်းချက်မရှိ လိုက်လျှောက်နာခံခြင်းဖြစ်သည်။ ကောင်းကင်တမန် တိုင်းကကိုယ်စီကိုယ်ငတာဝန်အသီးအသီးအပ်နှင်းခြင်းခံရသည်။ စာတန် မာရ်နတ် ပုန်ကန်ခြင်းမပြုမီ ကောင်းကင်နိုင်ငံ၌ ဖြစ်စဉ်အားလုံးတို့သည် သဟဇာတ ရှိနေကြပါသည်။

          ထိုအချိန်အခါမှစ၍ ကောင်းကင်၌စစ်ဖြစ်လေတော့သည်။ ဘုရား သခင်၏သားတော်၊ ကောင်းကင်နိုင်ငံ၏မင်းသားသည် သူ၏သစ္စာရှိသော ကောင်းကင် တမန်များနှင့်အတူ တစ်ဖက်၌ပုန်ကန်သည့်စာတန်နှင့် သူ့ နောက်လိုက် ကောင်းကင်တမန်တို့အကြား စစ်ဖြစ်ပွားလေတော့သည်။ ဘုရားသခင်၏ သားတော်နှင့်သစ္စာရှိမှန်ကန်သော ကောင်းကင်တမန် ဘက်မှစစ်ပွဲကိုအောင်နိုင်ခဲ့ပြီး စာတန်မာရ်နတ်နှင့်သူ့နောက်လိုက်တမန် များမှာမူ ကောင်းကင်နိုင်ငံမှနှင်ချခြင်းခံရလေတော့သည်။ ကျန်ရှိခဲ့သော သူအားလုံးတို့သည် တရားမျှတသော ဘုရားကို ချစ်ခင်မြတ်နိုးကြသည်။ ထိုအချိန်မှစ၍အရာအားလုံးတို့သည် ယခင်အတိုင်း အေးချမ်းသာယာပြီး သဟဇာတရှိလျက်ဖြစ်သည်။ ကောင်းကင်နိုင်ငံ၌ရှိကြသော ကောင်းကင် တမန်အားလုံးတို့သည် သူတို့နှင့်အတူပျော်ရွှင် အေးချမ်းမှုကို ခံစားခဲ့ရ သော နှင်ချခြင်းခံရသည့်အဖော်တို့၏ကံကြမ္မာအတွက် ဝမ်းနည်းကြေကွဲ လျက်ရှိကြသည်။ ကောင်းကင်တစ်ခုလုံး ဤဆုံးရှုံးမှုအတွက် ခံစားကြရ သည်။

          အဖဘုရားသည် သားတော်နှင့်တိုင်ပင်ပြီး ကမ္ဘာပေါ်၌လူသားများ ကိုနေထိုင်ရန်စီမံချက်အား ချက်ချင်းဆွေးနွေးသွားသည်။ လူသားတို့အား ထာဝရအသက်ရှင်နိုင်ခြင်း မပြုလုပ်ပေးမီ၊ သူတို၏သစ္စာခံယူမှုကို စမ်း သပ် စစ်ဆေးဖို့ စမ်းသပ်ကာလထားရှိသွားမည်။ သူတို့သည် ဘုရား သခင်၏ မျက်နှာသာပေးမှုကိုခံစားရမည်၊ ကောင်းကင်တမန်တို့နှင့်အပြန် အလှန်စကား ပြောခွင့်ရှိမည်။ သူတို့အားနာခံမှုမပြုနိုင်သည့် အဟန့် အတားမျိုးထားရှိသွားမည်မဟုတ်ပါ။

 



အခန်းကြီး - ၂

အခန်း (၂)

ဖန်ဆင်းခြင်း

          ဖခမည်းတော်နှင့်သားတော်တို့သည် သူတို့ကြံစည်ခဲ့သော ကြီး မြတ်ကောင်းမွန်လှသည့်လုပ်ငန်းကို စတင်၍ပြုကြလေတော့သည်၊ ၎င်း မှာ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းလုပ်ငန်းဖြစ်သည်။ ကမ္ဘာမြေကြီးသည် ဖန်ဆင်းရှင်၏ လက်တော်အားဖြင့် အံ့ဖွယ်ကောင်းလောက်အောင် လှပ စွာပေါ်ထွန်းလာသည်။ တောင်ကုန်းတောင်တန်းများနှင့် လွင်ပြင်များ၊ ထိုအရာများကြား၌ မြစ်ချောင်းများ၊ ရေပြင်များနှင့်စီ၍ ရှိနေကြသည်။ ကမ္ဘာမြေကြီးပေါ်တွင် ကျယ်ပြန့်သော လွင်ပြင်ဖြင့် ငြီးငွေ့စရာကောင်း သောနေရာမဟုတ်ပေ။ ရှုမျှော်ခင်းမှာ တောင်ကုန်းကလေးများ၊ တောင် တန်းများဖြင့် ကြားခံထားပေးသည်။ တောင်ကုန်း တောင်တန်းများမှာ လည်း ယနေ့လိုမျိုးမြင့်မားပြီး ကွဲအက်ခြင်းမျိုးမဟုတ်ပါ၊ ပုံမှန်ရှိပြီး လှပ တင့်တယ်စွာရှိကြသည်။ မြင့်မားသောကျောက်ဆောင်တို့သည် အပင် များကင်းမဲ့ပြီး ပြောင်တလင်းဖြင့်မမြင်ရပေ။ ထိုကျောက်ဆောင်တို့သည် မြေဆီလွှာအောက်၌ ဖုံးလွှမ်းထားခြင်းရှိသည်။ ထိုကျောက်ဆောင်တို့ သည် မြေကြီးအတွက် အရိုးစုသဖွယ်ဖြစ်သည်။

          ရေများမှာလည်း ညီညာစွာ ဖြန့်ကြဲလျက်ရှိပြီး၊ တောင်ကုန်း တောင်တန်းနှင့်လွင်ပြင်တို့သည် လှပသောအပင်များနှင့် ပန်းပင်များဖြင့် ဆင်မြန်း ထားလျက်ရှိသည်။ များစွာသောမြင့်မားထည်ဝါသည့်သစ်ပင် အမျိုးမျိုးတို့ ပေါက်လျက်ရှိသည်။ ယနေ့သစ်ပင်များထက်များစွာမြင့်မား ပြီး လှပစွာ ရှိကြသည်။ လေကောင်းလေသန့်တို့သည် သန့်ရှင်းစင်ကြယ် ပြီး ကျန်းမာရေးနှင့်လည်းညီညွတ်သည်။ ကမ္ဘာမြေကြီးသည် တော်ဝင် နန်းတော်ကဲ့သို့ပင်ဖြစ်သည်။ ကောင်းကင်တမန်များ ဤအရာများကို မြင်ကြရ၍ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့်ပြည့်စုံသော လှပသည့်

လက်ရာတို့အပေါ်၌ ချီးကျူးထောမနာပြုကြသည်။

          ကမ္ဘာမြေကြီးနှင့်ယင်းအပေါ်၌ တိရစ္ဆာန်များ ဖန်ဆင်းပြီးသည် နောက် ဖခမည်းတော်နှင့်သားတော်တို့သည် စာတန်မာရ်နတ်ကျရှုံးခြင်း မပေါ်လာမီကတည်းက သူတို့၏ ရည်ရွယ်ချက်အတိုင်း လူသားတို့ကို သူတို့၏ကိုယ်ပိုင် ပုံသဏ္ဌာန်အားဖြင့် ဖန်ဆင်းဖို့ပြုကြသည်။ သူတို့အတူ တကွကမ္ဘာမြေကို ဖန်ဆင်း၍ ယင်းမြေကြီးအပေါ်၌ သက်ရှိအားလုံးတို့ကို လည်းဖန်ဆင်းခဲ့သည်။ ထိုအချိန်တွင် ဖခမည်းတော်ကသားတော်အား “ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်းလူကို ဖန်ဆင်းကြစို့” ဟူ၍ ဆိုလိုက်သည်။

          ဖန်ဆင်းရှင်၏လက်တော်မှ အာဒံထွက်ပေါ်လာသည့်အခါ သူ၏ အရပ်အမောင်းတို့သည် မြင့်မားပြီးလှပသည့်အချိုးအစားနှင့်ပြည့်စုံလျက် ရှိသည်။ သူ့ပုံသဏ္ဌာန်သည် ပြည့်စုံမှုရှိ၍ လှပတင့်တယ်မှုရှိသည်။ သူ၏ ကိုယ်ခန္ဓာအရောင်အဆင်းမှာ ဖြူဖပ်ဖြူရော် အနေအထားမဟုတ်ဘဲ နီ မြန်း၍ ကျန်းမာရေးနှင့်ပြည့်စုံသော အဆင်းအင်္ဂါဖြင့် တောက်ပလျက်ရှိ သည်။ ဧဝမှာ အာဒံလောက်အရပ်မမြင့်ပါ၊ သူမ၏ဦးခေါင်းထိပ်မှာ အာဒံ ၏ပခုံးထက် အနည်းငယ်ကျော်နေသည်။ သူမသည်လည်း ရုပ်ရည်ချော မော၍အချိုးအဆစ်ကျပြီးသူမ၏အဆင်းသဏ္ဌာန်မှာအလွန်ပင်လှပသည်

          ထာဝရဘုရားသည် အရာရာတိုင်းကို ပြီးပြည့်စုံသည့်အလှအပ မျိုးဖြင့် ပြုလုပ်ပေးခြင်းနှင့် ကမ္ဘာမြေကြီး၌ အာဒံနှင့်ဧဝတို့အတွက် လို လေသေးမရှိအောင် ဖန်ဆင်းပေးခဲ့သော်လည်း သူတို့အပေါ်၌ ကြီးမား သောမေတ္တာတော်ကို ထပ်ဆင့်ပြသလိုသောအားဖြင့် သူတို့အတွက် အထူးဥယျာဉ်တစ်ခုကို စိုက်ပျိုးပေးခဲ့သည်။ သူတို့၏အချိန်အပိုင်းအခြား တစ်ရပ်ကို ဤဥယျာဉ်၌ပြုစုပျိုးထောင်မှ အလုပ်ကို အေးချမ်းစွာဆောင် ရွက်ပြီး၊ အချိန်တချို့ကိုပင် ကောင်းကင်တမန်တို့၏ သြဝါဒစကားသံကို နားထောင်၍ ပျော်ရွှင်သောအတွေးအခေါ်များဖြင့် အသုံးချသွားကြမည်။ သူတို့ဆောင်ရွက်ရသောအလုပ်တို့သည် မောပန်းခြင်း မရှိဘဲ ပျော်ရွှင်မှု ရှိပြီး တက်ကြွရွှင်လန်းမှုရှိစေသည်။ ဤလှပသောဥယျာဉ်တော်သည် သူတို့အတွက်နေထိုင်သွားရမည့်အိမ်ပင်ဖြစ်ပါသည်။

          ဤဥယျာဉ်တော်၌ သခင်ဘုရားသည် အသုံးပြုနိုင်သည့်လှပ သော သစ်ပင်အမျိုးမျိုးကို ထားရှိပေးသည်။ ချိုမြရွှင်လန်းသောအသီးသီး သည့် သစ်ပင်များ၊ မွှေးကြိုင်သောအပင်များ၊ လှပသောအမြင်အာရုံဖြစ် စေ၍ ချိုမြိန်သောအရသာတို့ကို ဆောင်ကြဉ်းပေးသည်။ ဤအသီးအနှံ များသည် သန့်ရှင်းသောစုံတွဲမောင်နှံအတွက် အစာအာဟာရဖြစ်ပေလိမ့် မည်။ နွယ်ပင်များသည်လည်း ရစ်ပတ်သွားလာမှုမရှိဘဲ မားမားမတ် မတ်အသီးများဖြင့် ညွတ်၍သီးနေကြသည်။ အာဒံနှင့်ဧဝအတွက် ဤ နွယ်ပင်များ၏အကိုင်းအခက်တို့ကို အရိပ်ကောင်းသည့်ပေါင်းကူးတံတား သဖွယ်ကျင့်ပေးရသည့်အလုပ်ကို လုပ်ပေးစေမည်။ သဘာဝရှင်သန်သော သစ်ပင်များအဖြစ် မွှေးကြိုင်သောအသီးများသီးလျက်ရှိကြသည်။

          ကမ္ဘာမြေကြီးတစ်ခုလုံးသည် သစ်ပင်ပန်းမန်များဖြင့် စိမ်းလန်းစို ပြည် လှပလျက်ရှိနေသကဲ့သို့၊ ရောင်စုံမျိုးစုံဖြင့်စီခြယ်ထားသော ထောင် ပေါင်းများစွာသော ပန်းများနှင့်ပန်းရနံ့များတို့သည်လည်း အာဒံနှင့်ဧ၀တို့ အတွက် အားရကျေနပ်လောက်အောင် ဝန်းရံလျက်ရှိနေပါသည်။ အရာ ရာတိုင်းကိုကြည့်လိုက်မည်ဆိုသော် ရသအစုံမြင်တွေ့နေရပြီး ဘုရား ဘုန်းတော်ကို စနစ်တကျစီခြယ်ထားလျက် ရှိနေပါသည်။ ဥယျာဉ်ကြီး၏ အလယ်ဗဟို၌လည်း၊ အသက်ပင်ရှိနေပြီး ၎င်းအသက်ပင်သည် အခြား သောအပင်များထက် ဘုန်းတော်နှင့် တောက်ပနေလျက်ရှိပါသည်။ ၎င်း အသက်ပင်မှအသီးများတို့သည် ထာဝရအသက်ရှင်နေနိုင်ဖို့ ရည်ရွယ် ချက်အပြည့်ဖြင့် စီမံထားပေးလျက်ရှိပါသည်။ ၎င်းအသက်ပင်မှ အရွက် များတို့သည်လည်း ရောဂါကိုကုသပြီး အသက်ရှင် ရာအနာမဲ့စွမ်းအားများ

နှင့် ပြည့်ဝလျက်ရှိသည်။

          အာဒံနှင့်ဧဝ၊ ဧဒင်ဥယျာဉ်၌နေထိုင်ခြင်း - သန့်ရှင်းသော စုံတွဲ

သည် ဧဒင်ဥယျာဉ်၌အလွန်ပင်ပျော်ရွှင်မှုရှိကြသည်။ ထာဝရဘုရားသည် သူတို့ဇနီးမောင်နှံနှစ်ဦးအား သက်ရှိများအားလုံးအပေါ်၌ အကန့်အသတ် မရှိ စီမံကွပ်ကဲခွင့်ပေးခဲ့သည်။ ခြင်္သေ့နှင့်သိုးသငယ်တို့သည် သူတို့၏ခြေ ရင်း၌ အန္တရာယ်မရှိ ဆော့ကစားခြင်းသော်လည်းကောင်း၊ လဲလျောင်း အိပ်စက်ခြင်းသော်လည်းကောင်းရှိကြသည်။ ရောင်စုံအမွေးအတောင် ငှက်အမျိုးမျိုးတို့သည် သစ်ပင်၊ ပန်းပင်များကြား၌သော်လည်းကောင်း၊ သူတို့၏ကြား၌သော်လည်းကောင်း ပျံဝဲလျက်ရှိကြသည်။ သူတို့၏အေးမြ ပြီးသာယာနာပျော်ဖွယ်ကောင်းသော သီချင်းသံများသည် သူတို့၏ ဖန် ဆင်းရှင်ဘုရားအား ချီးမွမ်းထောမနာပြုလျက် ဥယျာဉ်၌ရှိသောသစ်ပင် များအကြား ပဲ့တင်ထပ်လျက်ရှိကြသည်။

          အာဒံနှင့်ဧ၀တို့သည် လှပသော သူတို့၏ ဧဒင်ဥယျာဉ်အိမ်တော် နှင့် နှစ်လိုဖွယ်ရှိကြသည်။ လှပသည့် အမွေးအတောင်ရှိပြီး သီချင်းများ သီဆိုလျက်ရှိသော ငှက်ကလေးများနှင့် ကြည်နူးလျက်ရှိကြသည်။ သန့် ရှင်းသောစုံတွဲသည် ထိုငှက်ကလေးများ၏သီချင်းသံများနှင့်အတူ သူတို့ ၏ အသံတို့ကိုလည်း ထောမနာသီချင်းများဆိုလျက် ဖခမည်းတော်နှင့် သားတော်တို့၏ ချစ်ခြင်းမေတ္တာပြသမှုကို ကျေးဇူးတင်လျက်ရှိကြသည်။ သူတို့သည် ဖန်ဆင်းခြင်း၏ အစီအစဉ်ကျနမှုနှင့်သဟဇာတရှိမူကို သ ဘောပေါက်နားလည်လျက် ရှိကြသည်။ ဤအရာများသည် အတိုင်းမသိ၊ အဆုံးမရှိ ဖန်ဆင်းရှင်၏ပညာနှင့်အသိ တရားကို ပြသခြင်းဖြစ်သည်။

          သူတို့၏ ဧဒင်ဥယျာဉ်အိမ်တော်နှင့်ပတ်သက်၍ သစ်ဆန်းသော အလှတရားများနှင့် ထပ်၍ဖြည့်စွက်ပေးသည့် ဂုဏ်တော်အသရေ အ ကြောင်းကို တွေ့ရှိလာကြသည်။ ဤအရာများအတွက် သူတို့၏နှလုံးသား ထဲ၌ ပီတိဖြစ်ခြင်းနှင့်နက်ရှိုင်းသော မေတ္တာတော်ဖြင့် ဖုံးလွှမ်းလျက်ရှိ ကြသည်။ သို့ဖြစ်၍ သူတို့၏နှုတ်မှကျေးဇူးတင်ခြင်းနှင့်လေးစားသမှုကို သူတို့၏ဖန်ဆင်းရှင်အား ထောမနာပြုလျက်ရှိကြသည်။



အခန်းကြီး - ၃

အခန်း (၃)

ကံဆိုးမိုးမှောင်ကျရောက်ခြင်း

 

          ဥယျာဉ်၏အလယ်ဗဟို၊ အသက်ပင်အနားတွင် ကောင်းမကောင်း သိကျွမ်းရာသစ်ပင်သည်လည်း ပေါက်လျက်ရှိသည်။ ထာဝရဘုရားသည် ဤသစ်ပင်အား သူတို့အတွက်အထူးစီမံထားပေးလျက်ရှိသည်။ ထိုအရာ မှာ သူတို့၏နာခံမှုကို အထောက်အထားပြသဖို့ဖြစ်သည်။ ထာဝရဘုရား အား သူတို့သည်နာခံမှုရှိမရှိ၊ ယုံကြည်ခြင်းရှိမရှိနှင့် ချစ်မြတ်နိုးခြင်းရှိမရှိ သက်သေပြဖို့ရည်ရွယ်ခြင်းဖြစ်သည်။ ဥယျာဉ်တော်ရှိ ဤအပင်မှအသီး ကိုမစားရန် သခင်ဘုရားကနဦးရှိ မိဘနှစ်ပါးအား တားမြစ်ခဲ့သည်။ ထိုအပင်၏အသီးကို စားပါက ဧကန်မုချသေရမည်။

          ထာဝရဘုရားသည် အာဒံနှင့်ဧ၀တို့အား လှပသောဥယျာဉ်၌ထား ရှိသောအခါမှာ သူတို့၏နှလုံးသားပျော်ရွှင်မှုအတွက် လိုလားချက်အားလုံး တို့နှင့် ပြည့်စုံလျက်ရှိသည်။ သို့ရာတွင် ဘုရားသခင်၏ပညာရှိသည့်အစီ အစဉ်တွင် သူတို့အားထာဝရလုံခြုံမှုအတွက် မပြုလုပ်ပေးမီ သူတို့၏ သစ္စာရှိမှုကို စမ်းသပ်လေ့လာမှုပြုခဲ့သည်။ သူ၏ ဦးစားပေးပစားမှုကို ရရှိ ကြလိမ့်မည်။ သူတို့သည် ဘုရားသခင်နှင့်အပြန်အလှန်စကားပြောဆိုခွင့် ရှိလိမ့်မည်။ သို့ရာတွင် ယုတ်မာဆုံးသွမ်းမှုကို သူတို့၏လက်လှမ်းမမီနိုင် သည့်နေရာ၌မထားရှိပါ။ သူတို့အားစာတန်မာရ်နတ်သည် သွေးဆောင် ဖြားယောင်းဖို့အခွင့်ရခဲ့သည်။ အကယ်၍သာသူတို့သည် စမ်းသပ်မှုကို အောင်နိုင်သွားပါက၊ ဘုရားသခင်၏ ပစားမှုနှင့်ကောင်းကင်တမန်တို့၏ လက်ခံမှုကို ထာဝရခံစားရပေလိမ့်မည်။

          စာတန်မာရ်နတ်သည် သူ၏အခြေအနေသစ်ကို အထူးပင်အံ့အား သင့်ခဲ့သည်။ သူ့ပျော်ရွှင်မှုသည် ပျောက်ဆုံးလျက်ရှိနေပြီ။ သူနှင့်အတူ တစ်ချိန်ကအလွန်ပင်ပျော်ရွှင်ခဲ့သော ကောင်းကင်တမန်တို့အားကြည့်၍ ယခုမှာမူသူတို့အားလုံးတို့သည် ကောင်းကင်နိုင်ငံမှ နှင်ထုတ်ခြင်းခံရပေ ပြီ။ သူတို့အချင်းချင်းထဲ၌ ပဋိပက္ခရှိကြပြီး၊ သဘောထားချင်းမတိုက် ဆိုင်မှုနှင့် တစ်ဦးနှင့်တစ်ဦး ခါးသီးသော စွပ်စွဲမှုများပြုကြသည်။ သူတို့ ပုန်ကန်မှုမပြတွင် ဤအရာများသည် ကောင်းကင်၌မကြားခဲ့ရသော အရာများဖြစ်သည် ယခုတွင် စာတန်မာရ်နတ်သည် သူ၏ပုန်ကန်မှု ကြောင့် ဤကြောက်မက်ဖွယ်ရာရလဒ်ဖြစ်ခဲ့ကြောင်း သူသိသွားသည်။

          အကယ်၍သူသည် ယခင်ကကဲ့သို့ သန့်ရှင်း၍သစ္စာရှိခဲ့စဉ်က အဖြစ်မျိုး ပြန်လည်၍ဖြစ်သွားနိုင်မည်ဆိုလျှင် သူ၏အာဏာရလိုမှုကို စွန့်လွှတ်သွားလိမ့်မည်။ သို့ရာတွင် သူသည် အားလုံးဆုံးရှုံးသွားခဲ့ပြီ။ အခြေအမြစ်မရှိ သူ၏ စိတ်လိုက်မာန်ပါ ပုန်ကန်မှုကြောင့် သူသည် ပြန်လည်ကယ်တင် ရွေးချယ်နိုင်မှုအခွင့်နှင့် အလှမ်းဝေးခဲ့ရပြီ။

          ဤအရာများသာမကဘဲ အခြားသူတို့ကိုသူနှင့်အတူ ပုန်ကန်မှုပြု စေ၍ ဆုံးရှုံးမှုအခြေအနေသို့ရောက်ရှိစေခဲ့သည်။ ဤသူများမှာ တစ်ချိန် က ကောင်းကင်၏အလိုတော်ကို ငြင်းဆန်မှုမပြုခဲ့သော ကောင်းကင်တ မန်များ ဖြစ်ကြသည်။ သူတို့၏ စဉ်းစားဉာဏ်ထဲတွင် ဘုရားသခင်၏ တရားဥပဒေကို စစ်ကြောမေးမြန်းမှုမရှိခဲ့သော်လည်း၊ ယခုတွင် စာတန် ၏အယုံသွင်းမှုကြောင့် ပုန်ကန်မှုအလိုတူအလိုပါဖြစ်ခဲ့ရသည်။ ယခုမှာသူ တို့သည် မျှော်လင့်ချက် ကင်းကြ၍ စိတ်ရှုပ်ထွေးမှုရှိကြသည်။ ပို၍ ကောင်းမြတ်ခြင်းအစား၊ ဘုရားသခင် ၏ပညတ်တရားကို လျစ်လျူရှုနာခံ မှုမရှိသည့် ဝမ်းနည်းဖွယ်ရာရလဒ်ကိုသာ ခံစားရလေတော့သည်။

          စာတန်မာရ်နတ်သည်သူ့ လမ်းကြောင်းကို စဉ်းစားခြင်း - စာတန် မာရ်နတ်သည် သူပြုမူမိခဲ့သောအလုပ်ကို ပြန်လည်ဆန်းစစ်ကြည့်သော အခါ သူတုန်လှုပ်ချောက်ချားခဲ့ရသည်။ သူတစ်ဦးတည်း အတိတ်၊ ပစ္စုပ္ပန် နှင့်အနာဂတ်အတွက် သူ၏စီမံချက်ကို စဉ်းစားလျက်ရှိသည်။ သူ၏ပုန် ကန်မှုတွင် ဤသို့သောလမ်းကိုရွေးချယ်ရခြင်းအကြောင်းမရှိပါ။ သူ့ကိုယ် သူဖျက်ဆီး ခဲ့ခြင်းသာမကဘဲ၊ များစွာသော ကောင်းကင်ရှိကောင်းကင် တမန်တို့၏အရေးကို ဖျက်ဆီးခဲ့သည်။ သူသည် သစ္စာရှိခဲ့မည်ဆိုလျှင် ဤကောင်းကင်တမန်တို့သည် ကောင်းကင်၌ ယခုထက်တိုင် ပျော်ရွှင်စွာ ရှိနေကြလိမ့်မည်။ ဘုရားသခင်၏ ပညတ်တရားသည် ပြစ်တင်ရှုတ်ချနိုင် သည်၊ ခွင့်လွှတ်ပေးခြင်းကား မပြုလုပ်နိုင်ပါ။

          ဤပြောင်းလဲသွားသော အခြေအနေမှာ စာတန်သည် ဘုရား သခင်နှင့် သူ၏တရားမျှတသောပညတ်တရားကို ချစ်မြတ်နိုးခြင်းမရှိခဲ့ပါ။ စာတန်သည် သူ၏လုပ်ရပ်ကြောင့် တစ်ဖန်ပြန်၍နေရာရဖို့၊ ဘုရားသခင် ၏ ပစားပေးမှုလမ်းတစ်စုံတစ်ရာမမြင်သောအခါမှာ သူ၏ဆိုးယုတ်သော အကြံအစည်များကို တိုးမြှင့်သော မုန်းတီးခြင်းနှင့် ပြင်းထန်သည့်ခံစား ချက်ဖြင့်ဖော်ထုတ်လိုက်သည်။

          ထာဝရဘုရားက ဤသို့သောပြင်းထန်သည့်ပုန်ကန်မှုသည် ကြာ ကြာအောင်း၍ငြိမ်သက်မည်မဟုတ်ကြောင်း သိမြင်သည်။ စာတန်သည် ကောင်းကင်၏တမန်များကို အနှောင့်အယှက်ပေးပြီး သူ၏အမိန့်အာဏာ ကို မထီမဲ့မြင် ပြုသွားလိမ့်မည်ကိုသိသည်။ စာတန်အား ကောင်းကင်နိုင်ငံ အတွင်းဝင်ရောက်ခြင်းမပြုသဖြင့် ကောင်းကင်၏ တံခါးဝ၌စောင့်ပြီး၊ ဝင် ထွက်သွားလာသော ကောင်းကင်တမန်များအား စော်ကားပြောဆိုခြင်း နှင့်ငြင်းခုံခြင်းတို့ ပြုလုပ်သွားခဲ့သည်။ ထိုအခါသူသည် အာဒံနှင့်ဧ၀တို့၏ ပျော်ရွှင်မှုကို ဖျက်ဆီးလိုတော့သည်။ သူသည် သူတို့အားပုန်ကန်မှုပြုလုပ် သွားရန် လှုံ့ဆော်မည်၊ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ကောင်းကင်၌ ဝမ်းနည်းမှုရှိသွားမည်ကိုသိသည်။

          လူသားမိသားစုအပေါ်ကြံစည်ခြင်း - စာတန်သည် သူ၏နောက် လိုက်များအား အာဒံနှင့်ဧဝတို့ကို ဘုရားသခင်နှင့်ခွာထုတ်ဖို့ အစီအစဉ်ရှိ ကြောင်း ပြောပြသည်။ အကယ်၍သာ ထိုမိသားစုကို နာခံမှုမရှိအောင် လှည့်စားမှုပြုသွားနိုင်လျှင်၊ ဘုရားသခင်သည် လူသားမိသားစုအတွက် ခွင့်လွှတ်ပေးခြင်း ပြင်ဆင်ချက်တစ်စုံတစ်ရာထားရှိလိမ့်မည်။ ထိုအခါသူ နှင့်ကျရှုံးခဲ့သော ကောင်းကင်တမန်တို့အတွက် ဘုရားသခင်၏ခွင့်လွှတ် သနားခြင်းကရုဏာ တစ်စုံတစ်ရာကို ရရှိလိမ့်မည်ဟုဆိုသည်။

          အကယ်၍သာ ဤအစီအစဉ်မအောင်မြင်ပါက သူတို့သည် အာဒံ၊ ဧဝတို့နှင့်ပေါင်းပြီး၊ သူတို့သည် ဘုရားသခင်၏ပညတ်တရားကို ဖောက် ဖျက်ခဲ့သည့်အတွက် စာတန်တို့နှင့်တကွ ဘုရားသခင်၏အမျက်ဒေါသကို ခံရကြ လိမ့်မည်။ ဤသို့ကျူးလွန်ခြင်းကြောင့် သူတို့သည်လည်း စာတန် နှင့်သူ၏ အပေါင်းအဖော်တို့နှင့်အတူ ပုန်ကန်ခြင်းအနေအထား ရှိလိမ့် မည်။ ထိုအခါ စာတန်သည် အာဒံ၊ ဧဝတို့နှင့်ပေါင်းပြီး ဧဒင်ဥယျာဉ်ကို သိမ်းပိုက်၍ သူတို့၏ နေထိုင်ရာအိမ်တော်အဖြစ် အသုံးပြုသွားနိုင်လိမ့် မည်။ သူတို့သည် ဧဒင်ဥယျာဉ် အလယ်၌ရှိသောအသက်ပင်ကို ရရှိသွား နိုင်လျှင်၊ သူတို့၏အင်အားမှာ သန့်ရှင်းသော ကောင်းကင်တမန်တို့နှင့် တန်းတူရည်တူဖြစ်သွားလိမ့်မည်ဟု စဉ်းစားကြသည်။ ထိုအခါမှာ ဘုရား သခင်ကိုယ်တော်တိုင်က သူတို့ကိုနှင်ထုတ်၍မရနိုင်ကြောင်း စဉ်းစားကြ သည်။

          အာဒံနှင့်ဧ၀သတိပေးခံရခြင်း - ထာဝရဘုရားသည် ကောင်းကင် တမန်တို့အား စုရုံးဆင့်ခေါ်ခဲ့ပြီး၊ ကျရောက်လာမည့်အန္တရာယ်ဆိုးယုတ်မှု ကို တားဆီးရန်အရေးယူဖို့မှာကြားသွားသည်။ ကောင်းကင်နိုင်ငံရှိကောင် စီအဖွဲ့၌ဆုံးဖြတ်ခဲ့သည်မှာ ကောင်းကင်တမန်များသည် ဧဒင်ဥယျာဉ်သို့ သွားပြီး အာဒံအားရန်သူ၏အန္တရာယ်နှင့်ရင်ဆိုင်ရမည်ကို သတိပေးသွား ရမည်။

          ကောင်းကင်တမန်များသည် အာဒံနှင့်ဧဝတို့အား ဝမ်းနည်းစရာ ကောင်းသည့်စာတန်၏ပုန်ကန်မှုနှင့်ကျဆုံးမှုသမိုင်းကိုပြောပြသွားသည်။ သူတို့က ကောင်းမကောင်း သိကျွမ်းရာအပင်ကို ဥယျာဉ်၌ထားရှိခြင်း သည် ဘုရားသခင် အားနာခံမှုနှင့်ချစ်မြတ်နိုးမှုရှိခြင်းကို အာမခံအဖြစ် စမ်းသပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ပြောပြပါသည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့သည် ပျော်ရွှင်ချမ်းမြေ့သော အဆင့်မြင့်အခြေအနေ စံစားနိုင်ဖို့မှာ သူတို့၏နာခံမှုအပေါ်၌ မူတည်နေပါသည်။ သို့ဖြစ်၍ သူတို့ နှစ်ဦးနှစ်ဖက်မှအခြေအနေသည် ဆင်တူရိုးမှား ဖြစ်ကြသည်။ ဘုရား သခင်၏ပညတ်တရားကိုနာခံပြီး အတိုင်းအတာမရှိ ပျော်ရွှင်မှုရရှိမည်၊ သို့တည်းမဟုတ် နာခံမှုမရှိလျှင် သူတို့၏မြင့်မားသောအဆင့်ကို ဆုံးရှုံး၍ မျှော်လင့်ချက်မရှိသောစိတ်ပျက်ခြင်းတွင် နစ်မွန်းရပေလိမ့်မည်။ ကောင်း ကင်တမန်များသည် အာဒံနှင့်ဧ၀တို့အားပြောပြသွားသည်မှာ၊ ခရစ်တော် ပြီးလျှင် အမြင့်မြတ်ဆုံးသော ကောင်းကင်တမန်က ဘုရားသခင်၏ ပညတ်တရားတည်းဟူသော ကောင်းကင်ဘုံရှိ သတ္တဝါအားလုံးကို စီမံ အုပ်စိုးသော တရားဥပဒေအားနာခံဖို့ ငြင်းဆိုခဲ့သည်။ ဤပုန်ကန်မှု ကြောင့် ကောင်းကင်နိုင်ငံ၌စစ်ဖြစ်ခဲ့ရသည်။ ပုန်ကန်သူနှင့်ပူးပေါင်းပါဝင် သော ကောင်းကင်တမန်တိုင်းသည် ကောင်းကင်နိုင်ငံမှနှင်ထုတ်ခြင်း ခံရ သည်။ သူတို့တစ်တွေကြီးမြတ်သော ယေဟောဝါ၏ အာဏာတန်ခိုးကို စောဒကတက်၍ မေးခွန်းများထုတ်ကြသည့်အတွက်ဖြစ်သည်။ ဤကျရှုံး သောကောင်းကင်တမန်သည် ထာဝရဘုရားနှင့် သူ၏သားတော်တို့က တန်ဖိုးထားရှိသောအရာများအားလုံးအပေါ်၌ ရန်သူဖြစ်ခဲ့ရပါသည်။

          စာတန်သည် သူတို့အားဒုက္ခအန္တရာယ်ပေးဖို့ ရည်ရွယ်ချက်ရှိ ကြောင်း သစ္စာရှိကောင်းကင်တမန်များက ပြောပြသည်။ သို့ဖြစ်၍ သူတို့ သည် သတိရှိပြီးစောင့်ကြည့်ရန် လိုအပ်ပါသည်။ ထိုရန်သူနှင့်သူတို့တစ် တွေရင်ဆိုင်ရပေမည်။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တော်တို့ကို နာခံမှုရှိသည်ကာလပတ်လုံး ထိုရန်သူမှာသူတို့အား မည်သည့်အန္တရာယ် မျှ မပြုလုပ်နိုင်ပါ။ အကြောင်းမှာ၊ လိုအပ်ပါက ကောင်းကင်မှကောင်းကင် တမန်တိုင်းသည် သူတို့ကို လာရောက်အကူအညီ ပေးကြလိမ့်မည်။ သို့ရာ တွင် ဘုရားသခင်၏ ပညတ်တရားကို နာခံမှုမရှိလျှင်၊ ထိုအချိန်မှစ၍ စာတန်သည် သူတို့အားနှောင့်ယှက်ခြင်း၊ စိတ်ရှုပ်ထွေးမှုနှင့် ဒုက္ခပေးနိုင် သောအစွမ်းရှိသည်။ စာတန်မှဆိုးယုတ်သော အကြံအစည်အရိပ်အရောင် မြင်သည့်အခါမှာ သူတို့သည် မြဲမြံစွာ ရပ်တည်မှုရှိကြလျှင် ကောင်းကင် တမန်များကဲ့သို့ပင် စိတ်ချယုံကြည်မှု ရှိကြလိမ့်မည်။ အကယ်၍သာ သွေးဆောင်ဖြားယောင်းသူအား အရှုံးပေးခဲ့သော်၊ ပုန်ကန်ခြင်း ရှိသော မြင့်မြတ်မှုရှိသည့်ကောင်းကင်တမန်တို့အား မသက်ညှာသည့်ဘုရားက ပင်လျှင် သူတို့ကိုလည်း သက်ညှာတော့မည်မဟုတ်ပါ။ အပြစ်ကျူးလွန် ခြင်းအတွက် သူတို့သည် ဒဏ်ခတ်ခြင်းခံရမည်။ အကြောင်းမှာ ဘုရား သခင်၏ ပညတ်တရားသည် သူကိုယ်တိုင်ကဲ့သို့ပင် သန့်ရှင်းမွန်မြတ် လျက်ရှိသည်။ သူသည် ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အားလုံးတို့၏ စိတ် နှလုံးအကြွင်းမဲ့နာခံမှုကို လိုလားသည်။

          ကောင်းကင်တမန်များသည် ဧဝအားသူ၏ ခင်ပွန်းနှင့်မခွဲမခွာရှိ နေဖို့ ဥယျာဉ်တော်၌အတူတကွသွားလာရမည်ကို သတိပေးထားလျက်ရှိ သည် အကြောင်းမှာ ဤကျရှုံးသော ရန်သူနှင့်ဆုံတွေ့မည်ကို စိုးရိမ်စရာ အကြောင်းရှိသည်။ သူတို့တစ်ဦးတည်းသွားလာခြင်းသည် အတူတကွ ရှိကြသည်ထက် ပို၍အန္တရာယ်ကြီးထွားမှုရှိမည်။

          အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏ ပညတ်ချက်ကို ဘယ်သော အခါမျှ မနာခံဘဲရှိမည်မဟုတ်ကြောင်း ကောင်းကင်တမန်တို့အား ကတိ အာမခံချက်ကို ပေးသွားကြသည်။ သူတို့ဆန္ဒပြင်းပြမှုမှာ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ဖို့ရန်နှင့် ပျော်စရာကောင်းကြောင်း အာမခံ ချက်ပေးကြသည်။

 

ဖြားယောင်းမှုခံရခြင်းနှင့် ကျရှုံးခြင်း

          စာတန်မာရ်နတ်သည် မြွေပုံသဏ္ဌာန်ကိုဆောင်၍ ဧဒင်ဥယျာဉ်သို့ ဝင်ရောက်ခဲ့သည်။ သူသည် ကောင်းမကောင်းသိကျွမ်းရာသစ်ပင်ပေါ်၌

နေရာယူ၍ အသီးများကိုအေးအေးလူလူစားသုံးလျက်ရှိသည်။

          ဧဝသည် ဥယျာဉ်ကိုပြုစုလျက်ရှိစဉ်တွင် ပထမတွင်မသိလိုက်ဘဲ နှင့် သူ၏ယောက်ျားနှင့် ခွဲခွာမိသွားသည်။ သူမသတိပြုမိသောအချိန်တွင် အန္တရာယ်ရှိနိုင်ကြောင်း ခံစားမိသွားသည်။ သို့ရာတွင် သူ့ယောက်ျားနှင့် နီးကပ်စွာမရှိသော်လည်း သူမအတွက်အန္တရာယ်မရှိနိုင်ကြောင်း ခံစားမိ ပြန်သည်။ သူ့မှာပညာရှိပြီး ခွန်အားလည်းရှိ၍ အန္တရာယ်ကိုရင်ဆိုင်နိုင် ကြောင်း ထင်ခဲ့မိသည်။ ကောင်းကင်တမန်များက သူမကိုဤကဲ့သို့ မလုပ် ဖို့သတိပေးခဲ့သည်။ ဧဝသည် တားမြစ်ထားသော သစ်ပင်မှအသီးကို မော်ကြည့်၍စပ်စု လိုသောစိတ်နှင့် မိမိကိုယ်ကိုအထင်ကြီးမိသောစိတ်တို့ ဖြင့် ရောယှက်လျက်ရှိနေသည်။

          သူမသည် ထိုအသီးကိုကြည့်၍ လှပကောင်းမွန်ကြောင်း မြင်ရ သည်။ မိမိကိုယ်ကိုစဉ်းစား၍ ဤအသီးကို ဘာကြောင့်ဘုရားသခင်သည် မစားဖို့ တင်းကျပ်စွာတားမြစ်ထားကြောင်း သိလိုစိတ်ပေါ်လာသည်။ စာတန်အတွက်မှာမူ ယခုအချိန်သည် အခွင့်ကောင်းယူဖို့ ဖြစ်လေသည်။ သူသည် သူမကို စကားပြောသောအချိန်တွင် သူမ၏အတွေးကို သိရှိသလို မျိုးဖြင့်ပြောဆိုသွားသည်၊ “ဘုရားသခင်က သင်တို့ကို ဥယျာဉ်ထဲရှိအပင် တိုင်း၏အသီးတို့ကိုမစားရဟု ပြောဆိုပါသလား။” စာတန်၏စကားသံ သည် နူးညံ့ပျော့ပျောင်းစွာဖြင့် အံ့သြလျက်ရှိသောဧဝကို စကားပြော လျက်ရှိသည်။ မြွေသည် စကားပြောသောအချိန်တွင် သူမသည် အံ့သြ ထိတ်လန့်သွားလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူမသိရှိထား သည်မှာ ဘုရားသခင်သည် မြွေကိုစကားပြောနိုင်ခွင့်မပေးထားကြောင်း ခံယူထားသည့်အတွက်ကြောင့်ဖြစ်သည်။

          ဧဝ၏ စပ်စုလိုသောစိတ်သည် နိုးထလျက်ရှိသည်။ ထိုနေရာမှ လျင်မြန်စွာထွက်ခွာသွားရမည့်အစား သူမသည် မြွေစကားပြောနေသည် ကို နားစွင့်လျက်ရှိသည်။ သူမအနေဖြင့် ကျရှုံးခဲ့သောရန်သူမှာ မြွေမှတစ် ဆင့် အသုံးချပြီးစကားပြောနေသည်ကို သူ၏ဦးနှောက်ထဲ အတွေးမဝင် မိပါ။ မြွေသည် စကားပြောခြင်းမဟုတ်ဘဲ စာတန်ကသာ စကားပြော လျက်ဖြစ်နေသည်။ ဧဝသည် နှစ်လိုဖွယ်ဖြစ်၍ ညှို့ဖမ်းခြင်းခံရသည်။ အမြှောက်ကြိုက်ဖြစ်သွား၍ အရူးအမူးစွဲလမ်းသွားခဲ့သည်။ အကယ်၍သာ သူမသည် ဟိတ်ဟန်ကြီးသော ပုဂ္ဂိုလ်တစ်ဦး ကောင်းကင်တမန်ပုံစံမျိုး နှင့်ရင်ဆိုင်ရမည်ဆိုလျှင် သူမသည် သတိနှင့်ရှိနိုင်မည်ဖြစ်သည်။

          ထိုထူးဆန်းသောအသံကိုကြားရသောအခါ ဧဝသည် သူမ၏ ယောက်ျားနံဘေးသို့ပြန်သွားပြီး၊ ဘာကြောင့် အခြားတစ်ဦးတစ်ယောက် က သူမအားလွတ်လွတ်လပ်လပ်စကားပြောနေရသည်ကို မေးစမ်းဖို့ပြ န်၍သွားရမည်။ သို့သော်လည်း သူမသည် မြွေနှင့်အချေအတင်စကား ပြောလျက်ရှိသည်။ မြွေ၏မေးခွန်းကို သူမဖြေကြားခဲ့သည်၊ “ဥယျာဉ်ထဲရှိ အပင်များ၏ အသီးကို စားခွင့်ပြုသည်။ သို့ရာတွင် ဥယျာဉ်၏အလယ် ဗဟိုရှိအပင်၏အသီးကိုမူ ဘုရားသခင် စားခွင့်မပြုပါ။ စားလျှင်သော် လည်းကောင်း၊ တို့ထိမည်ဆိုလျှင်သော်လည်းကောင်း ထိုသို့ပြုလုပ်လျှင် ဧကန်မုချသေရမည်။” မြွေကပြန်လည်၍ ဖြေကြားသွားသည်မှာ၊ “သင် တို့သေရကြမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်တို့ဤအသီးကို စားသောနေ့၌ သင်တို့၏ မျက်စိများပွင့်သွားပြီး၊ ဘုရားသခင်ကဲ့သို့ပင်ဖြစ် သွား၍ အကောင်းနှင့်အဆိုးတို့ကို ဝေဖန်သုံးသပ်သွားနိုင်မည်။ ဤအရာ ကို ဘုရားသခင်ကသိထား၍ သင်တို့တစ်တွေမစားစေလိုခြင်းသာ ဖြစ်ပါ သည်။”

          စာတန်သည် သူတို့အားစဉ်းစားစေလိုသည်မှာ တားမြစ်ထား သော သစ်ပင်မှအသီးကိုစားလျှင် အသစ်သောအသိတရားကိုရရှိ၍ သူတို့ မှာနဂိုရှိထားသော အသိပညာများထက်သစ်ဆန်း၍ ပိုမိုမွန်မြတ်လိမ့်မည် ဟု ထင်စေလိုသည်။ ဤသို့သောအလုပ်သည် သူကျရှုံးခဲ့သောနေ့မှစ၍ အောင်မြင်စွာ ဆောင်ရွက်နိုင်သော အထူးလုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။ ဤသည်မှာ လူသားများကို အမြင့်မြတ်ဆုံးသောဘုရားသခင်၏ လျှို့ဝှက် ချက်ကို နှိုးဆွပြီးဖွင့်ဟစေသောဆန္ဒကို နိုးထစေသည်။ လူသားများကို ဘုရားသခင် ဖော်ပြထားချက်များနှင့် ကျေနပ်မှုမရှိစေချင်ပါ၊ ဘုရားသခင် ၏မိန့်မှာချက်တို့ကို နာခံဖို့မလိုပါ။ ဘုရားသခင်တားမြစ်ထားသောအရာ တို့ကို ဆန့်ကျင်မှုပြုခဲ့လျှင် လူတို့သည် အသိတရားနယ်ပယ်အသစ်သို့ ကောင်းမွန်စွာ ရောက်ရှိနေကြောင်း ထင်စေလိုပါသည်။ ဤအဆိုပြုချက် မှာ ထင်မြင်ယူဆ ချက်သာဖြစ်ပါသည်။ ယုတ်ညံ့သောလှည့်စားမှုတစ်ရပ် သာဖြစ်ပါသည်။

          လူတို့သည် ဘုရားသခင်ဖော်ပြခဲ့သောအရာတို့ကို နားလည်မှုမရှိ ခဲ့ပါ၊ ဘုရားသခင်က ရှင်းလင်းပြတ်သားစွာဖော်ပြခဲ့သော အမိန့်တော်တို့ ကိုလျစ်လျူရှုပြီး ဘုရားသခင်နှင့်ကင်းကွာသောအသိပညာကို လိုလားကြ သည်။ လူသားတို့အား ဘုရားသခင်မှ အသိပေးထိမ်ချန်ခဲ့သောအရာတို့ ကို နားလည်ဖို့ကြိုးစားကြသည်။ သူတို့သည် သူတို့၏တိုးတက်မှုသဘော တရားနှင့် ပီတိဖြစ်လျက်ရှိသည်။ သူတို့၏တိုးတက်မှုသဘောတရားနှင့် အခွံဟာလာဟင်းလင်းပြင်ဖြစ်သော ဒဿနအတွေးအခေါ်များနှင့်သာ ကျေနပ်အားရမှုရှိခဲ့ပါသည်။ သို့ရာတွင် စစ်မှန်သော အသိတရားကိုရှာဖို့ အတွက်ကိုမူ သူတို့သည် ညသန်းခေါင်ယံ အမှောင်ထုထဲ၌ စမ်းတဝါးဝါး နှင့်သာရှိတော့သည်။

          ဤအပြစ်ကင်းမဲ့နေသောစုံတွဲတို့အား ဆိုးသွမ်းယုတ်မာမှုနှင့်ကြုံ တွေ့ဖို့ ဘုရားသခင်၏အလိုတော်မဟုတ်ပါ။ သူသည် သူတို့အားကောင်း သော အရာတို့ကိုသာ လွတ်လပ်စွာပေးကမ်းပြီး မကောင်းဆိုးရွားမှုတို့ကို ထိမ်ချန် ပေးခဲ့သည်။ ဧဝသည် မြွေ၏စကားမှာ ပညာရှိသည်ဟုထင်ခဲ့ သည်။ မြွေ၏ ဝေးလံကျယ်ပြန့်သော အဓိပ္ပါယ်ကို လက်ခံခဲ့သည်။ မြွေက ပြောဆိုသွားသည်မှာ၊ “သင်တို့ဧကန်အမှန် မသေရပါ၊ ဘုရားသခင်သိ ထားသည်မှာ သင်တို့အသီးကိုစားသောနေ့တွင် သင်တို့၏မျက်စိပွင့်သွား မည်ဖြစ်ပြီး သင်တို့ဘုရားသခင်နှင့်တူသွားလိမ့်မည်၊ အကောင်းနှင့်အဆိုး တို့ကို ဝေခွဲပိုင်းခြားတတ်လိမ့်မည်။” ဤသို့ဆိုခြင်းမှာ ဘုရားသခင်အား လူလိမ်အဖြစ်သို့ စွပ်စွဲခြင်းဖြစ်သွားသည်။ စာတန်သည်သူတို့အား ဘုရား သခင်မှာလိမ်လည်ပြီး ပညာအသိတရားမရရှိနိုင်အောင် ဟန့်တားထား ကြောင်း ရဲတင်းစွာသူတို့ကို ပြောပြခြင်းဖြစ်သည်။ ဘုရားသခင်သည် သူတို့အား ကောင်းမကောင်းသိကျွမ်းရာ သစ်ပင်၏အသီးကို  မစားဖို့ တားမြစ်ခြင်းသည် သူတို့သည် ဘုရားသခင်ကိုယ်တော်တိုင်နှင့်တူသွား မည်ကိုစိုးရိမ်ခြင်းဖြစ်ကြောင်း မြွေ (စာတန်) က စွပ်စွဲပြောဆိုခြင်းဖြစ် သည်။ သင်တို့စားလျှင် ဧကန်အမှန်သေရမည်ဟု ဘုရားသခင်က ဆို သည်။ မြွေကသင်တို့စားလျှင်၊ “ဧကန်အမှန်မသေရပါ” ဟူ၍ဆိုသည်။

          သွေးဆောင်ဖြားယောင်းသူသည် ဧဝအားအသီးကို စားပြီးလျှင် ပြီးချင်း သင်သည် အသစ်သောအဆင့်မြင့်ပညာကိုရရှိပြီး ဘုရားသခင်နှင့် တန်းတူ အဆင့်ရှိသွားလိမ့်မည်ဟုဆိုသည်။ မြွေက သူ့ကိုအာရုံပြုဖို့ပြော သည်။ သူသည် တားမြစ်သောအသီးကို စားပြီးသည့်အတွက် စကားပြော ဆိုနိုင်သောအစွမ်းကို ရရှိခဲ့ကြောင်း သက်သေပြလိုက်သည်။ မြွေသည် သွယ်ဝိုက်သောအားဖြင့် စားလျှင်ဧကန်အမှန်သေရမည်ဟု ဘုရားသခင် ပြောသည့်အတိုင်း အကောင်အထည် လက်တွေ့ဆောင်ရွက်သွားမည် မဟုတ်ကြောင်း၊ ခြိမ်းခြောက်မှုတစ်ရပ်သာ ဖြစ်၍ သူတို့အားကောင်း သောအရာကိုမရရှိနိုင်အောင် ဘုရားသခင်၏ တားမြစ်မှုသာ ဖြစ်ကြောင်း ဆိုသည်။ သူတို့အမှန်တကယ်သေရမည်မဟုတ်ကြောင်း ပြောသွားသည်။ သူတို့သည် အသက်ပင်မှအသီးကိုစားရ၍မသေနိုင်ကြောင်း၊ ဘုရားသခင် သည် အဆင့်ပို၍မြင့်မားသောသတ္တဝါအဆင့်သို့ မရောက်ရှိနိုင်အောင်နှင့် ပိုမိုပျော်ရွှင်မှုမရရှိနိုင်အောင် လိမ်လည်၍ ဟန့်တားထားကြောင်း မြွေက ပြောဆိုသွားသည်။

          သွေးဆောင်သူသည် အသီးကိုခူး၍ဧဝအားပေးလိုက်သည်။ သူမ

သည်အသီးကိုဆုပ်ကိုင်လိုက်သည်။ မြွေကတစ်ဖန်ဆိုလိုက်သည်မှာ သင် အသီးကိုစားလျှင်လည်း ယခုအသီးကိုသင်တို့ထိကိုင်တွယ်ခြင်းဖြင့် ဘာမျှ မဖြစ်သကဲ့သို့ ဘာမှဖြစ်သွားမည်မဟုတ်ပါ။ ဧဝသည် ပို၍သတ္တိရှိသွား သည်၊ အဘယ်ကြောင့်ဆိုသော် သူမသည်ချက်ချင်းအားဖြင့် ဘုရားသခင် ၏မနှစ်မြို့မှကို သူမမခံစားလိုက်ရခြင်းဖြစ်သည်။ သူမသည် သွေးဆောင် သူ၏စကားမှာ မှန်ကန်သည်၊ ပညာရှိစကားဖြစ်သည်။ သူမသည် အသီး ကိုစား၍အရသာကိုနှစ်သက်သွားသည်။ အသီး၏အရသာနှင့်ခံစားချက် ကောင်းရရှိသည်ဟု မိမိကိုယ်ကိုထင်မှတ်သွားသည်။

          သွေးဆောင်သူအဖြစ်ဧဝရောက်ရှိခြင်း - ဧဝသည် အသီးကို ကိုယ်တိုင်ခူး၍စားလိုက်သည်။ အသီး၏အားဖြည့်ဆည်းမှုနှင့် အဆင့်မြင့် မားသည့်ခံစားချက်ကို ရရှိနေကြောင်း မိမိကိုယ်ကို စိတ်ကူးယဉ်ခဲ့သည်။ သူမသည် ထူးခြားပြီးသဘာဝမဟုတ်သော စိတ်လှုပ်ရှားမှုဖြင့် သူမ၏ ယောက်ျားကိုရှာဖို့ထွက်သွားသည်။ သူမ၏လက်ထဲ၌ တားမြစ်ထားသည့် အသီးတို့နှင့်ပြည့်လျက် သူမယောက်ျားအား မြွေ၏ပညာရှိသော စကား အကြောင်းကိုပြောပြသည်။ ယောက်ျားအား တားမြစ်ထားသည့်အသီး၏ အပင်ရှိရာသို့ ချက်ချင်းခေါ်သွားစေချင်သည်။ သူမသည် အသီးအချို့ကို စားခဲ့ပြီးဖြစ်ပါသည်၊ သေခြင်းအကြောင်းခံစားချက်မရရှိဘဲ၊ စိတ်လှုပ်ရှား ဖွယ်ကောင်းသောခံစားချက်ကို ရရှိကြောင်းပြောပြသည်။ ဧဝသည် မနာ ခံခဲ့သည့်အချိန်မှစ၍ သူမ၏ ယောက်ျားအား စာတန်အလုပ်လုပ်နိုင်ဖို့ ထိရောက်သောစွမ်းအားရှိကြားခံတစ်ဦး ဖြစ်သွားသည်။

          အာဒံက သူ၏အဖော်ဧဝသည် ဘုရားသခင်ကသူ့ကိုသစ္စာရှိခြင်း နှင့်ချစ်မြတ်နိုးကြောင်းစမ်းသပ်ဖို့ တစ်ခုတည်းသောတားမြစ်ချက်ကိုမနာ ခံမိခဲ့ကြောင်း ကောင်းစွာနားလည်သဘောပေါက်သွားသည်။ ဧဝအနေ ဖြင့်မြွေ ပြောခဲ့သောစကားအရ သူတို့မသေရကြောင်းသည် မှန်ပေလိမ့် မည်ဟု ကျိုးကြောင်း ဆက်စပ်၍ တွေးခေါ်မိသည်။ အဘယ်ကြောင့်ဆို သော် ဘုရားသခင်၏မနှစ်မြို့မှုကို သူမခံစားရပါ။ ခံစားရသမျှမှာ ကောင်း ကင်တမန်များခံစားချက်မျိုး ပျော်စရာကောင်းသလိုလို ခံစားမိကြောင်း စိတ်ကူးယဉ်ခဲ့သည်။

          ဧဝသည် သူ၏နံဘေးမှခွဲခွာ၍ထွက်သွားသည်ကို သူဝမ်းနည်းမိခဲ့ သည်။ သို့ရာတွင် ယခုမှာမူ ဖြစ်သမျှအားလုံးဖြစ်သွားခဲ့ပြီ။ သူနှစ်သက် မြတ်နိုးချစ်ခဲ့သောအဖော်နှင့် ခွဲခွာရတော့မည်။ ဤအဖြစ်မျိုးနှင့်ဘယ်ကဲ့ သို့ ဖြစ်ဖို့လက်ခံနိုင်မည်နည်း။ ဧဝအတွက် သူ၏ချစ်ခြင်းမေတ္တာသည် ကြီးမားလှပေသည်။ စိတ်ပျက်ခြင်းကြီးစွာဖြင့် သူမ၏ကံကြမ္မာကိုမျှဝေ ခံစားဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏တွေးတောဆင်ခြင်မှုမှာ ဧဝသည် သူ၏ ကိုယ်ခန္ဓာတစ်စိတ် တစ်ပိုင်းဖြစ်နေသည့်အတွက် သူမသေရမည်ဆိုလျှင် သူကလည်း သူမနှင့်အတူ သေသွားမည်။ အကြောင်းမှာ သူမနှင့်ခွဲခွာရ မည်ကို ဘယ်ကဲ့သို့မျှမခံစားနိုင်ပါ။

          သူသည်သနားကြင်နာမှုရှိသော သူ၏ဖန်ဆင်းရှင်အပေါ်၌ ယုံ ကြည်မှုနည်းပါးခဲ့သည်။ သူ့အားမြေမှုန့်မှ လှပသည့် အသက်ရှင်လူသား တစ်ဦးအဖြစ် ဖန်ဆင်းပြီး ဧဝအားသူ၏အဖော်အဖြစ် ဖန်ဆင်းပေးသော ဘုရားသည် သူမ၏နေရာတွင် အစားထိုးဝင်ရောက်နိုင်မည် မဟုတ် ကြောင်း သူစဉ်းစားမိသည်။ အမှန်မှာ မြွေ၏စကားသည် မှန်နိုင်ပေမည် မဟုတ်ပါသလော။ ဧဝသည် သူ၏ရှေ့တွင်ရပ်ပြီး ယခင်ကကဲ့သို့ပင် လှပကြော့ရှင်းလျက်ရှိသည်ကို သူမြင်နေရပါသည်။ သူ့အပေါ်၌ဇဝသည် ယခင်ကထက်သူ့ကိုပို၍မြင့်မားသော အချစ်ကို ပြသလျက်ရှိသည်။ ယခင် ကကဲ့သို့ပင် အပြစ်မဲ့သောသူတစ်ဦးကဲ့သို့ပင်မဟုတ်ပါသလော။ ဤသို့ ဖြစ်ခြင်းမှာ သူအသီးကိုစားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သူမဆိုသည်။ သူမကိုကြည့်ပြီး သေခြင်းသဘောကိုမမြင်ရပါ။

          သို့ဖြစ်၍ သူသည်လည်းအရဲစွန့်ဖို့ဆုံးဖြတ်လိုက်သည်။ သူသည် အသီးကိုယူ၍စားလိုက်သည်။ ဧဝကဲ့သို့ပင် ဆိုးကျိုးတစ်စုံတစ်ရာမျှ သူ

ချက်ချင်း မခံစားရပါ။

          လူသားများ၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် - ထာဝရဘုရားသည် ကျွန်ုပ်တို့၏ပထမဦးဆုံးသောမိဘနှစ်ပါးကို ကောင်းမကောင်းသိမြင်ရ သော ပညာတိုးပွားစေသည့်သစ်ပင်အကြောင်းအား သွန်သင်ပေးခဲ့သည်။ စာတန်မာရ်နတ် ကျရှုံးခြင်းအကြောင်းနှင့် သူ၏အကြံပြုချက်တို့ နား ယောင်မိခြင်းအန္တရာယ်အကြောင်းကို ကောင်းစွာသူတို့သိကြသည်။ တား မြစ်ထားသော အသီးကိုစားနိုင်ဖို့အရည်အချင်းကိုမူ ရုပ်သိမ်းခြင်းမပြုခဲ့ ပါ။ သူတို့အား လွတ်လပ်သောလူသားများအဖြစ် ရပ်တည်မှုပေးခဲ့သည်။ ဘုရားသခင်၏ စကားကို ယုံချင်လျှင်ယုံနိုင်သည်၊ သူ၏ပညတ်တော်တို့ ကိုနာခံနိုင်သည်၊ အသက်ရှင်နိုင်ခွင့် ပေးသည်။ သို့တည်းမဟုတ် သွေး ဆောင်သူ၏စကားကို ယုံချင်လျှင်ယုံနိုင်သည်၊ မနာခံဘဲနေ၍ အသက် ဆုံးရှုံးလိုလျှင်လည်း ဆုံးရှုံး ပိုင်ခွင့်ပေးထားခဲ့သည်။

          ပျော်ရွှင်ပီတိဖြစ်မှု၊ ချိုမြိန်သောချစ်ခြင်းမေတ္တာနှင့်ဆိတ်ငြိမ်မှုတို့ သည် သူတို့နှင့်ထွက်ခွာ၍သွားလေပြီ။ ယင်းတို့နေရာ၌ သူတို့ယခင်က မခံစားခဲ့ရဖူးသော တစ်ခုခုလိုအပ်လျက်ရှိသော ခံစားချက်မျိုးကို သူတို့ အပေါ်၌ကျရောက်လာလျက်ရှိသည်။ ထိုအခါ၌ သူတို့၏အပြင်ပန်းအခြေ အနေကို ဂရုစိုက်လာမိသည်။ သူတို့သည် ယခင်ကလည်းအဝတ်အချည်း စည်းရှိသော်လည်း ကောင်းကင်တမန်များကဲ့သို့ပင် အလင်းတရားအား ဖြင့် ဖုံးလွှမ်းခြင်းခံရသည်။ ယခုမှာမူထိုအလင်းသည် သူတို့နှင့်ခွဲခွာလျက် ရှိသည်။ သူတို့ခံစားနေရသော အဝတ်အစားမဲ့ခြင်းခံစားချက် အရှက်ကို ဖုံးကွယ်ဖို့ သူတို့ခန္ဓာကိုယ်အတွက် ဖုံးလွှမ်းရန်ရှာတော့သည်။ အကြောင်း မှာ ဘုရားသခင်နှင့်ကောင်းကင်တမန်တို့၏မျက်စိကို အဝတ်ချည်းစည်း ဖြင့်မည်သို့ရင်ဆိုင်နိုင်မည်နည်း။

          စာတန်မာရ်နတ်သည် သူ၏အောင်မြင်မှုအတွက် အထူးပင်ဝမ်း မြောက်ဝမ်းသာလျက်ရှိသည်။ သူသည် မိန်းမအားဘုရားသခင်ကို မယုံ ကြည်ဖို့ ဘုရားသခင်၏ ဉာဏ်ပညာကို သံသယရှိပြီး မေးခွန်းထုတ်ဖို့နှင့် ဘုရားသခင်၏ပညာရှိသည့်စီမံချက်တို့ကိုဖော်ထုတ်နိုင်ဖို့ ဆန္ဒပြင်းပြစေ ခဲ့သည်။ သူမမှ တစ်ဆင့် အာဒံကိုလည်းကျရှုံးစေခဲ့သည်။ အာဒံသည် ဧဝကိုချစ်လွန်းသည့်အတွက်ကြောင့် ဘုရားသခင်၏ ပညတ်ချက်ကိုမနာ ခံဘဲရှိသည့်အတွက် ဧဝနှင့်အတူကျရှုံးခဲ့သည်။

သခင်ဘုရားသည် အာဒံနှင့်ဧဝထံသို့ လာရောက်လည်ပတ်ခြင်း ဖြင့် ရောက်ရှိပြီး သူတို့တစ်တွေ နာခံမှုမရှိသည့်အတွက် တွေ့ကြုံရမည့် အကျိုးဆက်ကို ပြောပြသည်။ ဘုရားသခင်၏ ထည်ဝါစွာချဉ်းကပ်လာ သည့်အသံကိုကြားရသောအခါမှာ သူတို့တစ်တွေပုန်းကွယ်ဖို့ကြိုးစားကြ သည်။ ဘုရားရှင်၏အကြည့်ကို သူတို့မရင်ဆိုင်ရဲကြပါ။ တစ်ချိန်ကဆို လျှင် သူတို့အပြစ်မဲ့ပြီး သန့်ရှင်းခြင်းရှိခဲ့စဉ်က ဘုရားရှင်အား တွေ့ရှိဖို့ အလွန်ပင်မျှော်လင့်တောင့်တခဲ့သည်။ “ထာဝရဘုရားသခင်က အာဒံအား ခေါ်၍၊ သင်အဘယ်မှာရှိသနည်း။” အာဒံက ပြန်၍ဖြေသည်မှာ၊ “ဥယျာဉ် ၌ ကိုယ်တော်၏အသံကိုကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိ သောကြောင့် ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။” ဘုရားသခင်က၊ “သင်၌အဝတ်အချည်းစည်းရှိသည်ကို သင့်အား အဘယ် သူပြောသနည်း။ မစားရဟုငါပညတ်ထားသောအပင်၏ အသီးကို စားမိပြီ လောဟု မေးတော်မူ၏။”

သခင်ဘုရားသည် ဤမေးခွန်းကိုမေးရခြင်းမှာ အကြောင်းစုံမသိ သောကြောင့် မေးရခြင်းမဟုတ်ဘဲ၊ အပြစ်ရှိသောလူစုံတွဲ၏ အမှားကို ဝန်ခံနိုင်ဖို့ မေးခြင်းဖြစ်သည်။ သင်တို့နှစ်ဦးအဘယ်ကြောင့်ရှက်ကြောက် ခြင်းရှိပါသနည်း။ အာဒံသည် အပြစ်ကိုကျူးလွန်မိကြောင်းဝန်ခံခြင်းသည် အပြစ်ကျူးလွန်ခြင်းကို နောင်တရခြင်းမဟုတ်ဘဲ အပြစ်ကျူးလွန်ရခြင်း အား ဘုရားသခင်အပေါ်၌ အပြစ်ပုံချခြင်းဖြစ်သည်။ အာဒံက၊ “ကျွန် တော်၌အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏ အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။” ထိုအခါ ဘုရားရှင်သည် လူမိန်းမကိုမေးလေ၏၊ “သင်သည်အဘယ်သို့ပြုသနည်း။” ဧဝဖြေသည် မှာ၊ “မြွေသည်ကျွန်မကိုလှည့်စား၍ ကျွန်မစားမိပါသည်။”

ကျိန်စာမိခြင်း - ဘုရားရှင်သည် မြွေအားဤသို့ဆို၏၊ “သင်သည် ဤအမှုကိုပြုသောကြောင့် သားယဉ်၊ သားရဲအပေါင်းတို့ထက် ကျိန်ခြင်း ကိုခံရ၏။ သင်သည်ဝမ်းဖြင့်သွား၍ မြေမှုန့်ကိုတစ်သက်လုံးစားရမည်။” မြွေသည် အခြားတိရစ္ဆာန်များထက် အဆင့်မြင့်နေရသည့်အတွက် သူ သည်သူတို့ထက် အောက်တန်းကျသွားရမည်ဖြစ်ပြီး လူများ၏ ရွံရှာမုန်း တီးမှုကိုခံသွားရသည်။ အကြောင်းမှာ စာတန်မာရ်နတ်က သူ့အားကြားခံ အဖြစ် အသုံးချခြင်းကြောင့်ဖြစ်သည်။ “ဘုရားရှင်သည် အာဒံအားဤသို့ ဆို၏၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကို နားထောင်၍ စားမိသောကြောင့် မြေသည်သင်၏ အတွက်ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏ အသီးကို တစ်သက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ဆူးပင်အမျိုးမျိုးကိုလည်း သင့်အဖို့မြေမှာပေါက်စေ မည်။ လယ်၌ဖြစ်သောဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ သင်ထွက် ရာမြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှချွေး ထွက်လျက် အစာကို စားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရ မည်။”

ဘုရားသခင်သည်မြေကြီးကိုကျိန်ဆဲရခြင်းမှာသူတို့သည်ကောင်း မကောင်းသိကျွမ်းရာအပင်၏အသီးကိုစားသည့်အပြစ်အတွက်ဖြစ်သည်။ ဘုရားရှင်ကြေညာလိုက်သည်မှာ၊ “မြေ၏အသီးကို တစ်သက်ပတ်လုံး ပင်ပန်းစွာစားရမည်။” ဘုရားရှင်သည် သူတို့အတွက်ကောင်းသည်ကိုသာ ပေးပြီး၊ မကောင်းသည့်အရာတို့ကို ထိမ်ချန်ခဲ့သည်။ ယခုမှာမူ မကောင်း သည်ကို လည်းစားရမည်။ ဆိုလိုသည်မှာ သူတို့၏ တစ်သက်ပတ်လုံး မကောင်းဆိုးရွားခြင်းနှင့် ရင်းနှီးခံစားရမည်ဖြစ်သည်။

ထိုအချိန်မှစ၍ နောက်နောင်တွင်စာတန်မာရ်နတ်၏သွေးဆောင် ဖြားယောင်းမှုကို ခံရလိမ့်မည်။ အာဒံသည်တစ်သက်ပတ်လုံး နဖူးမှခြေ ထောက် အထိချွေးထွက်လျက်၊ စိုးရိမ်ကြောင့်ကြလျက်အလုပ်ကိုလုပ်ရ မည်။ အပြစ်မကျူးလွန်မီအချိန်က သူတို့၏အခြေအနေမှာ ပျော်ရွှင်ချမ်း မြေ့စွာအလုပ်ကို လုပ်ခဲ့ရသည်။ ယခုတွင်သူတို့သည် စိတ်ပျက်ခြင်းကို ခံစားရမည်၊ ဝမ်းနည်းခြင်းနှင့်နာကျင်မှုခံစားရပြီး၊ နောက်ဆုံးတွင် ပျက် စီးခြင်းသို့ရောက်ကြလိမ့်မည်။ သူတို့အားမြေမှုန့်မှပြုလုပ်၍ မြေမှုန့်သို့ ပြန်၍သွားရမည်။

သူတို့သည် ဧဒင်ဥယျာဉ်ကိုလည်း ဆုံးရှုံးရမည်ဟုပြောပြသည်။ ဘုရားသခင်သည်လိမ်ညာသည်ဟု စာတန်မာရ်နတ်၏ လှည့်စားသော စကားကိုယုံကြည်ခဲ့သည်။ သူတို့နာခံမှုမရှိသည့်အတွက် စာတန်မာရ် နတ်သည် သူတို့ထံသို့ လွယ်ကူစွာ ချဉ်းကပ်နိုင်ခဲ့သည်။ သူတို့အားဧဒင် ဥယျာဉ်တွင် ဆက်လက်နေထိုင်လျှင် စိတ်မချရပါ၊ အသက်ပင်သို့သွားပြီး အသီးကိုစားမိလျှင် ထာဝရကာလပတ်လုံး အပြစ်ရှိသောအသက်တာဖြင့် နေထိုင်သွားလိမ့်မည်။ သူတို့သည် ချမ်းမြေ့ပျော်ရွှင်မှုရှိသော ဧဒင်ဥယျာဉ် ၌နေထိုင်ခွင့်ဆုံးရှုံးခဲ့သော်လည်း ထိုဥယျာဉ်၌ ဆက်လက်၍ နေထိုင်ခွင့် ပေးရန် တောင်းပန်ကြသည်။ သူတို့သည် နောင်တွင် ဘုရားသခင်အား အကြွင်းမဲ့နာခံမှုပြုမည်ဟု ကတိပေးခဲ့ကြသည်။ သူတို့အားပြောလိုက် သည်မှာ၊ အပြစ်မဲ့သည့်ဘဝမှ အပြစ်ရှိသည့်ဘဝသို့ ကူးပြောင်းသွားရာ၌ အင်အားတိုးပွားမှုမရှိဘဲ ကြီးမားသော အားနည်းချက်ကိုသာ သူတို့ရရှိခဲ့ သည်။ သူတို့၏သန့်ရှင်းမွန်မြတ်ပြီး အပြစ်မဲ့သောပျော်ရွှင်ခြင်းအသက် တာသိက္ခာကို စောင့်ထိန်းခြင်းမရှိသည့်အတွက် အပြစ်၏ အသက်တာ၌ သိသိနှင့်သစ္စာရှိစွာ နေထိုင်သွားဖို့ အင်အားအလွန်ပင် နည်းသွားလျက် ရှိသည်။ သူတို့သည် အလွန်နက်ရှိုင်းစွာ စိတ်ပျက်မှုနှင့်ဝမ်းနည်းမှုရှိခဲ့ သည်။ ယခုတွင် အပြစ်၏ကျူးလွန်ခြင်းသည် သေခြင်းပင်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

ကောင်းကင်တမန်များသည် အသက်ပင်သို့ သွားရာလမ်းအား စောင့် ကြည့်ကာကွယ်ဖို့ ချက်ချင်းတာဝန်ပေးခြင်းခံရသည်။ စာတန်၏ ကောင်းစွာ လေ့လာချက်မှာ အာဒံနှင့်ဧဝတို့သည် နာခံမှုမရှိသည့်အတွက် ဘုရားသခင်၏ မျက်မှောင်ကြုတ်ခြင်းကို ခံရပြီးနောက် အသက်ပင်၏ အသီးကိုစားသွားလျှင် အပြစ်ရှိသည့်အသက်တာနှင့် ထာဝရနေထိုင်သွား နိုင်မည်။ သို့ရာတွင် သန့်ရှင်းသောကောင်းကင်တမန်များသည် အသက် ပင်သို့ သွားရာလမ်းသို့ ပိတ်ဆို့ကာကွယ်သွားခဲ့သည်။ ဤကောင်းကင် တမန်များပတ်ပတ်လည်တွင် အလင်းရောင်တန်း ထွန်းလင်း၍ တောက် ပသောဓားရှည်များအလား မြင်တွေ့နေရပါသည်။

 



အခန်းကြီး - ၄

အခန်း (၄)

အဖြေ၏နည်းလမ်း

 

ကောင်းကင်နိုင်ငံ၌ ဝမ်းနည်းခြင်းနှင့်ပြည့်လျှံလျက်ရှိသည်။ အား လုံးက လူသားများ ကျရှုံးသွားကြောင်း သဘောပေါက်လာသောအခါမှာ၊ ထာဝရဘုရားက ဖန်ဆင်းခဲ့သောကမ္ဘာကြီးသည် ဒုက္ခဆင်းရဲခြင်း၊ ဖျားနာ ခြင်းနှင့်သေခြင်းတို့ဖြင့် မျှော်လင့်ချက်ကင်းမဲ့စွာ အပြစ်ကျူးလွန်သူ အ တွက် စောင့်ဆိုင်းလျက်ရှိကြောင်း စိတ်သောကဖြစ်ကြသည်။ အာဒံ၏ မိသားစုအားလုံးတို့သည် သေရတော့မည်။

ယေရှုသည် ကျရှုံးသော လူသားများအတွက် ထွက်ပေါက်ရှိ ကြောင်း ကောင်းကင်တမန်ထုကြီးကို ပြောပြပါသည်။ သူသည်ဖခမည်း တော်နှင့်တောင်းပန်မှုပြုပြီး သူ၏အသက်ကို အသေခံပြီး လူသားများ အားရွေးနုတ်ဖို့ကမ်းလှမ်းခဲ့သည်။ သူ၏အသွေးတော်ကောင်းမှုအားဖြင့်၊ ဘုရားသခင်၏ ပညတ်တရားကိုနာခံခြင်းအားဖြင့် လူသားတို့သည် ဖခမည်းတော်၏မျက်နှာသာပေးမှုကို ပြန်လည်ရရှိပြီး လှပသောဥယျာဉ် တော်ထဲသို့ တစ်ဖန်ဝင်ရောက်ခွင့်ရ၍ အသက်ပင်၏အသီးကိုစားခွင့်ရှိနိုင် လိမ့်မည်။

ယေရှုသည် ကောင်းကင်တမန်များ၏ရှေ့မှောက်၌ ကယ်တင် ခြင်း စီမံကိန်းကိုဖွင့်ပြလိုက်သည်။ သူတို့အား ပြောပြလိုက်သည်မှာ သူ သည် ဖခမည်းတော်၏အမျက်ဒေါသနှင့် အပြစ်ရှိသောလူသားတို့၏ စပ် ကြား၌ ရပ်၍ နေသွားမည်။ အပြစ်နှင့်လှောင်ပြောင်မှုကို သူခံယူသွားလိမ့် မည်။ လူအနည်းငယ်သာ သူ့အားဘုရား၏သားတော်အဖြစ် လက်ခံကြ လိမ့်မည်။ သူသည် သူ၏ ဘုန်းတန်ခိုးအားလုံးတို့ကို ကောင်းကင်နိုင်ငံ၌ ထားရစ်ခဲ့ပြီး ကမ္ဘာမြေကြီးအပေါ်၌ စိတ်နှလုံးနှိမ့်ချသောလူတစ်ဦးကဲ့သို့ ရောက်ရှိလာ၍ လူသားတို့တွေ့ကြုံရမည့်သွေးဆောင်မှုမျိုးနှင့် တွေ့ထိ ခြင်း ခံယူသွားမည်။ လူအားလုံးနီးပါး သူ့ကိုမုန်းတီးပြီး သူ့အားစွန့်ပယ် ကြလိမ့်မည်။ နောက်ဆုံးတွင် ဆရာတစ်ပါးကဲ့သို့ သွန်သင်မှုပြုသွားပြီး လျှင် သူ့အားဆိုးသွမ်းသောလူများလက်ထဲသို့ အပ်နှံခြင်းခံရ၍ စာတန်နှင့် သူ၏တမန်ဆိုးတို့က လူဆိုးတို့အားလှုံ့ဆော်ပေးသလောက် ရက်စက် ကြမ်းကြုတ်သော ညှဉ်းဆဲမှုအမျိုးမျိုးကို ခံရလိမ့်မည်။ သူသည် အရက် စက်ဆုံးသောသေခြင်းကိုခံရလိမ့်မည်။ ကောင်းကင်နှင့်မြေကြီးစပ်ကြား အပြစ်သားတစ်ဦးကဲ့သို့ နာရီပေါင်းများစွာ ပြင်းထန်သောဝေဒနာကို ခံစားရ၍ ကောင်းကင်တမန်များပင်လျှင် မကြည့်ရက်ဘဲ မျက်နှာများကို ကွယ်ဝှက်ထားကြလိမ့်မည်။ ကိုယ်ခန္ဓာဒုက္ခဆင်းရဲခြင်းသာမကဘဲ စိတ် ပိုင်းဆိုင်ရာ ပြင်းထန်သည့်ဝေဒနာခံစားချက်တို့သည် ကိုယ်ခန္ဓာနာကျင် ခံစားမှုနှင့်နှိုင်းယှဉ်၍မရနိုင်ပါ။ တစ်ကမ္ဘာလုံး၏ အပြစ်ဝန်ထုပ်သည် သူ့အပေါ်သို့ကျရောက်မည်ဖြစ်ပါသည်။ သူသည် အသေခံရမည်ဖြစ်ပြီး တတိယမြောက်သောနေ့တွင် တစ်ဖန်ရှင်ပြန်ထမြောက်ပြီး၊ သူ၏ ဖခမည်းတော်ထံသို့ ပြန်တက်ကြွသွားပြီး လမ်းမှားသောလူသားများတို့ အတွက် ကြားဖျန်ဖြေပေးခြင်းအလုပ်ကို ပြုလုပ်ပါမည်။

ဖြစ်နိုင်ခြေရှိသောကယ်တင်ခြင်းလမ်းတစ်လမ်း - ကောင်းကင် တမန်များသည် ယေရှုရှေ့၌ဦးညွှတ်ပြီး သူတို့အသက်ကိုလည်း အစတေး ခံသွားမည်ဟု ကမ်းလှမ်းကြသည်။ ယေရှုက ဤသို့ပြောသည်၊ သူအသေ ခံခြင်းအားဖြင့် များစွာသောလူတို့ကို ကယ်တင်နိုင်မည်၊ ကောင်းကင် တမန်တစ်ပါး၏အသက်သည် အပြစ်ကြွေးကို ပေးဆပ်နိုင်မည်မဟုတ်ပါ။ သူ၏အသက်တစ်ခုတည်းသာလျှင် လူသားများအတွက် ဖခမည်းတော်က ရွေးချယ်သည့်တန်ဖိုးအဖြစ် လက်ခံနိုင်မည်။ နောက်ပိုင်းတွင် သူရွေးနုတ် သောသူတို့သည် သူနှင့်အတူနေထိုင်သွားရမည်။ သူ၏သေခြင်းအားဖြင့် လူများစွာကိုရွေးနုတ်နိုင်ပြီး သေခြင်းကို ပေးဆောင်နိုင်သော တန်ခိုးရှိ သည့် စာတန်မာရ်နတ်ကိုခြေမှုန်းနိုင်လိမ့်မည်။ သူ၏ဖခမည်းတော်သည် ကောင်းကင်နိုင်ငံတော်နှင့်ယင်းအောက်ရှိသော နိုင်ငံတော်မြတ်ကြီး အား လုံးတို့ကို အပ်နှင်းပေးသွားလိမ့်မည်။ ထိုအခါ ဤအရာအားလုံးတို့ကို ထာဝရပိုင်ဆိုင်သွားလိမ့်မည်။ စာတန်မာရ်နတ်နှင့် အပြစ်သားတို့သည် ဖျက်ဆီးခြင်းခံရမည်။ ကောင်းကင်နိုင်ငံနှင့်ပြန်လည် သန့်စင်မှုပြုပြီး သောကမ္ဘာမြေကြီးကို မည်သည့်အခါမျှ အနှောင့်အယှက်ပေးနိုင်တော့ မည်မဟုတ်ပါ။

သို့ရာတွင် ထာဝရဘုရားသည် သူ၏ကောင်းကင်တမန်တို့အား အလုပ်အပ်နှင်းသွားသည်မှာ အထက်ကောင်းကင်နှင့်အောက်ရှိမြေကြီး ပေါ်သို့ တက်လိုက်၊ ဆင်းလိုက်လုပ်စေပြီး သူ၏သားတော်ဒုက္ခဆင်းရဲ ခြင်းခံနေရသည်ကို နှစ်သိမ့်ဖို့နှင့် ကူညီမစဖို့ တာဝန်အပ်နှင်းခဲ့သည်။ နောက်တာဝန် တစ်ရပ်အနေဖြင့် ကရုဏာတရားကို စာတန်ထံသို့ မ ရောက်ရှိဘဲ ကာကွယ်ထားရန်ဖြစ်သည်။ ထာဝရဘုရားသည် ပျောက်ဆုံး နေသောအပြစ်သားတို့အား ကယ်မရန် သူ၏ပညတ်တရားကို ဘယ်နည်း နှင့်မျှပြင်ဆင်၍မရပါ။ သို့ဖြစ်၍ သူ၏သားတော်အား လူသားများအပြစ် အတွက် သေခွင့်ပြုလိုက်ရပါသည်။

စာတန်သည် သူ၏ကောင်းကင်တမန်များနှင့်အတူ တစ်ဖန်ဝမ်း မြောက်ဝမ်းသာစွာ ရှိကြသည်။ လူသားများအား ဆွဲချနိုင်သည့်အတွက် ဘုရားသခင်၏သားတော်အား မြင့်မြတ်သောသူ၏ ရာထူးမှ ကျဆင်းစေခဲ့ သည်။ သူ၏ တမန်များအား ယေရှုလူသားအသွင်ကို ခံယူသောအခါမှာ သူ့ကိုအောင်နိုင်ခြင်းကိုရယူနိုင်ပြီး သူ၏ကယ်တင်ခြင်းစီမံကိန်းကို ဖျက် ဆီးနိုင်မည်ဟု ပြောပြသည်။

အာဒံနှင့်ဧဝသည်စိတ်နှိမ့်ချစွာနှင့်မဖော်ပြနိုင်သောဝမ်းနည်းခြင်း ဖြင့် လှပသောဥယျာဉ်မှ ထွက်ခွာသွားရတော့သည်။ ဘုရားသခင်၏ ပညတ်တော်ကိုမကျူးလွန်မီ နာခံလိုက်လျှောက်မှုရှိသည်အထိ ဤ ဥယျာဉ်၌ပျော်ရွှင်စွာနေထိုင်ခဲ့ပါသည်။ ယခုတွင်မူ အခြေအနေမှာပြောင်း လဲသွားပေပြီ။ သူတို့ အပြစ်မလုပ်မီကဲ့သို့ ပြောင်းလဲခြင်းမရှိတော့ပါ။ ထာဝရဘုရားသည် သူတို့အား သားရေအင်္ကျီတို့ဖြင့် အဝတ်ဝတ်ပေးလိုက် သည်။ အေးသောအချိန်တွင်သော်လည်းကောင်း၊ ပူသောအချိန်တွင်သော် လည်းကောင်း သူတို့ကိုကာကွယ်ဖို့ ဖြစ်သည်။

မပြောင်းလဲသောဘုရားသခင်၏တရားဥပဒေ - ကောင်းကင် နိုင်ငံတစ်ခုလုံးသည် ဝမ်းနည်းကြေကွဲခဲ့ရသည်။ အကြောင်းမှာ အာဒံနှင့် ဧ၀ တို့နာခံမှုမရှိသည့်အတွက် ကျရှုံးခဲ့ရသည်။ ဤဖြစ်ရပ်ကြောင့် ဘုရား သခင်၏ဒေါသသည် လူသားမျိုးနွယ်တစ်ခုလုံးအပေါ်၌ ကျရောက်ခဲ့ သည်။ သူတို့သည် ဘုရားသခင်နှင့်ခင်မင်ရင်းနှီးမှုမှ ဖြတ်တောက်ခြင်း ခံရသည်။ အနက်ဆုံးသောဒုက္ခဆင်းရဲမှုကို ခံစားရပြီး၊ မျှော်လင့်ချက် ကင်းမဲ့စွာရှိကြသည်။

ယေဟောဝါ၏ပညတ်တရားအခြေခံအုတ်မြစ်သည် ကောင်းကင် ၌သော်လည်းကောင်း၊ မြေကြီးပေါ်၌သော်လည်းကောင်း ဘုရားသခင် ကိုယ်တော်တိုင်ကဲ့သို့ သန့်ရှင်းမွန်မြတ်မှုရှိသည်။ သို့ဖြစ်၍ ဘုရားသခင် သည် ဤပညတ်တရားကိုကျူးလွန်မိခြင်းအတွက် ကောင်းကင်တမန်၏ အသက်တစ်ချောင်းကို ယဇ်ပူဇော်ခြင်းကို လက်မခံနိုင်ပါ။ သူ၏ပညတ် တရားသည် သူ့အတွက် သူ၏သလွန်ကိုဝန်းရံထားသော သန့်ရှင်းသည့် ကောင်းကင်တမန်များထက် အရေးကြီးသည်။ ဖခမည်းတော်သည် ကျရှုံး ခဲ့သောလူသားများအတွက် အဆင်ပြေသက်ညှာဖို့ သူ၏ပညတ်တော်ကို တစ်ခွန်းတစ်ပါဒမျှ ဖျက်သိမ်းခြင်းသော်လည်းကောင်း၊ ပြောင်းလဲခြင်း သော်လည်းကောင်း မပြုလုပ်နိုင်ပါ။ သို့ရာတွင် ဖခမည်းတော်သည် သားတော်နှင့်အတူတကွ လူသားတို့ကို ဖန်ဆင်းခြင်းပြုခဲ့သည့်အတွက် အပြစ်ဖြေလွှတ်ရန် ဘုရားသခင်လက်ခံနိုင်သော သူ၏အသက်ကိုသာ ယဇ်ပူဇော်ခြင်းအားဖြင့် ဖဘုရား၏အမျက်တော်ကို ဖြေသိမ့်နိုင်လိမ့်မည်။ ကောင်းကင်တမန်များသည် အာဒံအား အသိပေးသွားသည်မှာ အာဒံ၏ အပြစ်ကြောင့် သေခြင်းနှင့်စိတ်ပျက်စရာအဖြစ်ကို ဆောင်နှင်းခဲ့သည်။ ယေရှုခရစ်တော်၏ပူဇော်ခြင်းသာလျှင် အသက်နှင့်မသေနိုင်သောအဖြစ် ကို အလင်းဆောင်ယူနိုင်သည်။

အနာဂတ်၏မြင်ကွင်း - အနာဂတ်အတွက်ဖြစ်ရပ်များကို အာဒံ အားဘုရားသခင်ဖော်ပြခဲ့သည်။ ဤအရာများမှာ အာဒံအား ဧဒင်ဥယျာဉ် မှ မောင်းထုတ်ခံရခြင်းမှ ကမ္ဘာကိုရေလွှမ်းမိုးခြင်း၊ အဆင့်ဆင့်မှ ကမ္ဘာ မြေကြီးပေါ်သို့ ခရစ်တော်ပထမဦးဆုံးအကြိမ်ကြွရောက်လာခြင်းအထိ ကို ဖော်ပြခဲ့သည်။ အာဒံကိုချစ်မြတ်နိုးခြင်းအတွက်သော်လည်းကောင်း၊ သူ၏သားစဉ် မြေးဆက်တာဝန်အရသော်လည်းကောင်း ဘုရားသခင်၏ သားတော်သည် အထက်ကောင်းကင်မှဆင်းကြွပြီး လူသားဇာတိကို ခံယူ လိမ့်မည်။ သို့ပါ၍ မိမိကိုယ်ကိုစိတ်သဘောနှိမ့်ချခြင်းအားဖြင့် သူ့အား ယုံကြည်ကြသူအားလုံးတို့ကို မြှင့်တင်ပေးလိမ့်မည်။ ဤသို့သောစွန့်လွှတ် ခြင်းသည် ကမ္ဘာတစ်ခုလုံးကိုကယ်တင်နိုင်သော တန်ဖိုးကြီးတစ်ရပ်ပင် ဖြစ်သည်။ ဤသို့ကောင်းမြတ်သောစွန့်လွှတ်ခြင်းကို လူအနည်းငယ်သာ ထိုကယ်တင်ခြင်းကို လက်ခံရယူသွားမည်။ အများသော လူတို့သည် သူ၏ကြီးမြတ်သော ကယ်တင်ခြင်း၏ လိုအပ်ချက်တို့ကို လိုက်နာမည့် ဆန္ဒမရှိကြပါ။ သူတို့သည် ဘုရားသခင်၏ ပညတ်တရားကိုချိုးဖောက်ရန် သာ၍ရွေးချယ်လိုပြီး၊ နောင်တရခြင်းနှင့်နာခံမှုရှိခြင်းကို လိုလားမည် မဟုတ်ပါ။ ကမ်းလှမ်းခဲ့သောစွန့်လွှတ်မှု အကျိုးကျေးဇူးကိုမူ လက်ခံလို စိတ်မရှိကြပါ။ ဤစွန့်လွှတ်မှုသည် လက်ခံလိုသူများအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင်ကြီးမားပြီး၊ ရွှေရည်အစစ်ထက်တန်ဖိုး ရှိလှသည်။

ယဇ်ပူဇော်ပြုလုပ်ခြင်း - ထာဝရဘုရား အထူးညွှန်ကြားသည့်

အတိုင်း အပြစ်အတွက်ယဇ်ပူဇော်ခြင်း ပြုလုပ်ရသောအချိန်တွင် အာဒံ အတွက် အထူးပင် အနာကျင်ဆုံးသော အခမ်းအနားတစ်ရပ်ဖြစ်သည်။ ဘုရားသခင်က သာပေးနိုင်စွမ်းရှိသောအသက်ကို သူ၏လက်ကနုတ်ယူ ရမည်။ ဤအရာသည် သူ့အတွက်ပထမဦးဆုံးသေခြင်းကို မြင်တွေ့ရ သည်။ သွေးစီးဆင်းလျက်ရှိသော ယဇ်ကောင်ကို ကြည့်သောအခါမှာ ယဇ်ကောင်သည် သေခြင်း၌တွန့်လိမ်ပြီး ဝေဒနာကြီးစွာ ခံစားရသည်ကို သူမြင်ရသည်။ ဤသို့အားဖြင့် လူသားများအတွက်အသက်ပေးအသေခံရ မည့် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဤယဇ်ကောင် ပုံဆောင်ထားသောအရာတို့ကို မျှော်မှန်းကြည့်ရမည်။

ဤယဇ်ပူဇော်ခြင်း အခမ်းအနားသည် ဘုရားသခင်က တည် ထောင်ခဲ့ပြီး အာဒံအတွက် အမြဲတစေ သတိရအောက်မေ့ဖို့ သူသည် အပြစ်လုပ်မိခဲ့ကြောင်းနှင့် နောင်တတရားအားဖြင့် ဝန်ခံရန်ဖြစ်သည်။ ဤအသက်ကိုနုတ်ယူခြင်း အဖြစ်အပျက်သည် အာဒံအတွက် ပို၍နက်နဲ သော သူ၏အပြစ်ကျူးလွန်မှု အတိုင်းအတာကို အသိတရားဝင်စေသည်။ သူကျူးလွန်ခဲ့သောအပြစ်သည် ဘုရားသခင်၏ သားတော်သေခြင်းဖြင့် သာ ဆေးကြောနိုင်ပါမည်။ အပြစ်ရှိသူ ကိုကယ်တင်ရန် မကုန်ဆုံးနိုင် သောကောင်းမြတ်ခြင်းနှင့် အနှိုင်းမဲ့မေတ္တာတို့ကို သူအံ့သြလျက်ရှိသည်။ ဤမျှအတိုင်းအတာအထိရွေးနုတ်ခြင်း၏တန်ကြေးရှိသည်။ အာဒံသည် အပြစ်မဲ့သော ယဇ်ကောင်ကို သတ်ယူသည့်အခါမှာ သူ့အတွက်ဘုရား သခင်၏သားတော်၏အသွေးကို သူကိုယ်တိုင်လက်နှင့်သွန်းသွားသလို ခံစားမိသည်။ သူနားလည်သဘောပေါက်သည်မှာ ဘုရားသခင်အပေါ်၌ သစ္စာရှိခဲ့ပြီး၊ သူ၏သန့်ရှင်းသော ပညတ်တရားအပေါ်၌ သစ္စာရှိခဲ့မည် ဆိုလျှင် လူနှင့်တိရစ္ဆာန်တို့သည် သေဖို့လိုမည်မဟုတ်ပါ။ သို့ရာတွင် ဤ ယဇ်ကောင်ပူဇော်ခြင်းအခမ်းအနားမှာ နောင်တွင်ပြီးပြည့်စုံသော ဘုရား သခင်၏ သားတော်ကို ယဇ်ပူဇော်ခြင်းသို့ညွှန်ပြ၍၊ မျှော်လင့်ချက်ကြယ် တစ်ပွင့်သည် မှောင်မည်းကြောက်လန့်ဖွယ်ကောင်းသော အနာဂတ်ကို အလင်းပေးလျက်ရှိသည့်အတွက် ပျက်စီးခြင်းနှင့်မျှော်လင့်ချက်ကင်းမဲ့ သောအနာဂတ်ကို သက်သာမှုပေးလျက်ရှိသည်။

အစကနဦး၌ မိသားစုတစ်ခု၏ ခေါင်းဆောင်သည် သူ၏အိမ် ထောင်၌ အုပ်စိုးသူနှင့် ယဇ်ပုရောဟိတ်အဖြစ် ယူဆထားကြသည်။ နောက်ပိုင်းတွင် လူမျိုးစုတိုးပွားလာသည့်အခါတွင် ဘုရားမှခန့်အပ်သော လူပုဂ္ဂိုလ်များအား ဤလေးနက်တည်ကြည်သော ဝတ်ပြုကိုးကွယ်မှုကို လူထုအတွက် ဆောင်ရွက်စေသည်။ အပြစ်သားများ၏ စိတ်ထဲတွင် တိရစ္ဆာန်များ၏အသွေးကို ဘုရားသခင်၏သားတော်အသွေးနှင့် ဆက်စပ် တွေးခေါ်ရမည်။ ယဇ်ကောင်၏သေခြင်းသည် အပြစ်၏အခကြေးငွေမှာ သေခြင်းဖြစ်ကြောင်း သက်သေထူခြင်းဖြစ်သည်။ ယဇ်ပူဇော်ခြင်းလုပ် ရပ်သည် အပြစ်သားများက မိမိတို့၏အပြစ်ကို အသိအမှတ်ပြုခြင်းဖြစ် သည်။ ရှေးကာလ၌ပြီးပြည့်စုံသော ယဇ်ကောင်တည်းဟူသော ဘုရား သခင်၏သားတော်မှာ တိရစ္ဆာန်ယဇ်ကောင်က ပုံဆောင်ထားခြင်းကို ယုံကြည်ခြင်းအားဖြင့် မျှော်ကိုးနိုင်ပါသည်။ ဘုရားသခင်၏သားတော်မှ ယဇ်ပူဇော်ခြင်းမရှိခဲ့လျှင် အပြစ်ဖြေလွှတ်ခြင်းလည်း အထမမြောက်နိုင် ပါ။ ကောင်းချီးမင်္ဂလာအပ်နှင်းခြင်းလည်း မရှိနိုင်ပါ။ ဘုရားသခင်ထံမှ လည်း အပြစ်သားများ ကယ်တင်ခြင်းမရရှိနိုင်ပါ။ ထာဝရဘုရားသည် သူ၏ပညတ်တရားကိုထိန်းသိမ်းဖို့ရန် အလေးထားမှုရှိသည်။ ထိုပညတ် တရားကို ကျူးလွန်ခြင်းအားဖြင့် ကြောက်စရာကောင်းသောဘုရားနှင့် အပြစ်သားတို့ဝေးကွာမှုရှိလာတော့သည်။ ဘုရားသခင်သည် အာဒံအပြစ် ကင်းစင်သောအချိန်တွင် သူနှင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုခွင့် ပြုခဲ့ သည်။ အပြစ်ကျူးလွန်ပြီးသည်နောက် ဘုရားသခင်နှင့်လူသားတို့ ဆက် သွယ်မှုရရှိရန် ခရစ်တော်နှင့်ကောင်းကင်တမန်များအားဖြင့်သာ ဆက် သွယ်မှုပြုလုပ်နိုင်တော့သည်။





အခန်းကြီး - ၅

အခန်း (၅)

လွတ်မြောက်မှုရရှိခြင်း

 

[ထာဝရဘုရား၌ သူ့အား ပုန်ကန်သူ အမြောက်အမြားရှိသော် လည်း၊ သူ့ဘက်၌ရှိကြသောသူအနည်းငယ်တို့သည် ရှိစမြဲရှိခဲ့သည်။ ဥပမာ၊ နောဧနှင့်သူ၏မိသားစုရှစ်ဦးတို့သည် ဘုရားသခင်ညွှန်ကြားသည့် အတိုင်း တည်ဆောက်ခဲ့သောသင်္ဘောထဲတွင် ဝင်ရောက်ခဲ့သည်။ သို့ဖြစ် ၍ သူတို့သည် ကမ္ဘာကို ရေလွှမ်းမိုးမှုမှ ခိုလှုံရာရရှိခဲ့သည်။ ဘုရားမရှိ တရားမရှိကာလတို့တွင် ဧနောက်သည် ဘုရားသခင်နှင့်အတူ လမ်း လျှောက်ခဲ့သည်။ ထာဝရဘုရားသည် အာဗြဟံအား မိမိ၏ဇာတိမြေကို စွန့်လွှတ်ပြီး ခါနာန်ပြည်သို့သွားရောက်စေသည်။ နောင်တွင် သူ၏ ဆွေစဉ်မျိုးဆက်များ၊ ဣသရေလတို့သည် ထိုဒေသတွင် နေထိုင်ခဲ့ပြီး အစာရေစာခေါင်းပါးသည့်အချိန်တွင် အဲဂုတ္တုပြည်သို့သွားရောက် နေထိုင် ခဲ့ရသည်။ နောင်တွင် ထိုပြည်၌ကျွန်ဘဝသို့ ရောက်ရှိခဲ့သည်။ ယခု ဤပုံဝတ္ထုမှာ အဲဂုတ္တုပြည်၌ ကျွန်ဘဝမှ သူတို့အား ဘုရားသခင်လွတ် မြောက်စေသောအကြောင်းအရာဖြစ်သည်။ ခရစ်တော်မတိုင်မီ နှစ်ပေါင်း တစ်ထောင်ကျော်ကာလအဖြစ်အပျက်များဖြစ်သည်။]

ဣသရေလလူတို့သည် အဲဂုတ္တုပြည်သားတို့၏ ကျွန်အဖြစ် နှစ် ပေါင်းများစွာနေခဲ့ရသည်။ မိသားစုအနည်းငယ်တို့သာ အဲဂုတ္တုပြည်သို့ ဆင်းသွားခဲ့သည်။ သို့ရာတွင် သူတို့၏ လူအုပ်မှာ များစွာပွားများလာခဲ့ သည်။ သူတို့ကို ဝန်းရံထားသော ရုပ်တုကိုးကွယ်သူများပြားမှုကြောင့် သူတို့အထဲ၌ အများသော လူတို့သည် စစ်မှန်သောဘုရားအကြောင်းနှင့် သူ၏ပညတ်တရားတို့ကို မေ့လျော့လျက်ရှိကြသည်။ သို့ဖြစ်၍သူတို့သည် အဲဂုတ္တုပြည်သားကဲ့သို့ပင် နေ၊ လ၊ ကြယ်များ၊ တိရစ္ဆာန်များနှင့် လူလက် ဖြင့်လုပ်သည့်ရုပ်တုတို့ကို ဝတ်ပြုကိုးကွယ်ကြတော့သည်။

          သို့ရာတွင် ဟေဗြဲလူတို့အထဲ၌ ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းခဲ့သည့် စစ်မှန်သောဘုရားအကြောင်းကို စောင့်ထိန်းလျက်ရှိကြ သည်။ ဤသစ္စာရှိသောလူတို့သည် စိတ်နှလုံးထဲ၌ ဝမ်းနည်းလျက်ရှိကြ သည်။ သို့ဖြစ်၍ ဤလူတို့သည် အဲဂုတ္တုပြည်သားတို့၏ ကျွန်ပြုခြင်းမှ လွတ်မြောက်ဖို့ ထာဝရဘုရားသခင်အားရှိခိုးတောင်းပန်ခဲ့သည်။ သူတို့ အား အဲဂုတ္တုပြည်မှ နုတ်ဆောင်ပြီး၊ ရုပ်တုကိုးကွယ်ခြင်းနှင့် ယိုယွင်း သည့်ပတ်ဝန်းကျင်ပတ်သက်မှုနှင့်ကင်းဝေးစေရန် ဘုရားသခင်ကို ရှိခိုး တောင်းပန်ခဲ့သည်။

ဣသရေလအများစုက ရုပ်တုကိုးကွယ်ခြင်းဖြင့် ယိုယွင်းပျက်စီး ကြသော်လည်း၊ သစ္စာရှိသူတို့သည် ခိုင်မြဲစွာရပ်တည်ခဲ့ကြသည်။ သူတို့၏ ယုံကြည်ချက်ကို ဝှက်ထားခြင်းမပြုပါ။ သူတို့သည် အဲဂုတ္တုပြည်သားတို့ အား စစ်မှန်၍အသက်ရှင်လျက်ရှိသည့် ဘုရားတစ်ဆူတည်းကိုသာ ဝတ် ပြုကြကြောင်း ပွင့်လင်းစွာကြေညာခဲ့သည်။ သူတို့အနေဖြင့် ထာဝရ ဘုရားရှိကြောင်းအထောက်အထားကို သက်သေခံခဲ့သည်။ သူ၏တန်ခိုး တော်အား ဖန်ဆင်းခြင်းကာလမှ အဆက်ဆက်သောကာလတို့တွင် တန်ခိုးကြီးမားကြောင်းသက်သေခံခဲ့သည်။ သို့ဖြစ်၍ အဲဂုတ္တုပြည်သားတို့ သည် ဟေဗြဲတို့၏ဘုရားအကြောင်း သိခွင့်ရှိခဲ့သည်။ သူတို့သည် စစ်မှန် သောဘုရားကိုဝတ်ပြုကိုးကွယ်ကြသည့် သစ္စာရှိသူတို့အား စိတ်ပျက်ခြင်း ရှိအောင် အမျိုးမျိုးလုပ်ဆောင်ကြသည်။ သို့သော်လည်း ထိုသူတို့ကို ခြိမ်း ခြောက်ခြင်းအားဖြင့်သော်လည်းကောင်း၊ ဆုလာဘ်ပေးမည်ဟူ၍ ကတိ ပြုခြင်းသော်လည်းကောင်း၊ ရက်စက်စွာနှိပ်စက်ညှဉ်းပန်းမှုပြုခြင်းသော် လည်းကောင်း မအောင်မြင်ခဲ့သည့်အတွက် သူတို့စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည်။

နောက်ဆုံးအုပ်ချုပ်ခဲ့သော အဲဂုတ္တုပြည်၏ ရှင်ဘုရင်နှစ်ပါးသည် မင်းဆိုးမင်းညစ်များဖြစ်ကြသည်။ သူတို့သည် ဟေဗြဲလူတို့ကို ရက်စက် ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့သည်။ ဣသရေလသက်ကြီးရွယ်အို ခေါင်း ဆောင်များသည် နစ်မွန်းလျက်ရှိသောသူတို့၏ ယုံကြည်ချက်ကို ထိန်း သိမ်းထားဖို့ အားပေးကြသည်။ အာဗြဟံနှင့် ယောသပ်မသေမီ ဘုရား သခင်မှပေးခဲ့သော ကတိတော်တို့ကို သူတို့အား သတိရအောက်မေ့ဖို့ ပြောပြကြသည်။ ယင်းကတိပြုချက်မှာ အဲဂုတ္တုပြည်မှသူတို့အား လွတ် မြောက်ပေးဖို့ဖြစ်ပါသည်။ အချို့တို့က နားထောင်ပြီး ယုံကြည်ကြသည်။ အခြားတို့မှာမူ မိမိတို့၏အခြေအနေကို ပြန်လည်ဆန်းစစ်ကြည့်ပြီး မျှော် လင့်ချက်မထားရဲကြပါ။

ဖာရောဘုရင်က ဣသရေလလူမျိုးတို့၏ဘုရားသည် ငါ၏လက်မှ လွတ်မြောက်အောင် လုပ်ဆောင်နိုင်သည်ကို ငါမြင်ချင်သည်ဟု ကြွားဝါ လျက်ရှိသည်။ ဤကြွားဝါမှုကြောင့် ဣသရေလအများတို့၏ မျှော်လင့် ချက်ကို ပျက်သုဉ်းခဲ့သည်။ အခြေအနေမှာမူ ရှင်ဘုရင်နှင့်သူ၏အကြံပေး အဖွဲ့များပြောသကဲ့သို့ သူတို့အတွက် မျှော်လင့်ချက်ပင်မရှိသလောက် ဖြစ်သည်။ သူတို့ကိုကျွန်အဖြစ်ခိုင်းစေပြီး တိုင်းပြည်ကို အုပ်ချုပ်သူနှင့် အလုပ်ပေးအုပ်ချုပ် သူတို့ခိုင်းသမျှနှင့်နှိပ်စက်မှုပြုသမျှ ခံကြရလိမ့်မည်။ သူတို့၏ သားယောက်ျားများကို အမဲလိုက်ခြင်းခံရသကဲ့သို့ ရှာကြပြီး၊ အသေသတ်ခြင်းလည်းခံရသည်။ သူတို့အသက်ရှင်ခြင်းသည် ဝန်ထုပ် ဝန်ပိုးတစ်ရပ်ဖြစ်သည်။ ဤသို့ဖြစ်လင့်ကစား သူတို့က ကောင်းကင်ရှိ ဘုရားကိုယုံကြည်ပြီး ဝတ်ပြုကိုးကွယ်လျက်ရှိသည်။

ထိုအခါ သူတို့၏အခြေအနေကို အဲဂုတ္တုပြည်သားတို့၏ အခြေ အနေနှင့်နှိုင်းယှဉ်ကြလျက်ရှိသည်။ အဲဂုတ္တုပြည်သားတို့သည် အသက် ရှင်သော ဘုရားကို မကိုးကွယ်ကြသော်လည်း သေဆိုသေ၊ ရှင်ဆိုရှင်ဆို သောတန်ခိုး အာဏာများရှိကြသည်။ ဤသူတို့သည် ရုပ်တု၊ သစ်သားနှင့် ကျောက်တို့ဖြင့် ထုလုပ်သောအရုပ်တို့ကို ကိုးကွယ်ကြသည်။ အချို့မှာမူ နေ၊ လနှင့်ကြယ်တို့ကို ဝတ်ပြုကြသည်။ သို့ရာတွင် ထိုသူတို့သည် ချမ်း သာကြွယ်ဝကြသည်။ အချို့သောဟေဗြဲလူတို့က စဉ်းစားလိုက်ကြသည် မှာ၊ အကယ်၍ ထာဝရဘုရားသည် အခြားသောဘုရားများ၏ အထက်၌ ရှိခဲ့သော် သူတို့အား ရုပ်တုကိုးကွယ်နေသော သူတို့၏လက်အောက်မှာ ဤကဲ့သို့သောအခြေအနေဆိုးတွင် ထားရှိနိုင်မည်မဟုတ်ပါ။

ထာဝရဘုရားသည် ဖိနှိပ်ချုပ်ချယ်ခြင်းခံရသော လူတို့၏ဆု တောင်းသံကို အဖြေပေးဖို့အချိန်တန်ပြီ။ သူတို့အားအဲဂုတ္တုပြည်မှ ကြီးစွာ သော ဘုရားသခင်၏တန်ခိုးတော်တို့နှင့်ပြသ၍ လွတ်မြောက်ပေးဖို့သင့်ပါ ပြီ။ သို့မှသာအဲဂုတ္တုပြည်သားတို့သည် ဟေဗြဲလူမျိုးတို့၏ ဘုရားသည် အခြားသော ဘုရားများထက်တန်ခိုးကြီးမားကြောင်း သူတို့အသိအမှတ် ပြုကြရမည်။ ထိုသူတို့သည် ဟေဗြဲလူမျိုးတို့၏ ဘုရားအား အထင်သေး အမြင်သေးမလေး မခန့်ပြုခြင်းမှ သူတို့၌ရှိသမျှသော ဘုရားများထက် တန်ခိုးကြီးမားကြောင်း အသိအမှတ်ပြုကြရမည်။ ထာဝရဘုရားသခင် သည် သူ၏နာမတော်ကို ဘုန်းအသရေနှင့်ပြည့်စုံကြောင်း အခြားသော ပြည်၊ နိုင်ငံတို့မှကြားသိ၍ သူ၏ ကြီးမားသောအပြုအမူတန်ခိုးတော်ရှေ့၌ တုန်လှုပ်ချောက်ချားမှုရှိ၍ သူ၏ လူမျိုးတို့သည်လည်း အံ့ဖွယ်သော ဘုရား၏တန်ခိုးတော်ကိုမြင်ရ၍ ရုပ်တုကိုးကွယ်ခြင်းမှ လှည့်ထွက်ပြီး ထာဝရဘုရားကိုစစ်မှန်သောသန့်ရှင်းသည့် ဝတ်ပြုကိုးကွယ်မှုကို ပေးကြ လိမ့်မည်။

ဣသရေလတို့အား အဲဂုတ္တုပြည်မှ လွတ်မြောက်အောင်ပြုလုပ် ပေးခြင်းသည် အဲဂုတ္တုပြည်သားအားလုံးတို့ကို ထာဝရဘုရားသည် သူ၏ လူမျိုးများအတွက် အထူးသောသနားခြင်းကရုဏာကို ပြသခဲ့ကြောင်းကို မြင်တွေ့စေမည်။ ဖာရောဘုရင်သည် အခြားသောနည်းကိုအသုံးပြုလျှင် အသိအမှတ်ပြုယုံကြည်ခြင်းရှိမည်မဟုတ်ကြောင်း သိ၍ ဘုရားသခင် သည် သူ၏ဒဏ်ခတ်အပြစ်ပေးခြင်းကို အသုံးပြုရခြင်းဖြစ်သည်။ သို့မှသာ ဖာရောဘုရင်သည် ဝမ်းနည်းစရာကောင်းသည့် အတွေ့အကြုံအားဖြင့် ထာဝရဘုရားအား အခြားသောဘုရားများထက် တန်ခိုးကြီးမားကြောင်း သိရလိမ့်မည်။ သူသည် နိုင်ငံအားလုံးတို့အား မငြင်းနိုင်သော ရှင်းလင်း သည့် အထောက်အထားဖြင့် သူ၏သန့်ရှင်းသော တန်ခိုးအာဏာနှင့် တရားမျှတမှုတို့သည် ကမ္ဘာအနှံ့၌သိမြင်သွားကြလိမ့်မည်။ ထာဝရဘုရား ၏ရည်ရွယ်ချက်မှာ သူ၏တန်ခိုးတော်ပြသခြင်းသည် သူ၏ လူမျိုးတို့၏ ယုံကြည်ခြင်းသည် ခိုင်မာစေ၍ နောင်လာနောက်သားတို့သည်လည်း သူ့အားသစ္စာရှိစွာ ဘုရားတစ်ပါးတည်းကိုသာ ဝတ်ပြုကိုးကွယ်သွားလိမ့် မည်။ ဤထာဝရဘုရားမှာ သူတို့အတွက် အံ့ဖွယ်သောသနားခြင်း ကရု ဏာကို ပြုလုပ်ပေးခဲ့ပါသည်။

ဖာရောဘုရင်သည် အုတ်ခဲကို ကောက်ရိုးမပါဘဲနှင့်ပြုလုပ်ရန် အမိန့် ထုတ်လာသည့်အချိန်တွင်၊ မောရှေသည် သူ့အားကြေညာလိုက် သည်မှာ သူမသိ ကျိုးကျွန်ပြုခဲ့သော ဘုရားသခင်ကို သူအသိအမှတ် ပြုရမည်ဖြစ်ပြီး ဘုရားသခင်၏ အာဏာစက်သည် အမြင့်ဆုံးသောအုပ်စိုး သူဖြစ်ကြောင်းသိရလိမ့်မည်။

ကပ်ဘေးများဆိုက်ရောက်ခြင်း - တောင်ဝှေးအားမြွေဖြစ်စေ ခြင်းနှင့် မြစ်ရေကိုသွေးဖြစ်စေခဲ့သော အံ့ဖွယ်ပြုလုပ်ခြင်းသည် မာကျော ခက်ထန်သောဖာရောဘုရင်၏နှလုံးကို လှုပ်ခါခြင်းမပြုလုပ်နိုင်၍ ဣသ ရေလလူတို့ကို လွှတ်ပေးခြင်းမပြုနိုင်ခဲ့ပါ။ ဣသရေလလူတို့ကိုသာ ပို၍ မုန်းတီးစေခဲ့ပါသည်။ သူ၏မှော်ဆရာ၊ မျက်လှည့်ဆရာတို့၏ ပြုမူချက်တို့ သည် မောရှေပြုခဲ့သော အံ့ဖွယ်များမှာ မျက်လှည့်သာဖြစ်ကြောင်း သူယုံ ကြည်ခဲ့သည်။ သို့ရာတွင် ဖားများကပ်ဆိုက်ခြင်းမှ ဖယ်ရှားပေးသည့် အချိန်တွင် ဤအရာများသည် မျက်လှည့်အားဖြင့်သာ မဟုတ်ကြောင်း အထောက်အထားများစွာ ရရှိသည်။ ထာဝရဘုရားသည် ဖားများကို ချက်ချင်းပျောက်စေပြီး၊ မြေမှုန့်သို့ ပြန်ရောက်အောင် ပြုလုပ်ပေးနိုင် သည်။ သို့ရာတွင် ဤသို့မပြုလုပ်ခဲ့ပါ။ ချက်ချင်းပျောက်အောင် ပြုလုပ် လျှင် ဘုရင်နှင့်လူအပေါင်းတို့က မျက်လှည့်အားဖြင့် ပြုလုပ်ခဲ့သည်ဟုဆို ကြမည်။ ဖားများစွာသေကြပြီး လူတွေကအစုလိုက်အပုံလိုက်စု၍ ထား လိုက်သည်။ သေသောဖားများပုပ်ပွလာပြီး လေထုကိုညစ်ညမ်းစေသည် ကိုမြင်ကြရသည်။ ဘုရင်နှင့်အဲဂုတ္တုပြည်တစ်ခုလုံးသည် ဤအရာအား လုံးမှာ မျက်လှည့်မဟုတ်ကြောင်း သူတို့၏ပညာရပ်တို့မှအဖြေမပေးနိုင် ခဲ့ပါ။ ဤအရာတို့မှာ ကောင်းကင်မှဘုရား၏ ဒဏ်ခတ်စီရင်ချက်များသာ ဖြစ်သည်။

နောက်ထပ်တစ်ဖန် ကပ်ဘေးဆိုက်ရောက်ခြင်းသည် သန်းများ ရောက် ရှိလာခြင်းဖြစ်သည်။ ဖာရော၏ မှော်ဆရာ၊ မျက်လှည့်ဆရာတို့က သန်းများ မဖန်တီးလာနိုင်ပါ။ သခင်ဘုရားက သူတို့ကိုသန်းများဖန်တီးခွင့် မပေးခဲ့ပါ။ ဖာရောဘုရင်အား အကြောင်းတစ်ခုခုပြပြီး မယုံနိုင်ကြောင်း အကြောင်းပြချက် တစ်စုံတစ်ရာမပေးခဲ့ပါ။ ဖာရော၏မှော်ဆရာ၊ မျက် လှည့်ဆရာတို့အား ဤအရာသည် ဘုရား၏လက်တော်နှင့်လုပ်ဆောင် ချက်” ဖြစ်သည်ဟု သူတို့ကို ထွက်ဆိုစေခဲ့သည်။

နောက်တစ်ဖန် ယင်ကောင်အုပ်ကြီးကျရောက်စေသော ကပ် ဆိုက်ရောက်ခြင်း ဖြစ်သည်။ ထိုယင်ကောင်များသည် ကျွန်ုပ်တို့ကို အနှောင့်အယှက်ပေးတတ်သည့် ရာသီကာလအချို့မျိုးတွင် မဟုတ်ဘဲ ကြီးမားသောယင်ကောင် များဖြစ်၍ လူနှင့်တိရစ္ဆာန်တို့ကို ကိုက်မိသော အခါ၌ အဆိပ်အတောက်ဖြစ်စေပြီး လွန်စွာနာကျင်လျက်ရှိသည်။ ထာဝရ ဘုရားသည် သူ၏လူများနှင့် အဲဂုတ္တုပြည်သားတို့အား ခွဲခြားပေးလိုက် သည်။ သူ၏လူမျိုးတို့နေရာဒေသ အားလုံးတွင် ယင်ကောင်တစ်ကောင် မျှမကျရောက်ပါ။

သခင်ဘုရားက အဲဂုတ္တုပြည်သားတို့၏ ကျွဲနွားများအပေါ်သို့ ရော ဂါကပ်ဆိုးကိုကျရောက်စေခဲ့သည်။ ဟေဗြဲတို့၏ ကျွဲနွားတို့အား စောင့် ရှောက်ပေးခဲ့သည်ဖြစ်၍ တစ်ကောင်မျှမသေခဲ့ကြပါ။ နောက်တစ်ဖန် အနာစိမ်းရောဂါကပ်သည် လူနှင့်တိရစ္ဆာန်များအပေါ်၌ ကျရောက်စေခဲ့ သည်။ မှော်ဆရာနှင့်မျက်လှည့်ဆရာတို့သည် မိမိတို့ကိုယ်တိုင်ကိုပင် ကာကွယ်၍မပြုနိုင်ခဲ့ကြပါ။ နောက်တစ်ဖန်ထာဝရဘုရားသည် အဲဂုတ္တု ပြည်ပေါ်၌မိုးသီးနှင့်မီးရော၍ လျှပ်စီးလျှပ်မိုးခြိမ်းခြင်းဖြင့် ကျရောက်စေခဲ့ သည်။ ကပ်ဆိုးတစ်ခုစီ ကျရောက်မည့်အချိန်တိုင်းကို ကြိုတင်၍အသိ ပေးထားသည်။ သို့ဖြစ်၍ မည်သူကမျှ ဤအရာတို့သည် ကံအားလျော်စွာ တိုက်ဆိုင်မှုရှိပြီးဖြစ်လာကြောင်း မပြောနိုင်ပါ။ အဲဂုတ္တုပြည်သားတို့အား ထာဝရဘုရားပြသသွားသည်မှာ မြေကြီးတစ်ခွင်လုံးသည် ဟေဗြဲလူမျိုး တို့၏ဘုရားလက်အောက်၌ရှိကြောင်း ပြသသွားသည်။ မိုးခြိမ်းသံများ၊ မိုးသီးများနှင့်မုန်တိုင်းတို့သည် သူ၏စကား အမိန့်တော်ကို နားထောင် လျက်ရှိသည်။ တစ်ချိန်က မာန်မာနကြီးသော ဖာရောဘုရင်သည် ဤသို့ မေးမြန်းခဲ့သည်၊ “ထိုဘုရားကားအဘယ်သူနည်း။” မိမိကိုယ်ကိုနှိမ့်ချပြီး ဤသို့ဆို၏၊ “ဤအမှု၌ငါပြစ်မှားပြီ၊ ထာဝရဘုရားသည် ဖြောင့်မတ် တော်မူ၏၊ ငါနှင့်ငါ၏လူတို့သည် ဆိုးသွမ်းပြီးအပြစ်များလှပါ၏။” မောရှေ အား၊ အားကြီးသောမိုးကြိုးနှင့်မိုးသီးစွဲမည်အကြောင်း ထာဝရဘုရား အားကြားနေတောင်းပန်ပေးရန် အနူးအညွတ်တောင်းဆိုခဲ့သည်။

တစ်ဖန်သခင်ဘုရားသည် ကြောက်မက်ဖွယ်ကောင်းသော ကျိုင်း ကောင်ကပ်ဘေးကို စေလွှတ်ခဲ့သည်။ ရှင်ဘုရင်သည် ဘုရားသခင်ကို အောက်ကျွတ်ပြီး၊ ဣသရေလလူတို့အား အဲဂုတ္တုပြည်မှ ထွက်ခွာခွင့်ပြု မည့်အစား ကပ်ဘေးကိုခံယူဖို့ဆုံးဖြတ်သည်။ နောင်တမရဘဲနှင့် သူ၏ နိုင်ငံတစ်ခုလုံး ဤကြောက်မက်ဖွယ်ကောင်းသော အံ့ဩဖွယ်ရာအဖြစ် များကျရောက်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ သခင်ဘုရားသည် နောက် တစ်ဖန်မှောင်မိုက်ခြင်းကို အဲဂုတ္တုပြည်ပေါ်သို့ ကျရောက်စေသည်။ လူတွေအတွက် အလင်းကိုမရရှိသည်မကဘဲ ပတ်ဝန်းကျင်မှာလည်း စိတ်ဖိစီးမှုရှိ၍ အသက်ကိုကောင်းစွာ မရှုရှိုက်နိုင်ကြပါ။ မည်သို့ပင်ဖြစ်စေ ကာမူ ဟေဗြဲလူတွေအတွက် လေကောင်းလေသန့်များရရှိပြီး အိမ်တိုင်း၌ အလင်းများနှင့်ပြည့်နှက်လျက်ရှိပါသည်။ မောရှေ၏မေတ္တာရပ်ခံချက်ကို ဆန့်ကျင်သောသူတို့မှာ ဖာရောဘုရင်ကြီးနှင့် ရုပ်တုကိုကိုးကွယ်သော ဘုန်းတော်ကြီးတို့မှဖြစ်ကြသည်။ လူထုများအနေဖြင့် ဟေဗြဲလူများကို အဲဂုတ္တုပြည်မှထွက်ခွာခွင့်ပြုစေလိုသည်။ မောရှေက ဖာရောဘုရင်နှင့် အဲဂုတ္တု ပြည်၏လူထုသာမက ဣသရေလလူမျိုးအတွက်ပါ နောက်ဆုံး ကပ်ဘေးအကြောင်း အရေးကြီးပုံကို ပြောပြသည်။ အိမ်ထောင်တိုင်း၏ သားဦးတို့သည် သေရမည်။ ထိုည၌ အဲဂုတ္တုပြည်သားတို့အတွက် အလွန် ကြောက်မက်ဖွယ်ကောင်းသောအဖြစ်တို့နှင့် တွေ့ကြုံရသော်လည်း၊ ဘုရားသခင်၏လူတို့အတွက်မှာမူ အထူးပင်ကြီးကျယ်ခမ်းနားပြီး၊ လေး နက်တည်ကြည်မှုရှိသော ပသခါပွဲတော်ကို သွတ်သွင်းတည်ထောင်ခဲ့ သည်။

အဲဂုတ္တုပြည်၏ဘုရင်ကြီးနှင့် ရုပ်တုကိုးကွယ်သော မာန်မာန ထောင်လွှားသည့်လူတို့အတွက် ကောင်းကင်နိုင်ငံရှိ ဘုရား၏တောင်းဆို ချက်ကိုလက်ခံရန် အထူးပင်ခက်ခဲပါသည်။ ကပ်ဘေးတစ်ခုပြီးတစ်ခု အဲဂုတ္တုပြည်ပေါ်၌ ကျရောက်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ဒေါသ နှိပ်ကွပ်မှုကို ဘုရင်ကြီးက တတ်နိုင်သလောက်တင်းခံခဲ့သည်။

          ကပ်ဘေးတို့သည် တစ်ခုနှင့်တစ်ခုစပ်ကြား ပို၍နီးကပ်လာပြီး၊ တစ်ခုမှတစ်ခု ယခင်ထက်ပို၍ကြောက်စရာကောင်းလာသည်။ သို့ရာတွင် မာနကြီးသောဘုရင်သည် အလွန်ပင် စိတ်ဆိုးဒေါသထွက်သည်။ မိမိ ကိုယ်ကိုစိတ်သဘောနှိမ့်ချဖို့ ငြင်းဆိုခဲ့သည်။ ဣသရေလလူတို့က ထို ကြောက်စရာကောင်းသောည၌ လိုအပ်သည့် ပြင်ဆင်စရာရှိသည်တို့ကို မြင်သောအခါတွင် ဣသရေလတို့၏ တံခါးထုပ်၏ထိပ်နဖူးစည်းတွင် သွေးများပက်ဖျန်းသည်ကို လှောင်ပြောင်ကြသည်။

           ဣသရေလလူတို့သည် သူတို့အား ဘုရားသခင်ပေးသော ညွှန် ကြားချက်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။ သေမင်းတမန်ကောင်းကင် သားတို့သည် အဲဂုတ္တုပြည်သားတို့၏ တစ်အိမ်ပြီးတစ်အိမ်ဖြတ်သွားသည့် အချိန်တွင် သူတို့မှာလည်းခရီးထွက်ဖို့ အဆင်သင့်ရှိကြပါပြီ။ သူတို့သည် ဆန့်ကျင်မှုပြုသော ဘုရင်ကြီးနှင့် သူ၏အရာရှိလူကြီးများက သူတို့အား ထွက်သွားဖို့အမိန့်ပေးချက်ကို စောင့်ဆိုင်းလျက်ရှိသည်။

          “သန်းခေါင်အချိန်၌၊ ထာဝရဘုရားသည် နန်းထိုင်သော ဖာရော ဘုရင်၏သားဦးမှစ၍ ထောင်ထဲမှာ ချုပ်ထားခြင်းခံရသောသူ၏ သားဦး တိုင်အောင် အဲဂုတ္တုပြည်၌သားဦးရှိသမျှတို့ကိုလည်းကောင်း၊ တိရစ္ဆာန်တို့ ၏သားဦးရှိသမျှတို့ကိုပါ ဒဏ်ခတ်တော်မူ၏။ ထိုညတွင် ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ အဲဂုတ္တုလူများတို့သည်ထကြ၍၊ အသေကောင်ကင်းသော အိမ်တစ်အိမ်မျှမရှိသောကြောင့် အဲဂုတ္တုပြည်၌ ကြီးစွာသော ငိုကြွေးခြင်း ဖြစ်လေ၏။”

          “ထိုညချင်းတွင် မောရှေနှင့်အာရုန်ကိုခေါ်ပြီးလျှင်၊ သင်တို့မှစ၍ ဣသရေလအမျိုးတို့၊ ထ၍ငါ့လူစုထဲက ထွက်သွားကြလော့။ သင်တို့ တောင်းသည်အတိုင်း ထာဝရဘုရားအားသွား၍ဝတ်ပြုကြလော့။ သင်တို့ တောင်းသည့်အတိုင်း သိုး၊ နွားများကိုယူ၍သွားကြလော့။ ငါ့ကိုလည်း ကောင်းချီးပေးကြလော့ဟု မိန့်တော်မူ၏။”

          “အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြ ပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန် လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။ ထိုလူတို့သည် တဆေးမရောသေး သော မုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွ ထုပ်၍ထမ်းကြ၏။ မောရှေစီရင်သည်အတိုင်း ဣသရေလအမျိုးတို့သည် ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာများကို အဲဂုတ္တုလူတို့၌ တောင်း ကြ၏။ တောင်းသည်အတိုင်းလည်း ပေးချင်သော စေတနာစိတ်ကို အဲ ဂုတ္တုလူတို့အားထာဝရ ဘုရားပေးတော်မူသဖြင့် အဲဂုတ္တုလူတို့၏ဥစ္စာများ ကိုလုယူကြ၏။

          ဤအရာများကို ထာဝရဘုရားက အာဗြဟံအား ပြည့်စုံခြင်း မ ရောက်မီ နှစ်ပေါင်းလေးရာကြို၍ဖော်ပြခဲ့သည်၊ “ထာဝရဘုရားကလည်း၊ သင်၏ အမျိုးအနွယ်သည် သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြ သဖြင့် သူတစ်ပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို နှစ်လေးရာ ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။ သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ သူတို့သည် များစွာသောဥစ္စာ နှင့်ထွက်ကြလိမ့်မည်။” ကမ္ဘာဦး ၁၅:၁၃၊၁၄။

          “အမျိုးမျိုးသောလူအများတို့သည်လည်း သိုး၊ နွား အစရှိသော များစွာသော တိရစ္ဆာန်တို့နှင့်တကွ လိုက်ပါသွားကြ၏။” ဣသရေလသား သမီးတို့သည် သူတို့၏ပိုင်ဆိုင်သော ပစ္စည်းများနှင့်အတူ ထွက်သွားကြ သည်။ ယူဆောင်သွားသော ပစ္စည်းတို့မှာ ဖာရောဘုရင်နှင့်မပတ်သက် သောအရာတို့ ဖြစ်ပါသည်။ ယာကုပ်နှင့်သူ၏သားများသည် တိရစ္ဆာန်အုပ် များနှင့်နွားတို့ကို အဲဂုတ္တုပြည်ထဲသို့ ယူဆောင်သွားကြသည်။ ဣသရေလ လူတို့သည် များစွာတိုးပွားလာခဲ့ပြီး သူတို့၏တိရစ္ဆာန်တို့မှာလည်း များစွာ တိုးပွားလာခဲ့သည်။ ထာဝရဘုရားသည် အဲဂုတ္တုပြည်သားတို့အား စီရင် ချက်ချ၍ ကပ်ဘေးများကို သူတို့အပေါ်၌ကျရောက်စေသည်။ သူတို့အား ပိုင်ဆိုင်သမျှသော ပစ္စည်းဥစ္စာတို့နှင့်အတူ အဲဂုတ္တုပြည်မှ လျင်မြန်စွာ ထွက်ခွာစေသည်။

          လမ်းပြမီးတိုင် – “တစ်ဖန်သူတို့သည် သုကုတ်အရပ်မှထွက်သွား ၍ တောအနား၊ ဧသံမြို့၌စခန်းချ၏။ သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌လမ်းပြဖို့ မိုးတိမ်တိုင်အားဖြင့်လည်းကောင်း၊ ညဉ့်၌ အလင်းပေးဖို့မီးတိုင်အားဖြင့်လည်းကောင်း သူတို့ရှေ့ကကြွတော် မူ၏။ နေ့အချိန်၌မိုးတိမ်တိုင်၊ ညဉ့်အချိန်၌မီးတိုင်ကို သူတို့ရှေ့မှရုပ်သိမ်း တော်မမူ။”

          ဟေဗြဲလူများ အဲဂုတ္တုပြည်မှ ရက်အနည်းငယ် ထွက်ခွာသွားပြီး သောအချိန်တွင် အဲဂုတ္တုပြည်သားတို့သည် ဖာရောဘုရင်အား ဟေဗြဲ လူမျိုးတို့သည် ထွက်ပြေးသွားပြီဖြစ်၍ ဘယ်သောအခါမျှပြန်လာ၍ သူ့ကို အလုပ်အကျွေးပြုခြင်းမရှိတော့ကြောင်း ပြောပြသည်။ ထိုသူတို့အား အဲဂုတ္တုပြည်မှထွက်ခွာခွင့်ပြုသည်အတွက် ဝမ်းနည်းမိပါကြောင်း ပြော သည်။ ဣသရေလလူမျိုးတို့၏ အလုပ်အကျွေးမရရှိတော့သည့်အတွက် များစွာဆုံးရှုံးရကြောင်းနောင်တရ၍ ထိုသူတို့ကို ထွက်ခွာခွင့်ပြုခဲ့မိသည့် အတွက် ဝမ်းနည်းကြသည်။ ထာဝရဘုရား၏ ဒဏ်ခတ်မှုစီရင်ချက်တွင် အလွန်ပင်ခံရသော်လည်း သူတို့၏ပုန်ကန်လိုမှုကြောင့် သူတို့၏နှလုံး သားတို့သည် ခက်ထန်မာကျောသည့်အတွက် ဣသရေလ လူများ၏ နောက်သို့လိုက်ပြီး အဲဂုတ္တပြည်သို့အတင်းအဓမ္မပြန်လည်ခေါ်ဆောင်ဖို့ ဆုံးဖြတ်ကြသည်။ ရှင်ဘုရင်သည်  စစ်သည်တော်များစွာနှင့် စစ်မြင်းရ ထား ခြောက်ရာတို့ဖြင့်လိုက်၍ ဣသရေလတို့ ပင်လယ်ကမ်းခြေ၌ စခန်း ချစဉ်မီ လိုက်သည်။

          “ဖာရောဘုရင်သည် ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသား တို့သည် မျှော်ကြည့်၍ အဲဂုတ္တုလူတို့စစ်ချီလာကြောင်းကို မြင်လျှင်၊ အလွန်ကြောက်လန့်၍ ထာဝရဘုရားအားအော်ဟစ်ကြ၏။ မောရှေကို လည်း အဲဂုတ္တုပြည်၌ သင်္ချိုင်းမရှိသောကြောင့် ဤတော၌သေစေခြင်းငှာ ငါတို့ကိုဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ပြု၍ အဲဂုတ္တုပြည်မှ အဘယ် ကြောင့်ဆောင်ခဲ့သနည်း။ ငါတို့သည် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံနေ လျက်ရှိကြပါစေဟု အဲဂုတ္တုပြည်၌ငါတို့ ပြောရာတွင် ဤအမှုကို ရည် ဆောင်၍ပြောသည်မဟုတ်လော။” ငါတို့သည် ဤတော၌ သေရသည် ထက် အဲဂုတ္တုလူတို့ထံ၌အစေခံလျှင် သာ၍ကောင်းသည်ဟုဆိုကြ၏။”

          “မောရှေကလည်း မစိုးရိမ်ကြနှင့်၊ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရ ဘုရားသည်- ယနေ့ပြတော်မူသောကယ်တင်ခြင်းကို ကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို နောက်တစ်ဖန် အလျှင်း မမြင်ရကြ။ သင်တို့ဘက်၌ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အားဆို၏။”

          ပင်လယ်နီ၌လွတ်မြောက်စေခြင်း - “ထာဝရဘုရားကလည်း၊  အဘယ်ကြောင့်ငါ့ကိုအော်ဟစ်သနည်း။ ဣသရေလအမျိုးတို့သည် တက် သွားစေခြင်းငှာမှာလိုက်လော့။ သင်မူကား၊ လှံတံကိုချီပြီးလျှင် ပင်လယ် ပေါ်မှာ လက်ကိုဆန့်၍ ပင်လယ်ရေကိုခွဲလော့။ ဣသရေလအမျိုးတို့သည် ပင်လယ် အလယ်၌မြေပေါ်မှာလျှောက်သွားရကြမည်။” ထာဝရဘုရားက မောရှေအား သိစေချင်သည်မှာ သူ၏လူမျိုးအတွက်လုပ်ဆောင်ပေးမည်။ သူတို့၏လိုအပ်ချက်တို့သည် သူ၏တန်ခိုးတော်ပြသဖို့ အခွင့်အရေးဖြစ် လိမ့်မည်။ ထိုသူတို့သွားနိုင်သလောက်သွားပြီးလျှင် သူတို့အား ဆက်၍ သွားဖို့ မောရှေက ပြောရမည်။ သူသည် ထာဝရဘုရားပေးထားသော လှံတံကိုအသုံးပြုရမည်။

          “ငါသည်လည်း အဲဂုတ္တုလူတို့၏ နှလုံးကို ခိုင်မာစေသဖြင့်၊ သူတို့ သည်လိုက်ကြလိမ့်မည်။ ဖာရောဘုရင်နှင့်သူ၏ ဗိုလ်ခြေ၊ ရထား၊ မြင်းစီး သူရဲများအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်။ ထိုသို့ဖာရောဘုရင်နှင့်သူ၏ရထား များ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တုလူသည်သိရကြလိမ့်မည်။”

          “ထိုအခါဣသရေလတပ်ရှေ့မှာ သွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌လိုက်သဖြင့်၊ မိုးတိမ်တိုင်သည် သူတို့ ရှေ့ကရွေ့၍ နောက်၌ရပ်နေလေ၏။ ထိုသို့အဲဂုတ္တုတပ်နှင့်ဣသရေတပ် စပ်ကြားသို့ရောက်လျှင် အဲဂုတ္တုလူတို့၌ မိုက်သောမိုးတိမ်ဖြစ်၍ ဣသရေ လတပ်တို့အား အလင်းကိုပေးလျက်နေသဖြင့် တစ်ညဉ့်လုံးတစ်တပ်နှင့် တစ်တပ်မချဉ်းနိုင်ရာ။”

          အဲဂုတ္တုသားတို့သည် ဟေဗြဲလူတို့ကို မမြင်နိုင်ပါ၊ အကြောင်းမှာ သူတို့၏ ရှေ့တွင် ထူထဲသော အမှောင်ထုကြီး ကာဆီးလျက်ရှိသည်။ ဣသရေလ တစ်ဖက်မှာမူ မိုးတိမ်သည် အလင်းကိုပေးလျက်နေသည်။ ဤနည်းအားဖြင့် ထာဝရဘုရားသည် သူ၏လူတို့ကိုစမ်းသပ်မှုပြုခဲ့သည်။ သူပြသခဲ့သော ချစ်ခြင်းမေတ္တာနှင့် စောင့်ရှောက်ကြောင်း သက်သေ အထောက်အထားများပြသခဲ့ပြီးသည်နောက် သူတို့သည် ဘုရားသခင် အား ယုံကြည်စိတ်ချမှုရှိမရှိနှင့် သူတို့၏ မယုံကြည်မှုနှင့်ညည်းတွားခြင်း များပြုသွားမည်ဆိုလျှင် သူတို့ကို ဆူပူကြိမ်းမောင်းသွားရမည်သာ ဖြစ် သည်။ “မောရှေသည် ပင်လယ်ပေါ်မှာလက်ကိုဆန့်၍၊ ထာဝရဘုရား သည် တစ်ညဉ့်လုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍ မြေကိုပေါ်စေတော်မူသည်နှင့် ရေသည်ကွဲပြတ်လျက်ရှိသည်။ သို့ဖြစ်၍ ဣသရေလလူတို့သည် ပင်လယ်အလယ်၌မြေပေါ်မှာ လျှောက် သွားကြ၍၊ ရေသည်သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။” ရေတို့သည် တစ်ဖက်တစ်ချက်၌ ခဲသောကျောက်ထရံ ကဲ့သို့ပင်ရှိ၍ ဣသရေလလူတို့သည် ပင်လယ်၏အလယ်၌ ခြောက်သော မြေပေါ်မှာလမ်းလျှောက်ကြသည်။

          အဲဂုတ္တုစစ်သည်တော်များသည် ထိုည၌ဣသရေလလူများ တစ် ဖန်သူတို့၏လက်ထဲသို့ ပြန်ရောက်လာမည်အထင်နှင့် ပွဲခံပျော်မြူးလျက် ရှိကြသည်။ သူတို့ထင်သည်မှာ ဣသရေလလူများအတွက် မည်သို့မျှ လွတ်မြောက်ရာလမ်းမရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် ဣသရေလ တို့ရှေ့၌ ပင်လယ်နီကြီး ဆန့်တန်း၍ များပြားသော အဲဂုတ္တုစစ်တပ်က နောက်မှလိုက်၍နီးကပ်စွာ ချဉ်းကပ်လျက်ရှိသောကြောင့် ဖြစ်သည်။ နံနက်ပိုင်းပင်လယ်နားသို့ ရောက်သောအချိန်တွင်၊ ပင်လယ်၌လမ်းပေါ် လာ၍ ရေတို့သည် တစ်ဖက်တစ်ချက်၌ကျောက်ထရံကဲ့သို့ ကွဲပြတ်လျက် ရှိသည်ကို မြင်ရ၏။ ဣသရေလလူတို့မှာ ခြောက်သောမြေပေါ်၌ လမ်း လျှောက်ပြီးခရီးတစ်ဝက်တာမျှရောက်လျက်ရှိသည်ကို သူတို့မြင်ရသည်။ အဲဂုတ္တုစစ်သားတို့က ခေတ္တစောင့်ဆိုင်းကြပြီး၊ ဘာဆက်လုပ်ရမည်ကို စဉ်းစားကြသည်။ သူတို့မှာစိတ်ပျက်ပြီး ဒေါသဖြစ်နေကြသည်။ ဟေဗြဲ အမျိုးတို့သည် သူတို့လက်ထဲသို့ ကျရောက်မည်ဆဲဆဲ မထင်မှတ်သော လမ်းသည် ပင်လယ်၌ပေါ်ထွက်လာသည်။ သို့ဖြစ်၍ ဣသရေလအမျိုးတို့ နောက်သို့လိုက်ရန် ဆုံးဖြတ်ချက်ချလေတော့သည်။

          “အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲ အပေါင်းတို့သည် ပင်လယ်အလယ်သို့လိုက်ဝင်ကြ၏။ နံနက်ယံ၌ ထာဝရ ဘုရားသည် မီးမိုးတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကိုကြည့်ရှု၍ နှောင့်ယှက် တော်မူ၏။ သူတို့ရထားအသွားခက်စေခြင်းငှာ ရထားဘီးများကိုချို့ယွင်း စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည်သူတို့ဘက်၊ အဲဂုတ္တုလူတို့တစ်ဖက်၌စစ်တိုက်သည်ဟု ပြောဆိုကြ၏။”

          အဲဂုတ္တုလူတို့သည် ဘုရားသခင်က သူ့လူတို့အတွက် ခင်းကျင်း သော လမ်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင်၏ ကောင်းကင်တမန်များသည် သူတို့ကြားထဲသို့ဝင်၍ သူတို့၏ ရထားများ ဘီးကိုဖြုတ်ယူသွားလိုက်သည်။ သူတို့သည် ကပ်ဆိုးနှင့် ခံရကြသည်။ သူတို့သွားသောနှုန်းသည် နှေးကွေးလှသဖြင့် သူတို့တစ်တွေ စတင်ပြီး စိုးရိမ်မှုရှိလာတော့သည်။ သူတို့ ပြန်လည်သတိရသည်မှာ ဣသရေလ လူတို့ကို ထွက်ခွာခွင့်ပြုရန်အတွက် ဘုရားသခင်မှ စီရင်ချက်ချခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင်သည် သူတို့ကို ဣသရေလူတို့၏လက်ထဲသို့ အပ်နှံ ခြင်းခံရမည်ကို စိုးရိမ်လာကြပါသည်။ သူတို့၏ အသိဆုံးဖြတ်ချက်မှာ ထာဝရဘုရားသည် ဣသရေလူတို့အတွက် စစ်တိုက်ပေးနေသည်။ သူတို့ တစ်တွေအလွန်ကြောက်ရွံ့ကြပြီး လှည့်၍ထွက်ပြေးကြဖို့ ပြုလုပ်နေစဉ် ထာဝရဘုရားသည် မောရှေအားအမိန့်ပေးလိုက်သည်မှာ “ပင်လယ်ပေါ် မှာသင့်လက်ကိုဆန့်လော့ဟု မိန့်တော်မူသည့်အတိုင်း မောရှေသည် မိုးလင်းသောအခါမှာ လက်ကိုဆန့်၍ ရေသည်ပြန်လည်၍နဂိုမူလအတိုင်း ပင်လယ်ရေဖြစ်သွားသည်။ သို့ဖြစ်၍ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ပင်လယ်ရေထဲ၌ ချေမှုန်းသွားခဲ့သည်။ ပင်လယ်ရေသည် မူလအတိုင်း ပြန်၍ ဖြစ်သွားသည့်အတွက် ပြေးနေသော အဲဂုတ္တုလူတို့ကို ဝါးမျိုလိုက် သည်။ ဖာရောဘုရင်၏ စစ်တပ်တစ်ခုလုံး၊ မြင်းရထား၊ မြင်းစီးသူရဲများ ပင်လယ်ထဲသို့ဝင်ရောက်ကြသော အဲဂုတ္တုလူအားလုံးတို့မှာ ပင်လယ်၌ ရေနစ်ကုန်ကြတော့သည်။ တစ်ဦးတစ်ယောက်မျှ လွတ်ကင်းသွားသူ မရှိပါ။ သို့ရာတွင် ဣသရေလလူတို့အတွက်မှာမူ ပင်လယ်ထဲ၌ ခြောက် သွေ့သောမြေပေါ်တွင် လျှောက်သွားခဲ့ရသည်။ ပင်လယ်ရေတို့သည် သူ တို့၏တစ်ဖက်တစ်ချက်၌ လက်ယာဘက်နှင့်လက်ဝဲဘက်မှာ ကျောက် ထရံကဲ့သို့ဖြစ်ခဲ့သည်။

          “ထိုသို့ထာဝရဘုရားသည် ထိုနေ့၌ ဣသရေလလူတို့ကို အဲဂုတ္တု လူတို့လက်မှကယ်လွှတ်တော်မူသဖြင့် ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူ အသေကောင်တို့ကိုမြင်ရကြ၏။ ထိုသို့အဲဂုတ္တုလူတို့၌ ထာဝရဘုရားပြု တော်မူသော အမှုကြီးကို ဣသရေလလူတို့သည်မြင်၍ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့်ကိုယ်တော်၏ ကျွန်မောရှေကို ယုံ ကြည်ကြ၏။”

          ဟေဗြဲလူတို့သည် ဘုရားသခင်၏ အံ့ဖွယ်သောအလုပ်ဖြစ်သည့် အဲဂုတ္တုလူတို့အား ချေဖျက်ခဲ့သည်ကို မြင်လျက်၊ သူတို့တစ်တွေစုစည်း ပေါင်းဖော်ခြင်းရှိ၍ ခမ်းနားထည်ဝါသော သီချင်းနှင့်ကျေးဇူးတင်သော ချီးမွမ်းခြင်းများကိုပြုခဲ့ကြသည်။





အခန်းကြီး - ၆

အခန်း (၆)

ကိုဓဥပဒေ (ပညတ်တော်ဆယ်ပါး)

 

          ဘုရားသခင်၏ပညတ်တော်သိနာတောင်ပေါ်၌ကြေညာခြင်း - ထာဝရဘုရားသည် ဣသရေလလူတို့ကို သူ၏တန်ခိုးတော် အထောက် အထား များပြသခဲ့ပြီးသည်နောက် သူတို့အားဤသို့ဆို၏၊ “ငါသည် သင့်ကိုကျွန်ခံနေရာ အဲဂုတ္တုပြည်မှကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။” အဲဂုတ္တုပြည်သားကြားမှာ သူ၏ တန်ခိုးတော်ကိုပြသခဲ့သော ထိုဘုရားသည် သူ၏ပညတ်တော်ကို မိန့်ဆို တော့သည်။

          “ငါမှတစ်ပါးအခြားသောဘုရားကိုမကိုးကွယ်နှင့်။           “အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီး ပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာ နှင့်ပုံသဏ္ဌာန်တူအောင် ရုပ်တုဆင်းတုကိုကိုယ့်အဖို့မလုပ်နှင့်။ ဦးမချဝတ် မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင့်ကိုမြတ်နိုးခုံမင်၊ ချစ်သနားအားကြီးသောကြောင့် သူတစ်ပါးလက် ဝယ်သို့သင်ရောက်မည်ကိုမနှစ်လို၊ နှမြောတသ၊ သဝန်တိုသောဘုရားဖြစ် သည်။ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင် သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏အမျိုးအစဉ် အဆက်အထောင်အသောင်းတိုင်အောင် ကရုဏာကိုပြသော ဘုရားဖြစ် ၏။

          “သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို မုသားနှင့်ဆိုင် ၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကိုမုသားနှင့်ဆိုင်၍ မြွက် ဆိုသော သူကို အပြစ်မရှိဟုထာဝရဘုရားမှတ်တော်မမူ။

          “ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ထိုနေ့ ၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား/မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ အ ကြောင်းမူကား ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ငြိမ် ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။

          “သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌သင်၏ အသက်တာရှည်မည်အကြောင်း သင်၏မိဘကိုရိုသေစွာပြုလော့။           “လူအသက်ကိုမသတ်နှင့်။

          “သူ့မယားကိုမပြစ်မှားနှင့်။

          “သူ့ဥစ္စာကိုမခိုးနှင့်။

          “ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကိုမခံ နှင့်။

          “ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သော စိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သော သူ၏မယား၊ သူ၏ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။

          ပထမနှင့်ဒုတိယပညတ်တရားသည် ယေဟောဝါဘုရားမှ ရုပ်တု နှင့်ပတ်သက်၍ ဆန့်ကျင်ပြောဆိုခြင်းဖြစ်သည်။ အကြောင်းမှာ ရုပ်တု ကိုးကွယ်ခြင်းသည် လူတွေအား ရှည်လျားသော အပြစ်ပြုလုပ်ခြင်းနှင့် ပုန်ကန်မှုပြုစေ၍ လူကိုပါ ယဇ်ပူဇော်ခြင်းသို့ ဆွဲဆောင်မှုပြုလိမ့်မည်။ ထာဝရဘုရားသည် ဤစက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်မျိုးသို့ မရောက်ရှိအောင် ကာကွယ်ပေးလိုခြင်း ဖြစ်သည်။ ပထမပညတ်တော် လေးပါးမှာ ဘုရားသခင်အပေါ်၌ ထားရှိရမည့်တာဝန်ကို ဖော်ပြခြင်းဖြစ် သည်။ စတုတ္ထပညတ်တော်မှာ ကြီးမြတ်သော ဘုရားနှင့်လူသားတို့အား ကွင်းဆက်မှုတစ်ရပ်ဖြစ်သည်။ ဥပုသ်နေ့ကိုပေးခြင်းသည် လူသားများ အကျိုးအတွက်နှင့် ထာဝရဘုရား၏ဂုဏ်သိက္ခာကို ဖော်ပြခြင်းဖြစ်သည်။ နောက်ဆုံးပညတ်တော်ခြောက်ပါးသည် မိမိတို့တစ်ဦးနှင့်တစ်ဦး အပြန် အလှန်တာဝန်ထားရှိခြင်းကို ဖော်ပြခြင်းဖြစ်သည်။

          ဥပုသ်တော်နေ့သည် ထာဝရဘုရားနှင့်လူသားတို့အတွက် ထာဝရ နိမိတ်လက္ခဏာတစ်ရပ်ဖြစ်စေသည်။ ဤအရာမှာ ထာဝရဘုရားသည် ဥပုသ်တော်နေ့ကိုစောင့်ရှောက်စေခြင်းအားဖြင့် အသက်ရှင်သောဘုရား၊ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသောသူအား အသိအမှတ်ပြုဝတ်ပြု ကိုးကွယ်ခြင်းဖြစ်သည်။ ဤမြေကြီးအပေါ်၌ သူ့ကို ဝတ်ပြုကိုးကွယ်ပြီး အလုပ်အကျွေးပြုသောသူတို့ကို လိုလားသည်။

          “လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်စီးပြက်ခြင်း၊ တံပိုးသံ မြည်ခြင်း၊ တောင်ထဲက မီးခိုးထွက်ခြင်းအကြောင်းအရာတို့ကို မြင်သော အခါ ကြောက်သောကြောင့် ရွှေ့၍အဝေး၌ ရပ်နေကြ၏။ မောရှေကို လည်း အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ။ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။

          “မောရှေကလည်း၊ မစိုးရိမ်ကြနှင့်၊ သင်တို့ကိုစုံစမ်းခြင်းငှာလည်း ကောင်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့်လွတ်မည်အကြောင်း ကိုယ်တော် ကို ကြောက်စေခြင်းငှာလည်းကောင်း ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။” လူများတို့သည်လည်း အဝေး၌ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သော မှောင်မိုက်သို့ ချဉ်း ကပ်လေ၏။

          “ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးတို့အား ပြန်ပြောရ သောစကားဟူမူကား၊ ငါသည်ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက် ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။” သိနာတောင်ပေါ်မှာ ထာဝရဘု ရား၏ထည်ဝါစွာ ရောက်ရှိလာခြင်း၊ သူရောက်လာ၍မြေကြီးတုန်လှုပ်ခဲ့ ရခြင်း၊ ဘုရား၏အလည် ရောက်လာခြင်း၌ လျှပ်သည့်လျှပ်စီးနှင့်မိုးခြိမ်း သံတို့သည် လူတွေအတွက်အထင်ကြီးစရာဖြစ်၍ သူတို့သည် ဘုရား သခင်၏ ကြောက်ဖွယ်ကောင်းသောဘုန်း အသရေတို့ကြောင့် သူတို့သည် အလိုအလျောက်နောက်သို့ ဆုတ်သွားကြသည်။ အကြောင်းမှာ ထာဝရ ဘုရား၏ဘုန်းအာနုဘော်တို့ကို သူတို့ခံနိုင်လိမ့်မည်ဟုမထင်ပါ။

          ရုပ်တုကိုးကွယ်ခြင်း၏အန္တရာယ် - တစ်ဖန်ထာဝရဘုရားသည် ဣသရေလလူတို့အား ရုပ်တုကိုးကွယ်ခြင်းမှ ကာကွယ်လိုပါသည်။ သူတို့ အားမြွက်ဆိုလိုက်သည်မှာ၊ “ငါ့ကို ကိုးကွယ်သောအမှု၌ ကိုယ်သုံးဖို့ငွေ ဘုရား၊ ရွှေဘုရားကိုမလုပ်ရ။” သူတို့သည် အဲဂုတ္တုပြည်သားတို့ကို အတု ယူ၍ မိမိတို့အတွက် ဘုရားသခင်ကို ပုံဆောင်ဖို့ ရုပ်တုပြုလုပ်ခြင်း အန္တရာယ်ရှိနေသည်။

          ထာဝရဘုရားသည် သူ၏လူတို့အား သူသာလျှင်သူတို့၏ ကိုး ကွယ်ရာဖြစ်သည်ဟု နားလည်စေချင်သည်။ သူတို့၏အနားပတ်လည်ရှိ မယုံကြည်သူနိုင်ငံများကို အောင်နိုင်မှုပြုလုပ်လိုလျှင်၊ ရုပ်တုများတစ်ခုမျှ မထိန်းသိမ်းရပါ အားလုံးတို့ကို ပပျောက်စေရမည်။ မယုံကြည်သူများ ဝတ်ပြုကိုးကွယ်သောအရာသည် တန်ဖိုးကြီးပြီး ပန်းပုလက်ရာများသည် လှပသည်ဖြစ်၍ အဲဂုတ္တုပြည်၌ ရုပ်တုကိုးကွယ်မှု မြင်ခဲ့ကြသောသူတို့ သည် ထိုခံစားမှုမရှိသောအရာဝတ္ထုတို့အား အတိုင်းအတာတစ်ရပ်လေး စားသမှုပြုကြမည်ကို စိုးရိမ်ရသည်။ ထာဝရဘုရားသည် သူ၏လူမျိုးများ အား သိစေလိုသည်မှာ ဤရုပ်တုကိုးကွယ်ကြသော နိုင်ငံများသည် ဆိုး သွမ်းသောလုပ်ရပ်အမျိုးမျိုးကိုကျူးလွန်ခဲ့ကြသည်။ သူသည်ဣသရေလ လူတို့အား လက်နက်သဖွယ်အသုံးပြု၍ သူတို့၏ဘုရားများကို ပပျောက် ကင်းစင်သွားစေမည်။ ပညတ်တော်တရားနှင့်နာခံခြင်းအပေါ်၌ မူတည် သော ကတိတော်များကို ရရှိပြီးသည့် အချိန်တွင်၊ ထာဝရဘုရားက သူ့ကို ခေါ်၍၊ “သင်သည် အာရုန်၊ နာဒပ်၊ အဘိဟုအစ ရှိသော ဣသရေလ အမျိုးအသက်ကြီးသူခုနစ်ကျိပ်နှင့်တကွ ထာဝရဘုရားထံတော်သို့ တက် ၍ သူတို့ကိုအဝေးမှကိုးကွယ်ကြစေ။ သင်တစ်ယောက်တည်းသာ ထာဝရ ဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားမည်သူတစ်ဦး တစ်ယောက်မျှ မချဉ်းကပ်ရ။ လူအများတို့သည် သင်နှင့်အတူမတက်ရကြဟု မောရှေ အားမိန့်တော်မူ၏။

          “မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍ ထာဝရဘုရား၏ စကားတော်အလုံးစုံကိုလည်းကောင်း၊ စီရင်တော်မူချက်အလုံးစုံကိုလည်း ကောင်း ပြန်ကြား၍ လူများအပေါင်းကလည်း ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်ဟု တစ်သံတည်း ပြန်ပြောကြ၏” (ထွက်မြောက် ၂၄း၃)။

          မောရှေရေးသောစာသည် ပညတ်တော်ဆယ်ပါးမဟုတ်ပါ၊ သူတို့ လိုက်နာဖို့ ထာဝရဘုရား၏စီရင်ချက်နှင့်နာခံမှုအပေါ်၌သာ မူတည်သော ကတိတော်များဖြစ်သည်။ ဤအကြောင်းအရာကို မောရှေက လူမျိုးတို့ အားဖတ်ပြပြီး၊ သူတို့ကဘုရားသခင်ပြောသမျှအရာအားလုံးတို့ကို နာခံဖို့ ကတိပြုကြသည်။ ထိုကတိကဝတ်ကိုမောရှက စာအုပ်ထဲတွင်ရေးမှတ်ပြီး သူတို့အမျိုးအတွက် ဘုရားသခင်ထံသို့ ယဇ်ပူဇော်ခြင်းပြုခဲ့သည်။ “ပဋိ ညာဉ်စာကိုလည်းယူ၍၊ ပရိသတ်များရှေ့မှာ ဖတ်ပြီးလျှင် သူတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်။ နားထောင် ပါမည်ဟုပြောဆိုကြ၏။ မောရှေသည်လည်း အသွေးကိုယူ၍ လူများပေါ် မှာဖျန်းလျက် ဤအသွေးကား ဤအမှုအရာတို့တွင် သင်တို့၌ ထာဝရ ဘုရား ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည်ဟုပြောဆို၏” (ထွက်မြောက် ၂၄း၇၊၈)။

          ဘုရားသခင်၏ထာဝရပညတ်တရားတော် - ထာဝရဘုရား၏ ပညတ်တရားတော်သည် လူသားများကိုဖန်ဆင်းခြင်းမပြုမီ အချိန်က တည်းကရှိခဲ့သည်။ ကောင်းကင်တမန်များအား ဤတရားဥပဒေနှင့်အုပ် စိုးမှုပြုခဲ့သည်။ စာတန်မာရ်နတ်၏ ကျရှုံးခြင်းသည် ဘုရားသခင်၏ အုပ်ချုပ်မှုသဘောတရားကို ချိုးဖောက်ကျူးလွန်ခဲ့ခြင်းကြောင့် ဖြစ်ခဲ့ သည်။ ထာဝရဘုရားက အာဒံနှင့် ဧဝတို့အားဖန်ဆင်းပြီးသည်နောက် သူတို့အား ဤပညတ်တရားကို အသိပေးခဲ့သည်။ စာအားဖြင့်ရေးသား ထားခြင်းမရှိသေးသော်လည်း ယေဟောဝါဘုရားသည် သူတို့အား နှုတ် အားဖြင့်သွန်သင်မှုပြုခဲ့သည်။

          ဧဒင်ဥယျာဉ်၌ စတုတ္ထပညတ်တော်ကို တည်ထောင်ထည့်သွင်း ပေးခဲ့သည်။ ထာဝရဘုရားသည် ကမ္ဘာနှင့်လူသားတို့ကို ဖန်ဆင်းခဲ့ပြီး သည်နောက် သူတို့အတွက်ဥပုသ်တော်နေ့ကို ပြုလုပ်ပေးခဲ့သည်။ အာဒံ ကျရှုံးပြီးသည်နောက် ထာဝရဘုရား၏ ပညတ်၏တရားတွင် မည်သည့် အရာတစ်စုံတစ်ခုမျှ ထိုပညတ်တရား၌နုတ်ပယ်သွားခြင်းမရှိခဲ့ပါ။ ပညတ် တော်ဆယ်ပါး၏သဘောတရားမှာ ကျရှုံးခြင်းမတိုင်မီကတည်းကပင်ရှိပြီး သတ္တဝါအားလုံးတို့၏ သန့်ရှင်းမွန်မြတ်မှုအတွက် သင့်လျော်ပါသည်။ ကောင်းကင်နှင့်မြေကြီးအပေါ်၌ ကျရှုံးခြင်းဖြစ်ပေါ်ခဲ့သော်လည်း ထို ပညတ်တရား၏သဘောတရားမှာလည်း ပြောင်းလဲခြင်းမရှိခဲ့ပါ။ သို့ရာ တွင် လူသားများ၏ကျရှုံးခဲ့သော အခြေအနေ၌ ပညတ်တရားများ ထပ် ဆင့်ပြီးထုတ်ပေးခဲ့ပါသည်။

          လူသားများကျရှုံးခြင်းမရှိခဲ့စဉ်အချိန်က မြွေသည် ဧဝအားမနာခံ ခြင်း၏ အခသည် သေခြင်းဖြစ်ကြောင်း အမှန်တရားကိုလှည့်ဖြားခဲ့သော ကြောင့် လူသားများအတွက် တိရစ္ဆာန်ပူဇော်ရခြင်းစနစ်တစ်ခုကို ထာဝရ ဘုရားတည်ထောင်ပေးခဲ့ရသည်။ ထာဝရဘုရား၏ ပညတ်တရားကို ကျူး လွန်ခဲ့သည့်အတွက် ခရစ်တော်သည် လူသားများအတွက် အသေခံခြင်း ပြုဖို့လိုအပ်လာပါသည်။ သို့မှသာ လူသားတို့အတွက် လမ်းတစ်ခုပွင့်လာ ပြီး၊ အပြစ်သားတို့အား အပြစ်ပေးဒဏ်ခတ်ခြင်း၏ ရလဒ်မှလွတ်မြောက် စေပြီး ထာဝရဘုရား၏ ပညတ်တရား၏ဂုဏ်အသရေ ဘုန်းတော်ကို လည်း ထိန်းသိမ်းနိုင်ခြင်းဖြစ်သည်။ ယဇ်ပူဇော်ခြင်း၏စနစ်သည် အပြစ် သားတို့အား သူတို့၏ကျရှုံးခြင်းအခြေအနေ၌ စိတ်သဘောနှိမ့်ချခြင်းကို သွန်သင်ပေးရန်နှင့် နောင်တရပြီး ထာဝရဘုရားတစ်ဦးတည်းကိုသာ ယုံ ကြည်ဖို့ဖြစ်သည်။ ကတိပြုထားသည့် ရွေးနုတ်သူမှတစ်ဆင့်ပြုခဲ့ပြီးသော အပြစ်ကျူးလွန်မှုအတွက် အပြစ်ဖြေလွှတ်ခြင်းကို ရရှိဖို့ပင်ဖြစ်သည်။ အကယ်၍သာ ထာဝရဘုရား၏ ပညတ်တရားကို လွန်ကျူးခြင်းမရှိပါက၊ သေခြင်းတရား ပေါ်လာဖို့ အကြောင်းမရှိပါ။ လူသားများ၏ကျရှုံးခြင်း အခြေအနေကို ကုစားပေးဖို့ ဥပဒေအပိုထပ်ဆောင်းပေးရန်လည်း လို လိမ့်မည်မဟုတ်ပါ။

          အာဒံသည် သူ၏နောင်လာနောက်သားတို့အား ထာဝရဘုရား၏ ပညတ်တရားကို သွန်သင်မှုပြုသည်။ ဤပညတ်တရားသည် သစ္စာရှိ သော မျိုးဆက်အဆင့်ဆင့်မှ လက်ဆင့်ကမ်းခဲ့ကြသည်။ ဘုရားသခင်၏ ပညတ်တရားကို ဆက်ခါဆက်ခါ ကျူးလွန်ခဲ့သည့်အတွက် ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းဒဏ်ခတ်မှု လိုအပ်လျက်ရှိသည်။ နောဧနှင့်သူ၏ မိသားစု တို့သည် ထာဝရဘုရား၏ ပညတ်တရားကို စောင့်ထိန်းခဲ့သည့်အတွက် သူတို့၏ မှန်ကန်သော ကျင့်ကြံပြုမူချက်တို့ကြောင့် ဘုရားသခင်၏ အံ့ဖွယ်သော လုပ်ဆောင်ချက်ဖြင့် သင်္ဘောကြီးတွင် ကယ်တင်ခြင်းခံရ သည်။ နောဇသည် သူ၏ နောင်လာနောက်သားတို့အား ပညတ်တော် ဆယ်ပါးကို သွန်သင်ပေးခဲ့သည်။ အာဒံမှစ၍ နောင်ကာလတွင် ထာဝရဘု ရားက သူ့အတွက် လူမျိုးစုကို ထိန်းသိမ်းပေးခဲ့သည်။ ထိုလူတို့၏နှလုံး သားထဲတွင် ထာဝရဘုရား၏ ပညတ်တရားသည် ခိုအောင်းလျက်ရှိနေ သည်။ အာဗြဟံအကြောင်းကို သူဤသို့ဆိုခဲ့၏၊ “အာဗြဟံသည် ငါ့စကား ကိုနားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း” (ကမ္ဘာဦး ၂၆း၅)။

          သခင်ဘုရားသည် အာဗြဟံထံသို့ထင်ရှားပေါ်လာ၍ သူ့အားပြော သည်မှာ၊ “ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာသွားလာ ၍ စုံလင်ခြင်းရှိလော့။ ငါ၏ပဋိညာဉ်ကို သင်နှင့်ငါပြုမည်။ သင့်ကို ငါ အလွန်များပြားစေမည်” (ကမ္ဘာဦး ၁၇း၁၊၂)။ “သင်နှင့်သင်၏အမျိုးအနွယ် အစဉ် အဆက်တို့၌၊ ငါ့ပဋိညာဉ်ကိုထာဝရပဋိညာဉ်ဖြစ်စေမည်” (ကမ္ဘာဦး ၁၇း၇)။

          ထာဝရဘုရားသည် အာဗြဟံနှင့်သူ၏ နောင်လာနောက်သားတို့ ထံမှ အရေဖျားလှီးခြင်းကိုခံယူရမည်။ အရေဖျားလှီးခြင်းသည် ယောက်ျား တို့၏ အရေဖျားတစ်နေရာကို အသားဝိုင်းလှီးထုတ်ခြင်း ဖြစ်သည်။ အဓိပ္ပါယ်မှာ ဘုရားသခင်သည် အခြားသောလူမျိုးများမှ ဖြတ်တောက် ခြင်းပြုသောသင်္ကေတအဖြစ် သူ၏သီးခြားသော ရတနာဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ ဤလက္ခဏာအားဖြင့် အခြားသော လူမျိုးများနှင့် လက်ထပ်ထိမ်းမြားခြင်းမပြုရန် လေးလေးနက်နက် ကတိသစ္စာပြုကြ သည်။ အကြောင်းမှာ အခြားသောလူမျိုးတို့နှင့် လက်ထပ်ထိမ်းမြားလျှင် ဘုရားသခင်အပေါ်၌ ကြည်ညိုလေးစားမှုလျော့နည်းပြီး၊ သူ၏သန့်ရှင်း သော ပညတ်တရားကိုလည်း လိုက်နာမှုလျော့ပါးသွားမည် ဖြစ်သည်။ ထိုအချိန်တွင် ဣသရေလလူမျိုးတို့သည် သူတို့ကို ဝန်းရံထားသော ရုပ်တု ကိုးကွယ်သည့်နိုင်ငံများကဲ့သို့ ဖြစ်သွားလိမ့်မည်။

          အရေဖျားလှီးခြင်းပြုသည့်အခါတွင် သူတို့ဘက်၌ အာဗြဟံနှင့်ပြု ခဲ့သော ပဋိညာဉ်၏ အကြောင်းအရာများနှင့် လိုက်ဖက်ညီထွေမှု ရှိလိမ့် မည်။ အခြားသော နိုင်ငံများနှင့်ကွဲပြားခြားနားပြီး၊ ပြီးပြည့်စုံမှုရှိလိမ့်မည်။ အကယ်၍သာ အာဗြဟံ၏ ဆွေစဉ်မျိုးဆက်တို့သည် အခြားနိုင်ငံများနှင့် ကွဲပြားစွာနေထိုင်မှုရှိလျှင် သူတို့သည် ရုပ်တုကိုးကွယ်ခြင်းသို့ ဆွဲဆောင် ခြင်းခံရတော့မည်မဟုတ်ပါ။အခြားနိုင်ငံများနှင့်ကွဲပြားခြင်းရှိလျှင်ထိုနိုင်ငံ များ၏ အပြစ်ဓလေ့ထုံးစံဆွဲဆောင်ခြင်းသို့ ပြုလုပ်လိုစိတ်ဖြားယောင်းမှု ကြီးကို ဖယ်ထုတ်နိုင်ပါလိမ့်မည်။ ထာဝရဘုရားကိုလည်း ပုန်ကန်မှုရှိ တော့မည်မဟုတ်ပါ။ အခြားနိုင်ငံများနှင့်ရောထွေး ကူးလူးဆက်ဆံကြ သောအခါတွင် သူတို့၏ထူးကဲသန့်ရှင်းသော အကျင့်စရိုက် အနည်းနှင့် အများ ပျောက်ကွယ်သွားလိမ့်မည်။ သူတို့အားဒဏ်ခတ်သည့်အနေဖြင့် သူတို့၏မြေပေါ်၌ အစာရေစာခေါင်းပါးမှု ဘုရားသခင်မှကျရောက်စေ၍ အသက်ရှင်နိုင်ဖို့အတွက် သူတို့အဲဂုတ္တုပြည်သို့ ဆင်းသွားရသည်။ သို့ရာ တွင် ဘုရားသခင်သည် အာဗြဟံနှင့်ပြုခဲ့သော ပဋိညာဉ်ကြောင့် သူတို့ အဲဂုတ္တုပြည်၌ရှိစဉ် ထာရဘုရားက သူတို့ကိုမပစ်ပယ်ခဲ့ပါ။ သူတို့အား အဲဂုတ္တုပြည် သားတို့၏ဖိနှိပ်မှုကို ခွင့်ပြုခဲ့သည်။ သို့မှသာ သူတို့စိတ်ညစ် ပြီး ထာဝရဘုရားဘက်သို့ဦးလှည့်ကာ သူ၏ဖြောင့်မတ်ခြင်းနှင့်သနားညှာ တာအုပ်စိုးမှုအောက်သို့ ရွေးချယ်၍ သူ၏လိုအပ်ချက်တို့ကို နာခံမှုရှိလာ လိမ့်မည်။

          ပထမဦးဆုံးအဲဂုတ္တုပြည်သို့ဝင်ရောက်လာသောမိသားစုတို့သည် အနည်းငယ်မျှသာရှိသည်။ဤမိသားစုတို့သည်များစွာတိုးပွားလာခဲ့သည်။ အချို့သော မိသားစုတွင် သားသမီးများကို ထာဝရဘုရား၏ပညတ်တရား တော်ကိုသွန်သင်ဖို့ ဂရုတစိုက်ပြုကြသည်။ သို့ရာတွင် ဣသရေလလူ အများစုမှာမူ ရုပ်တုကိုးကွယ်ခြင်းကိုမြင်နေရသောအခါ ထာဝရဘုရား၏ ပညတ်တရားနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးမှုရှိလာခဲ့သည်။ ဘုရားသခင် ကိုဂုဏ်ပြုသောသူတို့သည် စိတ်ဓာတ်ညစ်ညူးခြင်းဖြင့် ကျွန်ခံခြင်းဘဝမှ လွတ်ကင်းဖို့နှင့် ချုပ်နှောင်ထားခြင်း ခံရသောပြည်မှ လွတ်မြောက်သွား ပြီး၊ ထာဝရဘုရားကိုလွတ်လပ်စွာအစေခံပြီး ကိုးကွယ်ဖို့ ငိုကြွေးတောင်း ပန်လျက်ရှိကြသည်။ ထာဝရဘုရားသည် သူတို့၏ ငိုကြွေးသံကိုကြားရ သောအခါ မောရှေအား ပြုစုပျိုးထောင်၍ သူ၏တန်ဆာပလာအဖြစ် အသုံးပြုပြီး ဣသရေလအမျိုးတို့ကိုလွတ်မြောက်စေဖို့ အသုံးပြုသွားမည် ဖြစ်သည်။ အဲဂုတ္တုပြည်မှ ထွက်ခွာသွားပြီးသည်နောက် ထာဝရဘုရား သည် ပင်လယ်နီကိုနှစ်ခြမ်းခွဲပေးပြီးသည့်အခါ သူတို့ကိုစမ်းသပ်ခြင်းအား ဖြင့် သူတို့အားနိုင်ငံတစ်နိုင်ငံအဖြစ် အခြားသောနိုင်ငံမှ ထုတ်ဆောင်ပေး ခဲ့သော ဘုရားအပေါ်၌ ယုံကြည်ကိုးစားမှုရှိမရှိ လက္ခဏာအားဖြင့်သော် လည်းကောင်း၊ စမ်းသပ်မှုအားဖြင့်သော်လည်းကောင်း အံ့ဖွယ်ရာများ အားဖြင့်ပြသခဲ့သည်။ သို့ရာတွင် စမ်းသပ်မှုတွင် ခံနိုင်ရည်မရှိခဲ့ကြပါ။ လမ်းသွားရာ၌ ကြုံတွေ့ရသော အခက်အခဲများစွာကြောင့် ဘုရားသခင် အပေါ် ညည်းတွားမြည်တမ်းလာခဲ့ကြသည်။ သူတို့သည် တစ်ဖန်အဲဂုတ္တု ပြည်သို့ ပြန်သွားလိုကြသည်။

          ကျောက်ပြားပေါ်၌ရေးမှတ်ခြင်း - သူတို့သည် အကြောင်းပြ ချက်တစ်စုံတစ်ရာ မပေးနိုင်အောင် ထာဝရဘုရား ကိုယ်တော်တိုင်က သိနာတောင်ပေါ်၌ဆင်းသက်ကြွလာပြီး၊ ဘုန်းတန်ခိုးအပြည်နှင့်ခြုံငုံ၍ သူ၏ကောင်းကင်တမန်များ ဝန်းရံထားလျက်ဆင်းကြွရန် သဘောတူခဲ့ သည်။ ခန့်ညားထည်ဝါစွာနှင့်အထင်ကြီးစရာ အပြုအမူအားဖြင့် သူ၏ ပညတ်တော်ဆယ်ပါးအကြောင်းကို သူတို့အားသိစေပါသည်။ သူတို့ကို အခြားသူများမှတစ်ဆင့် သွန်သင်ပေးရန် တာဝန်လွှဲအပ်ခြင်း မပြုခဲ့ပါ။ ကောင်းကင်တမန်များကိုပင်လျှင် တာဝန်လွှဲအပ်ခြင်း မပြုခဲ့ပါ။ သူ၏ ပညတ်တော်တရားကို ရှင်းလင်းပြတ်သားသောအသံဖြင့်ပြော၍ လူတိုင်း ကြားနိုင်အောင် ပြောဆိုသွန်သင်ခဲ့သည်။ မှတ်ဉာဏ်တိမ်ပြီး သူ၏ လို အပ်ချက်များကို ကြားပြီးမေ့လွယ်တတ်သောသူတို့ကိုမယုံကြည်၍ သူ၏ သန့်ရှင်းသောလက်ညှိုးတော်အားဖြင့် ကျောက်ပြားပေါ်၌ ရေးမှတ်ပေးခဲ့ သည်။ သူ၏သန့်ရှင်းသောပညတ်တရားတို့ကို လူသားများ၏ ဓလေ့ထုံးစံ နှင့်ရောနှော ရှုပ်ထွေးအောင်ပြုလုပ်နိုင်သည့်ဖြစ်နိုင်စရာအကြောင်းတို့မှ တားဆီးလိုခြင်းဖြစ်ပါသည်။

          ထိုမှတစ်ဆင့် သူ၏လူမျိုးတို့နှင့် ပို၍နီးစပ်အောင်ရောက်လာ၍ သူတို့လွယ်ကူစွာလမ်းမှားရောက်တတ်သောကြောင့် သူ၏ ပညတ်တော် ဆယ်ပါးတို့နှင့် မချန်ထားလိုသဖြင့်၊ မောရှေအားဘုရားသခင်၏သန့်ရှင်း သောညွှန်ကြားချက်အားဖြင့် စီရင်ချက်များနှင့်ဥပဒေများကို ရေးမှတ်စေ ပါသည်။ ဤနည်းအားဖြင့် ကျောက်ပြားပေါ်၌ သူရေးမှတ်သားခဲ့သော ပညတ်တော်ဆယ်ပါးကို ကာကွယ်ခဲ့ပါသည်။ ဤတိကျသော ညွှန်ကြား ချက်များကို သူ၏ ကိုယ်ကျင့်တရားပညတ်ချက်တို့ကို မှားယွင်းတတ် သောလူသားတို့အား ဖောက်ဖျက်တတ်သော အကျင့်မှ နာခံမှုရှိရန် ပေး ခြင်းဖြစ်ပါသည်။

          အကယ်၍သာ လူသားများသည် အာဒံကျရှုံးပြီးနောက် သူ့ကိုပေး သောထာဝရဘုရား၏ပညတ်တရားကို စောင့်ထိန်းခဲ့မည်ဆိုလျှင် အရေ ဖျားလှီးခြင်းဓလေ့ထုံးစံကို စောင့်ထိန်းဖို့လိုမည် မဟုတ်ပါ။ ထိုပညတ် တရားကို အာဒံအားပေးပြီး သင်္ဘောထဲ ၌နောဧထိန်းသိမ်းထား၍ အာဗြ ဟံမှလေ့ကျင့် စောင့်ထိန်းခဲ့သည်။ အကယ်၍သာ အာဗြဟံ၏ နောင်လာ နောက်သားတို့က အရေဖျားလှီးခြင်း ပုံဆောင်ထားသော ပဋိညာဉ်ကို လိုက်နာခြင်းပြုခဲ့သော်၊ ရုပ်တုကိုးကွယ်ခြင်းကို ပြုလုပ်မည်မဟုတ်ပါ။ အဲဂုတ္တုပြည်သို့ဆင်းသွားရန်လည်းမလိုပါ။ သို့ဖြစ်လျှင် ဣသရေလလူတို့ အား သိနာတောင်မှ ထာဝရဘုရား၏ပညတ်တော်ဆယ်ပါးကို ကျောက် ပြားပေါ်၌ ရေးမှတ်ကြေညာဖို့လိုလိမ့်မည်မဟုတ်ပါ။ ထိုပညတ်တရားကို လည်း ကာကွယ်ဖို့ တိကျသော စီရင်ချက်နှင့် မောရှေ၏ ပြဌာန်းချက်တို့ လည်း လိုမည်မဟုတ်ပါ။

          စီရင်ချက်များနှင့်ဥပဒေပြဌာန်းချက်များ - ထာဝရဘုရား၏ နှုတ် တော်ထွက်စီရင်ချက်များနှင့် ဥပဒေပြဌာန်းချက်တို့ကို မောရှေမှသိနာ တောင်ပေါ်တွင် ရေးမှတ်ခဲ့သည်။ အကယ်၍သာ ထာဝရဘုရား၏လူတို့ သည် ပညတ်တော်ဆယ်ပါး၏သဘောတရားကို နာခံလိုက်နာမှုရှိခဲ့သော်၊ ဤတိကျသောဘုရားသခင်၏ ညွှန်ကြားချက်များကို ပေးရန်လိုမည် မဟုတ်ပါ။ ထိုညွှန်ကြားချက်များကိုကြားသည့်အတိုင်း မောရှေက စာအုပ် တွင်ရေးမှတ်ခဲ့သည်။ ထာဝရဘုရားပေးသည့် တိကျသော ညွှန်ကြားချက် တို့မှာ ပညတ်တော်ဆယ်ပါး၏ သဘောတရားရေးရာဖြစ်၍ လူတို့က ဘုရားအပေါ်၌ တာဝန်ရှိခြင်းနှင့် တစ်ဦးအပေါ်တစ်ဦးတာဝန်ရှိခြင်းတို့ကို လွယ်ကူရှင်းလင်းစွာ တိကျသောစကားဖြင့် ရေးမှတ်ထား၍ မှားနိုင်ရန် အကြောင်းတစ်စုံတစ်ရာရှိနိုင်မည်မဟုတ်ပါ။

          ထာဝရဘုရားသည် မောရှေအား ယဇ်ပူဇော်ခြင်းပွဲတော်နှင့်ပတ် သက်၍ တိကျသော စကားဖြင့်ညွှန်ကြားပြီး၊ ခရစ်တော်အသေခံခြင်း၌ ပြီးဆုံးသွားစေရမည်။ ယဇ်ပူဇော်ခြင်းစနစ်သည် ခရစ်တော်အား အနာ အဆာမရှိသည့် သိုးသငယ်ကဲ့သို့ ယဇ်ပူဇော်ခြင်းကို ပုံဆောင်သော ရှေ့ ပြေးအရိပ်နိမိတ် ဖြစ်သည်။

          အာဒံကျရှုံးပြီးနောက် ယဇ်ပူဇော်ခြင်းစနစ်ကို ထာဝရဘုရားမှ ပထမဦးစွာ တည်ထောင်ခဲ့သည်။ အာဒံကလည်း သူ၏နောင်လာနောက် သားတို့အား သွန်သင်ပေးခဲ့သည်။ ဤယဇ်ပူဇော်ခြင်းစနစ်ကို ကမ္ဘာရေ လွှမ်းမိုးခြင်းမပြုမီနှင့် ရေလွှမ်းမိုးခြင်းပြီးသည်နောက်၌လည်း အသရေ ဖျက်ခြင်းခံရသည်။ ရေလွှမ်းမိုးခြင်းပြီးသည်နောက် ထာဝရဘုရားကို သစ္စာရှိစွာလိုက်လျှောက်သော သူတို့နှင့် မိမိကိုယ်ကိုခွဲထွက်ပြီး ဗာဗုလုန် ရဲတိုက်ကြီးကိုတည်ဆောက်ခဲ့သည်။ သူတို့သည် ကောင်းကင်နိုင်ငံ၏ ဘုရားအား ယဇ်ပူဇော်ခြင်းမပြုဘဲ မိမိတို့ကိုယ်တိုင် ပြုလုပ်သောဘုရား ကိုသာ ယဇ်ပူဇော်ခဲ့သည်။ သူတို့ပြုလုပ်သော ယဇ်ပူဇော်ခြင်းမှာ ပြန် လည်ရွေးနုတ်သောအရှင်ကြွလာခြင်းကို ယုံကြည်သည် မဟုတ်ဘဲ၊ ညစ် ညမ်းသောသူတို့၏ ရုပ်တုဘုရား၏ယဇ်ပလ္လင်အပေါ်၌ သူတို့ဘုရားကို ကျေနပ်စေဖို့ တိရစ္ဆာန်များစွာတို့ကို ယဇ်ပူဇော်ခဲ့သည်။ ဤအယူသီး ခြင်းကြောင့် လွန်ကဲသောအပြုအမူတို့ကို ကျူးလွန်ခဲ့သည်။ လူတို့အား သွန်သင်သွားသည်မှာ ယဇ်ပူဇော်ခြင်းတန်ဖိုးများလေလေ၊ သူတို့၏ရုပ်တု ဘုရားကို ပိုမို၍ကျေနပ်မှုဖြစ်စေသည်။ သူတို့၏နိုင်ငံကိုလည်း စီးပွားချမ်း သာမှုပေးနိုင်မည်ဟုလည်း ဆိုကြသည်။ သို့ဖြစ်၍ လူများကိုလည်း မကြာခဏ ဤခံစားချက်မရှိသော ရုပ်တုတို့အား ယဇ်ပူဇော်ခြင်းပြုခဲ့ သည်။ လူတွေကို ထိန်းချုပ်ဖို့ နိုင်ငံ၏ဥပဒေနှင့်စည်းကမ်းချက်များထား ရှိပြီး ရက်စက်ကြမ်းကြုတ်၍ အလွန်အကျွံဖြစ်ကြသည်။ ကျေးဇူးတော် နှလုံးသားများအားဖြင့် နူးညံ့သိမ်မွေ့ခြင်းမရှိကြသော ခေါင်းဆောင်များ က သူတို့၏ဥပဒေများကို ရေးဆွဲခဲ့ကြသည်။ သူတို့သည် အလွန်ယုတ်ညံ့ သောပြစ်မှုတို့ကို လျစ်လျူရှုတတ်ပြီး အသေးအဖွဲပြစ်ချက်များကိုမူ ရက် စက်ကြမ်းကြုတ်သောပြစ်ဒဏ်များဖြင့် အာဏာရှိသူတို့မှ ချမှတ်တတ် ကြသည်။

          သို့ဖြစ်၍ ဤအကြောင်းအရာများနှင့်ပတ်သက်ပြီး၊ မောရှေ၏ ဦးနှောက်ထဲ၌ဝင်ရောက်ခဲ့၍ ဣသရေလလူတို့ကို ဆိုခဲ့သည်၊ “သင်တို့ သည် သွား၍ဝင်စားသောပြည်၌ ကျင့်စရာဖို့၊ ငါ၏ဘုရားသခင်ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့ အားငါသွန်သင်ပြီ။ သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင် ထိုပညတ်တရားရှိသမျှတို့ကို ကြားရသော လူမျိုးများရှေ့မှာ သင်တို့၏ဉာဏ်ပညာသည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း ဤကြီး မြတ်သောလူမျိုးသည် အကယ်စင်စစ် ဉာဏ်ပညာနှင့်ပြည့်စုံသောအမျိုး ဖြစ်၏ဟုဆိုကြလိမ့်မည်။ “ငါတို့သည် ဆုတောင်းလေရာရာ၌ ငါတို့ဘုရား သခင်ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်းကျေးဇူးကိုခံရသည်နည်းတူ၊ အခြားသောဘုရားကြည့်ရှုပြုစုသောကျေးဇူးကို အဘယ်မည်သော လူမျိုး ကြီးခံရသနည်း။ ငါသည် ယနေ့ သင်တို့၌ထားသော တရားအပေါင်းနှင့် အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီးရှိ သနည်း” (တရားဟော ၄း၅-၈)။

 

မြေကြီးပေါ်ရှိ တဲတော်

          ထာဝရဘုရား၏အမိန့်တော်အတိုင်း တဲတော်ပုံနှင့်တဲတော်တန် ဆာပုံတို့နှင့်အညီ တည်ဆောက်ခဲ့ကြသည်။ လိုအပ်သောကျွမ်းကျင်လက် မှုပညာသည်တို့ကိုဖော်ထုတ်ခဲ့ပြီး၊ သဘာဝထက်လွန်ကဲသော အရည် အချင်းတို့ကို အပ်နှင်းပေးခဲ့သည်။ အထူးခက်ခဲသောအလုပ်ကို သူတို့လုပ် ကိုင်ရပါမည်။ မောရှေသော်လည်းကောင်း၊ ထိုအလုပ်သမားများသော် လည်းကောင်း အဆောက်အဦ၏ပုံစံနှင့်လက်ရည်အရည်အသွေးကို မစီ စဉ်ခဲ့ရပါ။ ဘုရားသခင်ကိုယ်တော်တိုင် ပုံစံရေးဆွဲပြီးမောရှေအားပေးအပ် ခဲ့သည်။ အရွယ်အစားနှင့်ပုံစံ၊ အသုံးပြုရမည့်ပစ္စည်းအမျိုးအစား၊ အတွင်း မှာထားရှိမည့် ပရိဘောဂအမျိုးအစားတို့ကို တိကျသော ညွှန်ကြားချက် များကိုပေးသွားသည်။ မောရှေအားကောင်းကင်နိုင်ငံရှိ ဗိမာန်တော်၏ ပုံတူပုံစံသေးကိုပြသ၍ တောင်ပေါ်၌ရှိစဉ် ထိုပုံစံအတိုင်း တည်ဆောက်ဖို့ အမိန့်တော်ပေးလိုက်သည်။ မောရှေက ထိုညွှန်ကြားချက်အတိုင်း စာအုပ် တစ်အုပ်တွင် ရေးမှတ်ခဲ့ပြီး အလွန်သြဇာတိက္ကမရှိသူတို့အား ဖတ်ပြခဲ့ သည်။

          သို့ပြီးနောက် ထာဝရဘုရားသည် လူထုထံမှ သဒ္ဒါစိတ်ထက်သန် သော အလှူငွေများတောင်းခံ၍ သူနားခိုရန်တဲတော်ကို တည်ဆောက်စေ ခဲ့ပါသည်။ “ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မောရှေထံမှ ထွက်သွားကြ၍၊ မိမိစိတ်နှလုံးနှိုးဆော်ခံရသောသူ၊ ကြည်ညိုသော စေ တနာစိတ်သဘောရှိသော သူအပေါင်းတို့သည် ပရိသတ်စုဝေးရာတဲတော် တည်ဆောက်ဖို့ရာလည်းကောင်း၊ အမှုတော်ထမ်းစရာဖို့လည်းကောင်း၊ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ထာဝရဘုရားအားလှူသောအလှူ ကို ယူဆောင်လျက်လာကြ၏။ ကြည်ညိုသော စေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည် လက်ကောက်၊ နားတောင်း၊ လက်စွပ်၊ နှာခေါင်း ဘူး၊ ရွှေတန်ဆာရှိသမျှတို့ကိုဆောင်ခဲ့သဖြင့် လှူသောသူ အသီးအသီးတို့ သည် ထာဝရဘုရားအားရွှေကိုလှူကြ၏။”

          ကြီးမြတ်၍အကုန်အကျများသော တန်ဖိုးရှိသည့် ပစ္စည်းတန်ဆာ ပလာ များဖြင့်အသုံးပြုရန် စီစဉ်ရန်လည်းလိုအပ်နေပါသည်။ ရှားပါးပြီး ဈေးနှုန်းကြီးသည့်ပစ္စည်းများလည်း ကောက်ခံထားရမည်။ သို့ရာတွင် ထာဝရဘုရားသည် မိမိသဘောအလျောက်စိတ်ရှိ၍ ကြည်ညိုသောစိတ် နှင့်ပေးသောအလှူကိုသာလက်ခံသည်။ ထာဝရဘုရားအတွက် နေစရာ အဖို့ပြင်ဆင်ရန် ပထမဦးဆုံးသော လိုအပ်ချက်မှာ ထာဝရဘုရား၏ အမှုတော်အတွက် ကြီးမားသော မေတ္တာကရုဏာနှင့် နှလုံးသားမှ ယိုစီး လာသောပူဇော်သကာတို့ ဖြစ်သည်။ တဲတော်အဆောက်အဦကို တည် ဆောက်ရင်းနှင့် လူထုမှမိမိတို့၏အလှူတို့ကို မောရှေထံသို့ ယူဆောင်ပေး ကမ်းရာ၌ မောရှေသည်  ထိုပစ္စည်းများအား အလုပ်သမားများထံသို့ အပ် နှံခြင်းပြု၍၊ အလုပ်ခွင်၌ရှိသော ပညာရှင်အားလုံးတို့သည် ယူဆောင်လာ သောလက်ဆောင်တို့ကို စစ်ဆေးပြီး၊ လိုအပ်သည်ထက် များစွာ ပိုလျှံ လျက်ရှိကြောင်းဆုံးဖြတ်ကြ၍ မောရှေကလည်း အလုပ်စခန်း၌ ကြေညာ လိုက်သည်။ “မောရှေက၊ သန့်ရှင်းရာဌာနတော်အဖို့လှူခြင်းငှာ အဘယ် ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့်ဟုစီရင်၍ တစ်တပ်လုံး၌ ကြေ ညာစေသဖြင့် လူများအလှူယူဆောင်လာခြင်းအမှုကိုဆီးတားကြ၏။”           နောင်လာနောက်သားများအတွက်မှတ်တမ်းတင်ခြင်းထပ်ခါ တလဲလဲဣသရေလလူတို့၏မကျေနပ်ညည်းညူသံတို့နှင့် သူတို့၏အပြစ်

ကျူးလွန်မူတို့ကြောင့် ထာဝရဘုရား၏ဒေါသပြစ်ဒဏ်ချမှတ်ခြင်းတို့သည် သန့်ရှင်းသောသမိုင်းမှတ်တမ်းတွင် ရေးမှတ်ထား၍ မြေကြီးပေါ်၌ဆက်၍ နေထိုင်သွားမည့်လူများအတွက် သတိပေးအကျိုးပြုခြင်းဖြစ်သည်။အထူး သဖြင့် နောက်ဆုံးကာလအချိန်တွင်နေထိုင်သွားမည့်လူသားများအတွက် အထူးသတိပေးခြင်းတစ်ရပ်လည်းဖြစ်သည်။ ဤထက်မက မောရှေထံသို့ စေတနာထက်သန်စွာဖြင့် အလှူငွေ၊ ပစ္စည်းနှင့်အင်အားအလှူပြုခြင်းတို့ သည် ဘုရားသခင်၏ လူတို့အတွက်အကျိုးပြုစေဖို့ မှတ်တမ်းတင်ခြင်း ပြုခဲ့သည်။ တဲတော်အတွက် ပစ္စည်းများကို ဝမ်းမြောက်ရွှင်ပျစွာဖြင့် စီစဉ် လုပ်ဆောင်ချက်များသည် ဘုရားသခင်အား အမှန်တကယ်ချစ်မြတ်နိုးစွာ ဝတ်ပြုကိုးကွယ်လိုသောစိတ်သည် ပုံစံနမူနာကောင်းတစ်ရပ် ဖြစ်သည်။ ထာဝရဘုရားနှင့်လူတို့ တွေ့ဆုံနိုင်ရန် သူ့အတွက် တည်ဆောက်ဖို့ အဆောက်အဦပြင်ဆင်ရာ၌၊ ဘုရားသခင်အတူရှိနေခြင်းကို တန်ဖိုးထား ကြသောသူများသည် သန့်ရှင်းသောလုပ်ငန်းအပေါ်၌ စိတ်ပါဝင်စားမှုနှင့် ခွန်အားအသုံးချခြင်းတို့ကို ပိုမိုစိတ်အားထက်သန်မှုကိုပြသ၍ လောကီ စည်းစိမ်ထက် ကောင်းကင်ဆိုင်ရာကောင်းချီးမင်္ဂလာအား ပိုမို တန်ဖိုး ထားတတ်ရမည်။ သူတို့သဘောပေါက်နားလည်ရမည်မှာ ထာဝရဘုရား အတွက် တည်းခိုရန်အိမ်တော်တစ်ဆောင်ကိုတည်ဆောက်ဖို့ ပြင်ဆင်နေ ခြင်းဖြစ်သည်။

          အရေးကြီးသည်မှာ ထာဝရဘုရားအတွက် သူ၏လူတို့နှင့်ဆုံတွေ့ ဖို့ရန် တည်ဆောက်ရမည့်အဆောက်အဦကို သတိဝီရိယနှင့်ပြင်ဆင်ပေး ရမည်ဖြစ်သည်။ သက်သောင့်သက်သာရှိရမည်၊ ကျစ်လျစ်မှု ရှိရမည်၊ အဆင်ပြေမှုရှိရမည်။ အကြောင်းမှာ ထိုအိမ်တော်အဆောက်အဦသည် အနုမောဒနာပြုရည်စူး၍ သူ့ကိုပေးအပ်ရမည်။ သူ့အား ထိုအိမ်တော်၌ သူ၏နေထိုင်မှုအားဖြင့် သန့်ရှင်းမွန်မြတ်စေဖို့ဖြစ်သည်။ ထာဝရဘုရား အား ရက်ရောစွာနှင့်လုံလောက်စွာ ပေးလှူ၍ ထိုလုပ်ငန်းပြီးမြောက် အောင်ရက်ရောမှုရှိရမည်။ ထိုသို့သောအခါ၌ အလုပ်လုပ်နေသော အလုပ် သမားများမှတော်ပြီဟူ၍ ဆက်ပြီးအလှူများမယူ ဆောင်လာပါတော့နှင့် ဟု ပြောနိုင်သောအခြေအနေသို့ရောက်ရှိစေရမည်။

          ပုံစံနှင့်အညီဆောက်လုပ်ခြင်း - တဲတော်ကိုတည်ဆောက်ပြီး သည့်အခါ၊ မောရှေသည် ဆောင်ရွက်ပြီးစီးခဲ့သော အလုပ်အားလုံးကို စစ်ဆေး၍ သူ့အားထာဝရဘုရားပေးသောပုံစံတို့နှင့်နှိုင်းယှဉ်သည့်အခါမှာ ပုံစံတို့နှင့် တညီတည်းရှိကြောင်းတွေ့ရသည်။ သို့ဖြစ်၍ ဣသရေလလူ တို့အား ကောင်းချီး မင်္ဂလာပေးခဲ့သည်။

          ထာဝရဘုရားသည် မောရှေအားပဋိညာဉ်သေတ္တာတော်ကို တည် ဆောက်ဖို့ပုံစံပေး၍၊ အထူးညွှန်ကြားချက်ဖြင့် ဘယ်ကဲ့သို့ဆောင်ရွက်ရ မည်ကို ပြောပြခဲ့ပါသည်။ ပဋိညာဉ်သေတ္တာအား ထာဝရဘုရား၏လက် ညှိုးတော်ဖြင့် ရေးသားထားသော ကျောက်ပြားပေါ်၌ ပညတ်တော် ဆယ် ပါးကိုထားရှိဖို့ဖြစ်သည်။ ပုံသဏ္ဌာန်အားဖြင့် သေတ္တာကြီးနှင့်တူသည်။ ထိုပဋိညာဉ် သေတ္တာ၏ အတွင်းနှင့်အပြင်တို့၌လည်း ရွှေအစစ်ဖြင့်ကွပ် ထားသည်။ အပေါ်ပိုင်း၌ ရွှေသရဖူတို့နှင့်အလှဆင်ထားသည်။ ဤ သန့်ရှင်းမွန်မြတ်လှသောသေတ္တာတော်၏အဖုံးသည် သနားခြင်းကရုဏာ ထိုင်ခုံဟူ၍ခေါ်ဆိုပြီး ရွှေတုံးအစစ်ဖြင့် ပြုလုပ်ထားသည့် ကရုဏာပလ္လင် အစွန်းနှစ်ဖက်တွင် ခေရုဗိမ်တစ်ဦးစီ ရွှေတုံးအတိဖြင့် အရုပ်ကိုပြုလုပ် ထားသည်။ သူတို့၏မျက်နှာတော်တို့မှာ မျက်နှာချင်းဆိုင်ပြီး၊ ကရုဏာ ပလ္လင်အောက်သို့ စိုက်ကြည့်နေသည်။ ဤအရာအားလုံးတို့သည် ကောင်း ကင်နိုင်ငံတော်ရှိ ပဋိညာဉ်သေတ္တာတော်အထဲ၌ရှိသည့် ထာဝရဘုရား၏ တရားတော်အပေါ်သို့ ကောင်းကင်တမန်များအားလုံးက ရိုသေကိုင်းရှိုင်း စွာကြည့်နေသည်ကို ပုံဆောင်ထားသည်။ ခေရုဗိမ်တို့၌ တောင်ပံများရှိ ကြသည်။ ကောင်းကင်တမန်တစ်ဦးစီ၏တောင်ပံတစ်ဖက်မှ အထက်သို့ ဆန့်တန်းပြီး ကျန်တစ်ဖက်မှာမူ မိမိကိုယ်ကို ပတ်ထားသည်။ မြေကြီး တဲတော်၌ရှိသော ပဋိညာဉ်သေတ္တာတော်သည် ကောင်းကင်နိုင်ငံရှိ ပဋိ ညာဉ် သေတ္တာတော်အစစ်ပုံစံအတိုင်း ပြုလုပ်ထားသည်။ ကောင်းကင် နိုင်ငံရှိပဋိညာဉ်သေတ္တာတော်နံဘေး၌ အသက်ရှင်သော ကောင်းကင် တမန်နှစ်ပါးသည် သူတို့၏ တောင်ပံများက တစ်ဖက်ကို ကရုဏာ ပလ္လင်ကိုအုပ်မိုးထားလျက်ရှိပြီး ကျန်တစ်ဖက်မှာမူ မိမိကိုယ်ကို ကာရံ ထားသည်။ ပုံစံအားဖြင့် ရိုသေကိုင်းရှိုင်းမှုနှင့်နှိမ့်ချခြင်းအသွင်ကို ဆောင် လျက်ရှိသည်။

          မြေကြီးပေါ်ရှိ ပဋိညာဉ်သေတ္တာတော်ထဲ၌ မောရှေအားပဋိညာဉ် ကျောက်ပြားနှစ်ပြားကို ထည့်ပေးရန်မှာကြားထားပါသည်။ ဤကျောက် ပြားများကို ပဋိညာဉ်ကျောက်ပြားများဟု ခေါ်ဆိုပြီး၊ သေတ္တာတော်ကို လည်း ပဋိညာဉ်သေတ္တာတော်ဟူ၍ခေါ်ဆိုသည်။ အဘယ်ကြောင့်ဆို သော်၊ ပညတ်တော်ဆယ်ပါးအပေါ်၌ ထာဝရဘုရား၏ ပဋိညာဉ်ပါရှိခြင်း ကြောင့်ဖြစ်သည်။

        


            အခန်းနှစ်ခန်း - တဲတော်သည် အခန်းနှစ်ခန်းကိုကန့်လန့်ကာ ဖြင့် ခွဲထားသည်။ တဲတော်ရှိပရိဘောဂအားလုံးတို့သည် ရွှေတုံးအစစ်ဖြင့် သော်လည်းကောင်း၊ သို့တည်းမဟုတ် ရွှေဖြင့်ကွပ်ထားလျက်ရှိသည်။ တဲတော်၏ ကန့်လန့်ကာတို့သည် အရောင်အမျိုးမျိုးရှိပြီး၊ လှပစွာစီစဉ် ထားသည်။ ကန့်လန့်ကာများအပေါ်၌ ခေရုဗိမ်အရုပ်တို့ကို ရက်လုပ်ထား သည်။ ရွှေခြည်ငွေခြည်ဖြင့် ရက်လုပ်ထားသည်။ ဤအရာများသည် ကောင်းကင်နိုင်ငံရှိဗိမာန် လုပ်ငန်းများနှင့်ပတ်သက်သော များစွာသော ကောင်းကင်တမန်တို့ကို ပုံဆောင်ခြင်းဖြစ်သည်။ မြေကြီးပေါ်ရှိ ထာဝရ ဘုရား၏လူတို့အတွက် အမှုဆောင်လုပ်ငန်းများ ဆောင်ရွက်နေသော ကောင်းကင်တမန်များဖြစ်ကြသည်။

          ဒုတိယကန့်လန့်ကာအတွင်း၌ ပဋိညာဉ်သေတ္တာတော်ကို ထားရှိ သည်။ ပဋိညာဉ်သေတ္တာတော်ရှေ့၌ လှပပြီးတန်ဖိုးကြီးသောကန့်လန့် ကာကို ချိတ်ဆွဲထားပါသည်။ ဤကန့်လန့်ကာသည် အဆောက်အဦ၏ ထိပ်နားသို့မရောက်ရှိပါ။ သို့ဖြစ်၍ ထာဝရဘုရား၏ ဘုန်းအသရေကို အခန်းနှစ်ခန်းစလုံးမှ မြင်နိုင်သည်။ သို့သော် သန့်ရှင်းသောအခန်းငယ်၏ ဘုန်း အသရေအလင်းသည် အသန့်ရှင်းဆုံးသောအခန်း၏ ဘုန်းအသရေ ကဲ့သို့မထွန်းလင်းပါ။ ထာဝရဘုရား၏ ဂုဏ်တော်ကရုဏာ ပလ္လင်အပေါ်၌ ရှိသောကြောင့်ဖြစ်သည်။

          သေတ္တာတော်ရှေ့တည့်တည့်၊ ကန့်လန့်ကာခြားထားခြင်းရှိသော နေရာတွင် အမွှေးနံ့သာရှိရာ ရွှေပလ္လင်တော်ရှိသည်။ ထာဝရဘုရားကိုယ် တော်တိုင်က ဤပလ္လင်တော်ပေါ်၌ မီးများကို တောက်စေပါသည်။ သန့် ရှင်းစွာမြတ်နိုးပြီး သန့်ရှင်းသောအမွှေးရနံ့ဖြင့် အမြဲထပ်၍ ထည့်လျက်ရှိ ကြသည်။ နေ့ရောညပါ တဲတော်အတွင်း၌ မွှေးကြိုင်သောအခိုးအငွေ့ဖြင့် ပြည့်ဝလျက်ရှိသည်။ တဲတော်ပြင်ပအထိ အမွှေးရနံ့တို့သည် မိုင်နှင့်ချီပြီး ရနံ့သင်းပျံ့လျက်ရှိသည်။ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအား နံ့သာ ပေါင်းအမွှေးရနံ့ကို ပူဇော်သကာပြုသောအခါ၌ ကရုဏာပလ္လင်ဘက်သို့ သူကြည့်ပြီး အာရုံပြုသည်။ သူမမြင်ရသော်လည်း ထိုနေရာ၌ရှိနေသည် ကိုသူသိသည်။ အမွှေးရနံ့များ မီးခိုးများ တိမ်တိုက်သဖွယ်တက်လာသော အခါ၌ ထာဝရဘုရား၏ ဂုဏ်တော်မှာ ကရုဏာထိုင်ခုံပေါ်သို့သက်ဆင်း၍ အသန့်ရှင်းဆုံးသောအခန်းကို ပြည့်လျှံသွားလျက်ရှိသည်။ ဤဂုဏ်တော် ကိုသန့်ရှင်းသောနေရာမှပင် မြင်နေရသည်။ ထာဝရဘုရား၏ ဂုဏ်တော် သည် အခန်းနှစ်ခန်းစလုံးကို ပြည့်သွားသည့်အခါတွင် ယဇ်ပုရောဟိတ် သည် မိမိ၏အလုပ်ကို မလုပ်နိုင်တော့သဖြင့် တဲတော်၏တံခါးဝတို့တွင် ရပ်ပြီးစောင့်နေရပါသည်။

          သန့်ရှင်းရာဌာနတွင် သူမမြင်ရသောကရုဏာပလ္လင်သို့ မျက်နှာမူ ဆုတောင်းပေးနေသော ယဇ်ပုရောဟိတ်သည် ကောင်းကင်နိုင်ငံရှိ တဲ တော်၏ ကရုဏာပလ္လင်၌ ခရစ်တော်အား ဆုတောင်းလျက်ရှိသော ထာ ဝရဘုရား၏ လူတို့ကိုပုံဆောင်ခြင်းဖြစ်သည်။ သူတို့၏ကြားဖျန်ဖြေပေး သူအား သာမန်မျက်စိအားဖြင့်မမြင်နိုင်ပါ။ သို့ရာတွင် ယုံကြည်ခြင်းမျက် စိအားဖြင့် ခရစ်တော်သည် ကရုဏာပလ္လင်တော်ရှေ့၌ ရပ်နေသည်ကို မြင်ရကြသည်။ သူတို့၏ ဆုတောင်းချက်များကို သူ့ထံသို့ပို့နေပြီး၊ သူ၏ ကြားဝင်ဖျန်ဖြေမှုကို ယုံကြည်စွာဖြင့် ခံယူနေကြသည်။

          ဤသန့်ရှင်းသောအခန်းများတွင် အလင်းဝင်ရောက်နိုင်ဖို့ ပြတင်း ပေါက်များမရှိကြပါ။ ဖယောင်းတိုင် (သို့မဟုတ်) ဆီမီးခုံတိုင်များသည် အသန့်စင်ဆုံးသောရွှေစင်ဖြင့် ပြုလုပ်ထားသည်။ နေ့ရောညပါထွန်းထား ပေးသည်ဖြစ်၍ အခန်းနှစ်ခုစလုံးကို အလင်းပေးလျက်ရှိသည်။ ဖယောင်း တိုင်၏အလင်းသည် အဆောက်အအုံ၏နံဘေးတွင်ရှိသော ရွှေဖြင့်ပြုလုပ် သောနံရံ၊ သန့်ရှင်းသောပရိဘောဂများနှင့် လှပသည့်အသွေးအရောင် ရှိသည့် ကန့်လန့်ကာများအပေါ်၌ ရောင်ပြန်ဟပ်လျက်ရှိသည်။ မြင်ကွင်း သည် ရှင်းမပြနိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှသည်။ ဘာသာ စကားအားဖြင့်သော်လည်းကောင်း၊ လှပဆန်းကြယ်ခြင်းနှင့် သန့်ရှင်းခန့် ညားမှုတို့ကို ဤအခန်းများ၌ဖော်ပြ၍ မရနိုင်ပါ။ တဲတော်ရှိရွှေထည်တို့ သည် သက်တံအရောင်ရှိသောကန့်လန့် ကာတို့၏ရောင်စုံအလှကို ရောင် ပြန်ဟပ်ပေးနေသည်။

          တစ်နှစ်တွင် တစ်ကြိမ်သာလျှင် ယဇ်ပုရောဟိတ်မင်းကြီးသည် အသန့်ရှင်းဆုံးသောအခန်းထဲသို့ လေးနက်တည်ကြည်စွာ ပြင်ဆင်မှုပြု လုပ်ပြီးမှဝင်ရောက်နိုင်သည်။ ထိုကြီးကျယ်ခမ်းနားသော အခန်းထဲသို့ သာမာန်လူသားများ၏ မျက်စိအားဖြင့် ကြည့်၍မရနိုင်ပါ။ ယဇ်ပုရော ဟိတ်မင်းကြီးတစ်ဦးတည်းသာလျှင် ထိုသန့်ရှင်းမွန်မြတ်သော အခန်းကို မြင်ခွင့်ရှိသည်။ အကြောင်းမှာ ထိုအခန်းထဲ၌ ထာဝရဘုရား၏ကိန်းဝပ်ရာ အရပ်ဖြစ်ပြီး၊ ဘုရားအားမြင်နိုင်သောဂုဏ်တော် ကြီးကျယ်ခမ်းနားမှု နေ ရာဖြစ်သည်။ ထိုအခန်းထဲသို့ ယဇ်ပုရောဟိတ်မင်းကြီးသည် တုန်ရီစွာဖြင့် အမြဲရှိနေပြီး သူပြန်ထွက်လာဖို့ လူထုမှလေးနက်တည်ကြည်စွာ စောင့် စားလျက်ရှိနေကြသည်။ တည်ကြည်လေးနက်စွာဖြင့် ထာဝရဘုရား၏ ကောင်းချီးမင်္ဂလာကို သူတို့ တောင်းခံကြသည်။ ကရုဏာပလ္လင်တော်၌ ထာဝရဘုရားသည် ယဇ်ပုရောဟိတ်မင်းကြီးနှင့်စကားပြောကြသည်။ အကယ်၍သာ ယဇ်ပုရောဟိတ်မင်းကြီးသည် အလွန်ကြာမြင့်စွာ အသန့် ရှင်းဆုံးသော အခန်း၌ရှိခဲ့လျှင် လူထုကြီးမှာ များစွာတုန်လှုပ်မှုရှိကြသည်။ သူတို့သည် မိမိတို့၏အပြစ်ကြောင့်သော်လည်းကောင်း၊ ယဇ်ပုရောဟိတ် ကိုယ်တိုင်၏ အပြစ်ကြောင့်သော်လည်းကောင်း ထာဝရဘုရား၏ ဘုန်း အသရေသည် ယဇ်ပုရောဟိတ်ကို သေစေခဲ့ကြောင်းကို စိုးရိမ်ကြသော ကြောင့်ဖြစ်သည်။ သို့ရာတွင် ယဇ်ပုရောဟိတ်မင်းကြီး၏ အဝတ်တန် ဆာပေါ်၌ ချုပ်ထားသောခေါင်းလောင်းကလေးများ၏ အသံကိုကြားနေရ သောအခါ ထိုသူတို့မှာ များစွာသက်သာရာရှိကြတော့သည်။ ထိုအခါမှာ ယဇ်ပုရောဟိတ်မင်းကြီးထွက်လာပြီး လူထုအား ကောင်းချီးမင်္ဂလာပေး လေတော့သည်။

          တဲတော်တည်ဆောက်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းပြီးစီးသွား သော အချိန်တွင်၊ “ထိုအခါမိုးတိမ်သည် ပရိသတ်စည်းဝေးရာတဲတော်ကို လွှမ်းမိုး၍၊ထာဝရဘုရား၏ဘုန်းတော်သည်တဲတော်သို့ဖြည့်လေ၏။ထိုသို့ မိုးတိမ်သည် ပရိသတ်စုဝေးရာတဲတော်ပေါ်၌ တည်ရှိနေသောကြောင့် မောရှေသည် အထဲသို့ မဝင်ရ။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော် ကို ဖြည့်လျက်နေ၏။ ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသား ပေါင်းတို့ ရှေ့မှောက်၌ ထာဝရဘုရား၏ မိုးတိမ်သည် နေ့အခါ တဲတော် ပေါ်မှာတည်နေ၏။ညဉ့်အခါမီလျှံဖြစ်လျက်တည်နေလေသတည်း။”

          ဣသရေလတို့ခရီးသွားလေရာရာတွင် တဲတော်ကို ဖြုတ်ယူပြီး သူတို့နှင့်အတူ သယ်ဆောင်နိုင်ဖို့စီစဉ်ထားလျက်ရှိသည်။

          လမ်းခရီးကိုပြသောမိုးတိမ်တိုင် - ထာဝရဘုရားသည် ဣသရေလ တို့အား သူတို့၏တောလမ်းခရီးတိုင်းအတွက် လမ်းပြပို့ဆောင်ခဲ့သည်။ လူပရိသတ်အတွက် ကောင်းကျိုးသော်လည်းကောင်း၊ ထာဝရဘုရား၏ ဂုဏ်တော်အတွက်သော်လည်းကောင်း တစ်နေရာရာတွင် ရပ်နားနေထိုင် ဖို့လိုအပ်လျှင်၊ ထာဝရဘုရားအလိုတော်အားဖြင့် ပြသဖို့ မိုးတိမ်တိုင်သည် တဲတော်အပေါ်၌နိမ့်စွာ ဆင်းသက်ရပ်နားသွားသည်။ ထာဝရဘုရားသည် သူတို့အားခရီးထွက်ရန် ဆန္ဒမပေါ်မချင်း သူတို့သည် ထိုနေရာ၌ ရပ်နား ကြသည်။ သူတို့အားခရီးဆက်ထွက်ရန် ထာဝရဘုရားလိုလားသောအခါ မိုးတိမ်တိုင်၏ဂုဏ်တော်မှာ တဲတော်အပေါ်မှ မြှင့်တက်သွားပြီး ခရီးဆက် ရကြသည်။

          သူတို့သွားလေရာရာခရီး၌ စနစ်တကျ ဆောင်ရွက်လျက်ရှိကြ သည်။ လူမျိုးစုတိုင်းသည် အလံတော်တစ်ခုစီ သယ်ဆောင်ကြသည်။ အလံတော်ပေါ်၌ ဖခင်၏မိသားစုအမည်ပါရှိသည်။ တဲထိုးကြရသောအခါ ၌ သူတို့၏မိသားစု အလံတော်ဘေးမှာ တဲထိုးကြရသည်။ ဆက်လက်ပြီး ခရီးနှင်သောအခါမှာလည်း မျိုးနွယ်စုအသီးသီးမှ သူတို့၏ အလံတော် အောက်မှာ စနစ်တကျချီတက်ပြီး ခရီးနှင်ကြရသည်။ ခရီးသွားရင်းရပ်နား သောအချိန်တွင် တဲတော်ကိုထူမပြီး၊ လူထုကလည်း စနစ်တကျမိသားစု အလိုက် တဲတော်ဘေးပတ်ပတ်လည် ခပ်လှမ်းလှမ်းမှ သူတို့၏ တဲများကို စိုက်ထူရသည်။

          ခရီးသွားသောအချိန်အခါတွင် ပဋိညာဉ်သေတ္တာတော်ကို သူတို့ ၏ရှေ့မှ သယ်ဆောင်ကြရသည်။ သူတို့စခန်းမှာ ထွက်ခွာသောအခါ ထာဝရဘုရား ၏မိုးတိမ်တိုင်သည် နေ့အချိန်၌ သူတို့အပေါ်မှာတည်နေ လျက်ရှိသည်။

          “ပဋိညာဉ်သေတ္တာတော် သယ်ဆောင်သွားသောအခါ မောရှေက အိုထာဝရဘုရား၊ ထတော်မူပါ၊ ကိုယ်တော်၏ရန်သူတို့သည် လွင့်ကြပါ စေသော။ ကိုယ်တော်ကိုမုန်းသောသူတို့သည် ရှေ့တော်မှ ပြေးကြပါစေ သော ဟူ၍လည်းကောင်း၊ သေတ္တာတော်မသွားဘဲရပ်နေသောအခါ အို ထာဝရဘုရား၊ ဣသရေလအမျိုးအထောင်အသောင်းရှိရာသို့ ပြန်လာ တော်မူပါဟူ၍လည်းကောင်း လျှောက်ဆိုလေ့ရှိ၏။”




အခန်းကြီး - ၇

အခန်း (၇)

လွတ်မြောက်ခြင်းကိုပေးသူ

 

          ယေရှုသည် မိမိကိုယ်ကိုလူသားဇာတိခံယူဖို့ အချိန်အခါရောက် လာလေပြီ။ သူသည် လူသားတစ်ဦးအနေဖြင့် မိမိကိုယ်ကို နှိမ့်ချရမည်။ စာတန်မာရ်နတ်၏သွေးဆောင်မှုကို ခံယူရဦးမည်။

          ကမ္ဘာပေါ်တွင်သူမွေးဖွားလာသောအချိန်အခါမှာ ကိန်းခန်းကြီးမှ တစ်စုံတစ်ရာမျှမရှိခဲ့ပါ။ နွားတင်းကုတ်တွင်မွေးဖွားပြီး နွားစာခွက်ထဲမှာ သိပ်ထားခြင်းခံခဲ့ရသည်။ သို့သော်လည်း သူ၏မွေးဖွားခြင်းသည် အခြား သောလူသားများထက် ကျော်ကြားဂုဏ်ပြုခြင်း ခံရသည်။ ကောင်းကင် နိုင်ငံမှ ကောင်းကင်တမန်တို့မှာ သိုးထိန်းတို့အား ယေရှုမွေးဖွားလာ ကြောင်းသတင်းပေး၍ ထာဝရဘုရား၏ ဂုဏ်တော်အလင်းသည်လည်း ထိုသတင်းမှန်ကန်ကြောင်း သက်သေထူခဲ့သည်။ ကောင်းကင်ဗိုလ်ခြေ အပေါင်းတို့သည် စောင်းကိုယူ၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြ သည်။ အောင်မြင်သောအသံဖြင့် ကျရှုံးသောကမ္ဘာအတွက် ကယ်နုတ်ဖို့ ထာဝရဘုရား၏ သားတော်ရောက်ရှိလာကြောင်းကို ထောမနာပြုကြ သည်။ သူ၏သေခြင်းအားဖြင့် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့်ထာဝရ အသက်ကို လူသားများထံသို့ သယ်ဆောင်လာပါသည်။ သူ၏သားတော် ဤကမ္ဘာပေါ်သို့ ရောက်ရှိလာခြင်းအတွက် ဂုဏ်ပြုခဲ့သည်။ ကောင်းကင် တမန်များက သူ့ကိုဝတ်ပြုကိုးကွယ်ခဲ့ကြသည်။

          ယေရှုအားဗတ္တိဇံပေးခြင်း - နှစ်ပေါင်းသုံးဆယ်ကြာပြီးသည် နောက် ထာဝရဘုရား၏ ကောင်းကင်တမန်များက သူ့ကိုဗတ္တိဇံပေးသော အချိန်တွင် သူ့အနားမှာ ပျံဝဲလျက်ရှိကြသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ချိုးငှက်ပုံ သဏ္ဌာန်ဖြင့် သူ့အပေါ်သို့ဆင်းသက်ခဲ့သည်။ လူပရိသတ် တို့က ဖဘုရားသခင်၏ အသံတော်ကို ကောင်းကင်မှကြားနေရသည်ကို များစွာအံ့သြစေလျက် ကြားရသောစကားမှာ၊ “သင်ကား ငါနှစ်သက်မြတ် နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်မှ အသံတော်ဖြစ်လေ၏” (မာကု ၁း၁၁)။

          ယောဟန်က ဗတ္တိဇံလာရောက်ခံယူသောသူသည် ကယ်တင်ရှင် ဖြစ်ကြောင်း အသိမရေမရာဖြစ်နေသည်။ သို့ရာတွင် ယောဟန်ဆီသို့ လာရောက်သူသည် ထာဝရဘုရား၏ သိုးသငယ်ဖြစ်ကြောင်း နိမိတ်ပေး သွားမည်ကို ကတိပြုခဲ့သည့်အလျောက်၊ ဗတ္တိဇံခံယူပြီး ယော်ဒန်မြစ်မှ ထွက်ပေါ်လာစဉ်တွင် ကောင်းကင်မှ ချိုးငှက်သည်သူ့အပေါ်သို့ ခိုနားပြီး ထာဝရဘုရား၏ ဂုဏ်တော်အလင်းသည် သူ၏အနားပတ်ပတ်လည်၌ လင်းလက်သောအခါတွင် ထိုနိမိတ်ကိုသူသိရှိသွားသည်။ ယောဟန်သည် လက်ကိုဆန့်တန်း၍ ယေရှုကိုညွှန်ပြ၍ အသံကျယ်စွာဖြင့် ပြောလိုက် သည်မှာ၊ “ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုး သငယ်ကိုကြည့်လော့” (ယောဟန် ၁း၂၉)။

          ယောဟန်၏အမှုတော်ဆောင်ခြင်း - ယောဟန်သည် သူ၏ တပည့်တော်များကို ယေရှုသည် ကတိတော်ပေးထားသည့်မေရှိယ၊ ကမ္ဘာ မြေကြီး၏ကယ်တင်ရှင်ဖြစ်ကြောင်း အသိပေးသွားသည်။ ယောဟန်၏ အမှုတော်လုပ်ငန်းသည် ဆုံးခန်းတိုင်ရောက်ဖို့ နီးလာပြီဖြစ်၍ သူ၏ တပည့်တော်များအား ယေရှုကိုကြည့်ပြီး သူ့နောက်တော်သို့ ကြီးမြတ် သောဆရာတစ်ဦးအနေဖြင့် လိုက်လျှောက်ရန် သွန်သင်မှာကြားသွားခဲ့ သည်။ ယောဟန်၏အသက်တာမှာ ဝမ်းနည်းစရာဖြစ်ပြီး၊ မိမိကိုယ်ကျိုး စွန့်သောအသက်တာပင်ဖြစ်သည်။ ခရစ်တော်၏ ပထမကြွလာခြင်းကို ကြေညာခဲ့ပါသည်။ သို့ရာတွင် ခရစ်တော်၏ အံ့ဖွယ်သောအလုပ်ကိုမူ မြင်တွေ့ခွင့်မရခဲ့ပါ။ ခရစ်တော်၌ရှိသော တန်ခိုးတော်များကိုလည်း ခံစား ခွင့်မရှိခဲ့ပါ။ ယေရှုသည် မိမိကိုယ်ကို ဆရာတစ်ပါးအဖြစ် ရပ်တည်နိုင် သောအချိန်တွင် ယောဟန်သည် သူသေရမည်ကို နားလည်ခဲ့ပါသည်။ သူ့အသံကိုတောမှအပ ရံဖန်ရံခါသာ ကြားခဲ့ရသည်။ သူ၏အသက်တာ မှာ အထီးကျန်လှသည်။ သူ့ဖခင်၏မိသားစုနှင့်ပေါင်းဖက်ခြင်းမပြုနိုင်ပါ။ သူတို့၏ပေါင်းသင်းဆက်ဆံမှုတို့ကိုလည်း ခံစားခွင့် မရှိခဲ့ပါ။ သူ၏အမှု တော်ဆောင်ခြင်းအတွက် သူတို့ကို စွန့်လွှတ်ခဲ့ရသည်။ လူအုပ်ကြီးမှာ မြို့ရွာတို့ကိုစွန့်ပြီး တောသို့သွား၍ ထူးကဲသောပုရောဖက်၏စကားတို့ကို ကြားရဖို့သွားကြသည်။ ယောဟန်သည် ထိုသူတို့၏ နှလုံးသားပြဿနာ အရင်းအမြစ်ကို တို့ထိနိုင်သည်။ အပြစ်ကိုရှုတ်ချ၍ ဖြစ်လာမည့်အကျိုး ဆက်အတွက် လုံးဝကြောက်ရွံ့ခြင်းမရှိပါ။ ထာဝရဘုရား၏သိုးသငယ်၏ လမ်းကို သူပြင်ဆင်ပေးခဲ့သည်။

          ဟေရုဒ်မင်း၏နှလုံးသားသည် အားပါသောယောဟန်၏ သက် သေခံခြင်းနှင့် စူးရှသောစကားသံတို့ကို ကြားရသောအခါ စိတ်လှုပ်ရှားခဲ့ သည်။ သို့ဖြစ်၍ ယောဟန်၏တပည့်တော်ဖြစ်ဖို့ မည်သို့ပြုရမည်ကို မေး စမ်းခဲ့သည်။ ယောဟန်သိထားသည်မှာ ဟေရုဒ်မင်းသည် သူ၏အစ်ကို တော်အသက်ရှင်ထင်ရှားလျက်နှင့် သူ့အစ်ကိုတော်၏ ဇနီးကို လက်ထပ် ထိမ်းမြားမည်ကိုသိသည်။ သို့ဖြစ်၍ ဟေရုဒ်မင်းအား သစ္စာရှိစွာဖြင့် ဤ လုပ်ရပ်သည် တရားတော်နှင့် မကိုက်ညီကြောင်း ပြောခဲ့သည်။ ဟေရုဒ် မင်းသည် ဘာတစ်ခုမျှစွန့်လွှတ်ချင်စိတ်မရှိပါ။ သူသည် မိမိ၏အစ်ကို တော်ဇနီးကိုလက်ထပ်ယူပြီး၊ ဇနီး၏ တိုက်တွန်းမှုကြောင့် ယောဟန်ကို ဖမ်းဆီးပြီး ထောင်ထဲသို့ထည့်လိုက်သည်။ သို့ရာတွင် ယောဟန်ကို ပြန် လွှတ်ဖို့အစီအစဉ်ရှိသည်။ ယောဟန်သည် ထောင်ထဲ၌အချုပ်ခံနေရစဉ် မှာပင် ယေရှု၏ကြီးမြတ်သောအလုပ်တို့ကို ကြားသိရသည်။ ယောဟန် ကိုယ်တိုင်က မသွားရောက်နိုင်သော်လည်း သူ၏ တပည့်တော်များက သူတို့ကြားသိခဲ့သမျှတို့ကို သူ့အားပြောပြနှစ်သိမ့်ခဲ့သည်။ မကြာမီအချိန် ၌ပင်ယောဟန်အား ဟေရုဒ်မင်း၏ ဇနီးတိုက်တွန်းမှုကြောင့် ခေါင်းဖြတ် အသေသတ်ခြင်းခံခဲ့ရသည်။ စိတ်အနှိမ့်ချဆုံးသော ယေရှုနောက်လိုက် တပည့်တော်များသည် သူ၏နှစ်သိမ့်ပြောဆိုသော စကားကိုကြားရပြီး ထိုသူတို့မှာ ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်ကြသည်။ (မဿဲ ၁၁း၁၁)။ ဆိုလိုသည်မှာ သူတို့သည် ပို၍မြင့်မြတ်ဂုဏ်ပြုခြင်းခံရသည်။ အသက်တာ၌ ပျော်ရွှင်မှုကိုခံစားခဲ့ရသည်။

          ယောဟန်သည် ပုရောဖက်ဧလိယနှင့်တူသော စိတ်ဓာတ်နှင့် ခွန်အားဖြင့် ယေရှု၏ ပထမကြွလာခြင်းကို ကြေညာခဲ့သည် (လုကာ ၁း၁၇)။ ယောဟန်သည် နောက်ဆုံးနေ့ရက်တို့တွင် နေထိုင်သောသူတို့ကို ပုံဆောင်ခဲ့သည်။ ထိုသူတို့သည် ဧလိယကဲ့သို့ စိတ်ဓာတ်ခွန်အားတို့ဖြင့် ဒေါနေ့ရက်များနှင့် ယေရှုဒုတိယကြွလာခြင်းတို့ကို ကြေညာသွားကြ လိမ့်မည်။

          သွေးဆောင်ဖြားယောင်းခြင်း - ယေရှုသည်ယော်ဒန်မြစ်တွင် ဗတ္တိဇံခံယူပြီးသည်နောက် သူသည်ဝိညာဉ်တော်အားဖြင့် တောအရပ်သို့ ခေါ်ဆောင်ခြင်းခံရပြီး စာတန်၏သွေးဆောင်ဖြားယောင်းခြင်းကိုခံရမည် သန့်ရှင်းသော ဝိညာဉ်တော်သည် ဤပြင်းထန်သော သွေးဆောင်မှု အတွက် သူ့ကိုပြင်ဆင်ထားခဲ့ပါသည်။ ရက်လေးဆယ်ကြာအောင် ဘာ တစ်ခုမျှ မစားရဘဲနှင့် သူ့အားစာတန်မာရ်နတ်သည် သွေးဆောင်ဖြား ယောင်းခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် ဘာတစ်ခုမျှ နှစ်မြို့စရာမရှိပါ။ ဤလိုမျိုးအခြေအနေတွင် လူသားတို့၏သဘာဝအရ ရှောင်တိမ်းလိုစိတ် ရှိကြသည်။ သူသည် တောရိုင်းတိရစ္ဆာန်နှင့်နတ်ဆိုးတို့ဖြင့် လူသူမရှိသော နေရာတွင်ရောက်ရှိခဲ့သည်။ ဘုရားသခင်၏သားတော်သည် အစာရှောင် ခြင်း၊ ဒုက္ခဆင်းရဲခြင်းခံရသည့်အတွက် ဖြူဖပ်ဖြူရော်နှင့်ပိန်လှီခဲ့သည်။ သို့ရာတွင် သူလျှောက်ရမည့်လမ်းကို ခင်းကျင်းပြီးဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူကြွရောက်လာပြီးလုပ်ဆောင်ရမည့်အလုပ်ကို ပြည့်စုံအောင် သူဆောင် ရွက်ရဦးမည်။

          စာတန်သည် ဘုရားသားတော်၏ဒုက္ခဆင်းရဲခြင်းခံရမှုကို အခွင့် ကောင်းယူပြီး သူ့အားသွေးဆောင်မှုအမျိုးမျိုးတို့ဖြင့် နှောင့်ယှက်ဖို့ကြိုး စားသည်။ ယေရှုသည် မိမိကိုယ်ကိုလူသားတစ်ဦးကဲ့သို့ နှိမ့်ချသော အခြေ အနေအပေါ်၌ အနိုင်ယူဖို့မျှော်လင့်ခဲ့သည်။ စာတန်သည် ဤသွေးဆောင် မှုစကားဖြင့်လာသည်၊ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန် လျှင် ဤကျောက်ခဲကိုမုန့်ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါ။” သူသည် ယေရှုအား မိမိကိုယ်ကိုနှိမ့်ချပြီး ဘုရားသားတော်ဖြစ်ကြောင်း သက်သေ ပြရန်နှင့် မေရှိယဖြစ်ကြောင်း တန်ခိုးပြရန် စာတန်သည် ဖြားယောင်းခဲ့ သည်။ ယေရှုကလည်း အေးဆေးစွာဖြေလိုက်သည်မှာ၊ “လူသည်မုန့်အား ဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအား ဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏” (လုကာ ၄း၃၊၄)။

          စာတန်မာရ်နတ်သည် ယေရှုနှင့်အငြင်းအခုံပြု၍ သူသည်ဘုရား သခင်၏သားတော်ဖြစ်ကြောင်း စောဒကတက်လိုသည်။ သူပြောလိုသည် မှာ ယေရှုသည် အားနည်းချည့်နဲ့၍ သူနှင့်နှိုင်းစာလျှင် သူကသာပို၍ အားရှိကြောင်း ကြွားဝါခဲ့သည်။ သို့ရာတွင် ကောင်းကင်မှထာဝရဘုရား၏ သက်သေခံမှုမှာ၊“သင်ကားငါနှစ်သက်မြတ်နိုးရာ၊ငါ၏ချစ်သားပေတည်း” ဟူ၍ဖြစ်သည်။ (လုကာ ၃း၂၂)။ ဤစကားများမှာ ယေရှုခံရသောဒုက္ခ ဆင်းရဲခြင်းအားလုံးတို့ကို ရင်ဆိုင်နိုင်ဖို့ခွန်အားပေးခဲ့ခြင်းဖြစ်သည်။ ခရစ် တော်အနေဖြင့် မာရ်နတ်အား သူ၏တန်ခိုးတော်နှင့် သူဘုရား၏ သား တော်ဖြစ်ကြောင်းနှင့် ကမ္ဘာ၏ ကယ်တင်ရှင်ဖြစ်ကြောင်း ဘာသက်သေ မျှပေးရန်မလိုအပ်ပါ။ မာရ်နတ်အနေဖြင့် ခရစ်တော်၏ မြင့်မြတ်သော အဆင့်ရာထူးနှင့် ဘုရားသားတော်ဖြစ်ကြောင်း လုံလောက်သည့် အ ထောက်အထားရရှိခဲ့ပြီးဖြစ်သည်။ သူသာလျှင် ခရစ်တော်၏ အာဏာကို မလက်ခံသည့်အတွက် ကောင်းကင်မှပိတ်ပင်ခြင်းခံခဲ့ရသည်။

          စာတန်မာရ်နတ်သည် သူ၏ကိုယ်ပိုင်တန်ခိုးကိုပြလို၍ ယေရှုအား ယေရုရှလင်မြို့၏ ဗိမာန်တော်ခေါင်မိုးထိပ်သို့ သယ်ဆောင်သွားသည်။ ထိုနေရာ အမြင့်ပေါ်မှနေပြီး မိမိကိုယ်ကိုအောက်သို့ ခုန်ချစေခြင်းဖြင့် သူ သည် ဘုရားသခင် ၏သားတော်ဖြစ်ကြောင်း သက်သေထူစေသည်။ မာရ် နတ်သည် ကျမ်းစာကို ကိုးကား၍ဆိုလိုက်သည်မှာ၊ “ကျမ်းစာလာသည် ကား၊ သင့်ကိုစောင့်ရှောက်စေခြင်းငှာ ငါကောင်းကင်တမန်တို့အား သင့် အဖို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ ခြေကိုကျောက်နှင့်မထိမခိုက်စေ ခြင်းငှာ သူတို့သည် သင့်ကိုလက်နှင့် မစချီပင့်ကြလိမ့်မည်ဟု လာ၏။” ယေရှုကလည်း၊ “သင်၏ဘုရားသခင်ထာဝရ ဘုရားကို သင်သည်အစုံ အစမ်းမပြုရဟု ကျမ်းစကားရှိသည်” ဟု ပြန်ပြောတော်မူ၏။ (လုကာ ၄း၁၀-၁၂)။ စာတန်လိုလားသည်မှာ ယေရှုသည် သူ၏ ဖခမည်းတော်၏ သနားခြင်းကရုဏာအပေါ်၌အားကိုးပြီး၊ မိမိ၏အသက်ကို စွန့်၍ သူ၏ အမှုတော်မပြည့်စုံမီမြင်တွေ့လိုသည်။ စာတန်မျှော်လင့်သည်ကား ကယ် တင်ခြင်းစီမံကိန်းမအောင်မြင်ဖို့ဖြစ်သည်။ သို့ရာတွင် ထိုကယ်တင်ခြင်း စီမံကိန်းသည် နက်ရှိုင်းစွာချမှတ်ထားပြီးဖြစ်၍ စာတန်ဖျက်ဆီးဖို့သော် လည်းကောင်း၊ နှောင့်ယှက်ဖို့သော်လည်းကောင်း တတ်နိုင်မည်မဟုတ် ပါ။

          ခရစ်တော်သည် ခရစ်ယာန်တိုင်းအတွက် စံနမူနာဖြစ်သည်။ သူတို့ သွေးဆောင်ဖြားယောင်းခြင်းခံရသည့်အခါ၌လည်းကောင်း၊ သူတို့ ၏ရပိုင်ခွင့်ကို အငြင်းအခုံဖြစ်ကြ၍လည်းကောင်း စိတ်ရှည်စွာဖြင့် သည်း ခံဖို့လိုပါသည်။ သူတို့သည် ဘုရားသခင်၏တန်ခိုးတော်ကို ပြသဖို့သော် လည်းကောင်း သူတို့မှာ ဘုရားသခင်အား တန်ခိုးတော်ပြသခြင်းအားဖြင့် သူတို့၏ ရန်သူအပေါ်၌ အနိုင်ယူနိုင်မည်ကို မမျှော်လင့်သင့်ပါ။ ဤသို့ပြု ခြင်းအားဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကို တိုက်ရိုက်ဘုန်းအသရေထင် ရှားမှသာဖြစ်သင့်သည်။ အကယ်၍သာ ယေရှုက မိမိကိုယ်ကိုဗိမာန်တော် ထိပ်မှခုန်ချလျှင်၊ သူ၏ဖခမည်းတော်၏ ဂုဏ်တော်သည် ဘုန်းအသရေ ထင်ရှားမည်မဟုတ်။ အကြောင်းမှာ စာတန်မာရ်နတ်နှင့် ဘုရားသခင်၏ ကောင်းကင်တမန်များမှအပ မည်သူကမျှမြင်ကြမည်မဟုတ်ပါ။ ဤသို့ပြု ခြင်းသည် ထာဝရဘုရားအား သူ၏တန်ခိုးတော်တို့ကို သူ၏အခါးသီးဆုံး သောရန်သူအားပြသဖို့ သွေးဆောင်ရာရောက်လိမ့်မည် ယေရှုအောင်နိုင် ခြင်းရယူဖို့ သူတစ်ဦးအပေါ်၌အောက်ကျွတ်ရာရောက်လိမ့်မည်။

          “တစ်ဖန်မာရ်နတ်သည် ယေရှုကိုမြင့်လှသောတော င်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ရှိသမျှသောတိုင်းနိုင်ငံတို့ကို တစ်ခဏချင်း တွင်ပြညွှန်၍ ဤဘုန်းတန်ခိုးအာဏာတော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါ သည်ပေးလိုသော သူအားပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာဖြစ်လိမ့်မည် ဟုလျှောက်လေ၏။ ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ် လော့။ သင်၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရား သခင်ကိုသာဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏” (လုကာ ၄း၅-၈)။

          မာရ်နတ်သည်ယေရှုအား တိုင်းနိုင်ငံတို့၏ ဆွဲဆောင်မှုအရှိဆုံး အနေ အထားမှာပြသခဲ့သည်။ အကယ်၍ ယေရှုက သူ့ကို ထိုနေရာ၌ ဝတ်ပြုကိုးကွယ်မည်ဆိုလျှင် စာတန်သည် သူပိုင်ဆိုင်သော ကမ္ဘာအား စွန့်လွှတ်သွားမည်ဟုဆိုသည်။ အကယ်၍သာ ကယ်တင်ခြင်းစီမံကိန်းကို အောင်မြင်စွာ ဆောင်ရွက်သွားလျှင်၊ မာရ်နတ်၏တန်ခိုးကိုချုပ်ထားနိုင် ကြောင်းသူသိသည်။ နောက်ဆုံးတွင် သူ၏တန်ခိုးကိုထုတ်နုတ်ခြင်းခံရပြီး သူသည်ဖျက်ဆီးခြင်းခံရမည်။ သို့ဖြစ်၍ သူ၏ကောင်းစွာတွက်ချက်မှုမှာ ဖြစ်နိုင်ခဲ့လျှင် ယေရှုအား သူစတင်ခဲ့သော ကြီးမြတ်သည့်ကယ်တင်ခြင်း စီမံကိန်းမဆောင်ရွက်နိုင်ဖို့ ဖြစ်သည်။ အကယ်၍သာ ထာဝရဘုရား၏ ကယ်တင်ရွေးနုတ်ခြင်းစီမံကိန်းသည် ပျက်စီးခဲ့ပါက စာတန်မာရ်နတ် သည် သူပြောခဲ့သော သူ၏နိုင်ငံတော်ကို ဆက်လက်၍ ပိုင်ဆိုင်မှုရှိလိမ့် မည်။ ထိုသို့စဉ်းစား၍ သူ၏နိုင်ငံတော်ကို ကောင်းကင်ထာဝရဘုရား၏ နိုင်ငံနှင့်ဆန့်ကျင်ပြီး အုပ်ချုပ်သွားနိုင်မည် ဖြစ်ကြောင်း အကျေနပ်ကြီး ကျေနပ်ခဲ့သည်။

          သွေးဆောင်ဖြားယောင်းသူအားရှုတ်ချခြင်း - ယေရှုသည် မိမိ၏ တန်ခိုးအာဏာနှင့်ဂုဏ်တော်ကို စွန့်လွှတ်၍ ကောင်းကင်မှထွက်ခွာလာ သော အချိန်တွင် စာတန်မာရ်နတ်သည် များစွာဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ သည်။ သူ့အထင်မှာ ဘုရားသခင်၏သားတော်ကို သူ၏တန်ခိုးအာဏာ လက်ထဲသို့ ပေးအပ်ခြင်းခံရသည်ဟု စဉ်းစားခဲ့သည်။ ဧဒင်ဥယျာဉ်၌ သန့် ရှင်းသောစုံတွဲအား သွေးဆောင်ဖြားယောင်းရသည်မှာ အလွန်ပင် လွယ် ကူခဲ့သည်။ သို့ဖြစ်၍ သူ၏မာရ်နတ်တန်ခိုးတော်နှင့် သူ၏ဉာဏ်နီဉာဏ် နက်အားဖြင့် ဘုရားသခင်၏ သားတော်ကိုပင်လျှင် ဖြုတ်ချနိုင်မည်ဖြစ် ပြီး၊ သူ၏အသက်နှင့်နိုင်ငံတော်ကို ကယ်တင်နိုင်မည်ဟု သူယုံကြည် သည်။ အကယ်၍သာ သူသည်ယေရှုအား သူ၏ဖခမည်းတော်အလိုတော် မှသွေဖည်အောင် သွေးဆောင်သွားနိုင်မည်ဆိုလျှင်၊ သူမှန်းထားသောပန်း တိုင်ကိုရောက်ရှိနိုင်မည်။သို့ရာတွင်ယေရှုကသွေးဆောင်သူအား၊ “အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့” ဟုဆိုသည်။ သူ့ခမည်းတော်ကိုသာ ဝတ်ပြုကိုးကွယ်မည်။

          စာတန်မာရ်နတ်သည် မြေကြီးပေါ်ရှိနိုင်ငံများတို့ကို သူပိုင်ဆိုင် ကြောင်းပြောသည်။ ယေရှုအား သူခံစားနေရသော ဒုက္ခဆင်းရဲခြင်း အားလုံးကို ရှောင်ရှားနိုင်ကြောင်းပြောသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများကိုရရှိ ဖို့ အသေခံခြင်းမလိုပါ။ မာရ်နတ်ကိုသာကိုးကွယ်မည်ဆိုပါက ဤအရာ အားလုံးကိုသူရနိုင်သည် သို့ရာတွင် ယေရှုသည် တုန်လှုပ်ခြင်းမရှိပါ။ သူ သိရှိသည်မှာ အချိန်တန်လျှင် သူ့အသက်ကိုအစတေးခံပြီးပါက စာတန် မာရ်နတ်ထံမှနိုင်ငံတော်ကို ပြန်လည်ရရှိနိုင်မည်။ နောက်တစ်ဖန် မကြာ မီအချိန်တွင် ကောင်းကင်နှင့်မြေကြီးပေါ်နဲ့ လူသားအားလုံးတို့သည် သူ၏ သြဇာခံယူရမည်။ သူ၏အသက်တာကို ဒုက္ခဆင်းရဲခြင်းနှင့်ကြောက်မက် ဖွယ်အသေခံခြင်းတို့ကို သူ့ခမည်းတော်တာဝန်ပေးသည့်အတိုင်းခံယူပြီး၊ မြေကြီးတိုင်းနိုင်ငံများကို တရားဝင်အမွေခံသူအဖြစ် ထာဝရပိုင်ဆိုင်ခြင်း ကို ရွေးချယ်ခဲ့သည်။ စာတန်မာရ်နတ်သည်လည်း သူ၏လက်ထဲသို့ အသေသတ်ခြင်းဖြင့် ဖျက်ဆီးခြင်းခံရပြီး ယေရှုကိုသော်လည်းကောင် သူ ၏ ရွေးနုတ်ခြင်းခံရသောလူများကိုသော်လည်းကောင်း မည်သည့်အခါမျှ ဂုဏ်တော်ကိုထိခိုက်နှောင့်ယှက်ဖို့မပြုနိုင်တော့ပါ။

 

ခရစ်တော်၏အမှုတော်ဆောင်ခြင်း

          စာတန်မာရ်နတ်သည် သူ၏သွေးဆောင်ဖြားယောင်းမှု ရပ်ဆိုင်း သောအခါ၊ ယေရှုအားခဏတစ်ဖြုတ် ထားခဲ့သည်။ ယေရှုအားကောင်း ကင် တမန်များက တောအရပ်၌ စားစရာများပြင်ဆင်ပေး၍ ခွန်အားပြန် လည်ရရှိစေသည်။ သူ့ဖခမည်းတော်၏ကောင်းချီးမင်္ဂလာသည် သူ့အပေါ် သို့ကျရောက်လာသည်။ စာတန်မာရ်နတ်၏ အပြင်းထန်ဆုံးသော သွေး ဆောင်မှုတို့သည် မအောင်မြင်ခဲ့ပါ။ သို့ရာတွင် ယေရှု၏အမှုတော်ဆောင် ခြင်းကာလကိုစောင့်ဆိုင်း၍ သူ၏အကြံအစည်တို့ကို အသုံးချဖို့ဖြစ်သည်။ သူဆက်ပြီးမျှော်လင့်သည်ကား ယေရှုကိုအောင်နိုင်ဖို့၊ ယေရှုကို လက်မခံ ကြသော သူတို့ကို နှိုးဆွပေးပြီး ဒေါသမုန်းတီးခြင်းဖြစ်စေလျက် သူ့ကို ဖျက်ဆီးစေမည်။

          စာတန်မာရ်နတ်နှင့်သူ၏တမန်များသည် ခရစ်တော်၏အမှုတော် ဆောင်ချိန်၌ အလွန်ခြေရှုပ်ခဲ့သည်။ လူသားများကို ယုံကြည်ခြင်းမရှိဖို့၊ မုန်းတီးခြင်းနှင့်အထင်သေးခြင်း၊ ရှုပ်ချခြင်းများ ပြုခဲ့သည်။ မကြာခဏ လူသားတို့၏အပြစ်ထောက်ပြခြင်းနှင့် ပြတ်သားသည့် အမှန်တရားကို ပြောပြသည့်အခါတွင်၊ လူတို့သည်ယေရှုအား လွန်စွာဒေါသဖြစ်ကြသည်။ ထိုအခါတွင် စာတန်မာရ်နတ်နှင့် သူ၏တမန်များက ဘုရားသခင်၏သား တော်အသက်ကိုနုတ်ပစ်ဖို့ တိုက်ကြသည်။ တစ်ကြိမ်မက သူတို့သည် ခဲလုံးများကောက်ယူပြီး သူ့ကိုပစ်ပေါက်ခဲ့သည်။ သို့ရာတွင် ကောင်းကင် တမန်များက ဆွဲခေါ်ယူပြီး၊ ဒေါသထွက်နေသော လူအုပ်ကြီးမှ လုံခြုံစိတ် ချရသောနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ တစ်ဖန် သူ့နှုတ်တော်မှထွက် ရှိသော အမှန်တရားကြောင့် ဒေါသထွက်နေသော လူအုပ်ကြီးက သူ့ကို ဖမ်းဆီးပြီး ချောက်ကမ်းပါးအထိဆွဲခေါ်၍ ချောက်ထဲသို့ သူ့ကိုပစ်ချဖို့ ရည်ရွယ်ချက်ရှိခဲ့သည်။ သူ့ကိုဖမ်းဆီးထားသော လူအုပ်ကြီးက အချင်း ချင်း ရန်ဖြစ်ကြပြီး သူ့ကိုဘယ်သို့ပြုရမည်ကို ငြင်းခုံကြသည်။ ကောင်း ကင်တမန်များကလည်း သူ့ကိုလူအုပ်ကြီးမှ ကွယ်ဝှက်ပြီး လူအုပ်ကြီး ကြားမှထွက်ခွာ၍ သူ့လမ်းအတိုင်းထွက်သွားတော့သည်။

          စာတန်မာရ်နတ်သည် ကယ်တင်ခြင်းစီမံကိန်းပျက်စီးဖို့ မျှော်လင့် လျက်ရှိသေးသည်။ သူ့၌ရှိသမျှသောတန်ခိုးအာဏာတို့ကို အသုံးချပြီး လူ တို့၏ နှလုံးသားကိုမာကျောစေသည်။ ယေရှုအပေါ်၌ ခါးသီးသောခံစား ချက်ဖြစ်ပေါ်စေသည်။ သူမျှော်လင့်သည်ကား အနည်းငယ်သော လူတို့ သည် ယေရှုအား ဘုရားသခင်၏သားတော်အဖြစ် လက်ခံကြမည်ကို ထိုအနည်းငယ်သောသူတို့အတွက် သူ၏ဒုက္ခဆင်းရဲခံရခြင်းနှင့် မိမိကိုယ် ကိုအသက်စွန့်ခြင်းမှာ မထိုက်တန်ကြောင်း စဉ်းစားစေချင်သည်။ သို့ရာ တွင် အကယ်၍ လူနှစ်ဦးသာလျှင် သူ့အားဘုရားသခင်၏ သားတော်ဖြစ် ကြောင်းနှင့် သူ့ကိုကယ်တင်ခြင်းပေးနိုင်သူဖြစ်ကြောင်း ယုံကြည်လျှင် ကယ်တင်ခြင်းစီမံကိန်းကို သူဆောင်ရွက်သွားပေမည်။

          ဒုက္ခဆင်းရဲခြင်းခံရသူတို့ကိုသက်သာရာပေးခြင်း - ယေရှုသည် သူ၏အမှုတော်လုပ်ငန်းကိုစတင်ပြီး မာရ်နတ်၏တန်ခိုးအား ဒုက္ခဆင်းရဲ ခံရသူများအပေါ်မှာ ချိုးဖျက်လိုက်သည်။ ဖျားနာသူများအား ကျန်းမာ စေသည်၊ မျက်စိကန်းသူတို့အားမြင်စေသည်၊ ခြေဆွံ့သူတို့အားကုစား၍ ထိုသူတို့က ဝမ်းမြောက်ဝမ်းသာစွာဖြင့်ခုန်ပေါက်၍ ထာဝရဘုရား၏ဂုဏ် တော်ကိုချီးမွမ်းစေသည်။ စာတန်၏ချုပ်နှောင်မှုမှ နှစ်ပေါင်းများစွာ ဖျား နာသူများကို ကျန်းမာစေသည်။ သနားကြင်နာရက်ရောသောစကားများ ဖြင့် အားနည်းလျက်ရှိသောသူတို့ကို နှစ်သိမ့်စေသည်။ တုန်လှုပ်ပြီးမျှော် လင့်ချက်ကင်းဝေးသောသူတို့အားလည်း နှစ်သိမ့်ပေးသည်။ ခွန်အားချည့် နဲ့ပြီး၊ ဒုက္ခဆင်းရဲခြင်းများဖြ မာရ်နတ်အောင်မြင်စွာ ချုပ်ကိုင်ထားသော သူတို့ကို ယေရှုက သူ့လက်မှဆွဲနုတ်ပြီး ကျန်းမာရေးပြန်လည်ရရှိအောင် နှင့် ဝမ်းမြောက်ဝမ်းသာဖြစ်စေတော့သည် သေသွားသော သူတို့အား အသက်ပြန်လည်ပေး၍ ထိုသူတို့မှာ ထာဝရဘုရား၏ဂုဏ်တော်ကြီးမားမှု နှင့် ကြီးမြတ်သောသူ၏တန်ခိုးတော်ကို ချီးမွမ်းထောမနာ ပြုကြသည်။ သူ့ကိုယုံကြည်သောသူတို့အတွက် ကြီးစွာသော တန်ခိုးအားဖြင့် လုပ် ဆောင်ပေးခဲ့သည်။

          ခရစ်တော်၏အသက်တာသည် သနားကြင်နာတတ်သောစကား တို့နှင့်ပြုမူချက်တို့ဖြင့်ပြည့်စုံလျက် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝလျက်ရှိ သည်။ သူ့ထံပါးသို့ ရောက်ရှိလာကြသောသူတို့၏ ရင်ဖွင့်စကားများကို နားထောင်၍ သူတို့၏ပြဿနာများကို သက်သာရာရောက်အောင် ဖြေ ရှင်းပေးခဲ့သည်။ များစွာသော ကိုယ်ကာယကျန်းမာခြင်း ပြန်လည်ရရှိသူ တို့သည် သူ၌ဘုရားတန်ခိုးရှိကြောင်း သက်သေပြလျက်ရှိသည်။ သို့ရာ တွင် သူတို့အတွက် ဤမျှလောက်လုပ်ပေးခဲ့သော်လည်း၊ အချို့များစွာ သောသူတို့သည် စိတ်သဘောနှိမ့်ချသည့် သင်ကြားရေးဆရာမြတ်အား ရှက်ကြသည်။ သူ့ကိုအုပ်ချုပ်သူများက မယုံကြည်ကြသဖြင့် ယေရှုကို လက်မခံလိုကြပေ။ သူသည် ဝမ်းနည်းခြင်းရှိသောသူ၊ အလွန်အမင်းဝမ်း နည်းကြေကွဲခြင်းနှင့်ရင်းနှီးဖက်တွယ်မှုရှိသူဖြစ်သည်။ သူတို့ကအေးအေး လူလူ၊ စွန့်လွှတ်ခြင်းရှိသောအသက်တာမျိုးဖြင့် အုပ်ချုပ်ခြင်း မခံယူလို ကြပါ။ ကမ္ဘာမှပေးစွမ်းနိုင်သော ဂုဏ်ပကာသနတို့ကို ခံစားလိုကြသည်။ သို့ရာတွင် များစွာသောလူတို့က ဘုရားသခင်၏ နောက်တော်သို့လိုက်ကြ သည်။ သူ၏နှုတ်တော်မှထွက်လျက်ရှိသော ညွှန်ကြားချက်နှင့် ရက်ရော သောစကားတို့ကို နားထောင်လိုကြသည်။ သူ၏နှုတ်ထွက်စကားများမှ အဓိပ္ပါယ်များစွာရှိပြီး လွယ်ကူရှင်းလင်းပြတ်သား၍ အားအနည်းဆုံးသော သူတို့ပင်လျှင် နားလည်သဘောပေါက်ကြသည်။

          မထိရောက်သောဆန့်ကျင်မှုများ - မာရ်နတ်နှင့်သူ့၏တမန်များ သည် ယုဒလူတို့၏ မျက်စိနှင့်နားလည်မှုတို့ကို အမှောင်ချစေခဲ့ပါသည်။ လူထု၏ ခေါင်းဆောင်များနှင့်အုပ်ချုပ်သူတို့ကို စိတ်လှုပ်ရှားစေလျက် ကယ်တင်ရှင်၏အသက်ကို နုတ်ယူဖို့ဆွပေးခဲ့သည်။ အုပ်ချုပ်သူများသည် အခြားသော သူတို့အား ယေရှုကိုဖမ်းဆီးပြီး သူတို့ထံသို့ဆောင်ယူလာစေ သည်။ သို့ရာတွင် ထိုသူတို့က သူ့အနားသို့ရောက်ရှိကြသောအခါ၌ သူတို့ များစွာအံ့သြကြပါသည်။ သူတို့မြင်သွားသည်မှာ ယေရှုသည် လူသားတို့ ခံစားနေရသောဒုက္ခ ဆင်းရဲခြင်းကို သနားခြင်းကရုဏာရှိပြီး၊ ကိုယ်ချင်း စာနားလည်မှုရှိသည်ကို တွေ့ရသည်။ အားနည်းသောသူနှင့်ရောဂါစွဲကပ် သောသူတို့အားသူကချစ်ခြင်းမေတ္တာနှင့်သိမ်မွေ့စွာအားပေးလျက်ရှိသည် ကို ကြားသိရသည်။ သူ၏စကားသံသည် မာရ်နတ်၏ အစွမ်းတန်ခိုးကို ရှုတ်ချ၍ မာရ်နတ်မှဓားစာခံချုပ်ထားသော သူတို့ကိုလွှတ်ပေးရန် သြဇာ ရှိသောအမိန့်ဖြင့် ဆိုသွားသည်ကိုလည်း သူတို့ကြားကြသည်။ ပညာရှိ သောသူ၏စကားသံကိုနားထောင်၍ သူတို့သည် ညှို့ဖမ်းခြင်းခံရသလို များစွာပီတိဖြစ်ကြသည်။ သူတို့သည် ယေရှုကိုဖမ်းဆီး ချုပ်နှောင်လိုစိတ် မရှိဘဲ ယဇ်ပုရောဟိတ်နှင့်လူကြီးတို့ထံ မိမိတို့ဘာသာပြန်လာခဲ့ကြသည်။

          ထိုမင်းတို့က သူတို့အားမေးမြန်းရာ၊ “အဘယ်ကြောင့်သူ့ကိုမခေါ် ဆောင်ခဲ့ကြသနည်း” ဟူ၍မေးသောအခါ သူတို့က ကြားခဲ့၊ မြင်ခဲ့သမျှတို့ ကို ပြန်လည်ပြောပြသည်။ ယေရှုပြုခဲ့သောအံ့ဖွယ်ရာများ၊ သန့်ရှင်းသော သူ၏ ပညာရှိနှုတ်ထွက်စကားများ၊ သူ၏ချစ်မေတ္တာစကားနှင့်အသိတရား တို့ကို ပြန်လည်ပြောပြသည်။ အဆုံး၌ပြောသည်မှာ၊ “ထိုသူဟောပြော သကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ” (ယောဟန် ၇း၄၅၊၄၆)။ ယဇ်ပုရော ဟိတ်မင်းတို့သည် သူတို့အားလိမ်ညာလှည့်စားခြင်းခံရသည်ဟု စွပ်စွဲ၍၊ အချို့သောအရာရှိများသည် ယေရှုအား မဖမ်းဆီးခဲ့သည်ကို ရှက်မိကြ သည်။ ယဇ်ပုရောဟိတ်တို့က အုပ်ချုပ်သောသူတို့အား ယေရှုကို ယုံကြည် ကြသူတစ်ဦးဦးများရှိပါသလားဟု ရှုတ်ချမေးသောအခါမှာ၊ တရားသူကြီး အများစုမှာပင် ယုံကြည်ကြသော်လည်း မာရ်နတ်၏ တားဆီးထားမှု ကြောင့် ဝန်ခံခြင်းမပြုခဲ့ပါ။ သူတို့သည် လူများ၏ကဲ့ရဲ့ခြင်းကို ဘုရား သခင်အားကြောက်ရွံ့ခြင်းထက် ပိုစိုးရိမ်နေကြသည်။

          ယခုအချိန်အထိတိုင် မာရ်နတ်၏ မုန်းတီးခြင်းနှင့်ကြံစည်မှုတို့ သည် ကယ်တင်ခြင်းစီမံကိန်းကို ဖျက်ဆီးခြင်း မပြုနိုင်သေးပါ။ အချိန် သည် ယေရှုအတွက် ဤကမ္ဘာသို့ကြွလာခြင်း၏ ရည်ရွယ်ချက်ကို ပြီး မြောက်အောင်ဆောင်ရွက်ဖို့ နီးကပ်လျက်ရှိလာပြီ။ မာရ်နတ်သည် သူ၏ တမန်များနှင့်တိုင်ပင်၍ ခရစ်တော်၏ နိုင်ငံတော်လူမျိုးတို့အား သူ၏ အသွေးတော်ကိုတောင်းဆိုဖို့နှင့် ရှုတ်ချရက်စက်မှုတို့ကို သူ့အပေါ်၌ပုံချဖို့ ဆော်သြကြသည်။ သူတို့မျှော်လင့်ထားသည်မှာ ယေရှုကသူ့အပေါ် ဤ သို့ပြုမူခြင်းကို မခံမရပ်နိုင်ဖြစ်ပြီး၊ သူ၏စိတ်သဘောနှိမ့်ချခြင်းနှင့်အနွံအ တာခံအောက်ကျို့ခြင်းအဖြစ်ကို စွန့်လွှတ်မည်။

          စာတန်မာရ်နတ်သည် သူ၏အကြံအစည်ကို ချသည့်အခါမှာပင် ယေရှုကသူ၏တပည့်တော်များအား သူဖြတ်ကျော်ရမည့်ဒုက္ခဆင်းရဲခြင်း ကို သေချာစွာရှင်းလင်းပြောပြသည်။ သူသည်လက်ဝါးကပ်တိုင်အပေါ်မှာ အသေ သတ်ခြင်းခံရမည်ဖြစ်ပြီး တတိယနေ့တွင် ပြန်လည်ရှင်ပြန်ထ မြောက်လိမ့်မည်။ သို့ရာတွင် သူတို့၏နားလည်နိုင်စွမ်းက ထိုင်းမှိုင်းပြီး၊ သူပြောသွားသောစကား အဓိပ္ပါယ်ကို နားမလည်မရိပ်မိကြချေ။

          အသွင်ပြောင်းလဲခြင်း - တပည့်တော်များ၏ ယုံကြည်ခြင်းသည်

အသွင်ပြောင်းလဲခြင်းအချိန်၌ များစွာခိုင်မာလာခဲ့သည်။ ဤအချိန်တွင် ခရစ်တော်၏ဂုဏ်တော်နှင့် ကောင်းကင်မှအသံသည် သူ၏ဘုရားဇာတိ ဖော်ပြချက်တို့ကို မြင်ရခွင့်ရသည့်အတွက် ဖြစ်သည်။ (မဿဲ ၁၇း၁-၈ ကိုကြည့်ပါ။) ထာဝရဘုရားသည် ယေရှု၏ နောက်လိုက်များအား သူသည် ကတိပြုထားသော မေရှိယဖြစ်ကြောင်းကို ခိုင်မာသည့်သက်သေအ ထောက်အထားကိုပေးဖို့ ရွေးချယ်ခဲ့သည်။ သို့မှသာ သူတို့ရင်ဆိုင်ခဲ့ရ သော ခါးသီးသည့် အတွေ့အကြုံနှင့်စိတ်ပျက်စရာကောင်းသော လက်ဝါး ကပ်တိုင်အပေါ်၌ ယေရှုအသေသတ်ခြင်းခံရသည်ကိုတွေ့ရ၍ သူတို့၏ ယုံကြည်ချက်ကို လုံးလုံးလျားလျားမပျောက်သွားဖို့ဖြစ်သည်။ ယေရှု၏ အသွင်ပြောင်းလဲခြင်းအချိန်တွင် ထာဝရဘုရားက မောရှေနှင့်ဧလိယနှစ် ယောက်တို့ကို ယေရှုနှင့်စကားပြောဖို့စေလွှတ်ခဲ့သည်။ သူ၏ဒုက္ခဆင်းရဲ ခြင်းခံရမှုနှင့် သူ၏သေခြင်းအကြောင်းကို ပြောဆိုကြသည်။ ထာဝရ ဘုရားကိုယ်တော်တိုင်က သူ၏သားတော်နှင့်စကားပြောမည့်အစား သူ သည် ကမ္ဘာပေါ်၌ ကိုယ်တိုင်ဒုက္ခများနှင့်တွေ့ကြုံဖူးသော သူတို့ကို ရွေး ချယ်၍ သူ၏သားတော်နှင့်စကားပြောခွင့်ပြုခဲ့သည်။

          ဧလိယသည် ဘုရားသခင်နှင့်အတူလမ်းလျှောက်ခဲ့သည်။ သူ၏ အလုပ်သည် နာကျင်မှုရှိပြီး အလွန်သည်းခံမှုပြုခဲ့ရသည်။ သူမှတစ်ဆင့် ဣသရေလတို့၏အပြစ်ကို ထောက်ပြခဲ့သည်။ ဧလိယသည် ဘုရားသခင် ၏ ပုရောဖက်တစ်ဦးဖြစ်သည်။ သို့ရာတွင်သူသည်တစ်နေရာမှတစ်နေရာ သို့ သူ၏ အသက်လွတ်မြောက်ဖို့ရန် ထွက်ပြေးရခြင်းဖြစ်သည်။ သူ၏ လူမျိုးကိုယ်တိုင်ကမူ သူ့အား တိရစ္ဆာန်ရိုင်းတစ်ကောင်ကဲ့သို့ ရှာဖွေခြေ မှုန်းရန်ဖြစ်ပါသည်။ သို့ရာတွင် ဘုရားသခင်က ဧလိယကိုကောင်းကင်သို့ ခေါ်ဆောင်တော်မူခြင်းပြုခဲ့သည်။ကောင်းကင်တမန်များမှသူ့ကိုသေခြင်း အရသာမမြည်းစမ်းရဘဲနှင့် ကောင်းကင်သို့ အရှင်လတ်လတ် ချီဆောင် သွားခြင်းခံခဲ့ရပါသည်။

          မောရှေက သူ့ထက်စောပြီးနေထိုင်ခဲ့သူများထက် ကြီးမြတ်သော သူဖြစ်သည်။ သူ့အားထာဝရဘုရားက ပို၍မြင့်မားစွာ ဂုဏ်ပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့်အတူမျက်နှာချင်းဆိုင်ပြီး မိတ်ဆွေတစ်ဦးကဲ့သို့ စကားပြောခွင့်ရရှိခဲ့သည်။ သူသည် ဖခမည်းတော်၏ ကိုယ်ထည်ကိုဝန်းရံ ထားသော တောက်ပသည့် အလင်းရောင်နှင့် ထူးကဲသည့် ဂုဏ်တော်ကို မြင်ခွင့်ရရှိခဲ့သည်။ မောရှေမှတစ်ဆင့် ဣသရေလတို့အား အဲဂုတ္တုပြည် သားတို့၏ကျွန်ဘဝမှ လွတ်မြောက်စေခဲ့သည်။ မောရှေသည် သူ၏လူမျိုး အတွက် ကြားဖျန်ဖြေသူ တစ်ဦးဖြစ်ခဲ့သည်။ မကြာခဏ သူ၏လူမျိုးနှင့် ဘုရားသခင်၏ဒေါသအမျက် စပ်ကြား၌ နေထိုင်ခဲ့ရသည်။ ဣသရေလ လူတို့၏ ယုံကြည်မှုမရှိခြင်း၊ ညည်းတွား၍ တိုင်တန်းခြင်းနှင့် စက်ဆုပ် စရာကောင်းသောအပြစ်များပြုလုပ်မိသည့်အခါ ထာဝရဘုရား၏ အမျက် ဒေါသသည် ကြီးမားခဲ့သည်။ သူတို့အားမောရှေ၏ ချစ်မြတ်နိုးခြင်းသည် စမ်းသပ်မှုခံခဲ့ရသည်။ ထာဝရဘုရားသည် ဣသရေလတို့ကို ခြေမှုန်းပြီး မောရှေမှကြီးမြတ်သောနိုင်ငံပြုလုပ်ပေးဖို့ အကြံပြုခဲ့သည်။ ဣသရေလ လူတို့အတွက် လေးလေးနက်နက် ကိုယ်စားတောင်းပန်ခြင်းဖြင့် သူ၏ ချစ်ခြင်းမေတ္တာကိုပြသခဲ့သည်။ ပူဆွေးသောကများစွာဖြင့် ထာ၀ရဘုရား ထံသို့ဆုတောင်း၍ ဘုရားသခင်၏ပြင်းထန်သော အမျက်ဒေါသမှဦးလှည့် ပြီး ဣသရေလလူတို့အပြစ်ကို လွှတ်ဖို့ရန် တောင်းပန်ခဲ့သည်၊ သို့တည်း မဟုတ် သူ၏နာမည်ကို ဘုရားသခင်၏ အသက်စာစောင်မှပယ်ဖျက်ဖို့ မေတ္တာရပ်ခံသော ကိုယ်ကျိုးစွန့်သူဖြစ်သည်။

          မောရှေသည် သေခြင်းကို ဖြတ်သန်းခဲ့ရသော်လည်း မိက္ခေလ သည် သူ၏ကိုယ်ခန္ဓာမပုပ်မသိုးမီအချိန်တွင် အသက်ကိုသူ့အားပြန်လည် ပေးအပ်ခဲ့သည်။ စာတန်မာရ်နတ်က သူ၏အလောင်းကို ပိုင်ဆိုင်ကြောင်း ပြောသည်။ သို့ရာတွင် မိက္ခေလကမောရှေအား ပြန်လည်ထမြောက်စေ၍ ကောင်းကင်သို့ ခေါ်ဆောင်သွားခဲ့သည်။ စာတန်မာရ်နတ်က ဘုရားသခင် အား ခါးသီးစွာအပြစ်တင်ခဲ့သည်။ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး၊ သူ၏သားကောင်ကိုလုယူသည့်အတွက် ဘုရားသခင်မှာ မတရားကြောင်း ပြောဆိုခဲ့သည်။ သို့ရာတွင် ခရစ်တော်က သူ၏ရန်သူကို ရှုတ်ချခြင်းမပြုခဲ့ ပါ။ မာရ်နတ်၏သွေးဆောင် ဖြားယောင်းမှုကြောင့် ဘုရားသခင်၏အစေခံ သည် ကျရှုံးခဲ့ရသည်။ စာတန်အား သူ့ခမည်းတော်ထံအပ်နှံ၍ ဤသို့ဆိုခဲ့ သည်၊ “ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေသတည်း” (ယုဒ ၉)။

          ယေရှုသည် သူ၏တပည့်တော်တို့အား သူနှင့်အတူရပ်နေသောသူ အချို့တို့သည် သေခြင်းကိုမမြည်းစမ်းရဘဲနှင့် ထာဝရဘုရား၏နိုင်ငံတော် သည် ဂုဏ်ကျက်သရေနှင့်လာသည်ကို မြင်ကြရလိမ့်မည်။ အသွင်ပြောင်း လဲခြင်းအချိန်တွင် ဤကတိတော်သည် ပြည့်စုံခြင်းသို့ရောက်လိမ့်မည်။ ယေရှု၏ မျက်နှာတော်သည် ထိုနေရာ၌ပြောင်းလဲခဲ့သည်။ သူ၏မျက်နှာ တော်သည် နေကဲ့သို့ ထွန်းလင်းတောက်ပပြီး၊ ဝတ်ရုံတော်သည်လည်း ဖြူဆွတ်လျက်ရှိသည်။ ယေရှု၏ဒုတိယအကြိမ်ကြွလာခြင်းတွင် မောရှေ သည် သေခြင်းမှ ထမြောက်လာမည့်သူတို့ကို ပုံဆောင်ထားခြင်း ဖြစ် သည်။ ဧလိယဟူမူကား သေခြင်းကိုမမြည်းစမ်းရဘဲနှင့် ကောင်းကင် နိုင်ငံသို့ အရှင်လတ်လတ်ခေါ်ဆောင်ခြင်းခံရသည်မှာ ခရစ်တော်ဒုတိယ အကြိမ်ကြွလာချိန်၌ မသေဘဲ အသက်ရှင်သေးသော ဖြောင့်မတ်သူတို့ သည် မသေတတ်သောအဖြစ်သို့ အသွင်ပြောင်းလဲခြင်းခံရပြီး၊ ကောင်း ကင်သို့ခေါ်ဆောင်ခြင်းခံရမည့်သူများကို ပုံဆောင်ထားခြင်း ဖြစ်သည်။ အံ့သြမှုကြီးစွာနှင့် ကြောက်ရွံ့ခြင်းနှင့်အတူ တပည့်တော်များသည် ထူးကဲ သောယေရှု၏ ကြီးကျယ်ခမ်းနားသောအသွင်နှင့် ထွန်းလင်းသောမိုးတိမ် သည် ထိုသူတို့ကိုလွှမ်းမိုး၍ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော တော်ဝင်အသံတော်ဖြင့်၊ “ဤသူသည်ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သား ပေတည်း။ သူ၏စကားကိုနားထောင်ကြလော့” ဟု ကောင်းကင်ကအသံ တော်ဖြစ်လေ၏။





အခန်းကြီး - ၈

အခန်း (၈)

စွန့်လွှတ်မှုပြုခြင်း

 

ခရစ်တော်ကို သစ္စာဖောက်ခြင်း

 

          စာတန်မာရ်နတ်သည် ယုဒအားလိမ်လည်လှည့်ဖြားခဲ့သည်။ သူ့ ကို ခရစ်တော်၏စစ်မှန်သောတပည့်တော်တစ်ဦးဖြစ်ကြောင်း ယုံကြည် စေခဲ့သည် သို့ရာတွင် သူ၏နှလုံးသားမှာ ကာမဂုဏ်တပ်မက်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။ ယေရှု၏ ကြီးမြတ်သောလုပ်ငန်းကို သူမြင်ရ သည်၊ခရစ်တော်၏အမှုတော်ဆောင်ခြင်းလုပ်ငန်းတွင်အတူပါဝင်ခဲ့သည်။ ယေရှုသည် မေရှိယဖြစ်ကြောင်း ထူးကဲသည့်အထောက်အထားတို့ကို လက်ခံခဲ့သည်။ သို့ရာတွင် ယုဒသည်ကပ်စေးနှဲ၍ တပ်မက်ခြင်းရှိသည်၊ ငွေကိုမြတ်နိုးသည်။ မာရိက ယေရှုအပေါ်၌ တန်ဖိုးကြီးသော ဆီမွှေးကို လောင်းချသည်ကို မြင်တွေ့သောအခါတွင် ဒေါသတကြီး မကျေမနပ်ဖြစ် ခဲ့သည်။

          မာရိသည် သူ့အရှင်သခင်ကို ချစ်မြတ်နိုးသည်။ ထိုအရှင်သည် သူမ၏အပြစ်များကို ခွင့်လွှတ်ခဲ့သည်။ သူမ၏အပြစ်မှာ များလှပါ၏။ တစ် ဖန် သူမအလွန်ချစ်သောမောင်လာဇရုကိုလည်း သေခြင်းမှထမြောက်စေ ခဲ့သည်။ ထိုသို့ဖြစ်၍ သူမသည် သခင်ယေရှုအပေါ်၌ ပေးကမ်းသောအရာ တို့သည် တန်ဖိုးကြီးလွန်းသည်ဟုသူမ မယူဆပါ။ ဆီမွှေး၏တန်ဖိုးသည် ပို၍ဈေးကြီးခဲ့သော်၊ သူမ၏ကယ်တင်ရှင်အပေါ်၌ သုံးစွဲရခြင်းသည် ပို၍ ကျေးဇူးတင်ခြင်းကို ပြသနိုင်သည်။

          ယုဒသည် သူ၏လောဘစိတ်ကိုဖုံးကွယ်သည့်အနေဖြင့်၊ ထိုဆီ မွှေးကို ရောင်းပြီး ဆင်းရဲသားကိုပေးလျှင် ပို၍ကောင်းမည်ဟု ဆိုသည်။ သို့ရာတွင် ဤအရာသည် ဆင်းရဲသားတို့အား သူဂရုစိုက်သည်တော့ မဟုတ်ပါ။ သူသည် တစ်ကိုယ်ကောင်းဆန်လှပါသည်။ ဆင်းရဲသားများကို ကူညီမစဖို့သူ့ကိုအပ်နှံခဲ့သောရန်ပုံငွေများကို သူ၏ကိုယ်ပိုင်ငွေများအဖြစ် သုံးစွဲမှုပြုခဲ့သည်။ ယုဒသည် သခင်ယေရှု၏ သက်သောင့်သက်သာမှုနှင့် လိုအပ်ချက်တို့ကို ဂရုမစိုက်မိခဲ့ပါ။ သူ၏တပ်မက်ခြင်းကို မပေါ်လွင် အောင် ဆင်းရဲသားများကို သနားကြောင်း မကြာခဏ ပြောဆိုလေ့ရှိ သည်။ မာရို၏ရက်ရောခြင်း အပြုအမူတို့သည် သူ၏တပ်မက်ခြင်း စိတ် ဓာတ်ကို ထိုးနှက်သလိုဖြစ်နေသည်။ ဤစိတ်ဓာတ်ရှိခြင်းကြောင့် သူ၏ နှလုံးသားထဲ၌ မာရ်နတ်၏ သွေးဆောင်ဖြားယောင်းမှုအတွက် လက်သင့် ခံမှုအလိုအလျောက်ရှိခဲ့သည်။           ယဇ်ပုရောဟိတ်များနှင့်ယုဒလူတို့ကိုအုပ်ချုပ်ရသောသူတို့သည် သခင်ယေရှုကိုမုန်းတီးကြသည်။ သို့သော်လည်း လူအုပ်အမြောက်အမြား တို့မှာမူ ပညာရှိသောစကားနှင့်ကြီးမြတ်သောသူ၏လုပ်ငန်းတို့ကို မြင်လို ကြသဖြင့် စုရုံးလာကြသည်။ လူထုတို့သည် လေးနက်စွာ သူ့အပေါ်၌ စိတ်ဝင်စားကြ၍ စိတ်လှုပ်ရှားလျက် ရှိကြသည်။ သူ့နောက်သို့လိုက်ပြီး သွန်သင်ချက်များ၊ ဤထူးမြတ်သောဆရာ၏စကားကို နားထောင်လိုကြ သည်။ အုပ်ချုပ်သောသူအများအပြားမှာ သူ့ကိုယုံကြည်ကြသည်။ သို့ရာ တွင် မဝန်ခံရဲကြပါ။ ဗိမာန်တော်မှမောင်းထုတ်ခြင်းခံရမည်ကို စိုးရိမ်ကြ သည်။ ယဇ်ပုရောဟိတ်နှင့် သက်ကြီးရွယ်အို ခေါင်းဆောင်များသည် လူတွေကို ယေရှုထံမှခွဲထွက်သွားဖို့ တစ်ခုခုတော့လုပ်ရမည်ဟု ဆုံးဖြတ် ကြသည်။ လူအားလုံးတို့သည် သူ့ကို ယုံကြည်သွားမည်ကို သူတို့စိုးရိမ်ကြ သည်။ ထိုသူတို့သည် သူတို့အတွက် လုံခြုံမှုမရှိကြောင်းထင်မြင်ကြသည်။ သူတို့၏ရာထူး ဆုံးရှုံးကောင်းဆုံးရှုံးရမည်၊ သို့တည်းမဟုတ် ယေရှုကို အသေသတ်ရမည်။ သူ့အား အသေသတ်ခြင်းပြုပြီးလျှင် ကျန်ရှိဦးမည့် အရာမှာ သူ၏တန်ခိုးတော်သည် သက်ရှိထင်ရှားကြသောသူများအတွက် အထိမ်းအမှတ်ဖြစ်ပေလိမ့်မည်။

          ယေရှုသည် လာဇရုအား သေခြင်းမှ ထမြောက်စေသည်ဖြစ်၍ ယေရှုကိုသတ်လျှင် ထိုသူ၏ကြီးမားသောတန်ခိုးတော်ကို သက်သေခံ သွားမည်ကို စိုးရိမ်ကြသည်။ လူများက သေခြင်းမှထမြောက်စေခြင်းခံရ သူကိုမြင်ချင်၍ အုံဖွဲ့ပြီးသွားရောက်ကြည့်ကြသည်။ သို့ဖြစ်၍ အုပ်ချုပ် သူများသည် လာဇရုကိုလည်း အသေသတ်ဖို့ စိတ်အားထက်သန်၍ ထို ရုတ်ရုတ်သဲသဲအဖြစ်များကိုရပ်တန့်စေလိုသည်။ ထိုအခါသူတို့သည် လူ ထုကို လူသားများဆိုင်ရာဓလေ့ထုံးတမ်းစဉ်လာနှင့် ယုံကြည်ချက်ဖက်သို့ အာရုံလွှဲပြီး ဆယ်ဖို့တစ်ဖို့ကို ပြန်လည်ကောက်ယူ၍ သူတို့အပေါ်၌သြဇာ လွှမ်းမိုးမှုပြန်၍ရရှိနိုင်မည်ဖြစ်သည် သူတို့သည် ယေရှုတစ်ဦးတည်းရှိနေ သောအချိန်တွင် ဖမ်းဆီးဖို့ရန်ဆုံးဖြတ်ကြသည်။ အကြောင်းမှာ လူထု အတွင်းမှဖမ်းဆီးလျှင် လူထု၏ အာရုံနှင့်စိတ်ဝင်စားမှုရှိချိန်၌ သူတို့ကို လူထုကဝိုင်းပြီးခဲလုံးများနှင့်ပစ်ကြပါလိမ့်မည်။

          ယုဒရှကာရုတ်က သူတို့တစ်တွေသခင်ယေရှုအား ဖမ်းဆီးဖို့စိတ် ပြင်းထန်သည်ကိုသိသောအခါ သူ့အားငွေစအနည်းငယ်ဖြင့်သစ္စာဖောက် ဖို့ ယဇ်ပုရောဟိတ်မင်းကြီးနှင့် သက်ကြီးခေါင်းဆောင်တို့အား အကြံပြု ပြောဆိုသည်။ သူသည်ငွေမက်မောမှုရှိသောကြောင့် သူ၏သခင်ကို သူ၏ အခါးသီးဆုံးသောရန်သူများလက်ထဲသို့အပ်နှံရန် သစ္စာဖောက်ဖို့သဘော တူခဲ့သည်။ စာတန်မာရ်နတ်သည် ယုဒရှကာရုတ်မှတစ်ဆင့် တိုက်ရိုက် လုပ်ဆောင်ချက်များ ပြုလုပ်နေလျက်ရှိသည်။ သို့ဖြစ်၍ ယုဒရှကာရုတ် သည် အထင်ကရနောက်ဆုံး ညစာစားပွဲအတွင်းမှပင် သူ၏ သခင်ကို သစ္စာဖောက်ဖို့ အစီအစဉ်ဆွဲလျက်ရှိသည်။ ယေရှုသည် ဝမ်းနည်းစွာဖြင့် သူ၏တပည့်တော်များသည် သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြမည် ဟု ပြောပြသည်။ သို့ရာတွင် ပေတရုသည် အခြားသူများစိတ်မည်သို့ပင် အနှောင့်အယှက်ရှိစေကာမူ သူသည် ဘယ်သောအခါမှ စိတ်အနှောင့် အယှက်ဖြစ်မည်မဟုတ်ပါကြောင်း အာမခံပြောဆိုခဲ့သည်။ သခင်ယေရှု က ပေတရုအားဤသို့ဆို၏၊ “ဂျုံဆန်ကိုဆန်ခါနှင့်ချသကဲ့သို့ စာတန် သည် သင်တို့ကိုချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍ သင်၏ ယုံကြည်သောစိတ်မပျက်စေခြင်းငှာ ငါသည် သင့်အဖို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ ညီအစ်ကိုတို့ကို တည်ကြည်စေ လော့” ဟုမိန့်တော်မူ၏။ (လုကာ ၂၂:၃၁၊၃၂)။

          ဥယျာဉ်တော်တွင် - သခင်ယေရှုသည် သူ၏တပည့်တော်များနှင့် အတူ ဂေသရှေမန်ဥယျာဉ်၌ရှိကြ၏။ ကြီးစွာသောဝမ်းနည်းခြင်းနှင့် သူတို့ အား စောင့်ကြည့်ပြီး ဆုတောင်းဖို့ မှာကြားလိုက်သည်။ သို့မှသာသူတို့ သည် သွေးဆောင်ခြင်းနောက်သို့မလိုက်မိအောင်ဖြစ်သည်။ သူသိထား သည်မှာ တပည့်တော်များသည် သူတို့၏ ယုံကြည်ခြင်းစမ်းသပ်ခြင်းခံရ မည်။ သူတို့၏ မျှော်လင့်ချက်တို့သည်လည်း စိတ်ပျက်ခြင်းရှိမည်။ သူတို့ ၏ခွန်အားအလုံးစုံတို့ကို အသုံးချပြီး တည်ကြည်လေးနက်စွာစောင့်ကြည့် ခြင်းနှင့် စိတ်ပြင်းပြစွာ ဆုတောင်းခြင်းများ ပြုလုပ်ရမည်။ စိတ်ဝေဒနာ ပြင်းစွာနှင့်ငိုယိုပြီး ယေရှုဆုတောင်းလျက်ရှိသည်၊ “အိုအဖ၊ အလိုတော် ရှိလျှင် ဤခွက်ကိုအကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလို ရှိသည်အတိုင်းမဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေ သော” လုကာ ၂၂း၄၂။ ဘုရားသခင်၏ သားတော်သည် ပြင်းစွာသော ဝေဒနာခံစားချက်ဖြင့် ဆုတောင်းခဲ့သည်။ သွေးတော်များသည် သူ၏ မျက်နှာတော်မှစုလာပြီး မြေကြီးပေါ်သို့ စီးကျလျက်ရှိသည်။ ကောင်းကင် တမန်များက ထိုမြင်ကွင်းအပေါ်၌ ပျံဝဲလျက်ရှိကြသည်။ သို့ရာတွင် ကောင်းကင်တမန်တစ်ပါးသာလျှင် ဘုရား၏သားတော်၏ ပြင်းစွာသော ဝေဒနာကိုအားပေးဖို့ တာဝန်အပ်နှင်းခြင်းခံရသည်။

          ယေရှုဆုတောင်းခြင်းပြီးသည့်အခါတွင် သူ၏တပည့်တော်များထံ သို့ သွားသည်။ သို့ရာတွင် သူတို့တစ်တွေအိပ်မောကျလျက်ရှိသည်။ ဤ ဆိုးရွားကြောက်မက်ဖွယ်ကောင်းသောအချိန်တွင် သူတို့၏စာနာမှုနှင့် ဆု တောင်းပေးမှုကိုပင် သူမရရှိခဲ့ပါ။ ပေတရုသည် မကြာမီအချိန်က စိတ် အလွန်ထက်သန်ခဲ့သော်လည်း ယခုမှာမူ နှစ်ခြိုက်စွာ အိပ်ပျော်လျက်ရှိ သည်။ ယေရှုက သူ့အား စိတ်အားထက်သန်မှုရှိခဲ့သည်ကို သတိရစေပြီး သူ့ကိုပြောလိုက်သည်မှာ၊ သင်တို့သည် တစ်နာရီခန့်မျှငါနှင့်အတူစောင့်၍ နေခြင်းငှာ ဤသို့မစွမ်းနိုင်သလော” (မဿဲ ၂၆း၄၀)။ သုံးကြိမ်တိုင်တိုင် ထာဝရဘုရား၏သားတော်သည် ပြင်းစွာသော ဝေဒနာခံစားချက်ဖြင့် ဆုတောင်းခဲ့သည်။

          ယုဒသည်ယေရှုကိုသစ္စာဖောက်ခြင်း - ထိုအခါ၌ ယုဒရှကာရုတ် သည် လက်နက်အစုံဖြင့်ပါလာသော လူအုပ်များနှင့်အတူ ရောက်လာ သည်။ သူသည် သူ၏သခင်ထံသို့ ခါတိုင်းကဲ့သို့ နှုတ်ဆက်ဖို့ချဉ်းကပ်ခဲ့ သည်။ လက်နက်ပါလာသောလူအုပ်သည် ယေရှုကိုဝိုင်းထားလိုက်သည်။ သို့သော် ယေရှုသည် သူ၏ကောင်းကင်တန်ခိုးကိုပြသလိုက်သည်။ ယေရှု ကမေးလိုက်သည်မှာ၊ “သင်တို့မည်သူကိုရှာသနည်း။” “ငါသည်ထိုသူဖြစ် သည်။” သူတို့ကလည်း နောက်သို့ဆုတ်ပြီး မြေကြီးပေါ်သို့လဲကျသွား သည်။ ယေရှုက        ဤမေးခွန်းကိုမေးရခြင်းမှာ သူ၌ရှိသော တန်ခိုးကိုမြင် နိုင်ပြီး၊ သူအလိုရှိလျှင် သူတို့၏လက်မှ မိမိကိုယ်ကို ကယ်တင်နိုင်ကြောင်း သိစေလိုသည်။

          တပည့်တော်များသည်ထိုလူအုပ်ကြီးအား တုတ်၊ဓားများနှင့်တကွ မြေကြီးပေါ်သို့ မြန်ဆန်စွာလဲကျသွားသည်ကို မြင်သောအခါမှာ သူတို့ တစ်တွေ မျှော်လင့်ချက်ရှိလာကြသည်။ ထိုသူတို့တစ်ဖန်ပြန်ထလာပြီး ဘုရားသခင်၏ သားတော်ကို ဝန်းရံထားသောအခါမှာ၊ ပေတရုသည် သူ့ဓားကိုထုတ်ပြီး ယဇ်ပုရောဟိတ်မင်းကြီး၏ အစေခံတစ်ဦးကို ခုတ် လိုက်သည်။ ထိုသူကိုထိပြီး သူ့နားရွက်ပြတ်ထွက်သွားသည်။ ယေရှုက ပေတရုအား သူ၏ဓားကိုဖယ်ထုတ်ခိုင်းပြီး ပြောလိုက်သည်မှာ၊ “ယခုပင် ငါ့အဘကိုငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင်ကောင်းကင် တမန်တစ်ဆယ့်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်း ကောင်း သင်သည်မထင်သလော” (မဿဲ ၂၆း၅၃)။ ဤစကားကို သူပြော သောအခါမှာ ကောင်းကင်တမန်များ၏မျက်နှာတို့မှာ မျှော်လင့်ချက်ဖြင့် ရွှင်ပျလာကြသည်။ သူတို့က သူတို့၏ စစ်ဦးစီးချုပ်ကို ဝန်းရံထားပြီး၊ ထိုနေရာ၌ပင်လျှင် လူအုပ်ကြီးအား လူစုခွဲထုတ်သွားဖို့ အဆင်သင့်ရှိနေ ပြီ။ သို့ရာတွင် သူတို့၏မျက်နှာပေါ်မှာ ဝမ်းနည်းခြင်းအရိပ် ပြန်၍ ရောက် လာသည်။ အဘယ်ကြောင့်ဆိုသော် ယေရှုက ဤသို့ဆက်၍ ဆိုပြန်သည် မှာ၊ “သို့ဖြစ်လျှင် ဤသို့သောအမှုအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်း စာချက်သည် အဘယ်သို့ ပြည့်စုံအံ့နည်း” (မဿဲ ၂၆း၅၄)။ တပည့်တော် များ၏နှလုံးသားတို့သည်လည်း စိတ်ပျက်ခြင်းနှင့်စိတ်ဓာတ်ကျခြင်းဖြင့် ယေရှုက သူ၏ရန်သူများ ဆွဲခေါ်ခြင်းခွင့်ပြုခဲ့သည်ကို သူတို့မြင်ကြရ သည်။

          တပည့်တော်များလည်း သူတို့အသက်အတွက် စိုးရိမ်ရသည်ဖြစ် ၍ ယေရှုကိုချန်ထားပြီး ထွက်ပြေးကုန်ကြသည်။ ယေရှုသည် လူသတ်လို သော လူအုပ်ကြီးနှင့်အတူ တစ်ဦးတည်းနေခဲ့ရတော့သည်။ စာတန် အတွက်မှာမူ အောင်မြင်ခြင်းတစ်ရပ်ဖြစ်သည်။ ဘုရားသခင်၏ ကောင်း ကင်တမန်တို့သည်လည်း ဝမ်းနည်းခြင်းနှင့်ရှိကြကုန်၏။ အရပ်အမောင်း မြင့်ပြီး အမိန့်ပေးသော ကောင်းကင်တမန်တစ်ပါးစီကို အုပ်စုတိုင်း၌ထား ရှိပြီး ဤမြင်ကွင်းကိုမြင်ရဖို့ စေလွှတ်လေသည်။ သူတို့သည် ဘုရားသခင် ၏သားတော်အပေါ်၌ စော်ကားသောစကားတိုင်း၊ ရက်စက်ကြမ်းကြုတ် မှုပြုသမျှတိုင်း မှတ်တမ်းတင်ရမည်။ ယေရှုခံစားရသော ဒုက္ခဆင်းရဲခြင်း နှင့် နာကျင်ညည်းညူခြင်းအားလုံးတို့ကိုလည်း မှတ်တမ်းတင်ထားဖို့မှာ ကြားခြင်းခံရမည်။ အဘယ်ကြောင့်ဆိုသော် ဤရက်စက် ကြမ်းကြုတ် ခြင်းအလုပ်၌ ပါဝင်ပြုလုပ်သူတိုင်းသည် တစ်ဖန်ပြန်၍ရုပ်ရှင် ဇာတ်လမ်း သဖွယ် မြင်ကြရပေဦးမည်။

ခရစ်တော်ကိုစုံစမ်းစစ်ဆေးခြင်း

 

          စီရင်ချက်ခန်းမတွင် စာတန်မာရ်နတ်နှင့် သူ၏တမန်တို့သည် အလုပ်ရှုပ်လျက်ရှိနေကြသည်။ သူသည် လူသားများ၏ ခံစားချက်နှင့် ကိုယ်ချင်းစာနာမှုတို့ကို ဖျက်ဆီးလျက်ရှိသည်။ လေထုပတ်ဝန်းကျင် တစ်ခုလုံးသည် ထိုသူများတို့ကြောင့် ညစ်ညမ်းလျက်ရှိကြသည်။ သူတို့ သည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးပိုင်းခေါင်းဆောင်တို့ ကို ယေရှုအားလူသားသဘာဝအားဖြင့် ခံရခက်သော စော်ကားမော်ကား ပြုခြင်းနှင့်ဆဲဆိုမှုတို့ကို လှုံ့ဆော်ပေးလျက်ရှိသည်။ စာတန်မာရ်နတ် မျှော်ကိုးထားသည်က ဤသို့ လှောင်ပြောင်ခြင်းနှင့်အကြမ်းဖက်မှုတို့ ကြောင့် ဘုရား၏သားတော်မှမကျေမနပ်သံအားဖြင့်သော်လည်းကောင်း၊ ညည်းတွားသံအားဖြင့်သော်လည်းကောင်း ပေါ်ထွက်လာလိမ့်မည်။ ထိုသို့ မဟုတ်ပါက သူ၏ဘုရားဇာတိတန်ခိုးတော်ကိုပြသပြီး၊ မိမိကိုယ်ကို လူ အုပ်ကြီးလက်မှ ရုန်းထွက်လွတ်မြောက်ဖို့ကြိုးစားလိမ့်မည်။ ထိုသို့ပြုလုပ် လျှင်လည်း ကယ်တင်ခြင်းစီမံကိန်းသည် နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ရောက်သွားပေမည်။

          ပေတရု၏ငြင်းပယ်ခြင်း - သခင်ယေရှုကို ငြင်းပယ်ပြီးသည် နောက် ပေတရုသည် သူ၏သခင်မည်သည့်အရာများ ဖြစ်ပျက်မည်ကို သိလို၍၊ စိုးရိမ်တကြီးဖြင့် မလှမ်းမကမ်းမှနေ၍ နောက်ယောင်ခံပြီးလိုက် သွားသည်။ သို့ရာတွင် လူများကသူ့ကိုကြည့်ပြီး သူသည် သခင်ယေရှု၏ တပည့်တော်ထဲက တစ်ယောက်အပါအဝင်ဖြစ်ကြောင်း စွပ်စွဲပြောဆို သောအခါ၌ သူသည် သူ၏အသက်အတွက် စိုးရိမ်မှုရှိသည့်အတွက် ထိုသူ ကိုကျွန်ုပ်မသိပါဟု ပြန်ပြောလေ၏။ ခရစ်တော်၏တပည့်တော်များသည် သူတို့ပြောဆိုသောစကားများအပေါ်၌ မှန်ကန်စွာ ပြောဆိုတတ်ကြောင်း အများကသိကြသည်။ သို့ဖြစ်၍ ပေတရုပြောသောစကားကို လူတွေယုံ အောင်တတိယအကြိမ်သူငြင်းဆိုသောအခါ၌ သူသည် ကျိန်ဆဲ၍သော် လည်းကောင်း၊ ဆဲဆိုခြင်းဖြင့် အတင်းငြင်းဆိုခဲ့သည်။ ထိုအချိန်မှာယေရှု သည် ပေတရုနှင့်ခပ်လှမ်းလှမ်းရှိသော်လည်း သူ့ဘက်ကိုလှည့်၍ ဝမ်း နည်းစွာအပြစ်တင်သောအကြည့်မျိုးဖြင့် ကြည့်လိုက်သည့်အခါမှာ ပေတ ရုသည် ယေရှုအထက်အခန်း၌ ပြောခဲ့သောစကားများနှင့် သူ၏ရဲရဲ တောက်ပြောဆိုခဲ့သောစကားများကို ပြန်လည်သတိရလေသည်။ သူ ပြောခဲ့သည်မှာ၊ “ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့်စိတ်ပျက်ကြ သော်လည်း၊ အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါ” (မဿဲ ၂၆း၃၃)။ သူသည် သူ၏ သခင်ကိုကျိန်ဆဲခြင်းနှင့်ဆဲဆိုမှုတို့ဖြင့် ငြင်းဆိုခဲ့မိပါသည်။ သို့ရာတွင် ယေရှု သူ့ကိုကြည့်သောအကြည့်သည် သူ၏နှလုံးသားကို အရည်ပျော်စေ၍ သူ့ကို ကယ်တင်ခဲ့လေသည်။ သူသည် ခါးသီးစွာငိုယိုပြီး သူ၏ကြီးမားသောအပြစ်ကိုနောင်တရခဲ့သည်။ ထိုကြောင့်သူသည် သူ၏ နောင်တော်ညီအစ်ကိုများကို အားပြုစေဖို့ပြင်ဆင်မှုဖြစ်စေတော့သည်။

          တရားစီရင်ခြင်းခန်းမဝယ် - လူအုပ်ကြီးသည် သခင်ယေရှု၏ အသွေးတော်ကိုဆာလျက်တောင်းဆိုကြသည်။ စစ်သားများက ရက်စက် စွာအကြောင်းစုံသိရန် သူ့အားစစ်ဆေးမေးမြန်းကြသည်။ သူတို့ကယေရှု ကိုခရမ်းရောင်ဝတ်ရုံဝတ်စေပြီး၊သူ၏ခေါင်းပေါ်၌ဆူးရစ်သရဖူကိုဆောင်း ပေးလျက်ရှိသည်။ သူ၏လက်ထဲသို့ ကျူရိုးတံတစ်ချောင်းထည့်ပေးလိုက် ၍ သူ့ကိုလှောင်ပြောင်ခြင်းဖြင့်၊ “ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာ ရှိစေ သတည်းဟုဆို၍ ရိုက်ပုတ်ကြ၏” (ယောဟန် ၁၉း၃)။ ထိုနောက် သခင်ယေရှုလက်ထဲရှိ ကျူရိုးတံကိုယူလိုက်ပြီး သူ၏ခေါင်းကို ရိုက်၍ ဆူးများကြောင့် ဦးခေါင်းခွံပေါက်ပြီး သွေးများသူ၏မျက်နှာတော်နှင့် မုတ် ဆိတ်ပေါ်သို့ ယိုဆင်းစေသည်။

          ကောင်းကင်တမန်များသည် သူ့အားအရှက်ခွဲသိက္ခာကျအောင် ပြုလုပ်သည့်မြင်ကွင်းကို ရှုစားလျက်ရှိသည်ကို ယေရှုသိသည်။ ခွန်အား အနည်းဆုံး ကောင်းကင်တမန်သည် သူ့ကို ကယ်ထုတ်နိုင်သည်။ ထို လှောင်ပြောင်နေသောလူအုပ်ကြီးအား အင်အားချည့်နဲ့ စေနိုင်သည်။ အ ကယ်၍သာယေရှုသည် သူ၏ဖခမည်းတော်ကို အကူအညီတောင်းခဲ့လျှင် ကောင်းကင်တမန်တို့သည် ချက်ချင်းပင် သူ့ကိုလွတ်မြောက်စေနိုင်သည်။ သို့ရာတွင် ထိုဆိုးသွမ်းသော လူများတို့၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို သည်း ခံခဲ့သည်။ အကြောင်းမှာ ကယ်တင်ခြင်းစီမံကိန်းကို အကောင်အထည် ဖော်ပြီးဆောင်ရွက်သွားရန် လိုအပ်သောကြောင့်ဖြစ်သည်။

          ယေရှုသည် ထိုဒေါသဖြစ်လျက်ရှိသော လူအုပ်ကြီး၏အယုတ်ညံ့ ဆုံး သောစော်ကားမှုကို အနွံအတာခံ၍စိတ်သဘောနှိမ့်ချစွာဖြင့် အောက် ကျို့ခံခဲ့သည်။ တစ်နေ့သောအခါ သခင်ယေရှု၏မျက်နှာတော်မှ ရှောင် ပုန်းလိုသည့် စိတ်ရှိကြသောသူများသည် သခင်ယေရှု၏မျက်နှာပေါ်၌ တံတွေးများထွေးကြသည်။ ဤမျက်နှာတော်သည် ဘုရားသခင်၏ မြို့ တော်အတွက်အလင်းပေးပြီး၊ နေရောင်ခြည်ထက် အလင်းများလင်းထိန် စေမည်။ သခင်ခရစ်တော်ကမူ ဤရက်စက်ကြမ်းကြုတ်သော လူတွေ အပေါ် ဒေါသစိတ်ဖြင့်တစိုးတစိုးမျှပင် လှမ်းမကြည့်ခဲ့ပါ။ ထိုသူတို့သည် သူ့ခေါင်းကိုအဝတ်ဟောင်းဖြင့် ဖုံးအုပ်ပြီး သူမမြင်နိုင်အောင်ပြုလုပ်ပြီးမှ သူ့မျက်နှာကိုရိုက်ပုတ်၍ ပုရောဖက်စကားပြောစေသည်၊ “ကိုယ်တော်ကို ဘယ်သူပုတ်သည်ကို ပုရောဖက်ပြု၍ဟောတော်မူပါဟု ဆိုကြ၏” (လု ကာ ၂၂း၆၄)။

          အချို့သောသူ၏တပည့်တော်များသည် သူ့အားစီရင်မှုပြုသည်ကို မြင်နိုင်ဖို့ တစ်နည်းနည်းအားဖြင့် ဝင်ရောက်မှုရရှိခဲ့သည်။ သူတို့မျှော်လင့် ထားသည်ကား၊ သူ၏တန်ခိုးတော်ကိုပြသဖို့၊ မိမိ၏ရန်သူလက်မှလွတ် မြောက်အောင်လုပ်ဖို့နှင့် သူ့အားရက်စက်စွာပြုမူသောသူတို့အား အပြစ် ဒဏ်ချမှတ်ဖို့ မျှော်လင့်ခဲ့သည်။ သူတို့၏မျှော်လင့်ချက်တို့သည် မြင်ကွင်း အမျိုးမျိုးအပေါ်၌ တက်လိုက်ကျလိုက်ဖြစ်ရတော့သည်။ တစ်ခါတစ်ရံသူ တို့အလိမ်ခံရပြီဟု သံသယစိတ်များဝင်လာသည်။ သို့ရာတွင် အသွင် ပြောင်းလဲခြင်းတောင်ပေါ်၌ သူတို့ကြားခဲ့ရသော အသံတော်ကိုသော် လည်းကောင်း၊ တွေ့ရှိခဲ့သောဂုဏ်တော်ဖော်ပြချက်တို့ကို ပြန်လည်သတိ ရမြင်ယောင်ပြီး သူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း အသိ စိတ်ဝင်လာပြီး ယုံကြည်ခြင်းခွန်အားပြည့်ဝလျက် ရှိကြသည်။ သူတို့ တွေ့ခဲ့မြင်ခဲ့ရသည်များကို သတိပြန်ရ၍၊ ဖျားနာသူတို့အား အံ့ဖွယ်ရာ ကုသခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ကန်းသောသူတို့အား မြင်စေသည်၊ နားပင်းသူတို့အားကြားစေသည်၊ နတ်ဆိုးများကို ပြောဆိုနှင်ထုတ်ခြင်း များကိုလည်းကောင်း၊ သေသူတို့အား ပြန်လည်ရှင်ပြန်စေခြင်းကို လည်း ကောင်း ပင်လယ်နှင့်မုန်တိုင်းလေတို့အား ငြိမ်သက်စေခြင်းများကို သူတို့ မြင်ခဲ့ရသည်။

          သူတို့သည် ယေရှုအသေခံရမည်ကိုမယုံနိုင်ကြပါ။ သူတို့မျှော်လင့် ထားသည်ကား ယေရှုသည် တစ်ဖန်တန်ခိုးတော်ပြသပြီး၊ ကြီးမားသော သြဇာအာဏာ စကားတို့ဖြင့်သွေးဆောင်သော လူအုပ်ကြီးတို့အားခွဲထုတ် ဖို့၊ သူဗိမာန်တော်ထဲသို့ဝင်ပြီး ရောင်းသူ၊ ဝယ်သူ၊ ဖောက်ကားသူနှင့် ငွေလဲလှယ်သူတို့အား ဘုရားသခင်၏အိမ်တော်ကို ဈေးပွဲသဘင်အဖြစ်ပြု လုပ်သည့်အတွက် ဗိမာန်တော်မှမောင်းထုတ်သည့်ဩဇာမျိုးဖြင့် မြင်တွေ့ လိုကြသည်။ တပည့်တော်များ မျှော်လင့်ထားသည်ကား ယေရှုသည် သူ၏တန်ခိုးတော်ကိုပြသ၍ဣသရေလတို့၏ဘုရင်ဖြစ်ကြောင်းကိုအစွမ်း တန်ခိုးပြစေလိုပါသည်။

          ယုဒရှကာရုတ်၏အပြစ်ဝန်ခံခြင်း - ယုဒရှကာရုတ်သည် သူပြု ခဲ့သောသစ္စာမဲ့မှုနှင့် ယေရှုအားသစ္စာဖောက်ခဲ့သောအဖြစ်ကို ခါးသီးသည့် နောင်တရခြင်းနှင့် အရှက်ကြီးစွာရရှိခဲ့သည်။ ကယ်တင်ရှင်သည် သူ့အား စော်ကားမှုတို့အပေါ် သည်းခံသည်ကိုမြင်သောအခါမှာ၊ သူဝမ်းနည်းပက် လက်ဖြစ်ခဲ့ရသည်။ သူသည် ယေရှုအားချစ်မြတ်နိုးသည်။ သို့သော် ငွေကိုပို၍ မက်မောသည်။ သူခေါ်ဆောင်လာသောလူအုပ်ကြီးအား ယေရှု အဖမ်းခံရမည်ကို သူမထင်မှတ်ခဲ့ပါ။ သူထင်မှတ်ခဲ့သည်ကား ယေရှုသည် အံ့ဖွယ် ပြုလုပ်၍ မိမိကိုယ်ကို လွတ်အောင်ပြုလုပ်မည်ဟု ထင်ခဲ့သည်။ သို့ရာတွင် ဒေါသထွက်ပြီးသွေးဆာနေသောလူအုပ်ကြီးအား တရားစီရင် ခြင်းခန်းမတွင် မြင်သောအခါမှာ၊ သူပြုလုပ်ခဲ့သည့်အပြစ်အပေါ် နာကျင် စွာခံစားခဲ့ရသည်။ များစွာသောလူတို့သည် ယေရှုအားအလွန်ရှုတ်ချခြင်း ပြုသောအချိန်တွင် သူသည် လူအုပ်ကြီးကြားထဲသို့ဝင်ရောက်ပြီး သူသာ လျှင်အပြစ်မဲ့သောသူ၏အသွေးကို ပြစ်မှားမိခဲ့ကြောင်း ဝန်ခံခဲ့သည်။ ယဇ် ပုရောဟိတ်တို့အား သူ့ကိုပေးသော ငွေစတို့ကို ပြန်ပေးဖို့ပြောသည်။ ယေရှုမှာအပြစ်မရှိသောကြောင့် သူ့ကိုပြန်လွှတ်ဖို့တောင်းပန်ခဲ့သည်။

          တဒင်္ဂအတွင်းမှာပင် ယဇ်ပုရောဟိတ်တို့သည် ဒေါသနှင့်စိတ်ရှုပ် ထွေးမှုရောနှောပြီး ဘာမျှမပြောဘဲနှင့် တိတ်ဆိတ်လျက်နေကြသည်။ သူတို့အနေဖြင့် ယေရှု၏နောက်လိုက်တစ်ဦးကို ငှားရမ်းပြီး သူ့အားသစ္စာ ဖောက်၍ သူတို့လက်ထဲသို့ရောက်ရှိအောင်ပြုလုပ်ထားသည်ကို လူအုပ် တို့ကိုမသိစေချင်ပါ။ ယေရှုကိုသူတို့က သူခိုးသူဝှက်ကဲ့သို့ အမိအရလိုက် ဖမ်းနေသည်ကို လူတို့အား မသိစေလိုပါ။ ယေရှုအားသူတို့လျှို့ဝှက်စွာ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။ သို့ရာတွင် ယုဒရှကာရုတ်၏ အပြစ်ဝန်ခံ ချက်နှင့် သူ၏နုံချာနေသောအသွင်ကိုမြင်ရခြင်းအားဖြင့် ယဇ်ပုရောဟိတ် တို့သည် မုန်းတီးခြင်းကြောင့် ယေရှုကိုဖမ်းဆီးခဲ့ကြောင်း လူတွေအရှေ့၌ ပေါ်သွားတော့သည်။ ယုဒရှကာရုတ်သည် ကျယ်လောင်စွာဖြင့် ယေရှု အပြစ်မရှိကြောင်း ကြေညာသော အချိန်၌ ယဇ်ပုရောဟိတ်တို့က ဤသို့ ပြောဆိုသည်၊ “ငါတို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကိုကိုယ် ကြည့်လော့” (မဿဲ ၂၇:၄)။ သူတို့၏ လက်ထဲ၌ ယေရှုရောက်ရှိနေပြီ ဖြစ်၍ သူတို့စီမံချက်အတိုင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်ကြသည်။ ယုဒရှကာရုတ်သည် အလွန်စိတ်ထိခိုက်ပြီး၊ ယခုတွင်သူရွံမုန်းသောငွေကို သူ့ကိုငှားရမ်းခဲ့သောထိုယဇ်ပုရောဟိတ်တို့၏ ခြေတော်ရင်းသို့ပစ်ချပြီး အခြားနေရာသို့ထွက်သွား၍ မိမိကိုယ်ကိုဆွဲကြိုးချ သေလေ၏။

          လူစုလူဝေးအတွင်း၌ ယေရှုအတွက် သနားခြင်းကရုဏာရှိကြသူ အများအပြားရှိနေကြသည်။ အမေးခံရသောမေးခွန်းများတို့ကို မဖြေဘဲ နှင့်နေသည်ကို လူအုပ်ကြီးအား အံ့သြမှုဖြစ်စေသည်။ လူအုပ်ကြီး၏ လှောင်ပြောင်ခြင်းနှင့် အကြမ်းဖက်မှုတို့အောက်မှ သူသည် မျက်မှောင် ကြုတ်ခြင်း၊ စိတ်သောကရောက်သော အမူအရာတို့တစိုးတစိမျှသူမပြသ ခဲ့ပါ။ သူသည် သိက္ခာရှိစွာနှင့်စိတ်ထိန် သိမ်းမှုရှိသည်။ သူ့ကို ကြည့်ကြ သောလူတို့သည် အထူးပင်အံ့သြမှုရှိကြသည်။ သူ၏တည်ကြည်ခန့်ညား သောအသွင်ကိုကြည့်ပြီး လူများတို့သည် သူ့အား စစ်ဆေးမေးမြန်းကြ သောသူတို့နှင့်နှိုင်းယှဉ်ကြသောအခါမှာ သူတို့တစ်ဦးနှင့်တစ်ဦး အချင်း ချင်းပြောဆိုလျက် ယေရှုသည် အုပ်ချုပ်သောသူတို့နှင့်စာလျှင် သူ၏အမှု အရာတို့မှာ ဘုရင်တစ်ပါးအသွင်နှင့်ပို၍တူသည်ဟု တီးတိုးပြောဆိုကြ သည်။ သူသည် ရာဇဝတ်သားတစ်ဦးနှင့်လုံးဝမတူပါ။ သူ၏ မျက်လုံးများ သည် နူးညံ့သိမ်မွေ့သည်၊ ရှင်းလင်းသည်၊ ကြောက်ရွံ့ခြင်း တစ်စုံတစ်ရာ မျှမရှိပါ။ သူ၏နဖူးမှာကျယ်ပြီး မြင့်တက်လျက်ရှိသည်။ အသွင်အပြင် တိုင်းမှာသနားကြင်နာတတ်ခြင်းနှင့် မြင့်မြတ်ခြင်းတို့နှင့် ပြည့်ဝလျက်ရှိ သည်။ သူ၏စိတ်သည်းခံမှုနှင့်မိမိကိုယ်ကို ထိန်းသိမ်းခြင်းရှိ၍ အခြားသူ တစ်ဦးတစ်ယောက်နှင့်မျှမတူဘဲရှိသည်။ဟေရုဒ်မင်းနှင့်ပိလတ်မင်းတို့ပင် လျှင် သူ၏ မြင့်မြတ်မှုနှင့် ဘုရားကဲ့သို့သော အမူအရာတို့ကြောင့် စိတ် မသက်မသာဖြစ်ခဲ့ရသည်။

          ယေရှုပိလတ်မင်းရှေ့မှောက်ဝယ် - အစကနဦးကတည်းက ပိ လတ်မင်းသည်ယေရှုမှာသာမန်လူတစ်ယောက်မဟုတ်ကြောင်း ယုံကြည် လက်ခံခဲ့သည်။ သူသည် ဤသူမှာ အကျင့်စာရိတ္တအထူးကောင်းမွန်ပြီး သူ့ကိုစွပ်စွဲသော အကြောင်းအရာများနှင့် လုံးဝအပြစ်မရှိကြောင်း ယုံ ကြည်ခဲ့သည်။ အဖြစ်အပျက်အားလုံးတို့ကို မြင်နေရသော ကောင်းကင် တမန်သည် ရောမဘုရင်ခံ၏ ယုံကြည်ချက်ကို မှတ်ယူမိ၍ ထိုသူအား ယေရှုကို မနှစ်လိုဖွယ်သောအဖြစ်နှင့်ခရစ်တော်ကို လက်ဝါးကပ်တိုင်၌ အသေခံဖို့စေလွှတ်သောသူမဖြစ်ရလေအောင် ကောင်းကင်တမန်တစ်ပါး အား ပိလတ်မင်း၏ ဇနီးထံသို့စေလွှတ်၍ သူမအား အိပ်မက်အားဖြင့် သူ့ ခင်ပွန်းကိုင်တွယ်နေသောအမှုမှာ ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ပြောပြစေသည်။ ထိုသူမှာ အပြစ်မရှိဘဲ ဒုက္ခဆင်းရဲခြင်း ခံနေရကြောင်း ပြောပြသည်။ ပိလတ်မင်း၏ဇနီးမှာ ချက်ချင်းပင် သူမ၏ခင်ပွန်းထံသို့ သတင်းပို့လိုက်သည်။ သူမပြောသောစကားမှာ အိပ်မက်၌သူမဒုက္ခ အမျိုး မျိုးခံခဲ့ရသည်။ ယေရှုကြောင့်သူမစိတ်ဆင်းရဲခဲ့ရသည်။ ဤသန့်ရှင်းသော လူအား ဘယ်သို့သောဒုက္ခပေးခြင်းကို သူမပါဝင်ဖို့ သူ့ဇနီးကသတိပေး သွားသည်။ သူမ၏သတင်းပို့သောတမန်သည် လူအုပ်ကြီးထဲသို့ လျင်မြန် စွာတိုးဝင်ပြီး ပိလတ်မင်းအားစာကို ပေးလိုက်သည်။ ထိုစာကိုသူဖတ် သောအခါ သူတုန်လှုပ်ပြီး ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့၍ ချက်ချင်းပင်ခရစ် တော်အား အသေသတ်ခြင်းနှင့်ပတ်သက်၍ သူနှင့်လုံးဝမပတ်သက် ကြောင်း ဆုံးဖြတ်ခဲ့သည်။ အကယ်၍သာ ယုဒလူတို့သည် ယေရှု၏ အသွေးတော်ကိုလိုလားပါက၊ သူလိုက်လျောမှုမပြုဘဲ ယေရှုကိုသာ လွတ် မြောက်ဖို့ကူညီမည်။

          ဟေရုဒ်မင်းထံသို့ပို့ဆောင်ခြင်း - ပိလတ်မင်းသည် ဟေရုဒ်မင်း ယေရုရှလင်မြို့၌ရှိကြောင်းကြားသောအခါ သူ၏စိတ်ထဲ၌ ကြီးစွာသက် သာရာရသွားသည်။ သူသည် ယေရှုအားစီရင်ချက်ချခြင်းနှင့် ရှုတ်ချခြင်း အားလုံးတို့နှင့် ကင်းလွတ်ဖို့ မျှော်လင့်ခဲ့သည်။ ချက်ချင်းပင်ယေရှုနှင့် သူ့ကိုစွပ်စွဲကြသူတို့အား ဟေရုဒ်မင်းထံသို့ ပို့လိုက်သည်။ ဟေရုဒ်မင်း သည် အပြစ်နွံ၌ စိတ်ခက်ထန်လျက်ရှိသည်။ ဗတ္တိဇံဆရာယောဟန်ကို အသေသတ်ခဲ့သောအပြစ်သည် သူ့နှလုံးထဲ၌ဖျက်၍မရနိုင်သော အစွန်း အထင်းတစ်ခုဖြစ်ခဲ့သည်။ သူသည် ယေရှုအကြောင်းကို ကြားသိရသော အချိန်၌ သူကြောက်ရွံ့တုန်လှုပ်ခဲ့သည်။ ဗတ္တိဇံဆရာယောဟန်သေခြင်း မှထမြောက်လာသည်ဟု သူယုံကြည်ခဲ့သည်။ ပိလတ်မင်းသည် ယေရှုကို သူ့အားလွှဲအပ်ပေးသောအချိန်တွင် ဟေရုဒ်မင်းသည် သူ၏အာဏာနှင့် တန်ခိုးတော်စီရင်ချက်ကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ယူဆခဲ့သည်။ ဤနည်းအားဖြင့် ယခင်ကရန်သူများဖြစ်ခဲ့ရာမှ ယခုတွင်မူ ဤအုပ်ချုပ်သူ တို့နှစ်ဦးမှာ မိတ်ဆွေများ ဖြစ်လာခဲ့ကြတော့သည်။ ဟေရုဒ်မင်းသည် ယေရှုကိုမြင်သောအခါ၌ ကျေနပ်မှုရှိသွားသည်။ သူ့အတွက်ကျေနပ်စရာ ဖြစ်အောင် ကြီးမားသောအံ့ဖွယ်ရာများကိုလုပ်ပေးဖို့ မျှော်လင့်ခဲ့သည်။ သို့ရာတွင် ယေရှုအတွက်မှာမူ စပ်စုလိုသောဟေရုဒ်မင်း၏ စိတ်ကို ကျေနပ်မှုပေးဖို့ သော်လည်းကောင်း၊ သူ၏စိတ်ချယုံကြည်မှုရရှိဖို့အတွက် သော်လည်းကောင်း စိတ်ဝင်စားမှုမရှိခဲ့ပါ။ သူသည် သူ၏ဘုရားဇာတိ အံ့ဖွယ်သောတန်ခိုးတော်ကို အခြားသောသူတို့အတွက် ကယ်တင်ခြင်းကို ပြုလုပ်ပေးချင်ပါသည်။ သူ့အတွက်ကိုမူ ဤအံ့ဖွယ်သောတန်ခိုးတော်ကို အသုံးပြုမည်မဟုတ်ပါ။

          ဟေရုဒ်မင်းမေးသည့်မေးခွန်းမြောက်မြားစွာတို့ကို အဖြေတစ်ခုမျှ မပေးခဲ့ပါ။ သူ၏ရန်သူများကိုလည်း သူ့အား စွပ်စွဲချက်များစွာပြုလုပ် သော်လည်း သူအဖြေမပေးခဲ့ပါ။ ဟေရုဒ်မင်းသည် ယေရှုအပေါ်၌ဒေါသ အလွန်ထွက်ခဲ့သည်။ အကြောင်းမှာ ယေရှုသည် သူ၏အာဏာအစွမ်းများ ကို ကြောက်ရွံ့ပုံမရှိခဲ့ပါ။ သို့ဖြစ်၍ သူသည် သူ၏စစ်သားများနှင့်အတူ ရှုတ်ချခဲ့သည်။ ဘုရား၏သားတော်အား လှောင်ပြောင်ခြင်းနှင့်စော်ကား မော်ကားပြုခဲ့သည်။ သို့ရာတွင် ယေရှုအား ရှက်ဖွယ်ကောင်းအောင် စော်ကားမော်ကားပြုလုပ်လျက်နှင့် ဘာတစ်ခုမျှမပြောဘဲ မြင့်မြတ်၍ ဘုရားအသွင်ဆောင်သောယေရှုကိုမြင်၍ အလွန်အံ့သြလျက်ရှိကြသည်။ သို့ဖြစ်၍ဟေရုဒ်မင်းသည် ယေရှုကိုပြစ်တင်ရှုတ်ချဖို့ကြောက်သည့် အတွက် သူ့ကိုတစ်ဖန်ပြန်၍ပိလတ်မင်းထံသို့ပြန်ပို့သည်။

          စာတန်မာရ်နတ်နှင့် သူ၏တမန်တို့သည် ပိလတ်မင်းကိုသွေး ဆောင်လျက်ရှိပြီး သူ၏ ပျက်စီးရာပျက်စီးကြောင်းသို့ ဆွဲခေါ်လျက်ရှိ သည်။ သူတို့သည် ပိလတ်မင်းအားယေရှုကိုရှုတ်ချဖို့ငြင်းဆိုခဲ့လျှင် အခြား သောသူတို့ကပြုလုပ်ကြလိမ့်မည်။ လူအုပ်ကြီးက ယေရှု၏အသွေးတော် ကို လိုလားလျက်ရှိသည်။ အကယ်၍သာ ပိလတ်မင်းက ယေရှုကိုလက်ဝါး ကပ်တိုင်ပေါ်သို့ အသေသတ်ခံဖို့မပေးပို့လျှင်၊ သူသည် သူ၏အာဏာနှင့် မြေကြီးသားတို့၏ ပိုင်ဆိုင်မှုဂုဏ်အသရေကို အဆုံးရှုံးခံရမည်ဖြစ်ပြီး၊ သူ့ကိုလည်းအယောင်အဆောင်သမားကို ယုံကြည်သောသူအဖြစ် ရှုတ်ချ ခြင်းခံရလိမ့်မည်။ ပိလတ်မင်းသည် သူ၏ ရာထူးအာဏာတို့ကို အဆုံးရှုံး ခံရမည်စိုး၍ ယေရှုအားအသေသတ်ခြင်းကို သဘောတူခဲ့ရသည်။ ယေရှု ၏အသွေးတော်ကို သူ၏စွပ်စွဲသူတို့အပေါ်၌ လွှဲပြောင်းသွားသည့်တိုင် အောင် ပိလတ်မင်း၏ တာဝန်ပတ်သက်မှုမှမကင်းခဲ့ပါ။ လူအုပ်ကြီးမှာမူ ယေရှု၏အသွေးတော်ကို သူတို့အပေါ်၌လွှဲချခြင်းကို ဝမ်းသာစွာ လက်ခံ ယူလိုကြသည်။ ထိုသူတို့ကအော်ဟစ်သည်မှာ၊ “သူ၏ အသွေးသည် ငါတို့၏ ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့၏ ခေါင်းပေါ်၌လည်း ကောင်းတည်ရှိပါစေဟု ပြန်ပြောကြ၏” (မဿဲ ၂၇း၂၅)။ ပိလတ်မင်း သည် သူ၏တစ်ကိုယ်ကောင်းဆန်သောပိုင်ဆိုင်မှု၊ ကမ္ဘာမြေကြီးတို့၏ ကြီးမြတ်သောလူတို့ထံမှ ဂုဏ်အသရေချစ်မြတ်နိုးမှုကြောင့် အပြစ်မဲ့ သောသူ တစ်ဦးကိုပေးပို့ခဲ့သည်။ အကယ်၍သာ ပိလတ်မင်းသည် မိမိ၏ အမြင်မှန် ယုံကြည်ထားသလိုလိုက်လျှောက်မည်ဆိုလျှင်၊ ယေရှုကိုရှုတ်ချ ခြင်းနှင့်ပတ်သက်၍ သူ၌လုပ်စရာအကြောင်းလုံးဝရှိမည်မဟုတ်ပါ။

          ယေရှု၏ပုံပန်းသဏ္ဌာန်နှင့်မြွက်ဆိုချက်တို့သည် သူ့အားစစ်ဆေး မေးမြန်းခြင်းကာလ၌ရှိကြသော များစွာသောသူတို့အပေါ်၌ အတွေးခံစား ချက်များဖြင့် ရိုက်ခတ်ခဲ့သည်။ ဤပတ်သက်မှု၏ရလဒ်မှာ သူပြန်လည် ရှင်ပြန်ထမြောက်လာသောအချိန်၌ ပေါ်လွင်လာလျက်ရှိသည်။ အသင်း တော်သို့ ဝင်ရောက်လာကြသော အသင်းသားသစ်များထဲတွင် သူတို့၏ ယုံကြည်ချက်တို့မှာ ယေရှုအားစစ်ဆေးစီရင်ခဲ့သောအချိန်မှ စတင်ခဲ့ခြင်း ပင်ဖြစ်သည်။

          စာတန်မာရ်နတ်၏ ဒေါသသည် ကြီးမားလျက်ရှိသည်။ ယေရှုအ ပေါ်သို့ ယုဒလူတို့အား ရက်စက်ကြမ်းကြုတ်မှုပြုစေရန် သူ၏ ဆော်သြမှု သည် အရာမရောက်ခဲ့ပါ။ ယေရှုထံမှမကျေနပ်သည့်အသံတစ်စုံတစ်ရာ မထွက်လာခဲ့ပါ။ ယေရှုသည် လူသားဇာတိကိုခံယူခဲ့သော်လည်း ဘုရား နှင့်ဆိုင်သောစိတ် လှုပ်ရှားတုန်လှုပ်ခြင်းမရှိသည့် ရဲစွမ်းသတ္တိကို ပိုင်ဆိုင် ထား၍ သူ့ဖခမည်းတော်၏အလိုတော်မှ တစိုးတစိမျှသွေဖည်ပြီး မသွား ခဲ့ပါ။

 

ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌အသေသတ်ခံရခြင်း”

          ဘုရားသခင်၏တန်ဖိုးရှိလှသော သားတော်ယေရှုခရစ်သည် လူ အုပ်ထံသို့အပ်နှံ၍ လက်ဝါးကပ်တိုင်အပေါ်၌အသေသတ်ခြင်းခံရဖို့ ဆွဲ ထုတ်ခြင်းခံရသည်။ အနီးပတ်ဝန်းကျင်မှ တပည့်တော်များနှင့် ယုံကြည် သူတို့သည် ယေရှုအား ကရာနီတောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားသော အချိန်တွင် လိုက်ပါသွားသောလူအုပ်ကြီးနောက်သို့ ရောနှောလိုက်ပါသွား ကြသည်။ ယေရှု၏မိခင်သည်လည်း ချစ်လှစွာသောတပည့်တော်ယော ဟန်၏ဖေးမကူညီမှုဖြင့် လိုက်ပါသွားလျက်ရှိသည်။ သူမ၏နှလုံးသားတို့ သည် ပြော၍မထွက်နိုင်သော ပြင်းစွာသော နာကျင်ခြင်းဝေဒနာတို့ဖြင့် ခံစားနေရပါသည်။ သို့ရာတွင် တပည့်တော်များကဲ့သို့ပင် ဤနာကျင် သောမြင်ကွင်းသည် ပြောင်းလဲသွားဖို့မျှော်လင့်ခဲ့သည်။ ယေရှုအနေဖြင့် သူ၏တန်ခိုးတော်များကိုအသုံးပြုပြီး သူ၏ရန်သူများအရှေ့တွင် ဘုရား သခင်၏သားတော်ဖြစ်ကြောင်း ထင်ပေါ်သွားစေရန် သူတို့မျှော်လင့်ခဲ့ သည်။ တစ်ဖန် သူ့မိခင်၏နှလုံးသားတို့သည် ထိုနေ့၌ဖြစ်ပျက်သမျှတို့ တွင် ယေရှုပြောခဲ့သောစကားများကို ပြန်လည်သတိရသောအချိန် သူမ ၏နှလုံးသားတို့သည် ပြန်၍နစ်မွန်းသွားရသည်။

          ယေရှုသည် ပိလတ်မင်း၏ အိမ်တော်ကိုဖြတ်ကျော်ပြီးမကြာမီမှာ ပင် ကျော်ကြားသူလူဆိုးဗာရဗ္ဗအတွက် ပြင်ဆင်ထားသောလက်ဝါးကပ် တိုင်ကို ထုတ်ယူပြီး ယေရှု၏ပွန်းပဲ့ပြီး သွေးယိုစီးလျက်ရှိသောပခုံးပေါ် တွင် တင်လိုက်ကြသည်။ ဗာရဗ္ဗ၏အဖော်သူခိုးနှစ်ယောက်အတွက် လက် ဝါးကပ်တိုင်များကိုလည်း တင်ပေးလိုက်သည်။ ဤသူခိုးနှစ်ယောက်မှာ ယေရှုနှင့်အတူတစ်ပြိုင်တည်း အသေသတ်ခြင်းခံရမည်။ ကယ်တင်ရှင် သည် သူ၏လေးလံသောဝန်ထုပ် လက်ဝါးကပ်တိုင်ကို ခဏတာမျှထမ်း နေရသောအချိန်တွင် သွေးယိုစီးမှုများနှင့် ပြင်းထန်သောပင်ပန်းခြင်း၊ နာကျင်မှုများကြောင့်မူးမေ့၍ မြေကြီပေါ်သို့ လဲကျသွားသည်။

          ယေရှုသတိပြန်ရလာသောအချိန်တွင် ထိုလက်ဝါးကပ်တိုင်ကို သူ့ အပေါ်သို့တစ်ဖန်တင်လိုက်ပြီး ရှေ့သို့အတင်းခေါ်ဆောင်သွားခဲ့သည်။ ထို လေးလံသောဝန်ထုပ်ကို သူဒယိမ်းဒယိုင်နှင့် ခြေလှမ်းအနည်းငယ်လှမ်း သွားပြီး အခိုက်အတန့်မှာပင် မြေကြီးပေါ်သို့ အသက်မရှိသော လူတစ် ယောက်ကဲ့သို့ လဲကျသွားပြန်သည်။ ထိုအချိန်၌ သူသေသွားပြီဟုထင်ကြ သော်လည်း နောက်ဆုံးတွင် သတိပြန်ရလာပြီးပြန်ထလာသည်။ သူဒုက္ခ ဆင်းရဲခံနေရခြင်းအတွက် ယဇ်ပုရောဟိတ်များနှင့်အုပ်ချုပ်သောသူတို့က တစ်စက်မျှ သနားကြင်နာခြင်းမရှိခဲ့ပါ။ သို့ရာတွင် သူတို့မြင်သွားသည် ကား ယေရှုသည် ဤလေးလံသော လူကိုနှိပ်စက်သည့်ကိရိယာကို ဘယ် နည်းနှင့်မျှဆက်ပြီး မသယ်ဆောင်နိုင်ကြောင်း သိကြသည်။ ဘာဆက်၍ လုပ်ရမည်ကို သူတို့စဉ်းစားနေချိန်တွင် ကုရုနေပြည်သားရှိမုန်က သူတို့ နှင့်ဆန့်ကျင်ပြီးရောက်ရှိလာသည်။ ထိုသူအားအနိုင်ကျင့်ပြီး လက်ဝါးကပ် တိုင်ကိုထမ်းစေသည်။ ရှိမုန်၏သားသမီးများသည် ယေရှု၏တပည့်တော် များဖြစ်ကြသည်။ သို့ရာတွင် သူကိုယ်တိုင်မှာမူ ယေရှုနှင့်ဆက်စပ်မှုတစ် ခါမျှမရှိခဲ့ပါ။

          များပြားသောလူအုပ်ကြီးသည် ကယ်တင်ရှင်နောက်သို့ လိုက်ပါ ကာ ကရာနီအမည်ရှိသောအရပ်သို့ လိုက်သွားကြသည်။ ထိုအထဲ၌ လူ အများစုက လှောင်ပြောင်ခြင်းနှင့်ရှုတ်ချခြင်းများပြုကြသည်။ သို့ရာတွင် အချို့သောသူတို့မှာမူ ငိုယိုပြီးပြန်လည်၍သူ၏ဂုဏ်တော်ကိုချီးမွမ်းလျက် ရှိသည်။ ရောဂါဝေဒနာအမျိုးမျိုးဖြင့် ဖျားနာသောကြောင့် သူကုပေးခဲ့ သောသူများနှင့် သေခြင်းမှရှင်ပြန်ထမြောက်စေသောသူတို့သည် သူပြု လုပ်ခဲ့သော အံ့ဖွယ်လုပ်ငန်းများပြုခဲ့ခြင်းကို သက်သေခံ၍ ဘာကြောင့် သူသည် ရာဇဝတ်သားကောင်ကဲ့သို့ ပြုမူဆက်ဆံခြင်းခံရသည်ကို သိလို ကြ၏။ လွန်ခဲ့သောရက်အနည်းငယ်အချိန်၌ သူ၏နောက်တော်သို့လိုက် ကြပြီး ဟောရှဏ္ဏဟုပျော်ရွှင်စွာ အော်ဟစ်၍ သစ်ကိုင်းသစ်ခက်များဖြင့် ဝှေ့ယမ်းလျက် ယေရုရှလင်မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ကြသည်။ သို့ရာတွင် သူ၏ဂုဏ်တော်ကိုချီးမွမ်းထောမနာပြုခဲ့သောသူတို့သည် ယခု အချိန်၌ “သူ့ကိုလက်ဝါးကပ်တိုင်မှာရိုက်ထားပါ၊ လက်ဝါးကပ်တိုင်ပေါ်မှာ ရိုက်ထားပါ” ဟူ၍ အော်ဟစ်တောင်းဆိုကြပါတော့သည်။

          လက်ဝါးကပ်တိုင်ပေါ်မှာရိုက်ထားခြင်း - လူသတ်ကုန်းပေါ် ရောက်ကြသောအခါတွင် သေမိန့်ကျရောက်သောသူတို့အား လူတွေကို ညှဉ်းဆဲသည့်လက်ဝါးကပ်တိုင်ပေါ်မှာ ချုပ်နှောင်ထားကြသည်။ သူခိုး နှစ်ဦးမှာပင် ချုပ်ကိုင်ထားသောသူတို့နှင့် ရုန်းကန်လုံးပန်းကြသော်လည်း၊ ယေရှုသည် ထိုသို့ရုန်းကန်ခြင်းမပြုခဲ့ပါ။ ယေရှု၏မိခင်သည် ပြင်းစွာသော ဝေဒနာခံစားချက်ဖြင့်ကြည့်ပြီး၊ ယေရှုသည် သူ့ကိုယ်သူကယ်ထုတ်ဖို့ အံ့ဖွယ်သောအလုပ်တစ်ခုခုကို ပြုလုပ်သွားရန် မျှော်လင့်ခဲ့သည်။ မိခင် သည် ယေရှု၏လက်များကို လက်ဝါးကပ်တိုင်ပေါ်၌ ဆန့်ထုတ်ကြသည် ကိုမြင်ရသည်။ ထိုလက်တော်များသည် ကောင်းချီးမင်္ဂလာပေးဖို့အသုံးပြု ခဲ့သည်။ ဒုက္ခဆင်းရဲခြင်းခံရသော သူတို့အား ကုသဖို့ အသုံးပြုခဲ့သည်။ ယခုအချိန်မှာမူ တူနှင့်သံများထုတ်လာကြပြီး ခြေ၊ လက်တို့ကို နူးညံ့သည့် အသားထဲသို့ သံမှိုရိုက်ထည့်လိုက်ပါပြီ။ နှလုံးသားထိုးနှက်ခြင်းခံရသော တပည့်တော်များသည် မူးမေ့သွားသော ခရစ်တော်၏မိခင်ကို ထိုရက်စက် သောမြင်ကွင်းမှသယ်ဆောင်သွားကြသည်။

          ယေရှုသည် မကျေနပ်သည့်ညည်းညူသံဖြင့် တစ်ခွန်းတစ်ပါဒမျှ မပြောဆိုခဲ့ပါ။ သူ၏မျက်နှာတော်သည် ဖြူဖပ်ဖြူရော်နှင့် တည်ငြိမ်အေး ချမ်းလျက်ရှိသည်။ သို့ရာတွင် ကြီးမားသော ချွေးသီးချွေးပေါက်များမှာ သူ၏နဖူးပေါ်၌ ခိုအောင်းလျက်ရှိသည်။ သနားကြင်နာတတ်သောလက် များဟူ၍ ထိုသေခြင်း၏ ချွေးသီးချွေးပေါက်များကို သုတ်ပေးရန်မရှိပါ။ ကိုယ်ချင်းစာတတ်သော နှစ်သိမ့်စကားများနှင့် မပြောင်းလဲသောသစ္စာခံ မှုများသည် သူ၏လူသားနှလုံးသားကို ပျော်ရွှင်စေခြင်းမပြုခဲ့ကြပါ။ သူ သည် ဤဒုက္ခဆင်းရဲခြင်းကို တစ်ဦးတည်းသာခံယူနေရသည်။ မည်သူ တစ်ဦးတစ်ယောက်မျှ သူနှင့်အတူမရှိကြပါ။ စစ်သားများသည် သူတို့၏ ကြောက်စရာကောင်းသောအလုပ်ကို ပြုလုပ်နေစဉ်နှင့် အလွန်ပြင်းစွာ သောဝေဒနာကိုခံစားနေရချိန်တွင် ယေရှုသည် သူ၏ ရန်သူများအတွက် ဤသို့ဆုတောင်းပေးခဲ့သည်။ “အိုအဖ၊ သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြဟု မြွက်ဆိုတော်မူ၏” (လုကာ ၂၃:၃၄)။ ထိုသို့ခရစ်တော်သည် သူ၏ရန်သူအတွက် ဆုတောင်းချက်မှာ တစ်ကမ္ဘာလုံးကို ပွေ့ဖက်လျက်ရှိသည်။ အသက်ရှင်ခဲ့ပြီးသော အပြစ် သားတို့နှင့်ကမ္ဘာဆုံးခန်းချိန်အထိ အသက်ရှင်ကြမည့်အပြစ်သား အားလုံး တို့ကိုပါ ခြုံငုံပေးလျက်ရှိသည်။

          ယေရှုအားသံမှိုဖြင့်ကပ်တိုင်ပေါ်သို့ ရိုက်ထည့်ပြီးသောအချိန်တွင် ခွန်အားကြီးသောလူအချို့တို့က ထိုလက်ဝါးကပ်တိုင်ကို စီစဉ်ထားသော မြေကြီးအပေါက်ထဲသို့ ဆောင့်ထည့်လိုက်ကြသည်။ ဘုရားသခင်၏ သား တော်အတွက် ပြောပြ၍မရနိုင်လောက်သော နာကျင်မှုကို ခံစားနေရပါ သည်။ ထိုအချိန်တွင် အကြီးတန်သော မြင်ကွင်းထွက်ပေါ်လာသည်။ ယဇ် ပုရောဟိတ်များ၊ အုပ်စိုးသူများ၊ ကျမ်းပြုဆရာများသည် သူတို့၏သန့်ရှင်း သောရာထူးဂုဏ်သိက္ခာတို့ကိုမေ့သွားပြီး ရုတ်ရုတ်သဲသဲဖြစ်နေသော လူ အုပ်ကြီးနှင့်အတူ ဘုရားသခင်၏သားတော်ကို သေအံ့ဆဲဆဲဖြစ်နေချိန် တွင် လှောင်ပြောင်ရှုတ်ချခဲ့သည်။ သူတို့ပြောဆိုသော စကားများမှာ၊ “သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက် ရယ်ပြုကြသည်” (လုကာ ၂၃း၃၇)။ အချို့သော သူတို့က အချင်းချင်း ကပြက်ထိကပြက်ချော်ပြောသွားသည်မှာ၊ “ဤသူသည် သူတစ်ပါးတို့ ကိုကယ်တင်တတ်၏။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား” (မာကု ၁၅း၃၁)။ ဗိမာန်တော်အကြီးအကဲများ၊ စိတ်နှလုံးမာကျောခက်ထန်သော စစ်သားများ၊ လက်ဝါးကပ်တိုင်ပေါ်၌ရှိသော ယုတ်ညံ့သည့်သူခိုးနှင့် အောက်တန်းကျရက်စက်ကြမ်းကြုတ်သောလူအုပ်ကြီးတို့သည် အားလုံး ပေါင်း စည်းကြ၍ ခရစ်တော်ကိုစော်ကားသွားလျက်ရှိကြသည်။

          ယေရှုနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် ရှိနေသောသူခိုးနှစ်ဦး တို့သည်သူကဲ့သို့ပင် ကိုယ်ထိလက်ရောက် ညှဉ်းဆဲမှုကို ခံရကြသည်။ သို့ရာတွင် တစ်ဦးသာလျှင် မျှော်လင့်ချက်ကင်း၍ သေမထူးနေမထူးသော အခြေအနေကြောင့် သူ၏နှလုံးသားမှာလည်း မာကျောခက်ထန်သွား သည်။ သူ၏နာကျင်မှုကြားထဲက ယဇ်ပုရောဟိတ်တို့၏ လှောင်ပြောင် ခြင်းစကားကို ပဲ့တင်ထပ်၍၊ “သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို လည်းကောင်း၊ ငါတို့ကိုလည်းကောင်း ကယ်တင်လော့” (လုကာ ၂၃:၃၉)။ အခြားသူခိုးတစ်ယောက်မှာမူ စိတ်နှလုံးခိုင်မာခြင်းမရှိသော ရာဇဝတ် သားဖြစ်သည်။ သူ၏ အဖော်ရာဇဝတ်သားပြောသော မခန့်လေးစား စကားကိုကြားရသောအခါ၌ သူသည်ထိုလူအား ဤသို့ ဆူလိုက်သည်၊ “သင်သည် ဤသူနည်းတူပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကိုမကြောက် သလော။ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသဖြင့်ခံရကြ၏။ ဤသူမူကား ဘယ်အပြစ်ကိုမျှမပြုဟု ဆိုသည် (လုကာ ၂၃:၄၀၊၄၁)။ ထိုအခါ၌ သူ၏နှလုံးသားသည် ခရစ်တော်ထံသို့ ရောက်ရှိသွားသည်။ ကောင်းကင်မှအလင်းသည် သူ၏နှလုံးသားထဲသို့ဝင် ရောက်လာသည်။ ယေရှုသည် ညှဉ်းဆဲမှုကြောင့် ပွန်းပဲ့လှောင်ပြောင်ခြင်း ကို ခံရ၍ လက်ဝါးကပ်တိုင်အပေါ်၌ ချိတ်ဆွဲခြင်းခံရလျက်ရှိသည်။ ထိုသူ သည် သူ၏ ရွေးနုတ်ရှင်၊ သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ် ကြောင်းသူမြင်လာ၍ နှိမ့်ချသောစိတ်ယုံကြည်ချက်ဖြင့် တောင်းပန်လိုက် သည်၊ “သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွတော်မူသော အခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။”

          “ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏” (လုကာ ၂၃:၄၂၊၄၃)။           ကောင်းကင်တမန်များသည် အံ့သြမှုကြီးစွာဖြင့် ယေရှု၏မေတ္တာ တော်ကိုမြင်ကြရသည်။ ကိုယ်ကာယနှင့်နှလုံးသားရေးရာပြင်းထန်သည့် ဝေဒနာ ခံစားရလျက်နှင့် မိမိအတွက်မစဉ်းစားဘဲ နောင်တရလာသည့် အပြစ်သားကို ယုံကြည်ဖို့အားပေးခဲ့သည်။ သူ၏အသက်ထွက်လုဆဲဆဲ အချိန်တွင် လူသားများအပေါ်၌ ချစ်ခြင်းမေတ္တာကို ပြသခဲ့သည်။ ဤ မေတ္တာသည် သေခြင်းထက် အားကြီးလျက်ရှိသည်။ ကရာနီ၌မြင်ကွင်းကို ရှုမြင်ကြသောလူအများသည် နောက်ပိုင်း၌ ထိုဖြစ်စဉ်များကြောင့် ခရစ် တော်ကိုယုံကြည်ကြသောသူများဖြစ် လာသည်ကို သိရှိရကြသည်။

          ရန်သူများသည် ယေရှု၏သေခြင်းကို စိတ်ရှည်ခြင်းမရှိဘဲ စောင့် မျှော်နေကြသည်။ သူတို့မှန်းဆသည်က သူ၏သေခြင်းသည် ကောလာဟ လဖြစ်သော သူ၏ဘုရားတန်းခိုးတော်ရှိခြင်းနှင့်အံ့ဖွယ်ထူးခြားသော လုပ် ဆောင်ချက်တို့ကို အသံတိတ်သွားလိမ့်မည်ဟု ထင်မှတ်ကြသည်။ သူတို့ အချင်းချင်းနှင့်မိမိကိုယ်ကိုပြောလိုက်သည်မှာ နောင်တွင်သူနှင့်ပတ်သက် ပြီး တုန်လှုပ်ဖို့မလိုတော့ကြောင်း ထင်ကြသည်။ ခံစားချက်မရှိကြသော စစ်သားများသည် ယေရှု၏ အဝတ်အစားများကို အချင်းချင်း ခွဲဝေကြ သည်၊ သို့ရာတွင် ချုပ်ရိုးမပါရက်လုပ်ထားသော အထည်တစ်ခုအတွက် အဝေမတည့်ငြင်းခုံကြသည်။ သူတို့နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည် မှာ လောင်းကစားခြင်းဖြင့် ဆုံးဖြတ်ကြသည်။ အဖြစ်အပျက်မပေါ်မီ စေ့ ဆော်မှုအားဖြင့် ဤအဖြစ်ကို နှစ်ပေါင်းများစွာ ကြိုပြီးဟောကိန်းရှိခဲ့ သည်။ “ခွေးတို့သည် အကျွန်ုပ်ကို ဝိုင်းလျက်၊ စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏လက်ခြေတို့ကို ထိုးဖောက်ကြပါပြီ။ . . . အကျွန်ုပ်အဝတ်ကိုအချင်းချင်းခွဲဝေ၍၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြ ပါ၏” (ဆာလံ ၂၂း၁၆၊၁၈)။

          မိဘများကိုချစ်မြတ်နိုးခြင်းသင်ခန်းစာ - သူ၏သေခြင်းကို လာ ရောက်ကြည့်ရှုကြသော ပရိသတ်များအပေါ်၌ ယေရှု၏ မျက်စိများသည် ဝှေ့ရမ်းလျက် ဟိုဟိုသည်သည် ရှာလျက်ရှိသည်။ လက်ဝါးကပ်တိုင်၏ ခြေရင်းတွင် ခရစ်တော်၏မိခင်မာရ်အား ယောဟန်က ထိန်းထားသည်ကို သူမြင်ရသည်။ သူမသည် ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းသို့ တစ်ဖန်ပြန်ရောက်လာသည်။ သူမ၏သားတော်နှင့်ကြာကြာခွဲ၍ မနေနိုင် ပါ။ ယေရှု၏ နောက်ဆုံးသင်ခန်းစာမှာ မိမိတို့၏မိဘများအပေါ်၌ ထားရှိ ရမည့်ချစ်ခြင်းမေတ္တာအကြောင်းပင်ဖြစ်သည်။ဝမ်းနည်းပက်လက်ရှိသော သူ၏မိခင်၏မျက်နှာကို ကြည့်လိုက်သည်။ ထိုနောက် ယောဟန်ဘက်ကို လှည့်ကြည့်သည်။ တစ်ဖန် သူ၏မိခင်ကိုတစ်ဖန်ကြည့်ပြန်၍ မယ်တော် အား၊ “အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါ” ဟူ၍လည်းကောင်း၊ တပည့်တော်အားလည်း “သင်၏အမိကို ကြည့်ပါ” ဟူ၍လည်းကောင်း မိန့်တော်မူ၏။ (ယောဟန် ၁၉:၂၆၊၂၇)။ ယောဟန်သည် ယေရှု၏စကား နှင့်အားကိုးထိုက်သော သူ၏သန့်ရှင်းသော ဆက်ကပ်ခြင်းကို နားလည် သဘောပေါက်သည်။ သို့ဖြစ်၍ ခရစ်တော်၏မိခင်ကို ကြောက်မက်ဖွယ် ကောင်းသောကရာနိမြင်ကွင်းမှ ချက်ချင်း ခေါ်ဆောင်သွားသည်။ ထိုအခါ မှစ၍ ယောဟန်သည် တာဝန်သိတတ်သောသားတစ်ဦးကဲ့သို့ သူမကို ဂရုစိုက်ခဲ့သည်။ သူ၏အိမ်သို့ ခေါ်ဆောင်သွားသည်။ ခရစ်တော်၏မိဘ များအပေါ်၌ထားရှိသော သားသမီး များတို့၏ချစ်ခြင်းမေတ္တာသင်ခန်းစာ သည် ခေတ်ကာလအဆက်ဆက်၏ မြူမှုန်ကြားမှ မမှိန်သောအလင်း ကဲ့သို့ ထွန်းတောက်လျက်ရှိသည်။ ညှဉ်းပန်းနှိပ်စက်မှုကိုခံနေရစဉ်ပင် မိခင်နောင်ရေးအတွက် စီမံပေးမှုကို မမေ့လျော့ဘဲ လိုအပ်သမျှတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

          ခရစ်တော်၏ဘဝအသက်တာအမှုတော်သည် ဤမြေကမ္ဘာတွင် ပြီးမြောက်လုနီးပါပြီ။ သူ၏လျှာများခြောက်သွေ့၍ “ငါရေဆာပြီ” ဟူ၍ ပြောသည်။ စောင့်ကြည့်သူများက ရေမြှုပ်ဖြင့်ရှာလကာရည် (ပုံးရည်) ကိုဆွတ်ပြီး ဟုဿုပ်ပင်အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ ကပ်ထား ကြ၏။ ယေရှုသည် မြည်းစမ်းပြီးမှ ငြင်းဆိုလိုက်သည်။ ယခုချိန်တွင်မူ အသက်နှင့်ဂုဏ်တော်၏ သခင်သည် သေလုမြောပါးပင်ဖြစ်နေပြီ။ ဤ သည်မှာ လူသားမျိုးနွယ်အားလုံးအတွက် ရွေးနုတ်သောကြေးပင် ဖြစ် သည်။ ဤသည်မှာ အပြစ်ကြောင့် ခမည်းတော်၏ဒေါသသည် ကျွန်ုပ်တို့ ၏ ကိုယ်စား သူ့အပေါ်၌ကျရောက်ခဲ့သည်။ ထိုခွက်မှာ ခါးသီးလွန်း၍ သောက်ရသောအချိန်တွင်လည်း ဘုရားသခင် သားတော်၏ နှလုံးသားကို ကျိုးပဲ့စေခဲ့သည်။

          လူသားများ၏အပြစ်ကြွေးသည် ကျွန်ုပ်တို့၏ ကိုယ်စား ခရစ် တော်ပေါ်၌ချထားခြင်းခံရသည်။ သူ့အားအပြစ်ကျူးလွန်သူအဖြစ် သတ် မှတ်၍ အပြစ်ကျူးလွန်ခဲ့သူကျွန်ုပ်တို့အား တရားတော်၏ကျိန်ဆိုခြင်းမှ လွတ်မြောက်ရန် ရွေးနုတ်နိုင်ဖို့ဖြစ်သည်။ အာဒံမှဆင်းသက်လာသော လူသားမျိုးနွယ်အဆက်ဆက်တို့၏ အပြစ်ကို သူ၏နှလုံးသားအပေါ်၌ ဖိအားပေးလျက်ရှိသည်။ ထာဝရဘုရား၏ ဒေါသနှင့်ကြောက်မက်ဖွယ် ကောင်းသောသူ၏မနှစ်မြို့ဖွယ်ရာအပြစ်တို့မှာ သူ၏သားတော်၏ဝိညာဉ် အပေါ်၌ ကြေကွဲဝမ်းနည်းစွာကျရောက်ခဲ့သည်။ ခမည်းတော်၏မျက်နှာ တော်သည် ကယ်တင်ရှင်ထံမှ အမြင့်ဆုံးသော ဝေဒနာခံစားချက်အချိန် နာရီတွင် ရုပ်သိမ်းခြင်းခံရသည့်အတွက် သူ၏နှလုံးသားကို ဝမ်းနည်းခြင်း ဖြင့်ထိုးဖောက်၍ ထိုအဖြစ်သည် လူသားများက ပြည့်စုံစွာ မည်သည့် အခါမျှနားလည်နိုင်မည်မဟုတ်ပါ။ ဘုရားသခင်၏ သားတော် လက်ဝါး ကပ်တိုင်ပေါ်၌ ခံစားရသောနာကျင်မှု၊ သူ၏နဖူးတော်၊ လက်တော်နှင့် ခြေတော်မှစီးဆင်းသောသွေးများ၊ ဝေဒနာခံစားမှုကြောင့် သူ၏ ကိုယ် ခန္ဓာအားရိုက်ခတ်မှုနှင့် ပြောမထွက်နိုင်သော သူ၏ဝိညာဉ်ဝေဒနာခံစား ချက်တို့သည် သူ့အပေါ်၌ ခမည်းတော်၏ မျက်နှာတော်ပုန်းကွယ်ခြင်း ကြောင့် သူ၏ခံစားချက်တို့မှာ ကျွန်ုပ်တို့အား ပြောချင်သောစကားသည် သင်တို့အား ချစ်မြတ်နိုးခြင်းကြောင့် ဘုရားသခင်၏ သားတော်သည် ကြောက်မက်ဖွယ်ကောင်းသောရာဇဝတ်မှုတို့ကို သူ့အပေါ်၌ထားရှိဖို့ သူ သဘောတူခဲ့ရခြင်းဖြစ်သည်။ သင်တို့အတွက်ကြောင့်သာ သေခြင်းကမ္ဘာ ကိုသူမွှေနှောက်ခဲ့ပြီး၊ ပါရဒိသုဘုံနှင့်သေခြင်းကင်းမဲ့သော အသက်တံခါး ပေါက်ကို ဖွင့်ပေးရခြင်းဖြစ်သည်။ သူသည် ဒေါသမုန်တိုင်းထခြင်းကို သူ၏နှုတ်တော်အားဖြင့်ငြိမ်းစေ၍၊ လှိုင်းတံပိုးပေါ်၌ လမ်းလျှောက်ခြင်း၊ နတ်ဆိုးတို့အားတုန်လှုပ်စေခြင်းနှင့်ရောဂါ အပေါင်းတို့ကို သူ၏ထိတွေ့ ခြင်းအားဖြင့်ထွက်ပြေးစေခြင်း၊ သေသောသူကို အသက်ပြန်ရှင်စေခြင်း နှင့် ကန်းသူတို့ကိုမြင်စေသောသူသည် မိမိကိုယ်ကို လက်ဝါးကပ်တိုင်ပေါ် ၌အသေခံပေးဖို့ အပြစ်သားတို့အတွက် နောက်ဆုံးစွန့်လွှတ် မှုယဇ်ပူဇော် ခြင်းအဖြစ် ကမ်းလှမ်းမှုပြုခဲ့သည်။ သူသည် ကျွန်ုပ်တို့အတွက် အပြစ်ခံယူ ၍၊ တရားစီရင်ဒဏ်ခတ်မှုကို ကျွန်ုပ်တို့၏အပြစ်အတွက် ခံယူသော သူ သည် အပြစ်ပင်ဖြစ်လာ၍ ကျွန်ုပ်တို့၏အကျိုးအတွက် ဖြစ်စေခဲ့ပါသည်။    စာတန်မာရ်နတ်သည် ယေရှု၏နှလုံးသားကို သူ၏ ပြင်းစွာသော သွေးဆောင်ဖြားယောင်းမှုဖြင့် ညှစ်ထုတ်လျက်ရှိသည်။ သူအလွန်မုန်းတီး သော အပြစ်ကို သူ့အပေါ်၌ပုံချ၍ ထိုအပြစ်၏လေးလံမှုကြောင့် ရှည်လျား ကျယ်လောင်စွာ ညည်းတွားသည်။ သို့ဖြစ်၍ ထိုကြောက်စရာကောင်း သော အချိန်နာရီတွင် သူ၏လူသားဇာတိခန္ဓာကိုယ်သည် တုန်လှုပ်ခြင်းရှိ သည်မှာ အံ့သြစရာမဟုတ်ပါ။ ကောင်းကင်တမန်များသည် စိတ်ပျက် ခြင်းဖြင့် ဘုရား၏သားတော်ဝေဒနာခံစားနေရသည်ကို အံ့သြစွာမြင်တွေ့ ရကြသည်။ သူ၏ နှလုံးသားဝေဒနာခံစားချက်မှာ ကိုယ်ခန္ဓာနာကျင်မှု ထက် ပိုမိုကြီးကျယ်စွာ ခံစားနေရသဖြင့် ကိုယ်ခန္ဓာနာကျင်မှုကိုပင်လျှင် မခံစားမိသလိုပင်ဖြစ်သည်။ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် သူတို့ ၏မျက်နှာများကို ဤကြောက်မက်ဖွယ်သောမြင်ကွင်းမှ ကွယ်ဝှက်ကြ သည်။

          သက်မဲ့သဘာဝလောကသည်လည်း သူတို့၏စာနာမှုကို အစော် ကားခံရသကဲ့သို့ ယခုသေရမည့်ဖန်ဆင်းရှင်အတွက် ကိုယ်ချင်းစာမိကြ သည်။ နေသည်လည်း ဆိုးရွားသောမြင်ကွင်းအပေါ်သို့ကြည့်ရန် ငြင်းဆန် ခဲ့သည်။ မွန်းတည့်အချိန်တွင် နေ၏ပြည့်ဝတောက်ပသောအလင်းရောင် သည် ကမ္ဘာပေါ်သို့ကျရောက်ခဲ့သည်။ ရုတ်ခနဲဆိုသလို သူ၏အလင်း ရောင်သည် ပိတ်ထားခံရသကဲ့သို့မှောင်သွားခဲ့ရသည်။ လက်ဝါးကပ်တိုင် နှင့်အနီးအနားပတ်ဝန်းကျင်တို့သည် မှောင်မိုက်အတိကျခြင်းဖြင့် ဖုံးအုပ် ခြင်းခံရသည်။ အသုဘအိမ်၏ ထူထဲမည်းမှောင်သော ခံစားချက်မျိုးနှင့် တူနေသည်။ မှောင်မိုက်ခြင်းမှာ သုံးနာရီအပြည့်တင်းတင်း ကြာမြင့်ခဲ့ သည်။ ကိုးချက်တီးအချိန်တွင် ကြောက်ဖွယ်ကောင်းသော မှောင်မိုက် ခြင်းသည် လူတို့အပေါ်မှခွာထွက်သွားသည်။ သို့ရာတွင် ကယ်တင်ရှင် အား ခြုံထည်ကဲ့သို့ဆက်၍ အမှောင်ထုဖုံးအုပ်ခဲ့သည်။ ဒေါသမုန်တိုင်း လျှပ်စီးတို့သည် သူ့လက်ဝါးကပ်တိုင်ပေါ်၌ရှိစဉ် ရိုက်ခတ်သကဲ့သို့ဖြစ် နေသည်။ ထိုအချိန်၌ယေရှုသည်၊ “ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ” ဟူ၍ ကြီးသောအသံဖြင့်အော်သည်။ အနက်အဓိပ္ပါယ်ကား၊ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” (မာ ကု ၁၅:၃၄)။

          အမှုပြီးပြီ - တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လူတို့သည်ကြောက်မက် ဖွယ် ကောင်းသောမြင်ကွင်း၏အဆုံးသတ်မှုကို စောင့်ဆိုင်းလျက်ရှိနေကြ သည်။ တစ်ဖန်နေ၏အလင်းသည် ထွန်းတောက်၍ လာပါသည်။ သို့ရာ တွင် လက်ဝါးကပ်တိုင်ကိုမူ အမှောင်ထုဖုံးလွှမ်းလျက် ရှိနေသေးသည်။ ရုတ်ခနဲမှောင်မိုက်သည် လက်ဝါးကပ်တိုင်ပေါ်မှ ပျောက်ကွယ်သွားပြီး၊ ခရာမှုတ်သံကဲ့သို့ ရှင်းလင်းပြတ်သားစွာ ဖန်ဆင်းခြင်းအရာအားလုံးဆီသို့ ပဲ့တင်သံထွက်သွားလေတော့သည်။ ယေရှုကြီးစွာသောအသံဖြင့် ကြွေး ကြော်တော်မူသည်မှာ “အိုအဖ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော် လက်၌အကျွန်ုပ်အပ်နှံပါ၏။ အမှုအားလုံးတို့သည် ပြီးမြောက်ပါပြီ” (လုကာ ၂၃:၄၆)။ အလင်းရောင်သည် လက်ဝါးကပ်တိုင်ကို ဝန်းရံထား လျက်ရှိပြီး၊ ကယ်တင်ရှင်၏မျက်နှာတော်သည် နေ၏ ဂုဏ်တော်အလင်း ဖြင့် တောက်ပသွားသည်။ ထိုအချိန်တွင် ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်ကိုစွန့်တော်မူ၏။

          ခရစ်တော်သေဆုံးချိန်တွင် ဗိမာန်တော်၌ ယဇ်ပုရောဟိတ်များ အမှုဆောင်လျက်ရှိသည်။ ဗြုန်းခနဲသူတို့၏အောက်မှ မြေကြီးတုန်ခါသွား သည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာ သန့်ရှင်းသောနေရာနှင့် အသန့်ရှင်းဆုံးနေရာကို ပိုင်းခြားထားသည့်ကန့်လန့်ကာသည် အထက် စွန်းမှသည်အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ ထိုကန့်လန့်ကာသည် ထူထဲပြီးခိုင်ခံ့သော ပစ္စည်းများဖြင့် ပြုလုပ်ထားပါသည်။ ထိုကန့်လန့်ကာ ကိုဆွဲဖြဲနိုင်ဖို့ ဗေလရှာဇာ၏ နန်းတော်အုတ်နံရံပေါ်၌ ပျက်စီးခြင်းသတိ ပေးသောစာကိုရေးသားခဲ့သည့် သွေးမပါသောလက်သာလျှင် ဆွဲဖြဲနိုင်ပေ လိမ့်မည်။

          သခင်ယေရှုသည် ဤလောကသို့ကြွရောက်လာပြီး အမှုတော် လုပ်ငန်း မပြီးဆုံးသရွေ့ သူ၏အသက်တော်ကိုမစွန့်လွှတ်ခဲ့ပါ။ ပြီးဆုံးချိန် ၌ နောက်ဆုံးရှုရှိုက်သံဖြင့် “အရာအားလုံးပြီးဆုံးသွားပြီ” ဟူ၍ကြွေးကြော် သည်။ ထိုအသံကိုကြား၍ ကောင်းကင်တမန်များသည် ဝမ်းမြောက်လျက် ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ရွေးနုတ်ခြင်းစီမံကိန်းကြီးသည် အောင်မြင်စွာဆောင်ရွက် ပြီးစီးသွားခြင်းကြောင့်ဖြစ်သည်။ ကောင်းကင် နိုင်ငံ၌လည်း ဝမ်းမြောက်ခြင်းရှိကြသည်။ အကြောင်းမှာ နာခံမှုရှိခြင်း အသက်တာဖြင့် အာဒံ၏သားသမီးတို့သည် ထာဝရဘုရား၏ရှေ့တော်၌ မြှင့်တင်ခြင်းခံရပြီး သူ့အားဝတ်ပြုကိုးကွယ်ခွင့်ရရှိတော့သည်။ စာတန် မာရ်နတ်သည် အရှုံးနှင့်ရင်ဆိုင်နေရပါတော့သည်။ သူ၏နိုင်ငံတော်သည် ဆုံးရှုံးပျက်စီးသွားလျက်ရှိကြောင်း သူနားလည်သွားရပါတော့သည်။

          သခင်ယေရှုကိုသင်္ဂြိုဟ်ခြင်း - ယောဟန်သည် သူချစ်မြတ်နိုး  သောသခင်၏အလောင်းနှင့်ပတ်သက်၍ မည်ကဲ့သို့လုပ်ရမည်ကို ပဟေဠိ ဖြစ်ခဲ့ရသည်။ ထိုခန္ဓာကိုယ်ကို ကြမ်းတမ်း၍ခံစားချက်မရှိကြသောစစ် သားများကိုင်တွယ်မှုပြုပြီး ဂုဏ်သိက္ခာမရှိသောနေရာတွင် မြုပ်နှံသင်္ဂြိုဟ် ခဲ့သော်၊ ဤသို့စဉ်းစားခြင်းဖြင့်ပင် သူတုန်လှုပ်ခဲ့ရသည်။ သူသိထားသည် ကား ယုဒအာဏာပိုင်တို့ထံမှ မည်သည့်အခွင့်အရေး တစ်စုံတစ်ခုမျှ တောင်းဆို၍မရနိုင်ပါ။ ပိလတ်မင်းထံမှလည်း အခွင့်အရေးမျှော်ကိုးနိုင် မည်မဟုတ်ပါ။ ဤအရေးပေါ်ကိစ္စတွင် ယောသပ်နှင့်နိကောဒင်တို့ ရောက်ရှိလာသည်။ သူတို့နှစ်ဦးစလုံးမှာ စန်ဟိဒရင်အဖွဲ့မှဖြစ်၍ ပိလတ် မင်းနှင့်လည်းရင်းနှီးကြသည်။ နှစ်ဦးစလုံးတို့သည်လည်း ချမ်းသာကြွယ် ဝ၍ ပါဝင်ပတ်သက်မှုကြီးကြသည်။ သူတို့စိတ်အားထက်သန်မှုရှိသည်မှာ ယေရှု၏အလောင်းကို သိက္ခာရှိရှိသင်္ဂြိုဟ်ခြင်းပြုရမည်။

          ယောသပ်သည် ပိလတ်မင်းထံသို့ ရဲတင်းစွာသွား၍ ယေရှုကို သင်္ဂြိုဟ်ခြင်းပြုလုပ်ဖို့တောင်းခံခဲ့သည်။ ပိလတ်မင်းက တရားဝင်အမိန့် ထုတ်၍ ယေရှု၏အလောင်းကို ယောသပ်လက်ထဲသို့ပေးအပ်ရန် အခွင့် ပေးလိုက်သည်။ တပည့်တော်ယောဟန်က သူချစ်မြတ်နိုးသောသခင်၏ အလောင်းကို မည်သို့ လုပ်ရမည်ကို တွေးပူနေချိန်တွင် အရိမသဲမြို့ သားယောသပ်သည် ဘုရင်ခံပိလတ်မင်းထံမှ အမိန့်တော်နှင့်အတူ ပြန် ရောက်ရှိလာသည်။ နိကောဒင်က ယောသပ်၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ အောင်မြင်မှုရရှိမည်ဟု ယုံကြည်၍ တန်ဖိုးကြီးသော မုရန်နှင့်အကျော် နံ့သာမွှေးအချိန်ပေါင်တစ်ရာခန့်(ပိဿာချိန်သုံးဆယ်ခန့်)တို့နှင့်ယူဆောင် လာသည်။ ယေရုရှလင်မြို့၌ ဂုဏ်အရှိဆုံးသောသူသည် သေသည့်အချိန် ၌ပင်လျှင် ဤထက်လေးစားမှုမျိုးဖြင့် ပြသနိုင်ခြင်းမရှိခဲ့ပါ။

          သူတို့သည် ယေရှု၏ကိုယ်ခန္ဓာကို လက်ဝါးကပ်တိုင်မှညင်သာစွာ နှင့် အလွန်ရိုသေလေးစားစွာ ရွှေ့လိုက်သည်။ သူတို့သနားကြင်နာသော မျက်ရည်ပေါက်များသည် မြန်ဆန်စွာကျရောက်လျက်ရှိသည်။ သူတို့၏ အရှင်သခင်၏ ပွန်းပဲ့ပြီးစုတ်ပြတ်နေသောပုံသဏ္ဌာန်ကိုကြည့်၍ သေချာ စွာ သွေးများ ပေကျံမှုကို ဆေးကြောသန့်စင်ပေးခဲ့သည်။ ယောသပ်သည် သင်္ဂြိုဟ်ရန် သင်္ချိုင်းဂူအသစ်တစ်ခုရှိသည်။ ထိုသင်္ချိုင်းဂူကို ကျောက်နံရံမှ ထွင်းယူခဲ့သည်။ ထိုသင်္ချိုင်းဂူကို သူ့အတွက် သီးသန့်ထားပြီး ကရာနိကုန်း နှင့်မနီးမဝေး၌ တည်ရှိသည်။ ယခုအချိန်မှာတော့ ထိုဂူဗိမာန်ကို ယေရှု အတွက်စီစဉ်မှုပြုခဲ့သည်။ နိကောဒင်ယူဆောင်လာသော အမွှေးရနံ့ပေါင်း ကို ပိတ်စဖြင့်သေချာကောင်းမွန်စွာ ထုပ်ထားသည်။ ထိုနေရာ၌ ကွေး ကောက်လျက်ရှိသော ယေရှု၏ကိုယ်ခန္ဓာကို ဖြောင့်ယူပြီး တစ်ခါမျှ မသင်္ဂြိုဟ်ဖူးသေးသော ဂူဗိမာန်အသစ်တွင် တပည့်တော်သုံးယောက်က သယ်ဆောင်သွားခဲ့သည်။ ဂါလိလဲပြည်မှ အမျိုးသမီးတို့သည် အနီးသို့ လာရောက်၍ အသက်မရှိသော သူတို့၏ဆရာအတွက် အားလုံးပြင်ဆင် ပြီးသည်ကို ကြည့်ကြသည်။ ထိုအချိန်၌ ကြီးမားလေးလံသော ကျောက် တုံးကို သင်္ချိုင်းဂူအပေါက်ဝ၌ လှိမ့်ပြီးပိတ်ဆို့ထားခဲ့သည်ကိုတွေ့ရသည်။ ဘုရားသခင်၏သားတော်မှာ ထိုသင်္ချိုင်းဂူ၌ နားနေဖို့ ထားရစ်ခဲ့သည်။ ထိုအမျိုးသမီးတို့သည် ယေရှု၏လက်ဝါးကပ်တိုင်၌ နောက်ဆုံးအချိန်ထိ တိုင် ရှိသကဲ့သို့ နောက်ဆုံးတွင်လည်း သူ၏သင်္ချိုင်းဂူဗိမာန်တွင် အဆုံး တိုင်အောင် ရှိခဲ့သည်။

          ယုဒလူကိုအုပ်ချုပ်သောသူတို့မှာ ဘုရားသခင်၏သားတော်ကို အသေသတ်ခြင်းပြုခဲ့သော်လည်း၊ သူတို့၏စိတ်ထဲ၌ ကသိကအောက်ဖြစ် ခြင်းမှာ ပျောက်ကွယ်၍မသွားခဲ့ပါ။ ခရစ်တော်၏သေနေသောအလောင်း ကိုလည်း မနာလိုဝန်တိုဖြစ်ကြသည်။ သူတို့၏ကလဲ့စားချေခြင်းအပေါ်၌ ဝမ်းမြောက်ကျေနပ်မှုရှိခဲ့သော်လည်း၊ သူတို့စိတ်မချရသည်က သူ၏ အသေကောင်ခန္ဓာကိုယ်သည် ပြန်လည်ရှင်ပြန်ထမြောက်မည်ကို အမြဲ စိုးရိမ်ကြောက်လန့်၍ နေကြသည်။ သို့ဖြစ်၍ “ယဇ်ပုရောဟိတ်အကြီး အကဲနှင့်ဖာရိရှဲတို့သည် ပိလတ်မင်းထံ၌စုဝေး၍ ထိုလှည့်ဖြားသောသူက၊ ငါသည် သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်မည်” ဟု မသေမီက ပြောခဲ့သည်။ သို့ဖြစ်၍ သုံးရက်မြောက်သောနေ့တိုင်အောင် သခင်၏ ဂူဗိမာန်စိတ်ချလုံခြုံမှုရှိအောင်ပြုလုပ်ဖို့ အမိန့်တော်ထုတ်ပြန်ပါ။ သို့ တည်းမဟုတ် သူ၏တပည့်တော်များသည် ညအချိန်၌ လာ၍အလောင်း ကိုခိုးထုတ်သွားပြီး လူထုကိုဤသို့ဆိုသွားပါလိမ့်မည်၊ “သူသည် သေခြင်း မှပြန်ရှင်တော်မူပြီ။ သို့ဖြစ်၍ နောက်ဆုံးလှည့်စားခြင်းသည် ပထမလှည့် စားခြင်းထက် ပို၍ဆိုးပါလိမ့်မည်” မဿဲ ၂၇း၆၂-၆၄။ ပိလတ်မင်းသည် လည်း ဤသို့ဖြစ်သွားမည်ကို မလိုလားပါ။ ယေရှုသည် ပြန်လည် ထမြောက်ပြီး သူ့ကိုသေကျေစေခဲ့သောသူတို့အား တန်ခိုးတော်နှင့်ပြန်၍ ဒဏ်ခတ်ခြင်းပြုမည်ကို ပိလတ်မင်းလည်း စိုးရိမ်ခဲ့သည်။ သို့ဖြစ်၍ ရောမ စစ်သားတစ်တပ်ကို ယဇ်ပုရောဟိတ်တို့၏ လက်အောက်မှာ ထားရှိပေး သည်။

ယုဒလူတို့သည် ရောမစစ်တပ်တစ်တပ်ကို ယေရှု၏ သင်္ချိုင်းဂူအရှေ့ မှာထားခြင်းသည် အလွန်မှပင်အကျိုးရှိကြောင်းယူဆကြသည်။ ဂူဗိမာန် ကို ပိတ်ဆို့မည့် ကျောက်တုံးကြီးကို တံဆိပ်တော်ခတ်၍ အပေါက်၌ ပိတ်ဆို့ထားစေသည်။ အကယ်၍သာ ထိုဂူဗိမာန်ကို နှောင့်ယှက်မှုပြုသွား ပါက မသိရှိဘဲနှင့်မနေကြပါ။ သူတို့သည် ဤသို့ပြင်ဆင်ခြင်းအားဖြင့် ယေရှု၏အလောင်းကို ဘယ်နည်းနှင့်မျှလှည့်စားခြင်းပြုနိုင်မည် မဟုတ် ပါ။ သို့ရာတွင် သူတို့၏ ကြံစည်မှုအားလုံးတို့သည် ယေရှု၏ပြန်လည် ရှင်ပြန်ထမြောက်ခြင်းအောင်ပွဲခံယူခြင်းကို သာ၍ ပြည့်စုံပေါ်လွင်မှုရှိပြီး၊ အမှန်တရားကိုလည်း ပိုမိုခိုင်လုံစွာ သက်သေထူခဲ့ခြင်းပေတည်း။





အခန်းကြီး - ၉

အခန်း (၉)

အောင်မြင်ခြင်း

ရှင်ပြန်ထမြောက်ခြင်း

 

          တပည့်တော်များသည် ဥပုသ်နေ့၌ နားနေကြသည်။ သူတို့၏ သခင်အတွက် ဝမ်းနည်းကြေကွဲလျက်ရှိကြသည်။ ထိုအချိန်၌ ဘုန်းအသ ရေနှင့် ပြည့်စုံသော ဘုရင်ကြီးယေရှုသည် ဂူဗိမာန်တွင် လဲနေလျက်ရှိ သည်။ ညအချိန် ရောက်ရှိလာသောအခါ၊ ရောမစစ်သားတို့သည် ကယ် တင်ရှင်သခင်၏နား နေသောနေရာဂူဗိမာန်တွင် စောင့်ကြပ်ဖို့ နေရာယူ လျက်ရှိကြသည်။ ဤအချိန်တွင် မမြင်ရသောကောင်းကင်တမန်တို့သည် သန့်ရှင်းသောနေရာအပေါ်၌ ဝဲပျံကြသည်။ ညဉ့်သည်တဖြည်းဖြည်းကုန် လွန်လျက်ရှိသည်။ ညဉ့်အချိန်သည် မှောင်မိုက်နေဆဲရှိသေးသော်လည်း စောင့်ကြည့်လျက်ရှိသော ကောင်းကင်တမန်များသည် အချိန်မှာတန်လု နီးပြီဆိုသည်ကိုသိရှိကြသည်။ ထိုအချိန်သည် ဘုရားသခင်၏သားတော်၊ သူတို့၏ ချစ်မြတ်နိုးသော စစ်ဗိုလ်ချုပ်သည် သေခြင်းမှ လွတ်မြောက်ဖို့ အချိန်အနည်းငယ်သာ လိုတော့သည်။ ထိုကောင်းကင်တမန်များသည် ယေရှု၏အောင်မြင်မှုအချိန်နာရီကို ပြင်းစွာသောခံစားမှုဖြင့်စောင့် ကြည့် နေချိန်တွင်၊ ကောင်းကင်မှ ကြီးမြတ်သောကောင်းကင်တမန်တစ်ပါးက လျင်မြန်စွာ ပျံသန်းလျက်ရှိသည်။ သူ၏မျက်နှာတော်မှာ လျှပ်စီးလက် သကဲ့သို့ ဖြစ်ပြီး၊ သူ၏ဝတ်ရုံတော်မှာ နှင်းခဲသဖွယ်ဖြူဆွတ်လျက်ရှိသည်။ သူ၏ အလင်းသည် သူလာရာလမ်းကို လင်းထိန်စေသည်။ ဆိုးသွမ်းသော ကောင်းကင်တမန်များနှင့် ယေရှု၏ကိုယ်ခန္ဓာကို ရယူထားသူတို့သည် ကြောက်ရွံ့ခြင်းများစွာဖြင့် ထိုကောင်းကင်တမန်၏ တောက်ပမှုနှင့် ဂုဏ်တော်ကြောင့် ထွက်ပြေးကုန်ကြတော့သည်။ ခရစ်တော်အားနှိမ့်ချ ခြင်းကိုမြင်တွေ့ခဲ့ပြီး၊ ယခုသင်္ချိုင်းဂူဗိမာန်ကို စောင့်ကြည့်သော ကောင်း ကင်တမန်သည် ကောင်းကင်မှ ဆင်းသက်လာသော ကောင်းကင်တမန် နှင့်ပေါင်းပြီး၊ သူတို့တစ်တွေကျောက်သင်္ချိုင်းဂူသို့ အတူတကွ ဆင်းသက် လာကြသည်။ သူတို့ဂျဉ်းကပ်လာသောအခါ မြေကြီးတုန်လှုပ်၍ ကြီးမား သောမြေငလျင်လှုပ်ခတ်ခြင်းများ ဖြစ်ခဲ့ပါသည်။

          ရောမစစ်သားအစောင့်များသည် ကြီးစွာသော ကြောက်ရွံ့ခြင်း ဖြစ်ခဲ့ရသည်။ ယခုအချိန်တွင်မူ ယေရှု၏ခန္ဓာကိုယ်ကိုထိန်းထားဖို့ အစွမ်း တန်ခိုး ဘယ်မှာရှိတော့မည်နည်း။ သူ့တာဝန်ဝတ္တရားနှင့်တပည့်တော် များသူ၏ ကိုယ်ခန္ဓာခိုးယူခြင်းတို့ကို တားဆီးဖို့ လုံးဝမရှိကြတော့ပါ။ ကောင်းကင်တမန်များ၏ အလင်းသည် နေထက်တောက်ပလျက်ရှိရာ၊ ရောမစစ်သားအစောင့်တို့သည် မြေကြီးပေါ်သို့ လူသေများကဲ့သို့ လဲကြ ကုန်သည်။ ကောင်းကင်တမန်တစ်ပါးက ကျောက်ဂူကိုပိတ်ဆို့ထားသော ကျောက်တုံးကြီးကို ကိုင်တွယ်ပြီး တွန်းလှမ့်လိုက်သည်။ ထိုကောင်းကင် တမန်သည် ကျောက်ဂူထဲ၌ ဝင်ရောက်ထိုင်လိုက်သည်။ အခြားသော ကောင်းကင်တမန်သည် သင်္ချိုင်းဂူထဲသို့ဝင်ပြီး ယေရှု၏ခေါင်းမှ စည်း ထားသောအဝတ်ကို ဖြေပေးလျက်ရှိသည်။

          “သင်၏ ဖခမည်းတော်သင့်ကို ခေါ်နေသည်” - ထိုအချိန်တွင် ကောင်းကင်မှကောင်းကင်တမန်သည် အသံကြီးစွာဖြင့် မြေကြီးတုန်လှုပ် စေလျက် အော်လိုက်သည်မှာ၊ “အိုထာဝရဘုရား၏ သားတော်၊ သင်၏ ဖခမည်းတော်သင့်ကို ခေါ်နေပါသည်။ အပြင်သို့ထွက်လော့။” သေခြင်း တရားသည် သူ့အားပိုင်ဆိုင်မှုတစ်စုံတစ်ရာမျှမပြုလုပ်နိုင်တော့ပါ။ ယေရှု သည် သေခြင်းအတွင်းမှထ၍ အောင်နိုင်သူတစ်ဦးအဖြစ် အောင်မြင်စွာ ရပ်တည်လျက်ရှိသည်။ လေးနက်တည်ကြည်အံ့သြမှုဖြင့် စုရုံးလာသော ကောင်းကင်တမန်များသည် ထိုမြင်ကွင်းပေါ်သို့ ငေးမောလျက်ရှိနေကြ သည်။ ယေရှုက ၎င်းဂူသင်္ချိုင်းမှထွက် လာသောအချိန်တွင် ထိုတောက်ပ လျက်ရှိသောကောင်းကင်တမန်များက ဝပ်တွား၍ သူ့အားဝတ်ပြုကိုး ကွယ်ခြင်းဖြင့် အောင်မြင်သော သီချင်းများသီဆိုလျက် သူ့ကိုကြိုဆိုကြ သည်။

          ရောမစစ်သည်တော်၏အစီရင်ခံချက် - ကောင်းကင်တမန်များ ဂူသင်္ချိုင်းမှထွက်ခွာ၍ အလင်းတရားနှင့်ဂုဏ်တော်ကျော်လွန်သွားသည့် အခါ၌ ရောမစစ်သည်တော်အစောင့်တို့သည် မိမိတို့၏ခေါင်းကို စမ်း၍ မော့ကြည့်သောအခါ၌ သူတို့သည် အံ့သြခြင်းကြီးစွာဖြင့် ဂူသင်္ချိုင်း အပေါက်ဝပိတ်ဆို့ထား မဟာကျောက်တုံးကြီးမှာ တွန်းဖယ်ခြင်းခံရပြီး ယေရှု၏အလောင်းသည်လည်း မရှိတော့သည်ကိုတွေ့ရကြသည်။ သူတို့ သည် မြို့ထဲသို့ လျင်မြန်စွာသွားပြီး ယဇ်ပုရောဟိတ်နှင့်လူအကြီးအကဲ တို့ကို သူတို့တွေ့မြင်ခဲ့ရသည်များကို အသိပေးသွားသည်။ ထိုလူသတ် ကောင်များ အံ့ဖွယ်ကောင်းသော အစီရင်ခံချက်တို့ကိုနားထောင်ကြသော အခါ သူတို့အားလုံး၏ မျက်နှာတို့သည် ဖြူဖပ်ဖြူရော်ဖြစ်ကြပြီး ထိတ် လန့်လျက်ရှိကြသည်။ သူတို့ပြုလုပ်ခဲ့သောအရာများကို သူတို့စဉ်းစား သောအခါ၌ သူတို့သည် အလွန်ထိတ်လန့်ကြကုန်သည်။ အကယ်၍သာ အစီရင်ခံချက်တို့သည် မှန်ကန်မှုရှိပါက သူတို့တစ်တွေ ဒုက္ခကြီးစွာနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။ တစ်ခဏအတွင်း၌ သူတို့ အားလုံးတိတ် ဆိတ်သွားကြသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာကို လုပ်ရမည်၊ ဘာကိုပြောဆိုရမည်ကို မသိကြတော့ပါ။ ဤအစီရင်ခံချက် ကိုလက်ခံသွားပါက သူတို့ကိုယ်ကိုစီရင်ချက်ချရာရောက်လိမ့်မည်။ သူတို့ တစ်ဖက်သို့သွား၍ ဘာတွေဆက်လုပ်ရမည်ကို တိုင်ပင်ကြသည်။ သူတို့ တွေးတောဆင်ခြင်ကြသည်မှာ အစောင့်စစ်သားတို့၏ အစီရင်ခံချက် သည် လူထုကြားသို့ရောက်သွားလျှင်၊ ခရစ်တော်ကို သတ်သောလူတို့ သည် လူသတ်သမားအဖြစ်သေဒဏ်ကျခံရပေတော့မည်။

          သူတို့သည် စစ်သားတို့အားငှားရမ်းပြီး ဤကိစ္စနှင့်ပတ်သက်၍ လျှို့ဝှက်ထားဖို့ လာဘ်ထိုးလိုက်သည်။ ယဇ်ပုရောဟိတ်နှင့်လူအကြီး အကဲတို့က သူတို့ကို ငွေအမြောက်အမြားပေး၍ ပြောဆိုလိုက်သည်မှာ၊ “ညဉ့်အခါငါတို့အိပ်ပျော်စဉ်တွင်ထိုသူ၏တပည့်တို့သည်လာ၍အလောင်း ကိုခိုးသွားကြသည်ဟု သင်တို့ပြောကြလော့” (မဿဲ ၂၈း၁၃)။ ရောမစစ် သားများ ကင်းစောင့်တာဝန်ကျချိန်မှာ သူတို့အိပ်ပျော်သွားခြင်းအတွက် သူတို့ကိုမည်ကဲ့သို့ အပြစ်ခံရမည်အကြောင်းကို မေးသောအခါမှာ ယုဒ အရာရှိများသည် ဘုရင်ခံကိုဆွဲဆောင်ပြီး သူတို့အတွက် လုံခြုံအောင် ဆောင်ရွက်ပေးမည်ဟု ကတိပေးသွားသည်။ ငွေမျက်နှာကြောင့် ရောမ အစောင့်စစ်သားတို့သည် သူတို့၏ဂုဏ်သိက္ခာကိုရောင်းစားပြီး ယဇ်ပုရော ဟိတ်နှင့်လူအကြီးအကဲတို့၏ အကြံပေးသည့်အတိုင်း လိုက်နာဖို့ သဘော တူခဲ့ကြသည်။

          ရွေးနုတ်ခြင်း၏ပထမဆုံးသောအသီးများ - ယေရှုသည် လက်ဝါး ကပ်တိုင်ပေါ်၌ရှိစဉ်၊ “အမှုပြီးပြီ” ဟူ၍အော်သောအချိန်တွင် ကျောက်တုံး ကြီးများကွဲထွက်လျက်ရှိသည်။ မြေကြီးတုန်ခါ၍ အချို့သောသင်္ချိုင်းဂူတို့ ပွင့်ထွက်သွားကြသည်။ သူသည် သေခြင်းနှင့်သင်္ချိုင်းမှ အောင်နိုင်သူ အဖြစ်ထမြောက်လာသောအခါ၌၊ မြေကြီးသည် ဒယိမ်းဒယိုင်ဖြစ်လျက်၊ ကောင်းကင်၏ ဘုန်းတော်သည် ထိုသန့်ရှင်းသောနေရာ၌ အလင်းထွန်း လင်းလျက်ရှိစဉ်တွင် ဖြောင့်မတ်ခြင်းဖြင့် သေဆုံးသွားခဲ့သောသူတို့သည် သူ၏ခေါ်သံကိုနာခံ၍ သူတို့၏သင်္ချိုင်းတွင်းမှ ထွက်လာကြပြီး ယေရှု ထမြောက်ကြောင်း သက်သေများအဖြစ် အသက်ရှင်လာကြသည်။ ထို မျက်နှာသာပေးခံရသော သူတော်စင်များသည် ဂုဏ်တော်အပြည့်ဖြင့် အသက်ရှင်ထမြောက်ကြသည်။ ဖန်ဆင်းချိန်ကာလမှစပြီး ခရစ်တော် ကာလအထိ အသက်အရွယ်အမျိုးမျိုးရှိကြသော အရွေးချယ်ခံသူတော် စင်များဖြစ်ကြသည်။ သို့ဖြစ်၍ ယုဒခေါင်းဆောင်များ ခရစ်တော်၏ ရှင်ပြန်ထမြောက်ကြောင်းကိစ္စကို ဖုံးဖိရန်ကြိုးစားလျက်ရှိစဉ်တွင်၊ ထာဝ ရဘုရားသည် သင်္ချိုင်းမှလူအချို့ကို ထမြောက်စေပြီး ယေရှုထမြောက် ကြောင်းသက်သေခံ၍ သူ၏ဘုန်းတော်ကို ကြေညာဖို့ အရွေးချယ်ခံရ သည်။

          ယေရှုသေခြင်းမှ ရှင်ပြန်ထမြောက်ပြီးသည်နောက် တစ်ဖန်အ သက် ပြန်ရှင်လာသောသူတို့သည် အခြားသူများနှင့် တွေ့ဆုံကြသည်။ သူတို့သည် လူသားများအတွက် ပေးဆပ်ခဲ့သောစွန့်လွှတ်ခြင်းမှာ ပြည့်စုံ ခြင်းရှိသွားပြီး၊ ယုဒလူများ လက်ဝါးကပ်တိုင်အပေါ်မှာ အသေသတ်ခဲ့ သောယေရှုသည် သေခြင်းမှရှင်ပြန်ထမြောက်လာပါပြီဟု ပြောပြကြ သည်။သက်သေထူသည့်အနေဖြင့်၊“ကျွန်ုပ်တို့သည်သူနှင့်အတူထမြောက် ကြပြီ” ဟူ၍ ကြေညာလိုက်သည်။ သူတို့သက်သေခံလိုက်သည်မှာ ခရစ် တော်၏ကြီးမားသောတန်ခိုးတော်အားဖြင့် သူတို့အားသင်္ချိုင်းမှ ခေါ်ထုတ် ခြင်းခံရသည်။ ခရစ်တော်ထမြောက်ခြင်းမဟုတ်ကြောင်း လိမ်လည်ပြော ဆိုသောသတင်းတို့ဖြင့် ရှိခဲ့သော်လည်း မာရ်နတ်နှင့် သူ၏တမန်များ၊ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ဖုံးဖိ၍ မရနိုင်တော့ပါ။ အဘယ် ကြောင့်ဆိုသော် ဤသန့်ရှင်းသောသူတို့သည် မိမိတို့၏ သင်္ချိုင်းမှ ခေါ် ထုတ်ခြင်းခံရပြီး၊ ပျော်ရွှင်ဝမ်းမြောက်စွာသတင်းကောင်းကို ဖြန့်ဝေလျက် ရှိကြသည်။ ယေရှုသည်လည်း မိမိကိုယ်ကို ဝမ်းနည်းပက်လက်ရှိနေကြ သော တပည့်တော်များနှင့်တွေ့ဆုံ၍ သူတို့၏စိုးရိမ်ကြောင့်ကြမှုကို ဖယ် ထုတ်ပေးပြီး၊ သူတို့အားဝမ်းမြောက်ခြင်းနှင့်ပျော်ရွှင်ခြင်းတို့ဖြင့် ပြည့်၀ စေခဲ့ပါသည်။

          ကျောက်ဂူသင်္ချိုင်း၌ရောက်ရှိသောအမျိုးသမီးများ - ရက်သတ္တ ပတ်၏ ပထမနေ့နံနက်စောစော အလင်းရောင်မပေါ်ထွန်းမီအချိန်၌ ဘုရားတရားကိုင်းရှိုင်းကြသောအမျိုးသမီးတစ်စုသည် ကျောက်ဂူသင်္ချိုင်း ဆီသို့ရောက်လာကြသည်။ သူတို့လက်ထဲမှာ အမွေးနံ့သာများပါလာပြီး ယေရှု၏အလောင်းတော်ကိုသုတ်လိမ်းပေးရန်ဖြစ်ပါသည်။ သူတို့တွေ့ရှိ သည်က တွင်းဝကျောက် ဂူသင်္ချိုင်း၏လေးလံသောကျောက်တုံးကြီးသည် လှိမ့်၍ဖယ်ထားသည်ကိုတွေ့ရသည်။ ယေရှု၏အလောင်းတော်ကိုမတွေ့ ရတော့ပါ။ သူတို့စိတ်ဓာတ်ကျပြီး ရန်သူများက အလောင်းကိုခိုးထုတ် သွားသည်ဟုတွေးထင်ပြီး စိုးရိမ်ကြသည်။ ရုတ်ခနဲသူတို့သည် အဝတ် ဖြူနှင့်ကောင်းကင်တမန်နှစ်ပါးကို မြင်ကြရသည်။ သူတို့မျက်နှာများမှာ တောက်ပပြီး လင်းလက်လျက်ရှိသည်။ ဤကောင်းကင်သားတို့သည် အမျိုးသမီးများ ဘာအတွက်ကြောင့်လာသည်ကို နားလည်ကြသည်။ သို့ဖြစ်၍ ယေရှုဤအရပ်၌မရှိတော့ကြောင်း ပြောပြလိုက်သည်။ သူသည် ရှင်ပြန်ထမြောက်ပြီးဖြစ်သည်။ သို့ရာတွင် သူလဲလျောင်းခဲ့သောနေရာကို သူတို့လာကြည့်နိုင်သည်။ သူ၏တပည့်တော်များကိုသွားပြီး သူဂါလိလဲကို ကြိုတင်သွားနှင့်ပြီဟူ၍ ပြောပြလိုက်သည်။ ကြောက်ရွံ့ခြင်းနှင့် ဝမ်း မြောက်ခြင်းကြီးစွာဖြင့် အမျိုးသမီးတို့သည် ဝမ်းနည်းလျက်ရှိကြသော တပည့်တော်များကို ပြောပြရန် သူတို့အမြန်ပြန်သွားကြသည်။ တပည့် တော်တို့အား သူတို့တွေ့ခဲ့ကြားခဲ့သမျှအကြောင်းအရာများကို ပြန်လည် ပြောပြသည်။

          တပည့်တော်များသည် ခရစ်တော် ပြန်လည်ရှင်ပြန်ထမြောက် ကြောင်း မယုံနိုင်ကြပါ။ သို့ရာတွင် သူတို့လည်း ကျောက်ဂူသင်္ချိုင်းသို့ သတင်းပို့လာသည့် အမျိုးသမီးများနှင့်အတူ မြန်ဆန်စွာ ပြေးကြည့်လိုက် သည်။ သူတို့သည် ယေရှုကိုပင် မတွေ့လိုက်ရပါ။ သူဝတ်ခဲ့သောအဝတ် တို့ကိုသာ မြင်တွေ့လိုက်ရသည်။ သို့ရာတွင် ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ကြောင်းကို မယုံကြပါ။ သူတို့အိမ်ပြန်ကြပြီး သူတို့မြင် တွေ့ခဲ့ရသည်များနှင့် အမျိုးသမီးများပြောပြသောအရာတို့ကို အံ့သြခြင်း ရှိကြကုန်၏။

          သို့ရာတွင် မာရိမှာမူ ဂူသင်္ချိုင်း၌အချိန်ယူပြီး နေလိုက်သည်။ သူ

တွေ့ခဲ့သောအရာများနှင့်ပတ်သက်၍ စဉ်းစားသည်။ စိတ်ဓာတ်ကျပြီး သူ အလှည့်စားခံနေရသည်လားဟူ၍ စဉ်းစားသည်။ သူမအတွက်မှာမူ စမ်း သပ်မှုအသစ်တစ်ရပ်ရင်ဆိုင်ရဦးမည်ဟူ၍ သူ၏ဝမ်းနည်းမှု ပြန်လည်ထ ကြွပြီး၊ ခါးသီးသောငိုကြွေးခြင်းဖြင့် တစ်ဖန်ပြန်၍ငိုမိသည်။ တစ်ဖန်ငုံ့ပြီး ဂူဗိမာန်သို့ ပြန်ကြည့်စဉ် ဖြူဆွတ်သောအဝတ်ဖြင့် ဝတ်ထားသော ကောင်းကင်တမန် နှစ်ပါးကိုသူမြင်လိုက်ရသည်။ တစ်ပါးက ယေရှုခေါင်း ချရာဘက်၌ထိုင်ပြီး၊ ခြေတော်ရင်း၌လည်း ကျန်ကောင်းကင်တမန်တစ် ပါးက ထိုင်လျက်ရှိသည်။ ကောင်းကင်တမန်နှစ်ပါးသည် မာရိနှင့်နူးညံ့ သိမ်မွေ့စွာစကားပြောလျက်ရှိသည်။ ဘာကြောင့်ငိုရသည်ကို သူမအား မေးသည်။ သူမဖြေသွားသည်မှာ၊ “ကျွန်မ၏ သခင်ကို ယူသွားကြပြီ။ ဘယ်မှာထားကြသည်ကိုမသိပါ” ဟုပြောဆို၏။ ယောဟန် ၂၀း၁၃။

          “ငါ့ကိုမဖက်နှင့်ဦး” - သူမသင်္ချိုင်းဂူဗိမာန်မှလှည့်ပြီးအထွက်တွင် ယေရှုအနားမှာရပ်နေသည်ကို သူမမြင်လိုက်ရသည်။ သို့ရာတွင်မမှတ်မိ ခဲ့ပါ။ သူသည်သူမအားနူးညံ့သိမ်မွေ့စွာ စကားပြောလျက်ရှိသည်။ ဘာ ကြောင့် သူမသည် ဤလောက်ပင်ဝမ်းနည်းခဲ့ရကြောင်းနှင့် မည်သူ့ကို ရှာနေလျက်ရှိကြောင်းကို မေးစမ်းလျက်ရှိသည်။ သူမသည် ဥယျာဉ်မှူး နှင့်စကားပြောနေသည်ဟုထင်မှတ်၍ သူ့အားမေးလိုက်သည်။ သူမ၏ သခင်ကို မည်သည့်နေရာသို့ ယူဆောင်သွားသည်ကို ပြောပြစေလိုပြီး သူမသည် သခင်ကိုပြန်၍ယူဆောင်သွားဖို့ပြောလိုက်သည်။ ထိုအခါယေရှု သည် သူ၏ကိုယ်ပိုင်ကောင်းကင်လေသံဖြင့် “မာရိ” ဟူ၍ခေါ်လိုက်သော အချိန်တွင် မာရိသည် ထိုချစ်လှစွာသောအသံကို မှတ်မိ၍၊ “သခင်” ဟူ၍ ဖြေလိုက်သည်။ သူမသည် ဝမ်းသာလွန်း၍ ယေရှုကိုဖက်မည်အပြု၊ ယေရှုက “ငါ့ကိုမဖက်နှင့်ဦး။ ငါသည်ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့သွားလော့။ ငါ၏ခမည်းတော်ဖြစ်သော သင်တို့၏ ခမည်း တော်၊ ငါ၏ဘုရားသခင်ဖြစ်သော သင်တို့၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့” ယောဟန် ၂၀း၁၇။ သူမသည် တပည့်တော်များရှိရာသို့ ဝမ်းမြောက်စွာဖြင့် သတင်းကောင်း ကိုယူဆောင်သွားသည်။ ယေရှုသည် သူ၏ဖခမည်းတော်ထံသို့ လျင်မြန် စွာတက်ရောက်ပြီး၊ အဖခမည်းတော်၏နှုတ်မှ သူစွန့်လွှတ်ခဲ့သည်များကို လက်ခံကြောင်းနှင့်ကောင်းကင်၊ မြေကြီးပေါ်၌ တန်ခိုးအာဏာ အားလုံး တို့ကို လက်ခံယူဖို့ဖြစ်သည်။

          ယေရှုသည် ဘုရားသခင်ထံသို့ရောက်ရှိနေစဉ်၊ ထာဝရဘုရား၏ ဂုဏ်တော်နှင့်ဝန်းရံလျက်ရှိစဉ် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏တပည့်တော် များကို မမေ့လျော့ခဲ့ပါ။ သူ၏ ဖခမည်းတော်ထံမှ တန်ခိုးတော်ကိုရယူပြီး သူကမ္ဘာမြေကြီးအပေါ်သို့ ပြန်လည်ရောက်ရှိသောအချိန်တွင် တပည့် တော်များကိုလည်း ထိုတန်ခိုးတော်များကို ပြန်လည်ပေးဖို့ ဖြစ်သည်။ ထိုနေ့ရက်တွင်ပင် မိမိကိုယ်ကို တပည့်တော်များအား ကိုယ်ယောင်ပြ သွားသည်။ သူတို့အားသူ့ကို တို့ထိဖို့ခွင့်ပြုခဲ့သည်။ အကြောင်းမှာ သူသည် သူ၏ဖခမည်းတော်ထံသို့ တက်ရောက်ပြီး တန်ခိုးတော်များရရှိခဲ့သော ကြောင့်ဖြစ်ပါသည်။

          သံသယရှိသောသောမ - ဤအချိန်မှာဖြင့် တပည့်တော်သောမ သည် ထိုနေရာမှာမရှိခဲ့ပါ။ အခြားတပည့်တော်များပြောသောစကားကို လွယ်လင့်တကူမယုံကြည်ပါ။ သူကိုယ်တိုင်မှ လက်၌ရိုက်ထားသော သံ ချောင်းအရာများ နံဘေးတွင် လှံဖြင့်ထိုးဖောက်ခြင်းခံရသောအရာတို့ကို ထိတွေ့ရမှသာ ယုံကြည်မည်။ ဤကဲ့သို့ပြုလုပ်ခြင်းမှာ သူ၏နောင်တော် များအား ယုံကြည်မှုမရှိသည်ကို ဖော်ပြနေပါသည်။ အကယ်၍သာ ဤကဲ့သို့သောအထောက်အထားမျိုး ယနေ့ရှိလူသားများက တောင်းဆို မည်ရှိပါက၊ ယေရှုကိုလက်မခံဘဲသူ၏ ရှင်ပြန်ထမြောက်မှုကို ယုံကြည် ကြမည်မဟုတ်ပါ။ သို့ရာတွင် ထာဝရဘုရား၏အလိုတော်မှာ မိမိကိုယ် တိုင်ထမြောက်သော ကယ်တင်ရှင်အား မြင်ခြင်းနှင့်ကြားနေရခြင်းမရှိ

သောသူတို့သည် တပည့်တော်များအစီရင်ခံစာကို လက်ခံဖို့ဖြစ်သည်။

          ထာဝရဘုရားသည် သောမ၏ မယုံကြည်နိုင်မှုနှင့် ပတ်သက်၍ မကျေနပ်ခဲ့ပါ။ နောက်တစ်ဖန်ယေရှုသည် သူ၏တပည့်တော်များနှင့်တွေ့ ဆုံသောအချိန်၌ သောမသည်လည်းရှိ၍ ယေရှုကိုမြင်သောအခါမှသာ သူယုံကြည်သွားသည်။ သို့ရာတွင် သူပြောခဲ့သည်မှာ မြင်ပြီးထိတွေ့မှုနှင့် စမ်းသပ်ရခြင်းကို ပြည့်စုံမှုရှိမည်ကိုပြော၍ သူလိုလားသောအထောက် အထားများကို ယေရှု သူ့ကိုပေးသွားသည်။ သောမအော်၍ပြောသည်၊ “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကား။” သို့ရာတွင် ယေရှုက သူ၏မယုံကြည်မှုကိုဝေဖန် ပြောဆိုသည်၊ “သောမ၊ သင်သည် ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏” (ယောဟန် ၂၀း၂၈၊၂၉)။

          ခရစ်တော်ကိုသတ်သူများကျဆုံးခြင်း - သတင်းများမြို့တစ်မြို့ မှတစ်မြို့သို့ပျံ့နှံ့လာသောအချိန်တွင်၊ ယုဒခေါင်းဆောင်များသည် သူတို့ အသက်အတွက် စိုးရိမ်လာကြသည်။ သို့ဖြစ်၍ တပည့်တော်များကို သူတို့ ၏မုန်းတီးမှုကို သိုဝှက်ထားရသည်။ သူတို့အတွက် မျှော်လင့်ရသော အချက်မှာ သူတို့ လိမ်လည်ဖြန့်ဖြူးသောသတင်းကို ဆက်၍သာဖြန့်သွား ဖို့ဖြစ်ပါသည်။ ဤလိမ်လည်မှုကိုမှန်ကန်ကြောင်း လက်ခံလိုကြသူများ အတွက် သတင်းမှန်အဖြစ် ခံယူကြသည်။ ခရစ်တော်ရှင်ပြန်ထမြောက် ကြောင်း ပိလတ်မင်းကြားရသောအချိန်တွင် သူတုန်လှုပ်ခဲ့ရသည်။ ပေး သောသက်သေခံချက်များကို သူသံသယဖြစ်စရာအကြောင်းမရှိပါ။ ထို အချိန်မှစ၍ သူ့အတွက်အေးချမ်းမှုသည် ထာဝရ စွန့်ခွာသွားခဲ့ရလေပြီ။ လောကီရေးရာဂုဏ်ပကာသနအတွက်ကြောင့်သော်လည်းကောင်း၊ ရာ ထူးရာခံအာဏာစက်ဆုံးရှုံးခြင်းနှင့် အသက်အိုးအိမ်ဆုံးရှုံးမှုတို့အတွက် စိုး ရိမ်သဖြင့် သူသည် ယေရှုအားအသေသတ်ခြင်းကို စီရင်အမိန့်ပေးခဲ့သည်။ သူအခုချိန်မှာမူ အပြစ်မဲ့သောသူတစ်ယောက် အသက်ကို စတေးသတ်ယူ သောအပြစ်သာမကဘဲ၊ ထာဝရဘုရား၏သားတော် အသက်ကိုပင် သတ် သေခြင်းအပြစ်သည် လုံးသူ့အပေါ်သို့ ကျရောက်သည်ကို သူကောင်းစွာ နားလည်သဘောပေါက်တော့သည်။ ပိလတ်မင်း၏အသက်တာ ကုန်ဆုံး ချိန်လောက်တွင် အလွန်ပင် စိတ်ဆင်းရဲရသည်။ စိတ်ပျက်အားလျော့ ခြင်းနှင့် ပြင်းစွာသောနာကျင်မှုဝေဒနာခံစားချက်တို့ကြောင့် မျှော်လင့် ခြင်းနှင့် ပျော်ရွှင်ဝမ်းမြောက်မှုခံစားချက်တို့သည် ချေဖျက်ခြင်းခံရသည်။ သူ့အား နှစ်သိမ့်မှုပေးခြင်းတို့ကို ငြင်းဆန်ပြီး၊ စိတ်ပျက်အားလျော့မှုနှင့် သူသေခဲ့ရရှာသည်။

          ရက်လေးဆယ်လုံးလုံးတပည့်တော်များနှင့်အတူရှိနေခြင်း-ယေရှု သည် သူ၏တပည့်တော်များနှင့်အတူ ရက်လေးဆယ်တိုင်တိုင် ကြာ အောင်နေခဲ့သည်။ ထိုအချိန်အတွင်း သူတို့ကို ပျော်ရွှင်ဝမ်းမြောက်ခြင်းကို ပေးနိုင်ခဲ့သည်။ သူတို့အား ဘုရားသခင်၏နိုင်ငံတော်အဖြစ်မှန်အကြောင်း ပို၍ရှင်းပြနိုင်ခဲ့သည်။ သူတို့အားတာဝန်ပေးလိုက်သည်မှာ သူ၏ဒုက္ခဆင်း ရဲခြင်းခံရသည့်အကြောင်း၊ သူ၏သေခြင်းနှင့်ပြန်လည်ရှင်ပြန်ထမြောက် ခြင်းအကြောင်းတို့ကို သက်သေခံသွားကြရန် မှာကြားလိုက်ပါသည်။ သူ တို့သည် ပြောဆိုရသည်မှာ အပြစ်အတွက်သူစွန့်လွှတ်ခြင်းပြု၍ အသေခံ ခဲ့ရသည်။ သူ့ထံပါးသို့လာ၍ အသက်ရှာမှီးလိုသူများ လာနိုင်ကြောင်းနှင့် နူးညံ့သိမ်မွေ့စွာဖြင့် တပည့်တော်တို့အား ဒုက္ခဆင်းရဲခြင်းခံရမည့် အ ကြောင်းကိုပြောပြသည်။ သူတို့အားနှိပ်စက်ညှဉ်းပန်းခြင်းခံရပြီး၊ ဒုက္ခ ဆင်းရဲခြင်းကိုလည်းခံရမည်။ သို့ရာတွင် သူတို့၏သက်သာမှုမှာ သူတို့ ကျော်ဖြတ်ခဲ့သောအတွေ့အကြုံများကိုတွေးပြီး သူမိန့်မှာခဲ့သော စကား များကို ပြန်လည်သတိရဖို့ဖြစ်သည်။ သူတို့အား စာတန်မာရ်နတ်၏ သွေး ဆောင်ဖြားယောင်းမှုကို အောင်နိုင်ရခြင်းသည် စမ်းသပ်မှုနှင့်ဒုက္ခ ဆင်းရဲ ခံယူခြင်းအားဖြင့် အောင်မြင်မှုရရှိခဲ့ကြောင်းပြောပြသည်။ မာရ်နတ်သည် သူ့အပေါ်၌တန်ခိုးပြနိုင်ခြင်းလုံးဝမရှိနိုင်တော့ပါ။ သို့ရာတွင် သူတို့အပေါ် ၌ သွေးဆောင်ဖြားယောင်းမှုတို့ကို ပိုမိုတိုက်ရိုက်ကျရောက်ဖို့ သူလုပ် ဆောင်မည်။ သူ၏ နာမတော်ကို ယုံကြည်သူအားလုံးအပေါ်၌လည်း ကျ ရောက်စေမည်။ သို့သော်လည်း သူအောင်နိုင်ခဲ့သည်နည်းတူ သူတို့သည် လည်း အောင်နိုင်ခြင်းအခွင့်ရရှိနိုင်မည်။ သူ၏တပည့်တော်များအပေါ်၌ ယေရှုသည် တန်ခိုးတော်အပ်နှင်း၍ သူတို့သည် အံ့ဖွယ်သောအလုပ်များ ကို ပြုလုပ်နိုင်ပေမည်။ ကောက်ကျစ်ဆိုးသွမ်းသောလူများသည် သူတို့ကို ညှဉ်းပန်းနှိပ်စက်ကြမည်။ ရံဖန်ရံခါ သူတို့ဆီသို့သူသည် ကောင်းကင် တမန်များစေလွှတ်ပြီး သူတို့ကိုကယ်ထုတ်လိမ့်မည်။ သူတို့အသက်ကို နုတ်ယူခွင့်မပြုဘဲ သူတို့၏အမှုတော်ပြီးဆုံးသည်အထိ ကွယ်ကာပေးလိမ့် မည်။ ထိုအခါ၌ သူတို့၏ အသွေးများနှင့်အတူ သူတို့ဆောင်ခဲ့သော သက်သေခံချက်များကို ချိတ်ပိတ်ခြင်းကိုလည်း ပြုလုပ်ခြင်းရှိနိုင်မည်။

          စိုးရိမ်တကြီးရှိသော သူ၏နောက်လိုက်များသည် သူသွန်သင်ခဲ့ သော အရာများကို ပျော်ရွှင်ကျေနပ်စွာနားဆင်လျက်ရှိကြသည်။ သူမြွက် ဆိုသော စကားတိုင်းအပေါ်၌ စိတ်အားထက်သန်စွာမှီဝဲ၍ သူ၏သန့်ရှင်း သောနှုတ်တော်ထွက်စကားကို နားထောင်ပြီး ပီတိဖြစ်ကြမည်။ ယခု အချိန်အခါ၌ သူသည် ကမ္ဘာ၏ ကယ်တင်ရှင်ဖြစ်ကြောင်း သူတို့ အသေ အချာနားလည်ကြတော့သည်။ သူ၏နှုတ်တော်ထွက်စကားများသည် သူ တို့၏နှလုံးသားထဲသို့ နက်ရှိုင်းစွာ စူးဝင်သွားကြသည်။ သူတို့မှာ သူတို့၏ ကောင်းကင်မှဆရာနှင့်ကွဲကွာ၍ သူ၏နှစ်သိမ့်မှုစကားတို့ကို ကြားရတော့ မည်မဟုတ်သည့်အတွက် များစွာဝမ်းနည်းကြသည်။ သို့ရာတွင် သူတို့၏ နှလုံးသားတို့မှာ နွေးထွေးမှုရရှိပြီး ယေရှုသည် သူတို့အတွက် သွား၍ နေရာကိုစီစဉ်ပြီးနောက် တစ်ဖန်ပြန်လာ၍ သူတို့အားသူနှင့်အတူ ခေါ် ဆောင်သွားပြီး သူနှင့်အတူထာဝရနေနိုင်သွားမည့်ဟု ပြောသောအခါ၌ သူတို့၏ နှလုံးသားတို့သည် ချစ်ခြင်းမေတ္တာနှင့်ဝမ်းမြောက်စွာ နွေးထွေး သွားခဲ့ရသည်။ သူသည် နှစ်သိမ့်ပေးမည့်သူသန့်ရှင်းသော ဝိညာဉ်တော် အားစေလွှတ်ပေးဖို့ ကတိပြုခဲ့သည်။ ထိုသန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အားသမ္မာတရားတို့၌ လမ်းညွှန်ပေးလိမ့်မည်။ ထိုနောက် တပည့် တော်တို့ကို ယေရုရှလင် မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော် မူပြီးမှ၊ “လက်တော်ကိုချီ၍ ကောင်းချီးပေးတော်မူ၏” (လုကာ ၂၄း၅၀)။

ခရစ်တော်ကောင်းကင်အထက်သို့ ကြွမြန်းခြင်း

          ကောင်းကင်တစ်ခုလုံးသည် အောင်မြင်မှုအချိန်နာရီကို စောင့် ဆိုင်းလျက်ရှိနေကြသည်။ ထိုအချိန်မှာ သခင်ယေရှုသည် သူ၏ဖခမည်း တော်ထံသို့ တက်ရောက်သွားမည့်အချိန်ပင် ဖြစ်သည်။ ကောင်းကင် တမန်များသည် ဂုဏ်တော်နှင့်ပြည့်စုံသောရှင်ဘုရင်အား အောင်မြင်စွာ ဖြင့် အထက်ကောင်းကင်သို့ လိုက်ပါခေါ်ဆောင်သွားမည်ဖြစ်သည်။ ယေ ရှုသည် သူ၏တပည့်တော်တို့အား ကောင်းချီးမင်္ဂလာပေးပြီးသည်နောက် သူတို့နှင့်ခွဲခွာပြီး ကောင်းကင်အထက်သို့ချီဆောင်ခြင်းခံရသည်။ အထက် ကောင်းကင်သို့ သူဦးဆောင်ပြီးတက်သွားသောအချိန် သူရှင်ပြန်ထ မြောက်ချိန်၌ သူနှင့်အတူအသက်ရှင်ထမြောက်ကြသော သူတော်စင်များ သည် နောက်မှလိုက်သွားကြသည်။ မြောက်မြားစွာသော ကောင်းကင် တမန်တို့သည် သူတို့နှင့်အတူ သွားကြသည်။ ကောင်းကင်နိုင်ငံတွင် မရေမတွက်နိုင်သော ကောင်းကင်တမန်များတို့သည် ခရစ်တော်ပြန် ရောက်ရှိလာခြင်းကို စောင့်မျှော်လျက်ရှိနေကြပါသည်။

          ထိုအချိန်တွင် ကောင်းကင်ဗိုလ်ခြေရှိသမျှ အလုံးစုံတို့သည် ကြီး ကျယ်ခမ်းနားသောသူတို့၏ဗိုလ်ချုပ်ကိုဝန်းရံ၍ သူ၏ရှေ့တော်၌ လေး နက်သော မြတ်နိုးမှုဖြင့်ဦးညွှတ်ကြပြီး သူတို့၏တောက်ပနေသော သရဖူ တို့ကို သူ၏ခြေတော်ရင်း၌ချထားလျက်ရှိကြသည်။ ထိုနောက် ရွှေနှင့်ပြု လုပ်သောစောင်းတို့ကိုကိုင်၍ ငြိမ့်ညောင်းသာယာသော တီးလုံးသံစဉ် များဖြင့် သီချင်းများဆို၍ ဘုရားသခင်၏ သိုးသငယ်သည် အသေသတ် ခြင်းခံရပြီး၊ ယခုမှာမူ အသက်ရှင်လျက်ရှိ၍ သူ၏ဂုဏ်တော်၌ ကြီးကျယ် ခမ်းနားစွာနေထိုင်လျက်ရှိနေသည်ကို ဂုဏ်တော်ချီးမွမ်းလျက် သီဆိုကြ သည်။

          တစ်ဖန်ပြန်၍ကြွလာမည်ကိုကတိတော်ပေးခြင်း - တပည့်တော် များသည် အထက်ကောင်းကင်သို့ ဝမ်းနည်းစွာမျှော်ကြည့်ရင်း၊ သူတို့၏ သခင် နောက်ဆုံးအရိပ်အယောင်မြင်နိုင်ဖို့ ကြည့်နေစဉ်တွင် ဖြူဆွတ် သော အဝတ်ဖြင့် ကောင်းကင်တမန်နှစ်ပါးက သူတို့နံဘေးမှာ ပေါ်ထွန်း လာသည်။ ထိုသူတို့က၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ ဆောင် ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်း ကင်သို့ကြွသွားတော်မူသည်နည်းတူတစ်ဖန်ကြွလာတော်မူလတ္တံ့ဟုပြော ဆို၏” (တမန်တော် ၁း၁၁)။ တပည့်တော်များသည် သူ၏ကောင်းမြတ် သောလုပ်ဆောင်ချက်နှင့် ထူးဆန်း၍ ကြီးကျယ်ခမ်းနားလှသော အဖြစ် အပျက်တို့ကို ပြန်လည်ပြောဆိုကြသည်။ ဤအဖြစ်အပျက်တို့မှာ တို တောင်းသောအချိန်ကာလ၌ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

          စာတန်မာရ်နတ်၏ဒေါသ - စာတန်မာရ်နတ်သည် သူ၏တမန် များနှင့် တစ်ဖန်ပြန်၍တိုင်ပင်ကြသည်။ ထာဝရဘုရား၏ အစိုးရနှင့်ပတ် သက်၍ ဒေါသမုန်းတီးမှုဖြင့် သူတို့အားပြောလိုက်သည်မှာ၊ မြေကြီးပေါ်၌ သူ၏ အာဏာတန်ခိုးတို့ကို ထိန်းသိမ်းထားရသော်လည်း၊ ယေရှု၏ နောက်လိုက်များအပေါ်တွင် သူတို့၏တိုက်ခိုက်မှုမှာ ဆယ်ဆမျှပြင်းထန် ရမည်။ ခရစ်တော်ကို တိုက်ခိုက်ရာ၌ အောင်မြင်မှုတစ်စုံတစ်ရာမျှ မရရှိခဲ့ပါ။ သို့ရာတွင် သူ၏နောက်လိုက်များကိုမူ ဖြစ်နိုင်လျှင် ချေမှုန်း သွားရမည်။ ခေတ်အဆက်ဆက်တိုင်းမှာ ယေရှုကို ယုံကြည်ကြသော သူတို့ကို ထောင်ချောက်ဖြင့်ဖမ်းယူရမည်။ ထိုသို့ဖြစ်၍ စာတန်မာရ်နတ် ၏တမန်များသည်ထွက်သွား၍ ဟိန်းဟောက်လျက်ရှိသော ခြင်္သေ့များ ကဲ့သို့ ယေရှု၏နောက်လိုက်တို့အား ခြေမှုန်းရန်ရှာဖွေပါတော့သည်။




အခန်းကြီး - ၁၀

အခန်း (၁ဝ)

တန်ခိုးအာဏာ

 

          ယေရှုသည် သူ၏တပည့်တော်တို့ကို သူနှင့်ပတ်သက်သော ဗျာ ဒိတ် ဟောကြားချက်အဓိပ္ပါယ်ကို သူတို့နားလည်ရန် ဖွင့်ဟပေးသော အချိန်တွင်၊ သူတို့အား ကောင်းကင်နှင့်မြေကြီးပေါ်၌ တန်ခိုးတော်အား လုံးတို့မှာ သူ့ကိုအပ်နှင်းထားကြောင်း အာမခံခဲ့သည်။ သို့ဖြစ်၍ သူတို့ သည် ဝေနေယျသတ္တဝါလူအပေါင်းတို့အား ဧဝံဂေလိသတင်းစကားဟော ကြားရန်နေရာအနှံ့စေလွှတ်ခဲ့သည်။ သူတို့သည်မျှော်လင့်ချက်အဟောင်း ဖြစ်သော ယေရုရှလင်မြို့ရှိ ဒါဝိဒ်မင်းကြီး၏ပလ္လင်တော်အပေါ်၌ ယေရှု နေရာယူသွားမည်ကို သူတို့၏ မျှော်လင့်ချက် ရုတ်ခနဲနိုးကြားခြင်း ခံရ သည်။ သို့ဖြစ်၍ တပည့်တော်များက သူ့ကိုမေးလိုက်သည်မှာ၊ “ယခုအခါ ကိုယ်တော်သည် ဣသရေလအမျိုးတို့အား နိုင်ငံကို ပြန်ပေးတော်မူမည် လော” ဟုမေးလျှောက်ကြ၏။ (တမန်တော် ၁း၆)။ ကယ်တင်ရှင်သည် သူတို့မရေမရာဖြစ်သွားအောင်ဖြေလိုက်သည်။ “ခမည်းတော်၏ တန်ခိုး အားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့ ၌မရှိ” (တမန်တော် ၁း၇)။

          တပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော် ဆင်းက် လာခြင်းအားဖြင့် ယုဒလူတို့အား ယေရှုကိုလက်ခံရယူဖို့ တိုက်တွန်းသွား မည်ဟု မျှော်လင့်ခဲ့သည်။ ကယ်တင်ရှင်သည် ဆက်၍မရှင်းပြတော့ပါ။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောဝိညာဉ်တော်သည် လာရောက် သောအခါ သူတို့အပေါ်၌လုံလောက်စွာသွန်းလောင်းခြင်းရှိပါက သူတို့၏ ဉာဏ်သည် နားလည်မှုနှင့်ထွန်းလင်းသွားလိမ့်မည်။ သူတို့အရှေ့၌ရှိသော လုပ်ငန်းတို့ကို ပြည့်စုံစွာနားလည်ကြ၍ သူအဆုံးသတ်ခဲ့သောနေရာမှ ဆက်၍ဆောင်ရွက်သွားနိုင်မည်။

          တပည့်တော်များသည် အထက်ခန်း၌စုရုံးကြပါသည်။ အတူတကွ ဆုတောင်းခြင်းဖြင့် ယုံကြည်ကြသောအမျိုးသမီးများ၊ ယေရှု၏မိခင်မာရိ နှင့် ယေရှု၏ညီအစ်ကိုတို့သည် အတူစုရုံးခဲ့ကြသည်။ ဤညီအစ်ကိုများ သည် ယခင်ကယုံကြည်သူများမဖြစ်ကြသော်လည်း ယခုမှာမူ လက်ဝါး ကပ်တိုင်၌ ယေရှုအသေသတ်ခြင်းခံရသော မြင်ကွင်းများနှင့် ရှင်ပြန်ထ မြောက်ခြင်း၊ ကောင်းကင်သို့တက်ကြွသွားခြင်းတို့ကြောင့် ယုံကြည်သူ များအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ကြလေပြီ။ စုရုံးကြသောအရေအတွက် မှာ တစ်ရာ့နှစ်ဆယ်ခန့်ရှိကြသည်။

          သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာခြင်း– “ပင်တေကုတ္တေ ပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစုဝေး ၍နေကြ၏။ ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့သော အသံသည် တစ်ခဏ ချင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့နေထိုင်သောအိမ်ကိုပြည့်လေ၏။ ထိုခဏချင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထို သူတို့အသီးသီး ပေါ်၌တည်နေကြ၏။ ထိုသူအပေါင်းတို့သည်လည်း သန့် ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်၍ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကိုပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏” (တမန်တော် ၂း၁-၄)။ သန့်ရှင်းသောဝိညာဉ်တော်သည် မီးလျှာ” ကဲ့သို့ပုံဆောင်ခဲ့၍ ထိပ်၌ခွဲထားပြီးစုဝေးကြသောလူအပေါင်းတို့ အပေါ်၌ရပ်တည်လျက် သူတို့အပေါ်၌ ကျရောက်ခြင်းသည် ဘာသာ စကားအမျိုးပေါင်းများစွာ ရေရေလည်လည်ပြောဆိုနိုင်သော ဆုကျေးဇူး နိမိတ်လက္ခဏာဖြစ်သည်။ ထိုဘာသာစကား အမျိုးမျိုးကို ယခင်ကသူတို့ ပြောဆိုနိုင်ခြင်း မရှိခဲ့ပါ။ မီးပေါ်ထွန်းလာခြင်းသည် သူတို့၏ပြင်းထန် သောဇွဲသတ္တိနှင့်အမှုဆောင်လုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်ပြီး၊ သူတို့ ပြောသောစကားများအပေါ်၌ တန်ခိုးပါရှိသွားမည်ကို ပုံဆောင်သည်။           ဤကောင်းကင်မှမီးမောင်းထိုးပေးခြင်းသည် ခရစ်တော်ရှင်းပြ သော ကျမ်းချက်ပါ အဓိပ္ပါယ်များကို သူတို့၏ဦးနှောက်ထဲမှာ ကွက်ကွက် ကွင်းကွင်း၊ အရောင်တောက်၍လှပခြင်းနှင့်ပြည့်စုံ၍ ရှင်းလင်းပြတ်သား ပြီး တန်ခိုးနှင့်ပြည့်ဝသောသမ္မာတရားနှင့်ပြည့်စုံမည်။ ခရစ်တော်ပယ် ဖျက်ခဲ့သောအရာများကို မြင်နိုင်စွမ်းမရှိသော ကန့်လန့်ကာသည် ယခု အချိန်မှာဖယ်ရှားခြင်းရှိလေတော့သည်။

          သို့ဖြစ်၍ ခရစ်တော်၏အမှုတော်ရည်ရွယ်ချက်နှင့် သူ၏နိုင်ငံ တော်သဘောသဘာဝကို  ရှင်းလင်းပြတ်သားစွာ နားလည်လာကြသည်။           ပင်တေကုတ္တေပွဲနေ့၏တန်ခိုးတော်အောက်ဝယ် - ယုဒလူမျိုးတို့ သည် နိုင်ငံတိုင်းနီးပါးပင်ပျံ့နှံ့သွားပြီး သူတို့သည်လည်း ဘာသာစကား အမျိုးမျိုးပြောဆိုနေကြသည်။ သူတို့သည် ယေရုရှလင်မြို့သို့ ခရီးဝေးမှ လာ၍ ထိုနေရာ၌ဘာသာရေးပွဲတော်အတွက်နှင့် သူတို့၏ လိုအပ်ချက် တို့ကို ဖြည်းဆည်းရန် ခေတ္တရပ်နားခဲ့ရသည်။ ထိုနေရာ၌ စုရုံးဝတ်ပြု ကိုးကွယ်ကြ သောသူအပေါင်းတို့သည် ဘာသာစကားအမျိုးမျိုးပြောဆို ကြသောသူများဖြစ်ကြသည်။ ဤသို့ဘာသာစကားအမျိုးမျိုး ကွဲပြားမှု သည် ထာဝရဘုရား၏အစေခံများအတွက် ခရစ်တော်၏ ယုံကြည်ချက် နှင့်ပတ်သက်၍ ကမ္ဘာအနှံ့ဖြန့်ဖြူးရန် အခက်အခဲအဟန့်အတားဖြစ်စေ ခဲ့သည်။ သို့ရာတွင် ထာဝရဘုရားသည် တမန်တော်များ၏လိုအပ်ချက်ကို အံ့ဖွယ်သောနည်းလမ်းဖြင့် ဖြည့်ဆည်းပေးခဲ့သည်။ လူသားအားလုံး အတွက်မှာမူ ခရစ်တော်အတွက်သက်သေခံခြင်း အလုပ်ကို ပြည့်စုံမှုရှိစေ ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့ကိုယ်တိုင်တစ်သက်တာ လုံးမလုပ်ဆောင်နိုင်သောအရာတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ယခုမှာမူ ဧဝံဂေလိသမ္မာတရားကို ရပ်နီးရပ်ဝေး၌ ဖြန့်ဝေနိုင်ခဲ့သည်။ သူတို့အမှု ဆောင်သောသူများအတွက် သူတို့၏ ဘာသာစကားအားဖြင့် ရေလည် စွာ ပြောဆိုဟောပြောနိုင်ကြပြီ။ ဤဘာသာစကားမျိုးစုံကိုပြောနိုင်သော အရည်အချင်းသည် ကမ္ဘာသို့ အမြင့်ဆုံးသောသက်သေအဖြစ် သူတို့၏

အမှုတော်သည် ကောင်းကင်၏အသိအမှတ်ပြုခြင်းဖြစ်သည်။

          “ထိုကာလအခါ၊ ကောင်းကင်အောက်တွင်ရှိလေသမျှသောလူမျိုး ထဲက တရားကိုရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌ တည်းနေ ကြသတည်း။ ထိုအသံကိုကြားရသောအခါ၊ လူများတို့သည် စုဝေးလာ ကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ဘာသာစကားဖြင့် တမန်တော် တို့ဟောပြောသည်ကိုကြားရ၍ မှိုင်တွေလျက်ရှိနေကြ၏။ ထိုလူအပေါင်း တို့သည်အံ့ဩမိန်းမောတွေဝေလျက်ရှိ၍၊ယခုဟောပြောသောသူအပေါင်း တို့သည် ဂါလိလဲလူဖြစ်ကြသည်မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးအသီးမွေးဖွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း” (တမန်တော် ၂:၅-၈)။

          ယဇ်ပုရောဟိတ်များနှင့်အုပ်ချုပ်သူတို့သည် ဤထူးခြားသောဖြစ် ရပ်အတွက် လွန်စွာ အမျက်ဒေါသထွက်ကြသည်။ ဤအကြောင်းအရာ များကို ယေရုရှလင်မြို့တစ်ခုလုံး၌လည်းကောင်း၊ အနီးပတ်ဝန်းကျင်တို့၌ လည်းကောင်း ပြောဆိုနေကြသည်။ သို့ရာတွင် သူတို့ဘာမျှမလုပ်ရဲကြပါ။ မိမိကိုယ်ကို လူထု၏ဒေါသရှေ့မှာ ဖော်ထုတ်ခြင်းမပြုရဲသည့်အတွက် ဖြစ် သည်။ သူတို့၏ သခင်ကို သူတို့သတ်ခဲ့သည်။ ယခုမှာမူ ထိုသခင်၏တ ပည့်အစေခံများက အံ့ဖွယ်သောကြိုတင်ဗျာဒိတ်ဟောကြားချက်ကို ပြည့် စုံလာအောင်ဖြည့်ဆည်းပေးသည်။ ဤလူများမှာ ဂါလိလဲလူများ၊ ပညာ မတတ်သောသူများ ဖြစ်ကြသည်။ သူတို့သည် ယေရှုအကြောင်းအရာ ယုံကြည်ချက်တို့ကို ဘာသာစကားအားလုံးဖြင့် ဟောနေကြသည်။ သူတို့ ပြောသောအကြောင်းအရာမှာ ကယ်တင်ရှင်အကြောင်းဖြစ်ပြီး ကြားနာ သူတို့အား ကယ်တင်ခြင်းစီမံကိန်းဖြင့် ဘုရားသခင်၏သားတော်အား သနားခြင်းကရုဏာဖြင့် ယဇ်ပူဇော်ခြင်းခံရကြောင်းကို ဟောပြောကြ သည်။ သူတို့ဟောပြောသောစကားများကြောင့် ကြားနာရသူ ထောင် ပေါင်းများစွာတို့ယုံကြည်ကြ၍အသက်တာပြောင်းလဲသွားကြသည်။ ယဇ် ပုရောဟိတ်များ သွန်သင်ခဲ့သော ဓလေ့ထုံးတမ်းစဉ်လာနှင့်အစွဲအလမ်း အယူသီးခြင်းတို့သည် သူတို့၏ဦးနှောက်ထဲမှလွင့်စင်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းဖြူစင်သော နှုတ်ကပတ်တော်၏သွန်သင်ချက်တို့ကိုသာ ခံယူကြ သည်။

          ပေတရု၏တရားဟောချက် - ပေတရုပြသသွားသည်မှာ သူတို့ မြင်ရသောအခြေအနေသည် ယောလ၏ ဗျာဒိတ်ဟောကြားချက်ကို တိုက်ရိုက် ပြည့်စုံခြင်းသို့ ရောက်ရှိလာသည်။ သူ၏ကြိုတင်ဟောကြား ချက်မှာ၊ ထိုသို့သောတန်ခိုးအာဏာတို့သည် ဘုရားသခင်၏ လူတို့အပေါ် ၌ ကျရောက်လာမည်ဖြစ်၍ ထူးခြားသောအလုပ်ကို လုပ်ဆောင်နိုင်ဖို့ ဖြစ် သည်။

          ပေတရုသည် ခရစ်တော်၏ဘိုးစဉ်ဘောင်ဆက် နောက်ကြောင်း ပြန်ရှာကြည့်သောအခါ ဒါဝိဒ်မင်းကြီးအိမ်တော်သို့ တိုက်ရိုက်ရောက်ရှိ သွားသည်။ သူသည် ယေရှု၏သွန်သင်ချက်များကို မှီငြမ်းခြင်းအားဖြင့် ယေရှု၏ စစ်မှန်သောနေရာကိုမဖော်ပြခဲ့ပါ။ အသုံးပြုဖော်ပြပါလျှင်လည်း ယုဒလူတို့က ယေရှုအပေါ်၌ထားရှိသော တစ်ဖက်သတ်အစွဲအလမ်းများ ကြောင့် အရာရောက်မည်လည်း မဟုတ်ပါ။ သို့ဖြစ်လျှင် ဒါဝိဒ်ကိုသာ ညွှန်ပြရမည်ဖြစ်သည်။ ဒါဝိဒ်ကိုမူ ယုဒလူတို့က အထူးပင် လေးစားကြ သည်။ ပေတရုပြောဆိုသွားသည်မှာ-

          “ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည်ထာဝရဘုရား ကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါ့လက်ယာဘက် ၌တည် ရှိတော်မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး ငါ့အသားသည်မျှော်လင့်လျက်ကိန်းဝပ်လိမ့်မည်။ အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထား တော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေ တော်မမူဘဲလျက် အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်” (တမန်တော် ၂း၂၅-၂၇)။

          ဤနေရာ၌ပေတရုပြသသွားခဲ့သည်မှာ ဒါဝိဒ်သည် သူ၏ကိုယ်ပိုင် အကြောင်းပြောဆိုခြင်းမဟုတ်ဘဲ ယေရှုခရစ်အကြောင်းကိုသာ သေချာ စွာ ပြောဆိုနေပါသည်။ ဒါဝိဒ်သည် အခြားသူများကဲ့သို့ပင် သဘာဝ အလျောက် သေဆုံးခဲ့သည်။ သူ၏ဂူသင်္ချိုင်းသည် ဂုဏ်အသရေရှိသော ဖုန်များနှင့်အတူ ထိုအချိန်ကာလအထိ သေချာစွာထိန်းသိမ်းထားခဲ့သည်။ ဣသရေလရှင်ဘုရင် တစ်ပါးအဖြစ်သော်လည်းကောင်း၊ ပုရောဖက် တစ်ပါးအနေဖြင့်သော်လည်းကောင်း ဒါဝိဒ်သည် ထာဝရဘုရား၏ အထူး ဂုဏ်ပြုခြင်းကိုခံရသည်။ သူ့အား ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် သူ့ကိုခရစ်တော်၏အနာဂတ်အသက်တာ နှင့်အမှုတော်လုပ်ငန်းကို ပြသ ခဲ့သည်။ သူသည် ယေရှု၏ပစ်ပယ်ခံရခြင်း၊ စမ်းသပ်ခံရခြင်း၊ လက်ဝါး ကပ်တိုင်ပေါ်၌အသေသတ်ခံရခြင်း၊ သင်္ဂြိုဟ်ခြင်း၊ ပြန်လည်ရှင်ပြန်ထ မြောက်ခြင်းနှင့် ကောင်းကင်သို့ ကြွမြန်းခြင်းတို့ကို ထာဝရဘုရားကပြသ ခဲ့သည်။

          ဒါဝိဒ်သက်သေခံသွားသည်မှာ ခရစ်တော် ၏ဝိညာဉ်သည်မရဏာ နိုင်ငံ (သင်္ချိုင်း) ၌မကျန်ရှိရပါ။ သူ၏အသားသည်လည်း ပုပ်စပ်ခြင်းကို လည်း မခံရပါ။ ပေတရုသည် နာဇရက်မြို့ သားယေရှုကို ဤအရာများကို ဗျာဒိတ် ရူပါရုံအားဖြင့် ပြည့်စုံစေခဲ့သည်။ ထာဝရဘုရားသည် သူ၏ ကိုယ်ခန္ဓာမပုပ်မသိုးမီ ဂူသင်္ချိုင်းမှအမှန်တကယ် မြှင့်တင်ခြင်းပြုခဲ့သည်။ ယခုအချိန်တွင်သူသည် အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ မြှင့်တင်ချီး မြှောက်ခြင်းခံရသူတစ်ဦးဖြစ်တော့သည်။

          ထိုမေ့၍မရနိုင်သောအဖြစ်အပျက်အချိန်တွင် ဤမျှလောက်စိတ် သဘောနှိမ့်ချခြင်းရှိသော ယေရှုအား ဘုရားသခင်၏ သားတော်ဖြစ် ကြောင်း အယူအဆမှာ လူများစွာတို့က လက်မခံနိုင်ဘဲ ထိုအချိန်အထိ သူ့အားအရူးလုပ် ပြောဆိုခဲ့ရာမှ သူတို့သည် အံ့သြဖွယ်ရာအဖြစ်အပျက် တို့ကြောင့် အမှန်တရားကို လုံးလုံးလျားလျား လက်ခံလာကြ၍ သူ့ကို ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ လူသုံးထောင်မျှလောက် သောသူတို့သည်အသင်းတော်ထဲသို့ဝင်ရောက်လာကြသည်။ တမန်တော် များသည် သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးအားဖြင့် ဟောပြောကြ၍၊ မည်သူမျှသူတို့၏ စကားအပေါ်၌ အငြင်းအခုံမရှိခဲ့ကြပါ။ သူတို့၏သတင်း စကားများကို ကြီးကျယ်သော အံ့ဩဖွယ်ရာအဖြစ်များက ထောက်ခံပေး လျက်ရှိသည်။ ထိုအံ့သြဖွယ်သောအလုပ်တို့မှာ ဘုရားသခင်၏ ဝိညာဉ် တော်သွန်းလောင်းခြင်းအားဖြင့် လုပ်ဆောင်ခဲ့ကြသည်။ တပည့်တော် များကပင်လျှင် ဘုရားသခင်၏ တန်ခိုးတော်ပြသခြင်းအပေါ်၌ အံ့သြ မိန်းမောလျက်ရှိကြသည်။ ဤတန်ခိုးတော်ပြသခြင်းအားဖြင့် မြန်ဆန်ပြီး များပြားသော ယုံကြည်လာသူရိတ်သိမ်းခြင်းကို တွေ့ရပါသည်။ လူအား လုံးတို့သည် အလွန်အံ့အားသင့်ခြင်း ဖြစ်ခဲ့ရသည်။ စွဲလမ်းမှုကြီးသူနှင့် တစ်ယူသန်ဖြစ်သူများသည် အလွန်အံ့သြခြင်းရှိ၍ ထိုကြီးကျယ်သော အလုပ်ကို အသံအားဖြင့်သော်လည်းကောင်း၊ အကြမ်းဖက်မှုအားဖြင့် သော်လည်းကောင်း ရပ်တန့်စေရန်မလုပ်ရဲကြပါ။ သို့ဖြစ်၍ သူတို့၏ ဆန့်ကျင်မှုတို့သည် ထိုအချိန်အတွင်း ခေတ္တရပ်တန့်ခဲ့ရသည်။

          တမန်တော်များ၏ငြင်းဆိုရှင်းလင်းပေးသောစကားများပင်လျှင် ရှင်းလင်းပြတ်သား၍ ယုံကြည်နိုင်စရာအကြောင်းရှိသော်လည်း တစ်ဖက် စောင်း၊ အယူအဆရှိကြသော ယုဒလူတို့၏အာဃာတကိုဖယ်ရှား၍ ရနိုင် မည်မဟုတ်ပါ။ သူတို့သည် အထောက်အထား အမျိုးမျိုးကို ခုခံပယ်ချ ခဲ့ဖူးသည်။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုကြောင့် ထိုငြင်းခုံမှုစကားများသည် သူတို့၏ နှလုံးသားထဲသို့ ဘုရားသခင်၏ တန်ခိုးတော်နှင့်အတူ စူးဝင်သွားသည်။ ထိုစကားတို့မှာ ကြီးမြတ်သော ဘုရားသခင်၏မြားချွန်ကဲ့သို့ စူးဝင်သွားသည်။ ဂုဏ်တော်နှင့်ပြည့်ဝသော သခင်ဘုရားအားစွန့်ပယ်ပြီး လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ သော ကြီးမားသည့်အပြစ်ကို နားလည်သဘော ပေါက်စေပါသည်။ “ထိုသူ တို့သည်ကြားလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရ ပါမည်နည်းဟု ပေတရုမှစ၍ အခြားသော တမန်တော်တို့အား မေးမြန်း ကြ၏။ ပေတရုကလည်း၊ သင်တို့၏အပြစ်ကို လွှတ်စေခြင်းငှာ နောင်တရ ၍တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြု လျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရ ကြလိမ့်မည်” (တမန်တော် ၂:၃၇၊၃၈)။

          ပေတရုသည် ယုံကြည်၍ခံယူလျက်ရှိသောလူတို့အား သူတို့ခရစ် တော် ကိုစွန့်ပယ်ခဲ့ရခြင်းမှာ သူတို့အား ယဇ်ပုရောဟိတ်များနှင့်အုပ်ချုပ် သူတို့က လိမ်ညာခဲ့ခြင်းကြောင့်ဖြစ်သည်ဟု တိုက်တွန်းသည်။ အကယ်၍ သာသူတို့သည် ဤခေါင်းဆောင်များကိုအားကိုးပြီး သူတို့ခရစ်တော်ကို အသိအမှတ်ပြုပြီးမှ သူတို့သည်လည်း ခရစ်တော်ကိုအသိအမှတ်ပြုရဲမည် ဖြစ်လျှင်၊ ခရစ်တော်ကို သူတို့ဘယ်သောအခါမှ လက်ခံနိုင်စွမ်းရှိမည် မဟုတ်ပါ။ ထိုအာဏာကြီးသော သူတို့သည် မိမိကိုယ်ကိုသန့်ရှင်းမှုရှိ ကြောင်း ဟန်ဆောင်ကြသော်လည်း၊ သူတို့သည် လောကီ၏ချမ်းသာမှု နှင့်ဘုန်းအသရေတို့ကို မက်မောမှုကြီးစွာ ရှိကြသည်။ သူတို့သည် အလင်း ရဖို့ခရစ်တော်ထံဘယ်သောအခါမျှ သွားမည်မဟုတ်ပါ။ ယေရှုသည် ဤသို့ခေါင်းမာတစ်ဇွတ်ထိုးသမား၊ ယုံကြည်ခြင်း မရှိသည့်သူတို့အတွက် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ခတ်မှုသည် သူတို့အပေါ်၌ ကျ ရောက်လာမည်ကို ကြိုတင်ဟောပြောခဲ့သည်။ ယေရှုသည် ဘုရားသခင် ၏သားတော်ဖြစ်ကြောင်းကြီးမားသောအထောက်အထားရှိခဲ့သော်လည်း သူတို့ယုံကြည်မှုမရှိခဲ့ပါ။

          ယခုအချိန်မှစ၍ တပည့်တော်ပြောသောစကားများမှာ သန့်စင်မှု ရှိသည်၊ ရိုးရှင်းသည်၊ တိကျမှန်ကန်သည်။ နှုတ်အားဖြင့်သော်လည်း ကောင်း၊ လေသံအားဖြင့်သော်လည်းကောင်း တိကျမှုရှိသည်။ သူတို့မွေး ရာပါဘာသာစကားအားဖြင့်သော်လည်းကောင်း၊ နိုင်ငံခြားဘာသာစကား အားဖြင့်သော်လည်းကောင်း ကွဲပြားခြားနားမှုမရှိဘဲ ရိုးရှင်းဖြောင့်မတ် သည်။ ဤစိတ်သဘော နှိမ့်ချမှုရှိသောသူတို့သည် ပုရောဖက်များကျောင်း တော်တွင် တစ်ခါမျှတက်ရောက်သင်ကြားခွင့်မရှိခဲ့ပါ။ သို့ရာတွင် အမှန် တရား (သမ္မာတရား) တင်ဆက်ရာတွင် မြင့်မားသန့်စင်မှုရှိသည့်အတွက် ကြားနာကြရသူတိုင်း အံ့သြခြင်းဖြစ်ခဲ့ရသည်။ သူတို့သည် ကမ္ဘာမြေကြီး ဆုံးခန်းတိုင်အောင် ကိုယ်တိုင်မသွားရောက်နိုင်ကြသော်လည်း၊ ယေရုရှ လင်မြို့၌ ပွဲတော်တက်ရောက်ကြသောသူ အပေါင်းတို့မှာ ကမ္ဘာအရပ်ရပ် မှလာရောက်ကြသောသူအများအပြားရှိကြသည်။ ဤသူများကား ရရှိခဲ့ သောအမှန်တရားကို သူတို့အိမ်ပြန်ကြသောအချိန်တွင် ထိုအမှန်တရား များကို သူတို့၏အိမ်၊ သူတို့၏လူမျိုးတို့အား ဝေငှပြောဆိုခဲ့ကြသည်။ ခရစ် တော်ထံသို့ များစွာသော သူများပြောင်းလဲလာကြသည်။

          ကျွန်ုပ်တို့ခေတ်အတွက်သင်ခန်းစာ ကျွန်ုပ်တို့အတွက် ခရစ်ယာန် အသင်းတော်တည်ထောင်ခြင်းနှင့်ပတ်သက်၍ သန့်ရှင်းသောသမိုင်းဝင် အရေးကြီးသော အပိုင်းကဏ္ဍတစ်ခုအနေဖြင့်သာမကဘဲ ကျွန်ုပ်တို့ အတွက် သင်ခန်းစာတစ်ရပ်လည်း ဖြစ်ခဲ့သည်။ ဤသက်သေခံချက်များ သည် ခရစ်တော်၏နာမတော်ကို ခံယူသောသူတိုင်း စောင့်နေရမည်၊ စောင့်ကြည့်ရမည်။ ထို့အပြင် တစ်လုံးတစ်ဝတည်း နှလုံးသားဖြင့် ဆု တောင်းကြရမည်။ ကျွန်ုပ်တို့၏ ကွာခြားချက်အားလုံးကို ဖယ်ထုတ်ပြီး တစ်ဦးနှင့်တစ်ဦးညီညွတ်၍ နူးညံ့သိမ်မွေ့သောချစ်ခြင်းမေတ္တာကို နေရာ တိုင်း၊ အရာရာတိုင်းအပေါ်၌ ပျံ့နှံ့စေရမည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့၏ဆု တောင်းချက်များသည် အတူတကွ ကောင်းကင်နိုင်ငံရှိ ကျွန်ုပ်တို့၏ အဖ ခမည်းတော်ထံသို့ အားကြီးလေးနက်သော ယုံကြည်ခြင်းဖြင့် ရောက်ရှိ နိုင်မည်ဖြစ်သည်။ ထိုအခါမှသာ ကတိတော်ရှိသည်အတိုင်း ပြည့်ဝမှုရှိ

လာခြင်းကို စိတ်ရှည်ခြင်းနှင့်မျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းနိုင်မည်။

          ကျွန်ုပ်တို့မျှော်လင့်နေသောအဖြေသည် ရုတ်တရက်နှင့်မြန်ဆန် စွာကြီးမားသော အရှိန်ဖြင့် ရောက်ကောင်းရောက်နိုင်မည်။ သို့တည်း မဟုတ် ရက်များ၊ အပတ်စဉ်များ၊ လနှင့်ချီ၍လည်းနှောင့်နှေးမှုရှိကောင်း ရှိလိမ့်မည် ကျွန်ုပ်တို့၏ ယုံကြည်ချက်တို့သည်လည်း အစမ်းသပ်ခံရကြ လိမ့်မည်။ သို့ရာတွင် ထာဝရဘုရားသည် ကျွန်ုပ်တို့၏ ဆုတောင်းသံ များကို မည်သို့ အဖြေမျိုးပေးရမည်၊ ဘယ်အချိန်၌ပေးရမည်ကို သိသော ဘုရားဖြစ်သည်။ ကျွန်ုပ်တို့တာဝန်ပိုင်းမှာမူ ဘုရားသခင်၏ အသံလွှင့် လိုင်းနှင့်မိအောင် ဆက်သွယ်မှုပြုရမည်။ ဘုရားသခင်သည် သူ၏တာဝန် ပိုင်းနှင့်ဆိုင်ပါသည်။ ကတိပေးသောသူသည် သစ္စာရှိသည်။ ကျွန်ုပ်တို့နှင့် ပတ်သက်သော အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိဖို့၊ မနာလိုဝန်တိုမှုနှင့် သူတစ်ပါးကို ဒုက္ခပေးလို စိတ်တို့ကိုဖယ်ရှား၍ စိတ်သဘောနှိမ့်ချသည့်ဆုတောင်းခြင်းလူမျိုးများ ကဲ့သို့ပင် စောင့်ကြည့်၊ စောင့်မျှော်ရပါမည်။ ယေရှုသည် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်နှင့်ခေါင်းဆောင်အဖြစ် ပင်တေကုတ္တေနေ့၌ ဆုတောင်း ခြင်းနှင့်စောင့်ကြည့်ခြင်းပြုနေသော သူတို့အတွက် ပြုလုပ်ပေးခဲ့သည် နည်းတူ ကျွန်ုပ်တို့အတွက်ကိုလည်း ဤသို့ပင် ပြုလုပ်ပေးဖို့အဆင်သင့် ရှိနေပါသည်။




အခန်းကြီး - ၁၁

အခန်း (၁၁)

ယုံကြည်ခြင်းအယူဝါဒကိုစွန့်လွှတ်ခြင်း

 

          ယေရှုသည် သူ၏တပည့်တော်များအား ယေရုရှလင်မြို့၏ ကံကြ မ္မာနှင့် ဒုတိယအကြိမ်ကမ္ဘာမြေကြီးပေါ်သို့ သူပြန်ကြွရောက်လာမည့် အကြောင်းကို ဖော်ပြသည့်အခါမှာ၊ သူသည် သူတို့နှင့်ခွဲခွာရပြီး တစ်ဖန် တန်ခိုးအာဏာနှင့်ဂုဏ်တော်ဖြင့် ပြန်လာ၍ သူတို့ကို လွတ်မြောက်စေ ခြင်းအကြောင်းကိစ္စအထိပါ ကြိုတင်ဟောထားချက်များ ဖော်ပြပေးခဲ့ သည်။ သံလွင်တောင်ပေါ်မှမျှော်ကြည့်ရင်း တမန်တော်များတည်ထောင် လာမည့်အသင်းတော်ပေါ်၌ ကျရောက်လာမည့် မုန်တိုင်းအကြောင်းကို ပြောပြသွားသည်။ ဆက်၍အနာဂတ်ကာလအတွင်းသို့ ပို၍လေးနက် အောင်ကြည့်သောအခါ၌ သူ၏မျက်စိတို့သည် ပြင်းထန်ပြီးဖျက်ဆီးမည့် မုန်တိုင်းသည် သူ၏နောက်လိုက်များအပေါ်၌ ရိုက်ခတ်လာမည့် မှောင် မိုက်သောညှဉ်းပန်းခြင်းကာလကို သူမြင်ရသည်။ သူအတိုချုံးပြောဆို ခဲ့သောစကားအနည်းငယ်အားဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် အဓိ ပ္ပါယ်ဆောင်၍၊ သူ၏ ကြိုတင်ဟောကြားချက်တွင် ကမ္ဘာကိုအုပ်စိုးနေ သောခေါင်းဆောင်များသည် ဘုရားသခင်၏ အသင်းတော်အပေါ်၌ မည်သို့ထိုးနှက်ထိခိုက်အောင် တိုက်ခိုက်သွားမည်ကို ပြောပြခဲ့သည်။ ခရစ်တော်၏နောက်လိုက်များသည် သူတို့သခင်လျှောက်လှမ်းခဲ့ရသော နှိမ့်ချခြင်း၊ ရှုတ်ချမှုခံရခြင်းနှင့် ဒုက္ခဆင်းရဲခြင်းလမ်းတို့ကို လျှောက်လှမ်း သွားရလိမ့်မည်။ ကမ္ဘာ၏ရွေးနုတ်ရှင်အပေါ်၌ ထားရှိသောအမုန်းတရား သည် သူ၏နာမတော်ကို ယုံကြည်ကြသောသူအားလုံးတို့အပေါ်၌ ကျ ရောက်သွားလိမ့်မည်ဖြစ်သည်။

          ရှေးဦးအသင်းတော်များ၏သမိုင်းသည် ကယ်တင်ရှင်၏ မြွက်ဆို သော စကားတို့မှာ တိကျမှန်ကန်ကြောင်း သက်သေခံသွားသည်။ ကမ္ဘာ့ တန်ခိုးအာဏာရှင်တို့သည် ခရစ်တော်အား သူ၏တပည့်များအသွင်ဖြင့် တိုက်ခိုက်ခဲ့သည်။ ဒိဌိအယူဝါဒကို လိုက်လျှောက်သူများသည် ဧဝံဂေလိ သတင်းစကား ၏အောင်မြင်မှုရရှိခဲ့လျှင် သူတို့ဘုရားဗိမာန်တော်များနှင့် ယဇ်ပလ္လင်တို့သည် လှည်းထုတ်ခြင်းခံရမည်ကိုသိကြသည်။ သို့ဖြစ်၍ ခရစ်ယာန်အယူဝါဒကို ပျက်စီးသွားအောင် ချေမှုန်းကြသည်။ ညှဉ်းပန်း နှိပ်စက်ခြင်းမီးပုံသည် ရှို့ခြင်းခံရသည်။ ခရစ်ယာန်များသည် သူတို့ပိုင် ဆိုင်မှုများချွတ်ယူခြင်းခံရပြီး သူတို့အား မိမိတို့၏ နေအိမ်တို့မှ မောင်း ထုတ်ခြင်းခံရတော့သည်။ သူတို့သည် “ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာ များကိုခံရကြသည်။” အချို့သောသူတို့သည် “ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည် နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့် စုံစမ်းခြင်းကို ခံရကြ၏” (ဟေဗြဲ ၁၀း၃၂။ ၁၁း၃၆)။ များစွာသောလူအပေါင်းတို့သည် သူတို့၏ စမ်းသပ်ခြင်းကို သူတို့၏သွေးအားဖြင့် အသေခံသွားခဲ့ရသည်။ ဂုဏ်အသ ရေရှိသူများနှင့်ကျွန်သပေါက်များ၊ ချမ်းသာသူနှင့်ဆင်းရဲသူ၊ ပညတ်တတ် နှင့်စာမတတ်သူအားလုံးတို့သည် ကြင်နာမှုကင်းမဲ့စွာဖြင့် သတ်ဖြတ်ခြင်း ခံရသည်။ ခရစ်တော်၏အသင်းတော်ကို အကြမ်းဖက်နည်းဖြင့် စာတန် မာရ်နတ်၏ ကြိုးပမ်းချက်သည် အချည်းနှီးဖြစ်ခဲ့သည်။ မဟာတိုက်လှန်ပွဲ ကြီးတွင် ယေရှု၏တပည့်တော်များ အသက်ဆုံးရှုံးခဲ့ရသော်လည်း ဤ သစ္စာရှိသော အလံတော်ကိုင်ဆောင်သူများ သူတို့တာဝန်ကျရာနေရာ၌ ကျဆုံးခြင်းနှင့် မပြီးဆုံးပါ။ သူတို့၏ဆုံးရှုံးခြင်းအားဖြင့် အောင်နိုင်မှုရရှိ ခဲ့သည်။ ထာဝရဘုရား၏ အမှုတော်ဆောင်များ အသတ်ခံရသည်။ သို့သော် သူ၏အမှုတော်သည် မှန်မှန်ပင်ရှေ့ သို့ဆက်ပြီးတိုးသွားလျက် ရှိသည်။ ဧဝံဂေလိသတင်းစကားသည် ဆက်၍ပျံ့နှံ့ခဲ့ပြီး၊ ယုံကြည် ထောက်ခံသူများ၏အရေအတွက်သည်လည်း တိုးပွားလျက်ရှိသည်။ သူ တို့၏ သာသနာထိုးဖောက်မှုများသည် ရောမစစ်သည်တော်များမရောက် ရှိနိုင်သောနေရာဒေသအထိသို့ပင် ရောက်ရှိခဲ့သည်။ ခရစ်ယာန်တစ်ဦးက ထာဝရဘုရားကိုမယုံကြည်သော အာဏာပိုင်များအား သူတို့ညှဉ်းပန်းနှိပ် စက်သောအလုပ်နှင့်ပတ်သက်ပြီး ဤသို့ဆိုခဲ့သည်၊ “သင်သည် ကျွန်ုပ်တို့ ကို သတ်နိုင်သည်၊ ညှဉ်းပန်းနှိပ်စက်နိုင်သည်၊ ရှုတ်ချနိုင်သည်၊ . . . သင်၏မတရားလုပ်ဆောင်မှုသည်ကျွန်ုပ်တို့အပြစ်မရှိကြောင်းအထောက် အထားတစ်ရပ်ဖြစ်သည်. . . သင်တို့၏ ရက်စက်ကြမ်းကြုတ်မှုသည် သင် တို့ကိုမကူညီနိုင်ပါ။” ဤသို့ဖြင့် အခြားသူတို့ကို ခရစ်တော်အားယုံကြည် ဖို့ ပို၍အားကောင်းသော ဖိတ်ခေါ်ချက်တစ်ရပ်ဖြစ်ခဲ့သည်။ “သင်တို့သည် ကျွန်ုပ်တို့အား ပို၍သတ်နိုင်လေလေ၊ ကျွန်ုပ်တို့၏ အရေအတွက် ပို၍ ကြီးထွားလာလေလေဖြစ်ပြီး ခရစ်ယာန်များ၏သွေးသည် ပျိုးထောင်ရ သောမျိုးစေ့ပင်တည်း။

          ထောင်ပေါင်းများစွာသောသူတို့သည် ချုပ်နှောင်ခြင်းနှင့် သတ် ဖြတ်ခြင်းခံရသည်။ သို့ရာတွင် အခြားသောသူများပေါ်လာပြီး သူတို့၏ နေရာကို အစားထိုးဝင်ယူကြသည်။ သူတို့၏ယုံကြည်ခြင်းကြောင့် အသေ ခံရသည့် မာတုရတို့သည် ခရစ်တော်၌လုံခြုံစွာချည်နှောင်ခြင်းခံရသည်။ ထိုသူတို့သည် အောင်နိုင်သူများအဖြစ် မှတ်ယူခြင်းခံရသည်။ သူတို့သည် ကောင်းသော တိုက်ပွဲကိုဆင်နွှဲခဲ့သည်။ သို့ဖြစ်၍ ခရစ်တော်ပြန်လည်ကြွ ရောက်လာသောအချိန်တွင် သူတို့သည် ဂုဏ်တော်သရဖူကို လက်ခံရရှိ ကြပါလိမ့်မည်။ ဒုက္ခ ဆင်းရဲခြင်းခံနေရသောကြောင့် ခရစ်ယာန်များသည် တစ်ဦးနှင့်တစ်ဦးနီးစပ်မှု ရှိလာစေသည်။ သူတို့၏ရွေးနုတ်ရှင်နှင့်လည်း ပို၍နီးကပ်မှုရှိစေသည်။ သူတို့၏အသက်ရှင်နေထိုင်မှုစံနမူနာနှင့်သေခြင်း သက်သေခံချက်တို့သည် အမှန်တရားအတွက် အမြဲပင် သက်သေခံချက် ဖြစ်ရသည်။ မထင်မှတ်သော နေရာ၌ စာတန်မာရ်နတ်၏ သြဇာခံများ သည် သူ့ကိုစွန့်လွှတ်၍ ခရစ်တော်၏ အောင်လံအောက်သို့ဝင်ရောက်လာ ကြသည်။

          ရုပ်တုကိုးကွယ်သူတို့နှင့်ညှိနှိုင်းမှုရယူခြင်း - စာတန်မာရ်နတ် သည် ဘုရားသခင်၏အစိုးရအဖွဲ့နှင့် ပိုမိုထိရောက်အောင်မြင်ခြင်းရရှိဖို့ သူ၏ တိုက်ပွဲအစီအစဉ်ကို သေချာစွာချမှတ်သွားသည်။ ဤသည်မှာ သူ၏အလံ တော်ကို ခရစ်ယာန်များ၏အသင်းတော်တွင် စိုက်ထူခဲ့သည်။ အကယ်၍သာ ခရစ်တော်နောက်လိုက်များသည် လှည့်စားခြင်းပြုနိုင်ပြီး ဘုရားသခင်သဘောမကျအောင် ပြုလုပ်နိုင်လျှင် သူတို့၏အင်အား၊ ခံနိုင် ရည်နှင့်တောင့်တင်းမှုသည် ကျရှုံးမည်။ ထိုသို့ဖြစ်သောအခါတွင် သူတို့ သည် စာတန်မာရ်နတ်အတွက် လွယ်ကူသောသားကောင်များ ဖြစ်သွားပါ လိမ့်မည်။

          မဟာရန်သူကြီးသည် အကြမ်းဖက်မှုအားဖြင့် အောင်နိုင်ရေးမရရှိ သည်ကို အနုနည်းအားဖြင့် လိမ်လည်လှည့်စားခြင်းဖြင့် တစ်ဖန်ပြန်၍ ကြိုးစားခဲ့သည်။ ညှဉ်းပန်းနှိပ်စက်မှုများရပ်တန့်ပြီး ယင်း၏နေရာတွင် အန္တရာယ်ရှိသော ခေတ္တခဏမျှသောရုပ်လောကကြီးပွားချမ်းသာကြွယ်ဝ မှုနှင့် လောကီဂုဏ်သိက္ခာများဖြင့် ဆွဲဆောင်မှုပြုခဲ့သည်။ ရုပ်တုကိုးကွယ် သူများသည် ခရစ်ယာန်ယုံကြည်ချက်တစ်စိတ်တစ်ပိုင်းတို့ကို လက်ခံရ ယူဖို့ဆွဲခေါ်သော်လည်း အဓိကကျသောအမှန်တရားတို့ကို ငြင်းဆိုခဲ့ကြ သည်။ သူတို့သည် ယေရှုအား ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း သူ၏သေခြင်းနှင့် ပြန်လည်ရှင်ပြန်ထမြောက်ခြင်းတို့ကို လက်ခံကြသည် ဟုဆိုကြသော်လည်း၊ အပြစ်ခံယူခြင်းနှင့်နောင်တရ၍ နှလုံးသားပြောင်း လဲဖို့လိုအပ်ကြောင်းကို သူတို့ မလက်ခံကြ၍ စိတ်နှလုံးပြောင်းလဲခြင်းကို မခံယူကြပါ။ သူတို့သည်လည်း အချို့လိုက်လျောမှုကိုပေးပြီး၊ ခရစ်ယာန် များသည်လည်း အချို့သောလိုက်လျောမှုကို ပေးရန် ညှိနှိုင်းကြသည်။ သို့မှသာ သူတို့ပေါင်းစည်းနိုင်၍ ခရစ်တော်ကို ယုံကြည်သောစင်မြင့်ပေါ်၌ အတူတကွရပ်တည်နိုင်ကြပါလိမ့်မည်။

          ယခုအချိန်တွင် အသင်းတော်သည် အမှန်ပင် ကြောက်စရာ ကောင်းသောအန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်။ ယခင်က ဖမ်းချုပ်ပြီး ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မီးနှင့်ဓားတို့၏ အန္တရာယ်တို့သည် ယခုနှင့်စာလျှင် ကောင်းချီးမင်္ဂလာဖြစ်သည်ဟု နှိုင်းယှဉ်ရသည်။ အချို့ သောခရစ်ယာန်များသည် မားမားမတ်မတ်ရပ်တည်ပြီး ယုံကြည်ခြင်း အပေးအယူညှိနှိုင်းမှုကို လက်မခံကြပါ။ အခြားသူတို့မှာမူ သူတို့၏ ယုံကြည်ချက်အချို့ကိုလျှော့ပေါ့ပြီး ခရစ်ယာန်ယုံကြည်ချက်အချို့တို့ကို လက်ခံယူကြသောဒိဌိတို့နှင့်ညှိနှိုင်း မှုပြုသွားပါက ထိုသူတို့ကို လုံးလုံး လျားလျားပြောင်းလဲမှုဖြစ်စေနိုင်မည်ဟု ယုံကြည်ကြသည်။ ထိုအချိန် အခါများသည် ခရစ်တော်၏ သစ္စာရှိသောနောက်လိုက်များအတွက် ကြီး စွာသောဝေဒနာများ ခံစားကြရသည်။ ခရစ်ယာန်အယောင်အဆောင် အောက်တွင် စာတန်မာရ်နတ်သည် မသိမသာမိမိကိုယ်ကို အသင်းတော် ထဲသို့ဝင်ရောက်ပြီး၊ သူတို့၏ယုံကြည်ချက်ကို ပျက်ပြားစေ၍ အမှန် တရားနှုတ်ကပတ်တော်မှ သွေဖည်ဖို့ပြုလုပ်ခဲ့သည်။

          နောက်ဆုံးတွင် ခရစ်ယာန်အများစုသည် သူတို့၏ စံကိုနှိမ့်ချပြီး ခရစ်ယာန်နှင့်ဒိဌိတို့၏ပေါင်းစည်းမှုကို ဖွဲ့စည်းလိုက်သည်။ ရုပ်တုကိုး ကွယ်သူများသည် သူတို့ပြောင်းလဲခြင်းခံရကြောင်းနှင့်၊ အသင်းတော်နှင့် ပေါင်းစည်းကြောင်းသက်သေပြသော်လည်း သူတို့၏ရုပ်တုကိုးကွယ်ခြင်း ကိုဖက်တွယ်မှုရှိကြသေးသည်။ သူတို့၏ရုပ်တုပစ္စည်းအရာတို့ကို ယေရှု ရုပ်တု၊ မာရိနှင့် အခြားသောသူတော်စင်ရုပ်တုတို့ဖြင့်သာ လဲလှယ်မှုပြု သွားခြင်းသာဖြစ်၍ အသင်းတော်ထဲသို့ ဆောင်ယူလာခြင်းသည် သူ၏ အဖျက်လုပ်ငန်းကိုဆက်၍လုပ်ဆောင်ခဲ့သည်။ ခိုင်မာမှုမရှိသောယုံကြည် ချက်၊ အယူသီးသည့်ဘာသာ ရေးအခမ်းအနားများနှင့် ရုပ်တုကိုးကွယ်မှု ဆိုင်ရာအခမ်းအနားတို့ကို အသင်းတော်၏ယုံကြည်ကိုးစားမှုနှင့် ဝတ်ပြု ကိုးကွယ်ခြင်းအစီအစဉ်တွင် သွတ်သွင်းခြင်းခံရသည်။ ခရစ်တော်၏ နောက်လိုက်များသည် ရုပ်တုကိုးကွယ်သူတို့နှင့် ပေါင်းစည်းလာသော အချိန်၌ ခရစ်ယာန်တို့၏ ဘာသာရေးယုံကြည်ချက်သည် အကျင့်ပျက် မှားယွင်းပြီး အသင်းတော်၏သန့်ရှင်းမှုနှင့်တန်ခိုးသည်လည်း ပျောက်ဆုံး ခဲ့ရသည်။ သို့ရာတွင်ဤမှားယွင်းမှုမျိုးနောက်သို့မလိုက်ဘဲအမှန်တရား၏ အရှင်ပေါ်၌သစ္စာခံ၍ ထာဝရဘုရားတစ်ဆူတည်းကိုသာ ဝတ်ပြုကိုးကွယ် လျက်ရှိကြသောလူအစုများလည်း ရှိနေသေးသည်။

          ခရစ်တော်၏နောက်လိုက်များဖြစ်ကြောင်း မိမိကိုယ်ကို ပြောဆို ကြသော သူတို့တွင် လူနှစ်မျိုးနှစ်စားအမြဲရှိကြသည်။ တစ်မျိုးမှာ ကယ် တင်ရှင်၏ဘဝ အသက်တာကို လေးလေးနက်နက်လေ့လာပြီး သူတို့မှာရှိ သောအမှားအယွင်း၊ ချွတ်ယွင်းချက်တို့ကိုပြင်သွားရန် ကြိုးစားအားထုတ် လျက်ရှိကြသည်။ သူတို့အမှားအယွင်းများကိုပြင်၍ ထာဝရဘုရား၏ပုံစံ တော်နှင့်အညီ လိုက်ဖက်ညီထွေမှုရှိအောင် ကြိုးစားအားထုတ်လျက်ရှိကြ သည်။ အခြားတစ်အုပ်စုမှာမူ သူတို့အမှားအယွင်းကို ထုတ်ဖော်ပြသသော ရိုးရှင်းသည့်အမှန်တရားကို ရှောင်ရှားကြသည်။ အသင်းတော်၏ အ ကောင်းဆုံးအချိန်မှာလည်း စစ်မှန်၊ သန့်ရှင်း၊ တည်ကြည်လေးနက်သော အသင်းသားများဖြင့်သာ ဖွဲ့စည်းထားခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ကယ် တင်ရှင်သွန်သင်ထားသည်မှာ မိမိစိတ်ဆန္ဒအတိုင်း ကိုယ်လုပ်ချင်ရာလုပ် ၍ အပြစ်ကိုကျူးလွန်ချင်သောသူတို့ကို အသင်းတော်သို့ ဝင်ခွင့်မပြုရပါ။ သို့ရာတွင် သူကိုယ်တိုင်မှာမူ အကျင့်စာရိတ္တချွတ်ယွင်းသောသူများနှင့် ဆက်ဆံမှုပြုခဲ့သည်။ သူတို့အား သူ၏သွန်သင်ချက်နှင့်နမူနာ ပေးမှုကို အခွင့်အရေးပေးပြီး သူတို့၏အမှားများကို မြင်၍ ပြင်ဆင်နိုင်အောင် အခွင့်အလမ်းပေးခဲ့သည်။

          သို့ရာတွင် အလင်းတရား၏ မင်းသားနှင့်အမှောင်ထု၏မင်းသား တို့သည် ပေါင်းစည်းမှုမရှိခဲ့ပါ။ ထို့အပြင် သူတို့၏ နောက်လိုက်များ အချင်းချင်းတွင်လည်း ပေါင်းစည်းမှုမရှိနိုင်ပါ။ ခရစ်ယာန်များသည် ရုပ်တု ကိုးကွယ်ခြင်းမှ ခရစ်ယာန်များယုံကြည်ချက်သို့ တစ်ပိုင်းတစ်စပြောင်းလဲ လာသောသူတို့နှင့် ပေါင်းစည်းဖို့သဘောတူသောအချိန်၌ သူတို့ဆင်း သက်သောလမ်းသည် တဖြည်းဖြည်းနှင့်အမှန်တရားနှင့်ပို၍ဝေးကွာသွား ခဲ့ရသည်။ စာတန်မာရ်နတ်သည် များစွာသောခရစ်တော်၏ နောက်လိုက် များကို လိမ်လည်လှည့်စားနိုင်သည့်အတွက် ဝမ်းမြောက်ဝမ်းသာလျက် ရှိသည်။ သူ၏တန်ခိုးအာဏာတို့ကို ထိုသူတို့အပေါ်၌ ပို၍ဖိအားပေးလာ သည်။ ထာဝရဘုရားအပေါ်၌သစ္စာရှိ ကြသောသူတို့ကို နှိပ်စက်ညှဉ်းပန်း ခြင်းပြုစေခဲ့သည်။ တစ်ချိန်တစ်ခါက ခရစ်ယာန်များ ယုံကြည်ချက်ကို ကာကွယ်ခဲ့သူများထက် ခရစ်ယာန်တို့၏ ယုံကြည်ချက်ကိုဆန့်ကျင်သော နည်းလမ်းအား သူတို့ထက် နားလည်နိုင်သော သူမရှိပါ။ ဤသူများသည် မိမိတို့၏ခရစ်ယာန်ယုံကြည်ချက်အယူဝါဒကို စွန့်လွှတ်ပြီး၊ တစ်ဝက်တစ် ပျက် ဒိဌိမကျတကျအပေါင်းအသင်းများနှင့်ပေါင်းပြီး၊ သူတို့၏တိုက်ခိုက် မှုကို အဓိကအကျဆုံးသောခရစ်တော်၏ သွန်သင်ချက် အမှန်တရားကို တိုက်ခိုက်ကြလျက်ရှိသည်။

          သစ္စာရှိစွာရပ်တည်လိုကြသူများသည် အသင်းတော်ထံသို့ သယ် ယူလာသောလှည့်စားမှုနှင့် စက်ဆုပ်ဖွယ်ကောင်းသောအရာ၊ ယဇ်ပုရော ဟိတ်ဘုန်းတော်ကြီး၏အဝတ်၊ အဆောင်အယောင်ဖြင့် ရုပ်ဖျက်ထားခြင်း ပြုသည့်ဓလေ့ထုံးစံတို့နှင့် ခက်ခဲလှစွာရင်ဆိုင်နေရသည်။ သမ္မာကျမ်းစာ အား ယုံကြည်ခြင်း၏စံအဖြစ် လက်ခံခြင်းမရှိတော့ပါ။ ဘာသာရေးလွတ် လပ်မှုသဘောတရားကို မိစ္ဆာဒိဌိအယူအဆအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုဘာသာရေး လွတ်လပ်မှုသဘောတရားကို လက်ခံကြသူများအား မုန်း တီးကြပြီး ရှုတ်ချကြသည်။

          ခွဲခွာခြင်းလိုအပ်သည် - ကြာမြင့်ပြီးပြင်းထန်သောပဋိပက္ခ၏ နောက်ဝယ် ကျန်ရှိသောသစ္စာစောင့်စားသူအနည်းငယ်တို့သည် ယုံကြည် ခြင်းကိုစွန့်လွှတ်သောအသင်းတော်နှင့် အဆက်အသွယ်အားလုံးကို ဖြတ် တောက်ရန် ဆုံးဖြတ်ခဲ့သည်။ အကယ်၍သာ အသင်းတော်သည် မှား ယွင်းခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတို့နှင့် လွတ်မြောက်အောင် ရုန်းထွက် ခြင်းမပြုလျှင် ယုံကြည်ချက်စွန့်လွှတ်သည့်အသင်းတော်နှင့် ခွဲထွက်သွား ရန် အမှန်ပင်လိုအပ်လျက်ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံမည်ဆိုလျှင် အသင်းတော်နှင့် လမ်းခွဲဖို့ အထူးပင်လိုအပ်ကြောင်း သူတို့မြင်ကြသည်။ သူတို့၏ ဝိညာဉ်ကို ထိခိုက်စေမည့် အမှားအယွင်း များကို သူတို့သည်းခံ၍ မရနိုင်ပါ။ သူတို့၏သားသမီးများ၏ ယုံကြည်ချက် များကို ထိပါးလာမည့်သူတို့၏သက်သေကောင်းမပြနိုင်သည့်အန္တရာယ်မှ ကင်းလွတ်စေချင်သည်။ သူတို့၏သားသမီးများနှင့်သားသမီးတို့၏ သား သမီးများကို မှားယွင်းမှုနှင့် မရပ်တည်စေလိုပါ။ အေးချမ်းသာယာမှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန် ဘုရားသခင်အပေါ်၌ သစ္စာရှိခြင်းနှင့်အညီ လိုက်လျောမှုများပြုလုပ်ရန် ဆန္ဒရှိကြသည်။ သို့ရာတွင် ယုံကြည်ခြင်း သဘောကိုစွန့်လွှတ်ရမည်ဆိုလျှင် အေးချမ်းသာယာမှုသည်ပင်လျှင် တန် ကြေးအလွန်ပင်ကြီးမားကြောင်း ယူဆကြသည်။ အကယ်၍သာ စည်းလုံး ညီညွတ်ခြင်းသည် အမှန်တရားနှင့်ဖြောင့်မတ်ခြင်းကို ညှိနှိုင်းမှုပြုမှသာ ရမည်ဆိုလျှင် ခြားနားကွာခြားမှုရှိပါစေ၊ စစ်တိုက်ခြင်းပင်လျှင် ရှိပါစေ သား။ အကယ်၍သာ ထိုခိုင်မြဲသော ယုံကြည်သူများအား လှုပ်ခတ်စေ သည့်သဘောတရားများသည် ဘုရားသခင်၏လူများနှလုံးသားထဲ၌ နိုးထ စေပါက အသင်းတော်နှင့်ကမ္ဘာအတွက် ကောင်းစားခြင်းဖြစ်စေပါလိမ့် မည်။

          တမန်တော်ရှင်ပေါလုသည် ဤသို့ဆိုခဲ့သည်၊ “ယေရှုခရစ်၏ တရားတော်နှင့်အညီ ဘုရားဝတ်၌မွေ လျော်၍ နေခြင်းငှာအလိုရှိသောလူ အပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်” (၂တိမောသေ ၃း၁၂)။ သို့ဖြစ်၍ ယခုအချိန်တွင် အတိုင်းအတာတစ်ရပ်ညှဉ်းဆဲခြင်းသည် ငြိမ် သက်လျက်ရှိနေရပါသနည်း။ အကြောင်းအရာတစ်ခုမှာ အသင်းတော် သည် ကမ္ဘာ၏စံနှင့်အညီ လိုက်လျောညီထွေလိုက်လျှောက်ခြင်းကြောင့် ဆန့်ကျင်တုံ့ပြန်မှုကို နှိုးဆွခြင်းမပြုခဲ့ကြောင်း ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့၏ အချိန်ကာလတွင် ဘာသာရေးအခြေအနေမှာ ခရစ်တော်နှင့်တမန်တော် များ၏ ခေတ်အခြေအနေတို့နှင့် သန့်ရှင်းစင်ကြယ်မှုသဘောတရားကဲ့သို့ ခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်မတူပါ။ အပြစ်နှင့်အပေးအယူညှိနှိုင်းမှု သဘောတရားများကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကြီးမြတ် သောအမှန်တရားတို့ကို စိတ်ဝင်စားမှုနည်းပါးခြင်း၊ အသင်းတော်၌ ဘုရား တရားကိုင်းရှိုင်းမှုနည်းပါးခြင်းတို့ကြောင့် ခရစ်ယာန်များသည် ကမ္ဘာနှင့် အဆင်ပြေပြီး လူကြိုက်များရခြင်း ဖြစ်သည်။ အကယ်၍သာ ရှေးဦး အသင်းတော်များကဲ့သို့ ယုံကြည်ခြင်းနှင့်တန်ခိုးတော်များ ပြန်လည် နိုးကြားမှုရှိလာမည်ဆိုလျှင် ညှဉ်းပန်းနှိပ်စက်မှု စိတ်ထားတို့သည်လည်း ပြန်လည်သက်ဝင်လှုပ်ရှားပြီး၊ ညှဉ်းပန်းနှိပ်စက်မှုမီးသည်လည်းပြန်လည် မွှေး၍စတင်လောင်ကျွမ်းတောက်လောင်လာကြဦးမည်ဖြစ်ပါသည်။

 

မတရားဆိုးညစ်ခြင်း၏လျှို့ဝှက်ချက်

          တမန်တော်ရှင်ပေါလုသည် သက်သာလောနိတ်သြဝါဒစာဒုတိယ စောင်တွင် ပါပရဟန်းမင်း၏ အာဏာတည်ထောင်သွားသည့်အချိန်၌ ယုံ ကြည်ခြင်းဖောက်ပြန်စွန့်လွှတ်မှုကြီးစွာရှိလာမည့်အကြောင်း သူကြိုတင် ဟောကြားထားပါသည်။ သူကြေညာလိုက်သည်မှာ ခရစ်တော်၏နေ့ရက် သည် ဖောက်ပြန်သင်းခွဲခြင်းအလျင်ရောက်မှသာရောက်လာမည်။ “ထို နေ့ရက်မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက်လူ တည်းဟူသောပျက်စီးခြင်းသားသည် ပေါ်လာရမည်။ ထိုသူသည် ဘုရား သခင်နှင့်ဘုရားဟုခေါ် သမျှသောအရာတို့ကိုဆန့်ကျင်ပြီး၊ မိမိကိုယ်ကို ချီးမြှောက်သောအားဖြင့် ဘုရားသခင်၏ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ မိမိကိုယ်ကိုဘုရား ဖြစ်ယောင်ဆောင်လျက်ပြသောသူ ဖြစ်သ တည်း။” ဤထက်မက တမန်တော်သည် မိမိတို့ယုံကြည်သူများအချင်း ချင်း သတိပေးသွားသည်မှာ၊ “ဝှက်ထားလျက်ရှိသော ထိုဓမ္မအရာသည် ယခုပင်ပြုပြင်ဆဲရှိ၏” (၂ သက်သာလောနိတ် ၂း၃၊၄၊၇။ ထိုစောသော အချိန်ကာလပင်လျှင် အသင်းတော်ထဲသို့ အမှားအယွင်းများချွတ်နင်း လျက် ဝင်လာပြီး၊ ပါပရဟန်းမင်း၏ အာဏာကြီးထွားလာမှုအတွက် တဖြည်းဖြည်းတိုးတက်လာသည်ကို သူမြင်ခဲ့သည်။

          တဖြည်းဖြည်းနှင့်ပထမပိုင်းတွင် ခိုးကြောင်ခိုးဝှက်နှင့်တိတ်ဆိတ် စွာဖြင့် ဝင်လာ၍၊ နောက်ပိုင်းမှာမူ လူသားများ၏ စဉ်းစားဉာဏ်ကို ဖမ်းစားထိန်းချုပ် နိုင်သောအချိန်တွင် ပိုမိုပွင့်လင်းစွာဖြင့် မတရားဆိုး ညစ်သောအရာ၏ လျှို့ဝှက်ချက်သည် သူ၏လှည့်စားခြင်းနှင့် ဘုရား သခင်၏နာမတော်ဖြင့် ကျိန်ဆဲခြင်း အလုပ်ကို ဆက်၍လုပ်ဆောင်သည်။ မသိသာမမြင်သာအားဖြင့် ဒိဌိအယူဝါဒသည် ခရစ်ယာန်အသင်းတော်ထဲ သို့ ဝင်ရောက်လာခဲ့သည်။ အသင်းတော်သည် ဒိဋ္ဌိတို့အယူဝါဒကြောင့် ညှဉ်းပန်းနှိပ်စက်မှုကြီးစွာခံနေရသည့်အတွက် ညှိနှိုင်းမှုသဘောတရား များနှင့် ထုံးတမ်းစဉ်လာနောက်သို့လိုက်ရခြင်းသည် ခဏတာအချိန်အား ဖြင့်ဆွဲထားခြင်းခံရသည်။ သို့ရာတွင် ညှဉ်းပန်းနှိပ်စက်မှုများရပ်တန့်သွား သောအချိန်တွင် ခရစ်ယာန်အယူဝါဒနောက်သို့ လိုက်နေသောသူတို့သည် ရုံးတော်များ၊ ဘုရင်၏နန်းတော်များသို့ နေရာဆန့်နိုင်သောအခါမှာ ခရစ် တော်နှင့်တမန်တော်များ၏ ရိုးသားစိတ်သဘောနှိမ့်ချမှုတို့ကို အသင်း တော်သည် ဖယ်ထုတ်၍ ဒိဌိယဇ်ပုရောဟိတ်များနှင့် အုပ်ချုပ်သူတို့၏ ကိန်းခန်းကြီးမှုတို့ကို လက်ခံလာကြသည်။ ဘုရားသခင်၏လိုလားသော အရာများနေရာတွင် လူသားတို့၏ တွေးခေါ်မှုသဘောတရားနှင့်ဓလေ့ ထုံးစံတို့ကို အစားထိုးလိုက်သည်။ စတုတ္ထရာစုနှစ်များတွင် ဧကရဇ်ဘုရင် ကွန်စတင်တိုင်း (Constantine) အား ခရစ်ယာန်ဘာသာဝင်အဖြစ် အမည်ခံပြောင်းလဲလာသောအခါ အားလုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ ကြသည်။ သို့ဖြစ်၍ ကမ္ဘာကြီးသည် ဖြောင့်မတ်ခြင်းဝတ်ရုံတော်ဖြင့် အသင်းတော်ထဲသို့ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။ ယခုအချိန်မှစပြီး အကျင့်ပျက်သောလုပ်ငန်းမှာ မြန်ဆန်စွာတိုးတက်သွားသည်။ ဒိဋ္ဌိအယူ ဝါဒသည် လုံးဝဥဿုံချေမှုန်းခြင်းခံရသလိုလိုနှင့် အောင်နိုင်သူ ဖြစ်လာ ခဲ့သည်။ သူ၏ အတွေးအခေါ်သည် အသင်းတော်ကို ထိန်းချုပ်လျက်ရှိ သည်။ သူ၏ယုံကြည်ခြင်းအယူဝါဒ၊ သူ၏အခမ်းအနားပွဲလမ်းသဘင်များ နှင့်အဝိဇ္ဇာအစွဲအလမ်းတို့သည်ခရစ်တော်၏နောက်လိုက်များ၏ယုံကြည် ချက်နှင့် ဝတ်ပြုကိုးကွယ်ခြင်းကျင့်စဉ်တွင် ဖွဲ့စည်းပါဝင်လာခဲ့သည်။

          ဒိဌိအယူဝါဒနှင့် ခရစ်ယာန်တို့စပ်ကြား ညှိနှိုင်းလိုက်လျောမှု သဘောတူညီချက်သည် ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်းသားသည် ဗျာဒိတ်ဟောကြားချက်အတိုင်းပေါ်လာ၍ ဘုရားကိုအံတု၍ မိမိကိုယ်ကို ဘုရားအထက်သို့ မြှင့်တင်ခြင်းဖြစ်သည်။ ထိုကြီးမားသော ဘာသာရေး အတုအယောင်စနစ်သည် စာတန်မာရ်နတ်၏လက်ရာမြောက်တန်ခိုးအာ ဏာဖြစ်သည်။ စာတန်မာရ်နတ်သည် မိမိကိုယ်ကို ပလ္လင်တော်အထက် သို့ထိုင်ပြီး ကမ္ဘာအားသူ့သဘောအတိုင်းအုပ်ချုပ်သွားရန် ကြိုးပမ်းချက် ၏အထိမ်းအမှတ်ကျောက်တိုင်ပင်ဖြစ်သည်။

          ဤသည်မှာ ရောမအသင်းတော်၏ ထိပ်အကျဆုံးယုံကြည်ချက် တစ်ခုဖြစ်သည်။ ရဟန်းမင်းကြီးသည် တစ်ကမ္ဘာလုံးရှိ ခရစ်တော်၏ အသင်းတော်၏ မြင်နိုင်သောခေါင်းဆောင်အကြီးအကဲဖြစ်သည်။ သူ့အား အပ်နှင်းထားသော အမြင့်ဆုံးသောအာဏာသည် ကမ္ဘာအနှံ့ရှိသမျှသော ခရစ်ယာန်ဘုန်းကြီးများနှင့် ဓမ္မဆရာအားလုံးအပေါ်တွင်အာဏာရှိသည်။ ဤမျှမက ရဟန်းမင်းကြီးသည် မိမိကိုယ်ကိုဘုရားအဖြစ်ခံယူသည်။

          စာတန်မာရ်နတ်ကောင်းကောင်းသိထားသည်မှာ သန့်ရှင်းသော သမ္မာကျမ်းစာသည် လူသားအားသူ၏ လိမ်ညာလှည့်စားမှုသဘောကို နားလည်စေနိုင်ပြီး သူ၏တန်ခိုးအာဏာကို ကြံ့ကြံ့ခံရင်ဆိုင်စေနိုင်မည်ကို သိသည်။ သမ္မာကျမ်းစာ၏နှုတ်ကပတ်တော်အားဖြင့်သာ စာတန်မာရ် နတ်၏တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ စာတန်မာရ်နတ်၏ တိုက်ခိုက် ခြင်းတိုင်းကို ခရစ်တော်သည် ထာဝရအမှန်တရားဒိုင်းအားဖြင့်ခုခံမှုပြုခဲ့ သည်။ မြွက်ဆိုသည်မှာ၊ “ကျမ်းစာလာသည်ကား” စကားအားဖြင့် ပြန် လည်တုံ့ပြန်သည်။ သူသည် ရန်သူ၏အကြံပြုချက်အားလုံးအပေါ်၌ နှုတ် ကပတ်တော်၏ ပညာနှင့်တန်ခိုးတော်အားဖြင့်သာ တုံ့ပြန်ခဲ့သည်။ စာ တန်မာရ်နတ်သည် လူသားများအပေါ်၌ သူ၏တန်ခိုးနှင့် အာဏာသက် ရောက်မှုရှိစေပြီး ရဟန်းမင်း၏ အာဏာကိုတည်ထောင်နိုင်ရန် လူတို့အား သမ္မာကျမ်းစာကိုနားမလည်နိုင်အောင် ပြုလုပ်ထားရမည်။ သမ္မာကျမ်းစာ သည် ထာဝရဘုရားကိုမြှင့်တင်ပြီး လူတို့ကိုသူ၏နေရာမှန်၌ထားရှိမည်။ သို့ဖြစ်၍ သမ္မာကျမ်းစာ၏သန့်ရှင်းသောအမှန်တရားကိုဝှက်ထားပြီး ဖိနှိပ် ထားရမည်။ ဤသဘောတရားကို ရောမအသင်းတော်က အသုံးချသွား သည်။ နှစ်ပေါင်းရာပေါင်းများစွာတွင် သမ္မာကျမ်းစာကို ဖြန့်ဝေဖို့တားမြစ် ခဲ့သည်။ လူတွေကိုသမ္မာကျမ်းစာဖတ်ဖို့တားမြစ်ထားသည်သာမက မိမိ တို့၏အိမ်၌ထားခွင့်မပြုခဲ့ပါ။ သမ္မာကျမ်းစာ၏သွန်သင်ချက်များကိုလည်း စည်းကမ်းမရှိသော ဘုန်းတော်ကြီးများနှင့် အထက်ဘုန်းတော်ကြီးများ အား ရှင်းပြစေ၍ သူတို့၏ရာထူးများမြဲဖို့ ဆောင်ရွက်စေခဲ့သည်။ ဤသို့ အားဖြင့် ရဟန်းမင်းကြီးသည် ကမ္ဘာမြေကြီးအပေါ်၌ လုံးလုံးလျားလျား နီးပါး ထာဝရဘုရား၏ ကိုယ်စားဖြစ်ခဲ့ပြီး အသင်းတော်နှင့်နိုင်ငံတော် အပေါ်၌ အာဏာအပ်နှင်းခြင်း ခံရသည်။

          ကာလအချိန်နှင့်ပညတ်တရားတို့ကိုပြောင်းလဲခြင်း - အမှား အယွင်းထောက်ပြနိုင်သော သမ္မာကျမ်းစာကို ဖယ်ထုတ်ခြင်းပြီး၍၊ စာ တန်မာရ်နတ်သည် သူ့သဘောအတိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။ ပုရော ဖက်စကားလာသည်ကား ရဟန်းမင်းကြီး၏ အာဏာအားဖြင့်၊ “ကာလ အချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲလိမ့်မည်” (ဒံယေလ ၇း၂၅)။ ဤလုပ်ငန်းကို မဆိုင်းမတွ ဆောင်ရွက်ရန်လက်မနှေးပါ။ ရုပ်တုကိုးကွယ် ခြင်းမှ အသင်းတော်သို့ဝင်ရောက်လာကြသူများအား အစားထိုးကိုးကွယ် ရန် အရုပ်တော်တို့ကိုကိုးကွယ်ခြင်းအား ခရစ်ယာန်တို့၏ဝတ်ပြုကိုးကွယ် မှုထဲသို့ တဖြည်းဖြည်း ထည့်သွင်းလိုက်သည်။ အသင်းတော်ကောင်စီ၏ ဥပဒေအမိန့်တစ်ရပ်ဖြင့် ရုပ်တုကိုးကွယ်ခြင်းကို တည်ဆောက်လိုက် သည်။ မြင့်မြတ်သောအရာကို မလေးမခန့်ပြုခြင်းကို ပြည့်စုံသွားစေရန် ရောမအသင်းတော်သည် ဘုရားသခင်၏ ပညတ်တော်ဆယ်ပါးမှ ဒုတိယ ပညတ်တော်ကိုပယ်ဖျက်လိုက်သည်။ ဒုတိယပညတ်တော်သည် ရုပ်တု ကိုးကွယ်ခြင်းကို တားမြစ်ထားသည်။ ပညတ်တော်ဆယ်ပါးမှ ပျောက် သွားသော ပညတ်တော်တစ်ပါးအစား ပညတ်တော်ဆယ်ပါးမြောက် ပညတ်တော်အားနှစ်ပိုင်းခွဲ၍ မူလဆယ်ပါးပြည့်အောင် ဆောင်ရွက်ခဲ့ သည်။ ဒိဌိအယူဝါဒကို လျှော့ပေါ့ပေးသည့် စိတ်သဘောထားသည် ကောင်းကင်၏အခွင့်အာဏာကိုဂရုမစိုက်သောအားဖြင့် လမ်းကို ဖွင့်ပေး လိုက်သည်။ စာတန်မာရ်နတ်သည် စတုတ္ထပညတ်တော်ကိုလည်း မွှေ နှောက်လိုက်သေးသည်။ ရှေးမဆွက ဥပုသ်တော်နေ့အား ဖယ်ထုတ်ပြီး၊ ယင်း၏အစားပွဲသဘင်နေ့ဖြစ်သည့်“နေ၏လေးစားခံထိုက်သောနေ့ရက်” တစ်ပတ်၏နေ့ရက်၊ ဖန်ဆင်းခြင်းခြောက်ရက်အပြီး သတ္တမနေ့ရက်ဥပုသ် နေ့သည် ဘုရားသခင်ကိုယ်တော်တိုင် ငြိမ်ဝပ်စွာနေ၍ ကောင်းချီးပေး သန့်ရှင်းစေတော်မူ၏။ ပထမနေ့ရက်ဖြစ်သော နေ၏ လေးစားခံထိုက် သောနေ့သည် ဒိဌိတို့အမြတ်တနိုးထားသော နေ့ရက်ဖြစ်သည်။ ဥပုသ်နေ့ ကိုပြောင်းလဲခြင်းသည် ပထမမှာမူ ပွင့်လင်းစွာမဟုတ်ဘဲ စာတန်မာရ် နတ်၏ပါးနပ်စွာ သူ၏ကိုယ်စားလှယ်မှတစ်ဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ သည်။ ပထမရာစုနှစ်တွင် ခရစ်ယာန်အားလုံးတို့မှာ စစ်မှန်သောဥပုသ်နေ့ ကို စောင့်ရှောက်ခဲ့သည်။ သူတို့သည်သဝန်တို၍ ဘုရားသခင်၏ ဂုဏ် တော်ကိုထိန်းသိမ်းလို၍ ပညတ်တရားသည်မပြောင်းလဲတတ်၍ ဇွဲအား ဖြင့် ထိုနေ့ရက်၏သန့်ရှင်းခြင်းနှင့်ကျင့်ဝတ်တို့ကို ကာကွယ်စောင့်ရှောက် ခဲ့သည်။ သို့ရာတွင် စာတန်မာရ်နတ်သည် သူ၏ကိုယ်စားလှယ်တော်အား ဖြင့် ပါးနပ်စွာသူ၏ရည်ရွယ်ချက်ကို အောင်မြင်စေသည်။ လူတို့၏အာရုံ ကို တနင်္ဂနွေနေ့ကို သတိထားအောင် ထိုနေ့ကို ခရစ်တော်ရှင်ပြန်ထ မြောက်သည့်နေ့အဖြစ် ဂုဏ်ပြုခဲ့သည်။ ဘာသာရေးဝတ်ပြုခြင်းများကို ထိုနေ့ရက်တွင်ပြုလုပ်ခဲ့သည်။ သို့ရာတွင် ထိုနေ့ကို အပန်းဖြေသည့်နေ့ အဖြစ်ယူဆကြသည်။ သတ္တမနေ့ရက်ဥပုသ်နေ့ကိုပင်မူ သန့်ရှင်းစွာစောင့် ရှောက်ကြသေးသည်။

          ကွန်စတန်တင်(Constantine) သည် ရုပ်တုကိုးကွယ်သူဖြစ်ချိန် က တနင်္ဂနွေနေ့ကို ရောမအင်ပါယာတစ်ခုလုံးတွင် အများပြည်သူပွဲတော် နေ့အဖြစ် ဥပဒေပြဌာန်းပြီး ကြေညာချက်ထုတ်ခဲ့သည်။ သူသည် ခရစ် ယာန်ဘာသာသို့ ပြောင်းလဲသွားသောအချိန်တွင် တနင်္ဂနွေနေ့ကို ပြင်း ထန်စွာထောက်ခံခဲ့သည်။ သူ၏ဒိဌိဥပဒေကြေညာချက်ကို သူ၏ယုံကြည် ချက်အသစ်ထဲသို့ ပါဝင်ထည့်သွင်းသည်။ သို့ရာတွင် တနင်္ဂနွေနေ့ကိုဂုဏ် ပြုခြင်းသည် ခရစ်ယာန်တို့အား စစ်မှန်သောဥပုသ်နေ့ကို သန့်ရှင်းသော နေ့အဖြစ် ယူဆခြင်းကို အတားအဆီးမရှိခဲ့ပါ။ နောက်အဆင့်တစ်ဆင့် တက်ဖို့လိုသည်ဖြစ်၍ ဥပုသ်နေ့အတုသည် စစ်မှန်သောဥပုသ်နေ့နှင့်တန်း တူဖြစ်အောင် မြှင့်တင်ပေးရမည်။ ဧကရာဇ်၏အမိန့်ထုတ်ပြန်ပြီး နှစ် အနည်းငယ်ကြာသော် ရောမအသင်းတော်၏ ဘုန်းတော်ကြီးသည် တနင်္ဂ နွေနေ့အပေါ်၌ Lord’s day သခင်ဘုရား၏နေ့ရက်အမည်ကို တပ်ပေး လိုက်သည်။ ဤနည်းအားဖြင့် လူတို့သည်တဖြည်းဖြည်းနှင့် ထိုနေ့ရက် သည် သန့်ရှင်းမွန်မြတ်မှုအတိုင်းအတာတစ်ရပ်ရှိကြောင်း ယူဆလာကြ သည်။ သို့ရာတွင်မူလဥပုသ်နေ့ကို ဆက်၍စောင့်ရှောက်ကြသေးသည်။

          မဟာလိမ်လည်လှည့်စားသူ၏လုပ်ငန်းသည် ပြီးစီးခြင်းမရှိသေး ပါ။ သူသည် ခရစ်ယာန်ကမ္ဘာကို သူ၏အလံတော်အောက်၌ စုစည်းပြီး သူ၏တန်ခိုးအာဏာတို့ကို သူ၏ကိုယ်စားလှယ်ကြီး၊ မာနထောင်လွှား သည့်ရဟန်းမင်းမှတစ်ဆင့် အသုံးချသွားသည်။ ရဟန်းမင်းသည် မိမိ ကိုယ်ကို ခရစ်တော်၏ ကိုယ်စားဖြစ်ကြောင်း အသေအချာပြောသည်။ တစ်ပိုင်းတစ်စခရစ်ယာန် ဖြစ်လာကြသော ဒိဋ္ဌိအရာရှိများမှတစ်ဆင့်နှင့် လောကီရေးရာချစ်မြတ်နိုးကြသော အသင်းတော်ခေါင်းဆောင်များတို့ အားဖြင့် အဆင့်မြင့်သောဘုန်းတော်ကြီးတို့သည် မိမိတို့၏ ရည်မှန်းချက် ကြီးမားလိုသောစိတ်ရှိခြင်းတို့မှတစ်ဆင့် စာတန်မာရ်နတ်သည် သူ၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်နိုင်သည်။ အချိန်အခါအား လျော်စွာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကြီးကျယ်သော ကောင်စီအစည်းအဝေး များ ကျင်းပသောအချိန် အသင်းတော်များအကြီးအကဲတို့သည် အစည်း အဝေးများကျင်းပသောအခါ၌ ကောင်စီတိုင်းတွင် ဘုရားသခင် တည် ထောင်ခဲ့သောဥပုသ်နေ့သည် အနည်းငယ် နှိမ့်ချထားခြင်းခံရပြီး၊ ကျန် အခြား တစ်ဖက်မှာမူ တနင်္ဂနွေနေ့ကို နည်းနည်းပို၍ချီးမြှောက်ခြင်းခံရ သည်။ ဤသို့နည်းအားဖြင့် ဒိဋ္ဌိတို့ ၏ပွဲတော်သဘင်စောင့်ရှောက်ခြင်း သည် နောက်ဆုံး၌ဘုရားတရားရိုသေကိုင်းရှိုင်းမှုအနေအထားသို့ ရောက် ရှိသွားသည်။ သမ္မာကျမ်းစာပါဥပုသ်နေ့ကိုမူ ယုဒအမွေအနှစ်ဟောင်းတစ် ခုအဖြစ်သာ ယူဆခြင်းခံရသည့် စောင့်ရှောက်ခြင်းသည် ကျိန်စာသင့်၍ ရွံရှာဖွယ်အဖြစ်သို့ရောက်သွားသည်။           ဘာသာရေးယုံကြည်ချက်စွန့်လွှတ်ခြင်း၏အဘ စာတန်မာရ်နတ် သည် မိမိကိုယ်ကိုချီးမြှောက်ခြင်းအလုပ်ကို အောင်မြင်စွာလုပ်ဆောင်နိုင် ခဲ့သည်၊ “ဘုရားသခင်၏ဗိမာန်တော်၌ ဘုရားကဲ့သို့ထိုင်၍ မိမိကိုယ်ကို ဘုရားဖြစ်ယောင်ဆောင်လျက်ပြသောသူဖြစ်သတည်း”(၂သက်သာလော နိတ် ၂း၄)။ စာတန်မာရ်နတ်သည် အသက်ရှင်သောဘုရားသို့ ညွှန်ပြသည့် တစ်ခုတည်းသော တရားဥပဒေ၊ လူသားအားလုံးအတွက် မှတ်ယူရမည့် ဘုရားသခင်၏ပညတ်တော်ကို ပြင်ဆင်ရဲခဲ့သည်။ စတုတ္ထပညတ်တော် တွင် ထာဝရဘုရားအား ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသောသူဖြစ် ကြောင်း အတိအလင်း ဖော်ပြခဲ့ပါသည်။ ဤအချက်မှာ သူ့အားအခြား သောဘုရားအတုများနှင့် ကွာခြားစေသည့်အချက်ပင်ဖြစ်သည်။ သတ္တမ နေ့သည် ဖန်ဆင်းခြင်းကိုအမှတ်တရအသိအမှတ်ပြု၍ နားနေရာနေ့ရက် အဖြစ် ဘုရားသခင်က လူတို့အတွက် သန့်ရှင်းစင်ကြယ်စေခဲ့သည်။ ဤ ဥပုသ်နေ့သည် အသက်ရှင်သောဘုရားအား လူတို့၏ရှေ့မှာ အမြဲထားရှိ ပြီး၊ အရာအားလုံးတို့သည် သူ့ထံမှလာကြောင်း နားလည်စေသည်။ သူ့အားရိုသေကိုင်းရှိုင်းဖို့နှင့် ဝတ်ပြုကိုးကွယ်ရာဖြစ်သည်။ စာတန်မာရ် နတ်သည် လူတို့ကို ဘုရားသခင်အား သစ္စာခံယူခြင်းနှင့် သူ၏ပညတ် တရားနာခံခြင်းတို့မှ လူတို့၏အသိဉာဏ်မှ ဖယ်ထုတ်ဖို့ ကြိုးစားလျက် ရှိသည်။ သို့ဖြစ်၍ ဘုရားသခင်အား ဖန်ဆင်းရှင်အဖြစ် ညွှန်ပြသည့် တစ်ခုတည်းသောပညတ်တော်ကို ဂရုစိုက်တိုက်ခိုက်ခြင်းဖြစ်သည်။

          ယခုအချိန်တွင် ရောမအသင်းတော်မဟုတ်၊ ပရိုတက်စတင့် (Protestant) တို့သည် ခရစ်တော်ထမြောက်ရာနေ့တနင်္ဂနွေအား ခရစ် ယာန်တို့၏ဥပုသ်နေ့အဖြစ် သတ်မှတ်ပေးရန် တိုက်တွန်းကြသည်။ သို့ရာ တွင် ဤသို့ပြုလုပ်ဖို့ သမ္မာကျမ်းစာတို့၌ အထောက်အထားမရှိပါ။ ထိုနေ့ ရက်ကို ဂုဏ်ပြုဖို့ ခရစ်တော်ကိုယ်တိုင်သော်လည်းကောင်း၊ သူ၏တမန် တော်များ၏ ညွှန်ကြားချက်သော်လည်းကောင်း မရှိခဲ့ပါ။ တနင်္ဂနွေနေ့ကို ခရစ်ယာန်တို့၏ ဝတ်ပြုရာနေ့အဖြစ် စောင့်ရှောက်ခြင်း၏ ဇာစ်မြစ်သည် “ဘုရားမရှိတရားမရှိ လျှို့ဝှက်ချက်” မှစတင်လာခဲ့သည်။ တမန်တော်ရှင် ပေါလုလက်ထက်ကပင် စတင်ခဲ့သည်။ ဘယ်နေရာဘယ်အချိန်၌ သခင် ဘုရားသည် ဤပါပရဟန်းမင်း၏ တီထွင်မှုကို မွေးစားလာခဲ့သနည်း။ သမ္မာကျမ်းစာတို့မှ ဘာမျှမပြောဘဲနှင့် ဤကဲ့သို့ပြောင်းလဲခြင်းအတွက် ခိုင်လုံသောအထောက်အထားများ ဘယ်မှာရှိမည်နည်း။

          ခြောက်ရာစုနှစ်တွင်ရဟန်းမင်း၏အာဏာသည်အခိုင်အမာတည် ထောင်စွဲမြဲလျက်ရှိသည်။ သူ၏အာဏာအခြေစိုက်ရာနေရာမှာ အင်ပါ ယာ မြို့တော်၌ သတ်မှတ်ခြင်းခံရသည်။ ရောမမြို့၏ဘုန်းတော်ကြီးအား အသင်းတော် တစ်ခုလုံး၏ ခေါင်းဆောင်အဖြစ် ကြေညာခြင်းခံရသည်။ ဒိဋ္ဌိဝါဒီသည် ရဟန်းမင်းအား နေရာပေးသွားသည်။ နဂါးသည် သားရဲအား “မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသောအာဏာစက်ကို လည်းကောင်း သားရဲ၌အပ်ပေး၏” (ဗျာဒိတ် ၁၃း၂)။ ယခုမှစ၍ ရဟန်း မင်း၏နှစ်ပေါင်း (၁၂၆ဝ) ဖိနှိပ်ချုပ်ချယ်မှုသည် ဒံယေလနှင့်ယောဟန် တို့၏ကြိုတင်ဟောထားသည့်အတိုင်း စတင်ခဲ့ပါသည်။ (ဒံယေလ ၇:၂၅။ ဗျာဒိတ် ၁၃း၅-၇)။ ခရစ်ယာန်များသည် အတင်းဖိအားပေးခြင်းခံရပြီး မိမိတို့၏သိက္ခာ၊ သမာဓိ၊ သစ္စာကိုစွန့်လွှတ်ပြီး ရဟန်းမင်း၏ပွဲတော် အခမ်းအနားများနှင့် ဝတ်ပြုကိုးကွယ်ခြင်းတို့ကို လက်ခံလျှင် လက်ခံ၊ သို့တည်းမဟုတ်ပါက ဓားစင်္ကြာစင်ဖြင့်အသေခံခြင်း၊ မီးဖြင့်အသေခံခြင်း၊ ပုဆိန်သမားလက်၌အသေခံခြင်း၊ အသက်ကုန်ဆုံးသည်တိုင်အောင် မြေ အောက်အကျဉ်းထောင်၌အချိန်ကုန်လွန်ခြင်းတို့ကို ရွေးချယ်မှုပြုရသည်။ ယခုမှာပင် ယေရှုပြောသောစကားသည် ပြည့်စုံမှုရှိသွားသည်။ “သင်တို့ မိဘ၊ ညီအစ်ကို၊ ပေါက်ဖော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကိုအပ်နှံကြ လိမ့်မည်။ အချို့တို့ကိုလည်း သတ်ကြလိမ့်မည်။ လူအပေါင်းတို့သည် လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်" (လုကာ ၂၁း၁၆၊ ၁၇)။ သစ္စာရှိကြသော သူတို့အပေါ်၌ ညှဉ်းပန်းနှိပ်စက်ခြင်းသည် ယခင် ထက်ဒေါသကြီးစွာဖြင့် ဆောင်ရွက်၍ ကမ္ဘာမြေကြီးသည် ကျယ်ပြန့်သော စစ်မြေပြင်ဖြစ်ခဲ့သည်။ နှစ်ပေါင်းရာနှင့်ချီ၍ မထင်မပေါ် သီးခြားအထီး ကျန် သိုသိုသိပ်သိပ်နေခြင်းဖြင့် ခရစ်တော်၏ အသင်းတော်သည် ခိုလှုံ အေးချမ်းမှုရရှိခဲ့သည်။ ပုရောဖက်ဤသို့ဆိုခဲ့သည်၊ “မိန်းမသည် ရက်တစ် ထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကို ခံရမည့် အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသောအရပ်သို့ ပြေးလေ၏” (ဗျာ ဒိတ် ၁၂း၆)။

          အမှောင်ဖုံးလွှမ်းသောခေတ် - ရောမအသင်းတော်အာဏာကြီးစိုး လာသောနေ့သည် အမှောင်ထုခေတ်စတင်ကြောင်း မှတ်သားခြင်းခံရ သည်။ သူ၏အာဏာဆက်၍တိုးပွားလာသည်အလျောက်၊ မှောင်မိုက်ခြင်း အလုပ်သည်လည်း ပို၍နက်ရှိုင်းသွားသည်။ ခရစ်တော်၏စစ်မှန်သော ယုံကြည်ခြင်းအုတ်မြစ်သည် ရောမဘုန်းတော်ကြီး၏ အုပ်ချုပ်မှု လက် အောက်သို့ ပြောင်းသွားသည်။ အပြစ်ခွင့်လွှတ်ခြင်းအတွက် ဘုရားသခင် ၏သားတော်ကို အားကိုးယုံကြည်ရမည့်အစား လူတို့သည် ဘုန်းတော် ကြီးများ၊ အထက်အဆင့်ရှိ ဘုန်းတော်ကြီးများထံသို့သွား၍ အပြစ်ဖြေ လွှတ်ခြင်းကို ခံယူကြသည်။ လူတို့အား ဘုန်းတော်ကြီးသည် သူတို့၏ ကြားဖျန်ဖြေသူဖြစ်ကြောင်း၊ ဘုရားသခင်ထံသို့တိုက်ရိုက် ချဉ်းကပ်ရန်မရ နိုင်ပါကြောင်းနှင့် သူမှတစ်ဆင့်သာလျှင် ချဉ်းကပ်နိုင်ကြောင်း သွန်သင် မှုပြုခဲ့သည်။ ဤထက်မက သူတို့အတွက် ဘုရား၏နေရာ၌ ဘုန်းတော် ကြီးသည် ဘုရားဖြစ်သည့်အတွက် သူ့ကိုတိတိကျကျနာခံမှု ပြုရမည်။ ဘုန်းတော်ကြီး၏အလိုတော်နှင့်မညီလျှင် အပြင်းထန်ဆုံးသော ဒဏ်ခတ် မှုကို သူတို့၏ ကိုယ်ခန္ဓာနှင့်ဝိညာဉ်တို့အပေါ်၌ ကျူးလွန်သူတို့အားဒဏ် ခတ်သွားမည်ဖြစ်သည်။

          သို့ဖြစ်၍ လူတို့၏အတွေးအခေါ် စိတ်နေသဘောထားတို့သည် ဘုရားသခင်ထံမှလှည့်သွားပြီး၊ မှားယွင်းတတ်၍ ရက်စက်သောလူသား တို့ဘက်သို့ ရောက်ရှိသွားကြသည်။ ဤထက်မက မှောင်မိုက်ခြင်း၏ မင်းသားကိုယ်တိုင်ထံသို့ ရောက်သွားသည်။ သူသည် သူ၏တန်ခိုးတော် ကို ထိုသူတို့မှတစ်ဆင့် ကျင့်သုံးသည်။ အပြစ်သည် သန့်ရှင်းခြင်းဝတ်ရုံ တော်အောက်၌ ရုပ်ဖျက်ဝှက်ထားခြင်းခံရသည်။ သမ္မာကျမ်းစာကိုဖိထား သောအခါ၊ လူသားများမိမိကိုယ်ကိုအထွတ်အထိပ်ဖြစ်သည်ဟု ယူဆကြ သောအချိန်၌ ကျွန်ုပ်တို့ရနိုင်သောအရာတို့မှာ လိမ်လည်မှု၊ လိမ်လည် လှည့်စားခြင်းနှင့်အောက်တန်းကျသော ဆိုးယုတ်သည့်အပြစ်များကိုသာ ရရှိကြမည်။ လူတို့၏ဥပဒေနှင့် ဓလေ့ထုံးစံကို မြှင့်တင်ပေးခြင်းနှင့်အတူ အကျင့်ပျက်မှုတို့သည် ထာဝရဘုရား၏ ပညတ်တရားဥပဒေကို ဘေးသို့ ဖယ်ထုတ်ခြင်းကြောင့် ဝင်ရောက်လာကြလိမ့်မည်။

          အန္တရာယ်နေ့ရက်များ - ထိုနေ့ရက်များသည် ခရစ်တော်၏ အသင်းတော်အတွက် အန္တရာယ်နေ့များဖြစ်ခဲ့သည်။ သစ္စာရှိသောအလံ တော်ကိုင်များသည် နည်းပါးလှပေသည်။ သမ္မာတရားကို သက်သေခံမည့် သူမကျန်ရှိတော့ကြောင်းမဟုတ်သော်လည်း၊ တစ်ခါတစ်ရံမှာမူ အမှားနှင့် အယူသီးမှုတို့သည် လုံးလုံးလျားလျား အောင်ပွဲခံသွားလိမ့်မည်နှင့်တူ သည်။ စစ်မှန်သောဘာသာရေးသည် ကမ္ဘာပေါ်၌ လုံးဝပျောက်ကွယ် သွားရလိမ့်မည်နှင့်တူသည်။ အသင်းတော်သည် ဧဝံဂေလိသတင်းစကား ကို မျက်ခြည်ပြတ်ခဲ့ရသည်။ သို့သော် ဝတ်ပြုကိုးကွယ်ခြင်းပုံစံအမျိုးမျိုး ပေါ်လာ၍ လူများတို့မှာလည်း တင်းကျပ်သည့်လိုလားချက်ဖြင့် ဝန်ထုပ် ဝန်ပိုးခံရသည်။

          သူတို့သည် ရောမဂိုဏ်းချုပ်ကြီးကို သူတို့၏ ကြားဖျန်ဖြေ ပေးသူ အဖြစ်သာကြည့်ရမည်သာမကဘဲ၊ သူတို့၏ကိုယ်ပိုင်ကုသိုလ် ကောင်းမှု ပြုခြင်းဖြင့် သူတို့၏ အပြစ်ဖြေလွှတ်ခြင်းခံရမည်ကို ယုံကြည်အားကိုး ရမည်။ ရှည်လျားသောဘုရားဖူးသွားခြင်းလုပ်ငန်း၊ နောင်တရခြင်းအမှု၊ ဘုရားအဆောက်အအုံများ၊ နတ်ကွန်းနှင့်ပလ္လင်တော်များ တည်ဆောက် ခြင်း၊ အသင်းတော်သို့ကြီးမားသောငွေပမာဏလှူဒါန်းခြင်း၊ ဤအရာများ နှင့်အခြားသောလုပ်ဆောင်ချက်တို့ကို လုပ်ဆောင်၍ ဘုရားသခင်၏ ဒေါသကိုပြေစေအောင်သော်လည်းကောင်း၊ ဘုရားသခင်၏အခွင့်အရေး ကိုရရှိဖို့သော်လည်းကောင်း ပြုလုပ်ရန်အမိန့်ပေးခံရသည်။ ဤသည်မှာ ဘုရားအား လူသားတစ်ယောက်ကဲ့သို့ဆက်ဆံပြုမူခြင်း၊ အကြောင်းအရာ အသေးအဖွဲဖြင့် ဘုရားဒေါသထွက်၍ လက်ဆောင်ပစ္စည်းများအားဖြင့် ချော့မြှူရမည်ဟူသော သဘောသက်ရောက်စေသည်။

          ရာစုနှစ်များစွာကျော်လာသည်နှင့်အမျှ ရောမအာဏာပိုင်မှလာ သည့် အမိန့်နှင့်ယုံကြည်ချက်တို့သည် အမှားအယွင်းများတိုး၍သာ များ ပြားလာခဲ့သည်။ ရဟန်းမင်း၏အာဏာမတည်ထောင်မီကတည်းက ဒိဋ္ဌိ တို့၏ဒဿနိကဗေဒ ပညာရှင်တို့၏ အတွေးအခေါ်နှင့်လွှမ်းမိုးမှုသည် အသင်းတော်၌ ပါဝင်ပတ်သက်မှုသက်ရောက်ခြင်းရှိခဲ့သည်။ ခရစ်ယာန် သို့ပြောင်းလဲလာသည့် လူများစွာတို့မှာလည်း သူတို့၏ဒိဌိဒဿနအတွေး အခေါ်များကို ဆက်၍ဆုပ်ကိုင်ထားကြသေးသည်။ ဤဒဿနကို သူတို့ ကိုယ်တိုင်က ဆက်လက်ပြီးလေ့လာခဲ့သည်သာမကဘဲ အခြားသူတို့ကိုပါ လေ့လာဖို့နှင့် ဒိဌိတို့ကိုဆွဲဆောင်နိုင်ဖို့ နည်းလမ်းအဖြစ်အသုံးပြုသွားရန် ဖြစ်သည်။ ဤကဲ့သို့ပြုလုပ်ခြင်းကြောင့် ခရစ်ယာန်ယုံကြည်ချက်တွင် ဆိုးဝါးသောအမှားအယွင်းများ ဝင်ရောက်လာစေသည်။ မှားယွင်းချက် များတွင် ထူးခြားသောအချက်များမှာ လူသားများ၏ သဘာဝအားဖြင့် ထာဝရရှင်သန်နေထိုင်နိုင်ခြင်းနှင့်သေလွန်ပြီးသော်လည်း သတိတရားရှိ သေးခြင်းဟူသော ယုံကြည်ချက်ဖြစ်သည်။ ဤယုံကြည်ချက်သဘော တရားများကြောင့် ရောမအသင်းတော်သည် သူတော်စင်များအတွက် ဆုတောင်းပေးခြင်းနှင့် အပျိုစင်မာရ်အား ကြည်ညိုမြတ်နိုးခြင်းအခြေပြု အုတ်မြစ်ကို တည်ဆောက်ပေးခဲ့သည်။ ဤအခြေခံအုတ်မြစ်မှထွက်ပေါ် လာသော ဘာသာရေးယုံကြည်ချက်နှင့် ဆန့်ကျင်သော အယူဝါဒဖြစ် သည့် နောင်တမရဘဲနှင့်သေသွားလျှင် ကြီးစွာသော ထာဝရဒုက္ခဆင်းရဲ ခြင်းကို ခံရခြင်းအယူဝါဒသည် ဘုန်းတော်ကြီး၏ ယုံကြည်ချက်အဖြစ် စောစောစီးစီးထည့်သွင်းထားသည်။

          ဤအရာများသည် ဒိဌိတို့၏တီထွင်မှုအသစ်တစ်ခုအတွက် လမ်း ခင်းပေးခဲ့သည်။ ဤအရာကိုရောမက purgatory ကောင်းကင်ဘုံသို့ မရောက်မီ အပြစ်ငယ်ကလေးခံရသော ငရဲကလေးဟူ၍ခေါ်သည်။ ဤ နည်းကိုအသုံးချသွားရာ၌ ယုံကြည်လွယ်သော သူတို့နှင့်အယူသီးသူတို့ အား ခြောက်လှန့်ဖို့ဖြစ်သည်။ ဤယုံကြည်ချက်ကိုဆန့်ကျင်သောအယူ ဝါဒဖြစ်၍ ထာဝရငရဲမရောက်ထိုက်သေးသောဝိညာဉ်တို့အား ညှဉ်းပန်း နှိပ်စက်သောနေရာတစ်ခုရှိသည်။သို့ရာတွင်ဝိညာဉ်၏အပြစ်များအတွက် အချိန်တန်အောင် ဒုက္ခဆင်းရဲခြင်းခံရပြီးနောက် မသန့်ရှင်းသောအရာ များကင်းစင်သည့်အချိန်မှသာ ကောင်းကင်သို့ ဝင်ခွင့်ပေးသည်။

          နောက်မဟုတ်မမှန်သည့်ဇာတ်လမ်းတစ်ခု ရောမအသင်းတော်မှ လူများ၏ အကြောက်တရားနှင့်အပြစ်လုပ်မိသူအတွက် ဖန်တီးချက်တစ် ရပ်အဖြစ် ကြောက်တတ်သောသူတို့မှ အမြတ်ထုတ်နိုင်ဖို့ ထွင်လုံးသည် စိတ်အလိုလိုက်ခြင်းယုံကြည်ချက်သဘောတရားပင် ဖြစ်သည်။ ဤယုံ ကြည်ချက်သဘောတရားမှာ အပြစ်ကိုလုံးလုံးလျားလျား ခွင့်လွှတ်ခြင်း ဖြစ်သည်။ လွန်ခဲ့သည့်အပြစ်များ၊ ယခုလက်ရှိအပြစ်များနှင့် အနာဂတ် တွင်ပြုလုပ်မည့်အပြစ်များအတွက်ခွင့်လွှတ်ခြင်းခံရဖို့ရဟန်းမင်း၏ခေတ္တ ယာယီခံစားရမည့် ကမ္ဘာပေါ်ပိုင်နက်ကို တိုးချဲ့ပါဝင်ဖို့ အံတုသူဘုန်းတော် ကြီး၏ဝိညာဉ်ရေးအမြင့်ဆုံးသောအဆင့်ကို ငြင်းပယ်သောရန်သူတို့အား ချေမှုန်းဖို့ကို လက်ခံကြသောသူတို့၏ အပြစ်များကို ခွင့်လွှတ်ခြင်းဖြစ် သည်။ နောက်အကြောင်းအရာတစ်ခုမှာ လူတို့ကို အသင်းတော်သို့ ငွေ ကြေးပေးခြင်းအားဖြင့် ၎င်းတို့၏အပြစ်ကို ခွင့်လွှတ်ခြင်းရမည်ဟု သွန် သင်သည်။ ထိုနည်းတူ သေလွန်ပြီးသော မိတ်ဆွေသူငယ်ချင်းတို့၏ ဝိညာဉ်များကို လောင်ကျွမ်းနေသောမီး၌လည်း လွတ်မြောက်ပေးစေနိုင် ပါသည်။ ဤနည်းအားဖြင့် ရောမမြို့သည် သူ၏ဘဏ္ဍာတိုက်ကို ဖြည့် ဆည်းပေးနိုင်ပြီး သူ၏ ထည်ဝါကိန်းခန်းကြီးမှု၊ စည်းစိမ်ခံစားရမှုနှင့် မကောင်းသောအကျင့်အမျိုးမျိုးကို ကျူးလွန်ခံစားနိုင်ဖို့ဖြစ်သည်။ ခရစ် တော်ကိုယ်စားနေရာယူသွားသော ရဟန်းမင်းကြီးအနေဖြင့် နာမည်ကြီး ကျော်ကြားသော်လည်း ခရစ်တော်မှာမူ ကမ္ဘာပေါ်၌ရှိစဉ် ခေါင်းချစရာနေ ရာပင်မရှိခဲ့ပါ။

          သခင်ဘုရား၏ညစာစားပွဲသည် သမ္မာကျမ်းစာ၏ သွန်သင်ချက် အတိုင်းမဟုတ်တော့ဘဲ ရုပ်တုဆန်သောယဇ်ပူဇော်ခြင်းပုံစံဖြင့် ပြောင်း လဲလိုက်သည်။ ရောမဘုန်းတော်ကြီးများသည် မူလဘူတရိုးရိုးဖြစ်သော မုန့်နှင့်စပျစ် ရည်တို့ကိုလည်း ခရစ်တော်၏ ကိုယ်ခန္ဓာနှင့်အသွေးတော် အစစ်အဖြစ်သို့ ပြောင်းလဲဖို့ ဟန်ဆောင်မှုပြုခဲ့ကြသည်။ ဘုရားသခင်၏ နာမတော်အားဖြင့် ကျိန်ဆို၍ ပွင့်လင်းစွာဖြင့် သူတို့မှာ “ဖန်ဆင်းရှင်အား ဖန်ဆင်းခြင်း” ပြုနိုင်သော တန်ခိုးရှိကြောင်း ကြွေးကြော်ပြောဆိုကြ သည်။ နာကျင်မှုခံရမည်ကို ခြိမ်းခြောက်ခြင်းအားဖြင့် ခရစ်ယာန်တိုင်း သည် ကောင်းကင်ကိုစော်ကားသည့် ဆိုးဝါးသောယုံကြည်ချက်ဆန့်ကျင် ခြင်းအယူဝါဒကို အတိအလင်း ဝန်ခံရသည်။ ငြင်းဆန်သောသူတို့အား မီးတင်ရှို့ခြင်းခံရသည်။

          ရဟန်းမင်း၏မွန်းတည့်အောင်မြင်မှုသည် ကမ္ဘာ့ကိုယ်ကျင့်တရား ၏ ညဥ့်သန်းခေါင်းယံဖြစ်သည်။ သမ္မာကျမ်းစာကို လူတွေမသိကြသ လောက်နီးပါး အခြေအနေအဖြစ်သို့ ရောက်သွားခဲ့ရသည်။ လူတွေမကဘဲ ရောမဘုန်းတော်ကြီးများပင်လျှင် မသိကြတော့ပါ။ ရှေးခေတ်ဖာရိရှဲများ ကဲ့သို့ပင် အသင်းတော်ခေါင်းဆောင်များသည် သူတို့၏ အပြစ်များကို ဖော်ပြသည့် အလင်းတရားအား မုန်းကြသည်။ ဖြောင့်မတ်ခြင်းစံအဖြစ် ထာဝရဘုရား၏ ပညတ်တရားကို ဖယ်ထုတ်ပြီးသည်နောက်၊ သူတို့သည် အာဏာကိုအထိန်းအကွပ်မရှိ အသုံးပြုကြသည်။ မကောင်းသည့်အကျင့် စရိုက်တို့ကို ချုပ်တည်းခြင်းမရှိဘဲ ကျင့်ဆောင်ကြသည်။ ငွေရေးကြေး ရေးလိမ်လည်လှည့်စားခြင်း၊ လောဘကြီးခြင်းနှင့်ကိုယ်ကျင့်သိက္ခာမရှိ သောအပြုအမူတို့သည် ကြီးစိုးလျက်ရှိသည်။ ချမ်းသာကြွယ်ဝမှုအတွက် နှင့်ရာထူးရာခံရရှိဖို့ ဘယ်မကောင်းမှု ဒုစရိုက်ကိုမှ လူတွေတွန့်ဆုတ်မှုမရှိ ကြတော့ပါ။ ရောမဘုန်းတော်ကြီးများ၏ နန်းတော်များမှာ အဆိုးဝါးဆုံး နှင့်သိက္ခာမဲ့ရိုင်းစိုင်းသော အပြုအမူမြင်ကွင်းများ တွေ့မြင်ရပါမည်။ အချို့ သောအုပ်ချုပ်နေသည့် ရောမဘုန်းတော်ကြီးတို့သည် သူတို့ပြုလုပ်သော ပြစ်မှုတို့သည် မနှစ်သက်စရာအော့ကြောလန်ဖြစ်သည့်အတွက် အရပ် ဖက်ဆိုင်ရာ အုပ်ချုပ်သူများသည် ဤအသင်းတော်အကြီးအကဲများကို သူတို့၏ဆိုးယုတ်သောလုပ်ဆောင်မှုကြောင့် ပလ္လင်တော်ပေါ်၌ သည်းမခံ နိုင်လွန်းသဖြင့် သူတို့ကိုဖြုတ်ထုတ်မှုလုပ်ခဲ့ရသည်။ ရာစုနှစ်များ၌ ပညာ သင်ကြားမှုနှင့်အနုပညာတိုးတက်မှုမရှိခဲ့ပါ။ နိုင်ငံယဉ်ကျေးမှုသည်လည်း ထိုကဲ့သို့ပင် တိုးတက်မှုမရှိခဲ့ပါ။ ကိုယ်ကျင့်တရားနှင့် ပညာဉာဏ်ရှိမှု အကြောသေသောဝေဒနာသည် ခရစ်ယာန်လောကအပေါ်၌ ကျရောက် သွားပါသည်။





အခန်းကြီး - ၁၂

အခန်း (၁၂)

တဲတော်

 

          [ပရိုတက်စတင့် ပြုပြင်ပြောင်းလဲမှုသည် ရောမမြို့၏အမှား အယွင်းများကိုပြင်ဆင်သွားဖို့ ပေါ်ပေါက်လာခဲ့ရသည်။ ပြုပြင်ပြောင်းလဲ သူများသည် သမ္မာကျမ်းစာ၌တွေ့ရှိရသောအကြောင်းအရာများ၊ ကြာမြင့် စွာ လျစ်လျူရှုထားသောအရာများကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့ကြ သည်။ ဆယ့်ကိုးရာစုလောက်တွင် ယေရှုခရစ်၏ ဒုတိယအကြိမ်ပြန် ကြွရောက်လာမည်ကို နိုင်ငံများစွာနှင့်ခရစ်ယာန် ဂိုဏ်းဂဏအသီးသီးတို့ ၌ ကျမ်းစာလေ့လာသူကျောင်းသားများအတွင်း၌ စိတ်ဝင်စားမှုများ ပေါ် ပေါက်လာခဲ့သည်။ လူအများက ထိုဖြစ်ရပ်သည် ဆယ့်ကိုးရာစု၏ပထမ အလယ်၌ ဖြစ်လာမည်ဟုမျှော်မှန်းခဲ့သည်။ ဤလှုပ်ရှားမှုဖြစ်ရပ်သည် အထူးသဖြင့် အမေရိကန်နိုင်ငံ၌ ယုံကြည်ကြသူများအလွန်များပြားကြ သည်။ ယုံကြည်သူတို့အား “adventists” မြော်လင့်ခြင်းအသင်းသားဟူ၍ ခေါ်ကြသည်။ ကြွရောက်လာခြင်းကို မျှော်လင့်သောသူများအဖြစ် အမည် တွင်ခဲ့သည်။ ဒံယေလ ၈း၁၄ တွင် ဖော်ပြခဲ့သောတဲတော်ဆေးကြောခြင်း အကြောင်းအရာကို အခြေခံ၍ ယေရှုသည် ကမ္ဘာမြေကြီးကို ၁၈၄၄ ခုနှစ်တွင် လာရောက်ဆေးကြောမည်ဟု ယုံကြည်ကြသည်။ ဤကဲ့သို့ မဖြစ်လာ သောအခါ၌ သူတို့အထဲမှ အချို့သောသူတို့က အဘယ့်ကြောင့် မဖြစ်လာခဲ့သည်ကို သမ္မာကျမ်းစာတွင် ပြန်လည်ရှာဖွေလေ့လာမှုပြုကြ သည်။]

          ကမ္ဘာမြေကြီးနှင့် ကောင်းကင်တဲတော်များ - သူတို့၏ရှာဖွေ လေ့ လာချက်အရ ဤတည်ကြည်လေးနက်သော သမ္မာကျမ်းစာကျောင်းသား များသည် ကမ္ဘာမြေကြီးပေါ်ရှိတဲတော်သည် မောရှေကိုသိနာတောင်ပေါ် ၌ ဘုရားသခင်မှာကြားသည့်အတိုင်း ပုံစံအားဖြင့်ရှိသည့်အခြေအနေနှင့် ဆောက်လုပ်ခဲ့သည်။ “ထိုတဲတော်ကား၊ ပူဇော်သကာနှင့်ယဇ်များကို ပူဇော်သောကာလ တည်းဟူသော မျက်မှောက်ကာလပတ်လုံးပုံပမာဖြစ် ၏” (ဟေဗြဲ ၉း၉)။ သူတို့သိသွားသည်မှာ သန့်ရှင်းရာဌာနနှစ်ခုသည် “ကောင်းကင်ရှိအရာများ၏ ပုံတူသာဖြစ်သည်၊” ကျွန်ုပ်တို့၏ ယဇ်ပုရော ဟိတ်မင်းကြီးခရစ်တော်သည် ကောင်းကင်နိုင်ငံ၏ တဲတော်အမှုဆောင် တစ်ဦးဖြစ်သည်။ ထိုသို့နှင့်အညီ၊ လူမဆောက်ဘဲ ထာဝရဘုရားဆောက် တော်မူသောတဲတော်စစ်တည်းဟူသော သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကို ပြုသောသူဖြစ်တော်မူ၏။ မှန်သောသန့်ရှင်းရာဌာနတို့၏ ပုံဖြစ်သော လူတို့လက်ဖြင့်လုပ်သောသန့်ရှင်းရာဌာနထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ၊ ကောင်းကင်ကိုယ်ထဲသို့ဝင်တော်မူပြီ” (ဟေဗြဲ ၉း၂၃။ ၈:၂။ ၉:၂၄)။

          ကောင်းကင်နိုင်ငံရှိတဲတော်သည် မူလတဲတော်ဖြစ်၍ ယေရှုသည် ကျွန်ုပ်တို့အတွက် အမှုတော်ဆောင်လျက်ရှိသည်။ မောရှေဆောက်သော တဲတော်မှာ ပုံတူကူးထားသောတဲတော်ဖြစ်သည်။ မြေကြီးပေါ်ရှိတဲတော် တွင် သန့်ရှင်းသောဌာနနှစ်ခု၊ သန့်ရှင်းရာနေရာနှင့်အသန့်ရှင်းဆုံးနေရာ ရှိခဲ့သည် နည်းတူ ကောင်းကင်နိုင်ငံရှိတဲတော်တွင်လည်း သန့်ရှင်းရာဌာန နှစ်ခုရှိသည်။ ထာဝရဘုရား၏ပညတ်တရားရှိသော ပဋိညာဉ်သေတ္တာ လည်းရှိသည်။ နံ့သာပေါင်းစုံပလ္လင်နှင့် အခြားသောဝတ်ပြုရာပစ္စည်းများ သည်လည်း တဲတော်နှစ်ခုလုံး၌ရှိကြသည်။ သန့်ရှင်းသောရူပါရုံအားဖြင့် တမန်တော်ရှင်ယောဟန်သည် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုခဲ့ သည်။ ထိုနေရာ၌ ရွှေမီးခွက်နှင့် နံ့သာပေါင်းစုံပလ္လင်တော်နှင့်၊ “ကောင်း ကင်ဘုံ၌ ဘုရားသခင်၏ဗိမာန်တော် ကိုဖွင့်ထား၍ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော်ထင်ရှားလေ၏” (ဗျာဒိတ် ၄း၅။ ၈:၃။ ၁၁း၁၉)။

          သမ္မာတရားကို ရှာကြသောသူတို့သည် ကောင်းကင်၌တဲတော်ရှိ ကြောင်း မငြင်းနိုင်သော အထောက်အထားများတွေ့ကြသည်။ မောရှေ သည် မြေကြီးပေါ်ရှိတဲတော်ကို သူ့အားပြသသောပုံစံအားဖြင့် တည် ဆောက်ခဲ့သည်။ ရှင်ပေါလုကမူ ထိုပုံစံသည် စစ်မှန်သောတဲတော်၏ပုံစံ၊ ကောင်းကင်၌ရှိသကဲ့သို့ပင်ဖြစ်သည်ဟုဆို၏။ (ဟေဗြဲ ၈း၂၊၅)။ ရှင်ယော ဟန်သည် ကောင်းကင်နိုင်ငံ၌ သူမြင်ခဲ့ရကြောင်းသက်သေခံခဲ့သည်။

          ရက်ပေါင်း ၂၃ဝဝ ကုန်ဆုံးသောနေ့၊ ၁၈၄၄ ခုနှစ်တွင် ရာစုနှစ် ပေါင်းများစွာ၌ မြေကြီးပေါ်၌တဲတော်မရှိခဲ့ပါ။ သို့ဖြစ်၍ ကောင်းကင်၌ မြင်ရသောတဲတော်သည် ဤကြေညာချက်နှင့်ညီသော တဲတော်ဖြစ်ရ မည်၊ “ရက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်” (ဒံယေလ ၈း၁၄)။ သို့ရာတွင် ကောင်းကင်ရှိတဲတော်သည် ဆေးကြောရန်အဘယ်သို့ လိုအပ်မည်နည်း။ တစ်ဖန် သမ္မာကျမ်းစာကို ပြန်၍လှန်ကြည့်လျှင် ဗျာ ဒိတ်ဟောကြားချက်ကို လေ့လာသူကျောင်းသားများသည် ထိုဆေးကြော ခြင်းမှာ ကာယပိုင်းဆိုင်ရာ ဆေးကြောခြင်းမဟုတ်ပါ။ အကြောင်းမှာ အသွေးတော်အားဖြင့် ပြုလုပ်ရမည်ဖြစ်၍ အပြစ်မှ ဆေးကြောခြင်းသာ ဖြစ်သည်။ တမန်တော်ပြောခဲ့သည်မှာ “ကောင်းကင်ဘုံ၌ရှိသောအရာတို့ ၏ပုံများကို ထိုသို့သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရသည်ဖြစ် ၍၊ ကောင်းကင်အရာတို့ကို သာ၍မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။ (ခရစ်တော်၏တန်ဖိုးရှိလှသော အသွေးတော်)” ဟေဗြဲ ၉း၂၃။

          ဆေးကြောခြင်းအကြောင်းကို ဗျာဒိတ်ဟောကြားချက်ညွှန်ပြရာ သို့ ပိုမိုသိရှိနိုင်အောင် သူတို့သည် ကောင်းကင်နိုင်ငံ၏ တဲတော်အမှုအရာ ဆောင်ရွက် ချက်ကိုနားလည်ရန် လိုအပ်ပါသည်။ ဤအရာကို မြေကြီး ပေါ်ရှိ တဲတော်၏ အမှုရေးရာဝတ် ဆောင်ရွက်ချက်ကို နားလည်မှသာ ကောင်းကင်နိုင်ငံ၏အမှုဆောင်ရွက်ချက်ဝတ်တို့ကို နားလည်နိုင်ပါမည်။ အကြောင်းမှာ ရှင်ပေါလုဆိုခဲ့သည်မှာ တာဝန်ယူကြသော ယဇ်ပုရော ဟိတ်တို့သည် “ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏” (ဟေဗြဲ ၈း၅)။

          တဲတော်ကိုဆေးကြောခြင်း- ရှေးကာလအချိန်ကလူများ၏အပြစ် များကို ပုံဆောင်မှုအနေဖြင့် မြေကြီးပေါ်ရှိတဲတော်၌ သွေးဖြင့်အပြစ် အတွက်ယဇ်ပူဇော်ခြင်းဖြင့် ပြောင်းရွှေ့ခြင်းပြုသကဲ့သို့ ကောင်းကင်ရှိတဲ တော်၌ ခရစ်တော်၏အသွေးတော်အားဖြင့် အပြစ်ကိုပြောင်းရွှေ့ခြင်းခံရ သည်။ မြေကြီးပေါ်၌ပုံဆောင်မှုအနေဖြင့် ဆေးကြောခြင်းမှာ အပြစ်ကို ဖယ်ရှားခြင်းပြု၍၊ ကောင်းကင်၌ မှတ်တမ်းဝင်သွားသည့်အပြစ်များကို အမှန်တကယ်ဖယ်ထုတ်ဖို့လိုအပ်ပါသည်။ ဤသို့ပြုလုပ်နိုင်ရန် မှတ်တမ်း စာအုပ်များကို စစ်ဆေးဖို့လိုအပ်ပါသည်။ မည်သူက နောင်တရခြင်းနှင့် ခရစ်တော်အားယုံကြည်ခြင်းဖြင့် သူ၏အပြစ်ဖြေလွှတ်မှုနှင့် ထိုက်တန် သည်ကို စစ်ကြောရသည်။ သို့ဖြစ်၍ တဲတော်ကို ဆေးကြောခြင်းသည် စစ်ကြောစီရင်မှုအလုပ်လိုအပ်သည်။ ဤလုပ်ငန်းမှာ သူ၏လူများကို ရွေး နုတ်ရန်အတွက် မကြွရောက်လာမီအပြီး ဆောင်ရွက်ရမည်။ အဘယ် ကြောင့်ဆိုသော် သူကြွရောက်လာသည့်အခါမှာ လူတိုင်းအား မိမိတို့၏ လုပ်ရပ်ပေါ်၌အကျိုးအပြစ်ကိုပေးသွားမည်။ (ဗျာဒိတ် ၂၂:၁၂)။

          သို့ဖြစ်၍ ဗျာဒိတ်နှုတ်ကပတ်တော်၏ အလင်းသွားရာနောက်သို့ လိုက်လျှောက်ကြသောသူတို့သည် ရက်ပေါင်း ၂၃ဝဝ ကုန်ဆုံးချိန်၌ ၁၈၄၄ ခုနှစ်တွင် ကမ္ဘာမြေသို့မလာသေးဘဲ၊ ခရစ်တော်သည် ကောင်းကင် တဲတော် အသန့်ရှင်းဆုံးသောနေရာသို့ ထာဝရဘုရား၏ ရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းနောက်ဆုံးအလုပ်ကိုဆောင်ရွက်၍ သူ၏ကြွလာခြင်း အတွက်ပြင်ဆင်ဖို့ပြုလုပ်သည်။

          လေးနက်တည်ကြည်သောသတင်းစကား - ခရစ်တော်သည် ကောင်းကင်တဲတော်၏အသန့်ရှင်းဆုံးသောအခန်းထဲသို့ဝင်ပြီး အပြစ်ဖြေ လွှတ်ခြင်းနောက်ဆုံးအလုပ်ကို ဆောင်ရွက်ရန်သွားသောအချိန်တွင် သူ ၏တပည့်တော် နောက်လိုက်များအား ကမ္ဘာမြေကြီးသို့ နောက်ဆုံးသနား ကြင်နာမှုသတင်းစကားကို ပြောပြဖို့ တာဝန်အပ်နှင်းလိုက်သည်။ ဤ သတင်းစကားမှာ ဗျာဒိတ် ၁၄ တွင် ဖော်ပြသော တတိယကောင်းကင် တမန်၏သတင်းစကားပင်ဖြစ်သည်။ ပုရောဖက်သည် ဤသတင်းစကား ကို ကောင်းကင်တမန်က ကြေညာပြီးသောအခါမှာ လူသားသည်ဘုန်း တန်ခိုးတော်နှင့်အတူပြန်ကြွလာ၍ ကမ္ဘာမြေကြီးကို ကောက်ရိတ်သွား မည်ဟု သူမြင်တွေ့သည်။

          ကြောက်စရာအကောင်းဆုံးသောခြိမ်းခြောက်မှုသည် လူသားတို့ အားပြောသောစကားမှာ တတိယကောင်းကင်တမန်၏ သတင်းစကား ပင်ဖြစ်သည်။ (ဗျာဒိတ် ၁၄း၉-၁၂)။ ထာဝရဘုရား၏ဒေါသကို သနားကြင် နာမှုမပါဘဲနှင့် ပြောသောစကားမှာ ဆိုးရွားလွန်းသော အပြစ်ကြောင့်ဖြစ် လိမ့်မည်။ ဤအရေးကြီးသောကိစ္စနှင့်ပတ်သက်၍ လူတို့ကိုတစ်ယောက် မကျန်မသိရှိဘဲနှင့်မရှိစေလိုပါ။ ဤအပြစ်ကြောင့် ကမ္ဘာအား သတိပေး သွားခြင်းသည် ထာဝရဘုရား၏ စီရင်ချက်မရောက်လာမီပေးသွားလိမ့် မည်။ သို့မှသာလူတိုင်းသည် ဘာကြောင့်ဤစီရင်ချက်ကို ပေးရသည်ကို နားလည်၍ စီရင်ချက်မှလွတ်မြောက်နိုင်ရန် အခွင့်အရေးကို ရရှိနိုင်မည် ဖြစ်သည်။

          ပြိုင်ဆိုင်မှုပြဿနာကြီးတွင် ဆန့်ကျင်ဘက်အုပ်စုနှစ်စုထွက်ပေါ်

လာမည်။ အုပ်စုတစ်စုမှာ “သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍၊ သူ၏ တံဆိပ်လက်မှတ်ကိုနဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ” ဤအုပ် စုမှာ မိမိကိုယ်ပေါ်သို့ တတိယကောင်းကင်တမန်၏ ခြိမ်းခြောက်မှု အလွန်ဆိုးဝါးသော စီရင်ချက်ကို ခံရလိမ့်မည်။ အခြားတစ်အုပ်စုမှာမူ ကမ္ဘာနှင့်လုံးဝခြားနားမှုရှိသည်။ ဤသူများမှာ “ဘုရားသခင်၏ ပညတ် တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း စောင့် ရှောက် သောသန့်ရှင်းသူတို့ဖြစ်သည်” (ဗျာဒိတ် ၁၄း၉၊၁၂)။




အခန်းကြီး - ၁၃

အခန်း (၁၃)

လွတ်မြောက်ခြင်း

 

          [ဤအခန်းနှင့်လာမည့်အခန်းတို့တွင် စာရေးသူသည် အနာဂတ် မှာ ဖြစ်လာမည့်အကြောင်းအရာကိုပြောသော်လည်း မကြာခဏအတိတ် သဘောဖြင့် ရေးမှတ်ခဲ့သည်။ သဘောမှာ သူမြင်ခဲ့သောအရာတို့သည် မျက်မြင်သက်သေအဖြစ် ပြန်လည်ပြောပြသကဲ့သို့ဖြစ်သည်။]

 

စမ်းသပ်ခြင်းကာလကုန်ဆုံးခြင်း

          တတိယကောင်းကင်တမန်သတင်းစကားကုန်ဆုံးလုအချိန်တွင် ထာဝရဘုရား၏တန်ခိုးတော်သည် သူ၏လူအပေါင်းတို့အပေါ်၌ ရပ်တည် လျက်ရှိသည်။ သူတို့၏အမှုလုပ်ငန်းကို ပြီးစီးအောင် ဆောင်ရွက်ခဲ့သည်။ ယခုအချိန်တွင် သူတို့၏ရှေ့၌ ခံရခက်မည့်အတွေ့ အကြုံများနှင့်ရင်ဆိုင် ဖို့ ပြင်ဆင်ကြလျက်ရှိသည်။ သူတို့နောက်ဆုံးမိုးကို ရရှိခဲ့ပြီဖြစ်သည်၊ သို့တည်းမဟုတ် သခင်ဘုရားသည် သူတို့နှင့်ပါရှိခြင်းကြောင့် ဝိညာဉ်ရေး လန်းဆန်းမှုရရှိခဲ့၍ အသက်ရှင်သန်သောသက်သေခံခြင်းသည် သူတို့၌ ပြန်၍နိုးကြားလာတော့သည်။ နောက်ဆုံးသတိပေးခြင်းသည် နေရာတိုင်း ၌ပျံ့နှံ့လျက်ရှိသည်။ သတင်းစကားကို လက်မခံလိုသောသူတို့အား ဒေါသ နှင့်ထိုးဆွခြင်းခံရသည်။

          ကောင်းကင်တမန်များက ကောင်းကင်တွင် ဟိုဟိုသည်သည် ပျံ သန်းလျက်ရှိသည်။ ကောင်းကင်မှပြန်လာသော ကောင်းကင်တမန်တစ် ပါးသည် စာရေးမင်တံနှင့်အတူ ယေရှုထံသို့သွား၍ သူ၏ အမှုပြီးစီးခဲ့ ကြောင်း သတင်းပို့သွားသည်။ ကယ်တင်ခြင်းရရှိမည့်သူတို့ကို မှတ်တမ်း တင်၍ချိပ်ပိတ်ခဲ့ပြီးဖြစ်သည်။ ထိုအခါယေရှုသည် ပညတ်တော်ဆယ်ပါး ပါရှိသည့်သေတ္တာရှေ့၌ အမှုဆောင်ခြင်းမှလှည့်၍ ရွှေလင်ပန်းကိုအောက် သို့ပစ်ချလိုက်သည်။ သူ၏ လက်တော်ကို မြှောက်၍ အသံကြီးစွာဖြင့်၊ “အမှုသည်ပြီးပြီ” ဟူ၍ ဆိုလိုက်သည်။ ကောင်းကင်တမန်အားလုံးတို့ သည် မိမိတို့၏သရဖူများကို အောက်သို့ချ၍ ယေရှုက ဤလေးနက်တည် ကြည်သောအသံဖြင့်၊ “မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့် မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး” ဟူ၍ဆိုလိုက်သည်။ (ဗျာဒိတ် ၂၂း၁၁)။

          လူတိုင်းအတွက် အသက်ရှင်ရခြင်းသော်လည်းကောင်း၊ အသက် သေရမည်ကိုသော်လည်းကောင်း ဆုံးဖြတ်ခြင်းခံရသည်။ ယေရှုသည် တဲတော်၌ အမှုဆောင်နေစဉ် ဖြောင့်မတ်ခြင်းရှိသော သေပြီးသည့်သူ အတွက်သော်လည်းကောင်း၊ အသက်ရှင်လျက်ရှိသော ဖြောင့်မတ်ခြင်းရှိ သောသူအတွက်သော်လည်းကောင်း စီရင်ချက်ချလျက်ရှိနေသည်။ ခရစ် တော်သည် သူ၏လူများအတွက် အပြစ်ဖြေလွှတ်၍ သူတို့၏ အပြစ်ကို ဖယ်ထုတ်ခြင်းခံရသည်ဖြစ်၍ သူ၏နိုင်ငံတော်ကို ပြန်၍ လက်ခံရရှိခဲ့ သည်။ နိုင်ငံတော်၏အရေးသည် ဆုံးဖြတ်ခြင်းခံခဲ့ရသည်။ သိုးသငယ်၏ ထိမ်းမြားလက်ထပ်ခြင်းသည် ပြီးမြောက်ပြည့်စုံခဲ့သည်။ ကောင်းကင် နိုင်ငံတစ်ခွင်လုံးအောက်မှာရှိသည့် နိုင်ငံတော်တစ်ခုလုံး၏ ကြီးမြတ်ခြင်း သည် ကယ်တင်ခြင်း၏ အမွေခံသူယေရှုအားပေးအပ်ပြီး၊ ယေရှုသည် လည်း ဘုရင်တကာတို့၏ဘုရင်အဖြစ်သော်လည်းကောင်း၊ သခင်တကာ တို့၏သခင်အဖြစ်သော်လည်းကောင်း စိုးစံသွားမည်။

          သခင်ယေရှုသည် အသန့်ရှင်းဆုံးသောနေရာမှထွက်ခွာလာသော အချိန်တွင် သူ၏ဝတ်ရုံပေါ်မှာရှိသော ခေါင်းလောင်းလေးများမြည်လျက်၊ ကမ္ဘာ လူသားများအပေါ်၌ မှောင်မိုက်သောတိမ်တိုက်သည် သူသွားသော အချိန်တွင် ဖုံးလွှမ်းသွားသည်။ ထိုအချိန်တွင် အပြစ်ရှိသောလူသားများ နှင့် အစော်ကားခံရသော ထာဝရဘုရားအကြား မည်သူမျှမရှိတော့ပါ။ ယေရှုက ထာဝရဘုရားနှင့်အပြစ်ရှိသောလူသားများကြားတွင် ရပ်၍နေ သောအခါမှာ လူသားများအပေါ်၌ ဘုရားသခင်၏ဒေါသထိန်းချုပ်မှုတစ် ရပ်ပင်ရှိသေးသည်။ သို့ရာတွင် လူသားများနှင့် ဖခမည်းတော်စပ်ကြား ယေရှုထွက်ခွာသွားသောအချိန်၌ ဤထိန်းချုပ်မှုသည် ဖယ်ရှားခြင်းခံရပြီး စာတန်မာရ်နတ်သည် နောင်တမရရှိသော လူသားများအပေါ်၌ လုံးလုံး လျားလျားထိန်းချုပ်မှုရရှိတော့သည်။

          တဲတော်၌ ယေရှုအမှုဆောင်လုပ်ငန်းများ ဆောင်ရွက်နေစဉ် အတွင်း ကပ်ကြီးများလောင်းချ၍မရနိုင်ပါ။ သို့ရာတွင် သူ၏ကြားဖျန်ဖြေ ပေးမှ ပြီးဆုံးသောအခါ၌ ထာဝရဘုရား၏ဒေါသကို တားဆီး၍မရတော့ပါ အပြစ်သားတို့၏ခေါင်းပေါ်၌ မည်သည့် အကာအကွယ်မျှ မရှိတော့ပါ။ သူတို့သည် ကယ်တင်ခြင်းစီမံကိန်းအပေါ်၌ အထင်သေးပြီး၊ သွန်သင်ဆူပူ ခြင်းကို မုန်းတီးကြသည်။ ထိုကြောက်မက်ဖွယ်သောအချိန်၊ ယေရှု၏ ကြားဖျန်ဖြေမှုအလုပ်ပြီးဆုံးချိန်တွင် သမ္မာကျမ်းစာခေါ်ဆိုသော သူတော် စင်ထာဝရဘုရား၏ လူတို့သည် သန့်ရှင်းသောဘုရားသခင်ရှေ့တော် မှောက်၌ ကြားဖျန်ဖြေသောသူမရှိဘဲနှင့် နေထိုင်နိုင်ကြသည်။ အကြောင်း အရာတိုင်းအတွက် ဆုံးဖြတ်ခဲ့ပြီးဖြစ်၍ ရတနာအားလုံးတို့ကို နံပါတ်စဉ် ပေးမှတ်ယူပြီးဖြစ်သည်။

          အချိန်လွန်သွားပြီ - ထိုအချိန်တွင်ယေရှုသည် သူ၏ယဇ်ပုရော ဟိတ် အဝတ်အစားများကိုချွတ်၍ သူ၏ဘုရင်အဝတ်အစားတန်ဆာပ လာများနှင့် ဝတ်ဆင်သွားသည်။ သူ၏ဦးခေါင်းအပေါ်၌ သရဖူများစွာရှိ လျက် သရဖူအတွင်း၌ သရဖူများရှိကြသည်။ ကောင်းကင်တမန်များ ဝန်းရံလျက် ကောင်းကင်မှထွက်ခွာလာသည်။ ကပ်ဒုက္ခများသည် ကမ္ဘာ ပေါ်ရှိလူသားများအပေါ်၌ ကျရောက်လျက်ရှိသည်။ ထိုလူများအထဲမှ အချို့တို့မှာမူ ထာဝရဘုရားကို ရှုတ်ချကြသည်။ အချို့ကကျိန်ဆဲကြ သည်။ အခြားသောသူများမှာမူ ဘုရား၏လူများထံသို့ပြေး၍ ဘုရား သခင်၏စီရင်ချက်ကို လွတ်မြောက်ဖို့ သင်ကြားပေးပါရန် တောင်းပန်ကြ သည်။ သို့ရာတွင် သူတော်စင်များမှာမူ သူတို့အတွက် ဘာမျှမလုပ်ပေး နိုင်တော့ပါ။ အပြစ်သားတို့အတွက် နောက်ဆုံးမျက်ရည်ကျခဲ့ရပြီး နောက်ဆုံးဝေဒနာကြီးစွာဖြင့် ဆုတောင်းချက်များဆုတောင်းပေးခဲ့ကာ နောက်ဆုံးဝန်ထုပ်ကိုထမ်းပေးခဲ့သည်။ နောက်ဆုံးသော သတိပေးချက် များလည်း ပေးသွားခဲ့ပါပြီ။ ချိုမြိန်သောသနားခြင်းကရုဏာအသံသည် လည်း သူတို့အား ဖိတ်ခေါ်ခြင်း မရှိနိုင်တော့ပါ။ သူတော်စင်များနှင့် ကောင်းကင်တစ်ခုလုံးသည် သူတို့အတွက် ကယ်တင်ခြင်းကို စိတ်ဝင်စား ကြသောအချိန်တွင် သူတို့သည် မိမိတို့အတွက် စိတ်မဝင်စားခဲ့ကြပါ။ အသက်ရှင်ခြင်းနှင့်သေခြင်းသည် သူတို့ရှေ့၌ ခင်းကျင်းပေးခဲ့ပြီးပါပြီ။ အများသောသူတို့သည် အသက်ရှင်ခြင်းအတွက် လိုလားကြပါ၏။ သို့ရာ တွင် ထာဝရအသက်ရရှိဖို့ ဘာမျှကြိုးစားအားထုတ်မှု မပြုလုပ်ခဲ့ကြပါ။ အသက်ရှင်ခြင်းလမ်းကို သူတို့မရွေးခဲ့ကြပါ။ ယခုအချိန်မှာမူ အပြစ်ရှိသူ တွေအတွက် အပြစ်ဖြေလွှတ်သောအသွေးတော်မရှိတော့ပါ။ ကယ်တင် ရှင်၏အကြင်နာစကားသည် သူတို့အတွက်တောင်းပန်းသံ “အပြစ်သား တို့အား ခဏလောက်စောင့်၍သည်းခံပေးပါ” ဟူ၍ မရှိတော့ပါ။ ကောင်း ကင်နိုင်ငံ အားလုံးတို့သည် ယေရှုနှင့်တစ်မိန့်တစ်သံတည်းဖြင့်ပေါင်းစည်း ၍ ကြောက်မက်ဖွယ်သောအသံဖြင့် “အမှုအရာအားလုံးပြီးစီးပြီ။ အရာရာ တိုင်းပြီးဆုံးပြီ။” ကယ်တင်ခြင်းစီမံကိန်းသည် ပြီးဆုံးခဲ့ပါပြီ၊ သို့ရာတွင် အနည်းငယ်သောသူတို့သာလျှင် ရွေးချယ်လက်ခံခဲ့ကြသည်။ ကရုဏာ မေတ္တာကြင်နာသော ချိုမြိန်သည့်စကားသည် တဖြည်းဖြည်းပျောက် ကွယ်သောအချိန်တွင် ဆိုးညစ်သောသူတို့သည် ကြောက်ရွံ့ခြင်းနှင့်ထိတ် လန့်ခြင်းတို့ရှိကြတော့သည်။ ကြောက်မက်ဖွယ်နှင့်ပြတ်သားသောအသံ ဖြင့် “သိပ်နောက်ကျပြီ၊ သိပ်နောက်ကျပါပြီ” ဟူသောအသံကို သူတို့ ကြားရလေတော့သည်။

          ဆိုးညစ်သောသူများတို့သည် သူတို့အပေါ်၌ကျရောက်သော ကပ် ဆိုးများကြောင့် ဝေဒနာကြီးစွာသော ကြောက်ရွံ့ခြင်းဖြင့် အလွန်ဒေါသ ဖြစ်ကုန်ကြသည်။ မိဘများသည် သားသမီးတို့ကို အပြစ်တင်ကြသည် နည်းတူ သားသမီးများလည်း မိဘများကို အပြစ်တင်ကြသည်။ ယော က်ျားလေးညီအစ်ကိုတို့က သူတို့၏အစ်မနှမတို့ကို အပြစ်တင်ကြပြီး၊ ညီမ နှင့်အစ်မတို့ကလည်း အစ်ကိုနှင့် မောင်တို့ကိုအပြစ်တင်ကြသည်။ နေရာ တိုင်းမှ ကျယ်လောင်သောညည်းညူသံများထွက်လာကြသည်။ “သင်သာ လျှင် အမှန်တရားကိုလက်ခံရရှိပြီး ဤကြောက်မက်ဖွယ်သောအချိန်မှ ကင်းလွတ်ဖို့တားမြစ်ခဲ့သည်” ဟူ၍ပြောဆိုကြသည်။ လူများသည် မိမိ တို့၏သင်းအုပ်ဆရာများကို ရန်တွေ့ကြလျက် အပြစ်တင်ကြသည်မှာ ကျွန်ုပ်တို့အားသင်တို့သတိမပေးခဲ့ကြပါ။ သင်တို့သည် ကမ္ဘာကြီးတစ်ခု လုံးပြောင်းလဲခြင်းခံရမည်၊ ကျွန်ုပ်တို့၏ ကြောက်ရွံ့ခြင်းကို ငြိမ်သက်သွား အောင် ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်းရှိပါစေသောဟူ၍ဆိုကြသည်။ ဤ ဖြစ်ပျက်မည့်အချိန်နာရီအကြောင်းကိုလည်း သင်တို့ မပြောပြခဲ့ကြပါ။ ဤအကြောင်းကို သတိပေးပြောကြားသူတို့အားလည်း သင်တို့ကထိုသူ များသည် အစွန်းရောက်သမားနှင့်ဆိုးညစ်သောသူများဖြစ်၍ သင်တို့ကို  ဒုက္ခပေးကြမည်ဟု ဆိုကြသည်။” သို့ရာတွင် သင်းအုပ်ဆရာများနှင့် ဘုန်း တော်ကြီးများသည်လည်း ထာဝရဘုရား၏ဒေါသမှ လွတ်ကင်းသွားမည် မဟုတ်ပါ။ သူတို့၏ ဒုက္ခဝေဒနာခံစားရခြင်းသည် သူတို့၏ လူများထက် ဆယ်ဆပို၍ ခံစားကြရလိမ့်မည်။

 

ယာကုပ်၏ပြဿနာသောကအချိန်

          သူတော်စင်များသည် မြို့ကြီးပြကြီးများနှင့်ရွာတို့ကိုဆုတ်ခွာသွား ကြပြီး အုပ်စုလိုက်ဖွဲ့၍ လူသူပေါက်ရောက်ခြင်းနည်းသောနေရာများ၌ နေကြသည်။ ကောင်းကင်တမန်တို့က သူတို့အတွက် အစာရေစာများနှင့် ပြင်ဆင်ထားပေးသည်။ သို့သော် ဆိုးညစ်သောသူအပေါင်းတို့မှာမူ အစာ ရေစာများပြတ်လပ်လျက်ရှိကြသည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများသည် အချင်းချင်းစုဝေးတိုင်ပင်ကြပြီး သူတို့နံဘေးမှာလည်း စာတန်မာရ်နတ် နှင့်သူ၏တမန်များက အလုပ်ရှုတ်လျက်ရှိနေကြသည်။ သူတို့တစ်တွေ ထုတ်လိုက်သည့်ကြော်ငြာစာတစ်ခုကို နေရာအနှံ့၌ဖြန့်ဝေပြီး ညွှန်ကြား ချက်အမိန့်မှာ ထိုသူတော်စင်များအနေဖြင့် သူတို့၏သီးသန့်ယုံကြည်ချက် များစွန့်လွှတ်ရန်၊ သူတို့၏ဥပုသ်နေ့ကိုစွန့်လွှတ်ခြင်းနှင့် ပထမနေ့ရက်ကို စောင့်ရှောက်ရန် ပြုလုပ်ဖို့ မှာကြားခဲ့သည်။ ဤသို့မပြုလုပ်ပါက လွတ် လပ်မှုအချိန်ကုန်လွန်သွားလျှင် သူတို့အားသတ်ဖြတ်နိုင်ကြောင်း အမိန့် စာပါရှိသည်။ သို့ရာတွင် ဤခက်ခဲရုန်းကန်နေရသော အချိန်ကာလ၌ သူတော်စင်များသည် စိတ်အေးချမ်းမှုရှိပြီး စိတ်ထိန်းချုပ်မှုပါရှိကြသည်။ သူတို့သည်ဘုရားသခင်ကိုယုံကြည်ပြီး သူတို့အတွက် ဘုရားသခင်ကတိ တော်ရှိသည်အတိုင်း ထွက်မြောက်ရာလမ်းပေးသွားမည်ကို ယုံကြည် လျက်ရှိကြသည်။

          တချို့သောနေရာ၌ အမိန့်ထုတ်ပြန်သည့်အချိန်ပြီးဆုံးသည်အထိ မစောင့်ဆိုင်းတော့ဘဲ ဆိုးညစ်သောသူတို့သည် သူတော်စင်များကို သတ် ဖြတ်ရန် ရောက်ရှိလာကြသည်။ သို့ရာတွင် သခင်ယေရှုက သူ၏ကောင်း ကင်တမန်များအား သူတို့တစ်တွေကို စောင့်ရှောက်သွားဖို့ မိန့်မှာခဲ့သည်။ ထာဝရဘုရားသည် သူ၏ပညတ်တရားကို စောင့်ထိန်းသောသူတို့နှင့် ပဋိညာဉ်ပြုလုပ်ရန် ဂုဏ်ယူလိမ့်မည်။ ယေရှုသည် သစ္စာရှိစွာ စောင့်မျှော် လျက်ရှိသော ယုံကြည်သူတို့အား သေခြင်းကို မမြည်းစမ်းရဘဲနှင့် ခေါ် ဆောင်သွားလိမ့်မည်။

          သူတော်စင်များသည် ကြီးစွာသော စိတ်ဝေဒနာကို ခံစားရလျက် ရှိကြသည်။ သူတို့ကို ကမ္ဘာရှိ ဆိုးညစ်သောသူတို့က ဝန်းရံလျက်ရှိကြ သည်။ အရာအားလုံးတို့က သူတို့ကိုခြိမ်းခြောက်လျက်ရှိသည်။ တချို့ သောသူတို့က ကြောက်စိတ်ဝင်လာပြီး ဘုရားသခင်သည် သူတို့ကို ချန် ထားပြီး ဆိုးညစ်သော သူတို့၏ သတ်ဖြတ်ခြင်းကို ခံရကြလိမ့်မည်ဟု စိုးရိမ်ကြသည်။ သို့ရာတွင် သူတို့၏ မျက်စိများဖွင့်ခြင်းခံရသောအခါ၌ သူတို့၏ဘေးပတ်ပတ်လည်မှာ ဘုရားသခင်၏ ကောင်းကင်တမန်များက ဝန်းရံထားသည်ကို သူတို့မြင်ကြရလိမ့်မည်။ နောက်တစ်ဖန်ဒေါသထွက် နေသော ဆိုးညစ်သည့်လူအုပ်ကြီးက ရောက်ရှိလာပြီး တစ်ဆက်တည်း မှာပင် ယုတ်မာသော ကောင်းကင်တမန်များကလည်း သူတော်စင်တို့ကို သတ်ဖြတ်ရန် ဆိုးညစ်သည့်လူအုပ်ကြီးအား လှုံ့ဆော်ပေးလျက်ရှိသည်။ သို့ရာတွင် သူတော်စင်များထံသို့ မရောက်မီ သူတို့သည် ကြီးမြတ်သော ဘုရားသခင်၏ကောင်းကင်တမန်များကို ကျော်ဖြတ်ရဦးမည်။ ဤကဲ့သို့ ကျော်ဖြတ်ဖို့လမ်း မည်သို့မျှရှိမည်မဟုတ်ပါ။ ဘုရားသခင်၏ ကောင်းကင် တမန်များက လူအုပ်ကြီးတို့အား နောက်သို့ပြန်ဆုတ်သွားအောင် ပြုလုပ် သွားစေပြီး၊ သူတို့အထဲမှာရှိကြသော ကောင်းကင်တမန်ဆိုးတို့သည် လည်း နောက်သို့သာဆုတ်ခွာရတော့သည်။

          လွတ်မြောက်ခြင်းတွက်တောင်းဆိုသံ - အချိန်အခါသည် သူ တော်စင်များအတွက် ကြောက်မက်ဖွယ်ကောင်းသောဝေဒနာ ကြီးစွာ ခံရခြင်းဖြစ်သည်။ နေ့ရောညပါသူတို့သည် ဘုရားသခင်ထံတော်ပါးသို့ လွတ်မြောက်ခြင်းရရန် ဆုတောင်းကြသည်။ အပြင်ပန်းအနေဖြင့် သူတို့ ၏လွတ်မြောက်ရာလမ်း လုံးဝမမြင်နိုင်ပါ။ ဆိုးညစ်သောလူအုပ်ကြီးက အောင်ပွဲခံယူစပြု၍ သူတို့အား စော်ကားခြင်းများ ပြုလုပ်၍၊ “သင်တို့ ဘုရားသည် သင်တို့အားငါတို့ လက်တွင်းမှ လွတ်မြောက်အောင်ပြုလုပ် နိုင်မည်လား။ သင်တို့ကိုယ်သင်တို့ ထွက်ပြီး မိမိအသက်ကိုချမ်းသာမှု ယူပါလား” ဟူ၍ လှောင်ပြောင်ပြောဆိုကြသည်။ သို့ရာတွင် သူတော်စင် များက ထိုသူတို့၏စကားများကို နားမထောင်ကြပါ။ သူတို့သည် ယာကုပ် ကဲ့သို့ပင် ဘုရားသခင်နှင့်နပန်းလုံးလျက်ရှိကြသည်။ (ကမ္ဘာဦး ၃၂း၂၂-၂၃)။ ကောင်းကင်တမန်များက သူတို့တစ်တွေကို ကယ်ထုတ်ဖို့ ဆန္ဒပြင်း ပြနေကြသည်။ သို့ရာတွင် သူတို့အချိန်အနည်းငယ် စောင့်ဆိုင်းရဦးမည်။ အကြောင်းမှာ ဘုရားသခင်၏ လူတို့သည် ခွက်ဖလားရေသောက်ရဦး မည်၊ ကြီးစွာသောစမ်းသပ်ခြင်းဖြင့် ဘိသိက်ခံရဦးမည်။ ကောင်းကင် တမန်များက သစ္စာရှိစွာ စောင့်ကြည့်ခြင်းကိုပြုရဦးမည်။ သူတို့ အားပေး ထားသည့်တာဝန်များကို စောင့်သိရမည်။ ထာဝရဘုရား၏နာမတော်ကို ဒိဌိတို့၏ရှေ့၌ မရိုမသေဖြစ်ခြင်းကို ခွင့်မပြုနိုင်ပါ။ သူ၏ကြီးမားသော တန်ခိုးတော်ကိုပြ၍ သူတော်စင်များကိုကယ်ထုတ်ရန် အချိန်အနည်းငယ် သာလိုတော့သည်။ သူ၏နာမတော်သည် ဂုဏ်ယူဝင့်ကြွားနိုင်ဖို့ သူ့ကို စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းသူဖြစ်ပြီး သူတို့၏အမည်နာမသည်လည်း အသက်စာစောင်တွင် ရေးမှတ်ထားခြင်းခံရသောသူအားလုံးတို့ကို လွတ် မြောက်ခြင်းရှိစေလိုပါသည်။

          ဤဖြစ်ပျက်မှုတို့သည် သစ္စာရှိသောနောဧ၏အတွေ့အကြုံနှင့်တူ နေပါသည်။ မိုးရွာပြီးရေများကြီးလာသောအခါတွင် နောဧနှင့်သူ၏မိသား စုတို့သည် သင်္ဘောထဲသို့ဝင်ရောက်ခဲ့ပြီး၊ ဘုရားသခင်က သင်္ဘောတံခါး ကို ပိတ်ထားခဲ့ပြီး ဖြစ်ပါသည်။ နောဧသည် ကမ္ဘာကြီးရေမလွှမ်းမိုးမီ လူများတို့အားသစ္စာရှိစွာ သတိပေးခဲ့ပြီး ထိုသူတို့အနေဖြင့် မိုးရွာခြင်းနှင့် ရေကြီးခြင်းအတွေ့အကြုံမရှိခဲ့၍ သူ့အား လှောင်ပြောင်၍ ရှုတ်ချခဲ့ကြ သော်လည်း နောဧသည် သစ္စာရှိစွာ ဆက်၍တရားဟောသည်။ မြေပေါ်သို့ ရေများကျလာပြီး တစ်ဦးပြီးတစ်ဦးရေနစ်ကြသောအခါမှာ သူတို့လှောင် ပြောင်ခဲ့သောသင်္ဘောသည် ရေပေါ်၌ စိတ်ချစွာ ပေါ်လျက်ရှိသည်ကို သူတို့မြင်ကြရသည်။ ထိုသင်္ဘောသည် နောဧနှင့် သူ၏မိသားစုတို့အား အသက်ချမ်းသာရာပေးသွားခဲ့သည်။ သို့ဖြစ်၍ ကာလကုန်ဆုံးချိန်ရောက် သောအခါ၌ ထာဝရဘုရား၏လူတို့သည် ကမ္ဘာကို ဘုရားသခင်၏ ဒေါသ အကြောင်းကို သစ္စာရှိစွာ သတိပေးပြောဆိုလျက်ရှိသော သူတို့သည် လည်း ဧကန်အမှန်လွတ်မြောက်ခြင်းအခွင့်ကိုလည်း ရရှိကြလိမ့်မည်။ ထာဝရဘုရားသည် ဆိုးညစ်သောသူတို့အား ပြောင်းလဲခြင်းသို့ ရောက်ရှိ ရန် မျှော်လင့်လျက်ရှိသောသူတို့ဖြစ်ပြီး သားရဲမှထုတ်ပြန်သော အမိန့်တို့ ကို ဦးညွှတ်ခြင်းမပြု၊ သူ၏အမှတ်တံဆိပ်ကို လက်မခံကြသောသူတို့ကို ဖျက်ဆီးသွားရန် ခွင့်ပြုသွားမည်မဟုတ်ပါ။ အကယ်၍သာ ဆိုးညစ်သော သူတို့အား သူတော်စင်များကိုအသေသတ်ဖို့ခွင့်ပြုသွားလျှင်၊ စာတန်မာရ် နတ်နှင့်သူ၏ကောင်းကင်တမန်များဘုရားသခင်ကိုမုန်းတီးကြသူအားလုံး တို့မှာ ကျေနပ်အားရမှုရှိကြလိမ့်မည်။ ဤထက်မက နောက်ဆုံးအချိန်၌ စာတန်မာရ်နတ်၏တန်ခိုးတော်သည် ယေရှုအား ကြာမြင့်စွာဖူးမြော်လို သောသူတို့အပေါ်၌ သူ၏မာရ်နတ်တန်ခိုးတော်ဖြင့် ချုပ်ကိုင်သွားနိုင် လျှင် သူ့အတွက် မဟာအောင်မြင်ခြင်းတစ်ရပ်ပင် ဖြစ်သွားပါလိမ့်မည်။ သူတော်စင်များ ကောင်းကင်နိုင်ငံသို့ချီဆောင်သွားခြင်း ခံရမည့်၎င်းတို့၏ မျှော်လင့်ချက်ကို လှောင်ပြောင်ခဲ့သောသူတို့သည် ဘုရားသခင်၏ ဂရု စိုက်မှုခံရပြီး ၎င်းတို့၏ခမ်းနားကြီးကျယ်စွာဖြင့် လွတ်မြောက်သွားသည် ကို သူတို့မျက်ဝါးထင်ထင်မြင်တွေ့ပြီး သက်သေခံသွားကြပါလိမ့်မည်။

          သူတော်စင်များ မြို့ပြများနှင့်ကျေးရွာများတို့မှ ဆုတ်ခွာသွား သည်ကို မြင်ကြရသော လူဆိုးများက သူတို့၏နောက်သို့လိုက်၍ သူတို့ကို သတ်ဖို့ ကြိုးစားကြသည်။ သို့ရာတွင် ဘုရားသခင်၏ လူတို့ကိုသတ်ဖို့ မြှောက်ထားသော လက်နက်တို့မှာ ကျိုးပဲ့ပျက်စီး၍ ကောက်ရိုးမျှင် အလားကဲ့သို့ပင်ဖြစ်သွားပေမည်။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ သည် သူတော်စင်များကို ကွယ်ကာလျက်ရှိသည်။ သူတို့သည် နေ့ရော ညပါလွတ်မြောက်ခြင်းရရှိဖို့ တောင်းလျှောက်သည့်အတွက် သူတို့၏ အော်ငိုသံတို့မှာ ဘုရားသခင်ထံသို့ ရောက်ရှိသွားခဲ့သည်။

 

 

သူတော်စင်များအားလွတ်မြောက်စေခြင်း

          ထာဝရဘုရားသည် သူ၏လူတို့ကိုလွတ်မြောက်စေဖို့ ရွေးချယ်ခဲ့ သောအချိန်နာရီမှာ ညသန်းခေါင်ယံဖြစ်သည်။ ဆိုးယုတ်သောသူတို့သည် သူတော်စင်တို့ကို ဝန်းရံ၍လှောင်ပြောင်ချိန်တွင်၊ နေသည် ရုတ်တရက် ထွက် လာပြီး၊ အားအပြည့်အဝဖြင့်ထွန်းလင်းလာခဲ့ပြီး လသည်လည်း ရပ်တန့်သွားလျက်ရှိသည်။ ဆိုးယုတ်သောသူတို့မှာ ထိုမြင်ကွင်းကို အံ့သြ စွာဖြင့်တွေ့ရကြပြီး သူတော်စင်များအနေဖြင့် သူတို့၏လွတ်မြောက်ခြင်း ၏ပထမဦးဆုံးသော လက္ခဏာကို စတင်မြင်ခဲ့ကြသည်။ နိမိတ်လက္ခဏာ များနှင့် အံ့သြဖွယ်ရာအဖြစ်အပျက်များတို့သည် မြန်ဆန်စွာ ထွက်ပေါ် လာကြသည်။ အရာရာတိုင်းမှာ ဖြစ်ရိုးဖြစ်စဉ်နှင့်ဆန့်ကျင်ပြီး သဘာဝ လွန်ကဲမှု ဖြစ်လာကြသည်။ ချောင်းရေများ မစီးဆင်းတော့ဘဲ ရပ်တန့် လျက်ရှိကြသည်။ မှောင်မိုက်လေးလံသောတိမ်တိုက် ကြီးများထွက်ပေါ် လာပြီး တစ်ခုနှင့်တစ်ခုတိုက်မိကြသည်။ သို့ရာတွင် လင်းနေသော နေရာ တစ်ခုတော့ရှိသည်။ ထိုနေရာသည် ဂုဏ်တော်နှင့်ငြိမ်သက်မှုရှိပြီး ထာဝရ ဘုရား၏အသံတော်သည် ရေအများ၏စီးဆင်းသံနှင့်တူလေ၏။ ကောင်း ကင်နှင့်မြေကြီးအား တုန်လှုပ်စေပါသည်။ ကြီးစွာသောငလျင်လှုပ်မှ ဖြစ် စေခဲ့သည်။ လူသေများ၏ ဂူများပွင့်ထွက်လာကြပြီး ထိုမှယုံကြည်သော သူ၊ တတိယကောင်းကင်တမန်၏သတိပေးစကားကိုနာခံ၍ ဥပုသ်နေ့ကို စောင့်ရှောက်သောသူတို့သည် သူတို့၏ဂူသင်္ချိုင်းမှနိုးထကြပြီး ဖုန်များကို ခါထုတ်လျက်ရှိကြသည်။ သူတို့မှာ ဂုဏ်တော်နှင့်ပြည့်ဝလျက် ဘုရား သခင်နှင့်ပြုလုပ်မည့် ငြိမ်းချမ်းရေးပဋိညာဉ်ကို သူတို့ကြားရမည်။ ဤပဋိ ညာဉ်သည် ဘုရားသခင် ငြိမ်းချမ်းရေးပဋိညာဉ်ကို သူတို့ကြားကြရမည်။ ဤပဋိညာဉ်သည် ဘုရားသခင်၏ပညတ်တော်တရားကို စောင့်ရှောက် ကြသောသူတို့နှင့်သာ ချုပ်ဆိုခြင်းပြုသွားမည်။

          ကောင်းကင်ယံသည် ဖွင့်လိုက်ပိတ်လိုက်နှင့် လှုပ်ရှားလျက်ရှိ သည်။ တောင်များသည်လည်း ကျူရိုးများလေ၌ လွင့်သကဲ့သို့ လှုပ်ခါပြီး ကျောက်တုံး ကျောက်ခဲများ ပြန့်ကျဲလျက်ရှိသည်။ ပင်လယ်သည် ဆူပွက် နေသောအိုးကဲ့သို့ဆူပွက်၍ ကမ်းပေါ်သို့ကျောက်တုံးများ လွှင့်စင်ကာ မှုတ်ထုတ်လျက်ရှိသည်။ ထာဝရဘုရားသည် သူ၏ထာဝစဉ်တည်မြဲသည့် ပဋိညာဉ်ကို သူ၏ လူမျိုးတို့အား ပြောသောအချိန်တွင် စကားတစ် ကြောင်းကိုပြောပြီးတိုင်း ခေတ္တရပ်နားပြီး သူ၏နှုတ်အသံသည် ကမ္ဘာမြေ ကြီးတွင်းသို့လှိမ့်၍သွားသည်။ ဘုရားသခင်၏ ဣသရေလလူမျိုးတို့သည် အထက်သို့ကြည့်၍ ရပ်လျက်ရှိပြီး ထာဝရဘုရား၏နှုတ်တော်မှ ထွက်ရှိ သောစကားတို့ကို ကမ္ဘာမြေပေါ်၌ အကျယ်ဆုံးသော မိုးခြိမ်းသံကဲ့သို့ လှိမ့်၍ဆင်းလာခြင်းကို နားထောင်လျက်ရှိသည်။ အတော့်ကိုပင် တည် ကြည်မှုရှိသည်။ ဘုရားသခင်ပြောသောစကားတစ်ကြောင်း ပြီးတိုင်းပြီး တိုင်း သူတော်စင်များသည် အော်၍ဆိုကြသည်မှာ “ဘုန်းတော် ဟာလေ လုယာပင်တည်း။” သူတို့၏မျက်နှာများသည် ဘုရားသခင်၏ဂုဏ်တော် အားဖြင့် တောက်ပလျက်ရှိပြီး မောရှေသိနာတောင်ပေါ်မှ ဆင်းလာသော မျက်နှာထွန်းလင်းသွားသကဲ့သို့ ရှိခဲ့သည်။ ဆိုးယုတ်သောသူတို့သည် သူ တော်စင်များ၏ မျက်နှာများကို ဂုဏ်တော်ကြောင့် မကြည့်ရဲကြပေ။ ထိုအခါ ထာဝရဘုရားသည် သူ၏ပညတ်တော်ရှိ ဥပုသ်နေ့ကို စောင့် ရှောက်ကြသောသူအပေါင်းတို့အပေါ်၌ မဆုံးနိုင်သောကောင်းချီးမင်္ဂလာ များချပေးပြီး သူတော်စင်များသည် သားရဲအပေါ်၌သော်လည်းကောင်း၊ သူ၏ရုပ်တုအပေါ်၌သော်လည်းကောင်း အောင်မြင်သောအားဖြင့် ကြီးစွာ သောအသံဖြင့် ဂုဏ်ပြုချီးမွမ်းခြင်းပြုကြသည်။

          ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း - မကြာမီအချိန်တွင် ကြီး မားသောတိမ်တိုက်ဖြူကြီးသည် ပေါ်ထွက်လာ၍ ထိုတိမ်တိုက်အပေါ်၌ လူသားသည် ထိုင်လျက်ရှိသည်ကို တွေ့မြင်နိုင်သည်။ အဝေးမှစတင်ပေါ် လာသောအခါ၌ အလွန်ပင်သေးငယ်လျက် ရှိသည်။ ကမ္ဘာနှင့်ပို၍နီးလာ သောအခါ လူတိုင်းက ယေရှု၏ထူးခြားသောဂုဏ်တော်နှင့် အောင်နိုင်ရေး သို့ချီတက်နေသည်ကို မြင်သွားပါမည်။ သန့်ရှင်းသောကောင်းကင်တမန် အုပ်စုသည် သူတို့၏ ဦးခေါင်းအပေါ်၌ တောက်ပသောသရဖူများဆောင်း လျက် ယေရှုအား ကာကွယ်စောင့်ရှောက်ပြီး သူသွားရာလမ်းသို့ လိုက်ပါ ခဲ့သည်။

          ထိုခမ်းနားကြီးကျယ်၍ ဂုဏ်အသရေနှင့်ပြည့်စုံသောမြင်ကွင်းကို ဖော်ပြရန် ဘယ်ဘာသာစကားနှင့်မျှ ဖော်ပြ၍မရနိုင်ပါ။ ထိုအသက်ရှင် သော တော်ဝင်နှင့်ပြိုင်စံမဲ့သောဂုဏ်အသရေသည် ပို၍နီးကပ်လာလျက် ရှိသည်။ ထိုအုပ်စုအပေါ်၌ လှပတင့်တယ်သောယေရှုသည် ဆူးရစ်သရဖူ ကို ဆောင်းထားမည်မဟုတ်ဘဲ ဂုဏ်သရေနှင့်ပြည့်စုံသောဦးရစ်သရဖူကို ဆောင်းထားလျက် ကြွဆင်းလာမည်ဖြစ်သည်။ သူ၏ဝတ်ရုံနှင့်ပေါင်ဖက် ၌ရေးထားသောအမည်မှာ၊ ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏ သခင်ဟူ၍ပါရှိသည်။ (ဗျာဒိတ် ၁၉း၁၆)။ သူ၏မျက်နှာတော်မှာ မွန်းတည့် ချိန်နေ၏အလင်းရောင်ကဲ့သို့ တောက်ပလျက်ရှိသည်။ သူ၏မျက်စိတော် မှာလည်း မီးလျှံကဲ့သို့ဖြစ်သည်။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်ကဲ့သို့ဖြစ်သည်။ (ဗျာဒိတ် ၁း၁၄-၁၆)။ သူ၏အသံတော်မှာ လည်း တူရိယာမျိုးစုံမြည်သံကဲ့သို့ပင် ဖြစ်သည်။ ကြွလာသောအချိန်၌ ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါလျက်ရှိသည်။ ကောင်းကင်သည်လည်း စာလိပ်ကြီးသဖွယ် လွင့်သွားလျက်ရှိသည်။ တောင်တန်းများနှင့်ကျွန်းတို့ သည် မူလနေရာမှ ရွေ့သွားကြသည်။ “လောကီဘုရင်၊ မှူးမတ်၊ စစ်သူ ကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ် များအပေါင်းတို့သည် မြေတွင်း၌လည်းကောင်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌လည်းကောင်း ပုန်းရှောင်နေ၍ ထိုတောင်များ၊ ကျောက် များတို့ကိုခေါ်လျက် ငါတို့အပေါ်သို့ကျကြပါ။ ပလ္လင်တော်ပေါ်မှာ ထိုင် တော်မူသော သူ၏မျက်နှာနှင့်သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍ ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော်ထင်ရှားသောနေ့ကြီး ရောက်ပါပြီ တကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ဆိုကြ၏” (ဗျာဒိတ် ၆း၁၅-၁၇)။

          မကြာသေးမီက သစ္စာရှိသောဘုရားသခင်၏ သားသမီးတို့ကို ကမ္ဘာမြေကြီးမျက်နှာပြင်မှ တိုက်ထုတ်ဖယ်ရှားဖို့ပြုနေသော သူတို့မှာ ယခုတွင်မူ ဘုရားသခင်၏ ဂုဏ်တော်သည် ထိုသူတော်စင်များအပေါ်၌ နားလျက်ရှိသည်ကို သူတို့မြင်ရကြသည်။ သို့ဖြစ်၍ ကြောက်ရွံ့ခြင်းများ စွာဖြင့် သူတို့သည် သူတော်စင်များ၏ပျော်မြူးသောအသံကို ကြားလိုက်ရ သည်၊ “ဤအရှင်ကား၊ ငါတို့မျှော်လင့်သောငါတို့၏ဘုရားသခင်တည်း။ ငါတို့ကိုကယ်တင်တော်မူလိမ့်မည်” (ဟေရှာယ ၂၅:၉)။

          ပထမရှင်ပြန်ထမြောက်ခြင်း - ဘုရားသခင်၏သားတော်သည် အိပ်စက်လျက်ရှိသောသူတော်စင်များအား သူတို့ ၏ဂူသင်္ချိုင်းမှနိုးထလာ သောအခါ ကမ္ဘာမြေကြီးသည် ကြီးစွာတုန်လှုပ်လျက်ရှိသည်။ သူတို့သည် လည်း ခေါ်တော်မူသောအသံကိုနာခံ၍ ဂူသင်္ချိုင်းမှနိုးထလာကာ မသေ နိုင်သောဂုဏ်တော်ဝတ်ရုံကို ဝတ်ဆင်လျက်ထ၍အော်ကြသည်။ အောင် ပြီ၊ အောင်ပြီဟူ၍ သေခြင်းနှင့်သင်္ချိုင်းမှအောင်မြင်ခြင်းရရှိပြီ၊ “အိုသေ မင်း၊ သင်၏လက်သည် အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏ အောင်ခြင်းသည် အဘယ်မှာရှိသနည်း” (၁ကော ၁၅း၅၅)။ ထိုအချိန်တွင် အသက်ရှင်လျက်ရှိသောသူတော်စင်များနှင့်ထမြောက်လာသောသူတော် စင်တို့သည် အသံကိုမြှင့်တင်၍ ရှည်လျားကြီးကျယ်သော ပျော်ရွှင်ခြင်း ဖြင့် အောင်မြင်ခြင်းအတွက် ဟစ်ကြော်ကြလေသည်။ သင်္ချိုင်းမြေထဲသို့ ရောဂါဒဏ်ရာအမျိုးမျိုးဖြင့် ရောက်ရှိသွားသောသူတို့သည် ပြန်လည်ထ မြောက်လာသောအခါ၌ ကျန်းမာသန်စွမ်းလျက် မသေနိုင်သော ကိုယ် ခန္ဓာဖြင့် ထမြောက်လာကြသည်။ အသက်ရှင်နေသော သူတော်စင်များ သည်လည်း မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲခြင်းခံရပြီး၊ သေခြင်းမှ ထမြောက်ကြသောသူတို့နှင့်အတူ လေထုထဲ၌သူတို့၏ အရှင်သခင်ကို ကြိုဆိုခွင့်ရရှိခဲ့သည်။ အို၊ တကယ်ပင်ကြီးကျယ်ခမ်းနားသော တွေ့ဆုံ ခြင်းပင် ဖြစ်သည်။ မိတ်ဆွေသူငယ်ချင်းအပေါင်းတို့သည် သေခြင်း ကြောင့်ခွဲခွာခဲ့ရသည်ကို ယခုပြန်လည် ပေါင်းစည်းရပြီး နောက်တစ်ဖန် ဘယ်တော့မှမခွဲခွာရတော့ပါ။

          တိမ်တိုက်ရထားလုံး၏ တစ်ဖက်တစ်ချက်မှာ အတောင်ပံများရှိ ကြပြီး၊ အောက်ပိုင်းတွင်မူ အသက်ရှင်သောဘီးများရှိသည်။ တိမ်တိုက်ထဲ မှာရှိသော သူတော်စင်များက “ဘုန်းတော်ဟာလေလုယာ” ဟူ၍သီဆိုကြ သည်။ ထိုအချိန်မှာ ရထားလုံးသည် အထက်သန့်ရှင်းသောမြို့တော်ဆီသို့ တက်သွားလျက်ရှိသည်။ မြို့တော်သို့မဝင်မီ သူတော်စင်များအား လေး ထောင့်ပုံသဏ္ဌာန်ဖြင့် စီစဉ်၍ အလယ်ဗဟိုမှာ ယေရှုရှိနေပါသည်။ သူ သည် သူတော်စင်များနှင့် ကောင်းကင်တမန်တို့ထက် ခေါင်းတစ်လုံးပို၍ ရပ်နေလျက်ရှိသည်။ ထိုလေးထောင့်ပုံသဏ္ဌာန်တွင်ရှိနေကြသော သူ တော်စင်တို့မှာ သူ၏တော်ဝင်ရုပ်အသွင်နှင့် လှပတင့်တယ်ခြင်းရှိသည့် သူ၏မျက်နှာတော်ကို အားလုံးဖူးမြင်ကြရသည်။

 

သူတော်စင်များအတွက် ဆုလာဘ်များ

          ထိုအချိန်တွင် များစွာသောကောင်းကင်တမန်တို့သည် သရဖူများ စွာတို့ကို ယူဆောင်လာလျက်ရှိသည်။ သူတော်စင်တိုင်းအတွက် သရဖူ တစ်ခုစီပါရှိပါသည်။ သရဖူများအပေါ်၌ သူတော်စင်တို့၏ တစ်ဦးချင်း အမည်စာရင်းများ ရေးမှတ်ထားပါသည်။ သခင်ယေရှုသည် သရဖူများကို တောင်းသောအခါတွင် ကောင်းကင်တမန်များက ထိုသရဖူများကို ယေရှု ထံ ယူဆောင်လာပြီး သူ၏ ညာလက်တော်အားဖြင့် သူတော်စင်တို့၏ ဦးခေါင်းပေါ်သို့ တင်ပေးလိုက်သည်။ ထိုနည်းတူပင် ကောင်းကင်တမန် များက စောင်းများကို ယေရှုထံသို့ ယူဆောင်လာ၍ ထိုစောင်းများကို လည်း သူတော်စင်များလက်ဝယ်သို့ ပေးအပ်ခဲ့သည်။ အမိန့်ပေးသော ကောင်းကင်တမန်က စောင်းပေါ်သို့လက်တင်ပြီး ပထမတီးလုံးကိုစတင် တီးခတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကျန်အားလုံးသောအသံများ ညီညာ စွာဖြင့်ကျေးဇူးတင်လျက် ပျော်ရွှင်သော ချီးမွမ်းခြင်းများဖြင့် သီချင်းများ သီဆိုကြသည်။ သူတို့၏ လက်များတို့သည်လည်း စောင်းများပေါ်သို့ ကျင်လည်စွာတီးခတ်သွားသည်ဖြစ်၍ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်တေးသံများ ညီညာစွာထွက်ပေါ်လာတော့သည်။

          ထိုသို့ပြီးသည်နောက် ယေရှုသည် ရွေးနုတ်ခြင်းခံရသော သူတို့ အား မြို့တံခါးဝဆီသို့ ခေါ်ဆောင်သွားသည်။ သူသည် တံခါးမအားကိုင် တွယ်ပြီး တောက်ပသောပတ္တာပေါ်သို့ တွန်းဖွင့်၍ အမှန်တရားကိုစောင့် ရှောက်ကြသောသူတို့အား အထဲသို့ဝင်ဖို့ဖိတ်ခေါ်လိုက်သည်။ မြို့အတွင်း သို့ ဝင်ရောက်သောအချိန်တွင် မြင်လိုသောအလှအပအားလုံးတို့နှင့် ပြည့် စုံလျက်ရှိသည်ကို တွေ့ရသည်။ လှပတင့်တယ်သော ဂုဏ်တော်တို့မှာ နေရာတိုင်း၌တွေ့မြင်ရသည်။ ထိုအခါယေရှုသည် သူ၏ရွေးနုတ်ခြင်းခံ ရသော သူတော်စင်များ၏မျက်နှာများကိုကြည့်လျက် ထိုမျက်နှာများ သည် ဂုဏ်တော်များနှင့်တောက်ပလျက်ရှိသည်ကို သူမြင်လိုက်ရသည်။ ထိုသူတို့အပေါ်၌ သူ၏ချစ်မြတ်နိုးသော မျက်လုံးအားဖြင့် ကြည့်ကာ သာယာနာပျော်ဖွယ်ကောင်းသော သူ၏အသံတော်ဖြင့် ပြောလိုက်သည် မှာ၊ “မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏ အကျိုးကို မိမိမြင်၍အားရမှု ရှိသည်။ ဤကြွယ်ဝသောဂုဏ်တော်သည် သင်တို့အတွက် ထာဝရခံစား ရဖို့ ပင်ဖြစ်ပါသည်။ သင်တို့၏ ဝမ်းနည်းခြင်းသည် ပြီးဆုံးသွားလျက်ရှိပြီ။ နောက်တစ်ဖန် သေဘေးမရှိရတော့ပါ။ ဝမ်းနည်းခြင်း၊ ငိုကြွေးခြင်းနှင့် နာကျင်ခြင်းလည်း ဘယ်တော့မှမရှိရတော့ပါ။” ရွေးနုတ်ခြင်းခံရသော သူတို့သည် မိမိတို့၏တောက်ပသောသရဖူများကို ယေရှု၏ခြေတော်ရင်း ၌ချထားကြသည်။ သူတို့အား ကောင်းမြတ်သောသူ၏ လက်တော်ဖြင့် ထူမသောအခါမှာ သူတို့သည် မိမိတို့၏ ရွှေစောင်းများကို ကိုင်ကြလျက် ကောင်းကင်တစ်ခွင်လုံး၌ သိုးသငယ်၏ သီချင်းသံဖြင့် ပြည့်ဝစေပါတော့ သည်။

          ထိုအခါမှာ ယေရှုသည် သူ၏လူများကို အသက်ပင်ရှိရာသို့ ခေါ် ဆောင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ သာယာနာပျော်ဖွယ် ကောင်းသောအသံတော်ကို တစ်ဖန်ကြားရပြန်သည်။ ထိုအသံမှာ သေ တတ်သောအမျိုးတို့၏ နားထဲသို့ တစ်ခါမျှမကြားရဖူးသော သီချင်းသံ ထက် သာယာနာပျော်ဖွယ် ပိုကောင်းသည်။ သူမိန့်မြွက်တော်မူသည်မှာ၊ “ဤအပင်၏အရွက်သည် လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ ဖြစ်သည်။ သင်တို့အားလုံးစား၍ သုံးဆောင်ကြလော့။” အသက်ပင်ပေါ် မှာ လှပသောအသီးများရှိ၍ သူတော်စင်များ လွတ်လပ်စွာစားသုံးနိုင် ကြသည်။ မြို့တွင်းအထဲမှာ ဂုဏ်တော်နှင့်ပြည့်စုံသော ပလ္လင်တော်ရှိပြီး၊ ထိုပလ္လင်တော်အောက်မှ စီးထွက်လာသောရေသည် အသက်စမ်းရေမြစ် ဖြစ်၍ ကျောက်သလင်းကဲ့သို့ ကြည်လင်အေးမြသည်။ ဤမြစ်၏တစ်ဖက် တစ်ချက်မှာမူ အသက်ပင်ရှိပြီး မြစ်၏ကမ်းပါးပေါ်တွင် အခြားသောလှပ သည့် အပင်များရှိ၍ ၎င်းအပင်မှသီးသောအသီးများမှာလည်း စားကောင်း သောအသီးများဖြစ်သည်။

          ကောင်းကင်နိုင်ငံ၏အလှအပကို ဘာသာစကားအားဖြင့် ရှင်းပြ ရန် အလွန်ပင်ခက်ခဲလှပါသည်။ ကျွန်ုပ်တို့ဤမျှလောက်ပင် ဆိုနိုင်သည်။ “အိုချစ်ခြင်းမေတ္တာ၊ အိုကောင်းမြတ်သောမေတ္တာ” ဟူ၍သာ ပြောဆိုနိုင် သည်။ အလွန်မြင့်မြတ်သော ဘာသာစကားသည်ပင်လျှင် ကောင်းကင် နိုင်ငံ၏ဂုဏ်တော်ကို ရှင်းပြ၍ မရနိုင်ပါ။ ကယ်တင်ရှင်တစ်ပါးတည်း၏ ချစ်ခြင်းမေတ္တာ နက်နဲမှုသည် ဘယ်ကဲ့သို့မျှနှိုင်းယှဉ်၍မရနိုင်ပါ။





အခန်းကြီး - ၁၄

အခန်း (၁၄)

စီရင်ချက်ချခြင်း

 

နှစ်ပေါင်းတစ်ထောင်

         

          ကမ္ဘာမြေပေါ်တွင် ဆိုးယုတ်သောသူများတို့သည် ဖျက်ဆီးခြင်းခံ ရပြီး၊ သူတို့၏ရုပ်အလောင်းများမှာ မြေပေါ်တွင်သာထပ်၍ ကျန်ရစ်နေ တော့သည်။ ထာဝရဘုရား၏ဒေါသမှာ နောက်ဆုံးကပ်ကြီးခုနစ်ပါး၌ ကမ္ဘာမြေကြီးသားများအပေါ်၌ ကျရောက်ခဲ့ပါသည်။ ထိုသူတို့သည် နာ ကျင်မှုများစွာဖြင့် အံကြိတ်၍ဘုရားသခင်ကို ကျိန်ဆဲကြသည်။ ဘုရား သခင်၏သန့်ရှင်းသူတို့သည် သူ၏အသံတော်ကြောင့် လွတ်မြောက်ခြင်း ရရှိပြီးသည့်နောက်၊ ဤဆိုးယုတ်သောသူတို့သည် ကြံရာမရဘဲ တစ်ဦးနှင့် တစ်ဦးဒေါသထွက်ကြကာ အချင်းချင်းတိုက်ခိုက်လျက်ရှိကြသည်။ ကမ္ဘာ မြေကြီးမှာ သွေးများဖြင့်နစ်မွန်းလျက်ရှိပြီး သေသူများ၏ အလောင်း သည်လည်း မြေကြီးတစ်ဖက်စွန်းမှသည် အခြားတစ်ဖက်စွန်းတိုင်အောင် အတုံးအရုံးရှိနေကြသည်။

          ကမ္ဘာမြေကြီးသည် လွင်တီးခေါင်တောအရပ်ကဲ့သို့ပင် ရှိတော့ သည်။ မြို့ပြများနှင့်ရွာတို့သည် ငလျင်လှုပ်ခြင်းကြောင့် အစုလိုက်အပုံ လိုက်ပျက်စီးခဲ့ကြသည်။ တောင်တန်းများလည်း နဂိုမူလမှရွှေ့ပြောင်းခဲ့ သည်ဖြစ်၍ ယင်းတို့၏ နေရာတွင် လိုဏ်ဂူကြီးများသာ ကျန်ရစ်တော့ သည်။ ကျောက်တုံးကျောက်ခဲအချွန်အတက်များသည် ပင်လယ်မှပစ် ထုတ်ခြင်းခံရခြင်းသော်လည်းကောင်း၊ မြေကြီးမှပဲ့ထွက်သွားခြင်းသော် လည်းကောင်း နေရာတိုင်းမှာ ပြန့်ကျဲလျက်ရှိသည်။ အမြစ်ပြတ်ထွက်ကြ သောသစ်ပင်ကြီးများသည် နေရာတိုင်းမှာပျံ့လွင့်နေကြသည်။ ဤနေရာ သည် စာတန်မာရ်နတ်နှင့်သူ၏ကောင်းကင်တမန်ဆိုးများ၏ အိမ်တော် ရာအဖြစ် နှစ်ပေါင်းတစ်ထောင်မျှ စိုးစံရမည်။ ဤနေရာမှာ သူသည် ကွဲအက်နေသော ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ်တွင် ဟိုသွားဒီလာနှင့် ထာဝရဘုရား၏ပညတ်တရားကို ပုန်ကန်ခဲ့သည့် အကျိုးရလဒ်ကိုသူမြင် သွားရပါမည်။ နှစ်ပေါင်းတစ်ထောင်မျှ သူကျရောက်စေသည့်ကျိန်စာ၏ အသီးအပွင့်ကို နှစ်ခြိုက်စွာသူခံစားရဦးမည်။

          ကမ္ဘာမြေကြီးအပေါ်၌ ချုပ်နှောင်ခြင်းခံရ၍ သူသည် အခြားကမ္ဘာ များဆီသို့သွားခွင့်မရဘဲ ကျရှုံးခြင်းမရှိသေးသော ကမ္ဘာတို့အား သွေး ဆောင်ခြင်းနှင့်နှောင့်ယှက်ဖို့ အခွင့်အရေးရရှိမည် မဟုတ်ပါ။ ဤအချိန် အတောအတွင်းမှာ စာတန်မာရ်နတ်သည် ဒုက္ခကြီးစွာ ခံစားရသည်။ သူကျရှုံးချိန်မှစ၍ သူ၏ အကျင့်ဆိုးကို ဆက်တိုက်အသုံးပြုလျက်ရှိသည်။ သို့ရာတွင် ဤနှစ်ပေါင်းတစ်ထောင်အတွင်း သူ၏အစွမ်းတန်ခိုးကိုနုတ်ယူ ခြင်းခံရသည်။ သူလုပ်နိုင်သည်က သူကျရှုံးပြီးသည်နောက် သူဘာလုပ်ခဲ့ သည်ကိုသာစဉ်းစားခွင့်ရှိပြီး အနာဂတ်တွင် ကြောက်ရွံ့ခြင်းနှင့်တုန်လှုပ် စွာဖြင့် သူပြုခဲ့သမျှသော ဆိုးယုတ်ခြင်းများအတွက် ဒဏ်ခတ်ခြင်းခံရ မည်။ သူသည် အခြားသူတို့အား အပြစ်ကျူးလွန်သွားရန် လှုံ့ဆော်သူ ဖြစ်၍ ဤအပြစ်များအတွက် ဒဏ်ခတ်ခြင်းခံသွားရပါမည်။

          ကောင်းကင်တမန်များနှင့် ရွေးနုတ်ခြင်းခံရသောသူတော်စင်များ ထံမှ အောင်မြင်သောအသံမှာ ထောင်ပေါင်းများစွာသော တူရိယာအသံ ကဲ့သို့ထွက်ပေါ်လာသည်။ အကြောင်းမှာ စာတန်မာရ်နတ်သည် သူတို့ကို မည်သည့် အချိန်အခါမှ အနှောင့်အယှက်ပေးပြီး သွေးဆောင်မှုမပြုနိုင် တော့ပါ။ အခြားသောကမ္ဘာများကိုလည်း စာတန်သွားရောက်၍ သွေး ဆောင်ဖြားယောင်းမှု ပြုနိုင်တော့မည်မဟုတ်ပါ။

          ယေရှုနှင့်ရွေးနုတ်ခြင်းခံရသော သူတော်စင်များသည် သလွန် တော်များအပေါ်၌ထိုင်ပြီး ဘုရင်များနှင့်ယဇ်ပုရောဟိတ်များကဲ့သို့ ထာဝ ရဘုရားအတွက် ဆောင်ရွက်ခြင်း ပြုလိမ့်မည်။ ခရစ်တော်နှင့်သူ၏ လူ အပေါင်းတို့သည်ပေါင်းစည်း၍ သေလွန်သောဆိုးယုတ်သူတို့ကို တရား ဆုံးဖြတ်ချက်ပြုကြမည်။ ထိုသူတို့၏ပြုခဲ့သည့်အပြစ်တို့ကို ဘုရားသခင်မှ ပြဌာန်းသည့်ဥပဒေ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်၍ အကြောင်းအရာတိုင်းကိုဆုံးဖြတ်၍ ကိုယ်ခန္ဓာ၌ပြုသမျှတို့ကို ဆုံးဖြတ်ရ သည်။ (ဗျာဒိတ် ၂၀း၄-၆ ကိုကြည့်ပါ)။ ထိုနောက် ဆိုးသောလူသေတို့အား မည်မျှဒုက္ခခံရမည်ကို သတ်မှတ်ပေးပြီး သေသည့်မှတ်တမ်းစာအုပ်တွင် ရေးမှတ်သွားရပါသည်။ ယေရှုနှင့်သူ၏သူတော်စင်များသည် စာတန်မာရ် နတ်နှင့်သူ၏ကောင်းကင်တမန်ဆိုးတို့ကိုလည်း တရားစီရင်မှုပြုရသည်။ စာတန်မာရ်နတ်ခံရမည့်ပြစ်ဒဏ်သည် သူသွေးဆောင် လှည့်စားခဲ့သော သူတို့၏အပြစ်ထက် သူဒဏ်ခတ်ခြင်းခံရမည်။ သူခံရမည့် ဒုက္ခဆင်းရဲ ခြင်းသည် ထိုသူတို့ထက်များစွာကြီးလေးမည်ဖြစ်၍ မည်သည့်နည်းနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ပါ။ စာတန်မာရ်နတ်လှည့်စားခဲ့သော ဆိုးယုတ်သူများ သေလွန်ပြီးသောအချိန်၌ စာတန်မာရ်နတ်သည် အသက်ဆက်၍ရှင်ပြီး များစွာဒုက္ခဝေဒနာတို့ကို ခံစားရအုံးမည်။

          သေလွန်ပြီးသောဆိုးယုတ်သူတို့အား တရားစီရင်ခြင်းပြီးဆုံးသွား သောအခါတွင် နှစ်ပေါင်းတစ်ထောင်လည်း ကုန်ဆုံးသွားပြီဖြစ်ရာ၊ ယေရှု သည် မြို့တော်မှထွက်ခွာ၍ သူတော်စင်များနှင့်နောက်လိုက်ကောင်းကင် တမန်များသည် သူ့နောက်ထ၍ လိုက်သွားကြသည်။ သခင်ယေရှုသည် ကြီးမားသောတောင်ထိပ်ပေါ်သို့ ဆင်းသက်သွားပြီး၊ သူ၏ခြေထောက် တောင်ကို ထိသည်နှင့်တစ်ပြိုင်နက် တောင်သည်ကွဲထွက်၍ လွင်ပြင် ကျယ်ကြီးကဲ့သို့ဖြစ်သွားသည်။ ထိုအချိန်တွင် မြို့တော်ကြီးသည် အုတ် မြစ်ဆယ့်နှစ်ခု၊ တံခါးမကြီးဆယ့်နှစ်ပေါက်၊ မြို့၏ လေးဖက်လေးတန်၊ တစ်ဖက်စီတွင်တံခါးမသုံးပေါက်၊ ဂိတ်ပေါက်တိုင်းတွင် ကောင်းကင် တမန်တစ်ပါးစီစောင့်ရှောက်၍ ထိုမြို့တော်သည် အထက်အရပ်မှ ပေါ် လာသည်။ ရွေးနုတ်ခြင်းခံရသူတို့သည် အော်၍ဆိုလိုက်သည်မှာ၊ “မြို့ တော်ကြီး၊ မြို့တော်ကြီး၊ ကြီးမြတ်သောမြို့တော်ကြီးသည် ကောင်းကင် ထာဝရဘုရားထံမှဆင်းသက်လျက်ရှိပါသည်။” ထိုမြို့သည် ထည်ဝါခံ့ ညားလှပ၍ ဂုဏ်တော်အပြည့်နှင့် မျက်စိကျိန်းလောက်အောင် တောက်ပ ခြင်းနှင့်အတူ ယေရှုပြင်ဆင်ပေးသည့် ကြီးမားသော လွင်ပြင်ကျယ်ကြီး တွင် ရပ်နားခြင်းပြုသွားသည်။

          ဒုတိယရှင်ပြန်ထမြောက်ခြင်း - ထိုအချိန်၌ ယေရှုနှင့်သူ၏ နောက်လိုက်ကောင်းကင်တမန်များနှင့် ရွေးနုတ်ခြင်းခံရသူတို့သည် မြို့ တော်မှထွက်သွားသည်။ ကောင်းကင်တမန်တို့သည် သူတို့၏ဗိုလ်ချုပ် အား ဝန်းရံထားပြီး သူသွားလိုရာခရီးသို့ပို့ဆောင်လိုက်ပါ၍ ရွေးနုတ်ခြင်း ခံရသော သူတော်စင်များသည်လည်း အတူတကွနောက်သို့လိုက်ပါသွား ကြသည်။ ထိုအချိန်အခါမှာ ယေရှုသည် ကြောက်ဖွယ်ကောင်းသော ကြီးကျယ်ခမ်းနားသည့်အသံတော်ဖြင့် သေပြီးသောဆိုးယုတ်သည့် လူတို့ ကိုထမြောက်ရန် အမိန့်ပေးလိုက်သည်။ ထမြောက်လာကြသူများမှာ သေ သည့်အချိန်၌ ရှိရင်းစွဲအခြေအနေဖြင့်သာ နိုးထလာကြသည်။ ချည့်နဲ့ ဖျားနာသောကိုယ်ခန္ဓာဖြင့်သာ ထမြောက်ကြသည်။ တကယ့်ပင် ဆိုးရွား သောအနိဌာရုံမြင်ကွင်းပင်တည်း။ ပထမအကြိမ်ရှင်ပြန်ထမြောက်သူတို့ သည် “မသေနိုင်သော ကိုယ်ခန္ဓာဖြင့် ထမြောက်ကြသည်။ သို့ရာတွင် ဒုတိယထမြောက်ခြင်း၏ ကျိန်ဆဲခြင်းအမှတ်အသားသည် သူတို့အားလုံး အပေါ်၌ သိသာထင်ရှားလျက်ရှိကြသည်။ ကမ္ဘာမြေကြီး၏ ဘုရင်များ၊ မျိုးရိုးမြင့်မြတ်သူ၊ ဆင်းရဲနိမ့်ကျသူ၊ ပညတ်တတ်သူနှင့် ပညာမဲ့သူတို့ သည် သင်္ချိုင်းမှထွက်လာကြသည်။ သူတို့အားလုံးသည် ဘုရားသားတော် ကို မြင်တွေ့ရသည်။ ဤသူများသည် ယေရှုကိုလှောင်ပြောင်၊ ရွံရှာ ခဲ့ကြသူများဖြစ်သည်။ သူ၏ဦးခေါင်းပေါ်၌ ဆူးရစ်သရဖူကိုတင်သော သူ၊ သူ့အားကျူရိုးဖြင့်ရိုက်ပုတ်ကြသောသူအပေါင်းတို့သည် ယေရှုအား တော် ဝင်ဘုရင်တစ်ပါးကဲ့သို့ ကြီးကျယ်ခမ်းနားစွာမြင်တွေ့ကြရသည်။ စစ်ဆေး စမ်းသပ်မှုအချိန်တွင် သူ့အားတံတွေးဖြင့် ထွေးသူများသည် သူ၏စူးရှ သော အကြည့်မှသော်လည်းကောင်း၊ သူ၏မျက်နှာတော်ဂုဏ်အရှိန်မှ သော်လည်းကောင်း မကြည့်ရဲတော့ဘဲမျက်နှာများလွှဲကြသည်။ သူ၏ လက်တော်ခြေတော်အပေါ်၌ သံမှိုများရိုက်သွင်းသူတို့သည် ထိုကပ်တိုင် အပေါ်မှအမှတ်အသားများကို ကြည့်လျက်နေသည်။ သူ၏နံရိုးဘေးမှာ လှံဖြင့်ထိုးသွင်းသူတို့သည် သူတို့၏ ရက်စက်မှုအမှတ်အသားကို သူ၏ ကိုယ်ခန္ဓာပေါ်၌ မြင်ကြရသည်။ ထိုသူတို့အားလုံးမှာ ယေရှုကိုလက်ဝါး ကပ်တိုင်ပေါ်တင်ပြီး သတ်ခဲ့သူများဖြစ်ကြောင်း သိကြသည်။ သူသေလု နီးဖြစ်ပြီး ပြင်းစွာသော ဝေဒနာခံစားရချိန်တွင် သူ့အားရှုတ်ချခဲ့သော သူတို့လည်းရှိနေပါသည်။ ထိုအချိန်အခါ၌ သူတို့အားလုံးမှာ ရှည်လျား သောညည်းညူခြင်းဖြင့် ဤသူသည် ဘုရင်တကာတို့၏ဘုရင်၊ သခင် တကာတို့၏သခင်ဖြစ်ကြောင်းတွေ့မြင်၍ သူ့ထံပါးမှထွက်ပြေးပုန်းရှောင် ကြကုန်သည်။

          ထိုသူအားလုံးတို့သည် ကျောက်ဆောင်ကြား၌ ပုန်းရှောင်ရန် ကြိုးစားလျက်ရှိသည်။ မိမိကိုယ်ကိုတစ်ချိန်ကအထင်သေးစက်ဆုပ်ရွံရှာ ခဲ့သော သူ၏ဂုဏ်တော်မှအကာအကွယ်ယူလိုကြသည်။ သူ၏ဂုဏ်တော် ကြီးကျယ်ခမ်းနားမှုကို ခံနိုင်ရည်စွမ်းအားမရှိတော့သဖြင့် သူတို့၏အသံ ကိုတစ်ပြိုင်တည်း မြှင့်တင်၍၊ “သခင်ဘုရား၏ နာမတော်အားဖြင့်လာ သောသူသည် မင်္ဂလာရှိစေသတည်းဟုပြောဆိုကြတော့သည်။”

          ထိုအခါ ယေရှုနှင့်သန့်ရှင်းသောကောင်းကင်တမန်တို့နှင့်သန့်ရှင်း သူ၊ သူတော်စင်အားလုံးတို့သည် မြို့တော်သို့တစ်ဖန်ပြန်၍သွားကြသည်။ ပျက်စီးခြင်းသို့သေချာနေသော ဆိုးယုတ်သူတို့၏ ခါးသီးသောငိုကြွေးသံ တို့သည် လေထဲ၌ပျံ့နှံ့လျက်ရှိသည်။ စာတန်မာရ်နတ်သည် သူ၏ လုပ် ငန်းကို တစ်ဖန်ပြန်စလေတော့သည်။ သူ၏လက်အောက်ခံများထံသို့ သွား၍ အားနည်းချည့်နဲ့နေသောသူတို့အား ခွန်အားနှင့်ပြန်လည်ဖြစ်စေ သည်။ ထိုသူတို့အား သူနှင့် သူ၏တမန်များသည် အားအင်နှင့်ပြည့်ဖြိုး လျက်ရှိသည်။ သူသည်ပြန်လည်၍ အသက်ရှင်လာသူ၊ မရေမတွက်နိုင် သောသန်းပေါင်းများစွာသောသူတို့ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုသူ များအထဲမှ အင်အားအလွန်ကြီးမားသော စစ်သည်တော်များနှင့်ဘုရင် များတို့သည် ကျွမ်းကျင်ကြပြီး စစ်ပွဲတိုင်းမှာတစ်ခါ မျှမရှုံးခဲ့သူများပါရှိ သည်။ ထိုသူတို့သည် နိုင်ငံအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။ လူထွား ကြီးလည်းအများအပြားရှိကြသည်။ သတ္တိနှင့်ပြည့်စုံသူအများအပြားရှိ၍ သူတို့သည် စစ်ပွဲတစ်ခါမျှ ရှုံးခဲ့သူမဟုတ်ကြပါ။ မာနကြီးသော နပိုလျံ သည် သူချဉ်းကပ်သွားသောနိုင်ငံတိုင်းမှ ထိုနိုင်ငံများသည် ကြောက်ဒူး တုန်လျက်ရှိကြသည်။ စွမ်းရည်မြင့်မားသူ၊ ကိုယ်ဟန်အနေအထားသိက္ခာ သမာဓိနှင့် ပြည့်စုံသူတို့သည်လည်း အောင်နိုင်ရေးအတွက် စွမ်းဆောင် ခြင်းပြုရင်း တိုက်ပွဲမှာကျဆုံးသူတို့လည်းရှိကြသည်။

          ထိုသူတို့သည် သင်္ချိုင်းမှနိုးထလာကြသောအချိန်၌ သူတို့သေဆုံး ချိန်တွင် အတွေးအခေါ်များရပ်တန့်ခဲ့ရသည်ကို ယခုပြန်လည်အသက်ဝင် လာပြီဖြစ်၍ သေသောအချိန်၌ ရပ်တန့်ခဲ့သည့်အတွေးအခေါ်တို့ကို ထိုမှ တစ်ဆင့် ပြန်၍တွေးခေါ်လာကြသည်။ သူတို့သည် ကျရှုံးချိန်၌ အောင်နိုင် ရေးလိုလားသည်များကို ဤမှတစ်ဆင့် ဆက်၍သာအောင်နိုင်ရေးတွက် ဆန္ဒပြင်းပြကြသည်။ စာတန်မာရ်နတ်သည် သူ၏ကောင်းကင်တမန်များ နှင့်တိုင်ပင်ကြသည်။ နောက်တစ်ဖန် ထိုဘုရင်များ၊ အောင်နိုင်သူ၊ ကြီး မြတ်သောသူတို့နှင့်တိုင်ပင်ကြပြန်သည်။ စာတန်မာရ်နတ်သည် မြို့တော် ကိုလှမ်းကြည့်ပြီး ထိုမြို့ရှိလူစုတို့မှာ အနည်းငယ်မျှသာရှိပြီး အားနည်း သောသူများဖြစ်ကြောင်းနှင့် သူ့ဘက်မှာရှိသောစစ်သည်တော်တို့မှာ မရေ မတွက်နိုင်လောက်အောင် များပြားလျက်ရှိသည့်အတွက် တက်ရောက် ပြီးထိုမြို့ကိုသိမ်းပိုက်၍ ထိုမြို့၌ ရှိသောသူတို့အားကန်ထုတ်ပြီး၊ ရှိသော စည်းစိမ်ချမ်းသာမှုနှင့် ဂုဏ်အင်္ဂါအားလုံးတို့ကို ရယူသွားနိုင်မည်ဖြစ်

ကြောင်း ပြောဆိုသည်။

          စာတန်မာရ်နတ်သည် ထိုသူတို့အား သွေးဆောင်လှည့်ဖြားနိုင်ခဲ့ သည်။ သို့ဖြစ်၍ သူတို့သည် တိုက်ပွဲဝင်ဖို့ချက်ချင်းပြင်ဆင်မှုပြုကြသည်။ ထိုလူအုပ်ထဲမှ ကျွမ်းကျင်မှုအလွန်ရှိကြသူများပါရှိသည်။ သို့ဖြစ်၍ ထိုသူ တို့က စစ်လက်နက်ကိရိယာပစ္စည်း အမျိုးမျိုးတို့ကို ပြင်ဆင်မှုပြုကြ သည်။ ထိုသို့ပြီးစီးသွားသောအခါမှာ စာတန်မာရ်နတ်ကိုယ်တိုင် ရှေ့ဆုံးမှ ဦးဆောင်ပြီး ထိုမဟာကြီးမားပြီးများပြားလှသော စစ်သည်တော်တို့သည် ထိုရွှေမြို့တော်သို့ ချီတက်ကြတော့သည်။ ဘုရင်များနှင့်တိုက်ခိုက်ရေး ကျွမ်းကျင်သူတို့သည် မာရ်နတ်နှင့်ထက်ကြပ်မကွာ နောက်လိုက်ကြ သည်။ များပြားသော လူအုပ်ကြီးနှင့်စစ်သည်တော်တို့သည် အဖွဲ့လိုက် အုပ်စုလိုက်နောက်ကနေ လိုက်ပါသွားကြသည်။ အုပ်စုလိုက်အဖွဲ့လိုက် တို့တွင် ခေါင်းဆောင်များအသီးသီးထား၍ စနစ်တကျ မြို့တော်သို့ စစ်ချီ ကြသည်။ သူတို့ဖြတ်ကျော်ခဲ့ရသောမြေသည် ကွဲအက်လျက် ရှိသည်။ သခင်ယေရှုက မြို့၏တံခါးမအားလုံးပိတ်၍ ဤများပြားလှသော စစ်တပ် တို့သည်လည်း မြို့ကိုဝန်းရံထားပြီး စစ်တိုက်ရန်အနေအထားဖြင့် သတိ ရှိနေကြ၍ တိုက်ပွဲသည် ပြင်းထန်လိမ့်မည်ဟု သူတို့မှန်းဆထားရတော့ သည်။

          ခရစ်တော်၏နန်းတက်မင်္ဂလာ - ယခုတစ်ဖန်ယေရှုသည် ရန်သူ များ၏မြင်ကွင်းတွင် တစ်ဖန်ပြန်ပေါ်လာသည်။ မြို့တော်၏ အထက်မြင့် မားပြီး အုတ်မြစ်အားဖြင့် သန့်စင်ထားသော ရွှေပေါ်ရှိသလွန်တော်တစ်ခု ပေါ်မှာ မြင့်မားစွာ မြှောက်ထားခြင်းခံရသည်။ ဤသလွန်တော်အပေါ်၌ ထာဝရဘုရား၏သားတော်ထိုင်တော်မူ၍ သူ၏ ဘေးပတ်လည်၌ သူ၏ နိုင်ငံတော် သြဇာခံများရှိကြသည်။ ခရစ်တော်၏ တန်ခိုးတော်နှင့် ကြီး ကျယ်ခမ်းနားထည်ဝါမှုကို ဘယ်ဘာသာစကားမျှဖြင့် ရှင်းပြ၍ မတတ်နိုင် ပါ။ မည်သည့်ကလောင်တံမှလည်း စာဖြင့်ဖော်ပြ၍မရနိုင်ပါ။ ထာဝရ ခမည်းတော်၏ဂုဏ်တော်သည် သူ၏သားတော်ကိုခြုံငုံထားသည်။ သား တော်အတူရှိနေခြင်း၏တောက်ပမှုသည် ဘုရားသခင်၏ မြို့တော်တစ်ခု လုံးကိုပြည့်လျှံစေပြီး၊ တံခါးမကြီးမှယိုစိမ့်၍ ကမ္ဘာမြေကြီးတစ်ခုလုံးကို သူ၏အလင်းတော်ရောင်ခြည်အားဖြင့် လွှမ်းမိုးစေလျက်ရှိသည်။

          ပလ္လင်တော်နှင့်အနီးဆုံးရှိကြသူများမှာ တစ်ချိန်က စာတန်မာရ် နတ်၏ အရေးတော်ပုံအတွက် စိတ်အားထက်သန်ကြသူများဖြစ်သည်။ သို့ရာတွင် ကယ်တင်ရှင်က သူတို့ကိုမီးပုံအပေါ်မှ မီးခဲများနုတ်ယူသကဲ့သို့ နုတ်ယူပြီး ကယ်တင်ရှင်၏ နောက်တော်သို့ ကြီးမားလေးနက်သော မေတ္တာကရုဏာဖြင့် လိုက်လျှောက်သည်။ နောက်လူတစ်စုမှာ မမှန်မ ကန်ဖော်ပြချက်များနှင့်မယုံကြည်မှုများကြားမှ ခရစ်ယာန်တို့၏ ကိုယ် ကျင့်တရားအား ခြောက်ပြစ်ကင်း ကျင့်ဆောင်နိုင်သောသူများဖြစ်ပြီး အခြားခရစ်ယာန်လောကမှ ဘုရားသခင်၏ ပညတ်တရားကို တရားမဝင် တော့ကြောင်းပြောသည့်အချိန်၌၊ ထိုပညတ်တရားကို ဂုဏ်ပြုပြီး စောင့် ရှောက်ခဲ့သည်။ ခေတ်အဆက်ဆက်မှ သန်းပေါင်းများစွာသော ထိုသူတို့ သည် မိမိတို့၏ ယုံကြည်ချက်ကြောင့် အသေသတ်ခြင်းခံရသူများဖြစ် သည်။ နောက်တစ်ဖန်ထိုသူတို့၏နောက်မှာ “အသီးအသီးဘာသာစကား ကိုပြောသော လူမျိုးနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ ဘယ်သူမျှမရေတွက် နိုင်သောလူအပေါင်းတို့သည် ဖြူသောဝတ်လုံကိုဝတ်ဆင်လျက်၊ စွန်ပလွံ ခက်ကိုကိုင်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ၏” (ဗျာ ဒိတ် ၇း၉)။ သူတို့၏စစ်ပွဲသည် ပြီးဆုံးသွားပြီ၊ အောင်မြင်ခြင်းလည်းရရှိ ခဲ့ပါပြီသူတို့သည် အပြေးပြိုင်ပွဲကိုဆင်နွှဲခြင်းပြု၍ ဆုလာဘ်ကိုရရှိတော့ မည်ဖြစ်သည် သူတို့၏လက်ထဲမှာရှိသော စွန်ပလွံခက်သည် သူတို့၏ အောင်မြင်ခြင်းသင်္ကေတဖြစ်ပြီး ဖြူသောဝတ်လုံမှာ ခရစ်တော်၏အစက် အပျောက်ကင်းသော ဖြောင့်မတ်ခြင်းအမှတ်တံဆိပ်ဖြစ်သည်။ ဤဖြောင့် မတ်ခြင်းသည် ယခုအချိန်၌ သူတို့ ပိုင်ဆိုင်ကြပြီ။

          ရွေးနုတ်ခြင်းခံရသူတို့၏သီဆိုသောသီချင်းသံမှာ ကောင်းကင်နိုင် ငံ၏နံရံအသီးသီးမှ ပဲ့တင်ထပ်ရင်းပဲ့တင်ထပ်လျက်ပင်ရှိကြသည်။ “ပလ္လင် တော်ပေါ်မှာထိုင်နေတော်မူသောငါတို့၏ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်း ချမ်းသာရှိစေတော်မူသတည်း။” ကောင်းကင်တ မန်တို့သည်လည်း သူတို့၏အသံကိုပေါင်းစည်းလျက် မြတ်နိုးခြင်းများစွာ ဖြင့် သီဆိုကြသည်။ ရွေးနုတ်ခြင်းခံရသူတို့သည် စာတန်မာရ်နတ်၏ တန်ခိုးနှင့်ဆိုးယုတ်သော ရည်ရွယ်ချက်တို့ကို မတွေ့စဖူးတွေ့ရသည့် အတွက် ဘယ်တန်ခိုးတော်နှင့်မျှမရဘဲ ခရစ်တော်၏ တန်ခိုးတော်အား ဖြင့်သာ သူတို့မှာအောင်နိုင်သူများ ဖြစ်လေတော့သည်။ ဤတောက်ပ သောအဖွဲ့အစည်းများ၌လည်း ကယ်တင်ခြင်းအစွမ်းကို မည်သူကမျှ မိမိ အတွက်ဂုဏ်ယူနိုင်ခြင်းမရှိပါ။ သူတို့၏ကိုယ်ပိုင်အစွမ်းနှင့် ကောင်းမြတ် ခြင်းကြောင့်ဖြစ်လာသည်ဟုလည်း မည်သူကမျှမပြောဝံ့ပါ။ သူတို့သည် ဘာတွေလုပ်ခဲ့ပြီး ဘယ်လိုဒုက္ခဆင်းရဲခြင်းခံခဲ့ရသည်ကို ပြောစရာ အကြောင်းမရှိပါ။ သို့ရာတွင် သီချင်းတိုင်း၏ အနှစ်သာရမှာ၊ “ငါတို့ ဘုရား သခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်း ချမ်းသာရှိစေတော်မူ သတည်း” (ဗျာဒိတ် ၇း၁၀)။

          ကမ္ဘာမြေကြီးသားနှင့်ကောင်းကင်သားတို့အလယ်၌ ဘုရားသခင် ၏ သားတော်ဘိသိက်ခံယူပွဲကို နောက်ဆုံးမှာပြုလုပ်ကျင်းပခဲ့ပါသည်။ ယခုအချိန်ကစပြီး အမြင့်ဆုံးသောတန်ခိုးတော်နှင့် တော်ဝင်ကြီးကျယ် ခမ်းနားမှုဖြင့် ဘုရင်တကာ့ဘုရင်သည် သူအစိုးရတော်မူသောအဖွဲ့ပေါ်၌ ပုန်ကန်သောသူတို့ကို စီရင်ချက်ချမှတ်ပြီး၊ ထိုစီရင်ချက်အတိုင်း အရေးယူ ဆောင်ရွက်သွားလျက်ရှိသည်။ ထာဝရဘုရား၏ ပုရောဖက်သည် ဤသို့ ဆိုထား၏၊ “တစ်ဖန်တုံ၊ ဖြူသောပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင် တော်မှာထိုင်တော်မူသောသူကိုလည်းကောင်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြ သည်ကိုငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်း ဟူသော အခြားတစ်ပါးသော စာစောင်ကိုလည်းဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များ နှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏” (ဗျာဒိတ် ၂၀း၁၁၊၁၂)။

          မှတ်တမ်းစာအုပ်များ ဖွင့်လိုက်သည်နှင့် ယေရှု၏မျက်စိတော် သည် ဆိုးယုတ်သောသူတို့အပေါ်သို့ ကြည့်လိုက်သောအခါတွင်၊ သူတို့ သည် သူတို့ပြုခဲ့သမျှသောအပြစ်တို့ကို ပြန်လည်သတိရမြင်ယောင်လာ ကြသည်။ သူတို့မြင်သွားလိုက်သည်မှာ သူတို့၏ခြေများသည် သန့်စင် ခြင်းနှင့်သန့်ရှင်းသော လမ်းမှလမ်းလွဲသွားခဲ့သည်ကို မြင်ကြရသည်။ မည်သည့်နေရာအထိ သူတို့၏မာနနှင့်ပုန်ကန်ခြင်းသည် ဘုရားသခင်၏ ပညတ်တရားကိုကျူးလွန်ခဲ့မိသည်ကို မြင်ကြရသည်။ လိင်ဆက်ဆံမှုပြု ရန်၊ သွေးဆောင်မှုကိုအားပေးရန် အပြစ်ကိုပြုလုပ်ခြင်း၊ ကောင်းချီးမင်္ဂ လာတို့ကို သူတို့သိက္ခာမဲ့အောင်ပြုလုပ်ခြင်း၊ သူတို့အပေါ်၌ကျရောက်နိုင် မည့် သနားကြင်နာခြင်းတရားကို သူတို့၏နောင်တရခြင်းမရှိသော နှလုံး သားတို့သည် တစ်ဇွတ်ထိုးငြင်းပယ်ခဲ့သည်များကို အားလုံးတို့သည် မီးလျှံ ကဲ့သို့ပင်ရေးမှတ်ခြင်းခံရသလိုဖြစ်သည်။

          မဟာတိုက်ခိုက်မှုကြီး၏မြင်ကွင်းကျယ် - ပလ္လင်တော်အထက်၌ လက်ဝါးကပ်တိုင်ကိုသူတို့မြင်ရကြသည်။ အာဒံ၏သွေးဆောင်ခြင်းခံရပုံ နှင့် သူ၏ကျရှုံးခြင်းနှင့်ကြီးမြတ်သော ကယ်တင်ခြင်းစီမံကိန်းအဆင့်ဆင့် တို့ကို သူတို့၏ရှေ့၌ မြင်ကွင်းသဖွယ်ပေါ်လာတော့သည်။ နိမ့်ကျသော ကယ်တင်ရှင်၏ မွေးဖွားခြင်း၊ ပထမပိုင်းအသက်တာ၏ ဖြောင့်မတ်ခြင်း နှင့်နာခံမှုရှိခြင်း၊ ယော်ဒန်မြစ်၌သူ၏ရေနှစ်ခြင်းခံယူမှု၊ အစာငတ်ခံခြင်း နှင့်တော၌ သွေးဆောင်ဖြားယောင်းခံရခြင်း၊ အများအတွက် အမှုတော် ဆောင်ခြင်းမှာ လူသားအားလုံးအတွက် ကောင်းကင်၏တန်ဖိုးအရှိဆုံး ကောင်းချီးမင်္ဂလာရရှိနိုင်ဖို့ ဖိတ်ခေါ်ချက်များ၊ နေ့ရက်အချိန်၌ ချစ်ခြင်း မေတ္တာနှင့်သနားခြင်းကရုဏာလုပ်ငန်းနှင့် ပြည့်ဝခြင်း၊ ညဉ့်အချိန်များ၌ ဆုတောင်းခြင်းနှင့်တောင်ပေါ်၌တစ်ကိုယ်တည်း အထီးကျန်စောင့်ကြည့် ခြင်း၊ မနာလိုကြံစည်ခံရခြင်း၊ မုန်းတီးခြင်းနှင့်မကောင်းသော အကြံ အစည်ခံရခြင်း၊ ဂေသရှေမန်ဥယျာဉ်၌ တစ်ကမ္ဘာလုံး၏ အပြစ်ဝန်ထုပ် အောက်မှာ ပြင်းစွာသောဝေဒနာခံစားရခြင်း၏လျှို့ဝှက်ချက်၊ လူသတ် လိုသော လူအုပ်ကြီးလက်ထဲသို့ ရောက်အောင် သစ္စာဖောက်ခံရခြင်း၊ ကြောက်ဖွယ်ကောင်းသော ညဉ့်တစ်ညဉ့်၏ဖြစ်စဉ်များ၊ တုံ့ပြန်ခြင်းမပြု သောအကျဉ်းသားများ၊ သူချစ်မြတ်နိုးခြင်းအရှိဆုံးသော တပည့်တော်များ ၏စွန့်ပစ်ခြင်းကို ခံရခြင်း၊ ယေရုရှလင်မြို့၏ လမ်းမပေါ်၌ ရိုင်းစိုင်းစွာ မောင်းနှင်မှုခံရခြင်း၊ ဘုရားသခင်၏ သားတော်အား အာနရှေ့တော်၌ တင်ပြခြင်း၊ ယဇ်ပုရောဟိတ်မင်းကြီးနန်းတော်၌ တရားစွဲဆိုခြင်း၊ ပိလတ် မင်း၏တရားစီရင်ရာခန်းမ၌ရောက်ရှိခြင်း၊ ရက်စက်၍သူရဲဘောကြောင် သော ဟေရုဒ်မင်း၏ရှေ့၌လှောင်ပြောင်ခံရခြင်း၊ အစော်ကားခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သေမိန့်ချခံရခြင်း ဤအရာအားလုံးမှာ မြင် ကွင်းကျယ်၌ဖော်ထုတ်သွားခဲ့သည်။

          ယခုအချိန်မှာ လှုပ်လှုပ်ရွရွရှိနေသောလူအုပ်ကြီးရှေ့တွင် နောက် ဆုံး မြင်ကွင်းများ ပေါ်လွင်လာပါတော့သည်။ စိတ်ရှည်သောဒုက္ခဆင်းရဲ ခြင်းခံနေရသောသူသည် ကရာနီကုန်းသွားရာလမ်းသို့ လျှောက်လှမ်းနေ ရသည်။ ကောင်းကင်နိုင်ငံ၏ မင်းသားသည် လက်ဝါးကပ်တိုင်ပေါ်၌ ချိတ်ဆွဲခြင်းခံရသည်။ ထောင်လွှားနေကြသော ယဇ်ပုရောဟိတ်များ၊ လှောင်ပြောင်ကြသော လူအုပ်ကြီးတို့သည် သူ၏သေခြင်းနှင့် ပြင်းစွာ သော ဝေဒနာခံစားချက်ကိုရှုတ်ချခြင်းများ၊ သဘာဝလွန်ကဲသောမှောင် မိုက်ခြင်း၊ တုန်ခါလျက်ရှိသော မြေကြီး၊ ကွဲထွက်သွားသော ကျောက် ဆောင်များ၊ ပွင့်လာသောဂူသင်္ချိုင်းများ စသည့် ဤအရာများသည် ကမ္ဘာ့ ရွေးနုတ်ရှင်၏အသက်တော်ကိုစွန့်လွှတ်ခဲ့သောအချိန်ကို မှတ်သားထားခဲ့ ခြင်းဖြစ်သည်။

          ထိတ်လန့်အံ့သြဖွယ်သောမြင်ကွင်းသည် အရှိကိုအရှိအတိုင်းပေါ် ထွက်လာခဲ့သည်။ စာတန်မာရ်နတ်၊ သူ၏ကောင်းကင်တမန်များနှင့် သူ ၏နောက်လိုက်များတို့သည် သူတို့ဖန်တီးခဲ့သောအလုပ်များကို ဘယ်လို မျှပင် ပြောင်းလဲ၍ မရနိုင်တော့ပါ။ သရုပ်ဆောင်ခဲ့သူယောက်စီတိုင်း သူတို့ဆောင်ရွက်ခဲ့ရသော အဖြစ်အပျက်တို့ကို ပြန်လည်တွေ့မြင်ခဲ့ကြ သည်။ ဣသရေလရှင်ဘုရင်ကို ချေမှုန်းဖျက်ဆီးလို၍ ဗက်လင်မြို့ရှိ အပြစ်မဲ့သောကလေးသူငယ်များကို သတ်ခဲ့သောဟေရုဒ်မင်း၊ ဗတ္တိဇံ ဆရာယောဟန်၏ ဦးခေါင်းကိုဖြတ်၍ အသွေးသွန်းခဲ့သော ဟေရောဒိ၏ ကောက်ကျစ်စဉ်းလဲပြီး သူ့အပေါ် သွေးစွန်းနေသောအပြစ်၊ အချိန်ကိုသာ ကုန်လွန်အောင် တာဝန်ထမ်းဆောင်သည့် စိတ်ဓာတ်အားနည်းသော ပိလတ်မင်း၊ လှောင်ပြောင်ကြသောစစ်သားများ၊ ယဇ်ပုရောဟိတ်များနှင့် အုပ်ချုပ်သူခေါင်းဆောင်များနှင့် ရူးသွပ်သွားသော လူအုပ်ကြီးတို့သည် “သူ၏အသွေးသည် ငါတို့၏ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့၏ ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေ” ဟူ၍ဆိုကြသောသူအပေါင်းတို့ သည် သူတို့၏ အပြစ်မည်မျှကြီးသည်ကို နားလည်ကြ၏။ သူတို့သည် ယေရှု၏ ထွန်းလင်းတောက်ပသော မျက်နှာတော်မှ ပုန်းရှောင်ဖို့ကြိုးစား ကြသည်။ သို့ရာတွင် ယေရှု၏ မျက်နှာတော်မှ နေ၏အလင်းထက် တောက်ပထွန်းလင်းလျက်ရှိ၍ ပုန်းအောင်း၍ မရနိုင်ပါ။ ရွေးနုတ်ခြင်းခံရ သောသူအပေါင်းတို့မှာ မိမိတို့၏ သရဖူများကို ကယ်တင်ရှင်၏ခြေတော် ရင်း၌ချထားပြီးပြောသောစကားမှာ၊ “သူကျွန်ုပ်အတွက် အသေခံခဲ့သည်” ပင်ဖြစ်သည်။

          ရွေးနုတ်ခြင်းခံရသောသူအထဲတွင် ခရစ်တော်၏ တမန်တော်များ လည်း ပါဝင်နေပါသည်။ သူရဲကောင်းပေါလု၊ စိတ်အားထက်သန်သူပေ တရု၊ ချစ်လှစွာသောယောဟန်နှင့် စိတ်ထားမှန်ပြီးသစ္စာရှိကြသောနောင် တော်များ၊ ထိုသူတို့နှင့်အတူ အလွန်အမင်းကြီးမားသော ယုံကြည်ခြင်း အတွက် အသေခံခဲ့သော သူရဲကောင်းတို့လည်းပါရှိသည်။ အပြင်၌မူကား၊ ထိုသူတို့ကိုသတ်ခဲ့သော အလွန်မှပင် နှစ်သက်ဖွယ်မရှိ စက်ဆုပ်စရာ ကောင်းသောသူတို့ရှိကြသည်။ထိုနေရာတွင်လည်း ရက်စက်ကြမ်းကြုတ် ခြင်းနှင့်မကောင်းမှုဟူသမျှလုပ်ခဲ့သော လူ့ဘီလူးကြီး နီရိုးလည်းရှိသည်။ ဤသူမှာ သူတော်စင်များကို တစ်ချိန်က သူနှိပ်စက်ညှဉ်းပန်းခဲ့၍ ထိုသူတို့ ၏ ပြင်းစွာသောဝေဒနာခံစားချက်ကြောင့် စာတန်ဝမ်းသာအားရခဲ့ရသည် ကို သူမြင်တွေ့ရသည်။ နီရိုး၏မိခင်သည်လည်း ထိုနေရာတွင်ရှိပြီး သူမ၏ အပြုအမူလုပ်ရပ်ကြောင့် သူ၏သားအပေါ်သို့ ကူးစက်ပြောင်းလဲခြင်း ရလဒ်ကို သူမမြင်တွေ့ခဲ့ရပေသည်။ မကောင်းဆိုးဝါးအသီးအပွင့်များ သီးသွား၍ ပြုလုပ်ခဲ့သောရာဇဝတ်မှုတို့သည် ကမ္ဘာကို တုန်လှုပ်သွား စေသည်။

          ထိုနေရာမှာလည်း ယဇ်ပုရောဟိတ်များနှင့်သူတို့၏ အကြီးအကဲ များသည် သူတို့ကိုယ်သူတို့ ခရစ်တော်၏သံတမန်များဖြစ်ကြောင်းဆိုကြ သော်လည်း ဓားစင်္ကြာစင်များ၊ မြေအောက်အကျဉ်းထောင်များ၊ အချွန် အတက်ဆူးငြောင့် များကိုတည်ဆောက်၍ လူများ၏အတွေးအခေါ်များ ကို ထိန်းချုပ်ဖို့လုပ်ဆောင်ခြင်းဖြစ်သည်။ မာနထောင်လွှားသောရဟန်း မင်းတို့သည်လည်း ရှိသေး၏။ သူတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင် ထက်မြင့်အောင်နေရာယူထားသည်။ အမြင့်ဆုံးသော ထာဝရဘုရား၏ ပညတ်တရားကို ပြင်ဆင်သွားနိုင်ကြောင်းဆိုကြသည်။ အသင်းတော်၏ ဖခင်များဟု ဟန်ဆောင်ပြောဆိုကြသူတို့မှာလည်း သူတို့ လုပ်ဆောင်ခဲ့ သည့်လုပ်ရပ်တိုင်းအပေါ် ခွင့်လွှတ်ခြင်းအတွက် ဘုရားသခင်နှင့်စာရင်း ရှင်းရန်ရှိလိမ့်ဦးမည်။ သို့ရာတွင် အရာခပ်သိမ်းကို သိမြင်သောထာဝရ ဘုရားသည် သူ၏ပညတ်တရားအတွက် နှမြောတသ၊ သဝန်တိုသော ဘုရားဖြစ်၍ အပြစ်ရှိသူတို့ကိုပင် လွယ်လွယ်နှင့်အပြစ်ဖြေလွှတ် ပေးမည် မဟုတ်ပါ။ ယခုသူတို့သိသွားရသည်မှာ ခရစ်တော်သည် မိမိ၏ဒုက္ခ ဆင်းရဲခြင်းကို ခံနေရသော သူတို့နှင့်ခံစားရ၍ သူ၏နှုတ်ထွက်စကား၏ အစွမ်း တန်ခိုးကိုခံရကြလိမ့်မည်။ “သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အားပြုကြသမျှတို့ကို ငါ့ အားပြုကြပြီဟုမိန့်တော်မူလတ္တံ့” (မဿဲ ၂၅း၄၀)။

          တရားစီရင်ခြင်းအခန်း၏ရှေ့ဝယ် - ဆိုးယုတ်သောကမ္ဘာကြီး တစ်ခုလုံးသည် ထာဝရဘုရား၏တရားစီရင်ခြင်းအခန်းအရှေ့၌ တရားစွဲ ဆိုခြင်းခံရလျက်ရှိသည်။ ကောင်းကင်နိုင်ငံ၏အစိုးရကို အမြင့်ဆုံးသော သစ္စာဖောက်မှုစွဲချက်ဖြင့်ခံနေရသည်။ ဆုံးရှုံးသောသူတို့သည် မိမိတို့၏အ ရေးကို တောင်းပန်ပေးဖို့ မည်သူမျှမရှိပါ။ သူတို့မှာ အကြောင်းပြချက် တစ်စုံတစ်ရာမျှမရှိသည့်အတွက် ထာဝရသေဒဏ်ကို သူတို့အပေါ်၌ စီရင် ချက်ချမှတ်လိုက်သည်။

          ယခုအချိန်၌ ရှင်းလင်းစွာသဘောပေါက်သွားသည်မှာ အပြစ်၏ အခသည် ပျော်မွေ့ဖွယ်ရာလွတ်လပ်မှုနှင့်ထာဝရအသက်မဟုတ်ဘဲ ကျွန် ခံခြင်း၊ ပျက်စီးခြင်းနှင့်သေခြင်းသာဖြစ်သည်။ ဆိုးယုတ်သောသူတို့သည် သူတို့၏ ပုန်ကန်ခြင်းအသက်တာကြောင့် သူတို့မည်သည့်အရာများဆုံးရှုံး ခဲ့သည်ကို တွေ့မြင်ကြရပြီ။ ထိုသူတို့ကို “သာ၍ကြီးမြတ်သော ထာဝရ ဂုဏ်တော်ကို အလေးထားရန်” ကမ်းလှမ်းခဲ့သောအချိန်တွင် သူတို့သည် အထင်သေး၍မထီမဲ့မြင်ပြုခဲ့သော်လည်း ယခုအချိန်မှာမူ ဘယ်မျှလောက် မက်မောစရာကောင်းသည်ကို မြင်တွေ့နေရပြီ။ ပျောက်ဆုံးသောဝိညာဉ် က “ဤအရာအားလုံးတို့ကို အကျွန်ုပ်ရရှိနိုင်ပါလျက်နှင့် ဤအရာတို့ကို ကျွန်ုပ်နှင့်ဝေးကွာသွားစေရန်ကိုသာ ရွေးချယ်ခဲ့သည်။ အို၊ ထူးဆန်းသော စွဲလမ်းမှုကြောင့် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဂုဏ်အသရေတို့ကို စက် ဆုပ်ရွံရှာဖွယ်ကောင်းသော အတိဒုက္ခနှင့် အလဲအလှယ်ပြုမိခဲ့ပါသည်။ အရှက်နှင့်မျှော်လင့်ချက်ကင်းမဲ့သောအဖြစ်နှင့် လဲလှယ်မိပါသည်။” သူ တို့အားကောင်းကင်သွားရသော သူတို့၏စာရင်းတွင် ဖယ်ထားခြင်းခံရ သည်မှာ တရားမျှတမှုရှိကြောင်း သူတို့အားလုံး ကျေနပ်လက်ခံကြသည်။ သူတို့၏အသက်တာမှာ ယေရှုသည်သူတို့အားအုပ်စိုးခြင်းမရှိနိုင်တော့ပါ။

          ညှို့ဖမ်းခြင်းခံရသလို၊ ဆိုးယုတ်သောသူတို့သည် ဘုရားသခင်၏ သားတော်နန်းတက်ဘိသိက်ခံယူခြင်းကို ငေးမောလျက်ရှိကြသည်။ သူ၏ လက်ထဲ၌ ဘုရားသခင်၏ ပညတ်တော်ရေးထားသည့်ကျောက်ပြားကို မြင်ကြရသည်။

          ထိုပညတ်တရားတော်ကို မထီမဲ့မြင်ပြုပြီး ကယ်တင်ခြင်းခံရသူ တို့၏ အံ့ဩဝမ်းမြောက်ခြင်းနှင့်ချစ်မြတ်နိုးခြင်းတို့ကို သူတို့မြင်တွေ့ခဲ့ရ သည်။ ထိုသို့ ငြိမ့်ညောင်းသောတေးသံများဖြင့် မြို့ပြင်ရှိကယ်တင်ခြင်း ခံရသောသူအပေါင်းတို့အပေါ်၌ ကျရောက်လာသောအချိန်တွင် အားလုံး သောသူတို့သည် တစ်သံတည်းသံစုံမှာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ သော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့သြဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏” (ဗျာဒိတ် ၁၅:၃)။ မြေကြီးပေါ်ဦးညွှတ်၍ အသက်သခင်မင်းသားအား ကိုးကွယ်ကြကုန်၏။

          ဒုတိယသေခြင်း - စာတန်မာရ်နတ်သည် ယေရှု၏ ဂုဏ်တော် နှင့်ဘုန်းအသရေကြီးကျယ်ခမ်းနားမှုကို မြင်တွေ့သောအခါ သူသည် အကြောသေသွားသလိုပင် ဖြစ်လျက်ရှိသည်။ သူသည် တစ်ချိန်က ကောင်းကင်တမန်များထဲမှ အထွတ်အထိပ်တစ်ဦးဖြစ်ခဲ့ရာမှ မည်သည့် နေရာမှမှားပြီးကျရှုံးခဲ့ရသည်ကို ပြန်လည်သတိရလျက်ရှိသည်။ သူသည် တောက်ပြောင်သော ကောင်းကင်တမန်တစ်ပါး၊ “နံနက်သားမိုးသောက် ကြယ်” ဖြစ်ခဲ့သည်။ ယခုမှာမူ ပြောင်းလဲခြင်းမက ပြောင်းလဲခဲ့ပါပြီ၊ အလွန်ပင်အောက်တန်းကျခဲ့ပါတော့သည်။

          စာတန်မာရ်နတ်သည် သူ့သဘောနှင့်သူပုန်ကန်ခြင်း ပြုခဲ့သည့် အတွက် သူသည် ကောင်းကင်နှင့်မထိုက်တန်ပါ။ သူ၏တန်ခိုးတော်များ ကို ထာဝရဘုရားအားတိုက်ခိုက်ဖို့ အသုံးပြုခဲ့သည်ဖြစ်၍ ကောင်းကင် နိုင်ငံ၏သန့်ရှင်းမှု၊ ငြိမ်သက်အေးချမ်းမှုနှင့်သဟဇာတရှိမှုတို့သည် သူနှင့် မလိုက်ဖက်ဘဲ သူ့အတွက် ငြီးငွေ့စရာကောင်းပြီး အမြင့်ဆုံးသောညှဉ်း ပန်းမှုတစ်ရပ်ဖြစ်လိမ့်မည်။ ဘုရားသခင်၏ တရားမျှတမှုနှင့်သနားညှာ တာခြင်းအပေါ်၌ သူ၏စွပ်စွဲမှုတို့သည် ယခုအချိန်မှာပင် တိတ်ဆိတ်သွား ပါပြီ။ ယေဟောဝါဘုရားအပေါ် အပြစ်တင်စွပ်စွဲချက်တို့သည် ယခုအချိန် တွင် သူ့အပေါ်၌လုံးလုံးလျားလျားကျရောက်သွားပါတော့သည်။ သို့ဖြစ်၍ စာတန်မာရ်နတ်သည်ဦးညွှတ်ပြီး သူ့အပေါ်၌ချမှတ်ခဲ့သော စီရင်ချက် သည် တရားမျှတကြောင်းဝန်ခံရပါတော့သည်။

          ရှည်လျားသောတိုက်လှန်ပွဲ၏ အမှားအမှန်အားလုံးတို့သည် ရှင်း လင်းသွားပါပြီ။ ထာဝရဘုရား၏တရားမျှတမှုသည် လုံးဝမှန်ကန်ကြောင်း သက်သေထူလျက်ရှိလေတော့သည်။ လူသားများအားလုံးအတွက်ပြုလုပ် ခဲ့သော ခမည်းတော်နှင့်သားတော်တို့၏ စွန့်လွှတ်ခြင်းကြီးမားမှုတို့ကို တစ်ကမ္ဘာလုံးရှိလူများ ရှင်းလင်းစွာ မြင်တွေ့သွားခဲ့ရတော့သည်။ ခရစ် တော်သူ၏နေရာမှန်ကို ပြန်လည်ရယူဖို့ အချိန်နာရီရောက်ရှိလာပါပြီ။ ဤအချိန်သည် မင်းညီမင်းသားများ၊ တန်ခိုးအာဏာရှင်နှင့် အမည်နာမ အားလုံးတို့အပေါ်၌ ဘုန်းအသရေ၊ ဂုဏ်တော်၊ ကြီးကျယ်ခမ်းနားမှုတို့ သည် ဂုဏ်ပြုခြင်းခံရပါတော့သည်။

          စာတန်မာရ်နတ်သည် ဘုရားသခင်၏ တရားမျှတမှုကို အသိ အမှတ်ပြုရန်နှင့် ခရစ်တော်၏အချုပ်အခြာအာဏာရှိခြင်းကို ဦးညွှတ် လက်ခံရသော်လည်း၊ သူ၏အကျင့်စရိုက်ကိုမူမပြောင်းလဲဘဲ ယခင်အတို င်းပင်ရှိနေဆဲပင်။ ပုန်ကန်ခြင်းစိတ်ဓာတ်သည် ကြီးမားသော မြစ်ရေစီး သကဲ့သို့ တစ်ဖန်ပြန်၍ပေါက် ထွက်လာတော့သည်။ အရူးအမူးဖြစ်ပြီး မဟာတိုက်လှန်ပွဲကို အရှုံးမပေးဖို့ စာတန်မာရ်နတ်က ဆုံးဖြတ်လိုက် သည်။ အချိန်သည် ကောင်းကင်၏ဘုရင်နှင့်သေမထူးနေမထူး နောက် ဆုံးတိုက်ခိုက်ဖို့ စာတန်မာရ်နတ်က ဆုံးဖြတ်လိုက်သည်။ သူ၏လက် အောက်ခံလူများအတွင်းသို့ သူ၏ဒေါသအားဖြင့် စစ်ခင်းကြဖို့သူလှုံ့ဆော် ခဲ့သည်။ သို့ရာတွင် သူမြူဆွယ်ပြီး ပုန်ကန်မှုအတွက် သူ၏နောက်သို့ လိုက်မိခဲ့သော သန်းပေါင်းများစွာသော သူတို့မှာ သူ၏အချုပ်အခြာအာ ဏာကို မည်သူမျှအသိအမှတ် မပြုနိုင်ကြတော့ပါ။ သူ၏သြဇာအာဏာ အရှိန်သည် ဆုံးခန်းတိုင်သို့ ရောက်ရှိသွားပါပြီ။ ဆိုးသွမ်းသောသူတို့သည် စာတန်မာရ်နတ်ကဲ့သို့ပင် ထာဝရဘုရားကိုမုန်းတီးခဲ့သည်။ သို့ရာတွင် သူတို့၏အရေးမှာ မျှော်လင့်ချက်ကင်းသောအရာဖြစ်သည်ကို သူတို့သိနေ ကြပြီ။ သူတို့သည် ထာဝရဘုရားအားမည်သည့်နည်းနှင့်မျှ တိုက်၍မရ နိုင်သည်ကို သူတို့သိကြသည်။ ထိုသူတို့သည် စာတန်မာရ်နတ်နှင့်သူ၏ ကိုယ်စားလှယ်တို့အပေါ်၌ ဒေါသထွက်ကြသည်။ သူတို့သည် နတ်ဆိုး ကဲ့သို့သော ဒေါသကြီးစွာဖြင့် စာတန်နှင့်သူ၏အပေါင်းအပါတို့ကို တိုက် ခိုက်ကြသည်။ သို့ဖြစ်၍ တစ်ကမ္ဘာလုံး၌ စစ်ပွဲကြီးနှင့်သာမြင်တွေ့ရတော့ သည်။

          သို့ဖြစ်၍ ပုရောဖက်၏စကားမှာ ပြည့်စုံခြင်းသို့ရောက်ရှိခဲ့သည်။ “ထာဝရဘုရား၏အမျက်တော်သည် လူမျိုးအပေါင်းတို့၌ထွက်၍၊ ပြင်းစွာ သောအမျက်တော်သည် သူတို့အလုံးအရင်းပေါ်မှာ သက်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော်မူ၏” (ဟေရှာယ ၃၄း၂)။ “မတရားသောသူတို့ပေါ်မှာ တောက်သောမီးခဲ၊ ကန့် နှင့်ရောသောမီးလျှံ၊ ပူလောင်သောမုန်တိုင်းကိုသက်ရောက်စေ၍၊ သူတို့ သောက်စရာအဖို့စီရင်တော်မူမည်” (ဆာလံ ၁၁း၆)။ မီးများသည် ကောင်း ကင်ဘုံဘုရားသခင်ထံမှ ကျရောက်လာလေသည်။ မြေကြီးသည်လည်း ကွဲထွက်သွားလျက် သဘာဝလက်နက်များသည်လည်း အတွင်း၌အောင်း နေရာမှ ထွက်ပေါ်လာတော့သည်။ ကွဲအက်သောမြေကြီးနေရာတိုင်းမှ လောင်ကျွမ်းသော မီးလျှံများ ထွက်ပေါ်လာတော့သည်။ ကျောက်တုံး ကျောက်ခဲများပင် မီးစွဲလျက်လောင်ကျွမ်းကုန်ကြသည်။ နေ့ရက်တို့သည် “မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့် မည်” (မာလခိ ၄း၁)။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့် မည်၊ မြေကြီးကိုယ်မှစ၍ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။ (၂ပေတရု ၃း၁ဝ)။ ကမ္ဘာမြေကြီးပြင်တစ်ခုလုံး သည် အရည်ပျော်နေသောချော်ရည်တစ်ခုလုံးလိုဖြစ်နေသည်။ ကျယ်ပြန့် သောမီးလောင်ကန်သဖွယ်ဖြစ်နေသည်။ အချိန်အခါသည် ဘုရားတရား မရှိသောသူတို့ကို စီရင်ချက်ချခြင်းနှင့်ဖျက်ဆီးခြင်းခံရသည့်နေ့ဖြစ်သည်။ “ထာဝရဘုရားဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့၏အမှုကိုစောင့်၍ အပြစ် ပေးတော်မူရာနှစ်ရောက်လေပြီ” (ဟေရှာယ ၃၄း၈)။

          ဆိုးသွမ်းသောသူများရရှိကြမည့်ဆုလာဘ်မှာ ဤကမ္ဘာမြေကြီး၌ ပေတည်း။ သူတို့သည် “အမှိုက်ခြောက်ဖြစ်လိမ့်မည်၊ သူတို့အရင်းအဖြား မျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည်လောင်လိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏” (မာလခိ ၄း၁)။ အချို့ သောသူတို့သည် ခဏတစ်ဖြုတ်မျှအကြာ ဖျက်ဆီးခြင်းခံရမည်ဖြစ်ပြီး၊ အခြားသောသူတချို့မှာမူ ရက်များစွာ ဒုက္ခဝေဒနာခံစားရပြီးမှ လောင် ကျွမ်းခြင်းခံရမည်။ အားလုံးတို့သည် ပြုသမျှသောအပြစ်နှင့်အလျောက် ဒဏ်ခတ်ခြင်းခံရမည်။ စာတန်မာရ်နတ်သည် သူပြုသမျှသောပုန်ကန် ခြင်းအပြစ်အတွက် ဒဏ်ခတ်ခြင်းခံရမည်သာမကဘဲ ဘုရားသခင်၏ လူတို့ကို အပြစ်ကျူးလွန်စေရန် လှုံ့ဆော်ဖြားယောင်းမှုအပြစ်အတွက် သူခံသွားရပါမည်။ သူခံရမည့်ပြစ်ဒဏ်သည် အခြားသူများကိုလှည့်စားပြီး အပြစ်လုပ်မိစေသည့် အတိုင်းအတာထက် များစွာ သူခံစားရမည်ဖြစ် သည်။ သူလှည့်စား၍အပြစ်လုပ်မိစေဖို့သွေးဆောင်ခဲ့သော သူတို့အားလုံး အပေါ် ဒဏ်ခတ်ခြင်းအမှုပြီးသည်နောက် စာတန်မာရ်နတ်သည် ဆက်၍ အသက်ရှင်ပြီး ဒုက္ခဆင်းရဲခြင်းဝေဒနာကို သူဆက်၍ခံရဦးမည်။ နောက် ဆုံး၌ ဆိုးယုတ်သောသူအားလုံးတို့သည် သန့်စင်သောမီးအတွင်း၌ အမြစ် ရောအကိုင်းပါမကျန် ပျက်စီးသွားရလေတော့သည်။ စာတန်မာရ်နတ် သည် အမြစ်ဖြစ်ပြီး သူ၏နောက်လိုက်များမှာမူ အကိုင်းများဖြစ်ကြသည်။ ဘုရားသခင်၏ တရားမျှတမှုသည် ကျေနပ်ခြင်းသို့ ရောက်ရှိသွားပြီး သူတော်စင်များအားလုံးနှင့် ကောင်းကင်တမန်များ အားလုံးတို့သည် အသံကြီးစွာဖြင့် “အာမင်” ဟူ၍ဆိုကြသည်။ ဘုရားသခင်၏ လက်တုံ့ပြန် ခြင်း၌ ကမ္ဘာမြေကြီးသည် မီးနှင့်လောင်ကျွမ်းခြင်းခံရချိန်တွင် ဖြောင့်မတ် သောသူတို့သည် သန့်ရှင်းသောမြို့တော်အထဲ၌ လုံခြုံစိတ်ချစွာနေထိုင် ကြရသည်။ ပထမအကြိမ်ထမြောက်ခြင်း၌ ပါဝင်ကြရသောသူတို့သည် ဒုတိယသေခြင်းသည် သူတို့အပေါ်သို့ တန်ခိုးအစွမ်းလုံးဝမရှိနိုင်တော့ပါ။ (ဗျာဒိတ် ၂၀း၆)။ ဆိုးယုတ်သူများအတွက် ထာဝရဘုရားသည် လောင် ကျွမ်းသောမီးကဲ့သို့ဖြစ်သော်ငြားလည်း၊ သူ၏လူမျိုးများအတွက်မှာမူ နေမင်းကြီးကဲ့သို့သော်လည်းကောင်း အကွယ်အကာတည်းဟူသော ဒိုင်းသ ဖွယ်ပင်ဖြစ်ပေသည်။ (ဆာလံ ၈၄း၁၁)။




အခန်းကြီး - ၁၅

အခန်း (၁၅)

အသစ်တစ်ဖန်အစပြုခြင်း

 

          “ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့ နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ” (ဗျာဒိတ် ၂၁း၁)။ ဆိုးယုတ်သောသူတို့ကို လောင်ကျွမ်းခဲ့သောမီးသည် ကမ္ဘာကိုသန့်စင်ခဲ့လေသည်။ ကျိန်စာအစအနအားလုံးတို့သည် ဖယ်ရှား ခြင်းခံရပါပြီ။ လောင်ကျွမ်းသောငရဲမီးသည် ကယ်တင်ခြင်းခံရသောသူ များအတွက် ကြောက်မက်ဖွယ်ကောင်းသော အပြစ်၏ အကျိုးဆက်ကို အမြဲသတိရဖို့မရှိတော့ပါ။ သတိရစရာအကြောင်းတစ်ခုတော့ ကျန်ရှိပေ ဦးမည်။ ထိုအရာမှာ ကျွန်ုပ်တို့၏ရွေးနုတ်ရှင်ကို လက်ဝါးကပ်တိုင်အပေါ်၌ တင်သတ်ခဲ့သောဒဏ်ရာအမှတ်အသားတို့သည် ကျန်ရှိနေဦးမည်ဖြစ်ပါ သည်။ သူ၏ ထိခိုက်ခဲ့သောခေါင်း၊ လက်နှင့်ခြေထောက်တို့တွင်သာ အပြစ်၏ရက်စက်လှသောအလုပ်၏အမှတ် အသားလက္ခဏာသာ ကျန်ရှိ နေပေမည်။

          “အိုဧဒါလင့်စင်၊ ဇိအုန်သတို့သမီးနေရာကုန်း၊ သင်သည်အစိုးရ လိမ့်မည်။ အလျင်တည်သော အာဏာတည်ပြန်လိမ့်မည်။ နိုင်ငံတော် သည် ယေရုရှလင်သတို့သမီးလက်သို့ တစ်ဖန်ရောက်လိမ့်မည်” (မိက္ခာ ၄း၈)။ အပြစ်ကြောင့် ဆုံးရှုံးခဲ့ရသောနိုင်ငံတော်ကို ခရစ်တော်ပြန်လည် ရရှိသွားပြီး၊ ရွေးနုတ်ခြင်းခံရသော သူအပေါင်းတို့သည် သူနှင့်အတူပိုင် ဆိုင်ကြရလိမ့်မည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” (ဆာလံ ၃၇း၂၉)။ သူတော်စင်အပေါင်းတို့ ပိုင်ဆိုင်ရမည့်အမွေအနှစ်ကို ရုပ်ဝါဒဆန်လွန်းသည်ဟု အချို့ကထင်ကြ သည့်အတွက် ဝိညာဉ်ရေးအားဖြင့် အမှန်တရားကိုပင် ချေဖျက်ရန် အပြစ်သို့ရောက်ရှိသွားနိုင်သည်။ ကျွန်ုပ်တို့အိမ်တော်သစ်နှင့်ပတ်သက်၍ ခရစ်တော်သည် သူ၏တပည့်တော်များအား အာမခံပေးသွားသည်မှာ သူတို့အတွက်နေစရာအဖို့ သွားရောက်၍ ပြင်ဆင်ပေးလျက်ရှိကြောင်း ပြောခဲ့သည်။ ဘုရား၏နှုတ်ကပတ်တော်ကိုလက်ခံကြသောသူတို့သည် သူတို့၏ကောင်းကင်အိမ်တော်နှင့်ပတ်သက်၍ အသိကင်းမဲ့လွန်း၍ မဖြစ် စေချင်ပါ။ တမန်တော်ရှင်ပေါလုက၊ “ကျမ်းစာလာသည်နှင့်အညီ၊ ဘုရား သခင်ကိုချစ်သောသူတို့အဖို့အလိုငှာ၊ ဘုရားသခင်ပြင်ဆင်တော်မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့်မကြံစည် သေး” ဟူ၍ဆိုထားသည်။ ၁ကော ၂း၉။ ဖြောင့်မတ်သူတို့အတွက် ပေးအပ်မည့် ဆုလာဘ်သည် လူသားတို့၏ ဘာသာစကားအားဖြင့် ပြည့်စုံ အောင်မဖော်ပြနိုင်သေးပါ။ ကိုယ်တိုင်တွေ့မည့်သူတို့အတွက်သာ သိရကြ လိမ့်မည်။ အတိုင်းအတာတစ်ရပ်အထိသာ အသိတရားရှိကြသောသူတို့ မှာ ဘုရားသခင်၏ ပရဒိသုဘုံ၏ ကြီးကျယ်ခမ်းနားပုံကို မည်သို့မျှနား လည်၍မရနိုင်ပါ။ သမ္မာကျမ်းစာ၌ ကယ်တင်ခြင်းရရှိသောသူတို့၏ ပြိုင် ဆိုင်သောအမွေအနှစ်ကို တိုင်းပြည်ဟူ၍ခေါ်ဆိုသည်။ (ဟေဗြဲ ၁၁း၁၄-၁၆)။ ထိုနေရာ၌ ကြီးမြတ်သောသိုးထိန်းသည် သူ၏သိုးစုကိုအသက်ရှင် သောစမ်းရေတွင်းသို့ ခေါ်ဆောင်သွားလိမ့်မည်။ အသက်ပင်သည် မိမိ၏ အသီးများကို လစဉ်လတိုင်းအသီးများ သီးပေးလျက်ရှိသည်။ တစ်ဖန် အပင်၏အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ဖြစ် စေမည်။ အမြဲတစေစီးဆင်းလျက်ရှိသော ချောင်းရေများလည်းရှိပြီး၊ သလင်းကျောက်များကဲ့သို့ အေးမြကြည်လင်လျက်၊ ထိုချောင်း ကမ်းပါး၌ ယိမ်းနွဲ့လျက်ရှိသော သစ်ပင်များ၏ အရိပ်တို့သည် သခင်ဘုရား၏ ရွေးနုတ်ခံရသောသူများအတွက် သွားရာလမ်းများ၌ အရိပ်များကျအောင် စီမံပေးထားသည်။ ထိုနေရာ၌ ကျယ်ပြန့်သောလွင်ပြင်တို့၌ လှပသော တောင်ကုန်း ကလေးများရှိကြသည်။ ဘုရားသခင်၏တောင်တော်များမှာ လည်း သူတို့၏ တောင်ထိပ်များကို ထောက်မလျက်ရှိကြသည်။ ထိုအေး ချမ်းသောလွင်ပြင်ပေါ်၌ အသက်ရှင်လျက်ရှိသော ချောင်းငယ်နံဘေး၌ ထာဝရဘုရား၏လူများသည် ကြာမြင့်စွာခရီးသွားဧည့်သည် အာဂန္တုအ ဖြစ်မှ မိမိတို့၏အိမ်တော်ကိုရှာတွေ့လိမ့်မည်။

          ယေရုရှလင်မြို့သစ် – “ထိုနေရာ၌ ယေရုရှလင်မြို့သစ်ရှိသည်။ ထိုမြို့၏အရောင်အဝါသည် ကျောက်သလင်းနဂါးသွဲ့ကဲ့သို့ အမြတ်ဆုံး သော ကျောက်မျက်မွန်နှင့်တူ၏” (ဗျာဒိတ် ၂၁း၁၁)။ သခင်ဘုရားက ဤသို့ဆို၏။ “ငါသည်လည်း၊ ယေရုရှလင်မြို့ ကြောင့်ဝမ်းမြောက်မည်။ ငါ၏လူတို့ ကြောင့်ရွှင်လန်းမည်” (ဟေရှာယ ၆၅း၁၉)။ “ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကိန်းဝပ်တော်မူမည်။ သူတို့ သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော် တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရား သခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ် ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာ တို့သည် ရွေ့သွားကြပြီ” (ဗျာဒိတ် ၂၁:၃၊၄)။

          ဘုရားသခင်၏မြို့၌ “ညဉ့်မရှိရ။” မည်သူတစ်ဦးတစ်ယောက်မျှ အနားယူဖို့ဆန္ဒရှိမည်မဟုတ်ပါ။ ဘုရားသခင်၏အလိုတော်နှင့်သူ၏နာမ တော်ချီးမွမ်းခြင်းပြုရာ၌ မောပန်းခြင်းမရှိနိုင်ပါ။ ကျွန်ုပ်တို့သည် နံနက် ယံ၏ လန်းဆန်းမှုကို အမြဲခံစားရကြလိမ့်မည်ဖြစ်ပြီး နံနက်ယံနှင့်လည်း ဝေးကွာ၍မသွားပါ။ သူတို့သည် ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကို လည်းအလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့ ၌ရောင်ခြည်တော်ကို လွှတ်တော်မူ၏” (ဗျာဒိတ် ၂၂း၅)။ နေ၏အလင်း ရောင်သည် တောက်ပသော အလင်းရောင်အားဖြင့် အစားထိုးခြင်းခံရ လိမ့်မည်။ ထိုအလင်းရောင်မှာ မျက်စိကျိန်းလောက်အောင်လည်းမရှိပါ။ သို့ရာတွင် ထိုအလင်းသည် ကျွန်ုပ်တို့၏ မွန်းတည့်ချိန်ထက်လင်းအား ကြီးသည်။ ထာဝရဘုရားနှင့် သိုးသငယ်တို့၏ ဂုဏ်တော်အလင်းသည် သန့်ရှင်းသောမြို့တော်ကို မမှိန်သောအလင်းဖြင့် ထွန်းလင်းစေသည်။ ရွေးနုတ်ခြင်းခံရသောသူတို့သည် နေ၏အလင်းရောင်မပါ၊ ဂုဏ်တော်၏ အလင်းအားဖြင့် အမြဲတမ်းနေ့ဖြစ်၍ သွားလာလျှောက်လှမ်းနေကြမည် ဖြစ်သည်။

          “မြို့ထဲ၌ဗိမာန်တော်ကိုငါမမြင်။ အကြောင်းမူကား၊ အနန္တတန်ခိုး နှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်တော်မူ၏” (ဗျာဒိတ် ၂၁း၂၂)။ ဘုရားသခင်၏ လူတို့သည် ခမည်းတော်နှင့်သားတော်တို့နှင့် ပွင့်လင်းသောမိသဟာယဖွဲ့ ခြင်းကို ပြုလုပ်နိုင်ပါလိမ့်မည်။ ယခုတွင် “ငါတို့သည် မှန်အားဖြင့်ရိပ်မိ လျက်နေကြ၏” ၁ကော ၁၃း၁၂။ ထာဝရဘုရားအားမြင်ရသည်မှာ မှန်မှ တစ်ဆင့်ရောင်ပြန် ဟပ်ပေးခြင်းအားဖြင့်သော်လည်းကောင်း၊ သဘာဝ လောက၌လုပ်ဆောင်ချက်များနှင့်သော်လည်းကောင်း၊ ဆက်ဆံရေးပြု သည့်အခါမှတစ်ဆင့်သော်လည်းကောင်း မြင်နိုင်ခွင့်ရှိခဲ့သည်။ သို့ရာတွင် နောင်အခါ၌မျက်နှာချင်းဆိုင်ဆုံဆည်း ခွင့်ရှိလိမ့်မည်။ ကြားခံဟူ၍လည်း မည်သည့်အကာအဆီးမျိုးမျှ မရှိနိုင်တော့ပါ။ သူ၏ရှေ့တော်မှောက်၌ သူ ၏မျက်နှာတော်ကြီးကျယ်ခမ်းနားမှုကို မြင်ရကြလိမ့်မည်။

          ထိုနေရာ၌ ထာဝရရှင်သန်လျက်ရှိသော ဉာဏ်တော်အားဖြင့် မည်သည့်အခါ၌မျှမပျက်ပြယ်သောအံ့သြမှုတို့ဖြင့် လေ့လာဆည်းပူးသွား ပါလိမ့်မည်။ အံ့ဖွယ်သော ဖန်ဆင်းခြင်းတန်ခိုး၊ ရွေးနုတ်ခြင်းချစ်ခြင်း မေတ္တာ၏လျှို့ဝှက်ချက်များတို့ကိုလည်း လေ့လာသွားပါလိမ့်မည်။ ဘုရား သခင်ကိုမေ့လျော့ရန် သွေးဆောင်မည့်သူ၊ ရက်စက်ကြမ်းကြုတ်ပြီး လှည့် စားသွားမည့်ရန်သူဟူ၍ ထိုနေရာ၌ မရှိတော့ပါ။ စိတ်စွမ်းအင်အားလုံး တို့ကို ဖွံ့ဖြိုးလာအောင်ပြုစုသွားပါလိမ့်မည်။ စွမ်းအင်ပမာဏအားလုံးတို့ ကိုလည်း တိုးမြှင့်သွားပါလိမ့်မည်။ ပညာဉာဏ်ရှာမှီးရာ၌ ဦးနှောက်ကို ပင်ပန်းထိခိုက်ခြင်းလည်းမရှိတော့ပါ။ အားအင်လည်းကုန်ခန်းခြင်းမရှိနိုင် ပါ။ ထိုနေရာ၌အထင်ကြီးစရာကောင်းသောလုပ်ငန်းများ ဆောင်ရွက်လုပ် ကိုင်နိုင်သည်။ အမြင့်ဆုံးသောရည်မှန်းချက်ကို လှမ်းယူနိုင်မည်။ အမြင့် ဆုံးသောရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်သည်။ ဤထက်မက အသစ်သောအမြင့်နေရာသို့ တက်လှမ်းဖို့ရှိသေးသည်။ အသစ်သောအံ့ ဖွယ်ရာများမြင်တွေ့ရပြီး အသစ်သောအမှန်တရားကို ဆင်ခြင်စဉ်းစားဖို့ အသစ်သောအရာဝတ္ထုတို့အားဖြင့် ဦးနှောက်၊စိတ်ဝိညာဉ်နှင့်ကိုယ်ကာယ အစွမ်းတို့ကို အသုံးပြုဖို့ဖိတ်ခေါ်လျက်ရှိသည်။

          ထာဝရအသက်တာနှစ်ကာလများကြာမြင့်လာသည်နှင့်အမျှ ထာ ဝရဘုရားနှင့်ခရစ်တော်အကြောင်းကို ပိုမိုသိခွင့်ရရှိကြလိမ့်မည်။ ဉာဏ် ပညာသည် တိုးတက်မှုရှိသကဲ့သို့ ချစ်ခြင်းမေတ္တာ၊ ရိုသေကိုင်းရှိုင်းမှုနှင့် ပျော်ရွှင်မှုတို့သည်လည်း တိုးတက်များပြားလာနိုင်ပါသည်။ ဘုရားသခ င်အကြောင်းကို လူများပိုမိုလေ့လာသိရှိလေလေ၊ ဘုရားသခင်၏ပင်ကိုယ် စာရိတ္တတော်ကို ချီးမွမ်းဂုဏ်ယူကြပါလိမ့်မည်။ သခင်ယေရှုသည် သူတို့ ၏ရှေ့မှာ ရွေးနုတ်ခြင်း၏ ကြွယ်ဝမှုနှင့်၊ စာတန်မာရ်နတ်နှင့်မဟာတိုက် လှန်ပွဲကြီးမှ ရရှိခဲ့သည့်ကောင်းသောအကျိုးဆက်များအကြောင်း ဖွင့်ဟ ပြောပြသောအခါ၌၊ ရွေးနုတ်ခြင်းခံရသောသူတို့၏ နှလုံးခုန်သံတို့မှာ ပိုမိုအားကြီးသောရိုသေကိုင်းရှိုင်းမှုတို့ဖြင့် ရိုက်ခတ်မှုရှိသွားသည်။ သို့ဖြစ် ၍ သူတို့လက်များကို သူတို့၏ရွှေစောင်းများပေါ်၌ ပို၍ခိုင်မြဲသော လက် ချောင်းများဖြင့် တီးခတ်၍ ထောင်သောင်းမက သိန်းသန်းနှင့်ချီသော အသံတို့ဖြင့်ပေါင်းစည်း၍ ချီးမွမ်းခြင်းထောမနာသီချင်းကို သီဆိုကြ သည်။

          “ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ် ရပ်တို့၌ရှိရှိသမျှသော ဝေနေယျသတ္တဝါအပေါင်းတို့က ပလ္လင်တော်ပေါ် မှာထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက်ကောင်း ချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေ သတည်း” (ဗျာဒိတ် ၅း၁၃)။

          အပြစ်နှင့်အပြစ်သားတို့ဟူသည် မရှိကြတော့ပါ။ ထာဝရဘုရား ၏ စကြဝဠာကြီးတစ်ခုလုံးတွင် သန့်ရှင်းစင်ကြယ်လျက်ရှိပြီး၊ မဟာတိုက် လှန်ပွဲ ကြီးမှာလည်း ထာဝရချုပ်ငြိမ်းသွားလေပြီ။

**********



No comments:

Post a Comment